• Today is: Thursday, April 22, 2021

ကချင်ပြည်နယ်အနာဂတ်စီမံကိန်းများကို ရှုမျှော်ခြင်း

Federal Journal
January30/ 2019

M Kawn La

              ယနေ့ကမ္ဘာ့အခြေအနေအရပ်ရပ်ဟာ အလွန်လျင်မြန်စွာပဲပြောင်းလဲလျက်ရှိနေပါတယ်။ ၁၉၈၀ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတတိယလှိုင်း နဲ့အတူ အမေရိကဟာနည်းပညာတိုးတက်မှု  အံ့မခန်းစတင်ပါတယ်။ တရုတ် ရဲ့စီးပွားရေး တိုးတက်မှုစတင်လာခြင်း၊ ဂျပန်၊ ကိုရီးယား၊ အရှေ့ပိစိဖိတ်နိုင်ငံတွေ ကမ္ဘာ့အဆင့်တက်လှမ်းလာခြင်း၊ အရှေ့ တောင်အာရှကျားနိုင်ငံများဖွံ့ဖြိုးလာခြင်း၊ အမေရိက၊ ဥရောပအရှေ့အလယ်ပိုင်း၊ တောင်အာရှ၊ အလယ် ဗဟိုအာရှ၊ အရှေ့တောင်အာရှ၊ အရှေ့ဖျားဒေသတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်တိုးတက်လာတာ တွေ့မြင်နိုင် ပါတယ်။

              အမေရိက နဲ့ တောင်အမေရိကမှာ အမေရိကန်၊ ကနေဒါ၊ ဘရာဇီးတို့ဗဟိုပြုတိုးတက်လာသလို ဥရောပမှာ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နဲ့ရုရှားတို့ဗဟိုပြုပါတယ်။အရှေ့အလယ်ပိုင်းမှာ အီရန်၊ တူရကီ၊ ဆော်ဒီတို့ အခရာကျသလို အာရှမှာ တော့တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ ကိုးရီးယားတို့က အဓိကကျပါတယ်။ အာဖရိကမှာတော့ အီဂျစ်၊ တောင်အာဖရိက၊ လစ်ဗျားတို့ဖြစ်ပြီးကမ္ဘာကြီးဟာ အဲဒီနိုင်ငံတွေနဲ့ချိတ်ဆက်ပြီး အပြောင်းအလဲ ပေါင်းများစွာနဲ့ ၂၁-ရာစုကို ချီတက် လာခဲ့ပါတော့တယ်။ အားပြိုင်မှုအရှိဆုံးကတော့ အမေရိကနဲ့တရုတ်ဖြစ်ပြီး အခုနောက်ဆုံး Trade War ဆင်နွှဲခဲ့ ရတဲ့အထိ ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။

               တရုတ်ရဲ့ ၂၀၁၃ ခုနှစ်မှစတင်ခဲ့တဲ့ OBOR စီမံကိန်း(OneBelt One Road) ဟာ နိင်ငံပေါင်း(၆၈)နိုင်ငံ၊ ကမ္ဘာ့လူဦးရေရဲ့(၆၅)၊ ကမ္ဘာ့လုံးဆိုင်ရာ GDP (၄၀%)Ä billion-၉၀ဝ ရှိတာကြောင့် မြန်မာကို ၂၀၁၇ခုနှစ်မှာ ဆိုက်ရောက်လာခဲ့ပါတော့တယ်။ တရုတ်ရဲ့ စီမံချက်ကတော့ ကုန်း၊ ရေနှစ်သွယ် ကမ္ဘာ ပတ်လမ်းကွန်ယက်တွေ ဖွဲ့စည်းပြီး အမေရိကကိုကျော်တက် ဖို့ဖြစ်ပြီးတော့ ဒီစီမံကိန်းကြီးအောင်မြင်ဖို့အတွက် တရုတ်သမ္မတရှီကျင့်ဖျင်ကို အကြွင်းမဲ့အာဏာအပ်နှင်းသည် အထိ ဖြစ်လာခဲ့ပါတယ်။

               မြန်မာကို ကုန်းလမ်းအနေနဲ့ BICM ( Bangladesh,India,China,Myanmar) ကားလ်ကတ္တား၊ဒါက္ကာ၊ မန္တလေး၊ ကူမင်းလမ်းကြောင်း မန္တလေး၊လားရှိုးကားနဲ့ ရထားအမြန်လမ်းတွေကနေ တရုတ်ကူမင်းအထိ မန္တလေးကို ဗဟိုပြုပြီး ရန်ကုန်မြို့အထိတစ်လမ်း၊ ရခိုင်ကျောက်ဖြူအထိတစ်လမ်း ကွန်ယက်တည်ဆောက်ပါတယ်။ ရေလမ်း အနေနဲ့ ရခိုင်ကျောက်ဖြူဆိပ်ကမ်းနဲ့ ရန်ကုန်ဆိပ်ကမ်းတို့ကနေ တရုတ်အနောက်တောင် ယူနန်အတွက် လမ်းဖွင့် ပါတယ်။ဒီဆက်ကြောင်းတွေကိုလေ့လာကြည့်တော့ ကချင်ပြည်နယ်ကြီးဟာ မဖြစ်မနေအရေးပါတဲ့ ပြည်နယ် ဖြစ်လာပါတယ်။ တရုတ် OBORစီမံကိန်းရဲ့ မြန်မာကိုဖြတ်ထွက်တည်ဆောက်ရာမှာ ကချင်ပြည်နယ်ရဲ့ လီဒို လမ်းမကြီးဟာ ပံ့ပိုးချိတ်ဆက်အကျိုးပြုရာလမ်းကြောင်းတစ်ခုအဖြစ်ဒုတိယကမ္ဘာစစ်ကတည်းက ရှိလာခဲ့ပါတယ်။ဒါဟာ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ကံတရားလမ်းကြောင်းလား။ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့သဘာဝက ပေးတဲ့ လက်ဆောင်လား။

               ကချင်ပြည်နယ်ဟာ အရှေ့ဘက်နဲ့မြောက်ဘက်တစ်ခြမ်းလုံး တရုတ်ယူနန်နယ်ရှိနေပြီး၊ အနောက်ဘက်မှာ တော့ အိန္ဒိယရဲ့ အရွန်နာချာပရာဒေ့ခ်ျပြည်နယ်ရှိနေပါတယ်။ အဲဒီနှစ်နိုင်ငံလုံးရဲ့ပြည်နယ် တွေဟာဆင်းရဲပြီး သူ့တို့အစိုးရနှစ်ရပ်လုံးက ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းနေတာကလည်း တူနေပါတယ်။ အဲဒီတွန်းအားနှစ် ရပ်က ကချင်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံဖို့ အဓိကအချက်ဖြစ်လာတယ်ဆိုရင် မမှားပါဘူး။ ကချင်ပြည်နယ်ရဲ့ အနေအထားဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံရန် အခြေခံအချက်အလက်များ ပြည့်စုံနေပါတယ်။နိုင်ငံကြီးနှစ်နိုင်ငံရဲ့လမ်းပန်းဆက်သွယ်ရေးခက်တဲ့ ပြည်နယ်ကြီးနှစ်ခုအကြား မေခ၊ မလိခ၊ဧရာဝတီစတဲ့ ရေချိုရင်းမြစ်ရှိနေခြင်း၊မြေဆီဩဇာကောင်းလှတဲ့ စိုက်ပျိုးလွင်ပြင်ကြီး မိုးညှင်း၊ မိုးကောင်း၊တနိုင်း၊ မြစ်ကြီးနား၊ပူတာအိုနဲ့ ဗန်းမော်လွင်ပြင်များတည်ရှိနေခြင်းက တရုတ်ကို ဆွဲဆောင်လျက်ရှိနေပါတယ်။

                အိန္ဒိယဟာ နည်းပညာဖွံ့ဖြိုးမှုကို အဓိကအားပေးပြီး အနောက်နိုင်ငံများဘက် ပိုပြီးယိမ်းတဲ့မူဝါဒရှိပါတယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် မြန်မာရဲ့ စစ်အာဏာရှင်အစိုးရအဆက်ဆက်မှာ မပတ်သက်ခဲ့တာ လည်း ပါပါတယ်။ ၂၀၁၀အရပ်သားအစိုးရဖြစ်လာမှ အရှေ့မျှော်မူဝါဒချမှတ်ကာ မြန်မာနဲ့ကုလားတန်ဘက်စုံ စီမံကိန်းဆိုပြီး ပါဝင်ပတ်သက်မှု နောက်အကျဆုံးဖြစ်ခဲ့တယ်။

                တရုတ်ကတော့ ပြောင်းပြန်ပါ။ တိန်ရှောင်ဖိန် လက်ထက်ကစတင်ခဲ့တဲ့ “Weaith is Strength” မူဝါဒနဲ့ အမေရိကန်နဲ့အပြိုင် ၁၉၈၀ ခန့်ကစပြီး စီးပွားရေးဖွံ့ဖြိုးမှုအရှိန်အဟုန်နဲ့စတင်ခဲ့ရာ မှာ အနောက်တောင်က သူ့ရဲ့ကုန်းတွင်းပိတ်နယ်မြေကြီးတစ်ခုလုံးအတွက် မြန်မာပြည်နဲ့ကချင်ပြည်နယ်ဟာ အသုံးချဖို့အကောင်းဆုံးကြားခံ နယ်မြေ (Buffer land )ကြီး ဖြစ်နေပါတော့တယ်။ အိန္ဒိယထက်တရုတ်က သူ့နိုင်ငံ အတွက် အရေးတကြီး ပြင်ဆင် ပါတော့တယ်။

            ပထမဦးစွာ လျှပ်စစ်စွမ်းအင်အတွက် ပြင်ဆင်ပါတယ်။ တရုတ်က ၁၉၈၈ မြန်မာအရေးအခင်းကာလ နောက်ပိုင်း အထီးတည်းဖြစ်ကျန်ခဲ့တဲ့စစ်အစိုးရကိုထောက်ပံ့ကူညီရင်း မြန်မာ့မြေထဲမှာ တစ်ဆင့်ခံတရုတ်စီးပွားရေး လုပ်ငန်းများထူထောင်ဖို့ ပြင်ဆင်ပါတယ်။ အဲဒီအတွက် ကချင် ပြည်နယ်ရဲ့ ဧရာဝတီမြစ်ကြီးမြစ်ဖျားခံရာ ရေချိုရင်းမြစ်ကြီးကို အဆင်သင့်သွားတွေ့ပါတယ်။ ရေအား လျှပ်စစ်ထုတ်လုပ်ဖို့ ရေစီးသန်တဲ့ ရေချိုမြစ်တွေရှိ နေတဲ့အပြင် စက်မှုလုပ်ငန်းများလုပ်ကိုင်ဖို့ လွင်ပြင်များလည်း အဆင်သင့်ဖြစ်နေပါတော့တယ်။

                တရုတ်ဟာ ၂၀ဝ၁-ခုနှစ်မှာ ဂျပန်ကုမ္ပဏီ KEPCO စမ်းသပ်လေ့လာခဲ့တဲ့ တန်ဖဲနေရာမှာ မြစ်ဆုံ ဆည်ကြီး တည်ဆောက်ဖို့ စတင်ရွေးချယ်ခဲ့ပါတယ်။စီမံကိန်းကိုတော့ မြန်မာ့လျှပ်စစ်(၁)နဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန (၂)ခုပေါင်းရေးဆွဲပါတယ်။၂၀ဝ၅-ခုနှစ်ရောက်လာတဲ့အခါ မြစ်ဆုံတန်ဖဲသာမကဧရာဝတီမြစ်ဝှမ်းစီမံကိန်းများကို မြစ်ဆုံအထက် မေခနဲ့မလိခမြစ်များအထိ ဆည်ကြီး(၇)ခုတည်ဆောက်ဖို့ တရုတ် CISPDR ကုမ္ပဏီကတာဝန်ယူ အစီအစဉ်ရေးဆွဲခဲ့ပါတယ်။

               မြန်မာပြည်သူအများစုသိကြတာက မြစ်ဆုံတန်ဖဲတစ်ခုတည်းပါ။ ၂၀၁၁-ခုနှစ် မရပ်ဆိုင်းခင်အထိCPI  ကုမ္ပဏီက တာဝန်ယူတည်ဆောက်ပါတယ်။ သူ့ရဲ့တန်ဖိုးဟာ ၃.၆ ဘီလီယံဒေါ်လာဖြစ်ပြီး စက်တပ်ဆင်အားဟာ ၆၀ဝ၀MW ဖြစ်တယ်။ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းက ၃၀.၆Million KW/hr ဖြစ်တယ်။မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု(င်္ှီု)ဖြစ်ခဲ့ပြီး စီမံကိန်းနေရာက ကချင်ပြည်နယ်ရဲ့ ကချင်အမျိုးသားတို့ အမျိုးသား အထိမ်းအမှတ်နေရာဖြစ်နေခြင်း၊ မြန်မာတို့ရဲ့အသက် ဧရာဝတီမြစ်ကြီး စတင်စီးဆင်းရာနေရာဖြစ်နေ ခြင်းတို့ကြောင့်နာမည်ကျော်ပါတယ်။ တကယ်တော့ မြစ်ဆုံတင်မကအထက်ဘက် မေခနဲ့မလိခတို့မှာ နောက်ထပ် ဆည်ကြီး(၆)ခု တည်ဆောက်ဖို့ရှိနေတာပါ။

               မြစ်ဆုံထက် စုစုပေါင်းစက်တပ်ဆင်အားပမာဏပိုမိုများပြားတဲ့ ရေကာ တာကြီးများဟာ မေခမြစ်ပေါ်မှာ ချီဖွေ၊ ဝူဆောက်၊ ဖီဆော၊ ခေါင်လန်ဖူး၊ ရိနန်ဆိုပြီး(၅)ခုနဲ့ မလိခမြစ်ပေါ်မှာ လာဆာဆိုပြီး(၁)ခု နောက်ထပ်(၆) ခုရှိနေပါတယ်။အဲဒီဆည်ကြီး(၆)ခုရဲ့ စက်တပ်ဆင်အားဟာ၁၅၅၀ဝMG ဖြစ်တယ်။ မြစ်ဆုံရဲ့စက်တပ်ဆင်အား ၆၀ဝ၀MW နဲ့ပေါင်းရင် မြစ်ဆုံမြစ်ဝှမ်းစီမံကိန်းဟာ၂၁၅၀ဝMW နဲ့ကမ္ဘာပေါ်မှာ MW၂၀ဝ၀ဝ ကျော်တဲ့ဆည်ကြီး (၂)ခုပြီးရင် တတိယအများဆုံးပဲ။

               ACHC တရုတ်ကုမ္ပဏီက တာဝန်ယူတည်ဆောက်တယ်။ တရုတ်ကို နှစ်ပေါင်း(၅၀)လုပ်ပိုင်ခွင့်ပေးထားပြီး အစုရှယ်ယာပိုင်ဆိုင်မှုအနေနဲ့ ACHC က(Ä၈၀Ä%)၊ မြန်မာက(၁၅%) Asia World Company က (၅%) တို့ဖြစ်တယ်။ လျှပ်စစ် billion ပေါင်း ၁၁၃.ဝ၄ KW/hr ထုတ်မှာဖြစ်ပြီး မြန်မာက(၁၀%)Ä အခမဲ့လျှပ်စစ်ဓါတ်အား ရမှာဖြစ်တယ်။ ဒါဟာ ကချင်ပြည်နယ်မြေပေါ်မှာ ပထမဆုံးဝင်လာတဲ့ အကြီးစား FDA စီမံကိန်းဖြစ်တယ်။

           ၂၀ဝ၆-ခုနှစ်၊ ဒီဇင်ဘာ(၂၈)မှာ ACHC နဲ့MOU စတင်လက်မှတ်ထိုးတယ်။ ၂၀ဝ၉ ဇွန်လ(၁၆)ရက်မှာ MOA ထိုးပြီးနေပြီဖြစ်တယ်။ ၂၀ဝ၉ ဒီဇင်ဘာ(၂၀)မှာ တရုတ်ဒုသမ္မတရှိချင်ဖိန်နဲ့ နအဖဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးတို့ JVA ထိုးပြီး မြစ်ဆုံမြစ်ဝှမ်းစီမံကိန်းကြီးကို ဒီဇင်ဘာ(၂၁)ရက်မှာ တရားဝင်စတင်ခဲ့တယ်။ ဒါတွေဟာကချင်ပြည်နယ်နဲ့မြန်မာနိုင်ငံကိုပထမဆုံးစတင်ဝင်ရောက်လာတဲ့ အကြီးစားFDA ဖြစ်တယ်။ စီမံကိန်း JVA အရဆိုရင် မြန်မာဟာလျှပ်စစ်၁၁.၃ billion KW/hr အခမဲ့ရမှာဖြစ်ပြီး မြန်မာ့စီးပွားရေးအခြေခံအဆောက်အအုံ တည်ဆောက်ဖို့လိုအပ်တဲ့လျှပ်စစ်ဖူလုံမှာဖြစ်တယ်။ဘာလို့လဲဆိုတော့ ACHC စီမံကိန်းအလုပ်လုပ်ရန် ချီဖွေချောင်းမှာတည်ဆောက်ထားတဲ့ ချီဖွေငယ်ရေအားလျှပ်စစ်စီမံကိန်းရဲ့ ၉၉ MWစက်တပ်ဆင်အားရဲ့ လျှပ်စစ်ထုတ်လုပ်မှု၅.၉၉million/hrနဲ့ ACHC စီမံကိန်းကြီးတစ်ခုလုံးအတွက်အပြင် ကချင်ပြည်နယ်ရဲ့ ပူတာအို၊ချီဖွေ၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသတွေကို လျှပ်စစ်ထောက်ပံ့ပေးနိုင်တာကြည့်ရင် မြင်သာပါတယ်။

             မြန်မာရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာလျှပ်စစ်ဘယ်လောက်သုံးနိုင်သလဲ အပေါ်အခြေခံနေတယ်။ ကချင်ပြည်နယ်ဟာ မူရင်းလက်ခံဒေသမို့ပြောဖွယ်ရာမရှိပါ။ ဒါဆိုရင် ကချင်ပြည်နယ်တွင်းမှာရှိနေတဲ့ ရေအားလျှပ်စစ် FDI စီမံကိန်းကြီးဟာပြည့်စုံပြီလား။တရုတ်ရဲ့ buffer land ကြီးတည်ဆောက်ဖို့ လျှပ်စစ်ဟာထုတ်ယူဖို့အဆင်သင့် တောင် ဖြစ်နေပါရော။ကချင်ပြည်နယ်ဟာငရဲပန်းနဲ့ဆော့ကစားတဲ့အဖြစ်မျိုး ကြုံနေတာဖြစ်တယ်။ မြန်မာပြည်သူ တို့နဲ့ ကချင်တွေဟာမြစ်ဆုံတန်ဖဲရေကာတာအတွက်ပဲ စိုးရိမ်နေကြတယ်။ မြစ်ဆုံဆည် ရေဝပ်ဧရိယာ ၁၇၄ စတုရန်းမိုင်ရှိတဲ့၆၀ဝ၀ MWစက်တပ်ဆင်အားရဲ့တစ်ဝက်ရှိတဲ့ ၃၀ဝ၀ MW ဆည်ကြီး(၃)ခုဟာ ချီဖွေ၊ ဝူဆောက်၊ ခေါင်လန်ဖူးမှာရှိနေတယ်။၈၅-မိုင်စတုရန်းရေဝပ်ဧရိယာရှိနေတဲ့အကြီးစားရေကန်ကြီးတွေမြစ်ဆုံ အထက်တောင်ပေါ်မှာတည် ဆောက်ထားတဲ့အနÄ္တရာယ်ဖြစ်တယ်။ ဒါတွေဟာမြစ်ဆုံလိုပဲအန္တရာယ်ကြီးမားတဲ့ ဆည်တွေဖြစ်တယ်။ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုအဖြေထုတ်သင့်သလဲ။ အနာဂတ်ကချင်ပြည်နယ်အရေးစဉ်းစားချက်ဖွံ့ဖြိုးတိုးတက်ဖို့ လျှပ်စစ် လည်းလိုတယ်။ ထုတ်လုပ်မှုအန္တရာယ်လည်းရှိနေတယ်။ဒီဒွိဟစဉ်းစားချက်အပေါ်အကောင်းဆုံး တည်ဆောက်ရမှာဖြစ်တယ်။ဒီအတွက် တရုတ်ရဲ့တွေးတောချက်ကို သိဖို့အရေးကြီးတယ်။မူလကပြောခဲ့သလို တရုတ်ဟာကချင်ပြည်နယ်ကြီးကို တရုတ်ရဲ့ buffer zone ကြီးအဖြစ်နဲ့ဆောင်ရွက်ဖို့သူဟာ များများနဲ့မြန်မြန် မဟာဗျူဟာအရ ချဉ်းကပ်တာဖြစ်တယ်။

            ဒါကြောင့် နှစ်(၅၀)အတွင်းရေလှောင်ပမာဏကြီးပြီး လျှပ်စစ် များများထွက်ဖို့ ရည်ရွယ်တာဖြစ်တယ်။ ဒါမှ သူ့ရဲ့ OBOR လမ်းကြောင်းBICM နဲ့ လီဒိုလမ်းမကြီးတစ်လျှောက် အခြေခံ အဆောက်အအုံနဲ့ စီးပွားရေးဇုန်တွေအကောင်အထည်ဖေါ်ဖို့လျင်မြန်ပြီးအောင်မြင်မှာဖြစ်တယ်။ ကချင်ပြည်နယ်ကြီးအတွက်တော့ အန္တရာယ်တွေနဲ့ကစားရမှာဖြစ်တယ်။

              ကျွန်တော်တို့ဘက်က တွေးဆ ချက်တွေကရောလျှပ်စစ်က ထုတ်ရမယ်။ အန္တရာယ်မရှိအောင် အသေး စားနဲ့ အလတ်စားရေကာတာတွေတော့ ဆောက်ရမှာဖြစ်တယ်။ အင်အားကြီးမားတဲ့ လျှပ်စစ်ပမာဏရဖို့ electricle power grid တွေ ကွန်ရက်ဖွဲ့တည်ဆောက်ရမှာဖြစ်တယ်။ ဒါဟာ နည်းနည်းနဲ့ရေရှည်မဟာဗျူဟာဖြစ်တယ်။ တရုတ်တို့နဲ့ ပြောင်းပြန်ဖြစ်တယ်။ ဒီမဟာဗျူဟာ ဆန့်ကျင်ဘက်ဖြစ်နေတာကို ကိုယ်က မြေနဲ့ရေပိုင်ရှင်ဖြစ်နေတဲ့ အားသာချက် နဲ့ပြန်လည်ညှိနှိုင်းဆောင်ရွက်ဖို့ဟာ အနာဂတ်ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံကောင်းစားဖို့ အရေးဖြစ်တယ်။ နောက်ထပ် ကချင်ပြည်နယ်ရဲ့ FDI တစ်ခုကကမ္ဘာÄမှာ ရေကာတာတွေနဲ့ ရေအားလျှပ်စစ် တွေထုတ်ရင် ပုံသေဖေါ်မြူလာတွေရှိတယ်။ ဒါကတော့ ရေကာတာတွေနဲ့လက်လှမ်းမီတဲ့ မလှမ်းမကမ်းမှာ စက်မှုစီးပွားရေး ဇုန်ကြီးတွေ တည်ဆောက်ကြတာဖြစ်တယ်။

ဘာလို့လဲ။

၁။ လျှပ်စစ်သွယ်တန်းစရိတ် သက်သာတယ်

၂။ ဓါတ်အား အပြည့်ရတယ်

၃။ စက်မှုဇုန်တွေထူထောင်တာဖြစ်လို့ ဒေသခံတွေအတွက် အလုပ်အကိုင်ရစေတယ်

၎။ တောရောမြို့ပါ ဖွံ့ဖြိုးမှုတန်းတူဖြစ်လာတယ်

               တရုတ်ကလည်း သူ့နိယာမကို မသွေဖည်ပါဘူး။ လျှပ်စစ်အတွက် ACHC မြစ်ဆုံမြစ်ဝှမ်းရေကာတာ စီမံကိန်းတွေ တည်ဆောက်မှုပြီးလာတဲ့အခါ ကချင်ပြည်နယ်နဲ့ လီဒိုလမ်းမကြီးရဲ့ အလယ်ဗဟိုမဟာဗျူဟာ မြောက်ကြတဲ့ မြစ်ကြီးနားမြို့အနောက်ဖက်မှာနန်ကျင်စီးပွားရေးဇုန်တည်ဆောက်ဖို့ ၂၀၁၇ မှာ အကောင် အထည်ဖေါ်လာတယ်။ ဒါဟာ OBOR initative MOU ထိုးပြီး ကချင်ပြည်နယ်အစိုးရကနေဦးဆောင် အကောင်အထည်ဖေါ်တဲ့ FDIကြီးတစ်ခုဖြစ်တယ်။တရုတ်တို့ ဘာလို့နန်ကျင်ရွာကိုရွေးသလဲ။ မြစ်ကြီးနား လွင်ပြင်ဟာ ကချင်ပြည်နယ်ရဲ့အလယ်ဗဟိုကျပြီး ပူတာအို၊ မိုးညှင်း၊ တနိုင်း၊ ဗန်းမော်တို့နဲ့ ခရီးအတိုဆုံးနေရာ ဖြစ်ပြီး၊ ထုတ်လုပ်ပြီးကုန်ပစ္စည်းဖြန့်ဖြူးရေးမှာ မဟာဗျူဟာကျလှပါတယ်။နောက်ပြီး ACHC ကပေးမယ့် လျှပ်စစ်အတွက် ကလည်းနီးနေတာမို့ ကုန်ကျစရိတ်သက်သာစွာနဲ့ ရယူနိုင်တယ်မဟုတ်လား။ ဒါကြောင့် တရုတ်တို့ ကနဦး တောင်းဆိုချက်တွေဟာ ဧက-၄၀ဝ၀ပေါ်မှာ အကောင်အထည်ဖေါ်မယ်။ ငွေက သူတို့စိုက်မယ်။ နှစ်ပေါင်း(၇၀)အတွင်း ကချင်ပြည်နယ်မှာ သူတို့ပဲ စီးပွားရေးဇုန်လုပ်မယ်။ ကချင်ပြည်နယ်အစိုးရက မြေစိုက်တဲ့အတွက်မြေဖိုး ၂၀%၊ တရုတ်က ငွေနဲ့နည်းပညာစိုက်လို့ ၈၀%Äအစုစပ် လုပ်မယ်။ အခြေခံအဆောက် အအုံတွေ သူတို့တာဝန်ယူမယ်။ မြေယာပြဿနာကို ကချင်ပြည်နယ်အစိုးရက တာဝန်ယူ။ စီမံကိန်းတန်ဖိုးကို Äသိန်း (၁၈၀ဝ၀)သတ်မှတ်မယ်။

           တရုတ်တွေဟာ မဟာဗျူဟာကျတဲ့နေရာမှာ FDI ကို အပိုင်ချည်တာပါ။ ကချင်ပြည်နယ်အစိုးရက ပြန်လည်ဆွေးနွေးတာက မြေဧက၄၇၀ဝ၊ အစုရှယ်ယာက မြေတန်ဖိုး၃၀% နဲ့ ငွေသား၂၁%၊ ဈေးကွက်စီးပွားရေး အရ ယှဉ်ပြိုင်စေရမယ်။ဒါနဲ့ပဲ ညှိနှိုင်းရင်း ဧပြီလ(၃၀)ရက်နေ့မှာ MOU ကိုတရုတ်ယူနန်ထိန်ချုံးယုံ့ရင်း ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီနဲ့ချုပ်ဆိုတယ်။ အပြောင်းအလဲက ကချင်ပြည်နယ်အစား မြစ်ကြီးနားမြို့နယ်၊ နှစ်(၇၀)လုပ်ခွင့်အစား (၁၅)နှစ်သို့လျှော့ချနိုင်ခဲ့တယ်။ ယခုဆက်လက်ပြီး MOA ကိုသွားဖို့ ဆွေးနွေးမှုမူကြမ်းအဆင့်ဆင့်သွားနေတယ်။ JVA ဆောင်ရွက်နိုင်ရန် မြန်မာဘက်က အများပိုင်ကုမ္ပဏီဖွဲ့ဖို့ ကုမ္ပဏီပေါင်း(၉၅)ခုအထိ ဖွဲ့စည်းထားပြီး၊ သီလဝါစီးပွားရေးဇုန်ကအချို့ပါ ပါဝင်ပတ်သက်လာပါတယ်။

            လောလောဆယ် ကချင်ပြည်သူတို့အကြားမှာနန်ကျင်စီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ဝိဝါဒကွဲပြားနေတယ်။ အချို့က နိုင်ငံရေးအရ ယခုဆွေးနွေးနေဆဲကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရသေးခင် မည်သည့် FDI အဆုံးအဖြတ်မှ မလုပ်စေချင်ကြပါ။ အချို့ကျတော့ သယံဇာတစီးပွားရေးမှီခိုမှုကနေ ဖယ်ခွာချင်နေကြပြီး ဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်လို့ အခြားစက်မှုကုန်ထုတ်လုပ်ငန်းများအပေါ်အခြေပြုရန် သဘောတူကြတယ်။ တရုတ်နဲ့ အခြားပြည်မ ရွှေ့ပြောင်းအလုပ်သမားအများအပြား ကချင်ဒေသခံတို့အပေါ် လူဦးရေ၊ယဉ်ကျေးမှု၊ နိုင်ငံရေး လွှမ်းမိုးလာမှာလည်း စိုးရိမ်ကြတယ်။

          ဒါကြောင့် MOA အဆင့်နဲ့ JVA အဆင့်များမရောက်ခင် ကချင်နိုင်ငံရေး အစုအဖွဲ့တွေနဲ့ ကချင်ပြည်နယ်အစိုးရ၊ တရုတ်ယူနန်ထိန်ချုံးယုံရင်းတို့အကြားအကြိုဆွေးနွေးမှု အဆင့်ဆင့် လုပ်ရန်လိုအပ်တယ်လို့မြင်ပါတယ်။ ဒါမှလည်း ပဋိပက္ခအငြင်းပွားမှုတွေ အစောကတည်းက လျှော့ချနိုင်မယ် မဟုတ်ပါလား။ လူထုပါဝင်ဆွေးနွေးမှု လိုအပ်တယ်လို့ယူဆပြီး ကချင်နိုင်ငံရေးပါတီ ကချင်အမျိုးသားကွန်ဂရက်မှ ကချင်ပြည်နယ်အစိုးရကို တိုက်တွန်းမှုပြုလုပ်ထားပါတယ်။ကချင်ပြည်နယ်ကြီးဟာ တရုတ်တို့ရဲ့ အနာဂတ်ရည်မှန်းချက်နဲ့ မြစ်ဆုံမြစ်ဝှမ်းစီမံကိန်းကြီးနဲ့နန်ကျင်စီးပွားရေးဇုန်တည်ဆောက်မှု FDI(၂)ခု ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ကြုံတွေ့နေရပါတော့တယ်။

              ကချင်စစ်ပွဲနိုင်ငံရေးအငြင်းပွားမှု သယံဇာတအလွန်အကျွံမှီခိုမှုတို့အကြားမှာ ဖွံ့ဖြိုးတိုးတက်ရေးခြေလှမ်း ကို မဟာဗျူဟာကျကျ အနာဂတ်ကိုရည်မှန်းပြီး အဖြစ်သင့်ဆုံးနဲ့ အမှန်ဆုံးရွေးချယ်ရတော့မှာဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ တရွေ့ရွေ့သွားနေဆဲ၊ မည်သူ့ကိုမှ မစောင့်ပါ။ သမိုင်းရွေ့လျားမှုမှာ ကချင်ပြည်နယ်ကြီးဟာ နိုင်ငံရေးအကျပ်အတည်းအကြောင်းပြချက်တစ်ခုတည်းအတွက်နဲ့ မရပ်တန့်ကောင်း။ မိမိတို့ရဲ့ရှင်သန်ရေးအတွက် ကမ္ဘာÄ့အင်အားကြီးနိုင်ငံများရဲ့ကစားကွက်အောက်မှာ အကောင်းဆုံးတန်ပြန်တိုက်ခိုက် အကျိုးဖြစ်ထွန်းမှုဖေါ် ဆောင်ရမှာဖြစ်ကြောင်းတိုက်တွန်းအပ်ပါတယ်။

M Kawn La

M Kawn La- Facebook