• Today is: Wednesday, September 22, 2021

တာလီဘန်ထံမှ သင်ယူစရာ စစ်ဗျူဟာ ရှိပါသလော (NUG-PDF ၏ စစ်မျက်နှာဖွင့် ဗျူဟာကို ကြိုတင် သုံးသပ်ခြင်း)

Federal Journal
August18/ 2021

Unicode

Date: 18-8-2021

အမေရိကန်နှင့် NATO အဖွဲ့က နှစ်ပေါင်း ၂၀ ကြာ အဆင့်မြင့်လက်နက်များဖြင့် တည်ဆောက်ပေးသော အင်အား ၃ သိန်းခန့်ရှိသည့် အာဖဂန်စစ်တပ်က အင်အား ၇ သောင်းကျော်သာရှိသော တာလီဘန်တပ်ဖွဲ့ကို မရှုမလှ အရှုံးပေးမှုသည် မယုံကြည်လောက်အောင် ထူးဆန်းပါသည်။ ထို့ကြောင့် အလားတူ ပြည်တွင်းစစ် ဆင်နွေးနေသည့် မြန်မာ့နွေဉီးတော်လှန်ရေးသမားများအတွက် တာလီဘန်ကို အားပေးစရာမဟုတ်သော်လည်း ၎င်း၏ အောင်မြင်သော ဗျူဟာတစ်ချို့ကို လေ့လာသင့်ပါသည်။

ပျော့ကွက်ကိုနင်းဗျူဟာ (ကျေးလက်မှမြို့ပြသို့)

တာလီဘန်ထံ သင်ယူစရာ အမြောက်အများ ရှိနိုင်သည့်အနက် ဤဆောင်းပါးတွင် သူတို့၏ ‘ကျေးလက်မှ မြို့ပြသို့’ ထိုးစစ်ဆင်နွေးမှု ဗျူဟာအပိုင်းကို လေ့လာဆွေးနွေးလိုပါသည်။ အားလုံးသိရှိသည့်အတိုင်း တာလီဘန်တပ်ဖွဲ့၏ အဓိက မဟာဗျူဟာသည် နယ်စပ်နှင့် ကျေးလက်ဒေသများကို အရင်သိမ်းပိတ်ပြီး ထိန်းချုပ်နယ်မြေ (territorial control) များများပိုင်ဆိုင်ဖို့ အရင်ကြိုးစားကာ ထိုမှ မြို့ပြကို ဝိုင်းသည့် နည်းလမ်းဖြစ်ပါသည်။ အစဉ်အလာအရလည်း သူပုန်လုပ်သူများသည် ဗဟိုရယန္တရားနှင့် အလှမ်းဝေးသည့်ဒေသတွင် ခြေကုတ်ယူတတ်ကြသည်ချဉ်းဖြစ်သည်။

သို့သော် ပြောင်းပြန်အားဖြင့် NUG PDF တပ်မတော်သည် ကနေဉီကတည်းက မြို့ပြ(အထူးသဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်)ကို ပထမပစ်မှတ်(first target)ထား၍ တိုက်ခိုက်မည့်အဖွဲ့များအဖြစ် အများပြည်သူက မျှော်လင့်ကြသည်။ NUG တာဝန်ရှိသူများနှင့် PDF အဖွဲ့များ၏ ပြောဆိုချက်များအရလည်း ထိုသို့နားလည်ရပါသည်။ ထိုသို့ယူဆရသည့် အဓိကအကြောင်းအရင်းကလည်း မြန်မာနယ်စပ် တစ်လျှောက်(အများစု)ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်ထားပြီးဖြစ်၍ လက်ရှိတွင် စစ်ကောင်စီတပ် ခေါင်းဆောင် များ ဗဟိုအဆောက်အဉီးထားရှိသည့် ပြည်မဒေသကို ထိုးစစ်ဆင်ရန်သာ အဓိက လိုအပ်လာသည့်အတွက်ကြောင့် ဖြစ်သည်။ ထို့ပြင်    PDF သည် ဗမာပြည်မ(မြို့ပြ)လူငယ်များဖြင့် ဉီးဆောင်ဖွဲ့စည်းခြင်း ဖြစ်သည့်အတွက် အချိန်တန်သည့်အခါ မိမိဒေသသို့သွားရောက်ပြီး စစ်ပွဲဆင်နွေးရမည်ဆိုသည့် စဉ်းစားချက်လည်း ရှိပါသည်။

NUG/PDF စစ်ဗျူဟာပြောင်းလဲသင့်မသင့်

ဒီဘက်ပိုင်းတွင်း NUG PDF အနေဖြင့် မြို့ပြစစ် မဆင်နွေးခင် ကျေးလက်ဒေသမှာ ထိန်းချုပ်နယ်မြေ ရရှိရေးအတွက် စစ်ပွဲအရင်ဆင်နွေးဖို့ တစ်နည်းအားဖြင့် စစ်ဗျူဟာပြောင်းလဲဖို့ အောက်ပါ အကြောင်းရင်း နှစ်ချက်ကြောင့် စဉ်းစားလာနိုင်သည်။

ပထမအချက်သည် အနောက်နိုင်ငံများအပြင် အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့နှင့် ကိုဗစ်-၁၉ တိုက်ခိုက်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ထိန်းချုပ်နယ်မြေ လိုအပ်လာသည့် အချက်ဖြစ်သည်။ လက်ရှိတွင် NUG အနေဖြင့် ထိန်းချုပ်နယ်မြေမရှိသည့်အတွက် အဆိုပါ အကူအညီများ လက်ခံဆောင်ရွက်ရန် အဟန့်အတားရှိရာ မလွဲမရှောင်သာ၍ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေကို အားကိုးနေရသည်။

ဒုတိယအချက်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ရပ်တည်ချက်ကို စိတ်မချမှု။ လက်ရှိတွင် KNU အတွင်း ခေါင်းဆောင်မှု မငြိမ်မသက်ဖြစ်ရာ ခေါင်းဆောင်လုပ်သူ မတိုင်မပင်ဘဲ စစ်ကောင်စီနှင့် ဆွေးနွေးမှုပြုလျှင် ဆိုသည့်စိုးရိမ်မှု။ KIA လည်း ၁၉၉၄ခုနှစ်တုန်းက ကဲ့သို့ လက်တွဲဖော်များကို ထားခဲ့ပြီး စစ်ကောင်စီနှင့် နောက်ထပ်ပြန် ဆွေးနွေးလေဉီးမလား။ သို့ဖြစ်၍ အနှေးနှင့်အမြန် ကိုယ်ပိုင်ထိန်းချုပ် နယ်မြေ အရင်ဆုံး ရှာဖွယ်ရမည်ဆိုသည့် အတွေးဝင်လာနိုင်သည်။

ထိုအတွက် မိမိတပ်ဖွဲ့ အများဆုံးနေထိုင်သော KIA ဒေသကို ကျော ထောက် နောက်ခံပြု၍ စစ်ကိုင်းတိုင်းကို ထိန်းချုပ်နိုင်ရန် ပစ်မှတ်ထားနိုင်သလို KNU, KNPP, MNSP နှင့် ထိုင်းနယ်စပ်ကို ကျောထောက် နောက်ခံထား၍ ပဲခူးရိုးမတစ်လျှောက်ကိုလည်း ဗဟိုပြုနိုင်ပါသည်။

မူလဗျူဟာအတိုင်းသာ လက်ဆက်ချီတက်သင့်

အကယ်၍ NUG PDF အနေဖြင့် မြို့သိမ်းစစ်ဗျူဟာကို ပထမပစ်မှတ်အဖြစ် ဆက် လက်ကိုင် စွဲထားခြင်းမပြုဘဲ အထက်ကပုံစံအတိုင်း ပျော့ကွက်ကိုနင်းဗျူဟာ သို့မဟုတ် ‘လွယ်ရာမှခက်ရာသို့ တစ်ဆင့်ချင်းတွန်း’ဆိုသည့် နည်းလမ်းကို ပြောင်းလဲကျင့်သုံးပါက မသေမရှင်လမ်းကြောင်းဖြစ်သော ABSDF ဗကသကျောင်းသား လက်နက်ကိုင်တစ်ဖွဲ့၏ နောက်သို့ လိုက်သွားခြင်း ဖြစ်ပါလိမ့်မည်ဟု မိမိအနေဖြင့် သုံးသပ်မိပါသည်။

အားလုံးသိရှိသည့်အတိုင်း ၈၈ သပိတ်ကျောင်းသားခေါင်းဆောင်များသည် KNU ထံမှ စစ်ပညာသင်ကြားပြီး ABSDF လက်နက်ကိုင် တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့စဉ်က မိမိဒေသ(မြို့ပြ)သို့ ပြန်လာပြီး တိုက်ခိုက်ဖို့ သို့မဟုတ် ခြေကုတ်ယူဖို့ မကြိုးစားဘဲ နယ်စပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေတွင် ယနေ့အထိ အခြေချနေထိုင်ကြသည်။ သူတို့အနေဖြင့် ပြည်မ(မြို့ပြ)သို့ ဝင်ရောက်၍ စစ်ပွဲဆင်နွေးရန် လုံလောက်သည့်အင်အားမရှိဟု ယူဆသည့်အတွက်ကြောင့်လည်းဖြစ်နိုင်သလို သူတို့ကို တည်ဆောက်ပေးသော တိုင်းရင်းသားလက်နက်ကိုင် (KNU နှင့် နောက်ပိုင်းတွင် KIA)တို့က အရန်တပ်ဖွဲ့ကဲ့သို့ သူတို့၏ ထိန်းချုပ်နယ်မြေကို အားဖြည့်ရန် ချီနှောင်ထားသည့်အတွက်ကြောင့်လည်း ဖြစ်နိုင်သည်။

မည်သို့ပြင်ဆိုစေ လက်ရှိတွင် ABSDF သည် KIA ၏ အရန်တပ်ဖွဲ့သာသာဖြစ်ပြီး သီခြားလက်နက်ကိုင်အဖြစ် သတ်မှတ်ရန်ပြင် ခက်ခဲလာပါသည်။ မိမိအနေဖြင့် ABSDF ကို အထင်သေးလျှော့တွက်သည့် သဘောဖြင့် သုံးသပ်ခြင်းမဟုတ်ဘဲ NUG PDF သည် လက်ရှိအချိန်တွင် ထိုထက်ပိုပြီး လူထုက မျှော်လင့်သည့်အတွက်ကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် NUG PDF အနေဖြင့် လူငယ်များ သွေးမအေးခင် မြို့ပြစစ်ဆင်ရေးကိုသာ နည်းလမ်းမျိုးစုံဖြင့် ဆင်နွေးသင့်ပါသည်။

မြို့သိမ်းတိုက်ပွဲအတွက် တိုင်းရင်းသားများလည်း တာဝန်ရှိ

တစ်ချို့ တိုင်းရင်းသားများက ‘ကိုယ့်ဒေသကိုယ် တာဝန်ယူကြေး’ဆိုပြီး ဗမာပြည်မမြို့သိမ်းတိုက်ပွဲကို ‘ကိုယ်နှင့်မဆိုင်၊ ဗမာအုပ်စုများ၏ တာဝန်’ဟု ယူဆလေ့ရှိပါသည်။ ယင်းသည် မှန်သင့်သလောက် မှန်သော်လည်း ရာနှုန်းပြည့်မဟုတ်ပါ။ တိုင်းရင်းသား ဒေသအားလုံး မိမိတို့က အပိုင်သိမ်းလျှင်ပြင် အပြည့်အဝ အောင်လံထူလို့ မရပေ။ ပြည်နယ်ဒေသများသည် စစ်ကောင်စီ မြွေပွေး၏ အမှီးထားရှိရာ ဒေသသာဖြစ်ပြီး သူ၏ ဉီးခေါင်းထားရှိရာ မြို့တော်(မြို့ပြ)ကို လည်ပင်းညှစ်နိုင်မှသာလျှင် တော်လှန်ရေးအပြည့်အဝ အောင်မြင်မည်ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီရုံးချုပ်ထားရှိရာ မြို့တော်တိုက်ပွဲတွင် ပါဝင်လိုမှုမရှိခြင်း၊ တစ်နည်းအားဖြင့် မြို့သိမ်းတိုက်ပွဲကို မိမိနှင့်မဆိုင်ဟု ယူဆခြင်းသည် စစ်ကောင်းစီကို မြေလှန်ရှင်းထုတ်ရန် မပါဝင်လိုခြင်းနှင့် တော်လှန်ရေးကို အဆုံးတိုင် တိုက်ပွဲဝင်ရန် ပူးပေါင်းပါဝင်လိုမှု မရှိခြင်း စသည့်သဘော သက်ရောက်ပါမည်။

တကယ်တမ်း စစ်ကောင်စီကို ဖြုတ်ချနိုင်ရန် ပြည်နယ်နှင့်တိုင်းအားလုံးကို ဉီးစွာသိမ်းပိုက်ရန် မလိုအပ်ပေ။ သာဓကအားဖြင့် တာလီဘန်တပ်က ပြည်နယ် ၃၄ ခုအနက် ၁၈ ပြည်နယ်ကို သိမ်းပိုက်ပြီး ထိုမှ မြို့တော်ကိုသိမ်းပိုက်ကာ တစ်နိုင်ငံလုံးကို သိမ်းပိတ်ပြီးဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ပြည်နယ်အားလုံးကို တစ်ပြည်နယ်ချင်း လိုက်လံသိမ်း ပိတ်ခြင်းမပြုခဲ့ပေ၊ ထိုသို့သိမ်းပိုက်ရန်လည်း မလိုအပ်ပေ။ တစ်နည်းအားဖြင့် မြို့တော် မသိမ်းပိုက်နိုင်ဘဲ ပြည်နယ်နှင့် မြို့နယ်တစ်ချို့ သိမ်းပိတ်နိုင်ခြင်းသည် ရေရှည်(ထာဝရ)တည်တံ့မည်မဟုတ်ပါ။ UWSA နှင့် AA လည်း ယင်းအချက်ကို စဉ်းစားရလိမ့်မည်။

တောင်ဇလတ်ပန်းနီ

(၁၈ – ၾသဂုတ္ – ၂၀၂၁)

 

Zawgyi

အေမရိကန္ႏွင့္ NATO အဖြဲ႕က ႏွစ္ေပါင္း ၂၀ ၾကာ အဆင့္ျမင့္လက္နက္မ်ားျဖင့္ တည္ေဆာက္ေပးေသာ အင္အား ၃ သိန္းခန႔္ရွိသည့္ အာဖဂန္စစ္တပ္က အင္အား ၇ ေသာင္းေက်ာ္သာရွိေသာ တာလီဘန္တပ္ဖြဲ႕ကို မရႈမလွ အရႈံးေပးမႈသည္ မယုံၾကည္ေလာက္ေအာင္ ထူးဆန္းပါသည္။ ထို႔ေၾကာင့္ အလားတူ ျပည္တြင္းစစ္ ဆင္ေႏြးေနသည့္ ျမန္မာ့ေႏြဉီးေတာ္လွန္ေရးသမားမ်ားအတြက္ တာလီဘန္ကို အားေပးစရာမဟုတ္ေသာ္လည္း ၎၏ ေအာင္ျမင္ေသာ ဗ်ဴဟာတစ္ခ်ိဳ႕ကို ေလ့လာသင့္ပါသည္။

ေပ်ာ့ကြက္ကိုနင္းဗ်ဴဟာ (ေက်းလက္မွၿမိဳ႕ျပသို႔…)

တာလီဘန္ထံ သင္ယူစရာ အေျမာက္အမ်ား ရွိႏိုင္သည့္အနက္ ဤေဆာင္းပါးတြင္ သူတို႔၏ ‘ေက်းလက္မွ ၿမိဳ႕ျပသို႔’ ထိုးစစ္ဆင္ေႏြးမႈ ဗ်ဴဟာအပိုင္းကို ေလ့လာေဆြးေႏြးလိုပါသည္။ အားလုံးသိရွိသည့္အတိုင္း တာလီဘန္တပ္ဖြဲ႕၏ အဓိက မဟာဗ်ဴဟာသည္ နယ္စပ္ႏွင့္ ေက်းလက္ေဒသမ်ားကို အရင္သိမ္းပိတ္ၿပီး ထိန္းခ်ဳပ္နယ္ေျမ (territorial control) မ်ားမ်ားပိုင္ဆိုင္ဖို႔ အရင္ႀကိဳးစားကာ ထိုမွ ၿမိဳ႕ျပကို ဝိုင္းသည့္ နည္းလမ္းျဖစ္ပါသည္။ အစဥ္အလာအရလည္း သူပုန္လုပ္သူမ်ားသည္ ဗဟိုရယႏၲရားႏွင့္ အလွမ္းေဝးသည့္ေဒသတြင္ ေျခကုတ္ယူတတ္ၾကသည္ခ်ဥ္းျဖစ္သည္။

သို႔ေသာ္ ေျပာင္းျပန္အားျဖင့္ NUG PDF တပ္မေတာ္သည္ ကေနဉီကတည္းက ၿမိဳ႕ျပ(အထူးသျဖင့္ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္)ကို ပထမပစ္မွတ္(first target)ထား၍ တိုက္ခိုက္မည့္အဖြဲ႕မ်ားအျဖစ္ အမ်ားျပည္သူက ေမွ်ာ္လင့္ၾကသည္။ NUG တာဝန္ရွိသူမ်ားႏွင့္ PDF အဖြဲ႕မ်ား၏ ေျပာဆိုခ်က္မ်ားအရလည္း ထိုသို႔နားလည္ရပါသည္။

ထိုသို႔ယူဆရသည့္ အဓိကအေၾကာင္းအရင္းကလည္း ျမန္မာနယ္စပ္တစ္ေလွ်ာက္(အမ်ားစု)ကို တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ားက ထိန္းခ်ဳပ္ထားၿပီးျဖစ္၍ လက္ရွိတြင္ စစ္ေကာင္စီတပ္ ေခါင္းေဆာင္မ်ား ဗဟိုအေဆာက္အဉီးထားရွိသည့္ ျပည္မေဒသကို ထိုးစစ္ဆင္ရန္သာ အဓိက လိုအပ္လာသည့္အတြက္ေၾကာင့္ ျဖစ္သည္။ ထို႔ျပင္ PDF သည္ ဗမာျပည္မ(ၿမိဳ႕ျပ)လူငယ္မ်ားျဖင့္ ဉီးေဆာင္ဖြဲ႕စည္းျခင္း ျဖစ္သည့္အတြက္ အခ်ိန္တန္သည့္အခါ မိမိေဒသသို႔သြားေရာက္ၿပီး စစ္ပြဲဆင္ေႏြးရမည္ဆိုသည့္ စဥ္းစားခ်က္လည္း ရွိပါသည္။

NUG/PDF စစ္ဗ်ဴဟာေျပာင္းလဲသင့္မသင့္

ဒီဘက္ပိုင္းတြင္း NUG PDF အေနျဖင့္ ၿမိဳ႕ျပစစ္ မဆင္ေႏြးခင္ ေက်းလက္ေဒသမွာ ထိန္းခ်ဳပ္နယ္ေျမ ရရွိေရးအတြက္ စစ္ပြဲအရင္ဆင္ေႏြးဖို႔ တစ္နည္းအားျဖင့္ စစ္ဗ်ဴဟာေျပာင္းလဲဖို႔ ေအာက္ပါ အေၾကာင္းရင္း ႏွစ္ခ်က္ေၾကာင့္ စဥ္းစားလာႏိုင္သည္။

ပထမအခ်က္သည္ အေနာက္ႏိုင္ငံမ်ားအျပင္ အိမ္နီးခ်င္း ထိုင္းႏွင့္ အိႏၵိယႏိုင္ငံတို႔ႏွင့္ ကိုဗစ္-၁၉ တိုက္ခိုက္ေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈလုပ္ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္ရန္ ထိန္းခ်ဳပ္နယ္ေျမ လိုအပ္လာသည့္ အခ်က္ျဖစ္သည္။ လက္ရွိတြင္ NUG အေနျဖင့္ ထိန္းခ်ဳပ္နယ္ေျမမရွိသည့္အတြက္ အဆိုပါ အကူအညီမ်ား လက္ခံေဆာင္႐ြက္ရန္ အဟန႔္အတားရွိရာ မလြဲမေရွာင္သာ၍ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕မ်ား၏ ထိန္းခ်ဳပ္နယ္ေျမကို အားကိုးေနရသည္။

ဒုတိယအခ်က္အေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၏ ရပ္တည္ခ်က္ကို စိတ္မခ်မႈ။ လက္ရွိတြင္ KNU အတြင္း ေခါင္းေဆာင္မႈ မၿငိမ္မသက္ျဖစ္ရာ ေခါင္းေဆာင္လုပ္သူ မတိုင္မပင္ဘဲ စစ္ေကာင္စီႏွင့္ ေဆြးေႏြးမႈျပဳလွ်င္ ဆိုသည့္စိုးရိမ္မႈ။ KIA လည္း ၁၉၉၄ခုႏွစ္တုန္းကကဲ့သို႔ လက္တြဲေဖာ္မ်ားကို ထားခဲ့ၿပီး စစ္ေကာင္စီႏွင့္ ေနာက္ထပ္ျပန္ ေဆြးေႏြးေလဉီးမလား။ သို႔ျဖစ္၍ အေႏွးႏွင့္အျမန္ ကိုယ္ပိုင္ထိန္းခ်ဳပ္နယ္ေျမ အရင္ဆုံး ရွာဖြယ္ရမည္ဆိုသည့္ အေတြးဝင္လာႏိုင္သည္။
ထိုအတြက္ မိမိတပ္ဖြဲ႕ အမ်ားဆုံးေနထိုင္ေသာ KIA ေဒသကို ေက်ာေထာက္ေနာက္ခံျပဳ၍ စစ္ကိုင္းတိုင္းကို ထိန္းခ်ဳပ္ႏိုင္ရန္ ပစ္မွတ္ထားႏိုင္သလို KNU, KNPP, MNSP ႏွင့္ ထိုင္းနယ္စပ္ကို ေက်ာေထာက္ေနာက္ခံထား၍ ပဲခူး႐ိုးမတစ္ေလွ်ာက္ကိုလည္း ဗဟိုျပဳႏိုင္ပါသည္။

မူလဗ်ဴဟာအတိုင္းသာ လက္ဆက္ခ်ီတက္သင့္

အကယ္၍ NUG PDF အေနျဖင့္ ၿမိဳ႕သိမ္းစစ္ဗ်ဴဟာကို ပထမပစ္မွတ္အျဖစ္ ဆက္လက္ကိုင္စြဲထားျခင္းမျပဳဘဲ အထက္ကပုံစံအတိုင္း ေပ်ာ့ကြက္ကိုနင္းဗ်ဴဟာ သို႔မဟုတ္ ‘လြယ္ရာမွခက္ရာသို႔ တစ္ဆင့္ခ်င္းတြန္း’ဆိုသည့္ နည္းလမ္းကို ေျပာင္းလဲက်င့္သုံးပါက မေသမရွင္လမ္းေၾကာင္းျဖစ္ေသာ ABSDF ဗကသေက်ာင္းသား လက္နက္ကိုင္တစ္ဖြဲ႕၏ ေနာက္သို႔ လိုက္သြားျခင္း ျဖစ္ပါလိမ့္မည္ဟု မိမိအေနျဖင့္ သုံးသပ္မိပါသည္။

အားလုံးသိရွိသည့္အတိုင္း ၈၈ သပိတ္ေက်ာင္းသားေခါင္းေဆာင္မ်ားသည္ KNU ထံမွ စစ္ပညာသင္ၾကားၿပီး ABSDF လက္နက္ကိုင္တပ္ဖြဲ႕ကို စတင္ဖြဲ႕စည္းခဲ့စဥ္က မိမိေဒသ(ၿမိဳ႕ျပ)သို႔ ျပန္လာၿပီး တိုက္ခိုက္ဖို႔ သို႔မဟုတ္ ေျခကုတ္ယူဖို႔ မႀကိဳးစားဘဲ နယ္စပ္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ား၏ ထိန္းခ်ဳပ္နယ္ေျမတြင္ ယေန႔အထိ အေျခခ်ေနထိုင္ၾကသည္။ သူတို႔အေနျဖင့္ ျပည္မ(ၿမိဳ႕ျပ)သို႔ ဝင္ေရာက္၍ စစ္ပြဲဆင္ေႏြးရန္ လုံေလာက္သည့္အင္အားမရွိဟု ယူဆသည့္အတြက္ေၾကာင့္လည္းျဖစ္ႏိုင္သလို သူတို႔ကို တည္ေဆာက္ေပးေသာ တိုင္းရင္းသားလက္နက္ကိုင္ (KNU ႏွင့္ ေနာက္ပိုင္းတြင္ KIA)တို႔က အရန္တပ္ဖြဲ႕ကဲ့သို႔ သူတို႔၏ ထိန္းခ်ဳပ္နယ္ေျမကို အားျဖည့္ရန္ ခ်ီေႏွာင္ထားသည့္အတြက္ေၾကာင့္လည္း ျဖစ္ႏိုင္သည္။

မည္သို႔ျပင္ဆိုေစ လက္ရွိတြင္ ABSDF သည္ KIA ၏ အရန္တပ္ဖြဲ႕သာသာျဖစ္ၿပီး သီျခားလက္နက္ကိုင္အျဖစ္ သတ္မွတ္ရန္ျပင္ ခက္ခဲလာပါသည္။ မိမိအေနျဖင့္ ABSDF ကို အထင္ေသးေလွ်ာ့တြက္သည့္ သေဘာျဖင့္ သုံးသပ္ျခင္းမဟုတ္ဘဲ NUG PDF သည္ လက္ရွိအခ်ိန္တြင္ ထိုထက္ပိုၿပီး လူထုက ေမွ်ာ္လင့္သည့္အတြက္ေၾကာင့္ ျဖစ္ပါသည္။ထို႔ေၾကာင့္ NUG PDF အေနျဖင့္ လူငယ္မ်ား ေသြးမေအးခင္ ၿမိဳ႕ျပစစ္ဆင္ေရးကိုသာ နည္းလမ္းမ်ိဳးစုံျဖင့္ ဆင္ေႏြးသင့္ပါသည္။

ၿမိဳ႕သိမ္းတိုက္ပြဲအတြက္ တိုင္းရင္းသားမ်ားလည္း တာဝန္ရွိ

တစ္ခ်ိဳ႕ တိုင္းရင္းသားမ်ားက ‘ကိုယ့္ေဒသကိုယ္ တာဝန္ယူေၾကး’ဆိုၿပီး ဗမာျပည္မၿမိဳ႕သိမ္းတိုက္ပြဲကို ‘ကိုယ္ႏွင့္မဆိုင္၊ ဗမာအုပ္စုမ်ား၏ တာဝန္’ဟု ယူဆေလ့ရွိပါသည္။ ယင္းသည္ မွန္သင့္သေလာက္ မွန္ေသာ္လည္း ရာႏႈန္းျပည့္မဟုတ္ပါ။ တိုင္းရင္းသားေဒသအားလုံး မိမိတို႔က အပိုင္သိမ္းလွ်င္ျပင္ အျပည့္အဝ ေအာင္လံထူလို႔ မရေပ။ ျပည္နယ္ေဒသမ်ားသည္ စစ္ေကာင္စီ ေႁမြေပြး၏ အမွီးထားရွိရာ ေဒသသာျဖစ္ၿပီး သူ၏ ဉီးေခါင္းထားရွိရာ ၿမိဳ႕ေတာ္(ၿမိဳ႕ျပ)ကို လည္ပင္းညႇစ္ႏိုင္မွသာလွ်င္ ေတာ္လွန္ေရးအျပည့္အဝ ေအာင္ျမင္မည္ျဖစ္သည္။
ထို႔ေၾကာင့္ စစ္ေကာင္စီ႐ုံးခ်ဳပ္ထားရွိရာ ၿမိဳ႕ေတာ္တိုက္ပြဲတြင္ ပါဝင္လိုမႈမရွိျခင္း၊ တစ္နည္းအားျဖင့္ ၿမိဳ႕သိမ္းတိုက္ပြဲကို မိမိႏွင့္မဆိုင္ဟု ယူဆျခင္းသည္ စစ္ေကာင္းစီကို ေျမလွန္ရွင္းထုတ္ရန္ မပါဝင္လိုျခင္းႏွင့္ ေတာ္လွန္ေရးကို အဆုံးတိုင္ တိုက္ပြဲဝင္ရန္ ပူးေပါင္းပါဝင္လိုမႈမရွိျခင္း စသည့္သေဘာ သက္ေရာက္ပါမည္။

တကယ္တမ္း စစ္ေကာင္စီကို ျဖဳတ္ခ်ႏိုင္ရန္ ျပည္နယ္ႏွင့္တိုင္းအားလုံးကို ဉီးစြာသိမ္းပိုက္ရန္ မလိုအပ္ေပ။ သာဓကအားျဖင့္ တာလီဘန္တပ္က ျပည္နယ္ ၃၄ ခုအနက္ ၁၈ ျပည္နယ္ကို သိမ္းပိုက္ၿပီး ထိုမွ ၿမိဳ႕ေတာ္ကိုသိမ္းပိုက္ကာ တစ္ႏိုင္ငံလုံးကို သိမ္းပိတ္ၿပီးျဖစ္ေၾကာင္း ေၾကညာခဲ့ျခင္းျဖစ္သည္။ ဆိုလိုသည္မွာ ျပည္နယ္အားလုံးကို တစ္ျပည္နယ္ခ်င္း လိုက္လံသိမ္းပိတ္ျခင္းမျပဳခဲ့ေပ၊ ထိုသို႔သိမ္းပိုက္ရန္လည္း မလိုအပ္ေပ။ တစ္နည္းအားျဖင့္ ၿမိဳ႕ေတာ္ မသိမ္းပိုက္ႏိုင္ဘဲ ျပည္နယ္ႏွင့္ ၿမိဳ႕နယ္တစ္ခ်ိဳ႕ သိမ္းပိတ္ႏိုင္ျခင္းသည္ ေရရွည္(ထာဝရ)တည္တံ့မည္မဟုတ္ပါ။ UWSA ႏွင့္ AA လည္း ယင္းအခ်က္ကို စဥ္းစားရလိမ့္မည္။

ေတာင္ဇလတ္ပန္းနီ

(၁၈ – ၾသဂုတ္ – ၂၀၂၁)