• Today is: Saturday, October 31, 2020

တိုင္းရင္းသားမ်ား၏ဓေလ့ထုံးတမ္း ေျမယာပိုင္ဆိုင္ခြင့္ တိုင်းရင်းသားများ၏ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်ခွင့်

Federal Journal
March12/ 2020

Zawgyi

ကိုစည္သူ၊ အတြင္းေရးမွဴး(တို႔ေျမကြန္ယက္)

(ေစာျမေအာင္ ေတြ႔ဆုံေမးျမန္းသည္)

(တိုင္းရင္းသားမ်ား၏ဓေလ့ထုံးတမ္း ေျမယာပိုင္ဆိုင္ခြင့္ႏွင့္ ပက္သက္၍ ေျမယာအေရးလွႈပ္ရွားေဆာင္ရြက္သူတစ္ဦးျဖစ္သည့္ ကိုစည္သူ အေထြေထြအတြင္းေရးမွဴး၊ တို႔ေျမကြန္ရက္(Land In Our Hands)ႏွင့္ ေတြ႔ဆုံေမးျမန္းျခင္းကို ေဖာ္ျပေပးလိုက္ပါသည္။)

ေမး။ ျမန္မာႏုိင္ငံရဲ႕ အဂၤလိပ္ေခတ္ကေန ၁၉၄၈-လြတ္လပ္ေရးရၿပီးတဲ့အခ်ိန္ေရာ၊ ခုခ်ိန္မွာေရာ ေျမလုိ႔ေျပာရင္ အမ်ိဳးအစားဘယ္လိုရွိ ပါသလဲဆရာ၊ အဲ့ဒါအရင္ေျပာေပးပါလားဆရာ။

ေျဖ။ ေျမအမ်ိဳးအစားသတ္မွတ္တာက အဂၤလိပ္သတ္မွတ္တာရယ္၊ စစ္အာဏာရွင္အစိုးရသက္မွတ္တာရယ္၊ လက္ရွိအစိုးရ သတ္မွတ္တဲ့ပံုစံေတြကမတူၾကဘူး။ အဂၤလိပ္က ေျမဆိုတာနဲ႔ေဒသပိုင္းျခားၿပီးေတာ့ သတ္မွတ္တာေပါ့၊ ဥပမာ ေတာင္ေပၚစခန္းၿမိဳ႕တို႔ အဂၤလိပ္ျမဴနီစီပါယ္အုပ္ခ်ဳပ္တဲ့ေျမတို႔ အဲ့လိုသတ္မွတ္တာေပါ့။ ပိုတိက်ေအာင္ေျပာရရင္ အဂၤလိပ္တိုက္႐ိုက္အုပ္ခ်ဳပ္နဲ႔နယ္ေျမ(Burma Proper)၊ေတာင္တန္းေဒသ(ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရနယ္ေျမ(Part One) ၊ေတာင္တန္းေဒသသီးသန္႔အုပ္ခ် ဳပ္ေရးထားရိွေသာနယ္ေျမ(Part Two)၊ေတာင္ေပၚစခန္းၿမိဳ႕မ်ား ၊သီးျခားလြတ္လ ပ္သည့္ကရင္နီျပည္ဆိုၿပီး ေဒသအေျခဳျပဳၿပီး ေျမကိုပိုင္းျခားသတ္မွတ္ခဲ့ပါတယ္။

ေျမအမ်ိဳးအစားကို သီးသန့္ခြဲထားတာ ႔နည္းပါတယ္။ ဥပေဒသမိုင္းေႀကာင္းအရေျပာရရင္- (၁၈၆၁) မွာအဂၤလိပ္မွ ေျမအားလံုးအား ႏိုင္ငံပိုင္အျဖစ္သိမ္းပိုက္ျပီး၊ “Lower/Upper Burma Land Revenue Manual” အစရွိသျဖင့္ အထက္ျမန္မာျပ ည္ဥပေဒနဲ႔ ေအာက္ျမန္မာျပည္ဥပေဒဆိုၿပီး ႏွစ္ခုခြဲၿပီးထုတ္ျပန္ အုပ္ခ်ဳပ္ခဲ့ပါတယ္။ (၁၂)ႏွစ္ဆက္တိုက္ အခြန္ေတာ္ဆက္သပါက အမည္ေပါက္(Lander Holder) ျဖစ္ခြင့္ရမည္ ျဖစ္ျပီး၊ ၄င္းေျမအား ငွါး၊ေပါင္၊ ေရာင္း၊အေမြေပးႏိုင္ခြင့္ ရွိွပါတယ္။ ေျမလြတ္ေျမလပ္ေဖာ္ထုတ္တာရွိတယ္၊ ႀကီးႀကီးက်ယ္က်ယ္ ေတာ့မဟုတ္ဘူး၊ တစ္ႏိုင္ငံလံုး အတိုင္းအတာေတာ့မဟုတ္ဘူး။ ရခိုင္၊ ဧရာဝတီတို႔ေလာက္ပဲ သက္ေရာက္တာေပါ့။ ရခိုင္နဲ႔မြန္က အဂၤလိပ္မေရာက္ ခင္ကတည္းက ဗမာလက္ေအာက္ခံနယ္ေျမျဖစ္ေနေတာ့ အဲ့ဖက္လည္း နည္းနည္းသက္ေရာက္တာေပါ့။ အမ်ားႀကီး သတ္မွတ္တာမရွိဘူး။

ေမး။ အခုျမန္မာႏုိင္ငံမွာ ေျမလြတ္ေျမလပ္ေျမရိုင္းဥပေဒထြက္လာတယ္၊ အဲဒီမွာ ေျပာေနၾကတာတိုင္းရင္းသားနယ္ေတြမွာ ေျမ လြတ္ေျမလပ္ေျမရိုင္းဆိုတာလံုးဝမရွိဘူး၊ တိုင္းရင္းသားရိုးရာဓေလ့အရပုိင္ေျမရွိတယ္ဆိုပီးေျပာၾကတယ္ဆရာ အဲ့ဒီအေပၚမွာဥပေဒေၾကာင္းအရအဆင္ေျပတာမ်ိဳးရွိသလား၊ အခက္အခဲရွိေနလား၊ သုံးသပ္ေပးပါအုံးဆရာ။

ေျဖ။ ေလာေလာဆယ္အရမ္းနီးစပ္တဲ့ဥပေဒသံုးခုေပါ့၊ အဲ့ဒါက လယ္ယာေျမဥပေဒ၊ လယ္ယာေျမနည္းဥပေဒ၊ ေျမလြတ္၊ ေျမလပ္၊ ေျမရိုင္းစီမံခန္႔ခြဲမႈဥပေဒရယ္၊ ဒီဟာေတြကစေျပာရမယ္ထင္တယ္။ လယ္ယာေျမဥပေဒမွာ ဥယ်ာဥ္ျခံေျမ၊ လယ္ေျမ၊ယာေျမ၊ကိုင္းကြၽန္းေျမ၊ ႏွစ္႐ွည္ပင္စိုက္ပ်ိ ဳးေသာေျမ၊ဓနိေျမ၊ ေတာင္ယာေျမေတြပါတယ္၊ ေျမႏုကြၽန္းေျမ၊ ဟင္းသီးဟင္းရြက္စိုက္တဲ့ျခံေျမေတြလည္း အက်ံဳးဝင္တယ္။ ဒါေပမယ့္ ျပႆနာက ေရႊ႕ေျပာင္းေတာင္ယာမပါဘူး။

မပါတာက တုိင္းရင္းသားေတြကို ထည့္သြင္းမစဥ္းစားတာလား၊ မသိက်ိဳးကၽြံျပဳတာလား၊ တရားဝင္ခြင့္ျပဳလိုက္ရင္ အစိုးရကေနာက္လုပ္မယ္ ့စီမံကိန္းေတြလုပ္ဖို႔အခက္အခဲျဖစ္လို႔ တမင္ခ်န္ထားတာလား၊ ဒါတခ်က္စဥ္းစားစရာေပါ့။ ဒါလက္ရွိ ၂၀၁၂ လယ္ယာေျမဥပေဒေပါ့။
ေနာက္တစ္ခုကက်ေတာ့ ေျမလြတ္ေျမလပ္ေျမရိုင္းက တရားဝင္ေပၚ ေပါက္တာ ၂၀၁၂ ဦးသိန္းစိန္ လက္ထက္မွာ ေပၚေပါက္တယ္၊ အဲ့မတုိင္ခင္အရင္နဝတစစ္အစိုးရ လက္ထက္မွာေတာ့ ေျမလြတ္ေျမလပ္ေျမ ရိုင္းအမိန္႔ညႊန္ၾကားခ်က္ေပါ့၊ ဥပေဒကဲ့သို႔အာဏာတည္ေသာအမိန္႔ေပါ့။ တိုင္းျပည္ဆင္းရဲၿပီး စုတ္ျပတ္စားစရာမရိွေတာ့တဲ့အခ်ိန္မွာ လူထုဆီကသူတို႔ လည္ပင္းညွစ္ၿပီး ေတာင္းစရာမရွိေတာ့လို႔ ေျမကို ေရာင္း ကုန္လို႔စၿပီး သတ္မွတ္တာေပါ့။ အဲ့မတိုင္ခင္မွာတိုင္းရင္းသား ေတြကလည္း ေျမဟာငါတို႔ရဲ႕ဘဝ၊ ငါတို႔ရဲ႕သမိုင္း၊ အခ်ဳပ္အျခာအာဏာဆိုၿပီးေတာ့ေပါ့၊ ဒီျပည္တြင္းစစ္ျဖစ္ရတဲ့အေၾကာင္းရင္ းမွာလည္းေျမဟာအေရးႀကီးတယ္။ တစ္ဖက္နဲ႔တစ္ဖက္ေျမေတြလုၾကတယ္၊ ထုတ္ျပန္တဲ့ဥပေဒသံုးခုကိုၾကည့္လိုက္ရ င္တိုင္းရင္းသားေတြအ တြက္ေျမယာနဲ႔ပတ္သက္ၿပီး ထည့္သြင္းစဥ္းစားေပး တာမရွိသေလာက္ပဲ၊ အရိပ္ေယာင္ေလာက္ပဲဥပေ ဒထဲမွာပါၿပီးေတာ့ တကယ္အလုပ္ျဖစ္မယ့္ဥပေဒၾကေတာ့မပါဘူးေပါ့။ အဲ့ေတာ့ဥပေဒအရတိုင္းရင္းသား ေတြအတြက္ထည့္သြင္းမစဥ္းစားဘူးဆိုတာ ထင္ထင္ရွားရွားေပၚလြင္တာေပါ့။

ေမး။ ေနာက္တစ္ခ်က္က ခုနေမးခြန္းနဲ႔နည္းနည္းဆင္မယ္ဆရာ၊ တိုင္းရင္းသားေတြရဲ႕ဓေလ့ထံုးတမ္းေျမပိုင္ဆိုင္မႈနဲ႔ပတ္သက္ၿပီး ဥပေဒဖက္က အကာအကြယ္ေပးတာမ်ိဳးရွိခဲ့သလား၊ အခုေရာရွိေနေသးသလားဆရာ။

ေျဖ။ လံုးဝမရွိဘူးလို႔ေတာ့ေျပာလုိ႔မရဘူး၊ ဥပေဒထဲမွာတစ္ေၾကာင္းစ ႏွစ္ေၾကာင္းစေတာ့ရွိတယ္၊ ဥပမာ ေျမလြတ္၊ ေျမလပ္၊ ေျမရိုင္းထဲမွာ ဘာေရးလဲဆို ပုဒ္မ-၃၁ ထင္တယ္၊ တုိင္းရင္းသားေတြရိုးရာဓေလ့အရက်င့္သံုးတဲ့ေျမဟာ ဒီ ဥပေဒနဲ႔မသက္ဆိုင္ဘူးလုိ႔ပါတယ္။ အမ်ိဳးသားေျမသံုးစြဲမႈမူဝါဒ အခန္း(၈)မွာ တုိင္းရင္းသားေတြရဲ႕ေျမစီမံခန္႔ခြဲမႈ ဥပေဒကို တရားဝင္အသိအမွတ္ျပဳရမည္ဆိုတာမ်ိဳးပါတယ္ေပါ့၊ ဥပေဒမွာေတာ့ ပါတယ္ေပါ့။ ဒါေပမယ့္အဲဒီဟာက လက္ေတြ႕လုပ္လို႔ရလားမရဘူးလားဆိုတာကေတာ့ မရွင္းလင္းဘူးေပါ့ေနာ္။
ဥပမာအားျဖင့္ ေျမလြတ္၊ ေျမလပ္၊ ေျမရိုင္း ဥပေဒမွာပါတဲ့ တုိင္းရင္းသားရိုးရာဓေလ့က်င့္သံုးမႈေျမသည္ ဤဥပေဒအရ သက္ေရာက္မႈမရွိေစရဆိုတဲ့ဟာမွာ သူတို႔နားမလည္တာက က်င့္သံုးတဲ့ေျမဆိုတာ တံဆိပ္တံုးနဲ႔စာရြက္နဲ႔လာခဲ့တာမဟုတ္ဘူး၊ ေရွးစဥ္ဘိုးစဥ္ေဘာင္ဆက္ သမိုင္းေတြ၊ ယဥ္ေက်းမႈေတြ၊ ပံုျပင္ေတြ၊ အတၳဳပတၱိေတြ၊ ရိုးရာေတြနဲ႔ကူးလူးဆက္ခံလာ ခဲ့တာဆိုေတာ့ ငါတို႔က ရိုးရာဓေလ့က်င့္သံုးတာဆိုပီးသူတုိ႔ကို သက္ေသျပရတာ ခက္တယ္ဆရာ။ အဲ့ေတာ့ ဥေပဒမွာ ျပ႒ာန္းေပးထားတာ မရွိဘူးလားဆိုေတာ့ ရွိတယ္၊ ဒါေပမယ့္ အလုပ္ျဖစ္မေနဘူးေပါ့။

ေမး။ ကၽြန္ေတာ္တို႔ရဲ႕ မိခင္ဥပေဒ၊ အေျခခံဥပေဒမွာေပါ့ဆရာ တိုင္းရင္းသားေတြရဲ႕ေျမနဲ႔ပတ္သက္ၿပီး အကာအကြယ္ေပး ျပ႒ာန္း ေပးထားတာမ်ိဳး ရွိသလားဆရာ။

ေျဖ။ ဖြဲ႕စည္းပံုအေျခခံဥပေဒ ပုဒ္မ(၃၇)မွာ ေျမသည္ႏုိင္ငံေတာ္ပိုင္ျဖစ္သည္လို႔ပါတယ္၊ ဒါေပမယ့္ႏိုင္ငံေတာ္ဆိုတာ ကၽြန္ေတာ္တို႔ယူဆသလို တိုင္းရင္းသားေတြ၊ ျပည္သူေတြ၊ ေဒသခံေတြကို ဆိုလိုတာမဟုတ္ျပန္ဘူး၊ အဲ့လိုဆိုေတာ့ ေျမနဲ႔ပတ္သက္ရင္ တုိင္းရင္းသားေတြကို ကာကြယ္ထားေပးတာ မရွိသေလာက္ပဲ။ သူတို႔ပဲစီမံမယ္၊ ယူမယ္၊ ကၽြန္ေတာ္တို႔က သားသမီးေတြ ၿငိမ္ၿငိမ္ေနေပါ့၊ သူတို႔ကမိဘေတြ ငါတို႔ဘာသာငါတို႔ ဖုတ္ဖုတ္ျပဳတ္ျပဳတ္၊ သုတ္သုတ္ ငါတို႔ဘာငါတို႔လုပ္မယ္ဆိုတာမ်ိဳး ျဖစ္ေနတာေပါ့။

ေမး။ ေနာက္တစ္ခ်က္ကေလဆရာ အခု ေျမသိမ္းမႈေတြ အမ်ားႀကီးျဖစ္တယ္၊ ဆရာကအဲ့ဒီဟာကို ထဲထဲဝင္ဝင္လုပ္ေနတာဆို ေတာ့ေလ ဒီအေပၚမွာ လက္ရွိဥပေဒမွာကိုက လြဲေနတာလား၊ ဒါမွမဟုတ္ စီမံခန္႔ခဲြတဲ့ လူပုဂၢိဳလ္ေတြကပဲ လြဲေနတာလား အဲ့ဒါကိုဆရာအျမင္ေလးေျပာျပေပးပါဆရာ။

ေျဖ။ ႏွစ္ခုလံုးလြဲေနတာေပါ့၊ ေျမသိမ္တာဘယ္ကေနစလဲဆိုေတာ့ မဆလ လက္ထက္ကစတယ္၊ အဂၤလိပ္လက္ထက္မွာလည္းသိမ္းတယ္။ ၁၈၉၄ ေျမသိမ္းဥပေဒဆိုတာ အဂၤလိပ္ကျပဌာန္းခဲ့တဲ့ ဥပေဒပါ ေကာင္းတဲ့အခ်က္ေတြေရာ မေကာင္းတဲ့အခ်က္ေတြေရာပါတယ္။ မဆလ လက္ထက္မွာ တာဝန္ေက် စပါးနဲ႔စတယ္။ စပါးမေပးႏိုင္ရင္၊ စစ္တပ္ေတြ ရဲေတြကို အခ်ိဳးက်မေပးႏုိင္ရင္ ေထာင္ခ်တယ္၊ ဖမ္းဆီးတယ္၊ ေျမသိမ္းတယ္ အဲ့လိုမ်ိဳးေတြရွိတာေပါ့။ ေျမသိမ္းမႈကေတာ့ အာဏာရွင္ေတြစတက္ကတည္းက တရစပ္ျဖစ္ခဲ့တာ။ ပိုဆိုးတာက ၈၈ အေရးအခင္းျဖစ္ၿပီးေတာ့ နဝတ အစုိးရတက္လာတယ္၊ သူ႕လက္ထက္မွာလည္း ေျမလြတ္၊ ေျမရိုင္ း၊ ေျမလပ္ အ မိန္႔ညႊန္ၾကားခ်က္ဆိုပီးေတာ့ ေျမေတြ ထပ္သိမ္းျပန္တယ္။

ဆိုေတာ့ ေျမသိမ္းမႈေတြက လူပုဂၢိဳလ္ေၾကာင့္ လားဆိုေတာ့ ဟုတ္တယ္၊ စစ္အာဏာရွင္ေတြလက္ထက္မွာ သူတို႔ပါးစပ္ထဲရွိတာကို အမိန္႔ညႊန္ၾကားခ်က္လုပ္ၿပီး ေျမသိမ္းမႈေတြ လုပ္ခဲ့တာေလ။ အဲ့ေတာ့ ဒီနအဖ လက္ထက္ၿပီးေတာ့ ၂၀၁၀ ေခတ္က် ေတာ့ ပံုစံေျပာင္းသြားတယ္။ လူပုဂၢိဳလ္အရ သိမ္းတာမဟုတ္ပဲနဲ႔ ဥပေဒအရသိမ္းတာျဖစ္သြားတယ္။ အဲ့ေတာ့ ေျမသိမ္းတာနဲ႔ပတ္သက္ၿပီး ဥပေဒက အကာအကြယ္ေပးလားဆုိေတာ့ ဥပေဒကိုက ေျမသိမ္းဖို႔ ေရးဆြဲထားတာ ျဖစ္ေနတယ္။

ဥပမာ ေျမလြတ္၊ေျမလပ္၊ ေျမရိုင္းလို႔ ေျပာလုိက္တာနဲ႔ တိုင္းရင္းသားရိုးရာဓေလ့အရ သစ္ေတာေတြ၊ ဘုရားေက်ာင္းေတြ၊ အထြဋ္႕အျမတ္ထားတဲ့ေနရာေတြ၊ သစ္ပင္ေတြ၊ ေက်ာက္ဂူေတြ အစရွိတဲ့ဟာေတြကို သူတို႔ရဲ႕ မ်က္စိထဲမွာ ေျမလြတ္၊ေျမလပ္၊ ေျမရိုင္းလို႔ပဲ ျမင္တာ။ အဲ့လုိျမင္တဲ့အတြက္ သူတို႔က အခ်ိန္မေရြးသိမ္းမွာ။ တကယ္တမ္းက်ေတာ့ စိုက္ပ်ိဳးေနမွမဟုတ္ဘူး၊ မစိုက္ပ်ိဳးဘဲထားရင္လည္း ဒီေျမက ေျမလြတ္၊ ေျမလပ္၊ ေျမရိုင္း မဟုတ္ဘူးဆုိတာ တိုင္းရင္းသားေတြနဲ႔ အုပ္ခ်ဳပ္သူေတြၾကားမွာ မတူလြဲေနတာ တစ္ခု၊ ေနာက္တစ္ခုက ဘယ္ဥပေဒ ပဲ ဖတ္ၾကည့္ဖတ္ၾကည့္ ေျမသိမ္းဖို႔ပဲ ေျပာတယ္။

သူတို႔ကေတာ့ ငါတို႔က တည္ဆဲဥပေဒနဲ႔အညီ လုပ္တယ္ပဲေျပာတယ္။ တည္ဆဲဥပေဒဆိုတာက တိုင္းရင္းသားရိုးရာေျမေတြကို သိမ္းဖို႔ လုပ္ထားတာျဖစ္ေနတယ္။

အဓိကေတာ့ လူမ်ိဳးႀကီးဝါဒကို အသက္သြင္းတဲ့ဥပေဒေတြက ပိုမ်ားတယ္။ အဲ့ေတာ့ တရားဥပေဒစိုးမိုးေရးလို႔ေျပာရင္ တရားဥပေဒဆိုတာက တကယ္လူ႔အခြင့္အေရးနဲ႔အညီ တိုင္းရင္းသားအခြင့္အေရးနဲ႔အညီျဖစ္လားဆိုတာ ကၽြန္ေတာ္တို႔ဖ က္က ျပန္ပီးေမးခြန္းထုတ္ဖို႔ေတာ့လုိတယ္ ေပါ့။ ေျမသိမ္းမႈ ေတြက ဥပေဒေၾကာင့္လည္းျဖစ္တယ္၊ လူပုဂၢိဳလ္ေတြ ေၾကာင့္လည္းျဖစ္တယ္၊ အခုလည္းဆက္ၿပီးျဖစ္ေနတုန္းပါပဲ။

ေမး။ ဟုတ္ကဲ့ပါဆရာ။ ေနာက္ေမးခ်င္တာတစ္ခုက တုိင္းရင္းသားေတြရဲ႕ဓေလ့ထံုးတမ္းေျမပိုင္ဆုိင္မႈကို အေလးမထားပဲနဲ႔ ျပ႒ာန္း ဥပေဒနဲ႔အညီ ေျမယာကို စီမံခန္႔ခြဲခဲ့မယ္ဆုိရင္ ဘယ္လိုမ်ိဳး၊ ဘာေတြဆက္ျဖစ္ႏုိင္သလဲ ဆရာ။

ေျဖ။ ေလာေလာဆယ္ေတာ့ ပဋိပကၡအသြင္ေတာ့ စေဆာင္ေနၿပီေပါ့၊ ဘာေၾကာင့္လဲဆုိေတာ့ တုိင္းရင္းသားေတြရဲ႕ဓေလ့ ထံုးစံကို သူတို႔အသိအမွတ္မျပဳဘူး၊ ဥပမာ ကရင္ဆို ေျမမူဝါဒရွိတယ္၊ ကရင္နီဆိုလည္း သူတို႔ေျမမူဝါဒ ထြက္ၿပီ။ က်န္တဲ့တုိင္းရင္းသားေတြမွာလည္း စာအုပ္ေပၚသာမတင္တာ၊ သူ႕ဟာနဲ႔သူေတာ့ ရွိေနပီးသားေပါ့ေနာ္။

အဲ့ေတာ့ ကၽြန္ေတာ္တို႔ ကျပန္စုစည္းၿပီး ထုတ္ေဖာ္ဖို႔ လိုအပ္တာေပါ့၊ အခ်ိန္ေပးၿပီး သုေတသနေတြ RESEARCH ေတြလုပ္ဖို႔ လုိတယ္။ တုိင္းရင္းသားေတြမွာ သူ႕ဟာနဲ႕သူရွိၿပီးသား၊ သူ႕ဟာသူရွိၿပီးသားအေျခအေနမွာ ဥပေဒေတြျပ႒ာန္းလုိက္ တဲ့အခါက်ေတာ့ ဒီဟာကို သူတို႔ဇြတ္ဖိတြန္းေနရင္ ေအာက္ေျခမွာ ကၽြန္ေတာ္တို႔နဲ႔ ျပႆနာေတြ ျဖစ္ႏိုင္တယ္။ ထြန္တံုးတုိက္ပြဲေတြျဖစ္ေနတယ္ေပါ့၊ တိုက္ပြဲဆိုတာ ပဋိပကၡအသြင္ေဆာင္တာ၊ ထြန္တံုးတုိက္ပြဲေတြက ဗမာတိုင္း ရင္းသားနယ္ေတြမွာလည္း ျဖစ္ေလ့ျဖစ္ထရွိတယ္။

ဒီဥပေဒက နယ္စပ္ေတာင္ေပၚတိုင္းရင္းသားျပည္နယ္ေတြမွ မဟုတ္ဘူး၊ ျပည္မကလူမ်ိဳးေတြပါ ထိခိုက္ေနတဲ့ ဥပေဒေပါ့။ ဘာဆက္ျဖစ္လာႏိုင္လဲဆိုေတာ့ လက္နက္ကိုင္ ေတာ္လွန္ေရးထဲမွာလည္း ႏိုင္ငံေရးအရ ထည့္သြင္းစဥ္းစားရင္ ေျမကို မထည့္သြင္းလို႔မရဘူး။ ေျမနဲ႔အခ်ဳပ္အျခာအာဏာကို ကိုယ့္ၾကမၼာကိုယ္ဖန္တီးမယ္ဆိုၿပီးေတာ့သာ လက္နက္ကိုင္ေတာ္လွန္ေရး ဆိုတာ ျဖစ္ေပၚလာတာ။
အဲ့ေတာ့ ပဋိပက ဘယ္ေလာက္က်ယ္ျပန္႔သြားႏုိင္လဲဆိုရင္ တစ္ႏုိင္ငံလံုးမီးဟုန္းဟုန္းေတာက္သြားႏုိင္တဲ့အေျခအေနရွိတယ္။

ဆက္ၿပီးေတာ့ဒီဥပေဒကို ဒရြတ္တိုက္ဆြဲျပ႒ာန္းမယ္ဆိုရင္ ျပည္သူလူထုနဲ႔အစိုးရၾကားမွာ၊ တိုင္းရင္းသားျပည္သူေတြ နဲ႔ အုပ္ခ်ဳပ္သူေတြၾကားမွာ ပိုၿပီးေတာ့ ေဝးသြားေစႏုိင္တဲ့အေျခအေနေတြ ျဖစ္လာႏုိင္တယ္ေပါ့။ လက္နက္ကိုင္ေတာ္ လွန္ေရးတစ္ခုတည္းတင္မဟုတ္ပဲနဲ႕ ၿမိဳ႕ေပၚမွာ ဆႏၵျပပြဲေတြ ပိုျဖစ္လာၿပီး မီးေတာက္လို ပြားသြားသလို ျဖစ္လာႏုိင္ တယ္ေပါ့။

ေမး။ ကၽြန္ေတာ္တုိ႔ရဲ႕အိမ္နီးခ်င္း အိႏၵိယႏုိင္ငံ မီဇိုးရမ္ျပည္နယ္မွာက ျပည္မကလူေတြက အဲ့ဒီမွာ ေျမဝယ္ခြင့္မရွိဘူး၊ အဲ့ဒါမ်ိဳးေတြ ေျပာေနၾကတယ္ဆရာ၊ ဆိုေတာ့ကၽြန္ေတာ္တို႔ႏုိင္ငံမွာလည္း ဖက္ဒရယ္နဲ႔ဒီမိုကေရစီကို အေျခခံၿပီးေတာ့ သြားႏုိင္မယ္ဆိုရင္ ေနာက္ပိုင္းမွာ ျပည္နယ္ေတြရဲ႕ေျမကို စီမံခန္႔ခြဲတဲ့အခါ ျပည္နယ္သားေတြကပဲ သူတို႔ရဲ႕ေျမကို စီမံမယ္ဆိုရင္ ဘယ္လိုအလား အလာေတြ ရွိလာႏိုင္လဲဆရာ၊ ပဋိပကၡအသြင္ကိုေဆာင္မလား ဒီထက္ပိုေကာင္းလာႏုိင္မလားဆရာ ။

ေျဖ။ ႏိုင္ငံတကာမွာေတာ့ျပည္နယ္ေတြ ကိုယ့္ဟာနဲ႕ကိုယ္စီမံေနၾကတာ အမ်ားႀကီးရွိတယ္။ ပဋိပကၡအသြင္မေဆာင္ပဲ အဆင္ေျပေနၾကတယ္ေပ့ါ။ ဘာေၾကာင့္လဲဆိုေျမမွာ လုပ္ပိုင္ခြင့္ရယ္၊ ပိုင္ဆိုင္ခြင့္ရယ္ဆိုၿပီးရွိတယ္။ တိုင္းရင္းသား ေတြက ေရွးကတည္းကကိုယ့္ေျမကို ပိုင္ဆိုင္ခြင့္နဲ႔လာတာ၊ လုပ္ပိုင္ခြင့္နဲ႔မဟုတ္ဘူး။

ဥပေဒမွာက်ေတာ့ ပိုင္ဆိုင္ခြင့္ ဆိုတာတစ္လံုးမွမရွိဘူး၊ လုပ္ပိုင္ခြင့္ပဲ ရွိတယ္။ ၂၀၁၂ လယ္ယာေျမဥပေဒနဲ႔နည္းဥပေဒမွာပါတာက ပံုစံ (၇)ေပါ့၊ အဲ့ဒါက လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္လို႔ေခၚတာေပါ့။ အဲ့ဥပေဒကို ခြင့္ျပဳလိုက္တာနဲ႔ အိမ္ရွင္ကေနအိမ္ငွားျဖစ္ သြားတာ၊ သခင္ကေနကၽြန္ျဖစ္သြားတဲ့ဥပေဒေပါ့။ အဲ့ေတာ့ေျမပိုင္ဆိုင္ခြင့္အေရးႀကီးတယ္။ တျခားႏုိင္ငံကလာတဲ့သူ ေတြ၊ ေဒသခံမဟုတ္တဲ့သူေတြကို ေျမပိုင္ဆိုင္ခြင့္မေပးတာက ဘယ္ႏုိင္ငံျဖစ္ျဖစ္ရွိတယ္။ ေျမေတာ့ဝယ္မယ္ ႏွစ္(၃၀)ျဖစ္ျဖစ္၊ limit နဲ႔ေပါ့ အကန္႔အသတ္နဲ႔ေဆာင္ရြက္ၾကတာက ကိုယ့္ရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ယဥ္ေက်းမႈေတြ မပေပ်ာက္ေအာင္ ဒီလိုပဲ အျခားႏုိင္ငံေတြမွာ က်င့္သံုးေနတာရွိေတာ့ ဒီအေပၚမွာေတာ့ အမ်ားႀကီးေျပာစရာမရွိပါဘူး။

ေမး။ ေမးခြန္းကေတာ့ပီးပီဆရာ၊ ဆရာျဖည့္စြက္ေျပာခ်င္တာမ်ားရွိေသးရင္ ေျပာေပးပါဆရာ။

ေျဖ။ အဓိကက ဒီႏုိင္ငံမွာရွိတဲ့ ျပည္သူလူထု၊ တုိင္းရင္းသားျပည္သူလူထုရဲ႕ႏုိင္ငံေရးျဖစ္စဥ္ေပါ့။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္၊ ႏိုင္ငံေရး ျဖစ္စဥ္ေတြအားလံုးက ေျမနဲ႔တိုက္ရိုက္ပတ္သက္တယ္၊ တဖက္မွာ ၿငိမ္းခ်မ္းေရးစကားေျပာေနတယ္၊ တဖက္မွာက်ေတာ့ ေျမေတြဆက္သိမ္းႏုိင္ဖို႔ႀကိဳးစားေနတယ္၊ ၂၀၁၈ မွာဆိုေျမသိမ္းဥပေဒေတြထြက္ၿပီ၊ ေျမလြတ္၊ ေျမလပ္၊ ေျမရိုင္းဆိုပီး နာမည္ေျပာင္းၿပီးထုတ္တယ္။ အရင္စစ္အာဏာရွင္အေမြဆုိးကို ျပန္ပီးအသက္သြင္းေနတာက ပိုၿပီးေတာ့ ၿငိမ္းခ်မ္းေရးနဲ႔အလွမ္းေဝးတဲ့ကိစၥလို႔ ျဖည့္စြက္ေျပာခ်င္ပါတယ္။

Unicode

ကိုစည်သူ၊ အတွင်းရေးမှူး(တို့မြေကွန်ယက်)
(စောမြအောင် တွေ့ဆုံမေးမြန်းသည်)

(တိုင်းရင်းသားများ၏ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်ခွင့်နှင့် ပက်သက်၍ မြေယာအရေးလှှုပ်ရှားဆောင်ရွက်သူတစ်ဦးဖြစ်သည့် ကိုစည်သူ အထွေထွေအတွင်းရေးမှူး၊ တို့မြေကွန်ရက်(Land In Our Hands)နှင့် တွေ့ဆုံမေးမြန်းခြင်းကို ဖော်ပြပေးလိုက်ပါသည်။)

မေး။ မြန်မာနိုင်ငံရဲ့ အင်္ဂလိပ်ခေတ်ကနေ ၁၉၄၈-လွတ်လပ်ရေးရပြီးတဲ့အချိန်ရော၊ ခုချိန်မှာရော မြေလို့ပြောရင် အမျိုးအစားဘယ်လိုရှိ ပါသလဲဆရာ၊ အဲ့ဒါအရင်ပြောပေးပါလားဆရာ။

ဖြေ။ မြေအမျိုးအစားသတ်မှတ်တာက အင်္ဂလိပ်သတ်မှတ်တာရယ်၊ စစ်အာဏာရှင်အစိုးရသက်မှတ်တာရယ်၊ လက်ရှိအစိုးရ သတ်မှတ်တဲ့ပုံစံတွေကမတူကြဘူး။ အင်္ဂလိပ်က မြေဆိုတာနဲ့ဒေသပိုင်းခြားပြီးတော့ သတ်မှတ်တာပေါ့၊ ဥပမာ တောင်ပေါ်စခန်းမြို့တို့ အင်္ဂလိပ်မြူနီစီပါယ်အုပ်ချုပ်တဲ့မြေတို့ အဲ့လိုသတ်မှတ်တာပေါ့။ ပိုတိကျအောင်ပြောရရင် အင်္ဂလိပ်တိုက်ရိုက်အုပ်ချုပ်နဲ့နယ်မြေ(Burma Proper)၊တောင်တန်းဒေသ(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ(Part One) ၊တောင်တန်းဒေသသီးသန့်အုပ်ချ ုပ်ရေးထားရှိသောနယ်မြေ(Part Two)၊တောင်ပေါ်စခန်းမြို့များ ၊သီးခြားလွတ်လ ပ်သည့်ကရင်နီပြည်ဆိုပြီး ဒေသအခြေုပြုပြီး မြေကိုပိုင်းခြားသတ်မှတ်ခဲ့ပါတယ်။

အမျိုးအစားကို သီးသန့်ခွဲထားတာ့နည်းပါတယ်။ ဥပဒေသမိုင်းကြောင်းအရပြောရရင်- (၁၈၆၁) မှာအင်္ဂလိပ်မှ မြေအားလုံးအား နိုင်ငံပိုင်အဖြစ်သိမ်းပိုက်ပြီး၊ “Lower/Upper Burma Land Revenue Manual” အစရှိသဖြင့် အထက်မြန်မာပြ ည်ဥပဒေနဲ့ အောက်မြန်မာပြည်ဥပဒေဆိုပြီး နှစ်ခုခွဲပြီးထုတ်ပြန် အုပ်ချုပ်ခဲ့ပါတယ်။ (၁၂)နှစ်ဆက်တိုက် အခွန်တော်ဆက်သပါက အမည်ပေါက်(Lander Holder) ဖြစ်ခွင့်ရမည် ဖြစ်ပြီး၊ ၎င်းမြေအား ငှါး၊ပေါင်၊ ရောင်း၊အမွေပေးနိုင်ခွင့် ရှှိပါတယ်။ မြေလွတ်မြေလပ်ဖော်ထုတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ် တော့မဟုတ်ဘူး၊ တစ်နိုင်ငံလုံး အတိုင်းအတာတော့မဟုတ်ဘူး။ ရခိုင်၊ ဧရာဝတီတို့လောက်ပဲ သက်ရောက်တာပေါ့။ ရခိုင်နဲ့မွန်က အင်္ဂလိပ်မရောက် ခင်ကတည်းက ဗမာလက်အောက်ခံနယ်မြေဖြစ်နေတော့ အဲ့ဖက်လည်း နည်းနည်းသက်ရောက်တာပေါ့။ အများကြီး သတ်မှတ်တာမရှိဘူး။

မေး။ အခုမြန်မာနိုင်ငံမှာ မြေလွတ်မြေလပ်မြေရိုင်းဥပဒေထွက်လာတယ်၊ အဲဒီမှာ ပြောနေကြတာတိုင်းရင်းသားနယ်တွေမှာ မြေ လွတ်မြေလပ်မြေရိုင်းဆိုတာလုံးဝမရှိဘူး၊ တိုင်းရင်းသားရိုးရာဓလေ့အရပိုင်မြေရှိတယ်ဆိုပီးပြောကြတယ်ဆရာ အဲ့ဒီအပေါ်မှာဥပဒေကြောင်းအရအဆင်ပြေတာမျိုးရှိသလား၊ အခက်အခဲရှိနေလား၊ သုံးသပ်ပေးပါအုံးဆရာ။

ဖြေ။ လောလောဆယ်အရမ်းနီးစပ်တဲ့ဥပဒေသုံးခုပေါ့၊ အဲ့ဒါက လယ်ယာမြေဥပဒေ၊ လယ်ယာမြေနည်းဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဥပဒေရယ်၊ ဒီဟာတွေကစပြောရမယ်ထင်တယ်။ လယ်ယာမြေဥပဒေမှာ ဥယျာဉ်ခြံမြေ၊ လယ်မြေ၊ယာမြေ၊ကိုင်းကျွန်းမြေ၊ နှစ်ရှည်ပင်စိုက်ပျိ ုးသောမြေ၊ဓနိမြေ၊ တောင်ယာမြေတွေပါတယ်၊ မြေနုကျွန်းမြေ၊ ဟင်းသီးဟင်းရွက်စိုက်တဲ့ခြံမြေတွေလည်း အကျုံးဝင်တယ်။ ဒါပေမယ့် ပြဿနာက ရွှေ့ပြောင်းတောင်ယာမပါဘူး။
မပါတာက တိုင်းရင်းသားတွေကို ထည့်သွင်းမစဉ်းစားတာလား၊ မသိကျိုးကျွံပြုတာလား၊ တရားဝင်ခွင့်ပြုလိုက်ရင် အစိုးရကနောက်လုပ်မယ့်စီမံကိန်းတွေလုပ်ဖို့အခက်အခဲဖြစ်လို့ တမင်ချန်ထားတာလား၊ ဒါတချက်စဉ်းစားစရာပေါ့။ ဒါလက်ရှိ ၂၀၁၂ လယ်ယာမြေဥပဒေပေါ့။
နောက်တစ်ခုကကျတော့ မြေလွတ်မြေလပ်မြေရိုင်းက တရားဝင်ပေါ် ပေါက်တာ ၂၀၁၂ ဦးသိန်းစိန် လက်ထက်မှာ ပေါ်ပေါက်တယ်၊ အဲ့မတိုင်ခင်အရင်နဝတစစ်အစိုးရ လက်ထက်မှာတော့ မြေလွတ်မြေလပ်မြေ ရိုင်းအမိန့်ညွှန်ကြားချက်ပေါ့၊ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ပေါ့။ တိုင်းပြည်ဆင်းရဲပြီး စုတ်ပြတ်စားစရာမရှိတော့တဲ့အချိန်မှာ လူထုဆီကသူတို့ လည်ပင်းညှစ်ပြီး တောင်းစရာမရှိတော့လို့ မြေကို ရောင်း ကုန်လို့စပြီး သတ်မှတ်တာပေါ့။ အဲ့မတိုင်ခင်မှာတိုင်းရင်းသား တွေကလည်း မြေဟာငါတို့ရဲ့ဘဝ၊ ငါတို့ရဲ့သမိုင်း၊ အချုပ်အခြာအာဏာဆိုပြီးတော့ပေါ့၊ ဒီပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းရင် းမှာလည်းမြေဟာအရေးကြီးတယ်။ တစ်ဖက်နဲ့တစ်ဖက်မြေတွေလုကြတယ်၊ ထုတ်ပြန်တဲ့ဥပဒေသုံးခုကိုကြည့်လိုက်ရ င်တိုင်းရင်းသားတွေအ တွက်မြေယာနဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားပေး တာမရှိသလောက်ပဲ၊ အရိပ်ယောင်လောက်ပဲဥပေ ဒထဲမှာပါပြီးတော့ တကယ်အလုပ်ဖြစ်မယ့်ဥပဒေကြတော့မပါဘူးပေါ့။ အဲ့တော့ဥပဒေအရတိုင်းရင်းသား တွေအတွက်ထည့်သွင်းမစဉ်းစားဘူးဆိုတာ ထင်ထင်ရှားရှားပေါ်လွင်တာပေါ့။

မေး။ နောက်တစ်ချက်က ခုနမေးခွန်းနဲ့နည်းနည်းဆင်မယ်ဆရာ၊ တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးတမ်းမြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဥပဒေဖက်က အကာအကွယ်ပေးတာမျိုးရှိခဲ့သလား၊ အခုရောရှိနေသေးသလားဆရာ။

ဖြေ။ လုံးဝမရှိဘူးလို့တော့ပြောလို့မရဘူး၊ ဥပဒေထဲမှာတစ်ကြောင်းစ နှစ်ကြောင်းစတော့ရှိတယ်၊ ဥပမာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းထဲမှာ ဘာရေးလဲဆို ပုဒ်မ-၃၁ ထင်တယ်၊ တိုင်းရင်းသားတွေရိုးရာဓလေ့အရကျင့်သုံးတဲ့မြေဟာ ဒီ ဥပဒေနဲ့မသက်ဆိုင်ဘူးလို့ပါတယ်။ အမျိုးသားမြေသုံးစွဲမှုမူဝါဒ အခန်း(၈)မှာ တိုင်းရင်းသားတွေရဲ့မြေစီမံခန့်ခွဲမှု ဥပဒေကို တရားဝင်အသိအမှတ်ပြုရမည်ဆိုတာမျိုးပါတယ်ပေါ့၊ ဥပဒေမှာတော့ ပါတယ်ပေါ့။ ဒါပေမယ့်အဲဒီဟာက လက်တွေ့လုပ်လို့ရလားမရဘူးလားဆိုတာကတော့ မရှင်းလင်းဘူးပေါ့နော်။

ဥပမာအားဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေမှာပါတဲ့ တိုင်းရင်းသားရိုးရာဓလေ့ကျင့်သုံးမှုမြေသည် ဤဥပဒေအရ သက်ရောက်မှုမရှိစေရဆိုတဲ့ဟာမှာ သူတို့နားမလည်တာက ကျင့်သုံးတဲ့မြေဆိုတာ တံဆိပ်တုံးနဲ့စာရွက်နဲ့လာခဲ့တာမဟုတ်ဘူး၊ ရှေးစဉ်ဘိုးစဉ်ဘောင်ဆက် သမိုင်းတွေ၊ ယဉ်ကျေးမှုတွေ၊ ပုံပြင်တွေ၊ အတ္ထုပတ္တိတွေ၊ ရိုးရာတွေနဲ့ကူးလူးဆက်ခံလာ ခဲ့တာဆိုတော့ ငါတို့က ရိုးရာဓလေ့ကျင့်သုံးတာဆိုပီးသူတို့ကို သက်သေပြရတာ ခက်တယ်ဆရာ။ အဲ့တော့ ဥပေဒမှာ ပြဋ္ဌာန်းပေးထားတာ မရှိဘူးလားဆိုတော့ ရှိတယ်၊ ဒါပေမယ့် အလုပ်ဖြစ်မနေဘူးပေါ့။

မေး။ ကျွန်တော်တို့ရဲ့ မိခင်ဥပဒေ၊ အခြေခံဥပဒေမှာပေါ့ဆရာ တိုင်းရင်းသားတွေရဲ့မြေနဲ့ပတ်သက်ပြီး အကာအကွယ်ပေး ပြဋ္ဌာန်း ပေးထားတာမျိုး ရှိသလားဆရာ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၇)မှာ မြေသည်နိုင်ငံတော်ပိုင်ဖြစ်သည်လို့ပါတယ်၊ ဒါပေမယ့်နိုင်ငံတော်ဆိုတာ ကျွန်တော်တို့ယူဆသလို တိုင်းရင်းသားတွေ၊ ပြည်သူတွေ၊ ဒေသခံတွေကို ဆိုလိုတာမဟုတ်ပြန်ဘူး၊ အဲ့လိုဆိုတော့ မြေနဲ့ပတ်သက်ရင် တိုင်းရင်းသားတွေကို ကာကွယ်ထားပေးတာ မရှိသလောက်ပဲ။ သူတို့ပဲစီမံမယ်၊ ယူမယ်၊ ကျွန်တော်တို့က သားသမီးတွေ ငြိမ်ငြိမ်နေပေါ့၊ သူတို့ကမိဘတွေ ငါတို့ဘာသာငါတို့ ဖုတ်ဖုတ်ပြုတ်ပြုတ်၊ သုတ်သုတ် ငါတို့ဘာငါတို့လုပ်မယ်ဆိုတာမျိုး ဖြစ်နေတာပေါ့။

မေး။ နောက်တစ်ချက်ကလေဆရာ အခု မြေသိမ်းမှုတွေ အများကြီးဖြစ်တယ်၊ ဆရာကအဲ့ဒီဟာကို ထဲထဲဝင်ဝင်လုပ်နေတာဆို တော့လေ ဒီအပေါ်မှာ လက်ရှိဥပဒေမှာကိုက လွဲနေတာလား၊ ဒါမှမဟုတ် စီမံခန့်ခွဲတဲ့ လူပုဂ္ဂိုလ်တွေကပဲ လွဲနေတာလား အဲ့ဒါကိုဆရာအမြင်လေးပြောပြပေးပါဆရာ။

ဖြေ။ နှစ်ခုလုံးလွဲနေတာပေါ့၊ မြေသိမ်တာဘယ်ကနေစလဲဆိုတော့ မဆလ လက်ထက်ကစတယ်၊ အင်္ဂလိပ်လက်ထက်မှာလည်းသိမ်းတယ်။ ၁၈၉၄ မြေသိမ်းဥပဒေဆိုတာ အင်္ဂလိပ်ကပြဌာန်းခဲ့တဲ့ ဥပဒေပါ ကောင်းတဲ့အချက်တွေရော မကောင်းတဲ့အချက်တွေရောပါတယ်။ မဆလ လက်ထက်မှာ တာဝန်ကျေ စပါးနဲ့စတယ်။ စပါးမပေးနိုင်ရင်၊ စစ်တပ်တွေ ရဲတွေကို အချိုးကျမပေးနိုင်ရင် ထောင်ချတယ်၊ ဖမ်းဆီးတယ်၊ မြေသိမ်းတယ် အဲ့လိုမျိုးတွေရှိတာပေါ့။ မြေသိမ်းမှုကတော့ အာဏာရှင်တွေစတက်ကတည်းက တရစပ်ဖြစ်ခဲ့တာ။ ပိုဆိုးတာက ၈၈ အရေးအခင်းဖြစ်ပြီးတော့ နဝတ အစိုးရတက်လာတယ်၊ သူ့လက်ထက်မှာလည်း မြေလွတ်၊ မြေရိုင် း၊ မြေလပ် အ မိန့်ညွှန်ကြားချက်ဆိုပီးတော့ မြေတွေ ထပ်သိမ်းပြန်တယ်။

ဆိုတော့ မြေသိမ်းမှုတွေက လူပုဂ္ဂိုလ်ကြောင့် လားဆိုတော့ ဟုတ်တယ်၊ စစ်အာဏာရှင်တွေလက်ထက်မှာ သူတို့ပါးစပ်ထဲရှိတာကို အမိန့်ညွှန်ကြားချက်လုပ်ပြီး မြေသိမ်းမှုတွေ လုပ်ခဲ့တာလေ။ အဲ့တော့ ဒီနအဖ လက်ထက်ပြီးတော့ ၂၀၁၀ ခေတ်ကျ တော့ ပုံစံပြောင်းသွားတယ်။ လူပုဂ္ဂိုလ်အရ သိမ်းတာမဟုတ်ပဲနဲ့ ဥပဒေအရသိမ်းတာဖြစ်သွားတယ်။ အဲ့တော့ မြေသိမ်းတာနဲ့ပတ်သက်ပြီး ဥပဒေက အကာအကွယ်ပေးလားဆိုတော့ ဥပဒေကိုက မြေသိမ်းဖို့ ရေးဆွဲထားတာ ဖြစ်နေတယ်။

ဥပမာ မြေလွတ်၊မြေလပ်၊ မြေရိုင်းလို့ ပြောလိုက်တာနဲ့ တိုင်းရင်းသားရိုးရာဓလေ့အရ သစ်တောတွေ၊ ဘုရားကျောင်းတွေ၊ အထွဋ့်အမြတ်ထားတဲ့နေရာတွေ၊ သစ်ပင်တွေ၊ ကျောက်ဂူတွေ အစရှိတဲ့ဟာတွေကို သူတို့ရဲ့ မျက်စိထဲမှာ မြေလွတ်၊မြေလပ်၊ မြေရိုင်းလို့ပဲ မြင်တာ။ အဲ့လိုမြင်တဲ့အတွက် သူတို့က အချိန်မရွေးသိမ်းမှာ။ တကယ်တမ်းကျတော့ စိုက်ပျိုးနေမှမဟုတ်ဘူး၊ မစိုက်ပျိုးဘဲထားရင်လည်း ဒီမြေက မြေလွတ်၊ မြေလပ်၊ မြေရိုင်း မဟုတ်ဘူးဆိုတာ တိုင်းရင်းသားတွေနဲ့ အုပ်ချုပ်သူတွေကြားမှာ မတူလွဲနေတာ တစ်ခု၊ နောက်တစ်ခုက ဘယ်ဥပဒေ ပဲ ဖတ်ကြည့်ဖတ်ကြည့် မြေသိမ်းဖို့ပဲ ပြောတယ်။

သူတို့ကတော့ ငါတို့က တည်ဆဲဥပဒေနဲ့အညီ လုပ်တယ်ပဲပြောတယ်။ တည်ဆဲဥပဒေဆိုတာက တိုင်းရင်းသားရိုးရာမြေတွေကို သိမ်းဖို့ လုပ်ထားတာဖြစ်နေတယ်။

အဓိကတော့ လူမျိုးကြီးဝါဒကို အသက်သွင်းတဲ့ဥပဒေတွေက ပိုများတယ်။ အဲ့တော့ တရားဥပဒေစိုးမိုးရေးလို့ပြောရင် တရားဥပဒေဆိုတာက တကယ်လူ့အခွင့်အရေးနဲ့အညီ တိုင်းရင်းသားအခွင့်အရေးနဲ့အညီဖြစ်လားဆိုတာ ကျွန်တော်တို့ဖ က်က ပြန်ပီးမေးခွန်းထုတ်ဖို့တော့လိုတယ် ပေါ့။ မြေသိမ်းမှု တွေက ဥပဒေကြောင့်လည်းဖြစ်တယ်၊ လူပုဂ္ဂိုလ်တွေ ကြောင့်လည်းဖြစ်တယ်၊ အခုလည်းဆက်ပြီးဖြစ်နေတုန်းပါပဲ။

မေး။ ဟုတ်ကဲ့ပါဆရာ။ နောက်မေးချင်တာတစ်ခုက တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးတမ်းမြေပိုင်ဆိုင်မှုကို အလေးမထားပဲနဲ့ ပြဋ္ဌာန်း ဥပဒေနဲ့အညီ မြေယာကို စီမံခန့်ခွဲခဲ့မယ်ဆိုရင် ဘယ်လိုမျိုး၊ ဘာတွေဆက်ဖြစ်နိုင်သလဲ ဆရာ။

ဖြေ။ လောလောဆယ်တော့ ပဋိပက္ခအသွင်တော့ စဆောင်နေပြီပေါ့၊ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေရဲ့ဓလေ့ ထုံးစံကို သူတို့အသိအမှတ်မပြုဘူး၊ ဥပမာ ကရင်ဆို မြေမူဝါဒရှိတယ်၊ ကရင်နီဆိုလည်း သူတို့မြေမူဝါဒ ထွက်ပြီ။ ကျန်တဲ့တိုင်းရင်းသားတွေမှာလည်း စာအုပ်ပေါ်သာမတင်တာ၊ သူ့ဟာနဲ့သူတော့ ရှိနေပီးသားပေါ့နော်။

အဲ့တော့ ကျွန်တော်တို့ ကပြန်စုစည်းပြီး ထုတ်ဖော်ဖို့ လိုအပ်တာပေါ့၊ အချိန်ပေးပြီး သုတေသနတွေ RESEARCH တွေလုပ်ဖို့ လိုတယ်။ တိုင်းရင်းသားတွေမှာ သူ့ဟာနဲ့သူရှိပြီးသား၊ သူ့ဟာသူရှိပြီးသားအခြေအနေမှာ ဥပဒေတွေပြဋ္ဌာန်းလိုက် တဲ့အခါကျတော့ ဒီဟာကို သူတို့ဇွတ်ဖိတွန်းနေရင် အောက်ခြေမှာ ကျွန်တော်တို့နဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်။ ထွန်တုံးတိုက်ပွဲတွေဖြစ်နေတယ်ပေါ့၊ တိုက်ပွဲဆိုတာ ပဋိပက္ခအသွင်ဆောင်တာ၊ ထွန်တုံးတိုက်ပွဲတွေက ဗမာတိုင်း ရင်းသားနယ်တွေမှာလည်း ဖြစ်လေ့ဖြစ်ထရှိတယ်။
ဒီဥပဒေက နယ်စပ်တောင်ပေါ်တိုင်းရင်းသားပြည်နယ်တွေမှ မဟုတ်ဘူး၊ ပြည်မကလူမျိုးတွေပါ ထိခိုက်နေတဲ့ ဥပဒေပေါ့။ ဘာဆက်ဖြစ်လာနိုင်လဲဆိုတော့ လက်နက်ကိုင် တော်လှန်ရေးထဲမှာလည်း နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားရင် မြေကို မထည့်သွင်းလို့မရဘူး။ မြေနဲ့အချုပ်အခြာအာဏာကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးမယ်ဆိုပြီးတော့သာ လက်နက်ကိုင်တော်လှန်ရေး ဆိုတာ ဖြစ်ပေါ်လာတာ။

အဲ့တော့ ပဋိပက ဘယ်လောက်ကျယ်ပြန့်သွားနိုင်လဲဆိုရင် တစ်နိုင်ငံလုံးမီးဟုန်းဟုန်းတောက်သွားနိုင်တဲ့အခြေအနေရှိတယ်။
ဆက်ပြီးတော့ဒီဥပဒေကို ဒရွတ်တိုက်ဆွဲပြဋ္ဌာန်းမယ်ဆိုရင် ပြည်သူလူထုနဲ့အစိုးရကြားမှာ၊ တိုင်းရင်းသားပြည်သူတွေ နဲ့ အုပ်ချုပ်သူတွေကြားမှာ ပိုပြီးတော့ ဝေးသွားစေနိုင်တဲ့အခြေအနေတွေ ဖြစ်လာနိုင်တယ်ပေါ့။ လက်နက်ကိုင်တော် လှန်ရေးတစ်ခုတည်းတင်မဟုတ်ပဲနဲ့ မြို့ပေါ်မှာ ဆန္ဒပြပွဲတွေ ပိုဖြစ်လာပြီး မီးတောက်လို ပွားသွားသလို ဖြစ်လာနိုင် တယ်ပေါ့။

မေး။ ကျွန်တော်တို့ရဲ့အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်မှာက ပြည်မကလူတွေက အဲ့ဒီမှာ မြေဝယ်ခွင့်မရှိဘူး၊ အဲ့ဒါမျိုးတွေ ပြောနေကြတယ်ဆရာ၊ ဆိုတော့ကျွန်တော်တို့နိုင်ငံမှာလည်း ဖက်ဒရယ်နဲ့ဒီမိုကရေစီကို အခြေခံပြီးတော့ သွားနိုင်မယ်ဆိုရင် နောက်ပိုင်းမှာ ပြည်နယ်တွေရဲ့မြေကို စီမံခန့်ခွဲတဲ့အခါ ပြည်နယ်သားတွေကပဲ သူတို့ရဲ့မြေကို စီမံမယ်ဆိုရင် ဘယ်လိုအလား အလာတွေ ရှိလာနိုင်လဲဆရာ၊ ပဋိပက္ခအသွင်ကိုဆောင်မလား ဒီထက်ပိုကောင်းလာနိုင်မလားဆရာ ။

ဖြေ။ နိုင်ငံတကာမှာတော့ပြည်နယ်တွေ ကိုယ့်ဟာနဲ့ကိုယ်စီမံနေကြတာ အများကြီးရှိတယ်။ ပဋိပက္ခအသွင်မဆောင်ပဲ အဆင်ပြေနေကြတယ်ပေ့ါ။ ဘာကြောင့်လဲဆိုမြေမှာ လုပ်ပိုင်ခွင့်ရယ်၊ ပိုင်ဆိုင်ခွင့်ရယ်ဆိုပြီးရှိတယ်။ တိုင်းရင်းသား တွေက ရှေးကတည်းကကိုယ့်မြေကို ပိုင်ဆိုင်ခွင့်နဲ့လာတာ၊ လုပ်ပိုင်ခွင့်နဲ့မဟုတ်ဘူး။

ဥပဒေမှာကျတော့ ပိုင်ဆိုင်ခွင့် ဆိုတာတစ်လုံးမှမရှိဘူး၊ လုပ်ပိုင်ခွင့်ပဲ ရှိတယ်။ ၂၀၁၂ လယ်ယာမြေဥပဒေနဲ့နည်းဥပဒေမှာပါတာက ပုံစံ (၇)ပေါ့၊ အဲ့ဒါက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်လို့ခေါ်တာပေါ့။ အဲ့ဥပဒေကို ခွင့်ပြုလိုက်တာနဲ့ အိမ်ရှင်ကနေအိမ်ငှားဖြစ် သွားတာ၊ သခင်ကနေကျွန်ဖြစ်သွားတဲ့ဥပဒေပေါ့။ အဲ့တော့မြေပိုင်ဆိုင်ခွင့်အရေးကြီးတယ်။ တခြားနိုင်ငံကလာတဲ့သူ တွေ၊ ဒေသခံမဟုတ်တဲ့သူတွေကို မြေပိုင်ဆိုင်ခွင့်မပေးတာက ဘယ်နိုင်ငံဖြစ်ဖြစ်ရှိတယ်။ မြေတော့ဝယ်မယ် နှစ်(၃၀)ဖြစ်ဖြစ်၊ limit နဲ့ပေါ့ အကန့်အသတ်နဲ့ဆောင်ရွက်ကြတာက ကိုယ့်ရဲ့အချုပ်အခြာအာဏာနဲ့ယဉ်ကျေးမှုတွေ မပပျောက်အောင် ဒီလိုပဲ အခြားနိုင်ငံတွေမှာ ကျင့်သုံးနေတာရှိတော့ ဒီအပေါ်မှာတော့ အများကြီးပြောစရာမရှိပါဘူး။

မေး။ မေးခွန်းကတော့ပီးပီဆရာ၊ ဆရာဖြည့်စွက်ပြောချင်တာများရှိသေးရင် ပြောပေးပါဆရာ။

ဖြေ။ အဓိကက ဒီနိုင်ငံမှာရှိတဲ့ ပြည်သူလူထု၊ တိုင်းရင်းသားပြည်သူလူထုရဲ့နိုင်ငံရေးဖြစ်စဉ်ပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေး ဖြစ်စဉ်တွေအားလုံးက မြေနဲ့တိုက်ရိုက်ပတ်သက်တယ်၊ တဖက်မှာ ငြိမ်းချမ်းရေးစကားပြောနေတယ်၊ တဖက်မှာကျတော့ မြေတွေဆက်သိမ်းနိုင်ဖို့ကြိုးစားနေတယ်၊ ၂၀၁၈ မှာဆိုမြေသိမ်းဥပဒေတွေထွက်ပြီ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုပီး နာမည်ပြောင်းပြီးထုတ်တယ်။ အရင်စစ်အာဏာရှင်အမွေဆိုးကို ပြန်ပီးအသက်သွင်းနေတာက ပိုပြီးတော့ ငြိမ်းချမ်းရေးနဲ့အလှမ်းဝေးတဲ့ကိစ္စလို့ ဖြည့်စွက်ပြောချင်ပါတယ်။