• Today is: Monday, August 2, 2021

ကန်ပက်လက် ဒါဘာပွဲ ဘယ်နှခုနှစ်မှာကျင်းပခဲ့သလဲ

Federal Journal
June14/ 2021

Zawgyi

ဒီရက္ပိုင္းဖုန္းထဲမွာ ေဒတာေတြမ်ားလာလို႔ Ex HDD ထဲ ေ႐ႊ႕သင့္တာေ႐ႊ႕၊ ဖ်က္သင့္တာ ဖ်က္ပစ္ရင္းနဲ႔လြန္ခဲ့တဲ့ တစ္လေက်ာ္က သဝဏ္လႊာတစ္ခုကို သြားေတြ႕ပါတယ္။ ျပည္ေထာင္စု လႊတ္ေတာ္ နာယက၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ သူရဦးေ႐ႊမန္းမွ ၂၀၁၅ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၂၀ မွာ က်ေရာက္တဲ့ ၆၇ ႏွစ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔ အခမ္းအနားကိုေပးပို႔တဲ့ သဝဏ္လႊာ ပဲျဖစ္ပါတယ္။ သဝဏ္လႊာမွာေတြ႕ရတဲ့ သမိုင္းမွားတစ္ခုက ခ်င္းအမ်ိဳးသားေတာ္လွန္ေရး သမိုင္းမွာအင္မတန္ အေရးပါလွသလို၊ ခ်င္း အမ်ိဳးသားေန႔ သတ္မွတ္ရာမွာလည္း ထည့္သြင္း စဥ္းစားခဲ့ရတဲ့ ၂၀.၂.၁၉၄၀ မွာ က်င္းပခဲ့တဲ့ ကန္ပက္လက္ ဒါဘာပြဲကို ၂၀.၂.၁၉၃၈ လို႔ ခုႏွစ္သကၠရာဇ္ မွားယြင္းေဖာ္ျပထားျခင္းပဲ ျဖစ္ပါတယ္။
ခ်င္းအမ်ိဳးသားလႈပ္ရွားမႈသမိုင္းနဲ႔ ပတ္သက္လို႔ သမိုင္းျဖစ္ရပ္မ်ားကို ျပန္လည္ေဖာ္ထုတ္ တင္ျပရာမွာ အေတြ႕ရအမ်ားဆုံး အမွားသုံးခုရွိပါတယ္။ ကန္ပက္လက္ ဒါဘာပြဲ က်င္းပတဲ့ ရက္စြဲအမွား၊ ဦးဝမ္းသူးေမာင္းအပါ ခ်င္းေခါင္းေဆာင္ကိုးဦး ဖမ္းဆီးခံရတဲ့ ရက္စြဲအမွားနဲ႔ ခ်င္းေတာင္စုံစမ္းေရး ေကာ္မရွင္အတြင္းေရးမႉး စည္သူဦးသိမ္းေမာင္ (ေအ၊ တီ၊ အမ္) အား ဦးစည္သူေမာင္ ဟု မွားယြင္းသုံးစြဲေနမႈမ်ားပဲ ျဖစ္ၾကပါတယ္။
ခ်င္းအမ်ိဳးသားေန႔ျဖစ္ေပၚလာပုံကို အႏွစ္ခ်ဳပ္ ေဖာ္ျပရလွ်င္ ခ်င္းအမ်ိဳးသားမ်ားဟာ နယ္ခ်ဲ႕အဂၤလိပ္ လက္ေအာက္ကိုက်ေရာက္ၿပီးေနာက္ အေျခအေနအရ နယ္ခ်ဲ႕အဂၤလိပ္ စစ္တပ္မွာပဲ ဝင္ေရာက္အမႈထမ္းခဲ့ရပါတယ္။ ဒါေပမဲ့ နယ္ခ်ဲ႕အဂၤလိပ္ဆီကရတဲ့ စစ္ပညာနဲ႔ပဲ နယ္ခ်ဲ႕အဂၤလိပ္ကို ျပန္လည္ေတာ္လွန္ခဲ့ၾကပါတယ္။
၁၉၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္မွာေတာ့ ေမၿမိဳ႕ (ယခု ျပင္ဦးလြင္) မွာ “ခ်င္းအမ်ိဳးသားမ်ား ပညာ ျမႇင့္တင္ေရးအဖြဲ႕”ကို စတင္ဖြဲ႕စည္းခဲ့ၾကပါတယ္။ ၎အဖြဲ႕မွာ ဥကၠ႒အျဖစ္ ဗိုလ္ႀကီးအြမ္ပိုင္း (ဆူဘီဒါ)၊ ဒုဥကၠ႒အျဖစ္ ဦးဝမ္းသူးေမာင္းနဲ႔ အတြင္းေရးမႉး အျဖစ္ ရက္ေလာင္းလိန္းတို႔မွ ဦးေဆာင္ခဲ့ၾကၿပီး အဖြဲ႕ ဝင္မ်ားအျဖစ္ ေျမျပန႔္အရႈိခ်င္းမ်ားနဲ႔ လူရွည္မ်ား ပါဝင္ခဲ့ ၾကပါတယ္။
ဦးဝမ္းသူးေမာင္းဟာ (၂၄.၁၂.၁၉၂၄) မွာ အဂၤလိပ္ စစ္တပ္ရဲ႕ ဆူဘီဒါရာထူးမွ ႏႈတ္ထြက္ခဲ့ၿပီး ၁.၆.၁၉၂၅ မွာ ဝမ္းသူး႐ြာမွာပဲ ေနရွင္နယ္ေက်ာင္းဖြင့္ၿပီး အမ်ိဳး သားေရးအတြက္ စတင္လႈပ္ရွားခဲ့ပါတယ္။ ဦးဝမ္းသူး ေမာင္းဟာ ၁၉၃၄ ခုႏွစ္၊ မင္းတပ္ၿမိဳ႕နယ္၊ မသုန္ႏူး ေက်း႐ြာမွာ “ခ်င္းအမ်ိဳးသားမ်ား စည္းလုံးညီၫြတ္ေရးအဖြဲ႕”(ခ.မ.ည.ဖ) ကို ဖြဲ႕စည္းခဲ့ၿပီး ၎အဖြဲ႕ကိုပဲ ၁၉၃၉ ခုႏွစ္၊ ဇူလိုင္လ ၂၈ ရက္မွာ “ခ်င္းေတာင္ ညီၫြတ္ေရး အဖြဲ႕”ဟု ေျပာင္းလဲဖြဲ႕စည္းခဲ့ကာ ဒို႔ဗမာအစည္းအ႐ုံး၊ ဖဆပလ အဖြဲ႕ခ်ဳပ္တို႔ျဖင့္ ဆက္သြယ္၍ ၿဗိတိသွ် ဘုရင္ခံထံ ခ်င္းအမ်ိဳးသားမ်ား ရသင့္ရထိုက္ေသာ အခြင့္ အေရးႏွင့္ နစ္နာခ်က္မ်ားအား ေတာင္းဆိုခဲ့ၾကပါတယ္။ဘုရင္ခံမွ မေကြးတိုင္းဝန္ရွင္ေတာ္မင္းႀကီး မစၥတာ မကၠရီကင္အား တာဝန္ေပးတဲ့အတြက္ ဖလမ္းအေရး ပိုင္မစၥတာ အယ္ဘီနီလာ၊ ကန္ပက္လက္ နယ္ျခား ဝန္ေထာက္ ေဂ်-ဖူးညိဳတို႔နဲ႔အတူ ကန္ပက္လက္သို႔ သြားေရာက္ခဲ့ၾကပါတယ္။
၁၉၄၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ မွာ က်င္းပ တဲ့ ဒါဘာပြဲကို ဦးဝမ္းသူးေမာင္း ေခါင္းေဆာင္တဲ့ ခ်င္းေတာင္ညီၫြတ္ေရးအဖြဲ႕အပါအဝင္လူထု ၁၀ဝ၀ ေက်ာ္ခန႔္ တက္ေရာက္ခဲ့ၾကၿပီး ခ်င္းအမ်ိဳးသားမ်ားမွ မစၥတာ မကၠရီကင္အား ၎တို႔လိုလားခ်က္မ်ားကို ေတာင္းဆိုခဲ့ၾကပါတယ္။
မစၥတာမကၠရီကင္မွ ခ်င္းေတာင္ညီၫြတ္ေရး အဖြဲ႕မွ ေတာင္းဆိုထားေသာ အေရးႀကီးအခ်က္မ်ားမွ ခ်င္းေတာင္ေဒသအားပခုကၠဴဒိစႀတိတ္အတြင္း ထားရွိ မည့္ကိစၥအား လုံးဝ စဥ္းစားမည္ မဟုတ္ေၾကာင္းႏွင့္ က်န္ေတာင္းဆိုခ်က္မ်ားအားလည္း မလိုက္ေလ်ာႏိုင္ ေၾကာင္း ေျဖၾကားရာမွာ လူထုမွ မခံမရပ္ႏိုင္ျဖစ္ၿပီး လက္သီးလက္ေမာင္းတန္း၍ကန႔္ကြက္ဆႏၵျပခဲ့ၾကၿပီး ဒါဘာပြဲမွ ထြက္ခြာသြားခဲ့ၾကပါတယ္။ ဝန္ရွင္ေတာ္ မင္းႀကီး မစၥတာမကၠရီကင္နဲ႔ အဖြဲ႕လည္း ေၾကာက္႐ြံ႕ ထိတ္လန႔္ၿပီး ျမင္းကိုယ္စီစီးကာ မေကြးတိုင္း၊ ေဆာၿမိဳ႕ နယ္သို႔ထြက္ေျပးသြားခဲ့ၾကပါတယ္။
ဒီေနာက္မွာေတာ့ ၿဗိတိသွ်အစိုးရဟာ ခ်င္းေတာင္ ညီၫြတ္ေရးအဖြဲ႕ကို မတရားသင္းေၾကညာၿပီး ၂၄.၃.၁၉၄၀ မွာခ်င္းေတာင္အေရးပိုင္ မစၥတာ အယ္ဘီနီလာနဲ႔ နယ္ျခားဝန္ေထာက္ ေဂ်-ဖူးညိဳတို႔မွ ဦးဝမ္းသူးေမာင္း အပါအဝင္ သခင္ ကိုးဦးအား ဝမ္းသူး႐ြာမွာပဲ ခ်င္း ေတာင္ဥပေဒ ပုဒ္မ ၁၄ (၁)၊ (ဃ) နဲ႔ ဖမ္းဆီးခဲ့ပါတယ္။ ၎တို႔ကို စစ္ေဆးရန္ အေစာင့္၊ နယ္ျခားစစ္သား ၁၁ ေယာက္နဲ႔ ကန္ပက္လက္ၿမိဳ႕မွ မိုင္ေပါင္း ၆၀ဝ ေက်ာ္ ေဝးတဲ့ ဖလမ္းၿမိဳ႕သို႔ပို႔ၿပီး ပထမအသုတ္အျဖစ္ ေထာင္ ခ်ခဲ့ပါတယ္။ သတၱမအသုတ္အထိ ဖမ္းဆီးမႈမ်ားရွိခဲ့ၿပီး ဖလမ္း၊ တီးတိန္၊ ဟားခါး၊ ျမင္းၿခံ၊ ကသာနဲ႔ မႏၲေလး ေထာင္မ်ားမွာ ခ်င္းအမ်ိဳးသားေပါင္း (၁၃၀) ခန႔္ အက်ဥ္း ခ်ခံခဲ့ရပါတယ္။
ၿဗိတိသွ်အစိုးရဟာ ခ်င္းေခါင္းေဆာင္မ်ားအား ဖမ္းဆီးၿပီးေနာက္ ခ်င္းေတာင္ေဒသမွာ ဆူပူအုံႂကြမႈ မ်ား ထပ္မံမျဖစ္ေပၚေစေရးအတြက္ စစ္တပ္မ်ား အဆက္မျပတ္ ပို႔လႊတ္ခဲ့ၿပီး လိုအပ္လွ်င္ ထပ္မံ ေစလႊတ္ႏိုင္ရန္အတြက္ ပခုကၠဴၿမိဳ႕မွာ ဘတ္စ္ကား ၁၆ စီး အဆင္သင့္ထားရွိေစခဲ့သည္အထိ ေၾကာက္ ႐ြံ႕ခဲ့ပါတယ္။
၁၉၄၆ ခုႏွစ္၊ မတ္လမွာ ပထမပင္လုံညီလာခံကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ခ်င္း၊ ကခ်င္၊ ရွမ္းေခါင္း ေဆာင္တို႔ စည္းေဝးၾကၿပီး ျပည္မေတာင္တန္း မခြဲျခား ဘဲ တိုင္းရင္းသားမ်ားအားလုံး ညီၫြတ္စြာ အတူတကြ လြတ္လပ္ေရးအရယူရန္ ဆုံးျဖတ္ႏိုင္ခဲ့ၾကပါတယ္။ ၁၉၄၆ ခုႏွစ္၊ ဒီဇင္ဘာလ ၁၃ ရက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေနအိမ္မွာျပဳလုပ္တဲ့ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ဖဆပလရဲ႕ ဦးေဆာင္မႈနဲ႔ တိုင္းရင္းသားမ်ားႏွင့္ ခ်စ္ ၾကည္ေရး တည္ေဆာက္ရန္ ေကာ္မရွင္ဖြဲ႕စည္းခဲ့ၿပီး ခ်င္းေတာင္တန္းေဒသအတြက္ ဦးဝမ္းသူးေမာင္း၊ ဦးဘဆိုင္ႏွင့္ ရွယ္ကီး (ေခၚ) ဦးေမာင္ႀကီးအဖြဲ႕မွ ေျမာက္ပိုင္းခ်င္းေတာင္၊ သခင္ ေအာင္မင္း၊ ဗိုလ္ေမာင္ ကေလး ႏွင့္ ဗိုလ္စံထြန္းတို႔မွ ေတာင္ပိုင္း ခ်င္းေတာင္အတြက္ တာဝန္ယူ စည္း႐ုံးခဲ့ၾကပါတယ္။
စည္း႐ုံးေရးခရီးစဥ္မ်ား ၿပီးဆုံးခ်ိန္မွာေတာ့ ဦးလႈရ္မႈန္း၊ ဦးကီယိုမန္းႏွင့္ ဦးေထာင္ဇခုပ္ တို႔ဟာ ပင္လုံအစည္း အေဝးသို႔ တက္ေရာက္ခဲ့ၾကၿပီး ၁၉၄၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္မွာ သမိုင္းဝင္ ပင္လုံ စာခ်ဳပ္ကို လက္မွတ္ေရးထိုး ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။ ၁၉၄၇ ခုႏွစ္၊ မတ္လ (၄၊ ၅ ႏွင့္ ၆) ရက္မ်ားမွာလည္း ခ်င္း-ဗမာ ခ်စ္ၾကည္ေရးအတြက္ မေကြးတိုင္း၊ ထီးလင္း ၿမိဳ႕မွာ စည္းေဝးၾကၿပီး ခ်င္း-ဗမာခ်စ္ၾကည္ေရး အထိမ္း အမွတ္ေက်ာက္တိုင္ကို စိုက္ထူႏိုင္ခဲ့ၾကပါတယ္။ ၁၉၄၇ ခုႏွစ္၊ မတ္လ၊ တတိယပတ္အတြင္း ရွမ္းျပည္ နယ္၊ ေညာင္ေ႐ႊၿမိဳ႕မွာလည္း ရွမ္း၊ ကခ်င္ႏွင့္ ခ်င္း ေခါင္းေဆာင္မ်ား ထပ္မံစည္းေဝးၿပီး ေတာင္တန္း ေဒသမ်ားအားလုံးဟာ ညီၫြတ္စြာျဖင့္ ဗမာျပည္မႏွင့္ ပူးေပါင္း ၿပီးလုံးဝလြတ္လပ္ေရးကို အရယူရန္ ဆုံးျဖတ္ ခဲ့ၾကပါတယ္။
၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္မွာ ျပည္ေထာင္စု ျမန္မာႏိုင္ငံဟာ နယ္ခ်ဲ႕အဂၤလိပ္ လက္ေအာက္မွ လြတ္ ေျမာက္၍ လြတ္လပ္ေရးကို ရယူႏိုင္ခဲ့ၿပီး ခ်င္းေတာင္ တန္းေဒသကို ခ်င္းဝိေသသတိုင္းအျဖစ္ ျပည္ေထာင္စု အတြင္း ပါဝင္ဖြဲ႕စည္းႏိုင္ခဲ့ၿပီး ခ်င္းေရးရာေကာင္စီ၊ ခ်င္းေရးရာဌာနနဲ႔ ခ်င္းေရးရာဝန္ႀကီးတို႔ ေပၚေပါက္လာ ခဲ့ပါတယ္။ ဒါေပမဲ့ ျပည္ေထာင္စုတစ္ဝန္းလုံးမွာ လြတ္ လပ္ေရးရဲ႕အသီးအပြင့္ကို ရယူခံစားႏိုင္ပါလ်က္ ခ်င္း ဝိေသသတိုင္းမွာေတာ့ နယ္ခ်ဲ႕အဂၤလိပ္တို႔ ႁခြင္းခ်န္ ထားရစ္ခဲ့တဲ့ဓနရွင္ ပေဒသရာဇ္ အုပ္ခ်ဳပ္ေရးသာ ဖြံ႕ၿဖိဳးရွင္သန္လ်က္ ရွိေနေသးတဲ့အတြက္ ခ်င္းျပည္နယ္ လူထုဟာ အုံႂကြၾကပါေတာ့တယ္။
ခ်င္းေရးရာဌာနမွ ၁၉၄၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔စြဲျဖင့္ ခ်င္းေတာင္စုံစမ္းေရး ေကာ္မရွင္ ဖြဲ႕စည္းရန္ျပ႒ာန္းခ်က္တစ္ရပ္ ထုတ္ျပန္ေၾကညာခဲ့ၿပီး ဦးဝမ္းသူး ေမာင္းမွ ဥကၠ႒၊ စည္သူ ဦးသိမ္း ေမာင္(ေအ-တီ-အမ္) (ေနာင္ တြင္ ခ်င္းဝိေသသ တိုင္းမင္းႀကီး ျဖစ္လာခဲ့ၿပီး အမ်ားစုမွာ ဦးစည္ သူေမာင္ဟု မွားယြင္း သုံးစြဲေန ၾကသည္။ ။စကားခ်ပ္)မွ အတြင္းေရးမႉးႏွင့္ ဦးစိုးဝင္း (အမ်ိဳးသား ပညာဝန္ေဟာင္း) မွ အဖြဲ႕ဝင္အျဖစ္ ပါဝင္ေဆာင္ ႐ြက္ခဲ့ၾကပါတယ္။
ခ်င္းေတာင္စုံစမ္းေရးေကာ္မရွင္ဟာ စုံစမ္းစစ္ ေဆးမႈမ်ားႏွင့္ ညႇိႏႈိင္းေဆြးေႏြးမႈမ်ား (၁၀) ႀကိမ္တိုင္ ျပဳလုပ္ခဲ့ၿပီး ၁၉၄၈ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္မွာ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ ဝန္ႀကီးမ်ားအဖြဲ႕သို႔ ျဗဴ႐ိုကေရစီအုပ္ခ်ဳပ္ေရးကို ဖ်က္သိမ္း၍ ဒီမိုကေရစီ စနစ္ျဖင့္ အစားထိုးအုပ္ခ်ဳပ္ရန္ႏွင့္တိုက္သူႀကီးမ်ားျဖင့္ အုပ္ခ်ဳပ္သည့္စနစ္ကို အဆုံးသတ္ၿပီး ၎တို႔ မနစ္နာ ေစရန္အတြက္ ပင္စင္ႏွင့္ ေထာက္ပံ့ေၾကးအခ်ိဳ႕ကို ေဝပုံက်ေပးသင့္ေၾကာင္း တင္ျပခဲ့ၾကပါတယ္။ ယင္း ကာလအတြင္း ခ်င္းေတာင္လူထု၏ လိုလားခ်က္အရ ၁၉၄၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္မွာ ခ်င္းအမ်ိဳးသား ကိုယ္စားလွယ္ေပါင္း ၅၀ဝ၀ ခန႔္ ပါဝင္တဲ့ လူထု ညီလာခံကို ဖလမ္းၿမိဳ႕မွာ က်င္းပခဲ့ၿပီး သမၼတ စဝ္ေ႐ႊ သိုက္ကိုယ္တိုင္ တက္ေရာက္ခဲ့ပါတယ္။
ညီလာခံႀကီးကို ၁၉၄၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၉ ရက္မွ ၂၂ ရက္အထိ က်င္းပခဲ့ၿပီး ညီလာခံဒုတိယ ေန႔ျဖစ္တဲ့ ေဖေဖာ္ဝါရီလ ၂၀ ရက္မွာ တီးတိန္ၿမိဳ႕နယ္ ကိုယ္စားလွယ္ ဦးေထာင္ဇကိုင္း (Thang ZaKai) မွ ေသြးစုပ္ဓနရွင္တို႔၏ ပေဒသရာဇ္ အုပ္ခ်ဳပ္ေရးစနစ္ အား ပယ္ဖ်က္ရန္အဆိုကို အဆိုအမွတ္(၄) အျဖစ္ တင္သြင္းၿပီး ဖလမ္းၿမိဳ႕နယ္ကိုယ္စားလွယ္ ဦးဆြန္းမန္း (Con Mang) ႏွင့္ ကန္ပက္လက္ၿမိဳ႕ နယ္ကိုယ္စားလွယ္ ဦးထန္းေမာင္း (Htang Mong) တို႔မွ ေထာက္ခံ ၾကပါတယ္။ သဘာပတိမွ ဒီမိုကေရစီ နည္းက် မဲခြဲဆုံး ျဖတ္ေစရာ ေထာက္ခံမဲ(၅၀ဝဝ)၊ ကန႔္ကြက္မဲ (၁၇) မဲ ႏွင့္ ညီလာခံသို႔ တက္ေရာက္လာ သူ ကိုယ္စားလွယ္ အေပါင္းမွ တစ္ခဲနက္အတည္ျပဳ ႏိုင္ခဲ့ၾကပါတယ္။
ခ်င္းေရးရာေကာင္စီဟာ ခ်င္းဝိေသသတိုင္းအား ဒီမိုကေရစီနည္းက် အုပ္ခ်ဳပ္ႏိုင္ေရးအတြက္ အုပ္ခ်ဳပ္ ေရးစည္းမ်ဥ္းဥပေဒမ်ားကို ၁၉၄၈ ခုႏွစ္ တစ္ႏွစ္လုံး နီးပါး အထူးႀကိဳးပမ္းေရးဆြဲခဲ့ရာ ၁၉၄၈ ခုႏွစ္၊ ခ်င္း ဝိေသသတိုင္းအက္ဥပေဒႏွင့္ ၁၉၄၈ ခုႏွစ္၊ ခ်င္း ဝိေသသတိုင္း(ဥပေဒမ်ားသက္ဆိုင္ျခင္း) အက္ဥပေဒ ကို ၁၂.၁၀.၄၈ မွာ က်င္းပတဲ့ တိုင္းျပဳျပည္ျပဳလႊတ္ ေတာ္(ပါလီမန္)မွ အက္ဥပေဒအျဖစ္ အတည္ျပဳ ဆုံးျဖတ္ခဲ့ၿပီး ၁၈၉၆ ခုႏွစ္ ခ်င္းေတာင္မ်ား အက္ဥပေဒ အား ဖ်က္သိမ္းႏိုင္ခဲ့ပါတယ္။
၁၉၅၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ ၉ ရက္မွာ က်င္းပတဲ့ ခ်င္းေရးရာေကာင္စီ အစည္းအေဝးမွာ ဦးဝမ္းသူးေမာင္းဦးေဆာင္တဲ့ ခ်င္းအမ်ိဳးသား မ်ားမွ နယ္ခ်ဲ႕ေတာ္လွန္ေရးကာလမွသည္ ျမန္မာႏိုင္ငံ လြတ္ လပ္ေရးရရွိၿပီးၿဗိတိသွ်နယ္ခ်ဲ႕တို႔၏အႂကြင္းအက်န္ ပေဒသရာဇ္တိုက္သူႀကီးမ်ား ကြယ္ေပ်ာက္၍ ဒီမိုက ေရစီစနစ္ျဖင့္ အုပ္ခ်ဳပ္သည့္ ခ်င္းဝိေသသတိုင္း ေပၚ ေပါက္လာသည္အထိ အသက္ေသြးေခြၽးေပါင္း ေျမာက္ ျမားစြာျဖင့္ ေပးဆပ္တိုက္ပြဲဝင္ခဲ့ရသည့္ ခ်င္းအမ်ိဳးသား မ်ားအား ဂုဏ္ျပဳေသာအားျဖင့္ “ခ်င္းအမ်ိဳးသားေန႔” သတ္မွတ္သင့္ေၾကာင္း ဝိုင္းဝန္းေဆြးေႏြးခဲ့ၾကပါ တယ္။ ေန႔ရက္သတ္မွတ္ရန္အတြက္ ေ႐ြးခ်ယ္ရာမွာ ေတာ့ –
၁။ (၂၀.၂.၁၉၁၈) တြင္ ေမၿမိဳ႕ (ယခု ျပင္ဦး လြင္)၌ ခ်င္းအမ်ိဳးသား ပညာျမႇင့္တင္ေရး အဖြဲ႕ ဖြဲ႕စည္း၍ စတင္လႈပ္ရွားခဲ့ၾကျခင္း။
၂။ (၂၀.၂.၁၉၄၀) တြင္ ကန္ပက္လက္တြင္ က်င္းပေသာ ဒါဘာပြဲ၌ ၿဗိတိသွ်တို႔အား အႀကီးအက်ယ္ အာခံ၍ ဆႏၵျပျခင္း။
၃။ (၂၀.၂.၁၉၄၈) တြင္ ဖလမ္းၿမိဳ႕၌ လူထုစည္း ေဝးပြဲႀကီး က်င္းပ၍ ခ်င္းဝိေသသတိုင္းတြင္ လူထုဆႏၵအရအဂၤလိပ္အစိုးရမွ ခန႔္အပ္ ထားခဲ့သည့္ တိုက္သူႀကီးမ်ားအား ျဖဳတ္ခ် ၿပီး ဒီမိုကေရစီစနစ္ျဖင့္ အုပ္ခ်ဳပ္သည့္စနစ္ အား အစားထိုးရန္ အတည္ျပဳဆုံးျဖတ္ႏိုင္ခဲ့ ျခင္း။
စတဲ့ သမိုင္းအစဥ္အလာအဆက္ဆက္တို႔ေၾကာင့္ ေဖေဖာ္ဝါရီလ (၂၀) ရက္ကို ခ်င္းအမ်ိဳးသားေန႔အျဖစ္ ႏွစ္စဥ္တရားဝင္က်င္းပရန္အတည္ျပဳ သတ္မွတ္ေပးခဲ့ ၾကပါတယ္။
(၂၀.၂.၁၉၄၀) မွာ က်င္းပခဲ့တဲ့ ကန္ပက္လက္ဒါ ဘာပြဲကို (၂၀.၂.၁၉၃၈)ဟုလည္းေကာင္း၊ ဦးဝမ္းသူး ေမာင္းအပါအဝင္ ခ်င္းေခါင္းေဆာင္(၉) ဦး အဖမ္းဆီး ခံခဲ့ရသည့္ (၂၄.၃.၁၉၄၀) ကို (၂၀.၂.၁၉၃၉) ဟူ၍ လည္းေကာင္း မဂၢဇင္းႏွင့္ စာေစာင္အမ်ားအျပားမွာ မွားယြင္းေဖာ္ျပမႈမ်ား ရွိခဲ့ၾကဖူးပါတယ္။
ဒါေပမဲ့ အဂၤလိပ္တို႔ရဲ႕ ႏိုင္ငံေရး (လွ်ိဳ႕ဝွက္ဖိုင္)ျဖစ္တဲ့ “Defense Secretary’s Office,1940, Political Department (Confidential) NO. 500 D (p) Part III rSm “A meeting of representatives from allvillages and also of a large number of the Aphwe members was called atKanpetlet on the 20th of February 1940 and was addressed byCommissioner and Deputy of Commissioner” လို႔ မွတ္တမ္း တင္ထားတဲ့အတြက္ ကန္ပက္လက္ဒါဘာပြဲ က်င္းပတဲ့ ရက္ဟာ (၂၀.၂.၁၉၃၈) မဟုတ္ဘဲ (၂၀.၂.၁၉၄၀) သာ ျဖစ္တယ္ဆိုတာကို သိရွိႏိုင္မွာျဖစ္ပါတယ္။
ဦးဝမ္းသူးေမာင္းအပါ ခ်င္းေခါင္းေဆာင္ (၉)ဦး ဖမ္းဆီးခံရတဲ့ ရက္စြဲကိုလည္း ၎ဖိုင္မွာပဲ “Vawmthu Maung and 8 other Chin leaders were arrested on the 24th of March 1940” ဟု မွတ္တမ္းတင္ ထားျပန္ပါတယ္။ ဒါ့အျပင္ (၁၈၊ ၄၊ ၁၉၄၀) ၾကာသပေတးေန႔ထုတ္ တိုးတက္ေရး သတင္းစာမွာ “ခ်င္းေတာင္တြင္ခ်င္းလူမ်ိဳးမ်ား ဆူပူ ၾကျခင္း” သတင္းမွ “ခ်င္းေတာင္ေခါင္းေဆာင္မ်ားကို ဘမ္းဆီးျခင္း” ေခါင္းစဥ္ခြဲေအာက္၌ “ဤကဲ့သို႔ မေကြး ခ႐ိုင္ ဝန္ရွင္ေတာ္မင္းႀကီး မစၥတာ မကၠရီကင္ႏွင့္ ေခါင္းေဆာင္ ဝမ္သူေမာင္တို႔ ေတြ႕ဆုံေျပာဆိုၿပီး ေနာက္၊ ၁၉၄၀ ခု၊ မတ္လ ၂၄ ရက္ေန႔တြင္၊ ၁ ေခါင္း ေဆာင္ ဝမ္းသူးေမာင္း၊ ၂ ဝမ္သုငိုင္၊ ၃ ရိန္လိုဟန္…….” အစရွိသျဖင့္ ေဖာ္ျပထားတဲ့အတြက္ ဦးဝမ္းသူးေမာင္း အပါ ခ်င္းေခါင္းေဆာင္ (၉)ဦး အဖမ္းဆီးခံရတဲ့ ရက္စြဲဟာလည္း (၂၀.၂.၁၉၃၉) မဟုတ္ဘဲ ၂၄.၃.၁၉၄၀ သာ ျဖစ္တယ္ဆိုတာ သိသာထင္ရွားေစပါတယ္။
မိမိတို႔ကိုယ္တိုင္မသိမီလိုက္တဲ့ သမိုင္းျဖစ္ရပ္ မ်ားကို ေႏွာင္းလူတို႔ ေလ့လာမွတ္သားႏိုင္ေစရန္ အတြက္ ေဖာ္ထုတ္တင္ျပၾကရာမွာ အမွားအယြင္းရွိ တတ္ၾကတာ ဓမၼတာပဲ ျဖစ္ပါတယ္။ ပညာရွင္မ်ား ကိုယ္တိုင္ပင္လွ်င္ မွားလည္းမွားခဲ့ၾကသလို အမွား ကေနပဲ အမွန္ကိုေရာက္ေအာင္ ရွာေဖြျပဳျပင္သြား ခဲ့ၾကရတာပဲ ျဖစ္ပါတယ္။ယခုလဲ ျပည္ေထာင္စု လႊတ္ေတာ္ နာယက၊ ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ သူရ ဦးေ႐ႊမန္းမွ (၂၀၁၅) ခုႏွစ္၊ ေဖေဖာ္ဝါရီ (၂၀)မွာ က်ေရာက္တဲ့ (၆၇) ႏွစ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔ အခမ္းအနားကို ေပးပို႔တဲ့ သဝဏ္လႊာဟာလည္း ပညာရွိ သတိျဖစ္ခဲဆိုသလိုပဲ မွားယြင္းခဲ့ၿပီ ျဖစ္ပါတယ္။ သို႔ေသာ္ျငားလည္း ေနာင္ႏွစ္မ်ားမွာက်င္းပတဲ့ ခ်င္းအမ်ိဳးသားေန႔သို႔ ေပးပို႔မယ့္ သဝဏ္လႊာမ်ား မွာေတာ့ အသိကိုသတိႏွင့္ ယွဥ္ၿပီးအမွားကို အမွန္ျပင္ ႏိုင္ဖို႔ ေမွ်ာ္လင့္ရင္းနဲ႔ပဲ နိဂုံးကမၸတ္ အဆုံးသတ္အပ္ ပါတယ္။

[ ရည္ၫႊန္း။ ။ Defense Secretary’s Office,1940, Political Department (Confidential) NO. 500 D (p) Part III.တိုးတက္ေရး သတင္းစာ (၁၈၊ ၄၊ ၁၉၄၀) ]

ေတဇာဝင့္

Unicode

ဒီရက်ပိုင်းဖုန်းထဲမှာ ဒေတာတွေများလာလို့ Ex HDD ထဲ ရွှေ့သင့်တာရွှေ့၊ ဖျက်သင့်တာ ဖျက်ပစ်ရင်းနဲ့လွန်ခဲ့တဲ့ တစ်လကျော်က သဝဏ်လွှာတစ်ခုကို သွားတွေ့ပါတယ်။ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာ ပဲဖြစ်ပါတယ်။ သဝဏ်လွှာမှာတွေ့ရတဲ့ သမိုင်းမှားတစ်ခုက ချင်းအမျိုးသားတော်လှန်ရေး သမိုင်းမှာအင်မတန် အရေးပါလှသလို၊ ချင်း အမျိုးသားနေ့ သတ်မှတ်ရာမှာလည်း ထည့်သွင်း စဉ်းစားခဲ့ရတဲ့ ၂၀.၂.၁၉၄၀ မှာ ကျင်းပခဲ့တဲ့ ကန်ပက်လက် ဒါဘာပွဲကို ၂၀.၂.၁၉၃၈ လို့ ခုနှစ်သက္ကရာဇ် မှားယွင်းဖော်ပြထားခြင်းပဲ ဖြစ်ပါတယ်။
ချင်းအမျိုးသားလှုပ်ရှားမှုသမိုင်းနဲ့ ပတ်သက်လို့ သမိုင်းဖြစ်ရပ်များကို ပြန်လည်ဖော်ထုတ် တင်ပြရာမှာ အတွေ့ရအများဆုံး အမှားသုံးခုရှိပါတယ်။ ကန်ပက်လက် ဒါဘာပွဲ ကျင်းပတဲ့ ရက်စွဲအမှား၊ ဦးဝမ်းသူးမောင်းအပါ ချင်းခေါင်းဆောင်ကိုးဦး ဖမ်းဆီးခံရတဲ့ ရက်စွဲအမှားနဲ့ ချင်းတောင်စုံစမ်းရေး ကော်မရှင်အတွင်းရေးမှူး စည်သူဦးသိမ်းမောင် (အေ၊ တီ၊ အမ်) အား ဦးစည်သူမောင် ဟု မှားယွင်းသုံးစွဲနေမှုများပဲ ဖြစ်ကြပါတယ်။
ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံကို အနှစ်ချုပ် ဖော်ပြရလျှင် ချင်းအမျိုးသားများဟာ နယ်ချဲ့အင်္ဂလိပ် လက်အောက်ကိုကျရောက်ပြီးနောက် အခြေအနေအရ နယ်ချဲ့အင်္ဂလိပ် စစ်တပ်မှာပဲ ဝင်ရောက်အမှုထမ်းခဲ့ရပါတယ်။ ဒါပေမဲ့ နယ်ချဲ့အင်္ဂလိပ်ဆီကရတဲ့ စစ်ပညာနဲ့ပဲ နယ်ချဲ့အင်္ဂလိပ်ကို ပြန်လည်တော်လှန်ခဲ့ကြပါတယ်။
၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှာတော့ မေမြို့ (ယခု ပြင်ဦးလွင်) မှာ “ချင်းအမျိုးသားများ ပညာ မြှင့်တင်ရေးအဖွဲ့”ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ ၎င်းအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဗိုလ်ကြီးအွမ်ပိုင်း (ဆူဘီဒါ)၊ ဒုဥက္ကဋ္ဌအဖြစ် ဦးဝမ်းသူးမောင်းနဲ့ အတွင်းရေးမှူး အဖြစ် ရက်လောင်းလိန်းတို့မှ ဦးဆောင်ခဲ့ကြပြီး အဖွဲ့ ဝင်များအဖြစ် မြေပြန့်အရှိုချင်းများနဲ့ လူရှည်များ ပါဝင်ခဲ့ ကြပါတယ်။
ဦးဝမ်းသူးမောင်းဟာ (၂၄.၁၂.၁၉၂၄) မှာ အင်္ဂလိပ် စစ်တပ်ရဲ့ ဆူဘီဒါရာထူးမှ နှုတ်ထွက်ခဲ့ပြီး ၁.၆.၁၉၂၅ မှာ ဝမ်းသူးရွာမှာပဲ နေရှင်နယ်ကျောင်းဖွင့်ပြီး အမျိုး သားရေးအတွက် စတင်လှုပ်ရှားခဲ့ပါတယ်။ ဦးဝမ်းသူး မောင်းဟာ ၁၉၃၄ ခုနှစ်၊ မင်းတပ်မြို့နယ်၊ မသုန်နူး ကျေးရွာမှာ “ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့”(ခ.မ.ည.ဖ) ကို ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့ကိုပဲ ၁၉၃၉ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်မှာ “ချင်းတောင် ညီညွတ်ရေး အဖွဲ့”ဟု ပြောင်းလဲဖွဲ့စည်းခဲ့ကာ ဒို့ဗမာအစည်းအရုံး၊ ဖဆပလ အဖွဲ့ချုပ်တို့ဖြင့် ဆက်သွယ်၍ ဗြိတိသျှ ဘုရင်ခံထံ ချင်းအမျိုးသားများ ရသင့်ရထိုက်သော အခွင့် အရေးနှင့် နစ်နာချက်များအား တောင်းဆိုခဲ့ကြပါတယ်။ဘုရင်ခံမှ မကွေးတိုင်းဝန်ရှင်တော်မင်းကြီး မစ္စတာ မက္ကရီကင်အား တာဝန်ပေးတဲ့အတွက် ဖလမ်းအရေး ပိုင်မစ္စတာ အယ်ဘီနီလာ၊ ကန်ပက်လက် နယ်ခြား ဝန်ထောက် ဂျေ-ဖူးညိုတို့နဲ့အတူ ကန်ပက်လက်သို့ သွားရောက်ခဲ့ကြပါတယ်။
၁၉၄၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ မှာ ကျင်းပ တဲ့ ဒါဘာပွဲကို ဦးဝမ်းသူးမောင်း ခေါင်းဆောင်တဲ့ ချင်းတောင်ညီညွတ်ရေးအဖွဲ့အပါအဝင်လူထု ၁၀ဝ၀ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသားများမှ မစ္စတာ မက္ကရီကင်အား ၎င်းတို့လိုလားချက်များကို တောင်းဆိုခဲ့ကြပါတယ်။
မစ္စတာမက္ကရီကင်မှ ချင်းတောင်ညီညွတ်ရေး အဖွဲ့မှ တောင်းဆိုထားသော အရေးကြီးအချက်များမှ ချင်းတောင်ဒေသအားပခုက္ကူဒိစတြိတ်အတွင်း ထားရှိ မည့်ကိစ္စအား လုံးဝ စဉ်းစားမည် မဟုတ်ကြောင်းနှင့် ကျန်တောင်းဆိုချက်များအားလည်း မလိုက်လျောနိုင် ကြောင်း ဖြေကြားရာမှာ လူထုမှ မခံမရပ်နိုင်ဖြစ်ပြီး လက်သီးလက်မောင်းတန်း၍ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဒါဘာပွဲမှ ထွက်ခွာသွားခဲ့ကြပါတယ်။ ဝန်ရှင်တော် မင်းကြီး မစ္စတာမက္ကရီကင်နဲ့ အဖွဲ့လည်း ကြောက်ရွံ့ ထိတ်လန့်ပြီး မြင်းကိုယ်စီစီးကာ မကွေးတိုင်း၊ ဆောမြို့ နယ်သို့ထွက်ပြေးသွားခဲ့ကြပါတယ်။
ဒီနောက်မှာတော့ ဗြိတိသျှအစိုးရဟာ ချင်းတောင် ညီညွတ်ရေးအဖွဲ့ကို မတရားသင်းကြေညာပြီး ၂၄.၃.၁၉၄၀ မှာချင်းတောင်အရေးပိုင် မစ္စတာ အယ်ဘီနီလာနဲ့ နယ်ခြားဝန်ထောက် ဂျေ-ဖူးညိုတို့မှ ဦးဝမ်းသူးမောင်း အပါအဝင် သခင် ကိုးဦးအား ဝမ်းသူးရွာမှာပဲ ချင်း တောင်ဥပဒေ ပုဒ်မ ၁၄ (၁)၊ (ဃ) နဲ့ ဖမ်းဆီးခဲ့ပါတယ်။ ၎င်းတို့ကို စစ်ဆေးရန် အစောင့်၊ နယ်ခြားစစ်သား ၁၁ ယောက်နဲ့ ကန်ပက်လက်မြို့မှ မိုင်ပေါင်း ၆၀ဝ ကျော် ဝေးတဲ့ ဖလမ်းမြို့သို့ပို့ပြီး ပထမအသုတ်အဖြစ် ထောင် ချခဲ့ပါတယ်။ သတ္တမအသုတ်အထိ ဖမ်းဆီးမှုများရှိခဲ့ပြီး ဖလမ်း၊ တီးတိန်၊ ဟားခါး၊ မြင်းခြံ၊ ကသာနဲ့ မန္တလေး ထောင်များမှာ ချင်းအမျိုးသားပေါင်း (၁၃၀) ခန့် အကျဉ်း ချခံခဲ့ရပါတယ်။
ဗြိတိသျှအစိုးရဟာ ချင်းခေါင်းဆောင်များအား ဖမ်းဆီးပြီးနောက် ချင်းတောင်ဒေသမှာ ဆူပူအုံကြွမှု များ ထပ်မံမဖြစ်ပေါ်စေရေးအတွက် စစ်တပ်များ အဆက်မပြတ် ပို့လွှတ်ခဲ့ပြီး လိုအပ်လျှင် ထပ်မံ စေလွှတ်နိုင်ရန်အတွက် ပခုက္ကူမြို့မှာ ဘတ်စ်ကား ၁၆ စီး အဆင်သင့်ထားရှိစေခဲ့သည်အထိ ကြောက် ရွံ့ခဲ့ပါတယ်။
၁၉၄၆ ခုနှစ်၊ မတ်လမှာ ပထမပင်လုံညီလာခံကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ချင်း၊ ကချင်၊ ရှမ်းခေါင်း ဆောင်တို့ စည်းဝေးကြပြီး ပြည်မတောင်တန်း မခွဲခြား ဘဲ တိုင်းရင်းသားများအားလုံး ညီညွတ်စွာ အတူတကွ လွတ်လပ်ရေးအရယူရန် ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်မှာပြုလုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖဆပလရဲ့ ဦးဆောင်မှုနဲ့ တိုင်းရင်းသားများနှင့် ချစ် ကြည်ရေး တည်ဆောက်ရန် ကော်မရှင်ဖွဲ့စည်းခဲ့ပြီး ချင်းတောင်တန်းဒေသအတွက် ဦးဝမ်းသူးမောင်း၊ ဦးဘဆိုင်နှင့် ရှယ်ကီး (ခေါ်) ဦးမောင်ကြီးအဖွဲ့မှ မြောက်ပိုင်းချင်းတောင်၊ သခင် အောင်မင်း၊ ဗိုလ်မောင် ကလေး နှင့် ဗိုလ်စံထွန်းတို့မှ တောင်ပိုင်း ချင်းတောင်အတွက် တာဝန်ယူ စည်းရုံးခဲ့ကြပါတယ်။
စည်းရုံးရေးခရီးစဉ်များ ပြီးဆုံးချိန်မှာတော့ ဦးလှုရ်မှုန်း၊ ဦးကီယိုမန်းနှင့် ဦးထောင်ဇခုပ် တို့ဟာ ပင်လုံအစည်း အဝေးသို့ တက်ရောက်ခဲ့ကြပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှာ သမိုင်းဝင် ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်၊ မတ်လ (၄၊ ၅ နှင့် ၆) ရက်များမှာလည်း ချင်း-ဗမာ ချစ်ကြည်ရေးအတွက် မကွေးတိုင်း၊ ထီးလင်း မြို့မှာ စည်းဝေးကြပြီး ချင်း-ဗမာချစ်ကြည်ရေး အထိမ်း အမှတ်ကျောက်တိုင်ကို စိုက်ထူနိုင်ခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ်၊ မတ်လ၊ တတိယပတ်အတွင်း ရှမ်းပြည် နယ်၊ ညောင်ရွှေမြို့မှာလည်း ရှမ်း၊ ကချင်နှင့် ချင်း ခေါင်းဆောင်များ ထပ်မံစည်းဝေးပြီး တောင်တန်း ဒေသများအားလုံးဟာ ညီညွတ်စွာဖြင့် ဗမာပြည်မနှင့် ပူးပေါင်း ပြီးလုံးဝလွတ်လပ်ရေးကို အရယူရန် ဆုံးဖြတ် ခဲ့ကြပါတယ်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံဟာ နယ်ချဲ့အင်္ဂလိပ် လက်အောက်မှ လွတ် မြောက်၍ လွတ်လပ်ရေးကို ရယူနိုင်ခဲ့ပြီး ချင်းတောင် တန်းဒေသကို ချင်းဝိသေသတိုင်းအဖြစ် ပြည်ထောင်စု အတွင်း ပါဝင်ဖွဲ့စည်းနိုင်ခဲ့ပြီး ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနဲ့ ချင်းရေးရာဝန်ကြီးတို့ ပေါ်ပေါက်လာ ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ လွတ် လပ်ရေးရဲ့အသီးအပွင့်ကို ရယူခံစားနိုင်ပါလျက် ချင်း ဝိသေသတိုင်းမှာတော့ နယ်ချဲ့အင်္ဂလိပ်တို့ ခြွင်းချန် ထားရစ်ခဲ့တဲ့ဓနရှင် ပဒေသရာဇ် အုပ်ချုပ်ရေးသာ ဖွံ့ဖြိုးရှင်သန်လျက် ရှိနေသေးတဲ့အတွက် ချင်းပြည်နယ် လူထုဟာ အုံကြွကြပါတော့တယ်။
ချင်းရေးရာဌာနမှ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့စွဲဖြင့် ချင်းတောင်စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန်ပြဋ္ဌာန်းချက်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့ပြီး ဦးဝမ်းသူး မောင်းမှ ဥက္ကဋ္ဌ၊ စည်သူ ဦးသိမ်း မောင်(အေ-တီ-အမ်) (နောင် တွင် ချင်းဝိသေသ တိုင်းမင်းကြီး ဖြစ်လာခဲ့ပြီး အများစုမှာ ဦးစည် သူမောင်ဟု မှားယွင်း သုံးစွဲနေ ကြသည်။ ။စကားချပ်)မှ အတွင်းရေးမှူးနှင့် ဦးစိုးဝင်း (အမျိုးသား ပညာဝန်ဟောင်း) မှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင် ရွက်ခဲ့ကြပါတယ်။
ချင်းတောင်စုံစမ်းရေးကော်မရှင်ဟာ စုံစမ်းစစ် ဆေးမှုများနှင့် ညှိနှိုင်းဆွေးနွေးမှုများ (၁၀) ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဝန်ကြီးများအဖွဲ့သို့ ဗြူရိုကရေစီအုပ်ချုပ်ရေးကို ဖျက်သိမ်း၍ ဒီမိုကရေစီ စနစ်ဖြင့် အစားထိုးအုပ်ချုပ်ရန်နှင့်တိုက်သူကြီးများဖြင့် အုပ်ချုပ်သည့်စနစ်ကို အဆုံးသတ်ပြီး ၎င်းတို့ မနစ်နာ စေရန်အတွက် ပင်စင်နှင့် ထောက်ပံ့ကြေးအချို့ကို ဝေပုံကျပေးသင့်ကြောင်း တင်ပြခဲ့ကြပါတယ်။ ယင်း ကာလအတွင်း ချင်းတောင်လူထု၏ လိုလားချက်အရ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ချင်းအမျိုးသား ကိုယ်စားလှယ်ပေါင်း ၅၀ဝ၀ ခန့် ပါဝင်တဲ့ လူထု ညီလာခံကို ဖလမ်းမြို့မှာ ကျင်းပခဲ့ပြီး သမ္မတ စဝ်ရွှေ သိုက်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
ညီလာခံကြီးကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ပြီး ညီလာခံဒုတိယ နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ တီးတိန်မြို့နယ် ကိုယ်စားလှယ် ဦးထောင်ဇကိုင်း (Thang ZaKai) မှ သွေးစုပ်ဓနရှင်တို့၏ ပဒေသရာဇ် အုပ်ချုပ်ရေးစနစ် အား ပယ်ဖျက်ရန်အဆိုကို အဆိုအမှတ်(၄) အဖြစ် တင်သွင်းပြီး ဖလမ်းမြို့နယ်ကိုယ်စားလှယ် ဦးဆွန်းမန်း (Con Mang) နှင့် ကန်ပက်လက်မြို့ နယ်ကိုယ်စားလှယ် ဦးထန်းမောင်း (Htang Mong) တို့မှ ထောက်ခံ ကြပါတယ်။ သဘာပတိမှ ဒီမိုကရေစီ နည်းကျ မဲခွဲဆုံး ဖြတ်စေရာ ထောက်ခံမဲ(၅၀ဝဝ)၊ ကန့်ကွက်မဲ (၁၇) မဲ နှင့် ညီလာခံသို့ တက်ရောက်လာ သူ ကိုယ်စားလှယ် အပေါင်းမှ တစ်ခဲနက်အတည်ပြု နိုင်ခဲ့ကြပါတယ်။
ချင်းရေးရာကောင်စီဟာ ချင်းဝိသေသတိုင်းအား ဒီမိုကရေစီနည်းကျ အုပ်ချုပ်နိုင်ရေးအတွက် အုပ်ချုပ် ရေးစည်းမျဉ်းဥပဒေများကို ၁၉၄၈ ခုနှစ် တစ်နှစ်လုံး နီးပါး အထူးကြိုးပမ်းရေးဆွဲခဲ့ရာ ၁၉၄၈ ခုနှစ်၊ ချင်း ဝိသေသတိုင်းအက်ဥပဒေနှင့် ၁၉၄၈ ခုနှစ်၊ ချင်း ဝိသေသတိုင်း(ဥပဒေများသက်ဆိုင်ခြင်း) အက်ဥပဒေ ကို ၁၂.၁၀.၄၈ မှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ် တော်(ပါလီမန်)မှ အက်ဥပဒေအဖြစ် အတည်ပြု ဆုံးဖြတ်ခဲ့ပြီး ၁၈၉၆ ခုနှစ် ချင်းတောင်များ အက်ဥပဒေ အား ဖျက်သိမ်းနိုင်ခဲ့ပါတယ်။
၁၉၅၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်မှာ ကျင်းပတဲ့ ချင်းရေးရာကောင်စီ အစည်းအဝေးမှာ ဦးဝမ်းသူးမောင်းဦးဆောင်တဲ့ ချင်းအမျိုးသား များမှ နယ်ချဲ့တော်လှန်ရေးကာလမှသည် မြန်မာနိုင်ငံ လွတ် လပ်ရေးရရှိပြီးဗြိတိသျှနယ်ချဲ့တို့၏အကြွင်းအကျန် ပဒေသရာဇ်တိုက်သူကြီးများ ကွယ်ပျောက်၍ ဒီမိုက ရေစီစနစ်ဖြင့် အုပ်ချုပ်သည့် ချင်းဝိသေသတိုင်း ပေါ် ပေါက်လာသည်အထိ အသက်သွေးချွေးပေါင်း မြောက် မြားစွာဖြင့် ပေးဆပ်တိုက်ပွဲဝင်ခဲ့ရသည့် ချင်းအမျိုးသား များအား ဂုဏ်ပြုသောအားဖြင့် “ချင်းအမျိုးသားနေ့” သတ်မှတ်သင့်ကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါ တယ်။ နေ့ရက်သတ်မှတ်ရန်အတွက် ရွေးချယ်ရာမှာ တော့ –
၁။ (၂၀.၂.၁၉၁၈) တွင် မေမြို့ (ယခု ပြင်ဦး လွင်)၌ ချင်းအမျိုးသား ပညာမြှင့်တင်ရေး အဖွဲ့ ဖွဲ့စည်း၍ စတင်လှုပ်ရှားခဲ့ကြခြင်း။
၂။ (၂၀.၂.၁၉၄၀) တွင် ကန်ပက်လက်တွင် ကျင်းပသော ဒါဘာပွဲ၌ ဗြိတိသျှတို့အား အကြီးအကျယ် အာခံ၍ ဆန္ဒပြခြင်း။
၃။ (၂၀.၂.၁၉၄၈) တွင် ဖလမ်းမြို့၌ လူထုစည်း ဝေးပွဲကြီး ကျင်းပ၍ ချင်းဝိသေသတိုင်းတွင် လူထုဆန္ဒအရအင်္ဂလိပ်အစိုးရမှ ခန့်အပ် ထားခဲ့သည့် တိုက်သူကြီးများအား ဖြုတ်ချ ပြီး ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့်စနစ် အား အစားထိုးရန် အတည်ပြုဆုံးဖြတ်နိုင်ခဲ့ ခြင်း။
စတဲ့ သမိုင်းအစဉ်အလာအဆက်ဆက်တို့ကြောင့် ဖေဖော်ဝါရီလ (၂၀) ရက်ကို ချင်းအမျိုးသားနေ့အဖြစ် နှစ်စဉ်တရားဝင်ကျင်းပရန်အတည်ပြု သတ်မှတ်ပေးခဲ့ ကြပါတယ်။
(၂၀.၂.၁၉၄၀) မှာ ကျင်းပခဲ့တဲ့ ကန်ပက်လက်ဒါ ဘာပွဲကို (၂၀.၂.၁၉၃၈)ဟုလည်းကောင်း၊ ဦးဝမ်းသူး မောင်းအပါအဝင် ချင်းခေါင်းဆောင်(၉) ဦး အဖမ်းဆီး ခံခဲ့ရသည့် (၂၄.၃.၁၉၄၀) ကို (၂၀.၂.၁၉၃၉) ဟူ၍ လည်းကောင်း မဂ္ဂဇင်းနှင့် စာစောင်အများအပြားမှာ မှားယွင်းဖော်ပြမှုများ ရှိခဲ့ကြဖူးပါတယ်။
ဒါပေမဲ့ အင်္ဂလိပ်တို့ရဲ့ နိုင်ငံရေး (လျှို့ဝှက်ဖိုင်)ဖြစ်တဲ့ “Defense Secretary’s Office,1940, Political Department (Confidential) NO. 500 D (p) Part III rSm “A meeting of representatives from allvillages and also of a large number of the Aphwe members was called atKanpetlet on the 20th of February 1940 and was addressed byCommissioner and Deputy of Commissioner” လို့ မှတ်တမ်း တင်ထားတဲ့အတွက် ကန်ပက်လက်ဒါဘာပွဲ ကျင်းပတဲ့ ရက်ဟာ (၂၀.၂.၁၉၃၈) မဟုတ်ဘဲ (၂၀.၂.၁၉၄၀) သာ ဖြစ်တယ်ဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။
ဦးဝမ်းသူးမောင်းအပါ ချင်းခေါင်းဆောင် (၉)ဦး ဖမ်းဆီးခံရတဲ့ ရက်စွဲကိုလည်း ၎င်းဖိုင်မှာပဲ “Vawmthu Maung and 8 other Chin leaders were arrested on the 24th of March 1940” ဟု မှတ်တမ်းတင် ထားပြန်ပါတယ်။ ဒါ့အပြင် (၁၈၊ ၄၊ ၁၉၄၀) ကြာသပတေးနေ့ထုတ် တိုးတက်ရေး သတင်းစာမှာ “ချင်းတောင်တွင်ချင်းလူမျိုးများ ဆူပူ ကြခြင်း” သတင်းမှ “ချင်းတောင်ခေါင်းဆောင်များကို ဘမ်းဆီးခြင်း” ခေါင်းစဉ်ခွဲအောက်၌ “ဤကဲ့သို့ မကွေး ခရိုင် ဝန်ရှင်တော်မင်းကြီး မစ္စတာ မက္ကရီကင်နှင့် ခေါင်းဆောင် ဝမ်သူမောင်တို့ တွေ့ဆုံပြောဆိုပြီး နောက်၊ ၁၉၄၀ ခု၊ မတ်လ ၂၄ ရက်နေ့တွင်၊ ၁ ခေါင်း ဆောင် ဝမ်းသူးမောင်း၊ ၂ ဝမ်သုငိုင်၊ ၃ ရိန်လိုဟန်…….” အစရှိသဖြင့် ဖော်ပြထားတဲ့အတွက် ဦးဝမ်းသူးမောင်း အပါ ချင်းခေါင်းဆောင် (၉)ဦး အဖမ်းဆီးခံရတဲ့ ရက်စွဲဟာလည်း (၂၀.၂.၁၉၃၉) မဟုတ်ဘဲ ၂၄.၃.၁၉၄၀ သာ ဖြစ်တယ်ဆိုတာ သိသာထင်ရှားစေပါတယ်။
မိမိတို့ကိုယ်တိုင်မသိမီလိုက်တဲ့ သမိုင်းဖြစ်ရပ် များကို နှောင်းလူတို့ လေ့လာမှတ်သားနိုင်စေရန် အတွက် ဖော်ထုတ်တင်ပြကြရာမှာ အမှားအယွင်းရှိ တတ်ကြတာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ပညာရှင်များ ကိုယ်တိုင်ပင်လျှင် မှားလည်းမှားခဲ့ကြသလို အမှား ကနေပဲ အမှန်ကိုရောက်အောင် ရှာဖွေပြုပြင်သွား ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ယခုလဲ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းမှ (၂၀၁၅) ခုနှစ်၊ ဖေဖော်ဝါရီ (၂၀)မှာ ကျရောက်တဲ့ (၆၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာဟာလည်း ပညာရှိ သတိဖြစ်ခဲဆိုသလိုပဲ မှားယွင်းခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်ငြားလည်း နောင်နှစ်များမှာကျင်းပတဲ့ ချင်းအမျိုးသားနေ့သို့ ပေးပို့မယ့် သဝဏ်လွှာများ မှာတော့ အသိကိုသတိနှင့် ယှဉ်ပြီးအမှားကို အမှန်ပြင် နိုင်ဖို့ မျှော်လင့်ရင်းနဲ့ပဲ နိဂုံးကမ္ပတ် အဆုံးသတ်အပ် ပါတယ်။

[ ရည်ညွှန်း။ ။ Defense Secretary’s Office,1940, Political Department (Confidential) NO. 500 D (p) Part III.တိုးတက်ရေး သတင်းစာ (၁၈၊ ၄၊ ၁၉၄၀) ]

တေဇာဝင့်