• Today is: Wednesday, September 30, 2020

ကိုဗစ်နှင့် ဈေးဝယ်ထွက်ခြင်း

Federal Journal
August03/ 2020

ကိုဗစ်နှင့် ဈေးဝယ်ထွက်ခြင်း

ကိုဗစ်နိုင်တီးကြီး မြန်မာပြည်မှာ စတွေ့ပြီဆိုတော့ ကျွန်တော်နှင့် ဇနီးသည်တို့အိမ်တွင် Stay Home လိုက်ကြသည်။
နဂိုကလည်း နေ့တိုင်းနီးပါးလောက် အိမ်ထဲနေ စာရေးနေသဖြင့် အခုမှ အိမ်ထဲအောင်းရတာ ကိစ္စသိပ်မရှိဟု ကျွန်တော်ထင်ခဲ့၏။
“တို့က အရင်ကလည်း အပြင်သိပ်ထွက်ကြတာ မဟုတ်တော့… အဆင်ပြေမှာပါ”ဟုပင် မိန်းမကို ဖြောင့်ဖြလိုက်သေးသည်။
တစ်ရက်၊ နှစ်ရက်ကတော့ ကိစ္စမရှိ။
တစ်ပတ် နှစ်ပတ်ကြာတော့ ငါ အိမ်ထဲက မထွက်ရပါလားဆိုသည့် အသိကြီးက လူကို ခြောက် လှန့်လာသည်။
ချက်ကော့ဗ်၏ လူနာဆောင်အမှတ် ၆ ထဲမှ ဒေါက်တာ ရေဂင်ကြီးအဖြစ်ကိုပင် သတိရမိသွားသည်။
ထိုစာအုပ်ထဲတွင် စိတ္တဇဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာရေဂင်က စိတ်ဝေဒနာသည်များကို ငါတို့ လည်း မင်းတို့လို ဒီထဲအတူတူနေရတာပါပဲကွာ၊ အပြင် မှာနေလည်း ဘဝက ဒါပါပဲဆိုသည့် သဘောသက် ရောက်သည့် ဒဿနများဖြင့် အမြဲတရားချသည်။
နောက် သူကိုယ်တိုင် လူနာအဖြစ် စိတ္တဇဆေး ရုံထဲ ပိတ်လှောင်ခံရတော့မှ သွေးပျက်သွားသည့် အဖြစ်မျိုး။
အိမ်ထဲ ရိက္ခာတွေအပြည့်၊ တီဗီအစီအစဉ်တွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေ၊ စာအုပ်တွေ ရှိသော်ငြား လူကား နေမထိထိုင်မသာဖြစ်လာ၏။
ပင်လယ်ထဲ အနေများသော ဟိုးခေတ်သင်္ဘော သားများ မြေကြီးနှင့် ဝေးပြီး ပထဝီလွတ်ကုန်သည် ဆိုသည် စကားကို သဘောပေါက်သလို ရှိလာသည်။
အိမ်တွင်လည်း တချို့ ရိက္ခာများက ပြတ်သလို ရှိလာသဖြင့် အကြောင်းပြကာ အပြင်ထွက်ရတော့ သည်။
အပြင်ကလူတွေ ဘယ်လိုနေကြသလဲပေါ့။
စစချင်း လမ်းထိပ်က ပုလင်းတွေ၊ ကော်တွေ၊ စက္ကူ တွေ အဟောင်းအစုတ်ဝယ်သည့် ဆိုင်။
“ဆိုင်ပိတ်သည်။ အပြင်လူမဝင်ရ”
အယ်လဲ့၊ ကတ်ထူပြားပေါ် မီးသွေးခဲနှင့်။
အထဲကြည့်ဝော့ ကိုယ့်ဆရာ ငါးယောက်က ဘီယာ အနီဗူးလေးတွေ ကိုယ်စီနဲ့ လေပန်းလို့။
ဈေးလမ်းထဲ ရောက်ပြီ။
အရင်က စည်ကားမှုတွေ ဘယ်ရောက်ကုန် သည်မသိ။
ရောဂါပိုးရှိသူ တွေ့ထားသော လမ်းဖြစ်သဖြင့် အချို့ နေရာများကို လော့ဒေါင်းချထားသည်။
သမဝါယမဆိုင်ခန်းဘေး လမ်းကြားထဲတွင် ပုဆိုးအုပ်ထားသော တစ်စုံတစ်ခုအ‌နောက်
ကင်းပုန်းဝတ်နေသည့် ဆံပင်ဖြူဖြူ ကို လှမ်းမြင် လိုက်ရသည်။
သေချာပြီ။ ကုန်စိမ်းရောင်းသည့် အဖွားခင်။
ကျွန်တော် ဝင်သွားတော့ အဖွားက မျက်နှာဖုံး ကလေး ကို ပါးစပ်မှ ချွတ်လိုက်သည်။
“ဘာယူမှာလဲ”
“ကန်စွန်းရွက်”
“တစ်စီး သုံးရာ”
“နှစ်စည်း”
မှောင်ခိုကုန်စိမ်းသည် ဘဝခေတ္တရောက်နေရှာ သည့် အဖွားခင်က အုပ်ထားသော ပုဆိုးကို လှပ်ကာ ကန်းစွန်းရွက်နှစ်စည်း ထုတ်ပေး၏။
ဒီပုဆိုးကြီးက သူ့လင် အဘိုးကြီး ပုဆိုးလားမသိ ဟု တွေးမိလိုက်သည်။
ဪသာ်… ဒီဗိုင်းရပ်စ်ကြောင့် ငါတို့မှာ အဖွားခင် လင်ရဲ့ ပုဆိုးအောက်က ကန်းစွန်းရွက်စားဖူးရတယ်၊ အဘိုးကြီးကတော့ ရေမှန်မှန်ချိုးမှာပါဟုပင် ကြံဖန် အကောင်းတွေးကာ ‌ဖြေသိမ့်ရတော့၏။
လက်ဖက်ရည်ဆိုင်ရှေ့ ရောက်ပြီ။
ဆိုင်ရှေ့မှာ ဝါးလုံးတန်းကြီး ကာထား၏။
“ပါဆယ်သာ ရောင်းပါသည်”
အိမ်း ဒီလိုမှပေါ့။
ဒီလိုမှပေါ့ပင် မဆုံးလိုက် လက်ဖက်ရည်ဆိုင်ဘေး ရထားသံလမ်းပေါ်တွင် လူတွေ ဟိုတစ်စု၊ ဒီတစ်စု။
ထိုင်လျက်ကော၊ ထလျက်ပါ စကားတွေ ဖောင်ဖွဲ့ လို့။
လက်ထဲမှာလည်း လက်ဖက်ရည်ခွက်လေး ကိုယ်စီနှင့်။
ဪသာ်… ဟုတ်ရှာသား။ လက်ဖက်ရည်သမား မဟုတ်သော်ငြား မိဘတွေက လက်ဖက်ရည်ဆိုင် ဖွင့်ခဲ့ဖူးသည်မို့ လက်ဖက်ရည်သမားတွေအကြောင်း ကောင်းကောင်း သိသည်။
လက်ဖက်ရည်သောက်သည်ဆိုတာ ဂွပ်ခနဲမော့ ဝှစ်ခနဲ ပြန်လှည့်သွားလျှင် အဘယ်မှာ အရသာရှိအံ့ နည်း။
ပါဆယ်ဆွဲပြီး အိမ်မှာ သောက်ရသည်ကလည်း ဘယ်မှာ ဖီလင်ရှိအံ့နည်း။
လက်ဖက်ရည်ဖီလင်ဆိုသည်မှာ ဆိုင်မှာထိုင်ရင်း၊ လမ်းမကို ငေးရင်း အကြိုက်တူ အပေါင်းအသင်းတွေနဲ့ အာလေးရိုက်ရင်းသောက်မှ ဇိမ်ကျသည် မဟုတ်လား။
အခုလို ကိုဗစ်ကြီးကြောင့် လက်ဖက်ရည်ဆိုင်က ဆိုင်ထဲ ပေးမသောက်ရလဲ ဘာအရေးတုန်း။
ခွက်ကိုယ်စီကိုင်ပြီး ရထားလမ်းဘေး လေပန်း ကြ တော့သည်ကိုး။
လက်ဖက်ရည်သမားတွေ မြင်တော့ ဈေးရှေ့ ဘီအီးဆိုင်မှ ကိုယ့်ဘော်ဒါ ဇေချစ်သူတို့၊ ဂရန်း မောင်မောင်တို့၊ အာစီအာမီတို့အဖွဲ့တွေ ဘယ့်နှယ့်ရှိစ ဟု သိချင်လာမိသည်။
အချိန်ကား ဒုတိယမောနင်းပက်ချိန် မဟုတ် လား။
ဈေးရုံကြီးထဲ မဝင်သေးပဲ ဘီအီးဆိုင်ဘက် အသာ ပတ်လာမိသည်။
အောင်မယ်… ဘီအီးဆိုင်အဝကို စားပွဲနှစ်လုံးဖြင့် ပိတ်ထားပြီး စားပွဲပေါ်တွင် ဇေ၊ ဂရန်းအမဲ၊ အာစီ အရက် မျိုးစုံပုလင်းများကို တင်ထား၏။
တစ်ခါသုံး ပလက်စတစ်ခွက်တွေကလည်း အထပ် လိုက်ထောင်လို့။
ပိုက်ဆံထည့်ရန် ပလက်စတစ်ခြင်းကလေးနှင့်။
ကိုယ့်ဆရာများက တစ်ယောက်သုံးပေအကွာ တန်းစီ ပြီး စားပွဲရှေ့ရောက်သည်နှင့်
“မုတ်ဆိတ်ရေ… ဇေတစ်စိတ်ဟေ့”
ပိုက်ဆံကို ခြင်းထဲထည့်။
ပြီးလျှင် ပိုက်ဆံခြင်းဘေးက ဟန်းဂျယ်ဖြင့် လက်ဆေး။
တစ်ခါသုံးခွက်ကိုယူ၊ ဇေပုလင်းထဲက အရက် တစ်စိတ် လောင်းထည့်၊ ပိုက်ဆံထည့်ထားသည့် လစ်မစ်ထက် ကျော်သွားလျှင် မုတ်ဆိတ်မိန်းမ မကေ သီက လှမ်းအော်။
ခွက်အကြည်မို့ ဘယ်လောက်ထည့်လဲ မြင်နေ ရသည်ကိုး။
ဒါက မကေသီ၏ ကျွမ်းကျင်မှုစကေး။
အရက်ငှဲ့ပြီးပြီဆို
ဘေးမှာ ထားပေးသည့် ဆပ်ပြာရည်ဖြင့် လက် ပြန်ဆေး။
ရေသန့်ဗူးကြီးဘေးမှ ပလပ်စတစ်ခွက်ထဲ ရေ ထည့်။
ကိုင်ထားသည့် အရက်ခွက်ထဲ ရေလေးနည်း နည်းရော ဂွပ်ခနဲမော့။ ပြီးရင် ရေကလေးနဲ့ ပလုပ် ကျင်း။
အဲဒီအချိန်ဆို နောက်တစ်ယောက်က သူသောက် နေကျ အရက်ကို သူ့လစ်မစ်အတိုင်း ငှဲ့နေပြီ။
အလိုလေး…ကိုယ့်လူများအရက်ကြောင့် သေမှာ သာ မကြောက်တာ၊ ကိုဗစ်ဖြစ်ပြီး သေမှာတော့ ကြောက်ကြရှာသား။
ဆိုင်ပိုင်ရှင် မုတ်ဆိတ်လင်မယားကလည်း ကျန်း မာရေးဆိုင်ရာ စီမံခန့်ခွဲမှု နည်းစနစ်တွေက အလန်း စား။
ဈေးရုံထဲဝင်တော့ သားငါးတန်းက ရှင်းလင်းနေ သည်။
မြင်မြင်သမျှ ကြက်သားနဲ့ ကြက်ဥတွေချည်း။
ဪသာ်… ကိုဗစ်ကာလ ကံဆိုးသည်မှာ ငါတို့ လူတွေ တင်မဟုတ်။
အလွယ်တကူမွေးလို့ရသည့် ကြက်တွေပါ ကံဆိုး ရှာလေသည်တကားဟု မှတ်ယူမိတော့သည်။
“ရှစ်လုံးတစ်ထောင်၊ အရင်လို ရွေးယူလို့မရဘူး”
နှာခေါင်းစည်းအောက်မှ ကြက်ဥသည်မလေး၏ အမိန့်သံ။
နာခံစေသော်ဝ်… မောင်မောင်ဗြိ။
ဪသာ်… ကိုဗစ် ကိုဗစ်… ကြက်ဥသည်တွေပင် အာဏာရှင်ဖြစ်လာစေသည့် ကိုဗစ်ပါတကား။

ဗြိတိသျှကိုကိုမောင်

Zawgyi

ကိုဗစ္ႏွင့္ ေဈးဝယ္ထြက္ျခင္း

ကိုဗစ္ႏိုင္တီးႀကီး ျမန္မာျပည္မွာ စေတြ႕ၿပီဆိုေတာ့ ကြ်န္ေတာ္ႏွင့္ ဇနီးသည္တို႔အိမ္တြင္ Stay Home လိုက္ၾကသည္။
နဂိုကလည္း ေန႔တိုင္းနီးပါးေလာက္ အိမ္ထဲေန စာေရးေနသျဖင့္ အခုမွ အိမ္ထဲေအာင္းရတာ ကိစၥသိပ္မရွိဟု ကြ်န္ေတာ္ထင္ခဲ့၏။
“တို႔က အရင္ကလည္း အျပင္သိပ္ထြက္ၾကတာ မဟုတ္ေတာ့… အဆင္ေျပမွာပါ”ဟုပင္ မိန္းမကို ေျဖာင့္ျဖလိုက္ေသးသည္။
တစ္ရက္၊ ႏွစ္ရက္ကေတာ့ ကိစၥမရွိ။
တစ္ပတ္ ႏွစ္ပတ္ၾကာေတာ့ ငါ အိမ္ထဲက မထြက္ရပါလားဆိုသည့္ အသိႀကီးက လူကို ေျခာက္ လွန္႔လာသည္။
ခ်က္ေကာ့ဗ္၏ လူနာေဆာင္အမွတ္ ၆ ထဲမွ ေဒါက္တာ ေရဂင္ႀကီးအျဖစ္ကိုပင္ သတိရမိသြားသည္။
ထိုစာအုပ္ထဲတြင္ စိတၲဇေဆး႐ံုမွ ဆရာဝန္ႀကီး ေဒါက္တာေရဂင္က စိတ္ေဝဒနာသည္မ်ားကို ငါတို႔ လည္း မင္းတို႔လို ဒီထဲအတူတူေနရတာပါပဲကြာ၊ အျပင္ မွာေနလည္း ဘဝက ဒါပါပဲဆိုသည့္ သေဘာသက္ ေရာက္သည့္ ဒႆနမ်ားျဖင့္ အၿမဲတရားခ်သည္။
ေနာက္ သူကိုယ္တိုင္ လူနာအျဖစ္ စိတၲဇေဆး ႐ံုထဲ ပိတ္ေလွာင္ခံရေတာ့မွ ေသြးပ်က္သြားသည့္ အျဖစ္မ်ိဳး။
အိမ္ထဲ ရိကၡာေတြအျပည့္၊ တီဗီအစီအစဥ္ေတြ၊ ႐ုပ္ရွင္ဇာတ္လမ္းေတြ၊ စာအုပ္ေတြ ရွိေသာ္ျငား လူကား ေနမထိထိုင္မသာျဖစ္လာ၏။
ပင္လယ္ထဲ အေနမ်ားေသာ ဟိုးေခတ္သေဘၤာ သားမ်ား ေျမႀကီးႏွင့္ ေဝးၿပီး ပထဝီလြတ္ကုန္သည္ ဆိုသည္ စကားကို သေဘာေပါက္သလို ရွိလာသည္။
အိမ္တြင္လည္း တခ်ိဳ႕ ရိကၡာမ်ားက ျပတ္သလို ရွိလာသျဖင့္ အေၾကာင္းျပကာ အျပင္ထြက္ရေတာ့ သည္။
အျပင္ကလူေတြ ဘယ္လိုေနၾကသလဲေပါ့။
စစခ်င္း လမ္းထိပ္က ပုလင္းေတြ၊ ေကာ္ေတြ၊ စကၠဴ ေတြ အေဟာင္းအစုတ္ဝယ္သည့္ ဆိုင္။
“ဆိုင္ပိတ္သည္။ အျပင္လူမဝင္ရ”
အယ္လဲ့၊ ကတ္ထူျပားေပၚ မီးေသြးခဲႏွင့္။
အထဲၾကည့္ေဝာ့ ကိုယ့္ဆရာ ငါးေယာက္က ဘီယာ အနီဗူးေလးေတြ ကိုယ္စီနဲ႔ ေလပန္းလို႔။
ေဈးလမ္းထဲ ေရာက္ၿပီ။
အရင္က စည္ကားမႈေတြ ဘယ္ေရာက္ကုန္ သည္မသိ။
ေရာဂါပိုးရွိသူ ေတြ႕ထားေသာ လမ္းျဖစ္သျဖင့္ အခ်ိဳ႕ ေနရာမ်ားကို ေလာ့ေဒါင္းခ်ထားသည္။
သမဝါယမဆိုင္ခန္းေဘး လမ္းၾကားထဲတြင္ ပုဆိုးအုပ္ထားေသာ တစ္စံုတစ္ခုအ‌ေနာက္
ကင္းပုန္းဝတ္ေနသည့္ ဆံပင္ျဖဴျဖဴ ကို လွမ္းျမင္ လိုက္ရသည္။
ေသခ်ာၿပီ။ ကုန္စိမ္းေရာင္းသည့္ အဖြားခင္။
ကြ်န္ေတာ္ ဝင္သြားေတာ့ အဖြားက မ်က္ႏွာဖံုး ကေလး ကို ပါးစပ္မွ ခြ်တ္လိုက္သည္။
“ဘာယူမွာလဲ”
“ကန္စြန္းရြက္”
“တစ္စီး သံုးရာ”
“ႏွစ္စည္း”
ေမွာင္ခိုကုန္စိမ္းသည္ ဘဝေခတၲေရာက္ေနရွာ သည့္ အဖြားခင္က အုပ္ထားေသာ ပုဆိုးကို လွပ္ကာ ကန္းစြန္းရြက္ႏွစ္စည္း ထုတ္ေပး၏။
ဒီပုဆိုးႀကီးက သူ႔လင္ အဘိုးႀကီး ပုဆိုးလားမသိ ဟု ေတြးမိလိုက္သည္။
ဪသာ္… ဒီဗိုင္းရပ္စ္ေၾကာင့္ ငါတို႔မွာ အဖြားခင္ လင္ရဲ႕ ပုဆိုးေအာက္က ကန္းစြန္းရြက္စားဖူးရတယ္၊ အဘိုးႀကီးကေတာ့ ေရမွန္မွန္ခ်ိဳးမွာပါဟုပင္ ႀကံဖန္ အေကာင္းေတြးကာ ‌ေျဖသိမ့္ရေတာ့၏။
လက္ဖက္ရည္ဆိုင္ေရွ႕ ေရာက္ၿပီ။
ဆိုင္ေရွ႕မွာ ဝါးလံုးတန္းႀကီး ကာထား၏။
“ပါဆယ္သာ ေရာင္းပါသည္”
အိမ္း ဒီလိုမွေပါ့။
ဒီလိုမွေပါ့ပင္ မဆံုးလိုက္ လက္ဖက္ရည္ဆိုင္ေဘး ရထားသံလမ္းေပၚတြင္ လူေတြ ဟိုတစ္စု၊ ဒီတစ္စု။
ထိုင္လ်က္ေကာ၊ ထလ်က္ပါ စကားေတြ ေဖာင္ဖြဲ႕ လို႔။
လက္ထဲမွာလည္း လက္ဖက္ရည္ခြက္ေလး ကိုယ္စီႏွင့္။
ဪသာ္… ဟုတ္ရွာသား။ လက္ဖက္ရည္သမား မဟုတ္ေသာ္ျငား မိဘေတြက လက္ဖက္ရည္ဆိုင္ ဖြင့္ခဲ့ဖူးသည္မို႔ လက္ဖက္ရည္သမားေတြအေၾကာင္း ေကာင္းေကာင္း သိသည္။
လက္ဖက္ရည္ေသာက္သည္ဆိုတာ ဂြပ္ခနဲေမာ့ ဝွစ္ခနဲ ျပန္လွည့္သြားလွ်င္ အဘယ္မွာ အရသာရွိအံ့ နည္း။
ပါဆယ္ဆြဲၿပီး အိမ္မွာ ေသာက္ရသည္ကလည္း ဘယ္မွာ ဖီလင္ရွိအံ့နည္း။
လက္ဖက္ရည္ဖီလင္ဆိုသည္မွာ ဆိုင္မွာထိုင္ရင္း၊ လမ္းမကို ေငးရင္း အႀကိဳက္တူ အေပါင္းအသင္းေတြနဲ႔ အာေလး႐ိုက္ရင္းေသာက္မွ ဇိမ္က်သည္ မဟုတ္လား။
အခုလို ကိုဗစ္ႀကီးေၾကာင့္ လက္ဖက္ရည္ဆိုင္က ဆိုင္ထဲ ေပးမေသာက္ရလဲ ဘာအေရးတုန္း။
ခြက္ကိုယ္စီကိုင္ၿပီး ရထားလမ္းေဘး ေလပန္း ၾက ေတာ့သည္ကိုး။
လက္ဖက္ရည္သမားေတြ ျမင္ေတာ့ ေဈးေရွ႕ ဘီအီးဆိုင္မွ ကိုယ့္ေဘာ္ဒါ ေဇခ်စ္သူတို႔၊ ဂရန္း ေမာင္ေမာင္တို႔၊ အာစီအာမီတို႔အဖြဲ႕ေတြ ဘယ့္ႏွယ့္ရွိစ ဟု သိခ်င္လာမိသည္။
အခ်ိန္ကား ဒုတိယေမာနင္းပက္ခ်ိန္ မဟုတ္ လား။
ေဈး႐ံုႀကီးထဲ မဝင္ေသးပဲ ဘီအီးဆိုင္ဘက္ အသာ ပတ္လာမိသည္။
ေအာင္မယ္… ဘီအီးဆိုင္အဝကို စားပြဲႏွစ္လံုးျဖင့္ ပိတ္ထားၿပီး စားပြဲေပၚတြင္ ေဇ၊ ဂရန္းအမဲ၊ အာစီ အရက္ မ်ိဳးစံုပုလင္းမ်ားကို တင္ထား၏။
တစ္ခါသံုး ပလက္စတစ္ခြက္ေတြကလည္း အထပ္ လိုက္ေထာင္လို႔။
ပိုက္ဆံထည့္ရန္ ပလက္စတစ္ျခင္းကေလးႏွင့္။
ကိုယ့္ဆရာမ်ားက တစ္ေယာက္သံုးေပအကြာ တန္းစီ ၿပီး စားပြဲေရွ႕ေရာက္သည္ႏွင့္
“မုတ္ဆိတ္ေရ… ေဇတစ္စိတ္ေဟ့”
ပိုက္ဆံကို ျခင္းထဲထည့္။
ၿပီးလွ်င္ ပိုက္ဆံျခင္းေဘးက ဟန္းဂ်ယ္ျဖင့္ လက္ေဆး။
တစ္ခါသံုးခြက္ကိုယူ၊ ေဇပုလင္းထဲက အရက္ တစ္စိတ္ ေလာင္းထည့္၊ ပိုက္ဆံထည့္ထားသည့္ လစ္မစ္ထက္ ေက်ာ္သြားလွ်င္ မုတ္ဆိတ္မိန္းမ မေက သီက လွမ္းေအာ္။
ခြက္အၾကည္မို႔ ဘယ္ေလာက္ထည့္လဲ ျမင္ေန ရသည္ကိုး။
ဒါက မေကသီ၏ ကြ်မ္းက်င္မႈစေကး။
အရက္ငွဲ႔ၿပီးၿပီဆို
ေဘးမွာ ထားေပးသည့္ ဆပ္ျပာရည္ျဖင့္ လက္ ျပန္ေဆး။
ေရသန္႔ဗူးႀကီးေဘးမွ ပလပ္စတစ္ခြက္ထဲ ေရ ထည့္။
ကိုင္ထားသည့္ အရက္ခြက္ထဲ ေရေလးနည္း နည္းေရာ ဂြပ္ခနဲေမာ့။ ၿပီးရင္ ေရကေလးနဲ႔ ပလုပ္ က်င္း။
အဲဒီအခ်ိန္ဆို ေနာက္တစ္ေယာက္က သူေသာက္ ေနက် အရက္ကို သူ႔လစ္မစ္အတိုင္း ငွဲ႔ေနၿပီ။
အလိုေလး…ကိုယ့္လူမ်ားအရက္ေၾကာင့္ ေသမွာ သာ မေၾကာက္တာ၊ ကိုဗစ္ျဖစ္ၿပီး ေသမွာေတာ့ ေၾကာက္ၾကရွာသား။
ဆိုင္ပိုင္ရွင္ မုတ္ဆိတ္လင္မယားကလည္း က်န္း မာေရးဆိုင္ရာ စီမံခန္႔ခြဲမႈ နည္းစနစ္ေတြက အလန္း စား။
ေဈး႐ံုထဲဝင္ေတာ့ သားငါးတန္းက ရွင္းလင္းေန သည္။
ျမင္ျမင္သမွ် ၾကက္သားနဲ႔ ၾကက္ဥေတြခ်ည္း။
ဪသာ္… ကိုဗစ္ကာလ ကံဆိုးသည္မွာ ငါတို႔ လူေတြ တင္မဟုတ္။
အလြယ္တကူေမြးလို႔ရသည့္ ၾကက္ေတြပါ ကံဆိုး ရွာေလသည္တကားဟု မွတ္ယူမိေတာ့သည္။
“ရွစ္လံုးတစ္ေထာင္၊ အရင္လို ေရြးယူလို႔မရဘူး”
ႏွာေခါင္းစည္းေအာက္မွ ၾကက္ဥသည္မေလး၏ အမိန္႔သံ။
နာခံေစေသာ္ဝ္… ေမာင္ေမာင္ၿဗိ။
ဪသာ္… ကိုဗစ္ ကိုဗစ္… ၾကက္ဥသည္ေတြပင္ အာဏာရွင္ျဖစ္လာေစသည့္ ကိုဗစ္ပါတကား။

ၿဗိတိသွ်ကိုကိုေမာင္