• Today is: Saturday, July 11, 2020

တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ားႏွင့္တိုင္းရင္းသားအဖြဲ႕အစည္းမ်ား၏ အခ်ိဳး၊ အေကြ႕၊ အေရြ႕ႏွင့္လားရာ

Federal Journal
June17/ 2020

Zawgyi

ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲမ်ား စတင္သည့္ ၂၀၁၀ ျပည့္ႏွစ္ႏွင့္ ၂၀၁၅ ခုႏွစ္မ်ားကို ျပန္ ေျပာင္းေစာင္းငဲ့ၾကည့္လွ်င္ ပါတီႀကီးႏွစ္ခုျဖစ္သည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔သည္ ေရြးေကာက္ပြဲတြင္ တစ္လွည့္စီ ေအာင္ပြဲခံၾကေၾကာင္း သိရွိၾကၿပီး ျဖစ္ပါသည္။ တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ားမွာ ေအာင္ပြဲ ဆင္ႏိုင္ခဲ့ျခင္း မရွိၾကပါ။ အထိုက္အေလ်ာက္ အႏိုင္ရရွိခဲ့ေသာ ရခိုင္ႏွင့္ ရွမ္းတိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ားသည္လည္း အစိုးရဖြဲ႕ႏိုင္သည္အထိ ေလာက္ေလာက္လားလား ေအာင္ျမင္မႈ မရခဲ့ၾကပါ။ ၂၀၁၅ ခုႏွစ္၊ ေရြးေကာက္ပြဲ ျပည္နယ္လႊတ္ေတာ္အဆင့္တြင္ ရခိုင္ျပည္နယ္မွ ရခိုင္တိုင္းရင္းသားပါတီမ်ား လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစု အႏိုင္ရရွိခဲ့ေသာ္လည္း ျပည္ နယ္အစိုးရ (ျပည္နယ္ဝန္ႀကီးခ်ဳပ္) ေရြးခ်ယ္ဖြဲ႕စည္းခြင့္ မရခဲ့ပါ။ ျပည္ေထာင္စုလႊတ္ေတာ္တြင္ NLD ပါတီက အမတ္ အမ်ားစုအႏိုင္ရခဲ့သျဖင့္ NLD ပါတီမွ ႏိုင္ငံ ေတာ္သမၼတ ေရြးခ်ယ္ခြင့္ရခဲ့ၿပီး ဥပေဒအရ သမၼတ သည္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္မ်ားကို ခန္႔အပ္ခြင့္ရွိရာ ရခိုင္ ျပည္နယ္တြင္ ရခိုင္းတိုင္းရင္း သားပါတီမ်ားက အမတ္ အမ်ားစု အႏိုင္ရခဲ့ေသာ္လည္း ျပည္နယ္အစိုးရ (ျပည္နယ္ဝန္ႀကီးခ်ဳပ္) ေရြးခ်ယ္ ခန္႔အပ္ခြင့္ မရရွိခဲ့ျခင္းျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္၊ အေထြေထြေရြးေကာက္ပြဲ က်င္းပရန္ အခ်ိန္မ်ားစြာ မက်န္ေတာ့ပါ။ ႏိုင္ငံေရးပါတီ၊ ႏိုင္ငံေရး ေလ့လာသူ၊ တတ္သိပညာရွင္မ်ား အပါအဝင္ ျပည္သူ တစ္ရပ္လံုးက ၂၀၂၀ ေရြးေကာက္ပြဲ၏ ျဖစ္ႏိုင္ ဖြယ္ရာက အေျဖမ်ားကို အမ်ိဳးမ်ိဳး သံုးသပ္ေဝဖန္ ခန္႔မွန္းမႈေတြ ေပးေနၾကပါတယ္။ ၂၀၁၅ ခုႏွစ္ ေရြး ေကာက္ပြဲတြင္ မ႐ႈမလွ ႐ံႈးနိမ့္ခဲ့ေသာ ျပည္ခိုင္ၿဖိဳးပါတီ ျပန္လာႏိုင္ဦးမလား ေတြးၾကည့္ၾကသည္။ ၎တို႔ႏွင့္ ဆက္စပ္မႈရွိခဲ့သည့္ တိုင္းရင္းသား စည္းလံုးညီညြတ္ ေရးပါတီ (တစည) ၏ လားရာကို ေလ့လာသံုးသပ္ ၾကည့္ပါက ျပန္လာႏိုင္ရန္ သိပ္မျမင္၊ စစ္အုပ္ခ်ဳပ္ေရး ကာလတစ္ေလွ်ာက္လံုး ျပည္သူေတြ ခါးစည္းခံခဲ့ရ သည့္ အျဖစ္သနစ္မ်ားကို ျပည္သူေတြ ေမ့ႏိုင္ၾကဦးမည္ မထင္၊ မေမ့ႏိုင္ခဲ့ျခင္းေၾကာင့္လည္း အၿငိမ္းစား တပ္မ ေတာ္သား အမ်ားစုႏွင့္ ဖြဲ႕စည္းထားသည့္ ျပည္ခိုင္ၿဖိဳး ပါတီကို လံုးလံုးလ်ားလ်ားနီးပါး ဥပကၡာျပဳခဲ့ၿပီး NLD ပါတီကို ေသာင္ၿပိဳကမ္းၿပိဳ မဲေပးခဲ့ၾကျခင္းက သက္ေသ ပင္ျဖစ္သည္။ စစ္သားဆိုသည္ ပင္စင္မစားေသးသူ ေရာ၊ အၿငိမ္းစားၿပီးသူမ်ားကိုပါ အားလံုးေရာၿပီး ျပည္သူေတြက ေၾကာက္ရြံ႕ေရွာင္ဖယ္ေနၾကသည့္သေဘာ ေတြ႕ရသည္။ သို႔ရာတြင္ ျပည္ခိုင္ၿဖိဳးပါတီက ရန္ပံုေငြ ေတာင့္တင္းသည္။ လူအင္အားမ်ားျပားသည္၊ သူ႔ကို ေလွ်ာ့တြက္၍ မရဟုလည္း သံုးသပ္ေနၾကသည္။ ေသာင္ၿပိဳကမ္းၿပိဳမဟုတ္သည့္တိုင္ ၁၅ ရာခိုင္ႏႈန္း၊ ၂၀ ရာခိုင္ႏႈန္း၊ ၂၅ ရာခိုင္ႏႈန္းေအာင္ျမင္ႏိုင္ေကာင္း ေအာင္ျမင္ ႏိုင္သည္ဟု မွန္းဆသူမ်ားလည္း ရွိေနပါ သည္။

NLD ပါတီကို သံုးသပ္ၾကည့္ျပန္ေသာအခါ ၂၀ဝ၅ ခုႏွစ္ပါတီ၏ ေရြးေကာက္ပြဲေျြကးေၾကာ္သံ၊ ေရြးေကာက္ပြဲ ကတိကဝတ္မ်ားကို ရာႏႈန္းျပည္ အေကာင္အထည္မေဖာ္ ႏိုင္ေသးသည္ကို ေတြ႕ရသည္။ ထိုကတိမတည္မႈအေပၚ ျပည္သူေတြ ဇေဝဇဝါ ျဖစ္ ေနၾကပါသည္။ NLD ပါတီကို ဆက္၍ မဲေပးရမည္လား မဲမေပးရေတာ့ဘူးလား… ကတိကဝတ္မ်ားလည္း အေကာင္အထည္မေပၚ၊ ၿငိမ္းခ်မ္းေရး ေဆာင္ရြက္ မည္ဆိုသည့္ ကိစၥသည္လည္း တတိယပင္လံု က်င္းပဖို႔ ရက္ကပင္ ေသေသခ်ာခ်ာ မေရြးႏိုင္ေသး၊ အေျခခံ ဥပေဒကို ျပင္ဖို႔မဟားဒယား ေဆာင္ရြက္ရင္း ၂၅ ရာခိုင္ႏႈန္းေသာ တပ္မေတာ္သားမ်ား၏ ေထာက္ခံခ်က္ ရဖို႔ရန္ မေသခ်ာဘဲလ်က္ မည္သို႔ျပင္ႏိုင္အံ့နည္း… အစိုးရႏွင့္ တပ္မေတာ္ အဆင္ေျပေရး၊ အစိုးရတပ္မ ေတာ္ တိုင္းရင္းသားအဖြဲ႕အစည္းမ်ား စည္းကိုက္ ဝါးကိုက္ျဖစ္ေရး (တစ္နည္း) အမ်ိဳးသားရင္ၾကား ေစ့ေရး စသည့္အခ်က္အားလံုး NLD ပါတီ၊ NLD အစိုးရက ဘာတစ္ခုမွ ပိုင္ပိုင္ႏိုင္ႏိုင္ အေကာင္အထည္ ေဖာ္ျခင္းမျပဳႏိုင္ေသး…. သို႔ေပမယ့္လည္း ျပည္ခိုင္ ၿဖိဳးကိုလည္း မယံု၊ တိုင္းရင္းသားပါတီမ်ားကိုလည္း အထင္ေသး၊ NLD ကိုပဲ မဲေပးဦးမွပဲေလ… ဆိုသူမ်ား ရွိႏိုင္ေသးေသာေၾကာင့္ ေသာင္ၿပိဳကမ္းၿပိဳ မဟုတ္ သည့္တိုင္ ၃၀ ရာခိုင္ႏႈန္း၊ ၄၀ ရာခိုင္ႏႈန္းေလာက္ေတာ့ ေအာင္ႏိုင္ေခ်ရွိေသးေၾကာင္း တြက္ခ်က္သူေတြက တြက္ခ်က္ၾကသည္။ ယခင္က “ပါတီကိုပဲ ၾကည့္ပါ”ဟူသည့္ေဆာင္ပုဒ္မွ ယခုအခါ ပါတီကိုလည္း ၾကည့္ဖို႔ လိုသလို၊ လူပုဂိၢဳလ္ကိုလည္း ၾကည့္ဖို႔လိုၿပီဟူ၍ ေလသံ ေျပာင္းလဲလာပါသည္။ ထူးဆန္းသည္တစ္ခုက NLD ပါတီသည္ ေရြးေကာက္ပြဲမတိုင္မီႏွင့္ ေရြးေကာက္ပြဲ အလြန္တို႔တြင္ မည္သည့္ပါတီႏွင့္မွ် ပူးေပါင္းေဆာင္ ရြက္မည္ မဟုတ္ေၾကာင္း တရားဝင္ေၾကညာလိုက္ ျခင္းျဖစ္သည္။ ထက္ဝက္ေက်ာ္ မဲမရခဲ့လွ်င္လည္း ျပည္ခိုင္ၿဖိဳးႏွင့္ျဖစ္ေစ အျခားဗမာပါတီတစ္ခုခုျဖင့္ ျဖစ္ေစ၊ တိုင္းရင္းသားပါတီမ်ားႏွင့္ျဖစ္ေစ မဟာမိတ္ ျပဳ ပူးေပါင္းေဆာင္ရြက္မည့္ အစီအစဥ္မရွိေၾကာင္း ယတိျပတ္ေၾကညာခဲ့ျခင္းျဖစ္သည္ဟု နားလည္ရပါ သည္။ ျပည္သူမ်ား သတိမူရန္တစ္ခုမွာ အကယ္ ၍ ၅၀ ရာခိုင္ႏႈန္းေက်ာ္ ေအာင္ျမင္မႈမရလွ်င္ မူလသေဘာ ထားကိုျပင္ၿပီး ပါတီတစ္ခုခုႏွင့္ ေပါင္းမည္လား… သို႔မဟုတ္ တစ္မတ္သား တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ေပါင္းမည္လား… ေစာင့္ၾကည့္ ဖို႔ရန္သာရွိသည္။

ပါတီႀကီးႏွစ္ခုအနက္ တစ္ခုခုက ၅၀ ရာခိုင္ႏႈန္း ေက်ာ္ အႏိုင္ရရွိပါက မည္သို႔မွ် ေစာဒကတက္ရန္ မရွိ၊ တိုင္းရင္းသားတို႔အဖို႔ လႊတ္ေတာ္တြင္ အတိုက္အခံ ဘက္ကသာ ရွိေန႐ံုျဖစ္သည္။ ယခုအေျခအေနတြင္ တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ားက ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ေရးေရးကေလးေငးေမွ်ာ္ကိုး ေစာင့္ဆိုင္း ၾကည့္ေနၾကသည္။ မိမိတို႔တိုင္း ရင္းသားပါတီမ်ားက ၂၀ ရာခိုင္ႏႈန္း၊ ျပည္ခိုင္ၿဖိဳးပါတီက ၂၅ ရာခိုင္ႏႈန္း၊ NLD ပါတီက ၂၅ ရာခိုင္ႏႈန္း၊ အျခားပါတီ မ်ားက ၁၀ ရာခိုင္ႏႈန္း အႏိုင္ရသည္ဆိုပါစို႔ – မည္သည့္ ပါတီကမွ လြတ္လြတ္ကြ်တ္ကြ်တ္ အစိုးရဖြဲ႕ႏိုင္ေတာ့မည္ မဟုတ္ ပါ။ ထိုသို႔ေသာအခါတြင္ တစ္ခုခုေတာ့ လုပ္ရေတာ့ မည္။ တိုင္းရင္းသားပါတီမ်ားသည္ “ဒီတစ္ေခါက္ ေတာ့ မိမိတို႔အလွည့္ပဲ” ဟူ၍ “ခ်ိဳ”ေသြး မေနသင့္ၾကေသး။ တိုင္းရင္းသားပါတီမ်ား ဘာလုပ္သင့္သည္ကို ေဆြးေႏြး တိုင္ပင္ၾကရမည္။ ခက္ေနသည္က တိုင္းရင္းသား ပါတီမ်ား စည္းလံုးညီညြတ္မႈ မရွိၾက၊ ရခိုင္ဆိုလွ်င္ ႏွစ္ပါတီေပါင္းၿပီးခါမွ ျပန္ပ်က္သြားသည္။ ရွမ္းတြင္ လည္း တိုင္းရင္းသားပါတီမ်ားစြာ ရွိသည္။ တစ္စု တစ္စည္းတည္း ေပါင္းစည္းညႇိႏိႈင္း၍ မရ၊ ေလာေလာ ဆယ္တြင္ (United Nationalities Alliance-UNA) ၊ စည္းလံုးညီညြတ္ေသာ တိုင္းရင္းသားမဟာမိတ္အဖြဲ႕ ႏွင့္ (Nationalities Brother-hood Federation – NBF) ညီေနာင္တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ား ဖက္ဒေရးရွင္းဟူ၍ သည္ႏိုင္ငံတြင္ တိုင္းရင္းသားႏိုင္ငံ ေရးပါတီမ်ား အစုအဖြဲ႕ႀကီးႏွစ္ဖြဲ႕ရွိ သည္။ တိုင္းရင္း သားမ်ားသာျဖစ္ၾကသျဖင့္ အဘယ္ေၾကာင့္ ပါတီမ်ား မပူးေပါင္းႏိုင္ၾကသနည္း၊ ပူးေပါင္းႏိုင္လွ်င္လည္း မဟာမိတ္မျပဳႏိုင္ၾကသေလာ-မဟာမိတ္ မဟုတ္လွ်င္ ေတာင္ တိုင္းရင္းသားအေရးႏွင့္ ပတ္သက္၍ ညႇိႏိႈင္း တိုင္ပင္ေဆြးေႏြးမႈ မျပဳသင့္ၾကသေလာ….

ယခုအခါ ကရင္နီ (ကယား)ျပည္နယ္၊ ကခ်င္ ျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္ မ်ားမွ တိုင္းရင္းသားႏိုင္ငံေရးပါတီအခ်ိဳ႕ တစ္ပါတီ တည္းအျဖစ္ တရားဝင္ပူးေပါင္း ဖြဲ႕စည္းလာႏိုင္သည္ မ်ား ရွိသည္။ ျပည္နယ္အတြင္းရွိ ပါတီအားလံုး မဟုတ္ သည့္တိုင္ ပါတီအမ်ားစု ပူးေပါင္းဖြဲ႕စည္းလာျခင္းျဖစ္ ၍ ႀကိဳဆိုရမည္သာျဖစ္သည္။

ကယားျပည္နယ္တြင္ ကယားလူမ်ိဳးစု ဒီမို ကေရစီပါတီ (Kayar Unity Demoracy Party) ႏွင့္ လူမ်ိဳးေပါင္းစံု ဒီမို ကေရစီပါတီ (All National Demo-cracy Party) ႏွစ္ပါတီ ပူးေပါင္းၿပီး ၂၀၁၇ ခုႏွစ္တြင္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္၏ မွတ္ပံုတင္ ခြင့္ျပဳမိန္႔အမွတ္ (၁၀၅)ျဖင့္ ကယား ျပည္နယ္ ဒီမို ကရက္တစ္ပါတီ (Kayar State Democratic Party) ကို ဖြဲ႕စည္းတည္ေထာင္ခဲ့သည္။ ကယားျပည္နယ္ တြင္ ကယန္းအမ်ိဳးသားပါတီ (Kayan National Party) သီးျခားတစ္ပါတီက်န္ရွိေနေသာ္လည္း ရွမ္း ျပည္နယ္ ဖယ္ခံု ၿမိဳ႕နယ္အေျခစိုက္ ျဖစ္သည္။ ကယား ျပည္နယ္ ဒီမိုကရက္တစ္ပါတီသည္ ပါတီ၏အလုပ္အမႈ ေဆာင္အဖြဲ႕သစ္ကို ဒီမိုကေရစီနည္းက်က် ေရြးေကာက္ တင္ေျမႇာက္ခဲ့ၿပီး ကယားျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ ခုနစ္ၿမိဳ႕နယ္လံုးတြင္ ၿမိဳ႕နယ္ေကာ္မတီမ်ား ဖြဲ႕စည္း ထားရွိၿပီးျဖစ္သည္။ ကယားျပည္နယ္တြင္ (Kareni National Progressive Party-KNPP) ကရင္နီ အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီဟုေခၚေသာ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕ တစ္ဖြဲ႕ရွိၿပီး NCA လက္မွတ္ ေရးထိုးရန္ ညႇိႏိႈင္းေနဆဲျဖစ္ေၾကာင္း သိရပါသည္။ ကယားျပည္နယ္ ဒီမိုကေရတစ္ပါတီ ဖြဲ႕စည္းၿပီးေနာက္ က်င္းပသည့္ ၂၀၁၇ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦး အႏိုင္ရ ရွိခဲ့သည္။
ကရင္ျပည္နယ္တြင္ ဖလံု-စေဝၚ ဒီမိုကရက္ တစ္ပါတီ (PSDP) ၊ ကရင္ျပည္နယ္ ဒီမိုကေရစီႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီ (KSDDP) ၊ ကရင္ဒီမိုကရက္ တစ္ပါတီ (KDP) ႏွင့္ စည္းလံုးညီညြတ္ေသာ ကရင္ အမ်ိဳးသားပါတီ (KNUP) ေလးပါတီပူးေပါင္းၿပီး ကရင္ အမ်ိဳးသားဒီမိုကရက္တစ္ပါတီ (KNDP) အမည္ျဖင့္ ပူးေပါင္းပါတီသစ္ကို (၂၂ .၂ .၂၀၁၈) တြင္ ျပည္ ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္၏ မွတ္ပံုတင္ ခြင့္ျပဳ မိန္႔အမွတ္ (၁၀၈)ျဖင့္ ဖြဲ႕စည္းထူေထာင္ခဲ့ၿပီး ပါတီ၏ အလုပ္အမႈေဆာင္ေကာ္မတီႏွင့္ ခ႐ိုင္ပါတီ ေကာ္မတီ တစ္ခု၊ ၿမိဳ႕နယ္ပါတီေကာ္မတီ ငါးခု၊ ၿမိဳ႕ေဒသ ေကာ္ မတီႏွစ္ခုႏွင့္ ရပ္/ေက်း ေကာ္မတီမ်ားကို ဖြဲ႕စည္း တည္ေထာင္ခဲ့ၿပီးျဖစ္ပါသည္။ ပူးေပါင္းလိုက္ေသာ ေလးပါတီအနက္ ဖလံု-စေဝၚ ဒီမိုကရက္တစ္ပါတီကို ဖ်က္သိမ္းျခင္းမျပဳဘဲ ဖလံု-စေဝၚ ဒီမိုကရက္တစ္ ပါတီမ်ားသာ ပါဝင္ ပူးေပါင္းလိုက္ျခင္းသည္ ထူးျခား ခ်က္တစ္ရပ္ ျဖစ္သည္။ ျပည္မဘက္ရွိ ကရင္တိုင္းရင္း သားပါတီႏွစ္ခုျဖစ္ေသာ KPP ႏွင့္ KNP တို႔မွာ နယ္ေျမ ေဒသကြာေဝးျခင္းႏွင့္ အျခားအေၾကာင္း အခ်က္တခ်ိဳ႕ ေၾကာင့္ ကရင္ျပည္နယ္ရွိ ပူးေပါင္းလိုက္ေသာ ပါတီႏွင့္ ေပါင္းစည္းႏိုင္ခဲ့ျခင္း မရွိပါ။ သို႔ရာတြင္ ၎င္းတို႔ႏွစ္ပါတီ သည္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ညႇိႏိႈင္းေဆာင္ရြက္ သြားၾကမည္ဟု ေလ့လာသိရွိရပါသည္။ ကရင္ျပည္နယ္ တြင္ ပဒိုေအာင္ဆန္း အဖြဲ႕ႏွင့္ ေစာသုမူဟဲ အဖြဲ႕ဟူသည့္ လက္နက္ကိုင္အဖြဲ႕ ႏွစ္ဖြဲ႕မွာ လက္နက္ႏွင့္ ၿငိမ္းခ်မ္း ေရးကို လဲလွယ္ခဲ့ၾကၿပီးျဖစ္သည္။ KNU, KNLA (PC) ၿငိမ္းခ်မ္းေရးေကာင္စီ၊ DKBA ႏွင့္ KNU တို႔မွာ လက္နက္ကိုင္ထားဆဲ ကရင္လက္နက္ကိုင္ အဖြဲ႕မ်ား ျဖစ္ၿပီး DKBA မွေန၍ နယ္ျခားေစာင့္တပ္ အသြင္ ေျပာင္းသြားသည့္ တပ္ဖြဲ႕လည္းရွိသည္။ ထို႔ျပင္ သံေတာင္ေျမာက္ျခမ္းတြင္ KNU အျဖစ္မွ ျပည္သူ႔စစ္ တပ္ဖြဲ႕အျဖစ္ အသြင္ေျပာင္းအဖြဲ႕ ရွိသည္။ အပစ္အခတ္ ရပ္စဲထားေသာ DKBA အဖြဲ႕မွ ခြဲထြက္သြားသည့္ ခြဲထြက္ DKBA အဖြဲ႕တစ္ဖြဲ႕လည္း ရွိေနပါသည္။ ၄င္းတို႔ အားလံုးလည္း KNU ကရင္အမ်ိဳးသား အစည္းအ႐ံုး တြင္ အတူတကြ ေဆာင္ရြက္ခဲ့သူမ်ားျဖစ္ေသာ္လည္း ျပည္တြင္းသို႔ ဝင္ေရာက္လာေသာအခါ တသီးတျခားစီ ျဖစ္ခဲ့သည္။ သို႔ရာတြင္ တစ္ျပည္လံုး ပစ္ခတ္တိုက္ခိုက္ မႈ ရပ္စဲေရး (NCA) စာခ်ဳပ္တြင္ လက္မွတ္ ေရးထိုးခဲ့ ၾကၿပီး ျဖစ္သည္။

ကခ်င္ျပည္နယ္တြင္ ယခင္က ကခ်င္ပါတီ ခုနစ္ ပါတီရွိပါသည္။ ကခ်င္ဒီမိုကရက္တစ္ပါတီ (Kachin Demorcatic Party – KDP)၊ ကခ်င္ျပည္နယ္ ဒီမိုက ေရစီပါတီ (Kachin Demorcatic Party – KDP) ၊ စည္းလံုးညီညြတ္ေသာ ဒီမိုကရက္တစ္ပါတီ – ကခ်င္ျပည္နယ္ (Unity and Democracy Party – Kachin State – UDP-KS) ၊ ကခ်င္အမ်ိဳးသား ကြန္ဂရက္ (Kachin National Congress – KNC)၊ ကခ်င္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ (Kachin State Progressive Party – KSPP) ၊ လီဆူးအမ်ိဳးသား ဖြံ႕ၿဖိဳးတိုး တက္ေရးပါတီ (Lisu National Deve-lopment Party – LNDP) ႏွင့္ ေလာ္ေဝၚအမ်ိဳးသားစည္းလံုးညီညြတ္ေရးႏွင့္ ဖြံ႕ၿဖိဳး ေရးပါတီ (Lhaovo Natio-nal Unity and Develop-ment Party) တို႔ ျဖစ္သည္။

၄င္းတို႔အနက္ ကခ်င္ျပည္ နယ္ ဖြံ႕ၿဖိဳးတိုး တက္ေရးပါတီ (KSPP) သည္ ၂၀၁၀ ေရြးေကာက္ ပြဲ တြင္ မွတ္ပံုတင္ ခြင့္ မရခဲ့ပါ။ လီဆူး ႏွင့္ ေလာ္ေဝၚပါတီ မ်ားသည္ သီးျခား မ်ိဳးႏြယ္စု ပါတီ မ်ားျဖစ္ၿပီး KDP, KSDP, UDP (KS),KNC တို႔မွာ ကခ်င္မ်ိဳးႏြယ္စုဝင္ပါတီႀကီးမ်ား ျဖစ္သည္။ ထိုေလး ပါတီတို႔ ေပါင္းစည္းရန္ သေဘာတူခဲ့ၾကေသာ္လည္း ေနာက္ပိုင္း၌ သေဘာထား ကြဲလြဲမႈအခ်ိဳ႕ေၾကာင့္KDP, KSDP, UDP (KS) သံုးပါတီသာ ပူးေပါင္းၿပီး ကခ်င္ ျပည္နယ္ ျပည္သူ႔ပါတီ (Kachin State People’s Party – KSPP) အမည္ျဖင့္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လအတြင္း ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္၏ မွတ္ပံုတင္ ခြင့္ျပဳမိန္႔အမွတ္ (၁၁၅)ျဖင့္ မွတ္ပံုတင္ခြင့္ရခဲ့ၿပီး ျဖစ္ ပါသည္။

ပူးေပါင္းပါတီတြင္ ပါတီႀကီးငါးခုမွ တစ္ပါတီလွ်င္ ငါးဦးစီျဖင့္ ဦးေဆာင္ေကာ္မတီဝင္ ၂၅ ဦးကို အခ်ိဳး ညီမွ်စြာ ဖြဲ႕စည္းထားပါသည္။ ပါတီငါးပါတီဆိုရာတြင္ ပူးေပါင္းျဖစ္ သြားေသာ သံုးပါတီႏွင့္ ယခင္မွတ္ပံုတင္ ခြင့္မရေတာ့ေသာ KSPP ႏွင့္ KNC တို႔မွ ပါတီဝင္မ်ား ျဖစ္ၾကပါသည္။

ေရြးေကာက္ပြဲတြင္ အမတ္ေနရာအခ်ိဳ႕ အႏိုင္ရ ရွိေသာ KSDP ပါတီဥကၠ႒ ေဒါက္တာ မနမ္တူးဂ်ာကို ပူးေပါင္းပါတီသစ္၏ ဥကၠ႒အျဖစ္လည္းေကာင္း၊ UDP (KS) ပါတီ၏ ဥကၠ႒ ဦးခက္ထိန္နန္ကို ဒုတိယ ဥကၠ႒-၁ အျဖစ္လည္း ေကာင္း၊ KDP ပါတီ၏ ဥကၠ႒ ဦးဂ်ီေအာင္ ခမ္းကို ဒုတိယ ဥကၠ႒-၂ အျဖစ္လည္းေကာင္း၊ အတြင္း ေရးမွဴးႏွစ္ဦးကို KSDP ႏွင့္ KDP ပါတီမ်ားမွလည္း ေကာင္း ညႇိႏိႈင္းေရြးခ်ယ္ထားၾကေၾကာင္း သိရွိရပါ သည္။ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ ပူးေပါင္းျဖစ္တည္ လာေရးအတြက္ ကခ်င္ဘာသာေရး အဖြဲ႕အစည္းမ်ား၊ လူမႈေရးအဖြဲ႕အစည္းမ်ား၊ ယဥ္ေက်းမႈ အဖြဲ႕အစည္း မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ ကခ်င္ျပည္နယ္ အတိုင္ ပင္ခံအဖြဲ႕မွ ဦးေဆာင္၍ တြန္းအား ေပးေစ့စပ္ညႇိႏိႈင္း ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရွိရပါသည္။

ကခ်င္ျပည္နယ္တြင္ NCA လက္မွတ္မထိုး ရေသးေသာ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ (KIO) ႏွင့္ ဌာေနျပည္သူ႔စစ္ မ်ား၊ နယ္ျခားေစာင့္တပ္ (BGF) သံုးဖြဲ႕ရွိေၾကာင္း ေလ့လာသိရွိရပါသည္။ ကခ်င္ပူး ေပါင္းပါတီသည္ ယခုအစီရင္ခံသည့္ အခ်ိန္အထိ ၿမိဳ႕နယ္ ငါးၿမိဳ႕နယ္တြင္ ပါတီေကာ္မတီမ်ား ဖြဲ႕စည္း ထားၿပီး ျဖစ္ေၾကာင္း သိရွိရပါသည္။
ခ်င္းျပည္နယ္တြင္ တကယ့္ခ်င္းပါတီ သံုးပါတီ သာ ရွိသည္။ တိုင္းရင္းသား ဖြံ႕ၿဖိဳးတိုးတက္ေရးမ်ိဳးႏြယ္ စုပါတီ ေခၚ (Ethnic Nationalty Development Party) သည္ လည္းေကာင္း၊ ျပည္မတြင္ အေျခစိုက္ သည့္ ဇိုမီးႏွင့္ အ႐ိႈခ်င္းပါတီသည္လည္းေကာင္း၊ ခ်င္းမ်ိဳးႏြယ္စုထဲရွိ ခ်င္းပါတီ မ်ားျဖစ္သည္။ ခ်င္း အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ (Chin National League of Democracy) အျဖစ္ ပူးေပါင္း ဖြဲ႕စည္း လိုက္သည့္ ပါတီမ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္။

၁။ ခ်င္းအမ်ိဳးသား ဒီမိုကရက္တစ္ပါတီ (Chin National Democratic Party)
၂။ ခ်င္းဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (Chin League for Democracy)
၃။ ခ်င္းဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ(Chin Progressive Party)

၂၀၁၉ ခုႏွစ္၊ ဇြန္လ ၁၁ ရက္တြင္ ပါတီပူးေပါင္း ဖြဲ႕စည္းတည္ေထာင္ခြင့္ မွတ္ပံုတင္အမွတ္ ၁၁၆/၂၀၁၉ ျဖင့္ တရားဝင္ မွတ္ပံုတင္ခြင့္ရရွိခဲ့ပါသည္။ ခ်င္း ျပည္နယ္ရွိ ၿမိဳ႕နယ္ ကိုးၿမိဳ႕နယ္အနက္ ယခု အစီရင္ ခံခ်ိန္တြင္ ၿမိဳ႕နယ္ေလးၿမိဳ႕နယ္၌ ပါတီဆိုင္းဘုတ္ တင္ျခင္း၊ ၿမိဳ႕နယ္႐ံုးဖြင့္လွစ္ျခင္း စသည္တို႔ကို ဖြဲ႕စည္း ေဆာင္ရြက္ထားၿပီးျဖစ္ေၾကာင္း သိရွိရပါသည္။

၄င္းတို႔ပါတီ၏ (CEC) ေရြးၿပီးမၿပီး မသိရေသးပါ။ Khumi (Khami) National Party (ေခၚ) ခူမီး (ခမီး) အမ်ိဳးသားပါတီ (Ethnic National Development Party) (ေခၚ) တိုင္းရင္းသားလူမ်ိဳးစုမ်ား ဖြံ႕ၿဖိဳးေရး ပါတီ၊ ASho Chin National Party (ေခၚ) အ႐ိႈခ်င္း အမ်ိဳးသားပါတီ၊ Zo National Region Development Party (ေခၚ) ဇိုတိုင္းရင္းသားေဒသ ဖြံ႕ၿဖိဳးေရးပါတီ၊ Zomi Congress for Democracy Party (ေခၚ) ဇိုမီးဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီမ်ားသည္လည္း ခ်င္း ပါတီမ်ားျဖစ္ၾကၿပီး မ်ိဳးႏြယ္စုသီးျခားျဖစ္ၾကသျဖင့္ ပူးေပါင္းပါတီထဲ၌ မပါဝင္ေၾကာင္း သိရွိရပါသည္။ ခ်င္းျပည္နယ္တြင္ ခ်င္းအမ်ိဳးသားတပ္ဦး (Chin National Front) ဟူသည့္ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕ရွိၿပီး အစိုးရႏွင့္ NCA လက္မွတ္ေရးထိုးၿပီး ျဖစ္သည္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္တို႔တြင္ မြန္ေဒသ လံုးဆိုင္ရာ ဒီမိုကေရစီပါတီ (All Mon Reguion Democracy Party) ႏွင့္ မြန္အမ်ိဳးသားပါတီ (Mon National Party) တို႔ ပူး ေပါင္းၿပီး မြန္ညီညြတ္ေရးပါတီ (Mon Unity Party) အမည္ ျဖင့္ ၂၀၁၉ ခုႏွစ္ ဇြန္လ ၁၁ ရက္တြင္ ျပည္ေထာင္စုေရြး ေကာက္ပြဲေကာ္မရွင္၏ မွတ္ပံုတင္ခြင့္ျပဳမိန္႔ အမွတ္ ၁၁၇ ျဖင့္ ပဲခူးႏွင့္ ကရင္ ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ မြန္ညီညြတ္ ေရးပါတီ၏ ၿမိဳ႕နယ္ေကာ္မတီမ်ားကို ဖြဲ႕စည္းႏိုင္ခဲ့ၿပီး ျဖစ္ပါသည္။ ပူးေပါင္းလိုက္ေသာ မြန္ညီညြတ္ ေရး ပါတီသို႔ မြန္အမ်ိဳးသမီးပါတီ ဝင္ေရာက္ပူးေပါင္းျခင္း မရွိပါ။ မြန္အမ်ိဳးသမီးပါတီသည္ ၂၀၂၀ ေရြးေကာက္ပြဲ တြင္ မြန္ျပည္နယ္အတြင္း၌ ဝင္ေရာက္ ယွဥ္ၿပိဳင္မည္ မဟုတ္ေၾကာင္း သိရွိရပါသည္။ မြန္ျပည္နယ္တြင္ မြန္ျပည္သစ္ပါတီ (New Mon State Party) ဟူသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕တစ္ဖြဲ႕ရွိၿပီး အစိုးရ ႏွင့္ NCA စာခ်ဳပ္လက္မွတ္ေရးထိုးထားၿပီး ျဖစ္ပါ သည္။

ရခိုင္အမ်ိဳးသားပါတီ (Arakan National Party)သည္ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (Arakan League for Democracy) ႏွင့္ ရခိုင္တိုင္းရင္းသားမ်ား တိုးတက္ေရးပါတီ (Rakine Nationalities Develo-pment Party) တို႔ ၂၀၁၄ ခုႏွစ္တြင္ ပူးေပါင္းခဲ့ရာမွ ေပၚေပါက္လာသည့္ ပါတီ ျဖစ္သည္။ တိုင္းရင္းသား မဟာမိတ္ပါတီမ်ားျဖစ္သည့္ UNA ႏွင့္ NDF အဖြဲ႕မ်ား သို႔ ဝင္ေရာက္ေရးႏွင့္ ပတ္သက္၍ သေဘာထား မတိုက္ဆိုင္ၾကသျဖင့္ ထိုပါတီပူးေပါင္းမႈမွာ ေနာက္ပိုင္း တြင္ ခိုင္မာျခင္း မရွိေတာ့ေခ်။ ၂၀၁၉ ခုႏွစ္၊ ေမလ ၃၀-၃၁ ရက္ေန႔မ်ား၌ က်င္းပျပဳလုပ္ေသာ ရခိုင္ အမ်ိဳးသားပါတီ၏ ညီလာခံတြင္ ပါတီ၏ဖြဲ႕စည္းပံု ႏွင့္အညီ ဒီမိုကေရစီနည္းက် ပါတီဥကၠ႒ ဦးသာထြန္း လွႏွင့္ အေထြ ေထြအတြင္းေရးမွဴး ဦးခိုင္ျပည္စိုးတို႔ကို ေရြးခ်ယ္တင္ေျမႇာက္ ခဲ့ၿပီး ရခိုင္ျပည္နယ္အတြင္းရွိ ၁၇ ၿမိဳ႕နယ္လံုးႏွင့္ ရန္ကုန္၊ ဧရာဝတီတိုင္းတို႔၌ ပါတီ ေကာ္မတီမ်ား ဖြဲ႕စည္းတည္ေထာင္ႏိုင္ၿပီးျဖစ္သည္။ ရခိုင္ျပည္နယ္တြင္းရွိ ရခိုင္မ်ိဳးႏြယ္စုပါတီမ်ားမွာ ရခိုင္အမ်ိဳးသား အင္အားစုပါတီ (Rakine National Force)၊ ရခိုင္ဦးေဆာင္ပါတီ (Arakan Front Party)၊ ရခိုင္အမ်ိဳးသားပါတီႏွင့္ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီမ်ား ျဖစ္ၿပီး အျခားမ်ိဳးႏြယ္စုပါတီမ်ားမွာ ရန္ကုန္ အေျခစိုက္ ကမန္အမ်ိဳးသားတိုးတက္ေရးပါတီ (Ka Man National Development Party) ၊ ခမီအမ်ိဳးသား ဖြံ႕ၿဖိဳးေရးပါတီ (Kha Me National Development Party) ၊ ၿမိဳအမ်ိဳးသားဒီမိုကေရစီပါတီ (Mro National Democracy Party) ၊ ၿမိဳ တိုင္းရင္းသား ဖြံ႕ၿဖိဳးေရးပါတီ (Mro National Develop-ment Party)၊ ၿမိဳတိုင္းရင္း သားပါတီ (Mro National Party) ၊ ရခိုင္ျပည္နယ္ အမ်ိဳးသားအင္အားစု (Rakine State National United Party) ၊ ဒိုင္းနက္လူမ်ိဳးမ်ား တိုး တက္ေရးပါတီ (Daingnet National Development Party) စသည္ျဖင့္ အျခားပါတီ ခုနစ္ပါတီလည္း ဖြဲ႕စည္း ထူေထာင္ထားေၾကာင္း သိရွိရပါသည္။ ရခိုင္ျပည္နယ္ တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ျဖစ္သည့္ ရခိုင္တပ္ေတာ္ (Arakan Army) ႏွင့္ ရခိုင္ျပည္လြတ္ ေျမာက္ေရးပါတီ (ALP) တို႔ ရွိပါသည္။ ရခိုင္ျပည္နယ္ သည္ ပါတီအဖြဲ႕အစည္းမ်ားသေလာက္ ျပႆနာ ေပါင္းစံုလည္း ရွိေနေၾကာင္း အားလံုး သိရွိၾက ပါသည္။ AA သည္ NCA စာခ်ဳပ္ လက္မွတ္ေရးထိုး ထားျခင္း မရွိေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕တစ္ခု ျဖစ္ၿပီး Arakan National Party – ALP သည္ NCA စာခ်ဳပ္လက္မွတ္ထိုးထားသည့္ ေဒၚေစာျမရာဇာလင္း တို႔ အဖြဲ႕ ျဖစ္သည္။

ႏိုင္ငံေတာ္၏ အႀကီးဆံုးျပည္နယ္တစ္ခုျဖစ္ေသာ ရွမ္းျပည္နယ္တြင္ လက္ရွိအေျခအေန၌ ပါတီႀကီး ႏွစ္ခုျဖစ္သည့္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ပါတီ (Shan Nationalities Laegue for Democracy – SNLD) ႏွင့္ ရွမ္းတိုင္းရင္းသားမ်ား ဒီမို ကရက္တစ္ပါတီ (Shan Nationalities Democratic Party – SNDP) တို႔အျပင္ အျခားတိုင္းရင္းသားပါတီ ေပါင္းမ်ားစြာ ဖြဲ႕စည္းထားေၾကာင္း ေတြ႕ရပါသည္။ အခါ အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ (ANDP) ၊ ဓႏု တိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ (DNDP)၊ ဓႏုအမ်ိဳးသားမ်ားအဖြဲ႕ခ်ဳပ္ပါတီ (DNOP) ၊ ရွမ္း ျပည္နယ္အေရွ႕ပိုင္း ဖြံ႕ၿဖိဳးတိုးတက္ေရး ဒီမိုကရက္တစ္ ပါတီ (ESSDDP) ၊ အင္းအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ ေရးပါတီ (INDP) ၊ ကယန္းအမ်ိဳးသားပါတီ (KNP)၊ ကိုး ကန္႕ဒီမိုကေရစီႏွင့္ ညီညြတ္ေရးပါတီ (KDUP)၊ လားဟူ အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ (LHNDP) ၊ ပအို႔ဝ္အမ်ိဳးသားအဖြဲ႕ ခ်ဳပ္ (PNO) ၊ ရွမ္းနီ-တိုင္းလိုင္ႏွင့္ ေျမာက္ပိုင္းရွမ္းမ်ိဳးႏြယ္စု မ်ား ေသြးစည္းညီညြတ္ေရးပါတီ (SnNSESP) ၊ တေအာင္း- ပေလာင္ အမ်ိဳးသားပါတီ (TAPNP) ၊ တိုင္းလိုင္ရွမ္းနီ အမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ (TNDP) ၊ ျပည္ေထာင္စု ပအို႔ဝ္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ (ပအမဖ)ပါတီ (U Oa ONO)၊ လစ္ဘရယ္ ဒီမိုကရက္ တစ္တိုးတက္ဖြံ႕ၿဖိဳးေရးပါတီ (WLDDP) ၊ “ဝ”အမ်ိဳး သား စည္းလံုးညီညြတ္ေရးပါတီ (WNUN) စသည္ျဖင့္ ၁၅ ပါတီရွိပါသည္။

ထို႔အျပင္ ရွမ္းျပည္နယ္အတြင္း၌ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ငါးခုရွိသည္။ ၿမိဳ႕နယ္ ငါးၿမိဳ႕ နယ္ျဖင့္ ဖြဲ႕ထားေသာ ‘ဝ’၊ ၿမိဳ႕နယ္ သံုးၿမိဳ႕ နယ္ျဖင့္ ဖြဲ႕ထားေသာ ‘ပအို႔ဝ္’၊ ၿမိဳ႕နယ္ ႏွစ္ၿမိဳ႕နယ္စီျဖင့္ ဖြဲ႕ထားေသာ ‘တေအာင္း-ပေလာင္’၊ ‘ကိုးကန္႔’၊ ‘ဓႏု’ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ား ျဖစ္သည္။ ရွမ္းျပည္နယ္အတြင္းရွိ အျခား တိုင္းရင္းသား မ်ိဳး ႏြယ္စုပါတီမ်ား ႏွင့္ ရွမ္းပါတီမ်ား ပူးေပါင္းရန္ မဆို ထားႏွင့္ ရွမ္းပါတီ အခ်င္းခ်င္း မဟာ မိတ္ျပဳေရးပင္ မေဆာင္ႏိုင္ေသး ေၾကာင္း ေတြ႕ရပါ သည္။ သို႔ေသာ္ ရွမ္းျပည္ ညီညြတ္ ေရး ေကာ္မတီ (Committe for Shan State Unity – CSSU) ကိုမူ တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ား၊ ေရွ႕ေနမ်ားကြန္ရက္၊ ရွမ္းလူငယ္အဖြဲ႕၊ ရွမ္းျပည္ မ်ိဳးဆက္သစ္၊ ရွမ္းေရႊ႕ေျပာင္း အလုပ္သမား အဖြဲ႕၊ RCSS ႏွင့္ စိုင္ေက်ာ့ျပည္သူ႔စစ္တပ္ဖြဲ႕မ်ားျဖင့္ ၂၀၁၃ ခုႏွစ္တြင္ ဖြဲ႕စည္းခဲ့ၿပီး ေျခာက္လတစ္ႀကိမ္ ေတြ႕ဆံု၍ ရွမ္းတစ္ျပည္လံုး စည္းလံုးညီညြတ္ေရးႏွင့္ တိုးတက္ ေရးတို႔အတြက္ ညႇိႏိႈင္းတိုင္ပင္ၾကေၾကာင္း သိရွိရပါ သည္။ ထိုအဖြဲ႕တြင္ SNLD ပါတီ (ေခၚ) က်ားေခါင္း ပါတီ ပါဝင္ျခင္းမရွိေၾကာင္းႏွင့္ စုေပါင္းေခါင္းေဆာင္မႈ အသြင္ ေဆာင္ရြက္ၾကေၾကာင္း သိရွိရပါသည္။

၄င္းအျပင္ ရွမ္းျပည္နယ္အတြင္းရွိ ႏိုင္ငံေရးပါတီ ၁၇ ပါတီအနက္ ၁၁ ပါတီပူးေပါင္းၿပီး ရွမ္းျပည္ တိုင္းရင္းသား ပါတီမ်ားအဖြဲ႕ခ်ဳပ္ (League for Shan Ethnic Political Parties – LSSEPP) ကိုလည္း ဖြဲ႕ စည္းထားေၾကာင္း သိရွိရပါသည္။ ခြန္ထြန္းဦးႏွင့္ စိုင္း အိုက္ေပါင္းတို႔ ရွမ္းေခါင္း ေဆာင္ႏွစ္ဦးက က်ား ေခါင္းပါတီအမည္ျဖင့္ ၁၉၉၀ ျပည့္ႏွစ္တြင္ ေရြး ေကာက္ပြဲဝင္ခဲ့ရာ အႏိုင္ရရွိခဲ့ေသာ္လည္း ခြန္ထြန္းဦး အဖမ္းခံရသည့္ ၁၉၉၃ ခုႏွစ္မွစ၍ က်ားေခါင္း ပါတီ လႈပ္ရွားမႈ ေလ်ာ့နည္းလာသည္။ ယင္းေနာက္ ၂၀၁၀ တြင္ စိုင္းအိုက္ေပါင္းမွ SNDP (ေခၚ) က်ားျဖဴပါတီကို ဖြဲ႕ စည္းၿပီး ေရြးေကာက္ပြဲဝင္ခ်ိန္၌ ခြန္ထြန္းဦးတို႔၏ က်ားေခါင္း ပါတီ ေရြးေကာက္ပြဲမဝင္ပါ။ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္မွ က်ားေခါင္းပါတီ ေရြးေကာက္ ပြဲျပန္ဝင္ေၾကာင္း ေလ့လာ သိရွိရပါသည္။ ဆိုရပါလွ်င္ ရွမ္းျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ရွိ တိုင္းရင္းသားလူမ်ိဳး ေပါင္းစံုတို႔၏ ႏိုင္ငံေရးအေျခအေနတြင္လည္း လြန္စြာ ႐ႈပ္ေထြး အကဲဆတ္လွေၾကာင္း ေဖာ္ျပလိုပါသည္။

ျပည္နယ္အသီးသီးရွိ တိုင္းရင္းသားႏိုင္ငံေရး ပါတီမ်ား။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း မ်ားအေၾကာင္းေရးသားေဖာ္ျပရာ၌ ေရွ႕ေနာက္မညီ ညြတ္မႈမ်ား၊ အခ်ိန္ကာလလြဲမွားေနသည္မ်ား ရွိေန ႏိုင္သည္ျဖစ္၍ နားလည္ေပးၾကပါရန္ ေမတၲာရပ္ ခံလိုပါသည္။ စင္စစ္ တိုင္းရင္းသားမ်ားသည္လည္း သည္ေျမထဲမွ ေမြး၊ သည္ေျမထဲမွာသာ ေနသူမ်ားျဖစ္၍ တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္လိုစိတ္ရွိၾကမည္မွာ ဧကန္ မလြဲပင္ ျဖစ္ပါသည္။ သို႔ရာတြင္ ေဖာ္ျပခဲ့သည့္ အတိုင္း အကြဲကြဲအျပားျပား အမ်ိဳးမ်ိဳးေသာပါတီမ်ား၊ လက္ နက္ကိုင္မ်ားျဖင့္ ဖြဲ႕စည္းတည္ေထာင္ထားသည့္ တိုင္းရင္းသားအဖြဲ႕အစည္းမ်ား၏ လားရာကို မည္သို႔ မွ် ႐ႈျမင္သံုးသပ္ခ်က္မေပးႏိုင္ပါ။

လြတ္လပ္ေရးရၿပီးစ ၁၉၄၈ တြင္ တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ား မေပၚေပါက္ခဲ့။ ဖဆပလ၊ ပထစ၊ ပမညတ၊ တည္ၿမဲ-သန္႔ရွင္း စသည့္ ဗမာပါတီမ်ားသာ ေပၚေပါက္ခဲ့သည္။ ၁၉၅၂၊ ၁၉၅၆ ခုႏွစ္မ်ားတြင္ က်င္းပေသာ ေရြးေကာက္ပြဲမ်ား၌ မည္သည့္တိုင္းရင္း သား ႏိုင္ငံေရးပါတီကမွ် ဝင္ေရာက္ ယွဥ္ၿပိဳင္ျခင္း မရွိ၊ ဖြဲ႕စည္းႏိုင္ျခင္းလည္း မရွိခဲ့၊ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္၏ တစ္ပါတီအာဏာရွင္ ေခတ္တြင္ ဘယ္ တိုင္းရင္းသားကမွ် ပါတီေထာင္ရန္ မစဥ္းစားဝံ့ၾက၊ ၁၉၉၀ ျပည့္ႏွစ္တြင္ ဗိုလ္ခ်ဳပ္မွဴးႀကီး ေစာေမာင္ က်င္းပေပးခဲ့ေသာ ေရြးေကာက္ပြဲ၌ တိုင္းရင္းသားပါတီ အနည္းငယ္ငယ္သာ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ၿပီး ေအာင္ျမင္မႈ ေလာက္ေလာက္လားလား မရွိခဲ့ပါ။

၂၀၁၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ ေရြးေကာက္ပြဲ က်င္းပေသာအခါ တိုင္းရင္းသားပါတီမ်ားစြာ ထူေထာင္လာၾကသည္။ ေရြးေကာက္ပြဲဝင္သည္၊ မ်ားမ်ားစားစား မႏိုင္၊ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္ အေျခအေနပို၍ဆိုးသည္။ ေသာင္ၿပိဳကမ္းၿပိဳ ႐ံႈး ၾကသည္။ ထိုေတာ့မွ တိုင္းရင္းသားမ်ား ကြဲၿပဲ၍ မရ ေၾကာင္း၊ မသင့္ေၾကာင္း၊ ကြက္ကြက္ကြင္းကြင္း သိျမင္ လာၾကသည္။ အထက္တြင္ေဖာ္ျပခဲ့သည့္အတိုင္း ေပါင္းစည္းရန္ ႀကိဳးစားၾကသည္။ သို႔ေသာ္ ရာႏႈန္းျပည့္ မေအာင္ျမင္၊ တစ္ပါတီက်န္ ႏွစ္ပါတီက်န္ ျဖစ္ေန သည္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား ကလည္း UNFC ဖြဲ႕လိုက္၊ ျပန္ခြာလိုက္ PPST မွ PPCM လိုလို၊ NCA ထိုးသူထိုး၊ မထိုးသူမထိုး၊ အမ်ိဳး မ်ိဳးအဖံုဖံု သေဘာထားခ်င္း မဆံု မညီၾကလွ်င္ ေအာင္ျမင္မႈပန္းတိုင္ကို မည္သို႔လွမ္းကိုင္ၾကမည္နည္း။ UNA ႏွင့္ NBF ေခၚ တိုင္းရင္းသား ႏိုင္ငံေရး ပါတီ မ်ားအစုအဖြဲ႕ ႏွစ္ဖြဲ႕မွေနၿပီး တစ္ဖြဲ႕တည္းထား၍ မရ ႏိုင္သေလာ။ ယခု ျပည္နယ္ခုနစ္ခုအနက္ ျပည္နယ္ ငါးခု တြင္ တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ား ပူးေပါင္း လာၾကသည္။ ထိုပူးေပါင္းပါတီမ်ားႏွင့္ UNA/NBF တစ္သံတည္းထြက္ၿပီး တိုင္းရင္းသားအေရးကို ေဆာင္ ရြက္ေပးၾကလွ်င္ မေကာင္းေလသေလာ…..။

၂၀၂၀ ေရြးေကာက္ပြဲတြင္ တိုင္းရင္းသားႏိုင္ငံ ေရးပါတီ မ်ား မည္သို႔စဥ္းစားၾကမည္နည္း။ ၂၀၂၀ အလြန္ထြက္ေပၚ လာမည့္ ေရြးေကာက္ပြဲရလဒ္အေပၚ မည္သို႔ႀကိဳတင္ဥာဏ္ ဆင္ၾကမည္နည္း။ တိုင္းရင္းသား တို႔၏ အခြင့္အေရးအတြက္ တိုင္းရင္းသားမ်ား မည္ သည့္ဘက္သို႔ ေရြ႕လ်ားသင့္နည္း…. တိုင္းရင္းသားမ်ား ကိုယ္တိုင္သာ ေတြ႕ဆံုညႇိႏိႈင္း အဆံုးအျဖတ္ေပး အေျဖ ရွာရေတာ့မည္သာ ျဖစ္ပါသည္။

ကရင္ႏိုင္ငံေရးသုေတသီတစ္ဦး

 

Unicode

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ စတင်သည့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်များကို ပြန် ပြောင်းစောင်းငဲ့ကြည့်လျှင် ပါတီကြီးနှစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ရွေးကောက်ပွဲတွင် တစ်လှည့်စီ အောင်ပွဲခံကြကြောင်း သိရှိကြပြီး ဖြစ်ပါသည်။ တိုင်းရင်းသားနိုင်ငံရေးပါတီများမှာ အောင်ပွဲ ဆင်နိုင်ခဲ့ခြင်း မရှိကြပါ။ အထိုက်အလျောက် အနိုင်ရရှိခဲ့သော ရခိုင်နှင့် ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများသည်လည်း အစိုးရဖွဲ့နိုင်သည်အထိ လောက်လောက်လားလား အောင်မြင်မှု မရခဲ့ကြပါ။ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲ ပြည်နယ်လွှတ်တော်အဆင့်တွင် ရခိုင်ပြည်နယ်မှ ရခိုင်တိုင်းရင်းသားပါတီများ လွှတ်တော်ကိုယ်စားလှယ်အများစု အနိုင်ရရှိခဲ့သော်လည်း ပြည် နယ်အစိုးရ (ပြည်နယ်ဝန်ကြီးချုပ်) ရွေးချယ်ဖွဲ့စည်းခွင့် မရခဲ့ပါ။ ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီက အမတ် အများစုအနိုင်ရခဲ့သဖြင့် NLD ပါတီမှ နိုင်ငံ တော်သမ္မတ ရွေးချယ်ခွင့်ရခဲ့ပြီး ဥပဒေအရ သမ္မတ သည် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များကို ခန့်အပ်ခွင့်ရှိရာ ရခိုင် ပြည်နယ်တွင် ရခိုင်းတိုင်းရင်း သားပါတီများက အမတ် အများစု အနိုင်ရခဲ့သော်လည်း ပြည်နယ်အစိုးရ (ပြည်နယ်ဝန်ကြီးချုပ်) ရွေးချယ် ခန့်အပ်ခွင့် မရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် အချိန်များစွာ မကျန်တော့ပါ။ နိုင်ငံရေးပါတီ၊ နိုင်ငံရေး လေ့လာသူ၊ တတ်သိပညာရှင်များ အပါအဝင် ပြည်သူ တစ်ရပ်လုံးက ၂၀၂၀ ရွေးကောက်ပွဲ၏ ဖြစ်နိုင် ဖွယ်ရာက အဖြေများကို အမျိုးမျိုး သုံးသပ်ဝေဖန် ခန့်မှန်းမှုတွေ ပေးနေကြပါတယ်။ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲတွင် မရှုမလှ ရှုံးနိမ့်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ ပြန်လာနိုင်ဦးမလား တွေးကြည့်ကြသည်။ ၎င်းတို့နှင့် ဆက်စပ်မှုရှိခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ (တစည) ၏ လားရာကို လေ့လာသုံးသပ် ကြည့်ပါက ပြန်လာနိုင်ရန် သိပ်မမြင်၊ စစ်အုပ်ချုပ်ရေး ကာလတစ်လျှောက်လုံး ပြည်သူတွေ ခါးစည်းခံခဲ့ရ သည့် အဖြစ်သနစ်များကို ပြည်သူတွေ မေ့နိုင်ကြဦးမည် မထင်၊ မမေ့နိုင်ခဲ့ခြင်းကြောင့်လည်း အငြိမ်းစား တပ်မ တော်သား အများစုနှင့် ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုး ပါတီကို လုံးလုံးလျားလျားနီးပါး ဥပက္ခာပြုခဲ့ပြီး NLD ပါတီကို သောင်ပြိုကမ်းပြို မဲပေးခဲ့ကြခြင်းက သက်သေ ပင်ဖြစ်သည်။ စစ်သားဆိုသည် ပင်စင်မစားသေးသူ ရော၊ အငြိမ်းစားပြီးသူများကိုပါ အားလုံးရောပြီး ပြည်သူတွေက ကြောက်ရွံ့ရှောင်ဖယ်နေကြသည့်သဘော တွေ့ရသည်။ သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီက ရန်ပုံငွေ တောင့်တင်းသည်။ လူအင်အားများပြားသည်၊ သူ့ကို လျှော့တွက်၍ မရဟုလည်း သုံးသပ်နေကြသည်။ သောင်ပြိုကမ်းပြိုမဟုတ်သည့်တိုင် ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းအောင်မြင်နိုင်ကောင်း အောင်မြင် နိုင်သည်ဟု မှန်းဆသူများလည်း ရှိနေပါ သည်။

NLD ပါတီကို သုံးသပ်ကြည့်ပြန်သောအခါ ၂၀ဝ၅ ခုနှစ်ပါတီ၏ ရွေးကောက်ပွဲေြွကးကြော်သံ၊ ရွေးကောက်ပွဲ ကတိကဝတ်များကို ရာနှုန်းပြည် အကောင်အထည်မဖော် နိုင်သေးသည်ကို တွေ့ရသည်။ ထိုကတိမတည်မှုအပေါ် ပြည်သူတွေ ဇဝေဇဝါ ဖြစ် နေကြပါသည်။ NLD ပါတီကို ဆက်၍ မဲပေးရမည်လား မဲမပေးရတော့ဘူးလား… ကတိကဝတ်များလည်း အကောင်အထည်မပေါ်၊ ငြိမ်းချမ်းရေး ဆောင်ရွက် မည်ဆိုသည့် ကိစ္စသည်လည်း တတိယပင်လုံ ကျင်းပဖို့ ရက်ကပင် သေသေချာချာ မရွေးနိုင်သေး၊ အခြေခံ ဥပဒေကို ပြင်ဖို့မဟားဒယား ဆောင်ရွက်ရင်း ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားများ၏ ထောက်ခံချက် ရဖို့ရန် မသေချာဘဲလျက် မည်သို့ပြင်နိုင်အံ့နည်း… အစိုးရနှင့် တပ်မတော် အဆင်ပြေရေး၊ အစိုးရတပ်မ တော် တိုင်းရင်းသားအဖွဲ့အစည်းများ စည်းကိုက် ဝါးကိုက်ဖြစ်ရေး (တစ်နည်း) အမျိုးသားရင်ကြား စေ့ရေး စသည့်အချက်အားလုံး NLD ပါတီ၊ NLD အစိုးရက ဘာတစ်ခုမှ ပိုင်ပိုင်နိုင်နိုင် အကောင်အထည် ဖော်ခြင်းမပြုနိုင်သေး…. သို့ပေမယ့်လည်း ပြည်ခိုင် ဖြိုးကိုလည်း မယုံ၊ တိုင်းရင်းသားပါတီများကိုလည်း အထင်သေး၊ NLD ကိုပဲ မဲပေးဦးမှပဲလေ… ဆိုသူများ ရှိနိုင်သေးသောကြောင့် သောင်ပြိုကမ်းပြို မဟုတ် သည့်တိုင် ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလောက်တော့ အောင်နိုင်ချေရှိသေးကြောင်း တွက်ချက်သူတွေက တွက်ချက်ကြသည်။ ယခင်က “ပါတီကိုပဲ ကြည့်ပါ”ဟူသည့်ဆောင်ပုဒ်မှ ယခုအခါ ပါတီကိုလည်း ကြည့်ဖို့ လိုသလို၊ လူပုဂ္ဂိုလ်ကိုလည်း ကြည့်ဖို့လိုပြီဟူ၍ လေသံ ပြောင်းလဲလာပါသည်။ ထူးဆန်းသည်တစ်ခုက NLD ပါတီသည် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ အလွန်တို့တွင် မည်သည့်ပါတီနှင့်မျှ ပူးပေါင်းဆောင် ရွက်မည် မဟုတ်ကြောင်း တရားဝင်ကြေညာလိုက် ခြင်းဖြစ်သည်။ ထက်ဝက်ကျော် မဲမရခဲ့လျှင်လည်း ပြည်ခိုင်ဖြိုးနှင့်ဖြစ်စေ အခြားဗမာပါတီတစ်ခုခုဖြင့် ဖြစ်စေ၊ တိုင်းရင်းသားပါတီများနှင့်ဖြစ်စေ မဟာမိတ် ပြု ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်မရှိကြောင်း ယတိပြတ်ကြေညာခဲ့ခြင်းဖြစ်သည်ဟု နားလည်ရပါ သည်။ ပြည်သူများ သတိမူရန်တစ်ခုမှာ အကယ် ၍ ၅၀ ရာခိုင်နှုန်းကျော် အောင်မြင်မှုမရလျှင် မူလသဘော ထားကိုပြင်ပြီး ပါတီတစ်ခုခုနှင့် ပေါင်းမည်လား… သို့မဟုတ် တစ်မတ်သား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပေါင်းမည်လား… စောင့်ကြည့် ဖို့ရန်သာရှိသည်။

ပါတီကြီးနှစ်ခုအနက် တစ်ခုခုက ၅၀ ရာခိုင်နှုန်း ကျော် အနိုင်ရရှိပါက မည်သို့မျှ စောဒကတက်ရန် မရှိ၊ တိုင်းရင်းသားတို့အဖို့ လွှတ်တော်တွင် အတိုက်အခံ ဘက်ကသာ ရှိနေရုံဖြစ်သည်။ ယခုအခြေအနေတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများက မျှော်လင့်ချက် ရောင်ခြည်ရေးရေးကလေးငေးမျှော်ကိုး စောင့်ဆိုင်း ကြည့်နေကြသည်။ မိမိတို့တိုင်း ရင်းသားပါတီများက ၂၀ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးပါတီက ၂၅ ရာခိုင်နှုန်း၊ NLD ပါတီက ၂၅ ရာခိုင်နှုန်း၊ အခြားပါတီ များက ၁၀ ရာခိုင်နှုန်း အနိုင်ရသည်ဆိုပါစို့ – မည်သည့် ပါတီကမှ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်တော့မည် မဟုတ် ပါ။ ထိုသို့သောအခါတွင် တစ်ခုခုတော့ လုပ်ရတော့ မည်။ တိုင်းရင်းသားပါတီများသည် “ဒီတစ်ခေါက် တော့ မိမိတို့အလှည့်ပဲ” ဟူ၍ “ချို”သွေး မနေသင့်ကြသေး။ တိုင်းရင်းသားပါတီများ ဘာလုပ်သင့်သည်ကို ဆွေးနွေး တိုင်ပင်ကြရမည်။ ခက်နေသည်က တိုင်းရင်းသား ပါတီများ စည်းလုံးညီညွတ်မှု မရှိကြ၊ ရခိုင်ဆိုလျှင် နှစ်ပါတီပေါင်းပြီးခါမှ ပြန်ပျက်သွားသည်။ ရှမ်းတွင် လည်း တိုင်းရင်းသားပါတီများစွာ ရှိသည်။ တစ်စု တစ်စည်းတည်း ပေါင်းစည်းညှိနှိုင်း၍ မရ၊ လောလော ဆယ်တွင် (United Nationalities Alliance-UNA) ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့ နှင့် (Nationalities Brother-hood Federation – NBF) ညီနောင်တိုင်းရင်းသား နိုင်ငံရေးပါတီများ ဖက်ဒရေးရှင်းဟူ၍ သည်နိုင်ငံတွင် တိုင်းရင်းသားနိုင်ငံ ရေးပါတီများ အစုအဖွဲ့ကြီးနှစ်ဖွဲ့ရှိ သည်။ တိုင်းရင်း သားများသာဖြစ်ကြသဖြင့် အဘယ်ကြောင့် ပါတီများ မပူးပေါင်းနိုင်ကြသနည်း၊ ပူးပေါင်းနိုင်လျှင်လည်း မဟာမိတ်မပြုနိုင်ကြသလော-မဟာမိတ် မဟုတ်လျှင် တောင် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ညှိနှိုင်း တိုင်ပင်ဆွေးနွေးမှု မပြုသင့်ကြသလော….

ယခုအခါ ကရင်နီ (ကယား)ပြည်နယ်၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် များမှ တိုင်းရင်းသားနိုင်ငံရေးပါတီအချို့ တစ်ပါတီ တည်းအဖြစ် တရားဝင်ပူးပေါင်း ဖွဲ့စည်းလာနိုင်သည် များ ရှိသည်။ ပြည်နယ်အတွင်းရှိ ပါတီအားလုံး မဟုတ် သည့်တိုင် ပါတီအများစု ပူးပေါင်းဖွဲ့စည်းလာခြင်းဖြစ် ၍ ကြိုဆိုရမည်သာဖြစ်သည်။

ကယားပြည်နယ်တွင် ကယားလူမျိုးစု ဒီမို ကရေစီပါတီ (Kayar Unity Demoracy Party) နှင့် လူမျိုးပေါင်းစုံ ဒီမို ကရေစီပါတီ (All National Demo-cracy Party) နှစ်ပါတီ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မှတ်ပုံတင် ခွင့်ပြုမိန့်အမှတ် (၁၀၅)ဖြင့် ကယား ပြည်နယ် ဒီမို ကရက်တစ်ပါတီ (Kayar State Democratic Party) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ကယားပြည်နယ် တွင် ကယန်းအမျိုးသားပါတီ (Kayan National Party) သီးခြားတစ်ပါတီကျန်ရှိနေသော်လည်း ရှမ်း ပြည်နယ် ဖယ်ခုံ မြို့နယ်အခြေစိုက် ဖြစ်သည်။ ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီသည် ပါတီ၏အလုပ်အမှု ဆောင်အဖွဲ့သစ်ကို ဒီမိုကရေစီနည်းကျကျ ရွေးကောက် တင်မြှောက်ခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်လုံးတွင် မြို့နယ်ကော်မတီများ ဖွဲ့စည်း ထားရှိပြီးဖြစ်သည်။ ကယားပြည်နယ်တွင် (Kareni National Progressive Party-KNPP) ကရင်နီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟုခေါ်သော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ရှိပြီး NCA လက်မှတ် ရေးထိုးရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရပါသည်။ ကယားပြည်နယ် ဒီမိုကရေတစ်ပါတီ ဖွဲ့စည်းပြီးနောက် ကျင်းပသည့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး အနိုင်ရ ရှိခဲ့သည်။
ကရင်ပြည်နယ်တွင် ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီ (PSDP) ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (KSDDP) ၊ ကရင်ဒီမိုကရက် တစ်ပါတီ (KDP) နှင့် စည်းလုံးညီညွတ်သော ကရင် အမျိုးသားပါတီ (KNUP) လေးပါတီပူးပေါင်းပြီး ကရင် အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) အမည်ဖြင့် ပူးပေါင်းပါတီသစ်ကို (၂၂ .၂ .၂၀၁၈) တွင် ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မှတ်ပုံတင် ခွင့်ပြု မိန့်အမှတ် (၁၀၈)ဖြင့် ဖွဲ့စည်းထူထောင်ခဲ့ပြီး ပါတီ၏ အလုပ်အမှုဆောင်ကော်မတီနှင့် ခရိုင်ပါတီ ကော်မတီ တစ်ခု၊ မြို့နယ်ပါတီကော်မတီ ငါးခု၊ မြို့ဒေသ ကော် မတီနှစ်ခုနှင့် ရပ်/ကျေး ကော်မတီများကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီးဖြစ်ပါသည်။ ပူးပေါင်းလိုက်သော လေးပါတီအနက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီကို ဖျက်သိမ်းခြင်းမပြုဘဲ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီများသာ ပါဝင် ပူးပေါင်းလိုက်ခြင်းသည် ထူးခြား ချက်တစ်ရပ် ဖြစ်သည်။ ပြည်မဘက်ရှိ ကရင်တိုင်းရင်း သားပါတီနှစ်ခုဖြစ်သော KPP နှင့် KNP တို့မှာ နယ်မြေ ဒေသကွာဝေးခြင်းနှင့် အခြားအကြောင်း အချက်တချို့ ကြောင့် ကရင်ပြည်နယ်ရှိ ပူးပေါင်းလိုက်သော ပါတီနှင့် ပေါင်းစည်းနိုင်ခဲ့ခြင်း မရှိပါ။ သို့ရာတွင် ၎င်းင်းတို့နှစ်ပါတီ သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ညှိနှိုင်းဆောင်ရွက် သွားကြမည်ဟု လေ့လာသိရှိရပါသည်။ ကရင်ပြည်နယ် တွင် ပဒိုအောင်ဆန်း အဖွဲ့နှင့် စောသုမူဟဲ အဖွဲ့ဟူသည့် လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့မှာ လက်နက်နှင့် ငြိမ်းချမ်း ရေးကို လဲလှယ်ခဲ့ကြပြီးဖြစ်သည်။ KNU, KNLA (PC) ငြိမ်းချမ်းရေးကောင်စီ၊ DKBA နှင့် KNU တို့မှာ လက်နက်ကိုင်ထားဆဲ ကရင်လက်နက်ကိုင် အဖွဲ့များ ဖြစ်ပြီး DKBA မှနေ၍ နယ်ခြားစောင့်တပ် အသွင် ပြောင်းသွားသည့် တပ်ဖွဲ့လည်းရှိသည်။ ထို့ပြင် သံတောင်မြောက်ခြမ်းတွင် KNU အဖြစ်မှ ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းအဖွဲ့ ရှိသည်။ အပစ်အခတ် ရပ်စဲထားသော DKBA အဖွဲ့မှ ခွဲထွက်သွားသည့် ခွဲထွက် DKBA အဖွဲ့တစ်ဖွဲ့လည်း ရှိနေပါသည်။ ၎င်းတို့ အားလုံးလည်း KNU ကရင်အမျိုးသား အစည်းအရုံး တွင် အတူတကွ ဆောင်ရွက်ခဲ့သူများဖြစ်သော်လည်း ပြည်တွင်းသို့ ဝင်ရောက်လာသောအခါ တသီးတခြားစီ ဖြစ်ခဲ့သည်။ သို့ရာတွင် တစ်ပြည်လုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေး (NCA) စာချုပ်တွင် လက်မှတ် ရေးထိုးခဲ့ ကြပြီး ဖြစ်သည်။

ကချင်ပြည်နယ်တွင် ယခင်က ကချင်ပါတီ ခုနစ် ပါတီရှိပါသည်။ ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Demorcatic Party – KDP)၊ ကချင်ပြည်နယ် ဒီမိုက ရေစီပါတီ (Kachin Demorcatic Party – KDP) ၊ စည်းလုံးညီညွတ်သော ဒီမိုကရက်တစ်ပါတီ – ကချင်ပြည်နယ် (Unity and Democracy Party – Kachin State – UDP-KS) ၊ ကချင်အမျိုးသား ကွန်ဂရက် (Kachin National Congress – KNC)၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Kachin State Progressive Party – KSPP) ၊ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီ (Lisu National Deve-lopment Party – LNDP) နှင့် လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (Lhaovo Natio-nal Unity and Develop-ment Party) တို့ ဖြစ်သည်။

၎င်းတို့အနက် ကချင်ပြည် နယ် ဖွံ့ဖြိုးတိုး တက်ရေးပါတီ (KSPP) သည် ၂၀၁၀ ရွေးကောက် ပွဲ တွင် မှတ်ပုံတင် ခွင့် မရခဲ့ပါ။ လီဆူး နှင့် လော်ဝေါ်ပါတီ များသည် သီးခြား မျိုးနွယ်စု ပါတီ များဖြစ်ပြီး KDP, KSDP, UDP (KS),KNC တို့မှာ ကချင်မျိုးနွယ်စုဝင်ပါတီကြီးများ ဖြစ်သည်။ ထိုလေး ပါတီတို့ ပေါင်းစည်းရန် သဘောတူခဲ့ကြသော်လည်း နောက်ပိုင်း၌ သဘောထား ကွဲလွဲမှုအချို့ကြောင့်KDP, KSDP, UDP (KS) သုံးပါတီသာ ပူးပေါင်းပြီး ကချင် ပြည်နယ် ပြည်သူ့ပါတီ (Kachin State People’s Party – KSPP) အမည်ဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မှတ်ပုံတင် ခွင့်ပြုမိန့်အမှတ် (၁၁၅)ဖြင့် မှတ်ပုံတင်ခွင့်ရခဲ့ပြီး ဖြစ် ပါသည်။

ပူးပေါင်းပါတီတွင် ပါတီကြီးငါးခုမှ တစ်ပါတီလျှင် ငါးဦးစီဖြင့် ဦးဆောင်ကော်မတီဝင် ၂၅ ဦးကို အချိုး ညီမျှစွာ ဖွဲ့စည်းထားပါသည်။ ပါတီငါးပါတီဆိုရာတွင် ပူးပေါင်းဖြစ် သွားသော သုံးပါတီနှင့် ယခင်မှတ်ပုံတင် ခွင့်မရတော့သော KSPP နှင့် KNC တို့မှ ပါတီဝင်များ ဖြစ်ကြပါသည်။

ရွေးကောက်ပွဲတွင် အမတ်နေရာအချို့ အနိုင်ရ ရှိသော KSDP ပါတီဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာကို ပူးပေါင်းပါတီသစ်၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ UDP (KS) ပါတီ၏ ဥက္ကဋ္ဌ ဦးခက်ထိန်နန်ကို ဒုတိယ ဥက္ကဋ္ဌ-၁ အဖြစ်လည်း ကောင်း၊ KDP ပါတီ၏ ဥက္ကဋ္ဌ ဦးဂျီအောင် ခမ်းကို ဒုတိယ ဥက္ကဋ္ဌ-၂ အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူးနှစ်ဦးကို KSDP နှင့် KDP ပါတီများမှလည်း ကောင်း ညှိနှိုင်းရွေးချယ်ထားကြကြောင်း သိရှိရပါ သည်။ ကချင်ပြည်နယ် ပြည်သူ့ပါတီ ပူးပေါင်းဖြစ်တည် လာရေးအတွက် ကချင်ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ယဉ်ကျေးမှု အဖွဲ့အစည်း များဖြင့် ဖွဲ့စည်းထားသည့် ကချင်ပြည်နယ် အတိုင် ပင်ခံအဖွဲ့မှ ဦးဆောင်၍ တွန်းအား ပေးစေ့စပ်ညှိနှိုင်း ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

ကချင်ပြည်နယ်တွင် NCA လက်မှတ်မထိုး ရသေးသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ဌာနေပြည်သူ့စစ် များ၊ နယ်ခြားစောင့်တပ် (BGF) သုံးဖွဲ့ရှိကြောင်း လေ့လာသိရှိရပါသည်။ ကချင်ပူး ပေါင်းပါတီသည် ယခုအစီရင်ခံသည့် အချိန်အထိ မြို့နယ် ငါးမြို့နယ်တွင် ပါတီကော်မတီများ ဖွဲ့စည်း ထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။
ချင်းပြည်နယ်တွင် တကယ့်ချင်းပါတီ သုံးပါတီ သာ ရှိသည်။ တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးမျိုးနွယ် စုပါတီ ခေါ် (Ethnic Nationalty Development Party) သည် လည်းကောင်း၊ ပြည်မတွင် အခြေစိုက် သည့် ဇိုမီးနှင့် အရှိုချင်းပါတီသည်လည်းကောင်း၊ ချင်းမျိုးနွယ်စုထဲရှိ ချင်းပါတီ များဖြစ်သည်။ ချင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (Chin National League of Democracy) အဖြစ် ပူးပေါင်း ဖွဲ့စည်း လိုက်သည့် ပါတီများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (Chin National Democratic Party)
၂။ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (Chin League for Democracy)
၃။ ချင်းဖွံ့ဖြိုးတိုးတက်ရေးပါတီ(Chin Progressive Party)

၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် ပါတီပူးပေါင်း ဖွဲ့စည်းတည်ထောင်ခွင့် မှတ်ပုံတင်အမှတ် ၁၁၆/၂၀၁၉ ဖြင့် တရားဝင် မှတ်ပုံတင်ခွင့်ရရှိခဲ့ပါသည်။ ချင်း ပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်အနက် ယခု အစီရင် ခံချိန်တွင် မြို့နယ်လေးမြို့နယ်၌ ပါတီဆိုင်းဘုတ် တင်ခြင်း၊ မြို့နယ်ရုံးဖွင့်လှစ်ခြင်း စသည်တို့ကို ဖွဲ့စည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

၎င်းတို့ပါတီ၏ (CEC) ရွေးပြီးမပြီး မသိရသေးပါ။ Khumi (Khami) National Party (ခေါ်) ခူမီး (ခမီး) အမျိုးသားပါတီ (Ethnic National Development Party) (ခေါ်) တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေး ပါတီ၊ ASho Chin National Party (ခေါ်) အရှိုချင်း အမျိုးသားပါတီ၊ Zo National Region Development Party (ခေါ်) ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီ၊ Zomi Congress for Democracy Party (ခေါ်) ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီများသည်လည်း ချင်း ပါတီများဖြစ်ကြပြီး မျိုးနွယ်စုသီးခြားဖြစ်ကြသဖြင့် ပူးပေါင်းပါတီထဲ၌ မပါဝင်ကြောင်း သိရှိရပါသည်။ ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး (Chin National Front) ဟူသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ရှိပြီး အစိုးရနှင့် NCA လက်မှတ်ရေးထိုးပြီး ဖြစ်သည်။

မွန်ပြည်နယ် မော်လမြိုင်တို့တွင် မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ (All Mon Reguion Democracy Party) နှင့် မွန်အမျိုးသားပါတီ (Mon National Party) တို့ ပူး ပေါင်းပြီး မွန်ညီညွတ်ရေးပါတီ (Mon Unity Party) အမည် ဖြင့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၁ ရက်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ မှတ်ပုံတင်ခွင့်ပြုမိန့် အမှတ် ၁၁၇ ဖြင့် ပဲခူးနှင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် မွန်ညီညွတ် ရေးပါတီ၏ မြို့နယ်ကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ပူးပေါင်းလိုက်သော မွန်ညီညွတ် ရေး ပါတီသို့ မွန်အမျိုးသမီးပါတီ ဝင်ရောက်ပူးပေါင်းခြင်း မရှိပါ။ မွန်အမျိုးသမီးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ တွင် မွန်ပြည်နယ်အတွင်း၌ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သိရှိရပါသည်။ မွန်ပြည်နယ်တွင် မွန်ပြည်သစ်ပါတီ (New Mon State Party) ဟူသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ရှိပြီး အစိုးရ နှင့် NCA စာချုပ်လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါ သည်။

ရခိုင်အမျိုးသားပါတီ (Arakan National Party)သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (Arakan League for Democracy) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (Rakine Nationalities Develo-pment Party) တို့ ၂၀၁၄ ခုနှစ်တွင် ပူးပေါင်းခဲ့ရာမှ ပေါ်ပေါက်လာသည့် ပါတီ ဖြစ်သည်။ တိုင်းရင်းသား မဟာမိတ်ပါတီများဖြစ်သည့် UNA နှင့် NDF အဖွဲ့များ သို့ ဝင်ရောက်ရေးနှင့် ပတ်သက်၍ သဘောထား မတိုက်ဆိုင်ကြသဖြင့် ထိုပါတီပူးပေါင်းမှုမှာ နောက်ပိုင်း တွင် ခိုင်မာခြင်း မရှိတော့ချေ။ ၂၀၁၉ ခုနှစ်၊ မေလ ၃၀-၃၁ ရက်နေ့များ၌ ကျင်းပပြုလုပ်သော ရခိုင် အမျိုးသားပါတီ၏ ညီလာခံတွင် ပါတီ၏ဖွဲ့စည်းပုံ နှင့်အညီ ဒီမိုကရေစီနည်းကျ ပါတီဥက္ကဋ္ဌ ဦးသာထွန်း လှနှင့် အထွေ ထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးတို့ကို ရွေးချယ်တင်မြှောက် ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ်လုံးနှင့် ရန်ကုန်၊ ဧရာဝတီတိုင်းတို့၌ ပါတီ ကော်မတီများ ဖွဲ့စည်းတည်ထောင်နိုင်ပြီးဖြစ်သည်။ ရခိုင်ပြည်နယ်တွင်းရှိ ရခိုင်မျိုးနွယ်စုပါတီများမှာ ရခိုင်အမျိုးသား အင်အားစုပါတီ (Rakine National Force)၊ ရခိုင်ဦးဆောင်ပါတီ (Arakan Front Party)၊ ရခိုင်အမျိုးသားပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီများ ဖြစ်ပြီး အခြားမျိုးနွယ်စုပါတီများမှာ ရန်ကုန် အခြေစိုက် ကမန်အမျိုးသားတိုးတက်ရေးပါတီ (Ka Man National Development Party) ၊ ခမီအမျိုးသား ဖွံ့ဖြိုးရေးပါတီ (Kha Me National Development Party) ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (Mro National Democracy Party) ၊ မြို တိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ (Mro National Develop-ment Party)၊ မြိုတိုင်းရင်း သားပါတီ (Mro National Party) ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု (Rakine State National United Party) ၊ ဒိုင်းနက်လူမျိုးများ တိုး တက်ရေးပါတီ (Daingnet National Development Party) စသည်ဖြင့် အခြားပါတီ ခုနစ်ပါတီလည်း ဖွဲ့စည်း ထူထောင်ထားကြောင်း သိရှိရပါသည်။ ရခိုင်ပြည်နယ် တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ရခိုင်တပ်တော် (Arakan Army) နှင့် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) တို့ ရှိပါသည်။ ရခိုင်ပြည်နယ် သည် ပါတီအဖွဲ့အစည်းများသလောက် ပြဿနာ ပေါင်းစုံလည်း ရှိနေကြောင်း အားလုံး သိရှိကြ ပါသည်။ AA သည် NCA စာချုပ် လက်မှတ်ရေးထိုး ထားခြင်း မရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်ပြီး Arakan National Party – ALP သည် NCA စာချုပ်လက်မှတ်ထိုးထားသည့် ဒေါ်စောမြရာဇာလင်း တို့ အဖွဲ့ ဖြစ်သည်။

နိုင်ငံတော်၏ အကြီးဆုံးပြည်နယ်တစ်ခုဖြစ်သော ရှမ်းပြည်နယ်တွင် လက်ရှိအခြေအနေ၌ ပါတီကြီး နှစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ (Shan Nationalities Laegue for Democracy – SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ (Shan Nationalities Democratic Party – SNDP) တို့အပြင် အခြားတိုင်းရင်းသားပါတီ ပေါင်းများစွာ ဖွဲ့စည်းထားကြောင်း တွေ့ရပါသည်။ အခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ANDP) ၊ ဓနု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP)၊ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ (DNOP) ၊ ရှမ်း ပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ (ESSDDP) ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ (INDP) ၊ ကယန်းအမျိုးသားပါတီ (KNP)၊ ကိုး ကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KDUP)၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LHNDP) ၊ ပအို့ဝ်အမျိုးသားအဖွဲ့ ချုပ် (PNO) ၊ ရှမ်းနီ-တိုင်းလိုင်နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စု များ သွေးစည်းညီညွတ်ရေးပါတီ (SnNSESP) ၊ တအောင်း- ပလောင် အမျိုးသားပါတီ (TAPNP) ၊ တိုင်းလိုင်ရှမ်းနီ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ၊ ပြည်ထောင်စု ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (ပအမဖ)ပါတီ (U Oa ONO)၊ လစ်ဘရယ် ဒီမိုကရက် တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီ (WLDDP) ၊ “ဝ”အမျိုး သား စည်းလုံးညီညွတ်ရေးပါတီ (WNUN) စသည်ဖြင့် ၁၅ ပါတီရှိပါသည်။

ထို့အပြင် ရှမ်းပြည်နယ်အတွင်း၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ငါးခုရှိသည်။ မြို့နယ် ငါးမြို့ နယ်ဖြင့် ဖွဲ့ထားသော ‘ဝ’၊ မြို့နယ် သုံးမြို့ နယ်ဖြင့် ဖွဲ့ထားသော ‘ပအို့ဝ်’၊ မြို့နယ် နှစ်မြို့နယ်စီဖြင့် ဖွဲ့ထားသော ‘တအောင်း-ပလောင်’၊ ‘ကိုးကန့်’၊ ‘ဓနု’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖြစ်သည်။ ရှမ်းပြည်နယ်အတွင်းရှိ အခြား တိုင်းရင်းသား မျိုး နွယ်စုပါတီများ နှင့် ရှမ်းပါတီများ ပူးပေါင်းရန် မဆို ထားနှင့် ရှမ်းပါတီ အချင်းချင်း မဟာ မိတ်ပြုရေးပင် မဆောင်နိုင်သေး ကြောင်း တွေ့ရပါ သည်။ သို့သော် ရှမ်းပြည် ညီညွတ် ရေး ကော်မတီ (Committe for Shan State Unity – CSSU) ကိုမူ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ ရှေ့နေများကွန်ရက်၊ ရှမ်းလူငယ်အဖွဲ့၊ ရှမ်းပြည် မျိုးဆက်သစ်၊ ရှမ်းရွှေ့ပြောင်း အလုပ်သမား အဖွဲ့၊ RCSS နှင့် စိုင်ကျော့ပြည်သူ့စစ်တပ်ဖွဲ့များဖြင့် ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ခြောက်လတစ်ကြိမ် တွေ့ဆုံ၍ ရှမ်းတစ်ပြည်လုံး စည်းလုံးညီညွတ်ရေးနှင့် တိုးတက် ရေးတို့အတွက် ညှိနှိုင်းတိုင်ပင်ကြကြောင်း သိရှိရပါ သည်။ ထိုအဖွဲ့တွင် SNLD ပါတီ (ခေါ်) ကျားခေါင်း ပါတီ ပါဝင်ခြင်းမရှိကြောင်းနှင့် စုပေါင်းခေါင်းဆောင်မှု အသွင် ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။

၎င်းအပြင် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ ၁၇ ပါတီအနက် ၁၁ ပါတီပူးပေါင်းပြီး ရှမ်းပြည် တိုင်းရင်းသား ပါတီများအဖွဲ့ချုပ် (League for Shan Ethnic Political Parties – LSSEPP) ကိုလည်း ဖွဲ့ စည်းထားကြောင်း သိရှိရပါသည်။ ခွန်ထွန်းဦးနှင့် စိုင်း အိုက်ပေါင်းတို့ ရှမ်းခေါင်း ဆောင်နှစ်ဦးက ကျား ခေါင်းပါတီအမည်ဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ရွေး ကောက်ပွဲဝင်ခဲ့ရာ အနိုင်ရရှိခဲ့သော်လည်း ခွန်ထွန်းဦး အဖမ်းခံရသည့် ၁၉၉၃ ခုနှစ်မှစ၍ ကျားခေါင်း ပါတီ လှုပ်ရှားမှု လျော့နည်းလာသည်။ ယင်းနောက် ၂၀၁၀ တွင် စိုင်းအိုက်ပေါင်းမှ SNDP (ခေါ်) ကျားဖြူပါတီကို ဖွဲ့ စည်းပြီး ရွေးကောက်ပွဲဝင်ချိန်၌ ခွန်ထွန်းဦးတို့၏ ကျားခေါင်း ပါတီ ရွေးကောက်ပွဲမဝင်ပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်မှ ကျားခေါင်းပါတီ ရွေးကောက် ပွဲပြန်ဝင်ကြောင်း လေ့လာ သိရှိရပါသည်။ ဆိုရပါလျှင် ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့၏ နိုင်ငံရေးအခြေအနေတွင်လည်း လွန်စွာ ရှုပ်ထွေး အကဲဆတ်လှကြောင်း ဖော်ပြလိုပါသည်။

ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားနိုင်ငံရေး ပါတီများ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအကြောင်းရေးသားဖော်ပြရာ၌ ရှေ့နောက်မညီ ညွတ်မှုများ၊ အချိန်ကာလလွဲမှားနေသည်များ ရှိနေ နိုင်သည်ဖြစ်၍ နားလည်ပေးကြပါရန် မေတ္တာရပ် ခံလိုပါသည်။ စင်စစ် တိုင်းရင်းသားများသည်လည်း သည်မြေထဲမှ မွေး၊ သည်မြေထဲမှာသာ နေသူများဖြစ်၍ တိုင်းပြည်အုပ်ချုပ် မင်းလုပ်လိုစိတ်ရှိကြမည်မှာ ဧကန် မလွဲပင် ဖြစ်ပါသည်။ သို့ရာတွင် ဖော်ပြခဲ့သည့် အတိုင်း အကွဲကွဲအပြားပြား အမျိုးမျိုးသောပါတီများ၊ လက် နက်ကိုင်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ လားရာကို မည်သို့ မျှ ရှုမြင်သုံးသပ်ချက်မပေးနိုင်ပါ။

လွတ်လပ်ရေးရပြီးစ ၁၉၄၈ တွင် တိုင်းရင်းသား နိုင်ငံရေးပါတီများ မပေါ်ပေါက်ခဲ့။ ဖဆပလ၊ ပထစ၊ ပမညတ၊ တည်မြဲ-သန့်ရှင်း စသည့် ဗမာပါတီများသာ ပေါ်ပေါက်ခဲ့သည်။ ၁၉၅၂၊ ၁၉၅၆ ခုနှစ်များတွင် ကျင်းပသော ရွေးကောက်ပွဲများ၌ မည်သည့်တိုင်းရင်း သား နိုင်ငံရေးပါတီကမျှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိ၊ ဖွဲ့စည်းနိုင်ခြင်းလည်း မရှိခဲ့၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်၏ တစ်ပါတီအာဏာရှင် ခေတ်တွင် ဘယ် တိုင်းရင်းသားကမျှ ပါတီထောင်ရန် မစဉ်းစားဝံ့ကြ၊ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီး စောမောင် ကျင်းပပေးခဲ့သော ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီ အနည်းငယ်ငယ်သာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှု လောက်လောက်လားလား မရှိခဲ့ပါ။

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပသောအခါ တိုင်းရင်းသားပါတီများစွာ ထူထောင်လာကြသည်။ ရွေးကောက်ပွဲဝင်သည်၊ များများစားစား မနိုင်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အခြေအနေပို၍ဆိုးသည်။ သောင်ပြိုကမ်းပြို ရှုံး ကြသည်။ ထိုတော့မှ တိုင်းရင်းသားများ ကွဲပြဲ၍ မရ ကြောင်း၊ မသင့်ကြောင်း၊ ကွက်ကွက်ကွင်းကွင်း သိမြင် လာကြသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ပေါင်းစည်းရန် ကြိုးစားကြသည်။ သို့သော် ရာနှုန်းပြည့် မအောင်မြင်၊ တစ်ပါတီကျန် နှစ်ပါတီကျန် ဖြစ်နေ သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကလည်း UNFC ဖွဲ့လိုက်၊ ပြန်ခွာလိုက် PPST မှ PPCM လိုလို၊ NCA ထိုးသူထိုး၊ မထိုးသူမထိုး၊ အမျိုး မျိုးအဖုံဖုံ သဘောထားချင်း မဆုံ မညီကြလျှင် အောင်မြင်မှုပန်းတိုင်ကို မည်သို့လှမ်းကိုင်ကြမည်နည်း။ UNA နှင့် NBF ခေါ် တိုင်းရင်းသား နိုင်ငံရေး ပါတီ များအစုအဖွဲ့ နှစ်ဖွဲ့မှနေပြီး တစ်ဖွဲ့တည်းထား၍ မရ နိုင်သလော။ ယခု ပြည်နယ်ခုနစ်ခုအနက် ပြည်နယ် ငါးခု တွင် တိုင်းရင်းသားနိုင်ငံရေးပါတီများ ပူးပေါင်း လာကြသည်။ ထိုပူးပေါင်းပါတီများနှင့် UNA/NBF တစ်သံတည်းထွက်ပြီး တိုင်းရင်းသားအရေးကို ဆောင် ရွက်ပေးကြလျှင် မကောင်းလေသလော…..။

၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားနိုင်ငံ ရေးပါတီ များ မည်သို့စဉ်းစားကြမည်နည်း။ ၂၀၂၀ အလွန်ထွက်ပေါ် လာမည့် ရွေးကောက်ပွဲရလဒ်အပေါ် မည်သို့ကြိုတင်ဉာဏ် ဆင်ကြမည်နည်း။ တိုင်းရင်းသား တို့၏ အခွင့်အရေးအတွက် တိုင်းရင်းသားများ မည် သည့်ဘက်သို့ ရွေ့လျားသင့်နည်း…. တိုင်းရင်းသားများ ကိုယ်တိုင်သာ တွေ့ဆုံညှိနှိုင်း အဆုံးအဖြတ်ပေး အဖြေ ရှာရတော့မည်သာ ဖြစ်ပါသည်။

ကရင်နိုင်ငံရေးသုတေသီတစ်ဦး