• Today is: Saturday, July 11, 2020

ငါသိတဲ့ပန္းၿမိဳ႕ေတာ္

Federal Journal
May04/ 2020

Zawgyi

ကန္ပတ္လမ္းေပၚက
ေခြးေသးပန္းကအစ လွတယ္
ဒီဇင္ဘာလို အေလ့က်ရာသီထဲ
က်န္းမာေရးသမားေတြကအစ
ေခြးဂ်ပိုးေတြအဆံုး
လွမ္းလွမ္းပန္းေနတဲ့
ေခြးေသးပန္းေတြကအစ လွတယ္။

စိန္ပန္းနီျပာေတြေၾကြတဲ့
သစ္ေတာလမ္းထဲက
ခရမ္းေရာင္ပန္းေတြလွတယ္။

သံလမ္းတစ္ေလွ်ာက္
ေနလာရာပြင့္ ေနၾကာပန္းရိုင္းဝါဝါေတြလွတယ္။

ဒီဇင္ဘာၿခံအလြန္
ၿမိဳင္ႀကီးကိုအဆင္း
ေတာင္ကုန္းအေဝ့အဝိုက္
သုႆန္ျပင္ထဲကေဆာက္လက္စ
သရဲမေၾကာက္ အစိုးရမေၾကာက္ အိမ္ရာေတြ လွတယ္။

ေမၿမိဳ႕သူသီခ်င္း ေခတ္ကိုစားတုန္းက
အင္တာနက္ကေဖးဆုိင္မွာ
ငါေတြ႕ခဲ့တဲ့ ကခ်င္မေလး လွတယ္။

ကိုရဲလြင္ပန္းရဲ႕လမ္း
မတီးလည္းက တီးလည္းကေဟ့
ဆႏြင္း (နႏြင္း) ကဝါတယ္ ေကာင္မေလးမ်က္ႏွာေခ်က ျပာတယ္
လက္ဖက္ရည္ဆုိင္ညေတြလွတယ္။

ပုသိမ္ေမာင္စိမ္းသူရဲ႕
ကိုယ့္ကုိခ်စ္တဲ့သူရယ္ ေမွ်ာ္ေနစမ္းကြယ့္
ေတာင္ေလွကားၿမိဳ႕ေတာ္ဝယ္ . . . လွတယ္။

ေပၚဦးသစ္ ကၽြန္ေတာ္ျဖတ္သန္းခဲ့ေသာ ေလးျဖဴစာအုပ္ထဲမွာ
ျပင္ဦးလြင္မွာပန္းေတြမပြင့္တဲ့ေန႔ မင္းကိုေမ့မယ္တဲ့ လွတယ္။

မီးပံုးပ်ံေတြနဲ႔
ေတာင္ကုန္းမို႔မို႔ေတြ လွတယ္။

စေတာ္ဘယ္ရီခင္း ဂ်ံဳခင္း စားေတာ္ပဲခင္းေတြ
ရွမ္းပ်ိဳမယ္ ေသြးေဆးမစားလည္း
ရွမ္းမေလးေတြ လွတယ္။

ငါးမည္ရျပည္ေရႊဘို ရွိသလို
ငါးမည္ရ ေမၿမိဳ႕ကလည္း
ေမၿမိဳ႕မိုး ေနာက္တစ္ေခါက္မရြာေတာ့ေပမဲ့ လွတယ္။

ျပည္သူေတြေၾကာက္တဲ့
အစိမ္းေရာင္ၾကယ္ေတြ ေမြးေနတာတစ္ခုပဲ
ဒီၿမိဳ႕ေကာင္းကင္ကို ငါမႀကိဳက္တာ။

ဒါေပမဲ့ . . .
ငါမႀကိဳက္တာ လွတယ္။

ဟာရွိန္း

 

Unicode

ကန်ပတ်လမ်းပေါ်က
ခွေးသေးပန်းကအစ လှတယ်
ဒီဇင်ဘာလို အလေ့ကျရာသီထဲ
ကျန်းမာရေးသမားတွေကအစ
ခွေးဂျပိုးတွေအဆုံး
လှမ်းလှမ်းပန်းနေတဲ့
ခွေးသေးပန်းတွေကအစ လှတယ်။

စိန်ပန်းနီပြာတွေကြွေတဲ့
သစ်တောလမ်းထဲက
ခရမ်းရောင်ပန်းတွေလှတယ်။

သံလမ်းတစ်လျှောက်
နေလာရာပွင့် နေကြာပန်းရိုင်းဝါဝါတွေလှတယ်။

ဒီဇင်ဘာခြံအလွန်
မြိုင်ကြီးကိုအဆင်း
တောင်ကုန်းအဝေ့အဝိုက်
သုဿန်ပြင်ထဲကဆောက်လက်စ
သရဲမကြောက် အစိုးရမကြောက် အိမ်ရာတွေ လှတယ်။

မေမြို့သူသီချင်း ခေတ်ကိုစားတုန်းက
အင်တာနက်ကဖေးဆိုင်မှာ
ငါတွေ့ခဲ့တဲ့ ကချင်မလေး လှတယ်။

ကိုရဲလွင်ပန်းရဲ့လမ်း
မတီးလည်းက တီးလည်းကဟေ့
ဆနွင်း (နနွင်း) ကဝါတယ် ကောင်မလေးမျက်နှာချေက ပြာတယ်
လက်ဖက်ရည်ဆိုင်ညတွေလှတယ်။

ပုသိမ်မောင်စိမ်းသူရဲ့
ကိုယ့်ကိုချစ်တဲ့သူရယ် မျှော်နေစမ်းကွယ့်
တောင်လှေကားမြို့တော်ဝယ် . . . လှတယ်။

ပေါ်ဦးသစ် ကျွန်တော်ဖြတ်သန်းခဲ့သော လေးဖြူစာအုပ်ထဲမှာ
ပြင်ဦးလွင်မှာပန်းတွေမပွင့်တဲ့နေ့ မင်းကိုမေ့မယ်တဲ့ လှတယ်။

မီးပုံးပျံတွေနဲ့
တောင်ကုန်းမို့မို့တွေ လှတယ်။

စတော်ဘယ်ရီခင်း ဂျုံခင်း စားတော်ပဲခင်းတွေ
ရှမ်းပျိုမယ် သွေးဆေးမစားလည်း
ရှမ်းမလေးတွေ လှတယ်။

ငါးမည်ရပြည်ရွှေဘို ရှိသလို
ငါးမည်ရ မေမြို့ကလည်း
မေမြို့မိုး နောက်တစ်ခေါက်မရွာတော့ပေမဲ့ လှတယ်။

ပြည်သူတွေကြောက်တဲ့
အစိမ်းရောင်ကြယ်တွေ မွေးနေတာတစ်ခုပဲ
ဒီမြို့ကောင်းကင်ကို ငါမကြိုက်တာ။

ဒါပေမဲ့ . . .
ငါမကြိုက်တာ လှတယ်။

ဟာရှိန်း