• Today is: Friday, April 23, 2021

စစ္ေဘးဒုကၡသည္ ၿငိမ္းခ်မ္းေရးနဲ႔ ျပည္တြင္းစစ္ စစ်ဘေးဒုက္ခသည် ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်

Federal Journal
March06/ 2020

Zawgyi

ျမန္မာႏုိင္ငံမွာစစ္ေဘးဒုကၡသည္ေတြရွိေနတယ္။ ဘာျဖစ္လို႔လဲ၊ ၿငိမ္းခ်မ္းေရးမရွိလို႔။ ၿငိမ္းခ်မ္းေရးက ဘာျဖစ္လို႔မရွိရတာ လဲ၊ ျပည္တြင္းစစ္ေတြျဖစ္ေနလို႔။ ျမန္မာႏုိင္ငံဟာ ကမာၻေပၚမွာ အရွည္ၾကာဆံုးတိုင္းျပည္ေတြထဲက တိုင္းျပည္တစ္ျပည္ျဖစ္ပါ တယ္။ အဲ့ဒီေတာ့ ျပည္တြင္းစစ္၊ စစ္ေဘးဒုကၡသည္၊ ၿငိမ္းခ်မ္းေရးဆိတ္သုဥ္းမႈဆိုတဲ့ ဟာေတြထဲမွာ တုိင္းျပည္ဟာ အဖက္ဖက္က ခၽြတ္ၿခံဳ က်မႈေတြနဲ႔အတူ ခ်ာလပတ္လည္ေနပါေတာ့တယ္။

စစ္ေဘးဒုကၡသည္

စစ္ေဘးဒုကၡသည္ဆိုတာ စစ္ေၾကာင့္ ေဘးဒုကၡေရာက္ေနရသူေတြျဖစ္တယ္။ သူတို႔ဟာစစ္ေၾကာင့္ အသက္လုၿပီး ထြက္ေျပးၾကရတယ္။ စစ္ေၾကာင့္ အစားအေသာက္ဆင္းရဲၾကရတယ္။ စစ္ေၾကာင့္ အစားအေသာက္ငတ္ျပတ္ၾကရတယ္။ စစ္ေၾကာင့္ ထိတ္ထိတ္လန္႔လန္႔ အိပ္ၾကရတယ္။ စစ္ေၾကာင့္ ပညာသင္ယူခြင့္ေတြ ဆံုးရံႈးၾကရတယ္။ စစ္ေၾကာင့္ ေန စရာေတြ ေပ်ာက္ဆံုးၾကရတယ္။ စစ္ေၾကာင့္အသက္ေဘးနဲ႔ ေတြ႕ၾကရတယ္။
အဲ့ဒီလိုစစ္ေၾကာင့္ေဘးဒုကၡမ်ိဳးစံုေရာက္ၾကရေပမယ့္ ျမန္မာႏုိင္ငံက စစ္ေဘးဒုကၡသည္ေတြဟာ စစ္ေဘးဒုကၡသည္လို႔ ေတာင္ အေခၚမခံရတဲ့ ဘဝေတြ ျဖစ္ပါတယ္။ စစ္ေၾကာင့္ေဘးဒုကၡေတြ ႀကီးႀကီးမားမားေရာက္ေနၾကရတဲ့ သူတို႔တေတြဟာ “စစ္ေဘးေရွာင္ျပည္သူမ်ား” လို႔ နာမည္ေျပာင္းခံရတယ္။ စစ္ေၾကာင့္တကယ္နာက်င္စပ္ခါး ခံစားေနရတဲ့ ဒုကၡေတြဟာ ခပ္ေဖာ့ ေဖာ့ေျပာပစ္လိုက္တာကို ခံလိုက္္ရတယ္။ ဒါက ျမန္မာႏိုင္ငံမွာ တကယ္ျဖစ္ေနတဲ့ အေျခအေန။ အဲဒီဒုကၡသည္ေတြဟာ ဒီျပည္တြင္းစစ္ဆိုတဲ့ ငရဲရဲ႕ ဘယ္ေတာ့မ်ားမွ လြတ္ေျမာက္ၾကမွာတဲ့လဲ။ ဒါကႏို္င္ငံသားအားလံုးဝိုင္းေမးၾကရမယ့္ ေမးခြန္း။ ဒီစစ္ေဘးဒုကၡသည္ေတြဟာ ႏိုင္ငံသားေတြျဖစ္ပါတယ္။

ၿငိမ္းခ်မ္းေရး

ၿငိမ္းခ်မ္းေရးဆိုတဲ့ စကားလံုးရဲ႕ အနက္အဓိပၸာယ္က စကားဆက္စပ္ရာနဲ႔ ေနရာေဒသကိုလိုက္ၿပီး အမ်ိဳးမ်ိဳးရွိေနႏိုင္ပါ တယ္။ ဒီေနရာမွာေတာ့ ၿငိမ္းခ်မ္းေရးဆိုတာက တိုင္းျပည္မွာ ျပည္တြင္းစစ္ေတြမရွိျခင္း၊ တနည္းအားျဖင့္ ျပည္တြင္းစစ္ေတြ လံုးဝ ခ်ဳပ္ၿငိမ္းသြားျခင္းကို ဆိုလိုပါသည္။ ထပ္ေျပာရရင္ျပည္တြင္းစစ္ေတြကို လက္နက္ကိုင္တပ္အားလံုုးရဲ႕ သေဘာတူညီခ်က္ေတြနဲ႔ လံုးဝခ်ဳပ္ၿငိမ္းပစ္လိုက္တဲ့ အေျခအေနမ်ိဳးျဖစ္ပါတယ္။
ျမန္မာႏုိင္ငၤံမွာ ျပည္တြင္းစစ္ေတြရွိေနတယ္။ အဲ့ဒီေတာ့ ဒီျပည္တြင္းစစ္ေတြ ဘယ္ေတာ့ခ်ဳပ္ၿငိမ္းၾကမွာလဲ။ ျပည္တြင္းစစ္ မခ်ဳပ္ၿငိမ္းသေရြ႕ ၿငိမ္းခ်မ္းေရးဆိုိတာလည္း မရွိႏိုင္ေသးပါဘူး။ ဒါကျမန္မာႏုိ္င္ငံရဲ႕ တကယ့္လက္ေတြ႕အေျခအေန။ လက္ေတြ႕ အေျခအေနမ်ိဳးဆိုတာေတြဟာ တကယ့္အရွိတရားလည္း မည္ပါတယ္။ အရွိတရားဆိုတာဟာ အမွန္အမွား ျငင္းရတဲ့ ျပႆနာမ်ိဳး မဟုတ္သလုိ လက္ခံျခင္း/လက္မခံျခင္းနဲ႔လည္း မသက္ဆိုင္ျပန္ပါဘူး။ အရွိတရားဆိုတာဟာ လက္ခံသည္ျဖစ္ေစ၊ လက္မခံသည္ ျဖစ္ေစ လံုးဝရွိေနတဲ့အရာပဲျဖစ္ပါတယ္။ ျပည္တြင္းစစ္ေၾကာင့္ ၿငိမ္းခ်မ္းေရး မရရွိုျခင္းဟာ ျမန္မာႏိုင္ငံမွာ လံုးဝရွိေနပါတယ္။ အဲ့ဒီ အတြက္ ၿငိမ္းခ်မ္းေရးမရရွိျခင္းကို ျဖစ္ေစတဲ့ တစ္နည္းအားျဖင့္ ၿငိမ္းခ်မ္းေရးကို မျဖစ္ေစတဲ့ျပည္တြင္းစစ္ဟာ ျမန္မာႏုိင္ငံဟာ ျမန္မာႏုိင္ငံက အရွိတရားတစ္ခုပဲျဖစ္ပါတယ္။

ျပည္တြင္းစစ္

ျမန္မာႏိုင္ငံဟာ ၁၉၄၈-ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္ေန႔မွာ ၿဗိတိသွ်ကိုလိုနီလက္ေအာက္ကေန လြတ္ေျမာက္ၿပီး လြတ္လပ္ ေရးရခဲ့တယ္။ လြတ္လပ္ေရးရၿပီးလို႔ သံုးလေလာက္ၾကာၿပီးတဲ့ေနာက္ အဲ့ဒီ ၁၉၄၈-ခုႏွစ္၊ ဧၿပီလ ၁ ရက္ေန႔မွာပဲ ျပည္တြင္းစစ္ စျဖစ္ခဲ့တယ္။ အဲ့ဒီေတာ့ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းစစ္သက္တမ္းဟာ ၂၀-ရာစုထဲမွာ ႏွစ္ေပါင္း ၅၂ႏွစ္တိုင္တိုင္ ၾကာရွည္ခဲ့ၿပီး အခု ၂၁-ရာစုထဲမွာလည္း ၂၀၁၇-ခုႏွစ္၊ ဧၿပီလ ၁ ရက္ေန႔က ၁၇-ႏွစ္ တင္းတင္း ျပည့္ခဲ့ျပန္ၿပီျဖစ္လို႔ စုစုေပါင္း ၆၉-ႏွစ္ ရွိပါတယ္။ ၂၀၁၈-ခုွႏွစ္၊ ဧၿပီလ ၁ ရက္ေန႔ဆိုရင္ေတာ့ ျပည္တြင္းစစ္ဟာ ႏွစ္-၇၀ ျပည့္ပါေတာ့မယ္။ ေမြးေန႔ပြဲမလုပ္ေကာင္းတဲ့ ျပည္တြင္းစစ္ဟာ တစ္ႏွစ္ၿပီးတစ္ႏွစ္ ေက်ာ္ျဖတ္ရင္း အသက္ေတြ ရွည္လာေနပါတယ္။

ဒီျပည္တြင္းစစ္ ႏွစ္ေပါင္း ၇၀ နီးပါးမွာ ေသသြားခဲ့တဲ့ အသက္ေပါင္း ဘယ္ေလာက္ရွိသလဲ။ ပ်က္ခဲ့ရတဲ့ ဘဝေပါင္း ဘယ္ေလာက္ရွိခဲ့သလဲ။ ျပည္တြင္းစစ္အတြက္ကုန္က်ခဲ့တဲ့ ေငြေၾကးပမာဏကေရာ ဘယ္ေလာက္ရွိခဲ့သလဲ။ ျပည္တြင္းစစ္မွာ သံုးစြဲခဲ့တဲ့ အသက္၊ ဘဝ၊ လုပ္အားနဲ႔ ေငြေၾကးေတြရဲ႕ စုစုေပါင္း တန္ဖိုးပမာဏနဲ႔ အေရွ႕ေတာင္အာရွရဲ႕ ထိပ္ဆံုးဒီေန႔ေခတ္ စင္ကာပူႏုိင္ငံျဖစ္လာေအာင္ တည္ေဆာက္ခဲ့ရတဲ့ လုပ္အားနဲ႔ ေငြေၾကးေတြရဲ႕ စုစုေပါင္းတန္ဖိုးပမာဏေတြမွာ ဘယ္ဖက္က ပိုမ်ားေနႏုိင္လဲ။ ျပည္တြင္းစစ္ရဲ႕ရည္ရြယ္ခ်က္ေတြဟာ ဘာေတြလဲ။ ဒါေတြကို စဥ္းစားၾကည့္သင့္တယ္လို႔ မထင္ၾကဘူးလား။

ျပည္တြင္းစစ္ျဖစ္ရတဲ့အေၾကာင္းေတြကေတာ့ အမ်ားႀကီး ရွိေနႏိုင္ပါတယ္။ အဲ့ဒီလိုအေၾကာင္းေတြထဲမွာ ဘာေၾကာင့္ ညာေၾကာင့္ စစ္ျဖစ္ရပါတယ္ဆိုတဲ့အေၾကာင္းေတြေၾကာင့္ စစ္ျဖစ္ရတာရွိသလို စစ္ျဖစ္ခ်င္လို႔ကို အေၾကာင္းေတြကို ျပတတ္ၾကတာ လည္း ရွိေနႏိုင္ပါေသးတယ္။ တစ္နည္းအားျဖင့္ ေျပာရရင္ အဲဒီအေၾကာင္းေတြဟာ စစ္ျဖစ္ဖို႔အတြက္ ထိုးတတ္ၾကတဲ့ လက္ညွိဳးေတြနဲ႔လည္း ဘယ္သူ႕ေၾကာင့္ ဘယ္ဝါေၾကာင့္ဆိုၿပီး လက္ညွိဳးေတြသာ အဆက္မျပတ္ ထိုးေနၾကတယ္။ ျပည္တြင္းစစ္ ကေတာ့ အခုထိကို ၿပီးဆံုးသြားတယ္ဆိုတာ မရွိေသးပါဘူး။ ေနာင္ေရာ ၿပီးသြားမွာလားဆိုေတာ့ အဲ့ဒီလို လက္ညွိဳးဆက္ထိုးေနရင္ ၿပီးဆံုးဖို႔လမ္းကလည္း သိပ္မျမင္ဘူးလို႔ပဲ ေျပာရပါလိမ့္မယ္။

ျပည္တြင္းစစ္ဘယ္ေတာ့ၿပီးမွာလဲ

ျပည္တြင္းစစ္ဘယ္ေတာ့ၿပီးမွာလဲလို႔ေမးလာရင္ ဒီအေျဖကို လက္နက္ကိုင္တပ္ဖြဲ႕ေတြ အကုန္လံုး ေျဖရပါလိမ့္မယ္။ ဒီအေျဖက သူတို႔ အကုန္လံုးရဲ႕ လက္ထဲမွာ ရွိေနပါတယ္။ သူတို႔မၿပီးေသးရင္ ျပည္တြင္းစစ္က ဆက္ရွိေနမယ္။ သူတို႔ ၿပီးခ်င္ၿပီဆို ရင္ေတာ့ ျပည္တြင္းစစ္က လံုးဝ ၿပီးဆံုးသြားပါလိမ့္မယ္။

ဒႆနပညာမွာ “ယိုးဒယား ဘာေၾကာင့္၊ ညာေၾကာင့္ ဆိုတဲ့အေၾကာင္းေတြေၾကာင့္ လု္ပ္ေနၾကတာမဟုတ္ဘဲ လိုိခ်င္လို႔ ကို အေၾကာင္းေတြ ေလွ်ာက္ေျပာေနၾကတာပါ” ဆိုတဲ့ သေဘာမ်ိဳးရွိပါတယ္။ ဒီအဆိုအရဆိုရင္ေတာ့ ဘာေၾကာင့္ညာေၾကာင့္ဆို တဲ့ အေၾကာင္းေတြေၾကာင့္ ျပည္တြင္းစစ္ေတြ ျဖစ္ေနရတာဆိုတာထက္ ျပည္တြင္းစစ္ျဖစ္ခ်င္လို႔ကို အေၾကာင္းေတြကို ေလွ်ာက္ျပ ေနၾကတာလား ဆိုတာကိုလည္း စဥ္းစားၾကရလိမ့္မယ္။ အဲဒီအတြက္ လက္နက္ကိုင္တပ္ေခါင္းေဆာင္ေတြ လက္ရွိျပေနတဲ့ အေၾကာင္းတခ်ိဳ႕ကို ေလ့လာၾကည့္ပါမယ္။
ျမန္မာ့ေျမေပၚမွာရွိတဲ့ လက္နက္ကိုင္တပ္ေတြကို မေျပာခင္ အဲဒီလက္နက္ကိုင္တပ္ေတြ အကုန္လံုးကို အၾကမ္းဖ်င္းအား ျဖင့္ အုပ္စုႏွစ္စု ခြဲထားၾကည့္ပါမယ္။ တစ္ခုက ျမန္မာစစ္တပ္ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ေတြ ျဖစ္ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒဟာ ျမန္မာစစ္တပ္က စီမံခန္႔ခြဲတဲ့ အုပ္ခ်ဳပ္ေရးထဲမွာ ရွိေနတယ္။ ဥပေဒျပဳတဲ့ လႊတ္ေတာ္ မွာ ရွိေနတယ္။ သီးျခားတရားစီရင္ခြင့္ရေနတာမို႔လုိ႔ တရားစီရင္ေရးထဲမွာလည္း ရွိေနတယ္လို႔ ေျပာႏိုင္ပါလိမ့္မယ္။ အဲဒီ မ႑ိဳင္ သံုးရပ္က ဘယ္ေတာ့ထြက္ခြာမွာလဲလို႔ ေမးတဲ့အခါ လက္ရွိအခ်ိန္မွာ ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြဟာ တိုင္းျပည္ၿငိမ္းခ်မ္းသြား တဲ့အခါမွ ထြက္မယ့္သေဘာ ေျပာထားၾကပါတယ္။ ဆိုလိုတာက ျပည္တြင္းစစ္ရွိေနသေရြ႕ အဲဒီမ႑ိဳင္သံုးရပ္ထဲမွာ ဆက္ေနအံုး မယ္ဆိုတဲ့ အဓိပၸာယ္သက္ေရာက္ေနပါတယ္။ တိုင္းျပည္ၿငိမ္းခ်မ္းသြားမွ အစိုးရထဲက ထြက္ခြာမယ္၊ စစ္တန္းလ်ားကို ျပန္မယ္ဆို တာက ျမန္မာစစ္တပ္က ျပတဲ့ အေၾကာင္းျပခ်က္ျဖစ္တယ္။ အဲဒီအေၾကာင္းျပခ်က္အရ အစိုးရထဲမွာ ဆက္ရွိေနအံုးမယ္။ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြကို ဆက္တိုက္ေနရအံုးမယ္။ ျပည္တြင္းစစ္ကလည္း ဆက္ျဖစ္ေနရပါလိမ့္မယ္။ အဲဒါဆိုရင္ စစ္ေဘးဒုကၡသည္ေတြလည္း ဆက္ရွိေနပါလိမ့္အံုးမယ္။

တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြဘက္ကို ၾကည့္ျပန္ေတာ့ သူတို႔ကလည္း သူတို႔အေၾကာင္းျပခ်က္နဲ႔သူတို႔ ရွိေနၾကပါ တယ္။ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြကလည္း အဖြဲ႕ေတြအမ်ားအျပားရွိေနၾကသလို တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕သေဘာတူညီတယ္ လို႔လည္း ေျပာဖုိ႔ခက္ပါတယ္။ ဒါေပမယ့္ သူတို႔အကုန္လံုးမွာ တူညီတဲ့ အေၾကာင္းျပခ်က္တစ္ခုေတာ့ရွိပါတယ္။ အဲ့ဒါကေတာ့ တုိင္းရင္းသားေတြရဲ႕ တန္းတူညီမွ် အခြင့္အေရးနဲ႔ ကိုယ့္ၾကမၼာကိုယ္ ဖန္တီးခြင့္ျဖစ္ပါတယ္။ သူတို႔ကလည္း ဒီအခြင့္အေရးေတြ မျပည့္ဝသေရြ႕ လက္နက္ကိုဆက္ကိုင္ထားရဦးမွာပဲလို႔ ဆိုၾကပါတယ္။

အဲဒီေတာ့ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြဖက္ကို ၾကည့္ရင္လည္း ျပည္တြင္းစစ္က ဆက္ျဖစ္ေနပါလိမ့္ဦးမယ္။ ျပည္တြင္းစစ္ေတြ ဆက္ျဖစ္ေနရင္ စစ္ေၾကာင့္ျဖစ္ရတဲ့ စစ္ေဘးဒုကၡသည္ေတြက ဆက္ၿပီးရွိေနပါလိမ့္ဦးမယ္။ ဒီလိုအေျခအေနမ်ိဳး မွာ ျပည္တြင္းစစ္ျပႆနာကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ျပည္သူေတြက ေရြးေကာက္တင္ေျမွာက္ထားတဲ့ အရပ္သားအစုိးရ တစ္ရပ္ ျမန္မာႏိုင္ငံမွာ မရွိဘူးလားလို႔ ေမးရပါလိမ့္မယ္။

ကမာၻေပၚက ဒီမိုကေရစီဖြဲ႕စည္းပံုအေျခခံဥပေဒေတြထဲမွာ “သမၼတသည္ လက္နက္ကိုင္တပ္မ်ား၏ အႀကီးအမွဴး၊ စစ္ေသနာပတိခ်ဳပ္ျဖစ္သည္”လို႔ ျပဆိုထားသလိုမ်ိဳး ျမန္မာႏုိင္ငံရဲ႕ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒထဲမွာ မျပဆိုထားပါဘူး။ အဲဒီ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒထဲမွာ လက္ရွိအရပ္သားအစိုးရက လက္နက္ကိုင္တပ္ေတြကို စီမံခန္႔ခြဲခြင့္ရွိတဲ့ အစိုးရမဟုတ္ပါဘူး။ အဲဒါေၾကာင့္ပဲ ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းၿပီး ၿငိမ္းခ်မ္းေရးရဖို႔အတြက္ အရပ္သားအစိုးရဟာ ၂၁ ရာစု ပင္လံုနဲ႔ ၿငိမ္းခ်မ္းေရးညီလာခံေတြ ကို ဦးေဆာင္က်င္းပေနရေပမယ့္ အႏွစ္သာရသေဘာအရ တကယ့္တကယ္ တိတိက်က်ေျပာရရင္ ပြဲႀကီးၾကပ္တဲ့ အဆင့္ေလာက္ မွာပဲ ရွိတယ္လို႔ ဆိုရပါလိမ့္မယ္။
အဲ့ဒီအတြက္ေၾကာင့္ ျပည္တြင္းစစ္၊ စစ္ေဘးဒုကၡသည္၊ ၿငိမ္းခ်မ္းေရးဆိုတာေတြနဲ႔ပတ္သက္လို႔ တကယ့္အေျဖက အရပ္သားအစိုးရရဲ႕လက္ထဲမွာ ရွိမေနဘဲ လက္နက္ကိုင္တပ္ေတြရဲ႕ လက္ထဲမွာသာ ရွိေနပါတယ္။ အဲ့ဒီေတာ့ ၿငိမ္းခ်မ္းေရးဆိုတာ ကလည္း လိပ္ခဲတည္းလည္း အေျခအေနျဖစ္ေနတာမို႔ ျပည္တြင္းစစ္ဘယ္ေတာ့ၿပီးမွာလဲဆိုတဲ့ အေမးကိုေျဖဖို႔က အခက္အခဲ ျဖစ္ေနရပါေတာ့တယ္။

တကယ္လို႔သာ အရပ္သားအစိုးရရဲ႕ေအာက္မွာ ျမန္မာစစ္တပ္သာ ရွိေနမယ္ဆိုရင္ေတာ့ ျပည္တြင္းစစ္ျပႆနာကို ေျဖ ရွင္းရတာက လက္ရွိေတြ႕ႀကံဳေနရတဲ့ အေျခအေနမ်ိဳးနဲ႔မတူေတာ့ဘဲ အျခားပံုစံတစ္မ်ိဳးလည္းျဖစ္သြားႏိုင္ပါတယ္။ ျမန္မာစစ္တပ္ က အရပ္သားအစိုးရရဲ႕လက္ေအာက္မွာ ရွိေနတာျဖစ္တဲ့အတြက္ အရပ္သားအစိုးရက တုိင္းရင္းသားလက္နက္ကုိင္တပ္ေတြနဲ႔ တိုက္ရိုက္ေဆြးေႏြး၊ တိုက္ရိုက္ဆံုးျဖတ္ခ်က္ေတြ ခ်ႏိုင္ပါတယ္။ ဒီအေျခအေနမွာ ဆံုးျဖတ္ခ်က္ခ်သူေတြက အရပ္သားအစုိးရနဲ႔ တုိိင္းရင္းသားလက္နက္ကိုင္တပ္ေတြျဖစ္ပါတယ္။ ဒါေပမယ့္လက္ရွိမွာေတာ့ အဲဒီလိုမဟုတ္ဘဲ ျပည္တြင္းစစ္အဆံုးသတ္ေရး အတြက္ ဆံုးျဖတ္ခ်က္ခ်ႏိုင္တဲ့သူေတြက ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြျဖစ္ေနၾကၿပီး အရပ္သားအစိုးရက ၾကားခံသေဘာသက္သက္မွ်သာ ျဖစ္ေနပါတယ္။
လက္ေတြ႕မွာေတာ့ ျမန္မာစစ္တပ္က အရပ္သားအစိုးရရဲ႕လက္ေအာက္မွာ ရွိေနဖုိ႔ဆိုရင္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ ကို ျပင္ရပါမယ္။ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္ဖို႔ဆိုရင္ ေရြးေကာက္ပြဲ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၀၀ ရာခိုင္ႏႈန္းေက်ာ္ဖို႔ လုိပါတယ္။ ကမာၻေပၚမွာ ေရြးေကာက္ပြဲလႊတ္ေတာ္ကိုယ္စားလွယ္ ၁၀၀ ရာခိုင္ႏႈန္းေက်ာ္မွ ျပင္လို႔ရတဲ့ ဖြဲ႕စည္းပံုအေျခခံဥပေဒ ဆိုတာကလည္း ျမန္မာႏိုင္ငံရဲ႕ဖြဲ႕စည္းပံုအေျခခံဥပေဒ တစ္ခုတည္းပဲ ရွိပါတယ္။ အဲဒီ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအရ ေရြးေကာက္ခံလြႊတ္ေတာ္ကိုယ္စားလွယ္ကလည္း ၁၀၀ ရာခိုင္ႏႈန္းပဲ ခြင့္ျပဳထားတာမို႔လို႔ ဒီ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒဟာ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၀၀ ရာခုိင္ႏႈန္းနဲ႔ျပင္လို႔မရတဲ့ ဥပေဒဆိုတဲ့ အဓိပၸာယ္လည္း သက္ေရာက္သြားပါေတာ့ တယ္။

လက္ရွိျမန္မာ့လႊတ္ေတာ္ေတြထဲက လႊတ္ေတာကိုယ္စားလွယ္ေတြမွာ အရပ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြက ၇၅ ရာခိုင္ႏႈန္းပဲ ရွိပါတယ္။ အဲဒီအရပ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခုိင္ႏႈန္းဟာ ေရြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္ ၁၀၀ ရာခိုင္ႏႈန္းျဖစ္ပါတယ္။ အဲဒီေတာ့ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒဟာ ေရြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္ ၁၀၀ ရာခုိင္ႏႈန္းနဲ႔ ျပင္လို႔မရတဲ့ ဥပေဒျဖစ္ပါတယ္။

ဒီလိုအေျခအေနေတြနဲ႔ ေတြ႕ႀကံဳေနရေပမယ့္ လက္နက္ကိုင္တပ္ေတြကသာ ၿငိမ္းခ်မ္းေရးလုိခ်င္တယ္ဆုိရင္ စလို႔ရတဲ့ နည္းလမ္းေတြအမ်ားႀကီးရွိပါတယ္။ အထက္မွာဆိုခဲ့တဲ့ဟာေတြဟာ သိပ္ကိုအျပဳသေဘာ မေဆာင္တဲ့ ဟာေတြပါလို႔ တစ္စံုတစ္ ေယာက္က ေျပာလာမယ္ဆိုလည္း ေျပာႏုိင္ပါတယ္။ ျမန္မာစစ္တပ္က ျပည္တြင္းစစ္မရွိလို႔ ၿငိမ္းခ်မ္းေရးရသြားရင္ အစိုးရထဲက ဆုတ္ခြာဖို႔ေျပာထားတဲ့အခ်က္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြက ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ဆိုတဲ့ တန္းတူအခြင့္အေရး ရရင္ လက္နက္မကိုင္ဘူးဆိုတဲ့အခ်က္ေတြကို ဆြဲထုတ္ၿပီး အျပဳသေဘာေဆာင္တဲ့ဖက္က ခ်ဥ္းကပ္ၾကည့္ရင္လည္း ျဖစ္ႏုိင္စရာ အေၾကာင္းေတြ ရွိေနပါတယ္။

၁။ ျမန္မာစစ္တပ္ကေျပာထားတာက ျပည္တြင္းစစ္ေတြမရွိလို႔ ၿငိမ္းခ်မ္းေရးရရင္ အစိုးရထဲက ဆုတ္ခြာၿပီး စစ္တန္းလ်ားကို ျပန္မယ္။ အဲဒါဆိုရင္ျမန္မာစစ္တပ္က ေရြးေကာက္ခံ အရပ္သားအစိုးရရဲ႕ လက္ေအာက္ကို ျပန္ေရာက္သြားပါမယ္။

၂။ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြကလည္း ကိုယ့္ၾကမၼာကိုယ္ ဖန္တီးခြင့္ဆိုတဲ့ တန္းတူညီမွ်အခြင့္အေရးမရွိလို႔ လက္နက္ကိုင္ရတယ္။ တန္းတူညီမွ်အခြင့္အေရးရွိရင္ လက္နက္ကိုင္စရာမလိုဘူးလို႔ ေျပာၾကတယ္။ အဲဒါဆိုရင္ သူတို႔ကလည္း တန္းတူညီမွ် အခြင့္အေရးအတြက္ လက္နက္ကိုင္ထားတာ၊ တန္းတူညီမွ်အခြင့္အေရးရတာနဲ႔ လက္နက္မကိုင္ေတာ့ဘူူးဆုိတဲ့ အဓိပၸာယ္ ျဖစ္သြားပါတယ္။

အထက္ပါအခ်က္ႏွစ္ခ်က္ကို ခ်ဳပ္လိုက္ရင္ ျမန္မာစစ္တပ္က ေရြးေကာက္ခံအရပ္သားအစိုးရရဲ႕ လက္ေအာက္ကိုျပန္သြား မယ္၊ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြက လက္နက္မကိုင္ဘူးဆိုတဲ့ ရည္ရြယ္ခ်က္ကိုပဲ ရပါေတာ့မယ္။ ဒီေနရာမွာ ေမးရမွာက အဲဒီရည္ရြယ္ခ်က္ေတြကို အေကာင္အထည္ေဖာ္တဲ့နည္းလမ္းမရွိေတာ့ဘူးလားဆိုတာ ျဖစ္ပါတယ္။

အဲဒီရည္ရြယ္ခ်က္ေတြနဲ႔ပတ္သက္လို႔ အေကာင္အထည္ေဖာ္တဲ့အခါမွာ သူကလည္း ၁၀၀ ရာခိုင္ႏႈန္းအကုန္လံုးျပည့္မွ၊ ငါကလည္း ၁၀၀ ရာခုိင္ႏႈန္းအကုန္လံုးရမွဆိုတဲ့ အျပဳသေဘာမေဆာင္တဲ့ဘက္က ခ်ဥ္းကပ္တဲ့ နည္းလမ္းေတြထက္စာရင္ တစ္ဖက္ကို ၁ ရာခိုင္ႏႈန္းစီပဲျဖစ္ျဖစ္ တစ္ဖက္တစ္လွည့္စီ ျဖည့္ျဖည့္သြားမယ္။ အျပဳသေဘာေဆာင္တဲ့ဖက္ကေန ခ်ဥ္းကပ္တဲ့ နည္းလမ္းကပိုၿပီး အလုပ္ျဖစ္၊ ပိုၿပီး အက်ိဳးမ်ားမယ္ ထင္ပါတယ္။

အဲဒီလိုအလွမ္း ၁၀၀ ရွိတဲ့ခရီးတစ္ခုအတြက္ သူတစ္လွမ္း ကိုယ္တစ္လွမ္းနဲ႔ ပထမဆံုးေျခလွမ္းကို အျပည့္အဝရမွျဖစ္မယ္ ဆိုတဲ့ နည္းေတြထက္ တစ္ဆင့္ခ်င္းဆုတ္သြား၊ တစ္ဆင့္ခ်င္း အခြင့္အေရးေတြျဖည့္သြားတဲ့နည္းျဖစ္ပါတယ္။ ပထမဆံုးအေနနဲ႔ ျမန္မာစစ္တပ္က ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြကို သက္ဆိုင္ရာျပည္နယ္ေတြက တိုက္ရိုက္ေရြးေကာက္တင္ေျမွာက္ခြင့္ရေအာင္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္ေပးတဲ့နည္းနဲ႔ ၿငိမ္းခ်မ္းေရးလမ္းကို စဖြင့္ေပးလုိက္တာျဖစ္ပါတယ္။ အဲဒါၿပီးရင္ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕ေတြက ၾကားခံအဖြဲ႕အစည္းဆီမွာ ယာယီ လက္နက္အပ္ႏွံၿပီး တစ္ဆင့္ဆုတ္မယ္။ ဒါၿပီးၿပီဆိုရင္ ျမန္မာစစ္တပ္က အစိုးရအဖြဲ႕ထဲကထြက္ေပးလို႔ စစ္တန္းလ်ားဆီကိုျပန္ကာ တစ္ဆင့္ထပ္ဆုတ္ေပးမယ္။ အဲဒါၿပီးရင္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ေတြက လက္နက္ကို အၿပီးအပိုင္ စြန္႔ၿပီး တစ္ဆင့္ ထပ္ဆုတ္ရပါမယ္။

ဒီနည္းလမ္းက တစ္ဖက္ ၁၀၀ ရာခုိင္ႏႈန္း အၿပီးဆုတ္ခြာၿပီးမွ တစ္ဖက္ကလည္း ၁၀၀ ရာခိုင္ႏႈန္းအၿပီးဆုတ္ခြာမယ္ဆိုတဲ့ နည္းမ်ိဳးမဟုတ္ဘဲ ႏွစ္ဖက္စလံုးက တစ္ဆင့္ခ်င္းစီ ဆုတ္ခြာသြားတဲ့ နည္းလမ္းျဖစ္ပါတယ္။ ဘက္ႏွစ္ဖက္ရွိတာမွာ တစ္ဖက္က အၿပီးဆုတ္ခြာၿပီးမွ အျခားတစ္ဖက္ကလည္း အၿပီးဆုတ္ခြာ လက္နက္ခ်မယ္ဆိုတာဟာ လက္ေတြ႕မွာ ေတာ္ေတာ္ မျဖစ္ႏုိင္တဲ့ နည္းလမ္းျဖစ္ပါတယ္။ ဒါေပမယ့္ ႏွစ္ဖက္စလံုးက သူတစ္ဆင့္ဆုတ္ခြာ၊ ကိုယ္တစ္ဆင့္ဆုတ္ခြာဆိုရင္ေတာ့ ဒါကျဖစ္ႏုိင္ေျခရွိတဲ့ နည္းလမ္းပဲျဖစ္ပါတယ္။

အရင္ဦးဆံုး ဒီမိုဒယ္ကို အေကာင္အထည္မေဖာ္ခင္မွာ လက္နက္ကိုင္တပ္ လက္နက္ကိုင္ေတြက ေဆာင္ရြက္ရမယ့္ အပိုင္းနဲ႔ ေရြးေကာက္ခံအရပ္သားအစိုးရနဲ႔ျပည္သူေတြက ေဆာင္ရြက္ရမယ့္အပိုင္းဆုိၿပီး အပိုင္းႏွစ္ပိုင္းခြဲထားသင့္ပါတယ္။ အေပၚမွာေျပာခဲ့တာေတြက လက္နက္ကိုင္တပ္ေတြရဲ႕အပိုင္းျဖစ္ပါတယ္။ လက္နက္ကိုင္တပ္ေတြရဲ႕အပိုင္းကို အေကာင္အထည္ မေဖာ္ခင္မွာလည္း အေကာင္အထည္ေဖာ္ရမယ့္အဆင့္ဆင့္နဲ႔ အဲဒီအဆင့္ေတြကို ရာခုိင္ႏႈန္းသတ္မွတ္တာေတြ ျပဳလုပ္သင့္ ပါတယ္။

ဥပမာ လက္နက္ကုိင္တပ္ေတြ အေကာင္အထည္ေဖာ္ရမယ့္အဆင့္က ၂၀ ရွိတယ္ဆုိရင္ အဲဒါကို ၁၀၀ ရာခုိင္ႏႈန္း သတ္မွတ္ပါမယ္။ အထက္မွာေဖာ္ျပခဲ့တဲ့ နမူနာအဆင့္ေတြက တစ္ဆင့္ႏွစ္ဆင့္ပဲရွိပါတယ္။ ဒါက နမူနာသက္သက္သာျဖစ္ပါ တယ္။ တကယ့္လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ အေသးစိတ္အဆင့္သတ္မွတ္တဲ့အခါမွာေတာ့ အဆင့္ေပါင္း ၂၀ မက ျဖစ္သြားႏိုင္သလုိ ၃၀ မကလည္း ျဖစ္သြားႏုိင္ပါတယ္။ အဲ့ဒီအတြက္အရင္ဦးဆံုးျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ ေတြဟာ ႏွစ္ဖက္ညွိႏႈိင္းသေဘာတူညီမႈယူၿပီး အဆင့္ေတြကို သတ္မွတ္ရပါမယ္။ ၿပီးေတာ့ အဲဒီအဆင့္ေတြအတုိင္း တစ္ဆင့္ခ်င္း အေကာင္အထည္ေဖာ္သြားၾကဖို႔ျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာ အေကာင္အထည္ေဖာ္ၿပီးသြားတဲ့ အဆင့္ေတြကို ရာခုိင္ႏႈန္းသတ္ မွတ္ၿပီး ၿငိမ္းခ်မ္းေရးလမ္းစဥ္က ဘယ္ႏွရာခိုင္ႏႈန္း ေအာင္ျမင္သြားၿပီဆိုတာကုိ ေၾကညာဖို႔ျဖစ္ပါတယ္။

လက္နက္ကိုင္တပ္ေတြက တစ္ဆင့္ခ်င္းဆီ ဆုတ္ခြာလို႔ၿပီးသြားရင္ က်န္ေနတာေတြကို ေရြးေကာက္ခံအရပ္သားအစိုးရနဲ႔ ျပည္သူေတြက ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္ရြက္ရပါမယ္။ လက္နက္ကိုင္တပ္ေတြအပိုင္းက ၿငိမ္းခ်မ္းေရးမိုဒယ္ကို အေကာင္အထည္မေဖာ္ခင္မွာ ေရြးေကာက္ခံအရပ္သားအစိုးရနဲ႔ျပည္သူေတြက အေကာင္အထည္ေဖာ္ရမယ့္ အပုိင္းေတြကို လည္း အေသးစိတ္ေရးဆြဲထားသင့္ပါတယ္။ တုိင္းရင္းသားလက္နက္ကိုင္တပ္ေတြရဲ႕ ေခါင္းေဆာင္ေတြကိုယ္တုိင္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္အျဖစ္ ေရြးေကာက္ပြဲဝင္ႏုိင္ေအာင္လည္း လမ္းဖြင့္ေပးထားရပါမယ္။ ဒီျမန္မာ့ၿငိမ္းခ်မ္းေရးမိုဒယ္မွာ ေရြးေကာက္ခံ အရပ္သားအစိုးရနဲ႔ျပည္သူေတြအပိုင္းက ဖက္ဒရယ္ျပည္ေထာင္စုစနစ္ကိုသြားမယ့္ ဖက္ဒရယ္ဖြဲ႕စည္းပံုအေျခခံဥပေဒတစ္ခုရ ေအာင္ႀကိဳးစားရပါမယ္။ ဖက္ဒရယ္ျပည္ေထာင္စုဖြဲ႕စည္းပံုအေျခခံဥပေဒတစ္ခုရၿပီဆိုတာနဲ႔ ျပည္နယ္အသီးသီးကလည္း ကိုယ့္ၾကမၼာကိုယ္ ဖန္တီးခြင့္အရ ျပည္နယ္ဖြဲ႕စည္းပံုအေျခခံဥပေဒေတြကို ေရးဆြဲသြားၾကရပါမယ္။ အဲဒါဆိုရင္လွပတဲ့ ဖက္ဒရယ္ ျပည္ေထာင္စုဖြဲ႕စည္းပံု အေျခခံဥပေဒတစ္ခုနဲ႔ျပည္နယ္အသီးသီးရဲ႕ဖြဲ႕စည္းပံုအေျခခံဥပေဒေတြ ေပၚထြက္လာပါလိမ့္မယ္။

ဖက္ဒရယ္မူရဲ႕သေဘာတရားအရ ျပည္ေထာင္စုနဲ႔ျပည္နယ္ေတြရဲ႕အၾကားမွာ (၁) အာဏာခြဲေဝမႈ၊ (၂) သဃံဇာတခြဲေဝမႈ နဲ႔ (၃) အခြန္အခခြဲေဝမႈဆုိၿပီးအနည္းဆံုးေတာ့ ခြဲေဝမႈသံုးမ်ိဳးကို အေျခခံၿပီး ခြဲေဝမႈေတြ လုပ္ရပါမယ္။ ဖက္ဒရယ္ျပည္ေထာင္စု ဖြဲ႕စည္းပံုဥပေဒနဲ႔မဆန္႔က်င္ရင္ အာဏာခြဲေဝမႈရဲ႕ေအာက္မွာ ျပည္နယ္တစ္ခုရဲ႕ ဥပေဒျပဳေရး၊ စီမံခန္႔ခြဲအုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးေတြကို အဲဒီျပည္နယ္က ျပည္သူေတြက သူတို႔စိတ္ႀကိဳက္ စီမံေဆာင္ရြက္ႏုိင္ရပါမယ္။ ဒါက အာဏာခြဲေဝမႈနဲ႔ ပတ္သက္ၿပီး ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ဆိုတဲ့ တန္းတူညီမွ် အခြင့္အေရးတစ္ခုျဖစ္ပါတယ္။

သဃံဇာတခြဲေဝမႈနဲ႔အခြန္အခခြဲေဝမႈမွာေတာ့ အျငင္းပြားမႈတစ္ခ်ိဳ႕ရွိေနႏုိင္ပါတယ္။ ဒါေပမယ့္ဒီေနရာမွာလည္း သဃံဇာတ နဲ႔အခြန္အခခြဲေဝမႈေတြက အတိုင္းအတာတစ္ခုထိရွိတယ္ဆုိရင္ အဲဒီအေျခခံတစ္ခုနဲ႔ စသင့္တယ္လို႔ယူဆပါတယ္။ ဆိုလုိတာက ေတာင္းဆုိထားတဲ့ ၁၀၀ ရာခုိင္ႏႈန္းျပည့္မွ သေဘာတူႏုိင္မယ္ဆုိတာမ်ိဳးထက္ အေျခခံတစ္ခုကိုရတာနဲ႔စတင္ၿပီး အဲဒီအျခခံတစ္ခု ကေန ၁၀၀ ရာခုိင္ႏႈန္းျပည့္ဝသြားေအာင္ဆက္သြားၾကတဲ့ နည္းလမ္းကို ေရြးခ်ယ္အသံုးျပဳဖို႔ ျဖစ္ပါတယ္။

ဒါက ျပည္တြင္းစစ္ ခ်ဳပ္ၿငိမ္းသြားေစဖုိ႔အတြက္ စိတ္ကူးႀကံဆၾကည့္ထားတဲ့ ျမန္မာ့ၿငိမ္းခ်မ္းေရးမိုဒယ္ ပံုၾကမ္းတစ္ခုျဖစ္ပါ တယ္။ ဒီနည္းလမ္းဟာ ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္လို႔ မတိုးသာမဆုတ္သာ ျဖစ္ေနတဲ့အခ်ိန္မ်ိဳးမွာ အျခားနည္းလမ္းတစ္ခုကို ရွာၿပီး ခရီးဆက္တဲ့နည္းျဖစ္ပါတယ္။ လက္နက္ကိုင္တပ္အားလံုးေရာ ေရြးေကာက္ခံအရပ္သားအစိုးရနဲ႔ျပည္သူေတြပါ သိကၡာရွိရိွ ေရွ႕ဆက္ႏုိင္မယ့္ နည္းလမ္းလို႔လည္း ယူဆပါတယ္။

မၾကာခင္မွာ ျပည္တြင္းစစ္သက္တမ္းဟာ ႏွစ္ ၇၀ ျပည့္ပါေတာ့မယ္။ ဒါက စစ္ေဘးဒုကၡသည္ေတြ ခံစားခဲ့ရ၊ ခံစားေနရတဲ့ ဒုကၡဆင္းရဲေတြဟာ ႏွစ္ေပါင္း ၇၀ ရွိၿပီဆိုတဲ့ အဓိပၸာယ္လည္းျဖစ္ပါတယ္။ လူေတြအသက္ရွည္တာက ေကာင္းပါတယ္။ တိုင္းျပည္ မွာ ေကာင္းတဲ့စနစ္ေတြလည္း ကာလၾကာရွည္ တည္ၿမဲလို႔သက္တမ္းရွည္ေနရင္ ေကာင္းပါတယ္။ ဒီလိုေကာင္းတဲ့အရာမ်ိဳးေတြက ေရႊရတုေတြ၊ စိန္ရတုေတြ၊ ပတၱျမားရတုေတြ မကလို႔ ရွိသမွ် ရတနာေတြနဲ႔အကုန္ ရတုလုပ္လည္း ေကာင္းခ်ီးမဂၤလာေတြသာ ျဖစ္ပါတယ္။
ဒါေပမယ့္ ျပည္တြင္းစစ္ကို သက္တမ္းရွည္ေအာင္ ေမြးထားတာမ်ိဳးေတြကေတာ့ ေကာင္းတဲ့ကိစၥမဟုတ္ဘူးလုိ႔ ေျပာရပါ လိမ့္မယ္။ ဆိုလိုတာက ျပည္တြင္းစစ္ေမြးေန႔ေတြဟာ အခါခါလုပ္လို႔ေကာင္းတဲ့အရာမ်ိဳးမဟုတ္ဘူးဆုိတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။ ျပည္တြင္းစစ္ေတြ အဓြန္႔ရွည္ေနသေရြ႕ တုိင္းျပည္ကလည္း ဆက္လက္နာက်င္ေနပါဦးမယ္။ ႏုိင္ငံသားေတြရဲ႕ စိတ္ခံစားမႈေတြ ကလည္း ဆက္လက္ဖ်ားနာကိုက္ခဲေနပါလိမ့္ဦးမယ္။ ဒီလိုနာက်င္ရမယ့္ေနရာေတြမွာ ၾကင္နာမႈေတြကိုသာ အစားထိုးေျပာင္း ထည့္ႏုိင္ၾကရင္ျဖင့္ တုိင္းျပည္က ေကာင္းသထက္ေကာင္းဖို႔ပဲရွိပါလိမ့္မယ္။

အဲဒီေတာ့ ဘယ္သူလြန္တယ္၊ ဘယ္ဝါလြန္တယ္လို႔ ေျပာမေနၾကေတာ့ဘဲ စစ္ေျမျပင္ကေန သူတစ္လွမ္းဆုတ္၊ ငါတစ္လွမ္္းဆုတ္၊ ုစဆုတ္ၾကၿပီး အၿပီးဆံုးထိ ေရာက္သြားေအာင္ဆက္ဆက္ ဆုတ္သြားႏိုင္ရင္ျဖင့္ သူ႕ေခါင္းမွာ သေျပညိဳ၊ ငါ့ေခါင္းမွာ သေျပညိဳ၊ တုိင္းျပည္မွာ သေျပညိဳဆိုတဲ့ ေအာင္ပန္းေတြနဲ႔ ေဝရမယ့္ ကိန္းမ်ိဳးသာျဖစ္ပါေတာ့တယ္။

သို႔ေသာ္ လက္ရွိအေျခအေနမွာေတာ့ျဖင့္ ဘယ္သူကမွစဆုတ္ဖို႔ အစီအစဥ္ရွိတာ မေတြ႕ရေသးပါဘူး။ အဲဒါဆိုရင္ ျပည္တြင္းစစ္ကလည္း ဆက္ျဖစ္ေနပါဦးမယ္။ ျပည္တြင္းစစ္ဆက္ျဖစ္ေနရင္ စစ္ေဘးဒုကၡသည္ေတြကလည္း ဆက္ရွိေနဦးမွာပါပဲ။ ျပည္တြင္းစစ္နဲ႔စစ္ေဘးဒုကၡသည္ေတြ ဆက္ရွိေနသေရြ႕ ၿငိမ္းခ်မ္းေရးဆိုတာကလည္း ေမွ်ာ္လင့္ခ်က္အလင္းတို႔ကင္းမဲ့ရာ အေမွာင္ညေတြလို ဆက္လက္ ဆိတ္သုဥ္းေနဦးမွာက ေျမႀကီးလက္ခတ္မလြဲပါပဲေလ။ ေၾသာ္ မလြဲတည့္ေလ။

ဆလိုင္းဆြန္ဘိခ္ထန္

 

Unicode

မြန်မာနိုင်ငံမှာစစ်ဘေးဒုက္ခသည်တွေရှိနေတယ်။ ဘာဖြစ်လို့လဲ၊ ငြိမ်းချမ်းရေးမရှိလို့။ ငြိမ်းချမ်းရေးက ဘာဖြစ်လို့မရှိရတာ လဲ၊ ပြည်တွင်းစစ်တွေဖြစ်နေလို့။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးတိုင်းပြည်တွေထဲက တိုင်းပြည်တစ်ပြည်ဖြစ်ပါ တယ်။ အဲ့ဒီတော့ ပြည်တွင်းစစ်၊ စစ်ဘေးဒုက္ခသည်၊ ငြိမ်းချမ်းရေးဆိတ်သုဉ်းမှုဆိုတဲ့ ဟာတွေထဲမှာ တိုင်းပြည်ဟာ အဖက်ဖက်က ချွတ်ခြုံ ကျမှုတွေနဲ့အတူ ချာလပတ်လည်နေပါတော့တယ်။

စစ်ဘေးဒုက္ခသည်

စစ်ဘေးဒုက္ခသည်ဆိုတာ စစ်ကြောင့် ဘေးဒုက္ခရောက်နေရသူတွေဖြစ်တယ်။ သူတို့ဟာစစ်ကြောင့် အသက်လုပြီး ထွက်ပြေးကြရတယ်။ စစ်ကြောင့် အစားအသောက်ဆင်းရဲကြရတယ်။ စစ်ကြောင့် အစားအသောက်ငတ်ပြတ်ကြရတယ်။ စစ်ကြောင့် ထိတ်ထိတ်လန့်လန့် အိပ်ကြရတယ်။ စစ်ကြောင့် ပညာသင်ယူခွင့်တွေ ဆုံးရှုံးကြရတယ်။ စစ်ကြောင့် နေ စရာတွေ ပျောက်ဆုံးကြရတယ်။ စစ်ကြောင့်အသက်ဘေးနဲ့ တွေ့ကြရတယ်။

အဲ့ဒီလိုစစ်ကြောင့်ဘေးဒုက္ခမျိုးစုံရောက်ကြရပေမယ့် မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေဟာ စစ်ဘေးဒုက္ခသည်လို့ တောင် အခေါ်မခံရတဲ့ ဘဝတွေ ဖြစ်ပါတယ်။ စစ်ကြောင့်ဘေးဒုက္ခတွေ ကြီးကြီးမားမားရောက်နေကြရတဲ့ သူတို့တတွေဟာ “စစ်ဘေးရှောင်ပြည်သူများ” လို့ နာမည်ပြောင်းခံရတယ်။ စစ်ကြောင့်တကယ်နာကျင်စပ်ခါး ခံစားနေရတဲ့ ဒုက္ခတွေဟာ ခပ်ဖော့ ဖော့ပြောပစ်လိုက်တာကို ခံလိုက်ရတယ်။ ဒါက မြန်မာနိုင်ငံမှာ တကယ်ဖြစ်နေတဲ့ အခြေအနေ။ အဲဒီဒုက္ခသည်တွေဟာ ဒီပြည်တွင်းစစ်ဆိုတဲ့ ငရဲရဲ့ ဘယ်တော့များမှ လွတ်မြောက်ကြမှာတဲ့လဲ။ ဒါကနိုင်ငံသားအားလုံးဝိုင်းမေးကြရမယ့် မေးခွန်း။ ဒီစစ်ဘေးဒုက္ခသည်တွေဟာ နိုင်ငံသားတွေဖြစ်ပါတယ်။

ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပာယ်က စကားဆက်စပ်ရာနဲ့ နေရာဒေသကိုလိုက်ပြီး အမျိုးမျိုးရှိနေနိုင်ပါ တယ်။ ဒီနေရာမှာတော့ ငြိမ်းချမ်းရေးဆိုတာက တိုင်းပြည်မှာ ပြည်တွင်းစစ်တွေမရှိခြင်း၊ တနည်းအားဖြင့် ပြည်တွင်းစစ်တွေ လုံးဝ ချုပ်ငြိမ်းသွားခြင်းကို ဆိုလိုပါသည်။ ထပ်ပြောရရင်ပြည်တွင်းစစ်တွေကို လက်နက်ကိုင်တပ်အားလုံးရဲ့ သဘောတူညီချက်တွေနဲ့ လုံးဝချုပ်ငြိမ်းပစ်လိုက်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

မြန်မာနိုင်င်္ငံမှာ ပြည်တွင်းစစ်တွေရှိနေတယ်။ အဲ့ဒီတော့ ဒီပြည်တွင်းစစ်တွေ ဘယ်တော့ချုပ်ငြိမ်းကြမှာလဲ။ ပြည်တွင်းစစ် မချုပ်ငြိမ်းသရွေ့ ငြိမ်းချမ်းရေးဆိုတာလည်း မရှိနိုင်သေးပါဘူး။ ဒါကမြန်မာနိုင်ငံရဲ့ တကယ့်လက်တွေ့အခြေအနေ။ လက်တွေ့ အခြေအနေမျိုးဆိုတာတွေဟာ တကယ့်အရှိတရားလည်း မည်ပါတယ်။ အရှိတရားဆိုတာဟာ အမှန်အမှား ငြင်းရတဲ့ ပြဿနာမျိုး မဟုတ်သလို လက်ခံခြင်း/လက်မခံခြင်းနဲ့လည်း မသက်ဆိုင်ပြန်ပါဘူး။ အရှိတရားဆိုတာဟာ လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ လုံးဝရှိနေတဲ့အရာပဲဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့် ငြိမ်းချမ်းရေး မရရှိုခြင်းဟာ မြန်မာနိုင်ငံမှာ လုံးဝရှိနေပါတယ်။ အဲ့ဒီ အတွက် ငြိမ်းချမ်းရေးမရရှိခြင်းကို ဖြစ်စေတဲ့ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးကို မဖြစ်စေတဲ့ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံက အရှိတရားတစ်ခုပဲဖြစ်ပါတယ်။

ပြည်တွင်းစစ်

မြန်မာနိုင်ငံဟာ ၁၉၄၈-ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်မြောက်ပြီး လွတ်လပ် ရေးရခဲ့တယ်။ လွတ်လပ်ရေးရပြီးလို့ သုံးလလောက်ကြာပြီးတဲ့နောက် အဲ့ဒီ ၁၉၄၈-ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာပဲ ပြည်တွင်းစစ် စဖြစ်ခဲ့တယ်။ အဲ့ဒီတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်သက်တမ်းဟာ ၂၀-ရာစုထဲမှာ နှစ်ပေါင်း ၅၂နှစ်တိုင်တိုင် ကြာရှည်ခဲ့ပြီး အခု ၂၁-ရာစုထဲမှာလည်း ၂၀၁၇-ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ၁၇-နှစ် တင်းတင်း ပြည့်ခဲ့ပြန်ပြီဖြစ်လို့ စုစုပေါင်း ၆၉-နှစ် ရှိပါတယ်။ ၂၀၁၈-ခုှနှစ်၊ ဧပြီလ ၁ ရက်နေ့ဆိုရင်တော့ ပြည်တွင်းစစ်ဟာ နှစ်-၇၀ ပြည့်ပါတော့မယ်။ မွေးနေ့ပွဲမလုပ်ကောင်းတဲ့ ပြည်တွင်းစစ်ဟာ တစ်နှစ်ပြီးတစ်နှစ် ကျော်ဖြတ်ရင်း အသက်တွေ ရှည်လာနေပါတယ်။

ဒီပြည်တွင်းစစ် နှစ်ပေါင်း ၇၀ နီးပါးမှာ သေသွားခဲ့တဲ့ အသက်ပေါင်း ဘယ်လောက်ရှိသလဲ။ ပျက်ခဲ့ရတဲ့ ဘဝပေါင်း ဘယ်လောက်ရှိခဲ့သလဲ။ ပြည်တွင်းစစ်အတွက်ကုန်ကျခဲ့တဲ့ ငွေကြေးပမာဏကရော ဘယ်လောက်ရှိခဲ့သလဲ။ ပြည်တွင်းစစ်မှာ သုံးစွဲခဲ့တဲ့ အသက်၊ ဘဝ၊ လုပ်အားနဲ့ ငွေကြေးတွေရဲ့ စုစုပေါင်း တန်ဖိုးပမာဏနဲ့ အရှေ့တောင်အာရှရဲ့ ထိပ်ဆုံးဒီနေ့ခေတ် စင်ကာပူနိုင်ငံဖြစ်လာအောင် တည်ဆောက်ခဲ့ရတဲ့ လုပ်အားနဲ့ ငွေကြေးတွေရဲ့ စုစုပေါင်းတန်ဖိုးပမာဏတွေမှာ ဘယ်ဖက်က ပိုများနေနိုင်လဲ။ ပြည်တွင်းစစ်ရဲ့ရည်ရွယ်ချက်တွေဟာ ဘာတွေလဲ။ ဒါတွေကို စဉ်းစားကြည့်သင့်တယ်လို့ မထင်ကြဘူးလား။

ပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းတွေကတော့ အများကြီး ရှိနေနိုင်ပါတယ်။ အဲ့ဒီလိုအကြောင်းတွေထဲမှာ ဘာကြောင့် ညာကြောင့် စစ်ဖြစ်ရပါတယ်ဆိုတဲ့အကြောင်းတွေကြောင့် စစ်ဖြစ်ရတာရှိသလို စစ်ဖြစ်ချင်လို့ကို အကြောင်းတွေကို ပြတတ်ကြတာ လည်း ရှိနေနိုင်ပါသေးတယ်။ တစ်နည်းအားဖြင့် ပြောရရင် အဲဒီအကြောင်းတွေဟာ စစ်ဖြစ်ဖို့အတွက် ထိုးတတ်ကြတဲ့ လက်ညှိုးတွေနဲ့လည်း ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဆိုပြီး လက်ညှိုးတွေသာ အဆက်မပြတ် ထိုးနေကြတယ်။ ပြည်တွင်းစစ် ကတော့ အခုထိကို ပြီးဆုံးသွားတယ်ဆိုတာ မရှိသေးပါဘူး။ နောင်ရော ပြီးသွားမှာလားဆိုတော့ အဲ့ဒီလို လက်ညှိုးဆက်ထိုးနေရင် ပြီးဆုံးဖို့လမ်းကလည်း သိပ်မမြင်ဘူးလို့ပဲ ပြောရပါလိမ့်မယ်။

ပြည်တွင်းစစ်ဘယ်တော့ပြီးမှာလဲ

ပြည်တွင်းစစ်ဘယ်တော့ပြီးမှာလဲလို့မေးလာရင် ဒီအဖြေကို လက်နက်ကိုင်တပ်ဖွဲ့တွေ အကုန်လုံး ဖြေရပါလိမ့်မယ်။ ဒီအဖြေက သူတို့ အကုန်လုံးရဲ့ လက်ထဲမှာ ရှိနေပါတယ်။ သူတို့မပြီးသေးရင် ပြည်တွင်းစစ်က ဆက်ရှိနေမယ်။ သူတို့ ပြီးချင်ပြီဆို ရင်တော့ ပြည်တွင်းစစ်က လုံးဝ ပြီးဆုံးသွားပါလိမ့်မယ်။

ဒဿနပညာမှာ “ယိုးဒယား ဘာကြောင့်၊ ညာကြောင့် ဆိုတဲ့အကြောင်းတွေကြောင့် လု်ပ်နေကြတာမဟုတ်ဘဲ လိုချင်လို့ ကို အကြောင်းတွေ လျှောက်ပြောနေကြတာပါ” ဆိုတဲ့ သဘောမျိုးရှိပါတယ်။ ဒီအဆိုအရဆိုရင်တော့ ဘာကြောင့်ညာကြောင့်ဆို တဲ့ အကြောင်းတွေကြောင့် ပြည်တွင်းစစ်တွေ ဖြစ်နေရတာဆိုတာထက် ပြည်တွင်းစစ်ဖြစ်ချင်လို့ကို အကြောင်းတွေကို လျှောက်ပြ နေကြတာလား ဆိုတာကိုလည်း စဉ်းစားကြရလိမ့်မယ်။ အဲဒီအတွက် လက်နက်ကိုင်တပ်ခေါင်းဆောင်တွေ လက်ရှိပြနေတဲ့ အကြောင်းတချို့ကို လေ့လာကြည့်ပါမယ်။

မြန်မာ့မြေပေါ်မှာရှိတဲ့ လက်နက်ကိုင်တပ်တွေကို မပြောခင် အဲဒီလက်နက်ကိုင်တပ်တွေ အကုန်လုံးကို အကြမ်းဖျင်းအား ဖြင့် အုပ်စုနှစ်စု ခွဲထားကြည့်ပါမယ်။ တစ်ခုက မြန်မာစစ်တပ်ဖြစ်ပြီး နောက်တစ်ခုကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာစစ်တပ်က စီမံခန့်ခွဲတဲ့ အုပ်ချုပ်ရေးထဲမှာ ရှိနေတယ်။ ဥပဒေပြုတဲ့ လွှတ်တော် မှာ ရှိနေတယ်။ သီးခြားတရားစီရင်ခွင့်ရနေတာမို့လို့ တရားစီရင်ရေးထဲမှာလည်း ရှိနေတယ်လို့ ပြောနိုင်ပါလိမ့်မယ်။ အဲဒီ မဏ္ဍိုင် သုံးရပ်က ဘယ်တော့ထွက်ခွာမှာလဲလို့ မေးတဲ့အခါ လက်ရှိအချိန်မှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ငြိမ်းချမ်းသွား တဲ့အခါမှ ထွက်မယ့်သဘော ပြောထားကြပါတယ်။ ဆိုလိုတာက ပြည်တွင်းစစ်ရှိနေသရွေ့ အဲဒီမဏ္ဍိုင်သုံးရပ်ထဲမှာ ဆက်နေအုံး မယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်နေပါတယ်။ တိုင်းပြည်ငြိမ်းချမ်းသွားမှ အစိုးရထဲက ထွက်ခွာမယ်၊ စစ်တန်းလျားကို ပြန်မယ်ဆို တာက မြန်မာစစ်တပ်က ပြတဲ့ အကြောင်းပြချက်ဖြစ်တယ်။ အဲဒီအကြောင်းပြချက်အရ အစိုးရထဲမှာ ဆက်ရှိနေအုံးမယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ဆက်တိုက်နေရအုံးမယ်။ ပြည်တွင်းစစ်ကလည်း ဆက်ဖြစ်နေရပါလိမ့်မယ်။ အဲဒါဆိုရင် စစ်ဘေးဒုက္ခသည်တွေလည်း ဆက်ရှိနေပါလိမ့်အုံးမယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဘက်ကို ကြည့်ပြန်တော့ သူတို့ကလည်း သူတို့အကြောင်းပြချက်နဲ့သူတို့ ရှိနေကြပါ တယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း အဖွဲ့တွေအများအပြားရှိနေကြသလို တစ်ဖွဲ့နဲ့တစ်ဖွဲ့သဘောတူညီတယ် လို့လည်း ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် သူတို့အကုန်လုံးမှာ တူညီတဲ့ အကြောင်းပြချက်တစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှ အခွင့်အရေးနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဖြစ်ပါတယ်။ သူတို့ကလည်း ဒီအခွင့်အရေးတွေ မပြည့်ဝသရွေ့ လက်နက်ကိုဆက်ကိုင်ထားရဦးမှာပဲလို့ ဆိုကြပါတယ်။

အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖက်ကို ကြည့်ရင်လည်း ပြည်တွင်းစစ်က ဆက်ဖြစ်နေပါလိမ့်ဦးမယ်။ ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေရင် စစ်ကြောင့်ဖြစ်ရတဲ့ စစ်ဘေးဒုက္ခသည်တွေက ဆက်ပြီးရှိနေပါလိမ့်ဦးမယ်။ ဒီလိုအခြေအနေမျိုး မှာ ပြည်တွင်းစစ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ တစ်ရပ် မြန်မာနိုင်ငံမှာ မရှိဘူးလားလို့ မေးရပါလိမ့်မယ်။

ကမ္ဘာပေါ်က ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲမှာ “သမ္မတသည် လက်နက်ကိုင်တပ်များ၏ အကြီးအမှူး၊ စစ်သေနာပတိချုပ်ဖြစ်သည်”လို့ ပြဆိုထားသလိုမျိုး မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ မပြဆိုထားပါဘူး။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လက်ရှိအရပ်သားအစိုးရက လက်နက်ကိုင်တပ်တွေကို စီမံခန့်ခွဲခွင့်ရှိတဲ့ အစိုးရမဟုတ်ပါဘူး။ အဲဒါကြောင့်ပဲ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရဖို့အတွက် အရပ်သားအစိုးရဟာ ၂၁ ရာစု ပင်လုံနဲ့ ငြိမ်းချမ်းရေးညီလာခံတွေ ကို ဦးဆောင်ကျင်းပနေရပေမယ့် အနှစ်သာရသဘောအရ တကယ့်တကယ် တိတိကျကျပြောရရင် ပွဲကြီးကြပ်တဲ့ အဆင့်လောက် မှာပဲ ရှိတယ်လို့ ဆိုရပါလိမ့်မယ်။

အဲ့ဒီအတွက်ကြောင့် ပြည်တွင်းစစ်၊ စစ်ဘေးဒုက္ခသည်၊ ငြိမ်းချမ်းရေးဆိုတာတွေနဲ့ပတ်သက်လို့ တကယ့်အဖြေက အရပ်သားအစိုးရရဲ့လက်ထဲမှာ ရှိမနေဘဲ လက်နက်ကိုင်တပ်တွေရဲ့ လက်ထဲမှာသာ ရှိနေပါတယ်။ အဲ့ဒီတော့ ငြိမ်းချမ်းရေးဆိုတာ ကလည်း လိပ်ခဲတည်းလည်း အခြေအနေဖြစ်နေတာမို့ ပြည်တွင်းစစ်ဘယ်တော့ပြီးမှာလဲဆိုတဲ့ အမေးကိုဖြေဖို့က အခက်အခဲ ဖြစ်နေရပါတော့တယ်။

တကယ်လို့သာ အရပ်သားအစိုးရရဲ့အောက်မှာ မြန်မာစစ်တပ်သာ ရှိနေမယ်ဆိုရင်တော့ ပြည်တွင်းစစ်ပြဿနာကို ဖြေ ရှင်းရတာက လက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေမျိုးနဲ့မတူတော့ဘဲ အခြားပုံစံတစ်မျိုးလည်းဖြစ်သွားနိုင်ပါတယ်။ မြန်မာစစ်တပ် က အရပ်သားအစိုးရရဲ့လက်အောက်မှာ ရှိနေတာဖြစ်တဲ့အတွက် အရပ်သားအစိုးရက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ရိုက်ဆွေးနွေး၊ တိုက်ရိုက်ဆုံးဖြတ်ချက်တွေ ချနိုင်ပါတယ်။ ဒီအခြေအနေမှာ ဆုံးဖြတ်ချက်ချသူတွေက အရပ်သားအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်ပါတယ်။ ဒါပေမယ့်လက်ရှိမှာတော့ အဲဒီလိုမဟုတ်ဘဲ ပြည်တွင်းစစ်အဆုံးသတ်ရေး အတွက် ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေက မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်နေကြပြီး အရပ်သားအစိုးရက ကြားခံသဘောသက်သက်မျှသာ ဖြစ်နေပါတယ်။

လက်တွေ့မှာတော့ မြန်မာစစ်တပ်က အရပ်သားအစိုးရရဲ့လက်အောက်မှာ ရှိနေဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ရပါမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ဆိုရင် ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်းကျော်ဖို့ လိုပါတယ်။ ကမ္ဘာပေါ်မှာ ရွေးကောက်ပွဲလွှတ်တော်ကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကလည်း မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုတည်းပဲ ရှိပါတယ်။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ကလည်း ၁၀၀ ရာခိုင်နှုန်းပဲ ခွင့်ပြုထားတာမို့လို့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်းနဲ့ပြင်လို့မရတဲ့ ဥပဒေဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်သွားပါတော့ တယ်။
လက်ရှိမြန်မာ့လွှတ်တော်တွေထဲက လွှတ်တောကိုယ်စားလှယ်တွေမှာ အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေက ၇၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အဲဒီအရပ်သားလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းဟာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်းနဲ့ ပြင်လို့မရတဲ့ ဥပဒေဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေနဲ့ တွေ့ကြုံနေရပေမယ့် လက်နက်ကိုင်တပ်တွေကသာ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် စလို့ရတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ အထက်မှာဆိုခဲ့တဲ့ဟာတွေဟာ သိပ်ကိုအပြုသဘော မဆောင်တဲ့ ဟာတွေပါလို့ တစ်စုံတစ် ယောက်က ပြောလာမယ်ဆိုလည်း ပြောနိုင်ပါတယ်။ မြန်မာစစ်တပ်က ပြည်တွင်းစစ်မရှိလို့ ငြိမ်းချမ်းရေးရသွားရင် အစိုးရထဲက ဆုတ်ခွာဖို့ပြောထားတဲ့အချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတဲ့ တန်းတူအခွင့်အရေး ရရင် လက်နက်မကိုင်ဘူးဆိုတဲ့အချက်တွေကို ဆွဲထုတ်ပြီး အပြုသဘောဆောင်တဲ့ဖက်က ချဉ်းကပ်ကြည့်ရင်လည်း ဖြစ်နိုင်စရာ အကြောင်းတွေ ရှိနေပါတယ်။

၁။ မြန်မာစစ်တပ်ကပြောထားတာက ပြည်တွင်းစစ်တွေမရှိလို့ ငြိမ်းချမ်းရေးရရင် အစိုးရထဲက ဆုတ်ခွာပြီး စစ်တန်းလျားကို ပြန်မယ်။ အဲဒါဆိုရင်မြန်မာစစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရရဲ့ လက်အောက်ကို ပြန်ရောက်သွားပါမယ်။

၂။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဆိုတဲ့ တန်းတူညီမျှအခွင့်အရေးမရှိလို့ လက်နက်ကိုင်ရတယ်။ တန်းတူညီမျှအခွင့်အရေးရှိရင် လက်နက်ကိုင်စရာမလိုဘူးလို့ ပြောကြတယ်။ အဲဒါဆိုရင် သူတို့ကလည်း တန်းတူညီမျှ အခွင့်အရေးအတွက် လက်နက်ကိုင်ထားတာ၊ တန်းတူညီမျှအခွင့်အရေးရတာနဲ့ လက်နက်မကိုင်တော့ဘူူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်သွားပါတယ်။

အထက်ပါအချက်နှစ်ချက်ကို ချုပ်လိုက်ရင် မြန်မာစစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရရဲ့ လက်အောက်ကိုပြန်သွား မယ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက လက်နက်မကိုင်ဘူးဆိုတဲ့ ရည်ရွယ်ချက်ကိုပဲ ရပါတော့မယ်။ ဒီနေရာမှာ မေးရမှာက အဲဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်တဲ့နည်းလမ်းမရှိတော့ဘူးလားဆိုတာ ဖြစ်ပါတယ်။
အဲဒီရည်ရွယ်ချက်တွေနဲ့ပတ်သက်လို့ အကောင်အထည်ဖော်တဲ့အခါမှာ သူကလည်း ၁၀၀ ရာခိုင်နှုန်းအကုန်လုံးပြည့်မှ၊ ငါကလည်း ၁၀၀ ရာခိုင်နှုန်းအကုန်လုံးရမှဆိုတဲ့ အပြုသဘောမဆောင်တဲ့ဘက်က ချဉ်းကပ်တဲ့ နည်းလမ်းတွေထက်စာရင် တစ်ဖက်ကို ၁ ရာခိုင်နှုန်းစီပဲဖြစ်ဖြစ် တစ်ဖက်တစ်လှည့်စီ ဖြည့်ဖြည့်သွားမယ်။ အပြုသဘောဆောင်တဲ့ဖက်ကနေ ချဉ်းကပ်တဲ့ နည်းလမ်းကပိုပြီး အလုပ်ဖြစ်၊ ပိုပြီး အကျိုးများမယ် ထင်ပါတယ်။

အဲဒီလိုအလှမ်း ၁၀၀ ရှိတဲ့ခရီးတစ်ခုအတွက် သူတစ်လှမ်း ကိုယ်တစ်လှမ်းနဲ့ ပထမဆုံးခြေလှမ်းကို အပြည့်အဝရမှဖြစ်မယ် ဆိုတဲ့ နည်းတွေထက် တစ်ဆင့်ချင်းဆုတ်သွား၊ တစ်ဆင့်ချင်း အခွင့်အရေးတွေဖြည့်သွားတဲ့နည်းဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ မြန်မာစစ်တပ်က ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာပြည်နယ်တွေက တိုက်ရိုက်ရွေးကောက်တင်မြှောက်ခွင့်ရအောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးတဲ့နည်းနဲ့ ငြိမ်းချမ်းရေးလမ်းကို စဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒါပြီးရင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ကြားခံအဖွဲ့အစည်းဆီမှာ ယာယီ လက်နက်အပ်နှံပြီး တစ်ဆင့်ဆုတ်မယ်။ ဒါပြီးပြီဆိုရင် မြန်မာစစ်တပ်က အစိုးရအဖွဲ့ထဲကထွက်ပေးလို့ စစ်တန်းလျားဆီကိုပြန်ကာ တစ်ဆင့်ထပ်ဆုတ်ပေးမယ်။ အဲဒါပြီးရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက လက်နက်ကို အပြီးအပိုင် စွန့်ပြီး တစ်ဆင့် ထပ်ဆုတ်ရပါမယ်။

ဒီနည်းလမ်းက တစ်ဖက် ၁၀၀ ရာခိုင်နှုန်း အပြီးဆုတ်ခွာပြီးမှ တစ်ဖက်ကလည်း ၁၀၀ ရာခိုင်နှုန်းအပြီးဆုတ်ခွာမယ်ဆိုတဲ့ နည်းမျိုးမဟုတ်ဘဲ နှစ်ဖက်စလုံးက တစ်ဆင့်ချင်းစီ ဆုတ်ခွာသွားတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဘက်နှစ်ဖက်ရှိတာမှာ တစ်ဖက်က အပြီးဆုတ်ခွာပြီးမှ အခြားတစ်ဖက်ကလည်း အပြီးဆုတ်ခွာ လက်နက်ချမယ်ဆိုတာဟာ လက်တွေ့မှာ တော်တော် မဖြစ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဖက်စလုံးက သူတစ်ဆင့်ဆုတ်ခွာ၊ ကိုယ်တစ်ဆင့်ဆုတ်ခွာဆိုရင်တော့ ဒါကဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

အရင်ဦးဆုံး ဒီမိုဒယ်ကို အကောင်အထည်မဖော်ခင်မှာ လက်နက်ကိုင်တပ် လက်နက်ကိုင်တွေက ဆောင်ရွက်ရမယ့် အပိုင်းနဲ့ ရွေးကောက်ခံအရပ်သားအစိုးရနဲ့ပြည်သူတွေက ဆောင်ရွက်ရမယ့်အပိုင်းဆိုပြီး အပိုင်းနှစ်ပိုင်းခွဲထားသင့်ပါတယ်။ အပေါ်မှာပြောခဲ့တာတွေက လက်နက်ကိုင်တပ်တွေရဲ့အပိုင်းဖြစ်ပါတယ်။ လက်နက်ကိုင်တပ်တွေရဲ့အပိုင်းကို အကောင်အထည် မဖော်ခင်မှာလည်း အကောင်အထည်ဖော်ရမယ့်အဆင့်ဆင့်နဲ့ အဲဒီအဆင့်တွေကို ရာခိုင်နှုန်းသတ်မှတ်တာတွေ ပြုလုပ်သင့် ပါတယ်။

ဥပမာ လက်နက်ကိုင်တပ်တွေ အကောင်အထည်ဖော်ရမယ့်အဆင့်က ၂၀ ရှိတယ်ဆိုရင် အဲဒါကို ၁၀၀ ရာခိုင်နှုန်း သတ်မှတ်ပါမယ်။ အထက်မှာဖော်ပြခဲ့တဲ့ နမူနာအဆင့်တွေက တစ်ဆင့်နှစ်ဆင့်ပဲရှိပါတယ်။ ဒါက နမူနာသက်သက်သာဖြစ်ပါ တယ်။ တကယ့်လက်တွေ့အကောင်အထည်ဖော်ဖို့ အသေးစိတ်အဆင့်သတ်မှတ်တဲ့အခါမှာတော့ အဆင့်ပေါင်း ၂၀ မက ဖြစ်သွားနိုင်သလို ၃၀ မကလည်း ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီအတွက်အရင်ဦးဆုံးမြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ် တွေဟာ နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုယူပြီး အဆင့်တွေကို သတ်မှတ်ရပါမယ်။ ပြီးတော့ အဲဒီအဆင့်တွေအတိုင်း တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားကြဖို့ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အကောင်အထည်ဖော်ပြီးသွားတဲ့ အဆင့်တွေကို ရာခိုင်နှုန်းသတ် မှတ်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်က ဘယ်နှရာခိုင်နှုန်း အောင်မြင်သွားပြီဆိုတာကို ကြေညာဖို့ဖြစ်ပါတယ်။

လက်နက်ကိုင်တပ်တွေက တစ်ဆင့်ချင်းဆီ ဆုတ်ခွာလို့ပြီးသွားရင် ကျန်နေတာတွေကို ရွေးကောက်ခံအရပ်သားအစိုးရနဲ့ ပြည်သူတွေက ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရပါမယ်။ လက်နက်ကိုင်တပ်တွေအပိုင်းက ငြိမ်းချမ်းရေးမိုဒယ်ကို အကောင်အထည်မဖော်ခင်မှာ ရွေးကောက်ခံအရပ်သားအစိုးရနဲ့ပြည်သူတွေက အကောင်အထည်ဖော်ရမယ့် အပိုင်းတွေကို လည်း အသေးစိတ်ရေးဆွဲထားသင့်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ခေါင်းဆောင်တွေကိုယ်တိုင် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ပွဲဝင်နိုင်အောင်လည်း လမ်းဖွင့်ပေးထားရပါမယ်။ ဒီမြန်မာ့ငြိမ်းချမ်းရေးမိုဒယ်မှာ ရွေးကောက်ခံ အရပ်သားအစိုးရနဲ့ပြည်သူတွေအပိုင်းက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုသွားမယ့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရ အောင်ကြိုးစားရပါမယ်။ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရပြီဆိုတာနဲ့ ပြည်နယ်အသီးသီးကလည်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အရ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ရေးဆွဲသွားကြရပါမယ်။ အဲဒါဆိုရင်လှပတဲ့ ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုနဲ့ပြည်နယ်အသီးသီးရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ပေါ်ထွက်လာပါလိမ့်မယ်။

ဖက်ဒရယ်မူရဲ့သဘောတရားအရ ပြည်ထောင်စုနဲ့ပြည်နယ်တွေရဲ့အကြားမှာ (၁) အာဏာခွဲဝေမှု၊ (၂) သဃံဇာတခွဲဝေမှု နဲ့ (၃) အခွန်အခခွဲဝေမှုဆိုပြီးအနည်းဆုံးတော့ ခွဲဝေမှုသုံးမျိုးကို အခြေခံပြီး ခွဲဝေမှုတွေ လုပ်ရပါမယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံဥပဒေနဲ့မဆန့်ကျင်ရင် အာဏာခွဲဝေမှုရဲ့အောက်မှာ ပြည်နယ်တစ်ခုရဲ့ ဥပဒေပြုရေး၊ စီမံခန့်ခွဲအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို အဲဒီပြည်နယ်က ပြည်သူတွေက သူတို့စိတ်ကြိုက် စီမံဆောင်ရွက်နိုင်ရပါမယ်။ ဒါက အာဏာခွဲဝေမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတဲ့ တန်းတူညီမျှ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

သဃံဇာတခွဲဝေမှုနဲ့အခွန်အခခွဲဝေမှုမှာတော့ အငြင်းပွားမှုတစ်ချို့ရှိနေနိုင်ပါတယ်။ ဒါပေမယ့်ဒီနေရာမှာလည်း သဃံဇာတ နဲ့အခွန်အခခွဲဝေမှုတွေက အတိုင်းအတာတစ်ခုထိရှိတယ်ဆိုရင် အဲဒီအခြေခံတစ်ခုနဲ့ စသင့်တယ်လို့ယူဆပါတယ်။ ဆိုလိုတာက တောင်းဆိုထားတဲ့ ၁၀၀ ရာခိုင်နှုန်းပြည့်မှ သဘောတူနိုင်မယ်ဆိုတာမျိုးထက် အခြေခံတစ်ခုကိုရတာနဲ့စတင်ပြီး အဲဒီအခြခံတစ်ခု ကနေ ၁၀၀ ရာခိုင်နှုန်းပြည့်ဝသွားအောင်ဆက်သွားကြတဲ့ နည်းလမ်းကို ရွေးချယ်အသုံးပြုဖို့ ဖြစ်ပါတယ်။

ဒါက ပြည်တွင်းစစ် ချုပ်ငြိမ်းသွားစေဖို့အတွက် စိတ်ကူးကြံဆကြည့်ထားတဲ့ မြန်မာ့ငြိမ်းချမ်းရေးမိုဒယ် ပုံကြမ်းတစ်ခုဖြစ်ပါ တယ်။ ဒီနည်းလမ်းဟာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ မတိုးသာမဆုတ်သာ ဖြစ်နေတဲ့အချိန်မျိုးမှာ အခြားနည်းလမ်းတစ်ခုကို ရှာပြီး ခရီးဆက်တဲ့နည်းဖြစ်ပါတယ်။ လက်နက်ကိုင်တပ်အားလုံးရော ရွေးကောက်ခံအရပ်သားအစိုးရနဲ့ပြည်သူတွေပါ သိက္ခာရှိရှိ ရှေ့ဆက်နိုင်မယ့် နည်းလမ်းလို့လည်း ယူဆပါတယ်။

မကြာခင်မှာ ပြည်တွင်းစစ်သက်တမ်းဟာ နှစ် ၇၀ ပြည့်ပါတော့မယ်။ ဒါက စစ်ဘေးဒုက္ခသည်တွေ ခံစားခဲ့ရ၊ ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေဟာ နှစ်ပေါင်း ၇၀ ရှိပြီဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။ လူတွေအသက်ရှည်တာက ကောင်းပါတယ်။ တိုင်းပြည် မှာ ကောင်းတဲ့စနစ်တွေလည်း ကာလကြာရှည် တည်မြဲလို့သက်တမ်းရှည်နေရင် ကောင်းပါတယ်။ ဒီလိုကောင်းတဲ့အရာမျိုးတွေက ရွှေရတုတွေ၊ စိန်ရတုတွေ၊ ပတ္တမြားရတုတွေ မကလို့ ရှိသမျှ ရတနာတွေနဲ့အကုန် ရတုလုပ်လည်း ကောင်းချီးမင်္ဂလာတွေသာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်တွင်းစစ်ကို သက်တမ်းရှည်အောင် မွေးထားတာမျိုးတွေကတော့ ကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ ပြောရပါ လိမ့်မယ်။ ဆိုလိုတာက ပြည်တွင်းစစ်မွေးနေ့တွေဟာ အခါခါလုပ်လို့ကောင်းတဲ့အရာမျိုးမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ပြည်တွင်းစစ်တွေ အဓွန့်ရှည်နေသရွေ့ တိုင်းပြည်ကလည်း ဆက်လက်နာကျင်နေပါဦးမယ်။ နိုင်ငံသားတွေရဲ့ စိတ်ခံစားမှုတွေ ကလည်း ဆက်လက်ဖျားနာကိုက်ခဲနေပါလိမ့်ဦးမယ်။ ဒီလိုနာကျင်ရမယ့်နေရာတွေမှာ ကြင်နာမှုတွေကိုသာ အစားထိုးပြောင်း ထည့်နိုင်ကြရင်ဖြင့် တိုင်းပြည်က ကောင်းသထက်ကောင်းဖို့ပဲရှိပါလိမ့်မယ်။

အဲဒီတော့ ဘယ်သူလွန်တယ်၊ ဘယ်ဝါလွန်တယ်လို့ ပြောမနေကြတော့ဘဲ စစ်မြေပြင်ကနေ သူတစ်လှမ်းဆုတ်၊ ငါတစ်လှမ်းဆုတ်၊ ုစဆုတ်ကြပြီး အပြီးဆုံးထိ ရောက်သွားအောင်ဆက်ဆက် ဆုတ်သွားနိုင်ရင်ဖြင့် သူ့ခေါင်းမှာ သပြေညို၊ ငါ့ခေါင်းမှာ သပြေညို၊ တိုင်းပြည်မှာ သပြေညိုဆိုတဲ့ အောင်ပန်းတွေနဲ့ ဝေရမယ့် ကိန်းမျိုးသာဖြစ်ပါတော့တယ်။

သို့သော် လက်ရှိအခြေအနေမှာတော့ဖြင့် ဘယ်သူကမှစဆုတ်ဖို့ အစီအစဉ်ရှိတာ မတွေ့ရသေးပါဘူး။ အဲဒါဆိုရင် ပြည်တွင်းစစ်ကလည်း ဆက်ဖြစ်နေပါဦးမယ်။ ပြည်တွင်းစစ်ဆက်ဖြစ်နေရင် စစ်ဘေးဒုက္ခသည်တွေကလည်း ဆက်ရှိနေဦးမှာပါပဲ။ ပြည်တွင်းစစ်နဲ့စစ်ဘေးဒုက္ခသည်တွေ ဆက်ရှိနေသရွေ့ ငြိမ်းချမ်းရေးဆိုတာကလည်း မျှော်လင့်ချက်အလင်းတို့ကင်းမဲ့ရာ အမှောင်ညတွေလို ဆက်လက် ဆိတ်သုဉ်းနေဦးမှာက မြေကြီးလက်ခတ်မလွဲပါပဲလေ။ သြော် မလွဲတည့်လေ။

ဆလိုင်းဆွန်ဘိခ်ထန်