• Today is: Monday, August 2, 2021

တရားမွ်တ လြတ္လပ္ျခင္းႏွင့္ မေသြၾကဖို႔

Federal Journal
July10/ 2021

တရားမွ်တ လြတ္လပ္ျခင္းႏွင့္ မေသြၾကဖို႔

ZawGyi

 

ႏိုင္ငံတစ္၀န္း စစ္ေကာင္စီေၾကာင့္ တရားရင္ဆိုင္ေနရဆဲ ဖမ္းဆီးခံထားရသူေပါင္း ၂၀၀၀ ေက်ာ္ကို ဇြန္လ ၃၀ ရက္ေန႔မွာ အမႈေတြကေန ႐ုပ္သိမ္းၿပီး ျပန္လႊတ္ေပးခဲ့ပါတယ္။ ရန္ကုန္ အင္းစိန္ အက်ဥ္းေထာင္ထဲက အက်ဥ္းသား ၇၀၀ ေက်ာ္ ပါ၀င္ၿပီး ျပန္လႊတ္ေပးသူေတြထဲမွာ သတင္းေထာက္ေတြ၊ အႏုပညာရွင္ေတြလည္း ပါ၀င္ခဲ့ပါတယ္။ ျပန္လြတ္လာသူေတြထဲက တစ္ဦးကို BBC က ေမးျမန္းရာမွာ အစကတည္းက အျပစ္မရွိဘဲ ဖမ္းဆီးခဲ့တဲ့အတြက္ အခုလို ျပန္လြတ္လာတာနဲ႔ ပတ္သက္ၿပီး ေျပာစရာမရွိပါဘူးလို႔ ဆိုခဲ့ပါတယ္။

သူ႔ရဲ႕ေျပာစကားနဲ႔ ပတ္သက္ၿပီး သတိရမိတာကေတာ့ ဘုရားေစ်းတန္းအခ်ဳိ႕မွာ ေတြ႕ရတတ္တဲ့ စာကေလးငွက္ေရာင္းသူကိုပဲ ျဖစ္ပါတယ္။ ငွက္ေရာင္းသူက သူ႔ရဲ႕၀မ္းေရးအတြက္ အျပစ္မရွိတဲ့ စာကေလးငွက္ေတြကို ဖမ္းဆီးၿပီး ေလွာင္အိမ္ထဲ ထည့္ကာ ေရာင္းခ်ပါတယ္။ ငွက္၀ယ္သူေတြမွာလည္း ေလွာင္အိမ္ထဲက ငွက္ကေလးေတြကို အဖမ္းခံထားရတာ သနားလို႔ လြတ္လပ္ေစဆိုတဲ့ စာနာစိတ္သက္သက္နဲ႔ ၀ယ္သူက ရွားပါတယ္။ “နင့္အသက္တစ္ခါလြတ္ ငါ့အသက္ ဆယ္ခါလြတ္”ဆိုတဲ့ အက်ဳိးကို ေမွ်ာ္ၿပီး ေညာင္ေရသြန္းေလာင္းျခင္း သေဘာက မ်ားပါတယ္။

ဆိုေတာ့ စစ္ေကာင္စီအေနနဲ႔ ႏိုင္ငံေရးအက်ဥ္းသားေတြကို ဘာေၾကာင့္ ျပန္လြတ္ေပးသလဲ၊ ဘယ္သူေတြကို ခ်န္ထားခဲ့လဲဆိုတာကို မ်က္၀ါးထင္ထင္ ျပန္ေတြ႕ရပါလိမ့္မယ္။ စစ္ေကာင္စီ ဥကၠ႒ဟာ ၿပီးခဲ့တဲ့ ဧၿပီလအတြင္းက အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ေတာ္ကို သြားေရာက္ခဲ့ၿပီး အာဆီယံအေရးေပၚ အစည္းအေ၀း တက္ေရာက္ခဲ့ပါတယ္။ အဲဒီအစည္းအေ၀းဟာ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီရဲ႕ မတရားအၾကမ္းဖက္ႏွိမ္နင္း သတ္ျဖတ္၊ ဖမ္းဆီးျခင္းေတြကို ရပ္တန္႔ဖို႔နဲ႔ အာဆီယံက လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြေပးဖို႔ ျဖစ္ပါတယ္။

အစည္းအေ၀းမွာ ျမန္မာႏုိင္ငံအပါအ၀င္ အာဆီယံႏိုင္ငံအားလံုးက ဘံုသေဘာတူညီခ်က္ ငါးရပ္ကို ခ်မွတ္ႏိုင္ခဲ့ပါတယ္။ ဧၿပီလကတည္းက သေဘာတူညီခ်က္ေတြ ခ်မွတ္ခဲ့ေပမယ့္ စစ္ေကာင္စီအေနနဲ႔ ဘယ္အခ်က္ကိုမွ လိုက္နာေဆာင္ရြက္ခဲ့ျခင္း မရွိပါဘူး။ အာဏာဆီအလွည့္က်ဥကၠ႒နဲ႔ အာဆီယံ အတြင္းေရးမွဴးခ်ဳပ္တို႔ ေနျပည္ေတာ္ကို ေရာက္ရွိလာၿပီး စစ္ေကာင္စီနဲ႔ေတြ႕ဆံုကာ အာဆီယံ သံတမန္တစ္ဦး ခန္႔ထားဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ပါဘူး။ ဒီအေတာအတြင္းမွာ မေလးရွားႏိုင္ငံ ဘုရင္က ျမန္မာကို အာဆီယံကထုတ္ပယ္ဖို႔ ေဆာ္ၾသလာတာ၊ အာဆီယံသေဘာတူညီခ်က္ကို မလိုက္နာပါက အာဆီယံအေနျဖင့္ ျမန္မာ့အေရးကို ကုလသမဂၢထံ လႊဲေျပာင္းေပးဖို႔ ေတာင္းဆိုလာတာေတြေၾကာင့္ စစ္ေကာင္စီဟာ မ်က္ကလဲဆန္ျပာ ျဖစ္လာခဲ့ပါတယ္။

စစ္ေကာင္စီအေနနဲ႔ အာဆီယံ ဘံုသေဘာတူညီခ်က္ထဲက အၾကမ္းဖက္ သတ္ျဖတ္မႈရပ္တန္႔ဖို႔၊ ဆႏၵျပသူေတြကို ဖမ္းဆီးႏွိပ္စက္မႈ ရပ္တန္႔ဖို႔။ အာဆီယံကိုယ္စားလွယ္ထားၿပီး ဘက္ေပါင္းစံုမွ ပါ၀င္ပတ္သက္သူေတြနဲ႔ ေတြ႕ဆံုေဆြးေႏြးဖို႔ဆိုတာ လက္ခံဖို႔ ခက္ခဲေနတဲ့ကိစၥရပ္ေတြပါ။ ေတြ႕ဆံုေဆြးေႏြးေရးကို သြားၿပီး ဘိုိေနၿမဲ က်ားေနၿမဲလုပ္ဖို႔ကလည္း ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ယခု ႏုိင္ငံေရးအက်ဥ္းသားေတြကို လြတ္ေပးတယ္ဆိုတာ အာဆီယံအပါအ၀င္ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအလယ္မွာ စစ္ေကာင္စီအေနနဲ႔ အသက္႐ွဴေခ်ာင္ဖို႔ ႀကိဳးစားလိုက္တာ ျဖစ္ပါတယ္။

ဒီလိုကိစၥရပ္မ်ဳိးေတြဟာ ၁၉၈၈ ခုႏွစ္ အာဏာသိမ္းၿပီးတုန္းကလည္း ႏုိင္ငံတကာ အျမင္ေကာင္းေအာင္ လုပ္ခဲ့တဲ့ သာဓကေတြ ရွိပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးတင္ဦး စတဲ့ ထိပ္သီးပုဂၢိဳလ္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္ထားကာ ဦး၀င္းတင္၊ ဗိုလ္မွဴးဘေသာ္ စတဲ့ သေဘာထား တင္းမာသူေတြနဲ႔ ေက်ာင္းသားေခါင္းေဆာင္ေတြကို ေထာင္သြင္းအက်ဥ္းခ်ထားၿပီး စစ္အစိုးရအတြက္ မထိခိုက္ေလာက္ဘူး ထင္ရတဲ့သူေတြကို ေက်းဇူးရွင္ႀကီးသဖြယ္ လြတ္ေပးခဲ့ပါေသးတယ္။ အဲဒီ လြတ္လာသူေတြထဲမွာ ယခု စစ္ေကာင္စီအဖြဲ႕၀င္ ဦးခင္ေမာင္ေဆြဆိုတဲ့ ပုဂိၢဳလ္လည္း ပါတာေပါ့။

စစ္ေကာင္စီဟာ ႏုိင္ငံတကာမ်က္ႏွာစာမွာ အမွတ္ရဖို႔ ႏိုင္ငံေရးအက်ဥ္းသားေတြကို လြတ္ေပးခဲ့ေပမယ့္ အာဏာသိမ္းကာလ ငါးလတာသို႔ ေရာက္ရွိခ်ိန္မွာ တည္ၿငိမ္မႈရဖို႔ အသည္းအသန္ ႀကိဳးစားေနရဆဲပါ။ ရန္ကုန္-မႏၱေလးနဲ႔ ၿမိဳ႕နယ္အခ်ဳိ႕မွာ ဆႏၵျပသူေတြ ေန႔စဥ္ရွိေနပါတယ္။ ဗံုးေပါက္ကြဲမႈေတြ မၾကာခဏ ျဖစ္ေပၚေနၿပီး ရပ္ကြက္နဲ႔ ေက်းရြာအုပ္ခ်ဳပ္ေရးကို ႏိုင္နင္းစြာ ေဆာင္ရြက္ႏိုင္ျခင္း မရွိေသးပါဘူး။ ႏုိင္ငံေရးသမားမ်ားနဲ႔ ဆႏၵျပသူေတြကို ဖမ္းဆီးႏွိပ္စက္ဖို႔ တာ၀န္ေပးထားတဲ့ စစ္သားနဲ႔ ရဲသားမ်ားဟာလည္း ၎တို႔လံုၿခံဳေရးအတြက္ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

မည္သည့္၀န္ခံခ်က္ျဖင့္ျဖစ္ေစ ႏုိင္ငံေရးအက်ဥ္းသားမ်ားကို ျပန္လြတ္လိုက္ေပမယ့္ ဒီေတာ္လွန္ေရးထဲက ေပါက္ဖြားလာတဲ့ သူရဲေကာင္းမ်ားျဖစ္တာေၾကာင့္ ဒီအားေတြဟာ ေတာ္လွန္ေရးကို ျပန္လည္ေမာင္းႏွင္မွာ ျဖစ္ပါတယ္။

စစ္အာဏာရွင္အုပ္ခ်ဳပ္ေသာ အစိုးရျဖစ္ေစ၊ အာဏာရွင္မ်ား ပါ၀င္ဖြဲ႕စည္းထားေသာ စည္းကမ္းျပည့္၀သည့္ ဒီမိုကေရစီအစိုးရျဖစ္ေစ မည္သည့္အစိုးရအုပ္ခ်ဳပ္အုပ္ခ်ဳပ္ လြတ္လပ္ျခင္းနဲ႔ တရားမွ်တမႈကို ရရွိမွာ မဟုတ္ပါဘူး။ ႏိုင္ငံေရးလႈပ္ရွားတက္ၾကြသူမွ အခ်ဳပ္အေႏွာင္ခံရတာ မဟုတ္ပါဘူး။ ႏိုင္ငံေရးဟာ ကိုယ္နဲ႔မဆိုင္ဘူးဆိုတဲ့သူေတြလည္း ဒီႏုိင္ငံ၊ ဒီစနစ္ေအာက္မွာ မွီတင္းေနထိုင္ရတဲ့အတြက္ စနစ္ဆိုးရဲ႕ အခ်ဳပ္အေႏွာင္ကို ခံေနၾကရတာပါပဲ။

လူမႈကြန္ရက္သံုးဖို႔အတြက္ VPN သံုးၿပိး အျခားႏုိင္ငံတည္ေနရာနဲ႔ ေက်ာ္လႊားေနရတာ၊ လက္ဖက္ရည္ဆိုင္ထိုင္ရင္း ေဘးဘီ၀ဲယာ စားပြဲ၀ိုင္းေတြကို ၾကည့္ၿပီး စကားေျပာရတာ၊ ခရီးသြားရင္လည္း ဟိုဂိတ္မွာဆင္းေလွ်ာက္ရ၊ ဒီဂိတ္မွာ မွတ္ပံုတင္ျပရနဲ႔ ခရီးဖင့္ရတာ စသည္ျဖင့္ေတြဟာ မလြတ္လပ္မႈရဲ႕ အေျခခံအေၾကာင္းတရားေတြပါ။ လြတ္လပ္စြာ ေျပာဆိုေရးသားခြင့္၊ လြတ္လပ္စြာ ဆႏၵျပခြင့္ မရွိသည့္ေနာက္မွာေတာ့ အမွန္တရားဆိုတဲ့ ရထားဟာ ခုတ္ေမာင္းထြက္ခြာသြားခဲ့တာ ကာလၾကာေပါ့။

တရားမွ်တ လြတ္လပ္ျခင္းနဲ႔ မေသြေသာ တို႔ျပည္တို႔ေျမကို ျပန္ရဖို႔ ေအာင္ရမည္ဆိုတဲ့ စိတ္ကေလးကို ဆက္လက္ေမြးျမဴၾကပါစို႔။

ေမာက္ဂၢလိ

 

 

 

Unicode

တရားမျှတ လွတ်လပ်ခြင်းနှင့် မသွေကြဖို့

 

နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် တရားရင်ဆိုင်နေရဆဲ ဖမ်းဆီးခံထားရသူပေါင်း ၂၀၀၀ ကျော်ကို ှဇွန်လ ၃၀ ရက်နေ့မှာ အမှုတွေကနေ ရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ရန်ကုန် အင်းစိန် အကျဉ်းထောင်ထဲက အကျဉ်းသား ၇၀၀ ကျော် ပါဝင်ပြီး ပြန်လွှတ်ပေးသူတွေထဲမှာ သတင်းထောက်တွေ၊ အနုပညာရှင်တွေလည်း ပါဝင်ခဲ့ပါတယ်။ ပြန်လွတ်လာသူတွေထဲက တစ်ဦးကို BBC က မေးမြန်းရာမှာ အစကတည်းက အပြစ်မရှိဘဲ ဖမ်းဆီးခဲ့တဲ့အတွက် အခုလို ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး ပြောစရာမရှိပါဘူးလို့ ဆိုခဲ့ပါတယ်။

သူ့ရဲ့ပြောစကားနဲ့ ပတ်သက်ပြီး သတိရမိတာကတော့ ဘုရားဈေးတန်းအချို့မှာ တွေ့ရတတ်တဲ့ စာကလေးငှက်ရောင်းသူကိုပဲ ဖြစ်ပါတယ်။ ငှက်ရောင်းသူက သူ့ရဲ့ဝမ်းရေးအတွက် အပြစ်မရှိတဲ့ စာကလေးငှက်တွေကို ဖမ်းဆီးပြီး လှောင်အိမ်ထဲ ထည့်ကာ ရောင်းချပါတယ်။ ငှက်ဝယ်သူတွေမှာလည်း လှောင်အိမ်ထဲက ငှက်ကလေးတွေကို အဖမ်းခံထားရတာ သနားလို့ လွတ်လပ်စေဆိုတဲ့ စာနာစိတ်သက်သက်နဲ့ ဝယ်သူက ရှားပါတယ်။ “နင့်အသက်တစ်ခါလွတ် ငါ့အသက် ဆယ်ခါလွတ်”ဆိုတဲ့ အကျိုးကို မျှော်ပြီး ညောင်ရေသွန်းလောင်းခြင်း သဘောက များပါတယ်။

ဆိုတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဘာကြောင့် ပြန်လွတ်ပေးသလဲ၊ ဘယ်သူတွေကို ချန်ထားခဲ့လဲဆိုတာကို မျက်ဝါးထင်ထင် ပြန်တွေ့ရပါလိမ့်မယ်။ စစ်ကောင်စီ ဥက္ကဋ္ဌဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ကို သွားရောက်ခဲ့ပြီး အာဆီယံအရေးပေါ် အစည်းအဝေး တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားအကြမ်းဖက်နှိမ်နင်း သတ်ဖြတ်၊ ဖမ်းဆီးခြင်းတွေကို ရပ်တန့်ဖို့နဲ့ အာဆီယံက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ ဖြစ်ပါတယ်။

အစည်းအဝေးမှာ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအားလုံးက ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်နိုင်ခဲ့ပါတယ်။ ဧပြီလကတည်းက သဘောတူညီချက်တွေ ချမှတ်ခဲ့ပေမယ့် စစ်ကောင်စီအနေနဲ့ ဘယ်အချက်ကိုမှ လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး။ အာဏာဆီအလှည့်ကျဥက္ကဋ္ဌနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်ကို ရောက်ရှိလာပြီး စစ်ကောင်စီနဲ့တွေ့ဆုံကာ အာဆီယံ သံတမန်တစ်ဦး ခန့်ထားဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ဒီအတောအတွင်းမှာ မလေးရှားနိုင်ငံ ဘုရင်က မြန်မာကို အာဆီယံကထုတ်ပယ်ဖို့ ဆော်သြလာတာ၊ အာဆီယံသဘောတူညီချက်ကို မလိုက်နာပါက အာဆီယံအနေဖြင့် မြန်မာ့အရေးကို ကုလသမဂ္ဂထံ လွှဲပြောင်းပေးဖို့ တောင်းဆိုလာတာတွေကြောင့် စစ်ကောင်စီဟာ မျက်ကလဲဆန်ပြာ ဖြစ်လာခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက်ထဲက အကြမ်းဖက် သတ်ဖြတ်မှုရပ်တန့်ဖို့၊ ဆန္ဒပြသူတွေကို ဖမ်းဆီးနှိပ်စက်မှု ရပ်တန့်ဖို့။ အာဆီယံကိုယ်စားလှယ်ထားပြီး ဘက်ပေါင်းစုံမှ ပါဝင်ပတ်သက်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ လက်ခံဖို့ ခက်ခဲနေတဲ့ကိစ္စရပ်တွေပါ။ တွေ့ဆုံဆွေးနွေးရေးကို သွားပြီး ဘိုနေမြဲ ကျားနေမြဲလုပ်ဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ယခု နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတယ်ဆိုတာ အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအလယ်မှာ စစ်ကောင်စီအနေနဲ့ အသက်ရှူချောင်ဖို့ ကြိုးစားလိုက်တာ ဖြစ်ပါတယ်။

ဒီလိုကိစ္စရပ်မျိုးတွေဟာ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးတုန်းကလည်း နိုင်ငံတကာ အမြင်ကောင်းအောင် လုပ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး စတဲ့ ထိပ်သီးပုဂ္ဂိုလ်တွေကို နေအိမ်အကျယ်ချုပ်ထားကာ ဦးဝင်းတင်၊ ဗိုလ်မှူးဘသော် စတဲ့ သဘောထား တင်းမာသူတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချထားပြီး စစ်အစိုးရအတွက် မထိခိုက်လောက်ဘူး ထင်ရတဲ့သူတွေကို ကျေးဇူးရှင်ကြီးသဖွယ် လွတ်ပေးခဲ့ပါသေးတယ်။ အဲဒီ လွတ်လာသူတွေထဲမှာ ယခု စစ်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဆွေဆိုတဲ့ ပုဂ္ဂိုလ်လည်း ပါတာပေါ့။

စစ်ကောင်စီဟာ နိုင်ငံတကာမျက်နှာစာမှာ အမှတ်ရဖို့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးခဲ့ပေမယ့် အာဏာသိမ်းကာလ ငါးလတာသို့ ရောက်ရှိချိန်မှာ တည်ငြိမ်မှုရဖို့ အသည်းအသန် ကြိုးစားနေရဆဲပါ။ ရန်ကုန်-မန္တလေးနဲ့ မြို့နယ်အချို့မှာ ဆန္ဒပြသူတွေ နေ့စဉ်ရှိနေပါတယ်။ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးကို နိုင်နင်းစွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံရေးသမားများနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးနှိပ်စက်ဖို့ တာဝန်ပေးထားတဲ့ စစ်သားနဲ့ ရဲသားများဟာလည်း ၎င်းတို့လုံခြုံရေးအတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မည်သည့်ဝန်ခံချက်ဖြင့်ဖြစ်စေ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွတ်လိုက်ပေမယ့် ဒီတော်လှန်ရေးထဲက ပေါက်ဖွားလာတဲ့ သူရဲကောင်းများဖြစ်တာကြောင့် ဒီအားတွေဟာ တော်လှန်ရေးကို ပြန်လည်မောင်းနှင်မှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်အုပ်ချုပ်သော အစိုးရဖြစ်စေ၊ အာဏာရှင်များ ပါဝင်ဖွဲ့စည်းထားသော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီအစိုးရဖြစ်စေ မည်သည့်အစိုးရအုပ်ချုပ်အုပ်ချုပ် လွတ်လပ်ခြင်းနဲ့ တရားမျှတမှုကို ရရှိမှာ မဟုတ်ပါဘူး။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူမှ အချုပ်အနှောင်ခံရတာ မဟုတ်ပါဘူး။ နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့သူတွေလည်း ဒီနိုင်ငံ၊ ဒီစနစ်အောက်မှာ မှီတင်းနေထိုင်ရတဲ့အတွက် စနစ်ဆိုးရဲ့ အချုပ်အနှောင်ကို ခံနေကြရတာပါပဲ။

လူမှုကွန်ရက်သုံးဖို့အတွက် VPN သုံးပြိး အခြားနိုင်ငံတည်နေရာနဲ့ ကျော်လွှားနေရတာ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဘေးဘီဝဲယာ စားပွဲဝိုင်းတွေကို ကြည့်ပြီး စကားပြောရတာ၊ ခရီးသွားရင်လည်း ဟိုဂိတ်မှာဆင်းလျှောက်ရ၊ ဒီဂိတ်မှာ မှတ်ပုံတင်ပြရနဲ့ ခရီးဖင့်ရတာ စသည်ဖြင့်တွေဟာ မလွတ်လပ်မှုရဲ့ အခြေခံအကြောင်းတရားတွေပါ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ ဆန္ဒပြခွင့် မရှိသည့်နောက်မှာတော့ အမှန်တရားဆိုတဲ့ ရထားဟာ ခုတ်မောင်းထွက်ခွာသွားခဲ့တာ ကာလကြာပေါ့။

တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေသော တို့ပြည်တို့မြေကို ပြန်ရဖို့ အောင်ရမည်ဆိုတဲ့ စိတ်ကလေးကို ဆက်လက်မွေးမြူကြပါစို့။

မောက်ဂ္ဂလိ