• Today is: Friday, April 23, 2021

တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည်

Federal Journal
February10/ 2021

တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည်
တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ
တို့ပြည်-တို့မြေ-
များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့-
ခွင့်တူညီမျှ-ဝါဒဖြူစင်တဲ့ပြည်-
တို့ပြည်-တို့မြေ-
ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ-
အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ။
အထက်ပါစာပိုဒ်တွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံ တော်သီချင်း ရှေ့ဆုံးအပိုင်းက သီချင်းစာသားတွေ ဖြစ်ပါတယ်။ အဲဒီအထဲမှာ တရားမျှတခြင်း ((justice))၊ လွတ်လပ်ခြင်း ((freedom or liberty)၊ ငြိမ်းချမ်းခြင်း (peace)၊ ခွင့်တူညီမျှခြင်း (equality) ဆိုတဲ့ လူသား လောက သာယာစေကြောင်း ကောင်းမြတ်ခြင်းတရား တွေကို တွေ့ရပါလိမ့််မယ်။ မြန်မာနိုင်ငံဟာ ဘယ်လို နိုင်ငံမျိုးလဲဆိုရင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ခွင့်တူညီမျှခြင်းဆိုတဲ့ ကောင်းမြတ်ခြင်း တွေနဲ့ ပြည့်စုံတဲ့ တိုင်းပြည်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ် ပါပဲ။ အဲဒီလို ကောင်းမြတ်ခြင်းတွေကို ပြည်ထောင်စုရဲ့ အမွေအဖြစ်နဲ့ အမြဲတမ်း တည်တံ့နေစေဖို့ ထိန်းသိမ်း ကြမယ်ဆိုပြီးတော့လည်း အဓိဋ္ဌာန်ပြုထားပါသေး တယ်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ နိဒါန်းမှာ ]]တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလတရားများကို အခြေပြု ကာ၊ လူသတ္တဝါခပ်သိမ်းတို့၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့အောင် ထိန်းသိမ်းရန် သန္နိဋ္ဌာန်၍လည်း ကောင်း To maintain social order on the basis of the eternal principles of JUSTICE, LIBERTY AND EQUALITY -အင်္ဂလိပ်မူ။)}}လို့ ပြဆိုထားပြီး ]]တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်း}}ဆိုတာ တွေဟာ ဘယ်လို တရားမျှတမှု၊ ဘယ်လို လွတ်လပ်မှု၊ ဘယ်လို ညီမျှမှုတွေလဲဆိုတာကိုပါ အောက်ပါအတိုင်း ဆက်လက် ဖွင့်ဆိုပြထားလိုက်ပါသေးတယ်။
]]လူမှုဆက်ဆံရေးတရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ လွတ်လပ်စွာ တွေးကြံနိုင်မှု၊ လွတ်လပ်စွာ ဖွင့်ဟရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာ ယုံကြည်နိုင်မှု၊ လွတ်လပ်စွာ ကိုးကွယ် နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန်စသည်တို့သို့ သွားလာဝတ်ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသနရှာမှီး နိုင်မှု၊ လွတ်လပ်စွာ စည်းရုံးနိုင်မှု၊ လွတ်လပ်စွာ ပြုမူ ဆောင်ရွက်နိုင်မှု၊ အဆင့်အတန်း ညီမျှမှု၊ အခွင့်အလမ်း ညီမျှမှု၊ တရားဥပဒေအရာတွင် ညီမျှမှုတို့ကို နိုင်ငံသား အားလုံးတို့ ရရှိခံစားနိုင်စေခြင်းငှာ အခိုင်အမာ ခံဝန်ပြု ရန် သန္နိဋ္ဌာန်ချ၍လည်းကောင်း(ဥပဒေနိဒါန်း)။}}
ဒါက ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက် နေ့မှာ တိုင်းပြည်ပြု လွှတ်တော်က အတည်ပြုလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲက ဥပဒေနိဒါန်း ဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ အတည်ပြုလိုက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာချက်ထက် တစ်နှစ်ကျော် စောနေတာကို တွေ့ရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ နိုင်ငံတော် တည် ထောင်သူဖခင်ကြီး (Founding Father)တွေရဲ့ အမျှော် အမြင်ကြီးမားခဲ့ပုံကို နောက်လူတွေက မှန်းဆကြည့် ကြဖို့ပါပဲ။ (စကားချပ်။ ။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို တိုင်းပြည်ပြုလွှတ်တော်က အတည်မပြုမီ (၂) လနဲ့ (၅) ရက်အလိုမှာ ကိုယ့်တစ်ဖို့ကလွဲရင် နိုင်ငံ နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ထည့်သွင်း မစဉ်းစားတတ်တဲ့ မသမာသူတွေရဲ့ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တည်ထောင်သူဖခင်ကြီး တချို့ ကျဆုံးခဲ့ရပါတယ်။)
ဒီနိဒါန်းမှာ (၁) လူမှုရေးတရားမျှတမှု၊ (၂) စီးပွားရေးတရားမျှတမှုနဲ့ (၃) နိုင်ငံရေးတရားမျှတမှု ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ တရားမျှတမှုလို့ ပြောရင် ဒီသုံးမျိုးကို ပြောရပါမယ်။ အဲဒီအထဲမှာ စီးပွားရေးတရားမျှတမှုနဲ့ နိုင်ငံရေးတရားမျှတမှုက လွဲရင် ကျန်တာအကုန်လုံးက လူမှုရေးတရားမျှတမှု ထဲမှာ အကျုံးဝင်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ဘာသာတရားစတာတွေဟာ လူမှုရေး တရားမျှတမှုထဲမှာ ထည့်သွင်းရေတွက်ရတဲ့ အရာတွေ ဖြစ်ပါတယ်။
ဥရောပက နာမည်ကျော် ပြင်သစ်တော်လှန် ရေးကြီးရဲ့ ရယူလိုတဲ့ အသီးအပွင့်တွေကို ပြန်ကြည့်ရင် လည်း လွတ်လပ်မှု (liberty)၊ တန်းတူညီမျှမှု (equality)နဲ့ မိတ်ဆွေရင်းချာ ရိုင်းပင်းကူညီမှု (fraternity)ဆိုတာတွေကို တွေ့ရပါတယ်။ ဒီအထဲမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုတွေကို တွေ့ရပါလိမ့်မယ်။ အဲဒီလွတ်လပ်မှုနဲ့ တန်းတူညီမျှမှုတွေဟာ တရား မျှတမှုရဲ့ အခြေခံ ဖြစ်ပါတယ်။
ဒီမိုကရေစီရဲ့ အခြေခံမူတွေနဲ့ ညီညွတ်မှုမရှိလှတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈)မှာတောင် ဒီမိုက ရေစီစနစ်နဲ့ ညီညွတ်နေသယောင်ယောင် အယောင် ဆောင်ပြဖို့အတွက် ]]နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောက ပါလတရားများ ပိုမိုထွန်းကားရေး}} (enhancing the eternal principles of Justice, Liberty and Equality in the Union – ပုဒ်မ ၆၊ (စ))ဆိုတာကို ထည့်ထားတာ တွေ့ကြရပါလိမ့်မယ်။
အဲဒီတော့ တိုင်းပြည်မှာ၊ လူ့အဖွဲ့အစည်းမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှခြင်း ဆိုတဲ့ ကောင်းမြတ်ခြင်းတရားတွေ တည်ရှိထွန်းကား နေဖို့ရာ အလွန်အင်မတန်မှကိုပဲ အရေးကြီးလှပါတယ်။ ကဲ၊ အဆိုအနေနဲ့ကတော့ ဟုတ်ပါပြီ။ လက်တွေ့မှာ အဲဒီလို ကောင်းမြတ်ခြင်းတရားတွေ ရှိ၊ မရှိဆိုတာကို ဘယ်လို တိုင်းတာကြည့်နိုင်ကြမလဲ။ ဒီသုံးမျိုးဟာ တစ်ခုနဲ့တစ်ခုကလည်း ဆက်စပ်နေကြပါတယ်။ တစ်ခု မရှိဘဲနဲ့ တစ်ခုရှိတယ်လို့ မပြောနိုင်တဲ့ အနေအထား မျိုးပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှခြင်းတွေက တိုင်းတာကြည့်ဖို့ ဖြစ်နိုင်ပေ မယ့် တရားမျှတခြင်းဆိုတာကို တိုင်းတာကြည့်ဖို့က တော့ ပိုပြီး သိမ်မွေ့မှုရှိနေမယ်လို့ ယူဆမိပါတယ်။ အမေရိကန် နိုင်ငံရေးဒဿနပညာရှင် ဂျွန်ရောလ်စ် ကတော့ တရားမျှတမှု ရှိဖို့ဆိုရင် တန်းတူညီမျှမှု ရှိရ မယ်၊ ဘာတွေ တန်းတူ ညီမျှမှု ရှိရမ လဲဆိုတော့ လွတ် လပ်မှုနဲ့ အခွင့်အလမ်းတွေဟာ တန်းတူညီမျှမှု ရှိနေ ရမယ်လို့ တိုင်းတာပြထားပါတယ်။
ဂျွန် ရောလ်စ် (John Rawls)က သူ့ရဲ့ တရား မျှတမှုသီအိုရီ (A Theory of Justice-1971)ထဲမှာ တရားမျှတမှုနဲ့ ပတ်သက်ပြီး အခြေခံမူ နှစ်ချက်ကို ပြဆိုထားပါတယ်။
အကျယ်ပြန့်ဆုံးဖြစ်တဲ့ အခြေခံလွတ်လပ်မှုကို တန်းတူညီမျှ ရရှိရမယ့် အခွင့်အရေးဟာ လူတိုင်းမှာ ရှိနေရမယ်။ အခြားသူတွေကလည်း အလားတူ လွတ် လပ်မှုမျိုးကို ရနေကြရမယ်။ လူတစ်ဦးချင်းစီမှာ ရထားတဲ့ အကျယ်ပြန့်ဆုံး အခြေခံလွတ်လပ်မှုနဲ့ အခြားသူတွေ ရရှိထားတဲ့ အလားတူ လွတ်လပ်မှုတွေ ဟာ သဟဇာတဖြစ်နေရပါမယ်။ ဒါက တရားမျှတမှု ပထမအခြေခံမူ ဖြစ်ပါတယ်။
(က) အခွင့်အရေးအနည်းဆုံး ဖြစ်နေသူတွေကို အကျိုးကျေးဇူးအများဆုံး ရနေအောင် ဆောင်ရွက် ပေးရမယ်။ (ခ) အားလုံးအတွက် အခွင့်အလမ်းတွေကို မျှမျှတတ တန်းတူညီမျှ ရရှိနိုင်မယ့် အခြေအနေမျိုး တွေနဲ့ ရာထူးဌာနန္တရတွေကို ဖွင့်ထားပေးရမယ်။ ဒီလို တရားမျှတမှုရှိတဲ့ အခြေအနေမျိုးတွေကို ရရှိဖို့အတွက် လူမှုရေးတန်းတူညီမျှမရှိမှုနဲ့ စီးပွားရေးတန်းတူညီမျှ မရှိမှုတွေကို တန်းတူညီမျှမှု ရှိကြရလေအောင် စီမံပြု လုပ်ပေးထားကြရပါမယ်။ ဒါက တရား မျှတမှု ဒုတိယ အခြေခံမူ ဖြစ်ပါတယ်။
တရားမျှတမှုပထမအခြေခံမူအရ လူတိုင်းမှာ တန်းတူညီမျှတဲ့ အခြေခံ လွတ်လပ်မှုတွေ ရှိနေရမယ်။ အခြားသူတွေမှာ ရနေတဲ့ အခြေခံလွတ်လပ်မှုမျိုးတွေ ကို ကိုယ့်မှာလည်း တန်းတူညီမျှစွာ ရနေရမယ်။ ကိုယ် ရထားတဲ့ တန်းတူညီမျှ လွတ်လပ်မှုဟာ အခြားသူတွေ ရထားတဲ့ လွတ်လပ်မှုနဲ့ သဟဇာတ ဖြစ်နေရမယ်။ ဒါဆိုရင် တရားမျှတမှု ရှိတယ်။
လူတစ်ယောက်က လွတ်လပ်မှုကို ရနေပြီး အခြားသူတစ်ယောက်ကတော့ မရတာမျိုး မဖြစ်ရဘူး။ သူရတဲ့ လွတ်လပ် မှုမျိုးကို ကိုယ်လည်း ရခွင့် ရှိနေရမယ်။ ကိုယ်ရနေတဲ့ လွတ်လပ်မှုမျိုးကို သူလည်း ရခွင့် ရှိနေရမယ်။ သူရတဲ့ လွတ်လပ်မှုနဲ့ ကိုယ်ရတဲ့ လွတ် လပ်မှုတွေဟာ သဟဇာတဖြစ်ကြရမယ်။ သဟဇာတ ဖြစ်မှသာ ပဋိပက္ခတွေကို ရှောင်ရှားနိုင်မယ်။ တကယ် လို့ သဟဇာတမဖြစ်ဘူးဆိုရင် ပဋိပက္ခတွေ ဖြစ်ပေါ် လာနိုင်တယ်။ ပဋိပက္ခတွေဟာ တရားမျှတမှု မရှိလို့ ဖြစ်တာလားဆိုတာကလည်းပဲ တွေးစရာဖြစ်ပါတယ်။
တရားမျှတမှုဒုတိယအခြေခံမူမှာ (က)အရဆိုရင် အခွင့်အရေး၊ အခွင့်အလမ်း အနည်းဆုံး ဖြစ်နေတဲ့ သူတွေကို အကျိုးခံစားရမှု များများ ရနေအောင် အခြေအနေတွေကို ဖန်တီးထားရမယ်။ တစ်နည်းပြော ရရင် မတူညီတဲ့ လူတွေကို တူညီတဲ့ အကျိုးခံစားခွင့် တွေ ရနေအောင် ဖန်တီးပေးရမယ်။ (ခ)အရဆိုရင် တော့ အားလုံးအတွက် အခွင့်အလမ်းတွေဟာ တန်းတူ ညီမျှ ဖြစ်နေရမယ်။
တချို့ပုဂ္ဂိုလ်တွေက အခြေအနေအမျိုးမျိုး ကြောင့် အခွင့်အလမ်းနဲ့ အခွင့်အရေး ရရှိမှု နည်းနေ တတ်တယ်။ ဥပဒေတွေထဲမှာ၊ မူဝါဒတွေထဲမှာ တန်းတူ ညီမျှ အခွင့်အရေးတွေ ပေးထားတယ်၊ တန်းတူညီမျှ အခွင့်အလမ်းတွေလည်း ပေးထားပါတယ်။ ဒါပေမယ့် အကျိုးခံစားရရှိမှုကျတော့ ကိုယ်ပိုင်အားနည်းချက် အမျိုးမျိုးကြောင့် မတူညီဘဲ ဖြစ်နေတတ်ပါတယ်။ ]]ပေးကား ပေး၏၊ မရ}}ဆိုတဲ့ အခြေအနေမျိုး ဖြစ်ပါ တယ်။
ဥပမာပြရရင် နိုင်ငံမှာ လူတိုင်း တက္ကသိုလ်တက် ခွင့် ရှိတယ်ဆိုပါတော့။ ဒါပေမယ့် တကယ့် လက်တွေ့ မှာတော့ ငွေကြေးချို့တဲ့လို့ ကျောင်းတောင် မတက်နိုင် တဲ့သူတစ်ယောက်အဖို့ တက္ကသိုလ်ကို ဘယ်လို တက် နိုင်မှာတဲ့လဲ။ အဲဒါဆိုရင် သူ့အဖို့ တက္ကသိုလ်ကို ဘယ်လို ရောက်နိုင်တော့မှာလဲ။ ဒီလို တက္ကသိုလ်တက် ဖို့ နေနေသာသာ ကျောင်းတောင် မတက်နိုင်တဲ့သူတွေ ကို တက္ကသိုလ်တက်နိုင်မယ့်၊ တက္ကသိုလ်ရောက်နိုင်မယ့် နည်းလမ်းတွေကို နိုင်ငံက ဖန်တီးပေးထားရမယ်။ ဒါဟာ အခွင့်အလမ်းအနည်းဆုံးသူတွေကို အကျိုး ကျေးဇူးအများဆုံးဖြစ်အောင် လုပ်ပေးရတာပါပဲ။ ဒီလို လုပ်ပေးမှလည်း လူအချင်းချင်း၊ နိုင်ငံသားအချင်းချင်း ကြားမှာ တရားမျှတမှု ရှိမယ်လို့ ယူဆထားတာ ဖြစ်ပါ တယ်။
နိုင်ငံသားချင်းအတူတူ တချို့က ငွေကြေးနဲ့ ကုသနိုင်လို့ အသက်ရှင်ရတယ်၊ အသက်ရှည်ရတယ်။ တချို့က ငွေကြေးချို့တဲ့ပြီး မကုသနိုင်လို့ အသက် သေရတယ်၊ အသက်တိုကြရတယ်။ အဲဒါဆိုရင် ဒီငွေ ကြေးချို့တဲ့သူတွေ အသက်မသေရလေအောင်၊ အသက် မတိုရလေအောင် ကုသနိုင်မယ့် နေရာတွေကို ဖန်တီး ပေးထားရပါမယ်။ အခြားသူတွေ ဆေးကုသနိုင်လို့ အသက်ရှင်ကြ၊ အသက်ရှည်ကြရပြီး သူတို့ကျမှ ဆေး မကုသနိုင်လို့ အသက်သေကြရ၊ အသက်တိုကြရမယ် ဆိုရင် ဒါဟာ လူ့အဖွဲ့အစည်းမှာ တရားမျှတမှု မရှိဘူး လို့ ဆိုရပါလိမ့်မယ်။ အဲဒီတော့ အခွင့်အလမ်းနည်းတဲ့ သူတွေကိုလည်း အခြားသူတွေ ခံစားကြရတဲ့ အကျိုး ကျေးဇူးတွေကိုတော့ ခံစားကြရလေအောင် နိုင်ငံက၊ လူ့အဖွဲ့အစည်းက ဖန်တီးပေးထားကြရပါမယ်။ ဒါမှ သာ တရားမျှတမှု ရှိနိုင်ပါလိမ့်မယ်။
လူတိုင်းလူတိုင်းအတွက် ရာထူးဌာနန္တရတွေကို ရနိုင်တဲ့ အခွင့်အလမ်းတွေက တူညီနေရမယ်။ ဒါမှ တရားမျှတမှု ရှိနိုင်တယ်။ လွတ်တော်အမတ်ဟာ လူတိုင်း ဖြစ်ခွင့် ရှိရမယ်။ တရားသူကြီးဆိုတာလည်း လူတိုင်း ဖြစ်ခွင့် ရှိရမယ်။ သမ္မတတို့ ဝန်ကြီးတို့ဆိုတာ တွေကလည်း လူတိုင်း ဖြစ်ခွင့် ရှိနေရမယ်။ ဝန်ထမ်း ဖြစ်ခွင့်ဟာ လူတိုင်းမှာ ရှိနေရမယ်။ အကပ်ရှိမှ ဖြစ်နိုင် မယ်၊ အကပ်မရှိရင် မဖြစ်နိုင်ဘူးဆိုရင် ဒါဟာ တရား မျှတမှု ကင်းမဲ့တဲ့သဘော ဖြစ်သွားပါတယ်။ လူတိုင်း အတွက် တန်းတူညီမျှ အခွင့်အလမ်းတွေ ရနေနိုင် အောင် လမ်းတွေ ဖွင့်ထားပေးရမယ်။ အချို့သူတွေ အတွက် အခွင့်အလမ်းတွေ ဖွင့်ထားပေးပြီး အချို့ သူတွေအတွက် ပိတ်ထားတယ်ဆိုရင် ဒါဟာ တရား မျှတမှု မရှိခြင်းသာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း နဲ့ တန်းတူညီမျှခြင်းဆိုတဲ့ ကောင်းမြတ်ခြင်းတွေကို အထပ်ထပ် အကြိမ်ကြိမ် ဆိုခဲ့၊ ဖော်ပြခဲ့တဲ့ နိုင်ငံတစ် နိုင်ငံ ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံသားတွေ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေကို ဘယ်လောက် ရနေကြပါပြီ လဲ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၆၉ နှစ်ပြည့်လို့ ၂၀၂၁ ခုနှစ်ဆိုရင် နှစ်ပေါင်း ၇၃ နှစ် ပြည့်ပါပြီ။ တရား မျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းဆိုတဲ့ ကောင်း ခြင်းတရားတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးမျိုးနဲ့ ချဉ်းကပ် ကြည့်ပါမယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ကာလတွေကို နောက်ပြန် ပိုင်းခြားကြည့်တဲ့အခါ အရပ်သားအစိုးရက တစ်စိတ်တစ်ပိုင်း အုပ်ချုပ်ခွင့်ရ နေတဲ့ လက်ရှိကာလ၊ ၁၉၈၈ ကနေ ၂၀၁၀ အထိ တတိယစစ်အာဏာရှင်စနစ်ကာလ၊ ၁၉၆၂ ကနေ ၁၉၈၈ အထိ ဒုတိယစစ်အာဏာရှင်စနစ်ကာလ၊ ၁၉၄၈ ကနေ ၁၉၆၂ အထိ ပါလီမန် ဒီမိုကရေစီကာလ (ဒီပါလီ မန်ဒီမိုကရေစီကာလထဲမှာ ၁၉၅၈ ကနေ ၁၉၆၀ အထိ ပထမစစ်အာဏာရှင်စနစ်ကာလ ရှိနေတာကို သတိ ပြုရပါမယ်။)ဆိုပြီး ကာလအမျိုးမျိုးကို တွေ့ရပါလိမ့် မယ်။
အဲဒီတော့ အတိတ်ကာလကို ၁၉၄၈ ကနေ ၂၀၁၀ အထိ ပိုင်းမယ်ဆိုရင် ပါလီမန်ဒီမိုကရေစီကာလနဲ့ စစ်အာဏာရှင်စနစ်ကာလဆိုပြီး တွေ့ရပါမယ်။ ပါလီမန် ဒီမိုကရေစီကာလ မြန်မာနိုင်ငံဟာ အာရှနဲ့ ကမ္ဘာမှာ ထိပ်တန်းနေရာ ရရှိခဲ့ဖူးပါတယ်။ ၁၉၆၂ ကနေ ၂၀၁၀ အထိ စစ်အာဏာရှင်စနစ်ကာလကတော့ မြန်မာဟာ အာရှကို ကျော်လွန်ပြီး ကမ္ဘာ့အောက်ဆုံးဆိုတဲ့ ချောက် ကြီးထဲကို တွန်းချခံရလို့ ကျရောက်သွားရတဲ့ ကာလ ဖြစ်ပါတယ်။ ဒါကို အတိတ်ကာလတစ်ခုအဖြစ် သတ် မှတ်ပြီး တရားမျှတမှု၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု ဆိုတဲ့ ကောင်းမြတ်ခြင်းတရားတွေနဲ့ ရှုမြင်ကြည့်ပါ မယ်။
၁၉၆၂ ကနေ ၂၀၁၀ အထိ ကာလမှာ မကောင်း ဆိုးဝါး မိစ္ဆာစစ်အာဏာရှင်တွေနဲ့ နောက်လိုက် နောက်ပါတွေဟာ နိုင်ငံရဲ့ မြေပေါ်မြေအောက် သယံ ဇာတအကုန်လုံးကို ကုန်အောင် ရောင်းစားသွားခဲ့ပါ တယ်။ သစ်တောတွေ အကုန် ကုန်အောင် တောင်တွေ ကတုံးဖြစ်တဲ့အထိ ခုတ်သွားပါတယ်။ တောင်ပေါင်း များစွာကို တူးဖြိုပြီး ကျောက်စိမ်းနဲ့ အခြားရတနာတွေ ကို တူးယူသွားပါတယ်။ ကုန်းတွင်းနဲ့ ကမ်းလွန်တွေပါ မကျန်အောင် ရေနံနဲ့ ဓာတ်ငွေ့တွေကို တူးပြီး ရောင်း စားသွားတဲ့အပြင် ကြိုပြီးပါ ရောင်းစားထားခဲ့ပါသေး တယ်။ မြေယာဧကပေါင်းများစွာကို မတရားသိမ်း ယူပြီး ရောင်းစားသွားပါတယ်။ နိုင်ငံရဲ့ စီးပွားရေးမှန် သမျှ အကုန် လက်ဝါးကြီးအုပ်ထားပါတယ်။ ဒီအခွင့် အရေးကို ကျန်တဲ့ နိုင်ငံသားတွေက မရကြပါဘူး။ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ နောက်လိုက်နောက်ပါ တွေကပဲ ရရှိကြပါတယ်။ နိုင်ငံရဲ့ သယံဇာတနဲ့ ပတ် သက်လို့ ဘယ်မှာလဲ တန်းတူညီမျှ အခွင့်အရေး၊ ဘယ်မှာလဲ တရားမျှတမှု။
ဒီအတိတ်ကာလတွေမှာ နိုင်ငံသားတွေရဲ့ လွတ် လပ်မှုမှန်သမျှကို ပိတ်ပင်ထားခဲ့တယ်။ လွတ်လပ်မှုဟာ လူတွေကို အသိÓဏ်ဖြစ်ပေါ်လာအောင် ကူပံ့ပေးနိုင် တယ်။ လွတ်လပ်မှုရှိရင် လူတွေဟာ လွတ်လပ်စွာ တွေးကြတော့မယ်၊ လွတ်လပ်စွာ ပြောကြတော့မယ်၊ လွတ်လပ်စွာ ရေးသားကြတော့မယ်၊ လွတ်လပ်စွာ ဖတ်ရှုလေ့လာကြတော့မယ်။ ဒါတွေက လူတွေကို အသိနဲ့ Óဏ်ပညာကို ဖြစ်ပေါ်စေပါတယ်။ အသိနဲ့ Óဏ်ပညာတွေ ရှိလာရင် လူတွေဟာ မကောင်းဆိုးဝါး မိစ္ဆာစစ်အာဏာရှင်တွေကို တွန်းလှန်ပစ်ကြပါလိမ့် မယ်။ အဲဒီတော့ မိစ္ဆာစစ်အာဏာရှင်တွေဟာ သူတို့ကို ဒုက္ခပေးမယ့် လွတ်လပ်မှုဆိုတာကို လုံးဝ သော့ခတ် ထားလိုက်ပါတော့တယ်။
ဒါပေမဲ့ ဒီကာလတွေမှာပဲ လွတ်လပ်မှု ရနေတဲ့ သူတွေကလည်း ရှိနေပြန်ပါတယ်။ စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင်တွေရဲ့ သားသမီးတွေ၊ စစ်အာဏာရှင် တွေရဲ့ နောက်လိုက်နောက်ပါတွေဟာ လွတ်လပ်မှုတွေ အပြင် ရမ်းကားမှုတွေပါ ရနေကြပါတယ်။ အဲဒီစစ် အာဏာရှင်တွေနဲ့ နောက်လိုက်နောက်ပါတွေဟာ သူတို့ လုပ်ချင်တာအကုန်လုံးကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေကြတယ်။ ကျန်တဲ့ နိုင်ငံသားတွေကတော့ သူတို့နဲ့ ဆန့်ကျင်ဘက် ဖြစ်နေကြပါတယ်။ ဘာမှ လုပ်ခွင့်မရဆိုတဲ့ အခြေအနေတွေ ဆိုက်ရောက်ခဲ့ပါ တယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြေညာစာတမ်း၊ အပိုဒ်(၅)မှာ ]]ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ် မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ တစ်ဖွဲ့တစ်သင်း ၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦး တစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင် သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ် ကာလကゞင်း၊ ယခုမျက်မှောက်တွင်ゞင်း၊ နောင်လာ လတ္တံ့သော အနာဂတ်ကာလ၌လည်းကောင်း၊ ငါတို့ ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီးကား မခြား၊ သစ္စာတော်ခံနိုင်ငံသား ဟူသရွေ့တို့၏ အမွေအနှစ်အပိုင်ပစ္စည်း အကျိုး ခံစားရာ ဖြစ်သည်}}လို့ ဆိုထားပေမယ့် တကယ့် တကယ်မှာတော့ စစ်အာဏာရှင်တွေနဲ့ နောက်လိုက် နောက်ပါတွေကသာ နိုင်ငံတော်ကို သူတို့အပိုင်ပစ္စည်း လို အသုံးချခဲ့ကြတယ်။ နိုင်ငံတော်မှာ ရှိနေတဲ့ ကျန် နိုင်ငံသားတွေအကုန်လုံးကတော့ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုတွေနဲ့ပါ ကင်းဝေးနေခဲ့ကြ ရပါတယ်။
ဒီကာလတွေမှာ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုတွေကို ထုတ်ဖော်ပြောဆိုမိတဲ့သူတွေ ဟာ ဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ကြရတယ်။ အဲဒါ အပြင် စစ်အာဏာရှင်တွေရဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားစတဲ့ မီဒီယာတွေကနေလည်း ဆဲဆိုရမ်း ကားမှုတွေကိုပါ ခံကြရပါသေးတယ်။ စစ်အာဏာရှင် တွေနဲ့ နောက်လိုက်နောက်ပါတွေရဲ့ သားသမီးတွေဟာ လည်း လွတ်လပ်မှုမှန်သမျှကို ရယူထားတဲ့အပြင် ရမ်းကားမှုတွေပါ ပြုလုပ်ခဲ့ကြတယ်။ အဲဒီလို ရမ်းကား မှုတွေကို ခံခဲ့ကြရတဲ့ နိုင်ငံသားတွေဟာ တရားမျှတမှု ကို ပြန်လည်မရရှိခဲ့ကြပါဘူး။
ဒါတွေက အတိတ်မှာ ဖြစ်ခဲ့တာတွေ ဖြစ်ပါတယ်။ အတိတ်က ဖြစ်ခဲ့တာတွေကို ပြန်ပြောပြောနေရတာက အဲဒီအတိတ်မှာပဲ ရပ်နေဖို့ မဟုတ်ဘူးဆိုတာကိုတော့ သတိပြုရပါလိမ့်မယ်။ အတိတ်က ဖြစ်ခဲ့တာတွေကို နောက်တစ်ဖန် ထပ်မဖြစ်ပေါ်ရလေအောင် သင်ခန်းစာ အနေနဲ့ ဆင်ခြင်သုံးသပ်ပြီး နိုင်ငံနဲ့ နိုင်ငံသားတွေက ရှေ့ဆက်သွားကြဖို့ပဲ ဖြစ်ပါတယ်။
အတိတ်ကာလကို တစ်စိတ်တစ်ဒေသ ဆန်းစစ် ပြီးတဲ့အခါ အခုပစ္စုပ္ပန်ကာလကို သုံးသပ်ဆင်ခြင် ရှုမြင်ကြည့်ကြပါမယ်။ လက်ရှိပစ္စုပ္ပန်ကာလမှာ နိုင်ငံ တော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှန်သမျှကို ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လည်ပတ်နေရပါ တယ်။ ဒါဟာ အရှိတရား ဖြစ်ပါတယ်။
အဲဒီ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ သားတစ်ယောက်က တိုင်းပြည်ရဲ့ ကံကြမ္မာတစ်ဝက် လောက်ကို ဆုံးဖြတ်ခွင့် ရရှိနေပြီး ကျန်နိုင်ငံသား အားလုံးကတော့ နိုင်ငံတော်ရဲ့ အကြီးအကဲ သမ္မတကို တောင် ရွေးချယ်ခွင့် မရရှိကြတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ နိုင်ငံသားတစ်ယောက်ကို မဲတစ်မဲနဲ့ နိုင်ငံသားပေါင်း ထောင်နဲ့ချီတဲ့အရေအတွက်က လွှတ် တော်အမတ်တစ်ယောက်ကိုပဲ ရွေးချယ်ခွင့် ရှိနေပေ မယ့် တစ်နိုင်ငံလုံးမှာရှိတဲ့ လွှတ်တော်တွေရဲ့ လွှတ် တော်အမတ်လေးပုံတစ်ပုံကိုတော့ နိုင်ငံသားတစ် ယောက်တည်းက ရွေးချယ်ခွင့်တွေ ရနေပါတယ်။ ဒါက နိုင်ငံသားတိုင်းမှာ တန်းတူညီမျှအခွင့်အရေး မရှိတာမို့လို့ နိုင်ငံရေးတရားမျှတမှု မရှိဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
လူတစ်ယောက် အသက်ရှင်ရပ်တည်လို့ မရနိုင်တဲ့ ဝင်ငွေ ၁၂၀ဝဝဝ (တစ်သိန်းနှစ်သောင်း) ရသူကို အခွန်ဆောင်ခိုင်းထားပြီး နိုင်ငံရဲ့ အရင်း အမြစ်တွေကို အများဆုံး သုံးစွဲခွင့် ရနေတဲ့သူတွေကျ တော့ အခွန် နည်းနည်းပဲ ဆောင်ရတာတွေ ဖြစ်နေပါ တယ်။ အခြားတိုင်းပြည်တွေမှာ နိုင်ငံရဲ့ အရင်းအမြစ် တွေကို အများဆုံး သုံးစွဲတဲ့သူတွေဟာ အခွန်ကို ၅၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းကျော် ဆောင်ကြရပေမယ့် မြန်မာနိုင်ငံမှာတော့ အဲဒီလို အများဆုံး သုံးစွဲတဲ့သူ တွေဟာ ၂၀ ရာခိုင်နှုန်းပဲ ဆောင်ကြရတာတွေ ဖြစ်နေ ပါတယ်။ ဘယ်မှာတဲ့လဲ စီးပွားရေးတရားမျှတမှု။
]]မိန်းမများသည် တူညီသော အလုပ်အတွက် ယောကျာ်းတို့ ရသော လခမျိုးကို ရနိုင်ရမည်။}} (ပုဒ်မ(၁၅)၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၄၇။) ဒီလို ပုဒ်မမျိုးကို ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၅၀)မှာလည်း ]]အမျိုးသမီးများသည် တူညီသော အလုပ်အတွက် အမျိုးသားများ ခံစားခွင့်ရှိသော အခွင့် အရေးနှင့် လစာတို့ကို ခံစားခွင့်ရှိသည်။}}ဆိုပြီး ဖော်ပြ ထားပါတယ်။ ဒါပေမယ့် အဲဒီ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပုဒ်မ(၃၅၂)ထဲမှာတော့ ]]အမျိုးသားများနှင့် သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များ အတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတားမဖြစ်စေရ။}}ဆိုပြီးတော့ ထပ်မံထည့်သွင်းထားကာ အမျိုးသမီးတွေကို ခွဲခြား ထားပြန်ပါသေးတယ်။ ဒါတွေဟာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက လူမှုရေးတရားမျှတမှု မရှိခြင်း တချို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေးစနစ်နဲ့ လည်ပတ် နေတဲ့ တက္ကသိုလ်တွေမှာလည်း အမှတ်သတ်မှတ်မှု မညီမျှခြင်းက စလို့ ကျားမခွဲခြားထားတဲ့ အခြားအရာ တွေလည်း အများအပြား ရှိနေပါသေးတယ်။ ဒါတွေက လည်း လူမှုရေးတရားမျှတမှု မရှိတာကို ပြဆိုနေပါ တယ်။
ဒီမှာ ထုတ်နုတ်ပြထားတာက ဥပမာတချို့ပဲ ရှိပါသေးတယ်။ တကယ့် လက်တွေ့မှာတော့ လူမှုရေး တရားမျှတမှု မရှိတာ၊ နိုင်ငံရေးတရားမျှတမှု မရှိတာ၊ စီးပွားရေးတရားမျှတမှု မရှိတာတွေဟာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားနေရတဲ့ မြန်မာနိုင်ငံမှာ အများအပြား ရှိနေကြပါတယ်။ ဒါက လက်ရှိပစ္စုပ္ပန် ကာလရဲ့ မြန်မာနိုင်ငံအခြေအနေလည်း ဖြစ်ပါတယ်။
အဲဒီတော့ အနာဂတ်မှာရော မြန်မာနိုင်ငံက ဘယ်လို ပုံစံမျိုး ဖြစ်လာမှာတဲ့လဲ။ အနာဂတ်မှာ မြန်မာ နိုင်ငံကို ဘယ်လို နိုင်ငံမျိုး ဖြစ်စေချင်သလဲ၊ မြန်မာ့ လူ့အဖွဲ့အစည်းကို ဘယ်လို လူ့အဖွဲ့အစည်းမျိုး ဖြစ်စေ ချင်သလဲဆိုတာကို လက်ရှိ မြန်မာနိုင်ငံသားတွေက ဆုံးဖြတ်ကြရပါလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့ အစည်းကို တရားမျှတမှုရှိတဲ့ နိုင်ငံ၊ တရားမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်း၊ လွတ်လပ်မှုရှိတဲ့ နိုင်ငံ၊ လွတ်လပ်မှု ရှိတဲ့ လူ့အဖွဲ့အစည်း၊ တန်းတူညီမျှမှုရှိတဲ့ နိုင်ငံ၊ တန်းတူ ညီမျှမှုရှိတဲ့ လူ့အဖွဲ့အစည်းတွေ ဖြစ်စေချင်သလား။ ဒီလို ဖြစ်စေချင်ရင် ဒီလို နိုင်ငံမျိုး၊ ဒီလို လူ့အဖွဲ့အစည်း မျိုးကို ရရှိအောင် မြန်မာနိုင်ငံသားတွေက အခုကတည်း က တည်ဆောက်ထားရပါလိမ့်မယ်။
စားသုံးလိုတဲ့ အသီးကို လိုချင်ရင် အဲဒီအသီး သီးတဲ့ အပင်မျိုးကို စိုက်ပျိုးယူရသတဲ့။ အရိပ်ကို ခိုချင် ရင်တော့ နေပူက စောင့်ကြရသတဲ့လေ။ ကမ္ဘာပေါ်မှာ တိုးတက်တဲ့ လူ့အဖွဲ့အစည်းမှန်သမျှကို အဲဒီလူ့အဖွဲ့ အစည်းက လူတွေဟာ အချောင်ရခဲ့တာတော့လည်း မဟုတ်ပေဘူးပေါ့။
တရားမျှတမှုလား၊ လွတ်လပ်မှုလား၊ တန်းတူညီ မျှမှုလား။ အဲဒီကောင်းမြတ်ခြင်းတရားတွေ မရှိပါဘဲနဲ့ ငြိမ်းချမ်းခြင်းဆိုတာကရော ဖြစ်နိုင်ပါမတဲ့လား။ သင် ဘာကို အလိုရှိပါသလဲ။ ထိုင်နေလို့တော့ ဘာမှ ဖြစ် မလာဘူးဆိုတဲ့ စကားကို သင်လည်း ကြားဖူး၏၊ ကျွနု်ပ် လည်း ကြားဖူး၏၊ အခြားသူများလည်း ကြားဖူးထား ကြပါ၏။ ဘယ်လို နိုင်ငံမျိုးနဲ့ ဘယ်လို လူ့အဖွဲ့အစည်း မျိုးပဲဖြစ်ဖြစ် အဲဒီနိုင်ငံနဲ့ အဲဒီလူ့အဖွဲ့အစည်းကို တကယ် ဖန်တီးတည်ဆောက်သူတွေဟာ အဲဒီနိုင်ငံ သားတွေ၊ အဲဒီလူ့အဖွဲ့အစည်းက လူတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လိုချင်လှပါ တယ်ဆိုတဲ့ လူ့အဖွဲ့အစည်းမျိုးကိုလည်း ကျွန်တော်တို့ ကိုယ်တိုင်ကပဲ တည်ဆောက်ယူရမည်သာ ဖြစ်ပါ ကြောင်း။
တရားမျှတ-လွတ်လပ်ခြင်းနဲ့ မသွေ၊ ခွင့်တူညီမျှ လို့ ဝါဒလည်း ဖြူစင်ကြစေ။ Óဏ်ပညာနဲ့ ချစ်ခြင်း တရားတွေလည်း တိုးပွားဖြစ်ထွန်းကြပါစေတည့်လေ။

ကျမ်းကိုး
၁။ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ၁၉၄၇။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀ဝ၈။
၃။ Kropotkin, P. (1927) The Great French Revolution, 1789-1793 (N. F. Dryhurst, Trans.) New York, Vanguad Printings.

၄။ Parvin, P. and Chambers, C. (2012) Political Philosophy: A complete introduction, Hodder & Stoughton Ltd, 338 Euston Road, London.

အောင်နိုင်

 

 

Zawgyi

တရားမွ်တ-လြတ္လပ္ျခင္းနဲ႔မေသြ တို႔ျပည္

တရားမွ်တ-လြတ္လပ္ျခင္းနဲ႔မေသြ

တို႔ျပည္-တို႔ေျမ-

မ်ားလူခပ္သိမ္း-ၿငိမ္းခ်မ္းေစဖို႔-

ခြင့္တူညီမွ်-ဝါဒျဖဴစင္တဲ့ျပည္-

တို႔ျပည္-တို႔ေျမ-

ျပည္ေထာင္စုအေမြ-အၿမဲတည္တံ့ေစ-

အဓိ႒ာန္ျပဳေပ-ထိန္းသိမ္းစို႔ေလ။

အထက္ပါစာပိုဒ္ေတြဟာ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံ ေတာ္သီခ်င္း ေရွ႕ဆံုးအပိုင္းက သီခ်င္းစာသားေတြ ျဖစ္ပါတယ္။ အဲဒီအထဲမွာ တရားမွ်တျခင္း ((justice))၊ လြတ္လပ္ျခင္း ((freedom or liberty)၊ ၿငိမ္းခ်မ္းျခင္း (peace)၊ ခြင့္တူညီမွ်ျခင္း (equality) ဆိုတဲ့ လူသား ေလာက သာယာေစေၾကာင္း ေကာင္းျမတ္ျခင္းတရား ေတြကို ေတြ႕ရပါလိမ့္္မယ္။ ျမန္မာႏိုင္ငံဟာ ဘယ္လို ႏိုင္ငံမ်ိဳးလဲဆိုရင္ တရားမွ်တျခင္း၊ လြတ္လပ္ျခင္း၊ ၿငိမ္းခ်မ္းျခင္း၊ ခြင့္တူညီမွ်ျခင္းဆိုတဲ့ ေကာင္းျမတ္ျခင္း ေတြနဲ႔ ျပည့္စံုတဲ့ တိုင္းျပည္ျဖစ္တယ္ဆိုတဲ့ အဓိပၸာယ္ ပါပဲ။ အဲဒီလို ေကာင္းျမတ္ျခင္းေတြကို ျပည္ေထာင္စုရဲ႕ အေမြအျဖစ္နဲ႔ အၿမဲတမ္း တည္တံ့ေနေစဖို႔ ထိန္းသိမ္း ၾကမယ္ဆိုၿပီးေတာ့လည္း အဓိ႒ာန္ျပဳထားပါေသး တယ္။

၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒ နိဒါန္းမွာ ]]တရားမွ်တျခင္း၊ လြတ္လပ္ျခင္း၊ ညီမွ်ျခင္း တည္းဟူေသာ ေလာကပါလတရားမ်ားကို အေျချပဳ ကာ၊ လူသတၲဝါခပ္သိမ္းတို႔၏ ၿငိမ္းခ်မ္းသာယာေရးကို ခိုင္ၿမဲတည္တံ့ေအာင္ ထိန္းသိမ္းရန္ သႏၷိ႒ာန္၍လည္း ေကာင္း To maintain social order on the basis of the eternal principles of JUSTICE, LIBERTY AND EQUALITY -အဂၤလိပ္မူ။)}}လို႔ ျပဆိုထားၿပီး  ]]တရားမွ်တျခင္း၊ လြတ္လပ္ျခင္းနဲ႔ ညီမွ်ျခင္း}}ဆိုတာ ေတြဟာ ဘယ္လို တရားမွ်တမႈ၊ ဘယ္လို လြတ္လပ္မႈ၊ ဘယ္လို ညီမွ်မႈေတြလဲဆိုတာကိုပါ ေအာက္ပါအတိုင္း ဆက္လက္ ဖြင့္ဆိုျပထားလိုက္ပါေသးတယ္။

]]လူမႈဆက္ဆံေရးတရားမွ်တမႈ၊ စီးပြားေရး တရားမွ်တမႈ၊ ႏိုင္ငံေရးတရားမွ်တမႈ၊ လြတ္လပ္စြာ ေတြးႀကံႏိုင္မႈ၊ လြတ္လပ္စြာ ဖြင့္ဟေရးသားေဖာ္ျပႏိုင္မႈ၊ လြတ္လပ္စြာ ယံုၾကည္ႏိုင္မႈ၊ လြတ္လပ္စြာ ကိုးကြယ္ ႏိုင္မႈ၊ လြတ္လပ္စြာ ဘုရားေက်ာင္းကန္စသည္တို႔သို႔ သြားလာဝတ္ျပဳႏိုင္မႈ၊ လြတ္လပ္စြာ ပရိေယသနရွာမွီး ႏိုင္မႈ၊ လြတ္လပ္စြာ စည္း႐ံုးႏိုင္မႈ၊ လြတ္လပ္စြာ ျပဳမူ ေဆာင္ရြက္ႏိုင္မႈ၊ အဆင့္အတန္း ညီမွ်မႈ၊ အခြင့္အလမ္း ညီမွ်မႈ၊ တရားဥပေဒအရာတြင္ ညီမွ်မႈတို႔ကို ႏိုင္ငံသား အားလံုးတို႔ ရရွိခံစားႏိုင္ေစျခင္းငွာ အခိုင္အမာ ခံဝန္ျပဳ ရန္ သႏၷိ႒ာန္ခ်၍လည္းေကာင္း(ဥပေဒနိဒါန္း)။}}

ဒါက ၁၉၄၇ ခုႏွစ္၊ စက္တင္ဘာလ (၂၄) ရက္ ေန႔မွာ တိုင္းျပည္ျပဳ လႊတ္ေတာ္က အတည္ျပဳလိုက္တဲ့ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒထဲက ဥပေဒနိဒါန္း ျဖစ္ပါတယ္။ ကုလသမဂၢအေထြေထြညီလာခံက ၁၉၄၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၀) ရက္ေန႔မွာ  အတည္ျပဳလိုက္တဲ့ အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရးေၾကညာခ်က္ထက္ တစ္ႏွစ္ေက်ာ္ ေစာေနတာကို ေတြ႕ရပါလိမ့္မယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္တဲ့ ႏိုင္ငံေတာ္ တည္ ေထာင္သူဖခင္ႀကီး (Founding Father)ေတြရဲ႕ အေမွ်ာ္ အျမင္ႀကီးမားခဲ့ပံုကို ေနာက္လူေတြက မွန္းဆၾကည့္ ၾကဖို႔ပါပဲ။ (စကားခ်ပ္။ ။ ဒီဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံ ဥပေဒကို တိုင္းျပည္ျပဳလႊတ္ေတာ္က အတည္မျပဳမီ (၂) လနဲ႔ (၅) ရက္အလိုမွာ ကိုယ့္တစ္ဖို႔ကလြဲရင္ ႏိုင္ငံ နဲ႔ ႏိုင္ငံသားေတြရဲ႕ အက်ိဳးစီးပြားကို ထည့္သြင္း မစဥ္းစားတတ္တဲ့ မသမာသူေတြရဲ႕ လုပ္ႀကံမႈေၾကာင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔တကြ တည္ေထာင္သူဖခင္ႀကီး တခ်ိဳ႕ က်ဆံုးခဲ့ရပါတယ္။)

ဒီနိဒါန္းမွာ (၁) လူမႈေရးတရားမွ်တမႈ၊ (၂) စီးပြားေရးတရားမွ်တမႈနဲ႔ (၃) ႏိုင္ငံေရးတရားမွ်တမႈ ဆိုၿပီး ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ တရားမွ်တမႈလို႔ ေျပာရင္ ဒီသံုးမ်ိဳးကို ေျပာရပါမယ္။ အဲဒီအထဲမွာ စီးပြားေရးတရားမွ်တမႈနဲ႔ ႏိုင္ငံေရးတရားမွ်တမႈက လြဲရင္ က်န္တာအကုန္လံုးက လူမႈေရးတရားမွ်တမႈ ထဲမွာ အက်ံဳးဝင္ပါတယ္။ ပညာေရး၊ က်န္းမာေရး၊ ယဥ္ေက်းမႈ၊ ဘာသာတရားစတာေတြဟာ လူမႈေရး တရားမွ်တမႈထဲမွာ ထည့္သြင္းေရတြက္ရတဲ့ အရာေတြ ျဖစ္ပါတယ္။

ဥေရာပက နာမည္ေက်ာ္ ျပင္သစ္ေတာ္လွန္ ေရးႀကီးရဲ႕ ရယူလိုတဲ့ အသီးအပြင့္ေတြကို ျပန္ၾကည့္ရင္ လည္း လြတ္လပ္မႈ (liberty)၊ တန္းတူညီမွ်မႈ (equality)နဲ႔ မိတ္ေဆြရင္းခ်ာ ႐ိုင္းပင္းကူညီမႈ (fraternity)ဆိုတာေတြကို ေတြ႕ရပါတယ္။ ဒီအထဲမွာ လြတ္လပ္မႈနဲ႔ တန္းတူညီမွ်မႈေတြကို ေတြ႕ရပါလိမ့္မယ္။ အဲဒီလြတ္လပ္မႈနဲ႔ တန္းတူညီမွ်မႈေတြဟာ တရား မွ်တမႈရဲ႕ အေျခခံ ျဖစ္ပါတယ္။

ဒီမိုကေရစီရဲ႕ အေျခခံမူေတြနဲ႔ ညီၫြတ္မႈမရွိလွတဲ့ ဖြဲ႕စည္းပံုအေျခခံဥပေဒ(၂၀ဝ၈)မွာေတာင္ ဒီမိုက ေရစီစနစ္နဲ႔ ညီၫြတ္ေနသေယာင္ေယာင္ အေယာင္ ေဆာင္ျပဖို႔အတြက္ ]]ႏိုင္ငံေတာ္၌ တရားမွ်တျခင္း၊ လြတ္လပ္ျခင္းႏွင့္ ညီမွ်ျခင္းတည္းဟူေသာ ေလာက ပါလတရားမ်ား ပိုမိုထြန္းကားေရး}} (enhancing the eternal principles of Justice, Liberty and Equality in the Union – ပုဒ္မ ၆၊ (စ))ဆိုတာကို ထည့္ထားတာ ေတြ႕ၾကရပါလိမ့္မယ္။

အဲဒီေတာ့ တိုင္းျပည္မွာ၊ လူ႔အဖြဲ႕အစည္းမွာ တရားမွ်တျခင္း၊ လြတ္လပ္ျခင္းနဲ႔ တန္းတူညီမွ်ျခင္း ဆိုတဲ့ ေကာင္းျမတ္ျခင္းတရားေတြ တည္ရွိထြန္းကား ေနဖို႔ရာ အလြန္အင္မတန္မွကိုပဲ အေရးႀကီးလွပါတယ္။ ကဲ၊ အဆိုအေနနဲ႔ကေတာ့ ဟုတ္ပါၿပီ။ လက္ေတြ႕မွာ အဲဒီလို ေကာင္းျမတ္ျခင္းတရားေတြ ရွိ၊ မရွိဆိုတာကို ဘယ္လို တိုင္းတာၾကည့္ႏိုင္ၾကမလဲ။ ဒီသံုးမ်ိဳးဟာ တစ္ခုနဲ႔တစ္ခုကလည္း ဆက္စပ္ေနၾကပါတယ္။ တစ္ခု မရွိဘဲနဲ႔ တစ္ခုရွိတယ္လို႔ မေျပာႏိုင္တဲ့ အေနအထား မ်ိဳးပဲ ျဖစ္ပါတယ္။ ဒီအထဲမွာ လြတ္လပ္ျခင္းနဲ႔ တန္းတူညီမွ်ျခင္းေတြက တိုင္းတာၾကည့္ဖို႔ ျဖစ္ႏိုင္ေပ မယ့္ တရားမွ်တျခင္းဆိုတာကို တိုင္းတာၾကည့္ဖို႔က ေတာ့ ပိုၿပီး သိမ္ေမြ႕မႈရွိေနမယ္လို႔ ယူဆမိပါတယ္။ အေမရိကန္ ႏိုင္ငံေရးဒႆနပညာရွင္ ဂြ်န္ေရာလ္စ္ ကေတာ့ တရားမွ်တမႈ ရွိဖို႔ဆိုရင္ တန္းတူညီမွ်မႈ ရွိရ မယ္၊ ဘာေတြ တန္းတူ ညီမွ်မႈ ရွိရမ လဲဆိုေတာ့ လြတ္ လပ္မႈနဲ႔ အခြင့္အလမ္းေတြဟာ တန္းတူညီမွ်မႈ ရွိေန ရမယ္လို႔ တိုင္းတာျပထားပါတယ္။

ဂြ်န္ ေရာလ္စ္ (John Rawls)က သူ႔ရဲ႕ တရား မွ်တမႈသီအိုရီ (A Theory of Justice-1971)ထဲမွာ တရားမွ်တမႈနဲ႔ ပတ္သက္ၿပီး အေျခခံမူ ႏွစ္ခ်က္ကို ျပဆိုထားပါတယ္။

အက်ယ္ျပန္႔ဆံုးျဖစ္တဲ့ အေျခခံလြတ္လပ္မႈကို တန္းတူညီမွ် ရရွိရမယ့္ အခြင့္အေရးဟာ လူတိုင္းမွာ ရွိေနရမယ္။ အျခားသူေတြကလည္း အလားတူ လြတ္ လပ္မႈမ်ိဳးကို ရေနၾကရမယ္။ လူတစ္ဦးခ်င္းစီမွာ ရထားတဲ့ အက်ယ္ျပန္႔ဆံုး အေျခခံလြတ္လပ္မႈနဲ႔ အျခားသူေတြ ရရွိထားတဲ့ အလားတူ လြတ္လပ္မႈေတြ ဟာ သဟဇာတျဖစ္ေနရပါမယ္။ ဒါက တရားမွ်တမႈ ပထမအေျခခံမူ ျဖစ္ပါတယ္။

(က) အခြင့္အေရးအနည္းဆံုး ျဖစ္ေနသူေတြကို အက်ိဳးေက်းဇူးအမ်ားဆံုး ရေနေအာင္ ေဆာင္ရြက္ ေပးရမယ္။ (ခ) အားလံုးအတြက္ အခြင့္အလမ္းေတြကို မွ်မွ်တတ တန္းတူညီမွ် ရရွိႏိုင္မယ့္ အေျခအေနမ်ိဳး ေတြနဲ႔ ရာထူးဌာနႏၱရေတြကို ဖြင့္ထားေပးရမယ္။ ဒီလို တရားမွ်တမႈရွိတဲ့ အေျခအေနမ်ိဳးေတြကို ရရွိဖို႔အတြက္ လူမႈေရးတန္းတူညီမွ်မရွိမႈနဲ႔ စီးပြားေရးတန္းတူညီမွ် မရွိမႈေတြကို တန္းတူညီမွ်မႈ ရွိၾကရေလေအာင္ စီမံျပဳ လုပ္ေပးထားၾကရပါမယ္။ ဒါက တရား မွ်တမႈ ဒုတိယ အေျခခံမူ ျဖစ္ပါတယ္။

တရားမွ်တမႈပထမအေျခခံမူအရ လူတိုင္းမွာ တန္းတူညီမွ်တဲ့ အေျခခံ လြတ္လပ္မႈေတြ ရွိေနရမယ္။ အျခားသူေတြမွာ ရေနတဲ့ အေျခခံလြတ္လပ္မႈမ်ိဳးေတြ ကို ကိုယ့္မွာလည္း တန္းတူညီမွ်စြာ ရေနရမယ္။ ကိုယ္ ရထားတဲ့ တန္းတူညီမွ် လြတ္လပ္မႈဟာ အျခားသူေတြ ရထားတဲ့ လြတ္လပ္မႈနဲ႔ သဟဇာတ ျဖစ္ေနရမယ္။ ဒါဆိုရင္ တရားမွ်တမႈ ရွိတယ္။

လူတစ္ေယာက္က လြတ္လပ္မႈကို ရေနၿပီး အျခားသူတစ္ေယာက္ကေတာ့ မရတာမ်ိဳး မျဖစ္ရဘူး။ သူရတဲ့ လြတ္လပ္ မႈမ်ိဳးကို ကိုယ္လည္း ရခြင့္ ရွိေနရမယ္။ ကိုယ္ရေနတဲ့ လြတ္လပ္မႈမ်ိဳးကို သူလည္း ရခြင့္ ရွိေနရမယ္။ သူရတဲ့ လြတ္လပ္မႈနဲ႔ ကိုယ္ရတဲ့ လြတ္ လပ္မႈေတြဟာ သဟဇာတျဖစ္ၾကရမယ္။ သဟဇာတ ျဖစ္မွသာ ပဋိပကၡေတြကို ေရွာင္ရွားႏိုင္မယ္။ တကယ္ လို႔ သဟဇာတမျဖစ္ဘူးဆိုရင္ ပဋိပကၡေတြ ျဖစ္ေပၚ လာႏိုင္တယ္။ ပဋိပကၡေတြဟာ တရားမွ်တမႈ မရွိလို႔ ျဖစ္တာလားဆိုတာကလည္းပဲ ေတြးစရာျဖစ္ပါတယ္။

တရားမွ်တမႈဒုတိယအေျခခံမူမွာ (က)အရဆိုရင္ အခြင့္အေရး၊ အခြင့္အလမ္း အနည္းဆံုး ျဖစ္ေနတဲ့ သူေတြကို အက်ိဳးခံစားရမႈ မ်ားမ်ား ရေနေအာင္ အေျခအေနေတြကို ဖန္တီးထားရမယ္။ တစ္နည္းေျပာ ရရင္ မတူညီတဲ့ လူေတြကို တူညီတဲ့ အက်ိဳးခံစားခြင့္ ေတြ ရေနေအာင္ ဖန္တီးေပးရမယ္။ (ခ)အရဆိုရင္ ေတာ့ အားလံုးအတြက္ အခြင့္အလမ္းေတြဟာ တန္းတူ ညီမွ် ျဖစ္ေနရမယ္။

တခ်ိဳ႕ပုဂၢိဳလ္ေတြက အေျခအေနအမ်ိဳးမ်ိဳး ေၾကာင့္ အခြင့္အလမ္းနဲ႔ အခြင့္အေရး ရရွိမႈ နည္းေန တတ္တယ္။ ဥပေဒေတြထဲမွာ၊ မူဝါဒေတြထဲမွာ တန္းတူ ညီမွ် အခြင့္အေရးေတြ ေပးထားတယ္၊ တန္းတူညီမွ် အခြင့္အလမ္းေတြလည္း ေပးထားပါတယ္။ ဒါေပမယ့္ အက်ိဳးခံစားရရွိမႈက်ေတာ့ ကိုယ္ပိုင္အားနည္းခ်က္ အမ်ိဳးမ်ိဳးေၾကာင့္  မတူညီဘဲ ျဖစ္ေနတတ္ပါတယ္။ ]]ေပးကား ေပး၏၊ မရ}}ဆိုတဲ့ အေျခအေနမ်ိဳး ျဖစ္ပါ တယ္။

ဥပမာျပရရင္ ႏိုင္ငံမွာ လူတိုင္း တကၠသိုလ္တက္ ခြင့္ ရွိတယ္ဆိုပါေတာ့။ ဒါေပမယ့္ တကယ့္ လက္ေတြ႕ မွာေတာ့ ေငြေၾကးခ်ိဳ႕တဲ့လို႔ ေက်ာင္းေတာင္ မတက္ႏိုင္ တဲ့သူတစ္ေယာက္အဖို႔ တကၠသိုလ္ကို ဘယ္လို တက္ ႏိုင္မွာတဲ့လဲ။ အဲဒါဆိုရင္ သူ႔အဖို႔ တကၠသိုလ္ကို ဘယ္လို ေရာက္ႏိုင္ေတာ့မွာလဲ။ ဒီလို တကၠသိုလ္တက္ ဖို႔ ေနေနသာသာ ေက်ာင္းေတာင္ မတက္ႏိုင္တဲ့သူေတြ ကို တကၠသိုလ္တက္ႏိုင္မယ့္၊ တကၠသိုလ္ေရာက္ႏိုင္မယ့္ နည္းလမ္းေတြကို ႏိုင္ငံက ဖန္တီးေပးထားရမယ္။ ဒါဟာ အခြင့္အလမ္းအနည္းဆံုးသူေတြကို အက်ိဳး ေက်းဇူးအမ်ားဆံုးျဖစ္ေအာင္ လုပ္ေပးရတာပါပဲ။ ဒီလို လုပ္ေပးမွလည္း လူအခ်င္းခ်င္း၊ ႏိုင္ငံသားအခ်င္းခ်င္း ၾကားမွာ တရားမွ်တမႈ ရွိမယ္လို႔ ယူဆထားတာ ျဖစ္ပါ တယ္။

ႏိုင္ငံသားခ်င္းအတူတူ တခ်ိဳ႕က ေငြေၾကးနဲ႔ ကုသႏိုင္လို႔ အသက္ရွင္ရတယ္၊ အသက္ရွည္ရတယ္။ တခ်ိဳ႕က ေငြေၾကးခ်ိဳ႕တဲ့ၿပီး မကုသႏိုင္လို႔ အသက္ ေသရတယ္၊ အသက္တိုၾကရတယ္။ အဲဒါဆိုရင္ ဒီေငြ ေၾကးခ်ိဳ႕တဲ့သူေတြ အသက္မေသရေလေအာင္၊ အသက္ မတိုရေလေအာင္ ကုသႏိုင္မယ့္ ေနရာေတြကို ဖန္တီး ေပးထားရပါမယ္။ အျခားသူေတြ ေဆးကုသႏိုင္လို႔ အသက္ရွင္ၾက၊ အသက္ရွည္ၾကရၿပီး သူတို႔က်မွ ေဆး မကုသႏိုင္လို႔ အသက္ေသၾကရ၊ အသက္တိုၾကရမယ္ ဆိုရင္ ဒါဟာ လူ႔အဖြဲ႕အစည္းမွာ တရားမွ်တမႈ မရွိဘူး လို႔ ဆိုရပါလိမ့္မယ္။ အဲဒီေတာ့ အခြင့္အလမ္းနည္းတဲ့ သူေတြကိုလည္း အျခားသူေတြ ခံစားၾကရတဲ့ အက်ိဳး ေက်းဇူးေတြကိုေတာ့ ခံစားၾကရေလေအာင္ ႏိုင္ငံက၊ လူ႔အဖြဲ႕အစည္းက ဖန္တီးေပးထားၾကရပါမယ္။ ဒါမွ သာ တရားမွ်တမႈ ရွိႏိုင္ပါလိမ့္မယ္။

လူတိုင္းလူတိုင္းအတြက္ ရာထူးဌာနႏၱရေတြကို ရႏိုင္တဲ့ အခြင့္အလမ္းေတြက တူညီေနရမယ္။ ဒါမွ တရားမွ်တမႈ ရွိႏိုင္တယ္။ လြတ္ေတာ္အမတ္ဟာ လူတိုင္း ျဖစ္ခြင့္ ရွိရမယ္။ တရားသူႀကီးဆိုတာလည္း လူတိုင္း ျဖစ္ခြင့္ ရွိရမယ္။ သမၼတတို႔ ဝန္ႀကီးတို႔ဆိုတာ ေတြကလည္း လူတိုင္း ျဖစ္ခြင့္ ရွိေနရမယ္။ ဝန္ထမ္း ျဖစ္ခြင့္ဟာ လူတိုင္းမွာ ရွိေနရမယ္။ အကပ္ရွိမွ ျဖစ္ႏိုင္ မယ္၊ အကပ္မရွိရင္ မျဖစ္ႏိုင္ဘူးဆိုရင္ ဒါဟာ တရား မွ်တမႈ ကင္းမဲ့တဲ့သေဘာ ျဖစ္သြားပါတယ္။ လူတိုင္း အတြက္ တန္းတူညီမွ် အခြင့္အလမ္းေတြ ရေနႏိုင္ ေအာင္ လမ္းေတြ ဖြင့္ထားေပးရမယ္။ အခ်ိဳ႕သူေတြ အတြက္ အခြင့္အလမ္းေတြ ဖြင့္ထားေပးၿပီး အခ်ိဳ႕ သူေတြအတြက္ ပိတ္ထားတယ္ဆိုရင္ ဒါဟာ တရား မွ်တမႈ မရွိျခင္းသာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဟာ တရားမွ်တျခင္း၊ လြတ္လပ္ျခင္း နဲ႔ တန္းတူညီမွ်ျခင္းဆိုတဲ့ ေကာင္းျမတ္ျခင္းေတြကို အထပ္ထပ္ အႀကိမ္ႀကိမ္ ဆိုခဲ့၊ ေဖာ္ျပခဲ့တဲ့ ႏိုင္ငံတစ္ ႏိုင္ငံ ျဖစ္ပါတယ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံသားေတြ တရားမွ်တျခင္း၊ လြတ္လပ္ျခင္းနဲ႔ ညီမွ်ျခင္းဆိုတဲ့ ေလာကပါလတရားေတြကို ဘယ္ေလာက္ ရေနၾကပါၿပီ လဲ။ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရခဲ့တာ ၆၉ ႏွစ္ျပည့္လို႔ ၂၀၂၁ ခုႏွစ္ဆိုရင္ ႏွစ္ေပါင္း ၇၃ ႏွစ္ ျပည့္ပါၿပီ။ တရား မွ်တျခင္း၊ လြတ္လပ္ျခင္းနဲ႔ ညီမွ်ျခင္းဆိုတဲ့ ေကာင္း ျခင္းတရားေတြနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို အတိတ္၊ ပစၥဳပၸန္၊ အနာဂတ္ဆိုတဲ့ ကာလသံုးမ်ိဳးနဲ႔ ခ်ဥ္းကပ္ ၾကည့္ပါမယ္။

လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕ ကာလေတြကို ေနာက္ျပန္ ပိုင္းျခားၾကည့္တဲ့အခါ အရပ္သားအစိုးရက တစ္စိတ္တစ္ပိုင္း အုပ္ခ်ဳပ္ခြင့္ရ ေနတဲ့ လက္ရွိကာလ၊ ၁၉၈၈ ကေန ၂၀၁၀ အထိ တတိယစစ္အာဏာရွင္စနစ္ကာလ၊ ၁၉၆၂ ကေန ၁၉၈၈ အထိ ဒုတိယစစ္အာဏာရွင္စနစ္ကာလ၊ ၁၉၄၈ ကေန ၁၉၆၂ အထိ ပါလီမန္ ဒီမိုကေရစီကာလ (ဒီပါလီ မန္ဒီမိုကေရစီကာလထဲမွာ ၁၉၅၈ ကေန ၁၉၆၀ အထိ ပထမစစ္အာဏာရွင္စနစ္ကာလ ရွိေနတာကို သတိ ျပဳရပါမယ္။)ဆိုၿပီး ကာလအမ်ိဳးမ်ိဳးကို ေတြ႕ရပါလိမ့္ မယ္။

အဲဒီေတာ့ အတိတ္ကာလကို ၁၉၄၈ ကေန ၂၀၁၀ အထိ ပိုင္းမယ္ဆိုရင္ ပါလီမန္ဒီမိုကေရစီကာလနဲ႔ စစ္အာဏာရွင္စနစ္ကာလဆိုၿပီး ေတြ႕ရပါမယ္။ ပါလီမန္ ဒီမိုကေရစီကာလ ျမန္မာႏိုင္ငံဟာ အာရွနဲ႔ ကမၻာမွာ ထိပ္တန္းေနရာ ရရွိခဲ့ဖူးပါတယ္။ ၁၉၆၂ ကေန ၂၀၁၀ အထိ စစ္အာဏာရွင္စနစ္ကာလကေတာ့ ျမန္မာဟာ အာရွကို ေက်ာ္လြန္ၿပီး ကမၻာ့ေအာက္ဆံုးဆိုတဲ့ ေခ်ာက္ ႀကီးထဲကို တြန္းခ်ခံရလို႔ က်ေရာက္သြားရတဲ့ ကာလ ျဖစ္ပါတယ္။ ဒါကို အတိတ္ကာလတစ္ခုအျဖစ္ သတ္ မွတ္ၿပီး တရားမွ်တမႈ၊ လြတ္လပ္မႈနဲ႔ တန္းတူညီမွ်မႈ ဆိုတဲ့ ေကာင္းျမတ္ျခင္းတရားေတြနဲ႔ ႐ႈျမင္ၾကည့္ပါ မယ္။

၁၉၆၂ ကေန ၂၀၁၀ အထိ ကာလမွာ မေကာင္း ဆိုးဝါး မိစၦာစစ္အာဏာရွင္ေတြနဲ႔ ေနာက္လိုက္ ေနာက္ပါေတြဟာ ႏိုင္ငံရဲ႕ ေျမေပၚေျမေအာက္ သယံ ဇာတအကုန္လံုးကို ကုန္ေအာင္ ေရာင္းစားသြားခဲ့ပါ တယ္။ သစ္ေတာေတြ အကုန္ ကုန္ေအာင္ ေတာင္ေတြ ကတံုးျဖစ္တဲ့အထိ ခုတ္သြားပါတယ္။ ေတာင္ေပါင္း မ်ားစြာကို တူးၿဖိဳၿပီး ေက်ာက္စိမ္းနဲ႔ အျခားရတနာေတြ ကို တူးယူသြားပါတယ္။ ကုန္းတြင္းနဲ႔ ကမ္းလြန္ေတြပါ မက်န္ေအာင္ ေရနံနဲ႔ ဓာတ္ေငြ႕ေတြကို တူးၿပီး ေရာင္း စားသြားတဲ့အျပင္ ႀကိဳၿပီးပါ ေရာင္းစားထားခဲ့ပါေသး တယ္။ ေျမယာဧကေပါင္းမ်ားစြာကို မတရားသိမ္း ယူၿပီး ေရာင္းစားသြားပါတယ္။ ႏိုင္ငံရဲ႕ စီးပြားေရးမွန္ သမွ် အကုန္ လက္ဝါးႀကီးအုပ္ထားပါတယ္။ ဒီအခြင့္ အေရးကို က်န္တဲ့ ႏိုင္ငံသားေတြက မရၾကပါဘူး။ စစ္အာဏာရွင္ေတြနဲ႔ သူတို႔ရဲ႕ ေနာက္လိုက္ေနာက္ပါ ေတြကပဲ ရရွိၾကပါတယ္။ ႏိုင္ငံရဲ႕ သယံဇာတနဲ႔ ပတ္ သက္လို႔ ဘယ္မွာလဲ တန္းတူညီမွ် အခြင့္အေရး၊ ဘယ္မွာလဲ တရားမွ်တမႈ။

ဒီအတိတ္ကာလေတြမွာ ႏိုင္ငံသားေတြရဲ႕ လြတ္ လပ္မႈမွန္သမွ်ကို ပိတ္ပင္ထားခဲ့တယ္။ လြတ္လပ္မႈဟာ လူေတြကို အသိÓဏ္ျဖစ္ေပၚလာေအာင္ ကူပံ့ေပးႏိုင္ တယ္။ လြတ္လပ္မႈရွိရင္ လူေတြဟာ လြတ္လပ္စြာ ေတြးၾကေတာ့မယ္၊ လြတ္လပ္စြာ ေျပာၾကေတာ့မယ္၊ လြတ္လပ္စြာ ေရးသားၾကေတာ့မယ္၊ လြတ္လပ္စြာ ဖတ္႐ႈေလ့လာၾကေတာ့မယ္။ ဒါေတြက လူေတြကို အသိနဲ႔ Óဏ္ပညာကို ျဖစ္ေပၚေစပါတယ္။ အသိနဲ႔ Óဏ္ပညာေတြ ရွိလာရင္ လူေတြဟာ မေကာင္းဆိုးဝါး မိစၦာစစ္အာဏာရွင္ေတြကို တြန္းလွန္ပစ္ၾကပါလိမ့္ မယ္။ အဲဒီေတာ့ မိစၦာစစ္အာဏာရွင္ေတြဟာ သူတို႔ကို ဒုကၡေပးမယ့္ လြတ္လပ္မႈဆိုတာကို လံုးဝ ေသာ့ခတ္ ထားလိုက္ပါေတာ့တယ္။

ဒါေပမဲ့ ဒီကာလေတြမွာပဲ လြတ္လပ္မႈ ရေနတဲ့ သူေတြကလည္း ရွိေနျပန္ပါတယ္။ စစ္အာဏာရွင္ေတြ၊ စစ္အာဏာရွင္ေတြရဲ႕ သားသမီးေတြ၊ စစ္အာဏာရွင္ ေတြရဲ႕ ေနာက္လိုက္ေနာက္ပါေတြဟာ လြတ္လပ္မႈေတြ အျပင္ ရမ္းကားမႈေတြပါ ရေနၾကပါတယ္။ အဲဒီစစ္ အာဏာရွင္ေတြနဲ႔ ေနာက္လိုက္ေနာက္ပါေတြဟာ သူတို႔ လုပ္ခ်င္တာအကုန္လံုးကို လြတ္လြတ္လပ္လပ္ လုပ္ခြင့္ရေနၾကတယ္။ က်န္တဲ့ ႏိုင္ငံသားေတြကေတာ့ သူတို႔နဲ႔ ဆန္႔က်င္ဘက္ ျဖစ္ေနၾကပါတယ္။ ဘာမွ လုပ္ခြင့္မရဆိုတဲ့ အေျခအေနေတြ ဆိုက္ေရာက္ခဲ့ပါ တယ္။

ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္ေရးေၾကညာစာတမ္း၊ အပိုဒ္(၅)မွာ ]]ငါတို႔ႏိုင္ငံေတာ္ႀကီးသည္ မည္သူ တစ္ဦးတစ္ေယာက္ တစ္ဖြဲ႕တစ္သင္း၏ အေမြအႏွစ္ မဟုတ္၊ မည္သူတစ္ဦးတစ္ေယာက္၏ တစ္ဖြဲ႕တစ္သင္း ၏ ပုဂၢလိကအပိုင္ ပစၥည္းမဟုတ္၊ မည္သူတစ္ဦး တစ္ေယာက္ တစ္ဖြဲ႕တစ္သင္းက ခ်ဳပ္ကိုင္အႏိုင္ သိမ္းယူ အက်ိဳးခံစားအပ္ေသာ ႏိုင္ငံမဟုတ္၊ အတိတ္ ကာလကゞင္း၊ ယခုမ်က္ေမွာက္တြင္ゞင္း၊ ေနာင္လာ လတၲံ့ေသာ အနာဂတ္ကာလ၌လည္းေကာင္း၊ ငါတို႔ ျပည္ေထာင္စုႀကီးအတြင္း၌ မွီတင္းေနထိုင္ၾကေသာ ႀကီးငယ္ေဝးနီးကား မျခား၊ သစၥာေတာ္ခံႏိုင္ငံသား ဟူသေရြ႕တို႔၏ အေမြအႏွစ္အပိုင္ပစၥည္း အက်ိဳး ခံစားရာ ျဖစ္သည္}}လို႔ ဆိုထားေပမယ့္ တကယ့္ တကယ္မွာေတာ့ စစ္အာဏာရွင္ေတြနဲ႔ ေနာက္လိုက္ ေနာက္ပါေတြကသာ ႏိုင္ငံေတာ္ကို သူတို႔အပိုင္ပစၥည္း လို အသံုးခ်ခဲ့ၾကတယ္။ ႏိုင္ငံေတာ္မွာ ရွိေနတဲ့ က်န္ ႏိုင္ငံသားေတြအကုန္လံုးကေတာ့ တရားမွ်တမႈ၊ လြတ္လပ္မႈ၊ တန္းတူညီမွ်မႈေတြနဲ႔ပါ ကင္းေဝးေနခဲ့ၾက ရပါတယ္။

ဒီကာလေတြမွာ တရားမွ်တမႈ၊ လြတ္လပ္မႈနဲ႔ တန္းတူညီမွ်မႈေတြကို ထုတ္ေဖာ္ေျပာဆိုမိတဲ့သူေတြ ဟာ ဖမ္းဆီးအက်ဥ္းခ်တာကို ခံခဲ့ၾကရတယ္။ အဲဒါ အျပင္ စစ္အာဏာရွင္ေတြရဲ႕ သတင္းစာ၊ ေရဒီယို၊ ႐ုပ္ျမင္သံၾကားစတဲ့ မီဒီယာေတြကေနလည္း ဆဲဆိုရမ္း ကားမႈေတြကိုပါ ခံၾကရပါေသးတယ္။ စစ္အာဏာရွင္ ေတြနဲ႔ ေနာက္လိုက္ေနာက္ပါေတြရဲ႕ သားသမီးေတြဟာ လည္း လြတ္လပ္မႈမွန္သမွ်ကို ရယူထားတဲ့အျပင္ ရမ္းကားမႈေတြပါ ျပဳလုပ္ခဲ့ၾကတယ္။ အဲဒီလို ရမ္းကား မႈေတြကို ခံခဲ့ၾကရတဲ့ ႏိုင္ငံသားေတြဟာ တရားမွ်တမႈ ကို ျပန္လည္မရရွိခဲ့ၾကပါဘူး။

ဒါေတြက အတိတ္မွာ ျဖစ္ခဲ့တာေတြ ျဖစ္ပါတယ္။ အတိတ္က ျဖစ္ခဲ့တာေတြကို ျပန္ေျပာေျပာေနရတာက အဲဒီအတိတ္မွာပဲ ရပ္ေနဖို႔ မဟုတ္ဘူးဆိုတာကိုေတာ့ သတိျပဳရပါလိမ့္မယ္။ အတိတ္က ျဖစ္ခဲ့တာေတြကို ေနာက္တစ္ဖန္ ထပ္မျဖစ္ေပၚရေလေအာင္ သင္ခန္းစာ အေနနဲ႔ ဆင္ျခင္သံုးသပ္ၿပီး ႏိုင္ငံနဲ႔ ႏိုင္ငံသားေတြက ေရွ႕ဆက္သြားၾကဖို႔ပဲ ျဖစ္ပါတယ္။

အတိတ္ကာလကို တစ္စိတ္တစ္ေဒသ ဆန္းစစ္ ၿပီးတဲ့အခါ အခုပစၥဳပၸန္ကာလကို သံုးသပ္ဆင္ျခင္ ႐ႈျမင္ၾကည့္ၾကပါမယ္။ လက္ရွိပစၥဳပၸန္ကာလမွာ ႏိုင္ငံ ေတာ္ရဲ႕ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးမွန္သမွ်ကို ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒနဲ႔ လည္ပတ္ေနရပါ တယ္။ ဒါဟာ အရွိတရား ျဖစ္ပါတယ္။

အဲဒီ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအရ ႏိုင္ငံ သားတစ္ေယာက္က တိုင္းျပည္ရဲ႕ ကံၾကမၼာတစ္ဝက္ ေလာက္ကို ဆံုးျဖတ္ခြင့္ ရရွိေနၿပီး က်န္ႏိုင္ငံသား အားလံုးကေတာ့ ႏိုင္ငံေတာ္ရဲ႕ အႀကီးအကဲ သမၼတကို ေတာင္ ေရြးခ်ယ္ခြင့္ မရရွိၾကတဲ့ အေျခအေနမ်ိဳး ျဖစ္ပါတယ္။ ႏိုင္ငံသားတစ္ေယာက္ကို မဲတစ္မဲနဲ႔ ႏိုင္ငံသားေပါင္း ေထာင္နဲ႔ခ်ီတဲ့အေရအတြက္က လႊတ္ ေတာ္အမတ္တစ္ေယာက္ကိုပဲ ေရြးခ်ယ္ခြင့္ ရွိေနေပ မယ့္ တစ္ႏိုင္ငံလံုးမွာရွိတဲ့ လႊတ္ေတာ္ေတြရဲ႕ လႊတ္ ေတာ္အမတ္ေလးပံုတစ္ပံုကိုေတာ့ ႏိုင္ငံသားတစ္ ေယာက္တည္းက ေရြးခ်ယ္ခြင့္ေတြ ရေနပါတယ္။ ဒါက ႏိုင္ငံသားတိုင္းမွာ တန္းတူညီမွ်အခြင့္အေရး မရွိတာမို႔လို႔ ႏိုင္ငံေရးတရားမွ်တမႈ မရွိဘူးဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္။

လူတစ္ေယာက္ အသက္ရွင္ရပ္တည္လို႔ မရႏိုင္တဲ့ ဝင္ေငြ ၁၂၀ဝ၀ဝ (တစ္သိန္းႏွစ္ေသာင္း) ရသူကို အခြန္ေဆာင္ခိုင္းထားၿပီး ႏိုင္ငံရဲ႕ အရင္း အျမစ္ေတြကို အမ်ားဆံုး သံုးစြဲခြင့္ ရေနတဲ့သူေတြက် ေတာ့ အခြန္ နည္းနည္းပဲ ေဆာင္ရတာေတြ ျဖစ္ေနပါ တယ္။ အျခားတိုင္းျပည္ေတြမွာ ႏိုင္ငံရဲ႕ အရင္းအျမစ္ ေတြကို အမ်ားဆံုး သံုးစြဲတဲ့သူေတြဟာ အခြန္ကို ၅၀ ရာခိုင္ႏႈန္း၊ ၅၀ ရာခိုင္ႏႈန္းေက်ာ္ ေဆာင္ၾကရေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ အဲဒီလို အမ်ားဆံုး သံုးစြဲတဲ့သူ ေတြဟာ ၂၀ ရာခိုင္ႏႈန္းပဲ ေဆာင္ၾကရတာေတြ ျဖစ္ေန ပါတယ္။ ဘယ္မွာတဲ့လဲ စီးပြားေရးတရားမွ်တမႈ။

]]မိန္းမမ်ားသည္ တူညီေသာ အလုပ္အတြက္ ေယာက်ာ္းတို႔ ရေသာ လခမ်ိဳးကို ရႏိုင္ရမည္။}} (ပုဒ္မ(၁၅)၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒ၊ ၁၉၄၇။) ဒီလို ပုဒ္မမ်ိဳးကို ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ၊ ပုဒ္မ (၃၅၀)မွာလည္း ]]အမ်ိဳးသမီးမ်ားသည္ တူညီေသာ အလုပ္အတြက္ အမ်ိဳးသားမ်ား ခံစားခြင့္ရွိေသာ အခြင့္ အေရးႏွင့္ လစာတို႔ကို ခံစားခြင့္ရွိသည္။}}ဆိုၿပီး ေဖာ္ျပ ထားပါတယ္။ ဒါေပမယ့္ အဲဒီ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံ ဥပေဒရဲ႕ ပုဒ္မ(၃၅၂)ထဲမွာေတာ့ ]]အမ်ိဳးသားမ်ားႏွင့္ သာ ေလ်ာ္ကန္သင့္ျမတ္သည့္ ရာထူးတာဝန္မ်ား အတြက္ အမ်ိဳးသားမ်ားအား ေရြးခ်ယ္ခန္႔ထားျခင္းကို ဤပုဒ္မအရ အဟန္႔အတားမျဖစ္ေစရ။}}ဆိုၿပီးေတာ့ ထပ္မံထည့္သြင္းထားကာ အမ်ိဳးသမီးေတြကို ခြဲျခား ထားျပန္ပါေသးတယ္။ ဒါေတြဟာ ၂၀ဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒထဲက လူမႈေရးတရားမွ်တမႈ မရွိျခင္း တခ်ိဳ႕ပဲ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လက္ရွိပညာေရးစနစ္နဲ႔ လည္ပတ္ ေနတဲ့ တကၠသိုလ္ေတြမွာလည္း အမွတ္သတ္မွတ္မႈ မညီမွ်ျခင္းက စလို႔ က်ားမခြဲျခားထားတဲ့ အျခားအရာ ေတြလည္း အမ်ားအျပား ရွိေနပါေသးတယ္။ ဒါေတြက လည္း လူမႈေရးတရားမွ်တမႈ မရွိတာကို ျပဆိုေနပါ တယ္။

ဒီမွာ ထုတ္ႏုတ္ျပထားတာက ဥပမာတခ်ိဳ႕ပဲ ရွိပါေသးတယ္။ တကယ့္ လက္ေတြ႕မွာေတာ့ လူမႈေရး တရားမွ်တမႈ မရွိတာ၊ ႏိုင္ငံေရးတရားမွ်တမႈ မရွိတာ၊ စီးပြားေရးတရားမွ်တမႈ မရွိတာေတြဟာ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒနဲ႔ သြားေနရတဲ့ ျမန္မာႏိုင္ငံမွာ အမ်ားအျပား ရွိေနၾကပါတယ္။ ဒါက လက္ရွိပစၥဳပၸန္ ကာလရဲ႕ ျမန္မာႏိုင္ငံအေျခအေနလည္း ျဖစ္ပါတယ္။

အဲဒီေတာ့ အနာဂတ္မွာေရာ ျမန္မာႏိုင္ငံက ဘယ္လို ပံုစံမ်ိဳး ျဖစ္လာမွာတဲ့လဲ။ အနာဂတ္မွာ ျမန္မာ ႏိုင္ငံကို ဘယ္လို ႏိုင္ငံမ်ိဳး ျဖစ္ေစခ်င္သလဲ၊ ျမန္မာ့ လူ႔အဖြဲ႕အစည္းကို ဘယ္လို လူ႔အဖြဲ႕အစည္းမ်ိဳး ျဖစ္ေစ ခ်င္သလဲဆိုတာကို လက္ရွိ ျမန္မာႏိုင္ငံသားေတြက ဆံုးျဖတ္ၾကရပါလိမ့္မယ္။ ျမန္မာႏိုင္ငံနဲ႔ ျမန္မာ့လူ႔အဖြဲ႕ အစည္းကို တရားမွ်တမႈရွိတဲ့ ႏိုင္ငံ၊ တရားမွ်တမႈရွိတဲ့ လူ႔အဖြဲ႕အစည္း၊ လြတ္လပ္မႈရွိတဲ့ ႏိုင္ငံ၊ လြတ္လပ္မႈ ရွိတဲ့ လူ႔အဖြဲ႕အစည္း၊ တန္းတူညီမွ်မႈရွိတဲ့ ႏိုင္ငံ၊ တန္းတူ ညီမွ်မႈရွိတဲ့ လူ႔အဖြဲ႕အစည္းေတြ ျဖစ္ေစခ်င္သလား။ ဒီလို ျဖစ္ေစခ်င္ရင္ ဒီလို ႏိုင္ငံမ်ိဳး၊ ဒီလို လူ႔အဖြဲ႕အစည္း မ်ိဳးကို ရရွိေအာင္ ျမန္မာႏိုင္ငံသားေတြက အခုကတည္း က တည္ေဆာက္ထားရပါလိမ့္မယ္။

စားသံုးလိုတဲ့ အသီးကို လိုခ်င္ရင္ အဲဒီအသီး သီးတဲ့ အပင္မ်ိဳးကို စိုက္ပ်ိဳးယူရသတဲ့။ အရိပ္ကို ခိုခ်င္ ရင္ေတာ့ ေနပူက ေစာင့္ၾကရသတဲ့ေလ။ ကမၻာေပၚမွာ တိုးတက္တဲ့ လူ႔အဖြဲ႕အစည္းမွန္သမွ်ကို အဲဒီလူ႔အဖြဲ႕ အစည္းက လူေတြဟာ အေခ်ာင္ရခဲ့တာေတာ့လည္း မဟုတ္ေပဘူးေပါ့။

တရားမွ်တမႈလား၊ လြတ္လပ္မႈလား၊ တန္းတူညီ မွ်မႈလား။ အဲဒီေကာင္းျမတ္ျခင္းတရားေတြ မရွိပါဘဲနဲ႔ ၿငိမ္းခ်မ္းျခင္းဆိုတာကေရာ ျဖစ္ႏိုင္ပါမတဲ့လား။ သင္ ဘာကို အလိုရွိပါသလဲ။ ထိုင္ေနလို႔ေတာ့ ဘာမွ ျဖစ္ မလာဘူးဆိုတဲ့ စကားကို သင္လည္း ၾကားဖူး၏၊ ကြ်ႏု္ပ္ လည္း ၾကားဖူး၏၊ အျခားသူမ်ားလည္း ၾကားဖူးထား ၾကပါ၏။ ဘယ္လို ႏိုင္ငံမ်ိဳးနဲ႔ ဘယ္လို လူ႔အဖြဲ႕အစည္း မ်ိဳးပဲျဖစ္ျဖစ္ အဲဒီႏိုင္ငံနဲ႔ အဲဒီလူ႔အဖြဲ႕အစည္းကို တကယ္ ဖန္တီးတည္ေဆာက္သူေတြဟာ အဲဒီႏိုင္ငံ သားေတြ၊ အဲဒီလူ႔အဖြဲ႕အစည္းက လူေတြကိုယ္တိုင္ပဲ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ကြ်န္ေတာ္တို႔ လိုခ်င္လွပါ တယ္ဆိုတဲ့ လူ႔အဖြဲ႕အစည္းမ်ိဳးကိုလည္း ကြ်န္ေတာ္တို႔ ကိုယ္တိုင္ကပဲ တည္ေဆာက္ယူရမည္သာ ျဖစ္ပါ ေၾကာင္း။

တရားမွ်တ-လြတ္လပ္ျခင္းနဲ႔ မေသြ၊ ခြင့္တူညီမွ် လို႔ ဝါဒလည္း ျဖဴစင္ၾကေစ။ Óဏ္ပညာနဲ႔ ခ်စ္ျခင္း တရားေတြလည္း တိုးပြားျဖစ္ထြန္းၾကပါေစတည့္ေလ။

 

က်မ္းကိုး

၁။ ျပည္ေထာင္စုျမန္မာႏိုင္ငံ၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒ၊ ၁၉၄၇။

၂။ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ဖြဲ႕စည္းပံု အေျခခံဥပေဒ၊ ၂၀ဝ၈။

၃။ Kropotkin, P. (1927) The Great French Revolution, 1789-1793 (N. F. Dryhurst, Trans.) New York, Vanguad Printings.

 

၄။ Parvin, P. and Chambers, C. (2012) Political Philosophy: A complete introduction, Hodder & Stoughton Ltd, 338 Euston Road, London.

 

 

ေအာင္ႏိုင္