• Today is: Saturday, October 31, 2020

တိုင္းရင္းသားမ်ား၏ ဓေလ့ထုံးတမ္းေျမယာပိုင္ဆိုင္ခြင့္ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်ခွင့်

Federal Journal
March17/ 2020

Zawgyi

(ေစာျမေအာင္ ေတြ႔ဆုံေမးျမန္းသည္)

(တိုင္းရင္းသားမ်ား၏ ဓေလ့ထုံးတမ္းေျမယာပိုင္ဆိုင္ခြင့္ႏွင့္ပတ္သက္၍ ဦးငိုင္ဆာခ္(တရားလႊတ္ေတာ္ေရွ႕ေန) ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္ပါတီ ပူးတြဲဥကၠ႒၊ သမာဓိေဖာင္းေဒရွင္း အေထြေထြအတြင္းေရးမွဴးႏွင့္ ေတြ႔ဆုံေမးျမန္းျခင္းကိုေဖာ္ျပေပးအပ္ပါသည္။ မွတ္ခ်က္-သမာဓိေဖာင္ေဒးရွင္းသည္ ျမန္မာႏိုင္ငံတြင္ ၂၀၀၈ ကစၿပီး အခမဲ့အမႈလိုက္ေပးသည့္ ပထမဆံုး ေဖာင္ေဒးရွင္းျဖစ္သည္။)

ေမး၊ ကၽြန္ေတာ္တို႔ျမန္မာႏုိင္ငံမွာ ေျမအမ်ိဳးအစားသတ္မွတ္တာေလး ေျပာျပေပးပါဆရာ။

ေျဖ၊ ေျမအမ်ိဳးအစားက အမ်ားႀကီးရွိတယ္။ သမိုင္းေၾကာင္းနဲ႔ေျပာရမယ္ဆိုရင္ ျမန္မာဘုရင္ေတြေခတ္မွာ တစ္မ်ိဳး၊ အဂၤလိပ္ေခတ္မွာတစ္မ်ိဳး၊ လက္ရွိဥပေဒအရ တစ္မ်ိဳးေပါ့။ လက္္ရွိဥပေဒအရေျပာရမယ္ဆိုရင္ ဘိုးဘပိုင္ေျမနဲ႔ အစိုးရ ပိုင္ေျမဆိုၿပီး ႏွစ္မ်ိဳးရွိတယ္။ အစိုးရပိုင္ေျမကို အရာေတာ္ေျမလို႔လည္းေခၚတယ္။ ဘိုးဘပိုင္ေျမဆိုရင္ အရင္ 1889 အဂၤလိပ္ေခတ္က အထက္ျမန္မာျပည္ ေျမနဲ႔အခြန္စည္းမ်ဥ္းမ်ားဥပေဒဆိုၿပီး ျပဌာန္းထားတဲ့ဥပေဒေပါ့၊ ၁၈၇၆ ခုႏွစ္ ေအာက္ျမန္မာျပည္ေျမႏွင့္ အခြန္ေတာ္ဥပေဒအရလက္ဝယ္ထားရိွပိုင္ခြင့္ေျမလို႔လည္းေခၚတယ္။ အထက္ျမန္မာျပည္ေျမ နဲ႔အခြန္ဥပေဒမွာက်ေတာ့ ၿမိဳ႕ႏွင့္ေက်းရြာ ေျမအမ်ိဳးအစားအမ်ားႀကီး (၁၄) မ်ိဳးေလာက္ရွိတယ္။ လက္ရွိမွာက်ေတာ့ ဘိုးဘပိုင္ေျမနဲ႔အစိုးရပိုင္ေျမေပါ့။ 2012 လယ္ယာေျမဥပေဒအရဆိုရင္ လယ္ယာေျမထဲမွာ အကုန္လံုးအက်ံဳးဝင္ၿပီးသား။ ေျမလြတ္၊ေျမလပ္၊ ေျမရိုင္းဥပေဒအရ ေျမလြတ္ ေျမလပ္ ေျမရိုင္း ဆိုတာရွိတယ္၊ ေနာက္သိဖို႔လိုျပန္တာက ဒါက ၿမိဳ႕န႔ဲေက်းရြာေတြမွာ အက်ံဳးမဝင္တဲ့ေျမေတြကိုေခၚတာ။ ၿမိဳ႕နဲ႔ေက်းရြာေတြမွာဆိုရင္ ၿမိဳ႕ေျမ၊ေက်းရြာေျမဆိုတာရွိတယ္။ ၿမိဳ႕ေျမ မွာ အက်ံဳးဝင္တဲ့ေျမမွာဆိုရင္ ဘိုးဘပိုင္ေျမ၊ ဂရန္ေျမ၊ ပါမစ္ေျမ၊ စကြာတာေျမ၊ ဝတၱကံေျမ၊ က်ဴးေက်ာ္ေျမ၊ စနစ္တက် က်ဴးေက်ာ္ေျမဆိုၿပီးရွိတယ္။

ေမး၊ ဟုက္ကဲ့ဆရာ ေနာက္တစ္ခ်က္က တိုင္းရင္းသားေတြရဲ႕ေျမပိုင္ဆိုင္မႈမွာ တိုင္းရင္းသားေတြလည္းအခ်င္းခ်င္း ဓေလ့ထံုးတမ္း မတူတာေတြရွိတယ္၊ အဲ့ဒါေတြကို တသမတ္တည္းဥပေဒအရသတ္မွတ္လုိ႔မရဘူးလုိ႔ေျပာတာေတြရွိတယ္ဆရာ၊ ဆရာက ဥပေဒပညာရွင္လည္းျဖစ္ေတာ့ ဒီအေပၚမွာ ဆရာ႔သုံးသပ္ခ်က္ေလးသိပါရေစ။

ေျဖ၊ တကယ္ေတာ့ဘိုးဘပိုင္ေျမဆိုတာက လက္ဝယ္ထားရွိပိုင္ခြင့္၊ လုပ္ကိုင္စိုက္ပ်ဳိးခြင့္၊ လႊဲေျပာင္းပိုင္ခြင့္၊ အေမြဆက္ခံ ပိုင္ခြင့္ရွိတယ္။ ေနာက္ေျမအသံုးခ်ပိုင္ခြင့္ဆိုတာက အစိုးရက လုပ္ပိုင္ခြင့္ေပးထားတာေပါ့။ လယ္ယာေျမလုပ္ပိုင္ခြင့္နဲ႔ အသံုးျပဳပိုင္ခြင့္ကကြာေသးတယ္ မတူဘူး၊ ေျမယာလုပ္ပိုင္ခြင့္က ေျမအသံုးခ်ပိုင္ခြင့္ထဲမွာ အက်ံဳးဝင္တယ္၊ ဒါေပမယ့္ လုပ္ပိုုင္ခြင့္ဆိုတာ ေျမတစ္ခုထဲမွာ ဥယ်ာဥ္ၿခံေတြ၊ စိုက္ပ်ဳိးသီးႏွံေတြ စိုက္ပ်ဳိးလုပ္ပိုင္ခြင့္ကိုေခၚတယ္။ေျမတစ္ခုထဲမွာ သဃံဇာတ၊ သတၱဳေတြထြက္ၿပီဆိုရင္ ေျမလုပ္ပိုင္ခြင့္လို႔မေခၚေတာ့ဘူး၊ ေျမအသံုးခ်ပိုင္ခြင့္လို႔ေခၚတယ္၊

ေမးခြန္းကိုျပန္ေျပာရမယ္ဆိုရင္ ခ်င္းျပည္နယ္ကို ဥပမာေပးမယ္၊ ခ်င္းျပည္နယ္မွာ တိုင္းရင္းသားရိုးရာဓေလ့ ထံုး တမ္းအရ ေျမာက္ပိုင္းမွာက်င့္သံုးတဲ့ပိုင္ေျမနဲ႔ ေတာင္ပိုင္းမွာက်င့္သံုးတဲ့ပိုင္ေျမမတူဘူး၊ မတူတဲ့အတြက္ေၾကာင့္ ခ်င္း ျပည္နယ္ဥပေဒသတ္မွတ္ျပ႒ာန္းတဲ့အခါမွာ တသမတ္တည္းျပ႒န္းသတ္မွတ္လို႔မရဘူး။ ဘယ္လိုလုပ္သင့္လဲ ဆိုရင္ သက္ဆိုင္ရာေဒသမွာက်င့္သံုးေနတဲ့ တိုင္းရင္းသားဓေလ့ထံုးတမ္းအရပိုင္ေျမကို အသိအမွတ္ျပဳေပးရမယ္။ သတ္မွတ္ေပးရမယ္၊ ကာကြယ္ေပးရမယ္။ အလားတူပဲ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္ေတြမွာ လည္းမတူႏုိင္ဘူး၊ မတူတဲ့အတြက္ေၾကာင့္ အစိုးရကဘာလုပ္သင့္လဲဆို သက္ဆိုင္ရာတိုင္းရင္းသားျပည္နယ္အသီးသီးမွာရွိတဲ့ တိုင္းရင္းသား ဓေလ့ထံုးတမ္းအရက်င့္သုံးတဲ့ ေျမယာစီမံခန္႔ခြဲမႈစနစ္ကို အတည္ျပဳေပးလက္ခံေပးရမွာေပါ့။ ဥပေဒကိုအားလံုးတသမတ္ ျပ႒ာန္းလို႔မရဘူး။ ျပ႒ာန္းလိုက္ရင္ တစ္ေနရာမွာအသံုးတည့္ေပမယ့္ ေနာက္တစ္ေနရာမွာ အသံုးမတည့္ႏုိင္ဘူး။

ေမး၊ တိုင္းရင္းသားေတြရဲ႕ဓေလ့ထံုးတမ္းေျမပိုင္ဆိုင္မႈကိုေပါ့၊ အစိုးရဖက္ကေန အသိအမွတ္ျပဳသတ္မွတ္ေပးတာ ဟိုးအရင္ကေန အခုထိ ရွိခဲ့ဖူးသလား ဆရာ၊ ရွိခဲ့တယ္ဆိုရင္ အဲဒီဥပေဒေတြက အခုထိအသက္ဝင္ပါသလား။

ေျဖ၊ အရင္အဂၤလိပ္ေခတ္က လုပ္ေပးထားတယ္၊ တိုင္းရင္းသားဓေလ့ထံုးတမ္းေျမလို႔ မသံုးတာတစ္ခုပဲ။ ေတာင္ယာလုပ္ကြက္ ေတြဟာ တိုင္းရင္းသားေတြရဲ႕ဓေလ့ထုံးတမ္းအရ ေျမပိုင္ဆိုင္မႈတစ္ခုပဲ။ ခ်င္းျပည္နယ္ဆို ေတာင္ယာလုပ္ကိုင္တဲ့ေျမဆိုရင္ အခုေျပာေနတဲ့ ဘိုးဘပိုင္ေျမဆိုထာထက္ေတာင္ ခိုင္မာေနတာေပ့ါ၊ ေတာင္ယာ လုပ္ပိုင္ခြင့္ကို ေအာက္ျမန္မာျပည္ေျမနဲ႔အခြန္ လက္စြဲနည္းဥပေဒ (၅၃) ကေန (၆၅) အထိ၊ အထက္ဗမာျပည္ ေျမနဲ႔အခြန္လက္စြဲနည္းဥပေဒ (၇၀)ကေန(၇၄)အထိ ျပ႒ာန္း ထားတယ္။ ေတာင္ယာလုပ္ကြက္ေတြကို သူ႕သက္ဆိုင္ရာေဒသအလိုက္ အသိအမွတ္ျပဳ ခြင့္ျပဳထားပါတယ္။ တုိင္းရင္းသား ဓလ့ထံုးတမ္းေျမပိုင္ဆိုင္မႈလို႔ေတာ့မသံုးဘူး။ သို႔ေသာ္သူ႕ဟာနဲ႔သူ စည္းစနစ္ခ်ၿပီး ေတာ့ လုပ္ပိုင္ခြင့္ေပးထားတာ ရွိပါတယ္။

အဲဒီဥပေဒက အခုထိအက်ံဳးဝင္ပါတယ္၊ ဒါေပမယ့္ ၂၀၁၂-မွာျပ႒ာန္းတဲ့လယ္ယာေျမဥပေဒနဲ႔ အခု ၂၀၁၈မွာျပင္ဆင္ျပ႒ာန္းတဲ့ ေျမလြတ္၊ေျမလပ္၊ ေျမရိုင္းမ်ားစီမံခန္႔ခြဲေရးဥပေဒမွာ လယ္ယာေျမကို အဓိပၸာယ္ဖြင့္ဆိုခ်က္နဲ႔လုပ္ပိုင္ခြင့္သတ္မွတ္ခ်က္အရ မရည္ရြယ္ေသာ္လည္းပဲ က်န္ဥပေဒေတြကိုလႊမ္းမိုးထားတဲ့အခါက်ေတာ့ အရင္ ဥပေဒက ေပ်ာက္ေနသလိုျဖစ္ေနတာေပါ့။

ေမး၊ အခု ေျမလြတ္၊ေျမလပ္၊ ေျမရိုင္းဥပေဒထြက္လာတဲ့အခါက်ေတာ့ တုိင္းရင္းသားအေရး တက္ၾကြလႈပ္ရွားသူ ေတြက တိုင္းရင္းသားနယ္ေတြမွာ ေျမလြတ္၊ ေျမလပ္၊ ေျမရိုင္းဆိုတာမရွိဘူးလုိ႔ ေျပာေနတယ္။ အခုျပ႒ာန္းထားတဲ့ဥပေဒက တိုင္းရင္းသားေတြရဲ႕ ဓေလ့ထုံးတမ္းေျမယာပိုင္ဆိုင္မႈကို အကာအကြယ္မေပးလို႔ အဲဒီလိုျဖစ္ေနတာလား ဆရာ။

ေျဖ၊ အဲလုိေတာ့ပံုေသေျပာလုိ႔မရဘူး၊ ဥပမာ ခ်င္းဆိုပါစို႔။ ေျမာက္ပိုင္းမွာဆိုရင္ ေစာ္ဘြားေတြက တစ္ေတာင္လံုးပိုင္တာမ်ဳိးရိွတယ္၊ အဲ့လိုဆိုေတာ့ တစ္ခ်ဳိ႕တိုင္းရင္းသားနယ္ေတြမွာ ေျမလြတ္၊ ေျမလပ္၊ ေျမရိုင္းဆိုတာ လံုးဝမရွိဘူးဆိုတာမွန္တယ္။ ကၽြန္ေတာ္တို႔ ေတာင္ပိုင္း မတူပီနယ္တို႔မွာဆိုရင္ ေစာ္ဘြားက အကုန္လံုးပိုင္တယ္ဆုိတာမ်ိဳးမရွိဘူး၊ တစ္ဦးခ်င္း၊ မိသားစု၊ ေဆြမ်ိဳးအလိုက္အေနနဲ႔ပဲ ပိုင္ဆုိင္တယ္ဆုိတာရွိတယ္။ အဲ့လုိပိုင္ဆုိင္တာနဲ႔လက္လွမ္းေဝးတဲ့ ေတာင္ထိပ္ ေတာင္ေၾကာ ေတြရွိတယ္။ အဲ့ေနရာေတြက စိုက္ပ်ိဳးေရး လုပ္ကိုင္လို႔မရဘူး၊ လူသူမေရာက္ဘူး၊ ဒါေၾကာင့္အဲ့ေနရာေတြကေတာ့ ေျမလြတ္၊ ေျမရိုင္း၊ ေျမလပ္ထဲမွာပါတယ္လို႔ ေျပာလို႔ရတယ္။

ဒါေၾကာင့္ေဒသတစ္ခုနဲ႔တစ္ခုမတူဘူးဆိုတာ ကၽြန္ေတာ္တို႔လက္ခံရပါမယ္။ ခ်င္းေတာင္ေပၚတိုင္းရင္းသားေတြက ေရႊ႕ေျပာင္း ေတာင္ယာစနစ္ကို ဟိုးအဂၤလိပ္ေတြ မေရာက္ခင္ကတည္းက လုပ္ကိုင္လာခဲ့ၾကတာ၊ အဂၤလိပ္ေခတ္ က ဥပေဒႏွစ္ခု မရွိခင္ ကတည္းက လုပ္ကိုင္ခဲ့ၾကတာ။

ဥပေဒမွာ ဘာပါသလဲဆိုရင္ ဥပေဒျပ႒ာန္းတဲ့ခုႏွစ္ ၁၈၈၉-ခုႏွစ္ မတိုင္ခင္(၁၂)ႏွစ္ ဆက္တိုက္လုပ္ကိုင္လာခဲ့တဲ့ေျမကို ဘိုးဘပိုင္ေျမလို႔သတ္မွတ္တယ္။ ဒီေတာ့ ခ်င္းေတာင္မွာက်ေတာ့ ၁၈၈၉ ခုႏွစ္ မတိုင္မီဟိုးအရင္ႏွစ္ေပါင္းမ်ားစြာ ကတည္းက လုပ္ကိုင္လာတာျဖစ္လို႔ အေမြဆက္ခံခြင့္၊ လႊဲေျပာင္းပိုင္ခြင့္ရွိၿပီးသား။ အခုေျပာေနတဲ့ ဘုိးဘပိုင္ေျမဆိုတာထက္ ေတာင္ ဒါက ပိုၿပီးခိုင္လုံတဲ့ေျမယာပိုင္ဆိုင္မႈျဖစ္တယ္။ အခု လယ္ယာေျမဥပေဒနဲ႔ ေျမလြတ္ေျမလပ္ေျမရိုင္း စီမံခန္႕ခြဲမႈဥပေဒေပၚလာတဲ့ အခါက်ေတာ့ အဲ့ဒီ ပုိင္ဆုိင္ခြင့္ေတြက ပ်က္ျပယ္သြားတဲ့ပံုစံမ်ိဳးသက္ေရာက္သြားတယ္ေပါ့။ ဒါကိုေျပာခ်င္တာပါ။

လက္ရွိျပ႒ာန္းဥပေဒက ဘယ္ေလာက္ထိအကာအကြယ္မေပးဘူးလဲဆိုရင္ လက္ယာေျမဥပေဒပုဒ္မ-၃(က) မွာဆိုရင္ လယ္ယာ ေျမထဲမွာ ေတာင္ယာေျမပါတယ္။ တဖက္မွာက်ေတာ့လယ္ယာေျမလုပ္ပိုင္ခြင့္ရရိွသူဟာ လယ္ယာေျမပံုစံ (၇) ေလွ်ာက္ရမယ္ လို႔ပါတယ္။ ဒါဆို ကၽြန္ေတာ္တို႔ ရိုးရာဓေလ့ထုံးတမ္းအရ ေတာက္ေလွ်ာက္လုပ္လာခဲ့၊ ပိုင္ဆိုင္ခဲ့တဲ့ေျမေတြဟာ အခုက်မွ လုပ္ပိုင္ခြင့္ျပန္ေလွ်ာက္ရ မလိုျဖစ္ေနတယ္။ မေလွ်ာက္ရင္မပိုင္ဘူး၊ လုပ္ပိုင္ခြင့္မရဘူး၊ သူတို႔နစ္နာတာေတြကိုလည္း တရားရံုး မွာအေရးဆိုပိုင္ခြင့္ေတာင္မရွိဘူး ျဖစ္ေနတယ္။ လက္ရွိဥပေဒအရ လုပ္ကိုင္သူေတြက သူတို႔ေျမသူတို႔မပိုင္ဘူး၊ ေတာင္သူေတြ ဘက္ကနစ္နာဆုံးရႈံးရတဲ့အျပင္ သူတို႔ရဲ႕နစ္နာဆုံးရႈံးမႈေတြကို တရားရံုးမွာေတာင္အေရးဆိုေလွ်ာက္ထားခြင့္မရွိဘူး။ မရွိတဲ့အျပင္ ဥပေဒအရလုပ္ပိုင္ခြင့္မရွိတဲ့အတြက္ေၾကာင့္ အစိုးရကေန က်ဴးေက်ာ္ေတြအျဖစ္သတ္မွတ္လုိက္မယ္ဆုိရင္ တရားစြဲခံရႏိုင္ၿပီး ေထာင္ေတာင္က်ႏိုင္တယ္။

ေနာက္ ေျမလြတ္၊ ေျမရိုင္း၊ ေျမလပ္ဥပေဒအရလည္း တိုင္းရင္းသားဓေလ့ထံုးတမ္းအရပိုင္ေျမဆိုတာကို အဓိပၸာယ္ဖြင့္ဆိုမထား ဘူး။ ေျမလြတ္၊ေျမလပ္၊ ေျမရုိင္းဥပေဒထဲမွာ သီးစားလုပ္ကိုင္ၿပီး စြန္႔လႊတ္ထားၿပီဆိုရင္ အဲဒီေျမကိုေျမလြတ္ ေျမလပ္လို႔ ေခၚတယ္။ ကၽြန္တာ္တို႔ေတာင္ယာေရႊ႕ေျပာင္းစနစ္မွာ ၁၂-ႏွစ္ေလာက္မလုပ္ဘဲထားတာဟာ စြန္႔လႊတ္တာမဟုတ္ဘူး၊ အပင္ကိုေမြးထားတာ၊ ျပဳစုေစာင့္ေရွာက္ၿပီးပ်ိဳးေထာင္ထားတာေပါ့။ ဒါကိုအခုကဥပေဒျပ႒ာန္းသူေတြက နားမလည္ပဲနဲ႔ မလုပ္ကိုင္ေတာ့ဘူးဆိုၿပီး စြန္႔လႊတ္ေျမလို႔သတ္မွတ္လုိက္ရင္ ေျမလပ္လို႔ အက်ံဳးဝင္သြားႏိုင္တယ္။

၂၀၁၈ ေျမလြတ္ေျမလပ္၊ ေျမရုိင္းဥပေဒျပင္ဆင္တဲ့အထဲပုဒ္မ ၃၀-က(ခ)မွာ ေဒသခံတိုင္းရင္းသားရိုးရာဓေလ့အရ ပိုင္ဆိုင္ေျမ၊ စိုက္ပ်ိဳးေသာေျမလို႔ မသံုးပဲနဲ႔ “သတ္မွတ္ေျမ” လို႔ သံုးထားတယ္။ သတ္မွတ္ေျမဆိုတဲ့စကားလံုးဟာ အျငင္းပြားစရာ အဓိပၸာယ္ျဖစ္ၿပီ။ သတ္မွတ္ေျမဆိုတာ ဘယ္သူကသတ္မွတ္မွာလဲ။ သက္ဆုိင္ရာတုိင္းရင္းသားေတြက သူဟာနဲ႔သူ အဂၤလိပ္ မေရာက္မီကတည္းက ပိုင္ၿပီးသား၊ သူပိုင္တဲ့ေျမက သူပိုင္တဲ့အတုိင္းပဲ အသိအမွတ္ျပဳရမွာ။ အစိုးရကပဲ သတ္မွတ္ေပးရ မလုိျဖစ္ေနတယ္။ အစိုးရက မသတ္မွတ္ဘူးဆုိရင္ သူေျမကဓေလ့ထုံးတမ္းပိုင္ေျမထဲအက်ံဳးမဝင္တဲ့ေျမထဲေရာက္သြားၿပီ။

ဒါေၾကာင့္ဒီဥပေဒဟာဟန္ျပေလာက္ပဲလုပ္ထားတာ၊ တိုင္းရင္းသားေတာင္သူလယ္သမားေတြအတြက္ အက်ိဳးရွိမလိုလိုနဲ႔ လုံးဝအက်ိဳးမျပဳပါ ဘူး။

ေမး၊ ေျမသိမ္းမႈျပႆနာေတြလည္း ေနရာစုံမွာ ခဏခဏျဖစ္ေပၚေနတာေတြ႔ရတယ္၊ အဲဒီအေပၚမွာ လက္ရွိျပ႒ာန္းဥပေဒေတြနဲ႔ စီမံခန္႔ခြဲတဲ့ ႒ာနေတြရဲ႕ ေဆာင္ရြက္ခ်က္အေပၚသုံးသပ္ေပးပါအုံး ဆရာ။

ေျဖ၊ ေျမသိမ္းတယ္ဆိုတာ အဂၤလိပ္အစိုးရက ၁၈၉၄-ခုႏွစ္မွာ ေျမသိမ္းဥပေဒျပ႒ာန္းေပးထားတယ္။ ၿပီးခဲ့တဲ့တစ္ပတ္ကမွ ေျမသိမ္း ဥပေဒအသစ္ျပ႒ာန္းတာေတြ႔ရတယ္၊ ဒါေတာင္မွထုတ္ျပန္ေၾကညာတဲ့ေန႔မွစတင္အာဏာသက္ေရာက္မည္ဆိုေတာ့ အခုထိ ေတာ့ ျပန္တမ္းနဲ႔ထုတ္ျပန္ထားတာေတာ့မေတြ႔ရေသးဘူး။ ဒီေတာ့ ၁၈၉၄-ေျမသိမ္းဥပေဒကအတည္ျဖစ္ေနဆဲပဲလို႔ေျပာလို႔ ရတယ္။

၁၈၉၄ ေျမသိမ္းဥပေဒအရဆိုရင္အခ်က္ (၃)ခ်က္ရွိတယ္။ (၁) အမ်ားျပည္သူအတြက္အက်ိဳးရွိလို႔ေျမသိမ္းတာျဖစ္ရမယ္။ ႏိုင္ငံ ေတာ္သမၼတက အဲလိုယုံၾကည္ရမယ္။ (၂) အစိုးရက ႏိုင္ငံေတာ္ျပန္တမ္းမွာ ေျမသိမ္းမယ့္အေၾကာင္းထည့္ေပးရမယ္၊ (၃) ျပန္တမ္းမွာေၾကညာၿပီးရင္ သက္ဆိုင္ရာခရိုင္အုပ္ခ်ဳပ္ေရးမွဴးေတြက သက္ဆိုင္ရာ ေတာင္သူလယ္သမားေတြကို အသိေပး အေၾကာင္းၾကားေပးရမယ္။ ၿပီးရင္ စာကိုလည္းေျမမွာလည္းစြဲကပ္ရမယ္။ ပီးေတာ့အသိမ္းခံရတဲ့လယ္သမားကို သူဘာေတြနစ္နာမလဲ ဆိုတာေလ်ာ္ေၾကးေတာင္းခြင့္ရွိတယ္ဆိုတာကိုလည္း စာထဲမွာ တစ္ခါတည္းအသိေပးရပါမယ္။

ယခုလက္ရွိ ေျမသိမ္းျပႆနာက ေျမသိမ္းတဲ့သူေတြက သက္ဆိုင္ရာတိုင္းရင္းသား ဓေလ့ထုံးတမ္းအရပိုင္ေျမကုိ အသိအမွတ္ မျပဳဘူး။ အသိအမွတ္မျပဳတဲ့အတြက္ေၾကာင့္ ပိုင္ရွင္လို႔မသတ္မွတ္ဘူး။ ဂရမ္ရွိသလား ေမးတယ္၊ မရွိဘူးလုိ႔ေျပာတယ္။ မရွိဘူး လုိ႔ေျပာရင္ ပုိင္ရွင္ဟုအသိအမွတ္ မျပဳပဲ သူတို႔ကအစုိးေျမဆိုျပီးေတာ့ သက္ဆိုင္ရာပိုင္ရွင္ေတြကုိအေၾကာင္းၾကားတာမရွိဘူး။ သူတို႔စိတ္ႀကိဳက္ သိမ္းၾကတာျဖစ္တယ္။ အဲ့ဒီမွာကိုက အေျခခံကေန စျပီးလြဲမွားေနပါတယ္။ တိုင္းရင္းသားဓေလ့ထုံးတမ္းအရ ပိုင္ေျမက ဂရမ္မရွိပါဘူး။ ရွိစရာကုိ မလုိပါဘူး။ အေထာက္အထားကုိယ့္ဆီမွာကုိယ္ ခိုင္လုံေနျပီ၊ အေထာက္အထားလည္း ေတာင္းစရာမလုိဘူး ပုိေတာင္ခုိင္မာေနျပီ။

၁၈၇၆ ခုႏွစ္ ႏွင့္ ၁၈၈၉ ခုႏွစ္ျပ႒ာန္းဥပေဒအရ ဘုိးဘပိုင္ေျမပဲ။ အထူးသျဖင့္ လူမ်ိဳးျခားက ဗဟုိမွာျပည္ေထာင္စုမွာ တာ၀န္ရွိေနတဲ့ သူက အဲ့ဒီတိုင္းရင္းသားဓေလ့ထုံးတမ္းေျမကုိနားမလည္လုိ႔ သိမ္းဆည္းဘို႔ညြန္ၾကားရင္ေတာင္မွ ကုိယ့္ျပည္နယ္မွာတာ၀န္ရွိတဲ့သူ၊ သက္ဆိုင္ရာမိမ္လူမ်ိဳးတာဝန္ရိွသူကဘာလုပ္ရမလဲဆိုရင္ “ဒါကေတာ့ က်ေတာ္တို႔ၾကည့္လုိက္ရင္သာ ေျမလြတ္၊ေျမလပ္လုိ႔ထင္ေနတာ။ ဓေလ့ထုံးတမ္းအရပိုင္ရွင္ရွိေနတဲ့ေျမျဖစ္တယ္၊ ဒါ့ေၾကာင့္ဒါကုိ ဘယ္လိုလုပ္သင့္တယ္၊ ဘယ္လိုလုပ္ရမယ္” ဆိုတာမ်ိဳးကို တာဝန္ရိွတဲ့ ျပည္နယ္အစိုးရကုိယ္တိုင္က အထက္ကို တင္ျပရမယ္။ ဒါေပမဲ့ အခုထိေတာ့ တင္ျပတာ၊ ေဆာင္ရြက္တာမ်ဳိး မရွိသးပါဘူး။

ေမး။ တိုင္းရင္းသားေတြရဲ႕ ဓေလ့ထုံးတမ္းေျမပိုင္ဆိုင္မႈကို အေလးမထားပဲ ျပ႒ာန္းဥပေဒေတြနဲ႔အညီ ေျမကိုစီမံခန္႔ခြဲမယ္ဆိုရင္ ဘယ္လိုအားသာခ်က္ေတြအားနည္းခ်က္ေတြရွိႏိုင္သလဲ ဆရာ။

ေျဖ၊ ၂၀၁၂-ခုႏွစ္ ေျမယာဥပေဒ၊ ၂၀၁၂-ခုနွစ္ ႏွင့္ ၂၀၁၈-ေျမလြတ္၊ ေျမလပ္၊ ေျမရိုင္း ဥပေဒေတြျပ႒ာန္း လိုက္တဲ့အခါ တိုင္းရင္သား ေတြအတြက္ ဘုိးဘပိုင္ေျမထက္ပိုခိုင္လုံတဲ့၊ နဂုိကတည္းကဥပေဒကဲ့သို႔တည္ျမဲေနတဲ့ ဓေလ့ထုံးတမ္း အရတည္ၿမဲေနတဲ့ပိုင္ဆိုင္ မႈေတြကုိ အကုန္လုံးဆုံးရွူံးသြားႏိုင္တယ္။ ေတာင္သူလယ္သမားေတြ ေခတ္အဆက္ဆက္နစ္နာသြားႏိုင္တယ္။ တိုင္းရင္းသား ဓေလ့ထုံးတမ္းပုိင္ေျမဆိုတာက ျပည္မကဘိုးဘပိုင္ေျမနဲ႔မတူေသးဘူး။ ဘိုးဘပိုင္ေျမဆိုတာက တစ္ဦးခ်င္း မိသားစုအလိုက္သာ ပိုင္ၿပီး အေမြဆက္ခံခြင့္ေတြေလာက္ပဲရွိတာ၊ တိုင္းရင္းသားဓေလ့ထုံးတမ္းပုိင္ေျမဆိုတာက်ေတာ့ မ်ိဳးႏြယ္စုအလိုက္၊ ေဆြမ်ိဳးစု အလိုက္၊ မိသားစုအလိုက္ပိုင္တာ၊ အဲဒီပိုင္ဆိုင္မႈက တစ္ဦးခ်င္းပိုင္တာမ်ိဳးမဟုတ္ဘူး၊ မ်ိဳးႏြယ္စုအလိုက္ပိုင္ တာျဖစ္တယ္၊ ဒီဟာကိုနားလည္ဖို႔လိုတယ္ေပါ့ေနာ္။

အခုျပ႒ာန္းဥပေဒေတြကို ဒီအတိုင္းက်င့္သုံးမယ္ဆိုရင္ တိုင္းရင္းသားေတြရဲ႕ဓေလ့ထုံးတမ္းပိုင္ဆိုင္မႈေတြဆုံးရႈံးနစ္နာသြားႏိုင္ တယ္။ လက္လႊတ္ဆုံးရႈံးသြားမယ္။ အလားတူ ေတာင္သူလယ္သမားေတြအေနနဲ႔ မိမိအခြင့္အေရးကိုေတာင္းဆိုပိုင္ခြင့္ မရွိေတာ့ တဲ့အျပင္ ေျပာင္းျပန္အေနနဲ႔ ျပစ္ဒဏ္ခံရႏိုင္တယ္၊ ဒီေတာ့လူထုေတြအေနနဲ႔ အကာအကြယ္မဲ့ျဖစ္သြားၿပီးေတာ့ မေက်နပ္ခ်က္ ေတြေပၚေပါက္ႏိုင္တယ္။
ေနာက္တစ္ခ်က္က ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ အဟန္႔အတားျဖစ္ေစႏိုင္တယ္။ ေျမယာပိုင္ဆိုင္မႈနဲ႔ လုပ္ပိုင္ခြင့္ကို ဖက္ဒရယ္စနစ္က်င့္သုံးတဲ့အခါ သက္ဆိုင္ရာျပည္နယ္က ေဆာင္ရြက္ရမယ့္လုပ္ငန္းစဥ္ေတြျဖစ္တယ္။ ဒါေၾကာင့္ တာဝန္ရွိသူေတြအေနနဲ႔ ဖက္ဒရယ္စနစ္ကိုမက်င့္သုံးခင္ကတည္းက ႀကိဳတင္ဖ်က္ဆီးေနသလိုျဖစ္ေနတယ္။ ဒါေၾကာင့္ျပည္နယ္ တာဝန္ရွိသူေတြအေနနဲ႔ ပါးနပ္ဖို႔လို သလို သက္ဆိုင္ရာဓေလ့ထုံးတမ္းဥပေဒကိုေက်ေက်ညက္ညက္နားလည္ဖို႔ လိုပါတယ္။

ေမး။ မီဇိုရမ္ျပည္နယ္၊ အႏိၵယမွာဆိုရင္ ေဒသခံ တိုင္းရင္းသားေတြပဲ ေျမပိုင္ဆိုင္ခြင့္ရိွတဲ့ဥပေဒမ်ဳိးရိွတယ္လို႔ ေျပာၾကတယ္။ ျပည္မ ဖက္ကလူမ်ဳိးႀကီးေတြ ေျမပိုင္ခြင့္ မရိွ/ အိမ္ဝယ္ခြင့္မရိွ … စတာေပါ့။ ကၽြန္ေတာ္တို႔ႏိုင္ငံမွာလည္း အခုဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုသြားေနတာဆိုေတာ့ ျပည္နယ္ေတြရဲ႕ ေျမယာစီမံခန္႔ခြဲခြင့္ကို ျပည္နယ္ေတြကပဲ ဦးေဆာင္ေရးဆြဲမယ္ဆိုရင္ အခုထက္ပိုအဆင္ေျပႏိုင္မလား။

ေျဖ။ ပိုေကာင္းပါတယ္၊ အဲဒီလိုျပည္နယ္ကပဲ စီမံခန္႔ခြဲႏိုင္မယ္ဆိုရင္ ပိုေကာင္းတာေပါ့။ အခုနက မီဇိုရမ္ျပည္နယ္မွာ ေျမယာစီမံခန္႔ ခြဲ ေရးကို ျပည္နယ္ကပဲကိုင္ေတာ့ ပိုအဆင္ေျပတာေပါ့။ သူတို႔နဲ႔ထပ္တူ က်င့္သုံးမယ္လို႔ေတာ့မဆိုလိုပါဘူး၊ ကၽြန္ေတာ္တို႔ႏိုင္ငံ၊ ကၽြန္ေတာ္တို႔ေဒသနဲ႔ကိုက္ညီတဲ့ စနစ္ကိုက်င့္သုံးရမွာေပါ့။ ဒါေပမယ့္ ဘယ္လိုစနစ္ကိုပဲသုံးသုံး ဗဟိုကခ်ဳပ္ကိုင္တာေတြမလုပ္ပဲ သက္ဆိုင္ရာျပည္နယ္ကပဲ ကိုင္တြယ္ရမယ္။ ဒီ့ျပင္ ကၽြန္ေတာ္တို႔ခ်င္းျပည္နယ္မွာဆိုရင္ ဓေလ့ထုံးတမ္းအရေျမပိုင္ဆိုင္မႈက မ်ိဳး ႏြယ္စုတစ္ခုနဲ႔တစ္ခုမတူေတာ့ ဥပေဒတစ္ရပ္ကိုတစ္ေျပးညီျပ႒ာန္းျခင္းထက္ သက္ဆိုင္ရာမ်ိဳးႏြယ္စုအလိုက္ဓေလ့ထုံးတမ္းေျမ ပိုင္ဆိုင္မႈကို အသိအမွတ္ျပဳရမယ္၊ အကာအကြယ္ေပးရမယ္။ တစ္ခုရွိတာက ခ်င္းျပည္နယ္အတြင္းအေျခခ်တဲ့ ခ်င္းလူမ်ိဳး မဟုတ္တဲ့သူေတြအတြက္ စီမံခ်က္ေတြေကာင္းေကာင္းခ်မွတ္ၿပီးေတာ့ လုပ္ရမွာေပါ့။

အဲဒါေၾကာင့္ ဖက္ဒရယ္ျပည္ေထာင္စုစနစ္ကိုသြားတဲ့အခါမွာ ေျမစီမံခန္႔ခြဲမႈကို သက္ဆိုင္ရာျပည္နယ္လႊတ္ေတာ္ကဥပေဒေတြျပ ႒ာန္းၿပီး သက္ဆိုင္ရာျပည္နယ္အစိုးရကအေကာင္အထည္ေဖာ္တာပဲ ျဖစ္သင့္ပါတယ္။ အဲဒါမွ ေဒသခံတိုင္းရင္းသားေတြအားလုံး စိတ္ခ်မ္းသာ ၿပီးေတာ့ ျပည္ေထာင္စုလည္းၿငိမ္းခ်မ္းပါမယ္။

ေမး။ ျဖည့္စြက္ၿပီးေျပာခ်င္တာေတြရွိရင္ ေျပာေပးပါအုံးဆရာ။

ေျဖ။ ကၽြန္ေတာ္တို႔ႏိုင္ငံက ဖက္ဒရယ္ျပည္ေထာင္စုကို ဘယ္အခ်ိန္တည္ေဆာက္ႏိုင္မလဲဆိုတာ မေျပာႏိုင္ေသးဘူးေပါ့။ ဒါေပမယ့္ သက္ဆိုင္ရာျပည္နယ္အစိုးရေတြ၊ လႊတ္ေတာ္ေတြအေနနဲ႔ ႀကိဳတင္ေဆာင္ရြက္ရမယ့္ အလုပ္ေတြအမ်ားႀကီးရွိပါတယ္။ ဥပမာ- အထက္ျမန္မာျပည္ေျမႏွင့္အခြန္ဥပေဒဆိုတာ ၁၈၈၉-ခုႏွစ္မွာျပ႒ာန္းတယ္၊ ဒါေပမယ့္ ခ်င္းျပည္နယ္မွာ ခ်က္ခ်င္းအာဏာမသက္ ေရာက္ေသးဘူး၊ ေနာက္ပိုင္းမွာမွ အမိန္႔ေၾကာ္ညာစာထုတ္ျပန္ၿပီး အာဏာသက္ေရာက္တာေတြ႕ရတယ္။ အဲဒီအမိန္႔ေၾကာ္ျငာ စာအရ သက္ဆိုင္ရာျပည္နယ္ေတြက ျပည္နယ္တြင္းမွာ အမိန္႔ေတြ၊ ညႊန္ၾကားခ်က္ေတြထုတ္ဆင့္ပိုင္ခြင့္ရေနတယ္။

အဲတာေၾကာင့္ ရွမ္းျပည္နယ္မွာဆိုရင္ “ျပည္နယ္အတြင္းေျမပိုင္ဆိုင္မႈနဲ႔ပက္သက္လို႔ ေဒသခံေျမပိုင္ဆိုင္သမ်ားနဲ႔ အစိုးရၾကား အျငင္းပြားမႈေတြျဖစ္လာရင္ ေဒသခံေျမပိုင္ရွင္မ်ား ၏အဆုံးအျဖတ္သည္သာလ်င္အတည္ျဖစ္သည္” ဆိုၿပီးျပ႒ာန္းထား တာေတြေ တာင္ရွိခဲ့ပါတယ္။ အျခားျပည္နယ္ေတြမွာေတာ့မေတြ႔ရဘူးေပါ့၊ အသုံးမခ်တတ္တာလည္းပါမယ္ထင္ပါတယ္။

အဲလိုပဲ အခုလည္း သက္ဆိုင္ရာျပည္နယ္ေတြက အသုံးမခ်ေသးတဲ့ လုပ္ပိုင္ခြင့္(လုပ္လို႔ရတဲ့ဟာ)ေတြရွိပါတယ္။ ၂၀၀၈-ဖြဲ႔စည္းပုံအေျခခံဥပေဒ ဇယား(၂)၊ အစဥ္-၃(က)မွာ လယ္ယာစိုက္ပ်ိဳးေျမဆိုတာကို ဥပေဒျပ႒ာန္းၿပီးေတာ့ ေဒသခံ ေျမပိုင္ဆိုင္မႈကို အကာအကြယ္ေပးလို႔ရတယ္၊ ေနာက္တစ္ခုက အစဥ္-၈(က)(ခ)အရ စည္ပင္သာယာေရးဥပေဒနဲ႔ ၿမိဳ႕ရြာဖြံ႔ၿဖိဳးေရးနဲ႔ပက္သက္လို႔ ဥပေဒျပ႒ာန္းပိုင္ခြင့္ရွိပါတယ္။ အခုထိကကေတာ့ သက္ဆိုင္ရာျပည္နယ္ေတြက ထည့္သြင္း ျပ႒ာန္းတာ ၏ေတြ မေတြ႔ရေသးဘူး။

ဒီဟာနဲ႔ပက္သက္လို႔ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္က စည္ပင္သာယာဥပေဒမွာ ဘယ္လိုျပ႒ာန္းသလဲဆိုေတာ့ ၂၀၁၂ ခုႏွစ္ လယ္ယာေျမဥပေဒထဲမွာ အက်ဳံးမဝင္တဲ့ေျမေတြကို တိုင္းေဒသႀကီးအစိုးရကစီမံခန္႔ခြဲမယ္ ဆိုၿပီးျပ႒ာန္းထားေတြ႔ရတယ္။ ဒါက သက္ဆိုင္ရာျပည္နယ္/တိုင္း တာဝန္ရွိသူေတြရဲ႕ပါးနပ္မႈေတြလည္းလိုတာေပါ့။

လက္ရွိျပည္နယ္တာဝန္ရွိသူေတြအေနနဲ႔ ဗဟိုကေန တိုင္းရင္းသားဓေလ့ထုံးတမ္းေတြကိုနားမလည္လို႔ ဥပေဒေတြျပ႒ာန္းလိုက္ပီ ထားအုံး၊ ဗဟိုတာဝန္ရွိသူေတြကို ရွင္းလင္းတင္ျပၿပီး ေဒသခံေတြကိုအကာအကြယ္ေပးတာမ်ိဳးလုပ္သင့္တာေပါ့။ ကိုယ့္လူမ်ိဳးကို ကိုယ္ကကာကြယ္ေပးရမွာေပါ့။ အဲလိုမွမဟုတ္ရင္ ေနာင္ကိုယ့္သားသမီးေတြလက္ထက္ထိေအာင္ ဒုကၡေရာက္သြားႏိုင္တယ္ဆို တာ သတိျပဳရမယ္။
ၿပီးေတာ့ တိုင္းရင္းသားဓေလ့ထုံးတမ္းအရပိုင္ေျမေတြက ျပည္မကဘိုးဘပိုင္ေျမဆိုတာထက္ ပိုခိုင္လုံတယ္၊ အဆင့္ျမင့္တယ္၊ အဲ ဒီမွာ ေတာင္ယာေျမအပါအဝင္ေပါ့။ ေျပာရရင္ ဓေလ့ထုံးတမ္းဆိုတာ ဥပေဒကဲ့သို႔အာဏာတည္တာျဖစ္တယ္။ ဒီေတာ့ ဓေလ့ထုံး တမ္းအရပိုင္ေျမဆိုတာလည္း ဥပေဒကဲ့သို႔ ခိုင္ခန္႔တဲ့ပိုင္ဆိုင္မႈျဖစ္တယ္။ ဒီ့အျပင္ ဘိုးဘပိုင္ေျမဆိုတာ ၁၈၇၆-ခုႏွစ္၊ ၁၈၈၉-ခုႏွစ္မွာျပ႒ာန္းတဲ့ ဥပေဒမျပ႒ာန္းခင္ (၁၂)ႏွစ္တစ္ဆက္တည္းလုပ္ကိုင္လာတဲ့ေျမကို သတ္မွတ္တာကိုး။ ေျပာခ်င္တာက ကၽြန္ေတာ္တို႔ ခ်င္းေတာင္က ေတာင္ယာေျမ ပိုင္ဆိုင္မႈဆိုတာ ၁၈၇၆၊ ၁၈၈၉- ဥပေဒေတြမျပ႒ာန္းခင္ ႏွစ္ေပါင္းတစ္ရာ ႏွစ္ရာေက်ာ္ ကတည္းက မ်ိဳးႏြယ္စုအလိုက္၊ ေဆြမ်ိဳးစုအလိုက္ ပိုင္ဆိုင္လာ တဲ့ေျမျဖစ္တဲ့အတြက္ ဘိုးဘပိုင္ေျမဆိုတာထက္ “တိုင္းရင္းသားဓေလ့ထုံးတမ္းအရပိုင္ဆိုင္ေသာ ဘိုးဘပိုင္ေျမ” ဆိုရင္ပိုမွန္ပါ တယ္လို႔ ေျပာခ်င္ပါတယ္။

ေက်းဇူးတင္ပါတယ္။

 

Unicode

(စောမြအောင် တွေ့ဆုံမေးမြန်းသည်)

(တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ ဦးငိုင်ဆာခ်(တရားလွှတ်တော်ရှေ့နေ) ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပူးတွဲဥက္ကဋ္ဌ၊ သမာဓိဖောင်းဒေရှင်း အထွေထွေအတွင်းရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်းကိုဖော်ပြပေးအပ်ပါသည်။ မှတ်ချက်-သမာဓိဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ၂၀၀၈ ကစပြီး အခမဲ့အမှုလိုက်ပေးသည့် ပထမဆုံး ဖောင်ဒေးရှင်းဖြစ်သည်။)

မေး၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာ မြေအမျိုးအစားသတ်မှတ်တာလေး ပြောပြပေးပါဆရာ။

ဖြေ၊ မြေအမျိုးအစားက အများကြီးရှိတယ်။ သမိုင်းကြောင်းနဲ့ပြောရမယ်ဆိုရင် မြန်မာဘုရင်တွေခေတ်မှာ တစ်မျိုး၊ အင်္ဂလိပ်ခေတ်မှာတစ်မျိုး၊ လက်ရှိဥပဒေအရ တစ်မျိုးပေါ့။ လက်ရှိဥပဒေအရပြောရမယ်ဆိုရင် ဘိုးဘပိုင်မြေနဲ့ အစိုးရ ပိုင်မြေဆိုပြီး နှစ်မျိုးရှိတယ်။ အစိုးရပိုင်မြေကို အရာတော်မြေလို့လည်းခေါ်တယ်။ ဘိုးဘပိုင်မြေဆိုရင် အရင် 1889 အင်္ဂလိပ်ခေတ်က အထက်မြန်မာပြည် မြေနဲ့အခွန်စည်းမျဉ်းများဥပဒေဆိုပြီး ပြဌာန်းထားတဲ့ဥပဒေပေါ့၊ ၁၈၇၆ ခုနှစ် အောက်မြန်မာပြည်မြေနှင့် အခွန်တော်ဥပဒေအရလက်ဝယ်ထားရှိပိုင်ခွင့်မြေလို့လည်းခေါ်တယ်။ အထက်မြန်မာပြည်မြေ နဲ့အခွန်ဥပဒေမှာကျတော့ မြို့နှင့်ကျေးရွာ မြေအမျိုးအစားအများကြီး (၁၄) မျိုးလောက်ရှိတယ်။ လက်ရှိမှာကျတော့ ဘိုးဘပိုင်မြေနဲ့အစိုးရပိုင်မြေပေါ့။ 2012 လယ်ယာမြေဥပဒေအရဆိုရင် လယ်ယာမြေထဲမှာ အကုန်လုံးအကျုံးဝင်ပြီးသား။ မြေလွတ်၊မြေလပ်၊ မြေရိုင်းဥပဒေအရ မြေလွတ် မြေလပ် မြေရိုင်း ဆိုတာရှိတယ်၊ နောက်သိဖို့လိုပြန်တာက ဒါက မြို့နဲ့ကျေးရွာတွေမှာ အကျုံးမဝင်တဲ့မြေတွေကိုခေါ်တာ။ မြို့နဲ့ကျေးရွာတွေမှာဆိုရင် မြို့မြေ၊ကျေးရွာမြေဆိုတာရှိတယ်။ မြို့မြေ မှာ အကျုံးဝင်တဲ့မြေမှာဆိုရင် ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ ဝတ္တကံမြေ၊ ကျူးကျော်မြေ၊ စနစ်တကျ ကျူးကျော်မြေဆိုပြီးရှိတယ်။

မေး၊ ဟုက်ကဲ့ဆရာ နောက်တစ်ချက်က တိုင်းရင်းသားတွေရဲ့မြေပိုင်ဆိုင်မှုမှာ တိုင်းရင်းသားတွေလည်းအချင်းချင်း ဓလေ့ထုံးတမ်း မတူတာတွေရှိတယ်၊ အဲ့ဒါတွေကို တသမတ်တည်းဥပဒေအရသတ်မှတ်လို့မရဘူးလို့ပြောတာတွေရှိတယ်ဆရာ၊ ဆရာက ဥပဒေပညာရှင်လည်းဖြစ်တော့ ဒီအပေါ်မှာ ဆရာ့သုံးသပ်ချက်လေးသိပါရစေ။

ဖြေ၊ တကယ်တော့ဘိုးဘပိုင်မြေဆိုတာက လက်ဝယ်ထားရှိပိုင်ခွင့်၊ လုပ်ကိုင်စိုက်ပျိုးခွင့်၊ လွှဲပြောင်းပိုင်ခွင့်၊ အမွေဆက်ခံ ပိုင်ခွင့်ရှိတယ်။ နောက်မြေအသုံးချပိုင်ခွင့်ဆိုတာက အစိုးရက လုပ်ပိုင်ခွင့်ပေးထားတာပေါ့။ လယ်ယာမြေလုပ်ပိုင်ခွင့်နဲ့ အသုံးပြုပိုင်ခွင့်ကကွာသေးတယ် မတူဘူး၊ မြေယာလုပ်ပိုင်ခွင့်က မြေအသုံးချပိုင်ခွင့်ထဲမှာ အကျုံးဝင်တယ်၊ ဒါပေမယ့် လုပ်ပိုင်ခွင့်ဆိုတာ မြေတစ်ခုထဲမှာ ဥယျာဉ်ခြံတွေ၊ စိုက်ပျိုးသီးနှံတွေ စိုက်ပျိုးလုပ်ပိုင်ခွင့်ကိုခေါ်တယ်။မြေတစ်ခုထဲမှာ သဃံဇာတ၊ သတ္တုတွေထွက်ပြီဆိုရင် မြေလုပ်ပိုင်ခွင့်လို့မခေါ်တော့ဘူး၊ မြေအသုံးချပိုင်ခွင့်လို့ခေါ်တယ်၊

မေးခွန်းကိုပြန်ပြောရမယ်ဆိုရင် ချင်းပြည်နယ်ကို ဥပမာပေးမယ်၊ ချင်းပြည်နယ်မှာ တိုင်းရင်းသားရိုးရာဓလေ့ ထုံး တမ်းအရ မြောက်ပိုင်းမှာကျင့်သုံးတဲ့ပိုင်မြေနဲ့ တောင်ပိုင်းမှာကျင့်သုံးတဲ့ပိုင်မြေမတူဘူး၊ မတူတဲ့အတွက်ကြောင့် ချင်း ပြည်နယ်ဥပဒေသတ်မှတ်ပြဋ္ဌာန်းတဲ့အခါမှာ တသမတ်တည်းပြဋ္ဌန်းသတ်မှတ်လို့မရဘူး။ ဘယ်လိုလုပ်သင့်လဲ ဆိုရင် သက်ဆိုင်ရာဒေသမှာကျင့်သုံးနေတဲ့ တိုင်းရင်းသားဓလေ့ထုံးတမ်းအရပိုင်မြေကို အသိအမှတ်ပြုပေးရမယ်။ သတ်မှတ်ပေးရမယ်၊ ကာကွယ်ပေးရမယ်။ အလားတူပဲ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ လည်းမတူနိုင်ဘူး၊ မတူတဲ့အတွက်ကြောင့် အစိုးရကဘာလုပ်သင့်လဲဆို သက်ဆိုင်ရာတိုင်းရင်းသားပြည်နယ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသား ဓလေ့ထုံးတမ်းအရကျင့်သုံးတဲ့ မြေယာစီမံခန့်ခွဲမှုစနစ်ကို အတည်ပြုပေးလက်ခံပေးရမှာပေါ့။ ဥပဒေကိုအားလုံးတသမတ် ပြဋ္ဌာန်းလို့မရဘူး။ ပြဋ္ဌာန်းလိုက်ရင် တစ်နေရာမှာအသုံးတည့်ပေမယ့် နောက်တစ်နေရာမှာ အသုံးမတည့်နိုင်ဘူး။

မေး၊ တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးတမ်းမြေပိုင်ဆိုင်မှုကိုပေါ့၊ အစိုးရဖက်ကနေ အသိအမှတ်ပြုသတ်မှတ်ပေးတာ ဟိုးအရင်ကနေ အခုထိ ရှိခဲ့ဖူးသလား ဆရာ၊ ရှိခဲ့တယ်ဆိုရင် အဲဒီဥပဒေတွေက အခုထိအသက်ဝင်ပါသလား။

ဖြေ၊ အရင်အင်္ဂလိပ်ခေတ်က လုပ်ပေးထားတယ်၊ တိုင်းရင်းသားဓလေ့ထုံးတမ်းမြေလို့ မသုံးတာတစ်ခုပဲ။ တောင်ယာလုပ်ကွက် တွေဟာ တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးတမ်းအရ မြေပိုင်ဆိုင်မှုတစ်ခုပဲ။ ချင်းပြည်နယ်ဆို တောင်ယာလုပ်ကိုင်တဲ့မြေဆိုရင် အခုပြောနေတဲ့ ဘိုးဘပိုင်မြေဆိုထာထက်တောင် ခိုင်မာနေတာပေ့ါ၊ တောင်ယာ လုပ်ပိုင်ခွင့်ကို အောက်မြန်မာပြည်မြေနဲ့အခွန် လက်စွဲနည်းဥပဒေ (၅၃) ကနေ (၆၅) အထိ၊ အထက်ဗမာပြည် မြေနဲ့အခွန်လက်စွဲနည်းဥပဒေ (၇၀)ကနေ(၇၄)အထိ ပြဋ္ဌာန်း ထားတယ်။ တောင်ယာလုပ်ကွက်တွေကို သူ့သက်ဆိုင်ရာဒေသအလိုက် အသိအမှတ်ပြု ခွင့်ပြုထားပါတယ်။ တိုင်းရင်းသား ဓလ့ထုံးတမ်းမြေပိုင်ဆိုင်မှုလို့တော့မသုံးဘူး။ သို့သော်သူ့ဟာနဲ့သူ စည်းစနစ်ချပြီး တော့ လုပ်ပိုင်ခွင့်ပေးထားတာ ရှိပါတယ်။

အဲဒီဥပဒေက အခုထိအကျုံးဝင်ပါတယ်၊ ဒါပေမယ့် ၂၀၁၂-မှာပြဋ္ဌာန်းတဲ့လယ်ယာမြေဥပဒေနဲ့ အခု ၂၀၁၈မှာပြင်ဆင်ပြဋ္ဌာန်းတဲ့ မြေလွတ်၊မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေမှာ လယ်ယာမြေကို အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့လုပ်ပိုင်ခွင့်သတ်မှတ်ချက်အရ မရည်ရွယ်သော်လည်းပဲ ကျန်ဥပဒေတွေကိုလွှမ်းမိုးထားတဲ့အခါကျတော့ အရင် ဥပဒေက ပျောက်နေသလိုဖြစ်နေတာပေါ့။

မေး၊ အခု မြေလွတ်၊မြေလပ်၊ မြေရိုင်းဥပဒေထွက်လာတဲ့အခါကျတော့ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ တွေက တိုင်းရင်းသားနယ်တွေမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုတာမရှိဘူးလို့ ပြောနေတယ်။ အခုပြဋ္ဌာန်းထားတဲ့ဥပဒေက တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှုကို အကာအကွယ်မပေးလို့ အဲဒီလိုဖြစ်နေတာလား ဆရာ။

ဖြေ၊ အဲလိုတော့ပုံသေပြောလို့မရဘူး၊ ဥပမာ ချင်းဆိုပါစို့။ မြောက်ပိုင်းမှာဆိုရင် စော်ဘွားတွေက တစ်တောင်လုံးပိုင်တာမျိုးရှိတယ်၊ အဲ့လိုဆိုတော့ တစ်ချို့တိုင်းရင်းသားနယ်တွေမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုတာ လုံးဝမရှိဘူးဆိုတာမှန်တယ်။ ကျွန်တော်တို့ တောင်ပိုင်း မတူပီနယ်တို့မှာဆိုရင် စော်ဘွားက အကုန်လုံးပိုင်တယ်ဆိုတာမျိုးမရှိဘူး၊ တစ်ဦးချင်း၊ မိသားစု၊ ဆွေမျိုးအလိုက်အနေနဲ့ပဲ ပိုင်ဆိုင်တယ်ဆိုတာရှိတယ်။ အဲ့လိုပိုင်ဆိုင်တာနဲ့လက်လှမ်းဝေးတဲ့ တောင်ထိပ် တောင်ကြော တွေရှိတယ်။ အဲ့နေရာတွေက စိုက်ပျိုးရေး လုပ်ကိုင်လို့မရဘူး၊ လူသူမရောက်ဘူး၊ ဒါကြောင့်အဲ့နေရာတွေကတော့ မြေလွတ်၊ မြေရိုင်း၊ မြေလပ်ထဲမှာပါတယ်လို့ ပြောလို့ရတယ်။

ဒါကြောင့်ဒေသတစ်ခုနဲ့တစ်ခုမတူဘူးဆိုတာ ကျွန်တော်တို့လက်ခံရပါမယ်။ ချင်းတောင်ပေါ်တိုင်းရင်းသားတွေက ရွှေ့ပြောင်း တောင်ယာစနစ်ကို ဟိုးအင်္ဂလိပ်တွေ မရောက်ခင်ကတည်းက လုပ်ကိုင်လာခဲ့ကြတာ၊ အင်္ဂလိပ်ခေတ် က ဥပဒေနှစ်ခု မရှိခင် ကတည်းက လုပ်ကိုင်ခဲ့ကြတာ။

အဲဒီဥပဒေမှာ ဘာပါသလဲဆိုရင် ဥပဒေပြဋ္ဌာန်းတဲ့ခုနှစ် ၁၈၈၉-ခုနှစ် မတိုင်ခင်(၁၂)နှစ် ဆက်တိုက်လုပ်ကိုင်လာခဲ့တဲ့မြေကို ဘိုးဘပိုင်မြေလို့သတ်မှတ်တယ်။ ဒီတော့ ချင်းတောင်မှာကျတော့ ၁၈၈၉ ခုနှစ် မတိုင်မီဟိုးအရင်နှစ်ပေါင်းများစွာ ကတည်းက လုပ်ကိုင်လာတာဖြစ်လို့ အမွေဆက်ခံခွင့်၊ လွှဲပြောင်းပိုင်ခွင့်ရှိပြီးသား။ အခုပြောနေတဲ့ ဘိုးဘပိုင်မြေဆိုတာထက် တောင် ဒါက ပိုပြီးခိုင်လုံတဲ့မြေယာပိုင်ဆိုင်မှုဖြစ်တယ်။ အခု လယ်ယာမြေဥပဒေနဲ့ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေပေါ်လာတဲ့ အခါကျတော့ အဲ့ဒီ ပိုင်ဆိုင်ခွင့်တွေက ပျက်ပြယ်သွားတဲ့ပုံစံမျိုးသက်ရောက်သွားတယ်ပေါ့။ ဒါကိုပြောချင်တာပါ။

လက်ရှိပြဋ္ဌာန်းဥပဒေက ဘယ်လောက်ထိအကာအကွယ်မပေးဘူးလဲဆိုရင် လက်ယာမြေဥပဒေပုဒ်မ-၃(က) မှာဆိုရင် လယ်ယာ မြေထဲမှာ တောင်ယာမြေပါတယ်။ တဖက်မှာကျတော့လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူဟာ လယ်ယာမြေပုံစံ (၇) လျှောက်ရမယ် လို့ပါတယ်။ ဒါဆို ကျွန်တော်တို့ ရိုးရာဓလေ့ထုံးတမ်းအရ တောက်လျှောက်လုပ်လာခဲ့၊ ပိုင်ဆိုင်ခဲ့တဲ့မြေတွေဟာ အခုကျမှ လုပ်ပိုင်ခွင့်ပြန်လျှောက်ရ မလိုဖြစ်နေတယ်။ မလျှောက်ရင်မပိုင်ဘူး၊ လုပ်ပိုင်ခွင့်မရဘူး၊ သူတို့နစ်နာတာတွေကိုလည်း တရားရုံး မှာအရေးဆိုပိုင်ခွင့်တောင်မရှိဘူး ဖြစ်နေတယ်။ လက်ရှိဥပဒေအရ လုပ်ကိုင်သူတွေက သူတို့မြေသူတို့မပိုင်ဘူး၊ တောင်သူတွေ ဘက်ကနစ်နာဆုံးရှုံးရတဲ့အပြင် သူတို့ရဲ့နစ်နာဆုံးရှုံးမှုတွေကို တရားရုံးမှာတောင်အရေးဆိုလျှောက်ထားခွင့်မရှိဘူး။ မရှိတဲ့အပြင် ဥပဒေအရလုပ်ပိုင်ခွင့်မရှိတဲ့အတွက်ကြောင့် အစိုးရကနေ ကျူးကျော်တွေအဖြစ်သတ်မှတ်လိုက်မယ်ဆိုရင် တရားစွဲခံရနိုင်ပြီး ထောင်တောင်ကျနိုင်တယ်။

နောက် မြေလွတ်၊ မြေရိုင်း၊ မြေလပ်ဥပဒေအရလည်း တိုင်းရင်းသားဓလေ့ထုံးတမ်းအရပိုင်မြေဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုမထား ဘူး။ မြေလွတ်၊မြေလပ်၊ မြေရိုင်းဥပဒေထဲမှာ သီးစားလုပ်ကိုင်ပြီး စွန့်လွှတ်ထားပြီဆိုရင် အဲဒီမြေကိုမြေလွတ် မြေလပ်လို့ ခေါ်တယ်။ ကျွန်တာ်တို့တောင်ယာရွှေ့ပြောင်းစနစ်မှာ ၁၂-နှစ်လောက်မလုပ်ဘဲထားတာဟာ စွန့်လွှတ်တာမဟုတ်ဘူး၊ အပင်ကိုမွေးထားတာ၊ ပြုစုစောင့်ရှောက်ပြီးပျိုးထောင်ထားတာပေါ့။ ဒါကိုအခုကဥပဒေပြဋ္ဌာန်းသူတွေက နားမလည်ပဲနဲ့ မလုပ်ကိုင်တော့ဘူးဆိုပြီး စွန့်လွှတ်မြေလို့သတ်မှတ်လိုက်ရင် မြေလပ်လို့ အကျုံးဝင်သွားနိုင်တယ်။

၂၀၁၈ မြေလွတ်မြေလပ်၊ မြေရိုင်းဥပဒေပြင်ဆင်တဲ့အထဲပုဒ်မ ၃၀-က(ခ)မှာ ဒေသခံတိုင်းရင်းသားရိုးရာဓလေ့အရ ပိုင်ဆိုင်မြေ၊ စိုက်ပျိုးသောမြေလို့ မသုံးပဲနဲ့ “သတ်မှတ်မြေ” လို့ သုံးထားတယ်။ သတ်မှတ်မြေဆိုတဲ့စကားလုံးဟာ အငြင်းပွားစရာ အဓိပ္ပာယ်ဖြစ်ပြီ။ သတ်မှတ်မြေဆိုတာ ဘယ်သူကသတ်မှတ်မှာလဲ။ သက်ဆိုင်ရာတိုင်းရင်းသားတွေက သူဟာနဲ့သူ အင်္ဂလိပ် မရောက်မီကတည်းက ပိုင်ပြီးသား၊ သူပိုင်တဲ့မြေက သူပိုင်တဲ့အတိုင်းပဲ အသိအမှတ်ပြုရမှာ။ အစိုးရကပဲ သတ်မှတ်ပေးရ မလိုဖြစ်နေတယ်။ အစိုးရက မသတ်မှတ်ဘူးဆိုရင် သူမြေကဓလေ့ထုံးတမ်းပိုင်မြေထဲအကျုံးမဝင်တဲ့မြေထဲရောက်သွားပြီ။
ဒါကြောင့်ဒီဥပဒေဟာဟန်ပြလောက်ပဲလုပ်ထားတာ၊ တိုင်းရင်းသားတောင်သူလယ်သမားတွေအတွက် အကျိုးရှိမလိုလိုနဲ့ လုံးဝအကျိုးမပြုပါ ဘူး။

မေး၊ မြေသိမ်းမှုပြဿနာတွေလည်း နေရာစုံမှာ ခဏခဏဖြစ်ပေါ်နေတာတွေ့ရတယ်၊ အဲဒီအပေါ်မှာ လက်ရှိပြဋ္ဌာန်းဥပဒေတွေနဲ့ စီမံခန့်ခွဲတဲ့ ဋ္ဌာနတွေရဲ့ ဆောင်ရွက်ချက်အပေါ်သုံးသပ်ပေးပါအုံး ဆရာ။

ဖြေ၊ မြေသိမ်းတယ်ဆိုတာ အင်္ဂလိပ်အစိုးရက ၁၈၉၄-ခုနှစ်မှာ မြေသိမ်းဥပဒေပြဋ္ဌာန်းပေးထားတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကမှ မြေသိမ်း ဥပဒေအသစ်ပြဋ္ဌာန်းတာတွေ့ရတယ်၊ ဒါတောင်မှထုတ်ပြန်ကြေညာတဲ့နေ့မှစတင်အာဏာသက်ရောက်မည်ဆိုတော့ အခုထိ တော့ ပြန်တမ်းနဲ့ထုတ်ပြန်ထားတာတော့မတွေ့ရသေးဘူး။ ဒီတော့ ၁၈၉၄-မြေသိမ်းဥပဒေကအတည်ဖြစ်နေဆဲပဲလို့ပြောလို့ ရတယ်။
၁၈၉၄ မြေသိမ်းဥပဒေအရဆိုရင်အချက် (၃)ချက်ရှိတယ်။ (၁) အများပြည်သူအတွက်အကျိုးရှိလို့မြေသိမ်းတာဖြစ်ရမယ်။ နိုင်ငံ တော်သမ္မတက အဲလိုယုံကြည်ရမယ်။ (၂) အစိုးရက နိုင်ငံတော်ပြန်တမ်းမှာ မြေသိမ်းမယ့်အကြောင်းထည့်ပေးရမယ်၊ (၃) ပြန်တမ်းမှာကြေညာပြီးရင် သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးတွေက သက်ဆိုင်ရာ တောင်သူလယ်သမားတွေကို အသိပေး အကြောင်းကြားပေးရမယ်။ ပြီးရင် စာကိုလည်းမြေမှာလည်းစွဲကပ်ရမယ်။ ပီးတော့အသိမ်းခံရတဲ့လယ်သမားကို သူဘာတွေနစ်နာမလဲ ဆိုတာလျော်ကြေးတောင်းခွင့်ရှိတယ်ဆိုတာကိုလည်း စာထဲမှာ တစ်ခါတည်းအသိပေးရပါမယ်။

ယခုလက်ရှိ မြေသိမ်းပြဿနာက မြေသိမ်းတဲ့သူတွေက သက်ဆိုင်ရာတိုင်းရင်းသား ဓလေ့ထုံးတမ်းအရပိုင်မြေကို အသိအမှတ် မပြုဘူး။ အသိအမှတ်မပြုတဲ့အတွက်ကြောင့် ပိုင်ရှင်လို့မသတ်မှတ်ဘူး။ ဂရမ်ရှိသလား မေးတယ်၊ မရှိဘူးလို့ပြောတယ်။ မရှိဘူး လို့ပြောရင် ပိုင်ရှင်ဟုအသိအမှတ် မပြုပဲ သူတို့ကအစိုးမြေဆိုပြီးတော့ သက်ဆိုင်ရာပိုင်ရှင်တွေကိုအကြောင်းကြားတာမရှိဘူး။ သူတို့စိတ်ကြိုက် သိမ်းကြတာဖြစ်တယ်။ အဲ့ဒီမှာကိုက အခြေခံကနေ စပြီးလွဲမှားနေပါတယ်။ တိုင်းရင်းသားဓလေ့ထုံးတမ်းအရ ပိုင်မြေက ဂရမ်မရှိပါဘူး။ ရှိစရာကို မလိုပါဘူး။ အထောက်အထားကိုယ့်ဆီမှာကိုယ် ခိုင်လုံနေပြီ၊ အထောက်အထားလည်း တောင်းစရာမလိုဘူး ပိုတောင်ခိုင်မာနေပြီ။ ၁၈၇၆ ခုနှစ် နှင့် ၁၈၈၉ ခုနှစ်ပြဋ္ဌာန်းဥပဒေအရ ဘိုးဘပိုင်မြေပဲ။ အထူးသဖြင့် လူမျိုးခြားက ဗဟိုမှာပြည်ထောင်စုမှာ တာဝန်ရှိနေတဲ့ သူက အဲ့ဒီတိုင်းရင်းသားဓလေ့ထုံးတမ်းမြေကိုနားမလည်လို့ သိမ်းဆည်းဘို့ညွန်ကြားရင်တောင်မှ ကိုယ့်ပြည်နယ်မှာတာဝန်ရှိတဲ့သူ၊ သက်ဆိုင်ရာမိမ်လူမျိုးတာဝန်ရှိသူကဘာလုပ်ရမလဲဆိုရင် “ဒါကတော့ ကျတော်တို့ကြည့်လိုက်ရင်သာ မြေလွတ်၊မြေလပ်လို့ထင်နေတာ။ ဓလေ့ထုံးတမ်းအရပိုင်ရှင်ရှိနေတဲ့မြေဖြစ်တယ်၊ ဒါ့ကြောင့်ဒါကို ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုလုပ်ရမယ်” ဆိုတာမျိုးကို တာဝန်ရှိတဲ့ ပြည်နယ်အစိုးရကိုယ်တိုင်က အထက်ကို တင်ပြရမယ်။ ဒါပေမဲ့ အခုထိတော့ တင်ပြတာ၊ ဆောင်ရွက်တာမျိုး မရှိသးပါဘူး။

မေး။ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းမြေပိုင်ဆိုင်မှုကို အလေးမထားပဲ ပြဋ္ဌာန်းဥပဒေတွေနဲ့အညီ မြေကိုစီမံခန့်ခွဲမယ်ဆိုရင် ဘယ်လိုအားသာချက်တွေအားနည်းချက်တွေရှိနိုင်သလဲ ဆရာ။

ဖြေ၊ ၂၀၁၂-ခုနှစ် မြေယာဥပဒေ၊ ၂၀၁၂-ခုနှစ် နှင့် ၂၀၁၈-မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေတွေပြဋ္ဌာန်း လိုက်တဲ့အခါ တိုင်းရင်သား တွေအတွက် ဘိုးဘပိုင်မြေထက်ပိုခိုင်လုံတဲ့၊ နဂိုကတည်းကဥပဒေကဲ့သို့တည်မြဲနေတဲ့ ဓလေ့ထုံးတမ်း အရတည်မြဲနေတဲ့ပိုင်ဆိုင် မှုတွေကို အကုန်လုံးဆုံးရှူံးသွားနိုင်တယ်။ တောင်သူလယ်သမားတွေ ခေတ်အဆက်ဆက်နစ်နာသွားနိုင်တယ်။ တိုင်းရင်းသား ဓလေ့ထုံးတမ်းပိုင်မြေဆိုတာက ပြည်မကဘိုးဘပိုင်မြေနဲ့မတူသေးဘူး။ ဘိုးဘပိုင်မြေဆိုတာက တစ်ဦးချင်း မိသားစုအလိုက်သာ ပိုင်ပြီး အမွေဆက်ခံခွင့်တွေလောက်ပဲရှိတာ၊ တိုင်းရင်းသားဓလေ့ထုံးတမ်းပိုင်မြေဆိုတာကျတော့ မျိုးနွယ်စုအလိုက်၊ ဆွေမျိုးစု အလိုက်၊ မိသားစုအလိုက်ပိုင်တာ၊ အဲဒီပိုင်ဆိုင်မှုက တစ်ဦးချင်းပိုင်တာမျိုးမဟုတ်ဘူး၊ မျိုးနွယ်စုအလိုက်ပိုင် တာဖြစ်တယ်၊ ဒီဟာကိုနားလည်ဖို့လိုတယ်ပေါ့နော်။

အခုပြဋ္ဌာန်းဥပဒေတွေကို ဒီအတိုင်းကျင့်သုံးမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးတမ်းပိုင်ဆိုင်မှုတွေဆုံးရှုံးနစ်နာသွားနိုင် တယ်။ လက်လွှတ်ဆုံးရှုံးသွားမယ်။ အလားတူ တောင်သူလယ်သမားတွေအနေနဲ့ မိမိအခွင့်အရေးကိုတောင်းဆိုပိုင်ခွင့် မရှိတော့ တဲ့အပြင် ပြောင်းပြန်အနေနဲ့ ပြစ်ဒဏ်ခံရနိုင်တယ်၊ ဒီတော့လူထုတွေအနေနဲ့ အကာအကွယ်မဲ့ဖြစ်သွားပြီးတော့ မကျေနပ်ချက် တွေပေါ်ပေါက်နိုင်တယ်။

နောက်တစ်ချက်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်စေနိုင်တယ်။ မြေယာပိုင်ဆိုင်မှုနဲ့ လုပ်ပိုင်ခွင့်ကို ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့အခါ သက်ဆိုင်ရာပြည်နယ်က ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေဖြစ်တယ်။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ဖက်ဒရယ်စနစ်ကိုမကျင့်သုံးခင်ကတည်းက ကြိုတင်ဖျက်ဆီးနေသလိုဖြစ်နေတယ်။ ဒါကြောင့်ပြည်နယ် တာဝန်ရှိသူတွေအနေနဲ့ ပါးနပ်ဖို့လို သလို သက်ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေကိုကျေကျေညက်ညက်နားလည်ဖို့ လိုပါတယ်။

မေး။ မီဇိုရမ်ပြည်နယ်၊ အန္ဒိယမှာဆိုရင် ဒေသခံ တိုင်းရင်းသားတွေပဲ မြေပိုင်ဆိုင်ခွင့်ရှိတဲ့ဥပဒေမျိုးရှိတယ်လို့ ပြောကြတယ်။ ပြည်မ ဖက်ကလူမျိုးကြီးတွေ မြေပိုင်ခွင့် မရှိ/ အိမ်ဝယ်ခွင့်မရှိ … စတာပေါ့။ ကျွန်တော်တို့နိုင်ငံမှာလည်း အခုဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသွားနေတာဆိုတော့ ပြည်နယ်တွေရဲ့ မြေယာစီမံခန့်ခွဲခွင့်ကို ပြည်နယ်တွေကပဲ ဦးဆောင်ရေးဆွဲမယ်ဆိုရင် အခုထက်ပိုအဆင်ပြေနိုင်မလား။

ဖြေ။ ပိုကောင်းပါတယ်၊ အဲဒီလိုပြည်နယ်ကပဲ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့။ အခုနက မီဇိုရမ်ပြည်နယ်မှာ မြေယာစီမံခန့် ခွဲ ရေးကို ပြည်နယ်ကပဲကိုင်တော့ ပိုအဆင်ပြေတာပေါ့။ သူတို့နဲ့ထပ်တူ ကျင့်သုံးမယ်လို့တော့မဆိုလိုပါဘူး၊ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ စနစ်ကိုကျင့်သုံးရမှာပေါ့။ ဒါပေမယ့် ဘယ်လိုစနစ်ကိုပဲသုံးသုံး ဗဟိုကချုပ်ကိုင်တာတွေမလုပ်ပဲ သက်ဆိုင်ရာပြည်နယ်ကပဲ ကိုင်တွယ်ရမယ်။ ဒီ့ပြင် ကျွန်တော်တို့ချင်းပြည်နယ်မှာဆိုရင် ဓလေ့ထုံးတမ်းအရမြေပိုင်ဆိုင်မှုက မျိုး နွယ်စုတစ်ခုနဲ့တစ်ခုမတူတော့ ဥပဒေတစ်ရပ်ကိုတစ်ပြေးညီပြဋ္ဌာန်းခြင်းထက် သက်ဆိုင်ရာမျိုးနွယ်စုအလိုက်ဓလေ့ထုံးတမ်းမြေ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုရမယ်၊ အကာအကွယ်ပေးရမယ်။ တစ်ခုရှိတာက ချင်းပြည်နယ်အတွင်းအခြေချတဲ့ ချင်းလူမျိုး မဟုတ်တဲ့သူတွေအတွက် စီမံချက်တွေကောင်းကောင်းချမှတ်ပြီးတော့ လုပ်ရမှာပေါ့။

အဲဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုသွားတဲ့အခါမှာ မြေစီမံခန့်ခွဲမှုကို သက်ဆိုင်ရာပြည်နယ်လွှတ်တော်ကဥပဒေတွေပြ ဋ္ဌာန်းပြီး သက်ဆိုင်ရာပြည်နယ်အစိုးရကအကောင်အထည်ဖော်တာပဲ ဖြစ်သင့်ပါတယ်။ အဲဒါမှ ဒေသခံတိုင်းရင်းသားတွေအားလုံး စိတ်ချမ်းသာ ပြီးတော့ ပြည်ထောင်စုလည်းငြိမ်းချမ်းပါမယ်။

မေး။ ဖြည့်စွက်ပြီးပြောချင်တာတွေရှိရင် ပြောပေးပါအုံးဆရာ။

ဖြေ။ ကျွန်တော်တို့နိုင်ငံက ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်အချိန်တည်ဆောက်နိုင်မလဲဆိုတာ မပြောနိုင်သေးဘူးပေါ့။ ဒါပေမယ့် သက်ဆိုင်ရာပြည်နယ်အစိုးရတွေ၊ လွှတ်တော်တွေအနေနဲ့ ကြိုတင်ဆောင်ရွက်ရမယ့် အလုပ်တွေအများကြီးရှိပါတယ်။ ဥပမာ- အထက်မြန်မာပြည်မြေနှင့်အခွန်ဥပဒေဆိုတာ ၁၈၈၉-ခုနှစ်မှာပြဋ္ဌာန်းတယ်၊ ဒါပေမယ့် ချင်းပြည်နယ်မှာ ချက်ချင်းအာဏာမသက် ရောက်သေးဘူး၊ နောက်ပိုင်းမှာမှ အမိန့်ကြော်ညာစာထုတ်ပြန်ပြီး အာဏာသက်ရောက်တာတွေ့ရတယ်။ အဲဒီအမိန့်ကြော်ငြာ စာအရ သက်ဆိုင်ရာပြည်နယ်တွေက ပြည်နယ်တွင်းမှာ အမိန့်တွေ၊ ညွှန်ကြားချက်တွေထုတ်ဆင့်ပိုင်ခွင့်ရနေတယ်။
အဲတာကြောင့် ရှမ်းပြည်နယ်မှာဆိုရင် “ပြည်နယ်အတွင်းမြေပိုင်ဆိုင်မှုနဲ့ပက်သက်လို့ ဒေသခံမြေပိုင်ဆိုင်သများနဲ့ အစိုးရကြား အငြင်းပွားမှုတွေဖြစ်လာရင် ဒေသခံမြေပိုင်ရှင်များ ၏အဆုံးအဖြတ်သည်သာလျင်အတည်ဖြစ်သည်” ဆိုပြီးပြဋ္ဌာန်းထား တာတွေေ တာင်ရှိခဲ့ပါတယ်။ အခြားပြည်နယ်တွေမှာတော့မတွေ့ရဘူးပေါ့၊ အသုံးမချတတ်တာလည်းပါမယ်ထင်ပါတယ်။

အဲလိုပဲ အခုလည်း သက်ဆိုင်ရာပြည်နယ်တွေက အသုံးမချသေးတဲ့ လုပ်ပိုင်ခွင့်(လုပ်လို့ရတဲ့ဟာ)တွေရှိပါတယ်။ ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂)၊ အစဉ်-၃(က)မှာ လယ်ယာစိုက်ပျိုးမြေဆိုတာကို ဥပဒေပြဋ္ဌာန်းပြီးတော့ ဒေသခံ မြေပိုင်ဆိုင်မှုကို အကာအကွယ်ပေးလို့ရတယ်၊ နောက်တစ်ခုက အစဉ်-၈(က)(ခ)အရ စည်ပင်သာယာရေးဥပဒေနဲ့ မြို့ရွာဖွံ့ဖြိုးရေးနဲ့ပက်သက်လို့ ဥပဒေပြဋ္ဌာန်းပိုင်ခွင့်ရှိပါတယ်။ အခုထိကကတော့ သက်ဆိုင်ရာပြည်နယ်တွေက ထည့်သွင်း ပြဋ္ဌာန်းတာ ၏တွေ မတွေ့ရသေးဘူး။

ဒီဟာနဲ့ပက်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က စည်ပင်သာယာဥပဒေမှာ ဘယ်လိုပြဋ္ဌာန်းသလဲဆိုတော့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေထဲမှာ အကျုံးမဝင်တဲ့မြေတွေကို တိုင်းဒေသကြီးအစိုးရကစီမံခန့်ခွဲမယ် ဆိုပြီးပြဋ္ဌာန်းထားတွေ့ရတယ်။ ဒါက သက်ဆိုင်ရာပြည်နယ်/တိုင်း တာဝန်ရှိသူတွေရဲ့ပါးနပ်မှုတွေလည်းလိုတာပေါ့။
လက်ရှိပြည်နယ်တာဝန်ရှိသူတွေအနေနဲ့ ဗဟိုကနေ တိုင်းရင်းသားဓလေ့ထုံးတမ်းတွေကိုနားမလည်လို့ ဥပဒေတွေပြဋ္ဌာန်းလိုက်ပီ ထားအုံး၊ ဗဟိုတာဝန်ရှိသူတွေကို ရှင်းလင်းတင်ပြပြီး ဒေသခံတွေကိုအကာအကွယ်ပေးတာမျိုးလုပ်သင့်တာပေါ့။ ကိုယ့်လူမျိုးကို ကိုယ်ကကာကွယ်ပေးရမှာပေါ့။ အဲလိုမှမဟုတ်ရင် နောင်ကိုယ့်သားသမီးတွေလက်ထက်ထိအောင် ဒုက္ခရောက်သွားနိုင်တယ်ဆို တာ သတိပြုရမယ်။

ပြီးတော့ တိုင်းရင်းသားဓလေ့ထုံးတမ်းအရပိုင်မြေတွေက ပြည်မကဘိုးဘပိုင်မြေဆိုတာထက် ပိုခိုင်လုံတယ်၊ အဆင့်မြင့်တယ်၊ အဲ ဒီမှာ တောင်ယာမြေအပါအဝင်ပေါ့။ ပြောရရင် ဓလေ့ထုံးတမ်းဆိုတာ ဥပဒေကဲ့သို့အာဏာတည်တာဖြစ်တယ်။ ဒီတော့ ဓလေ့ထုံး တမ်းအရပိုင်မြေဆိုတာလည်း ဥပဒေကဲ့သို့ ခိုင်ခန့်တဲ့ပိုင်ဆိုင်မှုဖြစ်တယ်။ ဒီ့အပြင် ဘိုးဘပိုင်မြေဆိုတာ ၁၈၇၆-ခုနှစ်၊ ၁၈၈၉-ခုနှစ်မှာပြဋ္ဌာန်းတဲ့ ဥပဒေမပြဋ္ဌာန်းခင် (၁၂)နှစ်တစ်ဆက်တည်းလုပ်ကိုင်လာတဲ့မြေကို သတ်မှတ်တာကိုး။ ပြောချင်တာက ကျွန်တော်တို့ ချင်းတောင်က တောင်ယာမြေ ပိုင်ဆိုင်မှုဆိုတာ ၁၈၇၆၊ ၁၈၈၉- ဥပဒေတွေမပြဋ္ဌာန်းခင် နှစ်ပေါင်းတစ်ရာ နှစ်ရာကျော် ကတည်းက မျိုးနွယ်စုအလိုက်၊ ဆွေမျိုးစုအလိုက် ပိုင်ဆိုင်လာ တဲ့မြေဖြစ်တဲ့အတွက် ဘိုးဘပိုင်မြေဆိုတာထက် “တိုင်းရင်းသားဓလေ့ထုံးတမ်းအရပိုင်ဆိုင်သော ဘိုးဘပိုင်မြေ” ဆိုရင်ပိုမှန်ပါ တယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။