• Today is: Monday, August 2, 2021

ကယားပြည်နယ် သပိတ်ကော်မတီ ပြောရေးဆိုခွင့်ရှိသူနော်ဖော်ဝါးနှင့် တွေ့ဆုံခြင်း

Federal Journal
June16/ 2021

Zawgyi

စစ္အာဏာသိမ္းၿပီးေနာက္ တိုင္းရင္းသားျပည္နယ္ ၿမိဳ႕အေတာ္မ်ားမ်ားမွာ အာဏာရွင္ ဆန႔္က်င္ေရး သပိတ္ေကာ္မတီေတြ အသီးသီးေပၚေပါက္လာခဲ့တယ္။ အေတြးအေခၚမ်ိဳးစုံ၊ လႈပ္ရွားမႈမ်ိဳးစုံျဖင့္ ဆန႔္က်င္ဆႏၵျပပြဲေတြကို အင္တိုက္အားတိုက္ ျပဳလုပ္ခဲ့ၾကတယ္။ ထိုအေျခ အေနမ်ားထဲမွာ ကယားျပည္နယ္ သပိတ္ေကာ္မတီ ေျပာေရးဆိုခြင့္ရွိသူ ေနာ္ေဖာ္ဝါးႏွင့္ ျမန္မာ့ ႏိုင္ငံေရး အေျခအေနမ်ားကို ေမးျမန္းျဖစ္ခဲ့ပါတယ္။
အရင္ဆုံး ကယားျပည္နယ္ သပိတ္ေကာ္မတီရဲ႕ လႈပ္ရွားမႈ ေလးေတြကို အက်ဥ္းခ်ဳပ္ ေျပာျပေပးပါလား။
ကယားျပည္နယ္ သပိတ္ေကာ္မတီလႈပ္ရွားမႈ အေနနဲ႔ကေတာ့ တရားဝင္ ဖြဲ႕စည္းလိုက္တာကေတာ့ ေဖေဖာ္ဝါရီ ၉ ရက္ေန႔ကပါ။ အဲဒီမတိုင္ခင္ကေတာ့ ကြၽန္မတို႔ လႈပ္ရွားပါတယ္။ စနစ္တက်ျဖစ္ဖို႔ဆိုၿပီး သပိတ္ေကာ္မတီကို ဖြဲ႕လိုက္တယ္။ အဓိကလႈပ္ရွား ေနတာကေတာ့ အာဏာရွင္ဆန႔္က်င္ရင္းနဲ႔မွ ကြၽန္မ တို႔ရဲ႕ ရပ္တည္ခ်က္မူကေတာ့ သုံးရပ္ရွိတယ္။ အဲဒါက ဘာလဲဆိုေတာ့ အာဏာရွင္ဆန႔္က်င္ဖို႔ လႈပ္ရွားမႈ၊ အာဏာရွင္ ဖ်က္သိမ္းေရးရွိမယ္။ အာဏာရွင္ကို အေထာက္အပံ့ျဖစ္ေစတဲ့ ၂၀ဝ၈ ဖြဲ႕စည္းပုံကို ဖ်က္ သိမ္းမယ္။ ၿပီးရင္ ကြၽန္မတို႔ ႏိုင္ငံနဲ႔ အသင့္ေတာ္ဆုံး ျဖစ္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုကို သြားမယ္ဆိုတဲ့ မူဝါဒသုံးရပ္ကို စြဲကိုင္ၿပီးေတာ့ အဓိကသြားေနၾက တယ္။ အာဏာရွင္ကို တြန္းလွန္တဲ့အထဲမွာ ဒီမူသုံးရပ္ ကို အေျခခံၿပီးေတာ့ တြန္းလွန္မႈေတြကို ကြၽန္မတို႔ လုပ္ေဆာင္ေနၾကပါတယ္။
ျမန္မာစစ္ေကာင္စီက ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ က စၿပီး အာဏာသိမ္းယူခဲ့တယ္၊ အဲဒီလိုမ်ိဳး အာဏာ သိမ္း ယူမႈအေပၚ တိုင္းရင္းသားျပည္သူတစ္ေယာက္ အေနနဲ႔ ဘယ္လိုမ်ိဳးခံစားမိလဲ။
ဒီအာဏာသိမ္းမႈကိုေတာ့ ကြၽန္မတို႔က လက္မခံ ပါဘူး။ လက္မခံတဲ့အတြက္လည္း လူထုသပိတ္ေတြ မွာ ပါဝင္လာရတာပါ။ အဓိကကေတာ့ ဘာျဖစ္လို႔ လည္းဆိုရင္ ကြၽန္မတို႔က စစ္အာဏာရွင္စနစ္ကို လိုခ်င္ခဲ့တာ မဟုတ္ပါဘူး။ ဖက္ဒရယ္ ျပည္ေထာင္စု မဟုတ္လည္း ဒီမိုကေရစီနည္းအရ သြားႏိုင္တာမ်ိဳး ကိုပဲ ကြၽန္မတို႔ လိုခ်င္တယ္။ ေနာက္ဆုံး အစိုးရ တက္ ျဖစ္မယ္ဆိုရင္ေတာင္ ျပည္သူက ေ႐ြးခ်ယ္ထားတဲ့၊ ျပည္သူကေနၿပီးေတာ့ ေ႐ြးခ်ယ္တင္ေျမႇာက္မယ့္ အစိုးရတစ္ရပ္ပဲ ျဖစ္ခြင့္ရွိရမယ္ဆိုတာမ်ိဳးေပါ့။ စစ္တပ္ဆိုတဲ့အရာက ကြၽန္မတို႔ ကေလးဘဝကတည္း က ႀကဳံလာခဲ့ရပါၿပီ။ စစ္တပ္ရဲ႕လက္ေအာက္မွာ ကြၽန္မတို႔ ေျပးလႊားခဲ့ရတဲ့ စစ္ဒဏ္ေတြကို ခံခဲ့ရတယ္၊ ျဖတ္သန္းခဲ့ရတဲ့ ကာလတစ္ခုရွိတဲ့ အတြက္ စစ္တပ္ရဲ႕ အာဏာသိမ္းမႈ၊ စစ္တပ္အုပ္ခ်ဳပ္တဲ့ ႏိုင္ငံတစ္ခုကို မျဖစ္လိုပါဘူး၊ အဲဒါေၾကာင့္မလို႔လည္း ကြၽန္မတို႔ ေတာ္လွန္မႈေတြကို လုပ္ရတာပါ၊ စစ္တပ္ ဆိုတာ တစ္ခုတည္း မဟုတ္ပါဘူး၊ အာဏာရွင္ဆိုတဲ့ အရာရာ တိုင္းကို ကြၽန္မတို႔ မလိုခ်င္ပါဘူး။ ကြၽန္မတို႔ လူထုထဲက ေ႐ြးေကာက္တင္ေျမႇာက္မယ့္ ကြၽန္မတို႔ ကိုယ္တိုင္က ေ႐ြးခ်ယ္ခြင့္ရွိတဲ့အစိုးရတစ္ရပ္ကိုပဲ လိုခ်င္ပါတယ္။

အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံမွာ ေနရာ ေတာ္ေတာ္မ်ားမ်ားမွာ လူထုသပိတ္ေတြ ဆက္တိုက္ ျဖစ္ေပၚလာတယ္။ အခုဆို ႏိုင္ငံအႏွံ႔အျပားမွာ ဆႏၵ ျပပြဲေတြ အရွိန္ျမႇင့္လာတာေတြ႕ရတယ္။ ဒါကေကာ အာဏာရွင္စနစ္ကို ျဖဳတ္ခ်ေရးအတြက္ ေကာင္းတဲ့ အလားအလာတစ္ခု ျဖစ္လာႏိုင္မလား၊ ဘယ္လိုမ်ိဳး သုံးသပ္မိပါသလဲ။
ျပန္ယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ၁၉၈၈ ခုႏွစ္တုန္း က အာဏာသိမ္းတဲ့ အခ်ိန္တုန္းက ကြၽန္မတို႔က ကေလးဘဝပဲ ရွိေသးတယ္။ သိပ္ မသိရေပမယ့္ အဲဒီ အခ်ိန္တုန္းကေတာ့ မီဒီယာ အေမွာင္ခ်ထားတာေတာ့ တစ္ခုရွိတယ္။ လက္ရွိမွာေတာ့ မီဒီယာေတြကလည္း အေမွာင္ခ်ထားလို႔မရတဲ့အခ်ိန္မွာ လူေတာ္ေတာ္ မ်ားမ်ား လူငယ္ကအစ သူတို႔ဆီမွာ ႏိုင္ငံေရး ကိုယ္ပိုင္ ေတြးေခၚမႈေတြ အားေကာင္းလာတယ္။ အဲဒါေၾကာင့္ လည္း လက္ရွိ စစ္အာဏာရွင္ ဆန႔္က်င္တဲ့လူထု လႈပ္ ရွားမႈက အားေကာင္းလာတယ္။ ၿဖိဳခြင္းတယ္ ဆိုေပ မယ့္လည္း လႈပ္ရွားမႈေတြက တအားအားေကာင္းၿပီး ေတာ့ အခုဆိုရင္ တစ္လေက်ာ္လာၿပီ ကြၽန္မတို႔ လူထု ေတြက ဒီဟာေတြကို ေတာင့္ခံလာႏိုင္တယ္။ အဲဒီမွာ လူငယ္ေတြလည္း အမ်ားႀကီး ပါဝင္လာတယ္။ ကြၽန္မ တို႔ ေျပာႏိုင္တာ တစ္ခုကေတာ့ ဒီဟာက အားေတာ္ ေတာ္ေကာင္းလာတဲ့အတြက္ ႏိုင္ငံတကာရဲ႕ အျမင္ မွာပဲျဖစ္ျဖစ္ စစ္အာဏာရွင္ကို မလိုလားဘူးဆိုတာ ကို ေတာ့ ေကာင္းေကာင္းေလး ျပႏိုင္တယ္။ ဒါေပမယ့္ စစ္အာဏာရွင္ကို ျဖဳတ္ခ်ဖို႔ ဆိုတာကေတာ့ လူထု ေတြရဲ႕ ဆႏၵေဖာ္ထုတ္တာ တစ္ခုတည္းနဲ႔ေတာ့ မျဖစ္ ႏိုင္ဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ Institution ခိုင္မာေနတယ္။ လက္နက္ေတြကလည္း ရွိေနတယ္ ဆိုေတာ့ ဒီဟာေတြကို ၿဖိဳခြင္းႏိုင္ဖို႔ တျခားေသာ ျပင္ ဆင္မႈေတြကလည္း အရမ္းအေရးႀကီးတယ္။ လူထု ကေတာ့ အတိုင္းအတာအလြန္ဆုံးကေတာ့ လမ္းေပၚ ထြက္ၿပီး သူတို႔ ဆႏၵေဖာ္ထုတ္တာကေတာ့ လူထုေတြ ရဲ႕ လုပ္ႏိုင္ တဲ့အားေပါ့ေလ။ ဒါကလည္း တအား ေကာင္းတယ္။ ဒါက စစ္အာဏာရွင္ ျဖဳတ္ခ်ေရးမွာ တစ္ဖက္တစ္လွမ္းကေန ေတာ္ေတာ္ေလးကို အေထာက္အကူျဖစ္တယ္ ဆိုတာကိုေတာ့ ကြၽန္မတို႔ လက္ခံထားပါတယ္။

စစ္ေကာင္စီက ေတြ႕ဆုံ ေဆြးေႏြးဖို႔ ေခၚယူတဲ့အခ်ိန္ မွာ ၅၃ ပါတီ တက္ေရာက္ၾကတယ္၊ အဲဒီမွာ တိုင္း ရင္းသား ပါတီတခ်ိဳ႕လည္း တက္ေရာက္ၾကတယ္။ စစ္ေကာင္စီနဲ႔ တိုင္းရင္းသားပါတီေတြရဲ႕ ေတြ႕ဆုံမႈကေကာ တိုင္း ရင္းသားအေရး၊ ဖက္ဒရယ္ေရးအတြက္ ေကာင္းက်ိဳး သက္ေရာက္မႈရွိႏိုင္သလား၊ ဘယ္လိုမ်ိဳး ေမွ်ာ္လင့္မိလဲ။
ကြၽန္မတို႔အေနနဲ႔ လက္ခံထားတာကေတာ့ အာဏာသိမ္း စစ္ေကာင္စီနဲ႔ သြားေရာက္ ညႇိႏႈိင္းတာ ကို ေတာ့ လက္မခံထားပါဘူး။ အဲဒါေၾကာင့္ ကြၽန္မတို႔ ျပည္နယ္မွာ ျပန္ၾကည့္မယ္ဆိုရင္လည္း ကြၽန္မတို႔ ျပည္နယ္အေျခစိုက္ တိုင္းရင္းသားပါတီေတြကေတာ့ သြားေတြ႕ထားတဲ့ အထဲမွာ မေတြ႕ရဘူး၊ ျပည္နယ္မွာ ရွိတဲ့ အေျခစိုက္တိုင္းရင္းသား ပါတီႏွစ္ခုရွိတယ္၊ အဲဒီ ႏွစ္ခုကေတာ့ ပါတီအေနနဲ႔ သြားေတြ႕ထားတာ မရွိပါ ဘူး။ ဒါေၾကာင့္လည္း ကြၽန္မတို႔က လူထုအေနနဲ႔ ဒီလို မ်ိဳး သြားေရာက္ေတြ႕ဆုံမႈမရွိခဲ့တဲ့အေပၚ ေတာ္ေတာ္ ေလး အားရွိပါတယ္။ ဒါကလည္း တိုင္းရင္းသား ပါတီေတြက ကြၽန္မတို႔နဲ႔ ရပ္တည္ခ်က္တူတယ္လို႔ ေျပာလို႔ရတယ္။ သြားေတြ႕တဲ့အဖြဲ႕ေတြနဲ႔ သူတို႔ေတြနဲ႔ သြားေနတဲ့ ပုံစံကေတာ့ အာဏာသိမ္း စစ္ေကာင္စီက ေတာ့ ေခၚေတြ႕ေနတာပါပဲ၊ ဒါေပမယ့္ ေတြ႕ဆုံေဆြး ေႏြးမႈေတြကေတာ့ ကြၽန္မတို႔လက္ရွိေတာင္းဆိုေနတဲ့ အခ်က္ေတြ ျဖစ္လာမယ္လို႔ မထင္ပါဘူး။ ကြၽန္မတို႔ ေတာင္းဆိုတဲ့ မူသုံးရပ္ကေတာ့ ျဖစ္လာႏိုင္ဖို႔ ေမွ်ာ္ လင့္ခ်က္ သိပ္မရွိပါဘူး။ သူတို႔နဲ႔ သြားေတြ႕တာေတြကို ျပန္ၾကည့္ လိုက္မယ္ဆိုရင္ တပ္နဲ႔မကင္းတဲ့ ပါတီ အမ်ားစု ျဖစ္ေနတယ္။ အားလုံးကို ျပန္ၾကည့္လိုက္ မယ္ဆိုရင္ အဲဒါမ်ိဳးေတြ ရွိေနတဲ့က႑တစ္ခုကို ျမင္ရတယ္၊ တခ်ိဳ႕ေသာ တိုင္းရင္းသားပါတီေတြ ကေတာ့ တပ္နဲ႔ေတာ့ ကင္းေအာင္ကင္းမယ္ သူတို႔က ဘယ္လိုပါတီရဲ႕ ရပ္တည္ခ်က္နဲ႔ သြားေတြ႕တာလည္း ကြၽန္မတို႔ မေျပာႏိုင္ဘူး၊ ဒါေပမယ့္ ကြၽန္မတို႔ လိုခ်င္တဲ့ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးေတြကိုေတာ့ ဒီအာဏာသိမ္းစစ္ေကာင္စီနဲ႔ သြားေတြ႕တဲ့ အဖြဲ႕ေတြ ထဲမွာေတာ့ ေမွ်ာ္လင့္ခ်က္ မရွိဘူး။ ယုံၾကည္မႈ မရွိပါ ဘူး။

လက္ရွိ အေျခအေနအရ စစ္ေကာင္စီက အာဏာ တည္ၿမဲ ဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးစားေနတယ္။ ျပည္သူေတြ ဘက္ကလည္း စစ္ေကာင္စီကို ေတာ္ လွန္ဖို႔ ႀကိဳးစားေန တယ္။ CRPH ကလည္း ႏိုင္ငံတကာ မွာ ျမန္မာျပည္ ဒီမို ကေရစီရရွိေရးအတြက္ ႀကိဳးစား ေနၾကတယ္၊ ျပည္သူ တစ္ေယာက္အေနနဲ႔ ျမန္မာ ႏိုင္ငံရဲ႕ ဖက္ဒရယ္အေရး၊ ဒီမိုကေရစီ အေရးေတြက ဘယ္လိုအက်ိဳးသက္ေရာက္မႈ ရွိႏိုင္မယ္လို႔ ထင္မိပါ သလဲ။
အာဏာသိမ္းစစ္ေကာင္စီရဲ႕ က႑တစ္ခုကို ေတာ့ ထားထားလိုက္ပါ၊ ကြၽန္မတို႔ဘက္ကလည္း လူထုေတာ္လွန္မႈေတြကို လုပ္ေနတယ္။ တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ ေတာင္းဆိုမႈေတြကလည္း တူလာတယ္။ CRPH ကလည္း ၿပီးခဲ့တဲ့ အပတ္ ေလာက္မွာ ထြက္လာတဲ့ အထဲမွာဆိုရင္ ကြၽန္မတို႔ ျပည္နယ္တိုင္းရင္းသားေဒသေတြက ေတာင္းဆိုတဲ့ အခ်က္ေတြကို သူတို႔ေတြ လိုက္ေလ်ာလာတာ ေတြ႕ရ တယ္၊ ေစာနကေျပာတဲ့ ၂၀ဝ၈ ဖ်က္သိမ္းေရး၊ ဖက္ဒရယ္ ျပည္ေထာင္စုေဖာ္ေဆာင္ေရးဆိုတာေတြ နဲ႔ ပတ္သက္ၿပီး သေဘာတူတဲ့ပုံစံမ်ိဳး စာေတြလည္း ထြက္လာတဲ့အတြက္ တစ္စုံတစ္ရာ အားရမႈရွိတယ္။ အဲဒီလိုမ်ိဳးသာ လက္ေတြ႕အေကာင္အထည္ေဖာ္လာ ႏိုင္မယ္ဆိုရင္ေတာ့ ခုနကေျပာတဲ့ ဖက္ဒရယ္အေရး အတြက္ေတာ့ တအားကို ေကာင္းမယ့္အရာတစ္ခု ျဖစ္မယ္။ ဒါကို လက္ေတြ႕က်က် လုပ္မယ္ဆိုရင္ အာဏာသိမ္း စစ္ေကာင္စီကို ဖယ္ရွားႏိုင္မယ္။ အေရး ႀကီးတာကေတာ့ CRPH အေနနဲ႔က စာအေနနဲ႔ ထြက္ တာမဟုတ္ဘဲ ဘယ္ေလာက္ လႈပ္ရွားမႈေတြ ရွိေနၿပီလဲ၊ ေတြ႕ဆုံေဆြးေႏြးမႈေတြ ရွိေနၿပီလဲ၊ အားလုံး ပါဝင္ဖို႔ တကယ္ပဲ ဖြင့္ထားၿပီးလားဆိုတဲ့ က႑ကေတာ့ နည္း နည္းစဥ္းစားရမယ့္ အပိုင္းရွိတယ္၊ သူတို႔ကေတာ့ ႀကိဳးစားမယ္လို႔ ကြၽန္မတို႔ကေတာ့ ေမွ်ာ္လင့္တယ္။

လူထုလႈပ္ရွားမႈေတြမွာ အထူးသျဖင့္ လူငယ္ေတြ ႀကိဳးႀကိဳးစားစားပါဝင္လာတာလည္း ေတြ႕ရတယ္၊ အခုလိုမ်ိဳး လူငယ္ေတြ စစ္ေကာင္စီ ျဖဳတ္ခ်ေရးမွာ ပါဝင္လာၿပီး ႀကိဳးႀကိဳးစားစားလုပ္ေဆာင္မႈေတြ အေပၚ ဘယ္လိုမ်ိဳး ျမင္မိလဲ။
အာဏာသိမ္းစစ္ေကာင္စီကို တြန္းလွန္တဲ့ေနရာ မွာ လူငယ္ေတြ အမ်ားႀကီး ပါဝင္လာတာက တိုင္းျပည္ အတြက္ တအားေကာင္းပါတယ္။ ကြၽန္မတို႔ထက္ငယ္ တဲ့ မ်ိဳးဆက္သစ္ေတြလည္း အမ်ားႀကီး ပါလာတဲ့ အတြက္ ေတာ္ေတာ္ကို ေကာင္းတယ္။ ဒီအခြင့္အေရး ကိုသာ ခုနကေျပာတဲ့ ဦးေဆာင္မႈေတြယူေနတဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ ကိုယ္စားလွယ္ေတြကပဲ ျဖစ္ျဖစ္၊ က်န္တဲ့ လက္နက္ကိုင္အစုအဖြဲ႕ေတြပဲျဖစ္ျဖစ္၊ ႏိုင္ငံေရးမွာ ဦးေဆာင္မႈျပဳေနတဲ့သူေတြက ေကာင္း ေကာင္းေလး ဒီအေပၚမွာ အသုံးခ်ၿပီးေတာ့ တကယ့္ကို ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ သင့္ေလ်ာ္တဲ့ တိုင္းရင္း သားအားလုံးကလည္း လိုလားတဲ့ ဖက္ဒရယ္ကို ေဖာ္ ေဆာင္မယ့္ အခြင့္အခါေကာင္းလို႔ ကြၽန္မတို႔ကလည္း ျမင္ပါတယ္။ ကြၽန္မတို႔ လူငယ္ေတာ္ေတာ္မ်ားမ်ားက လည္း လမ္းေပၚထြက္ၿပီး အသက္ေတြလည္း ေပးၿပီး ေတာင္းဆိုေနၿပီ ။ ဒီအခြင့္ေရးကလည္း ဘာကိုျပေန သလဲဆိုရင္ ကြၽန္မတို႔ အရင္ ငါးႏွစ္ သက္တမ္းမွာတုန္း က လုံးဝျပင္လို႔ မရႏိုင္တဲ့ ၂၀ဝ၈ ဖြဲ႕စည္းပုံကို ကြၽန္မတို႔ လုံးဝျပင္ၿပီးေတာ့ တိုင္းရင္းသားအားလုံးက ဖက္ဒရယ္ ျပည္ေထာင္စု ဖြဲ႕စည္းပုံကိစၥေတြကို အာ႐ုံစိုက္တဲ့ေနရာ မွာ ဒါဟာ အခြင့္အခါေကာင္းလို႔ ထင္တယ္။ ဒီေနရာကို ဒီလူေတြက အသုံးခ်မယ္၊ လူငယ္ေရာ၊ လူႀကီးေရာ လက္တြဲညီညီနဲ႔ တကယ့္စနစ္တက် ေဖာ္ေဆာင္ခဲ့မယ္ ဆိုရင္ေတာ့ တကယ္ကိုေကာင္းတဲ့ ဖက္ဒရယ္ ျပည္ ေထာင္စုတစ္ခုကို ေဖာ္ေဆာင္ႏိုင္မယ္လို႔ ထင္တယ္။ အမ်ားႀကီးေတာ့ အခ်ိန္ယူရမယ္၊ လက္ရွိကေတာ့ စစ္ေကာင္စီကို ဖယ္ႏိုင္ဖို႔ကလည္း ဗ်ဴဟာက်က်နဲ႔ လုပ္ဖို႔ လိုေနၿပီ၊ ကြၽန္မတို႔ လူထုအေနနဲ႔ကေတာ့ ဆႏၵ ထုတ္ေဖာ္မႈေတြကို ႀကိဳးစားလုပ္ေပးေနၿပီ၊ ဒါေပမယ့္ က်န္တဲ့အပိုင္းေတြမွာလည္း တာဝန္ရွိသူေတြက ေကာင္းေကာင္းလုပ္ဖို႔ေတာ့ လိုအပ္တယ္လို႔ ကြၽန္မ ျမင္ပါတယ္။

တကယ္လို႔ စစ္ေကာင္စီက လူထုကို ရႈံးၿပီးေတာ့ သူတို႔ အာဏာျပဳတ္သြားတဲ့အခါ ျပည္သူေတြရဲ႕ စစ္ေကာင္စီ ျဖဳတ္ခ်ေရးေအာင္ျမင္ခဲ့ရင္ တိုင္းရင္း သားေဒသေတြက တိုင္းရင္းသားေတြ လိုခ်င္တဲ့ ဖက္ဒရယ္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ေတြက ရလာႏိုင္မယ္လို႔ ထင္မိသလား။
သူတို႔ကို ျဖဳတ္ခ်ၿပီးရင္ ေသခ်ာတာကေတာ့ ၂၀ဝ၈ ကေတာ့ ေအာ္တိုမစ္တစ္ ပ်က္သြားၿပီေပါ့၊ အဒီလိုမ်ိဳးေအာ္တိုမစ္တစ္ပ်က္တဲ့ အဆင့္ကို ကြၽန္မတို႔ လုပ္ႏိုင္မယ္၊ အခုလည္း ေတာ္ေတာ္မ်ားမ်ားက ၂၀ဝ၈ ဖ်က္သိမ္းေရးကို ႏိုင္ငံေရးေတာင္းဆိုမႈအဖြဲ႕ေတြေကာ၊ CRPH ကလည္း နည္းနည္းသေဘာတူလာတယ္။ ကြၽန္မတို႔ ေတာင္းဆိုေနတဲ့ ဖက္ဒရယ္ ျပည္ေထာင္စု ဖြဲ႕စည္းပုံဟာေတြကိုလည္း သူတို႔က သေဘာတူလာၿပီ။ တိုင္းရင္းသားေဒသေတြမွာလည္း ဒါက ေတာက္ ေလွ်ာက္လိုလားေနတဲ့ အရာျဖစ္တယ္၊ ကြၽန္မတို႔ အာဏာသိမ္းစစ္ေကာင္စီကို ဖယ္ရွားႏိုင္ၿပီဆိုရင္ ၾကားကာလမွာ တက္လာမယ့္ အစိုးရကလည္း ဘယ္ လိုပဲျဖစ္ျဖစ္ ဖြဲ႕စည္းပုံတစ္ခုကို သူ႔ရဲ႕ လက္ထဲမွာ ဖြဲ႕စည္းႏိုင္မွာျဖစ္တဲ့အတြက္ ကြၽန္မတို႔ လူထုအားလုံး ကလည္း တိုင္းရင္းသားေဒသေတြအားလုံး ပါဝင္မႈနဲ႔ ျပန္သြားမယ္ဆိုရင္ေတာ့ ေသခ်ာတာက ဖက္ဒရယ္ ျပည္ေထာင္စုဖြဲ႕စည္းပုံတစ္ခုေတာ့ လုပ္သြားႏိုင္မယ္ လို႔ ထင္တယ္။ တခ်ိဳ႕လည္း ဖြဲ႕စည္းပုံေတြက ေတာ္ ေတာ္မ်ားမ်ား တိုင္းရင္းသားေဒသေတြမွာ ကိုယ့္ျပည္ နယ္ အလိုက္ ႀကိဳးစားၿပီး မူၾကမ္းေတြ ဆြဲထားတာ လည္း ရွိေနတယ္ဆိုတာကို ကြၽန္မတို႔ ၾကားထားတာ လည္း ရွိတဲ့အတြက္ အဆင့္တစ္ခုကိုေတာ့ သြားႏိုင္မွာ ေပါ့၊ အဓိကအေရးႀကီးတာကေတာ့ အာဏာသိမ္း စစ္ေကာင္စီကို ဖယ္ရွားႏိုင္မယ္။ တက္လာတဲ့ ၾကား ျဖတ္အစိုးရပဲ ေျပာေျပာေပါ့ သူကေတာ့ သူ႔သက္တမ္း မွာ ဖက္ဒရယ္ ဖြဲ႕စည္းပုံ ေဖာ္ေဆာင္ဖို႔ကို သူ႔မွာလုပ္ကို လုပ္ရမယ့္ တာဝန္ရွိတယ္၊ အဲဒီအခ်ိန္မွာဆိုရင္ေတာ့ ကြၽန္မတို႔ လိုခ်င္တဲ့ ဖက္ဒရယ္ ဖြဲ႕စည္းပုံတစ္ခု ေကာင္း ေကာင္းေလးျဖစ္လာႏိုင္ဖို႔ အားလုံးဝိုင္းလုပ္မယ္ ဆိုရင္ေတာ့ ဒါက အခြင့္အခါေကာင္းဆုံး အခ်ိန္လို႔ ျမင္ပါတယ္။

CRPH တို႔ဘက္ က အရင္ NLD အစိုးရေခတ္မွာ ဒီမိုကေရစီ ဖက္ဒရယ္လို႔ သုံးႏႈန္းတယ္။ တိုင္းရင္းသား ေတြကက်ေတာ့ ဖက္ဒရယ္ ဒီမိုကေရစီလို႔ပဲ သုံးႏႈန္းေစခ်င္ တာေပါ့။ စကားေရွ႕ေနာက္ပဲ ကြာတယ္ ဆိုေပမယ့္ အႏွစ္ သာရ အားျဖင့္ဆိုရင္ ဘာေတြ ကြာ ျခားမႈရွိေနလဲ။
အႏွစ္သာရကေတာ့ေလ တကယ္ေတာ့ စကား လုံးနဲ႔ အဓိပၸာယ္ေဖာ္ၾကတာေပါ့၊ ဒါေပမယ့္ ၿပီးခဲ့တဲ့ ထြက္လာတဲ့ စာမွာ ကြၽန္မ ၾကည့္ၿပီးပါၿပီ CRPH က ေျပာတဲ့ အထဲမွာလည္း ဒီမိုကေရစီ ဖက္ဒရယ္လို႔ မေျပာထားဘဲနဲ႔ ဖက္ဒရယ္ ဒီမိုကေရစီလို႔ ျပန္သုံးထား တာေလး ေတြ႕လိုက္ပါတယ္။ ဒီဟာကေတာ့ သိပ္ အျငင္းပြားစရာ မရွိေတာ့ဘူး၊ ခုနကေျပာသလို အႏွစ္ သာရ ကြာလား မကြာလားဆိုတာကေတာ့ တကယ့္ ဖြဲ႕စည္းပုံ ေရးဆြဲတဲ့အခ်ိန္မွာ အဓိကက်မယ္လို႔ေတာ့ ကြၽန္မတို႔ ထင္တယ္။ တစ္ခါတေလ နာမည္ကို အျငင္း မပြားဘဲနဲ႔ ဖြဲ႕စည္းပုံမွာပါတဲ့ အခ်က္အလက္ေတြကသာ တကယ့္ ဖက္ဒရယ္ကို ဘယ္ေလာက္အတိုင္းအတာ အထိ ကိုယ္စားျပဳလဲ၊ ဖက္ဒရယ္လို႔ ေျပာၿပီဆိုရင္ ဒီမိုကေရစီ က်င့္စဥ္ ေအာ္တိုမစ္တစ္ပါလာၿပီ။ ဒီအေပၚ မွာပဲ အဓိက ဆုံးျဖတ္လိမ့္မယ္၊ ဒါထက္နာမည္နဲ႔ အျငင္း ပြားတာထက္စာရင္ အထဲက အႏွစ္ေလးကို အဓိက ခ်ိန္ဆဖို႔ လိုမယ္လို႔ ထင္ပါတယ္။ ကြာဟမႈကိုေတာ့ သိပ္မေျပာပါဘူး။ တိုင္းရင္းသားေတြကေတာ့ ေျပာၾက တာေပါ့။ တကယ္ဆိုရင္ ဖက္ဒရယ္ ျပည္ေထာင္စုလို႔ ေျပာလိုက္ရင္ကို ၿပီးေနၿပီ ဒီမိုကေရစီက ေအာ္တိုမစ္ တစ္ ပါလာၿပီးသားပါပဲ။ ဒါေပမယ့္ NLD ကေတာ့ ဒီမိုကေရစီဆိုတာကိုပဲ ေျပာၿပီးေတာ့ ဖက္ဒရယ္ကို အေနာက္ပို႔ထားတဲ့ဟာက သူတို႔ဆီမွာ ဘယ္လို ရပ္ တည္ခ်က္ရွိလဲေတာ့မသိဘူး၊ ဖက္ဒရယ္ကို မေပးခ်င္ ေသးဘဲနဲ႔ သူတို႔က အဲဒါေၾကာင့္ အေနာက္ပို႔တာလည္း ေတာ့ မေျပာတတ္ဘူး၊ သူတို႔က ႏွစ္သိမ့္တဲ့ပုံစံနဲ႔ပဲ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုလို႔ တိုင္းရင္းသား ေတြကို ေပးခ်င္တာလားဆိုတာကေတာ့ ေမးခြန္းထုတ္ စရာျဖစ္တယ္။ ဒါေပမယ့္ ဘယ္လိုပဲျဖစ္ေန ကြၽန္မတို႔ ဖြဲ႕စည္းပုံထြက္လာခဲ့မယ္ဆိုရင္ အထဲက အႏွစ္ေတြက တကယ့္ ဖက္ဒရယ္ျပည္ေထာင္စုအႏွစ္ကို ေဖာ္ေဆာင္ တဲ့အခ်က္ေတြ ျဖစ္လာရင္ေတာ့ ေခါင္းစဥ္ေတြ၊ အမည္ နာမေတြကေတာ့ သိပ္ျပႆနာမရွိေတာ့ဘူးလို႔ ကြၽန္မ ထင္တယ္။

အရင္တုန္းကေတာ့ NLD လက္ထက္မွာ ဒီမိုကေရစီ ကို အရင္သြားမယ္၊ ၿပီးမွ ဖက္ဒရယ္ကို သြားမယ္လို႔ ေျပာခဲ့ တယ္၊ ဒါေပမယ့္ တိုင္းရင္းသားေတြကက်ေတာ့ ဖက္ ဒရယ္ကို အရင္ဆုံးသြားခ်င္တယ္၊ ဒါမွမဟုတ္ရင္ ဖက္ ဒရယ္နဲ႔ ဒီမိုကေရစီ တစ္တန္းတည္း တြဲလုပ္မွ အဆင္ေျပမ ယ္လို႔ ျမင္ၾကတယ္။ အဲဒီလိုမ်ိဳး အျမင္ေတြအေပၚ တိုင္းရင္းသားတစ္ေယာက္အေနနဲ႔ ဘယ္လို သုံးသပ္ခ်င္လဲ။
ေစာနကေျပာသလိုေပါ့ NLD က အရင္တုန္းက ေတာ့ ဒီမိုကေရစီ၊ ၿပီးမွ ဖက္ဒရယ္ သြားမယ္ဆိုတာကို ေျပာတာမ်ိဳးကို ဘယ္လိုျမင္လို႔ရလဲဆိုေတာ့ သူတို႔က အာဏာတစ္ခုကို လက္ဆုပ္ကိုင္ထားတယ္လို႔ ေျပာလို႔ ရတယ္၊ ဥပမာ – တစ္ပါတီ အာဏာကို ကိုင္ထားမယ္။ ၿပီးရင္ ဒီမိုကေရစီ က်င့္စဥ္ေလးေတြ နည္းနည္းေလး ထည့္မယ္ဆိုတဲ့ဟာမ်ိဳးနဲ႔ သြားတာဆိုရင္လည္း သူတို႔ က Power Control လုပ္တဲ့ဟာမ်ိဳးကို သြားခ်င္တာ လားလို႔ မေျပာတတ္ဘူး။ ဒါေပမယ့္ ကြၽန္မတို႔ တိုင္း ရင္းသားေတြ ေျပာေနတဲ့ ဖက္ဒရယ္လို႔ ေျပာလိုက္ၿပီ ဆိုကတည္းက ဖက္ဒရယ္စနစ္ေအာက္မွာ ဒီမိုကေရစီ က်င့္စဥ္က ေအာ္တိုမစ္တစ္ပါလာၿပီလို႔ ယုံၾကည္ထား ၿပီးသားပဲေလ၊ တကူးတက ဒီမိုကေရစီလို႔ေတာင္ ေျပာစရာမလိုဘူး အဲဒါကေတာ့ ကြာျခားတယ္။ NLD က အရင္တုန္းကေျပာတဲ့ ဒီမိုကေရစီ အရင္သြားမယ္။ ေနာက္မွ ဖက္ဒရယ္ သြားမယ္ဆိုတဲ့ ဟာကေတာ့ တစ္ဖက္ကို ျပန္ၾကည့္ရင္ တစ္ပါတီအာဏာကို တည္ ေဆာက္ခ်င္တာလားဆိုတာကိုေတာ့ အရင္တုန္းက ေမးခြန္းအေနနဲ႔ ေတြးခဲ့ဖူးပါတယ္။ လက္ရွိ အေန အထား အရဆိုရင္ေတာ့ သူ အဲဒီလိုမ်ိဳးသြားလို႔လည္း မရဘူး၊ လက္ရွိစစ္ေကာင္စီကို တိုက္ဖို႔ဆိုရင္ တိုင္းရင္း သားအားလုံးက တူတူသြားမွသာ တိုက္ႏိုင္မယ္ဆို ေတာ့ NLD ကေတာ့ သူသြားခ်င္တာတစ္ခုတည္းကိုပဲ သြားလို႔မရေတာ့ဘူးလို႔ ကြၽန္မတို႔ကေတာ့ ျမင္တယ္။

ေနာက္ဆုံးအေနနဲ႔ တိုင္းရင္းသား ျပည္သူေတြအတြက္ ဆုေတာင္းစကားေလး ေျပာေပးပါဦး။
ကြၽန္မ တိုင္းရင္းသားအားလုံးကို ေျပာခ်င္တာက ေတာ့ လက္ရွိ အာဏာသိမ္း စစ္ေကာင္စီလက္ထဲကို ေရာက္ၿပီ။ စစ္တပ္ရဲ႕ ဖိႏွိပ္မႈကို တိုင္းရင္းသားေဒသ ေတြက အရင္ဆုံး စစ္အာဏာရွင္လက္ထက္ကတည္း က ေကာင္းေကာင္းေလး ခံစားခဲ့ရတယ္၊ ကြၽန္မတို႔ေတြ က စစ္ဒဏ္ကို အခံစားခဲ့ရဆုံး တိုင္းရင္းသားေတြ ျဖစ္ တယ္။ တိုင္းရင္းသားေဒသေတြမွာ ေနတဲ့သူတိုင္းက ခံစားခဲ့ရတယ္။ အဲဒါေၾကာင့္ လက္ရွိမွာလည္း ကြၽန္မ တို႔က စစ္အာဏာရွင္ကို လုံးဝ ဆက္လက္ခံလို႔ မျဖစ္ ဘူး။ ကြၽန္မတို႔ကေတာ့ အရင္တုန္းကလို တိုင္းရင္း သားေဒသေတြမွာ ေပၚတာ ဆြဲခံရတာတို႔၊ ႐ြာထဲ ဝင္ လာတာနဲ႔ ေၾကာက္လန႔္မႈျဖစ္တာေတြ ထပ္မေရာက္ဖို႔ ဆိုရင္ေတာ့ ကြၽန္မတို႔ အာဏာရွင္ေတြကို ညီညီၫြတ္ ၫြတ္နဲ႔ တိုက္ထုတ္သြားဖို႔လိုတယ္။ ညီညီၫြတ္ၫြတ္နဲ႔ သြားဖို႔လိုတယ္။ အားလုံး ညီမယ္ဆိုရင္ တိုက္ပြဲတစ္ခု က ေအာင္ျမင္မယ္လို႔ ယုံၾကည္ထားတယ္။ အဲဒါ ေၾကာင့္ အားလုံးကလည္း အားမေလ်ာ့ဘဲနဲ႔ အာဏာ ရွင္စနစ္ကို တြန္းလွန္ၾကပါလို႔ ေျပာခ်င္ပါတယ္။

ေက်းဇူးတင္ပါတယ္။
အယ္ဒီတာအဖြဲ႕

Unicode

စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားပြည်နယ် မြို့အတော်များများမှာ အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကော်မတီတွေ အသီးသီးပေါ်ပေါက်လာခဲ့တယ်။ အတွေးအခေါ်မျိုးစုံ၊ လှုပ်ရှားမှုမျိုးစုံဖြင့် ဆန့်ကျင်ဆန္ဒပြပွဲတွေကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့ကြတယ်။ ထိုအခြေ အနေများထဲမှာ ကယားပြည်နယ် သပိတ်ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နော်ဖော်ဝါးနှင့် မြန်မာ့ နိုင်ငံရေး အခြေအနေများကို မေးမြန်းဖြစ်ခဲ့ပါတယ်။
အရင်ဆုံး ကယားပြည်နယ် သပိတ်ကော်မတီရဲ့ လှုပ်ရှားမှု လေးတွေကို အကျဉ်းချုပ် ပြောပြပေးပါလား။
ကယားပြည်နယ် သပိတ်ကော်မတီလှုပ်ရှားမှု အနေနဲ့ကတော့ တရားဝင် ဖွဲ့စည်းလိုက်တာကတော့ ဖေဖော်ဝါရီ ၉ ရက်နေ့ကပါ။ အဲဒီမတိုင်ခင်ကတော့ ကျွန်မတို့ လှုပ်ရှားပါတယ်။ စနစ်တကျဖြစ်ဖို့ဆိုပြီး သပိတ်ကော်မတီကို ဖွဲ့လိုက်တယ်။ အဓိကလှုပ်ရှား နေတာကတော့ အာဏာရှင်ဆန့်ကျင်ရင်းနဲ့မှ ကျွန်မ တို့ရဲ့ ရပ်တည်ချက်မူကတော့ သုံးရပ်ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အာဏာရှင်ဆန့်ကျင်ဖို့ လှုပ်ရှားမှု၊ အာဏာရှင် ဖျက်သိမ်းရေးရှိမယ်။ အာဏာရှင်ကို အထောက်အပံ့ဖြစ်စေတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကို ဖျက် သိမ်းမယ်။ ပြီးရင် ကျွန်မတို့ နိုင်ငံနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတဲ့ မူဝါဒသုံးရပ်ကို စွဲကိုင်ပြီးတော့ အဓိကသွားနေကြ တယ်။ အာဏာရှင်ကို တွန်းလှန်တဲ့အထဲမှာ ဒီမူသုံးရပ် ကို အခြေခံပြီးတော့ တွန်းလှန်မှုတွေကို ကျွန်မတို့ လုပ်ဆောင်နေကြပါတယ်။
မြန်မာစစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ က စပြီး အာဏာသိမ်းယူခဲ့တယ်၊ အဲဒီလိုမျိုး အာဏာ သိမ်း ယူမှုအပေါ် တိုင်းရင်းသားပြည်သူတစ်ယောက် အနေနဲ့ ဘယ်လိုမျိုးခံစားမိလဲ။
ဒီအာဏာသိမ်းမှုကိုတော့ ကျွန်မတို့က လက်မခံ ပါဘူး။ လက်မခံတဲ့အတွက်လည်း လူထုသပိတ်တွေ မှာ ပါဝင်လာရတာပါ။ အဓိကကတော့ ဘာဖြစ်လို့ လည်းဆိုရင် ကျွန်မတို့က စစ်အာဏာရှင်စနစ်ကို လိုချင်ခဲ့တာ မဟုတ်ပါဘူး။ ဖက်ဒရယ် ပြည်ထောင်စု မဟုတ်လည်း ဒီမိုကရေစီနည်းအရ သွားနိုင်တာမျိုး ကိုပဲ ကျွန်မတို့ လိုချင်တယ်။ နောက်ဆုံး အစိုးရ တက် ဖြစ်မယ်ဆိုရင်တောင် ပြည်သူက ရွေးချယ်ထားတဲ့၊ ပြည်သူကနေပြီးတော့ ရွေးချယ်တင်မြှောက်မယ့် အစိုးရတစ်ရပ်ပဲ ဖြစ်ခွင့်ရှိရမယ်ဆိုတာမျိုးပေါ့။ စစ်တပ်ဆိုတဲ့အရာက ကျွန်မတို့ ကလေးဘဝကတည်း က ကြုံလာခဲ့ရပါပြီ။ စစ်တပ်ရဲ့လက်အောက်မှာ ကျွန်မတို့ ပြေးလွှားခဲ့ရတဲ့ စစ်ဒဏ်တွေကို ခံခဲ့ရတယ်၊ ဖြတ်သန်းခဲ့ရတဲ့ ကာလတစ်ခုရှိတဲ့ အတွက် စစ်တပ်ရဲ့ အာဏာသိမ်းမှု၊ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံတစ်ခုကို မဖြစ်လိုပါဘူး၊ အဲဒါကြောင့်မလို့လည်း ကျွန်မတို့ တော်လှန်မှုတွေကို လုပ်ရတာပါ၊ စစ်တပ် ဆိုတာ တစ်ခုတည်း မဟုတ်ပါဘူး၊ အာဏာရှင်ဆိုတဲ့ အရာရာ တိုင်းကို ကျွန်မတို့ မလိုချင်ပါဘူး။ ကျွန်မတို့ လူထုထဲက ရွေးကောက်တင်မြှောက်မယ့် ကျွန်မတို့ ကိုယ်တိုင်က ရွေးချယ်ခွင့်ရှိတဲ့အစိုးရတစ်ရပ်ကိုပဲ လိုချင်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ နေရာ တော်တော်များများမှာ လူထုသပိတ်တွေ ဆက်တိုက် ဖြစ်ပေါ်လာတယ်။ အခုဆို နိုင်ငံအနှံ့အပြားမှာ ဆန္ဒ ပြပွဲတွေ အရှိန်မြှင့်လာတာတွေ့ရတယ်။ ဒါကကော အာဏာရှင်စနစ်ကို ဖြုတ်ချရေးအတွက် ကောင်းတဲ့ အလားအလာတစ်ခု ဖြစ်လာနိုင်မလား၊ ဘယ်လိုမျိုး သုံးသပ်မိပါသလဲ။
ပြန်ယှဉ်ကြည့်မယ်ဆိုရင်တော့ ၁၉၈၈ ခုနှစ်တုန်း က အာဏာသိမ်းတဲ့ အချိန်တုန်းက ကျွန်မတို့က ကလေးဘဝပဲ ရှိသေးတယ်။ သိပ် မသိရပေမယ့် အဲဒီ အချိန်တုန်းကတော့ မီဒီယာ အမှောင်ချထားတာတော့ တစ်ခုရှိတယ်။ လက်ရှိမှာတော့ မီဒီယာတွေကလည်း အမှောင်ချထားလို့မရတဲ့အချိန်မှာ လူတော်တော် များများ လူငယ်ကအစ သူတို့ဆီမှာ နိုင်ငံရေး ကိုယ်ပိုင် တွေးခေါ်မှုတွေ အားကောင်းလာတယ်။ အဲဒါကြောင့် လည်း လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်တဲ့လူထု လှုပ် ရှားမှုက အားကောင်းလာတယ်။ ဖြိုခွင်းတယ် ဆိုပေ မယ့်လည်း လှုပ်ရှားမှုတွေက တအားအားကောင်းပြီး တော့ အခုဆိုရင် တစ်လကျော်လာပြီ ကျွန်မတို့ လူထု တွေက ဒီဟာတွေကို တောင့်ခံလာနိုင်တယ်။ အဲဒီမှာ လူငယ်တွေလည်း အများကြီး ပါဝင်လာတယ်။ ကျွန်မ တို့ ပြောနိုင်တာ တစ်ခုကတော့ ဒီဟာက အားတော် တော်ကောင်းလာတဲ့အတွက် နိုင်ငံတကာရဲ့ အမြင် မှာပဲဖြစ်ဖြစ် စစ်အာဏာရှင်ကို မလိုလားဘူးဆိုတာ ကို တော့ ကောင်းကောင်းလေး ပြနိုင်တယ်။ ဒါပေမယ့် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ဆိုတာကတော့ လူထု တွေရဲ့ ဆန္ဒဖော်ထုတ်တာ တစ်ခုတည်းနဲ့တော့ မဖြစ် နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ Institution ခိုင်မာနေတယ်။ လက်နက်တွေကလည်း ရှိနေတယ် ဆိုတော့ ဒီဟာတွေကို ဖြိုခွင်းနိုင်ဖို့ တခြားသော ပြင် ဆင်မှုတွေကလည်း အရမ်းအရေးကြီးတယ်။ လူထု ကတော့ အတိုင်းအတာအလွန်ဆုံးကတော့ လမ်းပေါ် ထွက်ပြီး သူတို့ ဆန္ဒဖော်ထုတ်တာကတော့ လူထုတွေ ရဲ့ လုပ်နိုင် တဲ့အားပေါ့လေ။ ဒါကလည်း တအား ကောင်းတယ်။ ဒါက စစ်အာဏာရှင် ဖြုတ်ချရေးမှာ တစ်ဖက်တစ်လှမ်းကနေ တော်တော်လေးကို အထောက်အကူဖြစ်တယ် ဆိုတာကိုတော့ ကျွန်မတို့ လက်ခံထားပါတယ်။

စစ်ကောင်စီက တွေ့ဆုံ ဆွေးနွေးဖို့ ခေါ်ယူတဲ့အချိန် မှာ ၅၃ ပါတီ တက်ရောက်ကြတယ်၊ အဲဒီမှာ တိုင်း ရင်းသား ပါတီတချို့လည်း တက်ရောက်ကြတယ်။ စစ်ကောင်စီနဲ့ တိုင်းရင်းသားပါတီတွေရဲ့ တွေ့ဆုံမှုကကော တိုင်း ရင်းသားအရေး၊ ဖက်ဒရယ်ရေးအတွက် ကောင်းကျိုး သက်ရောက်မှုရှိနိုင်သလား၊ ဘယ်လိုမျိုး မျှော်လင့်မိလဲ။
ကျွန်မတို့အနေနဲ့ လက်ခံထားတာကတော့ အာဏာသိမ်း စစ်ကောင်စီနဲ့ သွားရောက် ညှိနှိုင်းတာ ကို တော့ လက်မခံထားပါဘူး။ အဲဒါကြောင့် ကျွန်မတို့ ပြည်နယ်မှာ ပြန်ကြည့်မယ်ဆိုရင်လည်း ကျွန်မတို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေကတော့ သွားတွေ့ထားတဲ့ အထဲမှာ မတွေ့ရဘူး၊ ပြည်နယ်မှာ ရှိတဲ့ အခြေစိုက်တိုင်းရင်းသား ပါတီနှစ်ခုရှိတယ်၊ အဲဒီ နှစ်ခုကတော့ ပါတီအနေနဲ့ သွားတွေ့ထားတာ မရှိပါ ဘူး။ ဒါကြောင့်လည်း ကျွန်မတို့က လူထုအနေနဲ့ ဒီလို မျိုး သွားရောက်တွေ့ဆုံမှုမရှိခဲ့တဲ့အပေါ် တော်တော် လေး အားရှိပါတယ်။ ဒါကလည်း တိုင်းရင်းသား ပါတီတွေက ကျွန်မတို့နဲ့ ရပ်တည်ချက်တူတယ်လို့ ပြောလို့ရတယ်။ သွားတွေ့တဲ့အဖွဲ့တွေနဲ့ သူတို့တွေနဲ့ သွားနေတဲ့ ပုံစံကတော့ အာဏာသိမ်း စစ်ကောင်စီက တော့ ခေါ်တွေ့နေတာပါပဲ၊ ဒါပေမယ့် တွေ့ဆုံဆွေး နွေးမှုတွေကတော့ ကျွန်မတို့လက်ရှိတောင်းဆိုနေတဲ့ အချက်တွေ ဖြစ်လာမယ်လို့ မထင်ပါဘူး။ ကျွန်မတို့ တောင်းဆိုတဲ့ မူသုံးရပ်ကတော့ ဖြစ်လာနိုင်ဖို့ မျှော် လင့်ချက် သိပ်မရှိပါဘူး။ သူတို့နဲ့ သွားတွေ့တာတွေကို ပြန်ကြည့် လိုက်မယ်ဆိုရင် တပ်နဲ့မကင်းတဲ့ ပါတီ အများစု ဖြစ်နေတယ်။ အားလုံးကို ပြန်ကြည့်လိုက် မယ်ဆိုရင် အဲဒါမျိုးတွေ ရှိနေတဲ့ကဏ္ဍတစ်ခုကို မြင်ရတယ်၊ တချို့သော တိုင်းရင်းသားပါတီတွေ ကတော့ တပ်နဲ့တော့ ကင်းအောင်ကင်းမယ် သူတို့က ဘယ်လိုပါတီရဲ့ ရပ်တည်ချက်နဲ့ သွားတွေ့တာလည်း ကျွန်မတို့ မပြောနိုင်ဘူး၊ ဒါပေမယ့် ကျွန်မတို့ လိုချင်တဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကိုတော့ ဒီအာဏာသိမ်းစစ်ကောင်စီနဲ့ သွားတွေ့တဲ့ အဖွဲ့တွေ ထဲမှာတော့ မျှော်လင့်ချက် မရှိဘူး။ ယုံကြည်မှု မရှိပါ ဘူး။

လက်ရှိ အခြေအနေအရ စစ်ကောင်စီက အာဏာ တည်မြဲ ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတယ်။ ပြည်သူတွေ ဘက်ကလည်း စစ်ကောင်စီကို တော် လှန်ဖို့ ကြိုးစားနေ တယ်။ CRPH ကလည်း နိုင်ငံတကာ မှာ မြန်မာပြည် ဒီမို ကရေစီရရှိရေးအတွက် ကြိုးစား နေကြတယ်၊ ပြည်သူ တစ်ယောက်အနေနဲ့ မြန်မာ နိုင်ငံရဲ့ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီ အရေးတွေက ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်မယ်လို့ ထင်မိပါ သလဲ။
အာဏာသိမ်းစစ်ကောင်စီရဲ့ ကဏ္ဍတစ်ခုကို တော့ ထားထားလိုက်ပါ၊ ကျွန်မတို့ဘက်ကလည်း လူထုတော်လှန်မှုတွေကို လုပ်နေတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တောင်းဆိုမှုတွေကလည်း တူလာတယ်။ CRPH ကလည်း ပြီးခဲ့တဲ့ အပတ် လောက်မှာ ထွက်လာတဲ့ အထဲမှာဆိုရင် ကျွန်မတို့ ပြည်နယ်တိုင်းရင်းသားဒေသတွေက တောင်းဆိုတဲ့ အချက်တွေကို သူတို့တွေ လိုက်လျောလာတာ တွေ့ရ တယ်၊ စောနကပြောတဲ့ ၂၀ဝ၈ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စုဖော်ဆောင်ရေးဆိုတာတွေ နဲ့ ပတ်သက်ပြီး သဘောတူတဲ့ပုံစံမျိုး စာတွေလည်း ထွက်လာတဲ့အတွက် တစ်စုံတစ်ရာ အားရမှုရှိတယ်။ အဲဒီလိုမျိုးသာ လက်တွေ့အကောင်အထည်ဖော်လာ နိုင်မယ်ဆိုရင်တော့ ခုနကပြောတဲ့ ဖက်ဒရယ်အရေး အတွက်တော့ တအားကို ကောင်းမယ့်အရာတစ်ခု ဖြစ်မယ်။ ဒါကို လက်တွေ့ကျကျ လုပ်မယ်ဆိုရင် အာဏာသိမ်း စစ်ကောင်စီကို ဖယ်ရှားနိုင်မယ်။ အရေး ကြီးတာကတော့ CRPH အနေနဲ့က စာအနေနဲ့ ထွက် တာမဟုတ်ဘဲ ဘယ်လောက် လှုပ်ရှားမှုတွေ ရှိနေပြီလဲ၊ တွေ့ဆုံဆွေးနွေးမှုတွေ ရှိနေပြီလဲ၊ အားလုံး ပါဝင်ဖို့ တကယ်ပဲ ဖွင့်ထားပြီးလားဆိုတဲ့ ကဏ္ဍကတော့ နည်း နည်းစဉ်းစားရမယ့် အပိုင်းရှိတယ်၊ သူတို့ကတော့ ကြိုးစားမယ်လို့ ကျွန်မတို့ကတော့ မျှော်လင့်တယ်။

လူထုလှုပ်ရှားမှုတွေမှာ အထူးသဖြင့် လူငယ်တွေ ကြိုးကြိုးစားစားပါဝင်လာတာလည်း တွေ့ရတယ်၊ အခုလိုမျိုး လူငယ်တွေ စစ်ကောင်စီ ဖြုတ်ချရေးမှာ ပါဝင်လာပြီး ကြိုးကြိုးစားစားလုပ်ဆောင်မှုတွေ အပေါ် ဘယ်လိုမျိုး မြင်မိလဲ။
အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်တဲ့နေရာ မှာ လူငယ်တွေ အများကြီး ပါဝင်လာတာက တိုင်းပြည် အတွက် တအားကောင်းပါတယ်။ ကျွန်မတို့ထက်ငယ် တဲ့ မျိုးဆက်သစ်တွေလည်း အများကြီး ပါလာတဲ့ အတွက် တော်တော်ကို ကောင်းတယ်။ ဒီအခွင့်အရေး ကိုသာ ခုနကပြောတဲ့ ဦးဆောင်မှုတွေယူနေတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေကပဲ ဖြစ်ဖြစ်၊ ကျန်တဲ့ လက်နက်ကိုင်အစုအဖွဲ့တွေပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာ ဦးဆောင်မှုပြုနေတဲ့သူတွေက ကောင်း ကောင်းလေး ဒီအပေါ်မှာ အသုံးချပြီးတော့ တကယ့်ကို ကျွန်တော်တို့နိုင်ငံအတွက် သင့်လျော်တဲ့ တိုင်းရင်း သားအားလုံးကလည်း လိုလားတဲ့ ဖက်ဒရယ်ကို ဖော် ဆောင်မယ့် အခွင့်အခါကောင်းလို့ ကျွန်မတို့ကလည်း မြင်ပါတယ်။ ကျွန်မတို့ လူငယ်တော်တော်များများက လည်း လမ်းပေါ်ထွက်ပြီး အသက်တွေလည်း ပေးပြီး တောင်းဆိုနေပြီ ။ ဒီအခွင့်ရေးကလည်း ဘာကိုပြနေ သလဲဆိုရင် ကျွန်မတို့ အရင် ငါးနှစ် သက်တမ်းမှာတုန်း က လုံးဝပြင်လို့ မရနိုင်တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကို ကျွန်မတို့ လုံးဝပြင်ပြီးတော့ တိုင်းရင်းသားအားလုံးက ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံကိစ္စတွေကို အာရုံစိုက်တဲ့နေရာ မှာ ဒါဟာ အခွင့်အခါကောင်းလို့ ထင်တယ်။ ဒီနေရာကို ဒီလူတွေက အသုံးချမယ်၊ လူငယ်ရော၊ လူကြီးရော လက်တွဲညီညီနဲ့ တကယ့်စနစ်တကျ ဖော်ဆောင်ခဲ့မယ် ဆိုရင်တော့ တကယ်ကိုကောင်းတဲ့ ဖက်ဒရယ် ပြည် ထောင်စုတစ်ခုကို ဖော်ဆောင်နိုင်မယ်လို့ ထင်တယ်။ အများကြီးတော့ အချိန်ယူရမယ်၊ လက်ရှိကတော့ စစ်ကောင်စီကို ဖယ်နိုင်ဖို့ကလည်း ဗျူဟာကျကျနဲ့ လုပ်ဖို့ လိုနေပြီ၊ ကျွန်မတို့ လူထုအနေနဲ့ကတော့ ဆန္ဒ ထုတ်ဖော်မှုတွေကို ကြိုးစားလုပ်ပေးနေပြီ၊ ဒါပေမယ့် ကျန်တဲ့အပိုင်းတွေမှာလည်း တာဝန်ရှိသူတွေက ကောင်းကောင်းလုပ်ဖို့တော့ လိုအပ်တယ်လို့ ကျွန်မ မြင်ပါတယ်။

တကယ်လို့ စစ်ကောင်စီက လူထုကို ရှုံးပြီးတော့ သူတို့ အာဏာပြုတ်သွားတဲ့အခါ ပြည်သူတွေရဲ့ စစ်ကောင်စီ ဖြုတ်ချရေးအောင်မြင်ခဲ့ရင် တိုင်းရင်း သားဒေသတွေက တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေက ရလာနိုင်မယ်လို့ ထင်မိသလား။
သူတို့ကို ဖြုတ်ချပြီးရင် သေချာတာကတော့ ၂၀ဝ၈ ကတော့ အော်တိုမစ်တစ် ပျက်သွားပြီပေါ့၊ အဒီလိုမျိုးအော်တိုမစ်တစ်ပျက်တဲ့ အဆင့်ကို ကျွန်မတို့ လုပ်နိုင်မယ်၊ အခုလည်း တော်တော်များများက ၂၀ဝ၈ ဖျက်သိမ်းရေးကို နိုင်ငံရေးတောင်းဆိုမှုအဖွဲ့တွေကော၊ CRPH ကလည်း နည်းနည်းသဘောတူလာတယ်။ ကျွန်မတို့ တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံဟာတွေကိုလည်း သူတို့က သဘောတူလာပြီ။ တိုင်းရင်းသားဒေသတွေမှာလည်း ဒါက တောက် လျှောက်လိုလားနေတဲ့ အရာဖြစ်တယ်၊ ကျွန်မတို့ အာဏာသိမ်းစစ်ကောင်စီကို ဖယ်ရှားနိုင်ပြီဆိုရင် ကြားကာလမှာ တက်လာမယ့် အစိုးရကလည်း ဘယ် လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံတစ်ခုကို သူ့ရဲ့ လက်ထဲမှာ ဖွဲ့စည်းနိုင်မှာဖြစ်တဲ့အတွက် ကျွန်မတို့ လူထုအားလုံး ကလည်း တိုင်းရင်းသားဒေသတွေအားလုံး ပါဝင်မှုနဲ့ ပြန်သွားမယ်ဆိုရင်တော့ သေချာတာက ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံတစ်ခုတော့ လုပ်သွားနိုင်မယ် လို့ ထင်တယ်။ တချို့လည်း ဖွဲ့စည်းပုံတွေက တော် တော်များများ တိုင်းရင်းသားဒေသတွေမှာ ကိုယ့်ပြည် နယ် အလိုက် ကြိုးစားပြီး မူကြမ်းတွေ ဆွဲထားတာ လည်း ရှိနေတယ်ဆိုတာကို ကျွန်မတို့ ကြားထားတာ လည်း ရှိတဲ့အတွက် အဆင့်တစ်ခုကိုတော့ သွားနိုင်မှာ ပေါ့၊ အဓိကအရေးကြီးတာကတော့ အာဏာသိမ်း စစ်ကောင်စီကို ဖယ်ရှားနိုင်မယ်။ တက်လာတဲ့ ကြား ဖြတ်အစိုးရပဲ ပြောပြောပေါ့ သူကတော့ သူ့သက်တမ်း မှာ ဖက်ဒရယ် ဖွဲ့စည်းပုံ ဖော်ဆောင်ဖို့ကို သူ့မှာလုပ်ကို လုပ်ရမယ့် တာဝန်ရှိတယ်၊ အဲဒီအချိန်မှာဆိုရင်တော့ ကျွန်မတို့ လိုချင်တဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံတစ်ခု ကောင်း ကောင်းလေးဖြစ်လာနိုင်ဖို့ အားလုံးဝိုင်းလုပ်မယ် ဆိုရင်တော့ ဒါက အခွင့်အခါကောင်းဆုံး အချိန်လို့ မြင်ပါတယ်။

CRPH တို့ဘက် က အရင် NLD အစိုးရခေတ်မှာ ဒီမိုကရေစီ ဖက်ဒရယ်လို့ သုံးနှုန်းတယ်။ တိုင်းရင်းသား တွေကကျတော့ ဖက်ဒရယ် ဒီမိုကရေစီလို့ပဲ သုံးနှုန်းစေချင် တာပေါ့။ စကားရှေ့နောက်ပဲ ကွာတယ် ဆိုပေမယ့် အနှစ် သာရ အားဖြင့်ဆိုရင် ဘာတွေ ကွာ ခြားမှုရှိနေလဲ။
အနှစ်သာရကတော့လေ တကယ်တော့ စကား လုံးနဲ့ အဓိပ္ပာယ်ဖော်ကြတာပေါ့၊ ဒါပေမယ့် ပြီးခဲ့တဲ့ ထွက်လာတဲ့ စာမှာ ကျွန်မ ကြည့်ပြီးပါပြီ CRPH က ပြောတဲ့ အထဲမှာလည်း ဒီမိုကရေစီ ဖက်ဒရယ်လို့ မပြောထားဘဲနဲ့ ဖက်ဒရယ် ဒီမိုကရေစီလို့ ပြန်သုံးထား တာလေး တွေ့လိုက်ပါတယ်။ ဒီဟာကတော့ သိပ် အငြင်းပွားစရာ မရှိတော့ဘူး၊ ခုနကပြောသလို အနှစ် သာရ ကွာလား မကွာလားဆိုတာကတော့ တကယ့် ဖွဲ့စည်းပုံ ရေးဆွဲတဲ့အချိန်မှာ အဓိကကျမယ်လို့တော့ ကျွန်မတို့ ထင်တယ်။ တစ်ခါတလေ နာမည်ကို အငြင်း မပွားဘဲနဲ့ ဖွဲ့စည်းပုံမှာပါတဲ့ အချက်အလက်တွေကသာ တကယ့် ဖက်ဒရယ်ကို ဘယ်လောက်အတိုင်းအတာ အထိ ကိုယ်စားပြုလဲ၊ ဖက်ဒရယ်လို့ ပြောပြီဆိုရင် ဒီမိုကရေစီ ကျင့်စဉ် အော်တိုမစ်တစ်ပါလာပြီ။ ဒီအပေါ် မှာပဲ အဓိက ဆုံးဖြတ်လိမ့်မယ်၊ ဒါထက်နာမည်နဲ့ အငြင်း ပွားတာထက်စာရင် အထဲက အနှစ်လေးကို အဓိက ချိန်ဆဖို့ လိုမယ်လို့ ထင်ပါတယ်။ ကွာဟမှုကိုတော့ သိပ်မပြောပါဘူး။ တိုင်းရင်းသားတွေကတော့ ပြောကြ တာပေါ့။ တကယ်ဆိုရင် ဖက်ဒရယ် ပြည်ထောင်စုလို့ ပြောလိုက်ရင်ကို ပြီးနေပြီ ဒီမိုကရေစီက အော်တိုမစ် တစ် ပါလာပြီးသားပါပဲ။ ဒါပေမယ့် NLD ကတော့ ဒီမိုကရေစီဆိုတာကိုပဲ ပြောပြီးတော့ ဖက်ဒရယ်ကို အနောက်ပို့ထားတဲ့ဟာက သူတို့ဆီမှာ ဘယ်လို ရပ် တည်ချက်ရှိလဲတော့မသိဘူး၊ ဖက်ဒရယ်ကို မပေးချင် သေးဘဲနဲ့ သူတို့က အဲဒါကြောင့် အနောက်ပို့တာလည်း တော့ မပြောတတ်ဘူး၊ သူတို့က နှစ်သိမ့်တဲ့ပုံစံနဲ့ပဲ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုလို့ တိုင်းရင်းသား တွေကို ပေးချင်တာလားဆိုတာကတော့ မေးခွန်းထုတ် စရာဖြစ်တယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်နေ ကျွန်မတို့ ဖွဲ့စည်းပုံထွက်လာခဲ့မယ်ဆိုရင် အထဲက အနှစ်တွေက တကယ့် ဖက်ဒရယ်ပြည်ထောင်စုအနှစ်ကို ဖော်ဆောင် တဲ့အချက်တွေ ဖြစ်လာရင်တော့ ခေါင်းစဉ်တွေ၊ အမည် နာမတွေကတော့ သိပ်ပြဿနာမရှိတော့ဘူးလို့ ကျွန်မ ထင်တယ်။

အရင်တုန်းကတော့ NLD လက်ထက်မှာ ဒီမိုကရေစီ ကို အရင်သွားမယ်၊ ပြီးမှ ဖက်ဒရယ်ကို သွားမယ်လို့ ပြောခဲ့ တယ်၊ ဒါပေမယ့် တိုင်းရင်းသားတွေကကျတော့ ဖက် ဒရယ်ကို အရင်ဆုံးသွားချင်တယ်၊ ဒါမှမဟုတ်ရင် ဖက် ဒရယ်နဲ့ ဒီမိုကရေစီ တစ်တန်းတည်း တွဲလုပ်မှ အဆင်ပြေမ ယ်လို့ မြင်ကြတယ်။ အဲဒီလိုမျိုး အမြင်တွေအပေါ် တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဘယ်လို သုံးသပ်ချင်လဲ။
စောနကပြောသလိုပေါ့ NLD က အရင်တုန်းက တော့ ဒီမိုကရေစီ၊ ပြီးမှ ဖက်ဒရယ် သွားမယ်ဆိုတာကို ပြောတာမျိုးကို ဘယ်လိုမြင်လို့ရလဲဆိုတော့ သူတို့က အာဏာတစ်ခုကို လက်ဆုပ်ကိုင်ထားတယ်လို့ ပြောလို့ ရတယ်၊ ဥပမာ – တစ်ပါတီ အာဏာကို ကိုင်ထားမယ်။ ပြီးရင် ဒီမိုကရေစီ ကျင့်စဉ်လေးတွေ နည်းနည်းလေး ထည့်မယ်ဆိုတဲ့ဟာမျိုးနဲ့ သွားတာဆိုရင်လည်း သူတို့ က Power Control လုပ်တဲ့ဟာမျိုးကို သွားချင်တာ လားလို့ မပြောတတ်ဘူး။ ဒါပေမယ့် ကျွန်မတို့ တိုင်း ရင်းသားတွေ ပြောနေတဲ့ ဖက်ဒရယ်လို့ ပြောလိုက်ပြီ ဆိုကတည်းက ဖက်ဒရယ်စနစ်အောက်မှာ ဒီမိုကရေစီ ကျင့်စဉ်က အော်တိုမစ်တစ်ပါလာပြီလို့ ယုံကြည်ထား ပြီးသားပဲလေ၊ တကူးတက ဒီမိုကရေစီလို့တောင် ပြောစရာမလိုဘူး အဲဒါကတော့ ကွာခြားတယ်။ NLD က အရင်တုန်းကပြောတဲ့ ဒီမိုကရေစီ အရင်သွားမယ်။ နောက်မှ ဖက်ဒရယ် သွားမယ်ဆိုတဲ့ ဟာကတော့ တစ်ဖက်ကို ပြန်ကြည့်ရင် တစ်ပါတီအာဏာကို တည် ဆောက်ချင်တာလားဆိုတာကိုတော့ အရင်တုန်းက မေးခွန်းအနေနဲ့ တွေးခဲ့ဖူးပါတယ်။ လက်ရှိ အနေ အထား အရဆိုရင်တော့ သူ အဲဒီလိုမျိုးသွားလို့လည်း မရဘူး၊ လက်ရှိစစ်ကောင်စီကို တိုက်ဖို့ဆိုရင် တိုင်းရင်း သားအားလုံးက တူတူသွားမှသာ တိုက်နိုင်မယ်ဆို တော့ NLD ကတော့ သူသွားချင်တာတစ်ခုတည်းကိုပဲ သွားလို့မရတော့ဘူးလို့ ကျွန်မတို့ကတော့ မြင်တယ်။

နောက်ဆုံးအနေနဲ့ တိုင်းရင်းသား ပြည်သူတွေအတွက် ဆုတောင်းစကားလေး ပြောပေးပါဦး။
ကျွန်မ တိုင်းရင်းသားအားလုံးကို ပြောချင်တာက တော့ လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထဲကို ရောက်ပြီ။ စစ်တပ်ရဲ့ ဖိနှိပ်မှုကို တိုင်းရင်းသားဒေသ တွေက အရင်ဆုံး စစ်အာဏာရှင်လက်ထက်ကတည်း က ကောင်းကောင်းလေး ခံစားခဲ့ရတယ်၊ ကျွန်မတို့တွေ က စစ်ဒဏ်ကို အခံစားခဲ့ရဆုံး တိုင်းရင်းသားတွေ ဖြစ် တယ်။ တိုင်းရင်းသားဒေသတွေမှာ နေတဲ့သူတိုင်းက ခံစားခဲ့ရတယ်။ အဲဒါကြောင့် လက်ရှိမှာလည်း ကျွန်မ တို့က စစ်အာဏာရှင်ကို လုံးဝ ဆက်လက်ခံလို့ မဖြစ် ဘူး။ ကျွန်မတို့ကတော့ အရင်တုန်းကလို တိုင်းရင်း သားဒေသတွေမှာ ပေါ်တာ ဆွဲခံရတာတို့၊ ရွာထဲ ဝင် လာတာနဲ့ ကြောက်လန့်မှုဖြစ်တာတွေ ထပ်မရောက်ဖို့ ဆိုရင်တော့ ကျွန်မတို့ အာဏာရှင်တွေကို ညီညီညွတ် ညွတ်နဲ့ တိုက်ထုတ်သွားဖို့လိုတယ်။ ညီညီညွတ်ညွတ်နဲ့ သွားဖို့လိုတယ်။ အားလုံး ညီမယ်ဆိုရင် တိုက်ပွဲတစ်ခု က အောင်မြင်မယ်လို့ ယုံကြည်ထားတယ်။ အဲဒါ ကြောင့် အားလုံးကလည်း အားမလျော့ဘဲနဲ့ အာဏာ ရှင်စနစ်ကို တွန်းလှန်ကြပါလို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
အယ်ဒီတာအဖွဲ့