• Today is: Wednesday, August 5, 2020

တိုင္းရင္းသားလူမ်ိဳးမ်ားႏွင့္ ျပည္ေထာင္စု

Federal Journal
July15/ 2020

Zawgyi

ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ တိုင္းရင္းသားမ်ား၏ ေခါင္းေဆာင္မဟုတ္ ဗမာလက္ေအာက္က်ေရာက္ေအာင္ လိမ္လည္လွည္႕ဖ်ားစည္း႐ံုးသိမ္းသြင္းသူသာျဖစ္

ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ တိုင္းရင္းသားမ်ား၏ ေခါင္းေဆာင္မဟုတ္။ တိုင္းရင္းသားမ်ားကို ဗမာလက္ေအာက္ တသက္လံုးက်ေရာက္ေစရန္ လိမ္လည္လွည့္ဖ်ား စည္း႐ံုးေခါင္ေဆာင္ သိမ္းသြင္းသူသာျဖစ္ပါသည္။ လူအမ်ားက ဗိုလ္ခ်ဳပ္သာ အသက္ရွင္ပါက ဤကဲ့သို႔ျဖစ္မည္မဟုတ္ပါဟု ေျပာဆိုေနၾကပါသည္။ သူတို႔မသိလို႔ ေျပာၾကတာျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုယ္တိုင္က သစၥာေဖာက္ၿပီး လိမ္လည္လွည္ဖ်ား စည္း႐ံုးေနတာျဖစ္ေၾကာင္းကိုေအာက္ပါသက္ေသ အေထာက္အထားမ်ားအားျဖင့္ ေျပာႏိုင္တာျဖစ္ပါသည္။

အခ်က္ (၁)။ ။လြတ္လပ္ေရးရၿပီးရင္ ရွမ္း၊ ကခ်င္၊ ခ်င္းတို႔ ခြဲထြက္လိုက ခြဲထြက္ရမည္ဟု လိမ္လည္စည္း႐ံုးမႈေၾကာင့္ တိုင္းရင္းသားမ်ားကလည္း ဗမာႏွင့္ယာယီပူးေပါင္းၿပီး ျပန္လည္ခြဲထြက္ရန္ကိုသေဘာတူလက္ခံ၍ ပင္လံုစာခ်ဳပ္ကို ခ်ဳပ္ဆို လက္မွတ္ေရးထိုးၾကျခင္းျဖစ္ပါ သည္။

အခ်က္ (၂)။ ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေျပာစကား ေျပာင္းလဲလာျခင္း။
တိုင္းရင္းသားလူမ်ိဳးမ်ားအေရးႏွင့္ ၁၉၄၇ အေျခခံဥပေဒစာအုပ္ စာမ်က္ႏွာ ၃၁၄ ကို ၾကည့္ပါက ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ပင္လံုတြင္ေပးခဲ့သည့္ကတိအတိုင္း ဆက္လက္ေဆာင္ရြက္မႈကို ယံုၾကည္ေစလိုေၾကာင္း၊ ၁၀ ႏွစ္ အခ်ိန္ေပးေစလိုေၾကာင္း၊ ထို ၁၀ ႏွစ္အတြင္း ေတာင္တန္းသားမ်ားေက်နပ္မႈရွိလာေအာင္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း၊ လြတ္လပ္ေရးရလွ်င္ ရွမ္းေခါင္ေဆာင္အား သမၼတတင္ေျမႇာက္၍ ကရင္အမ်ိဳးသားအား စစ္ေသနာပတိ ခန္႔အပ္မည္ျဖစ္ေၾကာင္း၊ ေတာင္တန္းေဒသေခါင္းေဆာင္မ်ားအား ဝန္ႀကီးအျဖစ္ တင္ေျမႇာက္မည္ျဖစ္ေၾကာင္း၊ ခြဲထြက္ခြင့္ႏွင့္ ျပည္နယ္ေတာင္တန္းေရးကိစၥကို တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္တြင္သာ ညႇိႏိႈင္းေဆာင္ရြက္ေစလိုေၾကာင္း၊ ရွမ္းျပည္က ျမန္မာႏွင့္ မပူးေပါင္းဟုဆိုလွ်င္ ၁၀ ႏွစ္ၾကာသည့္အခါ တိုက္ခိုက္သိမ္းသြင္းမည္ျဖစ္ေၾကာင္း ဧၿပီလ ၁၉ ရက္ေန႔ ေမၿမိဳ႕တြင္ ေျပာၾကားခဲ့သည့္ အခ်က္အလက္မ်ားကို ၾကည့္ျခင္းအားျဖင့္ သူ၏လုပ္ေဆာင္ခ်က္သည္ ေရွ႕ေနာက္မညီေတာ့သည္ကို ေတြ႕ရွိရပါသည္။ ပထမသေဘာတူ စာခ်ဳပ္တုန္းက ၁၀ ႏွစ္ဆိုသည့္ စကားကို မေျပာပါ။ သေဘာတူစာခ်ဳပ္ၿပီးမွ ဧၿပီလ ၁၉ ရက္ေန႔က်မွ (၁၀) ဆိုေသာ စကားထြက္လာသည္ကို ေတြ႕ရွိရပါ သည္။ ထို႔ျပင္ တိုင္းရင္းသားေခါင္းေဆာင္မ်ားကို ရာထူးရာခံ မက္လံုးေပးစည္း႐ံုးၿပီး ရွမ္းက မပူးေပါင္းလိုလွ်င္ ၁၀ ႏွစ္ၾကာရင္ တိုက္ခိုက္သိမ္းသြင္းမည္ဟု ေျပာသည့္အတြက္ ၿခိမ္းေျခာက္၍တဖံု စည္း႐ံုးသိမ္းသြင္းသည္ကို ေတြ႕ရွိပါသျဖင့္ သူ၏စကားသည္ ေျပာင္းလဲလာသည္ကို ေတြ႕ရွိရပါသျဖင့္ တျဖည္းျဖည္းလိမ္လည္ စည္း႐ံုးေသြးေဆာင္ သိမ္းသြင္းသည္ကို သိရွိရပါသည္။

အခ်က္ (၃)။ ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ တိုင္းရင္းသားမ်ားကို တျဖည္းျဖည္းလိမ္လည္လွည့္ဖ်ား ေသြးေဆာင္ သိမ္းသြင္းထားသည္ကို ၁၉၄၇ ခုႏွစ္၊ ဇြန္လ ၁၀ ရက္ေန႔မွ ၁၈ ရက္ေန႔အထိ က်င္းပခဲ့သည့္ ပထမႀကိမ္ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္ ဇြန္လ ၁၇ ရက္ေန႔တြင္ က်င္းပေသာ ညီလာခံ၌ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒေရးဆြဲရာတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကိုယ္တိုင္တင္သြင္းေသာ အဆို ၇ ခ်က္တြင္ တိုင္းရင္းသားမ်ား ကိုယ္ပိုင္ျပ႒ာန္းခြင့္ အျပည့္အဝ ရရွိရမည္ဆိုသည့္အခ်က္ လံုးဝမပါေတာ့သည္ကို ေတြ႕ရွိရပါသည္။ ေနာက္ၿပီး ခြဲထြက္လိုက လြတ္လပ္စြာ ထြက္ႏိုင္သည္ဆိုသည့္ အခ်က္လည္း လံုးဝမပါေတာ့သည္ကို ေတြ႕ရွိရပါသည္။ အခ်က္ ၇ ခ်က္တြင္ အခ်က္ ၂ ၌ ျပည္နယ္မ်ားသည္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပဒတြင္ သတ္မွတ္ေဖာ္ျပထားသည္ႏွင့္အမွ် ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရ အာဏာရရွိေစရမည္ဟူေသာ အဆိုတင္သြင္းထားသည္ကို ေတြ႕ရွိရပါသည္။ ဆိုလိုသည္မွာ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒက ခြင့္ျပဳသေလာက္ ေပးသေလာက္ဘဲ အာဏာရွိရမည္ဟုသာ တင္သြင္းထားသည္ကို ၾကည့္ ျခင္းအားျဖင့္ ပင္လံုစာခ်ဳပ္၌ ကတိေပးေသာ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အျပည့္အဝရွိရမည္ဟူေသာ ကတိႏွင့္ ခြဲထြက္ခြင့္ကတိမ်ား ပ်က္လာသည္ကို ေတြ႕ရွိပါသည္။ ျပည္နယ္မ်ား၏ အာဏာကိုလည္း မသတ္မွတ္ပါသျဖင့္ လိမ္လည္ေနသည္ကို ေတြ႕ရွိရပါသည္။
၁။ လႊတ္ေတာ္ ပထမညီလာခံကို ၁၉၄၇ ခုႏွစ္၊ ဇြန္လ ၁၀ ရက္ေန႔မွ ၁၈ ရက္ေန႔အထိ က်င္းပပါတယ္။

၂။ လႊတ္ေတာ္ဒုတိယညီလာခံကို ၁၉၄၇ ခုႏွစ္၊ ဇူလိုင္လ (၂၉)ရက္ေန႔မွာ တဖန္ စတင္က်င္းပပါတယ္။ ဇူလိုင္ (၃၁)ရက္ေန႔မွာ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒမူၾကမ္းကို တင္ျပကာ တစ္ပိုဒ္စီေဆြးေႏြးၾကၿပီး မူအားလံုးကို လက္ခံအတည္ျပဳၾကၿပီး အေခ်ာကိုင္ေကာ္မတီကို ဖြဲ႕စည္းၿပီး ထိုေကာ္မတီကို လံုးဝတာဝန္ အပ္လိုက္ၾကပါသည္။

၃။ တတိယညီလာခံကို ၁၉၄၇ ခုႏွစ္၊ စက္တင္ ဘာလ ၁၅ ရက္ေန႔မွာ စတင္က်င္းပၿပီး အေခ်ာကိုင္ေကာ္မတီက အေခ်ာေရးဆြဲခဲ့ေသာ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒၾကမ္းကို လႊတ္ေတာ္ကလက္ခံၿပီး ဥပေဒအျဖစ္ ျပ႒ာန္းရန္ ၁၉၄၇ ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္ေန႔တြင္ တညီတညြတ္တည္း လက္ခံ အတည္ျပဳလိုက္ပါသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ တင္သြင္းေသာ အဆိုအတိုင္း ဖြဲ႕စည္းပံုအေျခခံဥပေဒကို အတည္ျပဳၾကျခင္းျဖစ္ပါသည္။

၁၉၄၇ ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္ေန႔တြင္ အတည္ျပဳလိုက္ေသာ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒ အခန္း (၁၀) ပုဒ္မ ၂၀၁ တြင္ ဤအေျခခံဥပေဒ၌ေသာ္လည္းေကာင္း၊ ပုဒ္မ ၁၉၉ အရ ပါလီမန္ကျပဳေသာ အက္ဥပေဒ၌ေသာ္လည္းေကာင္း အျခားျပ႒ာန္းခ်က္ျပဳထားျခင္းမရွိလွ်င္ ေအာက္၌ ျပ႒ာန္းထားေသာ စည္းကမ္းခ်က္မ်ားႏွင့္အညီ၊ ျပည္ေထာင္စုႏိုင္ငံမွ ခြဲထြက္ႏိုင္ရန္ ျပည္နယ္တိုင္း၌ အခြင့္အေရးရွိရမည္ဟု ေဖာ္ျပထားေသာ္လည္း ပုဒ္မ ၂၀၂ တြင္ ျပန္လည္ ပိတ္ပင္ထားသည္ကို ေတြ႕ရွိရပါသည္။

ပုဒ္မ ၂၀၂။ ။ ဤ အေျခခံဥပေဒအာဏာတည္သည့္ေန႔မွစ၍ ဆယ္ႏွစ္အတြင္း ခြဲထြက္ႏိုင္ေသာ အခြင့္အေရးကို အသံုးမျပဳရဟု ျပန္လည္ပိတ္ပင္ျပန္သည္ကို ေတြ႕ရွိရသည့္အျပင္ ေအာက္ပါ စည္းကမ္းအခ်က္အလက္မ်ားျဖင့္ ျပန္လည္ပိတ္ပင္ထားသည္ကို ေတြ႔ရွိရျပန္ပါသည္။

ပုဒ္မ ၂၀၃ (၁)။ ။ ခြဲထြက္ႏိုင္ေသာ အခြင့္အေရးကို သံုးစြဲလိုေသာ ျပည္နယ္သည္ ခြဲထြက္လိုေၾကာင္းအဆိုကို မိမိ၏ျပည္နယ္ေကာင္စီတြင္ တင္သြင္းအတည္ျပဳရမည္။ ျပည္နယ္ေကာင္စီရွိ အမတ္စုစုေပါင္းအနက္ သံုးပံုႏွစ္ပံုေအာက္မေရာက္ေသာ အမတ္မ်ားက ထိုအဆိုကို ေထာက္ခံ၍ မဲေပးျခင္းမျပဳလွ်င္၊ အတည္ျပဳသည္ဟု မမွတ္ယူရ။

(၂)။ ။ သက္ဆိုင္ရာ ျပည္နယ္ေကာင္စီဥကၠ႒သည္ ျပည္နယ္ေကာင္စီမ်ား ဆံုးျဖတ္ျခင္းကို ႏိုင္ငံေတာ္သမၼတအား အေၾကာင္းၾကားရမည္။ ထို႔အျပင္ အတည္ျပဳလိုက္ေသာ ေကာင္စီ၏သဘာပတိက ဟုတ္မွန္ေၾကာင္း လက္မွတ္ေရးထိုးထားေသာ ဆံုး ျဖတ္ခ်က္ မိတၲဴတေစာင္ကို ႏိုင္ငံေတာ္သမၼတထံသို႔ ျပည္နယ္ဥကၠ႒က တင္ျပရမည္။

ပုဒ္မ ၂၀၄။ ။ ထိုအခါ ႏိုင္ငံေတာ္သမၼတသည္ သက္ဆိုင္ရာျပည္နယ္၏ လူထုဆႏၵပြဲကို က်င္းပေစရန္ အမိန္႔ထုတ္ရမည္။ လူထုဆႏၵပြဲကို က်င္းပျခင္းမွာ သက္ဆိုင္ရာျပည္နယ္ရွိ ျပည္သူတို႔၏ ဆႏၵအမွန္ကို သိႏိုင္ရန္ ျဖစ္သည္။
ဤကဲ့သို႔ အထက္ပါ လုပ္ထံုးလုပ္နည္းမ်ားကို ျပ႒ာန္းျခင္းအားျဖင့္လည္း ထပ္မံပိတ္ပင္ထားသည္ကို ေတြ႕ရွိရပါသည္။

ပင္လံုစာခ်ဳပ္ခ်ဳပ္ဆိုရန္ကိုေတာ့ လူထုဆႏၵခံယူပြဲႏွင့္ လူထုအဆံုးအျဖတ္ရယူျခင္းမရွိဘဲ တိုင္းရင္းသားေခါင္းေဆာင္မ်ားအား သမၼတရာထူး စစ္ေသနာပတိရာထူးႏွင့္ ဝန္ႀကီးရာထူးမ်ားေပးမည္ဟု စည္း႐ံုးျပီး ကိုယ္ပိုင္ျပ႒ာန္းခြင့္ႏွင့္ ခြဲထြက္ခြင့္(လြတ္လပ္ေရး) ေပးမည္ဟု လိမ္လည္ ကတိေပးျခင္းအားျဖင့္ ဗမာ လက္ေအာက္မွာ တိုင္းရင္းသားမ်ားကို စည္း႐ံုးသိမ္းသြင္းသည္ကို ေတြ႕ရွိရပါသည္။

ျပည္နယ္မ်ား၏ အာဏာလည္း မပါေတာ့ပါ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒက သတ္မွတ္သည္ႏွင့္အမွ် ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးအာဏာရွိရမည္ဟု အဆိုတင္သြင္းထားသည့္အတိုင္း ဖြဲ႕စည္းပံုအေျခခံဥပေဒ ေပၚထြက္လာေသာအခါ ခြဲထြက္ခြင့္ အျပည့္အဝရွိရမည္ဟူေသာ အခ်က္လည္း မပါေတာ့ပါ။

ၾကားျဖတ္ျမန္မာအစိုးရႏွင့္ ခ်က္ခ်င္းပူးေပါင္းလိုက္ျခင္းအားျဖင့္ ရွမ္း၊ ကခ်င္၊ ခ်င္းတို႔၏ လြတ္လပ္ေရးကို ပိုမိုလ်င္ျမန္စြာရရွိလိမ့္မည္ဟု အစည္းအေဝးတက္ေရာက္သူအဖြဲ႕ဝင္တို႔က ယံုၾကည္ေသာေၾကာင့္ တညီတညြတ္တည္း သေဘာတူညီၾကသည္ဟု ေရးသားထားသည့္အတြက္ အဂၤလိပ္လက္ေအာက္တြင္ ဆက္လက္ေနသည္ထက္ ဗမာႏွင့္ပူးေပါင္းလွ်င္ လြတ္လပ္ေရးပိုမိုလ်င္ျမန္မည္ဟုဆိုျခင္းသည္ ျမန္မာျပည္ေထာင္စု၌ ထာဝရပူးေပါင္းေနထိုင္ရန္မဟုတ္ဘဲ ခြဲထြက္လိုသည့္ မည္သည့္အခ်ိန္တြင္မဆို ခြဲထြက္ၿပီး လြတ္လပ္ေရးပိုမိုလ်င္ျမန္စြာ ရရွိလိမ့္မည္ဟု ယံုၾကည္ျခင္းသည္ က်ားေၾကာက္လို႔ ရွင္ႀကီးကိုး ရွင္ႀကီး က်ားထက္ဆိုး ဆိုသလို ျဖစ္ေနပါေတာ့သည္။
ယခုတြင္ လက္နက္အင္အားျဖင့္ အႏိုင္က်င့္သတ္ျဖတ္ၿပီး ခြဲထြက္ခြင့္လည္း မေပးေတာ့ဘဲ ထိန္းခ်ဳပ္ျခင္းကို ခံေနရပါသည္။

ျပည္ေထာင္စုမၿပိဳကြဲေရး ဒို႔အေရးဆိုတဲ့ တပ္မေတာ္ ေဆာင္ပုဒ္ အဓမၼျဖင့္ အတင္းအဓမၼ အႏိုင္က်င့္ သတ္ျဖတ္ျခင္းမ်ားျဖင့္ တိုင္းရင္းသားမ်ားကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္မရွိဘဲ အုပ္ခ်ဳပ္ေနပါသည္။ တိုင္းရင္းသား လူမ်ိဳးအေရးႏွင့္ ၁၉၄၇ အေျခခံဥပေဒ ၂၉ ခု ပထမစာပိုဒ္တြင္ပါရွိေသာ ျပည္ေထာင္စုအစိုးရအဖြဲ႕တြင္ ပါဝင္မည့္ စုစုေပါင္း ဗမာဝန္ႀကီး အေရအတြက္သည္ ေတာင္တန္းေဒသ ျပည္နယ္မ်ား၏ စုစုေပါင္းဝန္ႀကီးအေရအတြက္ထက္ မမ်ားေစရဟူေသာအခ်က္သည္လည္း လံုးဝ လိုက္နာျခင္းမရွိဘဲ ယေန႔ NLD က ဖြဲ႕စည္းေသာ အစိုးရအဖြဲ႕ဝန္ႀကီးမ်ားသည္ အားလံုးလိုလို ဗမာဝန္ႀကီးမ်ားျဖစ္ၾကသည့္အတြက္ ျပည္ေထာင္စုဝန္ႀကီးမ်ား မဟုတ္ဘဲ ဗမာဝန္ႀကီးအဖြဲ႕သာျဖစ္ပါ သည္။ လႊတ္ေတာ္ဥကၠ႒ ဒုသမၼတသည္ အေရးပါေသာေနရာ မဟုတ္ပါ။ ၁၉၄၈ ခုႏွစ္မွစ၍ ယေန႔ အထိအာဏာအရွိဆံုး နံပါတ္(၁)ေနရာသည္ ဗမာမ်ားသာ ယူေနၾကပါသည္။

တိုင္းရင္းသားလူမ်ိဳးမ်ားႏွင့္ ၁၉၄၇ အေျခခံဥပေဒစာအုပ္ ဒုတိယတြဲစာအုပ္ စာမ်က္ႏွာ ၄၆၄ တြင္ ခြဲထြက္ခြင့္ႏွင့္ ပတ္သက္၍ အလိမ္ခံရမည္ကို ရွမ္းေစာ္ဘြားမ်ား သံသယျဖစ္သည့္အတိုင္း အလိမ္ခံေနရ သည္ကို ေတြ႕ရွိရပါ သည္။
ရွမ္းေစာ္ဘြား စပ္ေရႊသိုက္က ေျပာေသာ စကား မွာ –
“ကြ်ႏု္ပ္တို႔ အင္မတန္ျမတ္ႏိုးတဲ့၊ တန္းတူ အခြင့္အေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ခြဲထြက္လိုပါက ခြဲထြက္ႏိုင္ခြင့္တို႔မ်ား ထိပါးက်ဴးေက်ာ္ျပဳေလမလားလို႔လည္း တထင့္ထင့္ျဖစ္တယ္ဆိုလွ်င္ ဓမၼတာအတိုင္း ကြ်ႏု္ပ္တို႔ မလြန္ဘူးလို႔ ထင္ပါတယ္”ဟူ၍ ထည့္သြင္းေျပာၾကားခဲ့သည္ကို ေတြ႕ရွိရပါသည္။

ထို႔ေနာက္ မိုင္းပြန္ေစာ္ဘြားႏွင့္ ပုဂၢိဳလ္တဦးကလည္း သခင္ႏုအားေတြ႕ဆံုၿပီး ရွမ္းျပည္နယ္အေန ျဖင့္ ျပည္ေထာင္စုမွ အခ်ိန္မေရြးခြဲထြက္ႏိုင္သည္ ဟူေသာ ျပ႒ာန္းခ်က္ကိုထည့္သြင္းေပးမွသာလွ်င္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ လမ္းညႊန္အဆိုကို ေထာက္ခံႏိုင္မည္ဟု တင္ျပခဲ့သည္ကို ေတြ႕ရွိရပါသည္။

UNO က ေျဖရွင္းရန္လိုအပ္ေနၿပီ
ဤကဲ့သို႔ တိုင္းရင္းသားလူမ်ိဳးမ်ားကို လိမ္လည္ေသြး ေဆာင္ၿပီး ဗမာလက္ေအာက္က်ေရာက္ေအာင္ သိမ္းသြင္းၿပီးေနာက္ ကိုယ္ပိုင္ျပ႒ာန္းခြင့္လည္း မေပး၊ ခြဲထြက္ခြင့္လည္း မေပးဘဲ ႏွစ္ေပါင္း ၇၀ ေက်ာ္ လက္နက္ျဖင့္ သတ္ျဖတ္အုပ္ခ်ဳပ္သည့္အတြက္ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္သူမ်ားျဖစ္ေသာေၾကာင့္ UNO သို႔ တရားစြဲရန္ လိုအပ္ပါသည္။

ႏွစ္ေပါင္း ၇၀ အတြင္း၊ စစ္သားႏွင့္ အရပ္သား ေသဆံုးသြားေသာ ဦးေရလည္း နည္းေတာ့မည္မဟုတ္ ပါ။ ေရရွည္၌ Genocide က်ဴးလြန္ေနသူမ်ားလည္း ျဖစ္ႏိုင္ပါသည္။

ၿငိမ္းခ်မ္းေရး၏ အေျဖ
ကြ်န္ေတာ္တို႔ႏိုင္ငံသည္ စာခ်ဳပ္ကတိကဝတ္ျဖင့္ ပူးေပါင္းေသာႏိုင္ငံျဖစ္ပါသည္။ ျပႆနာအစလည္း ပင္လံုစာခ်ဳပ္အေပၚ ဗမာေခါင္းေဆာင္မ်ားက သစၥာေဖာက္မႈေၾကာင့္ ျဖစ္သည့္အတိုင္း၊ ၿငိမ္းခ်မ္းေရးရရန္ လည္း အေျဖထြက္မည့္ နည္းလမ္းျဖစ္ေသာ ပင္လံုစာခ်ဳပ္ ကတိအတိုင္း အေကာင္အထည္ေဖာ္ျခင္းနည္းလမ္းျဖင့္ တြက္ခ်က္မွသာ အေျဖမွန္ျဖစ္ေသာ ၿငိမ္းခ်မ္းေရးကို ရရွိႏိုင္မွာျဖစ္ပါသည္။

သခ်ၤာတြက္ရင္လည္း တြက္နည္းမွန္မွ အေျဖမွန္ထြက္ၿပီး ေအာင္ျမင္မႈရသလို၊ ယခုၿငိမ္းခ်မ္းေရးရရန္လည္း နည္းလမ္းမွန္မွ အေျဖထြက္ႏိုင္မည္ျဖစ္ပါသည္။

၂၁ ပင္လံု ညီလာခံ၌ အေျဖရွာၾကသည့္အခါ
၁။ ပင္လံုစာခ်ဳပ္ကို ေဆြးေႏြးမွ အေျဖရမည္။ ပင္လံုစာခ်ဳပ္ကိုအေကာင္အထည္ေဖာ္ျခင္းသည္ ၿငိမ္းခ်မ္းေရး အေျဖမွန္လည္း ရရွိႏိုင္မွာျဖစ္ပါသည္။

၂။ NCA ၌ ေဆြးေႏြးသေဘာတူညီၾကေသာ ကိုယ္ပိုင္ ျပ႒ာန္းခြင့္၊ ဖက္ဒရယ္မူမ်ားကို လက္ရွိအာဏာရ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာ NLD ပါတီက ဖြဲ႕စည္းပံုအေျခခံဥပေဒေရးဆြဲသည့္အခါ အတည္ျပဳႏိုင္ရန္ လႊတ္ေတာ္သို႔ တရားဝင္တင္ျပၿပီး ျပည္သူ႔လႊတ္ေတာ္က အတည္ျပဳမွသာ အေကာင္အထည္ေဖာ္ႏိုင္မည္ျဖစ္ၿပီး ၿငိမ္းခ်မ္းေရးအေျဖလည္း ထြက္လာမည္ျဖစ္ပါသည္။

အကယ္၍ တိုင္းရင္းသားမ်ားႏွင့္ သေဘာတူညီခ်က္မ်ားကို အာဏာရပါတီက ဖြဲ႕စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒထဲတြင္ ထည့္သြင္းအတည္ျပဳရန္ ၂၀၂၀ ေရြးေကာက္ပြဲမတိုင္မီ အဆိုျပဳျခင္း မျပဳလာပါက ၂၁ ပင္လံုညီလာခံ ၿငိမ္းခ်မ္းေရးအစီအစဥ္သည္ တိုင္းရင္းသားမ်ားကို ၿငိမ္းခ်မ္းေရးနည္းအားျဖင့္ အခ်ိန္ဆြဲၿပီး စစ္အာဏာပိုမိုေတာင့္တင္းရန္ အားယူခ်ိန္အျဖစ္ လိမ္လည္လွည့္ဖ်ား စည္း႐ံုးျခင္းမွ်သာျဖစ္မည္ ျဖစ္ပါ သည္။

လူပင္ပန္း၊ ေငြကုန္ အခ်ိန္ကုန္သာလွ်င္ျဖစ္ၿပီး ၿငိမ္းခ်မ္းေရးသည္ ေဝးသထက္ေဝးလာပါေတာ့မည္ ျဖစ္ပါသည္။
၂၀၂၀ ခုႏွစ္ ဖြဲ႕စည္းပံုအေျခခံဥပေဒကို တိုင္းရင္းသားမ်ား လိုလားေသာ ဖက္ဒရယ္ႏိုင္ငံ ဖြဲ႔စည္းပံုအေျခခံအျဖစ္ မျပ႒ာန္းပါက ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားသည္ တစ္နည္းနည္းျဖင့္ အႏိုင္ယူရန္ ႀကိဳးစားအားထုတ္ျခင္းသာ ျဖစ္ပါသည္။

ဗမာလူမ်ိဳးမ်ား ႀကိဳက္သလို ဖြဲ႔စည္းအုပ္ခ်ဳပ္သံုး စြဲျခင္းသည္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ကိုယ္ပိုင္ဆံုးျဖတ္ပိုင္ခြင့္ အျပည့္အဝရွိသကဲ့သို႔ တိုင္းရင္းသားျပည္နယ္မ်ားသည္လည္း ကိုယ္ပိုင္ျပ႒ာန္းခြင့္ ကိုယ္ပိုင္ဆံုးျဖတ္ ခြင့္ မရွိျခင္းသည္ တန္းတူအခြင့္အေရး ဗမာကဲ့သို႔ မရရွိျခင္းျဖစ္ပါသည္။ ကိုယ္ပိုင္ျပ႒ာန္းခြင့္/ကိုယ္ပိုင္ ဆံုးျဖတ္ပိုင္ခြင့္မရွိေသာ ျပည္နယ္မ်ားသည္ ကိုယ္ပိုင္ဆံုးျဖတ္ပိုင္ခြင့္/ ကိုယ္ပိုင္ျပ႒ာန္းခြင့္ရွိေသာ လူမ်ိဳးမ်ား၏ ခြင့္ျပဳခ်က္ေဘာင္အတြင္း ၌သာ ေနထိုင္ျခင္းသည္ ဗမာလူမ်ိဳးမ်ား၏ လက္ေအာက္ခံလူမ်ိဳးမ်ားျဖစ္ေစေသာ အခ်က္ျဖစ္ပါသည္။

ဗမာလူမ်ိဳးမ်ားသည္ ကိုယ္ပိုင္ဆံုးျဖတ္ပိုင္ခြင့္ကို လိုခ်င္ေသာေၾကာင့္ အဂၤလိပ္လက္ေအာက္မွ ခြဲထြက္လိုျခင္း ျဖစ္ပါသည္။ အဂၤလိပ္အစိုးရ၏ ခြင့္ျပဳသေလာက္သာ လုပ္ပိုင္ခြင့္ရွိသည္။ ထိုနည္းတူ တိုင္းရင္းသားလူမ်ိဳးမ်ားသည္လည္း ဗမာလူမ်ိဳးမ်ား၏ ခြင့္ျပဳသေလာက္သာ လုပ္ပိုင္ခြင့္ရွိေသာ အုပ္ခ်ဳပ္မႈေအာက္တြင္ မေနလိုၾကတာျဖစ္ပါသည္။ ဤကိုယ္ပိုင္ျပ႒ာန္းခြင့္သည္ ခြဲထြက္ေသာ မူမဟုတ္ပါ။ သို႔ေသာ္ ျပည္နယ္ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒကို ကိုယ္တိုင္ ေရးဆြဲျပ႒ာန္းခြင့္ရွိရမည္ျဖစ္ပါသည္။

အိႏၵိယႏိုင္ငံ ကက္ရွမီးယားျပည္နယ္သည္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုသီးသန္႔ရွိေသာ္လည္း ျပည္နယ္ ကိုယ္ပိုင္တပ္မေတာ္မရွိသည့္အတြက္ အိႏၵိယ အစိုးရက အခြင့္အေရးကို လြယ္ကူစြာ ခုႏွစ္တြင္ ျပန္လည္ ႐ုပ္သိမ္းေပးသည္ကို ေတြ႕ရွိရပါသည္။

ထိုနည္းတူစြာ ကြ်န္ေတာ္တို႔ တိုင္းရင္းသားမ်ားသည္လည္း ကိုယ္ပိုင္ျပည္နယ္၊ တပ္မေတာ္ မရွိပါက ကိုယ္ပိုင္ျပ႒ာန္းခြင့္ရရွိေသာ္လည္း လူမ်ားစု ဗမာအစိုးရက မၾကာမီ ျပန္လည္႐ုပ္သိမ္းေပးႏိုင္သျဖင့္ ကိုယ္ပိုင္လက္နက္ကိုင္ ျပည္နယ္တပ္မေတာ္သည္ မလြဲမေသြရွိရန္ လိုအပ္ေပသည္။

အိမ္ေဖာ္/အိမ္အကူႏွင့္တူေသာ တိုင္းရင္းသားျပည္နယ္မ်ား
အိမ္ရွင္၏အိမ္၌ အိမ္ရွင္ႏွင့္အတူေနေသာ အိမ္ေဖာ္၊ အိမ္အကူမ်ားသည္ အိမ္ရွင္၏အိမ္၌ ေနထိုင္ၾကေသာ္လည္း ကိုယ့္သေဘာႏွင့္ကိုယ္ႀကိဳက္တာ ဘာတခုမွ လုပ္ပိုင္ခြင့္မရွိပါ။ ကိုယ္ပိုင္ဆံုးျဖတ္ပိုင္ခြင့္ လံုးဝမရွိပါ။ အိမ္ရွင္စိတ္ႀကိဳက္သာ လုပ္ေပးရပါသည္။ အိမ္ရွင္ကေပးသေလာက္ပဲ ယူစားသည့္ ဘဝမွာ ကိုယ္ေရာစိတ္ပါ လြတ္လပ္မႈလံုးဝမရွိဘဲ ေနရပါသည္။

ထိုနည္းတူစြာ တိုင္းရင္းသားျပည္နယ္မ်ားသည္ သူတို႔၏အာဏာလက္ေအာက္သို႔ က်ေရာက္ေအာင္ ပင္လံုစာခ်ဳပ္ျဖင့္ လိမ္လည္စည္း႐ံုးသိမ္းသြင္းၿပီးေနာက္ ပင္လံုစာခ်ဳပ္ကို လံုးဝေဖာက္ဖ်က္ၿပီး သူတို႔၏လက္ေအာက္မွ ႐ုန္းမထြက္ႏိုင္ေအာင္ လက္နက္ျဖင့္ ခ်ဳပ္ကိုင္ျခင္းကို ခံေနရပါသည္။

ဗမာျပည္သူျပည္သားမ်ားအေနနဲ႔လည္း တိုင္းရင္းသားျပည္နယ္မ်ား၏ေနရာမွာ ေနၾကည့္ၾကပါ။ ခင္ဗ်ားတို႔ လက္ခံႏိုင္မလား။

(၁) တိုင္းရင္းသားမ်ားကို မခြဲထြက္ေစလိုပါက မခြဲထြက္လိုေအာင္ စိတ္ေက်နပ္ေလာက္သည့္ ဖက္ဒရယ္ျပည္ေထာင္စုစနစ္ကို အေကာင္အထည္ေဖာ္ေပးရန္ လိုအပ္ပါသည္။ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္မ်ားကို မက္လံုးေပး၍ ၿငိမ္းခ်မ္းေရးနည္းလမ္းျဖင့္ အခ်ိန္ဆြဲၿပီး အႏိုင္ယူရန္ မႀကိဳးစားသင့္ပါ။

(၂) တိုင္းရင္းသားမ်ား လိုလားသည့္အတိုင္း ႏိုင္ငံဖြဲ႕စည္းပံုအေျခခံဥပေဒ မေရးဆြဲပါက ခြဲထြက္႐ံုသာ ျဖစ္ပါသည္။

(၃) ၂၀၂၀ ေရြးေကာက္ပြဲမတိုင္မီ တိုင္းရင္းသားမ်ားႏွင့္ ပင္လံုညီလာခံ၌ သေဘာတူထားသည့္ ဖက္ဒရယ္မူမ်ားကို NLD ပါတီက ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒတြင္ ထည့္သြင္းႏိုင္ရန္ ျပည္သူ႔လႊတ္ေတာ္သို႔ မလြဲမေသြ ၂၀၂၀ ေရြးေကာက္ပြဲမတိုင္မီ အဆို တင္သြင္းရန္ျဖစ္ပါသည္။ အကယ္၍ မတင္သြင္းပါက တိုင္းရင္းသားမ်ားကို ၿငိမ္းခ်မ္းေရးနည္းျဖင့္ ျပန္လည္လိမ္လည္ျခင္းသာ ျဖစ္ပါသည္။

ကတိအတိုင္း တိုင္းရင္းသားမ်ား ခြဲထြက္ခ်ိန္တန္ၿပီ
ပင္လံုကတိအတိုင္း တိုင္းရင္းသားမ်ား ခြဲထြက္ခ်ိန္ တန္ၿပီေလ။ ႏွစ္ေပါင္း ၇၀ အတြင္း ရက္စက္စြာ အုပ္ခ်ဳပ္ခံေနရသည္မွာ အုပ္ခ်ဳပ္ခံျပည္နယ္မ်ား အတြက္ေရာ အုပ္ခ်ဳပ္သူအတြက္ပါ အက်ိဳးမရွိပါ။

ကခ်င္ျပည္နယ္၏ သယံဇာတမ်ားကို ႀကိဳက္သလို တူးေဖာ္ေရာင္းစားေသာ္လည္း မူလပိုင္ရွင္ ကခ်င္ျပည္က်ေတာ့ အက်ိဳးခံစားခြင့္မရွိပါ။ ရခိုင္ျပည္နယ္မွ ဓာတ္ေငြ႕၊ ကယားျပည္နယ္ ေလာပိတမွ ေရအားလွ်ပ္စစ္ စသည္မ်ားကို နယ္ခံသာ မူလပိုင္ရွင္မ်ား ခံစားခြင့္မရွိ ႏွစ္ေပါင္း(၇၀)အတြင္း လုယူခံစား ရတာ ႏွစ္ေပါင္း (၇၀)ၾကာၿပီျဖစ္၍ ေတာ္ေလာက္ပါၿပီ။

ႏွစ္ေပါင္း(၇၀)စစ္ပြဲအတြက္ စစ္အသံုးစရိတ္ေၾကာင့္ ဗမာလဲ ဆင္းရဲ၊ တိုင္းရင္းသားသည္လည္း ဆင္းရဲေနၾကတာ ျဖစ္ပါတယ္။

တိုင္းရင္းသားမ်ား လြတ္လပ္စြာ ကတိအတိုင္းခြဲထြက္မွသာ ႏွစ္ဦးႏွစ္ဘက္ တိုးတက္သြားမည္ျဖစ္ပါသျဖင့္ တိုင္းရင္းသားမ်ားသည္ လြတ္လပ္စြာ ခြဲထြက္ခ်ိန္တန္ၿပီ ျဖစ္ပါသည္။ ခြဲထြက္ႏိုင္ရန္ လိုအပ္ေသာ အရာမ်ားကိုလည္း ခ်စ္ခင္ရင္းႏွီးစြာ ဗမာအစိုးရက ကူညီသင့္ပါသည္။

ဆလိုင္းဇလပ္နီ

 

Unicode

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားများ၏ ခေါင်းဆောင်မဟုတ် ဗမာလက်အောက်ကျရောက်အောင် လိမ်လည်လှည့်ဖျားစည်းရုံးသိမ်းသွင်းသူသာဖြစ်

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားများ၏ ခေါင်းဆောင်မဟုတ်။ တိုင်းရင်းသားများကို ဗမာလက်အောက် တသက်လုံးကျရောက်စေရန် လိမ်လည်လှည့်ဖျား စည်းရုံးခေါင်ဆောင် သိမ်းသွင်းသူသာဖြစ်ပါသည်။ လူအများက ဗိုလ်ချုပ်သာ အသက်ရှင်ပါက ဤကဲ့သို့ဖြစ်မည်မဟုတ်ပါဟု ပြောဆိုနေကြပါသည်။ သူတို့မသိလို့ ပြောကြတာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က သစ္စာဖောက်ပြီး လိမ်လည်လှည်ဖျား စည်းရုံးနေတာဖြစ်ကြောင်းကိုအောက်ပါသက်သေ အထောက်အထားများအားဖြင့် ပြောနိုင်တာဖြစ်ပါသည်။

အချက် (၁)။ ။လွတ်လပ်ရေးရပြီးရင် ရှမ်း၊ ကချင်၊ ချင်းတို့ ခွဲထွက်လိုက ခွဲထွက်ရမည်ဟု လိမ်လည်စည်းရုံးမှုကြောင့် တိုင်းရင်းသားများကလည်း ဗမာနှင့်ယာယီပူးပေါင်းပြီး ပြန်လည်ခွဲထွက်ရန်ကိုသဘောတူလက်ခံ၍ ပင်လုံစာချုပ်ကို ချုပ်ဆို လက်မှတ်ရေးထိုးကြခြင်းဖြစ်ပါ သည်။

အချက် (၂)။ ။ ဗိုလ်ချုပ်အောင်ဆန်း ပြောစကား ပြောင်းလဲလာခြင်း။
တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေစာအုပ် စာမျက်နှာ ၃၁၄ ကို ကြည့်ပါက ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံတွင်ပေးခဲ့သည့်ကတိအတိုင်း ဆက်လက်ဆောင်ရွက်မှုကို ယုံကြည်စေလိုကြောင်း၊ ၁၀ နှစ် အချိန်ပေးစေလိုကြောင်း၊ ထို ၁၀ နှစ်အတွင်း တောင်တန်းသားများကျေနပ်မှုရှိလာအောင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရလျှင် ရှမ်းခေါင်ဆောင်အား သမ္မတတင်မြှောက်၍ ကရင်အမျိုးသားအား စစ်သေနာပတိ ခန့်အပ်မည်ဖြစ်ကြောင်း၊ တောင်တန်းဒေသခေါင်းဆောင်များအား ဝန်ကြီးအဖြစ် တင်မြှောက်မည်ဖြစ်ကြောင်း၊ ခွဲထွက်ခွင့်နှင့် ပြည်နယ်တောင်တန်းရေးကိစ္စကို တိုင်းပြုပြည်ပြု လွှတ်တော်တွင်သာ ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း၊ ရှမ်းပြည်က မြန်မာနှင့် မပူးပေါင်းဟုဆိုလျှင် ၁၀ နှစ်ကြာသည့်အခါ တိုက်ခိုက်သိမ်းသွင်းမည်ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်နေ့ မေမြို့တွင် ပြောကြားခဲ့သည့် အချက်အလက်များကို ကြည့်ခြင်းအားဖြင့် သူ၏လုပ်ဆောင်ချက်သည် ရှေ့နောက်မညီတော့သည်ကို တွေ့ရှိရပါသည်။ ပထမသဘောတူ စာချုပ်တုန်းက ၁၀ နှစ်ဆိုသည့် စကားကို မပြောပါ။ သဘောတူစာချုပ်ပြီးမှ ဧပြီလ ၁၉ ရက်နေ့ကျမှ (၁၀) ဆိုသော စကားထွက်လာသည်ကို တွေ့ရှိရပါ သည်။ ထို့ပြင် တိုင်းရင်းသားခေါင်းဆောင်များကို ရာထူးရာခံ မက်လုံးပေးစည်းရုံးပြီး ရှမ်းက မပူးပေါင်းလိုလျှင် ၁၀ နှစ်ကြာရင် တိုက်ခိုက်သိမ်းသွင်းမည်ဟု ပြောသည့်အတွက် ခြိမ်းခြောက်၍တဖုံ စည်းရုံးသိမ်းသွင်းသည်ကို တွေ့ရှိပါသဖြင့် သူ၏စကားသည် ပြောင်းလဲလာသည်ကို တွေ့ရှိရပါသဖြင့် တဖြည်းဖြည်းလိမ်လည် စည်းရုံးသွေးဆောင် သိမ်းသွင်းသည်ကို သိရှိရပါသည်။

အချက် (၃)။ ။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားများကို တဖြည်းဖြည်းလိမ်လည်လှည့်ဖျား သွေးဆောင် သိမ်းသွင်းထားသည်ကို ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမကြိမ် တိုင်းပြုပြည်ပြုလွှတ်တော် ဇွန်လ ၁၇ ရက်နေ့တွင် ကျင်းပသော ညီလာခံ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တင်သွင်းသော အဆို ၇ ချက်တွင် တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိရမည်ဆိုသည့်အချက် လုံးဝမပါတော့သည်ကို တွေ့ရှိရပါသည်။ နောက်ပြီး ခွဲထွက်လိုက လွတ်လပ်စွာ ထွက်နိုင်သည်ဆိုသည့် အချက်လည်း လုံးဝမပါတော့သည်ကို တွေ့ရှိရပါသည်။ အချက် ၇ ချက်တွင် အချက် ၂ ၌ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ အာဏာရရှိစေရမည်ဟူသော အဆိုတင်သွင်းထားသည်ကို တွေ့ရှိရပါသည်။ ဆိုလိုသည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ခွင့်ပြုသလောက် ပေးသလောက်ဘဲ အာဏာရှိရမည်ဟုသာ တင်သွင်းထားသည်ကို ကြည့် ခြင်းအားဖြင့် ပင်လုံစာချုပ်၌ ကတိပေးသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိရမည်ဟူသော ကတိနှင့် ခွဲထွက်ခွင့်ကတိများ ပျက်လာသည်ကို တွေ့ရှိပါသည်။ ပြည်နယ်များ၏ အာဏာကိုလည်း မသတ်မှတ်ပါသဖြင့် လိမ်လည်နေသည်ကို တွေ့ရှိရပါသည်။
၁။ လွှတ်တော် ပထမညီလာခံကို ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပါတယ်။

၂။ လွှတ်တော်ဒုတိယညီလာခံကို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့မှာ တဖန် စတင်ကျင်းပပါတယ်။ ဇူလိုင် (၃၁)ရက်နေ့မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို တင်ပြကာ တစ်ပိုဒ်စီဆွေးနွေးကြပြီး မူအားလုံးကို လက်ခံအတည်ပြုကြပြီး အချောကိုင်ကော်မတီကို ဖွဲ့စည်းပြီး ထိုကော်မတီကို လုံးဝတာဝန် အပ်လိုက်ကြပါသည်။

၃။ တတိယညီလာခံကို ၁၉၄၇ ခုနှစ်၊ စက်တင် ဘာလ ၁၅ ရက်နေ့မှာ စတင်ကျင်းပပြီး အချောကိုင်ကော်မတီက အချောရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြမ်းကို လွှတ်တော်ကလက်ခံပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းရန် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် တညီတညွတ်တည်း လက်ခံ အတည်ပြုလိုက်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ တင်သွင်းသော အဆိုအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကြခြင်းဖြစ်ပါသည်။

၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အတည်ပြုလိုက်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း (၁၀) ပုဒ်မ ၂၀၁ တွင် ဤအခြေခံဥပဒေ၌သော်လည်းကောင်း၊ ပုဒ်မ ၁၉၉ အရ ပါလီမန်ကပြုသော အက်ဥပဒေ၌သော်လည်းကောင်း အခြားပြဋ္ဌာန်းချက်ပြုထားခြင်းမရှိလျှင် အောက်၌ ပြဋ္ဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ၊ ပြည်ထောင်စုနိုင်ငံမှ ခွဲထွက်နိုင်ရန် ပြည်နယ်တိုင်း၌ အခွင့်အရေးရှိရမည်ဟု ဖော်ပြထားသော်လည်း ပုဒ်မ ၂၀၂ တွင် ပြန်လည် ပိတ်ပင်ထားသည်ကို တွေ့ရှိရပါသည်။

ပုဒ်မ ၂၀၂။ ။ ဤ အခြေခံဥပဒေအာဏာတည်သည့်နေ့မှစ၍ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရဟု ပြန်လည်ပိတ်ပင်ပြန်သည်ကို တွေ့ရှိရသည့်အပြင် အောက်ပါ စည်းကမ်းအချက်အလက်များဖြင့် ပြန်လည်ပိတ်ပင်ထားသည်ကို တွေ့ရှိရပြန်ပါသည်။

ပုဒ်မ ၂၀၃ (၁)။ ။ ခွဲထွက်နိုင်သော အခွင့်အရေးကို သုံးစွဲလိုသော ပြည်နယ်သည် ခွဲထွက်လိုကြောင်းအဆိုကို မိမိ၏ပြည်နယ်ကောင်စီတွင် တင်သွင်းအတည်ပြုရမည်။ ပြည်နယ်ကောင်စီရှိ အမတ်စုစုပေါင်းအနက် သုံးပုံနှစ်ပုံအောက်မရောက်သော အမတ်များက ထိုအဆိုကို ထောက်ခံ၍ မဲပေးခြင်းမပြုလျှင်၊ အတည်ပြုသည်ဟု မမှတ်ယူရ။

(၂)။ ။ သက်ဆိုင်ရာ ပြည်နယ်ကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီများ ဆုံးဖြတ်ခြင်းကို နိုင်ငံတော်သမ္မတအား အကြောင်းကြားရမည်။ ထို့အပြင် အတည်ပြုလိုက်သော ကောင်စီ၏သဘာပတိက ဟုတ်မှန်ကြောင်း လက်မှတ်ရေးထိုးထားသော ဆုံး ဖြတ်ချက် မိတ္တူတစောင်ကို နိုင်ငံတော်သမ္မတထံသို့ ပြည်နယ်ဥက္ကဋ္ဌက တင်ပြရမည်။

ပုဒ်မ ၂၀၄။ ။ ထိုအခါ နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာပြည်နယ်၏ လူထုဆန္ဒပွဲကို ကျင်းပစေရန် အမိန့်ထုတ်ရမည်။ လူထုဆန္ဒပွဲကို ကျင်းပခြင်းမှာ သက်ဆိုင်ရာပြည်နယ်ရှိ ပြည်သူတို့၏ ဆန္ဒအမှန်ကို သိနိုင်ရန် ဖြစ်သည်။
ဤကဲ့သို့ အထက်ပါ လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းခြင်းအားဖြင့်လည်း ထပ်မံပိတ်ပင်ထားသည်ကို တွေ့ရှိရပါသည်။

ပင်လုံစာချုပ်ချုပ်ဆိုရန်ကိုတော့ လူထုဆန္ဒခံယူပွဲနှင့် လူထုအဆုံးအဖြတ်ရယူခြင်းမရှိဘဲ တိုင်းရင်းသားခေါင်းဆောင်များအား သမ္မတရာထူး စစ်သေနာပတိရာထူးနှင့် ဝန်ကြီးရာထူးများပေးမည်ဟု စည်းရုံးပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲထွက်ခွင့်(လွတ်လပ်ရေး) ပေးမည်ဟု လိမ်လည် ကတိပေးခြင်းအားဖြင့် ဗမာ လက်အောက်မှာ တိုင်းရင်းသားများကို စည်းရုံးသိမ်းသွင်းသည်ကို တွေ့ရှိရပါသည်။

ပြည်နယ်များ၏ အာဏာလည်း မပါတော့ပါ။ ဗိုလ်ချုပ်အောင်ဆန်းက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်သည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာရှိရမည်ဟု အဆိုတင်သွင်းထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွက်လာသောအခါ ခွဲထွက်ခွင့် အပြည့်အဝရှိရမည်ဟူသော အချက်လည်း မပါတော့ပါ။

ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်၊ ချင်းတို့၏ လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့က ယုံကြည်သောကြောင့် တညီတညွတ်တည်း သဘောတူညီကြသည်ဟု ရေးသားထားသည့်အတွက် အင်္ဂလိပ်လက်အောက်တွင် ဆက်လက်နေသည်ထက် ဗမာနှင့်ပူးပေါင်းလျှင် လွတ်လပ်ရေးပိုမိုလျင်မြန်မည်ဟုဆိုခြင်းသည် မြန်မာပြည်ထောင်စု၌ ထာဝရပူးပေါင်းနေထိုင်ရန်မဟုတ်ဘဲ ခွဲထွက်လိုသည့် မည်သည့်အချိန်တွင်မဆို ခွဲထွက်ပြီး လွတ်လပ်ရေးပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု ယုံကြည်ခြင်းသည် ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ဆိုသလို ဖြစ်နေပါတော့သည်။
ယခုတွင် လက်နက်အင်အားဖြင့် အနိုင်ကျင့်သတ်ဖြတ်ပြီး ခွဲထွက်ခွင့်လည်း မပေးတော့ဘဲ ထိန်းချုပ်ခြင်းကို ခံနေရပါသည်။

ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေးဆိုတဲ့ တပ်မတော် ဆောင်ပုဒ် အဓမ္မဖြင့် အတင်းအဓမ္မ အနိုင်ကျင့် သတ်ဖြတ်ခြင်းများဖြင့် တိုင်းရင်းသားများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိဘဲ အုပ်ချုပ်နေပါသည်။ တိုင်းရင်းသား လူမျိုးအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ ၂၉ ခု ပထမစာပိုဒ်တွင်ပါရှိသော ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပါဝင်မည့် စုစုပေါင်း ဗမာဝန်ကြီး အရေအတွက်သည် တောင်တန်းဒေသ ပြည်နယ်များ၏ စုစုပေါင်းဝန်ကြီးအရေအတွက်ထက် မများစေရဟူသောအချက်သည်လည်း လုံးဝ လိုက်နာခြင်းမရှိဘဲ ယနေ့ NLD က ဖွဲ့စည်းသော အစိုးရအဖွဲ့ဝန်ကြီးများသည် အားလုံးလိုလို ဗမာဝန်ကြီးများဖြစ်ကြသည့်အတွက် ပြည်ထောင်စုဝန်ကြီးများ မဟုတ်ဘဲ ဗမာဝန်ကြီးအဖွဲ့သာဖြစ်ပါ သည်။ လွှတ်တော်ဥက္ကဋ္ဌ ဒုသမ္မတသည် အရေးပါသောနေရာ မဟုတ်ပါ။ ၁၉၄၈ ခုနှစ်မှစ၍ ယနေ့ အထိအာဏာအရှိဆုံး နံပါတ်(၁)နေရာသည် ဗမာများသာ ယူနေကြပါသည်။

တိုင်းရင်းသားလူမျိုးများနှင့် ၁၉၄၇ အခြေခံဥပဒေစာအုပ် ဒုတိယတွဲစာအုပ် စာမျက်နှာ ၄၆၄ တွင် ခွဲထွက်ခွင့်နှင့် ပတ်သက်၍ အလိမ်ခံရမည်ကို ရှမ်းစော်ဘွားများ သံသယဖြစ်သည့်အတိုင်း အလိမ်ခံနေရ သည်ကို တွေ့ရှိရပါ သည်။
ရှမ်းစော်ဘွား စပ်ရွှေသိုက်က ပြောသော စကား မှာ –
“ကျွနု်ပ်တို့ အင်မတန်မြတ်နိုးတဲ့၊ တန်းတူ အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲထွက်လိုပါက ခွဲထွက်နိုင်ခွင့်တို့များ ထိပါးကျူးကျော်ပြုလေမလားလို့လည်း တထင့်ထင့်ဖြစ်တယ်ဆိုလျှင် ဓမ္မတာအတိုင်း ကျွနု်ပ်တို့ မလွန်ဘူးလို့ ထင်ပါတယ်”ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။

ထို့နောက် မိုင်းပွန်စော်ဘွားနှင့် ပုဂ္ဂိုလ်တဦးကလည်း သခင်နုအားတွေ့ဆုံပြီး ရှမ်းပြည်နယ်အနေ ဖြင့် ပြည်ထောင်စုမှ အချိန်မရွေးခွဲထွက်နိုင်သည် ဟူသော ပြဋ္ဌာန်းချက်ကိုထည့်သွင်းပေးမှသာလျှင် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်အဆိုကို ထောက်ခံနိုင်မည်ဟု တင်ပြခဲ့သည်ကို တွေ့ရှိရပါသည်။

UNO က ဖြေရှင်းရန်လိုအပ်နေပြီ
ဤကဲ့သို့ တိုင်းရင်းသားလူမျိုးများကို လိမ်လည်သွေး ဆောင်ပြီး ဗမာလက်အောက်ကျရောက်အောင် သိမ်းသွင်းပြီးနောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လည်း မပေး၊ ခွဲထွက်ခွင့်လည်း မပေးဘဲ နှစ်ပေါင်း ၇၀ ကျော် လက်နက်ဖြင့် သတ်ဖြတ်အုပ်ချုပ်သည့်အတွက် လူ့အခွင့်အရေးကို ချိုးဖောက်သူများဖြစ်သောကြောင့် UNO သို့ တရားစွဲရန် လိုအပ်ပါသည်။

နှစ်ပေါင်း ၇၀ အတွင်း၊ စစ်သားနှင့် အရပ်သား သေဆုံးသွားသော ဦးရေလည်း နည်းတော့မည်မဟုတ် ပါ။ ရေရှည်၌ Genocide ကျူးလွန်နေသူများလည်း ဖြစ်နိုင်ပါသည်။

ငြိမ်းချမ်းရေး၏ အဖြေ
ကျွန်တော်တို့နိုင်ငံသည် စာချုပ်ကတိကဝတ်ဖြင့် ပူးပေါင်းသောနိုင်ငံဖြစ်ပါသည်။ ပြဿနာအစလည်း ပင်လုံစာချုပ်အပေါ် ဗမာခေါင်းဆောင်များက သစ္စာဖောက်မှုကြောင့် ဖြစ်သည့်အတိုင်း၊ ငြိမ်းချမ်းရေးရရန် လည်း အဖြေထွက်မည့် နည်းလမ်းဖြစ်သော ပင်လုံစာချုပ် ကတိအတိုင်း အကောင်အထည်ဖော်ခြင်းနည်းလမ်းဖြင့် တွက်ချက်မှသာ အဖြေမှန်ဖြစ်သော ငြိမ်းချမ်းရေးကို ရရှိနိုင်မှာဖြစ်ပါသည်။

သင်္ချာတွက်ရင်လည်း တွက်နည်းမှန်မှ အဖြေမှန်ထွက်ပြီး အောင်မြင်မှုရသလို၊ ယခုငြိမ်းချမ်းရေးရရန်လည်း နည်းလမ်းမှန်မှ အဖြေထွက်နိုင်မည်ဖြစ်ပါသည်။

၂၁ ပင်လုံ ညီလာခံ၌ အဖြေရှာကြသည့်အခါ
၁။ ပင်လုံစာချုပ်ကို ဆွေးနွေးမှ အဖြေရမည်။ ပင်လုံစာချုပ်ကိုအကောင်အထည်ဖော်ခြင်းသည် ငြိမ်းချမ်းရေး အဖြေမှန်လည်း ရရှိနိုင်မှာဖြစ်ပါသည်။

၂။ NCA ၌ ဆွေးနွေးသဘောတူညီကြသော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်မူများကို လက်ရှိအာဏာရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့်အခါ အတည်ပြုနိုင်ရန် လွှတ်တော်သို့ တရားဝင်တင်ပြပြီး ပြည်သူ့လွှတ်တော်က အတည်ပြုမှသာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးအဖြေလည်း ထွက်လာမည်ဖြစ်ပါသည်။

အကယ်၍ တိုင်းရင်းသားများနှင့် သဘောတူညီချက်များကို အာဏာရပါတီက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲတွင် ထည့်သွင်းအတည်ပြုရန် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အဆိုပြုခြင်း မပြုလာပါက ၂၁ ပင်လုံညီလာခံ ငြိမ်းချမ်းရေးအစီအစဉ်သည် တိုင်းရင်းသားများကို ငြိမ်းချမ်းရေးနည်းအားဖြင့် အချိန်ဆွဲပြီး စစ်အာဏာပိုမိုတောင့်တင်းရန် အားယူချိန်အဖြစ် လိမ်လည်လှည့်ဖျား စည်းရုံးခြင်းမျှသာဖြစ်မည် ဖြစ်ပါ သည်။

လူပင်ပန်း၊ ငွေကုန် အချိန်ကုန်သာလျှင်ဖြစ်ပြီး ငြိမ်းချမ်းရေးသည် ဝေးသထက်ဝေးလာပါတော့မည် ဖြစ်ပါသည်။
၂၀၂၀ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံအဖြစ် မပြဋ္ဌာန်းပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် တစ်နည်းနည်းဖြင့် အနိုင်ယူရန် ကြိုးစားအားထုတ်ခြင်းသာ ဖြစ်ပါသည်။

ဗမာလူမျိုးများ ကြိုက်သလို ဖွဲ့စည်းအုပ်ချုပ်သုံး စွဲခြင်းသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိသကဲ့သို့ တိုင်းရင်းသားပြည်နယ်များသည်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်ဆုံးဖြတ် ခွင့် မရှိခြင်းသည် တန်းတူအခွင့်အရေး ဗမာကဲ့သို့ မရရှိခြင်းဖြစ်ပါသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်/ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်မရှိသော ပြည်နယ်များသည် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်/ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော လူမျိုးများ၏ ခွင့်ပြုချက်ဘောင်အတွင်း ၌သာ နေထိုင်ခြင်းသည် ဗမာလူမျိုးများ၏ လက်အောက်ခံလူမျိုးများဖြစ်စေသော အချက်ဖြစ်ပါသည်။

ဗမာလူမျိုးများသည် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို လိုချင်သောကြောင့် အင်္ဂလိပ်လက်အောက်မှ ခွဲထွက်လိုခြင်း ဖြစ်ပါသည်။ အင်္ဂလိပ်အစိုးရ၏ ခွင့်ပြုသလောက်သာ လုပ်ပိုင်ခွင့်ရှိသည်။ ထိုနည်းတူ တိုင်းရင်းသားလူမျိုးများသည်လည်း ဗမာလူမျိုးများ၏ ခွင့်ပြုသလောက်သာ လုပ်ပိုင်ခွင့်ရှိသော အုပ်ချုပ်မှုအောက်တွင် မနေလိုကြတာဖြစ်ပါသည်။ ဤကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ခွဲထွက်သော မူမဟုတ်ပါ။ သို့သော် ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခွင့်ရှိရမည်ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံ ကက်ရှမီးယားပြည်နယ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံသီးသန့်ရှိသော်လည်း ပြည်နယ် ကိုယ်ပိုင်တပ်မတော်မရှိသည့်အတွက် အိန္ဒိယ အစိုးရက အခွင့်အရေးကို လွယ်ကူစွာ ခုနှစ်တွင် ပြန်လည် ရုပ်သိမ်းပေးသည်ကို တွေ့ရှိရပါသည်။

ထိုနည်းတူစွာ ကျွန်တော်တို့ တိုင်းရင်းသားများသည်လည်း ကိုယ်ပိုင်ပြည်နယ်၊ တပ်မတော် မရှိပါက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိသော်လည်း လူများစု ဗမာအစိုးရက မကြာမီ ပြန်လည်ရုပ်သိမ်းပေးနိုင်သဖြင့် ကိုယ်ပိုင်လက်နက်ကိုင် ပြည်နယ်တပ်မတော်သည် မလွဲမသွေရှိရန် လိုအပ်ပေသည်။

အိမ်ဖော်/အိမ်အကူနှင့်တူသော တိုင်းရင်းသားပြည်နယ်များ
အိမ်ရှင်၏အိမ်၌ အိမ်ရှင်နှင့်အတူနေသော အိမ်ဖော်၊ အိမ်အကူများသည် အိမ်ရှင်၏အိမ်၌ နေထိုင်ကြသော်လည်း ကိုယ့်သဘောနှင့်ကိုယ်ကြိုက်တာ ဘာတခုမှ လုပ်ပိုင်ခွင့်မရှိပါ။ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် လုံးဝမရှိပါ။ အိမ်ရှင်စိတ်ကြိုက်သာ လုပ်ပေးရပါသည်။ အိမ်ရှင်ကပေးသလောက်ပဲ ယူစားသည့် ဘဝမှာ ကိုယ်ရောစိတ်ပါ လွတ်လပ်မှုလုံးဝမရှိဘဲ နေရပါသည်။

ထိုနည်းတူစွာ တိုင်းရင်းသားပြည်နယ်များသည် သူတို့၏အာဏာလက်အောက်သို့ ကျရောက်အောင် ပင်လုံစာချုပ်ဖြင့် လိမ်လည်စည်းရုံးသိမ်းသွင်းပြီးနောက် ပင်လုံစာချုပ်ကို လုံးဝဖောက်ဖျက်ပြီး သူတို့၏လက်အောက်မှ ရုန်းမထွက်နိုင်အောင် လက်နက်ဖြင့် ချုပ်ကိုင်ခြင်းကို ခံနေရပါသည်။

ဗမာပြည်သူပြည်သားများအနေနဲ့လည်း တိုင်းရင်းသားပြည်နယ်များ၏နေရာမှာ နေကြည့်ကြပါ။ ခင်ဗျားတို့ လက်ခံနိုင်မလား။

(၁) တိုင်းရင်းသားများကို မခွဲထွက်စေလိုပါက မခွဲထွက်လိုအောင် စိတ်ကျေနပ်လောက်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်ပေးရန် လိုအပ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို မက်လုံးပေး၍ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အချိန်ဆွဲပြီး အနိုင်ယူရန် မကြိုးစားသင့်ပါ။

(၂) တိုင်းရင်းသားများ လိုလားသည့်အတိုင်း နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲပါက ခွဲထွက်ရုံသာ ဖြစ်ပါသည်။

(၃) ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားများနှင့် ပင်လုံညီလာခံ၌ သဘောတူထားသည့် ဖက်ဒရယ်မူများကို NLD ပါတီက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ထည့်သွင်းနိုင်ရန် ပြည်သူ့လွှတ်တော်သို့ မလွဲမသွေ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အဆို တင်သွင်းရန်ဖြစ်ပါသည်။ အကယ်၍ မတင်သွင်းပါက တိုင်းရင်းသားများကို ငြိမ်းချမ်းရေးနည်းဖြင့် ပြန်လည်လိမ်လည်ခြင်းသာ ဖြစ်ပါသည်။

ကတိအတိုင်း တိုင်းရင်းသားများ ခွဲထွက်ချိန်တန်ပြီ
ပင်လုံကတိအတိုင်း တိုင်းရင်းသားများ ခွဲထွက်ချိန် တန်ပြီလေ။ နှစ်ပေါင်း ၇၀ အတွင်း ရက်စက်စွာ အုပ်ချုပ်ခံနေရသည်မှာ အုပ်ချုပ်ခံပြည်နယ်များ အတွက်ရော အုပ်ချုပ်သူအတွက်ပါ အကျိုးမရှိပါ။

ကချင်ပြည်နယ်၏ သယံဇာတများကို ကြိုက်သလို တူးဖော်ရောင်းစားသော်လည်း မူလပိုင်ရှင် ကချင်ပြည်ကျတော့ အကျိုးခံစားခွင့်မရှိပါ။ ရခိုင်ပြည်နယ်မှ ဓာတ်ငွေ့၊ ကယားပြည်နယ် လောပိတမှ ရေအားလျှပ်စစ် စသည်များကို နယ်ခံသာ မူလပိုင်ရှင်များ ခံစားခွင့်မရှိ နှစ်ပေါင်း(၇၀)အတွင်း လုယူခံစား ရတာ နှစ်ပေါင်း (၇၀)ကြာပြီဖြစ်၍ တော်လောက်ပါပြီ။

နှစ်ပေါင်း(၇၀)စစ်ပွဲအတွက် စစ်အသုံးစရိတ်ကြောင့် ဗမာလဲ ဆင်းရဲ၊ တိုင်းရင်းသားသည်လည်း ဆင်းရဲနေကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသားများ လွတ်လပ်စွာ ကတိအတိုင်းခွဲထွက်မှသာ နှစ်ဦးနှစ်ဘက် တိုးတက်သွားမည်ဖြစ်ပါသဖြင့် တိုင်းရင်းသားများသည် လွတ်လပ်စွာ ခွဲထွက်ချိန်တန်ပြီ ဖြစ်ပါသည်။ ခွဲထွက်နိုင်ရန် လိုအပ်သော အရာများကိုလည်း ချစ်ခင်ရင်းနှီးစွာ ဗမာအစိုးရက ကူညီသင့်ပါသည်။

ဆလိုင်းဇလပ်နီ