• Today is: Friday, April 23, 2021

ကိုယ္ပိုင္ျပ႒ာန္းခြင့္ အမ်ိဳးသားတန္းတူေရးရွိလာေစဖို႔ ဗဟိုခ်ဳပ္ကိုင္မႈ ေလွ်ာ့ခ်ျခင္း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အမျိုးသားတန်းတူရေးရှိလာစေဖို့ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း

Federal Journal
March16/ 2020

Zawgyi

ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုဆိုတာ သီအိုရီသေဘာတရားအရ ဗဟိုနဲ႔ျပည္နယ္အစိုးရေတြအၾကား အာဏာခြဲေဝ က်င့္သံုးျခင္း၊ Power sharing နဲ႔အတူ Revenue sharing, Resource sharing ေတြကို အညီအမွ်ခြဲေဝသံုးစြဲၾကျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္တိုင္းရင္းသားေတြေမွ်ာ္မွန္းထားၾကတဲ့ ကိုယ့္ကံၾကမၼာကိုယ္ဖန္တီးခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ဆိုတာ ဒီမိုကေရစီအရ ေရြးေကာက္တင္ေျမာက္ထားတဲ့ တုိင္းရင္းသားေခါင္းေဆာင္ေတြက ကိုယ့္ေဒသမွာ အုပ္ခ်ဳပ္ေရးအာဏာရွိလာဖို႔ျဖစ္ပါတယ္။ ရွမ္းဆိုရင္လည္း ရွမ္းအေလ်ာက္၊ ရခိုင္ဆိုရင္လည္း ရခုိင္အေလ်ာက္ တိုင္းရင္းသားေခါင္းေဆာင္ေတြက (Resource) သဃံဇာတ ခြဲေဝသံုးစြဲႏုိင္ေအာင္ ဗဟိုအစိုးရနဲ႔ျပည္နယ္အစိုးရေတြအၾကား လုပ္ပိုင္ခြင့္ေတြ အတိအက်သတ္မွတ္ထားဖို႔ကို တိုင္းရင္းသားေတြ က လိုလားေနၾကျခင္းျဖစ္ပါတယ္။

တိုင္းရင္းသားေတြထင္မွတ္ေနၾကတာက အရင္ကလည္းဗဟိုက ခ်ဳပ္ကိုင္တယ္။ အခုလည္း ၂၀၀၈ ဖြဲ႕စည္းပံုဥပေဒအရ ဗဟိုကခ်ဳပ္ကိုင္ထားေတာ့ ကိုယ့္ေဒသကထြက္တဲ့သဃံဇာတနဲ႔ ကိုယ့္စာေပယဥ္ေက်းမႈကို စီမံခန္႔ခြဲဖို႔ တိုင္းရင္းသားေတြက ဒီမိုကေရစီဖက္ဒရယ္အိမ္မက္ကို မက္လာၾကတယ္။ ၂၀၁၅-ခုႏွစ္ေရြးေကာက္ပြဲတုန္းက ရခုိင္နဲ႔ရွမ္းေဒသေတြမွာ ျပည္နယ္ဝန္ႀကီး ခ်ဳပ္ေတြကို ဗဟိုအစိုးရက တိုက္ရိုက္ခန္႔ထားခဲ့ၾကေတာ့ တိုင္းရင္းသားေတြက Power Sharing ကို ဗဟိုအစိုးရနဲ႔ျပည္နယ္အစိုးရ အဖြဲ႕တို႔အၾကား သေဘာတူညီမႈရရွိဖို႔အတြက္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအတိုင္းသြားဖို႔ လိုလားေနၾကျခင္းျဖစ္ပါတယ္။ ဖက္ဒရယ္ဒီမိုကေရ စီႏုိင္ငံေရးစနစ္ကို အေထာက္အကူျပဳေပးႏုိင္ဖို႔ အမ်ိဳးသားတန္းတူေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ရွိေနပါရမွာျဖစ္သလို ဒီမိုကေရစီဖက္ဒရယ္စနစ္ထြန္းကားဖို႔ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို မျဖစ္မေနျပင္ကိုျပင္ရပါမယ္။

အခုခ်ိန္မွာ တိုင္းရင္းသားေတြေတာင္းဆိုလာၾကတာက ဖက္ဒရယ္စနစ္ရဲ႕အႏွစ္သာရျဖစ္တဲ့ ဗဟိုအစိုးရခ်ဳပ္ကိုင္မႈ အာဏာကို ေလွ်ာ့ခ်ၿပီး ျပည္နယ္နဲ႔တုိင္းေဒသႀကီးေတြက သဃံဇာတမ်ားအေပၚစီမံခန္႔ခြဲႏိုင္ခြင့္ အျပည့္အဝအာဏာခြဲေဝမႈ ထူေထာင္ႏုိင္ဖို႔ျဖစ္ပါတယ္။ ဗဟိုအစိုးရနဲ႔ ေဒသႏၱရအစိုးရအၾကား အာဏာခြဲေဝေရးကိုတိုင္းရင္းသားေတြက လိုခ်င္ေနၾကလို႔ ဖက္ဒရယ္ဒီမိုကေရစီစနစ္ကို လိုခ်င္လာၾကျခင္းျဖစ္ပါတယ္။ ဒီမုိကေရစီလူ႕အဖြဲ႕အစည္းတြင္ ဖက္ဒရယ္စနစ္ယဥ္ေက်းမႈ ထြန္းကားလာဖို႔ သည္းခံမႈက အဓိကအခ်က္ျဖစ္ၿပီး ဗိုလ္က်မစိုးမိုးေရးကလည္း အေျခခံအေၾကာင္းရင္းတစ္ခုျဖစ္ေနပါတယ္။

(၁)

တစ္ေန႔ “ဆရာေတာ္ဦးဥတၱမဟာ ရခုိင္လူမ်ိဳးျဖစ္ရဲ႕သားနဲ႔ ဦးဥတၱမေန႔မွာ ဆရာေတာ္ကို ပူေဇာ္ခြင့္ရဖို႔ ေက်ာင္းေတြဘာ ေၾကာင့္မပိတ္တာလဲ ေဖႀကီး” ဆိုၿပီး ၂၀၁၉-ခုႏွစ္ (၈၀) ျပည့္ ဆရာေတာ္ဦးဥတၱမေန႔ ကေလးတန္း (Grade-5) ေက်ာင္းတက္ေန တဲ့ သမီးေလးက ေမးဖူးပါတယ္။ ဆရာေတာ္ဟာ လူမ်ိဳးစြဲ၊ ေဒသစြဲမရွိဘဲ နက္ရိႈင္းေသာျပည္ေထာင္စု စိတ္ဓာတ္ျဖင့္ လြတ္လပ္ေရး ႀကိဳးပမ္းခဲ့သူျဖစ္ၿပီး ျမန္မာႏိုင္ငံအႏွံ႕ ေက်းရြာမ်ားအထိ ႏိုင္ငံေရးမ်က္စိဖြင့္ေပးခဲ့သူျဖစ္ပါတယ္။ ဆရာေတာ္ေက်းဇူးေၾကာင့္ ဒိုု႔ဗမာ အစည္းအရံုးေတြ ေပၚေပါက္လာခဲ့ရလို႔ ဦးဥတၱမေန႔မွာ ျမန္မာတစ္ႏုိင္ငံလံုးေက်ာင္းမပိတ္ေတာင္မွ သမီးငယ္တို႔လို ရခိုင္မ်ိဳးဆက္သစ္လူငယ္ေတြ ဆရာေတာ္ရဲ႕ေက်းဇူးတရားသိတတ္လာေစဖို႔ ပူေဇာ္လို႔ရေအာင္ ရခိုင္ျပည္နယ္မွာ အေျခခံ ပညာေက်ာင္းေတြ ပိတ္သင့္ပါတယ္။ အခုက သည္လိုမဟုတ္ စစ္ေတြၿမိဳ႕ ဆရာေတာ္ပန္းၿခံရွိ ဦးဥတၱမခန္းမမွာ ဦးဥတၱမေန႔ျပဳလုပ္ က်င္းပဖို႔ ပြဲဦးေဆာင္က်င္းပသူေတြက ၿငိမ္းစုစီတင္ခဲ့ၾကရေၾကာင္း ၾကားသိခဲ့ရပါတယ္။

(၂)

ေစာဘဦးႀကီးအမွတ္တရ ကရင္အာဇာနည္ေန႔ကို က်င္းပခြင့္ပိတ္ပင္တာေတြ၊ ကရင္အာဇာနည္ ေစာဘဦးႀကီးရုပ္တုကို စိုက္ထူခြင့္မရခဲ့ၾကတာေတြ၊ လြိဳင္ေကာ္မွာ ကယားျပည္သူေတြမလိုခ်င္ခဲ့ဘဲ ဗိုလ္ခ်ဳပ္ရုပ္တုစိုက္ထူဖို႔ ႀကိဳးစားခဲ့တာေတြနဲ႔ ကခ်င္လူမ်ိဳးေတြရဲ႕ ဒ႑ာရီေတြမ်ားစြာရွိေနတဲ့ ျမစ္ဆံုစီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္ဖုိ႔ ႀကိဳးစားေနတာေတြက လူမ်ိဳးႀကီးဝါဒကို အခုခ်ိန္ထိ စြဲကိုင္ေနၾကတုုန္းလို႔ တုိင္းရင္းသားေတြကထင္မွတ္ေနၾကၿပီး သူတို႔ရဲ႕ခံစားခ်က္ေတြကိုေတာ့ လ်စ္လ်ဴရႈျခင္းျဖစ္တယ္လို႔ ထင္ျမင္ေနၾကပါတယ္။ တိုင္းရင္းသားေတြရဲ႕ အႏၱိမရည္မွန္းခ်က္က အနာဂတ္မွာ ျဖစ္ထြန္းလာမယ့္ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးဟာ တိုင္းရင္းသားအားလံုးရဲ႕လိုလားခ်က္၊ ေမွ်ာ္လင့္ခ်က္ျဖစ္ပါတယ္။ ေနာက္တစ္ခု က ေခတ္အဆက္ဆက္အုပ္ခ်ဳပ္ခဲ့ၾကတဲ့ အစိုးရအေနျဖင့္ ပင္လံုကတိကဝတ္ကို အေကာင္အထည္ေဖာ္ေဆာင္ႏုိင္ျခင္းမရွိခဲ့ၾကလို႔ တိုင္းရင္းသားေတြက ဖက္ဒရယ္ျပည္ေထာင္စုကို လိုလားၾကျခင္းျဖစ္ပါတယ္။

ဗဟိုခ်ဳပ္ကိုင္မႈလႊမ္းမိုးထားတဲ့ ျမန္မာ့ႏုိင္ငံေရးမွာ တုိင္းနဲ႔ျပည္နယ္ေတြရဲ႕ဆံုးျဖတ္ခ်က္က ဗဟိုမွာပဲ ရွိေနပါတယ္။ ဒါေၾကာင့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးလုပ္ငန္းစဥ္ျဖစ္တဲ့ အမ်ိဳးသားတန္းတူေရးနဲ႔ ကိုယ့္ကံၾကမၼာကိုယ္ ဖန္တီးႏို္င္ဖို႔ လက္နက္ကိုင္လမ္းစဥ္သာ အမွန္ဆံုးျဖစ္တယ္လို႔ တိုင္းရင္းသားေတြက ယံုၾကည္ခ်က္ထားလာေနၾကျခင္းျဖစ္ပါ တယ္။

ျပည္ေထာင္စုျမန္မာႏုိင္ငံသားအားလံုး တန္းတူအခြင့္အေရးရရွိေရးအတြက္ တိုင္းရင္းသားေတြက ဖက္ဒရယ္စနစ္သည္ သာ အေျခခံအက်ဆံုးလို႔ ရႈျမင္ထားၾကသလို တစ္ဖက္ကလည္း ဖက္ဒရယ္ဆိုတာ တိုင္းျပည္ၿပိဳကြဲေရးစကားလံုးအျဖစ္ မွတ္ယူထားၿပီး လူမ်ိဳးႀကီးဝါဒကို အေသဆုတ္ကိုင္ထားလို႔ ကမာၻေပၚမွာ အၾကာဆံုးျပည္တြင္းစစ္ ႏွစ္ေပါင္း(၇၀)ေက်ာ္ ရွိလာေနရ ျခင္းျဖစ္ပါတယ္။

အခုခ်ိန္မွာ NLD အစိုးရအေနျဖင့္ အစိုးရ တိုင္းရင္းသားေဒသေတြမွာ ဗိုလ္ခ်ဳပ္ရုပ္ထု စိုက္ထူဖို႔ ႀကိဳးစားေနတာထက္ အမ်ိဳးသားတန္းတူေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ကို အေျခခံတဲ့ ဖက္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ေရးကိုသာ အျမန္ဆံုးအေကာင္ အထည္ေဖာ္ေဆာင္သင့္ပါတယ္။ ဖက္ဒရယ္စနစ္တိုင္းမွာ သက္ဆိုင္ရာျပည္နယ္မွာ ဥပေဒျပဳျခင္း၊ ၿမိဳ႕ေတာ္ဝန္နဲ႔ျပည္နယ္ဝန္ႀကီး ခ်ဳပ္ ေရြးခ်ယ္ခန္႔အပ္ျခင္းကို ျပည္နယ္အစိုးရက လုပ္ေဆာင္ၾကပါတယ္။ တူညီေသာတန္းတူအခြင့္အေရးမ်ားကို အာမခံတဲ့ ဗဟို ခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ၿပီး ျပည္နယ္အစိုးရမ်ားအုပ္ခ်ဳပ္ေရးအာဏာ ပိုမိုပိုင္ဆိုင္ဖို႔ တိုင္းရင္းသားေတြလိုခ်င္ေနၾကတဲ့ ဖက္ဒရယ္စနစ္ကို အေကာင္အထည္ေဖာ္ေဆာင္ရမွာျဖစ္ပါတယ္။
အခုခ်ိန္အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး လုပ္ေဆာင္ေနခ်ိန္ကာလမွာ ဗိုလ္ခ်ဳပ္ရုပ္တုေတြစိုက္ထူဖို႔ ႀကိဳးစားေနျခင္းဟာ အက်ိဳးထက္အျပစ္သာမ်ားႏိုင္သလို အျခားတိုင္းရင္းသားေတြနဲ႔ ဗမာတိုင္းရင္းသားမ်ားအၾကား မလိုလားအပ္တဲ့လူမ်ိဳးေရးဆန္တဲ့ အမုန္းပြားမႈေတြသာ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္တိုင္းရင္းသားေတြက အမ်ိဳးသားတန္းတူေရးနဲ႔ကိုယ္ပိုင္ျပ႒ာန္းခြင့္ရဖို႔ လက္နက္ကိုင္လမ္းစဥ္ကို စြဲကိုင္ခဲ့ၾကရာမွ ကမာၻ႕အရွည္ဆံုးျမန္မာျပည္တြင္းစစ္အျဖစ္ နာမည္ႀကီးလာရျခင္းျဖစ္ပါတယ္။ ႏုိင္ငံေတာ္ရဲ႕အာဏာကို ဗဟိုက ခ်ဳပ္ကိုင္ထားၿပီး တိုင္းရင္းသားေဒသေတြမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္မရွိတာ လည္း ျပည္တြင္းစစ္ျဖစ္ေနရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းတစ္ခုျဖစ္ေနပါတယ္။

(၃)

ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုျဖစ္လာဖို႔ ၿငိမ္းခ်မ္းေရးလမ္းစဥ္အျမန္ဆံုးအေကာင္အထည္ေဖာ္ေဆာင္ၾကရပါမယ္။ ေက်ာင္းသံုးျပ႒ာန္းခ်က္စာအုပ္ေတြမွာ ေအဒီ ၁၀၄၄-ခုႏွစ္ ပုဂံသမိုင္းထဲက အေနာ္ရထာ၊ က်န္စစ္သားမင္းအေၾကာင္းေတြ သင္ၾကားေနသလို ေအဒီ ၁၄၃၀-ခုႏွစ္မွာ ေျမာက္ဦးၿမိဳ႕ကို စတင္တည္ေထာင္ခဲ့တဲ့ ေျမာက္ဦးေခတ္က ရခုိင္ဘုရင္ မင္းေစာမြန္၊ မင္းဗာဘုရင္အေၾကာင္းနဲ႔ မြန္ဘုရင္မႏုဟာမင္း အေၾကာင္းေတြကိုလည္း ေက်ာင္းသံုးျပ႒ာန္းခ်က္စာအုပ္ေတြမွာ ေက်ာင္းသား၊ ေက်ာင္းသူေတြသင္ၾကားႏိုင္ဖို႔ ျပ႒ာန္းေပးသင့္ပါတယ္။ ဒါမွလည္းဒီမိုကေရစီ အမ်ိဳးသားတန္းတူေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္အာမခံ ခ်က္အျပည့္အဝရွိၿပီး ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ပါလိမ့္မယ္။ တိုင္းရင္းသားေတြရဲ႕အတိတ္သမိုင္းကို မလိုခ်င္သေရြ႕ ဗမာတိုင္းရင္းသားေတြနဲ႔အျခားတုိင္းရင္းသားေတြအၾကားမွာ မုန္းတီးမႈေတြ ဆက္ရွိေနအံုးမွာျဖစ္လို႔ ဒီမိုကေရစီေဘာင္က်ဥ္းလာရင္ စစ္ေဘာင္က ဆက္လက္က်ယ္ေနအံုးမွာပါ။

ျမန္မာႏုိ္င္ငံမွာ ျပည္ေထာင္စုဆုိတဲ့စကားလံုးကို အဓိပၸာယ္ေဖာ္ေဆာင္ေနၾကရာမွာ မတူၾကဘူးျဖစ္ေနတယ္။ လက္နက္စြဲ ကိုင္ေနၾကတဲ့တိုင္းရင္းသားေတြက နယ္ခ်ဲ႕၊ ဖက္ဆစ္ရန္ကို တိုင္းရင္းသားေပါင္းစံုက တိုက္ယူခဲ့လို႔ လြတ္လပ္ေရးရၿပီးမွ ငါတို႔အား လံုးပါဝင္ၿပီး ျပည္ေထာင္စုျဖစ္လာတယ္လို႔ ယံုၾကည္ေနၾကေပမဲ့ ဗမာတိုင္းရင္းသားေတြက ျမန္မာႏုိ္င္ငံဆိုတာ ပုဂံေခတ္ကတည္း က ရွိတယ္လို႔ ယံုၾကည္ထားၾကတယ္။ ဒါကလည္းျပည္တြင္းစစ္ျဖစ္ေနရျခင္းရဲ႕ အေၾကာင္းရင္းတစ္ခုပါ။ တိုင္းရင္းသားေတြမက္ခဲ့ ၾကတဲ့ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုအိမ္မက္ကို အေကာင္အထည္ေဖာ္ေဆာင္ႏုိင္ဖို႔ ပုဂံေခတ္ကို လိုအပ္သည္ထက္ အမြမ္းမတင္သင့္။

ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို ေဖာ္ေဆာင္ဖို႔ၾကန္႔ၾကာေနခဲ့လို႔ ဘယ္သူမွအႏုိင္အရႈံးမရွိ မဆံုးႏို္င္တဲ့ ပဋိပကၡသံသ ရာမွာ က်င္လည္ေနၾကရတာကို အရွည္လ်ားဆံုးျမန္မာျပည္တြင္းစစ္တိုက္ပြဲေတြက သက္ေသျပလ်က္ရွိေနပါတယ္။ ႏို္င္ငံလြတ္လပ္ေရးနဲ႔အတူေပၚေပါက္လာတဲ့ ျပည္တြင္းသေဘာထားကြဲလြဲမႈေတြကို ႏို္င္ငံေရးစားပြဲဝိုင္းမွာ ေတြ႕ဆံုေဆြးေႏြးအေျဖ ရွာၾကျခင္းျဖင့္ ႏွစ္ဘက္ေျပလည္မႈေတြ ရွိလာႏိုင္ပါတယ္။ ၿငိမ္းခ်မ္းေရးအတြက္ ေရွ႕ဆက္ေဆာင္ရြက္ရမယ့္ လုပ္ငန္းစဥ္ေတြ ေခ်ာေမြ႕လာရမည္ျဖစ္ရာ ျပည္ေထာင္စုအက်ိဳး၊ တုိင္းရင္းသားျပည္သူေတြအက်ိဳးျဖစ္မယ့္ ဘံုသေဘာထားကို ခံယူထားၾကရမွာလည္းျဖစ္တယ္။ ႏို္င္ငံေရးျပႆနာကို စစ္ေရးျဖင့္မေျဖရွင္းၾကဘဲ ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းရမယ့္ ႏို္င္ငံေရး ယဥ္ေက်းမႈအသစ္ကို တည္ေဆာက္ႏိုင္ၾကမွသာ တန္းတူရည္တူ အခြင့္အေရးရရွိၾကမယ့္ ဖက္ဒရယ္ဒီမုိကေရစီျပည္ေထာင္စု တစ္ခုကို တည္ေဆာက္ႏိုင္ၾကမွာျဖစ္ပါတယ္။

NCA လက္မွတ္ထိုးၿပီး အပစ္ခတ္ရပ္စဲရံုနဲ႔လည္း ဖက္ဒရယ္ျပည္ေထာင္စု ျဖစ္မလာႏုိင္ေသးပါ။ တရားမွ်တမႈက အေျခခံေနပါတယ္။ ဒါေၾကာင့္ တရားမွ်တမႈ၊ တန္းတူအခြင့္အေရးဆိုတာ ဖက္ဒရယ္ျဖစ္လို႔ ထာဝရၿငိမ္းခ်မ္းေရးကို တိုင္းရင္းသား ေတြက မ်ားစြာလိုခ်င္ေနၾကျခင္းျဖစ္ပါတယ္။ တိုင္းရင္းသားေတြလိုခ်င္ေနၾကတဲ့ ဖက္ဒရယ္ဒီမိုကေရစီကို မသိက်ိဳးကၽြံျပဳထားသမွ် ကာလပတ္လံုး ျပည္တြင္းစစ္ဘယ္ေတာ့မွ ခ်ဳပ္ၿငိမ္းမွာ မဟုတ္ပါဘူး။

(၄)
ျမန္မာႏုိ္င္ငံမွာ အခုလိုျပည္တြင္းစစ္ဘာေၾကာင့္ ၾကန္႔ၾကာေနရသလဲဆိုရင္ တိုင္းရင္းသားေတြရဲ႕ဖက္ဒရယ္ျပည္ေထာင္စု အိမ္မက္ဆႏၵကို အုပ္ခ်ဳပ္ခဲ့တဲ့အစိုးရအဆက္ဆက္ ျဖည့္ဆည္းေပးႏိုင္မႈ မ်ားစြာအားနည္းေနခဲ့လို႔ပဲ ဆိုရပါမယ္။ လႊတ္ေတာ္က ဖြဲ႕စည္းထားတဲ့ ဖြဲ႕စည္းပံုျပင္ဆင္ေရး (၄၅)ဦးေကာ္မတီမွာ ရခိုင္ကလႊတ္ေတာ္အမတ္ေတြ ႏႈတ္ထြက္လိုက္ၾကျခင္းနဲ႔ပတ္သက္ၿပီး ရခုိင္အမ်ိဳးသားပါတီက “စစ္မွန္ေသာ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအခန္းက႑မွာ ပီျပင္စြာပါဝင္ႏိုင္ရန္ အေျခအေန မရွိေတာ့တဲ့အျပင္ ဗဟုိခ်ဳပ္ကိုင္မႈစနစ္က်င့္သံုးၿပီး လက္ရွိအာဏာရပါတီရဲ႕ အာဏာာတည္ၿမဲေရးကိုသာ ရည္ရြယ္ေနေၾကာင္း ေတြ႕ျမင္ေနရလို႔” ဆိုၿပီး ထည့္သြင္းေဖာ္ျပထားတာကုိ ဖတ္လိုက္ရပါေသးတယ္။ ဒါေပမယ့္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ဖို႔ ႀကိဳးစားလာေနၾကျခင္းဟာ အဆိုးထဲက အေကာင္းတစ္ခုလို႔ ဆုိရပါမယ္။

ကမာၻႀကီးရြာတစ္ရြာျဖစ္လာေနခ်ိန္မွာ တိုင္းရင္းသားေတြက ေခတ္ကိုလိုက္ၿပီး ေျပာင္းခ်င္လာၾကပါတယ္။ ရခိုင္လူမ်ိဳးေတြ ရဲ႕အျမင္မွာ ၁၈၈၅-ခုႏွစ္ကတည္းက သူ႕ကၽြန္ျဖစ္ခဲ့ရတာ ဗဟိုခ်ဳပ္ကိုင္မႈစနစ္က ရွိေသးလို႔ အခုအခ်ိန္ထိ ငါတို႔ တန္းတူအခြင့္အေရး မရေသး၊ ကၽြန္နဲ႔မျခား။ ဒါေၾကာင့္ ငါတို႔လက္နက္စြဲကိုင္မွ ရေတာ့မယ္ဆိုၿပီး ရခိုင္လူငယ္ေတြ ေသနတ္ကိုင္ တာကို ခံုမင္လာေနၾကျခင္းျဖစ္ပါတယ္။
တိုင္းရင္းသားေတြအေနျဖင့္ ဖက္ဒရယ္နဲ႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို အစဥ္တစိုက္ေတာင္းဆိုလာခဲ့ၾကတာ ေတြ႕ျမင္ေနရပါ တယ္။ အမ်ိဳးသားတန္းတူေရးနဲ႔ တန္းတူညီမွ် ကိုယ္ပိုင္ျပ႒ာန္းခြင့္ရွိလာဖို႔ AA မွ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က “ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသထက္ မညံ့တဲ့ ကြန္ဖက္ဒေရးရွင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို လုိခ်င္တယ္” လို႔ ဧရာဝတီသတင္းဌာနနဲ႔ အင္တာဗ်ဴးလုပ္ခ်ိန္မွာ ေျဖၾကားသြားတာေတြ႕လိုက္ရပါေသးတယ္။

အရင္ကလည္း ရခုိင္ျပည္နယ္မွာ ေခတ္အဆက္ဆက္ ရခိုင့္ေတာ္လွန္ေရးေခါင္းေဆာင္မ်ား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ေတာင္းဆုိခဲ့ၾကတာ ေတြ႕ျမင္ခဲ့ရပါတယ္။ ၁၉၆၃-ခုႏွစ္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္လွန္ေရးေကာင္စီက ျပည္တြင္းၿငိမ္းခ်မ္း ေရးျပန္လည္တည္ေဆာက္ႏိုင္ဖို႔ ေတာတြင္းလက္နက္ကိုင္အဖြဲ႕အစည္းျဖစ္တဲ့ ရခိုင္ျပည္နယ္ကြန္ျမဴနစ္ပါတီနဲ႔ ေဆြးေႏြးခဲ့ရာ ရဲနီေက်ာ္ဇံရႊီက ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေတာင္းဆိုခဲ့တာကို ၾကားသိရပါတယ္။ “ရွမ္းမူ” မေပၚခင္ ဦးထြန္းျမင့္ရဲ႕စာတမ္းမွာလည္း ခြဲထြက္လိုက ခြဲထြက္ခြင့္ဆိုတဲ့ အခ်က္တစ္ခ်က္ပါရွိေနတာကို သတိျပဳမိပါတယ္။

အမွန္က တိုင္းရင္းသားေတြ လုိခ်င္ေနၾကတဲ့ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုဆိုတာ ခြဲထြက္ေရးမဟုတ္၊ ဗဟိုခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ထားတဲ့ ဖက္ဒရယ္စနစ္သာျဖစ္ပါတယ္။ ဖက္ဒရယ္ဒီမိုကေရစီရဲ႕အႏွစ္သာရပါတဲ့ စကားလံုးေတြနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရး မေဆြးေႏြးႏိုင္သမွ် TNLA မွ ဗိုလ္မွဴးခ်ဳပ္ ဘုန္းေက်ာ္ ေျပာသလို “ျမန္မာ့ျပည္တြင္းစစ္ ႏွစ္တရာမက မၿပီးဆံုးေသာ သံသရာ” ျဖစ္သြားႏိုင္ပါတယ္။

အခ်ဳပ္အားျဖင့္ေျပာရပါလွ်င္ ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းသြားဖို႔ တုိင္းရင္းသားေတြ အစဥ္တစိုက္ေတာင္းဆိုလာၾကတဲ့ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုစနစ္ကို ဦးတည္ၿပီး ခိုင္ခိုင္မာမာ အေကာင္အထည္ေဖာ္ၾကဖို႔ လိုအပ္ေနသလုိ တိုင္းရင္းသားေတြရဲ႕ သမိုင္းေၾကာင္း အျဖစ္အပ်က္ေတြကို အသိအမွတ္ျပဳ တန္ဖိုးထားေပးရပါမယ္။ ၿငိမ္းခ်မ္းေရးအတြက္ ႏို္င္ငံေရး ေဆြးေႏြးပြဲ၊ စာပြဲဝိုင္းက တစ္ဆင့္ အမ်ိဳးသားတန္းတူေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္နဲ႔ အာဏာခြဲေဝမႈအတြက္ ဗဟိုခ်ဳပ္ကိုင္မႈ ေလွ်ာ့ခ်ႏိုင္မွသာ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုျဖစ္ေအာင္ ထူေထာင္မယ္ဆုိရင္ ဖြဲ႕စည္းပံုကို မျပင္မျဖစ္ ႀကိဳးစားၾကရပါမယ္။ ၂၀၀၈ ဖြဲ႕စည္းပံုထဲမွာ ျပင္ဆင္မယ့္ ပုဒ္မေတြကလည္း တိုင္းရင္းသားအားလံုးလက္ခံႏိုင္မယ့္ ပုဒ္မေတြ ထည့္သြင္းလာႏုိင္ပါေစလို႔ ေမွ်ာ္လင့္ရင္း . . . ။

ေအာင္ၾကည္မိုး (စစ္ေတြ)

 

Unicode

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုတာ သီအိုရီသဘောတရားအရ ဗဟိုနဲ့ပြည်နယ်အစိုးရတွေအကြား အာဏာခွဲဝေ ကျင့်သုံးခြင်း၊ Power sharing နဲ့အတူ Revenue sharing, Resource sharing တွေကို အညီအမျှခွဲဝေသုံးစွဲကြခြင်းဖြစ်ပါတယ်။ ဒါကြောင့်တိုင်းရင်းသားတွေမျှော်မှန်းထားကြတဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ဒီမိုကရေစီအရ ရွေးကောက်တင်မြောက်ထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ကိုယ့်ဒေသမှာ အုပ်ချုပ်ရေးအာဏာရှိလာဖို့ဖြစ်ပါတယ်။ ရှမ်းဆိုရင်လည်း ရှမ်းအလျောက်၊ ရခိုင်ဆိုရင်လည်း ရခိုင်အလျောက် တိုင်းရင်းသားခေါင်းဆောင်တွေက (Resource) သဃံဇာတ ခွဲဝေသုံးစွဲနိုင်အောင် ဗဟိုအစိုးရနဲ့ပြည်နယ်အစိုးရတွေအကြား လုပ်ပိုင်ခွင့်တွေ အတိအကျသတ်မှတ်ထားဖို့ကို တိုင်းရင်းသားတွေ က လိုလားနေကြခြင်းဖြစ်ပါတယ်။

တိုင်းရင်းသားတွေထင်မှတ်နေကြတာက အရင်ကလည်းဗဟိုက ချုပ်ကိုင်တယ်။ အခုလည်း ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ဗဟိုကချုပ်ကိုင်ထားတော့ ကိုယ့်ဒေသကထွက်တဲ့သဃံဇာတနဲ့ ကိုယ့်စာပေယဉ်ကျေးမှုကို စီမံခန့်ခွဲဖို့ တိုင်းရင်းသားတွေက ဒီမိုကရေစီဖက်ဒရယ်အိမ်မက်ကို မက်လာကြတယ်။ ၂၀၁၅-ခုနှစ်ရွေးကောက်ပွဲတုန်းက ရခိုင်နဲ့ရှမ်းဒေသတွေမှာ ပြည်နယ်ဝန်ကြီး ချုပ်တွေကို ဗဟိုအစိုးရက တိုက်ရိုက်ခန့်ထားခဲ့ကြတော့ တိုင်းရင်းသားတွေက Power Sharing ကို ဗဟိုအစိုးရနဲ့ပြည်နယ်အစိုးရ အဖွဲ့တို့အကြား သဘောတူညီမှုရရှိဖို့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအတိုင်းသွားဖို့ လိုလားနေကြခြင်းဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေ စီနိုင်ငံရေးစနစ်ကို အထောက်အကူပြုပေးနိုင်ဖို့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိနေပါရမှာဖြစ်သလို ဒီမိုကရေစီဖက်ဒရယ်စနစ်ထွန်းကားဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေပြင်ကိုပြင်ရပါမယ်။

အခုချိန်မှာ တိုင်းရင်းသားတွေတောင်းဆိုလာကြတာက ဖက်ဒရယ်စနစ်ရဲ့အနှစ်သာရဖြစ်တဲ့ ဗဟိုအစိုးရချုပ်ကိုင်မှု အာဏာကို လျှော့ချပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက သဃံဇာတများအပေါ်စီမံခန့်ခွဲနိုင်ခွင့် အပြည့်အဝအာဏာခွဲဝေမှု ထူထောင်နိုင်ဖို့ဖြစ်ပါတယ်။ ဗဟိုအစိုးရနဲ့ ဒေသန္တရအစိုးရအကြား အာဏာခွဲဝေရေးကိုတိုင်းရင်းသားတွေက လိုချင်နေကြလို့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုချင်လာကြခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် ဖက်ဒရယ်စနစ်ယဉ်ကျေးမှု ထွန်းကားလာဖို့ သည်းခံမှုက အဓိကအချက်ဖြစ်ပြီး ဗိုလ်ကျမစိုးမိုးရေးကလည်း အခြေခံအကြောင်းရင်းတစ်ခုဖြစ်နေပါတယ်။

(၁)
တစ်နေ့ “ဆရာတော်ဦးဥတ္တမဟာ ရခိုင်လူမျိုးဖြစ်ရဲ့သားနဲ့ ဦးဥတ္တမနေ့မှာ ဆရာတော်ကို ပူဇော်ခွင့်ရဖို့ ကျောင်းတွေဘာ ကြောင့်မပိတ်တာလဲ ဖေကြီး” ဆိုပြီး ၂၀၁၉-ခုနှစ် (၈၀) ပြည့် ဆရာတော်ဦးဥတ္တမနေ့ ကလေးတန်း (Grade-5) ကျောင်းတက်နေ တဲ့ သမီးလေးက မေးဖူးပါတယ်။ ဆရာတော်ဟာ လူမျိုးစွဲ၊ ဒေသစွဲမရှိဘဲ နက်ရှိုင်းသောပြည်ထောင်စု စိတ်ဓာတ်ဖြင့် လွတ်လပ်ရေး ကြိုးပမ်းခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံအနှံ့ ကျေးရွာများအထိ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူဖြစ်ပါတယ်။ ဆရာတော်ကျေးဇူးကြောင့် ဒို့ဗမာ အစည်းအရုံးတွေ ပေါ်ပေါက်လာခဲ့ရလို့ ဦးဥတ္တမနေ့မှာ မြန်မာတစ်နိုင်ငံလုံးကျောင်းမပိတ်တောင်မှ သမီးငယ်တို့လို ရခိုင်မျိုးဆက်သစ်လူငယ်တွေ ဆရာတော်ရဲ့ကျေးဇူးတရားသိတတ်လာစေဖို့ ပူဇော်လို့ရအောင် ရခိုင်ပြည်နယ်မှာ အခြေခံ ပညာကျောင်းတွေ ပိတ်သင့်ပါတယ်။ အခုက သည်လိုမဟုတ် စစ်တွေမြို့ ဆရာတော်ပန်းခြံရှိ ဦးဥတ္တမခန်းမမှာ ဦးဥတ္တမနေ့ပြုလုပ် ကျင်းပဖို့ ပွဲဦးဆောင်ကျင်းပသူတွေက ငြိမ်းစုစီတင်ခဲ့ကြရကြောင်း ကြားသိခဲ့ရပါတယ်။

(၂)
စောဘဦးကြီးအမှတ်တရ ကရင်အာဇာနည်နေ့ကို ကျင်းပခွင့်ပိတ်ပင်တာတွေ၊ ကရင်အာဇာနည် စောဘဦးကြီးရုပ်တုကို စိုက်ထူခွင့်မရခဲ့ကြတာတွေ၊ လွိုင်ကော်မှာ ကယားပြည်သူတွေမလိုချင်ခဲ့ဘဲ ဗိုလ်ချုပ်ရုပ်တုစိုက်ထူဖို့ ကြိုးစားခဲ့တာတွေနဲ့ ကချင်လူမျိုးတွေရဲ့ ဒဏ္ဍာရီတွေများစွာရှိနေတဲ့ မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ဖို့ ကြိုးစားနေတာတွေက လူမျိုးကြီးဝါဒကို အခုချိန်ထိ စွဲကိုင်နေကြတုန်းလို့ တိုင်းရင်းသားတွေကထင်မှတ်နေကြပြီး သူတို့ရဲ့ခံစားချက်တွေကိုတော့ လျစ်လျူရှုခြင်းဖြစ်တယ်လို့ ထင်မြင်နေကြပါတယ်။ တိုင်းရင်းသားတွေရဲ့ အန္တိမရည်မှန်းချက်က အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ တိုင်းရင်းသားအားလုံးရဲ့လိုလားချက်၊ မျှော်လင့်ချက်ဖြစ်ပါတယ်။ နောက်တစ်ခု က ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ကြတဲ့ အစိုးရအနေဖြင့် ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ကြလို့ တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စုကို လိုလားကြခြင်းဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်မှုလွှမ်းမိုးထားတဲ့ မြန်မာ့နိုင်ငံရေးမှာ တိုင်းနဲ့ပြည်နယ်တွေရဲ့ဆုံးဖြတ်ချက်က ဗဟိုမှာပဲ ရှိနေပါတယ်။ ဒါကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်ဖြစ်တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်သာ အမှန်ဆုံးဖြစ်တယ်လို့ တိုင်းရင်းသားတွေက ယုံကြည်ချက်ထားလာနေကြခြင်းဖြစ်ပါ တယ်။
ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံး တန်းတူအခွင့်အရေးရရှိရေးအတွက် တိုင်းရင်းသားတွေက ဖက်ဒရယ်စနစ်သည် သာ အခြေခံအကျဆုံးလို့ ရှုမြင်ထားကြသလို တစ်ဖက်ကလည်း ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲရေးစကားလုံးအဖြစ် မှတ်ယူထားပြီး လူမျိုးကြီးဝါဒကို အသေဆုတ်ကိုင်ထားလို့ ကမ္ဘာပေါ်မှာ အကြာဆုံးပြည်တွင်းစစ် နှစ်ပေါင်း(၇၀)ကျော် ရှိလာနေရ ခြင်းဖြစ်ပါတယ်။

အခုချိန်မှာ NLD အစိုးရအနေဖြင့် အစိုးရ တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်ရုပ်ထု စိုက်ထူဖို့ ကြိုးစားနေတာထက် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကိုသာ အမြန်ဆုံးအကောင် အထည်ဖော်ဆောင်သင့်ပါတယ်။ ဖက်ဒရယ်စနစ်တိုင်းမှာ သက်ဆိုင်ရာပြည်နယ်မှာ ဥပဒေပြုခြင်း၊ မြို့တော်ဝန်နဲ့ပြည်နယ်ဝန်ကြီး ချုပ် ရွေးချယ်ခန့်အပ်ခြင်းကို ပြည်နယ်အစိုးရက လုပ်ဆောင်ကြပါတယ်။ တူညီသောတန်းတူအခွင့်အရေးများကို အာမခံတဲ့ ဗဟို ချုပ်ကိုင်မှုလျှော့ချပြီး ပြည်နယ်အစိုးရများအုပ်ချုပ်ရေးအာဏာ ပိုမိုပိုင်ဆိုင်ဖို့ တိုင်းရင်းသားတွေလိုချင်နေကြတဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ဆောင်ရမှာဖြစ်ပါတယ်။

ခုချိန်အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေချိန်ကာလမှာ ဗိုလ်ချုပ်ရုပ်တုတွေစိုက်ထူဖို့ ကြိုးစားနေခြင်းဟာ အကျိုးထက်အပြစ်သာများနိုင်သလို အခြားတိုင်းရင်းသားတွေနဲ့ ဗမာတိုင်းရင်းသားများအကြား မလိုလားအပ်တဲ့လူမျိုးရေးဆန်တဲ့ အမုန်းပွားမှုတွေသာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်တိုင်းရင်းသားတွေက အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့ လက်နက်ကိုင်လမ်းစဉ်ကို စွဲကိုင်ခဲ့ကြရာမှ ကမ္ဘာ့အရှည်ဆုံးမြန်မာပြည်တွင်းစစ်အဖြစ် နာမည်ကြီးလာရခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အာဏာကို ဗဟိုက ချုပ်ကိုင်ထားပြီး တိုင်းရင်းသားဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိတာ လည်း ပြည်တွင်းစစ်ဖြစ်နေရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်။

(၃)
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်လာဖို့ ငြိမ်းချမ်းရေးလမ်းစဉ်အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ကြရပါမယ်။ ကျောင်းသုံးပြဋ္ဌာန်းချက်စာအုပ်တွေမှာ အေဒီ ၁၀၄၄-ခုနှစ် ပုဂံသမိုင်းထဲက အနော်ရထာ၊ ကျန်စစ်သားမင်းအကြောင်းတွေ သင်ကြားနေသလို အေဒီ ၁၄၃၀-ခုနှစ်မှာ မြောက်ဦးမြို့ကို စတင်တည်ထောင်ခဲ့တဲ့ မြောက်ဦးခေတ်က ရခိုင်ဘုရင် မင်းစောမွန်၊ မင်းဗာဘုရင်အကြောင်းနဲ့ မွန်ဘုရင်မနုဟာမင်း အကြောင်းတွေကိုလည်း ကျောင်းသုံးပြဋ္ဌာန်းချက်စာအုပ်တွေမှာ ကျောင်းသား၊ ကျောင်းသူတွေသင်ကြားနိုင်ဖို့ ပြဋ္ဌာန်းပေးသင့်ပါတယ်။ ဒါမှလည်းဒီမိုကရေစီ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံ ချက်အပြည့်အဝရှိပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပါလိမ့်မယ်။ တိုင်းရင်းသားတွေရဲ့အတိတ်သမိုင်းကို မလိုချင်သရွေ့ ဗမာတိုင်းရင်းသားတွေနဲ့အခြားတိုင်းရင်းသားတွေအကြားမှာ မုန်းတီးမှုတွေ ဆက်ရှိနေအုံးမှာဖြစ်လို့ ဒီမိုကရေစီဘောင်ကျဉ်းလာရင် စစ်ဘောင်က ဆက်လက်ကျယ်နေအုံးမှာပါ။

မြန်မာနိုင်ငံမှာ ပြည်ထောင်စုဆိုတဲ့စကားလုံးကို အဓိပ္ပာယ်ဖော်ဆောင်နေကြရာမှာ မတူကြဘူးဖြစ်နေတယ်။ လက်နက်စွဲ ကိုင်နေကြတဲ့တိုင်းရင်းသားတွေက နယ်ချဲ့၊ ဖက်ဆစ်ရန်ကို တိုင်းရင်းသားပေါင်းစုံက တိုက်ယူခဲ့လို့ လွတ်လပ်ရေးရပြီးမှ ငါတို့အား လုံးပါဝင်ပြီး ပြည်ထောင်စုဖြစ်လာတယ်လို့ ယုံကြည်နေကြပေမဲ့ ဗမာတိုင်းရင်းသားတွေက မြန်မာနိုင်ငံဆိုတာ ပုဂံခေတ်ကတည်း က ရှိတယ်လို့ ယုံကြည်ထားကြတယ်။ ဒါကလည်းပြည်တွင်းစစ်ဖြစ်နေရခြင်းရဲ့ အကြောင်းရင်းတစ်ခုပါ။ တိုင်းရင်းသားတွေမက်ခဲ့ ကြတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအိမ်မက်ကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ပုဂံခေတ်ကို လိုအပ်သည်ထက် အမွမ်းမတင်သင့်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်ဖို့ကြန့်ကြာနေခဲ့လို့ ဘယ်သူမှအနိုင်အရှုံးမရှိ မဆုံးနိုင်တဲ့ ပဋိပက္ခသံသ ရာမှာ ကျင်လည်နေကြရတာကို အရှည်လျားဆုံးမြန်မာပြည်တွင်းစစ်တိုက်ပွဲတွေက သက်သေပြလျက်ရှိနေပါတယ်။ နိုင်ငံလွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ ပြည်တွင်းသဘောထားကွဲလွဲမှုတွေကို နိုင်ငံရေးစားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးအဖြေ ရှာကြခြင်းဖြင့် နှစ်ဘက်ပြေလည်မှုတွေ ရှိလာနိုင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ချောမွေ့လာရမည်ဖြစ်ရာ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားပြည်သူတွေအကျိုးဖြစ်မယ့် ဘုံသဘောထားကို ခံယူထားကြရမှာလည်းဖြစ်တယ်။

နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်မဖြေရှင်းကြဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမယ့် နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို တည်ဆောက်နိုင်ကြမှသာ တန်းတူရည်တူ အခွင့်အရေးရရှိကြမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တစ်ခုကို တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။
NCA လက်မှတ်ထိုးပြီး အပစ်ခတ်ရပ်စဲရုံနဲ့လည်း ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မလာနိုင်သေးပါ။ တရားမျှတမှုက အခြေခံနေပါတယ်။ ဒါကြောင့် တရားမျှတမှု၊ တန်းတူအခွင့်အရေးဆိုတာ ဖက်ဒရယ်ဖြစ်လို့ ထာဝရငြိမ်းချမ်းရေးကို တိုင်းရင်းသား တွေက များစွာလိုချင်နေကြခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားတွေလိုချင်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို မသိကျိုးကျွံပြုထားသမျှ ကာလပတ်လုံး ပြည်တွင်းစစ်ဘယ်တော့မှ ချုပ်ငြိမ်းမှာ မဟုတ်ပါဘူး။

(၄)
မြန်မာနိုင်ငံမှာ အခုလိုပြည်တွင်းစစ်ဘာကြောင့် ကြန့်ကြာနေရသလဲဆိုရင် တိုင်းရင်းသားတွေရဲ့ဖက်ဒရယ်ပြည်ထောင်စု အိမ်မက်ဆန္ဒကို အုပ်ချုပ်ခဲ့တဲ့အစိုးရအဆက်ဆက် ဖြည့်ဆည်းပေးနိုင်မှု များစွာအားနည်းနေခဲ့လို့ပဲ ဆိုရပါမယ်။ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး (၄၅)ဦးကော်မတီမှာ ရခိုင်ကလွှတ်တော်အမတ်တွေ နှုတ်ထွက်လိုက်ကြခြင်းနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက “စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခန်းကဏ္ဍမှာ ပီပြင်စွာပါဝင်နိုင်ရန် အခြေအနေ မရှိတော့တဲ့အပြင် ဗဟိုချုပ်ကိုင်မှုစနစ်ကျင့်သုံးပြီး လက်ရှိအာဏာရပါတီရဲ့ အာဏာာတည်မြဲရေးကိုသာ ရည်ရွယ်နေကြောင်း တွေ့မြင်နေရလို့” ဆိုပြီး ထည့်သွင်းဖော်ပြထားတာကို ဖတ်လိုက်ရပါသေးတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားလာနေကြခြင်းဟာ အဆိုးထဲက အကောင်းတစ်ခုလို့ ဆိုရပါမယ်။

ကမ္ဘာကြီးရွာတစ်ရွာဖြစ်လာနေချိန်မှာ တိုင်းရင်းသားတွေက ခေတ်ကိုလိုက်ပြီး ပြောင်းချင်လာကြပါတယ်။ ရခိုင်လူမျိုးတွေ ရဲ့အမြင်မှာ ၁၈၈၅-ခုနှစ်ကတည်းက သူ့ကျွန်ဖြစ်ခဲ့ရတာ ဗဟိုချုပ်ကိုင်မှုစနစ်က ရှိသေးလို့ အခုအချိန်ထိ ငါတို့ တန်းတူအခွင့်အရေး မရသေး၊ ကျွန်နဲ့မခြား။ ဒါကြောင့် ငါတို့လက်နက်စွဲကိုင်မှ ရတော့မယ်ဆိုပြီး ရခိုင်လူငယ်တွေ သေနတ်ကိုင် တာကို ခုံမင်လာနေကြခြင်းဖြစ်ပါတယ်။

တိုင်းရင်းသားတွေအနေဖြင့် ဖက်ဒရယ်နဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အစဉ်တစိုက်တောင်းဆိုလာခဲ့ကြတာ တွေ့မြင်နေရပါ တယ်။ အမျိုးသားတန်းတူရေးနဲ့ တန်းတူညီမျှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိလာဖို့ AA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထက် မညံ့တဲ့ ကွန်ဖက်ဒရေးရှင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုချင်တယ်” လို့ ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးလုပ်ချိန်မှာ ဖြေကြားသွားတာတွေ့လိုက်ရပါသေးတယ်။

အရင်ကလည်း ရခိုင်ပြည်နယ်မှာ ခေတ်အဆက်ဆက် ရခိုင့်တော်လှန်ရေးခေါင်းဆောင်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုခဲ့ကြတာ တွေ့မြင်ခဲ့ရပါတယ်။ ၁၉၆၃-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်း ရေးပြန်လည်တည်ဆောက်နိုင်ဖို့ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ရခိုင်ပြည်နယ်ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးခဲ့ရာ ရဲနီကျော်ဇံရွှီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုခဲ့တာကို ကြားသိရပါတယ်။ “ရှမ်းမူ” မပေါ်ခင် ဦးထွန်းမြင့်ရဲ့စာတမ်းမှာလည်း ခွဲထွက်လိုက ခွဲထွက်ခွင့်ဆိုတဲ့ အချက်တစ်ချက်ပါရှိနေတာကို သတိပြုမိပါတယ်။

အမှန်က တိုင်းရင်းသားတွေ လိုချင်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာ ခွဲထွက်ရေးမဟုတ်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချထားတဲ့ ဖက်ဒရယ်စနစ်သာဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရဲ့အနှစ်သာရပါတဲ့ စကားလုံးတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မဆွေးနွေးနိုင်သမျှ TNLA မှ ဗိုလ်မှူးချုပ် ဘုန်းကျော် ပြောသလို “မြန်မာ့ပြည်တွင်းစစ် နှစ်တရာမက မပြီးဆုံးသော သံသရာ” ဖြစ်သွားနိုင်ပါတယ်။

အချုပ်အားဖြင့်ပြောရပါလျှင် ပြည်တွင်းစစ်ချုပ်ငြိမ်းသွားဖို့ တိုင်းရင်းသားတွေ အစဉ်တစိုက်တောင်းဆိုလာကြတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဦးတည်ပြီး ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ကြဖို့ လိုအပ်နေသလို တိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်း အဖြစ်အပျက်တွေကို အသိအမှတ်ပြု တန်ဖိုးထားပေးရပါမယ်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ၊ စာပွဲဝိုင်းက တစ်ဆင့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အာဏာခွဲဝေမှုအတွက် ဗဟိုချုပ်ကိုင်မှု လျှော့ချနိုင်မှသာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် ထူထောင်မယ်ဆိုရင် ဖွဲ့စည်းပုံကို မပြင်မဖြစ် ကြိုးစားကြရပါမယ်။ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပြင်ဆင်မယ့် ပုဒ်မတွေကလည်း တိုင်းရင်းသားအားလုံးလက်ခံနိုင်မယ့် ပုဒ်မတွေ ထည့်သွင်းလာနိုင်ပါစေလို့ မျှော်လင့်ရင်း . . . ။

အောင်ကြည်မိုး (စစ်တွေ)