• Today is: Friday, April 23, 2021

တိုင္းရင္းသားမ်ိဳးႏြယ္ကိုအေျခခံေသာဖက္ဒရယ္ႏွင့္ ျပည္နယ္မ်ား၏ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ တိုင်းရင်းသားမျိုးနွယ်ကိုအခြေခံသောဖက်ဒရယ်နှင့် ပြည်နယ်များ၏ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်

Federal Journal
March22/ 2020

Zawgyi

ကိုယ္ပိုင္ျပ႒ာန္းခြင့္ (သို႔) ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္ဆိုသည္မွာ တိုင္းရင္းသားလူမ်ိဳးမ်ားႏွင့္ကြဲျပားေသာ ကိုယ္ပိုင္အမွတ္သရုပ္ မ်ားရွိသည့္ အျခားလူမ်ိဳးမ်ားအတြက္ မိမိတို႔၏အေရးကိစၥမ်ားႏွင့္အက်ိဳးစီးပြားမ်ားအတြက္ မိမိတို႔ကိုယ္တိုင္အုပ္ခ်ဳပ္ခြင့္၊ စီမံခြင့္ရွိ ျခင္းျဖစ္သည္။ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ဟုလည္းဆိုႏိုင္သည္။ ၄င္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို အာမခံေပးႏိုင္ရန္တည္ေဆာက္ႏိုင္ သည့္ ဥပေဒမူေဘာင္ပံုစံမ်ိဳးစံုရွိသည္။ ထိုအထဲမွ အမ်ားစုသေဘာတူလက္ခံထားၾကသည့္ပံုစံမွာ ဖက္ဒရယ္စနစ္ျဖစ္သည္။ ဖက္ဒရယ္စနစ္သည္ တိုင္းရင္းသားလူမ်ိဳးမ်ားကြဲျပားမႈမ်ားစြာရွိသည့္ႏိုင္ငံမ်ားအတြက္ ၄င္းတို႔ေနထိုင္ရာျပည္နယ္မ်ားအတြက္ တန္းတူအခြင့္အာဏာႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို အာမခံေပးထားႏုိင္သလို ဗဟိုအစိုးရႏွင့္ျပည္နယ္အစိုးရမ်ားအၾကားလည္း ဆက္ဆံေရးရွိေနေစႏိုင္ရန္ စီစဥ္ေဆာင္ရြက္ႏိုင္သည္။

ဖက္ဒရယ္စနစ္ကို တိုင္းရင္းသားလူမ်ိဳးမ်ားစြာရွိေသာႏိုင္ငံမ်ား၊ လူမ်ိဳးစုပဋိပကၡမ်ားရွိေနေသာ ႏိုင္ငံမ်ားအတြက္ ၄င္းျပႆနာမ်ားကိုစီမံခန္႔ခြဲႏိုင္ရန္ အေကာင္းဆံုးနည္းလမ္းတစ္ခုျဖစ္သည္ဟု မွတ္ယူလာၾကသည္။ တိုင္းရင္းသားလူနည္းစု တစ္စု (သို႔) ႏွစ္စုသာရွိေသာႏိုင္ငံမ်ားတြင္ ဖက္ဒရယ္စနစ္ကိုမျဖစ္မေနက်င့္သံုးရန္ မလိုအပ္ေသာ္လည္း တိုင္းရင္းသားလူမ်ိဳးစု မ်ားစြာရွိေသာႏိုင္ငံမ်ားအတြက္ က်င့္သံုးရန္လိုအပ္သည္။ ဖက္ဒရယ္စနစ္တြင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အခြင့္အာဏာမ်ားကို အာမခံမႈ ေပးႏိုင္ရန္ ဖြဲ႕စည္းပံုအေျခခံဥပေဒထဲတြင္ထည္း့သြင္း၍ သတ္မွတ္ျပ႒ာန္းခြင့္မ်ားကို ကာကြယ္မႈမေပးႏိုင္လွ်င္ (သို႔) လံုေလာက္ သည့္အခြင့္အာဏာကို ေပးထားႏိုင္မႈမရွိလွ်င္ ၄င္းကို ဗဟိုခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ထားျခင္းဟုပင္ သတ္မွတ္ႏိုင္မည္ျဖစ္သည္။

ျမန္မာႏိုင္ငံသည္ ကိုယ္ပိုင္အမွတ္သရုပ္မ်ား၊ ယဥ္ေက်းမႈမ်ား၊ ဘာသာစကားမ်ားရွိၾကသည့္ မတူညီေသာတိုင္းရင္းသား မ်ိဳးႏြယ္စုအမ်ားအျပားရွိေသာ တိုင္းျပည္ျဖစ္ေသာေၾကာင့္ ဖက္ဒရယ္စနစ္က်င့္သံုးသင့္သည္ႏိုင္ငံျဖစ္သည္မွာ ျငင္းစရာမရွိေပး။ သို႔ေသာ္လည္း ႏွစ္ေပါင္း(၆၀)ေက်ာ္ၾကာသည့္တိုင္ေအာင္ အုပ္ခ်ဳပ္သူအစိုးရမ်ားဖက္မွ “ဖက္ဒရယ္” ဆိုသည့္စကားလံုးကိုပင္ အကဲဆတ္၍လက္မခံႏိုင္ဘဲ စကားလံုးတေစၦျဖစ္ေနခဲ့သည္။ သို႔ေသာ္အဆိုးမ်ားထဲမွ အေကာင္းတစ္ခုမွာ လက္ရွိအခ်ိန္တြင္ေတာ့ ျမန္မာႏိုင္ငံတြင္ ဖက္ဒရယ္ဆိုေသာစကားလံုးမွာ တြင္တြင္က်ယ္က်ယ္သံုးလာႏိုင္သလို တပ္မေတာ္အပါအဝင္ႏိုင္ငံေရးတြင္ ပါဝင္ ပတ္သက္သူမ်ားအားလံုးကလည္း ျမန္မာႏိုင္ငံသည္ ဖက္ဒရယ္စနစ္က်င့္သံုးသင့္သည္ဆိုသည့္ အခ်က္ကိုေတာ့ အျငင္းပြားမႈ မရွိေတာ့ေပ။ သို႔ေသာ္လည္း ဖက္ဒရယ္အေပၚနားလည္မႈ၊ ခ်ဥ္းကပ္မႈႏွင့္အေကာင္အထည္ေဖာ္လိုသည့္ ဖက္ဒရယ္ပံုစံကေတာ့ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ မတူၾကေပ။ ထို႔အတြက္ လက္ရွိျမန္မာႏိုင္ငံ၏အဓိက စိန္ေခၚခ်က္မွာ ဖက္ဒရယ္စနစ္က်င့္သံုးသင့္၊ မက်င့္သံုး သင့္မဟုတ္ေတာ့ဘဲ မည္သို႔ေသာဖက္ဒရယ္စနစ္ပံုစံကို က်င့္သံုးမည္ႏွင့္ တိုင္းရင္းသားတို႔၏ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို မည္သို႔အာမ ခံႏိုင္ရန္ တည္ေဆာက္မည္နည္းဟူသည့္ အခ်က္တို႔ပင္ျဖစ္သည္။

ဖက္ဒရယ္စနစ္ေဖာ္ေဆာင္ရာတြင္ လိုအပ္သည့္အေျခအေနမ်ား
ယခုေဆြးေႏြးသြားမည္မွာ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားကို အေျခခံ၍ဖြဲ႕စည္းေသာဖက္ဒရယ္စနစ္ျဖစ္သည့္အတြက္ ပထဝီ ေဒသကိုအေျခခံ၍ဖြဲ႕စည္းေသာ ဖက္ဒရယ္မ်ားႏွင့္ေတာ့ ကြဲလြဲမႈမ်ားရွိမည္ျဖစ္သည္။ ပထဝီေဒသကို အေျခခံ၍ဖြဲ႕စည္းေသာ ဖက္ဒရယ္ႏုိင္ငံမ်ားျဖစ္ၾကသည့္ ၾသစေၾတးလ်၊ အေမရိကန္ျပည္ေထာင္စုကဲ့သို႔ေသာႏိုင္ငံမ်ားႏွင့္ တုိင္းရင္းသားမ်ိဳးႏြယ္မ်ား၊ လူနည္းစုမ်ားကိုအေျခခံ၍ဖြဲ႕စည္းေသာ ဖက္ဒရယ္ႏုိင္ငံမ်ားျဖစ္ၾကသည့္ ကေနဒါ၊ အိႏၵိယ၊ စပိန္ႏွင့္အီသီယိုးပီးယားကဲ့သို႔ေသာ ႏိုင္ငံမ်ား၏ဖက္ဒရယ္ကိုတည္ေဆာက္ပံု၊ ဒီဇိုင္းဆင္ပံုႏွင့္ အေလးထားေသာတန္ဖိုးမ်ား တူညီၾကမည္ မဟုတ္ပါ။

ဤသို႔တုိင္းရင္းသားမ်ဳိးႏြယ္မ်ားအေပၚတြင္အေျခခံ၍တည္ေဆာက္ေသာ ဖက္ဒရယ္ႏိုင္ငံမ်ားသည္ မတူကြဲျပားမႈမ်ားႏွင့္ လူမ်ိဳးေပါင္းစံုတန္းတူညီမွ်စြာ အတူတကြေနထိုင္ေရးတို႔အေပၚတြင္ ပို၍အာရံုစိုက္ၾကသည္။ မွ်ေဝအုပ္ခ်ဳပ္ျခင္းထက္ ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ႏွင့္ ျပည္နယ္မ်ား၏ အုပ္ခ်ဳပ္ခြင့္အာဏာမ်ားအေပၚတြင္ ပို၍အေလးထားၾကသည္။ ထို႔ျပင္ ဘာသာစကား၊ ကိုးကြယ္ရာဘာ သာႏွင့္ ေနထိုင္ရာပထဝီေဒသ၊ မတူညီေသာ အုပ္စုမ်ားကို ျပည္ေထာင္စုအဖြဲ႕အစည္းမ်ားႏွင့္ မူဝါဒခ်မွတ္ျခင္းမ်ားတြင္ ကိုယ္စားျပဳ ပါရွိႏိုင္ေအာင္ ဂရုတစိုက္ထည့္သြင္းစဥ္းစားၾကရသည္။

အာဏာခြဲေဝမႈပံုစံတြင္လည္း ပံုမွန္ဖက္ဒရယ္၏အေရးပါေသာအစိတ္အပိုင္းမ်ားအျပင္ ယဥ္ေက်းမႈဆိုင္ရာကိစၥမ်ားျဖစ္ သည့္ ပညာေရး၊ ယံုၾကည္ကိုးကြယ္မႈႏွင့္ အႏုပညာကိစၥရပ္မ်ားကို ပို၍ထည့္သြင္းစဥ္းစားၾကသည္။ ႏိုင္ငံေရးပါတီမ်ားဖြဲ႕စည္း ေဆာင္ရြက္ၾကရာတြင္လည္း ကြဲျပားျခားနားမႈရွိၾကသည္။ ျပည္နယ္အေျခစိုက္ပါတီမ်ားႏွင့္ျပည္ေထာင္စုအဆင့္ပါတီမ်ားအၾကား လည္း ဆက္ဆံေရးခိုင္ခိုင္မာမာမရွိတတ္ၾကေပ။ ျပည္ေထာင္စုအဆင့္ပါတီမ်ားသည္လည္း ျပည္နယ္ေဒသမ်ား၏လိုအပ္ခ်က္မ်ား ကိုေသခ်ာစြာနားလည္မႈ ရွိခ်င္မွရွိၾကေပမည္။

ဤေနရာတြင္ဆက္စပ္၍ေျပာရလွ်င္ ယခုလက္ရွိျမန္မာႏိုင္ငံတြင္ NLD ပါတီ၏ တိုင္းရင္းသားမ်ားႏွင့္ျပည္နယ္မ်ားကို ကိုယ္စားျပဳမႈအေပၚတြင္ နားလည္လက္ခံထားမႈႏွင့္ တိုင္းရင္းသားပါတီမ်ား၏လိုလားခ်က္တို႔ ကြဲလြဲေနဟန္ရွိသည္ဟုသတိျပဳမိ သည္။ လက္ရွိ NLD ပါတီသြားေနသည့္လမ္းေၾကာင္းမွာ တိုင္းရင္းသားပါတီမ်ားႏွင့္ကို္ယ္စားျပဳမႈအေရအတြက္ ခြဲေဝရယူျခင္း ထက္ မိမိတို႔ပါတီတြင္ တုိင္းရင္းသားလူမ်ိဳးမ်ားပါရွိသည္မို႔ ကိုယ္စားျပဳၿပီးသားျဖစ္သည္ဟု ယံုၾကည္ၾကဟန္ရွိသည္။ အမွန္တကယ္ တိုင္းရင္းသားပါတီမ်ားဖက္ကမူ NLD ပါတီတြင္ တိုင္းရင္းသားလူမ်ိဳးမ်ားရွိေနျခင္း၊ မရွိေနျခင္းထက္ ျပည္နယ္အက်ိဳးစီးပြား၊ မိမိတို႔ တုိင္းရင္းသားအက်ိဳးစီးပြားမ်ားကို ေရွးရႈ၍ တည္ေထာင္ေသာတုိင္းရင္းသားပါတီမ်ားက ျပည္ေထာင္စုအဆင့္ႏွင့္ျပည္နယ္အဆင့္ အစိုးရအဖြဲ႕မ်ား၊ လႊတ္ေတာ္မ်ားတြင္ဝင္ေရာက္ကိုယ္စားျပဳပါဝင္ႏုိင္မွသာ အမွန္တကယ္ကိုယ္စားျပဳရာေရာက္သည္ဟု ယူဆၾက သည္။

ဖက္ဒရယ္စနစ္တည္ေဆာက္ျခင္းႏွင့္ျပည္နယ္မ်ား၏ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ အခြင့္အာဏာမ်ားကိုတည္ေဆာက္ျခင္းသည္ ႏုိင္ငံေရးစနစ္အေျပာင္းအလဲမ်ားတြင္ပိုမိုအခြင့္အေရးေကာင္းတတ္သည္ကို ေလ့လာေတြ႕ရွိရသည္။

လက္ရွိအာဏာကို ဆုပ္ကိုင္ထားသူမ်ားသည္ မိမိတို႔၏အာဏာကို အလြယ္တကူေလွ်ာ့ခ်ရန္ အခုအခံမ်ားစြာ ရွိေနတတ္ သည္။ ထို႔ေၾကာင့္ႏိုင္ငံေရးစနစ္အေျပာင္းအလဲမ်ားသည္ ျပည္နယ္မ်ား၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ႏွင့္ဖက္ဒရယ္တည္ေဆာက္ရန္ အခြင့္အလမ္းျဖစ္တတ္သည္။ ဥပမာအားျဖင့္ အိႏၵယ၊ ႏိုင္ဂ်ီးရီးယား၊ ဂါနာ၊ ကင္ညာႏွင့္ ယူဂမ္ဒါအစရွိသည့္ ႏိုင္ငံမ်ားတြင္ ကိုလိုနီ လက္ေအာက္မွ လြတ္လပ္ေရးရၿပီးေနာက္ ျပည္နယ္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္မ်ားႏွင့္အာဏာခြဲေဝမႈမ်ားတည္ေဆာက္ခဲ့ၾကသည္။

ျမန္မာႏိုင္ငံသည္ ျဗိတိသွ်လက္ေအာက္မွ လြတ္လပ္ေရးရယူရန္ႀကိဳးပမ္းခ်ိန္တြင္ျပည္နယ္မ်ား၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္မ်ား ကို သတ္မွတ္ရန္ႀကိဳးစားခဲ့ၾကသည္။ ပင္လံုစာခ်ဳပ္သည္ တိုင္းရင္းသားမ်ားႏွင့္ျပည္နယ္မ်ား၏ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို တည္ေဆာက္ရန္ႀကိဳးစားခဲ့ၾကသည့္ သက္ေသပင္ျဖစ္သည္။ သို႔ေသာ္လည္း ျမန္မာႏုိင္ငံသည္လြတ္လပ္ေရးရၿပီးေနာက္ ျပည္နယ္ မ်ား၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကိုအာမခံႏိုင္မႈႏွင့္ ဖက္ဒရယ္တည္ေဆာက္ေရးတို႔တြင္ မေအာင္ျမင္ခဲ့ေပ။ ယခုတစ္ဖန္ ႏိုင္ငံေရးစနစ္ အေျပာင္းအလဲႏွင့္အစိုးရအေျပာင္းအလဲတစ္ရပ္သည္ ျပန္လည္တည္ေဆာက္ရန္ အခြင့္အေရးျဖစ္လာႏိုင္စရာရွိသည္။ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲတြင္ ျပည္သူ႕မဲဆႏၵျဖင့္တက္လာသည့္ အစိုးရကိုယ္တုိင္ကလည္း ဒီမိုကေရစီႏွင့္ဖက္ဒရယ္ကို ေၾကြးေၾကာ္ခဲ့သည့္ပါတီျဖစ္သည္။ သို႔ေသာ္လည္းလက္ရွိတြင္ ျမင္ေနၾကရသည့္အတိုင္း လက္ရွိအာဏာရပါတီ၏ ဖက္ဒရယ္ အေပၚ ခ်ဥ္းကပ္မႈႏွင့္ တိုင္းရင္းသားမ်ားအမွန္တကယ္လိုခ်င္ေသာ ဖက္ဒရယ္ပံုစံႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြန္းမ်ားမွာ မတူညီၾကေပ။

ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္မ်ားတည္ေဆာက္ရာတြင္ ဒီမိုကေရစီက်င့္သံုးၿပီး တရားဥပေဒစိုးမိုးမႈရွိေသာႏို္င္ငံမ်ားသည္ ပို၍ ေအာင္ျမင္ႏိုင္ေခ်ရွိသည္။ ကြန္ျမဴနစ္ႏိုင္ငံမ်ား၊ တတိယကမာၻမွႏိုင္ငံမ်ားႏွင့္ဒီမိုကရက္တစ္ လူ႔အဖြဲ႕အစည္းမ်ားကို ႏိႈင္းယွဥ္၍ ေလ့လာၾကည့္လွ်င္ ဒီမိုကေရစီအေလ့အထားမ်ား ထြန္းကားၿပီးသားႏိုင္ငံမ်ားသည္ ျပည္နယ္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ အခြင့္အာဏာ မ်ားတည္ေဆာက္ရာတြင္ ပို၍ေအာင္ျမင္မႈရွိသည္ကို ေတြ႕ရသည္။ ဗဟုဝါဒႏွင့္မတူညီေသာယဥ္ေက်းမႈႏွင့္ ဘာသာတရားမ်ား အေပၚတြင္ေလးစားျခင္းတို႔သည္ ဒီမိုကေရစီ၏အေလ့အထမ်ားျဖစ္သည္။ ဗဟုိႏွင့္ျပည္နယ္မ်ားအၾကား အာဏာခြဲေဝျခင္းမ်ားတြင္ လည္းမ်ားစြာေသာေဆြးေႏြးညွိႏႈိင္းမႈမ်ားလိုအပ္သည္။ ထို႔အျပင္ ျပည္နယ္အစုိးရမ်ားႏွင့္ ဗဟိုအစိုးရအၾကား အျငင္းပြားမႈရွိလွ်င္ ေသာ္လည္းေကာင္း၊ ဥပေဒမ်ား၏ဆိုလိုရင္းကို အဓိပၸာယ္ဖြင့္ဆိုရန္လိုအပ္လာလွ်င္ေသာ္လည္းေကာင္း ေျဖရွင္းႏိုင္ရန္တရားရံုးမ်ား၏ အဆံုးအျဖတ္ကို ရယူၾကရမည္ျဖစ္သည္။ ထိုသို႔ရယူရာတြင္ ၄င္းတရားရံုးမ်ားသည္ ဘက္ႏွစ္ဖက္ စလံုးမွ ယံုၾကည္မႈရွိေသာ ေလးစားမႈရွိေသာ တရားစီရင္ေရးယႏၱရားျဖစ္ေနရမည္ျဖစ္သည္။ လက္ရွိျမန္မာႏိုင္ငံတြင္ ခိုင္မာအားေကာင္းေသာ တရားစီရင္ေရး ယႏၱရား မရွိေသးေပ။

ဖက္ဒရယ္တည္ေဆာက္ေရးႏွင့္ျပည္နယ္မ်ား၏ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အခြင့္အာဏာမ်ားကို တည္ေဆာက္ရာတြင္ အခ်ဳပ္အျခာအာဏာႏွင့္ျပည္နယ္မ်ားတည္ရွိမႈွႏွင့္ပတ္သက္၍ အျငင္းပြားမႈရွိမေနပါက ပို၍ေအာင္ျမင္ႏိုင္စရာအေၾကာင္းရွိသည္။ ဥပမာအားျဖင့္ တရုတ္ႏိုင္ငံသည္ တိဗက္၏အုပ္ခ်ဳပ္မႈအခြင့္အာဏာအတြက္ ေဆြးေႏြးရန္ျပင္ဆင္ရာတြင္ ၄င္း၏လိုလားခ်က္မွာ ဒလိုင္းလားမားသည္ တိဘက္ကို တရုတ္ျပည္၏ အစိတ္အပိုင္းတစ္ခုအျဖစ္ခြဲထုတ္၍မရဆိုသည္ကို လက္ခံထားရမည္ျဖစ္သည္။ အလားတူပင္ အိႏၵိယတြင္ ဘာသာစကားအရ မတူညီေသာျပည္နယ္မ်ား၏ အုပ္ခ်ဳပ္မႈအာဏာမွာ ျပႆနာမရွိေသာ္လည္း ကရွ္မီးယား၏ အေနအထားကေတာ့ အျငင္းပြားဖြယ္ျဖစ္ေနဆဲျဖစ္သည္။ ထို႔ေၾကာင့္ ျပည္နယ္ကိုယ္ပိုင္အုပ္ခ်ဳပ္မႈ နယ္နမိတ္မ်ား သတ္မွတ္ျခင္းႏွင့္ ဖက္ဒရယ္တည္ေဆာက္ျခင္းတုိ႔တြင္ ၄င္းျပည္နယ္တို႔၏တည္ရွိမႈသမိုင္းေၾကာင္းႏွင့္ နယ္နမိတ္တို႔အပါအဝင္ ျပည္နယ္အခ်ဳပ္အျခာမ်ားေပၚတြင္ အျငင္းပြားမႈမရွိပါက ပို၍ ေအာင္ျမင္လိမ့္မည္ျဖစ္သည္။ ျမန္မာႏို္င္ငံ၏ဖက္ဒရယ္တည္ေဆာက္ ေရးတြင္ ပထဝီနယ္နမိတ္ကို ျပန္လည္ျပင္ဆင္သတ္မွတ္ဖို႔ ေတာင္းဆိုေနသည္မ်ားရွိသည္ကို ထည့္သြင္းစဥ္းစားရမည္။

ဖက္ဒရယ္တည္ေဆာက္ရာတြင္ျပည္နယ္မ်ား၏ ကို္ယ္ပိုင္အုပ္ခ်ဳပ္မႈအာဏာမ်ားကို ညွိႏႈိင္းေဆြးေႏြးရာတြင္ ဒီမိုကေရစီ နည္းလမ္းက်ႏွင့္ သက္ဆိုင္သူမ်ားပူးေပါင္းပါဝင္ေဆြးေႏြးႏုိင္ေသာနည္းလမ္းက တစ္ဖက္သတ္တင္သြင္းေသာနည္းလမ္းထက္ ပို၍ေအာင္ျမင္ႏုိင္ေျခရွိသည္။ ျပည္နယ္အုပ္ခ်ဳပ္မႈ အခြင့္အာဏာမ်ားသတ္မွတ္မႈအမ်ားစုသည္ဤသို႔ ညွိႏိႈင္းေဆြးေႏြးျခင္းထက္ ကိုလိုနီစနစ္က်ဆံုးၿပီး လြတ္လပ္ေရးအတြက္တုိက္ပြဲဝင္ခဲ့ေသာ ေခါင္းေဆာင္မ်ားက အဆိုျပဳဆံုးျဖတ္သတ္မွတ္ခဲ့ၾကသည့္ ပံုစံက မ်ားသည္။ ဥပမာအားျဖင့္ ကရွ္မီးယားေဒသည္ဤသို႔ ေဆြးေႏြးညွိႏႈိင္းမႈပံုစံက ထြက္ေပၚလာသည္မဟုတ္ဘဲ ရႈတ္ေထြးေသာ ကမာၻ႕ႏိုင္ငံေရးဇာတ္ခံုေပၚမွ ထြက္လာျခင္းျဖစ္သည္။ ကရွ္မီးယားတို႔ကိုယ္တုိင္ မပါဝင္ခဲ့သလို အျခားေသာအိႏၵိယသားတုိ႔လည္း မပါဝင္ခဲ့သည့္အတြက္ လက္ရွိအခ်ိန္တြင္ ကရွ္မီးယားသည္ မမွ်တေသာ အခြင့္အာဏာရေနသည္ဟု ယူဆေနၾကသည္။

အေရးႀကီးဆံုးအခ်က္မွာ ဖက္ဒရယ္တည္ေဆာက္ေရးတြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အာဏာမ်ားေပးျခင္းသည္ ခြဲထြက္ေရးကို ျဖစ္ေပၚလာေစႏိုင္သည္ဆိုသည့္ အခ်က္ပင္ျဖစ္သည္။ အမွန္တကယ္ ဖက္ဒရယ္ကိုယံုၾကည္သူမ်ားက စစ္မွန္ေသာျပည္နယ္မ်ား ၏အုပ္ခ်ဳပ္မႈအခြင့္အာဏာကို အာမခံထားျခင္းသည္ ခြဲထြက္မႈကို မျဖစ္ေစဘဲ ခြဲထြက္မႈကို ကာကြယ္ေပးႏုိင္သည္ဟု လက္ခံထား ၾကသည္။ ထို႔ျပင္ ဖက္ဒရယ္တည္ေဆာက္ျခင္းႏွင့္အတူတကြ ေပါင္းစည္းေနထိုင္ရန္ဆံုးျဖတ္ၾကျခင္းသည္ အျပန္အလွန္နားလည္ လက္ခံမႈႏွင့္ မိမိတို႔၏စိတ္သေဘာဆႏၵအေလ်ာက္ ေနလိုၾကျခင္းျဖစ္ဖို႔လိုသည္။ ထိုသို႔ အမွန္တကယ္ ျပည္နယ္မ်ား၏အာဏာကို အျပည့္အဝကာကြယ္ရန္တည္ေဆာက္ထားႏိုင္ပါက ခြဲထြက္ေရးေတာင္းဆုိမႈမ်ား ရွိလာၾကမည္မဟုတ္ပါ။ စိတ္ဝင္စားစရာ ေကာင္းေသာအခ်က္မွာ ကေနဒါႏွင့္ ဆြစ္ဇာလန္လိုႏိုင္ငံမ်ားတြင္ ခြဲထြက္ေရးေတာင္းဆုိၾကမည့္ေဒသမ်ားရွိလာပါက ခုခံျငင္းဆန္ မည့္သူမ်ားရွိဖို႔ ခဲယဥ္းလိမ့္မည္ျဖစ္သည္။

နိဂံုး
ျမန္မာႏိုင္ငံသည္ႏွစ္ရွည္လမ်ားရင္ဆုိင္ေနရေသာ ပဋိပကၡမ်ားႏွင့္တိုင္းရင္းသားအေရးကို ေျဖရွင္းေဆာင္ရြက္ရန္မွာ ဖက္ဒရယ္စနစ္တည္ေဆာက္ျခင္းသည္သာ အေျဖျဖစ္သည္။ ထို႔ျပင္ ဖက္ဒရယ္စနစ္တည္ေဆာက္သင့္သည္ဆုိသည့္အခ်က္ေပၚ တြင္ သက္ဆိုင္သူအားလံုးအျငင္းပြားမႈမရွိေတာ့သည္မွာ ေရွ႕သို႔တက္လွမ္းရန္ ေမွ်ာ္လင့္စရာအခ်က္ျဖစ္သည္။ သို႔ေသာ္လည္း ဖက္ဒရယ္အေပၚနားလည္မႈ၊ ခ်ဥ္းကပ္မႈႏွင့္ျပည္နယ္မ်ား၏ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အာဏာကို သတ္မွတ္ျပ႒ာန္းေရးႏွင့္ အကာအကြယ္ေပးေရးတို႔တြင္ေတာ့ အျမင္မတူညီမႈမ်ားစြာရွိေနသည္။ ႏိုင္ငံေရးစနစ္အကူးအေျပာင္းႏွင့္ႀကံဳလာ၍ ေဆြးေႏြးညွိ ႏႈိင္းမႈမ်ားအတြက္ အခြင့္အလမ္းျဖစ္လာေသာ္လည္း ဒီမိုကေရစီ၏အေလ့အထႏွင့္ေဝးကြာေနသည္မွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာရွိ ေနၿပီမို႔ ယဥ္ေက်းမႈႏွင့္ကိုးကြယ္ယံုၾကည္မႈမ်ားမတူညီမႈအေပၚတြင္ ေလးစားတန္ဖိုးထားတတ္ျခင္းဆိုသည့္ ဒီမိုကရက္တစ္ဓေလ့ မ်ားလည္း လူ႕အဖြဲ႕အစည္းအေပၚထဲသို႔ ေရာက္ရွိလာႏိုင္ျခင္းမရွိေသးေပ။ ထို႔ျပင္ ဘူးေလးရာဖရံုဆင့္ဆိုသလို ႏုိင္ငံ၏တရားစီရင္ ေရးယႏၱရားသည္လည္း ျခြတ္ၿခံဳက်ေနသလို အခ်ိဳ႕ေသာျပည္နယ္မ်ား အခ်ဳပ္အျခာအာဏာႏွင့္နယ္နိမိတ္သတ္မွတ္်ားမႈမ်ားတြင္ အျငင္းပြားဖြယ္မ်ားရွိေနဆဲျဖစ္သည္။ သို႔ေသာ္ ဤျပႆနာမ်ားကို ေျဖရွင္းႏုိင္ရန္နည္းလမ္းမွာ စစ္မွန္ေသာဖက္ဒရယ္စနစ္တည္ ေဆာက္ျခင္းႏွင့္ျပည္နယ္မ်ား၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကိုဖြဲ႕စည္းပံုအေျခခံဥပေဒအရ အကာအကြယ္ေပးႏုိင္ေရးတုိ႔သည္သာ မျဖစ္မေနေရြးခ်ယ္ရမည့္ နည္းလမ္းျဖစ္သည္။

ထြဋ္မင္းျမတ္

Unicode

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသည်မှာ တိုင်းရင်းသားလူမျိုးများနှင့်ကွဲပြားသော ကိုယ်ပိုင်အမှတ်သရုပ် များရှိသည့် အခြားလူမျိုးများအတွက် မိမိတို့၏အရေးကိစ္စများနှင့်အကျိုးစီးပွားများအတွက် မိမိတို့ကိုယ်တိုင်အုပ်ချုပ်ခွင့်၊ စီမံခွင့်ရှိ ခြင်းဖြစ်သည်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဟုလည်းဆိုနိုင်သည်။ ၎င်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံပေးနိုင်ရန်တည်ဆောက်နိုင် သည့် ဥပဒေမူဘောင်ပုံစံမျိုးစုံရှိသည်။ ထိုအထဲမှ အများစုသဘောတူလက်ခံထားကြသည့်ပုံစံမှာ ဖက်ဒရယ်စနစ်ဖြစ်သည်။ ဖက်ဒရယ်စနစ်သည် တိုင်းရင်းသားလူမျိုးများကွဲပြားမှုများစွာရှိသည့်နိုင်ငံများအတွက် ၎င်းတို့နေထိုင်ရာပြည်နယ်များအတွက် တန်းတူအခွင့်အာဏာနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံပေးထားနိုင်သလို ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရများအကြားလည်း ဆက်ဆံရေးရှိနေစေနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်သည်။

ဖက်ဒရယ်စနစ်ကို တိုင်းရင်းသားလူမျိုးများစွာရှိသောနိုင်ငံများ၊ လူမျိုးစုပဋိပက္ခများရှိနေသော နိုင်ငံများအတွက် ၎င်းပြဿနာများကိုစီမံခန့်ခွဲနိုင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်ဟု မှတ်ယူလာကြသည်။ တိုင်းရင်းသားလူနည်းစု တစ်စု (သို့) နှစ်စုသာရှိသောနိုင်ငံများတွင် ဖက်ဒရယ်စနစ်ကိုမဖြစ်မနေကျင့်သုံးရန် မလိုအပ်သော်လည်း တိုင်းရင်းသားလူမျိုးစု များစွာရှိသောနိုင်ငံများအတွက် ကျင့်သုံးရန်လိုအပ်သည်။ ဖက်ဒရယ်စနစ်တွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အာဏာများကို အာမခံမှု ပေးနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင်ထည်း့သွင်း၍ သတ်မှတ်ပြဋ္ဌာန်းခွင့်များကို ကာကွယ်မှုမပေးနိုင်လျှင် (သို့) လုံလောက် သည့်အခွင့်အာဏာကို ပေးထားနိုင်မှုမရှိလျှင် ၎င်းကို ဗဟိုချုပ်ကိုင်မှုလျှော့ချထားခြင်းဟုပင် သတ်မှတ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကိုယ်ပိုင်အမှတ်သရုပ်များ၊ ယဉ်ကျေးမှုများ၊ ဘာသာစကားများရှိကြသည့် မတူညီသောတိုင်းရင်းသား မျိုးနွယ်စုအများအပြားရှိသော တိုင်းပြည်ဖြစ်သောကြောင့် ဖက်ဒရယ်စနစ်ကျင့်သုံးသင့်သည်နိုင်ငံဖြစ်သည်မှာ ငြင်းစရာမရှိပေး။ သို့သော်လည်း နှစ်ပေါင်း(၆၀)ကျော်ကြာသည့်တိုင်အောင် အုပ်ချုပ်သူအစိုးရများဖက်မှ “ဖက်ဒရယ်” ဆိုသည့်စကားလုံးကိုပင် အကဲဆတ်၍လက်မခံနိုင်ဘဲ စကားလုံးတစ္ဆေဖြစ်နေခဲ့သည်။ သို့သော်အဆိုးများထဲမှ အကောင်းတစ်ခုမှာ လက်ရှိအချိန်တွင်တော့ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဆိုသောစကားလုံးမှာ တွင်တွင်ကျယ်ကျယ်သုံးလာနိုင်သလို တပ်မတော်အပါအဝင်နိုင်ငံရေးတွင် ပါဝင် ပတ်သက်သူများအားလုံးကလည်း မြန်မာနိုင်ငံသည် ဖက်ဒရယ်စနစ်ကျင့်သုံးသင့်သည်ဆိုသည့် အချက်ကိုတော့ အငြင်းပွားမှု မရှိတော့ပေ။ သို့သော်လည်း ဖက်ဒရယ်အပေါ်နားလည်မှု၊ ချဉ်းကပ်မှုနှင့်အကောင်အထည်ဖော်လိုသည့် ဖက်ဒရယ်ပုံစံကတော့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူကြပေ။ ထို့အတွက် လက်ရှိမြန်မာနိုင်ငံ၏အဓိက စိန်ခေါ်ချက်မှာ ဖက်ဒရယ်စနစ်ကျင့်သုံးသင့်၊ မကျင့်သုံး သင့်မဟုတ်တော့ဘဲ မည်သို့သောဖက်ဒရယ်စနစ်ပုံစံကို ကျင့်သုံးမည်နှင့် တိုင်းရင်းသားတို့၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မည်သို့အာမ ခံနိုင်ရန် တည်ဆောက်မည်နည်းဟူသည့် အချက်တို့ပင်ဖြစ်သည်။

ဖက်ဒရယ်စနစ်ဖော်ဆောင်ရာတွင် လိုအပ်သည့်အခြေအနေများ
ယခုဆွေးနွေးသွားမည်မှာ တိုင်းရင်းသားမျိုးနွယ်စုများကို အခြေခံ၍ဖွဲ့စည်းသောဖက်ဒရယ်စနစ်ဖြစ်သည့်အတွက် ပထဝီ ဒေသကိုအခြေခံ၍ဖွဲ့စည်းသော ဖက်ဒရယ်များနှင့်တော့ ကွဲလွဲမှုများရှိမည်ဖြစ်သည်။ ပထဝီဒေသကို အခြေခံ၍ဖွဲ့စည်းသော ဖက်ဒရယ်နိုင်ငံများဖြစ်ကြသည့် သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စုကဲ့သို့သောနိုင်ငံများနှင့် တိုင်းရင်းသားမျိုးနွယ်များ၊ လူနည်းစုများကိုအခြေခံ၍ဖွဲ့စည်းသော ဖက်ဒရယ်နိုင်ငံများဖြစ်ကြသည့် ကနေဒါ၊ အိန္ဒိယ၊ စပိန်နှင့်အီသီယိုးပီးယားကဲ့သို့သော နိုင်ငံများ၏ဖက်ဒရယ်ကိုတည်ဆောက်ပုံ၊ ဒီဇိုင်းဆင်ပုံနှင့် အလေးထားသောတန်ဖိုးများ တူညီကြမည် မဟုတ်ပါ။

ဤသို့တိုင်းရင်းသားမျိုးနွယ်များအပေါ်တွင်အခြေခံ၍တည်ဆောက်သော ဖက်ဒရယ်နိုင်ငံများသည် မတူကွဲပြားမှုများနှင့် လူမျိုးပေါင်းစုံတန်းတူညီမျှစွာ အတူတကွနေထိုင်ရေးတို့အပေါ်တွင် ပို၍အာရုံစိုက်ကြသည်။ မျှဝေအုပ်ချုပ်ခြင်းထက် ကိုယ်ပိုင်အုပ် ချုပ်ခွင့်နှင့် ပြည်နယ်များ၏ အုပ်ချုပ်ခွင့်အာဏာများအပေါ်တွင် ပို၍အလေးထားကြသည်။ ထို့ပြင် ဘာသာစကား၊ ကိုးကွယ်ရာဘာ သာနှင့် နေထိုင်ရာပထဝီဒေသ၊ မတူညီသော အုပ်စုများကို ပြည်ထောင်စုအဖွဲ့အစည်းများနှင့် မူဝါဒချမှတ်ခြင်းများတွင် ကိုယ်စားပြု ပါရှိနိုင်အောင် ဂရုတစိုက်ထည့်သွင်းစဉ်းစားကြရသည်။

အာဏာခွဲဝေမှုပုံစံတွင်လည်း ပုံမှန်ဖက်ဒရယ်၏အရေးပါသောအစိတ်အပိုင်းများအပြင် ယဉ်ကျေးမှုဆိုင်ရာကိစ္စများဖြစ် သည့် ပညာရေး၊ ယုံကြည်ကိုးကွယ်မှုနှင့် အနုပညာကိစ္စရပ်များကို ပို၍ထည့်သွင်းစဉ်းစားကြသည်။ နိုင်ငံရေးပါတီများဖွဲ့စည်း ဆောင်ရွက်ကြရာတွင်လည်း ကွဲပြားခြားနားမှုရှိကြသည်။ ပြည်နယ်အခြေစိုက်ပါတီများနှင့်ပြည်ထောင်စုအဆင့်ပါတီများအကြား လည်း ဆက်ဆံရေးခိုင်ခိုင်မာမာမရှိတတ်ကြပေ။ ပြည်ထောင်စုအဆင့်ပါတီများသည်လည်း ပြည်နယ်ဒေသများ၏လိုအပ်ချက်များ ကိုသေချာစွာနားလည်မှု ရှိချင်မှရှိကြပေမည်။

ဤနေရာတွင်ဆက်စပ်၍ပြောရလျှင် ယခုလက်ရှိမြန်မာနိုင်ငံတွင် NLD ပါတီ၏ တိုင်းရင်းသားများနှင့်ပြည်နယ်များကို ကိုယ်စားပြုမှုအပေါ်တွင် နားလည်လက်ခံထားမှုနှင့် တိုင်းရင်းသားပါတီများ၏လိုလားချက်တို့ ကွဲလွဲနေဟန်ရှိသည်ဟုသတိပြုမိ သည်။ လက်ရှိ NLD ပါတီသွားနေသည့်လမ်းကြောင်းမှာ တိုင်းရင်းသားပါတီများနှင့်ကိုယ်စားပြုမှုအရေအတွက် ခွဲဝေရယူခြင်း ထက် မိမိတို့ပါတီတွင် တိုင်းရင်းသားလူမျိုးများပါရှိသည်မို့ ကိုယ်စားပြုပြီးသားဖြစ်သည်ဟု ယုံကြည်ကြဟန်ရှိသည်။ အမှန်တကယ် တိုင်းရင်းသားပါတီများဖက်ကမူ NLD ပါတီတွင် တိုင်းရင်းသားလူမျိုးများရှိနေခြင်း၊ မရှိနေခြင်းထက် ပြည်နယ်အကျိုးစီးပွား၊ မိမိတို့ တိုင်းရင်းသားအကျိုးစီးပွားများကို ရှေးရှု၍ တည်ထောင်သောတိုင်းရင်းသားပါတီများက ပြည်ထောင်စုအဆင့်နှင့်ပြည်နယ်အဆင့် အစိုးရအဖွဲ့များ၊ လွှတ်တော်များတွင်ဝင်ရောက်ကိုယ်စားပြုပါဝင်နိုင်မှသာ အမှန်တကယ်ကိုယ်စားပြုရာရောက်သည်ဟု ယူဆကြ သည်။

ဖက်ဒရယ်စနစ်တည်ဆောက်ခြင်းနှင့်ပြည်နယ်များ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အာဏာများကိုတည်ဆောက်ခြင်းသည် နိုင်ငံရေးစနစ်အပြောင်းအလဲများတွင်ပိုမိုအခွင့်အရေးကောင်းတတ်သည်ကို လေ့လာတွေ့ရှိရသည်။

လက်ရှိအာဏာကို ဆုပ်ကိုင်ထားသူများသည် မိမိတို့၏အာဏာကို အလွယ်တကူလျှော့ချရန် အခုအခံများစွာ ရှိနေတတ် သည်။ ထို့ကြောင့်နိုင်ငံရေးစနစ်အပြောင်းအလဲများသည် ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ဖက်ဒရယ်တည်ဆောက်ရန် အခွင့်အလမ်းဖြစ်တတ်သည်။ ဥပမာအားဖြင့် အိန္ဒယ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ ကင်ညာနှင့် ယူဂမ်ဒါအစရှိသည့် နိုင်ငံများတွင် ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေးရပြီးနောက် ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်များနှင့်အာဏာခွဲဝေမှုများတည်ဆောက်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရယူရန်ကြိုးပမ်းချိန်တွင်ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ကို သတ်မှတ်ရန်ကြိုးစားခဲ့ကြသည်။ ပင်လုံစာချုပ်သည် တိုင်းရင်းသားများနှင့်ပြည်နယ်များ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တည်ဆောက်ရန်ကြိုးစားခဲ့ကြသည့် သက်သေပင်ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံသည်လွတ်လပ်ရေးရပြီးနောက် ပြည်နယ် များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုအာမခံနိုင်မှုနှင့် ဖက်ဒရယ်တည်ဆောက်ရေးတို့တွင် မအောင်မြင်ခဲ့ပေ။ ယခုတစ်ဖန် နိုင်ငံရေးစနစ် အပြောင်းအလဲနှင့်အစိုးရအပြောင်းအလဲတစ်ရပ်သည် ပြန်လည်တည်ဆောက်ရန် အခွင့်အရေးဖြစ်လာနိုင်စရာရှိသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့မဲဆန္ဒဖြင့်တက်လာသည့် အစိုးရကိုယ်တိုင်ကလည်း ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို ကြွေးကြော်ခဲ့သည့်ပါတီဖြစ်သည်။ သို့သော်လည်းလက်ရှိတွင် မြင်နေကြရသည့်အတိုင်း လက်ရှိအာဏာရပါတီ၏ ဖက်ဒရယ် အပေါ် ချဉ်းကပ်မှုနှင့် တိုင်းရင်းသားများအမှန်တကယ်လိုချင်သော ဖက်ဒရယ်ပုံစံနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွန်းများမှာ မတူညီကြပေ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်များတည်ဆောက်ရာတွင် ဒီမိုကရေစီကျင့်သုံးပြီး တရားဥပဒေစိုးမိုးမှုရှိသောနိုင်ငံများသည် ပို၍ အောင်မြင်နိုင်ချေရှိသည်။ ကွန်မြူနစ်နိုင်ငံများ၊ တတိယကမ္ဘာမှနိုင်ငံများနှင့်ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းများကို နှိုင်းယှဉ်၍ လေ့လာကြည့်လျှင် ဒီမိုကရေစီအလေ့အထားများ ထွန်းကားပြီးသားနိုင်ငံများသည် ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အာဏာ များတည်ဆောက်ရာတွင် ပို၍အောင်မြင်မှုရှိသည်ကို တွေ့ရသည်။ ဗဟုဝါဒနှင့်မတူညီသောယဉ်ကျေးမှုနှင့် ဘာသာတရားများ အပေါ်တွင်လေးစားခြင်းတို့သည် ဒီမိုကရေစီ၏အလေ့အထများဖြစ်သည်။ ဗဟိုနှင့်ပြည်နယ်များအကြား အာဏာခွဲဝေခြင်းများတွင် လည်းများစွာသောဆွေးနွေးညှိနှိုင်းမှုများလိုအပ်သည်။ ထို့အပြင် ပြည်နယ်အစိုးရများနှင့် ဗဟိုအစိုးရအကြား အငြင်းပွားမှုရှိလျှင် သော်လည်းကောင်း၊ ဥပဒေများ၏ဆိုလိုရင်းကို အဓိပ္ပာယ်ဖွင့်ဆိုရန်လိုအပ်လာလျှင်သော်လည်းကောင်း ဖြေရှင်းနိုင်ရန်တရားရုံးများ၏ အဆုံးအဖြတ်ကို ရယူကြရမည်ဖြစ်သည်။ ထိုသို့ရယူရာတွင် ၎င်းတရားရုံးများသည် ဘက်နှစ်ဖက် စလုံးမှ ယုံကြည်မှုရှိသော လေးစားမှုရှိသော တရားစီရင်ရေးယန္တရားဖြစ်နေရမည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ခိုင်မာအားကောင်းသော တရားစီရင်ရေး ယန္တရား မရှိသေးပေ။

ဖက်ဒရယ်တည်ဆောက်ရေးနှင့်ပြည်နယ်များ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အာဏာများကို တည်ဆောက်ရာတွင် အချုပ်အခြာအာဏာနှင့်ပြည်နယ်များတည်ရှိမှုှနှင့်ပတ်သက်၍ အငြင်းပွားမှုရှိမနေပါက ပို၍အောင်မြင်နိုင်စရာအကြောင်းရှိသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံသည် တိဗက်၏အုပ်ချုပ်မှုအခွင့်အာဏာအတွက် ဆွေးနွေးရန်ပြင်ဆင်ရာတွင် ၎င်း၏လိုလားချက်မှာ ဒလိုင်းလားမားသည် တိဘက်ကို တရုတ်ပြည်၏ အစိတ်အပိုင်းတစ်ခုအဖြစ်ခွဲထုတ်၍မရဆိုသည်ကို လက်ခံထားရမည်ဖြစ်သည်။ အလားတူပင် အိန္ဒိယတွင် ဘာသာစကားအရ မတူညီသောပြည်နယ်များ၏ အုပ်ချုပ်မှုအာဏာမှာ ပြဿနာမရှိသော်လည်း ကရှ်မီးယား၏ အနေအထားကတော့ အငြင်းပွားဖွယ်ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်မှု နယ်နမိတ်များ သတ်မှတ်ခြင်းနှင့် ဖက်ဒရယ်တည်ဆောက်ခြင်းတို့တွင် ၎င်းပြည်နယ်တို့၏တည်ရှိမှုသမိုင်းကြောင်းနှင့် နယ်နမိတ်တို့အပါအဝင် ပြည်နယ်အချုပ်အခြာများပေါ်တွင် အငြင်းပွားမှုမရှိပါက ပို၍ အောင်မြင်လိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ဖက်ဒရယ်တည်ဆောက် ရေးတွင် ပထဝီနယ်နမိတ်ကို ပြန်လည်ပြင်ဆင်သတ်မှတ်ဖို့ တောင်းဆိုနေသည်များရှိသည်ကို ထည့်သွင်းစဉ်းစားရမည်။

ဖက်ဒရယ်တည်ဆောက်ရာတွင်ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်မှုအာဏာများကို ညှိနှိုင်းဆွေးနွေးရာတွင် ဒီမိုကရေစီ နည်းလမ်းကျနှင့် သက်ဆိုင်သူများပူးပေါင်းပါဝင်ဆွေးနွေးနိုင်သောနည်းလမ်းက တစ်ဖက်သတ်တင်သွင်းသောနည်းလမ်းထက် ပို၍အောင်မြင်နိုင်ခြေရှိသည်။ ပြည်နယ်အုပ်ချုပ်မှု အခွင့်အာဏာများသတ်မှတ်မှုအများစုသည်ဤသို့ ညှိနှိုင်းဆွေးနွေးခြင်းထက် ကိုလိုနီစနစ်ကျဆုံးပြီး လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သော ခေါင်းဆောင်များက အဆိုပြုဆုံးဖြတ်သတ်မှတ်ခဲ့ကြသည့် ပုံစံက များသည်။ ဥပမာအားဖြင့် ကရှ်မီးယားဒေသည်ဤသို့ ဆွေးနွေးညှိနှိုင်းမှုပုံစံက ထွက်ပေါ်လာသည်မဟုတ်ဘဲ ရှုတ်ထွေးသော ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ ထွက်လာခြင်းဖြစ်သည်။ ကရှ်မီးယားတို့ကိုယ်တိုင် မပါဝင်ခဲ့သလို အခြားသောအိန္ဒိယသားတို့လည်း မပါဝင်ခဲ့သည့်အတွက် လက်ရှိအချိန်တွင် ကရှ်မီးယားသည် မမျှတသော အခွင့်အာဏာရနေသည်ဟု ယူဆနေကြသည်။

အရေးကြီးဆုံးအချက်မှာ ဖက်ဒရယ်တည်ဆောက်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာများပေးခြင်းသည် ခွဲထွက်ရေးကို ဖြစ်ပေါ်လာစေနိုင်သည်ဆိုသည့် အချက်ပင်ဖြစ်သည်။ အမှန်တကယ် ဖက်ဒရယ်ကိုယုံကြည်သူများက စစ်မှန်သောပြည်နယ်များ ၏အုပ်ချုပ်မှုအခွင့်အာဏာကို အာမခံထားခြင်းသည် ခွဲထွက်မှုကို မဖြစ်စေဘဲ ခွဲထွက်မှုကို ကာကွယ်ပေးနိုင်သည်ဟု လက်ခံထား ကြသည်။ ထို့ပြင် ဖက်ဒရယ်တည်ဆောက်ခြင်းနှင့်အတူတကွ ပေါင်းစည်းနေထိုင်ရန်ဆုံးဖြတ်ကြခြင်းသည် အပြန်အလှန်နားလည် လက်ခံမှုနှင့် မိမိတို့၏စိတ်သဘောဆန္ဒအလျောက် နေလိုကြခြင်းဖြစ်ဖို့လိုသည်။ ထိုသို့ အမှန်တကယ် ပြည်နယ်များ၏အာဏာကို အပြည့်အဝကာကွယ်ရန်တည်ဆောက်ထားနိုင်ပါက ခွဲထွက်ရေးတောင်းဆိုမှုများ ရှိလာကြမည်မဟုတ်ပါ။ စိတ်ဝင်စားစရာ ကောင်းသောအချက်မှာ ကနေဒါနှင့် ဆွစ်ဇာလန်လိုနိုင်ငံများတွင် ခွဲထွက်ရေးတောင်းဆိုကြမည့်ဒေသများရှိလာပါက ခုခံငြင်းဆန် မည့်သူများရှိဖို့ ခဲယဉ်းလိမ့်မည်ဖြစ်သည်။

နိဂုံး
မြန်မာနိုင်ငံသည်နှစ်ရှည်လများရင်ဆိုင်နေရသော ပဋိပက္ခများနှင့်တိုင်းရင်းသားအရေးကို ဖြေရှင်းဆောင်ရွက်ရန်မှာ ဖက်ဒရယ်စနစ်တည်ဆောက်ခြင်းသည်သာ အဖြေဖြစ်သည်။ ထို့ပြင် ဖက်ဒရယ်စနစ်တည်ဆောက်သင့်သည်ဆိုသည့်အချက်ပေါ် တွင် သက်ဆိုင်သူအားလုံးအငြင်းပွားမှုမရှိတော့သည်မှာ ရှေ့သို့တက်လှမ်းရန် မျှော်လင့်စရာအချက်ဖြစ်သည်။ သို့သော်လည်း ဖက်ဒရယ်အပေါ်နားလည်မှု၊ ချဉ်းကပ်မှုနှင့်ပြည်နယ်များ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို သတ်မှတ်ပြဋ္ဌာန်းရေးနှင့် အကာအကွယ်ပေးရေးတို့တွင်တော့ အမြင်မတူညီမှုများစွာရှိနေသည်။ နိုင်ငံရေးစနစ်အကူးအပြောင်းနှင့်ကြုံလာ၍ ဆွေးနွေးညှိ နှိုင်းမှုများအတွက် အခွင့်အလမ်းဖြစ်လာသော်လည်း ဒီမိုကရေစီ၏အလေ့အထနှင့်ဝေးကွာနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိ နေပြီမို့ ယဉ်ကျေးမှုနှင့်ကိုးကွယ်ယုံကြည်မှုများမတူညီမှုအပေါ်တွင် လေးစားတန်ဖိုးထားတတ်ခြင်းဆိုသည့် ဒီမိုကရက်တစ်ဓလေ့ များလည်း လူ့အဖွဲ့အစည်းအပေါ်ထဲသို့ ရောက်ရှိလာနိုင်ခြင်းမရှိသေးပေ။ ထို့ပြင် ဘူးလေးရာဖရုံဆင့်ဆိုသလို နိုင်ငံ၏တရားစီရင် ရေးယန္တရားသည်လည်း ခြွတ်ခြုံကျနေသလို အချို့သောပြည်နယ်များ အချုပ်အခြာအာဏာနှင့်နယ်နိမိတ်သတ်မှတ်ျားမှုများတွင် အငြင်းပွားဖွယ်များရှိနေဆဲဖြစ်သည်။ သို့သော် ဤပြဿနာများကို ဖြေရှင်းနိုင်ရန်နည်းလမ်းမှာ စစ်မှန်သောဖက်ဒရယ်စနစ်တည် ဆောက်ခြင်းနှင့်ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးနိုင်ရေးတို့သည်သာ မဖြစ်မနေရွေးချယ်ရမည့် နည်းလမ်းဖြစ်သည်။

ထွဋ်မင်းမြတ်