• Today is: Thursday, April 22, 2021

စေတနာသည်သာ ပဓာန

Federal Journal
October15/ 2020

စေတနာသည်သာ ပဓာန

ငြိမ်းချမ်းရေးဖော်ဆောင်မှုအကြောင်း ပြောရမည်ဆိုလျှင် ပြည်တွင်းစစ်ကစ၍ ပြောရမည် ဖြစ်သည်။

မြန်မာပြည်၏ ပြည်တွင်းစစ်စဖြစ်သော ကာလကို ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်ဟု အားလုံးက လက်ခံထားကြသည်။ သို့သော် ဘယ်သူ့ကြောင့် စဖြစ်ရသလဲဟူသည့် ကိစ္စနှင့် ပတ်သက်၍ ကွဲလွဲချက်တွေ ရှိနေသည်။ အာဏာရအစိုးရ အဆက် ဆက်က ပြည်တွင်းစစ် ဖြစ်ရခြင်း သည် ကွန်မြူနစ်ပါတီ၏ လက် နက်ကိုင်တော်လှန်ရေး ကြောင့် ဟုဆိုသည်။ ကွန်မြူနစ် ပါတီဘက်ကလည်း ပါတီဌာနချုပ် ကို အစိုးရက ဝင်စီးပြီး ပါတီဝင်များကို ဖမ်းဆီး၍ဟုဆိုသည်။ ဤအရာက အာဏာရ အစိုးရနှင့် ကွန်မြူနစ်ပါတီ၏ အပိုင်းသာ ဖြစ်သည်။

တိုင်းရင်းသားလူမျိုးများ၏ လက် နက်ကိုင်တော် လှန်ရေးကရော ဘာကြောင့် ဖြစ်ပေါ်လာရသလဲဆိုသည့် ပြည် တွင်းစစ်၏ အပိုင်းတစ်ခုရှိသေး သည်။ ဗိုလ်မှူးချုပ်ဟောင်း ကျော် ဇောက ၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် မှတ်ချက် တစ်ခု ပေးခဲ့သည်။

“ဒီပြည်တွင်းစစ်ကို ထပ်ပြီး ပိုမိုနက်ရှိုင်းစေတဲ့ အကြောင်း တစ်ရပ်လည်း ရှိပါသေး တယ်။ ဒါကတော့ တိုင်းပြည်မှ လွတ်လပ်ရေးနှင့်အတူ အရေးအကြီးဆုံး ဖြေရှင်းရမယ့် ပြဿနာကြီး တစ်ရပ် ဖြစ်တဲ့ လူမျိုးစု များက အမျိုးသားရေးရဲ့ အခြေခံ သဘောထားဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိရေး ပြဿနာများ အပေါ်မှာ မှန်ကန်စွာ မဖြေ ရှင်းနိုင်ဘူး။ ဒီလိုမဖြေရှင်းနိုင်ကြတဲ့အတွက် လူမျိုးစု များက မိမိတို့ရဲ့ တန်းတူရေး နဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးအတွက်လူးလွန့်လှုပ်ရှား ပြီး တိုက်ပွဲဝင်လာ ခဲ့ကြတယ်။ ဒါကို ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင် ဆန်းဖြေရှင်းသလို မဖြေရှင်းနိုင်ဘဲ ဖိနှိပ်ရေးကိုသာ အလေးပေးခဲ့တဲ့အတွက် လူမျိုးစုများနဲ့ ပဋိပက္ခ ပိုမို ပြင်းထန်လာခဲ့တယ်။ နောက် လက်နက်ကိုင် တိုက်ပွဲ တွေ ဖြစ်လာခဲ့ရတယ်”ဟု မှတ်ချက်ပေးခဲ့သည်။

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး ကာလများတွင် အတူလက်တွဲ လုပ်ကိုင်ခဲ့ကြသော မိတ်ဆွေ၊ ညီအစ်ကိုတွေ တစ်ဖက်စီကွဲသွားကြပြီး ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရသည်။ ယခုအခါ ပြည်တွင်းစစ် သည် နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီးနောက် တတိယ မျိုးဆက်အထိ ရောက်လာခဲ့သည်။ စစ်ပွဲသက်တမ်း တစ်လျှောက် အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံး ခဲ့ရသည်။ ထိုဆုံးရှုံးမှုများထဲမှ အကြီးမားဆုံး ဆုံးရှုံး မှုမှာ ပင်လုံစာချုပ်ကို အခြေခံပြီးရှိခဲ့သော တိုင်းရင်း သားညီညွတ်ရေးစိတ်ဓာတ် ပွန်းပဲ့လာခြင်းပင် ဖြစ် သည်။ တိုင်းရင်းသားလူမျိုးများနှင့် ခေတ်အဆက်ဆက် အာဏာရှင်တို့၏ တိုက်ပွဲများကြောင့် အခြားတိုင်းရင်း သားများက ဗမာတိုင်းရင်းသားများအပေါ် မုန်းတီး ဆန့်ကျင်လာကြခြင်း ဖြစ်သည်။

ထို့အတွက် ပြည်တွင်းစစ်မီးကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းပြီး ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းလာကြ သည်။ ထို့ကြောင့်လည်း အမျိုးသား ပြန်လည်သင့်မြတ် ရေးလမ်းကြောင်းကို ပုံဖော်ခဲ့ကြသည်။

စစ်အာဏာရှင်အစိုးရအဆက်ဆက်တွင် ငြိမ်း ချမ်းရေးဖော်ဆောင်ရာ၌ အမျိုးသား ပြန်လည်သင့် မြတ်ရေးလမ်းကြောင်းကို အကောင်အထည်မဖော်ဘဲ လက်နက်ချ အလင်းဝင်ရေးလမ်းကြောင်းကိုသာ အကောင်အထည်ဖော်သဖြင့် ငြိမ်းချမ်းရေးနှင့် ဝေးကွာ ခဲ့ရသည်။ ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီနှင့် ဆွေးနွေးပွဲမှာလည်းကောင်း၊ ၁၉၈၀ ပြည့်နှစ်ဝန်းကျင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် KIO တို့နှင့် ဆွေးနွေးပွဲ မှာလည်းကောင်း အောင်မြင်မှုနှင့် ဝေးခဲ့ရသည်။ နဝတအစိုးရလက်ထက် ၁၉၉၀ ဝန်းကျင် ငြိမ်းချမ်းရေး လုပ်ငန်းမှာလည်း အပစ်အခတ်ရပ်စဲရေးထက် မပိုခဲ့ ပေ။

အရပ်သားအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု အစမှာဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေလမ်းကြောင်း အတိုင်း ၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ တက်လာသော သမ္မတဦးသိန်းစိန်၏လက်ထက်တွင် ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ တက်လာပြီး ငါးလအကြာ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအတွက် တရားဝင်ဖိတ်ခေါ်ကမ်း လှမ်းလိုက်သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် တိုင်းရင်းသားလူမျိုးများက ညီလာခံတစ်ရပ် ခေါ်လိုက် ပြီး အစိုးရ၏ ဖိတ်ခေါ်ကမ်းလှမ်းချက်မှာ နိုင်ငံရေး ထောင်ချောက်လား၊ ငြိမ်းချမ်းရေး အခွင့်အလမ်းလား ဟု ဝေဖန်ဆွေးနွေးခဲ့ကြသည်။ သမ္မတ ဦးသိန်းစိန်လက် ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့သည်။

သို့ရာတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသားကိုယ်စားလှယ် များ ဆွေးနွေးပွဲတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းခြင်းကိစ္စကြောင့် ဆွေးနွေးပွဲပျက်ရတော့မလို ဖြစ်ခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ် မတ်လတွင် ကျင်းပ သော ဆွေးနွေးပွဲ၌မူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (သဘောတူမူကြမ်း)ကို ရရှိခဲ့ပြန်သည်။ သဘောတူစာချုပ်ကိစ္စအတွက် တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့ဘက်က ထိပ်သီး ငါးယောက် နှင့် သမ္မတတို့ တွေ့ဆုံခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ လ ၁၅ ရက်နေ့တွင် တရားဝင် လက်မှတ်ရေးထိုးနိုင်ခဲ့ သည်။ အားလုံးပါဝင်ရေးမူကို အစိုးရဘက်က လက်မခံ သဖြင့် တိုင်းရင်းသားအဖွဲ့ ရှစ်ဖွဲ့သာ လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ (ပထမအကြိမ်)ကို နေပြည်တော်၌ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ တွင် စတင်ကျင်းပခဲ့သည်။ ညီလာခံတွင် NCA ၌ အားလုံးပါဝင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့သော် လည်း အောင်မြင်မှုနှင့် ဝေးနေရဆဲ ဖြစ်သည်။ ထို ညီလာခံပြီးနောက် တပ်မတော်က KIA အပေါ် ထိုးစစ် ဆင်သဖြင့် အရှေ့မြောက်ဖျားတွင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ရပြန်သည်။ ဤသည်မှာ သမ္မတဦးသိန်းစိန်လက်ထက် က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ် တပ်မတော် ၏ ပစ်ခတ်မှုကြောင့် KIO ဌာနချုပ် လိုင်ဇာရှိ ဗိုလ် သင်တန်းကျောင်းပေါ် အမြောက်ကျည်ဆန် ကျရသလို မျိုးပင် ဖြစ်သည်။ NLD အစိုးရလက်ထက် ငါးနှစ်နီးပါး ကာလအတွင်း ၂၁ ရာစုပင်လုံညီလာခံများ ကျင်းပ ခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပခြင်းများ ရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ နှင့်သာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်သေး သည်။

NLD အစိုးရလက်ထက်တွင် နိုင်ငံ၏ အရှေ့ မြောက်ပိုင်း၌ အခြေချခဲ့သော AA တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်း ပြည်နယ်ဒေသအချို့၌ အခြေချတပ်စွဲလာကာ အစိုးရ တပ်များနှင့် တိုက်ပွဲဖြစ်လာခြင်းကို တွေ့ရသည်။ တပ်မတော်က အခြားသောတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲထားပြီး ရခိုင်ပြည် နယ်မြောက်ပိုင်းတွင်မူ AA နှင့် စစ်ဆင်နေရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဒေသခံပြည်သူများမှာ လည်း စစ်ဘေးရှောင်များ ဖြစ်လာရသည်။

ခြုံငုံ၍ကြည့်လျှင် နှစ်ပေါင်း ၇၀ ကျော်ကာလ အတွင်း စစ်မီးမငြိမ်းနိုင်ခြင်းကပင် ငြိမ်းချမ်းရေးကို ရှေ့ဆက်တိုး၍မရ ဖြစ်နေသည်။ ပြည်တွင်းစစ်ဖြစ်ရ ခြင်းတွင် အကြောင်းနှစ်ချက်ရှိသည်။ ပထမအချက် မှာ အာဏာရအစိုးရက လွတ်လပ်စွာ ရေးသားပြောဆို ခွင့်၊ စုရုံးခွင့်၊ ဆန္ဒပြခွင့်အပါအဝင် ဒီမိုကရေစီအခွင့် အရေးများကို မပေးဘဲ လူ့အခွင့်အရေးကို ချိုးဖောက်  ကာ အတိုက်အခံများကို နှိမ်နင်းဖမ်းဆီးခြင်း ဖြစ် သည်။ ထို့ကြောင့် တောခိုကာ လက်နက်ကိုင်လမ်းစဉ် ကို ကိုင်စွဲကြသည်။ ဒုတိယအချက်မှာ ပင်လုံစာချုပ် တွင်ပါသော ကတိကဝတ်များကို အကောင်အထည် မဖော်ဘဲ ငြင်းပယ်ထား၍ တိုင်းရင်းသားလူမျိုးစုများက လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲကြခြင်း ဖြစ်၏။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထား ချက်အရ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သော အစိုးရ တက်လာပြီးနောက် ငြိမ်းချမ်းရေးဆိုသည့် အသံများ ကို ကျယ်လောင်စွာ ကြားခဲ့ရသည်။ ယခုနောက်ပိုင်း ငြိမ်းချမ်းရေးဆိုသည့်အသံက ဝါးတားတားသာ ကြား ရတော့သည်။ စစ်ကြောင့် ဘဝပျက်ခဲ့ရသော၊ အနာဂတ် ပျောက်ခဲ့ရသော တိုင်းရင်းသားပြည်သူတွေ၏ မျက်နှာ ကိုကြည့်ပြီး စေတနာဖြင့် ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်သင့်ပြီ ဖြစ်သည်။

အဓိကမှာ တိုင်းရင်းသားပြည်သူတွေအပေါ်တွင် ထားရှိအပ်သည့် စေတနာဖြစ်သည်။ ငြိမ်းချမ်းရေးအား စစ်အစိုးရပဲ ဖော်ဆောင်သည်ဖြစ်ဖြစ်၊ အရပ်သား အစိုးရကပဲ ဖော်ဆောင်သည်ဖြစ်ဖြစ် စေတနာပါဖို့က အရေးကြီးသည်။ စေတနာဆိုသည်မှာ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် တန်းတူညီမျှမှု ရှိရေးပင် ဖြစ်သည်။ တိုင်းရင်း သားပြည်သူများက မကြာခဏ တောင်းဆိုသည်မှာ လည်း ထိုကိစ္စသာ ဖြစ်သည်။ ထို့ကြောင့်လည်း ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ပြုဖို့ အကြိမ်ကြိမ် ဆွေးနွေးညိနှိုင်းနေကြခြင်းသည် ဆွေး နွေးညှိနှိုင်းရင်းဖြင့်ပင် ရှေ့တိုးမရသည့် ဥပဒေအတား အဆီးတွေ တွေ့ပြန်သည်။ ဥပဒေဆိုသည်က လူက ပြဋ္ဌာန်းထားသဖြင့် လူဖြင့် ပြင်၍ပြီးသည်။ သို့သော် ပြင်လိုသည့်စေတနာမရှိလျှင်ဖြင့် ဘယ်တော့မှ ပြင်နိုင် မည်မဟုတ်ပေ။ ငြိမ်းချမ်းရေးရရှိဖို့ ဒီမိုကရေစီ ဖက် ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ဖို့က ထိုအလုပ်လုပ် သူများ၏  စိတ်ရင်းစေတနာပေါ်တွင် မူတည်သည်။

 

ဗညားလှိုင်ဦး

 

 

ေစတနာသည္သာ ပဓာန

ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈအေၾကာင္း ေျပာရမည္ဆိုလွ်င္ ျပည္တြင္းစစ္ကစ၍ ေျပာရမည္ ျဖစ္သည္။

ျမန္မာျပည္၏ ျပည္တြင္းစစ္စျဖစ္ေသာ ကာလကို ၁၉၄၈ ခုႏွစ္ မတ္လ ၂၈ ရက္ဟု အားလံုးက လက္ခံထားၾကသည္။ သို႔ေသာ္ ဘယ္သူ႔ေၾကာင့္ စျဖစ္ရသလဲဟူသည့္ ကိစၥႏွင့္ ပတ္သက္၍ ကြဲလြဲခ်က္ေတြ ရွိေနသည္။ အာဏာရအစိုးရ အဆက္ ဆက္က ျပည္တြင္းစစ္ ျဖစ္ရျခင္း သည္ ကြန္ျမဴနစ္ပါတီ၏ လက္ နက္ကိုင္ေတာ္လွန္ေရး ေၾကာင့္ ဟုဆိုသည္။ ကြန္ျမဴနစ္ ပါတီဘက္ကလည္း ပါတီဌာနခ်ဳပ္ ကို အစိုးရက ဝင္စီးၿပီး ပါတီဝင္မ်ားကို ဖမ္းဆီး၍ဟုဆိုသည္။ ဤအရာက အာဏာရ အစိုးရႏွင့္ ကြန္ျမဴနစ္ပါတီ၏ အပိုင္းသာ ျဖစ္သည္။

တိုင္းရင္းသားလူမ်ိဳးမ်ား၏ လက္ နက္ကိုင္ေတာ္ လွန္ေရးကေရာ ဘာေၾကာင့္ ျဖစ္ေပၚလာရသလဲဆိုသည့္ ျပည္ တြင္းစစ္၏ အပိုင္းတစ္ခုရွိေသး သည္။ ဗိုလ္မွဴးခ်ဳပ္ေဟာင္း ေက်ာ္ ေဇာက ၁၉၆၁ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရက္ေန႔တြင္ မွတ္ခ်က္ တစ္ခု ေပးခဲ့သည္။

“ဒီျပည္တြင္းစစ္ကို ထပ္ၿပီး ပိုမိုနက္႐ိႈင္းေစတဲ့ အေၾကာင္း တစ္ရပ္လည္း ရွိပါေသး တယ္။ ဒါကေတာ့ တိုင္းျပည္မွ လြတ္လပ္ေရးႏွင့္အတူ အေရးအႀကီးဆံုး ေျဖရွင္းရမယ့္ ျပႆနာႀကီး တစ္ရပ္ ျဖစ္တဲ့ လူမ်ိဳးစု မ်ားက အမ်ိဳးသားေရးရဲ႕ အေျခခံ သေဘာထားျဖစ္တဲ့ တန္းတူေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္း ခြင့္ရရွိေရး ျပႆနာမ်ား အေပၚမွာ မွန္ကန္စြာ မေျဖ ရွင္းႏိုင္ဘူး။ ဒီလိုမေျဖရွင္းႏိုင္ၾကတဲ့အတြက္ လူမ်ိဳးစု မ်ားက မိမိတို႔ရဲ႕ တန္းတူေရး နဲ႔ ကိုယ္ပိုင္ ျပ႒ာန္းခြင့္ ရရွိေရးအတြက္လူးလြန္႔လႈပ္ရွား ၿပီး တိုက္ပြဲဝင္လာ ခဲ့ၾကတယ္။ ဒါကို ပင္လံုညီလာခံမွာ ဗိုလ္ခ်ဳပ္ေအာင္ ဆန္းေျဖရွင္းသလို မေျဖရွင္းႏိုင္ဘဲ ဖိႏွိပ္ေရးကိုသာ အေလးေပးခဲ့တဲ့အတြက္ လူမ်ိဳးစုမ်ားနဲ႔ ပဋိပကၡ ပိုမို ျပင္းထန္လာခဲ့တယ္။ ေနာက္ လက္နက္ကိုင္ တိုက္ပြဲ ေတြ ျဖစ္လာခဲ့ရတယ္”ဟု မွတ္ခ်က္ေပးခဲ့သည္။

နယ္ခ်ဲ႕ဆန္႔က်င္ေရး၊ ဖက္ဆစ္ဆန္႔က်င္ေရး ကာလမ်ားတြင္ အတူလက္တြဲ လုပ္ကိုင္ခဲ့ၾကေသာ မိတ္ေဆြ၊ ညီအစ္ကိုေတြ တစ္ဖက္စီကြဲသြားၾကၿပီး ျပည္တြင္းစစ္ႀကီး ျဖစ္ခဲ့ရသည္။ ယခုအခါ ျပည္တြင္းစစ္ သည္ ႏွစ္ေပါင္း ၇၀ ေက်ာ္ ၾကာခဲ့ၿပီးေနာက္ တတိယ မ်ိဳးဆက္အထိ ေရာက္လာခဲ့သည္။ စစ္ပြဲသက္တမ္း တစ္ေလွ်ာက္ အသက္အိုးအိမ္စည္းစိမ္မ်ားစြာ ဆံုး႐ံႈး ခဲ့ရသည္။ ထိုဆံုး႐ံႈးမႈမ်ားထဲမွ အႀကီးမားဆံုး ဆံုး႐ံႈး မႈမွာ ပင္လံုစာခ်ဳပ္ကို အေျခခံၿပီးရွိခဲ့ေသာ တိုင္းရင္း သားညီညြတ္ေရးစိတ္ဓာတ္ ပြန္းပဲ့လာျခင္းပင္ ျဖစ္ သည္။ တိုင္းရင္းသားလူမ်ိဳးမ်ားႏွင့္ ေခတ္အဆက္ဆက္ အာဏာရွင္တို႔၏ တိုက္ပြဲမ်ားေၾကာင့္ အျခားတိုင္းရင္း သားမ်ားက ဗမာတိုင္းရင္းသားမ်ားအေပၚ မုန္းတီး ဆန္႔က်င္လာၾကျခင္း ျဖစ္သည္။

ထို႔အတြက္ ျပည္တြင္းစစ္မီးကို ႏိုင္ငံေရးနည္းႏွင့္ ေျဖရွင္းၿပီး ၿငိမ္းခ်မ္းေရးရေအာင္ ႀကိဳးပမ္းလာၾက သည္။ ထို႔ေၾကာင့္လည္း အမ်ိဳးသား ျပန္လည္သင့္ျမတ္ ေရးလမ္းေၾကာင္းကို ပံုေဖာ္ခဲ့ၾကသည္။

စစ္အာဏာရွင္အစိုးရအဆက္ဆက္တြင္ ၿငိမ္း ခ်မ္းေရးေဖာ္ေဆာင္ရာ၌ အမ်ိဳးသား ျပန္လည္သင့္ ျမတ္ေရးလမ္းေၾကာင္းကို အေကာင္အထည္မေဖာ္ဘဲ လက္နက္ခ် အလင္းဝင္ေရးလမ္းေၾကာင္းကိုသာ အေကာင္အထည္ေဖာ္သျဖင့္ ၿငိမ္းခ်မ္းေရးႏွင့္ ေဝးကြာ ခဲ့ရသည္။ ၁၉၆၃ ခုႏွစ္ ေတာ္လွန္ေရးေကာင္စီႏွင့္ ေဆြးေႏြးပြဲမွာလည္းေကာင္း၊ ၁၉၈၀ ျပည့္ႏွစ္ဝန္းက်င္ ဗမာျပည္ကြန္ျမဴနစ္ပါတီႏွင့္ KIO တို႔ႏွင့္ ေဆြးေႏြးပြဲ မွာလည္းေကာင္း ေအာင္ျမင္မႈႏွင့္ ေဝးခဲ့ရသည္။ နဝတအစိုးရလက္ထက္ ၁၉၉၀ ဝန္းက်င္ ၿငိမ္းခ်မ္းေရး လုပ္ငန္းမွာလည္း အပစ္အခတ္ရပ္စဲေရးထက္ မပိုခဲ့ ေပ။

အရပ္သားအစိုးရ၏ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ အစမွာျဖင့္ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒလမ္းေၾကာင္း အတိုင္း ၂၀၁၀ ေရြးေကာက္ပြဲႏွင့္အတူ တက္လာေသာ သမၼတဦးသိန္းစိန္၏လက္ထက္တြင္ ျဖစ္သည္။ ျပည္ခိုင္ၿဖိဳးပါတီ တက္လာၿပီး ငါးလအၾကာ ၂၀၁၁ ခုႏွစ္ ဩဂုတ္လ ၁၈ ရက္ေန႔တြင္ တစ္ႏိုင္ငံလံုး ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးအတြက္ တရားဝင္ဖိတ္ေခၚကမ္း လွမ္းလိုက္သည္။ ၂၀၁၁ ခုႏွစ္ စက္တင္ဘာလတြင္ တိုင္းရင္းသားလူမ်ိဳးမ်ားက ညီလာခံတစ္ရပ္ ေခၚလိုက္ ၿပီး အစိုးရ၏ ဖိတ္ေခၚကမ္းလွမ္းခ်က္မွာ ႏိုင္ငံေရး ေထာင္ေခ်ာက္လား၊ ၿငိမ္းခ်မ္းေရး အခြင့္အလမ္းလား ဟု ေဝဖန္ေဆြးေႏြးခဲ့ၾကသည္။ သမၼတ ဦးသိန္းစိန္လက္ ထက္တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၁၄ ဖြဲ႕ႏွင့္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ရခဲ့သည္။

သို႔ရာတြင္ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလတြင္ ျပဳလုပ္ေသာ အစိုးရႏွင့္ တိုင္းရင္းသားကိုယ္စားလွယ္ မ်ား ေဆြးေႏြးပြဲတြင္ လံုၿခံဳေရးဆိုင္ရာ ျပန္လည္ေပါင္း စည္းျခင္းကိစၥေၾကာင့္ ေဆြးေႏြးပြဲပ်က္ရေတာ့မလို ျဖစ္ခဲ့သည္။ သို႔ေသာ္ ၂၀၁၅ ခုႏွစ္ မတ္လတြင္ က်င္းပ ေသာ ေဆြးေႏြးပြဲ၌မူ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (သေဘာတူမူၾကမ္း)ကို ရရွိခဲ့ျပန္သည္။ သေဘာတူစာခ်ဳပ္ကိစၥအတြက္ တိုင္း ရင္းသားေတာ္လွန္ေရးအဖြဲ႕ဘက္က ထိပ္သီး ငါးေယာက္ ႏွင့္ သမၼတတို႔ ေတြ႕ဆံုခဲ့ၿပီး ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာ လ ၁၅ ရက္ေန႔တြင္ တရားဝင္ လက္မွတ္ေရးထိုးႏိုင္ခဲ့ သည္။ အားလံုးပါဝင္ေရးမူကို အစိုးရဘက္က လက္မခံ သျဖင့္ တိုင္းရင္းသားအဖြဲ႕ ရွစ္ဖြဲ႕သာ လက္မွတ္ေရးထိုး ႏိုင္ခဲ့သည္။

NLD အစိုးရလက္ထက္တြင္ ျပည္ေထာင္စုၿငိမ္း ခ်မ္းေရး ညီလာခံ ၂၁ ရာစုပင္လံု (ပထမအႀကိမ္)ကို ေနျပည္ေတာ္၌ ၂၀၁၆ ခုႏွစ္ ဩဂုတ္လ ၃၁ ရက္ေန႔ တြင္ စတင္က်င္းပခဲ့သည္။ ညီလာခံတြင္ NCA ၌ အားလံုးပါဝင္ေရးအတြက္ ညႇိႏိႈင္းေဆြးေႏြးခဲ့ေသာ္ လည္း ေအာင္ျမင္မႈႏွင့္ ေဝးေနရဆဲ ျဖစ္သည္။ ထို ညီလာခံၿပီးေနာက္ တပ္မေတာ္က KIA အေပၚ ထိုးစစ္ ဆင္သျဖင့္ အေရွ႕ေျမာက္ဖ်ားတြင္ တိုက္ပြဲမ်ား ျဖစ္ပြား ခဲ့ရျပန္သည္။ ဤသည္မွာ သမၼတဦးသိန္းစိန္လက္ထက္ က အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးေနစဥ္ တပ္မေတာ္ ၏ ပစ္ခတ္မႈေၾကာင့္ KIO ဌာနခ်ဳပ္ လိုင္ဇာရွိ ဗိုလ္ သင္တန္းေက်ာင္းေပၚ အေျမာက္က်ည္ဆန္ က်ရသလို မ်ိဳးပင္ ျဖစ္သည္။ NLD အစိုးရလက္ထက္ ငါးႏွစ္နီးပါး ကာလအတြင္း ၂၁ ရာစုပင္လံုညီလာခံမ်ား က်င္းပ ျခင္း၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား က်င္းပျခင္းမ်ား ရွိေသာ္လည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ႏွစ္ဖြဲ႕ ႏွင့္သာ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးႏိုင္ေသး သည္။

NLD အစိုးရလက္ထက္တြင္ ႏိုင္ငံ၏ အေရွ႕ ေျမာက္ပိုင္း၌ အေျခခ်ခဲ့ေသာ AA တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕မွာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းႏွင့္ ခ်င္း ျပည္နယ္ေဒသအခ်ိဳ႕၌ အေျခခ်တပ္စြဲလာကာ အစိုးရ တပ္မ်ားႏွင့္ တိုက္ပြဲျဖစ္လာျခင္းကို ေတြ႕ရသည္။ တပ္မေတာ္က အျခားေသာတိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕မ်ားႏွင့္ အပစ္အခတ္ရပ္စဲထားၿပီး ရခိုင္ျပည္ နယ္ေျမာက္ပိုင္းတြင္မူ AA ႏွင့္ စစ္ဆင္ေနရသည္။ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွ ေဒသခံျပည္သူမ်ားမွာ လည္း စစ္ေဘးေရွာင္မ်ား ျဖစ္လာရသည္။

ၿခံဳငံု၍ၾကည့္လွ်င္ ႏွစ္ေပါင္း ၇၀ ေက်ာ္ကာလ အတြင္း စစ္မီးမၿငိမ္းႏိုင္ျခင္းကပင္ ၿငိမ္းခ်မ္းေရးကို ေရွ႕ဆက္တိုး၍မရ ျဖစ္ေနသည္။ ျပည္တြင္းစစ္ျဖစ္ရ ျခင္းတြင္ အေၾကာင္းႏွစ္ခ်က္ရွိသည္။ ပထမအခ်က္ မွာ အာဏာရအစိုးရက လြတ္လပ္စြာ ေရးသားေျပာဆို ခြင့္၊ စု႐ံုးခြင့္၊ ဆႏၵျပခြင့္အပါအဝင္ ဒီမိုကေရစီအခြင့္ အေရးမ်ားကို မေပးဘဲ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္  ကာ အတိုက္အခံမ်ားကို ႏွိမ္နင္းဖမ္းဆီးျခင္း ျဖစ္ သည္။ ထို႔ေၾကာင့္ ေတာခိုကာ လက္နက္ကိုင္လမ္းစဥ္ ကို ကိုင္စြဲၾကသည္။ ဒုတိယအခ်က္မွာ ပင္လံုစာခ်ဳပ္ တြင္ပါေသာ ကတိကဝတ္မ်ားကို အေကာင္အထည္ မေဖာ္ဘဲ ျငင္းပယ္ထား၍ တိုင္းရင္းသားလူမ်ိဳးစုမ်ားက လက္နက္ကိုင္ေတာ္လွန္ေရးကို ဆင္ႏႊဲၾကျခင္း ျဖစ္၏။

၂၀ဝ၈ ခုႏွစ္ ဖြဲ႕စည္းပံုအေျခခံဥပေဒ၏ ေပးထား ခ်က္အရ ဒီမိုကေရစီစနစ္ျဖင့္ အုပ္ခ်ဳပ္ေသာ အစိုးရ တက္လာၿပီးေနာက္ ၿငိမ္းခ်မ္းေရးဆိုသည့္ အသံမ်ား ကို က်ယ္ေလာင္စြာ ၾကားခဲ့ရသည္။ ယခုေနာက္ပိုင္း ၿငိမ္းခ်မ္းေရးဆိုသည့္အသံက ဝါးတားတားသာ ၾကား ရေတာ့သည္။ စစ္ေၾကာင့္ ဘဝပ်က္ခဲ့ရေသာ၊ အနာဂတ္ ေပ်ာက္ခဲ့ရေသာ တိုင္းရင္းသားျပည္သူေတြ၏ မ်က္ႏွာ ကိုၾကည့္ၿပီး ေစတနာျဖင့္ ၿငိမ္းခ်မ္းေရးကို အေကာင္ အထည္ေဖာ္သင့္ၿပီ ျဖစ္သည္။

အဓိကမွာ တိုင္းရင္းသားျပည္သူေတြအေပၚတြင္ ထားရွိအပ္သည့္ ေစတနာျဖစ္သည္။ ၿငိမ္းခ်မ္းေရးအား စစ္အစိုးရပဲ ေဖာ္ေဆာင္သည္ျဖစ္ျဖစ္၊ အရပ္သား အစိုးရကပဲ ေဖာ္ေဆာင္သည္ျဖစ္ျဖစ္ ေစတနာပါဖို႔က အေရးႀကီးသည္။ ေစတနာဆိုသည္မွာ ကိုယ္ပိုင္ျပ႒ာန္း ခြင့္ႏွင့္ တန္းတူညီမွ်မႈ ရွိေရးပင္ ျဖစ္သည္။ တိုင္းရင္း သားျပည္သူမ်ားက မၾကာခဏ ေတာင္းဆိုသည္မွာ လည္း ထိုကိစၥသာ ျဖစ္သည္။ ထို႔ေၾကာင့္လည္း ဒီမို ကေရစီ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေထာင္ျပဳဖို႔ အႀကိမ္ႀကိမ္ ေဆြးေႏြးညိႏိႈင္းေနၾကျခင္းသည္ ေဆြး ေႏြးညႇိႏိႈင္းရင္းျဖင့္ပင္ ေရွ႕တိုးမရသည့္ ဥပေဒအတား အဆီးေတြ ေတြ႕ျပန္သည္။ ဥပေဒဆိုသည္က လူက ျပ႒ာန္းထားသျဖင့္ လူျဖင့္ ျပင္၍ၿပီးသည္။ သို႔ေသာ္ ျပင္လိုသည့္ေစတနာမရွိလွ်င္ျဖင့္ ဘယ္ေတာ့မွ ျပင္ႏိုင္ မည္မဟုတ္ေပ။ ၿငိမ္းခ်မ္းေရးရရွိဖို႔ ဒီမိုကေရစီ ဖက္ ဒရယ္ျပည္ေထာင္စု ေဖာ္ေဆာင္ႏိုင္ဖို႔က ထိုအလုပ္လုပ္ သူမ်ား၏  စိတ္ရင္းေစတနာေပၚတြင္ မူတည္သည္။

 

ဗညားလိႈင္ဦး