• Today is: Wednesday, August 5, 2020

တိုင္းရင္းသားေတြရဲ႕အခန္းက႑နဲ႔ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး

Federal Journal
July06/ 2020

Zawgyi

ႏိုင္ငံတစ္ႏိုင္ငံကို လူမ်ိဳးတစ္မ်ိဳးတည္းနဲ႔ တည္ေဆာက္လို႔မရတဲ့။ လူမ်ိဳးမ်ားစြာပါဝင္တဲ့ စုစည္းညီညြတ္မႈနဲ႔ပဲ တည္ေဆာက္ရမွာပါ။ ကြ်န္မတို႔ ျမန္မာႏိုင္ငံဟာ လူမ်ိဳးအမ်ားအျပား ကြဲျပားစံုလင္စြာေနထိုင္တဲ့ ႏိုင္ငံျဖစ္တာေၾကာင့္ တိုင္းရင္းသားေတြၾကား တန္းတူရည္တူရွိမႈကို ေရွး႐ႈရမွာပဲ ျဖစ္ပါတယ္။

တိုင္းရင္းသားေတြဘက္က ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုတည္ေဆာက္ေရးကို လို လားေနေပမယ့္ လက္ရွိအခ်ိန္ထိ တန္းတူရည္တူရွိမႈဟာ အလွမ္းကြာေဝးေနဆဲပါပဲ။ တစ္ဖက္ ကလည္း လက္ရွိအစိုးရအေနနဲ႔ ပင္လံု ကတိကဝတ္ေတြအတိုင္း လိုက္နာေဆာင္ရြက္မႈ မရွိေသး ဘူးလို႔ ေျပာဆိုမႈေတြလည္း ရွိပါတယ္။ တိုင္းရင္းသား ေဒသေတြမွာ ဖြံ႕ၿဖိဳးတိုးတက္ေရး ေနာက္က်ေနရတဲ့ အေၾကာင္းရင္းတစ္ခ်က္ထဲမွာ ျပည္တြင္းစစ္ျဖစ္ပြားေန တာလည္း တစ္ခ်က္အပါအဝင္ပါ။

ကခ်င္ျပည္နယ္ကေန ရခိုင္ျပည္နယ္အထိ ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြ သိန္းခ်ီ ရွိေနပါတယ္။ ၿငိမ္းခ်မ္းေရးရရွိေရးဟာ ျပည္မထက္ေတာင္တန္းေဒသက တိုင္းရင္းသားေတြ အတြက္ အသက္တမွ် အေရးႀကီးပါတယ္။ တစ္ႏိုင္ငံ လံုး အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ (NCA) မွာ လက္ မွတ္ေရးထိုးထားတဲ့ အဖြဲ႕ေတြရွိသလို လက္မွတ္မေရး ထိုးရေသးတဲ့ အ
ဖြဲ႕ေတြလည္း ရွိပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္၊ တပ္မေတာ္နဲ႔ အစိုးရ ၾကားမွာ ]အျပန္အလွန္ယံုၾကည္မႈ}ရွိမွသာ ေသနတ္သံေတြ စဲမွာပါ။ လက္ရွိအေနအထားအရ အျပန္အလွန္ ယံုၾကည္မႈ အားနည္းေနေသးသလို စစ္ေဘာင္က်ယ္ျပန္႔လာေနတာက အႏႈတ္သေဘာ ေဆာင္ေနပါတယ္။ ]ႏိုင္ငံေရးေဆြးေႏြးပြဲ} ေတြဆီ ဦးတည္ခ်င္တယ္ဆိုရင္ သက္ဆိုင္ရာအဖြဲ႕အစည္း အားလံုးက ကိုယ္က်ိဳးကို ဖယ္ခြာၿပီး ျပည္သူေတြရဲ႕ အက်ိဳးကိုပဲ ၾကည့္ရမွာပါ။

ရခိုင္ျပည္နယ္က တိုက္ပြဲေတြအတြင္း အဓိက ထိခိုက္ နစ္နာေနရသူေတြကိုၾကည့္ရင္ ရခိုင္တိုင္း ရင္းသားေတြပဲ ျဖစ္ပါတယ္။ အခုထက္ထိ ေသဆံုးသူ ၁၀ဝ ေက်ာ္ထိရွိသလို ထိခိုက္ဒဏ္ရာရသူေတြလည္း အမ်ားအျပားရွိပါတယ္။ ပိုဆိုးတာက တိုက္ပြဲေတြ အတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိေနသလို ထိခိုက္ေသဆံုးတာေတြနဲ႔ပတ္သက္ၿပီး ဘယ္ဘက္ကမွ တာဝန္ယူမႈ မရွိတာပါပဲ။

ရခိုင္ေျမာက္ပိုင္းမွာသာမက ခ်င္းျပည္နယ္ ပလက္ဝ ၿမိဳ႕မွာပါ တိုက္ပြဲေတြျဖစ္ပြားေနလို႔ ခ်င္းတိုင္း ရင္းသားေတြမွာပါ ဒုကၡေတြ႕ေနရပါတယ္။ အစိုးရ ဘက္က လံုၿခံဳေရး အေၾကာင္းျပခ်က္နဲ႔ အင္တာနက္ပါ ျဖတ္ေတာက္ထားတဲ့ အတြက္ တိုင္းရင္းသားေတြမွာ ဆက္သြယ္ေရးအတြက္ ပိုအခက္အခဲေတြ႕လာရပါတယ္။

အဓိက ထိခိုက္ခံစားရတဲ့အထဲမွာ ေက်ာင္းသား ေက်ာင္းသူေလးေတြလည္း ပါဝင္ေနသလို စာေမးပြဲ ေတြကို စာစစ္ဌာန ေျပာင္းေရႊ႕ေျဖဆိုဖို႔အတြက္ပါ စီစဥ္ခဲ့ရပါတယ္။ ရခိုင္တိုင္းရင္းသားအမတ္ေတြရဲ႕ အဆိုတခ်ိဳ႕ဟာလည္း လႊတ္ေတာ္မွာ ေဆြးေႏြးခြင့္မရ တာ၊ ေဆြးေႏြးခြင့္ရရင္လည္း အေကာင္အထည္ ေဖာ္ေဆာင္ေပးမႈ အားနည္းတယ္ဆိုတဲ့ ေဝဖန္မႈေတြ လည္း ရွိေနပါတယ္။
လႊတ္ေတာ္မွာ အေျခခံဥပေဒျပင္ဆင္ေရး အတြက္ ေဆြးေႏြးမႈေတြ ရွိလာတာ ႀကိဳဆိုရမွာ ျဖစ္ေပမယ့္ ျပင္ဆင္ဖို႔ ရည္ရြယ္ထားတဲ့ အေျခခံဥပေဒ မွာ တိုင္းရင္းသားေတြရဲ႕ အခန္းက႑ကို ဦးစားေပးမႈ အားနည္းတယ္လို႔ တိုင္းရင္းသားလႊတ္ေတာ္ကိုယ္စား လွယ္ေတြက ေထာက္ျပၾကပါတယ္။ ၂၁ ရာစုပင္လံု ညီလာခံအႀကိဳ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြး ပြဲေတြ က်င္းပရာမွာလည္း ရွမ္းျပည္နယ္နဲ႔ ရခိုင္ျပည္ နယ္တို႔မွာ မက်င္းပႏိုင္ခဲ့ပါဘူး။ အေျခခံဥပေဒ ျပင္ ဆင္ေရးအတြက္ ရွမ္းနဲ႔ ရခိုင္ပါတီေတြက အႀကံျပဳခ်က္ ေထာင္ခ်ီေပးပို႔ထားေပမယ့္ လက္ေတြ႕ေဆြးေႏြးတဲ့ အခါမွာ NLD ပါတီက အႀကံျပဳခ်က္ေတြကိုပဲ အဓိက ထည့္သြင္း ေဆြးေႏြးတယ္လို႔ ေျပာဆိုမႈေတြလည္း ရွိပါတယ္။

NLD ပါတီက တိုင္းရင္းသားေတြရဲ႕ အခန္းက႑ကို အေလးထားတယ္လို႔ ေျပာဆိုေပမယ့္ တိုင္းရင္း သားေတြ ဘက္ကေတာ့ အဲဒီလို မ႐ႈျမင္ပါဘူး။ NLD ပါတီမွာ တိုင္းရင္းသားေတြ ပါဝင္တာ မွန္ေပမယ့္ တိုင္းရင္းသားေဒသေတြမွာ တိုင္းရင္းသားေတြ လက္မခံတဲ့ လုပ္ရပ္ေတြျပဳလုပ္ေနတာ၊ တိုင္းရင္း သားပါတီေတြနဲ႔ မဟာမိတ္မဖြဲ႕ဘူးလို႔ ေျပာဆိုတာေတြ က ေမးခြန္းထုတ္စရာေတြ ျဖစ္ေနဆဲပါပဲ။ သယံဇာတ တူးေဖာ္ထုတ္လုပ္မႈမွာလည္း တိုင္းရင္းသားေဒသ ေတြက အက်ိဳးခံစားခြင့္နည္းေနၿပီး စီမံကိန္းေတြအတြက္ ဆံုးျဖတ္ခ်က္ခ်မွတ္ရာမွာလည္း ျပည္ေထာင္စု အစိုးရ ကပဲ ခ်မွတ္ေနတဲ့ အေနအထားပါ။

ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုကို ပံုေဖာ္ မယ္ဆိုရင္ တိုင္းရင္းသားေတြရဲ႕ ဓေလ့ထံုးတမ္း၊ ယဥ္ ေက်းမႈေတြကို အေလးအနက္ထားဖို႔ပါ မျဖစ္မေန ထည့္သြင္းစဥ္းစားရမွာပဲ ျဖစ္ပါတယ္။ ဗမာလူမ်ိဳးေတြ အမ်ားစုေနထိုင္တဲ့ ေဒသေတြကို ပိုၿပီး စဥ္းစားေပးတာ၊ အခြင့္အေရးေပးတာမ်ိဳးလည္း မျဖစ္သင့္ပါဘူး။ ‘ဗမာ’ဟာ တိုင္းရင္းသားျဖစ္ေပမယ့္ လူမ်ားစုျဖစ္ၿပီး က်န္တဲ့ တိုင္းရင္းသားေတြက လူနည္းစုဆိုတာ သတိျပဳသင့္ ပါတယ္။

လူမ်ားစုရဲ႕ဆႏၵကိုပဲ ဦးစားေပးလြန္းရင္ လူနည္း စုေတြ ရဲ႕ဆႏၵကို လ်စ္လ်ဴ႐ႈရာ ေရာက္သြားပါလိမ့္မယ္။ ဒါ့အျပင္ ျပင္ဆင္မယ့္ အေျခခံဥပေဒမွာ လူမ်ိဳးစုေတြရဲ႕ အခြင့္အေရးကို ကာကြယ္ေပးရမယ့္ အခ်က္ေတြ ထည့္သြင္းဖို႔ လိုအပ္ပါတယ္။ တိုင္းရင္းသားေဒသေတြ မွာ လြတ္လပ္စြာ ကိုးကြယ္ယံုၾကည္မႈရဖို႔ကလည္း အထူးပဲ အေရးႀကီးပါတယ္။ (ဘာသာေရးနဲ႔ ႏိုင္ငံေရး မေရာယွက္တဲ့) Secular State တည္ေဆာက္ႏိုင္ဖို႔ကိုပါ အေလးအနက္ထားရမွာလည္း ျဖစ္ပါတယ္။
Gender Equality လို႔ေခၚတဲ့ က်ား/မ တန္းတူ ညီမွ်မႈကိုလည္း ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ ရာမွာ မျဖစ္မေန ေဖာ္ေဆာင္ရမွာပါ။ ပကတိ အေန အထားကို ျပန္ၾကည့္ရင္ တိုင္းရင္းသားေဒသေတြမွာ အမ်ိဳးသမီးေတြဟာ လိင္အရ ခြဲျခားဆက္ဆံခံရတာ ေတြရွိသလို ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ (Peace Process) မွာ ကိုယ္တိုင္ကိုယ္က် ပါဝင္ေရးမွာေတာင္ အမ်ိဳးသမီး ျဖစ္ေနလို႔ ကန္႔သတ္ခံရတာေတြ ရွိေနဆဲပါ။ အသက္ ေမြးဝမ္းေက်ာင္းဖို႔ အခြင့္အေရးေတြကို တိုင္းရင္းသား ေဒသေတြက အမ်ိဳးသမီးေတြအတြက္ ပိုမိုဖန္တီးေပး ရမွာပဲ ျဖစ္ပါတယ္။

ဥပမာအားျဖင့္ ကခ်င္ျပည္နယ္က ကခ်င္ တိုင္း ရင္းသူေတြရဲ႕ ႐ိုးရာဂ်က္ခုတ္လုပ္ငန္း ပိုမို က်ယ္ျပန္႔ လာဖို႔ အားေပးကူညီရမွာျဖစ္သလို ရခိုင္ျပည္နယ္က ရခိုင္တိုင္းရင္းသူေတြအတြက္ ရခိုင္႐ိုးရာ အဝတ္ အထည္ေတြ ပိုမိုထုတ္လုပ္ႏိုင္ေရးကို အားေပး ကူညီ ရမွာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးကို ကန္႔သတ္ထားတဲ့ အရာမွန္သမွ် အနာဂတ္ ဖက္ဒရယ္ျပည္ေထာင္စုမွာ ဖယ္ရွားရမွာပါ။ တိုင္းရင္းသားေတြဘက္က ဘယ္ေလာက္ပဲ အသံ ထြက္ေနေပမယ့္ သူတို႔အသံကို မၾကားခ်င္ေယာင္ ေဆာင္ေနရင္ အလကားပါပဲ။

‘ဘာသာစကား လြတ္လပ္ခြင့္’ကို ထည့္သြင္း စဥ္းစား ရမွာျဖစ္သလို တိုင္းရင္းသားဘာသာစကားနဲ႔ စာေပကို လြတ္လြတ္လပ္လပ္ သင္ယူခြင့္ရွိရမွာပါ။ လက္ရွိအေျခအေနမွာ တခ်ိဳ႕ေဒသေတြမွာသာ တိုင္း ရင္းသားဘာသာစကား သင္ၾကားခြင့္ရေနၿပီး လစာ လည္း အင္မတန္ နည္းပါးေနပါတယ္။
တိုင္းရင္းသားေတြရဲ႕ မိခင္ဘာသာစကားနဲ႔ သင္ၾကားႏိုင္ဖို႔ သင္႐ိုးၫႊန္းတမ္းမွာ ထည့္သြင္းႏိုင္ရင္ အေကာင္းဆံုးပါပဲ။

ၿငိမ္းခ်မ္းၿပီး သာယာဝေျပာတဲ့ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးမွာ တိုင္း ရင္းသားေတြရဲ႕ အခြင့္အေရး၊ ယဥ္ေက်းမႈ၊ ဘာသာေရး လြတ္လပ္ခြင့္၊ သယံဇာတခြဲေဝမႈ၊ မိခင္ဘာသာစကား သင္ၾကားခြင့္ေတြ ရရွိဖို႔ကို ထည့္သြင္းစဥ္းစားၿပီး တိုင္းရင္းသားေတြရဲ႕ အခန္းက႑ကို အေလးထားမွ သာ ေအာင္ျမင္ႏိုင္မွာ ျဖစ္ပါေၾကာင္း။

ေသြး(စစ္ကိုင္း)

 

Unicode

နိုင်ငံတစ်နိုင်ငံကို လူမျိုးတစ်မျိုးတည်းနဲ့ တည်ဆောက်လို့မရတဲ့။ လူမျိုးများစွာပါဝင်တဲ့ စုစည်းညီညွတ်မှုနဲ့ပဲ တည်ဆောက်ရမှာပါ။ ကျွန်မတို့ မြန်မာနိုင်ငံဟာ လူမျိုးအများအပြား ကွဲပြားစုံလင်စွာနေထိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် တိုင်းရင်းသားတွေကြား တန်းတူရည်တူရှိမှုကို ရှေးရှုရမှာပဲ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေဘက်က ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို လို လားနေပေမယ့် လက်ရှိအချိန်ထိ တန်းတူရည်တူရှိမှုဟာ အလှမ်းကွာဝေးနေဆဲပါပဲ။ တစ်ဖက် ကလည်း လက်ရှိအစိုးရအနေနဲ့ ပင်လုံ ကတိကဝတ်တွေအတိုင်း လိုက်နာဆောင်ရွက်မှု မရှိသေး ဘူးလို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ရေး နောက်ကျနေရတဲ့ အကြောင်းရင်းတစ်ချက်ထဲမှာ ပြည်တွင်းစစ်ဖြစ်ပွားနေ တာလည်း တစ်ချက်အပါအဝင်ပါ။

ကချင်ပြည်နယ်ကနေ ရခိုင်ပြည်နယ်အထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ သိန်းချီ ရှိနေပါတယ်။ ငြိမ်းချမ်းရေးရရှိရေးဟာ ပြည်မထက်တောင်တန်းဒေသက တိုင်းရင်းသားတွေ အတွက် အသက်တမျှ အရေးကြီးပါတယ်။ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) မှာ လက် မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရှိသလို လက်မှတ်မရေး ထိုးရသေးတဲ့ အ
ဖွဲ့တွေလည်း ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်၊ တပ်မတော်နဲ့ အစိုးရ ကြားမှာ ]အပြန်အလှန်ယုံကြည်မှု}ရှိမှသာ သေနတ်သံတွေ စဲမှာပါ။ လက်ရှိအနေအထားအရ အပြန်အလှန် ယုံကြည်မှု အားနည်းနေသေးသလို စစ်ဘောင်ကျယ်ပြန့်လာနေတာက အနှုတ်သဘော ဆောင်နေပါတယ်။ ]နိုင်ငံရေးဆွေးနွေးပွဲ} တွေဆီ ဦးတည်ချင်တယ်ဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးက ကိုယ်ကျိုးကို ဖယ်ခွာပြီး ပြည်သူတွေရဲ့ အကျိုးကိုပဲ ကြည့်ရမှာပါ။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အဓိက ထိခိုက် နစ်နာနေရသူတွေကိုကြည့်ရင် ရခိုင်တိုင်း ရင်းသားတွေပဲ ဖြစ်ပါတယ်။ အခုထက်ထိ သေဆုံးသူ ၁၀ဝ ကျော်ထိရှိသလို ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိပါတယ်။ ပိုဆိုးတာက တိုက်ပွဲတွေ အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသလို ထိခိုက်သေဆုံးတာတွေနဲ့ပတ်သက်ပြီး ဘယ်ဘက်ကမှ တာဝန်ယူမှု မရှိတာပါပဲ။

ရခိုင်မြောက်ပိုင်းမှာသာမက ချင်းပြည်နယ် ပလက်ဝ မြို့မှာပါ တိုက်ပွဲတွေဖြစ်ပွားနေလို့ ချင်းတိုင်း ရင်းသားတွေမှာပါ ဒုက္ခတွေ့နေရပါတယ်။ အစိုးရ ဘက်က လုံခြုံရေး အကြောင်းပြချက်နဲ့ အင်တာနက်ပါ ဖြတ်တောက်ထားတဲ့ အတွက် တိုင်းရင်းသားတွေမှာ ဆက်သွယ်ရေးအတွက် ပိုအခက်အခဲတွေ့လာရပါတယ်။

အဓိက ထိခိုက်ခံစားရတဲ့အထဲမှာ ကျောင်းသား ကျောင်းသူလေးတွေလည်း ပါဝင်နေသလို စာမေးပွဲ တွေကို စာစစ်ဌာန ပြောင်းရွှေ့ဖြေဆိုဖို့အတွက်ပါ စီစဉ်ခဲ့ရပါတယ်။ ရခိုင်တိုင်းရင်းသားအမတ်တွေရဲ့ အဆိုတချို့ဟာလည်း လွှတ်တော်မှာ ဆွေးနွေးခွင့်မရ တာ၊ ဆွေးနွေးခွင့်ရရင်လည်း အကောင်အထည် ဖော်ဆောင်ပေးမှု အားနည်းတယ်ဆိုတဲ့ ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။
လွှတ်တော်မှာ အခြေခံဥပဒေပြင်ဆင်ရေး အတွက် ဆွေးနွေးမှုတွေ ရှိလာတာ ကြိုဆိုရမှာ ဖြစ်ပေမယ့် ပြင်ဆင်ဖို့ ရည်ရွယ်ထားတဲ့ အခြေခံဥပဒေ မှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ဦးစားပေးမှု အားနည်းတယ်လို့ တိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်တွေက ထောက်ပြကြပါတယ်။ ၂၁ ရာစုပင်လုံ ညီလာခံအကြို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေ ကျင်းပရာမှာလည်း ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည် နယ်တို့မှာ မကျင်းပနိုင်ခဲ့ပါဘူး။ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ရှမ်းနဲ့ ရခိုင်ပါတီတွေက အကြံပြုချက် ထောင်ချီပေးပို့ထားပေမယ့် လက်တွေ့ဆွေးနွေးတဲ့ အခါမှာ NLD ပါတီက အကြံပြုချက်တွေကိုပဲ အဓိက ထည့်သွင်း ဆွေးနွေးတယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

NLD ပါတီက တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို အလေးထားတယ်လို့ ပြောဆိုပေမယ့် တိုင်းရင်း သားတွေ ဘက်ကတော့ အဲဒီလို မရှုမြင်ပါဘူး။ NLD ပါတီမှာ တိုင်းရင်းသားတွေ ပါဝင်တာ မှန်ပေမယ့် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေ လက်မခံတဲ့ လုပ်ရပ်တွေပြုလုပ်နေတာ၊ တိုင်းရင်း သားပါတီတွေနဲ့ မဟာမိတ်မဖွဲ့ဘူးလို့ ပြောဆိုတာတွေ က မေးခွန်းထုတ်စရာတွေ ဖြစ်နေဆဲပါပဲ။ သယံဇာတ တူးဖော်ထုတ်လုပ်မှုမှာလည်း တိုင်းရင်းသားဒေသ တွေက အကျိုးခံစားခွင့်နည်းနေပြီး စီမံကိန်းတွေအတွက် ဆုံးဖြတ်ချက်ချမှတ်ရာမှာလည်း ပြည်ထောင်စု အစိုးရ ကပဲ ချမှတ်နေတဲ့ အနေအထားပါ။

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ပုံဖော် မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း၊ ယဉ် ကျေးမှုတွေကို အလေးအနက်ထားဖို့ပါ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာပဲ ဖြစ်ပါတယ်။ ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ ဒေသတွေကို ပိုပြီး စဉ်းစားပေးတာ၊ အခွင့်အရေးပေးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ‘ဗမာ’ဟာ တိုင်းရင်းသားဖြစ်ပေမယ့် လူများစုဖြစ်ပြီး ကျန်တဲ့ တိုင်းရင်းသားတွေက လူနည်းစုဆိုတာ သတိပြုသင့် ပါတယ်။

လူများစုရဲ့ဆန္ဒကိုပဲ ဦးစားပေးလွန်းရင် လူနည်း စုတွေ ရဲ့ဆန္ဒကို လျစ်လျူရှုရာ ရောက်သွားပါလိမ့်မယ်။ ဒါ့အပြင် ပြင်ဆင်မယ့် အခြေခံဥပဒေမှာ လူမျိုးစုတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးရမယ့် အချက်တွေ ထည့်သွင်းဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားဒေသတွေ မှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုရဖို့ကလည်း အထူးပဲ အရေးကြီးပါတယ်။ (ဘာသာရေးနဲ့ နိုင်ငံရေး မရောယှက်တဲ့) Secular State တည်ဆောက်နိုင်ဖို့ကိုပါ အလေးအနက်ထားရမှာလည်း ဖြစ်ပါတယ်။
Gender Equality လို့ခေါ်တဲ့ ကျား/မ တန်းတူ ညီမျှမှုကိုလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရာမှာ မဖြစ်မနေ ဖော်ဆောင်ရမှာပါ။ ပကတိ အနေ အထားကို ပြန်ကြည့်ရင် တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေဟာ လိင်အရ ခွဲခြားဆက်ဆံခံရတာ တွေရှိသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process) မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရေးမှာတောင် အမျိုးသမီး ဖြစ်နေလို့ ကန့်သတ်ခံရတာတွေ ရှိနေဆဲပါ။ အသက် မွေးဝမ်းကျောင်းဖို့ အခွင့်အရေးတွေကို တိုင်းရင်းသား ဒေသတွေက အမျိုးသမီးတွေအတွက် ပိုမိုဖန်တီးပေး ရမှာပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ကချင်ပြည်နယ်က ကချင် တိုင်း ရင်းသူတွေရဲ့ ရိုးရာဂျက်ခုတ်လုပ်ငန်း ပိုမို ကျယ်ပြန့် လာဖို့ အားပေးကူညီရမှာဖြစ်သလို ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသူတွေအတွက် ရခိုင်ရိုးရာ အဝတ် အထည်တွေ ပိုမိုထုတ်လုပ်နိုင်ရေးကို အားပေး ကူညီ ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကန့်သတ်ထားတဲ့ အရာမှန်သမျှ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ဖယ်ရှားရမှာပါ။ တိုင်းရင်းသားတွေဘက်က ဘယ်လောက်ပဲ အသံ ထွက်နေပေမယ့် သူတို့အသံကို မကြားချင်ယောင် ဆောင်နေရင် အလကားပါပဲ။

‘ဘာသာစကား လွတ်လပ်ခွင့်’ကို ထည့်သွင်း စဉ်းစား ရမှာဖြစ်သလို တိုင်းရင်းသားဘာသာစကားနဲ့ စာပေကို လွတ်လွတ်လပ်လပ် သင်ယူခွင့်ရှိရမှာပါ။ လက်ရှိအခြေအနေမှာ တချို့ဒေသတွေမှာသာ တိုင်း ရင်းသားဘာသာစကား သင်ကြားခွင့်ရနေပြီး လစာ လည်း အင်မတန် နည်းပါးနေပါတယ်။
တိုင်းရင်းသားတွေရဲ့ မိခင်ဘာသာစကားနဲ့ သင်ကြားနိုင်ဖို့ သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းနိုင်ရင် အကောင်းဆုံးပါပဲ။

ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ တိုင်း ရင်းသားတွေရဲ့ အခွင့်အရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး လွတ်လပ်ခွင့်၊ သယံဇာတခွဲဝေမှု၊ မိခင်ဘာသာစကား သင်ကြားခွင့်တွေ ရရှိဖို့ကို ထည့်သွင်းစဉ်းစားပြီး တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို အလေးထားမှ သာ အောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း။

သွေး(စစ်ကိုင်း)