• Today is: Monday, August 2, 2021

ကချင်ပြည်နယ် အထွေထွေသပိတ်၊ ဒုဥက္ကဋ္ဌ ဆိုင်းနူးပန်နှင့် တွေ့ဆုံခြင်း

Federal Journal
June14/ 2021

Zawgyi

၂၀၂၁၊ ေဖေဖာ္ဝါရီ ၁ ရက္မွာ ဗမာစစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕ျပ၊ ေက်းလက္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ စစ္အာဏာရွင္ ဆန႔္က်င္ေရး၊ လႈပ္ရွားမႈ သပိတ္စစ္ေၾကာင္း ဆႏၵျပပြဲေတြ ေပၚေပါက္လာပါတယ္။ ထိုဆႏၵျပပြဲေတြကို ဦးေဆာင္လႈပ္ရွားၾကတဲ့အထဲက ကခ်င္ျပည္မွ ဆႏၵျပဦးေဆာင္သူ ဆိုင္ႏူးပန္ႏွင့္ ေတြ႕ဆုံၿပီး စစ္အာဏာသိမ္းမႈ၊ ျမန္မာ့အေရးကိစၥမ်ားကို ေအာက္ပါ အတိုင္း ေမးျမန္းျဖစ္ခဲ့ပါတယ္။
ပထမဆုံးေမးခြန္းအေနနဲ႔ ျမန္မာစစ္တပ္က ၿပီးခဲ့တဲ့ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ တိုင္းျပည္အာဏာကို သိမ္းယူခဲ့ပါတယ္။ ဒီျဖစ္စဥ္အေပၚမွာ တိုင္းရင္းသူ တစ္ေယာက္အေနနဲ႔ ဘယ္လို သုံးသပ္မိပါသလဲ။
ကြၽန္မတို႔ လႈပ္ရွားမႈမွာ ပါဝင္လာရတာကလည္း အဲဒီအခ်က္ေတြေၾကာင့္ပါ။ ကြၽန္မတို႔ ကခ်င္လူမ်ိဳးေတြ ဆိုတာက လြန္ခဲ့တဲ့ ၁၉၆၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၅ ရက္က တည္းက အာဏာရွင္ကို ဆန႔္က်င္ခဲ့တယ္။ ဆိုလိုတာ ကေတာ့ အခုမွ ကြၽန္မတို႔က စစ္အာဏာရွင္ကို ဆန႔္ က်င္တာမဟုတ္ဘဲနဲ႔ လြန္ခဲ့တဲ့ အခ်ိန္ေတြကတည္းက ဆန႔္က်င္ခဲ့တာျဖစ္တယ္။ စစ္အာဏာရွင္ ဆက္ၿပီး ရွိေနသေ႐ြ႕ကေတာ့ ဆက္လက္ၿပီးေတာ့ ဆန႔္က်င္ ေနဖို႔အတြက္ ျပင္ဆင္ထားပါတယ္။ လက္ရွိ ျမန္မာ ႏိုင္ငံရဲ႕အခင္းအက်င္းကို ၾကည့္တဲ့အခါမွာ ၂၀ဝ၈ ဖြဲ႕စည္းပုံရဲ႕ ျပႆနာေတြကို သြားေတြ႕ရတယ္။ ဒီလိုမ်ိဳး ျပႆနာေတြ ေတြ႕ရတဲ့အခါမွာ တိုင္းရင္းသားေတြေျပာ ေျပာေနတဲ့ ကိုယ့္ၾကမၼာကိုယ္ ဖန္တီးခြင့္၊ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္မရွိတဲ့ ျပႆနာကို သြားေတြ႕ရတယ္။ လက္ရွိအေနအထားအရလည္း ၂၀ဝ၈ ဖြဲ႕စည္းပုံက တိုင္းရင္းသား ျပည္သူလူထု အတြက္ အမွန္တကယ္ ကိုယ္စားျပဳၿပီးေတာ့ အမွန္ တကယ္ ကာကြယ္ေပးႏိုင္တဲ့ ဥပေဒတစ္ခုျဖစ္မေနတဲ့ အခါမွာ တိုင္းရင္းသားျပည္သူလူထုေတြအေနနဲ႔ အခု လက္ရွိအေနအထားကို ပထမ ႀကဳံေတြ႕ေနရတယ္။ ျမန္မာတစ္ႏိုင္ငံလုံးအေနနဲ႔လည္း ဥပေဒကို ျပန္ၾကည့္ လိုက္တဲ့အခါမွာ ဒီဥပေဒက လူအုပ္စုတစ္အုပ္စု အတြက္ အထူးျပဳ အေလးထားၿပီး ေရးဆြဲထားတဲ့ ဥပေဒ ျဖစ္ေနတယ္။ ၿပီးေတာ့ စစ္အာဏာသိမ္းမႈကို အၿမဲတမ္းျဖစ္ႏိုင္ေအာင္ လမ္းေၾကာင္းဖြင့္ထားတဲ့ ဥပေဒတစ္ရပ္လို႔ ကြၽန္မတို႔ကေတာ့ သုံးသပ္တယ္။ တစ္ဖက္မွာလည္း စစ္အေျချပဳၿပီးေတာ့ ေ႐ြးခ်ယ္ထား တဲ့ ဥပေဒတစ္ခုျဖစ္ေနတဲ့အေနအထားမွာ ကြၽန္မတို႔ တိုင္းရင္းသားျပည္သူလူထုအတြက္ အကာအကြယ္ မေပးႏိုင္တဲ့ ဥပေဒကဆက္လက္သြားဖို႔ မျဖစ္ႏိုင္ဘူး ဆိုတာကို ကြၽန္မတို႔ ေတြ႕ရတယ္။ တစ္ဖက္မွာလည္း လူမ်ိဳးအေနအထား အခင္းအက်င္းေတြက ကြၽန္မတို႔ အရင္တုန္းက အၿမဲတမ္း ေျပာေျပာေနတဲ့အတိုင္း အေရးအခင္းျဖစ္လာတယ္။ တိုင္းရင္းသားေခါင္း ေဆာင္ေတြလည္း အၿမဲတမ္း ေျပာတာေတြရွိတယ္။ သို႔ေသာ္ျငားလည္း လက္ရွိအေနအထားသည္ ျမန္မာ ႏိုင္ငံရဲ႕အေ႐ြ႕ကိုသြားတဲ့အခ်ိန္ ေခါင္းေဆာင္ေတြဘက္ က ဒီအေပၚမွာ လုပ္ေဆာင္ေပးမႈေတြက လက္ရွိ အေန အထားသည္ အေကာင္အထည္ေဖာ္တာကို မလုပ္ေပး ရေသးဘူး။ အရပ္ဖက္ အစိုးရဆိုၿပီး တက္လာတဲ့ NLD အစိုးရေခတ္မွာတုန္းကလည္း ၂၁ ပင္လုံကိုပဲ သြားတယ္။ ဒီထင္ျမင္ခ်က္ေတြ အကုန္လုံးကို ၾကည့္ လိုက္တဲ့အခါ လက္ရွိအေနအထားအရ စစ္တပ္က ျမန္မာႏိုင္ငံကို အာဏာသိမ္းလိုက္တယ္၊ အဲဒီအတြက္ တိုင္းရင္းသားျပည္သူလူထုအားလုံးက အာဏာရွင္ကို ဆန႔္က်င္ရမယ္၊ အျမစ္ျဖတ္ ေခ်မႈန္းရမယ္ဆိုၿပီးေတာ့ ဒီလိုမ်ိဳး လႈပ္ရွားမႈေတြမွာ အကုန္လုံးပါဝင္ၾကတာလို႔ သုံးသပ္တယ္။ တိုင္းရင္းသားျပည္သူ လူထုအားလုံးက ေတာ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ႏိုင္ဖို႔ အတြက္ ၂၀ဝ၈ဖြဲ႕စည္းပုံကို ဖ်က္သိမ္းၿပီးေတာ့မွ ဖက္ ဒရယ္ဖြဲ႕စည္းပုံ (Federal Constitution) ဥပေဒ တစ္ရပ္ျဖစ္လာဖို႔အတြက္ အားလုံးက တိုက္တြန္းေန တာျဖစ္တယ္လို႔ ျမင္ပါတယ္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း တစ္ႏိုင္ငံလုံး ေနရာေတာ္ေတာ္မ်ားမ်ားမွာ လူထုလႈပ္ရွား ဆႏၵျပမႈ ေတြ ဆက္တိုက္ေတြ႕လာရတယ္၊ အခုဆိုရင္ ဆႏၵျပ လႈပ္ရွားမႈေတြက ပိုၿပီးေတာ့ အားေကာင္းလာတာ လည္း ေတြ႕ရတယ္၊ ဒီျဖစ္စဥ္အေပၚမွာ ဆရာမရဲ႕ အျမင္ေလးေျပာျပေပးပါဦး။
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ကေတာ့ အကုန္လုံးက အာဏာရွင္ကို အျမစ္ျဖတ္ ေခ်မႈန္းဖို႔ အတြက္ အင္တိုက္အားတိုက္နဲ႔ အကုန္လုံး ပါဝင္ေနတဲ့ အပိုင္းေတြကို ကြၽန္မတို႔ ေတြ႕ျမင္ရပါတယ္။ ျပည္သူ လူထုဘက္ကပဲ မဟုတ္ဘဲနဲ႔ ဝန္ထမ္း အသိုင္းအဝိုင္း ကအစ ပါဝင္လာတာကို ေတြ႕ရတယ္။ CDM လႈပ္ရွား မႈေတြ လုပ္လာၾကတာေတြ႕ရတယ္။ အားလုံးကေတာ့ အာဏာရွင္ကို လုံးဝမလိုလားဘူးဆိုတာကို ကြၽန္မတို႔ ေတြ႕ရတယ္။ တိုင္းရင္းသားေတြဘက္မွာကေတာ့ ကိုယ့္ကံၾကမၼာကိုယ္ဖန္တီးခြင့္ကို အျပည့္အဝရရွိဖို႔ ေတာင္းဆိုေနၾကတဲ့ အပိုင္းကို ေကာင္းေကာင္းျမင္ရ တယ္။ ကခ်င္ဆိုရင္လည္း ႏွစ္ေပါင္း ၇၀ ေက်ာ္လာၿပီ။ ကြၽန္မတို႔ စစ္အာဏာရွင္ရဲ႕ လက္ေအာက္မွာ ရပ္တည္ ခဲ့ရတယ္။ ႏွစ္ေပါင္း ၇၀ ခန႔္ကို ဒဏ္ေတြကို ခါးစည္းခံ ခဲ့ရတဲ့ အပိုင္းေတြရွိတယ္။ ဒါေတြကို ေနာက္ထပ္ မလို လားေတာ့ဘူးဆိုၿပီးေတာ့မွ ကြၽန္မတို႔ ျပည္သူလူထု ေတြက ရပ္တည္လာတာကို ကြၽန္မတို႔ ေတြ႕ရတယ္။ ေနျပည္ေတာ္တို႔၊ မႏၲေလး၊ ရန္ကုန္တို႔ ေျပာရမယ္ ဆိုရင္ ျပည္မက လူေတြရဲ႕ ေတာင္းဆိုခ်က္ကက်ေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကို ျပန္လည္လြတ္ေပးၿပီး ေတာ့မွ ေ႐ြးေကာက္ပြဲရလဒ္ကို အသိအမွတ္ျပဳၿပီးေတာ့ လႊတ္ေတာ္ ျပန္ေခၚေပးဖို႔အတြက္ ေတာင္းဆိုၾကတယ္။ ကြၽန္မတို႔ ဒီဘက္က တိုင္းရင္းသား ျပည္သူလူထု အတြက္က်ေတာ့ ဒါတင္ မလုံေလာက္ဘူး ျမန္မာႏိုင္ငံ ရဲ႕ ျပႆနာက တိုင္းရင္းသားေတြရဲ႕ ျပႆနာျဖစ္တယ္။ တိုင္းရင္းသားဘက္ေတြက ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္ဖို႔အတြက္ Federal Calling ကို ေခၚလာတဲ့အပိုင္းေတြကို ကြၽန္မတို႔ေတြ႕ရတယ္။ ကခ်င္ျပည္နယ္အေနအထားကို ၾကည့္မယ္ဆိုရင္ေတာ့ အထိအခိုက္ကေတာ့ ျပည္မေလာက္ေတာ့ မမ်ားေသး ဘူးလို႔ ေျပာရမွာေပါ့။ ဒါေပမယ့္လည္း ဖမ္းဆီးခံရသူ ေတြလည္း မ်ားေနၿပီ။ ကြၽန္မတို႔ လက္ရွိသိထားရ သေလာက္ကေတာ့ ၉၀ ဦးေက်ာ္ရွိေနၿပီလို႔ သိထားရ တယ္။ အသက္ဆုံးရႈံးသြားတဲ့သူကေတာ့ ႏွစ္ဦးရွိေနၿပီ လို႔ သိရတယ္။ အျခားကေတာ့ ႐ုံးထုတ္တယ္၊ တခ်ိဳ႕ က တိမ္းေရွာင္ေနရတယ္။ တခ်ိဳ႕ကေတာ့ လက္ရွိအေန အထားထိ ဦးေဆာင္ၿပီးေတာ့ လုပ္ေဆာင္ေနၾကတဲ့ အပိုင္းေတြရွိတယ္။ အေနအထားကေတာ့ အာဏာရွင္ ကို အျမစ္ျဖတ္ေခ်မႈန္းဖို႔အတြက္ လုပ္ေဆာင္ေနတယ္ ဆိုတာကို ေတြ႕ရပါတယ္။
ေဖေဖာ္ဝါရီ ၂၆ ရက္က စစ္ေကာင္စီက ဖြဲ႕စည္းတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီ ၅၃ ပါတီ ေနျပည္ေတာ္မွာ ေတြ႕ဆုံၾကတယ္။ အဲဒီထဲမွာ တိုင္း ရင္းသားပါတီ ၂၁ ခု ပါဝင္တာလည္း ေတြ႕ရတယ္။ ဒီျဖစ္စဥ္ေၾကာင့္ တိုင္းရင္းသားပါတီေတြၾကားမွာ အခ်င္းခ်င္း သေဘာထားကြဲလြဲမႈေတြလည္း ရွိတယ္။ တိုင္းရင္းသားျပည္သူလူထုၾကားမွာ ေဝဖန္သံေတြ လည္း ရွိလာတယ္။ ကြၽန္ေတာ္ေမးခ်င္တာကေတာ့ စစ္ေကာင္စီနဲ႔ တိုင္းရင္းသားပါတီအခ်ိဳ႕ ေဆြးေႏြးမႈက ျမန္မာႏိုင္ငံအေရး ဖက္ဒရယ္အေရးေတြကို တကယ္ ပဲ ေဆြးေႏြးခဲ့တာလား၊ ဘယ္လိုအက်ိဳးသက္ေရာက္မႈ ေတြျဖစ္လာမယ္လို႔ ထင္ပါသလဲ။
ကြၽန္မတို႔အျမင္ကေတာ့ လက္ရွိအခင္းအက်င္း အရ စစ္အုပ္ခ်ဳပ္ေရးေရာက္ရွိသြားတဲ့ အေနအထား မွာ လူထုကို ကိုယ္စားျပဳတဲ့ ဘယ္ပါတီမဆို၊ ဘယ္အဖြဲ႕ အစည္းမဆို လြတ္လပ္စြာ ေျပာဆိုခြင့္ကေတာ့ ဘယ္ ေတာ့မွာ ရရွိမွာမဟုတ္ပါဘူး၊ ဒီမိုကရက္တစ္အင္စတီ က်ဴ အသက္ရွင္ရပ္တည္ႏိုင္ဖို႔ဆိုတာက စစ္အုပ္ခ်ဳပ္ ေရး စနစ္ေအာက္မွာေတာ့ ဘယ္လိုမွ ရပ္တည္ႏိုင္မွာ မဟုတ္ဘူးလို႔ ခံယူတယ္။ ဆိုလိုတာကေတာ့ လက္ရွိ အေနအထားမွာ ဘယ္ေလာက္ပဲ တိုင္းျပည္အတြက္ ကိုယ္စားျပဳပါတယ္ဆိုတဲ့အဖြဲ႕အစည္းေျပာေျပာ၊ စစ္ အာဏာရွင္ေတြအတြက္ အတိုက္အခံ လုပ္ေဆာင္ဖို႔ အတြက္ကေတာ့ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။ ခုနက ေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ေတြ႕တဲ့အေနအထားမွာ လည္း KSPP ကိုလည္း ပထမ စစ္ေကာင္စီကေန ကမ္းလွမ္းတာရွိတယ္၊ ျပည္ေထာင္စုဝန္ႀကီးတစ္ေနရာ ကို ကမ္းလွမ္းတာရွိေပမယ့္လည္း KSPP ဘက္ကေန ဒါကေတာ့ ျပည္သူလူထုအတြက္ ကိုယ္စားမျပဳႏိုင္တဲ့ အတြက္၊ ျပည္သူလူထုရဲ႕လိုလားခ်က္ကလည္း မရွိတဲ့ အတြက္ေၾကာင့္ ျငင္းဆိုလိုက္တယ္။ အဲဒီကတည္းက စစ္ေကာင္စီဘက္ကေန ကမ္းလွမ္းမႈေတြရွိတယ္။ ဒုတိယေျခလွမ္းအေနနဲ႔ဒုဥကၠ႒ ဆရာမႀကီးကို ျပည္ ေထာင္စုဝန္ႀကီး တစ္ေနရာေပးဖို႔ ကမ္းလွမ္းတဲ့အပိုင္း ရွိတယ္။ သို႔ေပမယ့္လည္း ဆရာမႀကီးကလည္း ကမ္း လွမ္းတာကို ျငင္းပယ္လိုက္တယ္။ ျပည္သူနဲ႔ပဲ ရပ္တည္ မယ္လို႔ ေျပာဆိုလိုက္တဲ့အခါမွာ စစ္ေကာင္စီဘက္က KSPP ပါတီကို ဦးတည္လာတဲ့အပိုင္း ရွိတယ္။ တတိယ အခ်က္အေနနဲ႔ စစ္ေကာင္စီဘက္က ဒီတစ္ေခါက္က ေတာ့ လုံးဝ မျငင္းဆိုပါနဲ႔။ လက္ခံေပးပါ၊ ျပည္နယ္ ေနရာ ေပးပါ့မယ္ လက္ခံေပးပါ့မယ္ ဆိုၿပီးေတာ့ ကမ္း လွမ္းလာျပန္တယ္၊ သို႔ေပမယ့္လည္း ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီကေတာ့ ျပည္သူလူထုနဲ႔ ရပ္တည္မယ္ ဆိုၿပီးေတာ့မွ ျငင္းဆိုလိုက္တယ္။ သုံးေနရာလုံးကို ျငင္းဆိုလိုက္တဲ့အခါမွာ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ ေခါင္းေဆာင္ေတြရဲ႕ လုံၿခဳံမႈကို စိုးရိမ္ရတဲ့ အပိုင္းရွိ လာတယ္။ တစ္ခ်ိန္တည္းမွာပဲ UEC ရဲ႕ ေတြ႕ဆုံပြဲက လည္း ရွိလာတယ္၊ အဲဒီအခ်ိန္က်ေတာ့ ပါတီေခါင္း ေဆာင္ေတြဘက္ကလည္း ခ်င့္ခ်ိန္ၿပီးေတာ့ ဘယ္လို မ်ိဳးအေနအထား သြားရမလဲဆိုတဲ့အခါမွာ လက္ရွိ အေနအထားကေတာ့ သြားလို႔လည္းအဆင္မေျပျပန္ ဘူး။ သို႔ေသာ္ျငားလည္း မသြားဘူးဆိုျပန္ရင္လည္း ပါတီရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ေတြရဲ႕ လုံၿခဳံမႈကအစ၊ ပါတီရဲ႕ လုံၿခဳံမႈကအစ ထိခိုက္လာႏိုင္တဲ့ အေနအထား မွာ ေလ့လာၾကည့္မယ္ဆိုတဲ့အေနအထားကို ဆုံးျဖတ္ လိုက္ၾကတယ္၊ အဲဒီအတြက္ေၾကာင့္ ျပည္သူလူထုပိုင္း ကေတာ့ ေတာ္ေတာ္ေလး အတိုက္အခိုက္ ေျပာဆိုလာ တာေတြလည္း ရွိတယ္။ တခ်ိဳ႕ကေတာ့ ပါတီဖ်က္သိမ္း ဖို႔ တြန္းအားေပးတာေတြလည္း ရွိတယ္။ ပါတီဘက္က ျပန္ၾကည့္ရင္ေတာ့ ကခ်င္ျပည္ရဲ႕ ႏိုင္ငံေရးရာသီဥတု အေျခအေနက အခုမွပဲ အသက္ရွင္လာတယ္လို႔ ေျပာ လို႔ရမယ္။ အရင္ကတည္းကေတာ့ ရွိပါတယ္ သို႔ေသာ္ ျငားလည္းပဲ အရင္တုန္းက လက္ဆင့္ကမ္းတဲ့ ႏိုင္ငံ ေရး အေျခအေနက ေတာ္ေတာ္ေလးနည္းေသးတယ္။ ဒီမိုကရက္တစ္ အင္စတီက်ဴအေနနဲ႔ တည္ရွိလာတာက ေတာ္ေတာ္ေလး အင္အားနည္းေသးတယ္လို႔ ေျပာရ မယ္။ လူႀကီးေတြဘက္ကလည္း ပါတီကို ေပါင္းစည္း တဲ့အခါမွာ ငါးႏွစ္ေလာက္ ေပါင္းစည္းရတဲ့ အေန အထားအရ လက္ရွိ ၂၀၂၀ မွပဲ ေ႐ြးေကာက္ပြဲမွာ ဝင္ ေရာက္ယွဥ္ၿပိဳင္ႏိုင္တဲ့ အေနအထားျဖစ္တဲ့အခါမွာ ပါတီလူႀကီးေတြဘက္ကေန အခင္းအက်င္းေတြကို ေနာက္တစ္ေခါက္ ျပန္ေပါင္းလုပ္ေဆာင္ဖို႔အတြက္က စိုးရိမ္မႈေတြရွိၾကတယ္။ ကခ်င္ရဲ႕ ႏိုင္ငံေရးပလက္ေဖာင္း၊ ပါတီပလက္ေဖာင္းတစ္ခု ပ်က္သြားမွာကို မလိုလားၾကတဲ့ အခါမွာ လူခ်ိန္းတာေတြျဖစ္လာတယ္လို႔ သုံးသပ္မိပါ တယ္။ ျပည္သူလူထုဘက္ကေတာ့ အကုန္လုံးက အခုအခ်ိန္ထိ ဒါကို ေမးခြန္းထုတ္တာေတြရွိတယ္။ လက္ရွိအေနအထားအရကေတာ့ ဘယ္ပါတီျဖစ္ျဖစ္ စစ္အာဏာရွင္ေအာက္မွာေတာ့ ျပည္သူလူထုအတြက္ မားမားမတ္မတ္ ရပ္တည္ေပးႏိုင္ဖို႔က ဘယ္လိုမွ မျဖစ္ ႏိုင္ဘူးလို႔ ကြၽန္မတို႔ ျမင္ပါတယ္။
လက္ရွိ ျမန္မာႏိုင္ငံရဲ႕ အေျခအေနကို ၾကည့္ရင္ စစ္ ေကာင္စီဘက္က သူတို႔အာဏာတည္ၿမဲဖို႔ နည္းလမ္း ေပါင္းစုံနဲ႔ ႀကိဳးစားေနတာကို ေတြ႕ရတယ္၊ CRPH လို႔ ေခၚတဲ့ လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီကလည္း ျပည္သူေတြရဲ႕ေထာက္ခံမႈနဲ႔ ႏိုင္ငံတကာမွာ ျမန္မာ ျပည္ရဲ႕ ဒီမိုကေရစီအတြက္ ႀကိဳးစားေနတာလည္း ေတြ႕ရတယ္၊ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအေရး၊ ဖက္ ဒရယ္အေရးေတြက ေနာက္ဆက္တြဲအေနနဲ႔ ဘယ္လို အက်ိဳးသက္ေရာက္မႈေတြ ျဖစ္လာႏိုင္တယ္လို႔ ဆရာမ အေနနဲ႔ ထင္ျမင္မိပါသလဲ။
CRPH ရဲ႕ အေနအထားကေတာ့ လက္ရွိႏိုင္ငံ တကာမွာ ေတာ္ေတာ္ေလးႀကိဳးစားေနတဲ့ အပိုင္းရွိ တယ္။ ႏိုင္ငံတကာတင္မဟုတ္ဘဲ ျပည္တြင္းမွာလည္း လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းၿပီးေတာ့ လုပ္ ေဆာင္ေနတဲ့ အပိုင္းရွိပါတယ္။ လက္ရွိ CRPH ရဲ႕ ရပ္တည္ခ်က္ကေတာ့ ၂၀ဝ၈ ဖြဲ႕စည္းပုံေအာက္က သြားတာမဟုတ္ဘဲနဲ႔ ဖက္ဒရယ္ဒီမိုကေရစီအေနနဲ႔ သြားတာေတြ႕ရတယ္။ ကြၽန္မတို႔တိုင္းရင္းသားေတြ ဘက္ကေန သံသယဝင္တဲ့အရာရွိတယ္။ လြန္ခဲ့တဲ့ ၂၀၁၀ ေလာက္က ေဒၚစုအေနနဲ႔ အက်ယ္ခ်ဳပ္အေနနဲ႔ ေနခဲ့ရတယ္၊ သူ႔အေနနဲ႔ အက်ယ္ခ်ဳပ္ကေန လြတ္ သြားတဲ့အခ်ိန္မွာ NLD အေနနဲ႔ အကုန္လုံး EC အပိုင္း ေတြက ေဆြးေႏြးၾကတာေတြရွိတယ္။ အဓိကကေတာ့ ၂၀ဝ၈ ဖြဲ႕စည္းပုံေအာက္ကေန မသြားပါဘူးဆိုၿပီးေတာ့ ေဆြးေႏြးၾကတာေတြရွိတယ္၊ တကယ္တမ္း အက်ယ္ ခ်ဳပ္ကေန လြတ္သြားတဲ့အခ်ိန္မွာ ၾကားျဖတ္ ေ႐ြး ေကာက္ပြဲမွာ ဝင္လာတယ္။ အဲဒီအခင္းအက်င္းေတြ အရ NLD ကလည္း ႏွစ္ပိုင္းကြဲတာေတြရွိတယ္။ ဆိုလို တာကေတာ့ ၂၀ဝ၈ ဖြဲ႕စည္းပုံကို အယုံအၾကည္ မရွိ ပါဘူး၊ ၂၀ဝ၈ ဖြဲ႕စည္းပုံ ေအာက္ကေန ဘယ္ေတာ့မွ ေ႐ြးေကာက္ပြဲမဝင္ပါဘူးလို႔ ေျပာခဲ့ေသာ္ျငားလည္း တကယ္တမ္း အက်ယ္ခ်ဳပ္ဘဝကေန ျပန္လြတ္လာတဲ့ အခ်ိန္မွာ ေ႐ြးေကာက္ပြဲ ဝင္ေရာက္လာတာကို ေတြ႕ရ တယ္။ ကြၽန္မတို႔ ေမးခြန္းကလည္း ဒီေမးခြန္းပဲျဖစ္ တယ္၊ CRPH ရဲ႕ လက္ရွိအေနအထားမွာ ဦးေဆာင္တဲ့ သူေတြက ဘယ္သူေတြလဲ၊ လက္ရွိ အေနအထားမွာ လုပ္ႏိုင္တဲ့သူေတြက CRPH ကို ဦးေဆာင္ေနသလား ဆိုတာကိုေတာ့ ကြၽန္မတို႔ဘက္က ေမးခြန္းထုတ္စရာ ရွိပါတယ္။ ဘာလို႔လဲဆိုရင္ စစ္ေကာင္စီဘက္က ထိန္း ခ်ဳပ္တဲ့သူေတြထဲမွာ NLD ထိပ္ပိုင္းေခါင္းေဆာင္ေတြ ေတာ္ေတာ္မ်ားမ်ား ပါဝင္ေနတယ္။ တကယ္တမ္း ဒီေခါင္းေဆာင္ေတြ ျပန္လြတ္တဲ့အခ်ိန္မွာ တိုင္းရင္း သားလူထုနဲ႔လုပ္ေဆာင္မယ့္ သေဘာတူညီခ်က္ေတြ ကတကယ္ေကာ အသက္ဝင္ပါ့မလားဆိုတဲ့ ေမးခြန္း ထုတ္စရာရွိပါတယ္။ လက္ရွိအေနအထားက CRPH အေနနဲ႔ အတတ္ႏိုင္ဆုံးႀကိဳးစားေနတယ္။ အရင္တုန္း က ဒီမိုကေရစီဖက္ဒရယ္လို႔ တြင္တြင္ေခၚဆိုေနေပမယ့္ လည္း လက္ရွိအေနအထားမွာေတာ့ ဖက္ဒရယ္ဒီမိုက ေရစီဆိုတဲ့ စကားလုံးေတြကို ေျပာဆိုလာတဲ့အပိုင္းေတြ ကိုလည္း ေတြ႕ရပါတယ္။ ဒါက တကယ္တမ္း အသက္ ဝင္ပါ့မလား၊ တကယ္တမ္း အေကာင္အထည္ ေဖာ္ႏိုင္ ပါ့မလားဆိုတဲ့ စိုးရိမ္ခ်က္ကေတာ့ ကြၽန္မတို႔ဆီမွာ ရွိေနပါတယ္။
ဒီမိုကေရစီေတာ္လွန္ေရး ခရီးစဥ္ကို ျပန္ၾကည့္ရင္ လည္း ၈၈ တုန္းကလည္း တိုင္းရင္းသားေပါင္းစုံက ပါဝင္ၿပီးေတာ့ တြန္းလွန္ခဲ့တယ္၊ ဒါေပမယ့္ ဒီမိုကေရစီ ေျပာင္းလဲၿပီးတဲ့အခါက်ေတာ့ အရင္က အတူတူ ေတာ္လွန္ခဲ့ၾကတဲ့ ေတာ္လွန္ေရးသမားေတြဟာ အတူတူ မျဖစ္ဘဲနဲ႔ တစ္သံတည္း မထြက္ဘဲနဲ႔ NLD ဘက္က တစ္ဖက္၊ ဒီဘက္တိုင္းရင္းသားဘက္ေတြက တစ္ဖက္ ျဖစ္သြားတာလည္းရွိေတာ့ ဒီေတာ္လွန္ေရး ၿပီးဆုံးၿပီးတဲ့အခ်ိန္က်ရင္ ဘယ္လိုမ်ိဳး ျဖစ္လာႏိုင္ တယ္လို႔ ဆရာမအေနနဲ႔ သုံးသပ္မိပါသလဲ။
လက္ရွိအေနအထားကေတာ့ စိတ္ကူးယဥ္ၾကည့္ တာေပါ့။ NLD အုပ္စုေတြအေနနဲ႔ ျပန္ထြက္လာႏိုင္ မလား၊ စစ္ေကာင္စီဘက္က သူတို႔ကို ျပန္လြတ္မလား မလြတ္ဘူးလားဆိုတာက လက္ရွိမွာ ဘာမွမသိႏိုင္ဘူး၊ တကယ္လို႔လြတ္ခဲ့မယ္ဆိုရင္ေပါ့ အခုလက္ရွိမွာေတာ့ တိုင္းရင္းသားအားလုံးနဲ႔ ပူးေပါင္းၿပီးေတာ့ အာဏာရွင္ ကို အျမစ္ျဖတ္ေခ်မႈန္းဖို႔ႀကိဳးစားေနၾကတယ္။ တကယ္ တမ္း NLD အာဏာရရွိသြားတဲ့ေနာက္ပိုင္းမွာ တကယ္ပဲ CRPH ကေန သေဘာတူထားတဲ့အခ်က္ေတြကို တတ္ ႏိုင္ပါ့မလား။ ဒါကခုနက ေျပာတဲ့စိုးရိမ္ခ်က္ေပါ့။ကြၽန္မ တို႔ တိုင္းရင္းသားေတြဘက္ကေတာ့ ဒီမိုကေရစီနဲ႔က မလုံေလာက္ဘူး၊ တိုင္းရင္းသားေတြဘက္က ေျပာ ေျပာေနတာကေတာ့ဖက္ဒရယ္ဒီမိုကေရစီေပါ့၊ ျပည္ ေထာင္စုကို တည္ေဆာက္ၾကမယ္။ ျမန္မာႏိုင္ငံေရး ျပသနာ ကို ေျဖရွင္းႏိုင္ဖို႔ဆိုတာက ဖက္ဒရယ္ ဒီမိုက ေရစီ တည္ေဆာက္ႏိုင္မွ ေျဖရွင္းႏိုင္မွလို႔ ယုံၾကည္ တယ္။ အဲဒါေၾကာင့္အေနအထားတစ္ခုမွာ ျပည္မက သူတစ္ခ်ိဳ႕နဲ႔ ေတာင္တန္းက သူတခ်ိဳ႕ရဲ႕ ရပ္တည္ခ်က္ ကေတာ့ ကြာလိမ့္မယ္လို႔ ထင္တယ္၊ လက္ရွိ အေန အထားကေတာ့ ကြၽန္မတို႔ ျမင္သေလာက္က စစ္ ေကာင္စီဘက္ေန NLD ထိပ္သီးေခါင္းေဆာင္ေတြကို ျပန္လြတ္ဖို႔ဆိုတာ လမ္းစမျမင္ေသးပါဘူး။ ဒီတစ္ ေခါက္ရဲ႕ ႏိုင္ငံေရး ကြပ္မ်က္မႈက NLD ကိုပဲ အဓိက ထားၿပီးေတာ့ ကြပ္မ်က္တာလို႔ ကြၽန္မတို႔ကေတာ့ သုံးသပ္ တယ္။ NLD ရဲ႕ ေထြ/အုပ္ေတြ အကုန္လုံးကို ျဖတ္ေတာက္တယ္၊ NLD ပါတီကို မရပ္တည္ႏိုင္ ေအာင္ လုပ္သြားတယ္လို႔ ကြၽန္မတို႔ကေတာ့ ျမင္ပါ တယ္။ တိုင္းရင္းသားျပည္သူလူထုေတြအေနနဲ႔ကေတာ့ ေနာက္ပိုင္း ဖက္ဒရယ္ ဒီမိုကေရစီ ျဖစ္လာမယ္လို႔ သုံးသပ္ပါတယ္။
ေနာက္ဆုံးအေနနဲ႔ ျမန္မာႏိုင္ငံျဖစ္ေပၚေနတဲ့ အေျခ အေနနဲ႔ပတ္သက္ၿပီး ႏိုင္ငံသူႏိုင္ငံသား ၊ တိုင္းရင္း သားျပည္သူေတြနဲ႔ ေတာ္လွန္ေရး ဆင္ႏႊဲေနတဲ့သူေတြ အတြက္ ဆုေတာင္းအမွာ စကားေလး ေျပာေပးပါဦး။
ကြၽန္မတို႔ တိုင္းရင္းသားေတြအားလုံး ပူးေပါင္း ၿပီး အတူတကြ တြန္းလွန္းရမယ္လို႔ ျမင္ပါတယ္။ အခု လက္ရွိ ကခ်င္ျပည္နယ္မွာလည္းဆိုရင္လည္း ကြၽန္မ တို႔ အားမရဘူး၊ မတ္ ၈ ရက္က ျပည္သူ ႏွစ္ဦး အသက္ ဆုံးရႈံးသြားတဲ့အခ်ိန္မွာ ေနာက္တစ္ရက္ မတ္ ၉ ရက္ ေန႔မွာ လမ္းေပၚမွာဆႏၵျပတာေတြက ေတာ္ေတာ္ေလး အားနည္းသြားတယ္။ တခ်ိဳ႕ကေတာ့ ေၾကာက္သြား တယ္၊ တခ်ိဳ႕ကေတာ့ အဖမ္းခံရလို႔ ေနာက္ဆုတ္သြား တယ္၊ တခ်ိဳ႕ကေတာ့ ဖမ္းဝရမ္းထုတ္ထားတဲ့အတြက္ ထြက္ေျပး တိမ္းေရွာင္ရတဲ့အခ်ိန္မွာ ျပည္သူလူထုေတြ အင္အားက ေတာ္ေတာ္ေလး အားနည္းေနတာ ေတြ႕ရ တယ္၊ အာဏာရွင္ဆိုတာနဲ႔ အရမ္းေၾကာက္ေနတာကို ေတြ႕ရတယ္၊ ကြၽန္မအေနနဲ႔ေျပာခ်င္တာက အာဏာရွင္ ကို အခုလက္ရွိမွာ ေၾကာက္ေနမယ္ဆိုရင္ ေနာင္လာ မယ့္ အနာဂတ္မ်ိဳးဆက္သစ္ေတြအတြက္က သမိုင္း မေကာင္းႏိုင္ဘူးလို႔ ျမင္တယ္။ ကိုယ့္ရဲ႕ အနာဂတ္ မ်ိဳးဆက္သစ္ေတြအတြက္ ေကာင္းမြန္တဲ့အရာေတြကို ပခုံးလႊဲေျပာင္းႏိုင္ေအာင္ လုပ္ေဆာင္ေစခ်င္တယ္၊ တစ္ဖက္မွာလည္း စစ္ေကာင္စီက အာဏာသိမ္းတယ္ ဆိုကတည္းက တိုင္းျပည္တစ္ခုကို ျပန္တည္ေဆာက္ ႏိုင္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ ျမင္တယ္။ ကြၽန္မ တို႔ တိုင္းရင္းသား ျပည္သူလူထုအားလုံးမွာလည္း ျပည္သူ လူထုအတြက္ အမွန္တကယ္ အနစ္နာခံတဲ့ တိုင္းျပည္ တစ္ခုကို တည္ေဆာက္ႏိုင္ဖို႔ အခုကတည္းက ျပင္ဆင္ ထားရလိမ့္မယ္လို႔ ေျပာခ်င္ပါတယ္။ ဒီလိုမ်ိဳး ျပင္ဆင္ဖို႔ က အနစ္နာခံရမယ္၊ အနာခံရမယ္လို႔ ေျပာခ်င္တယ္။ကြၽန္မတို႔ အနာဂတ္ဖက္ဒရယ္ျပည္ေထာင္စုကို တည္ ေထာင္ႏိုင္ဖို႔ အခုအခ်ိန္က အေရးႀကီးပါတယ္။ အခု အခ်ိန္မွာ ေသြးစည္းညီၫြတ္ၿပီး လုပ္ေဆာင္ၾကဖို႔ အားလုံးကို တိုက္တြန္းခ်င္ပါတယ္။
ေက်းဇူးတင္ပါတယ္။

Unicode

၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်မှာ ဗမာစစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ မြို့ပြ၊ ကျေးလက် နေရာတော်တော်များများမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ လှုပ်ရှားမှု သပိတ်စစ်ကြောင်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။ ထိုဆန္ဒပြပွဲတွေကို ဦးဆောင်လှုပ်ရှားကြတဲ့အထဲက ကချင်ပြည်မှ ဆန္ဒပြဦးဆောင်သူ ဆိုင်နူးပန်နှင့် တွေ့ဆုံပြီး စစ်အာဏာသိမ်းမှု၊ မြန်မာ့အရေးကိစ္စများကို အောက်ပါ အတိုင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
ပထမဆုံးမေးခွန်းအနေနဲ့ မြန်မာစစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပါတယ်။ ဒီဖြစ်စဉ်အပေါ်မှာ တိုင်းရင်းသူ တစ်ယောက်အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။
ကျွန်မတို့ လှုပ်ရှားမှုမှာ ပါဝင်လာရတာကလည်း အဲဒီအချက်တွေကြောင့်ပါ။ ကျွန်မတို့ ကချင်လူမျိုးတွေ ဆိုတာက လွန်ခဲ့တဲ့ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က တည်းက အာဏာရှင်ကို ဆန့်ကျင်ခဲ့တယ်။ ဆိုလိုတာ ကတော့ အခုမှ ကျွန်မတို့က စစ်အာဏာရှင်ကို ဆန့် ကျင်တာမဟုတ်ဘဲနဲ့ လွန်ခဲ့တဲ့ အချိန်တွေကတည်းက ဆန့်ကျင်ခဲ့တာဖြစ်တယ်။ စစ်အာဏာရှင် ဆက်ပြီး ရှိနေသရွေ့ကတော့ ဆက်လက်ပြီးတော့ ဆန့်ကျင် နေဖို့အတွက် ပြင်ဆင်ထားပါတယ်။ လက်ရှိ မြန်မာ နိုင်ငံရဲ့အခင်းအကျင်းကို ကြည့်တဲ့အခါမှာ ၂၀ဝ၈ ဖွဲ့စည်းပုံရဲ့ ပြဿနာတွေကို သွားတွေ့ရတယ်။ ဒီလိုမျိုး ပြဿနာတွေ တွေ့ရတဲ့အခါမှာ တိုင်းရင်းသားတွေပြော ပြောနေတဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိတဲ့ ပြဿနာကို သွားတွေ့ရတယ်။ လက်ရှိအနေအထားအရလည်း ၂၀ဝ၈ ဖွဲ့စည်းပုံက တိုင်းရင်းသား ပြည်သူလူထု အတွက် အမှန်တကယ် ကိုယ်စားပြုပြီးတော့ အမှန် တကယ် ကာကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ခုဖြစ်မနေတဲ့ အခါမှာ တိုင်းရင်းသားပြည်သူလူထုတွေအနေနဲ့ အခု လက်ရှိအနေအထားကို ပထမ ကြုံတွေ့နေရတယ်။ မြန်မာတစ်နိုင်ငံလုံးအနေနဲ့လည်း ဥပဒေကို ပြန်ကြည့် လိုက်တဲ့အခါမှာ ဒီဥပဒေက လူအုပ်စုတစ်အုပ်စု အတွက် အထူးပြု အလေးထားပြီး ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်နေတယ်။ ပြီးတော့ စစ်အာဏာသိမ်းမှုကို အမြဲတမ်းဖြစ်နိုင်အောင် လမ်းကြောင်းဖွင့်ထားတဲ့ ဥပဒေတစ်ရပ်လို့ ကျွန်မတို့ကတော့ သုံးသပ်တယ်။ တစ်ဖက်မှာလည်း စစ်အခြေပြုပြီးတော့ ရွေးချယ်ထား တဲ့ ဥပဒေတစ်ခုဖြစ်နေတဲ့အနေအထားမှာ ကျွန်မတို့ တိုင်းရင်းသားပြည်သူလူထုအတွက် အကာအကွယ် မပေးနိုင်တဲ့ ဥပဒေကဆက်လက်သွားဖို့ မဖြစ်နိုင်ဘူး ဆိုတာကို ကျွန်မတို့ တွေ့ရတယ်။ တစ်ဖက်မှာလည်း လူမျိုးအနေအထား အခင်းအကျင်းတွေက ကျွန်မတို့ အရင်တုန်းက အမြဲတမ်း ပြောပြောနေတဲ့အတိုင်း အရေးအခင်းဖြစ်လာတယ်။ တိုင်းရင်းသားခေါင်း ဆောင်တွေလည်း အမြဲတမ်း ပြောတာတွေရှိတယ်။ သို့သော်ငြားလည်း လက်ရှိအနေအထားသည် မြန်မာ နိုင်ငံရဲ့အရွေ့ကိုသွားတဲ့အချိန် ခေါင်းဆောင်တွေဘက် က ဒီအပေါ်မှာ လုပ်ဆောင်ပေးမှုတွေက လက်ရှိ အနေ အထားသည် အကောင်အထည်ဖော်တာကို မလုပ်ပေး ရသေးဘူး။ အရပ်ဖက် အစိုးရဆိုပြီး တက်လာတဲ့ NLD အစိုးရခေတ်မှာတုန်းကလည်း ၂၁ ပင်လုံကိုပဲ သွားတယ်။ ဒီထင်မြင်ချက်တွေ အကုန်လုံးကို ကြည့် လိုက်တဲ့အခါ လက်ရှိအနေအထားအရ စစ်တပ်က မြန်မာနိုင်ငံကို အာဏာသိမ်းလိုက်တယ်၊ အဲဒီအတွက် တိုင်းရင်းသားပြည်သူလူထုအားလုံးက အာဏာရှင်ကို ဆန့်ကျင်ရမယ်၊ အမြစ်ဖြတ် ချေမှုန်းရမယ်ဆိုပြီးတော့ ဒီလိုမျိုး လှုပ်ရှားမှုတွေမှာ အကုန်လုံးပါဝင်ကြတာလို့ သုံးသပ်တယ်။ တိုင်းရင်းသားပြည်သူ လူထုအားလုံးက တော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အတွက် ၂၀ဝ၈ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီးတော့မှ ဖက် ဒရယ်ဖွဲ့စည်းပုံ (Federal Constitution) ဥပဒေ တစ်ရပ်ဖြစ်လာဖို့အတွက် အားလုံးက တိုက်တွန်းနေ တာဖြစ်တယ်လို့ မြင်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံး နေရာတော်တော်များများမှာ လူထုလှုပ်ရှား ဆန္ဒပြမှု တွေ ဆက်တိုက်တွေ့လာရတယ်၊ အခုဆိုရင် ဆန္ဒပြ လှုပ်ရှားမှုတွေက ပိုပြီးတော့ အားကောင်းလာတာ လည်း တွေ့ရတယ်၊ ဒီဖြစ်စဉ်အပေါ်မှာ ဆရာမရဲ့ အမြင်လေးပြောပြပေးပါဦး။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ကတော့ အကုန်လုံးက အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းဖို့ အတွက် အင်တိုက်အားတိုက်နဲ့ အကုန်လုံး ပါဝင်နေတဲ့ အပိုင်းတွေကို ကျွန်မတို့ တွေ့မြင်ရပါတယ်။ ပြည်သူ လူထုဘက်ကပဲ မဟုတ်ဘဲနဲ့ ဝန်ထမ်း အသိုင်းအဝိုင်း ကအစ ပါဝင်လာတာကို တွေ့ရတယ်။ CDM လှုပ်ရှား မှုတွေ လုပ်လာကြတာတွေ့ရတယ်။ အားလုံးကတော့ အာဏာရှင်ကို လုံးဝမလိုလားဘူးဆိုတာကို ကျွန်မတို့ တွေ့ရတယ်။ တိုင်းရင်းသားတွေဘက်မှာကတော့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို အပြည့်အဝရရှိဖို့ တောင်းဆိုနေကြတဲ့ အပိုင်းကို ကောင်းကောင်းမြင်ရ တယ်။ ကချင်ဆိုရင်လည်း နှစ်ပေါင်း ၇၀ ကျော်လာပြီ။ ကျွန်မတို့ စစ်အာဏာရှင်ရဲ့ လက်အောက်မှာ ရပ်တည် ခဲ့ရတယ်။ နှစ်ပေါင်း ၇၀ ခန့်ကို ဒဏ်တွေကို ခါးစည်းခံ ခဲ့ရတဲ့ အပိုင်းတွေရှိတယ်။ ဒါတွေကို နောက်ထပ် မလို လားတော့ဘူးဆိုပြီးတော့မှ ကျွန်မတို့ ပြည်သူလူထု တွေက ရပ်တည်လာတာကို ကျွန်မတို့ တွေ့ရတယ်။ နေပြည်တော်တို့၊ မန္တလေး၊ ရန်ကုန်တို့ ပြောရမယ် ဆိုရင် ပြည်မက လူတွေရဲ့ တောင်းဆိုချက်ကကျတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြန်လည်လွတ်ပေးပြီး တော့မှ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီးတော့ လွှတ်တော် ပြန်ခေါ်ပေးဖို့အတွက် တောင်းဆိုကြတယ်။ ကျွန်မတို့ ဒီဘက်က တိုင်းရင်းသား ပြည်သူလူထု အတွက်ကျတော့ ဒါတင် မလုံလောက်ဘူး မြန်မာနိုင်ငံ ရဲ့ ပြဿနာက တိုင်းရင်းသားတွေရဲ့ ပြဿနာဖြစ်တယ်။ တိုင်းရင်းသားဘက်တွေက ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့အတွက် Federal Calling ကို ခေါ်လာတဲ့အပိုင်းတွေကို ကျွန်မတို့တွေ့ရတယ်။ ကချင်ပြည်နယ်အနေအထားကို ကြည့်မယ်ဆိုရင်တော့ အထိအခိုက်ကတော့ ပြည်မလောက်တော့ မများသေး ဘူးလို့ ပြောရမှာပေါ့။ ဒါပေမယ့်လည်း ဖမ်းဆီးခံရသူ တွေလည်း များနေပြီ။ ကျွန်မတို့ လက်ရှိသိထားရ သလောက်ကတော့ ၉၀ ဦးကျော်ရှိနေပြီလို့ သိထားရ တယ်။ အသက်ဆုံးရှုံးသွားတဲ့သူကတော့ နှစ်ဦးရှိနေပြီ လို့ သိရတယ်။ အခြားကတော့ ရုံးထုတ်တယ်၊ တချို့ က တိမ်းရှောင်နေရတယ်။ တချို့ကတော့ လက်ရှိအနေ အထားထိ ဦးဆောင်ပြီးတော့ လုပ်ဆောင်နေကြတဲ့ အပိုင်းတွေရှိတယ်။ အနေအထားကတော့ အာဏာရှင် ကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက် လုပ်ဆောင်နေတယ် ဆိုတာကို တွေ့ရပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်က စစ်ကောင်စီက ဖွဲ့စည်းတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ ၅၃ ပါတီ နေပြည်တော်မှာ တွေ့ဆုံကြတယ်။ အဲဒီထဲမှာ တိုင်း ရင်းသားပါတီ ၂၁ ခု ပါဝင်တာလည်း တွေ့ရတယ်။ ဒီဖြစ်စဉ်ကြောင့် တိုင်းရင်းသားပါတီတွေကြားမှာ အချင်းချင်း သဘောထားကွဲလွဲမှုတွေလည်း ရှိတယ်။ တိုင်းရင်းသားပြည်သူလူထုကြားမှာ ဝေဖန်သံတွေ လည်း ရှိလာတယ်။ ကျွန်တော်မေးချင်တာကတော့ စစ်ကောင်စီနဲ့ တိုင်းရင်းသားပါတီအချို့ ဆွေးနွေးမှုက မြန်မာနိုင်ငံအရေး ဖက်ဒရယ်အရေးတွေကို တကယ် ပဲ ဆွေးနွေးခဲ့တာလား၊ ဘယ်လိုအကျိုးသက်ရောက်မှု တွေဖြစ်လာမယ်လို့ ထင်ပါသလဲ။
ကျွန်မတို့အမြင်ကတော့ လက်ရှိအခင်းအကျင်း အရ စစ်အုပ်ချုပ်ရေးရောက်ရှိသွားတဲ့ အနေအထား မှာ လူထုကို ကိုယ်စားပြုတဲ့ ဘယ်ပါတီမဆို၊ ဘယ်အဖွဲ့ အစည်းမဆို လွတ်လပ်စွာ ပြောဆိုခွင့်ကတော့ ဘယ် တော့မှာ ရရှိမှာမဟုတ်ပါဘူး၊ ဒီမိုကရက်တစ်အင်စတီ ကျူ အသက်ရှင်ရပ်တည်နိုင်ဖို့ဆိုတာက စစ်အုပ်ချုပ် ရေး စနစ်အောက်မှာတော့ ဘယ်လိုမှ ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ ခံယူတယ်။ ဆိုလိုတာကတော့ လက်ရှိ အနေအထားမှာ ဘယ်လောက်ပဲ တိုင်းပြည်အတွက် ကိုယ်စားပြုပါတယ်ဆိုတဲ့အဖွဲ့အစည်းပြောပြော၊ စစ် အာဏာရှင်တွေအတွက် အတိုက်အခံ လုပ်ဆောင်ဖို့ အတွက်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ခုနက ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့တဲ့အနေအထားမှာ လည်း KSPP ကိုလည်း ပထမ စစ်ကောင်စီကနေ ကမ်းလှမ်းတာရှိတယ်၊ ပြည်ထောင်စုဝန်ကြီးတစ်နေရာ ကို ကမ်းလှမ်းတာရှိပေမယ့်လည်း KSPP ဘက်ကနေ ဒါကတော့ ပြည်သူလူထုအတွက် ကိုယ်စားမပြုနိုင်တဲ့ အတွက်၊ ပြည်သူလူထုရဲ့လိုလားချက်ကလည်း မရှိတဲ့ အတွက်ကြောင့် ငြင်းဆိုလိုက်တယ်။ အဲဒီကတည်းက စစ်ကောင်စီဘက်ကနေ ကမ်းလှမ်းမှုတွေရှိတယ်။ ဒုတိယခြေလှမ်းအနေနဲ့ဒုဥက္ကဋ္ဌ ဆရာမကြီးကို ပြည် ထောင်စုဝန်ကြီး တစ်နေရာပေးဖို့ ကမ်းလှမ်းတဲ့အပိုင်း ရှိတယ်။ သို့ပေမယ့်လည်း ဆရာမကြီးကလည်း ကမ်း လှမ်းတာကို ငြင်းပယ်လိုက်တယ်။ ပြည်သူနဲ့ပဲ ရပ်တည် မယ်လို့ ပြောဆိုလိုက်တဲ့အခါမှာ စစ်ကောင်စီဘက်က KSPP ပါတီကို ဦးတည်လာတဲ့အပိုင်း ရှိတယ်။ တတိယ အချက်အနေနဲ့ စစ်ကောင်စီဘက်က ဒီတစ်ခေါက်က တော့ လုံးဝ မငြင်းဆိုပါနဲ့။ လက်ခံပေးပါ၊ ပြည်နယ် နေရာ ပေးပါ့မယ် လက်ခံပေးပါ့မယ် ဆိုပြီးတော့ ကမ်း လှမ်းလာပြန်တယ်၊ သို့ပေမယ့်လည်း ကချင်ပြည်နယ် ပြည်သူ့ပါတီကတော့ ပြည်သူလူထုနဲ့ ရပ်တည်မယ် ဆိုပြီးတော့မှ ငြင်းဆိုလိုက်တယ်။ သုံးနေရာလုံးကို ငြင်းဆိုလိုက်တဲ့အခါမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ ခေါင်းဆောင်တွေရဲ့ လုံခြုံမှုကို စိုးရိမ်ရတဲ့ အပိုင်းရှိ လာတယ်။ တစ်ချိန်တည်းမှာပဲ UEC ရဲ့ တွေ့ဆုံပွဲက လည်း ရှိလာတယ်၊ အဲဒီအချိန်ကျတော့ ပါတီခေါင်း ဆောင်တွေဘက်ကလည်း ချင့်ချိန်ပြီးတော့ ဘယ်လို မျိုးအနေအထား သွားရမလဲဆိုတဲ့အခါမှာ လက်ရှိ အနေအထားကတော့ သွားလို့လည်းအဆင်မပြေပြန် ဘူး။ သို့သော်ငြားလည်း မသွားဘူးဆိုပြန်ရင်လည်း ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ လုံခြုံမှုကအစ၊ ပါတီရဲ့ လုံခြုံမှုကအစ ထိခိုက်လာနိုင်တဲ့ အနေအထား မှာ လေ့လာကြည့်မယ်ဆိုတဲ့အနေအထားကို ဆုံးဖြတ် လိုက်ကြတယ်၊ အဲဒီအတွက်ကြောင့် ပြည်သူလူထုပိုင်း ကတော့ တော်တော်လေး အတိုက်အခိုက် ပြောဆိုလာ တာတွေလည်း ရှိတယ်။ တချို့ကတော့ ပါတီဖျက်သိမ်း ဖို့ တွန်းအားပေးတာတွေလည်း ရှိတယ်။ ပါတီဘက်က ပြန်ကြည့်ရင်တော့ ကချင်ပြည်ရဲ့ နိုင်ငံရေးရာသီဥတု အခြေအနေက အခုမှပဲ အသက်ရှင်လာတယ်လို့ ပြော လို့ရမယ်။ အရင်ကတည်းကတော့ ရှိပါတယ် သို့သော် ငြားလည်းပဲ အရင်တုန်းက လက်ဆင့်ကမ်းတဲ့ နိုင်ငံ ရေး အခြေအနေက တော်တော်လေးနည်းသေးတယ်။ ဒီမိုကရက်တစ် အင်စတီကျူအနေနဲ့ တည်ရှိလာတာက တော်တော်လေး အင်အားနည်းသေးတယ်လို့ ပြောရ မယ်။ လူကြီးတွေဘက်ကလည်း ပါတီကို ပေါင်းစည်း တဲ့အခါမှာ ငါးနှစ်လောက် ပေါင်းစည်းရတဲ့ အနေ အထားအရ လက်ရှိ ၂၀၂၀ မှပဲ ရွေးကောက်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်နိုင်တဲ့ အနေအထားဖြစ်တဲ့အခါမှာ ပါတီလူကြီးတွေဘက်ကနေ အခင်းအကျင်းတွေကို နောက်တစ်ခေါက် ပြန်ပေါင်းလုပ်ဆောင်ဖို့အတွက်က စိုးရိမ်မှုတွေရှိကြတယ်။ ကချင်ရဲ့ နိုင်ငံရေးပလက်ဖောင်း၊ ပါတီပလက်ဖောင်းတစ်ခု ပျက်သွားမှာကို မလိုလားကြတဲ့ အခါမှာ လူချိန်းတာတွေဖြစ်လာတယ်လို့ သုံးသပ်မိပါ တယ်။ ပြည်သူလူထုဘက်ကတော့ အကုန်လုံးက အခုအချိန်ထိ ဒါကို မေးခွန်းထုတ်တာတွေရှိတယ်။ လက်ရှိအနေအထားအရကတော့ ဘယ်ပါတီဖြစ်ဖြစ် စစ်အာဏာရှင်အောက်မှာတော့ ပြည်သူလူထုအတွက် မားမားမတ်မတ် ရပ်တည်ပေးနိုင်ဖို့က ဘယ်လိုမှ မဖြစ် နိုင်ဘူးလို့ ကျွန်မတို့ မြင်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်ရင် စစ် ကောင်စီဘက်က သူတို့အာဏာတည်မြဲဖို့ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားနေတာကို တွေ့ရတယ်၊ CRPH လို့ ခေါ်တဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီကလည်း ပြည်သူတွေရဲ့ထောက်ခံမှုနဲ့ နိုင်ငံတကာမှာ မြန်မာ ပြည်ရဲ့ ဒီမိုကရေစီအတွက် ကြိုးစားနေတာလည်း တွေ့ရတယ်၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ ဖက် ဒရယ်အရေးတွေက နောက်ဆက်တွဲအနေနဲ့ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆရာမ အနေနဲ့ ထင်မြင်မိပါသလဲ။
CRPH ရဲ့ အနေအထားကတော့ လက်ရှိနိုင်ငံ တကာမှာ တော်တော်လေးကြိုးစားနေတဲ့ အပိုင်းရှိ တယ်။ နိုင်ငံတကာတင်မဟုတ်ဘဲ ပြည်တွင်းမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ် ဆောင်နေတဲ့ အပိုင်းရှိပါတယ်။ လက်ရှိ CRPH ရဲ့ ရပ်တည်ချက်ကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံအောက်က သွားတာမဟုတ်ဘဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီအနေနဲ့ သွားတာတွေ့ရတယ်။ ကျွန်မတို့တိုင်းရင်းသားတွေ ဘက်ကနေ သံသယဝင်တဲ့အရာရှိတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ လောက်က ဒေါ်စုအနေနဲ့ အကျယ်ချုပ်အနေနဲ့ နေခဲ့ရတယ်၊ သူ့အနေနဲ့ အကျယ်ချုပ်ကနေ လွတ် သွားတဲ့အချိန်မှာ NLD အနေနဲ့ အကုန်လုံး EC အပိုင်း တွေက ဆွေးနွေးကြတာတွေရှိတယ်။ အဓိကကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံအောက်ကနေ မသွားပါဘူးဆိုပြီးတော့ ဆွေးနွေးကြတာတွေရှိတယ်၊ တကယ်တမ်း အကျယ် ချုပ်ကနေ လွတ်သွားတဲ့အချိန်မှာ ကြားဖြတ် ရွေး ကောက်ပွဲမှာ ဝင်လာတယ်။ အဲဒီအခင်းအကျင်းတွေ အရ NLD ကလည်း နှစ်ပိုင်းကွဲတာတွေရှိတယ်။ ဆိုလို တာကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံကို အယုံအကြည် မရှိ ပါဘူး၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အောက်ကနေ ဘယ်တော့မှ ရွေးကောက်ပွဲမဝင်ပါဘူးလို့ ပြောခဲ့သော်ငြားလည်း တကယ်တမ်း အကျယ်ချုပ်ဘဝကနေ ပြန်လွတ်လာတဲ့ အချိန်မှာ ရွေးကောက်ပွဲ ဝင်ရောက်လာတာကို တွေ့ရ တယ်။ ကျွန်မတို့ မေးခွန်းကလည်း ဒီမေးခွန်းပဲဖြစ် တယ်၊ CRPH ရဲ့ လက်ရှိအနေအထားမှာ ဦးဆောင်တဲ့ သူတွေက ဘယ်သူတွေလဲ၊ လက်ရှိ အနေအထားမှာ လုပ်နိုင်တဲ့သူတွေက CRPH ကို ဦးဆောင်နေသလား ဆိုတာကိုတော့ ကျွန်မတို့ဘက်က မေးခွန်းထုတ်စရာ ရှိပါတယ်။ ဘာလို့လဲဆိုရင် စစ်ကောင်စီဘက်က ထိန်း ချုပ်တဲ့သူတွေထဲမှာ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ တော်တော်များများ ပါဝင်နေတယ်။ တကယ်တမ်း ဒီခေါင်းဆောင်တွေ ပြန်လွတ်တဲ့အချိန်မှာ တိုင်းရင်း သားလူထုနဲ့လုပ်ဆောင်မယ့် သဘောတူညီချက်တွေ ကတကယ်ကော အသက်ဝင်ပါ့မလားဆိုတဲ့ မေးခွန်း ထုတ်စရာရှိပါတယ်။ လက်ရှိအနေအထားက CRPH အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားနေတယ်။ အရင်တုန်း က ဒီမိုကရေစီဖက်ဒရယ်လို့ တွင်တွင်ခေါ်ဆိုနေပေမယ့် လည်း လက်ရှိအနေအထားမှာတော့ ဖက်ဒရယ်ဒီမိုက ရေစီဆိုတဲ့ စကားလုံးတွေကို ပြောဆိုလာတဲ့အပိုင်းတွေ ကိုလည်း တွေ့ရပါတယ်။ ဒါက တကယ်တမ်း အသက် ဝင်ပါ့မလား၊ တကယ်တမ်း အကောင်အထည် ဖော်နိုင် ပါ့မလားဆိုတဲ့ စိုးရိမ်ချက်ကတော့ ကျွန်မတို့ဆီမှာ ရှိနေပါတယ်။
ဒီမိုကရေစီတော်လှန်ရေး ခရီးစဉ်ကို ပြန်ကြည့်ရင် လည်း ၈၈ တုန်းကလည်း တိုင်းရင်းသားပေါင်းစုံက ပါဝင်ပြီးတော့ တွန်းလှန်ခဲ့တယ်၊ ဒါပေမယ့် ဒီမိုကရေစီ ပြောင်းလဲပြီးတဲ့အခါကျတော့ အရင်က အတူတူ တော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးသမားတွေဟာ အတူတူ မဖြစ်ဘဲနဲ့ တစ်သံတည်း မထွက်ဘဲနဲ့ NLD ဘက်က တစ်ဖက်၊ ဒီဘက်တိုင်းရင်းသားဘက်တွေက တစ်ဖက် ဖြစ်သွားတာလည်းရှိတော့ ဒီတော်လှန်ရေး ပြီးဆုံးပြီးတဲ့အချိန်ကျရင် ဘယ်လိုမျိုး ဖြစ်လာနိုင် တယ်လို့ ဆရာမအနေနဲ့ သုံးသပ်မိပါသလဲ။
လက်ရှိအနေအထားကတော့ စိတ်ကူးယဉ်ကြည့် တာပေါ့။ NLD အုပ်စုတွေအနေနဲ့ ပြန်ထွက်လာနိုင် မလား၊ စစ်ကောင်စီဘက်က သူတို့ကို ပြန်လွတ်မလား မလွတ်ဘူးလားဆိုတာက လက်ရှိမှာ ဘာမှမသိနိုင်ဘူး၊ တကယ်လို့လွတ်ခဲ့မယ်ဆိုရင်ပေါ့ အခုလက်ရှိမှာတော့ တိုင်းရင်းသားအားလုံးနဲ့ ပူးပေါင်းပြီးတော့ အာဏာရှင် ကို အမြစ်ဖြတ်ချေမှုန်းဖို့ကြိုးစားနေကြတယ်။ တကယ် တမ်း NLD အာဏာရရှိသွားတဲ့နောက်ပိုင်းမှာ တကယ်ပဲ CRPH ကနေ သဘောတူထားတဲ့အချက်တွေကို တတ် နိုင်ပါ့မလား။ ဒါကခုနက ပြောတဲ့စိုးရိမ်ချက်ပေါ့။ကျွန်မ တို့ တိုင်းရင်းသားတွေဘက်ကတော့ ဒီမိုကရေစီနဲ့က မလုံလောက်ဘူး၊ တိုင်းရင်းသားတွေဘက်က ပြော ပြောနေတာကတော့ဖက်ဒရယ်ဒီမိုကရေစီပေါ့၊ ပြည် ထောင်စုကို တည်ဆောက်ကြမယ်။ မြန်မာနိုင်ငံရေး ပြသနာ ကို ဖြေရှင်းနိုင်ဖို့ဆိုတာက ဖက်ဒရယ် ဒီမိုက ရေစီ တည်ဆောက်နိုင်မှ ဖြေရှင်းနိုင်မှလို့ ယုံကြည် တယ်။ အဲဒါကြောင့်အနေအထားတစ်ခုမှာ ပြည်မက သူတစ်ချို့နဲ့ တောင်တန်းက သူတချို့ရဲ့ ရပ်တည်ချက် ကတော့ ကွာလိမ့်မယ်လို့ ထင်တယ်၊ လက်ရှိ အနေ အထားကတော့ ကျွန်မတို့ မြင်သလောက်က စစ် ကောင်စီဘက်နေ NLD ထိပ်သီးခေါင်းဆောင်တွေကို ပြန်လွတ်ဖို့ဆိုတာ လမ်းစမမြင်သေးပါဘူး။ ဒီတစ် ခေါက်ရဲ့ နိုင်ငံရေး ကွပ်မျက်မှုက NLD ကိုပဲ အဓိက ထားပြီးတော့ ကွပ်မျက်တာလို့ ကျွန်မတို့ကတော့ သုံးသပ် တယ်။ NLD ရဲ့ ထွေ/အုပ်တွေ အကုန်လုံးကို ဖြတ်တောက်တယ်၊ NLD ပါတီကို မရပ်တည်နိုင် အောင် လုပ်သွားတယ်လို့ ကျွန်မတို့ကတော့ မြင်ပါ တယ်။ တိုင်းရင်းသားပြည်သူလူထုတွေအနေနဲ့ကတော့ နောက်ပိုင်း ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်လာမယ်လို့ သုံးသပ်ပါတယ်။
နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံဖြစ်ပေါ်နေတဲ့ အခြေ အနေနဲ့ပတ်သက်ပြီး နိုင်ငံသူနိုင်ငံသား ၊ တိုင်းရင်း သားပြည်သူတွေနဲ့ တော်လှန်ရေး ဆင်နွှဲနေတဲ့သူတွေ အတွက် ဆုတောင်းအမှာ စကားလေး ပြောပေးပါဦး။
ကျွန်မတို့ တိုင်းရင်းသားတွေအားလုံး ပူးပေါင်း ပြီး အတူတကွ တွန်းလှန်းရမယ်လို့ မြင်ပါတယ်။ အခု လက်ရှိ ကချင်ပြည်နယ်မှာလည်းဆိုရင်လည်း ကျွန်မ တို့ အားမရဘူး၊ မတ် ၈ ရက်က ပြည်သူ နှစ်ဦး အသက် ဆုံးရှုံးသွားတဲ့အချိန်မှာ နောက်တစ်ရက် မတ် ၉ ရက် နေ့မှာ လမ်းပေါ်မှာဆန္ဒပြတာတွေက တော်တော်လေး အားနည်းသွားတယ်။ တချို့ကတော့ ကြောက်သွား တယ်၊ တချို့ကတော့ အဖမ်းခံရလို့ နောက်ဆုတ်သွား တယ်၊ တချို့ကတော့ ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် ထွက်ပြေး တိမ်းရှောင်ရတဲ့အချိန်မှာ ပြည်သူလူထုတွေ အင်အားက တော်တော်လေး အားနည်းနေတာ တွေ့ရ တယ်၊ အာဏာရှင်ဆိုတာနဲ့ အရမ်းကြောက်နေတာကို တွေ့ရတယ်၊ ကျွန်မအနေနဲ့ပြောချင်တာက အာဏာရှင် ကို အခုလက်ရှိမှာ ကြောက်နေမယ်ဆိုရင် နောင်လာ မယ့် အနာဂတ်မျိုးဆက်သစ်တွေအတွက်က သမိုင်း မကောင်းနိုင်ဘူးလို့ မြင်တယ်။ ကိုယ့်ရဲ့ အနာဂတ် မျိုးဆက်သစ်တွေအတွက် ကောင်းမွန်တဲ့အရာတွေကို ပခုံးလွှဲပြောင်းနိုင်အောင် လုပ်ဆောင်စေချင်တယ်၊ တစ်ဖက်မှာလည်း စစ်ကောင်စီက အာဏာသိမ်းတယ် ဆိုကတည်းက တိုင်းပြည်တစ်ခုကို ပြန်တည်ဆောက် နိုင်အောင် လုပ်ဆောင်နေတယ်လို့ မြင်တယ်။ ကျွန်မ တို့ တိုင်းရင်းသား ပြည်သူလူထုအားလုံးမှာလည်း ပြည်သူ လူထုအတွက် အမှန်တကယ် အနစ်နာခံတဲ့ တိုင်းပြည် တစ်ခုကို တည်ဆောက်နိုင်ဖို့ အခုကတည်းက ပြင်ဆင် ထားရလိမ့်မယ်လို့ ပြောချင်ပါတယ်။ ဒီလိုမျိုး ပြင်ဆင်ဖို့ က အနစ်နာခံရမယ်၊ အနာခံရမယ်လို့ ပြောချင်တယ်။ကျွန်မတို့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည် ထောင်နိုင်ဖို့ အခုအချိန်က အရေးကြီးပါတယ်။ အခု အချိန်မှာ သွေးစည်းညီညွတ်ပြီး လုပ်ဆောင်ကြဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။