• Today is: Friday, June 25, 2021

ကယားလူမျိုး ၉ မျိုး

Federal Journal
June09/ 2021

Zawgyi
ကယားတြင္ လူမ်ိဳးစုစုစုေပါင္း ၉ မ်ိဳးရွိသည္။
(၁) ကယား(သို႔)ကရင္နီ Kayah
(၂) လာ့တ(သို႔)ဇယိန္ Zayein
(၃) ကယန္း (သို႔) ပေဒါင္ Ka-Yun (Padaung)
(၄) ေဂခို(ကဲ့ခို) Gheko
(၅) ေဂဘား Kebar
(၆) ပရဲ(ကေယာ) Bre (Ka-Yaw)
(၇) မႏူမေနာ Manu Manaw
(၈) ယင္းတလဲ Yin Talai
(၉) ယင္းေဘာ္ Yin Baw

ကယားလူမ်ိဳး ေနာက္ခံသမိုင္းေၾကာင္းႏွင့္ ေပၚေပါက္လာပုံ
ကယားလူမ်ိဳးတို႔သည္ လူႏွင့္ငွက္အမ်ိဳးအႏြယ္ ျဖစ္ေသာ ကိႏၷရီကိႏၷရာတို႔မွ ဆင္းသက္ေပါက္ဖြားလာ ေသာ လူမ်ိဳးမ်ားျဖစ္သည္ဟု ယုံၾကည္ၾကသည့္အတိုင္း ကိႏၷရီ၊ ကိႏၷရာတို႔ ေပ်ာ္ျမဴးရာေဒသျဖစ္သည့္ေငြေတာင္ ျပည္သို႔ေရာက္ရွိရန္ ဆုေတာင္းခဲ့ၾကသည္။ ကယား လူမ်ိဳးတို႔သည္ ျပည္ေထာင္စုျမန္မာႏိုင္ငံတြင္ ပါဝင္ ေသာ ကယားျပည္နယ္၌ အမ်ားဆုံးေနထိုင္ၾကသူမ်ား ျဖစ္ေပသည္။ ကယားလူမ်ိဳးတို႔ကိုျပည္နယ္၏ အေရွ႕ ပိုင္း လြိဳင္ေကာ္ၿမိဳ႕ အေရွ႕တာင္ဘက္ေဒသ ကႏၲဝတီ နယ္သံလြင္ျမစ္ကမ္း ႏွစ္ဖက္တို႔၌ အမ်ားဆုံး ေတြ႕ရ သည္။ ၁၉၃၁ ခုႏွစ္ သန္းေခါင္စာရင္း ေကာက္ယူခ်က္ အရ ကယားလူမ်ိဳး (၃၁၅၀ဝ) ေက်ာ္မွ်ရွိသည္ဟု သိရ သည္။ ေျပာဆိုေသာစကားမ်ား၏ နီးစပ္မႈကိုေထာက္၍ ကယားလူမ်ိဳးတို႔မွာ တိဗက္ျမန္မာစုဝင္ ကရင္စုခြဲ၌ ပါဝင္ေသာ လူမ်ိဳးတစ္မ်ိဳးျဖစ္သည္ဟု ဘာသႏၲရ ပါရဂူတို႔က ဆုံးျဖတ္ခဲ့ၾကသည္။
[ ဦးဖိုးက်ားေရးေသာ ေခတ္မီျမန္မာရာဇဝင္ အက်ဥ္းစာအုပ္မွ]

လူမ်ိဳးစုအားျဖင့္ ထိုင္းတ႐ုတ္အႏြယ္ဝင္ျဖစ္ၿပီး ကရင္လူမ်ိဳးစုတြင္ပါဝင္သည္။ အဂၤလိပ္လက္ထက္ မွစၿပီး ကရင္နီဟုေခၚခဲ့သည္။ မင္းတုန္းမင္းသည္ အေနာက္ ကရင္နီနယ္ကို သိမ္းပိုက္ရန္ ႀကိဳးစားသျဖင့္ ၿဗိတိသွ်တို႔က ကန႔္ကြက္သည္။ သို႔ျဖင့္ မင္းတုန္းမင္း ႏွင့္ ေအာက္ျမန္မာျပည္ ဝန္ရွင္ေတာ္မင္းႀကီးဖယ္ရာ တို႔၏ သေဘာတူစာခ်ဳပ္အရ ကရင္နီနယ္ကို သီးျခား လြတ္လပ္ေသာနယ္ေျမအျဖစ္ အသိအမွတ္ျပဳသည္။ ကရင္နီနယ္သည္ အဂၤလိပ္ကိုလိုနီေခတ္တြင္ လြတ္ လပ္ေသာ ၾကားနယ္ေျမ ျဖစ္ခဲ့သည္။ သို႔ရာတြင္ ၿဗိတိသွ် တို႔သည္ ကရင္နီနယ္တြင္ ဝင္ေရာက္စြက္ဖက္ၿမဲ စြက္ ဖက္ခဲ့သည္။ ၿဗိတိသွ်တို႔သည္ ကရင္မ်ိဳးႏြယ္စုမ်ား အားဝတ္သည့္ အက်ႌကိုၾကည့္ၿပီး ကရင္ျဖဴ၊ ကရင္နီ၊ ကရင္နက္၊ ကရင္ၾကားဟု သတ္မွတ္ေခၚဆိုေသာ ေၾကာင့္ ျဖစ္သည္။
ေတာင္တန္းျပည္မ ေပါင္းစည္းေရးကိစၥ၌ ပထဝီ ႏိုင္ငံေရးအရ ေပါင္းစည္းေရးကို ကရင္နီျပည္နယ္ ေခါင္းေဆာင္မ်ားက လက္ခံခဲ့သည္။ ေနာက္ပိုင္းတြင္ ကရင္နီျပည္နယ္ကို သက္သက္အျဖစ္ ကယားျပည္ နယ္ဟူ၍ မဲခြဲသတ္မွတ္ခဲ့သည္။ ျပည္ေထာင္စု ျမန္မာ ႏိုင္ငံ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒပုဒ္မ ၁၈၀ (၁) (က) ပါ ကရင္နီျပည္နယ္ကို ပယ္ဖ်က္ၿပီး ကယားျပည္ နယ္ဟု ျပင္ဆင္ျပ႒ာန္းေပးရန္ ၁၉၅၀ ေဖေဖာ္ဝါရီတြင္ က်င္းပသည့္ လႊတ္ေတာ္၌ ကရင္ျပည္နယ္ကိုယ္စား လွယ္ ဦးစိန္က အဆိုျပဳခ်က္ တင္သြင္းခဲ့သည္။ အထူး စုံစမ္းေရးေကာ္မတီက စုံစမ္းၿပီး ၁၉၅၁ ေအာက္တို ဘာတြင္ ကရင္နီမွ ကယားဟူ၍ ေျပာင္းလဲခဲ့သည္။
ကရင္နီတို႔က ဒါဟာ ျမန္မာအစိုးရက တစ္ခ်ိန္က ကရင္နီျပည္နယ္ရဲ႕ လြတ္လပ္ မႈကို ျပည္ဖုံးကားခ်ခ်င္ လို႔ ကယားဆိုၿပီး အမည္ေျပာင္းျဖစ္တယ္ဟူ၍ သူတို႔ ၏သမိုင္းတြင္ ေရးသားေဖာ္ျပထားသည္။ ထို႔ေၾကာင့္ သူတို႔သည္ ကယားဆိုသည္ကိုမႀကိဳက္။ ကရင္နီဟု ေခၚသည္ကိုသာ ႀကိဳက္ႏွစ္သက္သည္။

ကယားႏွင့္ ကရင္နီအေခၚအေဝၚ
ဝတ္ဆင္ေသာ အဝတ္အထည္တို႔၏ နီေသာ အေရာင္အေသြးကို လိုက္၍ ျမန္မာတို႔က ကယားလူမ်ိဳး တို႔ကို ေရွးအခါက ကရင္နီဟု ေခၚေဝၚၾကသည္။ အသားေရာင္ နီျမန္းျခင္းေၾကာင့္ ကရင္နီဟုေခၚဆိုျခင္း မဟုတ္ပါ။ ကယားလူမ်ိဳးတို႔ကမူ သူတို႔ကိုယ္သူတို႔ ကယား သို႔မဟုတ္ ကယားလိဟု ေခၚေဝၚၾကသည္။ ကယားဟူေသာ အဓိပၸာယ္မွာ ကယားဘာသာစကား အရ လူဟုအဓိပၸာယ္ရ၍ ကယားလိဟူေသာ ေဝါဟာရ အဓိပၸာယ္မွာ လူနီဟုအဓိပၸာယ္ရသည္။ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ ဖြဲ႕အစည္းအုပ္ခ်ဳပ္ပုံအေျခခံ ဥပေဒ (၁၉၄၇) ႏွစ္တြင္ ကရင္ျပည္နယ္ ဖြဲ႕စည္းေသာအခါ၌ ကရင္နီနယ္ကိုပါ ထည့္သြင္းရန္ ရည္မွန္းခ်က္ရွိခဲ့ သည္။ ၁၉၅၁ ခုႏွစ္ အတြင္းက အမည္ေျပာင္းလဲေရး ႏွင့္ ကယားျပည္နယ္ သီးသန႔္တည္ရွိေရးတို႔အတြက္ ပါလီမန္မွ အက္ဥပေဒျပဳလုပ္ကာ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံ ဥပေဒတြင္ လိုအပ္ေသာပုဒ္မမ်ားကို ျပင္ဆင္ ခြင့္ရရွိခဲ့သည္။

ဝတ္စားဆင္ယင္ပုံ
ကယားလူမ်ိဳးမ်ားသည္ အရပ္အေမာင္း (၅)ေပေက်ာ္ခန႔္ရွိၿပီး မ်က္လုံးမ်က္ခုံး ေကာင္း၍ ႐ိုးျမင့္ သည့္ ႏွာတံအေနေတာ္ျဖစ္ၿပီး ေမး႐ိုးဝိုင္းသည္၊ အသားညိဳသည္။ ဆံပင္နက္၍ အနည္းငယ္ ၾကမ္းပုံ ေပၚသည္။ ေယာက်ာ္းမ်ားက ဆံထုံးထုံးၾက၍ အျဖဴ ေရာင္ ေခါင္းေပါင္းကို ေပါင္းသည္။ အနီေရာင္ေဘာင္း ဘီႏွင့္ အက်ႌရင္ကြဲကို ဝတ္ၾက သည္။ အမ်ိဳးသမီးမ်ား ကလည္း ဆံထုံးထုံး၍ အနီေရာင္ပုဝါကို ေပါင္းသည္။ အနီ သို႔မဟုတ္ အနက္ေရာင္ လက္ျပတ္အက်ႌမ်ားကို ဝတ္ဆင္၍ အနီေရာင္ သို႔မဟုတ္ အနက္ေရာင္ ၿခဳံထည္ လႊမ္းၿခဳံထားေလ့ရွိသည္။ (၅)ေပခန႔္ရွည္သည့္ အျဖဴ ေရာင္ ေခါင္းခါးစည္းကိုလည္း စည္းထားၾကေလ့ ရွိ သည္။ အနက္ေရာင္ သင္းတိုင္းကိုဝတ္၍ ေျခသလုံး တြင္ သစ္ေဆးသုတ္ေသာ ႀကိဳးေခြမ်ား ပတ္ေလ့ရွိ သည္။ ေငြနားဆြဲ။ နားေတာင္းမ်ားကို ဆြဲၾကသည္။ ေငြလက္ေကာက္အလုံးမ်ားကို ဝတ္ဆင္ၾကသည္။ ေငြဆံ ဖထိုးမ်ားကိုထိုးၿပီး ေျခက်င္းဝတ္တြင္ ပုတီေစ့ မ်ားကိုစီတန္း၍ ဆြဲေလ့ရွိသည္။ ေငြလက္ေကာက္ မ်ားအလုံးမ်ားကိုလည္း ဝတ္ဆင္ၾကသည္ ေငြဆံထိုး မ်ားကို ထိုးၿပီး ေျခက်င္းဝတ္တြင္ ပုတီးေစ့မ်ားကို စီတန္း ၍ သီကုံးပတ္ထားေလ့ရွိသည္။

႐ိုးရာယဥ္ေက်းမႈႏွင့္ ဓေလ့ထုံးစံ
ကယားတို႔သည္ ႐ိုးရာနတ္ႏွင့္ ဗုဒၶဘာသာကို ကိုးကြယ္သည့္ တံခြန္တိုင္နတ္ကြန္းသည္အဓိကျဖစ္ သည့္ ရာသီပြဲမ်ားေနျဖင့္ ေကာက္ညႇင္းထုပ္ပြဲ၊ ကူးထို ဘိုးေခၚ တံခြန္တိုင္ပြဲ၊ စပါးပုတ္ပြဲ၊ အိမ္တက္ မဂၤလာ ပြဲႏွင့္ ေတာလိုက္ပြဲမ်ားရွိၾကသည္။ ဗုံတို၊ ဗုံရွည္၊ ေမာင္း၊ လင္းကြင္း၊ ပုေလြ၊ ဖားစည္ စသည့္ တူရိယာ မ်ားကို သုံးၿပီး တံခြန္တိုင္အက၊ အိမ္တက္မဂၤလာအက၊ ဒီကူး အက၊ ဝါးညႇပ္အက၊ ဆြမ္းယင္အကႏွင့္ ႏိုင္ငံအကမ်ား ကို ကေလ့ရွိၾကသည္။ ကြယ္လြန္သူ၏ဦးေခါင္းကို လည္း ေငြေတာင္ျပည္ဘက္သို႔ ဦးလွည့္၍ ထားတတ္ၾကသည္။ ကယားျပည္နယ္၏ ထူးျခားေသာ အထိမ္းအမွတ္ပစၥည္းျဖစ္သည့္ ဖားစည္ေခၚ ေၾကး နက္စည္ႀကီးကိုလည္း ေငြေတာင္ျပည္၌ သြန္းလုပ္ ခဲ့သည္ဟု ဆိုသည္။
ကယားတို႔သည္ ေရွးယခင္က ျမန္မာမ်ားႏွင့္ အတူ စစ္ေရးစစ္ရာတြင္ အတူလက္တြဲ၍ တိုက္ခိုက္ခဲ့ ဖူးသည့္ အေထာက္အထားမ်ားလည္း ရွိေနပါေသး သည္။ “ပ်ိဳေလးတို႔အိမ္မိုးထိုးလာတဲ့ ေပဖူးလႊာ၊ ဘာစာ တဲ့ ေမး။ ေမးပါနဲ႔ေအ။ ယိုးဒယားငယ္နဲ႔ ကုလားကို စစ္ခ်ီေတာ့ ကရင္နီေအာင္တပ္က ဆံျဖတ္ေမာင္စီလို ကေရ လြမ္းစာတဲ့ေလ” ဟူေသာ ေရွးေဟာင္းေတးသား ေလမွာ စစ္သားဘဝ၏ခ်စ္ေရးခ်စ္ရာမ်ားကို လြမ္း စဖြယ္ေကာင္းေအာင္ ေဖာ္ျပထား႐ုံမက ေရွးေဟာင္း ကာလကတည္းက ကယားလူမ်ိဳးတို႔သည္ ျမန္မာ တို႔ႏွင့္ စစ္ေရးတြင္အတူ လက္တြဲတိုက္ခိုက္ခဲ့ၾကဖူး သည္ဆိုေသာ သာဓကကိုပါ ထင္ရွားစြာေဖာ္ျပထား ျခင္းျဖစ္ သည္။

ကယန္းလူမ်ိဳး
ကယန္း/ပေဒါင္

လူဦးေရစုစုေပါင္း ၁၃၀ဝဝဝ
အမ်ားစု ေနထိုင္သည့္ေနရာ ျမန္မာႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ဗီယက္နမ္ႏိုင္ငံ ႏွင့္ အေမရိကန္ျပည္ေထာင္စု
ျမန္မာ၊ ရွမ္းျပည္နယ္ ၄၀ဝဝဝ
ျမန္မာ၊ ကယားျပည္နယ္ ၂၀ဝဝဝ
ထိုင္း ၆၀ဝ
ဗီယက္နမ္ ၆၀ဝ [ကိုးကားခ်က္လိုသည္]
အေမရိကန္ ၆၀ဝ
မင္နီဆိုးတား ျပည္နယ္ ၆၀ဝ
ဘာသာစကား ပေဒါင္ဘာသာစကား
ကိုးကြယ္မႈ ႐ိုမန္ကတ္သလစ္

• ပေဒါင္ ( ကယားျပည္နယ္ )
• ေခတ္ေဟာင္းျမန္မာရာဇဝင္ (ေဒါက္တာ သန္းထြန္း) စာမ်က္ႏွာ ၂၈ လူမ်ိဳးႏြယ္စု ဆင္းသက္ပုံ အရ ကရင္နီမ်ိဳးႏြယ္စု ျဖစ္ သည္။
ကယန္းသည္ ျမန္မာႏိုင္ငံရွိ ေတာင္ေပၚေဒသ တြင္ေနထိုင္ေသာ လူမ်ိဳးတစ္ခု ျဖစ္သည္။ ကရင္နီ လူမ်ိဳးစုႏြယ္ဝင္ လူမ်ိဳးစုခြဲတစ္ခု ျဖစ္သည္။ ကယန္း လထာ၊ ကယန္း ကငံ၊ ကယန္းလဝီ (ပေဒါင္)၊ ကယန္း (ကေခါင္း) ဟူ၍ ကယန္းတြင္ လူမ်ိဳးစုခြဲ ေလးခုရွိသည္။
အမ်ားက ပေဒါင္ဟု သိထားေသာလူမ်ိဳးမ်ား သည္ ကယန္းထဲတြင္ ပါဝင္သည္။ သူတို႔သည္လည္း “ပေဒါင္”ဟုေခၚသည္ကို မႀကိဳက္ေခ်။ “ပေဒါင္”ဆို သည္မွာ ရွမ္းတို႔က ေပးေသာအမည္ ျဖစ္သည္။ သူတို႔ ဘာသာ မွည့္ေခၚေသာ အမည္မဟုတ္။ သူတို႔က ကယန္းဟု ေခၚသည္ကိုႏွစ္သက္သည္။ တစ္ခါတရံ အျခားကယန္းလူမ်ိဳးမ်ားႏွင့္ ကြဲျပားေစရန္ သူတို႔ကိုယ္ သူတို႔ ‘လည္ပင္းရွည္’၊ ‘ေၾကးကြင္းပတ္’ဟုလည္း ၫႊန္းၿပီး ေျပာတတ္ေသးသည္။
သမိုင္းေၾကာင္း
ကယန္းတိုင္းရင္းသားမ်ားက မိမိတို႔ လူမ်ိဳး၏ မူလအမည္မွာ ‘ကန္ယန္’ ျဖစ္သည္ဟု ဆိုသည္။ ‘ကန္’မွာ ‘ပိုင္နက္နယ္ေျမ’ျဖစ္ၿပီး၊ ‘ယန္’မွာ ‘စြဲစြဲ ၿမဲၿမဲရွိျခင္း၊ အတည္တက်ရွိျခင္း’ဟု အဓိပၸာယ္ရသည္။ ထို႔ေၾကာင့္ ကန္ယန္ဆိုသည္မွာ နယ္ေျမ ေဒသတစ္ခု အတြင္း အတည္တက် စြဲစြဲၿမဲၿမဲေနတတ္သည့္လူမ်ိဳးဟု ဆိုလိုသည္။ ကာလေ႐ြ႕ေလ်ာလာသည့္အခါ ‘ကန္ယန္’ မွ ‘ကယန္း’ျဖစ္လာသည္ဟု ဆိုပါသည္။ ထို႔ျပင္ ကယန္းမ်ိဳးႏြယ္၌ မ်ိဳးႏြယ္ခြဲေပါင္း (၄)မ်ိဳးရွိသည္ဟု ဆိုသည္။ ယင္းတို႔မွာ-
၁။ မိမိကိုယ္ကို ေတာင္ေပၚေဒသ၏ အရွင္ သခင္ဟု ယူဆထားၿပီး အမ်ိဳးသမီးမ်ား၏ လည္ပင္းႏွင့္ ေျခေထာက္တို႔တြင္ ေၾကး ေခြမ်ား ရစ္ပတ္ဝတ္ဆင္ေလ့ရွိသည့္ ‘ကယန္း’ (ပေဒါင္)
၂။ ေျမျပန႔္လြင္ျပင္တြင္ အေနမ်ားၿပီး လည္ ပင္းတြင္ ေငြျပားမ်ား ခ်ိတ္ဆြဲဝတ္ဆင္ ေလ့ရွိသည့္ ယင္းေဘာ္ေခၚ ‘ကယန္း’ (ကငံ)
၃။ ေတာင္ေပၚေဒသတြင္ အေနမ်ားၿပီး ကယန္း(ပေဒါင္)ဘာသာစကားႏွင့္ အလြန္နီးစပ္သည့္ စကားကို ေျပာဆိုၾက ေသာ ေကခို၊ ေကဘား ေခၚ ‘ကယန္း’ (ေကခို)
၄။ ေတာင္ေပၚေဒသ ေက်ာက္တုံး၊ ေက်ာက္ စိုင္မ်ားၾကားတြင္ အိမ္ကေလးမ်ား ေဆာက္ကာ အမ်ိဳးသားမ်ား ကတုံး တုံး ေလ့ရွိေသာ ဇယိမ္ေခၚ ‘ကယန္း’ (လထ) တို႔ျဖစ္ၾကသည္။
ကယန္း (ပေဒါင္)တိုင္းရင္းသားမ်ားကို ရွမ္းတို႔ က ပေဒါင္ဟု ေခၚၾကသည္။ ‘ေၾကးပတ္ေသာသူ – ပတ္ေတာင္း’ဟူေသာ ရွမ္းစကားမွ ပေဒါင္ျဖစ္လာ သည္ဟု ဆိုသည္။ ‘ကယန္း’ (ပေဒါင္) တိုင္းရင္းသား မ်ား ကိုယ္တိုင္ကမူ ေကာင္း-ေခါင္း-ဒိုးဟု ေခၚၾက သည္။ ‘ေတာင္မ်ား၏ အရွင္သခင္’ဟု အဓိပၸာယ္ရပါသည္။

ေပၚေပါက္လာပုံ
ကယန္းတိုင္းရင္းသားမ်ားက မိမိတို႔လူမ်ိဳးျဖစ္ ေပၚလာပုံကို ကာေကာင္းဟုေခၚေသာ လကၤာရွည္ႀကီး ျဖင့္ ဘိုးစဥ္ေဘာင္ဆက္ ႏႈတ္တိုက္႐ြတ္ဖတ္ မွတ္သား လာခဲ့ၾကသည္။ ထိုလကၤာရွည္ႀကီး၏ ျမန္မာျပန္ အနက္အဓိပၸာယ္မွာ ေအာက္ပါအတိုင္းျဖစ္သည္။
ကယန္းတိုင္းရင္းသားမ်ားသည္ မူလက ေမာ အိုက္ရွေခၚ အာရွမိုင္းနားအရပ္ ေဒသ၌ ေနထိုင္ခဲ့သည္ ဆို၏။ ေမာအိုက္ရွ၏ အဓိပၸာယ္မွာ ‘အႀကီးဆုံးႏွင့္ ပထမဆုံး ျဖစ္ေပၚလာေသာ နယ္ေျမ’ဟု အဓိပၸာယ္ရ သည္။ အာရွမိုင္းနားတြင္ရွိစဥ္ ေမွ်ာ္စင္နီႀကီးကို မိုးထိ ေအာင္တည္ေဆာက္ၾကရာ အလြန္ျမင့္သည့္အတြက္ ၿပိဳက်သြားသျဖင့္ လူ၊ သတၱဝါအားလုံးတို႔ ပိတ္ဆို႔ျခင္း ခံခဲ့ရသည္။ ထိုေနရာကို ကယန္းတို႔က ဘီလူးေခၚ ေဘဘီလုန္ဟု ေခၚၾကသည္။ အဓိပၸာယ္မွာ အကုန္ပိတ္ အရပ္ျဖစ္သည္။ လူ၊ သတၱဝါတို႔ ပိတ္ဆို႔ျခင္းခံရသည့္ အတြက္ အႀကီးအမႉးျဖစ္သူ ဖူးကလိပ္ဆိုသူက ေျမ ႀကီးကိုေရျဖင့္ သုံးပိုင္းပိုင္းရာ၌ ကယန္းတို႔သည္ ေန ထြက္ရာ အေရွ႕ဘက္အျခမ္းတြင္ ပါဝင္ၾကကုန္သည္ ဟု ဆိုသည္။
တစ္ဖန္ အိုင္ရာဟုေခၚေသာ အရပ္သို႔ သြား ေရာက္ေနထိုင္ၾကေသာအခါ လူအမ်ားသည္ ဆိုး၊ မိုက္ၾကသည့္အတြက္ မိုးေကာင္းကင္မွ မီးက်လာၿပီး ကမာၻေျမျပင္မွ ေျမၿပိဳက်သြားသည့္အတြက္ ေၾကာက္ မက္ဖြယ္ရာ ၿမိဳ႕(၇)ၿမိဳ႕၊ ႐ြာ(၇)႐ြာ ေသေၾက ပ်က္စီး သြားၿပီး ယေန႔တိုင္ အိုင္ရာအိုင္ ျဖစ္သြားသည္ဟု ဆို သည္။ ေနာက္တဖန္ အတ္ရတ္ေဒသတြင္ ေနထိုင္ၾက စဥ္ (၇)ႏွစ္၊ (၇)မိုး မိုးေခါင္ေရရွား ငတ္မြတ္ေခါင္း ပါးၾကသျဖင့္ ထိုေဒသဆီမွ မိုသာေခၚ သားသဲကႏၲာရ အရပ္သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ၾကသည္ဟု ဆိုသည္။ ယင္းမွ တစ္ဖန္ ႏွစ္ေပါင္းေလးရာေက်ာ္ ခရီးသြားလာ ၿပီး ေတာေတာင္ ထူထပ္ေသာ ေမာေဂြေခၚ မြန္ဂိုလီး ယား ေဒသသို႔ ေရာက္ရွိေနထိုင္ခဲ့ၾကသည္ဟုဆိုသည္။ ေမာေဂြ၏အနက္မွာ မိုးကုပ္စက္ဝိုင္း၏ အျမင့္ဆုံး ေနရာဟု အဓိပၸာယ္ရသည္။
မြန္ဂိုလီးယားေဒသ၌ ေနထိုင္ၾကစဥ္ ကယန္း လူမ်ိဳးသည္ လင္းယန္းႏွင့္ လင္းခ်ဴးဟူ၍ ႏွစ္ခုခြဲလာရာ နယ္ေျမေနရာ အေမြခြဲေရးကိစၥႏွင့္ ပတ္သတ္၍ မၾကာ ခဏ မသင့္တင့္ၾကဘဲ စစ္တိုက္ၾကသည့္အတြက္ လင္းယန္းလူမ်ိဳးစုသည္ ေတာင္ဘက္အရပ္သို႔ ထြက္ခြာ လာသည္ ဟူ၏။ တစ္ဖန္ ထိုလူမ်ိဳးစုအထဲမွ ‘ေခ’ ေခၚ ‘တ႐ုတ္’ ႏွင့္ ‘ခဲယန္း’ ေခၚ ‘ကယန္း’လူမ်ိဳးစု ႏွစ္စု ထပ္မံကြဲထြက္လာျပန္ၿပီး နယ္ေျမစားက်က္ႏွင့္ ပတ္ သတ္၍ မၾကာခဏခိုက္ရန္ျဖစ္ပြားၾကရာမွ ရႈံးနိမ့္ ေသာ ကယန္းလူမ်ိဳးစုသည္ ေတာင္ဘက္သို႔ ေျပာင္း ေ႐ႊ႕ခဲ့ၾကသည္ဟု ဆိုသည္။ ထိုသို႔ေျပာင္းေ႐ႊ႕လာသည့္ အခါေစာ္ဘြား ေခၚ ေစာ္ဘြားလင္ခရန္းဆိုသူက ဦး ေဆာင္၍ အုပ္ခ်ဳပ္သြားသည္ဟူ၏။
မြန္ဂိုလီးယားမွ ေတာင္ဘက္သို႔ ေျပာင္းေ႐ႊ႕ လာရာ ‘ေတာင္ဖာေတာင္မက္ေခၚ တိဘက္’သို႔ ေရာက္လာ၍ ‘ကြီလုံ၊ ကြီလန္’ ေတာင္တန္း၌ ေတာင္ ယာမ်ား ကို စိုက္ပ်ိဳးၾက၍ ေတာင္ကမ္းပါးၿပိဳက်လာ ေသာေၾကာင့္ အိုင္ႀကီး(၃)ခု၊ ျမစ္ႀကီး(၃)သြယ္ ျမစ္ဖ်ား ခံရာေဒသသို႔ ေျပာင္းေ႐ႊ႕လာၿပီး ေနထိုင္ၾကသည္ဟု ေစာ္ဘြားေထာ ဖားအမ်ိဳးက အုပ္ခ်ဳပ္ႀကီးၾကပ္လာ သည္ဟု ဆိုသည္။
ကယန္းတို႔၏ လက္နက္ကိုင္ေတာ္လွန္ေရး
ကယန္းလူမ်ိဳးတို႔၏ လက္နက္ကိုင္ေတာ္လွန္ေရး သည္ ၁၉၆၄ ခုႏွစ္မွ စတင္ခဲ့သည္။ ယခုဥကၠ႒ ငိန္း ကယန္းထန္သည္ ၁၉၆၂ ခုႏွစ္ ဇူလိုင္ ၇ ရက္ေန႔ အေရးအခင္း ျဖစ္ပြားစဥ္က ရန္ကုန္တကၠသိုလ္တြင္ ေမာင္ေ႐ႊေအးအမည္ျဖင့္ ေက်ာင္းတက္ေနေသာ ေက်ာင္းသားတစ္ေယာက္ ျဖစ္သည္။ ေနဝင္းအစိုးရ၏ အရက္စက္ဆုံးေသာ ေက်ာင္းသားအေရးအခင္း ၿဖိဳခြင္းမႈ ကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရေသာ တိုင္းရင္းသား ေက်ာင္း သားငယ္သည္ တုန္လႈပ္သြားခဲ့သည္။ ၁၉၆၃ ခုႏွစ္ ေနဝင္းစစ္ေကာင္စီလက္ထက္ ျပည္တြင္း ၿငိမ္း ခ်မ္းေရးအတြက္ ေျခာက္ခ႐ိုင္ လူထုဆႏၵေဖာ္ထုတ္ပြဲ မ်ားတြင္ ေက်ာင္းသားတစ္ေယာက္အေနျဖင့္ ေရွ႕တန္း မွ တက္ျြကစြာ ပါဝင္ခဲ့သည္။ ေနဝင္းစစ္ေကာင္စီ သည္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား တစ္ဖက္သက္ ဖ်က္သိမ္း ၿပီး ေတာတြင္းလက္နက္ကိုင္အဖြဲ႕မ်ားကို ျပန္လည္ ေမာင္းထုတ္သည့္ျဖစ္ရပ္ကို ေတြ႕ႀကဳံခဲ့ ရျပန္သည္။ ထို႔ေၾကာင့္ လက္နက္ အားကိုးၿပီး ဖိႏွိပ္ၿဖိဳ ခြင္းေသာ အစိုးရကို လက္နက္ႏွင့္သာ သူတိုက္ကိုယ္ တိုက္ တိုက္ရမည္ဟု စဥ္းစားယုံၾကည္မိေတာ့သည္။ ေတာခို မည့္ ေက်ာင္းသားတစ္ေယာက္အေနျဖင့္ ကရင္ေတာ္လွန္ေရးနယ္ေျမသို႔ ေရာက္ရွိခဲ့သည္။ ကရင္ တပ္မႉးမ်ားႏွင့္ အတူေနထိုင္စဥ္ ကယန္းလူမ်ိဳး တစ္ေယာက္ အေနႏွင့္ မိမိေဒသတြင္ ေတာ္လွန္ေရး အဖြဲ႕အစည္း ရွိသလား၊ မရွိေသးလွ်င္ မိမိေဒသအတြင္း ျပန္လည္ စည္း႐ုံးသင့္ေၾကာင္း အႀကံျပဳၾကသည္။ ဒီလိုႏွင့္ မိမိေဒသတြင္းသို႔ စည္း႐ုံးေရးဆင္းရန္ ျပန္လာ ခဲ့ေတာ့သည္။
လက္နက္ကိုင္ ေတာ္လွန္ေရးကို စတင္ရန္ လူစု ေနစဥ္ ေနဝင္းအစိုးရမွ ေငြစကၠဴ ၁၀ဝ တန္မ်ားကို တရားမဝင္အျဖစ္ ေၾကညာသည္။ လကုန္ရက္တြင္ ၁၀ဝ တန္ေတြရထားေသာ ကယန္းဝန္ထမ္းေတြရဲ႕ လစာေလးေတြ၊ ေတာထဲမွာ ေဒသထြက္ကုန္ေလးေတြ ေရာင္းၿပီး စုထားတဲ့ ေခြၽးနည္းစာ ရာတန္ေလးေတြ တန္ဖိုးမဲ့ကုန္ၿပီ။ လူထုရဲ႕ေဒါသက လူစုေနေသာ ေတာ္ လွန္ေရးကို အရွိန္ျမင့္ေစခဲ့ၿပီ။ ကယန္းလူမ်ိဳး ေတာ္ ေတာ္မ်ားမ်ားမွာ ဂ်ပန္ေခတ္၊ အဂၤလိပ္ေခတ္က ရယူ ထားေသာ လက္နက္ေကာင္းေတြ ၂၀ဝ ေလာက္ရွိၿပီး သားမို႔ လက္နက္အတြက္ အခက္အခဲမရွိေတာ့။ ပထမဦးဆုံး တိုက္ပြဲက ဖယ္ခုံၿမိဳ႕နယ္ ပီကင္းေက်း႐ြာ ရဲစခန္းကို ဝင္ေရာက္စီးနင္းခဲ့သည္။ ေနဝင္းအစိုးရကို စတင္ေတာ္လွန္ေသာ ထိုေန႔သည္ ၁၉၆၄ ခုႏွစ္ ဇြန္လ ၄ ရက္ေန႔၊ ကယန္းလက္နက္ကိုင္ေတာ္လွန္ေရးေန႔ အျဖစ္ ကယန္းလူမ်ိဳးမ်ား၏ သမိုင္းတြင္ မွတ္တမ္း တင္ခဲ့သည္။
အမ်ိဳးသမီးတို႔သည္ လည္တိုင္ရွည္မွ လွပသည္ ဟု ယုံၾကည္သျဖင့္ လည္တိုင္ရွည္ေအာင္ လည္ပင္း တြင္ ေၾကးေခြမ်ားကို တစ္ေခြၿပီးတစ္ေခြဆင့္၍ ရစ္ပတ္ ဝတ္ဆင္သည့္ အေလ့အထရွိေသာ ပေဒါင္လူမ်ိဳးတို႔ သည္ ကရင္လူမ်ိဳးတစ္မ်ိဳးျဖစ္သည္။ ယခုအခါ ပေဒါင္ အမ်ိဳးသမီးမ်ား လည္ပင္းတြင္ ေၾကးေခြစြပ္ေသာ အေလ့အထမွာ ေပ်ာက္ကြယ္စျပဳေနၿပီ ျဖစ္သည္။ ပေဒါင္တို႔သည္ ၁၉၃၁-ခုႏွစ္ သန္ေခါင္စာရင္းအရ လူဦးေရ ၁၆ç၅၀ဝ ေက်ာ္မွ် ရွိ၍၊ ေတာင္ငူအေရွ႕ဘက္ ကယားျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္းေဒသတို႔ အၾကားတြင္ အႏွံ႔အျပား ေနထိုင္ၾကသည္။ ရွမ္းျပည္ နယ္ေတာင္ပိုင္းတြင္ ပေဒါင္ ၁၄çဝဝဝ ခန႔္ရွိ၍ ကယား ျပည္နယ္တြင္ ၂ç၅၀ဝ ေက်ာ္ရွိသည္။ ပ်ဥ္းမနား အေရွ႕ ဘက္တြင္ရွိေသာ ကယားျပည္နယ္ထဲ အပါအဝင္ ေပါင္းေလာင္းငယ္ ျမစ္ဝွမ္းရွိ စတုရန္းမိုင္ ၁၅၀ မွ် က်ယ္ေသာ ေျမျပန႔္၌လည္း ေနထိုင္ၾကသည္။
ပေဒါင္တို႔သည္ မိမိတို႔ကိုယ္ကို ေကေကာင္းဒု ဟုေခၚေဝၚၾကသည္။ ပေဒါင္ အမ်ိဳးသားတို႔သည္ ေတာင္သူလူမ်ိဳးတို႔ကဲ့သို႔ပင္ ေဖာ္ေ႐ြသူမ်ား ျဖစ္သည္။ ကိုယ္လက္ ႀကံ့ခိုင္ေတာင့္တင္းသည္။ အလုပ္ကို အပင္ ပန္းခံ၍ လုပ္ႏိုင္ၾကသည္။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနတတ္ ၾကသည္။ ပေဒါင္တို႔သည္ ေတာင္ယာကို ေလွခါးထစ္ စိုက္ပ်ိဳးနည္းျဖင့္ စိုက္ပ်ိဳးရာ၌ ေတာင္ေစာင္းတြင္ တစ္ဆင့္ၿပီးတစ္ဆင့္ ကန္သင္းခတ္၍ ေရသြင္း စိုက္ပ်ိဳး ၾကသည္။ ထိုအလုပ္မွာ မ်ားစြာခက္ခဲ ပင္ပန္းသည္။ သို႔ေသာ္ မညည္းမညဴ လုပ္ၾကသည္။ ကုန္ေရာင္း ကုန္ဝယ္ အလုပ္၌လည္း ေကာင္းစြာလုပ္တတ္ၾက သည္။ အမဲလိုက္လည္း ဝါသနာထုံသည္။ ပတ္ဝန္း က်င္ရွိ ေတာင္ေပၚသားတို႔တြင္ ပေဒါင္တို႔သည္ အလုပ္ အကိုင္၌ အေတာ္ဆုံး အေကာင္းဆုံး လူတစ္မ်ိဳးျဖစ္ သည္ဟု ခ်ီးက်ဴးခံရသည္။

ဇယိန္လူမ်ိဳး
ဇယိန္လူမ်ိဳးသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္ေလာင္းၿမိဳ႕နယ္ႏွင့္ ဖယ္ခုံၿမိဳ႕နယ္၊ ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕နယ္၏ အေရွ႕ဘက္ေတာင္ေပၚေဒသ၊ ကယားျပည္နယ္တို႔တြင္ ေနထိုင္ေသာ ကရင္မ်ိဳးႏြယ္စု ဝင္ လူမ်ိဳးစုတစ္စုျဖစ္သည္။ ထိုေဒသမ်ားရွိ ေက်း႐ြာ ေပါင္း ၆၅ ႐ြာတြင္ေနထိုင္လ်က္ရွိၿပီး လူဦးေရအားျဖင့္ ၂၀၁၃ ခုႏွစ္စာရင္းအရ ၁၅ယ၂၄၅ ဦးရွိသည္။ ကယန္း လူမ်ိဳးစုမ်ားျဖစ္ေသာ ကယန္းလဟြီ၊ ကယန္းလထာ၊ ကယန္းကငန္ႏွင့္ ကယန္းေဂခိုတို႔ထဲတြင္ လူဦးေရ ပိုနည္းေသာ အစုျဖစ္သည္။

သမိုင္းေၾကာင္း
ဤအစုသည္ ေရွးအခါက လြယ္လုံျပည္ေခၚ ယခု ပင္ေလာင္းနယ္ကို ႀကီးစိုးႏိုင္ခဲ့ ဖူး၏။ ပင္ေလာင္း ၿမိဳ႕ကို ခရစ္ႏွစ္ ၁၇၉၄ (ျမန္မာႏွစ္ ၁၁၅၆) ခုႏွစ္တြင္ ဘန႔္ဘာ႐ြာ တြင္အေျခစိုက္ခဲ့ေသာ ဇယိန္ေစာ္ဘြား လတိန္၏ ၫႊန္ၾကားခ်က္ျဖင့္ လလြီ (Lalui) ဆိုသူ အရာရွိတစ္ဦးက ဦးေဆာင္တည္ေထာင္ခဲ့ေၾကာင္း ပင္ေလာင္းၿမိဳ႕၊ ေမြေတာ္ ဘုရားသမိုင္းအရ သိရသည္။ ဘိုးေတာ္ဘုရားလက္ထက္ ၁၇၈၂ မွစ၍ လြယ္လုံနယ္ အတြင္း စတင္ဝင္ေရာက္ေနထိုင္လာၾကေသာ ေအာက္ သထုံျပည္ေန ပအိုဝ္းမ်ားႏွင့္ ေဒသတြင္းေနရွမ္းမ်ားကို ပင္ေလာင္းၿမိဳ႕အနီးတစ္ဝိုက္တြင္ အေျခခ်ေနထိုင္ခြင့္ ျပဳၿပီး ပင္ေလာင္းၿမိဳ႕ကို စည္ကားေအာင္ျပဳခဲ့၏။လေနာအမည္ရ ေစာ္ဘြားလက္ထက္တြင္ လြယ္လုံနယ္ စားျဖစ္ေၾကာင္း ဗမာဘုရင္က လေနာကို အသိအမွတ္ ျပဳခဲ့သည္။ နယ္စားလေနာ၏သားေတာ္မ်ားထဲမွ ေ႐ႊနီအမည္ရွိသားေတာ္မွာ ေဒသခံရွမ္းအမ်ိဳးသမီး ႏွင့္ အေၾကာင္းပါၿပီး ငပိုေခၚ သားေတာ္တစ္ပါး ထြန္း ကား၏။ ပင္ေလာင္းၿမိဳ႕ေတာင္ဘက္ရွိ ရင္းမွီး (တဝီး မြဴး) အရပ္၌ တည္ထားေသာ ေစတီသမိုင္း မွတ္ တမ္းအရ ငပို ေနာက္ပိုင္းတြင္ မင္းပါရမီဆိုသူက ပင္ ေလာင္းၿမိဳ႕စားအျဖစ္ အုပ္ခ်ဳပ္ခဲ့ဖြယ္ရွိေၾကာင္း သိရသည္။
အစ ပထမတြင္ ရွမ္းႏွင့္ ပအိုဝ္းတို႔အေပၚ လႊမ္းမိုး ႏိုင္ခဲ့ေသာ္လည္း ၎တို႔၏ေဆြမ်ိဳးနီးခ်င္းျဖင့္သာ အိမ္ေထာင္ျပဳသည့္အေလ့အထေၾကာင့္ လူဦးေရတိုး ပြားႏႈန္း ေႏွးေကြးလွေပရာ ေနာက္ပိုင္းတြင္ ဇယိန္တို႔ လႊမ္းမိုးမႈေလွ်ာ့ပါးလာၿပီး ရွမ္းႏွင့္ပအိုဝ္းလူမ်ိဳးတို႔၏ လူေနမႈပုံစံေအာက္ ေရာက္မွန္းမသိေရာက္လာခဲ့သည္။ ၁၉၄၉ ခုႏွစ္ ဒီဇင္ဘာ ၁၁ တြင္ျပဳလုပ္ခဲ့ေသာ ပေဒသရာဇ္ အာဏာရွင္ ေစာ္ဘြားမ်ားကို ေတာ္လွန္သည့္ျဖစ္စဥ္ ပင္ေလာင္းနယ္တြင္လည္း ျဖစ္ပြားခဲ့သည္။ ၁၉၅၉ ခုႏွစ္ တြင္ ဗိုလ္ခ်ဳပ္ေနဝင္းေခါင္းေဆာင္ေသာ အိမ္ေစာင့္ အစိုးရက ရွမ္းျပည္ရွိေစာ္ဘြားမ်ားကို ဖိတ္ေခၚ ထိန္း သိမ္းၿပီး အဏာစြန႔္လႊတ္ေၾကာင္း လက္မွတ္ေရးထိုးေစ သည့္ေနာက္ ပင္ေလာင္းနယ္တြင္ ဇယိန္တို႔အုပ္ခ်ဳပ္မႈ အဆုံးသတ္သြား၏။
ယခုအခါ ပင္ေလာင္းၿမိဳ႕နယ္ရွိ ဇယိန္တိုင္းရင္း သားတို႔အေျခခ် ေနထိုင္ခဲ့ရာ ႐ြာအမ်ားအျပား ပအိုဝ္း ႐ြာျဖစ္ကုန္ၿပီး ေဒသအေခၚ ပအိုဝ္း-ဇယိန္မွသည္ ပအိုဝ္း စကားသာေျပာတတ္ေသာ ဇယိန္ေသြးပါ ပအိုဝ္း မ်ားျဖစ္လာၾကသည္။ ေဝးလံေခါင္ဖ်ား၊ ေတာင္ထူ ထပ္ၿပီး လမ္းပန္းဆက္သြယ္ေရးမေကာင္းေသာ ငွက္ဖ်ား ထူထပ္ရာ အရပ္မ်ားတြင္သာ ဇယိန္ေက်း႐ြာအခ်ိဳ႕ သီးသန႔္တည္ရွိေတာ့သည္။ ဇယိန္တို႔ေနထိုင္ရာ ေဒသ သည္ ဖြံ႕ၿဖိဳးမႈနည္းၿပီး ပညာေရးတြင္လည္း ေနာက္က် က်န္ေနရဆဲျဖစ္သည္။ ေပါင္းေလာင္းဘက္စုံ ေရေလွာင္ တမံတည္ေဆာက္မႈဧရိယာအတြင္း ဇယိန္ေက်း႐ြာ အခ်ိဳ႕ ေရျမဳပ္သည့္အထဲ ပါဝင္ခဲ့ေၾကာင္းသိရသည္။
ပုဂံေခတ္ကတည္းက ဤလြယ္လုံ (ပင္ေလာင္း) နယ္ကို သထုံၿမိဳ႕အေရွ႕ေတာင္ ဘက္ရွိ က်ိဳကၡမီခ႐ိုင္ေန ေဆာင္းတြမ္းကရင္တို႔ စတင္ေ႐ြ႕ေျပာင္း ေနထိုင္လာ ခဲ့ၾကသည္။ ၎တို႔သည္ ပင္ေလာင္းၿမိဳ႕ အေနာက္ ဘက္၊ ဘီလူးေခ်ာင္းစတင္ရာေဒသ၊ ေငြေတာင္႐ြာႏွင့္ ေနာင္ပုလဲ႐ြာတို႔၏ အေနာက္ေတာင္ဘက္အရပ္ရွိ ေတာင္ကုန္းမ်ား တြင္႐ြာတည္ကာ ေနထိုင္ၾကသည္။ ႐ြာအမည္ကို ေဆာင္းတြမ္းဟု မွည့္ေခၚခဲ့ၾက၏။ ႏွစ္ အတန္ၾကာေသာ္ ၎တို႔ထဲမွအမ်ားစုသည္ လြယ္လုံ နယ္တစ္ေၾကာ တစ္ေနရာမွ တစ္ေနရာသို႔ ေျပာင္းေ႐ႊ႕ ၿပီး အသစ္အသစ္ေသာ ႐ြာမ်ားတည္ေထာင္ေနထိုင္ရင္း မိမိတို႔ေနထိုင္ရာ႐ြာ၏ နယ္နိမိတ္ကို အမွတ္အသားျပဳ ပိုင္းျခားစျပဳၾကသည္။ အခါတစ္ပါး၌ လဆာအမည္ရွိ လုံက်ယ္႐ြာ၏အႀကီးအကဲက ပဆြပ္ပနီေကာင္မ်ားစြာ အုံဖြဲ႕ေနေသာ သစ္ပင္တန္းကို သူ႔႐ြာ၏နယ္နိမိတ္ျပဳခဲ့ သည္။ ထိုသို႔ ႐ြာနယ္နိမိတ္ သတ္မွတ္ၿပီးမၾကာမီ လနိန္ အုပ္စိုးေသာ ဘန႔္ျဖာ႐ြာမွကေလးတစ္ဦး ပဆြပ္ပနီ ေကာင္မ်ား အကိုက္ခံရသည္။ လနိန္က နယ္နိမိတ္ အျဖစ္ သတ္မွတ္ထားေသာ ပဆြပ္ပနီအုံမ်ားႏွင့္ သစ္ပင္ မ်ားကို မီးရႈိ႕ဖ်က္ဆီးလိုက္သည္။ ထိုအေၾကာင္းကို လဆာ ၾကားသိေသာ္ အလြန္စိတ္ဆိုးသြားၿပီး ဘန႔္ျဖာ ႐ြာကို ထိုးစစ္ဆင္ သိမ္းယူရန္ႀကံ၏။ မဟာမိတ္ျပဳ သည့္အေနျဖင့္ လတိန္အမည္ရွိ သူ၏သားအား ေဆာင္းဆီး႐ြာအႀကီးအကဲ၏ သမီးႏွင့္လက္ဆက္ေစ ကာ ႀကီးက်ယ္ခမ္းနားေသာမဂၤလာပြဲ စီစဥ္ေပးခဲ့သည္။ ထို႔ေနာက္ ပိုမိုသာလြန္ေသာ စစ္အင္အားျဖင့္ ဘန႔္ျဖာ ႐ြာကို က်ဴးေက်ာ္တိုက္ခိုက္ ေအာင္ျမင္ခဲ့၏။ တိုက္ပြဲ ကာလအတြင္း ဘန႔္ျဖာ႐ြာသားအမ်ားအျပား အသတ္ခံ ခဲ့ရသည္။ လဆာသည္လည္း ဘန႔္ျဖာ႐ြာသို႔ ေ႐ႊ႕ ေျပာင္း အေျခစိုက္ေနထိုင္ခဲ့သည္။ လဆာလြန္ေသာ္ သူ၏သား လတိန္က အႀကီးအကဲတာဝန္ကို ရယူၿပီး အနီးပတ္ဝန္းက်င္ရွိ ေက်း႐ြာအမ်ားကို သိမ္းသြင္း၏။ စုစည္းထားေသာ႐ြာအမ်ားကို တိုက္နယ္၁၂ ခုခြဲၿပီး အႏြယ္ေတာ္မ်ားကို အုပ္ခ်ဳပ္ေစသည္။ လြယ္လုံနယ္ တြင္ လူစည္ကားေစရန္ သူ၏အရာရွိတစ္ဦးျဖစ္သူ လလြီအား ယခုပင္ေလာင္းၿမိဳ႕ကို တည္ေထာင္ေစခဲ့ သည္။

ယင္းတလဲလူမ်ိဳး
ယင္းတလဲလူမ်ိဳးတို႔သည္ ကယားျပည္နယ္၊ ေဘာလခဲနယ္၌ ေနထိုင္ၾကေသာ ေတာင္ေပၚကရင္ လူမ်ိဳးစု ျဖစ္ေလသည္။ (ကယားျပည္နယ္အစိုးရ၏ ယူဆခ်က္အရ ယင္းတလဲလူမ်ိဳးသည္ ကယားလူမ်ိဳး အုပ္စုတြင္ ပါဝင္သည္။) ေဘာလခဲနယ္၏ ၿမိဳ႕ေတာ္၊ ေဘာလခဲၿမိဳ႕တြင္ ယင္းတလဲအမ်ိဳးသားတို႔ အမ်ားဆုံး ေနထိုင္ၾကေလသည္။ ကယား၊ ယင္းေဘာ္၊ ပေဒါင္၊ ဗရဲ႕၊ မႏု မေနာ အမ်ိဳးသားတို႔ကိုလည္း နယ္တြင္း ေနရာ အႏွံ႔အျပား၌ ေတြ႕ႏိုင္ေလသည္။ ေရွးအခါက ကယား ျပည္နယ္ကို ကရင္နီျပည္နယ္ ဟူ၍လည္း ေကာင္း၊ ျပည္နယ္သားတို႔ကို ကရင္နီလူမ်ိဳးဟူ၍ လည္းေကာင္း ေခၚေဝၚခဲ့ၾကေလသည္။ ျမန္မာႏိုင္ငံ လြတ္လပ္ေရး ရရွိၿပီးေနာက္၊ ၁၉၅၁ ခုႏွစ္တြင္ ႏိုင္ငံအစိုးရတို႔က ကရင္နီဟူေသာ အမည္အစား ကယားဟူေသာအမည္ကို သုံးစြဲရန္ ဥပေဒျဖင့္ ျပ႒ာန္း ခဲ့ေလသည္။
ယင္းတလဲဟူေသာအမည္မွာ ေဘာလခဲနယ္ကို ဦးစြာ တည္ေထာင္ခဲ့ေသာ ဖဘန႔္(ပဗန္း)မင္း၏ သား သမီးမ်ားဟူ၍လည္းေကာင္း၊ သို႔မဟုတ္ ေရွးလူ ေဟာင္းမ်ားမွ က်န္ရစ္ခဲ့ေသာ လူမ်ားဟူ၍လည္းေကာင္း အဓိပၸာယ္ေကာက္ယူႏိုင္သည္ဟု ဆိုေလသည္။
ယင္းတလဲအမ်ိဳးသားတို႔သည္ ႐ိုးသား၍ ရဲရင့္ တည္ၾကည္ၾကသည္။ ယင္းတို႔၏ စိတ္ေနစိတ္ထားကို ဝတ္စားဆင္ယင္ေသာ အဝတ္အထည္၏ အေသြး အေရာင္အားျဖင့္ အကဲခတ္ႏိုင္သည္ဟု ဆိုရေပမည္။ ယင္းတလဲ အမ်ိဳးသားတို႔သည္ အနားမ်ားတြင္ အနီစ ကြပ္ထားေသာ အက်ႌအျဖဴႏွင့္ ေဘာင္းဘီရွည္အျဖဴကို ဝတ္ဆင္ၾကသည္။ အနီေရာင္ ေခါင္းေပါင္းကို ေပါင္း ေလ့ရွိၾကသည္။ အမ်ိဳးသမီးတို႔သည္ အက်ႌအျဖဴ၊ ထဘီအနီကြက္က်ားႏွင့္ ေခါင္းေပါင္းအနက္ကို ဝတ္ ဆင္ေလ့ရွိၾကသည္။
အလုပ္အကိုင္မွာ ေတာင္ယာလုပ္ျခင္း၊ ဝါဂြမ္း၊ ႏွမ္း၊ ဆန္စပါးစိုက္ပ်ိဳးျခင္း၊ ရွားေစးခ်က္ျခင္း၊ ခ်ိပ္ေမြး ျမဴထုတ္လုပ္ျခင္း၊ သစ္ခုတ္ျခင္း စေသာအလုပ္တို႔ ျဖစ္ေလ သည္။ ေျမျပန႔္တြင္ ဆန္စပါးကို တူးေျမာင္း မ်ားျဖင့္ ေရသြင္းစိုက္ပ်ိဳးသည္။ ယင္းတလဲ အမ်ိဳးသား တို႔သည္ ႐ိုးရာဓေလ့ ထုံးစံအရ အက၊ အခုန္၊ အတီး၊ အမႈတ္တို႔၌ ဝါသနာထုံၾကသည္။ ေယာက်ာ္းႏွင့္ မိန္းမ စုံတြဲအက၊ စုေပါင္းအကတို႔ကို တစ္ေပ်ာ္တစ္ပါး ကခုန္ ေလ့ရွိၾကသည္။ တူရိယာမ်ားမွာ ေမာင္း၊ အိုး၊ စည္၊ ေျြပ၊ လင္းကြင္းတို႔ ျဖစ္သည္။

ယင္းေဘာ္လူမ်ိဳး
• ယင္းေဗာ္( ကယားျပည္နယ္ )
• ေခတ္ေဟာင္းျမန္မာရာဇဝင္ (ေဒါက္တာ သန္းထြန္း) စာမ်က္ႏွာ ၂၈ လူမ်ိဳး ႏြယ္စု ဆင္းသက္ပုံအရ ကရင္နီမ်ိဳးႏြယ္စု ျဖစ္ သည္။
ယင္းေဘာ္လူမ်ိဳးတို႔သည္ ေတာင္ေပၚကရင္ လူမ်ိဳးစုတြင္ ပါဝင္၍ ကယားျပည္နယ္၌ ေတာေခါင္ ေခါင္အတြင္းပိုင္းက်က် အရပ္မ်ားတြင္ ေနထိုင္ၾက သည္။ (ကယားျပည္နယ္အစိုးရ၏ ယူဆခ်က္အရ ကယားလူမ်ိဳးအုပ္စုတြင္ ယင္းေဘာ္၊ ယင္းတလဲ၊ ပေဒါင္၊ ဗရဲ႕၊ မႏုမေနာ၊ ကဲခိုကဲဗာ စသည့္ လူမ်ိဳးစုတို႔ ပါဝင္ သည္။) လူဦးေရ ၂၉၀ဝ ေယာက္ခန႔္ရွိ၍၊ ေဘာလခဲ နယ္ႏွင့္ ေတာင္ငူခ႐ိုင္အေရွ႕ဘက္ရွိ လိပ္သိုေတာင္ေပၚ တို႔၌ ေတြ႕ရသည္။
အယ္ဒီတာအဖြဲ႕

Unicode
ကယားတွင် လူမျိုးစုစုစုပေါင်း ၉ မျိုးရှိသည်။
(၁) ကယား(သို့)ကရင်နီ Kayah
(၂) လာ့တ(သို့)ဇယိန် Zayein
(၃) ကယန်း (သို့) ပဒေါင် Ka-Yun (Padaung)
(၄) ဂေခို(ကဲ့ခို) Gheko
(၅) ဂေဘား Kebar
(၆) ပရဲ(ကယော) Bre (Ka-Yaw)
(၇) မနူမနော Manu Manaw
(၈) ယင်းတလဲ Yin Talai
(၉) ယင်းဘော် Yin Baw

ကယားလူမျိုး နောက်ခံသမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ကယားလူမျိုးတို့သည် လူနှင့်ငှက်အမျိုးအနွယ် ဖြစ်သော ကိန္နရီကိန္နရာတို့မှ ဆင်းသက်ပေါက်ဖွားလာ သော လူမျိုးများဖြစ်သည်ဟု ယုံကြည်ကြသည့်အတိုင်း ကိန္နရီ၊ ကိန္နရာတို့ ပျော်မြူးရာဒေသဖြစ်သည့်ငွေတောင် ပြည်သို့ရောက်ရှိရန် ဆုတောင်းခဲ့ကြသည်။ ကယား လူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင် သော ကယားပြည်နယ်၌ အများဆုံးနေထိုင်ကြသူများ ဖြစ်ပေသည်။ ကယားလူမျိုးတို့ကိုပြည်နယ်၏ အရှေ့ ပိုင်း လွိုင်ကော်မြို့ အရှေ့တာင်ဘက်ဒေသ ကန္တဝတီ နယ်သံလွင်မြစ်ကမ်း နှစ်ဖက်တို့၌ အများဆုံး တွေ့ရ သည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချက် အရ ကယားလူမျိုး (၃၁၅၀ဝ) ကျော်မျှရှိသည်ဟု သိရ သည်။ ပြောဆိုသောစကားများ၏ နီးစပ်မှုကိုထောက်၍ ကယားလူမျိုးတို့မှာ တိဗက်မြန်မာစုဝင် ကရင်စုခွဲ၌ ပါဝင်သော လူမျိုးတစ်မျိုးဖြစ်သည်ဟု ဘာသန္တရ ပါရဂူတို့က ဆုံးဖြတ်ခဲ့ကြသည်။
[ ဦးဖိုးကျားရေးသော ခေတ်မီမြန်မာရာဇဝင် အကျဉ်းစာအုပ်မှ]

လူမျိုးစုအားဖြင့် ထိုင်းတရုတ်အနွယ်ဝင်ဖြစ်ပြီး ကရင်လူမျိုးစုတွင်ပါဝင်သည်။ အင်္ဂလိပ်လက်ထက် မှစပြီး ကရင်နီဟုခေါ်ခဲ့သည်။ မင်းတုန်းမင်းသည် အနောက် ကရင်နီနယ်ကို သိမ်းပိုက်ရန် ကြိုးစားသဖြင့် ဗြိတိသျှတို့က ကန့်ကွက်သည်။ သို့ဖြင့် မင်းတုန်းမင်း နှင့် အောက်မြန်မာပြည် ဝန်ရှင်တော်မင်းကြီးဖယ်ရာ တို့၏ သဘောတူစာချုပ်အရ ကရင်နီနယ်ကို သီးခြား လွတ်လပ်သောနယ်မြေအဖြစ် အသိအမှတ်ပြုသည်။ ကရင်နီနယ်သည် အင်္ဂလိပ်ကိုလိုနီခေတ်တွင် လွတ် လပ်သော ကြားနယ်မြေ ဖြစ်ခဲ့သည်။ သို့ရာတွင် ဗြိတိသျှ တို့သည် ကရင်နီနယ်တွင် ဝင်ရောက်စွက်ဖက်မြဲ စွက် ဖက်ခဲ့သည်။ ဗြိတိသျှတို့သည် ကရင်မျိုးနွယ်စုများ အားဝတ်သည့် အင်္ကျီကိုကြည့်ပြီး ကရင်ဖြူ၊ ကရင်နီ၊ ကရင်နက်၊ ကရင်ကြားဟု သတ်မှတ်ခေါ်ဆိုသော ကြောင့် ဖြစ်သည်။
တောင်တန်းပြည်မ ပေါင်းစည်းရေးကိစ္စ၌ ပထဝီ နိုင်ငံရေးအရ ပေါင်းစည်းရေးကို ကရင်နီပြည်နယ် ခေါင်းဆောင်များက လက်ခံခဲ့သည်။ နောက်ပိုင်းတွင် ကရင်နီပြည်နယ်ကို သက်သက်အဖြစ် ကယားပြည် နယ်ဟူ၍ မဲခွဲသတ်မှတ်ခဲ့သည်။ ပြည်ထောင်စု မြန်မာ နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၁၈၀ (၁) (က) ပါ ကရင်နီပြည်နယ်ကို ပယ်ဖျက်ပြီး ကယားပြည် နယ်ဟု ပြင်ဆင်ပြဋ္ဌာန်းပေးရန် ၁၉၅၀ ဖေဖော်ဝါရီတွင် ကျင်းပသည့် လွှတ်တော်၌ ကရင်ပြည်နယ်ကိုယ်စား လှယ် ဦးစိန်က အဆိုပြုချက် တင်သွင်းခဲ့သည်။ အထူး စုံစမ်းရေးကော်မတီက စုံစမ်းပြီး ၁၉၅၁ အောက်တို ဘာတွင် ကရင်နီမှ ကယားဟူ၍ ပြောင်းလဲခဲ့သည်။
ကရင်နီတို့က ဒါဟာ မြန်မာအစိုးရက တစ်ချိန်က ကရင်နီပြည်နယ်ရဲ့ လွတ်လပ် မှုကို ပြည်ဖုံးကားချချင် လို့ ကယားဆိုပြီး အမည်ပြောင်းဖြစ်တယ်ဟူ၍ သူတို့ ၏သမိုင်းတွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် သူတို့သည် ကယားဆိုသည်ကိုမကြိုက်။ ကရင်နီဟု ခေါ်သည်ကိုသာ ကြိုက်နှစ်သက်သည်။

ကယားနှင့် ကရင်နီအခေါ်အဝေါ်
ဝတ်ဆင်သော အဝတ်အထည်တို့၏ နီသော အရောင်အသွေးကို လိုက်၍ မြန်မာတို့က ကယားလူမျိုး တို့ကို ရှေးအခါက ကရင်နီဟု ခေါ်ဝေါ်ကြသည်။ အသားရောင် နီမြန်းခြင်းကြောင့် ကရင်နီဟုခေါ်ဆိုခြင်း မဟုတ်ပါ။ ကယားလူမျိုးတို့ကမူ သူတို့ကိုယ်သူတို့ ကယား သို့မဟုတ် ကယားလိဟု ခေါ်ဝေါ်ကြသည်။ ကယားဟူသော အဓိပ္ပာယ်မှာ ကယားဘာသာစကား အရ လူဟုအဓိပ္ပာယ်ရ၍ ကယားလိဟူသော ဝေါဟာရ အဓိပ္ပာယ်မှာ လူနီဟုအဓိပ္ပာယ်ရသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့အစည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (၁၉၄၇) နှစ်တွင် ကရင်ပြည်နယ် ဖွဲ့စည်းသောအခါ၌ ကရင်နီနယ်ကိုပါ ထည့်သွင်းရန် ရည်မှန်းချက်ရှိခဲ့ သည်။ ၁၉၅၁ ခုနှစ် အတွင်းက အမည်ပြောင်းလဲရေး နှင့် ကယားပြည်နယ် သီးသန့်တည်ရှိရေးတို့အတွက် ပါလီမန်မှ အက်ဥပဒေပြုလုပ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် လိုအပ်သောပုဒ်မများကို ပြင်ဆင် ခွင့်ရရှိခဲ့သည်။

ဝတ်စားဆင်ယင်ပုံ
ကယားလူမျိုးများသည် အရပ်အမောင်း (၅)ပေကျော်ခန့်ရှိပြီး မျက်လုံးမျက်ခုံး ကောင်း၍ ရိုးမြင့် သည့် နှာတံအနေတော်ဖြစ်ပြီး မေးရိုးဝိုင်းသည်၊ အသားညိုသည်။ ဆံပင်နက်၍ အနည်းငယ် ကြမ်းပုံ ပေါ်သည်။ ယောကျာ်းများက ဆံထုံးထုံးကြ၍ အဖြူ ရောင် ခေါင်းပေါင်းကို ပေါင်းသည်။ အနီရောင်ဘောင်း ဘီနှင့် အင်္ကျီရင်ကွဲကို ဝတ်ကြ သည်။ အမျိုးသမီးများ ကလည်း ဆံထုံးထုံး၍ အနီရောင်ပုဝါကို ပေါင်းသည်။ အနီ သို့မဟုတ် အနက်ရောင် လက်ပြတ်အင်္ကျီများကို ဝတ်ဆင်၍ အနီရောင် သို့မဟုတ် အနက်ရောင် ခြုံထည် လွှမ်းခြုံထားလေ့ရှိသည်။ (၅)ပေခန့်ရှည်သည့် အဖြူ ရောင် ခေါင်းခါးစည်းကိုလည်း စည်းထားကြလေ့ ရှိ သည်။ အနက်ရောင် သင်းတိုင်းကိုဝတ်၍ ခြေသလုံး တွင် သစ်ဆေးသုတ်သော ကြိုးခွေများ ပတ်လေ့ရှိ သည်။ ငွေနားဆွဲ။ နားတောင်းများကို ဆွဲကြသည်။ ငွေလက်ကောက်အလုံးများကို ဝတ်ဆင်ကြသည်။ ငွေဆံ ဖထိုးများကိုထိုးပြီး ခြေကျင်းဝတ်တွင် ပုတီစေ့ များကိုစီတန်း၍ ဆွဲလေ့ရှိသည်။ ငွေလက်ကောက် များအလုံးများကိုလည်း ဝတ်ဆင်ကြသည် ငွေဆံထိုး များကို ထိုးပြီး ခြေကျင်းဝတ်တွင် ပုတီးစေ့များကို စီတန်း ၍ သီကုံးပတ်ထားလေ့ရှိသည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
ကယားတို့သည် ရိုးရာနတ်နှင့် ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် တံခွန်တိုင်နတ်ကွန်းသည်အဓိကဖြစ် သည့် ရာသီပွဲများနေဖြင့် ကောက်ညှင်းထုပ်ပွဲ၊ ကူးထို ဘိုးခေါ် တံခွန်တိုင်ပွဲ၊ စပါးပုတ်ပွဲ၊ အိမ်တက် မင်္ဂလာ ပွဲနှင့် တောလိုက်ပွဲများရှိကြသည်။ ဗုံတို၊ ဗုံရှည်၊ မောင်း၊ လင်းကွင်း၊ ပုလွေ၊ ဖားစည် စသည့် တူရိယာ များကို သုံးပြီး တံခွန်တိုင်အက၊ အိမ်တက်မင်္ဂလာအက၊ ဒီကူး အက၊ ဝါးညှပ်အက၊ ဆွမ်းယင်အကနှင့် နိုင်ငံအကများ ကို ကလေ့ရှိကြသည်။ ကွယ်လွန်သူ၏ဦးခေါင်းကို လည်း ငွေတောင်ပြည်ဘက်သို့ ဦးလှည့်၍ ထားတတ်ကြသည်။ ကယားပြည်နယ်၏ ထူးခြားသော အထိမ်းအမှတ်ပစ္စည်းဖြစ်သည့် ဖားစည်ခေါ် ကြေး နက်စည်ကြီးကိုလည်း ငွေတောင်ပြည်၌ သွန်းလုပ် ခဲ့သည်ဟု ဆိုသည်။
ကယားတို့သည် ရှေးယခင်က မြန်မာများနှင့် အတူ စစ်ရေးစစ်ရာတွင် အတူလက်တွဲ၍ တိုက်ခိုက်ခဲ့ ဖူးသည့် အထောက်အထားများလည်း ရှိနေပါသေး သည်။ “ပျိုလေးတို့အိမ်မိုးထိုးလာတဲ့ ပေဖူးလွှာ၊ ဘာစာ တဲ့ မေး။ မေးပါနဲ့အေ။ ယိုးဒယားငယ်နဲ့ ကုလားကို စစ်ချီတော့ ကရင်နီအောင်တပ်က ဆံဖြတ်မောင်စီလို ကရေ လွမ်းစာတဲ့လေ” ဟူသော ရှေးဟောင်းတေးသား လေမှာ စစ်သားဘဝ၏ချစ်ရေးချစ်ရာများကို လွမ်း စဖွယ်ကောင်းအောင် ဖော်ပြထားရုံမက ရှေးဟောင်း ကာလကတည်းက ကယားလူမျိုးတို့သည် မြန်မာ တို့နှင့် စစ်ရေးတွင်အတူ လက်တွဲတိုက်ခိုက်ခဲ့ကြဖူး သည်ဆိုသော သာဓကကိုပါ ထင်ရှားစွာဖော်ပြထား ခြင်းဖြစ် သည်။

ကယန်းလူမျိုး
ကယန်း/ပဒေါင်

လူဦးရေစုစုပေါင်း ၁၃၀ဝဝဝ
အများစု နေထိုင်သည့်နေရာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ဗီယက်နမ်နိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စု
မြန်မာ၊ ရှမ်းပြည်နယ် ၄၀ဝဝဝ
မြန်မာ၊ ကယားပြည်နယ် ၂၀ဝဝဝ
ထိုင်း ၆၀ဝ
ဗီယက်နမ် ၆၀ဝ [ကိုးကားချက်လိုသည်]
အမေရိကန် ၆၀ဝ
မင်နီဆိုးတား ပြည်နယ် ၆၀ဝ
ဘာသာစကား ပဒေါင်ဘာသာစကား
ကိုးကွယ်မှု ရိုမန်ကတ်သလစ်

• ပဒေါင် ( ကယားပြည်နယ် )
• ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာ သန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ် သည်။
ကယန်းသည် မြန်မာနိုင်ငံရှိ တောင်ပေါ်ဒေသ တွင်နေထိုင်သော လူမျိုးတစ်ခု ဖြစ်သည်။ ကရင်နီ လူမျိုးစုနွယ်ဝင် လူမျိုးစုခွဲတစ်ခု ဖြစ်သည်။ ကယန်း လထာ၊ ကယန်း ကငံ၊ ကယန်းလဝီ (ပဒေါင်)၊ ကယန်း (ကခေါင်း) ဟူ၍ ကယန်းတွင် လူမျိုးစုခွဲ လေးခုရှိသည်။
အများက ပဒေါင်ဟု သိထားသောလူမျိုးများ သည် ကယန်းထဲတွင် ပါဝင်သည်။ သူတို့သည်လည်း “ပဒေါင်”ဟုခေါ်သည်ကို မကြိုက်ချေ။ “ပဒေါင်”ဆို သည်မှာ ရှမ်းတို့က ပေးသောအမည် ဖြစ်သည်။ သူတို့ ဘာသာ မှည့်ခေါ်သော အမည်မဟုတ်။ သူတို့က ကယန်းဟု ခေါ်သည်ကိုနှစ်သက်သည်။ တစ်ခါတရံ အခြားကယန်းလူမျိုးများနှင့် ကွဲပြားစေရန် သူတို့ကိုယ် သူတို့ ‘လည်ပင်းရှည်’၊ ‘ကြေးကွင်းပတ်’ဟုလည်း ညွှန်းပြီး ပြောတတ်သေးသည်။
သမိုင်းကြောင်း
ကယန်းတိုင်းရင်းသားများက မိမိတို့ လူမျိုး၏ မူလအမည်မှာ ‘ကန်ယန်’ ဖြစ်သည်ဟု ဆိုသည်။ ‘ကန်’မှာ ‘ပိုင်နက်နယ်မြေ’ဖြစ်ပြီး၊ ‘ယန်’မှာ ‘စွဲစွဲ မြဲမြဲရှိခြင်း၊ အတည်တကျရှိခြင်း’ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ကန်ယန်ဆိုသည်မှာ နယ်မြေ ဒေသတစ်ခု အတွင်း အတည်တကျ စွဲစွဲမြဲမြဲနေတတ်သည့်လူမျိုးဟု ဆိုလိုသည်။ ကာလရွေ့လျောလာသည့်အခါ ‘ကန်ယန်’ မှ ‘ကယန်း’ဖြစ်လာသည်ဟု ဆိုပါသည်။ ထို့ပြင် ကယန်းမျိုးနွယ်၌ မျိုးနွယ်ခွဲပေါင်း (၄)မျိုးရှိသည်ဟု ဆိုသည်။ ယင်းတို့မှာ-
၁။ မိမိကိုယ်ကို တောင်ပေါ်ဒေသ၏ အရှင် သခင်ဟု ယူဆထားပြီး အမျိုးသမီးများ၏ လည်ပင်းနှင့် ခြေထောက်တို့တွင် ကြေး ခွေများ ရစ်ပတ်ဝတ်ဆင်လေ့ရှိသည့် ‘ကယန်း’ (ပဒေါင်)
၂။ မြေပြန့်လွင်ပြင်တွင် အနေများပြီး လည် ပင်းတွင် ငွေပြားများ ချိတ်ဆွဲဝတ်ဆင် လေ့ရှိသည့် ယင်းဘော်ခေါ် ‘ကယန်း’ (ကငံ)
၃။ တောင်ပေါ်ဒေသတွင် အနေများပြီး ကယန်း(ပဒေါင်)ဘာသာစကားနှင့် အလွန်နီးစပ်သည့် စကားကို ပြောဆိုကြ သော ကေခို၊ ကေဘား ခေါ် ‘ကယန်း’ (ကေခို)
၄။ တောင်ပေါ်ဒေသ ကျောက်တုံး၊ ကျောက် စိုင်များကြားတွင် အိမ်ကလေးများ ဆောက်ကာ အမျိုးသားများ ကတုံး တုံး လေ့ရှိသော ဇယိမ်ခေါ် ‘ကယန်း’ (လထ) တို့ဖြစ်ကြသည်။
ကယန်း (ပဒေါင်)တိုင်းရင်းသားများကို ရှမ်းတို့ က ပဒေါင်ဟု ခေါ်ကြသည်။ ‘ကြေးပတ်သောသူ – ပတ်တောင်း’ဟူသော ရှမ်းစကားမှ ပဒေါင်ဖြစ်လာ သည်ဟု ဆိုသည်။ ‘ကယန်း’ (ပဒေါင်) တိုင်းရင်းသား များ ကိုယ်တိုင်ကမူ ကောင်း-ခေါင်း-ဒိုးဟု ခေါ်ကြ သည်။ ‘တောင်များ၏ အရှင်သခင်’ဟု အဓိပ္ပာယ်ရပါသည်။

ပေါ်ပေါက်လာပုံ
ကယန်းတိုင်းရင်းသားများက မိမိတို့လူမျိုးဖြစ် ပေါ်လာပုံကို ကာကောင်းဟုခေါ်သော လင်္ကာရှည်ကြီး ဖြင့် ဘိုးစဉ်ဘောင်ဆက် နှုတ်တိုက်ရွတ်ဖတ် မှတ်သား လာခဲ့ကြသည်။ ထိုလင်္ကာရှည်ကြီး၏ မြန်မာပြန် အနက်အဓိပ္ပာယ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ကယန်းတိုင်းရင်းသားများသည် မူလက မော အိုက်ရှခေါ် အာရှမိုင်းနားအရပ် ဒေသ၌ နေထိုင်ခဲ့သည် ဆို၏။ မောအိုက်ရှ၏ အဓိပ္ပာယ်မှာ ‘အကြီးဆုံးနှင့် ပထမဆုံး ဖြစ်ပေါ်လာသော နယ်မြေ’ဟု အဓိပ္ပာယ်ရ သည်။ အာရှမိုင်းနားတွင်ရှိစဉ် မျှော်စင်နီကြီးကို မိုးထိ အောင်တည်ဆောက်ကြရာ အလွန်မြင့်သည့်အတွက် ပြိုကျသွားသဖြင့် လူ၊ သတ္တဝါအားလုံးတို့ ပိတ်ဆို့ခြင်း ခံခဲ့ရသည်။ ထိုနေရာကို ကယန်းတို့က ဘီလူးခေါ် ဘေဘီလုန်ဟု ခေါ်ကြသည်။ အဓိပ္ပာယ်မှာ အကုန်ပိတ် အရပ်ဖြစ်သည်။ လူ၊ သတ္တဝါတို့ ပိတ်ဆို့ခြင်းခံရသည့် အတွက် အကြီးအမှူးဖြစ်သူ ဖူးကလိပ်ဆိုသူက မြေ ကြီးကိုရေဖြင့် သုံးပိုင်းပိုင်းရာ၌ ကယန်းတို့သည် နေ ထွက်ရာ အရှေ့ဘက်အခြမ်းတွင် ပါဝင်ကြကုန်သည် ဟု ဆိုသည်။
တစ်ဖန် အိုင်ရာဟုခေါ်သော အရပ်သို့ သွား ရောက်နေထိုင်ကြသောအခါ လူအများသည် ဆိုး၊ မိုက်ကြသည့်အတွက် မိုးကောင်းကင်မှ မီးကျလာပြီး ကမ္ဘာမြေပြင်မှ မြေပြိုကျသွားသည့်အတွက် ကြောက် မက်ဖွယ်ရာ မြို့(၇)မြို့၊ ရွာ(၇)ရွာ သေကြေ ပျက်စီး သွားပြီး ယနေ့တိုင် အိုင်ရာအိုင် ဖြစ်သွားသည်ဟု ဆို သည်။ နောက်တဖန် အတ်ရတ်ဒေသတွင် နေထိုင်ကြ စဉ် (၇)နှစ်၊ (၇)မိုး မိုးခေါင်ရေရှား ငတ်မွတ်ခေါင်း ပါးကြသဖြင့် ထိုဒေသဆီမှ မိုသာခေါ် သားသဲကန္တာရ အရပ်သို့ ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဆိုသည်။ ယင်းမှ တစ်ဖန် နှစ်ပေါင်းလေးရာကျော် ခရီးသွားလာ ပြီး တောတောင် ထူထပ်သော မောဂွေခေါ် မွန်ဂိုလီး ယား ဒေသသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်ဟုဆိုသည်။ မောဂွေ၏အနက်မှာ မိုးကုပ်စက်ဝိုင်း၏ အမြင့်ဆုံး နေရာဟု အဓိပ္ပာယ်ရသည်။
မွန်ဂိုလီးယားဒေသ၌ နေထိုင်ကြစဉ် ကယန်း လူမျိုးသည် လင်းယန်းနှင့် လင်းချူးဟူ၍ နှစ်ခုခွဲလာရာ နယ်မြေနေရာ အမွေခွဲရေးကိစ္စနှင့် ပတ်သတ်၍ မကြာ ခဏ မသင့်တင့်ကြဘဲ စစ်တိုက်ကြသည့်အတွက် လင်းယန်းလူမျိုးစုသည် တောင်ဘက်အရပ်သို့ ထွက်ခွာ လာသည် ဟူ၏။ တစ်ဖန် ထိုလူမျိုးစုအထဲမှ ‘ခေ’ ခေါ် ‘တရုတ်’ နှင့် ‘ခဲယန်း’ ခေါ် ‘ကယန်း’လူမျိုးစု နှစ်စု ထပ်မံကွဲထွက်လာပြန်ပြီး နယ်မြေစားကျက်နှင့် ပတ် သတ်၍ မကြာခဏခိုက်ရန်ဖြစ်ပွားကြရာမှ ရှုံးနိမ့် သော ကယန်းလူမျိုးစုသည် တောင်ဘက်သို့ ပြောင်း ရွှေ့ခဲ့ကြသည်ဟု ဆိုသည်။ ထိုသို့ပြောင်းရွှေ့လာသည့် အခါစော်ဘွား ခေါ် စော်ဘွားလင်ခရန်းဆိုသူက ဦး ဆောင်၍ အုပ်ချုပ်သွားသည်ဟူ၏။
မွန်ဂိုလီးယားမှ တောင်ဘက်သို့ ပြောင်းရွှေ့ လာရာ ‘တောင်ဖာတောင်မက်ခေါ် တိဘက်’သို့ ရောက်လာ၍ ‘ကွီလုံ၊ ကွီလန်’ တောင်တန်း၌ တောင် ယာများ ကို စိုက်ပျိုးကြ၍ တောင်ကမ်းပါးပြိုကျလာ သောကြောင့် အိုင်ကြီး(၃)ခု၊ မြစ်ကြီး(၃)သွယ် မြစ်ဖျား ခံရာဒေသသို့ ပြောင်းရွှေ့လာပြီး နေထိုင်ကြသည်ဟု စော်ဘွားထော ဖားအမျိုးက အုပ်ချုပ်ကြီးကြပ်လာ သည်ဟု ဆိုသည်။
ကယန်းတို့၏ လက်နက်ကိုင်တော်လှန်ရေး
ကယန်းလူမျိုးတို့၏ လက်နက်ကိုင်တော်လှန်ရေး သည် ၁၉၆၄ ခုနှစ်မှ စတင်ခဲ့သည်။ ယခုဥက္ကဋ္ဌ ငိန်း ကယန်းထန်သည် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ အရေးအခင်း ဖြစ်ပွားစဉ်က ရန်ကုန်တက္ကသိုလ်တွင် မောင်ရွှေအေးအမည်ဖြင့် ကျောင်းတက်နေသော ကျောင်းသားတစ်ယောက် ဖြစ်သည်။ နေဝင်းအစိုးရ၏ အရက်စက်ဆုံးသော ကျောင်းသားအရေးအခင်း ဖြိုခွင်းမှု ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသော တိုင်းရင်းသား ကျောင်း သားငယ်သည် တုန်လှုပ်သွားခဲ့သည်။ ၁၉၆၃ ခုနှစ် နေဝင်းစစ်ကောင်စီလက်ထက် ပြည်တွင်း ငြိမ်း ချမ်းရေးအတွက် ခြောက်ခရိုင် လူထုဆန္ဒဖော်ထုတ်ပွဲ များတွင် ကျောင်းသားတစ်ယောက်အနေဖြင့် ရှေ့တန်း မှ တက်ြွကစွာ ပါဝင်ခဲ့သည်။ နေဝင်းစစ်ကောင်စီ သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တစ်ဖက်သက် ဖျက်သိမ်း ပြီး တောတွင်းလက်နက်ကိုင်အဖွဲ့များကို ပြန်လည် မောင်းထုတ်သည့်ဖြစ်ရပ်ကို တွေ့ကြုံခဲ့ ရပြန်သည်။ ထို့ကြောင့် လက်နက် အားကိုးပြီး ဖိနှိပ်ဖြို ခွင်းသော အစိုးရကို လက်နက်နှင့်သာ သူတိုက်ကိုယ် တိုက် တိုက်ရမည်ဟု စဉ်းစားယုံကြည်မိတော့သည်။ တောခို မည့် ကျောင်းသားတစ်ယောက်အနေဖြင့် ကရင်တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့သည်။ ကရင် တပ်မှူးများနှင့် အတူနေထိုင်စဉ် ကယန်းလူမျိုး တစ်ယောက် အနေနှင့် မိမိဒေသတွင် တော်လှန်ရေး အဖွဲ့အစည်း ရှိသလား၊ မရှိသေးလျှင် မိမိဒေသအတွင်း ပြန်လည် စည်းရုံးသင့်ကြောင်း အကြံပြုကြသည်။ ဒီလိုနှင့် မိမိဒေသတွင်းသို့ စည်းရုံးရေးဆင်းရန် ပြန်လာ ခဲ့တော့သည်။
လက်နက်ကိုင် တော်လှန်ရေးကို စတင်ရန် လူစု နေစဉ် နေဝင်းအစိုးရမှ ငွေစက္ကူ ၁၀ဝ တန်များကို တရားမဝင်အဖြစ် ကြေညာသည်။ လကုန်ရက်တွင် ၁၀ဝ တန်တွေရထားသော ကယန်းဝန်ထမ်းတွေရဲ့ လစာလေးတွေ၊ တောထဲမှာ ဒေသထွက်ကုန်လေးတွေ ရောင်းပြီး စုထားတဲ့ ချွေးနည်းစာ ရာတန်လေးတွေ တန်ဖိုးမဲ့ကုန်ပြီ။ လူထုရဲ့ဒေါသက လူစုနေသော တော် လှန်ရေးကို အရှိန်မြင့်စေခဲ့ပြီ။ ကယန်းလူမျိုး တော် တော်များများမှာ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်က ရယူ ထားသော လက်နက်ကောင်းတွေ ၂၀ဝ လောက်ရှိပြီး သားမို့ လက်နက်အတွက် အခက်အခဲမရှိတော့။ ပထမဦးဆုံး တိုက်ပွဲက ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။ နေဝင်းအစိုးရကို စတင်တော်လှန်သော ထိုနေ့သည် ၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့၊ ကယန်းလက်နက်ကိုင်တော်လှန်ရေးနေ့ အဖြစ် ကယန်းလူမျိုးများ၏ သမိုင်းတွင် မှတ်တမ်း တင်ခဲ့သည်။
အမျိုးသမီးတို့သည် လည်တိုင်ရှည်မှ လှပသည် ဟု ယုံကြည်သဖြင့် လည်တိုင်ရှည်အောင် လည်ပင်း တွင် ကြေးခွေများကို တစ်ခွေပြီးတစ်ခွေဆင့်၍ ရစ်ပတ် ဝတ်ဆင်သည့် အလေ့အထရှိသော ပဒေါင်လူမျိုးတို့ သည် ကရင်လူမျိုးတစ်မျိုးဖြစ်သည်။ ယခုအခါ ပဒေါင် အမျိုးသမီးများ လည်ပင်းတွင် ကြေးခွေစွပ်သော အလေ့အထမှာ ပျောက်ကွယ်စပြုနေပြီ ဖြစ်သည်။ ပဒေါင်တို့သည် ၁၉၃၁-ခုနှစ် သန်ခေါင်စာရင်းအရ လူဦးရေ ၁၆ç၅၀ဝ ကျော်မျှ ရှိ၍၊ တောင်ငူအရှေ့ဘက် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့ အကြားတွင် အနှံ့အပြား နေထိုင်ကြသည်။ ရှမ်းပြည် နယ်တောင်ပိုင်းတွင် ပဒေါင် ၁၄çဝဝဝ ခန့်ရှိ၍ ကယား ပြည်နယ်တွင် ၂ç၅၀ဝ ကျော်ရှိသည်။ ပျဉ်းမနား အရှေ့ ဘက်တွင်ရှိသော ကယားပြည်နယ်ထဲ အပါအဝင် ပေါင်းလောင်းငယ် မြစ်ဝှမ်းရှိ စတုရန်းမိုင် ၁၅၀ မျှ ကျယ်သော မြေပြန့်၌လည်း နေထိုင်ကြသည်။
ပဒေါင်တို့သည် မိမိတို့ကိုယ်ကို ကေကောင်းဒု ဟုခေါ်ဝေါ်ကြသည်။ ပဒေါင် အမျိုးသားတို့သည် တောင်သူလူမျိုးတို့ကဲ့သို့ပင် ဖော်ရွေသူများ ဖြစ်သည်။ ကိုယ်လက် ကြံ့ခိုင်တောင့်တင်းသည်။ အလုပ်ကို အပင် ပန်းခံ၍ လုပ်နိုင်ကြသည်။ ပျော်ပျော်ရွှင်ရွှင် နေတတ် ကြသည်။ ပဒေါင်တို့သည် တောင်ယာကို လှေခါးထစ် စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးရာ၌ တောင်စောင်းတွင် တစ်ဆင့်ပြီးတစ်ဆင့် ကန်သင်းခတ်၍ ရေသွင်း စိုက်ပျိုး ကြသည်။ ထိုအလုပ်မှာ များစွာခက်ခဲ ပင်ပန်းသည်။ သို့သော် မညည်းမညူ လုပ်ကြသည်။ ကုန်ရောင်း ကုန်ဝယ် အလုပ်၌လည်း ကောင်းစွာလုပ်တတ်ကြ သည်။ အမဲလိုက်လည်း ဝါသနာထုံသည်။ ပတ်ဝန်း ကျင်ရှိ တောင်ပေါ်သားတို့တွင် ပဒေါင်တို့သည် အလုပ် အကိုင်၌ အတော်ဆုံး အကောင်းဆုံး လူတစ်မျိုးဖြစ် သည်ဟု ချီးကျူးခံရသည်။

ဇယိန်လူမျိုး
ဇယိန်လူမျိုးသည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၏ အရှေ့ဘက်တောင်ပေါ်ဒေသ၊ ကယားပြည်နယ်တို့တွင် နေထိုင်သော ကရင်မျိုးနွယ်စု ဝင် လူမျိုးစုတစ်စုဖြစ်သည်။ ထိုဒေသများရှိ ကျေးရွာ ပေါင်း ၆၅ ရွာတွင်နေထိုင်လျက်ရှိပြီး လူဦးရေအားဖြင့် ၂၀၁၃ ခုနှစ်စာရင်းအရ ၁၅ယ၂၄၅ ဦးရှိသည်။ ကယန်း လူမျိုးစုများဖြစ်သော ကယန်းလဟွီ၊ ကယန်းလထာ၊ ကယန်းကငန်နှင့် ကယန်းဂေခိုတို့ထဲတွင် လူဦးရေ ပိုနည်းသော အစုဖြစ်သည်။

သမိုင်းကြောင်း
ဤအစုသည် ရှေးအခါက လွယ်လုံပြည်ခေါ် ယခု ပင်လောင်းနယ်ကို ကြီးစိုးနိုင်ခဲ့ ဖူး၏။ ပင်လောင်း မြို့ကို ခရစ်နှစ် ၁၇၉၄ (မြန်မာနှစ် ၁၁၅၆) ခုနှစ်တွင် ဘန့်ဘာရွာ တွင်အခြေစိုက်ခဲ့သော ဇယိန်စော်ဘွား လတိန်၏ ညွှန်ကြားချက်ဖြင့် လလွီ (Lalui) ဆိုသူ အရာရှိတစ်ဦးက ဦးဆောင်တည်ထောင်ခဲ့ကြောင်း ပင်လောင်းမြို့၊ မွေတော် ဘုရားသမိုင်းအရ သိရသည်။ ဘိုးတော်ဘုရားလက်ထက် ၁၇၈၂ မှစ၍ လွယ်လုံနယ် အတွင်း စတင်ဝင်ရောက်နေထိုင်လာကြသော အောက် သထုံပြည်နေ ပအိုဝ်းများနှင့် ဒေသတွင်းနေရှမ်းများကို ပင်လောင်းမြို့အနီးတစ်ဝိုက်တွင် အခြေချနေထိုင်ခွင့် ပြုပြီး ပင်လောင်းမြို့ကို စည်ကားအောင်ပြုခဲ့၏။လနောအမည်ရ စော်ဘွားလက်ထက်တွင် လွယ်လုံနယ် စားဖြစ်ကြောင်း ဗမာဘုရင်က လနောကို အသိအမှတ် ပြုခဲ့သည်။ နယ်စားလနော၏သားတော်များထဲမှ ရွှေနီအမည်ရှိသားတော်မှာ ဒေသခံရှမ်းအမျိုးသမီး နှင့် အကြောင်းပါပြီး ငပိုခေါ် သားတော်တစ်ပါး ထွန်း ကား၏။ ပင်လောင်းမြို့တောင်ဘက်ရှိ ရင်းမှီး (တဝီး မွူး) အရပ်၌ တည်ထားသော စေတီသမိုင်း မှတ် တမ်းအရ ငပို နောက်ပိုင်းတွင် မင်းပါရမီဆိုသူက ပင် လောင်းမြို့စားအဖြစ် အုပ်ချုပ်ခဲ့ဖွယ်ရှိကြောင်း သိရသည်။
အစ ပထမတွင် ရှမ်းနှင့် ပအိုဝ်းတို့အပေါ် လွှမ်းမိုး နိုင်ခဲ့သော်လည်း ၎င်းတို့၏ဆွေမျိုးနီးချင်းဖြင့်သာ အိမ်ထောင်ပြုသည့်အလေ့အထကြောင့် လူဦးရေတိုး ပွားနှုန်း နှေးကွေးလှပေရာ နောက်ပိုင်းတွင် ဇယိန်တို့ လွှမ်းမိုးမှုလျှော့ပါးလာပြီး ရှမ်းနှင့်ပအိုဝ်းလူမျိုးတို့၏ လူနေမှုပုံစံအောက် ရောက်မှန်းမသိရောက်လာခဲ့သည်။ ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၁၁ တွင်ပြုလုပ်ခဲ့သော ပဒေသရာဇ် အာဏာရှင် စော်ဘွားများကို တော်လှန်သည့်ဖြစ်စဉ် ပင်လောင်းနယ်တွင်လည်း ဖြစ်ပွားခဲ့သည်။ ၁၉၅၉ ခုနှစ် တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော အိမ်စောင့် အစိုးရက ရှမ်းပြည်ရှိစော်ဘွားများကို ဖိတ်ခေါ် ထိန်း သိမ်းပြီး အဏာစွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးစေ သည့်နောက် ပင်လောင်းနယ်တွင် ဇယိန်တို့အုပ်ချုပ်မှု အဆုံးသတ်သွား၏။
ယခုအခါ ပင်လောင်းမြို့နယ်ရှိ ဇယိန်တိုင်းရင်း သားတို့အခြေချ နေထိုင်ခဲ့ရာ ရွာအများအပြား ပအိုဝ်း ရွာဖြစ်ကုန်ပြီး ဒေသအခေါ် ပအိုဝ်း-ဇယိန်မှသည် ပအိုဝ်း စကားသာပြောတတ်သော ဇယိန်သွေးပါ ပအိုဝ်း များဖြစ်လာကြသည်။ ဝေးလံခေါင်ဖျား၊ တောင်ထူ ထပ်ပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းသော ငှက်ဖျား ထူထပ်ရာ အရပ်များတွင်သာ ဇယိန်ကျေးရွာအချို့ သီးသန့်တည်ရှိတော့သည်။ ဇယိန်တို့နေထိုင်ရာ ဒေသ သည် ဖွံ့ဖြိုးမှုနည်းပြီး ပညာရေးတွင်လည်း နောက်ကျ ကျန်နေရဆဲဖြစ်သည်။ ပေါင်းလောင်းဘက်စုံ ရေလှောင် တမံတည်ဆောက်မှုဧရိယာအတွင်း ဇယိန်ကျေးရွာ အချို့ ရေမြုပ်သည့်အထဲ ပါဝင်ခဲ့ကြောင်းသိရသည်။
ပုဂံခေတ်ကတည်းက ဤလွယ်လုံ (ပင်လောင်း) နယ်ကို သထုံမြို့အရှေ့တောင် ဘက်ရှိ ကျိုက္ခမီခရိုင်နေ ဆောင်းတွမ်းကရင်တို့ စတင်ရွေ့ပြောင်း နေထိုင်လာ ခဲ့ကြသည်။ ၎င်းတို့သည် ပင်လောင်းမြို့ အနောက် ဘက်၊ ဘီလူးချောင်းစတင်ရာဒေသ၊ ငွေတောင်ရွာနှင့် နောင်ပုလဲရွာတို့၏ အနောက်တောင်ဘက်အရပ်ရှိ တောင်ကုန်းများ တွင်ရွာတည်ကာ နေထိုင်ကြသည်။ ရွာအမည်ကို ဆောင်းတွမ်းဟု မှည့်ခေါ်ခဲ့ကြ၏။ နှစ် အတန်ကြာသော် ၎င်းတို့ထဲမှအများစုသည် လွယ်လုံ နယ်တစ်ကြော တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ ပြီး အသစ်အသစ်သော ရွာများတည်ထောင်နေထိုင်ရင်း မိမိတို့နေထိုင်ရာရွာ၏ နယ်နိမိတ်ကို အမှတ်အသားပြု ပိုင်းခြားစပြုကြသည်။ အခါတစ်ပါး၌ လဆာအမည်ရှိ လုံကျယ်ရွာ၏အကြီးအကဲက ပဆွပ်ပနီကောင်များစွာ အုံဖွဲ့နေသော သစ်ပင်တန်းကို သူ့ရွာ၏နယ်နိမိတ်ပြုခဲ့ သည်။ ထိုသို့ ရွာနယ်နိမိတ် သတ်မှတ်ပြီးမကြာမီ လနိန် အုပ်စိုးသော ဘန့်ဖြာရွာမှကလေးတစ်ဦး ပဆွပ်ပနီ ကောင်များ အကိုက်ခံရသည်။ လနိန်က နယ်နိမိတ် အဖြစ် သတ်မှတ်ထားသော ပဆွပ်ပနီအုံများနှင့် သစ်ပင် များကို မီးရှို့ဖျက်ဆီးလိုက်သည်။ ထိုအကြောင်းကို လဆာ ကြားသိသော် အလွန်စိတ်ဆိုးသွားပြီး ဘန့်ဖြာ ရွာကို ထိုးစစ်ဆင် သိမ်းယူရန်ကြံ၏။ မဟာမိတ်ပြု သည့်အနေဖြင့် လတိန်အမည်ရှိ သူ၏သားအား ဆောင်းဆီးရွာအကြီးအကဲ၏ သမီးနှင့်လက်ဆက်စေ ကာ ကြီးကျယ်ခမ်းနားသောမင်္ဂလာပွဲ စီစဉ်ပေးခဲ့သည်။ ထို့နောက် ပိုမိုသာလွန်သော စစ်အင်အားဖြင့် ဘန့်ဖြာ ရွာကို ကျူးကျော်တိုက်ခိုက် အောင်မြင်ခဲ့၏။ တိုက်ပွဲ ကာလအတွင်း ဘန့်ဖြာရွာသားအများအပြား အသတ်ခံ ခဲ့ရသည်။ လဆာသည်လည်း ဘန့်ဖြာရွာသို့ ရွှေ့ ပြောင်း အခြေစိုက်နေထိုင်ခဲ့သည်။ လဆာလွန်သော် သူ၏သား လတိန်က အကြီးအကဲတာဝန်ကို ရယူပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအများကို သိမ်းသွင်း၏။ စုစည်းထားသောရွာအများကို တိုက်နယ်၁၂ ခုခွဲပြီး အနွယ်တော်များကို အုပ်ချုပ်စေသည်။ လွယ်လုံနယ် တွင် လူစည်ကားစေရန် သူ၏အရာရှိတစ်ဦးဖြစ်သူ လလွီအား ယခုပင်လောင်းမြို့ကို တည်ထောင်စေခဲ့ သည်။

ယင်းတလဲလူမျိုး
ယင်းတလဲလူမျိုးတို့သည် ကယားပြည်နယ်၊ ဘောလခဲနယ်၌ နေထိုင်ကြသော တောင်ပေါ်ကရင် လူမျိုးစု ဖြစ်လေသည်။ (ကယားပြည်နယ်အစိုးရ၏ ယူဆချက်အရ ယင်းတလဲလူမျိုးသည် ကယားလူမျိုး အုပ်စုတွင် ပါဝင်သည်။) ဘောလခဲနယ်၏ မြို့တော်၊ ဘောလခဲမြို့တွင် ယင်းတလဲအမျိုးသားတို့ အများဆုံး နေထိုင်ကြလေသည်။ ကယား၊ ယင်းဘော်၊ ပဒေါင်၊ ဗရဲ့၊ မနု မနော အမျိုးသားတို့ကိုလည်း နယ်တွင်း နေရာ အနှံ့အပြား၌ တွေ့နိုင်လေသည်။ ရှေးအခါက ကယား ပြည်နယ်ကို ကရင်နီပြည်နယ် ဟူ၍လည်း ကောင်း၊ ပြည်နယ်သားတို့ကို ကရင်နီလူမျိုးဟူ၍ လည်းကောင်း ခေါ်ဝေါ်ခဲ့ကြလေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက်၊ ၁၉၅၁ ခုနှစ်တွင် နိုင်ငံအစိုးရတို့က ကရင်နီဟူသော အမည်အစား ကယားဟူသောအမည်ကို သုံးစွဲရန် ဥပဒေဖြင့် ပြဋ္ဌာန်း ခဲ့လေသည်။
ယင်းတလဲဟူသောအမည်မှာ ဘောလခဲနယ်ကို ဦးစွာ တည်ထောင်ခဲ့သော ဖဘန့်(ပဗန်း)မင်း၏ သား သမီးများဟူ၍လည်းကောင်း၊ သို့မဟုတ် ရှေးလူ ဟောင်းများမှ ကျန်ရစ်ခဲ့သော လူများဟူ၍လည်းကောင်း အဓိပ္ပာယ်ကောက်ယူနိုင်သည်ဟု ဆိုလေသည်။
ယင်းတလဲအမျိုးသားတို့သည် ရိုးသား၍ ရဲရင့် တည်ကြည်ကြသည်။ ယင်းတို့၏ စိတ်နေစိတ်ထားကို ဝတ်စားဆင်ယင်သော အဝတ်အထည်၏ အသွေး အရောင်အားဖြင့် အကဲခတ်နိုင်သည်ဟု ဆိုရပေမည်။ ယင်းတလဲ အမျိုးသားတို့သည် အနားများတွင် အနီစ ကွပ်ထားသော အင်္ကျီအဖြူနှင့် ဘောင်းဘီရှည်အဖြူကို ဝတ်ဆင်ကြသည်။ အနီရောင် ခေါင်းပေါင်းကို ပေါင်း လေ့ရှိကြသည်။ အမျိုးသမီးတို့သည် အင်္ကျီအဖြူ၊ ထဘီအနီကွက်ကျားနှင့် ခေါင်းပေါင်းအနက်ကို ဝတ် ဆင်လေ့ရှိကြသည်။
အလုပ်အကိုင်မှာ တောင်ယာလုပ်ခြင်း၊ ဝါဂွမ်း၊ နှမ်း၊ ဆန်စပါးစိုက်ပျိုးခြင်း၊ ရှားစေးချက်ခြင်း၊ ချိပ်မွေး မြူထုတ်လုပ်ခြင်း၊ သစ်ခုတ်ခြင်း စသောအလုပ်တို့ ဖြစ်လေ သည်။ မြေပြန့်တွင် ဆန်စပါးကို တူးမြောင်း များဖြင့် ရေသွင်းစိုက်ပျိုးသည်။ ယင်းတလဲ အမျိုးသား တို့သည် ရိုးရာဓလေ့ ထုံးစံအရ အက၊ အခုန်၊ အတီး၊ အမှုတ်တို့၌ ဝါသနာထုံကြသည်။ ယောကျာ်းနှင့် မိန်းမ စုံတွဲအက၊ စုပေါင်းအကတို့ကို တစ်ပျော်တစ်ပါး ကခုန် လေ့ရှိကြသည်။ တူရိယာများမှာ မောင်း၊ အိုး၊ စည်၊ ေြွပ၊ လင်းကွင်းတို့ ဖြစ်သည်။

ယင်းဘော်လူမျိုး
• ယင်းဗော်( ကယားပြည်နယ် )
• ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာ သန်းထွန်း) စာမျက်နှာ ၂၈ လူမျိုး နွယ်စု ဆင်းသက်ပုံအရ ကရင်နီမျိုးနွယ်စု ဖြစ် သည်။
ယင်းဘော်လူမျိုးတို့သည် တောင်ပေါ်ကရင် လူမျိုးစုတွင် ပါဝင်၍ ကယားပြည်နယ်၌ တောခေါင် ခေါင်အတွင်းပိုင်းကျကျ အရပ်များတွင် နေထိုင်ကြ သည်။ (ကယားပြည်နယ်အစိုးရ၏ ယူဆချက်အရ ကယားလူမျိုးအုပ်စုတွင် ယင်းဘော်၊ ယင်းတလဲ၊ ပဒေါင်၊ ဗရဲ့၊ မနုမနော၊ ကဲခိုကဲဗာ စသည့် လူမျိုးစုတို့ ပါဝင် သည်။) လူဦးရေ ၂၉၀ဝ ယောက်ခန့်ရှိ၍၊ ဘောလခဲ နယ်နှင့် တောင်ငူခရိုင်အရှေ့ဘက်ရှိ လိပ်သိုတောင်ပေါ် တို့၌ တွေ့ရသည်။
အယ်ဒီတာအဖွဲ့