• Today is: Friday, April 23, 2021

ကျွန်တော်နှင့် လွှတ်တော်(၂)

Federal Journal
October19/ 2018

 

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၏ ပုံမှန်အစည်းအဝေးများပြီးဆုံးခဲ့ပြီ။ မြန်မာနိုင်ငံ၏ အပူပြင်းဆုံးအ ချိန်ကာလ မေ(၁၄)ရက်တွေ စတင်ခဲ့သည်။ လျှပ်စစ်တလက်လက်နှင့် မိုးသံလေသံများပျိုးလာချိန်ဖြစ်သည်။ နေပြည်တော်၊ ပျဉ်းမနား တောင်ညိုသည် ကျွန်တော်တို့အတွက် ပို၍ပူသည်ဟု မထင်ရပေ။ လွှတ်တော်ထဲမှာ လေအေးစက်နှင့် စည်ပင်ခန်း ဆောင်မှာ လေအေးစက်နှင့်ဆိုတော့ နေပျော်သည်။ နိုင်ငံပြင်ပမိုးလေဝသ တွင်ကား ဝေဖန်ချက်၊ စွပ်စွဲချက်၊ တိုက်ခိုက်ချက်များနှင့် လေပွေထနေသည်။ နိုင်ငံအတွင်း ကောလဟာလ များ၊ ငြီးတွားသံများ၊ မြို့ပြလမ်းများပေါ်မှ ဆန္ဒဖော်ထုတ်ခြေသံများအကြားတွင် လွှတ်တော်သည် တစ်စုံတစ်ခု ပြောင်းလဲခဲ့ပြီဖြစ် သည်။ သမ္မတသစ်နှင့် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သစ်ကိုမွေးထုတ်ပေးလိုက်ပြီမဟုတ်ပါလား။ သတ္တမပုံမှန်အ စည်းအဝေး၏ နောက်ဆုံးနေ့များမှပေါ်ထွက်လာခြင်းဖြစ်သည်။

ထိုအပြောင်းအလဲကို ကျွန်တော်မျက်ဝါးထင်ထင် မခံစားလိုက်ရ၊ ဆန္ဒမဲပေးခွင့်မကြုံလိုက်ရပေ။ မတ်လ ၏ တတိယရက်သတ္တပတ်စကတည်းက ရခိုင်ပြည်နယ်ဘက် ဆီသို့ရောက်နေသည်။ နေပြည်တော်မှစထွက် လာစဉ် အဆောင်ဘေးလမ်းတွင် ချယ်ရီများလှလှပပဝေနေသည်။ အဆောင်ရှေ့လမ်းတစ်ဘက်တစ်ချက်ရှိ တမာပင်တန်းမှာ အရွက်များဖွဲဖွြဲွေကနေသည်။ ယခုတော့ ချယ်ရီပွင့်များမရှိကြပြီ။ ချယ်ရီပင်များမှာ သစ်ရွက် ရင့်ရင့်စိမ်းကာမိုးတို့မျှော်နေသည်။ တမာပင်တန်းမှာ စိမ်းစိမ်းဝေဝေလှပနေသည်။ စိန်ပန်းများကတော့နွေကို အံတုကာ ရဲရဲနီနီပွင့်နေဆဲဖြစ်သည်။

မတ်လ(၁၉)ရက်နေ့တွင် စစ်တွေ၌စီစဉ်ထားသော ဖက်္လရယ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသည် ချောချော မွေ့မွေ့မဖြစ်ခဲ့ပေ။ ကျွန်တော်တို့နှင့်အတူ နိုင်ငံခြားသားပ ညာရှင်နှစ်ဦးပါလာသည်။ အိန္ဒိယနိုင်ငံမှဖြစ်သည်။ အိန္ဒိယ၏ အရှေ့မြောက်ပြည်နယ်ခုနှစ်ခုသည် ကျွန်တော်တို့ အတွက် စိတ်ဝင်စားစရာ၊ အတုယူစရာမိုဒယ် (ဩိနူ) များဖြစ်သည်။ ထိုအကြောင်းကို အထူးပြုဆွေးနွေးကြ မည်ဟု ရည်မှန်းထားသည်။ ထိုပညာရှင်များအ တွက် ပထမဆုံးအကြိမ်လာခြင်းမဟုတ်။ ပြည်နယ်လွှတ်တော် တွင်တစ်ကြိမ်၊ အခြားတစ်နေရာတွင်တစ်ကြိမ် စစ်တွေ ၌ပြုလုပ်ဖူးပြီ။ မြောက်ဦးရှိဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းဝင်းတစ်ခုတွင် ရခိုင်တိုင်းရင်းသား မျိုးနွယ်စု လူငယ်များကိုပို့ချဖူးပြီး သည်တစ်ခါကျမှ သူတို့နှစ်ဦးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခွင့်ပြုချက် တောင်းသည်။ မည်သို့မျှမဖြစ်နိုင်သော တောင်းဆိုချက်ဖြစ် သည်။ တစ်ခါမှမကြုံဖူးချေ။ သူတို့နှစ်ဦးအတွက် စိတ် ညစ်ညူးစရာ စစ်ဆေးမေးမြန်းမှုများလည်းကြုံရသည်။ အခမ်းအနားကျင်းပမည့် ဟိုတယ်ပိုင်ရှင်လည်း စိုးရိမ် စိတ်များနေသည်။ သို့နှင့်ပွဲပျက်သွားသည်။ နိုင်ငံရေး ဆန်ဆန်ပြောရလျှင် စစ်တွေမြို့၌ ဖက်ဒရယ် ဆွေးနွေးပွဲသည် ဟန့်တားဖျက်ဆီးခြင်းခံလိုက်ရသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းတွင် ပင်လုံညီလာ ခံများမှတစ်ဆင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဖက်ဒရယ်အုတ်မြစ်များ တည်ဆောက်ရေးကြိုးပမ်းနေ သောကာ လတွင် စိတ်ပျက်စရာဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။

အမှန်တကယ်က ထိုနေ့ရက်များတွင် ရခိုင်ပြည်နယ် လွှတ်တော်နှင့်အစိုးရတို့အကြား မီနီဘတ်ဂျက် နှင့်ပတ်သက်ပြီး ပွတ်တိုက်မှုပြင်းထန်နေသည်။ အစိုးရမှတင်ပြလာသော ဘတ်ဂျက်ကိုစိစစ်ကြည့်သောအခါ လွှတ်တော်အမတ်များကလက်မခံ။ ပြည်နယ်ဝန်ကြီးချုပ်က မကျေနပ်။ မာနနှင့်တုံ့ပြန်သည်။ လွှတ်တော် ကလည်း ဘတ်ဂျက်ဖြတ်တောက်ပြီး လုပ်ပိုင်ခွင့်ဥပဒေအတိုင်းလုပ်မည်။ ဤဂယက်သည် ဖက်ဒရယ်ဆွေးနွေး ပွဲသို့ ကူးစက်လာခြင်းဖြစ်သည်။

သတ္တမအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးများတွင် စိတ်လှုပ်ရှားစရာများရှိခဲ့သည်။ Taxamnesty ဟုဆိုသော အခွန်လျှော့ပေါ့ရေးနှင့်ပတ်သက်သည့် ဆွေးနွေးချက်များမှာ စီးပွားရေးပြဿနာဖြစ်ပေမဲ့ နိုင်ငံရေး အရပြင်းထန်နေသည်။ တရားမဝင် ရှာဖွေပိုင်ဆိုင်ထား သောဓနငွေကြေးတို့သည် ရင်းနှီးမြုပ်နှံမှုအဖြစ် တရား ဝင်နည်းလမ်းအတိုင်းဝင်မလာဘဲ အေးခဲစုပုံနေခြင်းသည် နိုင်ငံအတွက်နစ်နာသည်။ အများပြည်သူအကျိုး ရှိအောင် ကိုင်တွယ်မည့်ပေါ်လစီလမ်းကြောင်းကို ဆွေးနွေးကြသည်။ လျော့ပေါ့စဉ်းစားသည့် ကိုယ်စားလှယ် များကတစ်ဘက်၊ တင်းမာသူများကတစ်ဘက်ဖြစ်သည်။ နိုင်ငံသားမဟုတ်သူများ၊ မူးယစ်ဆေးဝါးဂိုဏ်းများ၏ စီး ပွားရေးဩဇာသည် စိုးရိမ်စရာဖြစ်သည်။ အကြမ်းဖက် ဝါဒီတို့နှင့်ပတ်သက်သည့် လမ်းကြောင်းပွင့်သွားလျှင် မ ဟာဒုက္ခကြီးဆိုက်မည်။ အခွန်ဆိုင်ရာ သီးခြားဥပဒေတစ် ရပ်လိုအပ်သည်မှာတော့ အမှန်ပင်။

ပြည်သူ့လွှတ်တော်တွင် ဝန်ထုပ်ကြီးပါနေသောကိစ္စမှာ ငြိမ်းစုစီဥပဒေပြင်ဆင်ချက်ဖြစ်သည်။ အမျိုးသား လွှတ်တော်မှ မူလဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။ ဆန္ဒမဲပေးခွင့်ရှိသူ(၁၉၄)ဦးအနက် ထောက်ခံ(၁၁၃)၊ ကန့်ကွက်မဲ(၈၇)မဲဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲအများစုဖြစ်သော်လည်း သူတို့ကိုယ်စားလှ(၄)ဦးက ကန့်ကွက်ဆွေးနွေးခဲ့သည်။ တပ်မတော်မှ(၂)ဦး၊ ရခိုင်ပါတီမှ(၂)ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီမှ(၁)ဦး၊ တစ်သီးပုဂ္ဂလ(၁)ဦးတို့ အပြင်း အထန် ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း မထိရောက်ခဲ့ ပေ။ အမျိုးသားလွှတ်တော်မှအတည်မပြုမီ မတ်လ(၅) ရက်နေ့က အရပ်ဘက်အဖွဲ့အစည်း(၁၈၂)ဖွဲ့မှ သဘော ထားထုတ်ပြန်ကာ ချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ မတ်လ(၁၈)ရက်နေ့တွင်လည်း ငြိမ်းစုစီပြင် ဆင်ချက်လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ရောက်လာသောအခါ ဆွေးနွေးရန်စာရင်းပေးသူ(၈၀)ဦးရှိပြီး တပ်မတော်သား အများစုပါဝင်နေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနည်းငယ်သာပါဝင်သည်။

သတ္တမအကြိမ်လွှတ်တော်စတင်ပြီး သာမန်မွေးခွန်းများ ပုံမှန်ထွက်ပေါ်နေသည်။ နိုင်ငံလိုအပ်ချက်ကိုဦး တည်သော အဆိုများပေါ်လာသည်၊ ဆွေးနွေးကြသည်။ ဥပဒေကြမ်းနှင့်ဆိုင်သော ပြင်ဆင်မှုများပြုလုပ်သည်။ ငြိမ်းစုစီကားမိုးဦး ကျဇွန်လဆန်းထိ ပေါ်ထွက်မလာပေ။

လွှတ်တော်ထဲတွင် တအုံဆွေးနွေးဖြစ်နေသောအရာမှာ ရခိုင်အရေးပင်ဖြစ်သည်။ ဒုတိယအကြိမ်ပြည် သူ့လွှတ်တော်၏ ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးတွင် ကိုဖီအာနန်ကော်မရှင်ကို လွှတ်တော်မှရခိုင်အမတ်များ က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ အ ချင်းချင်းကြားတွင် တင်းမာမှုစတင်ခဲ့သည်။ ထိုမှဆက် ပြီးပုံမှန်အစည်းအဝေးအကြိမ်တိုင်းလိုလို ရခိုင်ပြဿနာ သည် ရေပွက်ကြီးပေါ်လာတတ်သည်။ ပဉ္စမအကြိမ်ပုံမှန် အစည်းအဝေးတွင် ဒေါ်ခင်စောဝေ၏အဆိုကို ဆွေးနွေး မဲခွဲပြီးသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကိုဖီအာနန်၏အစီ ရင်ခံစာနှင့်အတူ ဘင်္ဂါလီအကြမ်းဖက် ARSA အဖွဲ့၏ တိုက်ခိုက်မှုကြီးပေါ်ထွက်ခဲ့ပေသည်။ ဘင်္ဂါလီတို့၏ နိုင်ငံ ရေးပါရာဒိုင်းသည် လူ့အခွင့်အရေးကို အရေခြုံကြွေးကြော်ကာ လူမျိုးစုတစ်ခုအဖြစ်အသိအမှတ်ပြုရေးမှ လူအင် အားနှင့်အကြမ်းဖက်ကာ နယ်မြေပိုင်စိုးရေးဗျူဟာသို့ ပြောင်းလဲသွားခဲ့လေပြီ။ နိုင်ငံတကာတွင်လည်း သတင်း မီဒီယာနှင့် သံတမန်စစ်မြေပြင်ဖွင့်ကာ ထိုးစစ်ဆင် လာတော့သည်။ ကျွန်တော်တို့လွှတ်တော်ကား အပူပင် ကင်းမဲ့စွာ အေးအေးဆေးဆေး။

ပြည်သူ့လွှတ်တော်၏ နိုင်ငံတကာဆက်ဆံရေး ကော်မတီအား နိုင်ငံတကာတွင် ပြည်တွင်းသံတ မန်မျက်နှာစာတွင် ရှေ့သို့ထွက်ကာသမိုင်းတာဝန်ယူသင့်ကြောင်း ကျွန်တော်တင်ပြဆွေးနွေးဖူးသည်။ ရခိုင် အရေးသည် ပြည်တွင်းမှဖောက်ထွက်ကာ နိုင်ငံတကာစင်မြင့်ပေါ်သို့ ရောက်သွားပြီ။ ဘယ်သူတွေ လက်ဝါးရိုက် ဆွဲတင်ခဲ့ကြ ပါသလဲ။ နတ်ဘုရားကျီးမော့မော့ရင်း ဘယ်သူတွေ အလိုတူအလိုပါဖြစ်သွားကြပြီလဲ။ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ မေးခွန်းများက ကြမ်းတမ်းကောင်းကြမ်းတမ်းပေ လိမ့်မည်။ လက်တွေ့တွင် လွှတ်တော်ကော် မတီသည် ရခိုင်အရေးကို အောက်ခြေလူမှုစီးပွားရေးပြဿနာမှစကာ အမြင့်ဆုံးနိုင်ငံတကာဖြစ်ရပ်များ ပေါ်လစီ များအထိ လေ့လာသုံးသပ်ဆွေးနွေးမှုများပြုလုပ်ရမည်။ မူဝါဒများကိုဆန်းစစ်ကာ မိမိတို့ပင် မဟာဗျူဟာကို ထုတ်ဖော် ရမည်။ ပြဿနာက ကော်မတီတွင်တာဝန်ရှိသူများက ရခိုင်ပြဿနာကို ဂဃနဏမသိ၊ ထဲထဲဝင်ဝင် မလေ့လာ၊ ခွေးဟောင်သံကြားမှ ပြတင်းတံခါးဖွင့်သည့်အဆင့်မျိုး။ ရခိုင်အရေးကျွမ်းကျင်သူများကိုဖိတ်ခေါ်ကာ လေ့လာဆွေးနွေးမှုများရှိသည်ဟုလည်း အသံမကြားရပေ။ ဘင်္ဂါလီတွေက လူ့အခွင့်အရေးဆုံးရှုံးပြီး ဖိနှိပ်ခံရ လွန်းလို့ တန်ပြန်ဆန့်ကျင်တာဟု သနားကြင်နာပေးသောအသံမျိုး၊ ရခိုင်တွေက အမျိုးသားရေးအစွန်းရောက် တွေ၊ မူဆလင်တွေကို အမုန်းလွန်နေတယ်ဆိုတာမျိုး၊ ရခိုင်တွေနဲ့တပ်မတော်က အဲဒီဒေသမှာ အတူတူလုပ် နေကြတယ်ဆိုတာမျိုးတွေ လွှတ်တော်ထဲမှာ တီးတိုးတီးတိုးကြားနေရသည်။

သတ္တမအကြိမ်လွှတ်တော်ကာလအတွင်း နိုင်ငံတကာပါလီမန်များညီလာခံ (IPU) သို့တက်ရောက်ခဲ့ သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ အစီရင်ခံစာကို မတ်လ(၆)ရက်နေ့တွင်ဖြန့်ဝေခဲ့သည်။ မြန်မာ့ ကိုယ်စားလှယ်အဖွဲ့တွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်မှ ဦးအောင်ကြည်ညွန့်တို့ ပါဝင်ခဲ့သည်။ (၁၃၇)ကြိမ်မြောက်ညီလာခံကို စိန့်ပီတာစ ဘတ်မြို့တွင် (၁၄၊ ၁၀၊ ၂၀၁၇)မှ (၁၈၊ ၁၀၊ ၂၀၁၇)အ ထိ ကျင်းပခဲ့သည်။ အဖွဲ့ဝင်(၁၇၈)နိုင်ငံရှိပြီး ညီလာခံသို့ နိုင်ငံ(၁၆)နိုင်ငံမှ ကိုယ်စားလှယ်(၂၄၀ဝ)တက်ရောက်ခဲ့သည်။ နိုင်ငံတကာကတိကဝတ်များနှင့် သံတမန်ယဉ် ကျေးမှုအရ ဖိတ်ခေါ်ပြီး လက်တွေ့တွင်ကား လူပုံအ လယ်တွင် တရားဝင်စော်ကားအရှက်ခွဲလိုက်သော ညီလာခံဖြစ်သည်။ ညီလာခံတွင် EMENGENCY Item (၁၈)ခုကို အဖွဲ့ဝင်(၁၈)နိုင်ငံမှတင်သွင်းသည်။ ရခိုင်အရေးက မြန်မာနိုင်ငံမှ တစ်ခုအပါအဝင်(၁၀)ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချိမ်းရေးကိုကိုင်လှုပ်နေသော မြောက်ကိုရီးယား၏ နှူးကလီးယား အရေးက (၃)ခုပါဝင်သည်။ ထိုမူ ကြမ်း(၁၈)ခုမှ (၃)ခုကိုရွေးချယ်စုစည်းသည်။ OIC (၈) နိုင်ငံ မော်ရိုကို၊ အင်ဒိုနီးရှား၊ အာရပ်စော်ဘွားများပြည် ထောင်စု၊ ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊ အီရန်၊ ဆူဒန်၊ တူရကီတို့စုပေါင်းကာ ရခိုင်အရေးတစ်ခု၊ မြန်မာတစ်ခု၊ ကိုးရီး ယားတစ်ခုဖြစ်သည်။ ထို(၃)ခုကိုမဲခွဲရာတွင် မူဆလင် နိုင်ငံများ၏ မူကြမ်းက အဖွဲ့ဝင်သုံးပုံနှစ်ပုံ၏ မဲအများစုကိုရရှိသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် မူကြမ်းတွင် ပါဝင်သောအချက်များကို သဘောမတူကြောင်း ချေပခဲ့သည်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိပါး ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ရိုဟင်ဂျာများအပေါ်တွင် ပြင်းထန်စွာတိုက်ခိုက်မှုများနှင့် နှိပ်စက်ညှင်းပန်းမှုများ၊ စိုးရိမ်ဖွယ် လူသားပဋိပက္ခကိုအဆုံးသတ်၍ ၄င်းတို့အနေ ဖြင့် ဘေးကင်းလုံခြုံစွာ မြန်မာနိုင်ငံအတွင်းရှိ မူလနေရပ် ပြန်နိုင်ရေးဆုံးဖြတ်ချက်ကို အချက်(၃၂)ချက်ဖြင့် ညီလာ ခံမှထုတ်ပြန်ခဲ့သည်။ တစ်ဘက်သတ် ဆုံးဖြတ်ချက်များ ဖြစ်သည်။ အနိုင်ကျင့်ခံရခြင်းဖြစ်သည်။ အချက်(၁၅)တွင် ကမ္ဘာ့ကုလသမဂ္ဂ၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံအတွင်းတွင် ယာယီလုံခြုံရေးဖန်တီးပေးရန် ပါရှိသည်။ အချက်(၂၀)တွင် မြန်မာနိုင်ငံအပေါ်တွင် သက်ဆိုင်ရာအစိုးရများက သံတမန်နည်းလမ်းဖြင့် အဆင့်တိုင်း၌ဖိအားပေးမှုကို ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းခြင်းလည်းပါသည်။ မြန်မာအစိုးရဆန့်ကျင်ရေး လှုံ့ဆော်ပွဲကို တရား ဝင်စင်မြင့်အားအသုံးချပြီး လုပ်ဆောင်သွားခြင်းဖြစ်သည်။

ထိုအစီရင်ခံစာအပေါ် လွှတ်တော်အတွင်းဆွေးနွေး မှုများမှာ မေးစရာရှိလာသည်။ ရခိုင်အရေးအပေါ် စိတ်ဝင်စားမှုမြင့်လာသည်။ အစိုးရနှင့် လွှတ်တော်၏လုပ်ရပ် ဖြစ်သောကြောင့်လည်းဖြစ်ပေမည်။ အဆို တစ်ရပ် အဖြစ် ရခိုင်ဘက်မှတင်ပြလာလျှင်တော့ မဟာပါတီစိတ် ဓါတ်နှင့် ငါသိ၊ ငါတတ်လုပ်ကာ မဲခွဲအနိုင်ယူမှာတော့ သေချာသည်။

ကျွန်တော်ဆွေးနွေးမည့်အလှည့်တွင် မေးခွန်းထုတ်မိသည်မှာ ဤမျှရှုပ်ထွေးပြီး၊ ဖိအားပေါင်းစုံဝင် နေသောပြဿနာကို အစိုးရတစ်ခုတည်းက ဖြေရှင်းလို့ရမည်ထင်သလား။ အစိုးရဆိုတာတောင်မှ ဝန်ကြီးဌာန အများစုနှင့်က တိုက်ရိုက်မပတ်သက်တော့ လုပ်ငန်းအရ မဆိုင်သလို လိုဖြစ်နေသည်။ အမှန်က အစိုးရ၊ တပ်မတော်နှင့်လွှတ်တော်တို့ တစ်သွးတည်း၊ တစ်သံတည်းရှိကာ ရင်ဆိုင်ရမည်။ သက်ဆိုင်ရာ ရခိုင်ပြည်သူ တိုင်း၏အသံကို အလေးထားရပေမည်။ ကာလုံအစည်းအဝေးခေါ်ရင်ရော မလိုအပ်သေးဘူးလား။ ကျွန်တော့် ဆွေးနွေးချက်ထဲတွင် ကာလုံအစည်းအဝေးကိုတင်လာသဖြင့် ကိုယ်စားလှယ်အများစုက အစာကြေမည်မ ဟုတ်။ ကာလုံသည် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲမှ ဆွေးနွေးညှိနှိုင်းမှု စာမျက်နှာ၊ စုပေါင်းခေါင်း ဆောင်မှု အနုပညာဖြစ်သည်။ သတ်ကွင်းမဟုတ်၊ စီးချင်းထိုးပွဲမဟုတ်၊ ယနေ့ကာလ သည် အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာထိ ပါးခံနေရသော ကာလဖြစ်နေပြီမဟုတ်ပါလား။ ကျွန်တော်တို့သည် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မူအရဆုပ်ကိုင်ထားသူများဖြစ်သည်။ ဤသို့စော်ကားခြိမ်း ခြောက်နေရသောကာလတွင် ဗမာနှင့်ဗမာမဟုတ်သော တိုင်းရင်းသားတို့၏ ဆက်ဆံရေးချောမွေ့ပြေပြစ်ဖို့ အရေးကြီးသည်။ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးချောမွေ့ပြေပြစ်ဖို့ အရေးကြီးသည်မဟုတ်ပါလော။

+                 +                 +

 

ဇွန်လထဲသို့ ဝင်လာပြီ။ အခြေခံပညာရေးရာသီစ ပြီ။ မုတ်သုံဝင်ပြီ။ နေပြည်တော်တွင် လျှပ်စီးများ၊ မိုးပြင်းများ မကြာခဏဖြစ်ပေါ်နေသည်။ တောင်ညိုလမ်း၏မိုးရာသီသည် ရခိုင်ဆန်နေသည်။ သစ်ပင်သစ် တောအ ပြည့်နှင့် တောရိပ်တောင်ရိပ်စိမ်းနေသည်။ အထက်အညာအရပ်ဟု ထင်မှတ်စရာမရှိ။ ဟိုးယခင်က အောက်ပြည်အောက်ရွာလို ဖြစ်နေသည်။ အဓိပတိကိုယ်တော်သည် အမြော်အမြင်ကြီးစွာနှင့်ဘဏ္ဍာကိုရေ လိုသုံးကာ နေပြည်တော်အား တည်ခဲ့ပေသည်ကိုး။

လွှတ်တော်များ ပုံမှန်လည်ပတ်နေသည်။ လွှတ်တော်အငယ်စားဟုဆိုနိုင်သော ရေးရာကော်မတီများ တွင် ဥပဒေကြမ်းကော်မတီနှင့် အခြားကော်မတီတချို့မှာ နိစ္စ ဓူဝပုံမှန်လုပ်ငန်းတာဝန်များနှင့် လှုပ်ရှားရှင်သန် နေပြီး၊ အများစုမှာ ပြေပြေလျော့လျော့နှင့် နှေးနှေးဖြည်းဖြည်းရွှေ့နေသည်။ တိုင်ရင်းသားဒေသတချို့တွင် စစ်ပွဲ များပြန်ပေါ်လာပြီး၊ ပြည်တွင်းငြိမ်းချမ်းရေး မှုန်ဝါးလာခြင်း၊ အချင်းချင်းယုံကြည်မှုအားနည်း ပျက်ပြားလာခြင်း အပေါ် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီမှ မည်သည့်သဘောထားမျှ တစ်ချက်မှပေး နိုင်ခြင်းမရှိ။ တိုင်းရင်းသားရေးရာဝန်ကြီး ရှိနေသော်လည်း တိုင်းရင်းသားစာပေသင်ကြားခြင်းအရေးသည် ယခင်ထက် အရှိန်လျော့သွားသည်။ ခြောက်လတစ် ကြိမ်ကျင်းပရမည့် ပင်လုံညီလာခံသည် တစ်နှစ်ကျော် ကြာပြီးမှ အသံထွက်လာခဲ့သည်။ မည်သည့်အချက်များကြောင့် ဤသို့ကြန့်ကြာနှောင့်နှေးခဲ့ရသည်ကို သက်ဆိုင် ရာများမှ ရဲရင့်ပွင့်လင်းစွာမပြောနိုင်ပေ။ နိုင်ငံတကာအ သိုင်းအဝိုင်းတွင် ရခိုင်အရေးနှင်ပတ်သက်ပြီး သံတမန် ထိုးစစ်များ၊ ဖိအားများနှင့် နိုင်ငံအပေါ်စော်ကားရိုင်းစိုင်းမှုများ ကြားနေမြင်နေရသော်လည်း နိုင်ငံတကာ ဆက်ဆံရေးကော်မတီသည် လှုပ်လှုပ်ရှားရှားမဖြစ်။ သဘောထားများ၊ မူဝါဒများလည်း တစ်ခုမှထွက်ပေါ်လာ သည်ကို မတွေ့ရပေ။ တာဝန်ယူထားသူများသည် ရခိုင်အရေးကို စိတ်မှဝင်စားပါလေစ။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီသည် နတ်ဘုရားပေးသောဆေးဖြစ်၍ ကျွဲကူးရေပါ အားလုံးပြေလည်သွားမှာပါဟု ထင်မှတ်နေကြ လေသလားမသိ။ ရခိုင်မြောက်ပိုင်း၏ ပကတိအရှိတရားကို နားလည်ရန်ကြိုးစားသင့်ပါသည်။ ကော်မတီမှ တာဝန်ရှိသူများသည် ထိုမြေ၊ ထိုအရပ်သို့ တိုက်ရိုက်သွား ရောက် မလေ့လာသင့်ဘူးလား။ ကော်မတီဝင်များက မတောင်းဆိုမတင်ပြဘူးလား။ လွှတ်တော်တာဝန်ရှိသူများက ခွင့်မပြုတာလား။ ကျွန်တော်တို့ နားမလည်နိုင်ပါ။

လွှတ်တော်အသံ၊ ပြည်သူ့အသံဆိုသောဆောင်ပုဒ်သည် ၂၀၁၀ လွှတ်တော်များနှင့်အတူ ခေတ်စား လာခဲ့သည်။ ယနေ့ကာလ၌ နေရာအရပ်ရပ်တွင် ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ စီးပွားရေးမတည်ငြိမ်မှုဒဏ်ကို ခံနေရ သောအခြေခံလူတန်းစားများ၊ လူလတ်တန်းစားများ၊ အောက် လွှာများ၏အသံကို အမြဲကြားနေရသည်။ ဘဏ္ဍာရေးလိုငွေပြနေသည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမှာ အားရစရာ မကောင်း၊ နိုင်ငံခြားချေးငွေ များလာသည်။ ဗဟိုဘဏ်ကို အားကိုးနေရသည်။ နိုင်ငံ၏စီးပွားရေး တိုးတက်နှုန်းအပေါ် ပညာရှင်များအကြား အမြင်မတူ ကွဲလွဲ နေသည်။ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများကို ကျော်မတက်နိုင်သည်ကတော့အမှန်ပင်။ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီထံမှ သဘောထားများ၊ ဝေ ဖန်အကြံဖြုချက်များ မကြားရပေ။

ဇွန်လပထမပတ်အတွင်း အမျိုးသားပညာရေးကော်မရှင်၏ အစီရင်ခံစာသည် ပြည်ထောင်စု လွှတ်တော်ထဲရောက်လာသည်။ ကိုယ်စားလှယ်တော်များ ဆွေးနွေးရတော့မည်။ မျက်မှောက်ပြန်မာ့ ပညာရေး သည် ကျေနပ်အားရစရာ၊ ဖွံ့ဖြိုးတိုးတက်နေပါသလော။ နိုင်ငံတကာ မစဉ်းစားဘဲ အာဆီယံအဆင့်တွင် မိမိတို့၏ နေရာအဆင့်ကဘာလဲ။ မူဝါဒဆိုင်ရာစိန်ခေါ်မှုတွေကဘာလဲ၊ ရဲရဲရင့်ရင့်လုပ်ရမည်။ ပြုပြင်ပြောင်းလဲ ရေးကို ဘယ်ကစပြီး ဘယ်လိုလုပ်ကြမလဲ…စသောစသောမေးခွန်းများအတွက် အယူအဆ၊ အတွေးအမြင်များ ကိုမမြင်တွေ့ရဘဲ ကော်မတီဖွဲ့စည်းမှုများ၊ လူပုဂ္ဂိုလ်စာရင်းများ၊ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ရှေ့လုပ်ငန်းစဉ်မှတ် တမ်းများကိုတွေ့ရသည်။ လမ်းဟောင်းကြီးမှ ခွဲမထွက်နိုင်သေးပါ။ မိမိတို့အားနည်းချက်၊ ချို့ယွင်းချက်များကိုမပြရဲ၊ အခက်အခဲအဟန့်အတားများကို မဝေဖန်ရဲ၊ စိန်ခေါ်မှုများကို မသိနားမလည်သလို လက်ရှောင်နေသည်။ လွှတ်တော်ထဲတွင် ပညာရေးဝန်ကြီးက ကတိကဝတ်ပြုထားသော တက္ကသိုလ် ကျောင်းသားသမဂ္ဂကိစ္စသည် အမျိုးသားပညာရေးကော်မရှင်နှင့် သက်ဆိုင်ပုံမရချေ။ ပညာရေးလောကမှ အာဏာပိုင်များ၊ ပညာရှင်ကြီးများအတွက် ကျောင်းသားသမဂ္ဂဆိုသည်မှာ ဟိုယခင်နေ့ရက်များက “ဖက်ဒရယ်” ဝေါဟာရလိုဖြစ်နေသည်။ ဖက်ဒ ရယ်တစ္ဆေကတော့ ကွယ်လွန်သွားခဲ့ပြီ။ သမဂ္ဂ တစ္ဆေကတော့ ဒီမိုကရေစီ အစိုးရဟု ပေါ်ထွက်လာသည့်တိုင် ရှင်သန်ခြောက်လှန့်နေဆဲပါ။

လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဆွေးနွေးချက်များတွင် ထပ်ကမထပ်နေသော ကလီရှေးဝေါဟာရမှာ အစမ်းသပ်ခံပညာရေးဖြစ်သည်။ ဟုတ်ပြီ။ ဘယ်လိုရိုက်ချိုးဖောက်ထွက်ကြမလဲ။ အစမ်းမသပ်ခံပညာရေး သစ်ကို ဘယ်လိုပြုပြင်ပြောင်းလဲရမည်နည်း။ လွှတ်တော်ထဲရှိ ဥက္ကဋ္ဌများအပါအဝင် ကိုယ်စားလှယ်တော် များအားလုံးသည် ဤမြန်မာ့ပညာရေးမှ မွေးထုတ်လိုက်သူများဖြစ်သည်။ သားကောင်းများလော၊ သားကောင် များလော . .။ ကျွန်တော်မဝေခွဲတတ်ပါ။ ပညာရေးရေရှိန်နိမ့်သည်ကတော့အမှန်ပင်။ သင်္ချာ၊ ရူပ၊ ဓါတုကို မြန်မာလိုသင်ဖို့ ဆွေးနွေးကြပါသတဲ့။ ဤတွင် သင်သင့်/မသင့် သဘောထားကွဲတော်မူကြလေသည်။ နဝမတန်း၊ ဒသ မတန်းပြဋ္ဌာန်းစာအုပ်ကိုမှ ကြည့်ဖူးကြပါလေစ။ New Meths ကိုမသိ၊ Colulus ကိုမကြားဖူး သူများပါနေသည် မှာတော့ အံ့ဩစရာမရှိပါချေ။ Internation Differen-tiation  သည် အခြေခံပညာသင်ရိုး ထဲဆင်းလာပြီး dy/dx ကို မြန်မာလိုမည်သို့ရေးမည်နည်း။  “∆ABC” ဟုမရေးဘဲ “∆ABC”ဟုရေးမည်လား။ အဆိုတစ်ခု၊ အစီရင်ခံစာတစ်ခုကို ကျွမ်းကျင်ရာလိမ္မာရာအသိဖြင့် မဟုတ်ဘဲ ဖန်သားပြင်ပေါ်တွင် ကိုယ်ရောင်ပြ ဆွေးနွေးကာ ဒေသခံမဲဆန္ဒရှင်များအတွက် ဇာတ်မင်းသားလုပ် ပြသည့် ကိုယ်စားလှယ်များဖြစ်နေကြပြီလား။

ကျွန်တော်သည် ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ ဖြိုးရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ မိမိပညာ ရေး၊ မိမိစိတ်ဝင်စားသောနယ်ပယ်၊ မိမိဘဝနှင့် မည်သို့ မျှမပတ်သက်သော ကိစ္စရပ်ဖြစ်နေသည်။ မည်သည့်စံ နှုန်းများနှင့် ကျွန်တော့်အားရွေးချယ်ခဲ့သည်ကို ကျွန် တော်မသိ။ ကျွန်တော့်သဘောထားကို မေးမြန်းခြင်းမ ရှိပါ။ ကော်မတီပြောင်းရန် လျှောက်ထားရဦးမည်ဆိုတော့ ရှိပါစေတော့နှင့် (၂)နှစ်ကျော်လာခဲ့ပေပြီ။

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဖက်ဒရယ်အရေး တို့တွင် မိမိသည် တစ်စုံတစ်ရာနီးနီးစပ်စပ်ရှိသည်။ လွှတ်တော်စတင်ပြီး ရေးရာကော်မတီဖွဲ့တုန်းက NCA တို့၊ ဖက်ဒရယ်တို့နှင့် အနည်းငယ်စိမ်းသော ရခိုင် ကိုယ်စားလှယ်တစ်ဦးကို ပြည်တွင်းငြိမ်းချမ်း ရေးကော်မတီမှာ ထည့်ထားသည်။ မလွဲသင့်သောအလွဲများဖြစ် သည်။ ကျွန်တော်ပါဝင်သောကော်မတီက ဗဟိုဘဏ်ကို ငွေကြေးစနစ်ကို ပညာရပ်ဆိုင်ရာအရ နှံ့စပ်နေရမည့် အဖွဲ့ဖြစ်သည်။ ဘဏ်ဆိုင်ရာ၊ ငွေကြေးဆိုင်ရာဥပဒေဟောင်း များ၏ အားနည်းချက်များကို လေ့လာဆန်းစစ်၊ ဥပဒေ သစ်များပြဋ္ဌာန်းရေးကို ဦးတည်ရမည်။ ဗဟိုဘဏ်အကြောင်းကို ကကြီးခခွေးမသိသူကျွန်တော် ဘာစလုပ်ရ မှန်းမသိခဲ့။ ဒေါ်လာဈေးတွေတက်ကျတာကို သိသည်။ ဘာကြောင့် ဘယ်လိုဖြစ်သလဲကို မသိခဲ့။ ဘယ်လိုထိန်း သိမ်းရမလဲဆိုတာ မိမိနှင့်မိုင်ပေါင်းကုဋေဝေးသည်။ မိမိနည်းတူ ထိုနည်း၎င်းများသည် ကော်မတီ တိုင်းမှာရှိကြပေလိမ့်မည်။ ဝတ်ကျေတန်းကျေအစည်းအဝေး များနှင့်သာ ကော်မတီ၏ရုပ်ပုံလွှာကို ခံစားနေမိ တော့သည်။

လွှတ်တော်မေးခွန်းအများစုမှာ ဒေသဖွံ့ဖြိုးရေးဖြစ်သည်။ မဖွံ့ဖြိုးမတိုးတက်သော ကျေးလက်ဒေသ များမှ ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတား၊ လျှပ်စစ်မီးပြ ဿနာများဖြစ်ကြသည်။ ဒေသအာဏာပိုင်များ၊ ဌာန ဆိုင်ရာများ၏ မမှန်မကန်အကျင့်ပျက်မှုများလည်း မေးခွန်းအဖြစ်ပေါ်လာပါသည်။ ရှေးယခင် လယ်သိမ်း၊ မြေ သိမ်းကိစ္စများမှာ မပြီးပြတ်နိုင်သေးပေ။ မေးခွန်းများ သည် ပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့်ဆိုလျှင် ထိုမှ ပေးပို့လာသောဖြေကြားချက်များကို ပြည်ထောင်စုဝန်ကြီးမှ ဖတ်ပြခြင်းသာဖြစ်သည်။ ဆက်စပ်တည်းမေးခွန်း များကိုလည်း အဆင်ချောအောင်ဖြေပေးကြသည်။ ဖွံ့ဖြိုးရေးကိစ္စများတွင် ကိုယ်စားလှယ်များနှင့် ဒေသအာ ဏာပိုင်တို့ညှိနှိုင်းထားချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနမှ နှစ်စဉ်ဘဏ္ဍာငွေအလိုက် အကောင်အထည်ဖော်သွား လျှင် မေးခွန်းအများကြီးပေါ်လာစရာမရှိပါချေ။

တင်ဒါလောကမှ အကျင့်ပျက်ခြစားမှုနှင့် QC (Quality Control) ပြဿနာသည် လွှတ်တော်ထဲတွင် မေးခွန်းများသာမက အဆိုအနေနှင့်ပါ ပေါ်လာသည်။ အဆိုရှင်မှာ သူကျွမ်းကျင်လိမ္မာသော ဘာသာရပ်နယ် ပယ်ဖြစ်၍ ထိထိမိမိတန်ဖိုးရှိသည်။ ဝန်ကြီးထံမှ ကတိကဝတ်ပေါ်လာသော်လည်း တိုးတက်ပြောင်းလဲမှုမရှိ သေး။ ပြုပြင်ပြောင်းလဲရန် အချိန်ယူရမည့်သဘော။ မြို့ငယ်၊ မြို့လတ်များတွင် တင်ဒါပေးသူနှင့်ယူသူအကြား ကုမ္ပဏီနှင့် QC အဖွဲ့တို့ကြားချောမွေ့နေသည်။ ရခိုင်ပြည်နယ်တွင် တင်ဒါဝန်ကြီးကစည်းကမ်းဖောက်ကာ ပေးချင်သူကိုပေးသည်။ ပြည်နည်အစိုးရမှာ QC အဖွဲ့ရှိ သည်။ ဆွေးမျိုးနီးစပ်ခင်မင်သူများကို ခေါ်ထည့်ထား သည်။ SRE အဆင့်ပင်မရှိကြ။ ဆီးသီးဗန်းမှောက်လေ၏။

လွှတ်တော်သည် မဏ္ဍိုင်ကြီးသုံးရပ်ထဲမှတစ်ခုဖြစ် ပြီး အစိုးရကိုစစ်ဆေးထိန်းညှိသော တာဝန်ကိုယူရ သည်။ ထွန်းသစ်စဒီမိုကရေစီနိုင်ငံများအတွက်ကား Nation Building နှင့် State Building နှစ်ခုစလုံး သူနှင့် သက်ဆိုင်သည်။ ရခိုင်အရေးသည် အစိုးရနှင့်နိုင်ငံတော်ကို ကိုင်လှုပ်နေသည်။ တိုင်းရင်းသားမဟုတ်သူများ၏ နယ်လုမြေလုစစ်ပွဲအစပျိုးနေသည်။ အချုပ်အခြာအာ ဏာ ပြဿနာဖြစ်လာသည်။ လွှတ်တော်ထဲတွင် ရခိုင်နှင့် ပတ်သက်သောမေးခွန်းများ၊ အဆိုများသည် အေးဆေး တည်ငြိမ်စွာနှင့် ပြီးသွားသည်မရှိ။ ပြင်ပမီဒီယာလောက၊ သံတမန်လောကတွင်လည်း မီးရှူးမီးပန်းလွှတ်သည်အခါလွှတ်၊ လေမုန်တိုင်းဆင်သည့်အခါ ဆင်ဖြစ်နေသည်။ ရခိုင်မြောက်ပိုင်းတွင် ကုလသမဂ္ဂထိန်းချုပ်နယ်မြေ၊ ထိုမှ        R2P ၊ ထိုမှ ICC ခုံရုံးအထိ ခြိမ်းခြောက်လာသည်။ လွှတ်တော်ကိုယ်စားလှယ်အများစုသည် ရခိုင်အရေးကို စိတ်မဝင်စား၊ အလေးအနက်မထားပေ။ ဩဂုတ်လ (၂၅)ရက်နေ့ စခန်း(၃၀)ကိုဝင်တိုက်သည့် ကိစ္စပေါ်ထွက်လာပြီး ရခိုင်ပြည်သူများထိတ်လန့်တုန်လှုပ်ကာ အားကိုး စရာရှာမရဖြစ်နေချိန်တွင် လွှတ်တော်၏နံနက်ခင်းသည် ပူပင်စိုးရိမ်မှုကင်းမဲ့စွာ ပြုံးနေခဲ့သည်။ ကျွန်တော်တို့ရခိုင်များကို စာနာစိတ်နှင့်မေးမြန်းသော၊ အားပေးသောကိုယ် စားလှယ်များ နည်းပါးလွန်းနေခဲ့ သည်။ လူ့အခွင့်အရေးချိုးဖောက်ခံရလို့၊ ဖိနှိပ်ခံရလို့တုံ့ပြန်တာမျိုး၊ ရန်သူအားပေးလေသံများကိုပင် ခပ်သဲ့သဲ့ကြားခဲ့ရသည်။

လေးငါးခြောက်လအတွင်း မောင်းတောဒေသသည် အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။ အကြမ်း ဖက်သမားများအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ နယ်မြေရှင်း လင်းရေးလုပ်ဆောင်ချက်များ၏ နောက်ဆက်တွဲဘင်္ဂါ လီတို့၏ သမိုင်းဝင်ဆုတ်ခွာမှုကြီးပေါ်ပေါက်လာခဲ့သည်။ ဘက်ပေါင်းစုံပြင်ဆင်ပြီး အပိုင်တွက်ခဲ့သော ထိုးစစ် သည်ဦးကျိုးခဲ့ရသည်။ အကျိုးဆက်အနေနှင့် ရာစုထက်ဝက် ကျော်ပြင်ဆင်တည်ဆောက် လာခဲ့သောနယ်မြေ ကို စွန့်ခွာခဲ့ရသည်။ ထိုသို့စွန့်ခွာခဲ့ရမှုကို အင်အားအဖြစ် တစ်ဖန်ပြန်လည်အသုံးချကာ မီဒီယာတိုက်ပွဲ၊ သံတမန် တိုက်ပွဲကို ဆက်လုပ်လာခဲ့သည်။ အကြမ်းဖက်ဝါဒီများသည် အမှန်တရားဘက်တော်သားများ၊ ခုခံတွန်းလှန် သောလုံခြုံရေးအဖွဲ့များနှင့် ပြည်သူများသည် လူ့အခွင့်အရေးကိုချိုးဖောက်သူများ၊ မျိုးတုံးသတ်ဖြတ်သူများဟု နည်းမျိုးစုံဖြင့်ပုံဖော်ကာ အစိုးရနှင့်တပ်မတော်ကို ရှုတ်ချတိုက်ခိုက်လာခဲ့သည်မှာ မရပ်မနားတမ်းဖြစ်နေသည်။ မူဆလင်အကြမ်းဖက်သမားဆယ်ဦး ရှင်းလင်းခံရသောကိစ္စကို အကြီးအကျယ်ဟစ်အော်သည်။ ခမောင်းဆိပ် ရွာမှ ဟိန္ဒူမိသားစုရာချီသေဆုံးရသော လူသတ်ပွဲကား တိမ်မြုပ်နေခဲ့ပြီး ကုန်ခဲ့ရက်များမှ ICG အစီရင်ခံစာတွင် ဟိန္ဒူလူသတ်ပွဲကို အမှန်အကန်ဖော်ထုတ်သော်လည်း ထူးခြားမှုရှိမလာခဲ့ပေ။

မေလအတွင်းထူးခြားချက်မှာ နိုင်ငံတော်အစိုးရနှင့် UNHCR UNDP တို့အကြား နားလည်မှုစာချွန်လွှာ (MOU) ထိုးခြင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ဩဂုတ်(၂၅)နောက်ပိုင်းအခြေ အနေများအတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရန် အကြံပေးခြင်းတို့ဖြစ်သည်။ UNDP နှင့် ရခိုင်အင်အားစုတို့ကြားတွင် ပြဿနာကြီး များစွာမရှိ။ သို့သော် UNHCR ကိုကား စာတန်နတ်ဆိုးပမာမြင် နေကြသည်။ ၁၉၇၈-၇၉ ကာလ ဘင်္ဂါလီများ မြန်မာပြည်မှ အစုလိုက်အပြုံလိုက်ထွက်ပြေးပြီး ပြန်ဝင် လာချိန် မှစကာ ယနေ့ကာလအထိ ရခိုင်လူ့အဖွဲ့အစည်း၊ ရခိုင်လူမျိုးတို့အတွက် ကောင်းကျိုးဆောင်သောလုပ်ရပ် ဟူ၍ မည်မည်ရရဘာမှမရှိ။ တိုင်းရင်းသားမဟုတ်သူတို့၏ အကျိုးစီးပွားနှင့် ရေရှည်မျှော်မှန်းချက်များအ တွက်သာ ငွေလုံးငွေရင်းနှင့်ပံ့ပိုးကူညီနေသည်ကို ဒေသခံ ရခိုင်များ သိရှိနားလည်ကြသည်။ ၂၀၁၂ အရေးအခင်းတွင် လည်း နောက်ကွယ်မှခြေရှုပ်ကာ နိုင်ငံတော်အား ဆန့်ကျင်သော UNHCR အရာရှိများကိုအရေးယူခဲ့သည်။ MOU ထဲတွင် မည်သည့်အရာများပါရှိသည်ကို ကျွန်တော်တို့လွှတ်တော်တွင် တင်ပြအသိပေးခြင်းမရှိ သေးပေ။ မလိုအပ်၍လား မပြောတတ်ပါ။

ထွက်ပြေးသွားများကို ပြန်လည်လက်ခံရေးတွင် မြန် မာအစိုးရ၏သဘောထားသည် မျှတသော်လည်း တစ်ဘက်မှတောင်းဆိုချက်များက ဘောင်ကျော်လွန်းနေသည်။ သူတို့အားလူမျိုးသစ်တစ်ခုအဖြစ် အသိ အမှတ်ပြုရေး၊ နိုင်ငံသားဖြစ်ရေး၊ မူလကျေးရွာများတွင် ပြန်လည်နေထိုင်ရေးတို့မှာ ဈေးကြီးလွန်းနေသည်။ သူတို့ သည် တိုင်းရင်းသားမဟုတ်၊ နိုင်ငံသားမဟုတ်သောကြောင့် သူတို့ထွန်ယက် လုပ်ကိုင်စားသောက်ခဲ့သော လယ်ယာများသည် သူတို့ပိုင်ဆိုင်မှုဖြစ်မည်လား။ အား လုံးသူတို့ကို နိုင်ငံသားပေးရမည်လား။ နိုင်ငံအနှံ့ ကြိုက် သလိုသွားရောက်နေထိုင်၊ လုပ်ကိုင်စားသောက်ခွင့်ကို ရန်ကုန်၊ မန္တလေး၊ ပဲခူးကဲ့သို့ မြို့ကြီးပြကြီးနေ ဗမာလူမျိုး များကရော လက်ခံမည်လား။ UNHCR အတွက် ကြို တင်စီမံထားသော အဂျန်ဒါဆက်တင်အတိုင်းသွားမည် ဆိုတာ ယုံမှားသံသယရှိစရာမလိုပါချေ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့၏ အကြံပေးချက်နှင့်အညီ ၂၀၁၈၊ မေလ(၃၁)နေ့စွဲဖြင့် သတင်း ထုတ်ပြန်ချက်သည် နိုင်ငံတော်သမ္မတရုံးမှထွက်လာ သည်။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့မည်။ နိုင်ငံတကာမှ ပုဂ္ဂိုလ်တစ်ဦးအပါအဝင် အဖွဲ့ဝင် (၃)ဦးပါမည်။ တုံ့ပြန်ချက်အနေနှင့် မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်မိုး၏ အ ရေးကြီးအဆိုပေါ်ထွက်လာသည်။ ဇွန်လ(၆)ရက်နေ့တွင် တင်သွင်းပြီး (၇)ရက်နေ့တွင်ဆွေးနွေးမည့် စာရင်းပေးကာ (၈)ရက်နေ့တွင်ဆွေးနွေးမည်ဟု ရက်သတ်မှတ် လိုက်သည်။ မထင်မှတ်ဘဲ(၈)ရက်နေ့(သောကြာ)တွင် လွှတ်တော်များရပ်နားလိုက်သည်။ ရခိုင်အရေး နှင့်ပတ်သက်မည်ဟုတော့ ထင်ကြေးပေးကြသည်။ တစ်ခါမှ မခေါ်သေးသော ကာလုံအစည်းအဝေးလုပ်မည် လား။ ရခိုင်အရေးသည် အစိုးရတစ်ခုတည်းက ကိုင်တွယ်ဖြေရှင်းနိုင်သောကိစ္စမဟုတ်တော့ပြီ။ အစိုးရ၊ တပ်မတော်နှင့်လွှတ်တော်ညီညွတ်ရန် အရေးကြီးသည်။ ကာလုံသည် ဖွဲ့စည်းပုံအုပ်ချုပ်ပုံဘောင်အတွင်းမှ ညီညွတ်ရေးပလက်ဖောင်း မဟုတ်ပါလော။ သမိုင်းဝင်တွေ့ဆုံမှုဖြစ်ပေါ်ခဲ့သည်။ ကာလုံတော့မဟုတ်။ ရခိုင်အရေးပါဝင်သည်ဟု သတင်း ထုတ်ပြန်သည်။ သဘောထားများ သဘောတူညီမှုများကို သိခွင့်မရပေ။

(၁၁)ရက်နေ့၊ တနင်္လာနေ့တွင် အရေးတကြီးအဆိုကို အခြေအတင်ဆွေးနွေးကြသည်။ ရခိုင်အမတ်များ၊ ကြံ့ခိုင်ရေးအမတ်များ၊ တပ်မတော်သားကိုယ်စားလှယ် များကတစ်ဘက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ် များကတစ်ဘက်ဖြစ်သည်။ ကျွန်တော်တို့က ကော်မရှင်ဖွဲ့ခြင်းကိုဆန့်ကျင်သည်မဟုတ်၊ နိုင်ငံခြားသားပါဝင်မှုကို မကြိုက်ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအမတ် များထဲတွင်သော်လည်းကောင်း၊ ပါတီလိုလားသူများတွင် လည်းကောင်း ထူးချွန်တည့်မတ်သူများရှိပါမည်။ အရောင်သွေးကင်းသောပညာရှင်များလည်း အများကြီးပါ။ မည်သူမည်ဝါမသိသော ပုဂ္ဂိုလ်တစ်ဦးကိုလက်ခံဖို့ရာမှာ လက်ရှိရှုပ်ထွေးနေသောရခိုင်အခြေအနေအရ အန္တရာယ်များသည်။ အဲဒီပုဂ္ဂိုလ်သည် OIC အေးဂျင့် လား၊ CIA လား၊ ဆောရောခ်၏ ငယ်မွေးခြံပေါက်လား။ မည်သူကတာဝန်ယူမည်နည်း။ ကိုဖီအာနန်အကြံပေး ကော်မရှင်ကိစ္စတွင်လည်း ကျွန်တော်တို့ရခိုင်များ ကန့်ကွက်ခဲ့ကြသည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း ဤကော်မရှင်ကိုကန့်ကွက်ကြောင်းအဆိုကို အတည်ပြုခဲ့ သည်။ ထွက်ပေါ်လာသောအစီရင်ခံစာသည် ထူးထူး ခြားခြားလည်းမဟုတ်။ ပြောနေကျ၊ ဆိုနေကျ ဖွံ့ဖြိုးရေးသဟဇာတဖြစ်ရေး လုပ်ငန်းစဉ်များဖြစ်ပြီး ပြည့်စုံပြီးသားဖြစ်သည်။ အကောင်အထည်ဖော်ရန် ပျက်ကွက် ခဲ့သည်သာဖြစ်၏။ အစီရင်ခံစာအသစ်ထဲတွင် အလွန်အန္တရာယ်ကြီးသော ၁၉၈၂ နိုင်ငံသား ဥပဒေပြင်ဆင်ရေးကို နှပ်ကြောင်းပေးထားသေးသည်။ ထိုအစီရင်ခံစာ ထွက်ပေါ်လာသောနေ့နှင့်ဆက်ကာ ARSA ၏ လုံခြုံရေးစခန်း(၃၀)ကို လူအင်အားနှင့်တပြိုင်နက်တိုက်ခိုက်မှု ပေါ်ထွက်လာခဲ့သည် မဟုတ်ပါလား။ ရခိုင်မြေသည် စုတ်ပြတ်နာကျင်သွားခဲ့ရသည်။ ပြင်းထန်သော၊ ဆိုးဝါးသောဖိအားများပေါ်ထွက်လာသောအခါ၌ ကိုဖီအာနန်ကော်မရှင်သည် သူနှင့်မဆိုင်သလိုတုံဏှိဘာဝေ မြုံနေတော့သည်။ နိုင်ငံခြားသား ဦးဆောင် ကော်မရှင်တစ်ဖွဲ့က လုံခြုံရေးဝန်ထမ်းများ၊ ရခိုင်ဒေသခံပြည်သူများကို မေးမြန်းစုံစမ်းဖို့ဆိုသည်မှာလည်း လက်ခံနိုင်ဖွယ်ရာမရှိချေ။ ရခိုင်တို့အနေနှင့် ယန်ဟီးလီပြဿနာမှ ခါးသီးသောအတွေ့အကြုံရပြီးသားမို့ ဤကော်မရှင်သည် ပူးပေါင်းဆောင်ရွက်စရာမလိုသော အဖွဲ့သာဖြစ်သည်။ ဤကော်မရှင်နှင့် နိုင်ငံခြားသားကို ထောက်ခံသူများ သည် သမိုင်း၏ဆိုးကျိုးများကို ငြင်းမရ၊ ရှောင်မရတာ ဝန်ယူရပေလိမ့်မည်။ ကျွန်တော်တို့က အချက်အလက်များနှင့်ဆွေးနွေးသည်။ နိုင်ငံခြားသားကို ထောက်ခံလိုသူများက သမ္မတရုံးထုတ်ပြန်ချက် (၃/၂၀၁၈)ကို အခိုင်အမာကိုင်စွဲပြီး ကာကွယ်သည်။ မဲခွဲတော့ ထုံးစံအတိုင်း ကျွန်တော်တို့ရှုံးပါသည်။ နိုင်ငံခြား သားတစ်ဦးက ဦးဆောင်သော ကော်မရှင်သစ်တစ်ရပ်ပေါ်ထွက်လာပြန်ပါပြီ။ ကော်မတီ၊ ကော်မရှင်တွေက များလာသလို ဖိအားများကပိုဆိုးပါသည်။ ရခိုင်မြေမှာ တိုးတက်မှုကိုလည်း လက်ဆုပ်လက်ကိုင်မမြင်ရပေ။ ဒုက္ခသည်များ ပြန်လည် နေရာချထားရေးမှာ ဟင်းမျိုးစုံနှင့်ထမင်းဝိုင်းများတည်ကာ “လာကြပါ၊ လာကြပါ”ဟု လှိုက်လှဲပျူငှာဖိတ်ခေါ်နေသော်လည်း မည်သူမျှမပါသော အလှူပွဲကဲ့သို့ဖြစ်နေသည်။ မည်ကဲ့သို့ ဆက်လုပ်ကြ မည်နည်း။ ဤကော်မရှင် သစ်၏အစီရင်ခံစာရော မည်သို့ထွက်လာမည်မသိ။ အဖြေမရှိသောပုစ္ဆာများစွာနှင့် ရခိုင်အရေးကား မြန်မာ နိုင်ငံရေးသမိုင်းတွင် အကြီးဆုံးအကြပ်အတည်းများထဲမှ တစ်ခုဖြစ်လာပါသည်ကတော့ အမှန်ပင်။

ဇွန်-၁၅(သောကြာ)နေ့တွင်လည်း ရခိုင်အရေးနှင့်ဆိုင်သော အဆိုတစ်ခုတက်လာသည်။ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေးကတင်သွင်းခဲ့သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံ တော်တွင် အကြမ်းဖက်တိုက်ခိုက်မှုများထပ်မံမဖြစ်ပွား စေရန် အထူးသဖြင့်ရခိုင်ပြည်နယ်တွင် ထပ်မံမဖြစ်ပွားစေရန် ရခိုင်မြောက်ပိုင်းဒေသတွင် ၂၀၁၆ နှင့် ၂၀၁၇ အတွင်း ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များအပေါ် အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ထိရောက်စွာပူးပေါင်းဖော် ထုတ်တိုက်ဖျက်ပြီး လုံလောက်သည့်ကာကွယ်မှုများ ပြုလုပ်ပေးရန်ဖြစ်သည်။ အားလုံးနီးပါးသော ကိုယ်စား လှယ်များက အပြုသဘောဆောင်ဆွေးနွေးခဲ့ကြသည်။ မိမိအနေဖြင့် NHK သတင်းဌာနနှင့်တွေ့ဆုံမေးမြန်း ခန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ကို ကိုးကားခဲ့သည်။ ရခိုင်အရေးကို နိုင်ငံ တကာတွင် နှံ့စပ်နားလည်သူနည်းပါးသည်။ ထို့အတူ ပြည်တွင်းမှာလည်း အလေးအနက်ထားနားလည်သူ နည်းပါးသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြောကြ ဆိုကြ၊ ဆွေးနွေးငြင်းခုံကြနှင့် ရေခံမြေခံ အကြောင်းတရားများကို အနည်းငယ်တီးမိခေါက်မိဖြစ်လာပြီဟု မြင်မိသည်။ မြေပြင်အနေအထားနှင့် ပကတိ အရှိတရားကို သိရှိနားလည်နိုင်စေရန် လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ဘူးသီးတောင်ဒေသသို့ လေ့လာ ရေးအဖွဲ့များစေလွှတ်သင့်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးထံ အကြံပြုခဲ့သည်။ ထူးထူးခြားခြား အမျိုးသမီးတစ်ဦး (ရခိုင်)က အဆိုရှင်အား အရင်ကနိုင်ငံခြားသားတစ်ဦး ကော်မရှင်တွင် ပါဝင်ရာတွင်ကန့်ကွက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဖို့ အဆိုတင်သည်မျိုးပြောကြားလာသဖြင့် လွှတ်တော်ဥက္ကဋ္ဌမှ အချိန်မီသတိပေး ဟန့်တားရခြင်းက အနည်းငယ်အရုပ်ဆိုးသွားသည်။ အမျိုးသားလုံး၊ တစ်နိုင်ငံလုံးအရေးတွင် မိမိ၏ပါတီအတ္တနှင့် ရပ်ခံပြောဆိုဝေ ဖန်ခြင်းများသည် ဖြစ်သင့်သောအရာမဟုတ်ပါချေ။ သို့သော် ဖြစ်နေသည်ကား အမှန်ပင်။

လွှတ်တော်သည် အစိုးရအဖွဲ့မှဝန်ကြီးဌာန၏လုပ် ရပ်များကိုစောင့်ကြည့်ရသည့် မေးခွန်းများမေးရမည်။ ဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဥပဒေနှင့်အ ညီဖြေကြားပေးရမည်။ လွှတ်တော်ကိုယ်စားလှယ်တစ် ဦးက လျှပ်စစ်ဝန်ကြီးဌာန၏ တင်ဒါမခေါ်ယူဘဲ ဆောင်ရွက်ခွင့်ရထားသောလုပ်ငန်းကြီး(၄)ခုကို သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ဆက်စပ်ပြီးမေးသည်။ ဥပဒေအကိုးအ ကား၊ လုပ်ထုံးလုပ်နည်းများနှင့်မေးသည်။ ဒေါ်လာသန်း ချီသော လုပ်ငန်းကြီး(၄)ခုဖြစ်သည်။ မေးခွန်းရှင်က ဒေါ နှင့်မာန်နှင့်ပြောသည်။ ပြည်ထောင်စုဝန်ကြီးက မာမာ တင်းတင်းတုံ့ပြန်သည်။ တိုင်းပြည်အကျိုးရှိဖို့ ဝန်ကြီးတစ် ဦးအနေနှင့် လုပ်သင့်လုပ်ထိုက်တာကိုလုပ်တယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်ဩဘာပေးပြီး ဝန်ကြီးကိုချီးကျူးလိုက်ကြလေသည်။

ရခိုင်မှ ဒေါ်ခင်စောဝေတင်သွင်းသည့် သက်ငယ် မုဒိမ်းများကို ပြင်းထန်သောပြစ်ဒဏ်၊ သေဒဏ်အထိ ပေးမည့်အဆိုကား ရှုံးနိမ့်သွားခဲ့ရသည်။ မြန်မာလူ့အဖွဲ့အစည်းအတွင်း ကိုယ်ကျင့်တရားသွက် ချာပါဒလိုက် ကာ မကြားဝံ့မနာသာကိစ္စရပ်များ တိုးပွားလာနေသဖြင့် သက်ငယ်မုဒိမ်းအတွက် သေဒဏ်ပေးရေးလှုပ်ရှားမှုများ ဆက်တိုက်ပေါ်ပေါက်ခဲ့သော်လည်း ပြည်သူ့အသံ၊ လွှတ်တော်အသံ ဖြစ်မလာခဲ့ပါချေ။

ဇွန်လ(၁၉)ရက်နေ့သည် နိုင်ငံတော်အတိုင်ပင်ခံ၏ မွေးနေ့ဖြစ်၍ လွှတ်တော်များကိုနေ့တစ်ဝက်နားပြီး မွေးနေ့ပွဲကျင်းပခဲ့သည်။ ညနေပိုင်းတွင် ပင်လုံညီလာခံအကြို အစိုးရလွှတ်တော်၊ တပ်မတော်အစုအဖွဲ့ အစည်းအဝေးကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ပြုလုပ်ခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအစုအဖွဲ့များအပါအဝင် လူဦးရေ(၁၀ဝ) ကျော်တက်ရောက်ခဲ့ကြသည်။ ပြည်သူ့လွှတ်တော်၏တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌပင်မသိ။ သူက ပအိုဝ့် ပါတီမှဖြစ်သည်။ လွှတ်တော်ထဲရှိ ရှမ်း၊ ရခိုင်၊ ဇိုမီး၊ ပအိုဝ့်၊ ပလောင်ကိုယ်စား လှယ်များ တစ်ဦးမှမပါဝင်။ မည်သည့်စံနှုန်းဖြင့် မည်သူ ကရွေးချယ်သနည်း ကျွန်တော်မသိ။ တိုင်းရင်းသားပါတီ များအပေါ် တန်းတူ မဆက်ဆံဟုပြောလျှင်ရိုင်းအံ့မထင်။ သည်လိုပြည်ထောင်စုစိတ်ဓါတ်မျိုးနှင့်လွှတ်တော်အတွင်း အမျိုးသားပြန် လည်သင့်မြတ်ရေးကိုဖော်ဆောင်နိုင်ပါ့မလား။ အစည်းအဝေး(၃)ရက်ကျင်းပခဲ့သည်။ နောက်ဆုံးနေ့တွင် လွှတ်တော်ကြီးလည်း ရပ်နားလိုက်တော့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အဋ္ဌမပုံမှန်အ စည်းအဝေး၏ ဇွန်လ(၁)ရက်နေ့တွင် ကျွန်တော့် မေးခွန်းတစ်ခုကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး‘ဒုဝန်ကြီးမှဖြေကြားခဲ့သည်။ အိန္ဒိယအစိုးရထံမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ(၂၅)သန်းထောက်ပံ့ပေးငွေများကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရကြားတွင် မည်သို့စီမံခန့်ခွဲမည်၊ မည်သည့်ဒေသများတွင်သုံးစွဲမည်၊ ဒေသရွေးချယ်ရာတွင် မည်သည့်စံနှုန်းများနှင့်သတ်မှတ်မည်ကို မေးခြင်းဖြစ်သည်။ ဝန်ကြီးက ဌာနအလိုက် လျာ ထားချက်များကို ဖော်ပြခဲ့သည်။ တစ်ဆက်တစ်စပ်တည်းမေးခွန်းတွင် ကျွန်တော်က ဝန်ကြီးဌာနများအနေနှင့် ပြည်သူ့ကိုယ်စား လှယ်များကိုဖိတ်ကြားပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ အနေနှင့် လုပ်ငန်းများသည် ပြည်သူ့ အပေါ် အကျိုးရှိ/မရှိ၊ ကောင်းမွန်သောအစီအစဉ်ဖြစ်/မဖြစ် ညှိနှိုင်းပြီး၊ ဆွေးနွေးပြီးမှ ဆုံးဖြတ်ဆောင်ရွက် သွားမှာဖြစ်သည်ဟု ဝန်ကြီးထံမှဖြေကြားသွားခဲ့သည်။ လွှတ်တော်၏က တိကဝတ်ပင်ဖြစ်သည်။

အိန္ဒိယထောက်ပံ့ငွေကိစ္စဆွေးနွေးရန် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးလာနေသည်ဟု လွှတ် တော်နောက်ဆုံးနေ့တွင်သိရသည်။ ကျွန်တော်ဘာမှမသိ။ ဝန်ကြီးဌာနသို့ ကိုယ်စားလှယ်(၂)ဦးကိုရွေးချယ် ကြောင်းသိရပြန်သည်။ မေးခွန်းရှင် ကျွန်တော့်ကိုမဖိတ်။ ကျောက်ခင်းလမ်းတစ်ထွာ၊ တံတားတိုတစင်းကိစ္စ မ ဟုတ်ပါ။ ဖိတ်ကြားခံရသူများမှာလည်း အကြောင်းအ ရာနှံစပ်သူများမဟုတ်။ ဖိတ်ကြားခံရသူ ရခိုင်ပါတီမှ တစ်ဦးက သူ့ထက်မေးခွန်းရှင်အားဖိတ်ရန် ဖုန်းဖြင့်ပြော ခဲ့သေးသည်။ နောက်ပိုင်းတွင်မှ ကိုယ်စားလှယ်များကို ဖိတ်ကြားပါသည်ဟု နှုတ်ဖြင့်အကြောင်းပြန်သည်။ ရုံးစာထဲတွင်တော့ (၂)ဦးမျှသာ ပေါ့ပေါ့တွေး၊ ပေါ့ပေါ့လုပ် သည်လား၊ စီမံခန့်ခွဲမှုညံ့သည်လား၊ အင်စတီကျူးရှင်း များမခိုင်မာလို့လား၊ အလွဲကတော့အလွဲဖြစ်သည်။ ပေါ့ သေးသေးမှနားလည်မှုလွဲသည့် အကြီးကြီးဖြစ်သွားနိုင် သည်။ လွှတ်တော်နားပြီဖြစ်သဖြင့် ကျွန်တော်တို့ဘက်မှ လူပြည့်မတက်နိုင်၊ ဆွေးနွေးညှိနှိုင်းမှုမှာ ပွင့်လင်းပြီးချောမွေ့သည်။ ဝန်ကြီးဌာနမှ လျာထားချက်များကို စိစစ် ဖြတ်တောက် အတည်ပြုသင့်သည်ကိုပြုကြနှင့် သတ်မှတ်ချိန်ထက်ကျော်လွန်ပြောဖြစ်ပြီး နားလည်တန်ဖိုး ထားမှုများနှင့် အောင်မြင်စွာပြီးစီးခဲ့ပါသည်။

လွှတ်တော်မစမီက အပြောင်းအလဲများဖြစ်မည်ဟု သတင်းထွက်နေသော ဝန်ကြီးနေရာများမှာ ငြိမ်သက်လျက်။ အဂတိတိုက်ဖျက်မှုကော်မရှင်က ခေါ်ယူစစ်ဆေးနေသည်ဟု ပျံ့နှံ့နေသောသတင်းမှာ အမှန် အကန်ဖြစ်လာပြီး နုတ်ထွက်စာတင်သွားသည်။ ထိုပုဂ္ဂိုလ်မှာ ဝန်ကြီးမခန့်မီကတည်းက အပြင်မှာ အငြင်းပွား ဖွယ်ရာများနှင့်ဖြစ်သည်။ လေယာဉ်ကြီးပြေးလမ်းပေါ်မှ ပျံတက်တော့မည်ဟု မတိုးမကျယ်အော်ခဲ့ပြီး အခုအသံ တိတ်သွားခဲ့လေပြီ။ သွက်လက်ထက်မြက်သော နိုင်ငံတကာစံချိန်မီ တက်ကနိုကရက်တစ်ဦးများ ပေါ်လာမလား လို့ မျှော်လင့်နေကြစဉ်၊ ငါမအိုသေးဆိုသော အလောင်း စည်သူမင်းကြီးစိတ်ဓါတ်နှင့် ပြည်တွင်းပညာသည်တစ် ဦး ပေါ်ထွန်းလာခဲ့သည်။

နိုင်ငံတော်သံတမန်မိုးကောင်းကင်တွင်ကား မီးရှူး မီးပန်းများ၊ သင်္ကြန်အမြောက်များသည် အနုပညာ မဆန်ဘဲ မျက်စိနောက်စရာဖြစ်နေသည်။ ICC မှ အာရေဗျ ကျိန်စာလွှတ်နေသည်။ သဲကန္တာရကုလား အုတ်ကြီး၏ လည်ပင်းရှည်ရှည်နှင့် ဦးခေါင်းသည် အိမ်အိုကြီး၏အ ပေါ်ထပ်ပြတင်းပေါက်ထဲဝင်နေသည်။

ကုလသမဂ္ဂအတွင်းရေးမှူး၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အမျိုးသမီးသည် ဆယ်ရက်ခန့် နေထိုင်ကာ လွှတ်တော်နောက်ဆုံးနေ့တွင် ပြန်လည်ထွက်ခွာသွားသည်။ နေပြည်တော်တွင် အထောက် အကူပြုရုံးဖွင့်မည်။ လူ့အခွင့်အရေးချန်ပီယံ အမေရိကသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ရုတ်တရက် နုတ်ထွက် လိုက်သည်။

ငြိမ်းချမ်းရေးမြတ်နိုးသူများအားလုံး မျှော်လင့်နေကြသော ပင်လုံညီလာခံကြီးပြန်လည်ရှင်သန်လာ ပေပြီ။ ဤ ကား မင်္ဂလာသတင်းပေတည်း။

ပြီးခဲ့သောညီလာခံမှအချက်(၃၇)ချက်ကို ပြည်ထောင် စုသဘောတူစာချုပ်အဖြစ် အတည်ပြုလက်မှတ် ရေးထိုး နိုင်ခဲ့ကြသည်။ ဤအကြိမ်တွင် ပိုမိုထိရောက်အောင်မြင် စေလိုသောဆန္ဒသည် လူတိုင်းကိုယ်စီရှိကြပေ လိမ့်မည်။ မြောက်ပိုင်းမှ ညီနောင်(၇)ဖွဲ့ကိုဖိတ်သည်။ စုံစုံညီ ညီလာကြမည်ဟု ကြားနေရသည်။

အာဏာရပါတီနှင့် အစိုးရပုံရိပ်များမှုန်ဝါးလာပြီး အဆိုးမြင်ဝါဒလွှမ်းမိုးနေသောယနေ့ကာလတွင် ခေတ်မီ လှသောမှတ်တိုင်ကို ယခုညီလာခံသည် အကောင်းစိတ်ထားများဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို ကိုင်စွဲကာ ကောင်းမွန်သောရလဒ်များ ချောချောမွေ့မွေ့ရပါစေကြောင်း ဆုတောင်းမိပါသည်။

ကျွန်တော်တို့ရခိုင်ပါတီမှလည်း မိန့်ခွန်းအလှည့်ကြုံ သဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးနှင့် နယ်လုမြေလုစစ်ပွဲသစ်ဖန်တီးကာ အချုပ်အခြာအာဏာ ကိုထိပါးနေသောရခိုင်အရေးကို တင်ပြခွင့်ရပေလိမ့် မည်။

ညီလာခံမှရလဒ်ကောင်းများကို လွှတ်တော်မှလက်ခံကြိုဆိုကာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးတည်လှမ်း ရပေဦးမည်။ ညီလာခံပြီးမြောက်၍ တစ်ပတ်အကြာတွင် ပြည်ထောင်စုလွှတ်တော်၏ နဝမအကြိမ်ပုံမှန်အစည်း အဝေးများစတင်မည်။ လေးလံသော ဝန်ထုပ်ဝန်ပိုးများ၊ ကတိကဝတ်များနှင့် ဖြည်းဖြည်းချင်းရွေ့နေသော ဒီမိုက ရေစီအစိုးရသစ်၏ ကက်ဘိနက်ကားတန်းကြီးကို စေတနာမှန်မှန်နှင့် ရင်မောစွာစောင့်ကြည့်နေရပေသည်။ ရွှေပြည်တော်ခရီးကား မနီးသေးပါ။ ဘေးဘယာမငြိ၊ ခလုတ်မထိ၊ မိုင်းမမိပါစေကြောင်း ဆုတောင်းလိုက် ပါရစေ။

ရွှေပြည်တော်ခရီးကား မနီးသေးပါ။ ဘေးဘယာမငြိ၊ ခလုတ်မထိ၊ မိုင်းမမိပါစေကြောင်း ဆုတောင်းလိုက်ပါရစေ။

မောင်ခိုင်အောင်(စစ်တွေ)