• Today is: Thursday, April 22, 2021

တကၠနီကာလာ ညီလာခံ တက္ကနီကာလာ ညီလာခံ

Federal Journal
February28/ 2020

Zawgyi

ေရာင္စံုညီလာခံႀကီး က်င္းပေလျပီ။ ညီလာခံဟူေသာ အသံၾကားသျဖင့္လန္႔ေတာ့ မသြားၾကေစလို။ ယခုညီ လာခံကား အဝွာညီလာခံလို ဟိုဘုတ္အုတ္စိမ္းႀကီးေရးျပီး တိုင္းျပည္ကိုမသာခ်သည့္ ေၾကးစည္လို ဒူေဝေဝ လည္ေနေအာင္ လုပ္မည့္ ညီလာခံမ်ိုးေတာ့မဟုတ္။
သိုးေဆာင္းျဗိတိသွ် အဂၤလိပ္ဘာသာျဖင့္ တကၠနီကာလာကြန္းဖရင့္ ၊ သက်သာကီဘာမထီ မ်ိဳးခ်စ္ဒီမိုကရက္တစ္ ေက်းဇူးေတာ္ရွင္ေရႊျပည္ေတာ္ႀကီး၏ ဘာသာစကားအလိုအားျဖင့္ ေရာင္စံုညီလာခံဟု အမည္တြင္သည့္ညီ လာခံေပ။

ထို႔ျပင္တဝ လူတစ္ေယာက္မွ မပါေသာ ညီလာခံလည္းျဖစ္ေပသည္။ ညီလာခံေခါင္းစဥ္အတိုင္း ဝါ၊စိမ္း၊နီ၊ျပာ၊ ခရမ္း၊ လိေမၼာ္၊ အညိဳ၊ အနက္၊ အျဖဴ တည္းဟူေသာ အေရာင္မ်ား သာ တက္ေရာက္ေသာ ညီလာခံေပတည္း။ ယခုလို တကၠနီကာလာညီလာခံျကီးစတင္ျဖစ္လာရန္ ဘယ္နည္းဘယ္ပံု ျဖင့္ အေျခခံလာရသနည္းဟု ဆိုရလွ်င္..။
သက်သာကီဘာမထီ မ်ိဳးခ်စ္ဒီမိုကရက္တစ္ ေက်းဇူးေတာ္ရွင္ေရႊျပည္ေတာ္ႀကီးတြင္ ေခတ္အဆက္ဆက္ ဖားစားျပီး ေပါင္းလုပ္ရသည့္ ဖဆပလေခတ္၊ ေတာ္ေတာ္ေလးလွန္သြားသည့္ ေတာ္လွန္ေရးေကာင္စီေခတ္၊ မဆလာႀကိတ္သလို အႀကိတ္ခံရသည့္လမ္းစဉ္ပါတီေခတ္၊ စစ္ေစတနာရွင္အစိုးရေခတ္၊ေနာက္တစ္ျပန္ ေဘာင္း ဘီခြ်တ္ဒီမိုကေရစီေခတ္၊ ယခုအခါ ကနခိုစိမ္းအစိတ္သားျမိဳထားမိသည့္ ဒီမိုခ်န္းပီးေခတ္ သို႔တိုင္အစိုးရမ်ား ေျပာင္းခဲ့ေလျပီ။ ထိုအစိုးရတို႔ ကာလတစ္ေလွ်ာက္ ဘာပါတီ၊ ညာပါတီ၊ ဘာအဖြဲ႕၊ ညာအဖြဲ႕မ်ားက ကိုယ္စားျပဳ အေရာင္မ်ား သတ္မွတ္ခဲ့ျကသည္ေကာ။ သူ့႕ပါတီ၊ ကိုယ့္ပါတီ ၊ သူ့႕အေရာင္ ကိုယ့္အေရာင္ ခြဲၾကရာမွ ျမန္မာ ျပည္ရွိ အေရာင္ေလာကတြင္လည္း လူတို႔ ကဲ့သို႔ ေသြးကြဲျခင္း စတင္ေပၚလာေပေတာ့သည္။

ေက်းဇူေတာ္ရွင္ေရႊနိုင္ငံေတာ္ႀကီးတြင္မည္သည့္အေရာင္က အေတာ္ဆံုးျဖစ္မည္နည္းဟု အဝါေရာင္၊ အနီေရာင္ ႏွင့္အစိမ္းေရာင္တို႔ စတင္ျငင္းခုန္ၾကေလသည္။ သူတို႔ သံုးေရာင္ကား နိုင္ငံေတာ္အလံတြင္ပါဝင္ ေသာ အေရာင္မ်ားျဖစ္သျဖင့္ အေရာင္မ်ားထဲတြင္ ဆရာက်ေသာ အေရာင္မ်ားေပ။သူတို႔သံုးေယာက္ကို ကားယားခြထားသည့္ ၾကယ္ျဖဴျကီးကေတာ့ ဘာမွဝင္မေျပာ။ ဝင္ေျပာသည္က အျပာ။
အျပာသည္ နန္းက်အေရာင္ျဖစ္သည္။ အရင္နိုင္ငံေတာ္အလံတုန္းက သူက အနီ၏ အထက္ဘက္က်က်မွာ ဆရာက်က် ျပာေနသည့္ ငတိေပပဲ။ အခုေတာ့တစ္ခ်ိန္ကအတူရွိခဲ့သည့္ အနီက သူ့႕ကိုအဖက္မလုပ္သလို၊ မေန႔တစ္ေန႔ကမွ ေပၚလာသည့္ အဝါနွင့္ အစိမ္းကလည္း သူ့ကို ရွိသည္ဟုပင္မမွတ္။ ဒီေတာ့ အျပာႀကီးက လည္း နွစ္ေပါင္းသံုးေလးဆယ္ၾကာအလံေပၚတြင္ လႊမ္းထားေသာ သူကဆရာအက်ဆံုးဟု ထေအာ္ေတာ့သည္။ သို႔နွင့္ အျခားေသာ အေရာင္မ်ားလည္း ပါဝင္လာျပီး ေက်းဇူးေတာ္ရွင္နိုင္ငံေတာ္တြင္ မည္သည့္ကာလာက မာစတာက်သည္ကိုေရြးခ်ယ္ဖို့ရာ ညီလာခံျဖစ္လာခ်င္းေပတည္း။ ညီလာခံသဘာပတိအျဖစ္ တစ္လံုးတည္း ရွိေသာၾကယ္ျဖဴႀကီးကို ခန္႔အပ္လိုက္ၾကသည္။
ညီလာခံ ရွိလွ်င္ ညီလာခံ သီခ်င္းရွိရေပမည္။ ညီလာခံသီခ်င္းအတြက္ပထမဆံုး တင္သြင္းလိုက္သူက အဝါ။

”ေရႊဝါေရာင္ သန္႔ရွင္းကို လူထုက မဲေပးျကသည္…ေကြ်းတာကိုစား၊ ေပးတာယူထား…ဖက္ဆစ္နဲ႔ဒီမိုကေရစီ..အားလံုးသိသည္။ မဲေပး မမွားဖို့ နွိုးေဆာ္သည္…ျခိမ္းေျခာက္တာ တို႔မေျကာက္သည္။ ရဲရဲဝံ့ဝံ့ ရင္ဆိုင္သည့္ သန္႔ရွင္းေပးမယ့္ သန္႔ရွင္းလာျပီ”

”ဟိတ္ေကာင္..အဝါေကာင္..တိတ္စမ္း..ရွင္ျပဳတုန္းက ေရႊထီးေဆာင္းခဲ့တာေတြ လာေအာ္ဆိုမေနစမ္းနဲ႔”အစိမ္း ၏ ေအာ္သံေျကာင့္ အဝါက ဆိုလက္စ သီခ်င္းကိုရပ္လိုက္သည္။

”ေဟ့..အစိမ္းေကာင္..ဒီသီခ်င္းကို နယ္နယ္ရရ မမွတ္နဲ႔ကြ…ဟိုး ၅၀ ျပည့္နွစ္မ်ားဆီက ငါတို႔အဝါေရာင္ ဘုန္းမီးေတာက္စဉ္မွာ တစ္နိုင္ငံလံုးဝါထိန္ခဲ့ျကတဲ့ သန့္ရွင္းဖဆပလမဲဆြယ္သီခ်င္းကြ.. မင္းတို႔ အစိမ္းလို တီဗြီမွာအဆိုေတာ္ေတြ တစ္ခ်ိန္လံုးလႊင့္ျပတာေတာင္လူတစ္ေယာက္အလြတ္မရတဲ့ ဟသၤာတ ဖားခံု ညွင္းရဲ႕သီခ်င္းမ်ိုးမဟုတ္ဘူးကြ”
ထိုအခ်ိန္တြင္အျပာက မတ္တပ္ထရပ္ျပီး သီခ်င္းတစ္ပုဒ္ေကာက္ေအာ္ လိုက္သည္။
” အနီခံမွာ အျပာဆင့္
စပါးနွံ စက္သြားနွင့္
တို႔ျပည္ေထာင္စု အလံေတာ္သည္
တလူလူလႊင့္လို႔ ခ်ီလာျပီ
ျပည္သူအေပါင္းတို႔ ေပ်ာ္ရႊင္သည္”
အျပာက သူေခတ္ေကာင္းစဉ္ လမ္းစဉ္ပါတီေခတ္က အလံသီခ်င္းကို ဆိုလိုက္ျခင္းပင္။ သူဆိုဆိုျခင္းပင္ ထိုင္ေ နၾကေသာအေရာင္မ်ားထံမွ အသံတစ္ခုထြက္လာသည္။

” အနီခံမွာ အျပာဆင့္
စပါးနွံ စက္သြားနွင့္
တို႔ျပည္ေထာင္စု အလံေတာ္သည္
ဗိုလ္ခ်ဳပ္ေဈးက ဝယ္လာသည္
တစ္ထည္ ၅က်ပ္တန္ပါသည္ ..
ေဆးဆိုးပန္းရိုက္ ျဖစ္ပါသည္..”
ေရာင္စံုညီလာခံတစ္ခုလံုးတဟားဟားေအာ္ရယ္ၾကသျဖင့္ အျပာသည္ ရွက္ကိုးရွက္ကန္းျဖင့္ ျပန္ထိုင္သြားေလ၏။ သဘာပတိႀကီးၾကယ္ျဖဴက စားပြဲကိုတူျဖင့္ထုျပီး ျငိမ္ရန္ အခ်က္ေပးလိုက္သည္။ ”ကဲ..သီခ်င္းကိစၥခဏထားျကမယ္… အခု လိုရင္းကိုသြားျကစို့..အေရာင္ကိုယ္စားလွယ္မ်ား အခ်က္အလက္မ်ား တင္ျပျကပါ”
သီခ်င္းကိစၥတုန္းကလိုပင္ပထမဆံုး စတင္သူက အဝါ။
”ခုနက ကြ်န္ေတာ္ဆိုတဲ့ သီခ်င္းလိုပဲ.. လြတ္လပ္ျပီးစ ျမန္မာနိုင္ငံရဲ့ပထမဆံုးဝန္ႀကီးခ်ဳပ္ဦးေဆာင္တဲ့ပါတီရဲ႕ကိုယ္စားျပဳအေရာင္ဟာ ကြ်န္ေတာ္တို႔အဝါပါ..အဲ့ဒီကာလ ကတစ္တိုင္းျပည္လံုးအဝါ..မွအဝါ..”
”ကန္႔ကြက္ပါတယ္.သဘာပတိႀကီးခင္ဗ်ား..ကန္႔ကြက္ပါတယ္” လက္သီးလက္ေမာင္းတန္းျပီး ထလာသူ အနီ။ ”ကဲ..ေမာင္နီ..ေမာင္ဝါေျပာတာကို ဘာေၾကာင့္ကန္႔ကြက္တာလဲ”
”ဒီလိုပါ ဥကၠ႒ႀကီး..အဲ့ဒီတုန္းကတစ္တိုင္း ျပည္လံုး အဝါဆိုတာ ဒီအေမရိကန္လက္ေဝခံအရင္းရွင္အစိုးရရဲ႕ ဝါဒျဖန္႔မႈပါ။ တကယ္က အေျခခံက်တဲ့ ေက်းလက္ေတြနဲ့ တိုးတက္တဲ့ တကၠသိုလ္ေက်ာင္းသားေတြၾကားမွာ က်ဳပ္တို႔ အနီဟာ လႊမ္းမိုးထားခဲ့ပါတယ္။ ေက်ာင္းသားနီေတြ၊ လယ္သမားနီေတြ၊ အလုပ္သမားနီ၊ ေတာ္လွန္နီ၊ အေလးနီ၊ နီရမည္၊ခြ်န္ရမည္..အို.. အေရွ႕တခြင္လံုးနီ…”
”ဟိုးထား..ဟိုးထား…”
လက္သီးလက္ေမာင္းတန္းကာ အနီတရားေဟာေနေသာ အနီကိုတားျမစ္ျပီးေနာက္ထပ္ ထလာသူမွာလည္းအနီပင္။
”ဟ..ဒီတစ္ေယာက္ကလည္း အနီပဲလား..မင္းတို႔အနီခ်င္း..ဘယ္လိုကြာတာလဲဟ”

”အနီခ်င္း တူေပမယ့္..အနီခ်င္း မတူပါဘူး..သဘာပတိႀကီးခင္ဗ်ား..သူက လက္ဝဲနီပါ.. ကြ်န္ေတာ္က အခု ေခတ္သစ္အပ္ဒိတ္အနီ..ကြန္တန္ပိုရရီအနီ..…လက္ရွိအာဏာရအနီ.လူထုမဲနဲ႔တက္လာတဲ့အနီပါ… လက္သန္းေလးေတြရဲ႕ အနီပါ… ေမေမ့ရဲ႕ အနီေရာင္ပါ …ဒီဘဲႀကီးလို အိုးေမာ္ဒယ္လ္ လက္ဝဲ တရုတ္နီ မဟုတ္ပါဘူး…အနီေဟာင္းႀကီးေတြကို အတိတ္မွာပဲ အိပ္ခိုင္းလိုက္ပါေတာ့”

”ဘာကြ.. ကိုးဆယ္ခုနွစ္မွေပၚလာတဲ့ မေလာက္ေလးမေလာက္စားအနီေရာင္ကမ်ား ငါတို႔လို မူလလက္ေဟာင္း အနီကို ေစာ္ေစာ္ကားကား တရုတ္နီတဲ့ ဟုတ္လား…ေဟ့ေကာင္.. မင္းတို႔ကမွ…ဂမ္ဘီယာနီ..အာဂ်င္တီးနားနီကြ” လက္ဝဲနီနွင့္ေမေမနီတို႔ တစ္ေယာက္နွင့္တစ္ေယာက္ရန္ေစာင္ေနၾကသျဖင့္ သဘာပတိက ခံုကိုတူျဖင့္ ခပ္က်ယ္က်ယ္ထုလိုက္ရေတာ့သည္။

”သဘာပတိႀကီး ကြ်န္ေတာ္ တင္ျပပါရေစ..အခု အနီနွစ္နီ သတ္ေနျကတာဟာ ျပည္ေထာင္စုႀကီး မစည္းလံုး တာပါပဲ..ဒီေတာ့ ဒီလို ေခ်ာက္ထဲက်ခါနီး လက္တစ္လံုးအလို အေျခအေနမွာ ကြ်န္ေတာ္ ဝင္ထိန္းသိမ္းသင့္ျပီ လို႔ ထင္ပါတယ္”
”နို့..မင္းကဘယ္သူတုန္း”

”ကြ်န္ေတာ္ အစိမ္းပါ” အစိမ္းကစကားေျပာရင္း သူ့႕ခါးတြင္ခ်ိတ္ထားေသာ တစ္စံုတစ္ရာကို ပုတ္ျပလိုက္သည္။
”ေဟ့ေဟ့..လူေတြဆီမွာပဲ အာဏာသိမ္းတာရွိတာကြ…ငါတို႔အေရာင္ေတြ ေလာကမွာ အာဏာသိမ္းတာမရွိဘူး..အစဥ္အလာမဖ်က္ခ်င္စမ္းပါနဲ႔.. ျပန္ထိုင္ပါ..ေမာင္မင္းႀကီးသားရယ္.. ရွိႀကီးခိုးပါတယ္”

”ဟုတ္ပါတယ္..သဘာပတိႀကိး.. အခုလိုေခတ္မွာ အာဏာသိမ္းဖို႔ မလိုေပမယ့္..တိုင္းျပည္ရဲ႕ အကြဲကြဲအျပားျပားျဖစ္ေနတဲ့ အေျခအေနကို ထိန္းသိမ္းဖို႔ရာဆိုတာကြ်န္ေတာ္တို႔အေတြ႕အႀကံဳရွိတဲ့အစိမ္းေတြ လိုပါတယ္”
ယခုတစ္ဖန္ ထလာသူက ေနာက္ထပ္ အစိမ္း တစ္စိမ္း။
သဘာပတိႀကီး မ်က္လံုးျပဴးသြားေလျပီ။ ”ေဟ့..အစိမ္းကလည္း နွစ္စိမ္းေတာင္ပါလားဟ”
”ဟုတ္ပါတယ္ ..သူက အာမီစိမ္းပါ..ကြ်န္ေတာ္က သူ့ဆီက အသြင္ေျပာင္းလာတဲ့ ပါတီစိမ္းပါ” ”ဟာ ရႈပ္ေနတာပဲဟ …ကဲ..ေနာက္ဘယ္လို အေရာင္ေတြရွိေသးတာလဲ”
”ရွိပါတယ္..သဘာပတိျကီး..ခုနဟိုအဝါေရာင္အိုႀကီးေျပာသြားတဲ့ သန္႔ရွင္းအဝါကသက္သက္ပါ.. ကြ်န္ေတာ္တို႔ ကျပည္ေထာင္စုအက်ိဳးေဆာင္အဝါေရာင္ပါ..အခုေခတ္ေပၚ အဝါပါ..မယံုရင္ ဟို လူၾကမ္းမင္းသားႀကီးကိုေမးၾကည့္ပါ..သူ့ရဲ႕အဝါပါ”

”ေဟ့ေဟ့..ခဏေနျကပါဦး..ကြ်န္ေတာ္တို႔ အဝါလည္း ရွိပါေသးတယ္.. ကြ်န္ေတာ္တို႔က ျပည္သူ့အဝါေရာင္ပါ.. ေက်ာင္းသားေခါင္းေဆာင္ေဟာင္းႀကီးကိုယ္တိုင္ထူေထာင္တဲ့ ျပည္သူ့အဝါ…ပီးပဲရဲလိုး.ပါ”

”ေဟ့ေရာင္..ငါတို႔လည္း..ျပည္ေထာင္စုအဝါ..ယူနီယံရဲလိုးကြ”

”ေနာက္မွေပါက္တဲ့အေကာင္ေတြေနစမ္း..ငါကမွမူလလက္ေဟာင္း သန့္ရွင္းတဲ့အဝါ..ကလင္းရဲလိုးအစစ္” အေရာင္ကုန္တန္ အေရာင္ႀကီးသံုးေရာင္တိုက္ပြဲကို က်န္သည့္ မ်က္နွာမြဲအေရာင္ေလးမ်ားက ေပကလပ္ ေပကလပ္ၾကည့္ေနၾကေလေတာ့သည္။ သဘာပတိႀကီးချမာ တူကို တဒုန္းဒုန္းထုရင္း စိတ္ပ်က္လက္ပ်က္ျဖစ္ သြားေလသည္။
”ကဲ..ကဲ..မင္းတို႔ဟာကလည္းတစ္ေရာင္ဆိုလည္း တစ္ေရာင္တည္းလုပ္ၾကေလကြာ…အခုဟာက ဘာေတြတုန္း..လက္ဝဲနီ၊ ေမေမ့နီ၊ အာမီစိမ္း၊ ပါတီစိမ္း၊ ရဲလိုးေပါင္းစံုနဲ႔ ငါက ဘယ္အေရာင္ကို ဘယ္လို ဆံုးျဖတ္ေပးရမွာတုန္း”

”ဒီမွာ သဘာပတိၾကယ္ျဖဴႀကီး ခင္ဗ်ား မဆံုးျဖတ္နိုင္ရင္ မဆံုးျဖတ္နဲ႔ေပါ့ဗ်ာ..ဒီမယ္..အခုအလံမွာသာ ခင္ဗ်ားက တစ္လံုးတည္းပါတာ..ဟိုးအရင္က်ဳပ္တို႔ေခတ္ေကာင္းစဉ္က ဆယ့္ေလးလံုးဗ်.. အဲ့ဒီၾကယ္ဆယ့္ေလးလံုးကို ေခၚလိုက္မယ္” ဟု အစိမ္းနွင့္ အျပာက တစ္ျပိဳင္တည္းဆိုျကသည္။.သန္႔ရွင္းအဝါကလည္း အားက်မခံ ဖဆပလအလံမွၾကယ္ငါးလံုးကို ေခၚျပီး သဘာပတိခန္႔မည္ဟုျပန္ပက္သည္။
”ေဟ့.ဘာရမလဲကြ..ငါက ၾကယ္ျဖဴေတြထဲမွာအကိတ္ဆံုး၊ အႀကီးဆံုးပဲ..ဟိုအေကာင္ၾကယ္ေလးေတြကေသးတ ယ္..ငါ့သဘာပတိထိုင္ခံုေတာ့မဖယ္ေပးနိုင္ေပါင္..ငါ့ေနရာေတာ့ မေပးနိုင္ေပါင္”
”ေဟ့..ေတာင္းယူလို႔ မရရင္..တိုက္ယူတယ္ကြာ”
လက္ဝဲနီက ေၾကြးေက်ာ္သံေပးျပီးေနာက္ အေရာင္မ်ားအားလံုးသဘာပတိစင္ေပၚ တက္ခ်သြားသည္။ ”သဂၤါယနာထပ္တင္မယ္..ဗလိနတ္စာေကြ်းမယ့္..ဘုရားဒကာ နတ္တကာကြ” ဟုဆိုကာ
သာသနာ့ဒါယိကာျဖစ္ခဲ့ဖူးသူသန္႔ရွင္းအဝါကလည္းသဘာပတိ ထိုင္ခံုေနာက္မွီေပၚ အတင္းခြတက္သည္။

”အေရးႀကီးျပီ ညီေနာင္အေပါင္းတို႔”ဟူေသာ ေမြးစားသီခ်င္းကိုဆိုကာ ေမေမ့နီက လက္သန္းနွင့္ ေျပးထိုးသည္။ ျကယ္ျဖဴႀကီး ကုလားထိုင္ေပၚမွ က်ခါနီးဆဲဆဲတြင္
”ျပဳတ္က်ရန္ လက္တစ္လံုးအလိုမွာ..ကိုယ္မပါရင္ေလ ဘာေတြမ်ားေရွ႕ဆက္ျဖစ္ျကမလဲ” ဟုဆိုကာ အာမီစိမ္း က ခံုဝင္လုသည္။
ပါတီစိမ္းကလည္း ”ေသြးေအးလို႔ မေနသင့္ျပီ..ေသြးေအးလို႔ မေနသင့္ျပီ” ဆိုကာ ခံုကို မရမက ဆြဲထား၏။

အျပာကလည္း ”မဆလာတစ္ေခတ္ ျပန္ျဖစ္ရမည္” ဟု ေၾကြးေၾကာ္ကာ ထိုင္ခံုေျခ ေထာက္ကိုနားရြက္တစ္ဖက္ေပ်ာက္သည္အထိ ပူးကပ္ျပီး ဖက္ထားေလေတာ့သည္။ ပီးပဲရဲလိုးနွင့္ ယူနီယံရဲလိုး နွစ္ေရာင္ကေတာ့ ဂ်ဴနီယားမ်ားပီပီထိုင္ခံုလုရန္ အေျခအေနမေပးသျဖင့္္္္သဘာပတိ ေရွ႕မွ အလွဴခံဖလားကို ဝိုင္းဆြဲၾကေလသည္။ သို႔ေသာ္ အလွဴခံဖလားကိုကား ျပည္သူ့ေရွ႕တြင္ ေစာင္းေနေသာ ပူပူေႏြးေႏြးအျပာလက္သစ္ကေလးက ဦးထားေခ်ျပီ။ သို႔နွင့္ သို႔နွင့္ အေရာင္တူ အေရာင္ကြဲ၊ အေရာင္စံုတို႔၏ တကၠနီကာလာညီလာခံႀကီးကား ထိုင္ခံုလုၾကရင္း နိတၳိတန္သြားေလေတာ့သတည္း။
ျဗိတိသွ်ကိုကိုေမာင္

 

Unicode

ရောင်စုံညီလာခံကြီး ကျင်းပလေပြီ။ ညီလာခံဟူသော အသံကြားသဖြင့်လန့်တော့ မသွားကြစေလို။ ယခုညီ လာခံကား အဝှာညီလာခံလို ဟိုဘုတ်အုတ်စိမ်းကြီးရေးပြီး တိုင်းပြည်ကိုမသာချသည့် ကြေးစည်လို ဒူဝေဝေ လည်နေအောင် လုပ်မည့် ညီလာခံမျိုးတော့မဟုတ်။
သိုးဆောင်းဗြိတိသျှ အင်္ဂလိပ်ဘာသာဖြင့် တက္ကနီကာလာကွန်းဖရင့် ၊ သကျသာကီဘာမထီ မျိုးချစ်ဒီမိုကရက်တစ် ကျေးဇူးတော်ရှင်ရွှေပြည်တော်ကြီး၏ ဘာသာစကားအလိုအားဖြင့် ရောင်စုံညီလာခံဟု အမည်တွင်သည့်ညီ လာခံပေ။
ထို့ပြင်တဝ လူတစ်ယောက်မှ မပါသော ညီလာခံလည်းဖြစ်ပေသည်။ ညီလာခံခေါင်းစဉ်အတိုင်း ဝါ၊စိမ်း၊နီ၊ပြာ၊ ခရမ်း၊ လိမ္မော်၊ အညို၊ အနက်၊ အဖြူ တည်းဟူသော အရောင်များ သာ တက်ရောက်သော ညီလာခံပေတည်း။ ယခုလို တက္ကနီကာလာညီလာခံကြီးစတင်ဖြစ်လာရန် ဘယ်နည်းဘယ်ပုံ ဖြင့် အခြေခံလာရသနည်းဟု ဆိုရလျှင်..။
သကျသာကီဘာမထီ မျိုးချစ်ဒီမိုကရက်တစ် ကျေးဇူးတော်ရှင်ရွှေပြည်တော်ကြီးတွင် ခေတ်အဆက်ဆက် ဖားစားပြီး ပေါင်းလုပ်ရသည့် ဖဆပလခေတ်၊ တော်တော်လေးလှန်သွားသည့် တော်လှန်ရေးကောင်စီခေတ်၊ မဆလာကြိတ်သလို အကြိတ်ခံရသည့်လမ်းစဉ်ပါတီခေတ်၊ စစ်စေတနာရှင်အစိုးရခေတ်၊နောက်တစ်ပြန် ဘောင်း ဘီချွတ်ဒီမိုကရေစီခေတ်၊ ယခုအခါ ကနခိုစိမ်းအစိတ်သားမြိုထားမိသည့် ဒီမိုချန်းပီးခေတ် သို့တိုင်အစိုးရများ ပြောင်းခဲ့လေပြီ။ ထိုအစိုးရတို့ ကာလတစ်လျှောက် ဘာပါတီ၊ ညာပါတီ၊ ဘာအဖွဲ့၊ ညာအဖွဲ့များက ကိုယ်စားပြု အရောင်များ သတ်မှတ်ခဲ့ကြသည်ကော။ သူ့ပါတီ၊ ကိုယ့်ပါတီ ၊ သူ့အရောင် ကိုယ့်အရောင် ခွဲကြရာမှ မြန်မာ ပြည်ရှိ အရောင်လောကတွင်လည်း လူတို့ ကဲ့သို့ သွေးကွဲခြင်း စတင်ပေါ်လာပေတော့သည်။
ကျေးဇူတော်ရှင်ရွှေနိုင်ငံတော်ကြီးတွင်မည်သည့်အရောင်က အတော်ဆုံးဖြစ်မည်နည်းဟု အဝါရောင်၊ အနီရောင် နှင့်အစိမ်းရောင်တို့ စတင်ငြင်းခုန်ကြလေသည်။ သူတို့ သုံးရောင်ကား နိုင်ငံတော်အလံတွင်ပါဝင် သော အရောင်များဖြစ်သဖြင့် အရောင်များထဲတွင် ဆရာကျသော အရောင်များပေ။သူတို့သုံးယောက်ကို ကားယားခွထားသည့် ကြယ်ဖြူကြီးကတော့ ဘာမှဝင်မပြော။ ဝင်ပြောသည်က အပြာ။
အပြာသည် နန်းကျအရောင်ဖြစ်သည်။ အရင်နိုင်ငံတော်အလံတုန်းက သူက အနီ၏ အထက်ဘက်ကျကျမှာ ဆရာကျကျ ပြာနေသည့် ငတိပေပဲ။ အခုတော့တစ်ချိန်ကအတူရှိခဲ့သည့် အနီက သူ့ကိုအဖက်မလုပ်သလို၊ မနေ့တစ်နေ့ကမှ ပေါ်လာသည့် အဝါနှင့် အစိမ်းကလည်း သူ့ကို ရှိသည်ဟုပင်မမှတ်။ ဒီတော့ အပြာကြီးက လည်း နှစ်ပေါင်းသုံးလေးဆယ်ကြာအလံပေါ်တွင် လွှမ်းထားသော သူကဆရာအကျဆုံးဟု ထအော်တော့သည်။ သို့နှင့် အခြားသော အရောင်များလည်း ပါဝင်လာပြီး ကျေးဇူးတော်ရှင်နိုင်ငံတော်တွင် မည်သည့်ကာလာက မာစတာကျသည်ကိုရွေးချယ်ဖို့ရာ ညီလာခံဖြစ်လာချင်းပေတည်း။ ညီလာခံသဘာပတိအဖြစ် တစ်လုံးတည်း ရှိသောကြယ်ဖြူကြီးကို ခန့်အပ်လိုက်ကြသည်။
ညီလာခံ ရှိလျှင် ညီလာခံ သီချင်းရှိရပေမည်။ ညီလာခံသီချင်းအတွက်ပထမဆုံး တင်သွင်းလိုက်သူက အဝါ။ ”ရွှေဝါရောင် သန့်ရှင်းကို လူထုက မဲပေးကြသည်…ကျွေးတာကိုစား၊ ပေးတာယူထား…ဖက်ဆစ်နဲ့ဒီမိုကရေစီ..အားလုံးသိသည်။ မဲပေး မမှားဖို့ နှိုးဆော်သည်…ခြိမ်းခြောက်တာ တို့မကြောက်သည်။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်သည့် သန့်ရှင်းပေးမယ့် သန့်ရှင်းလာပြီ” ”ဟိတ်ကောင်..အဝါကောင်..တိတ်စမ်း..ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တာတွေ လာအော်ဆိုမနေစမ်းနဲ့”အစိမ်း ၏ အော်သံကြောင့် အဝါက ဆိုလက်စ သီချင်းကိုရပ်လိုက်သည်။
”ဟေ့..အစိမ်းကောင်..ဒီသီချင်းကို နယ်နယ်ရရ မမှတ်နဲ့ကွ…ဟိုး ၅၀ ပြည့်နှစ်များဆီက ငါတို့အဝါရောင် ဘုန်းမီးတောက်စဉ်မှာ တစ်နိုင်ငံလုံးဝါထိန်ခဲ့ကြတဲ့ သန့်ရှင်းဖဆပလမဲဆွယ်သီချင်းကွ.. မင်းတို့ အစိမ်းလို တီဗွီမှာအဆိုတော်တွေ တစ်ချိန်လုံးလွှင့်ပြတာတောင်လူတစ်ယောက်အလွတ်မရတဲ့ ဟင်္သာတ ဖားခုံ ညှင်းရဲ့သီချင်းမျိုးမဟုတ်ဘူးကွ”
ထိုအချိန်တွင်အပြာက မတ်တပ်ထရပ်ပြီး သီချင်းတစ်ပုဒ်ကောက်အော် လိုက်သည်။
” အနီခံမှာ အပြာဆင့်
စပါးနှံ စက်သွားနှင့်
တို့ပြည်ထောင်စု အလံတော်သည်
တလူလူလွှင့်လို့ ချီလာပြီ
ပြည်သူအပေါင်းတို့ ပျော်ရွှင်သည်”
အပြာက သူခေတ်ကောင်းစဉ် လမ်းစဉ်ပါတီခေတ်က အလံသီချင်းကို ဆိုလိုက်ခြင်းပင်။ သူဆိုဆိုခြင်းပင် ထိုင်ေ နကြသောအရောင်များထံမှ အသံတစ်ခုထွက်လာသည်။
” အနီခံမှာ အပြာဆင့်
စပါးနှံ စက်သွားနှင့်
တို့ပြည်ထောင်စု အလံတော်သည်
ဗိုလ်ချုပ်ဈေးက ဝယ်လာသည်
တစ်ထည် ၅ကျပ်တန်ပါသည် ..
ဆေးဆိုးပန်းရိုက် ဖြစ်ပါသည်..”
ရောင်စုံညီလာခံတစ်ခုလုံးတဟားဟားအော်ရယ်ကြသဖြင့် အပြာသည် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထိုင်သွားလေ၏။ သဘာပတိကြီးကြယ်ဖြူက စားပွဲကိုတူဖြင့်ထုပြီး ငြိမ်ရန် အချက်ပေးလိုက်သည်။

”ကဲ..သီချင်းကိစ္စခဏထားကြမယ်… အခု လိုရင်းကိုသွားကြစို့..အရောင်ကိုယ်စားလှယ်များ အချက်အလက်များ တင်ပြကြပါ”
သီချင်းကိစ္စတုန်းကလိုပင်ပထမဆုံး စတင်သူက အဝါ။
”ခုနက ကျွန်တော်ဆိုတဲ့ သီချင်းလိုပဲ.. လွတ်လပ်ပြီးစ မြန်မာနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ဦးဆောင်တဲ့ပါတီရဲ့ကိုယ်စားပြုအရောင်ဟာ ကျွန်တော်တို့အဝါပါ..အဲ့ဒီကာလ ကတစ်တိုင်းပြည်လုံးအဝါ..မှအဝါ..”
”ကန့်ကွက်ပါတယ်.သဘာပတိကြီးခင်ဗျား..ကန့်ကွက်ပါတယ်” လက်သီးလက်မောင်းတန်းပြီး ထလာသူ အနီ။

”ကဲ..မောင်နီ..မောင်ဝါပြောတာကို ဘာကြောင့်ကန့်ကွက်တာလဲ”
”ဒီလိုပါ ဥက္ကဋ္ဌကြီး..အဲ့ဒီတုန်းကတစ်တိုင်း ပြည်လုံး အဝါဆိုတာ ဒီအမေရိကန်လက်ဝေခံအရင်းရှင်အစိုးရရဲ့ ဝါဒဖြန့်မှုပါ။ တကယ်က အခြေခံကျတဲ့ ကျေးလက်တွေနဲ့ တိုးတက်တဲ့ တက္ကသိုလ်ကျောင်းသားတွေကြားမှာ ကျုပ်တို့ အနီဟာ လွှမ်းမိုးထားခဲ့ပါတယ်။ ကျောင်းသားနီတွေ၊ လယ်သမားနီတွေ၊ အလုပ်သမားနီ၊ တော်လှန်နီ၊ အလေးနီ၊ နီရမည်၊ချွန်ရမည်..အို.. အရှေ့တခွင်လုံးနီ…”
”ဟိုးထား..ဟိုးထား…”
လက်သီးလက်မောင်းတန်းကာ အနီတရားဟောနေသော အနီကိုတားမြစ်ပြီးနောက်ထပ် ထလာသူမှာလည်းအနီပင်။
”ဟ..ဒီတစ်ယောက်ကလည်း အနီပဲလား..မင်းတို့အနီချင်း..ဘယ်လိုကွာတာလဲဟ”

”အနီချင်း တူပေမယ့်..အနီချင်း မတူပါဘူး..သဘာပတိကြီးခင်ဗျား..သူက လက်ဝဲနီပါ.. ကျွန်တော်က အခု ခေတ်သစ်အပ်ဒိတ်အနီ..ကွန်တန်ပိုရရီအနီ..…လက်ရှိအာဏာရအနီ.လူထုမဲနဲ့တက်လာတဲ့အနီပါ… လက်သန်းလေးတွေရဲ့ အနီပါ… မေမေ့ရဲ့ အနီရောင်ပါ …ဒီဘဲကြီးလို အိုးမော်ဒယ်လ် လက်ဝဲ တရုတ်နီ မဟုတ်ပါဘူး…အနီဟောင်းကြီးတွေကို အတိတ်မှာပဲ အိပ်ခိုင်းလိုက်ပါတော့”
”ဘာကွ.. ကိုးဆယ်ခုနှစ်မှပေါ်လာတဲ့ မလောက်လေးမလောက်စားအနီရောင်ကများ ငါတို့လို မူလလက်ဟောင်း အနီကို စော်စော်ကားကား တရုတ်နီတဲ့ ဟုတ်လား…ဟေ့ကောင်.. မင်းတို့ကမှ…ဂမ်ဘီယာနီ..အာဂျင်တီးနားနီကွ” လက်ဝဲနီနှင့်မေမေနီတို့ တစ်ယောက်နှင့်တစ်ယောက်ရန်စောင်နေကြသဖြင့် သဘာပတိက ခုံကိုတူဖြင့် ခပ်ကျယ်ကျယ်ထုလိုက်ရတော့သည်။
”သဘာပတိကြီး ကျွန်တော် တင်ပြပါရစေ..အခု အနီနှစ်နီ သတ်နေကြတာဟာ ပြည်ထောင်စုကြီး မစည်းလုံး တာပါပဲ..ဒီတော့ ဒီလို ချောက်ထဲကျခါနီး လက်တစ်လုံးအလို အခြေအနေမှာ ကျွန်တော် ဝင်ထိန်းသိမ်းသင့်ပြီ လို့ ထင်ပါတယ်”
”နို့..မင်းကဘယ်သူတုန်း” ”ကျွန်တော် အစိမ်းပါ” အစိမ်းကစကားပြောရင်း သူ့ခါးတွင်ချိတ်ထားသော တစ်စုံတစ်ရာကို ပုတ်ပြလိုက်သည်။
”ဟေ့ဟေ့..လူတွေဆီမှာပဲ အာဏာသိမ်းတာရှိတာကွ…ငါတို့အရောင်တွေ လောကမှာ အာဏာသိမ်းတာမရှိဘူး..အစဉ်အလာမဖျက်ချင်စမ်းပါနဲ့.. ပြန်ထိုင်ပါ..မောင်မင်းကြီးသားရယ်.. ရှိကြီးခိုးပါတယ်”

”ဟုတ်ပါတယ်..သဘာပတိကြိး.. အခုလိုခေတ်မှာ အာဏာသိမ်းဖို့ မလိုပေမယ့်..တိုင်းပြည်ရဲ့ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အခြေအနေကို ထိန်းသိမ်းဖို့ရာဆိုတာကျွန်တော်တို့အတွေ့အကြုံရှိတဲ့အစိမ်းတွေ လိုပါတယ်”
ယခုတစ်ဖန် ထလာသူက နောက်ထပ် အစိမ်း တစ်စိမ်း။
သဘာပတိကြီး မျက်လုံးပြူးသွားလေပြီ။ ”ဟေ့..အစိမ်းကလည်း နှစ်စိမ်းတောင်ပါလားဟ”
”ဟုတ်ပါတယ် ..သူက အာမီစိမ်းပါ..ကျွန်တော်က သူ့ဆီက အသွင်ပြောင်းလာတဲ့ ပါတီစိမ်းပါ” ”ဟာ ရှုပ်နေတာပဲဟ …ကဲ..နောက်ဘယ်လို အရောင်တွေရှိသေးတာလဲ”
”ရှိပါတယ်..သဘာပတိကြီး..ခုနဟိုအဝါရောင်အိုကြီးပြောသွားတဲ့ သန့်ရှင်းအဝါကသက်သက်ပါ.. ကျွန်တော်တို့ ကပြည်ထောင်စုအကျိုးဆောင်အဝါရောင်ပါ..အခုခေတ်ပေါ် အဝါပါ..မယုံရင် ဟို လူကြမ်းမင်းသားကြီးကိုမေးကြည့်ပါ..သူ့ရဲ့အဝါပါ”
”ဟေ့ဟေ့..ခဏနေကြပါဦး..ကျွန်တော်တို့ အဝါလည်း ရှိပါသေးတယ်.. ကျွန်တော်တို့က ပြည်သူ့အဝါရောင်ပါ.. ကျောင်းသားခေါင်းဆောင်ဟောင်းကြီးကိုယ်တိုင်ထူထောင်တဲ့ ပြည်သူ့အဝါ…ပီးပဲရဲလိုး.ပါ”

”ဟေ့ရောင်..ငါတို့လည်း..ပြည်ထောင်စုအဝါ..ယူနီယံရဲလိုးကွ”

”နောက်မှပေါက်တဲ့အကောင်တွေနေစမ်း..ငါကမှမူလလက်ဟောင်း သန့်ရှင်းတဲ့အဝါ..ကလင်းရဲလိုးအစစ်” အရောင်ကုန်တန် အရောင်ကြီးသုံးရောင်တိုက်ပွဲကို ကျန်သည့် မျက်နှာမွဲအရောင်လေးများက ပေကလပ် ပေကလပ်ကြည့်နေကြလေတော့သည်။ သဘာပတိကြီးခမြာ တူကို တဒုန်းဒုန်းထုရင်း စိတ်ပျက်လက်ပျက်ဖြစ် သွားလေသည်။
”ကဲ..ကဲ..မင်းတို့ဟာကလည်းတစ်ရောင်ဆိုလည်း တစ်ရောင်တည်းလုပ်ကြလေကွာ…အခုဟာက ဘာတွေတုန်း..လက်ဝဲနီ၊ မေမေ့နီ၊ အာမီစိမ်း၊ ပါတီစိမ်း၊ ရဲလိုးပေါင်းစုံနဲ့ ငါက ဘယ်အရောင်ကို ဘယ်လို ဆုံးဖြတ်ပေးရမှာတုန်း”
”ဒီမှာ သဘာပတိကြယ်ဖြူကြီး ခင်ဗျား မဆုံးဖြတ်နိုင်ရင် မဆုံးဖြတ်နဲ့ပေါ့ဗျာ..ဒီမယ်..အခုအလံမှာသာ ခင်ဗျားက တစ်လုံးတည်းပါတာ..ဟိုးအရင်ကျုပ်တို့ခေတ်ကောင်းစဉ်က ဆယ့်လေးလုံးဗျ.. အဲ့ဒီကြယ်ဆယ့်လေးလုံးကို ခေါ်လိုက်မယ်” ဟု အစိမ်းနှင့် အပြာက တစ်ပြိုင်တည်းဆိုကြသည်။.သန့်ရှင်းအဝါကလည်း အားကျမခံ ဖဆပလအလံမှကြယ်ငါးလုံးကို ခေါ်ပြီး သဘာပတိခန့်မည်ဟုပြန်ပက်သည်။
”ဟေ့.ဘာရမလဲကွ..ငါက ကြယ်ဖြူတွေထဲမှာအကိတ်ဆုံး၊ အကြီးဆုံးပဲ..ဟိုအကောင်ကြယ်လေးတွေကသေးတ ယ်..ငါ့သဘာပတိထိုင်ခုံတော့မဖယ်ပေးနိုင်ပေါင်..ငါ့နေရာတော့ မပေးနိုင်ပေါင်”
”ဟေ့..တောင်းယူလို့ မရရင်..တိုက်ယူတယ်ကွာ”
လက်ဝဲနီက ကြွေးကျော်သံပေးပြီးနောက် အရောင်များအားလုံးသဘာပတိစင်ပေါ် တက်ချသွားသည်။ ”သင်္ဂါယနာထပ်တင်မယ်..ဗလိနတ်စာကျွေးမယ့်..ဘုရားဒကာ နတ်တကာကွ” ဟုဆိုကာ
သာသနာ့ဒါယိကာဖြစ်ခဲ့ဖူးသူသန့်ရှင်းအဝါကလည်းသဘာပတိ ထိုင်ခုံနောက်မှီပေါ် အတင်းခွတက်သည်။

”အရေးကြီးပြီ ညီနောင်အပေါင်းတို့”ဟူသော မွေးစားသီချင်းကိုဆိုကာ မေမေ့နီက လက်သန်းနှင့် ပြေးထိုးသည်။ ကြယ်ဖြူကြီး ကုလားထိုင်ပေါ်မှ ကျခါနီးဆဲဆဲတွင်
”ပြုတ်ကျရန် လက်တစ်လုံးအလိုမှာ..ကိုယ်မပါရင်လေ ဘာတွေများရှေ့ဆက်ဖြစ်ကြမလဲ” ဟုဆိုကာ အာမီစိမ်း က ခုံဝင်လုသည်။
ပါတီစိမ်းကလည်း ”သွေးအေးလို့ မနေသင့်ပြီ..သွေးအေးလို့ မနေသင့်ပြီ” ဆိုကာ ခုံကို မရမက ဆွဲထား၏။ အပြာကလည်း ”မဆလာတစ်ခေတ် ပြန်ဖြစ်ရမည်” ဟု ကြွေးကြော်ကာ ထိုင်ခုံခြေ ထောက်ကိုနားရွက်တစ်ဖက်ပျောက်သည်အထိ ပူးကပ်ပြီး ဖက်ထားလေတော့သည်။ ပီးပဲရဲလိုးနှင့် ယူနီယံရဲလိုး နှစ်ရောင်ကတော့ ဂျူနီယားများပီပီထိုင်ခုံလုရန် အခြေအနေမပေးသဖြင့်သဘာပတိ ရှေ့မှ အလှူခံဖလားကို ဝိုင်းဆွဲကြလေသည်။ သို့သော် အလှူခံဖလားကိုကား ပြည်သူ့ရှေ့တွင် စောင်းနေသော ပူပူနွေးနွေးအပြာလက်သစ်ကလေးက ဦးထားချေပြီ။ သို့နှင့် သို့နှင့် အရောင်တူ အရောင်ကွဲ၊ အရောင်စုံတို့၏ တက္ကနီကာလာညီလာခံကြီးကား ထိုင်ခုံလုကြရင်း နိတ္ထိတန်သွားလေတော့သတည်း။
ဗြိတိသျှကိုကိုမောင်