• Today is: Thursday, August 5, 2021

တိုင္းရင္းသားႏွင့္ႏိုင္ငံသား အဓိပၸာယ္ဖြင့္ဆိုခ်က္ တိုင်းရင်းသားနှင့်နိုင်ငံသား အဓိပ္ပာယ်ဖွင့်ဆိုချက်

Federal Journal
March26/ 2020

Zawgyi

ကုိတင့္ (ျမန္မာစာ)

“တိုင္းရင္းသား” နဲ႔ “ႏိုင္ငံသား” ဘာကြာသလဲ။ တိုင္းရင္းသားဆိုတာဘာလဲ။ ႏိုင္ငံသားဆိုတာဘာလဲ။ ဘယ္လိုအဓိပၸာယ္ ဖြင့္ဆိုထားသလဲ။ ဦးစြာေပးထားတဲ့ေမးခြန္းေတြကို ေျဖရွင္းေပးမွာျဖစ္ပါတယ္။ “တိုင္းရင္းသား၊ ႏိုင္ငံသား” ဆိုတဲ့ကိစၥက သိပ္ၿပီး အေရးႀကီးေနတဲ့ ကိစၥရပ္ျဖစ္ေနလို႔ပါပဲ။

တိုင္းရင္းသား
ဦးစြာ “တိုင္းရင္းသားဆိုတာဘာလဲ” ဆိုတဲ့ ေမးခြန္းကိုေျဖေပးရမယ္ဆိုရင္ ၁၉၈၂-ခုႏွစ္ ျမန္မာႏိုင္ငံသားဥပေဒအခန္း (၂) ႏိုင္ငံသားျဖစ္ျခင္း ပုဒ္မ-၃ မွာ “ႏိုင္ငံေတာ္တြင္ပါဝင္ေသာ နယ္ေျမတစ္ခုခု၌ ျမန္မာသကၠရာဇ္ ၁၈၂၃-ခုႏွစ္ မတိုင္မီကာလမွစ၍ ပင္ရင္းႏိုင္ငံအျဖစ္အၿမဲေနထိုင္ခဲ့ေသာ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ဗမာ၊ မြန္၊ ရခိုင္၊ ရွမ္း စသည့္တိုင္းရင္းသားမ်ားႏွင့္မ်ိဳးႏြယ္စု မ်ားသည္ ျမန္မာႏုိင္ငံသားမ်ားျဖစ္သည္” လို႔ ျပ႒ာန္းထားပါတယ္။ ပုဒ္မ-၄ မွာေတာ့ “မည္သည့္မ်ိဳးႏြယ္စုသည္ တိုင္းရင္းသားျဖစ္ သည္၊ မျဖစ္သည္ကို ႏုိင္ငံေတာ္က ဆံုးျဖတ္မည္” ဟုလည္းေကာင္း၊ ပုဒ္မ-၅ တြင္ “တိုင္းရင္းသားတိုင္းသည္လည္းေကာင္း၊ တိုင္းရင္းသားမိဘႏွစ္ပါးမွ ေမြးဖြားသူတိုင္းသည္လည္းေကာင္း ေမြးဖြားရာပါ ႏိုင္ငံသားမ်ားျဖစ္သည္” ဟု ဆိုထားပါသည္။ ထို႔အျပင္ ၂၀၀၈-ခုႏွစ္ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္ ဖြဲ႕စည္းပံုအေျခခံဥပေဒ အခန္း-၈၊ ပုဒ္မ-၃၄၅(က) တြင္ တိုင္းရင္း သားမိဘႏွစ္ပါးမွ ေမြးဖြားလာသူမ်ားဟာ ႏို္င္ငံသားျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

၁၉၄၈-ခုႏွစ္ လြတ္လပ္ေရးရရွိၿပီးအခ်ိန္က တိုင္းရင္းသားလူမ်ိဳး (၁၄၄) မ်ိဳး၊ ေနာက္ ၁၉၈၃-ခုႏွစ္ သတင္းေဆာင္းပါးရွင္ တစ္ဦးရဲ႕ တိုင္းရင္းသားလူမ်ိဳး (၁၃၅) မ်ိဳးဆိုၿပီး ေခၚေဝၚခဲ့ျခင္းမ်ိဳးပဲ ရွိခဲ့ပါတယ္။

၂၀၁၄-ခုႏွစ္ သန္ေခါင္စာရင္းေကာက္ယူမႈမွာေတာ့ ဒီတုိင္းရင္းသားလူမ်ိဳးစုႀကီး (၈) မ်ိဳးကို အေျခခံၿပီး တစ္မ်ိဳးစီအလိုက္ မ်ိဳးႏြယ္စုငယ္ေလးေတြခြဲၿပီး တိုင္းရင္းသားလူမ်ိဳး (၁၃၅)မ်ိဳးနဲ႔ စာရင္းေကာက္ယူခဲ့တာ ေတြ႕ရွိရပါတယ္။ ၂၀၁၄-ခုႏွစ္ သန္ေခါင္စာ ရင္းေကာက္ယူမႈမွာ လူမ်ိဳးအလိုက္ မိမိႀကိဳက္ႏွစ္သက္ရာ နံပါတ္ေတြေပးထားတဲ့အတြက္ မိမိလူမ်ိဳးအမည္ကို တိတိက်က် ေဖာ္ျပ ခြင့္ေတာ့ ရခဲ့ၾကပါတယ္။ ဒီ ၂၀၁၄ သန္ေခါင္စာရင္းရလာဒ္အရ ျမန္မာႏိုင္ငံမွာ တုိင္းရင္းသားလူမ်ိဳးစုေပါင္း (၈၀၀) ေက်ာ္ရွိတယ္ လို႔ လူဦးေရနဲ႔ လူမ်ိဳးထုတ္ျပန္ေၾကညာပြဲမွာ အရိပ္အျမြက္ေျပာဆုိျခင္းမ်ိဳးပဲရွိခဲ့ၿပီး အတိအက်ေတာ့ အခုခ်ိန္ထိ ထုတ္ျပန္ေၾကညာ ျခင္း မရွိေသးပါဘူး။ ဒါေၾကာင့္တိုင္းရင္းသားဆိုတာ ျမန္မာႏုိင္ငံအတြင္း ခရစ္ႏွစ္ ၁၈၂၃-မတိုင္မီ အရင္ကတည္းကပင္ ယင္းႏုိင္ငံ အျဖစ္ေနထိုင္လာခဲ့တဲ့ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ဗမာ၊ မြန္၊ ရခုိင္၊ ရွမ္း စတဲ့လူမ်ိဳးမ်ားႏွင့္မ်ိဳးႏြယ္စုမ်ားကို ေခၚေၾကာင္း အဓိပၸာယ္ဖြင့္ဆိုလို႔ရပါတယ္။

ႏို္င္ငံသား
ႏုိ္င္ငံသားဆိုတာဘာလဲ။ ႏိုင္ငံသားဆိုတာဘာလဲဆိုတာကို ေျဖရမယ္ဆိုရင္ေတာ့ ၁၉၈၂-ခုႏွစ္ ျမန္မာႏိုင္ငံသားဥပေဒ အခန္း-၁၊ ပုဒ္မ-၂(က)မွာ “ႏုိင္ငံသားဆုိသည္မွာ ျမန္မာႏုိင္ငံသားကိုဆိုလိုသည္” လို႔ ေဖာ္ျပထားပါတယ္။ အခန္း-၂၊ ပုဒ္မ-၅ မွာေတာ့ “တိုင္းရင္းသားမိဘႏွစ္ပါးမွ ေမြးဖြားလာသူတိုင္းဟာ ႏုိင္ငံသားျဖစ္တယ္” လို႔ ေဖာ္ျပထားပါတယ္။ ပုဒ္မ-၆ မွာေတာ့ “ဤဥပေဒတည္ေသာေန႔တြင္ ႏိုင္ငံသားျဖစ္ၿပီးသူတိုင္းသည္ ႏုိင္ငံသားျဖစ္သည္” လို႔ ေဖာ္ျပထားပါတယ္။ ၂၀၀၈-ခုႏွစ္ ဖြဲ႕စည္းပံု အေျခခံဥပေဒ ပုဒ္မ-၃၄၅ တြင္ “ေအာက္ေဖာ္ျပပါအရည္အခ်င္းႏွင့္ျပည္စံုသူမ်ားသည္ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္၏ ႏိုင္ငံသားမ်ားျဖစ္ၾကသည္။ (က) ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္၏ တိုင္းရင္းသားမိဘႏွစ္ပါးမွ ေမြးဖြားသူ (ခ) ဤဖြဲ႕စည္းပံု အေျခခံဥပေဒအတည္ျပဳသည့္ေန႔တြင္ ဥပေဒအရ ႏိုင္ငံသားျဖစ္ၿပီးသူ” လို႔ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ၁၉၈၂-ခုႏွစ္ ျမန္မာႏုိင္ငံ သားဥပေဒျပ႒ာန္းခဲ့ၿပီးတဲ့အခ်ိန္မွာ ႏုိင္ငံသားျဖစ္ၿပီးသူမ်ားကလည္း ႏိုင္ငံသားမ်ားျဖစ္တယ္ဆိုတာ ထင္ရွားေပၚလြင္ပါတယ္။ ဒါေၾကာင့္ႏိုင္ငံသားဆိုတာ တည္ဆဲဥပေဒမ်ားအရ တိုင္းရင္းသားတိုင္းသည္ ႏုိင္ငံသားျဖစ္တယ္ဆိုတာရယ္၊ “ဤဥပေဒျပ႒ာန္းၿပီး တဲ့အခ်ိန္မွာ ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳၿပီးသားျဖစ္သူမ်ားဟာ ႏိုင္ငံသားျဖစ္တယ္” ဆိုျခင္းေၾကာင့္ တုိင္းရင္းသားအားလံုးကို ႏိုင္ငံသားလုိ႔ ေခၚဆိုႏိုင္သလို၊ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအတည္ျပဳျပ႒ာန္းခဲ့ၿပီးတဲ့ေန႔မွာ ႏိုင္ငံသားျဖစ္ၿပီးသူမ်ားကိုလည္း “ႏိုင္ငံသားမ်ား” လို႔ အဓိပၸာယ္ဖြင့္ဆိုႏိုင္ပါတယ္။

ႏိုင္ငံတစ္ႏုိင္ငံမွာ အဓိကအေရးပါဆံုးကေတာ့ ႏိုင္ငံရဲ႕လူဦးေရပဲျဖစ္ပါတယ္။ လူဦးေရဆိုတဲ့အခါမွာလည္း လူမ်ိဳးတို႔၊ ဘာသာတို႔၊ အဆင့္အတန္းတို႔ ခြဲျခားလို႔မရဘဲ ႏုိင္ငံအတြင္းမွီတင္းေနထုိင္တဲ့သူအားလံုးကို ဆိုလိုတာျဖစ္ပါတယ္။ ဒါေၾကာင့္ ႏုိင္ငံတစ္ႏိုင္ငံမွာ လူဦးေရသာမရွိဘူးဆိုရင္ေတာ့ ခိုင္မာတဲ့ႏိုင္ငံတစ္ႏိုင္ငံရယ္လို႔ တခမ္းတနားတည္တည္တံ့တံ့ရွိႏိုင္မွာ မဟုတ္ပါ ဘူး။ ႏိုင္ငံသားျဖစ္တဲ့မူလသေဘာတရား ႏွစ္မ်ိဳးရွိပါတယ္။ ပထမသေဘာတရားကေတာ့ ကေလးတစ္ေယာက္ရဲ႕ မ်ိဳးရိုးအတိအက် ကို မိဘႏွစ္ပါး၊ သို႔မဟုတ္ မိဘတစ္ဦးဦးရဲ႕မ်ိဳးရိုးအရ ဆံုးျဖတ္ျခင္းမ်ိဳးပါ။ မိဘႏွစ္ပါးလံုး ဒါမွမဟုတ္ရင္ တစ္ဦးဦးက ႏုိ္င္ငံသားျဖစ္ခဲ့ ရင္ ကေလးကို ဘယ္အရပ္ေဒသမွာ ေမြးဖြားတာျဖစ္ေနပါေစ အဲဒီကေလးဟာ ေမြးဖြားသူမိဘ ႏိုင္ငံသားျဖစ္မႈအရ ဒီကေလးဟာ ႏိုင္ငံသားအျဖစ္ကုိ ရရွိမွာျဖစ္ပါတယ္။ ဒါကေတာ့ေသြးကိုလုိက္ၿပီး ဆံုးျဖတ္တဲ့နည္းျဖစ္ပါတယ္။ ေနာက္တစ္နည္းကေတာ့ မိဘရဲ႕ မ်ိဳးရိုး၊ ႏိုင္ငံသားျဖစ္မႈကို ထည့္မတြက္ေတာ့ဘဲ ကေလးေမြးဖြားရာႏုိင္ငံ၊ အရပ္ေဒသကိုသာအစဲြျပဳၿပီး ဆံုးျဖတ္တဲ့နည္းပဲျဖစ္ပါ တယ္။ ဒီနည္းအရဆိုရင္ ႏိုင္ငံျခား၊ လူမ်ိဳးျခားကေလးဆိုေပမယ့္လည္း ႏိုင္ငံအတြင္းမွာ ေမြးဖြားခဲ့ရင္ အဲဒီႏိုင္ငံသားအျဖစ္ ခံယူခြင့္ ရွိပါတယ္။ ကမာၻ႕ႏုိင္ငံအသီးသီးက ဒီနည္းတစ္နည္း သို႔မဟုတ္ တစ္နည္းကိုေတာ့ အသံုးျပဳၾကပါတယ္။

ျမန္မာႏုိင္ငံမွာေတာ့ ႏိုင္ငံသားအျဖစ္အသိအမွတ္ျပဳခံဖို႔အေရး အေတာ္ကိုရႈပ္ေထြးမႈေတြရွိေနတာကို ေတြ႕ရွိရမွာ ျဖစ္ပါ တယ္။ ႏိုင္ငံမွာ မူလေနထုိင္ခဲ့ၾကတဲ့လူမ်ိဳးေတြရွိသလို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အျခားတိုင္းျပည္ကေန လာေရာက္ေနထိုင္သူ ေတြလည္းရွိပါတယ္။ အျခားႏုိင္ငံမွာ အေျခခ်ေနထုိင္သူမ်ားဟာ ျမန္မာဘုရင္မ်ားလက္ထက္၊ နယ္ခ်ဲ႕အဂၤလိပ္အစိုးရလက္ထက္၊ လြတ္လပ္ေရးရရွိၿပီးအခ်ိန္ထိ ေခတ္အဆက္ဆက္ေနထိုင္ခဲ့ၾကသူမ်ားလည္း အမ်ားအျပားရွိၾကပါတယ္။ အခ်ိဳ႕လည္း အဂၤလိပ္နယ္ခ်ဲ႕အစိုးရလက္ထက္ အိႏၵိယတိုက္ငယ္အျဖစ္ တည္ရွိခ်ိန္ဝင္ေရာက္လာသူမ်ားလည္း ရွိပါတယ္။ ဘိုးစဥ္ေဘာင္ဆက္ ေနထိုင္ခဲ့ၾကသူမ်ားျဖစ္ပါတယ္။ ဒီလူေတြအေနနဲ႔ ႏိုင္ငံသားအျဖစ္ေလွ်ာက္ထားရာမွာ အခက္အခဲမ်ိဳးစံုရွိေနတာကို ေတြ႕ရွိရ ပါတယ္။ ဘာသာအေပၚအေျခခံထားတဲ့ ႏိုင္ငံသားျဖစ္တည္မႈအျဖစ္ ေတြ႕ျမင္ေနၾကရပါတယ္။

၁၉၈၂ ျမန္မာႏိုင္ငံသားဥပေဒမွာ ႏို္င္ငံသားတစ္ဦး၊ သို႔မဟုတ္ ႏိုင္ငံသားမိဘႏွစ္ပါးမွ ေမြးဖြားလာသူမ်ားဟာ ႏိုင္ငံသားျဖစ္ တယ္လို႔ျပ႒ာန္းထားေပမယ့္ ႏိုင္ငံသားမိဘႏွစ္ပါး ႏိုင္ငံသားစိစစ္ေရးကတ္ကိုင္ထားသူ မိဘႏွစ္ပါးမွေမြးဖြားေသာ ကေလးျဖစ္ေစ ကာမူ ဘာသာအေပၚအေျခခံ၍ ႏုိင္ငံသားျဖစ္တည္မႈကို ျငင္းပယ္ခံရတာေတြ ႏိုင္ငံသားျဖစ္ဖို႔ ေလွ်ာက္ထားရာမွာ ႏွစ္နဲ႔ခ်ီၿပီး စစ္ေဆးေနတာ၊ ၾကန္႔ၾကာေနတာေတြကို ေတြ႕ရွိေနရပါတယ္။ ႏို္င္ငံသားအျဖစ္ အသိအမွတ္ျပဳ ကတ္ျပားထုတ္ေပးရာမွာလည္း လူမ်ိဳးကို အေျခမခံဘဲ အိႏၵိယ၊ ပါကစၥတန္၊ ဘဂၤလားေဒ့ရွ္ စတဲ့ႏိုင္ငံတစ္ခုခုရဲ႕အမည္ကို လူမ်ိဳးေနရာမွာ အတင္းကိုယ္စားျပဳထည့္ ေရးခိုင္းေနတာကိုလည္း ေတြ႕ရွိရမွာျဖစ္ပါတယ္။ ဒါဟာတစ္ခုခုေတာ့ မွားယြင္းေနၿပီး ႏိုင္ငံသားျဖစ္တည္မႈကို အဟန္႔အတားျဖစ္ ေစတာေတြ ျဖစ္ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒမွာ ႏိုင္ငံသားအခြင့္အေရးေတြကို ျပည့္ျပည့္ဝဝေပးထားတာ ေတြ႕ရွိရမွာ ျဖစ္ပါတယ္။ မဲေပးပိုင္ခြင့္၊ ေရြးခ်ယ္ပိုင္ခြင့္ . . . စတဲ့အခြင့္အေရးေတြကို ေပးထားတာျဖစ္ပါတယ္။ ၂၀၀၈-ဖြဲ႕စည္းပံုအေျခခံဥပေဒ ပုဒ္မ-၃၄၈ မွာဆိုရင္ ႏုိင္ငံေတာ္သည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ မည္သည့္ႏိုင္ငံသားမွ်လူမ်ိဳး၊ ဇာတိ၊ ကိုးကြယ္ရာဘာသာ၊ ရာထူးဌာနႏၱရ၊ အဆင့္အတန္း၊ ယဥ္ေက်းမႈ၊ အမ်ိဳးသား၊ အမ်ိဳးသမီး၊ ဆင္းရဲခ်မ္းသာတို႔ကို အေၾကာင္းျပဳ၍ ခြဲျခားမႈမရွိေစရဆိုထား ၿပီး၊ ပုဒ္မ-၃၅၂ တြင္ ႏိုင္ငံေတာ္သည္အလုပ္အကိုင္ခန္႔ထားရာတြင္ျဖစ္ေစ၊ ႏိုင္ငံဝန္ထမ္းေရြးခ်ယ္တာဝန္ေပးရာတြင္ျဖစ္ေစ သတ္မွတ္ထားေသာအရည္အခ်င္းႏွင့္ျပည့္စံုပါက ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ မည္သည့္ႏုိင္ငံသားကိုမွ် လူမ်ိဳး၊ ဇာတိ၊ ကိုးကြယ္ရာဘာသာသာသနာ၊ အမ်ိဳးသား၊ အမ်ိဳးသမီးကို အေၾကာင္းျပဳလွ်က္ ရာထူးေရြးခ်ယ္ခန္႔ထားျခင္းမ်ိဳးကို ခြဲျခားမႈ မျပဳရလုိ႔ ဆိုထားေပမဲ့ လူမ်ိဳး၊ ဘာသာကို အေၾကာင္းျပဳၿပီး ခြဲျခားဆက္ဆံမႈေတြ ျပဳလုပ္ေနတာေတြကို ေတြ႕ရွိရမွာျဖစ္ပါတယ္။ ႏိုင္ငံဝန္ထမ္းတာဝန္ထမ္းေဆာင္ဖို႔ ေလွ်ာက္ထားျခင္းျပဳတဲ့အခ်က္မွာ ဘာသာအေပၚအေျခခံၿပီး ျငင္းပယ္ခံေနရတာေတြအမ်ား အျပားပါ။ ႏုိင္ငံ့ဝန္ထမ္းၾကားထဲမွာလည္း ကိုးကြယ္တဲ့ဘာသာအေပၚအေျခခံၿပီး ရာထူးတုိးျမွင့္ျခင္းမရွိေသးတာေတြကိုလည္း ေတြ႕ျမင္ေနၾကရပါတယ္။ ေရြးခ်ယ္ပိုင္ခြင့္၊ မဲေပးပိုင္ခြင့္ေတြ ျငင္းပယ္ခံေနရၿပီး၊ ႏိုင္ငံေရးပါတီမ်ားမွာလည္း လူမ်ိဳး၊ ဘာသာအေပၚ အေျခခံၿပီး ခြဲျခားဆက္ဆံေနတာကို ေတြ႕ရွိေနရပါတယ္။

ဒါေတြဘာေၾကာင့္ျဖစ္ေနသလဲဆိုရင္ ဥပေဒကို တိတိက်က်ေလးစားလုိက္နာမႈမရွိျခင္း၊ တုိင္းရင္းသားဆိုတဲ့အမည္နာမ အေပၚအေျခခံထားျခင္း၊ တိုင္းရင္းသားလူမ်ိဳးစုမည္မွ်ရွိသည္ကို အတိအက်ထုတ္ျပန္ထားမႈမရွိျခင္း၊ ဘာသာတရားအေပၚ အေျခခံ ထားလြန္းျခင္း၊ ႏိုင္ငံသားအျဖစ္သတ္မွတ္ရာတြင္လည္း ဘာသာတရားအေပၚအေျခခံၿပီး ႏိုင္ငံသားျဖစ္တည္မႈကို ေဆာင္ရြက္ေန ျခင္း စတဲ့အခ်က္ေတြေၾကာင့္ျဖစ္ပါတယ္။

 

Unicode

ကိုတင့် (မြန်မာစာ)

“တိုင်းရင်းသား” နဲ့ “နိုင်ငံသား” ဘာကွာသလဲ။ တိုင်းရင်းသားဆိုတာဘာလဲ။ နိုင်ငံသားဆိုတာဘာလဲ။ ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုထားသလဲ။ ဦးစွာပေးထားတဲ့မေးခွန်းတွေကို ဖြေရှင်းပေးမှာဖြစ်ပါတယ်။ “တိုင်းရင်းသား၊ နိုင်ငံသား” ဆိုတဲ့ကိစ္စက သိပ်ပြီး အရေးကြီးနေတဲ့ ကိစ္စရပ်ဖြစ်နေလို့ပါပဲ။

တိုင်းရင်းသား
ဦးစွာ “တိုင်းရင်းသားဆိုတာဘာလဲ” ဆိုတဲ့ မေးခွန်းကိုဖြေပေးရမယ်ဆိုရင် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေအခန်း (၂) နိုင်ငံသားဖြစ်ခြင်း ပုဒ်မ-၃ မှာ “နိုင်ငံတော်တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၈၂၃-ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ်အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားများနှင့်မျိုးနွယ်စု များသည် မြန်မာနိုင်ငံသားများဖြစ်သည်” လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ-၄ မှာတော့ “မည်သည့်မျိုးနွယ်စုသည် တိုင်းရင်းသားဖြစ် သည်၊ မဖြစ်သည်ကို နိုင်ငံတော်က ဆုံးဖြတ်မည်” ဟုလည်းကောင်း၊ ပုဒ်မ-၅ တွင် “တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း မွေးဖွားရာပါ နိုင်ငံသားများဖြစ်သည်” ဟု ဆိုထားပါသည်။ ထို့အပြင် ၂၀၀၈-ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း-၈၊ ပုဒ်မ-၃၄၅(က) တွင် တိုင်းရင်း သားမိဘနှစ်ပါးမှ မွေးဖွားလာသူများဟာ နိုင်ငံသားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၁၉၄၈-ခုနှစ် လွတ်လပ်ရေးရရှိပြီးအချိန်က တိုင်းရင်းသားလူမျိုး (၁၄၄) မျိုး၊ နောက် ၁၉၈၃-ခုနှစ် သတင်းဆောင်းပါးရှင် တစ်ဦးရဲ့ တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးဆိုပြီး ခေါ်ဝေါ်ခဲ့ခြင်းမျိုးပဲ ရှိခဲ့ပါတယ်။

၂၀၁၄-ခုနှစ် သန်ခေါင်စာရင်းကောက်ယူမှုမှာတော့ ဒီတိုင်းရင်းသားလူမျိုးစုကြီး (၈) မျိုးကို အခြေခံပြီး တစ်မျိုးစီအလိုက် မျိုးနွယ်စုငယ်လေးတွေခွဲပြီး တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးနဲ့ စာရင်းကောက်ယူခဲ့တာ တွေ့ရှိရပါတယ်။ ၂၀၁၄-ခုနှစ် သန်ခေါင်စာ ရင်းကောက်ယူမှုမှာ လူမျိုးအလိုက် မိမိကြိုက်နှစ်သက်ရာ နံပါတ်တွေပေးထားတဲ့အတွက် မိမိလူမျိုးအမည်ကို တိတိကျကျ ဖော်ပြ ခွင့်တော့ ရခဲ့ကြပါတယ်။ ဒီ ၂၀၁၄ သန်ခေါင်စာရင်းရလာဒ်အရ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုပေါင်း (၈၀၀) ကျော်ရှိတယ် လို့ လူဦးရေနဲ့ လူမျိုးထုတ်ပြန်ကြေညာပွဲမှာ အရိပ်အမြွက်ပြောဆိုခြင်းမျိုးပဲရှိခဲ့ပြီး အတိအကျတော့ အခုချိန်ထိ ထုတ်ပြန်ကြေညာ ခြင်း မရှိသေးပါဘူး။ ဒါကြောင့်တိုင်းရင်းသားဆိုတာ မြန်မာနိုင်ငံအတွင်း ခရစ်နှစ် ၁၈၂၃-မတိုင်မီ အရင်ကတည်းကပင် ယင်းနိုင်ငံ အဖြစ်နေထိုင်လာခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့လူမျိုးများနှင့်မျိုးနွယ်စုများကို ခေါ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။

နိုင်ငံသား
နိုင်ငံသားဆိုတာဘာလဲ။ နိုင်ငံသားဆိုတာဘာလဲဆိုတာကို ဖြေရမယ်ဆိုရင်တော့ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အခန်း-၁၊ ပုဒ်မ-၂(က)မှာ “နိုင်ငံသားဆိုသည်မှာ မြန်မာနိုင်ငံသားကိုဆိုလိုသည်” လို့ ဖော်ပြထားပါတယ်။ အခန်း-၂၊ ပုဒ်မ-၅ မှာတော့ “တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာသူတိုင်းဟာ နိုင်ငံသားဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။ ပုဒ်မ-၆ မှာတော့ “ဤဥပဒေတည်သောနေ့တွင် နိုင်ငံသားဖြစ်ပြီးသူတိုင်းသည် နိုင်ငံသားဖြစ်သည်” လို့ ဖော်ပြထားပါတယ်။ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၄၅ တွင် “အောက်ဖော်ပြပါအရည်အချင်းနှင့်ပြည်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည်။ (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ (ခ) ဤဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ” လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံ သားဥပဒေပြဋ္ဌာန်းခဲ့ပြီးတဲ့အချိန်မှာ နိုင်ငံသားဖြစ်ပြီးသူများကလည်း နိုင်ငံသားများဖြစ်တယ်ဆိုတာ ထင်ရှားပေါ်လွင်ပါတယ်။ ဒါကြောင့်နိုင်ငံသားဆိုတာ တည်ဆဲဥပဒေများအရ တိုင်းရင်းသားတိုင်းသည် နိုင်ငံသားဖြစ်တယ်ဆိုတာရယ်၊ “ဤဥပဒေပြဋ္ဌာန်းပြီး တဲ့အချိန်မှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီးသားဖြစ်သူများဟာ နိုင်ငံသားဖြစ်တယ်” ဆိုခြင်းကြောင့် တိုင်းရင်းသားအားလုံးကို နိုင်ငံသားလို့ ခေါ်ဆိုနိုင်သလို၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဋ္ဌာန်းခဲ့ပြီးတဲ့နေ့မှာ နိုင်ငံသားဖြစ်ပြီးသူများကိုလည်း “နိုင်ငံသားများ” လို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ အဓိကအရေးပါဆုံးကတော့ နိုင်ငံရဲ့လူဦးရေပဲဖြစ်ပါတယ်။ လူဦးရေဆိုတဲ့အခါမှာလည်း လူမျိုးတို့၊ ဘာသာတို့၊ အဆင့်အတန်းတို့ ခွဲခြားလို့မရဘဲ နိုင်ငံအတွင်းမှီတင်းနေထိုင်တဲ့သူအားလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံမှာ လူဦးရေသာမရှိဘူးဆိုရင်တော့ ခိုင်မာတဲ့နိုင်ငံတစ်နိုင်ငံရယ်လို့ တခမ်းတနားတည်တည်တံ့တံ့ရှိနိုင်မှာ မဟုတ်ပါ ဘူး။ နိုင်ငံသားဖြစ်တဲ့မူလသဘောတရား နှစ်မျိုးရှိပါတယ်။ ပထမသဘောတရားကတော့ ကလေးတစ်ယောက်ရဲ့ မျိုးရိုးအတိအကျ ကို မိဘနှစ်ပါး၊ သို့မဟုတ် မိဘတစ်ဦးဦးရဲ့မျိုးရိုးအရ ဆုံးဖြတ်ခြင်းမျိုးပါ။ မိဘနှစ်ပါးလုံး ဒါမှမဟုတ်ရင် တစ်ဦးဦးက နိုင်ငံသားဖြစ်ခဲ့ ရင် ကလေးကို ဘယ်အရပ်ဒေသမှာ မွေးဖွားတာဖြစ်နေပါစေ အဲဒီကလေးဟာ မွေးဖွားသူမိဘ နိုင်ငံသားဖြစ်မှုအရ ဒီကလေးဟာ နိုင်ငံသားအဖြစ်ကို ရရှိမှာဖြစ်ပါတယ်။ ဒါကတော့သွေးကိုလိုက်ပြီး ဆုံးဖြတ်တဲ့နည်းဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ မိဘရဲ့ မျိုးရိုး၊ နိုင်ငံသားဖြစ်မှုကို ထည့်မတွက်တော့ဘဲ ကလေးမွေးဖွားရာနိုင်ငံ၊ အရပ်ဒေသကိုသာအစွဲပြုပြီး ဆုံးဖြတ်တဲ့နည်းပဲဖြစ်ပါ တယ်။ ဒီနည်းအရဆိုရင် နိုင်ငံခြား၊ လူမျိုးခြားကလေးဆိုပေမယ့်လည်း နိုင်ငံအတွင်းမှာ မွေးဖွားခဲ့ရင် အဲဒီနိုင်ငံသားအဖြစ် ခံယူခွင့် ရှိပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ဒီနည်းတစ်နည်း သို့မဟုတ် တစ်နည်းကိုတော့ အသုံးပြုကြပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံဖို့အရေး အတော်ကိုရှုပ်ထွေးမှုတွေရှိနေတာကို တွေ့ရှိရမှာ ဖြစ်ပါ တယ်။ နိုင်ငံမှာ မူလနေထိုင်ခဲ့ကြတဲ့လူမျိုးတွေရှိသလို အကြောင်းအမျိုးမျိုးကြောင့် အခြားတိုင်းပြည်ကနေ လာရောက်နေထိုင်သူ တွေလည်းရှိပါတယ်။ အခြားနိုင်ငံမှာ အခြေချနေထိုင်သူများဟာ မြန်မာဘုရင်များလက်ထက်၊ နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက်၊ လွတ်လပ်ရေးရရှိပြီးအချိန်ထိ ခေတ်အဆက်ဆက်နေထိုင်ခဲ့ကြသူများလည်း အများအပြားရှိကြပါတယ်။ အချို့လည်း အင်္ဂလိပ်နယ်ချဲ့အစိုးရလက်ထက် အိန္ဒိယတိုက်ငယ်အဖြစ် တည်ရှိချိန်ဝင်ရောက်လာသူများလည်း ရှိပါတယ်။ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသူများဖြစ်ပါတယ်။ ဒီလူတွေအနေနဲ့ နိုင်ငံသားအဖြစ်လျှောက်ထားရာမှာ အခက်အခဲမျိုးစုံရှိနေတာကို တွေ့ရှိရ ပါတယ်။ ဘာသာအပေါ်အခြေခံထားတဲ့ နိုင်ငံသားဖြစ်တည်မှုအဖြစ် တွေ့မြင်နေကြရပါတယ်။

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေမှာ နိုင်ငံသားတစ်ဦး၊ သို့မဟုတ် နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာသူများဟာ နိုင်ငံသားဖြစ် တယ်လို့ပြဋ္ဌာန်းထားပေမယ့် နိုင်ငံသားမိဘနှစ်ပါး နိုင်ငံသားစိစစ်ရေးကတ်ကိုင်ထားသူ မိဘနှစ်ပါးမှမွေးဖွားသော ကလေးဖြစ်စေ ကာမူ ဘာသာအပေါ်အခြေခံ၍ နိုင်ငံသားဖြစ်တည်မှုကို ငြင်းပယ်ခံရတာတွေ နိုင်ငံသားဖြစ်ဖို့ လျှောက်ထားရာမှာ နှစ်နဲ့ချီပြီး စစ်ဆေးနေတာ၊ ကြန့်ကြာနေတာတွေကို တွေ့ရှိနေရပါတယ်။ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ကတ်ပြားထုတ်ပေးရာမှာလည်း လူမျိုးကို အခြေမခံဘဲ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတစ်ခုခုရဲ့အမည်ကို လူမျိုးနေရာမှာ အတင်းကိုယ်စားပြုထည့် ရေးခိုင်းနေတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါဟာတစ်ခုခုတော့ မှားယွင်းနေပြီး နိုင်ငံသားဖြစ်တည်မှုကို အဟန့်အတားဖြစ် စေတာတွေ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားအခွင့်အရေးတွေကို ပြည့်ပြည့်ဝဝပေးထားတာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့် . . . စတဲ့အခွင့်အရေးတွေကို ပေးထားတာဖြစ်ပါတယ်။ ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၄၈ မှာဆိုရင် နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားမျှလူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရဆိုထား ပြီး၊ ပုဒ်မ-၃၅၂ တွင် နိုင်ငံတော်သည်အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံဝန်ထမ်းရွေးချယ်တာဝန်ပေးရာတွင်ဖြစ်စေ သတ်မှတ်ထားသောအရည်အချင်းနှင့်ပြည့်စုံပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာသာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျှက် ရာထူးရွေးချယ်ခန့်ထားခြင်းမျိုးကို ခွဲခြားမှု မပြုရလို့ ဆိုထားပေမဲ့ လူမျိုး၊ ဘာသာကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေတာတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းတာဝန်ထမ်းဆောင်ဖို့ လျှောက်ထားခြင်းပြုတဲ့အချက်မှာ ဘာသာအပေါ်အခြေခံပြီး ငြင်းပယ်ခံနေရတာတွေအများ အပြားပါ။ နိုင်ငံ့ဝန်ထမ်းကြားထဲမှာလည်း ကိုးကွယ်တဲ့ဘာသာအပေါ်အခြေခံပြီး ရာထူးတိုးမြှင့်ခြင်းမရှိသေးတာတွေကိုလည်း တွေ့မြင်နေကြရပါတယ်။ ရွေးချယ်ပိုင်ခွင့်၊ မဲပေးပိုင်ခွင့်တွေ ငြင်းပယ်ခံနေရပြီး၊ နိုင်ငံရေးပါတီများမှာလည်း လူမျိုး၊ ဘာသာအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံနေတာကို တွေ့ရှိနေရပါတယ်။

ဒါတွေဘာကြောင့်ဖြစ်နေသလဲဆိုရင် ဥပဒေကို တိတိကျကျလေးစားလိုက်နာမှုမရှိခြင်း၊ တိုင်းရင်းသားဆိုတဲ့အမည်နာမ အပေါ်အခြေခံထားခြင်း၊ တိုင်းရင်းသားလူမျိုးစုမည်မျှရှိသည်ကို အတိအကျထုတ်ပြန်ထားမှုမရှိခြင်း၊ ဘာသာတရားအပေါ် အခြေခံ ထားလွန်းခြင်း၊ နိုင်ငံသားအဖြစ်သတ်မှတ်ရာတွင်လည်း ဘာသာတရားအပေါ်အခြေခံပြီး နိုင်ငံသားဖြစ်တည်မှုကို ဆောင်ရွက်နေ ခြင်း စတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။