• Today is: Wednesday, September 22, 2021

စရိုက်နှစ်မျိုး သရုပ်ဆောင်သူ

Federal Journal
August27/ 2021

စ႐ိုက္နွစ္မ်ဳိး သ႐ုပ္ေဆာင္သူ

 

ႏွစ္ကိုယ္ခြဲသ႐ုပ္ေဆာင္သည့္ ႐ုပ္ရွင္မ်ားကို ၾကည့္ဖူးၾကပါလိမ့္မည္။ စာေရးသူ ပထမဆံုးၾကည့္ဖူးသည့္ ႏွစ္ကိုယ္ခြဲ႐ုပ္ရွင္မွာ ႏွစ္ျမႊာအသည္းျဖစ္ၿပီး ႐ုပ္ရွင္မင္းသမီး စႏၵာက သ႐ုပ္ေဆာင္ထားသည္။ စႏၵာ၏ သ႐ုပ္ေဆာင္မႈမွာ ပီျပင္လွၿပီး ဇာတ္ပို႔ ေဒၚျမေလး၏ “ေျပာကိုမေျပာခ်င္ေတာ့ပါဘူး” ဟု ညည္းညဴသံမွာလည္း နာမည္ႀကီးခဲ့သည္။ ထိုကဲ့သို႔ မင္းသား၊ မင္းသမီးတစ္ဦးဦးက ႏွစ္ကိုယ္ခြဲသ႐ုပေဆာင္မႈကို ႐ုပ္ရွင္ပိုစတာ၊ ႐ုပ္ရွင္ေႀကာ္ျငာမ်ားတြင္ စ႐ိုက္နွစ္မ်ဳိးသ႐ုပ္ေဆာင္သည္ဟု ေရးသားေႀကာ္ျငာခဲ့ၾကသည္။

ယခုျမန္မာ့ႏုိင္ငံေရးအခင္းအက်င္းတြင္လည္း လူတစ္ဦးတည္းႏွင့္ စ႐ိုက္ႏွစ္မ်ဳိး သ႐ုပ္ေဆာင္ရန္ ႀကိဳးစားသူတစ္ဦး ေပၚေပါက္လာသည္။ ထိုသူမွာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔တြင္ စစ္အာဏာသိမ္းယူခဲ့ၿပီး စစ္ေကာင္စီဥကၠ႒အျဖစ္တစ္မ်ဳိး ႏိုင္ငံေတာ္၀န္ႀကီးခ်ဳပ္အျဖစ္တစ္ဖံု သ႐ုပ္ေဆာင္သည့္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ပင္ ျဖစ္၏။ တကယ္ေတာ့ သူသည္ ျမန္မာ့ႏိုင္ငံေရးသမိုင္းတြင္ ႏုိင္ငံအာဏာကို မတရားရယူၿပီး စ႐ိုက္ႏွစ္မ်ဳိးသ႐ုပ္ေဆာင္ရန္ ပထမဆံုး ႀကိဳးစားသူေတာ့ မဟုတ္ေပ။

၁၉၆၂ ခုႏွစ္က အာဏာသိမ္းယူခဲ့သည့္ ဗိုလ္ခ်ဳပ္ႀကီးေန၀င္းကို အားက် အတုခိုးျခင္းသာ ျဖစ္၏။ ဗိုလ္ခ်ဳပ္ႀကီးေန၀င္းသည္ အာဏာသိမ္းယူၿပီးေနာက္ ေတာ္လွန္ေရးေကာင္စီဥကၠ႒အျဖစ္ တာ၀န္ယူခဲ့သည္။ ထို႔ေနာက္ ၁၉၇၄ ခုႏွစ္တြင္ တစ္ပါတီစနစ္ကို က်င့္သံုးရန္ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ေရးဆြဲအတည္ျပဳခဲ့ၿပီး ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီကို တည္ေထာင္ကာ ပါတီဥကၠ႒ႀကီးတာ၀န္ ယူခဲ့သည္။ တစ္ၿပိဳင္တည္းပင္ ႏုိင္ငံကို အုပ္ခ်ဳပ္ရန္ ႏိုင္ငံေတာ္ေကာင္စီကို ဖြဲ႕စည္းၿပီး ႏိုင္ငံေတာ္ေကာင္စီဥကၠ႒အျဖစ္ သမၼတရာထူးကိုပါ ယူခဲ့ျပန္သည္။ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္လည္း ထိုသေဘာအတိုင္း တိုင္းျပည္အာဏာကို အဖက္ဖက္က ခ်ဳပ္ကိုင္ႏိုင္ရန္ ႀကိဳးစားျခင္းျဖစ္သည္။

ႏိုင္ငံတြင္ ကိုဗစ္(COVID-19)ေရာဂါ တတိယလိႈင္း အျပင္းအထန္ျဖစ္ပြားေနခ်ိန္တြင္ ၀န္ႀကီးခ်ဳပ္ရာထူးကို ကိုယ့္ကိုယ္ခန္႔အပ္ကာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ အစိုးရအဖြဲ႕မ်ား ခန္႔အပ္လိုက္ျခင္းက စစ္ေကာင္စီအေနျဖင့္ အာဏာကို ဆက္လက္ခ်ဳပ္ကိုင္ႏိုင္ရန္ ေရွ႕တစ္လွမ္းတိုးလိုက္ျခင္းသာ ျဖစ္သည္။ ၾသဂုတ္လ ၁ ရက္ေန႔မိန္႔ခြန္းတြင္ အေရးေပၚကာလကို ၂၀၂၃ ခုႏွစ္အထိ သက္တမ္းတိုးလိုက္ျခင္းကလည္း ေရွ႕စကားႏွင့္ ေနာက္စကား မညီေသာ အတြင္းအဇၩတကို ထုတ္ေဖာ္ျပလိုက္ျခင္းလည္း ျဖစ္သည္။

ယခင္တစ္ပတ္အတြင္းက အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ ဘ႐ူႏိုင္း ႏုိင္ငံျခားေရး၀န္ႀကီး(၂)ကို ခန္႔အပ္တာ၀န္ေပးၿပီး အာဆီယံဘံုသေဘာတူညီခ်က္ ၅ ရပ္ပါ ျမန္မာႏိုင္ငံအတြင္းရွိ ဘက္ေပါင္းစံုမွ ပါ၀င္ပတ္သက္ေသာသူမ်ားႏွင့္ ေတြ႕ဆံုေရးမွာလည္း စစ္ေကာင္စီ၏ သေဘာတူညီခ်က္ မရမျခင္း ရပ္တန္႔ေနရဦးမည့္ အေျခအေန ျဖစ္ေနသည္။ စစ္ေကာင္စီအေနျဖင့္ ဘံုသေဘာတူညီခ်က္ ၅ ရပ္အနက္ ျမန္မာႏုိင္ငံအေပၚ လူသားခ်င္း စာနာသည့္ အေထာက္အပံ့မ်ားေပးေရးဆိုသည့္ အခ်က္မွလြဲ၍ အျခားေသာ အခ်က္မ်ားကို စိတ္၀င္စားျခင္း မရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကား႐ံုသာ ရွိေတာ့သည္။

ယခုအေတာအတြင္း ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး လင္ဒါဂရင္းဖီးလ္သည္ ဘန္ေကာက္သို႔ ေရာက္ရွိလာၿပီး ျမန္မာျပည္သူမ်ားအတြက္ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီအျဖစ္ ေဒၚလာ သန္း ၅၀ ေထာက္ပံ့သြားမည္ဟု ထုတ္ျပန္ေၾကညာလိုက္သည္။ အဆိုပါအကူအညီမ်ားကို ျပည္တြင္းရွိ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားထံ ေပးအပ္သြားမည္ဟု ဆိုသည္။ ကယ္လီဖိုးနီးယားရွိ B K Lee ေဖာင္ေဒးရွင္းႏွင့္ အျခား လူမႈအက်ဳိးေဆာင္မ်ားကလည္း ေဒၚလာ ၁ ဒသမ ၁ သန္းအား Match Fund အျဖစ္ ကိုဗစ္ကပ္ေရာဂါ ခံေနရေသာ ျမန္မာျပည္သူမ်ား၏ အသက္ကို ကယ္တင္ရန္ COVID-19 SOS ကမ္ပိန္းကို စတင္လိုက္ၿပီျဖစ္သည္။

စစ္ေကာင္စီေၾကာင့္ ေနအိမ္စြန္႔ခြာေနရသူမ်ားႏွင့္ COVID-19 ကပ္ေရာဂါေၾကာင့္ လူမႈစီးပြားဘ၀မ်ား ထိခိုက္နစ္နာသူမ်ားအား ႏုိင္ငံတကာမွ လွဴဒါန္းလိုမႈမ်ားႏွင့္ ေနၾကခ်ိန္တြင္ အဓိကျပႆနာျဖစ္ေသာ ႏိုင္ငံေရး အက်ပ္အတည္းကို ေျဖရွင္းေရးမွာ စိန္ေခၚမႈမ်ားစြာ ရွိေနသည္။ စစ္ေကာင္စီဘက္က ေတြ႕ဆံုေဆြးေႏြးေရးကို စိတ္မပါသည့္အျပင္ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္ကာ မဲစာရင္းအမွားမ်ားကို ႏုိင္ငံတကာ သံတမန္မ်ားအား ရွင္းလင္းျပသမည္ဟု ဆိုလာသည္။ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက လြတ္လပ္၍ တရားမွ်တပါသည္ဆိုေသာ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို ဖ်က္သိမ္းလိုက္ျခင္းက လူထုေထာက္ခံမႈရထားသည့္ အန္အယ္လ္ဒီပါတီကို ဖ်က္သိမ္းရန္ ေျခလွမ္းအစပ်ဳိးလိုက္ျခင္း ျဖစ္၏။

ယခုႏွစ္ စက္တင္ဘာလအတြင္း ကုလသမဂၢ အေထြေထြညီလာခံ၌ အမ်ဳိးသားညီညြတ္ေရးအစိုးရ (NUG) ႏွင့္ စစ္ေကာင္စီတို႔၏ အင္အားၿပိဳင္မႈကို ျပည္သူလူထုက ေစာင့္ၾကည့္ေနၾကၿပီး NUG အစိုးရကို ကုလသမဂၢက အသိအမွတ္ျပဳရန္ ေထာက္ခံမႈမ်ား ျပဳလုပ္ေနၾကသည္။

စစ္ေကာင္စီဥကၠ႒အျဖစ္ႏွင့္ ႏို္င္ငံေတာ္၀န္ႀကီးခ်ဳပ္အျဖစ္ စ႐ိုက္ႏွစ္မ်ဳိးစလံုးယူထားသူ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကမူ ႏိုင္ငံသား သန္း ၅၀ ေက်ာ္အတြက္ ကိုဗစ္ကာကြယ္ေဆး ၀ယ္ယူပါက ႏိုင္ငံမြဲသြားႏိုင္ေသာေၾကာင့္ ျပည္တြင္းတြင္ COVID-19 ကာကြယ္ေဆးထုတ္ရမည္ျဖစ္ေၾကာင္း၊ သစ္သီးသစ္ဥမ်ားမွတစ္ဆင့္လည္း တိုင္းရင္းေဆးကို ကာကြယ္ေဆးထုတ္မည္ျဖစ္ေၾကာင္း ေျပာဆိုလာသည္။

ရာမယနဇာတ္ကို ၾကည့္ဖူးသူတိုင္း ဒႆဂီရိဘီလူးကို အမွတ္ရၾကပါလိမ့္မည္။ ဒႆဂီရိသည္ ေခါင္းဆယ္လံုးရွိေသာ္လည္း ခႏၶာကိုယ္တစ္ခုတည္းသာရွိသူ မဟုတ္လား။ လူတစ္ကိုယ္လည္းက ရာထူးႏွစ္ခုယူထားေသာ္လည္း စ႐ိုက္ကေတာ့ ႏွစ္ကိုယ္ခြဲ၍ မရႏိုင္ပါ။ ဘယ္ဘီလူးမွလည္း သတ္သတ္လြတ္စားမည္ မဟုတ္ေၾကာင္း သတိခ်ပ္ၾကေစခ်င္သည္။

 

ေမာဂၢလိ

 

စရိုက်နှစ်မျိုး သရုပ်ဆောင်သူ

 

နှစ်ကိုယ်ခွဲသရုပ်ဆောင်သည့် ရုပ်ရှင်များကို ကြည့်ဖူးကြပါလိမ့်မည်။ စာရေးသူ ပထမဆုံးကြည့်ဖူးသည့် နှစ်ကိုယ်ခွဲရုပ်ရှင်မှာ နှစ်မြွှာအသည်းဖြစ်ပြီး ရုပ်ရှင်မင်းသမီး စန္ဒာက သရုပ်ဆောင်ထားသည်။ စန္ဒာ၏ သရုပ်ဆောင်မှုမှာ ပီပြင်လှပြီး ဇာတ်ပို့ ဒေါ်မြလေး၏ “ပြောကိုမပြောချင်တော့ပါဘူး” ဟု ညည်းညူသံမှာလည်း နာမည်ကြီးခဲ့သည်။ ထိုကဲ့သို့ မင်းသား၊ မင်းသမီးတစ်ဦးဦးက နှစ်ကိုယ်ခွဲသရုပဆောင်မှုကို ရုပ်ရှင်ပိုစတာ၊ ရုပ်ရှင်ကြော်ငြာများတွင် စရိုက်နှစ်မျိုးသရုပ်ဆောင်သည်ဟု ရေးသားကြော်ငြာခဲ့ကြသည်။

ယခုမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင်လည်း လူတစ်ဦးတည်းနှင့် စရိုက်နှစ်မျိုး သရုပ်ဆောင်ရန် ကြိုးစားသူတစ်ဦး ပေါ်ပေါက်လာသည်။ ထိုသူမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းယူခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌအဖြစ်တစ်မျိုး နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်တစ်ဖုံ သရုပ်ဆောင်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပင် ဖြစ်၏။ တကယ်တော့ သူသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် နိုင်ငံအာဏာကို မတရားရယူပြီး စရိုက်နှစ်မျိုးသရုပ်ဆောင်ရန် ပထမဆုံး ကြိုးစားသူတော့ မဟုတ်ပေ။

၁၉၆၂ ခုနှစ်က အာဏာသိမ်းယူခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်းကို အားကျ အတုခိုးခြင်းသာ ဖြစ်၏။ ဗိုလ်ချုပ်ကြီးနေဝင်းသည် အာဏာသိမ်းယူပြီးနောက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက် ၁၉၇၄ ခုနှစ်တွင် တစ်ပါတီစနစ်ကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်ကာ ပါတီဥက္ကဋ္ဌကြီးတာဝန် ယူခဲ့သည်။ တစ်ပြိုင်တည်းပင် နိုင်ငံကို အုပ်ချုပ်ရန် နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်ကောင်စီဥက္ကဋ္ဌအဖြစ် သမ္မတရာထူးကိုပါ ယူခဲ့ပြန်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ထိုသဘောအတိုင်း တိုင်းပြည်အာဏာကို အဖက်ဖက်က ချုပ်ကိုင်နိုင်ရန် ကြိုးစားခြင်းဖြစ်သည်။

နိုင်ငံတွင် ကိုဗစ်(COVID-19)ရောဂါ တတိယလှိုင်း အပြင်းအထန်ဖြစ်ပွားနေချိန်တွင် ဝန်ကြီးချုပ်ရာထူးကို ကိုယ့်ကိုယ်ခန့်အပ်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အစိုးရအဖွဲ့များ ခန့်အပ်လိုက်ခြင်းက စစ်ကောင်စီအနေဖြင့် အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ရန် ရှေ့တစ်လှမ်းတိုးလိုက်ခြင်းသာ ဖြစ်သည်။ သြဂုတ်လ ၁ ရက်နေ့မိန့်ခွန်းတွင် အရေးပေါ်ကာလကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးလိုက်ခြင်းကလည်း ရှေ့စကားနှင့် နောက်စကား မညီသော အတွင်းအဇ္ဈတကို ထုတ်ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။

ယခင်တစ်ပတ်အတွင်းက အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂)ကို ခန့်အပ်တာဝန်ပေးပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ပါ မြန်မာနိုင်ငံအတွင်းရှိ ဘက်ပေါင်းစုံမှ ပါဝင်ပတ်သက်သောသူများနှင့် တွေ့ဆုံရေးမှာလည်း စစ်ကောင်စီ၏ သဘောတူညီချက် မရမခြင်း ရပ်တန့်နေရဦးမည့် အခြေအနေ ဖြစ်နေသည်။ စစ်ကောင်စီအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်အနက် မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာသည့် အထောက်အပံ့များပေးရေးဆိုသည့် အချက်မှလွဲ၍ အခြားသော အချက်များကို စိတ်ဝင်စားခြင်း မရှိကြောင်း ထုတ်ဖော်ပြောကြားရုံသာ ရှိတော့သည်။

ယခုအတောအတွင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါဂရင်းဖီးလ်သည် ဘန်ကောက်သို့ ရောက်ရှိလာပြီး မြန်မာပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် ဒေါ်လာ သန်း ၅၀ ထောက်ပံ့သွားမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါအကူအညီများကို ပြည်တွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးအပ်သွားမည်ဟု ဆိုသည်။ ကယ်လီဖိုးနီးယားရှိ B K Lee ဖောင်ဒေးရှင်းနှင့် အခြား လူမှုအကျိုးဆောင်များကလည်း ဒေါ်လာ ၁ ဒသမ ၁ သန်းအား Match Fund အဖြစ် ကိုဗစ်ကပ်ရောဂါ ခံနေရသော မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် COVID-19 SOS ကမ်ပိန်းကို စတင်လိုက်ပြီဖြစ်သည်။

စစ်ကောင်စီကြောင့် နေအိမ်စွန့်ခွာနေရသူများနှင့် COVID-19 ကပ်ရောဂါကြောင့် လူမှုစီးပွားဘဝများ ထိခိုက်နစ်နာသူများအား နိုင်ငံတကာမှ လှူဒါန်းလိုမှုများနှင့် နေကြချိန်တွင် အဓိကပြဿနာဖြစ်သော နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေးမှာ စိန်ခေါ်မှုများစွာ ရှိနေသည်။ စစ်ကောင်စီဘက်က တွေ့ဆုံဆွေးနွေးရေးကို စိတ်မပါသည့်အပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကာ မဲစာရင်းအမှားများကို နိုင်ငံတကာ သံတမန်များအား ရှင်းလင်းပြသမည်ဟု ဆိုလာသည်။ နိုင်ငံတကာအဖွဲ့အစည်းများက လွတ်လပ်၍ တရားမျှတပါသည်ဆိုသော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်ခြင်းက လူထုထောက်ခံမှုရထားသည့် အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းရန် ခြေလှမ်းအစပျိုးလိုက်ခြင်း ဖြစ်၏။

ယခုနှစ် စက်တင်ဘာလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကောင်စီတို့၏ အင်အားပြိုင်မှုကို ပြည်သူလူထုက စောင့်ကြည့်နေကြပြီး NUG အစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုရန် ထောက်ခံမှုများ ပြုလုပ်နေကြသည်။

စစ်ကောင်စီဥက္ကဋ္ဌအဖြစ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စရိုက်နှစ်မျိုးစလုံးယူထားသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ နိုင်ငံသား သန်း ၅၀ ကျော်အတွက် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူပါက နိုင်ငံမွဲသွားနိုင်သောကြောင့် ပြည်တွင်းတွင် COVID-19 ကာကွယ်ဆေးထုတ်ရမည်ဖြစ်ကြောင်း၊ သစ်သီးသစ်ဥများမှတစ်ဆင့်လည်း တိုင်းရင်းဆေးကို ကာကွယ်ဆေးထုတ်မည်ဖြစ်ကြောင်း ပြောဆိုလာသည်။

ရာမယနဇာတ်ကို ကြည့်ဖူးသူတိုင်း ဒဿဂီရိဘီလူးကို အမှတ်ရကြပါလိမ့်မည်။ ဒဿဂီရိသည် ခေါင်းဆယ်လုံးရှိသော်လည်း ခန္ဓာကိုယ်တစ်ခုတည်းသာရှိသူ မဟုတ်လား။ လူတစ်ကိုယ်လည်းက ရာထူးနှစ်ခုယူထားသော်လည်း စရိုက်ကတော့ နှစ်ကိုယ်ခွဲ၍ မရနိုင်ပါ။ ဘယ်ဘီလူးမှလည်း သတ်သတ်လွတ်စားမည် မဟုတ်ကြောင်း သတိချပ်ကြစေချင်သည်။

 

မောဂ္ဂလိ