• Today is: Monday, August 2, 2021

တိုင်းရင်းသား တန်းတူရှိမှုကို ဖော်ဆောင်ပါ

Federal Journal
July03/ 2021

လွတ်လပ်ရေးနဲ့ အတူ ဖွားဘက်တော် အဖြစ် “ပြည်တွင်းစစ်မီး” လည်း တစ်ပါတည်း ပါလာတာကြောင့် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဒဏ်ကို ခါးစည်းခံလာရတာ နှစ်ပေါင်း ၇၃ နှစ်ကြာတဲ့ အခုအချိန်ထိတိုင် ရပ်တန့်မယ့် အနေအထား မရှိသေးတဲ့ အပြင် ပိုမိုပြီး တိုးမြင့်, တောက်လောင်နေတဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရဆဲပါ။ ကမ္ဘာမှာ သက်တမ်း အရှည်ကြာဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ဟာ နောက်ထပ် ဘယ်လောက်ကြာမယ်၊ ဘာဖြစ်လာဦးမယ် ဆိုတာတွေလည်း ခန့်မှန်းလို့ မရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

သမိုင်း မှတ်တမ်းတွေအရ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ကြေညာပြီးနောက် မတ်လ ၂၈ ရက်မှာ ဗမာပြည် ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေကို ဖဆပလ အစိုးရက ရှာဖွေ ဖမ်းဆီးတာကနေ ပြည်တွင်းစစ် စတင် ဖြစ်ပွားတယ် လို့ ဆိုပါတယ်။ မြန်မာ့ပြည်တွင်းစစ်ဟာ ဘာကြောင့် ဒီလောက် “သက်ဆိုး” ရှည်နေရတာလဲ ဆိုတာ အလွယ်တကူ မဖြေနိုင် ပေမဲ့ ပြည်တွင်းစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို လက်ရှိကာလတိုင် တိုင်းရင်းသားဒေသတွေမှာ ပိုမိုများပြား နက်ရှိုင်းစွာ ခံစားနေရဆဲ ဆိုတာ အထင်အရှား တွေ့မြင်ရပါတယ်။

၂၀၁၅ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တချို့ကနေ ဖက်ဒရယ် ပြည်ထောင်စုဆီ ဦးတည်မယ် ဆိုတဲ့ ပြည်သူတို့ လိုလားတဲ့ အိပ်မက်ဟာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့, တပ်မတော်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း သိသိသာသာ မှုန်ဝါးသွားရပါတော့တယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့သလို သောင်းချီတဲ့ ပြည်သူတွေလည်း နေရပ်စွန့်ခွာ, ထွက်ပြေးခဲ့ရပါတယ်။

ပြီးတော့ ချင်းပြည်နယ် မင်းတပ်မြို့မှာ ဆိုရင်လည်း ဒေသခံ စစ်ဘေးရှောင်တွေကို ကိုယ့်အိမ်တွေဆီ ပြန်လာခွင့် ပေးပြီ ဆိုပေမဲ့ သူတို့ အကုန်လုံး ပြန်မလာရဲသေးတဲ့ အနေအထား ဖြစ်ပြီး အချိန်မီ ဆေးဝါးကုသခွင့် မရတဲ့ အတွက် ၇ လ,သား ကလေးငယ် တစ်ယောက် အပါအဝင် ဒေသခံ ၆ ယောက်ထက် မနည်း သေဆုံးခဲ့ရပါတယ်။

ဒါအပြင် ကယားပြည်နယ်မှာ ဆိုရင် တပ်မတော်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သိန်းချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာခဲ့ရသလို တပ်မတော်ရဲ့  လက်နက်ကြီးတွေနဲ့ ပစ်ခတ်, တိုက်ခိုက်မှုတွေကြောင့် ပြည်သူ အများအပြားလည်း သေဆုံးခဲ့ရပါတယ်။ မြို့တွေနဲ့ ကျေးရွာတွေမှာ မနေထိုင်ရဲတော့လို့ ဘေးလွတ်ရာ တောတောင်နဲ့ လိုဏ်ဂူတွေထဲမှာ ပုန်းခိုနေကြရတဲ့ စစ်ဘေးရှောင်တွေဟာ စားသောက်ရေး လုံလောက်မှု မရှိတဲ့ အပြင် ကျန်းမာရေး အထောက်အပံ့လည်း မရှိသလောက် အနေအထားမှာ ရှိနေပါတယ်။ ပိုဆိုးတာက ထောက်ပံ့ ကူညီမှုတွေ ပေးလို့လည်း မရအောင် လမ်းပမ်းပိတ်ဆို့တာတွေ၊ ရိက္ခာယာဉ်တွေကို တပ်မတော်က မီးရှို့ပစ်တာတွေပါ။

ကယားပြည်နယ်က ဒီးမော့ဆို၊ လွိုင်ကော်မြို့တွေက ဒေသခံတွေဟာလည်း တိုက်ခိုက်, ပစ်ခတ်မှုတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသလို နေအိမ်ပျက်စီးမှုတွေပါ ရှိခဲ့ပါတယ်။ ယာယီ အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်းမှာပဲ ဒီးမော့ဆိုမြို့နယ်မှာ ပစ်ခတ်, သတ်ဖြတ်ခံရသူတွေရဲ့ အလောင်းတွေ တွေ့ရရှိရပြီး ဖေဖော်ဝါရီ ၁ ကနေ ဇွန် ၂၇ ရက်နေ့ အထိ သေဆုံးသူ အရပ်သားပြည်သူ ၇၀ ကျော်ထိ ရှိနေပြီလို့ သိရပါတယ်။

ထိုင်း-ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည် လူမျိုးစုတွေ နေရပ်ပြန်နိုင်ရေး ပူးပေါင်းကြိုးပမ်းကြဖို့ ဒုက္ခသည်စခန်းက လူငယ်တွေက တောင်းဆိုထားကြောင်း ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ ဖော်ပြချက်မှာ တွေ့ရပါတယ်။ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်က မိုးဗြဲမြို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ နေရပ်စွန့်ခွာ, ထွက်ပြေးနေရတဲ့ ကရင်နီပြည်သူ ၁ သိန်းကျော်အထိ ရှိနေပြီး သန့်ရှင်းတဲ့ သောက်သုံးရေ၊ အစားအစာ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေပါ လိုအပ်နေပါတယ်။

ကရင်နီ ပြည်နယ် ထဲမှာ ဖိနှိပ်မှုတွေကနေ လွတ်မြောက်ဖို့ ၁၉၉၅-၉၆ ဝန်းကျင် ကတည်းက ထိုင်းနယ်စပ်ကို ထွက်ပြေး, တိမ်းရှောင် နေရသူတွေ ဟာလည်း နှစ်ပေါင်း ၂၀ ကျော်တဲ့ အထိ နေရပ်ပြန်ခွင့် မရသေးပါဘူး။ လွိုင်ကော် လောပိတ ရေအားလျှပ်စစ် စက်ရုံက ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားကိုတောင် ကယားပြည်နယ်မှာ သုံးစွဲခွင့် အပြည့်အဝ မရသေးပါ။ NLD ပြည်သူ့ အစိုးရ လက်ထက်မှာတုန်းက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူမှုကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီလူငယ်တွေက ကန့်ကွက်ခဲ့တာကြောင့် တရားစွဲဆိုခံရပြီး ထောင်ချတဲ့ အထိ အရေးယူခံရတာတွေလည်း ရှိခဲ့ပါတယ်။

သယံဇာတ စီမံခန့်ခွဲမှုမှာလည်း အစိုးရအဆက်ဆက် ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှု အောက်မှာပဲ ရှိနေပြီး ဒေသခံ တိုင်းရင်းသားတို့ရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးနေရတာပါ။ ဒီလို တိုင်းရင်းသား တန်းတူရည်တူ မရှိမှုနဲ့ မမျှတမှု ကြောင့် တိုင်းရင်းသားဒေသတွေ အတွင်း ပဋိပက္ခတွေ ပိုမိုဆိုးဝါးလာတာ ဖြစ်တယ် လို့ သုံးသပ်ရပါတယ်။

ဖေဖော်ဝါရီလ တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်း ဧရာဝတီ မြစ်ဆုံဒေသမှာ တရားမဝင် ရွှေတူးဖော်မှုတွေ ပိုမိုများပြားလာသလို ကချင်ပြည်နယ် ဖားကန့်ဒေသမှာလည်း ကျောက်စိမ်းတူးဖော်မှုတွေ တဟုန်တိုး များပြားလာပါတယ်။ မကြာသေးခင်က Global Witness အဖွဲ့ကြီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကျောက်စိမ်းက ရရှိတဲ့ အကျိုးအမြတ်တွေဟာ တပ်မတော်လက်ထဲပဲ ရောက်ရှိသွားတယ် လို့ ဖော်ပြပါတယ်။

ကချင်ပြည်နယ်က ထွက်ရှိတဲ့ ကျောက်စိမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကလည်း တရုတ်နိုင်ငံဘက်ကို တရားမဝင် ရောက်ရှိနေရတယ် လို့ ဆိုပါတယ်။ ဒါဟာ ဒေသခံ တိုင်းရင်းသားတွေ အနေနဲ့ မိမိတို့ နယ်မြေက ထွက်ရှိတဲ့ ကျောက်စိမ်း အကျိုးအမြတ်ကို မခံစားရတာကို ဖော်ညွှန်းနေတဲ့ အပြင် တန်းတူရည်တူ မရှိမှုကိုပါ သက်သေပြနေပါတယ်။

NLD အစိုးရလက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းခဲ့တာကို အသိအမှတ် ပြုရမှာ ဖြစ်ပေမဲ့ တိုင်းရင်းသားတို့ရဲ့ ခံစားနေရမှုနဲ့ လိုလားဆန္ဒကို နားလည်မှု မပေးနိုင်တာကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါဘူး။ နိုင်ငံအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဟာ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီး မရေရာတဲ့ အခြေအနေကို ဆိုက်ရောက်လာပြီး မျှော်လင့်ချက်လည်း မှုန်ဝါးလာတဲ့ အနေအထားလို့ ဆိုရမှာပါ။

ဒီလို အခြေအနေမှာ နိုင်ငံပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်နေတဲ့ အဖွဲ့အစည်းတချို့ကို တွေ့လာရတဲ့ အပြင် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ဖို့ ဆိုတဲ့ အသံလည်း အတော်အတန် ကျယ်ကျယ်လောင်လောင် ကြားလာရ ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ အချက်က ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ် ဆိုရင် “ဗမာလူမျိုးကြီးဝါဒ” ကို စွန့်လွှတ်ဖို့ပါ။ ကချင်, ကယား, ကရင်, ချင်း, ဗမာ, မွန်, ရခိုင်, ရှမ်း စတဲ့ လူမျိုးစုတွေကြား တန်းတူအခွင့်အရေး ရ,ရမှာ ဖြစ်ပြီး ဗမာက အများစု ဖြစ်လို့ ဆိုပြီး အခွင့်အရေး ပိုမယူသင့်သလို လွှမ်းမိုးချုပ်ကိုင်တာမျိုးလည်း မရှိသင့်ပါဘူး။

လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေ လက်ထက် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် တိုက်ပွဲတွေဟာ ဗမာလူမျိုး အများစု နေထိုင်တဲ့ ‌ဒေသတွေထက် တိုင်းရင်းသားတို့ရဲ့ ဒေသတွေမှာ အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ထိခိုက်နစ်နာမှု အများဆုံး ခံစားရတာလည်း တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရရှိဖို့ ဗမာနဲ့ တိုင်းရင်းသားတွေကြား ထားရှိခဲ့တဲ့ “ပင်လုံကတိကဝတ်” တွေ အကောင်အထည် ပေါ်မလာခဲ့တာ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဗမာအများစု လွှမ်းမိုးခဲ့တဲ့ အစိုးရတွေက လစ်လျှူရှုခဲ့တာတွေက မပြီးဆုံးနိုင်တဲ့ ပဋိပက္ခနဲ့ ပြည်တွင်းစစ်မီးကို ဦးတည်စေခဲ့ပါတယ်။

ဗမာလူမျိုးတွေဘက်က ဆင်ခြေပေးတတ်တာက “တို့တတွေက ကချင်ဆိုလည်း ချစ်တယ်၊ ကရင်ဆိုလည်း ချစ်တယ်၊ ချင်းဆိုလည်း ချစ်တာပဲ၊ ဘယ်မှာ ခွဲခြားလို့လဲ” ဆိုတဲ့ စကားပါ။ အဲဒီစကားက မှန်သလိုလို ရှိပေမဲ့ သေချာ စိစစ်ကြည့်ရင် အမှန် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင်… အခြေခံပြည်သူတွေ အချင်းချင်းကြား ချစ်ခင်ရင်းနှီးမှု တစ်စုံတရာ အတိုင်းအတာ အထိ ရှိနေနိုင်ပါတယ်၊ ဒါပေမဲ့ အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေနဲ့ ခေါင်းဆောင်ဆိုသူတွေက တိုင်းရင်းသားတွေ အပေါ် အမှန်တကယ် ချစ်ကြည်ရင်းနှီးမှု မရှိသလို တိုင်းရင်းသားတွေရဲ့ အခွင့်အလမ်းတွေ အတွက် ဖော်ဆောင်ပေးရမယ့် စေတနာလည်း ရှိခဲ့ကြပုံ မရပါ။ တိုင်းရင်းသား ဝတ်စုံကို ဝတ်ပြတာ၊ တိုင်းရင်းသား အစားအစာ စားပြတာတွေဟာ အပေါ်ယံ အကာသက်သက်သာ ဖြစ်ပြီး ဘာ အနှစ်သာရမှ မရှိဘူး။

ပြည်သူက မဲပေးရွေးချယ်ခဲ့တယ် ဆိုတဲ့ NLD အစိုးရ လက်ထက်ကို ပြန်ကြည့်ရင် ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိတာ၊ မွန်ပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတား လို့ အမည်ပေးတာတွေ တွေ့ရမှာပါ။ တိုင်းရင်းသားတွေက အဲဒီကိစ္စတွေကို ဘာကြောင့် ကန့်ကွက်တာလဲ၊ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို အလေးမထား, မစဉ်းစားဘဲ ဇွတ်အတင်း လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ လို့ ခေါ်ဆိုတာကို၊ မြန်မာလို့ ခံယူရတာကို တိုင်းရင်းသားတွေဘက်က အတိုင်းအတာ တစ်ခုအထိ လက်ခံနိုင်ပေမဲ့ ဗမာလွှမ်းမိုးမှုကိုတော့ လက်မခံနိုင်ကြတာ သဘာဝ ကျပါတယ်။

မှတ်ပုံတင်ပြုလုပ်ရာမှာလည်း တိုင်းရင်းသားတွေရဲ့ နိုင်ငံသားကတ်မှာ ဗမာလို “ဦး/ဒေါ်” တွေ ဇွတ်အတင်း, ထည့်သွင်း တာတွေ ရှိနေပြီး ဒီလို ထည့်သွင်းတာဟာ သက်ဆိုင်ရာ လူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှု, ဓလေ့ထုံးတမ်းနဲ့ အစဉ်အလာကို နားလည်းမလည်, အရေးလည်းမထားရာ ရောက်ပါတယ်။ ဥပမာ အားဖြင့် နာမည်တွေရဲ့ ရှေ့မှာ “စိုင်း/ စဝ်/ နော်/ စ/ ဆလိုင်း/ မိ” စသဖြင့် ထည့်သွင်းတာမျိုးကို ခွင့်မပြုဘဲ “ဦး/ ဒေါ်/ မောင်/ မ” ဆိုပြီး ရေးသွင်းတာမျိုး ဖြစ်ပါတယ်။

ဗမာလူမျိုး အများစု နေထိုင်တဲ့ ဒေသတွေမှာ လာရောက်, နေထိုင်, အလုပ် လုပ်ကိုင်နေကြတဲ့ တိုင်းရင်းသူတွေကိုလည်း “ရှမ်းမ/ ကချင်မ/ ကရင်မ/ မွန်မ” စသဖြင့် ခေါ်ဝေါ်တာမျိုးကလည်း မသင့်လျော်ဘဲ စေတနာမှန် မဟုတ်တဲ့ ခေါ်ဝေါ်, ပြောဆိုတာမျိုး ရှောင်ကြဉ်ဖို့ လိုပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အပါအဝင် တိုင်းရင်းသားတို့ရဲ့ ပြည်နယ်တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ချိန်က ဗမာအများစုဟာ မသိကျိုးကျွန်ပြု နေနိုင်ခဲ့ကြတဲ့ အပြင် တချို့သော ဗမာတွေဟာ တိုင်းရင်းသားတွေ အနေနဲ့ ဗမာတွေက ပေးမှသာ အခွင့်အရေးရမှာ လို့ လွဲမှားစွာ ယူဆနေကြပြီး ဗမာဆိုတာကလည်း တိုင်းရင်းသား လူမျိုးစု တစ်စုသာ ဖြစ်တယ် ဆိုတာ မေ့လျော့နေကြပါတယ်။ သူတို့ကိုယ်တိုင်က တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တာ မရှိဘူး ဆိုပေမဲ့ ဒီချိုးဖောက်မှုတွေကို ထောက်ခံ, အားပေးနေသူတွေလည်း ရှိပါတယ်။

တကယ်တော့ ပြည်ထောင်စု တစ်ခုထဲမှာ မတူညီ, ကွဲပြားတဲ့ လူမျိုးတွေ၊ ယဉ်ကျေးမှု, အစဉ်အလာ, ဓလေ့ထုံးတမ်းတွေ စုံလင်, စုစည်းပြီး နေထိုင်ကြရတာ ဖြစ်ပြီး အဲဒီနေထိုင်မှုမှာ အပြန်အလှန် လေးစားမှု, အလေးထားမှုနဲ့ နားလည်, အားပေးမှုတွေနဲ့ နေထိုင်မှသာ အနှစ်သာရ ပြည့်ဝ,တဲ့ ပြည်ထောင်စုဆီ ဦးတည်နိုင်မှာပါ။

၁၉၄၇ ခုနှစ်က ကျင်းပခဲ့တဲ့ ပင်လုံညီလာခံမှာ ရှမ်း, ကချင်, ချင်း ခေါင်းဆောင်တွေရဲ့ သဘောတူ ဆုံးဖြတ်ချက် ၅ ချက်ကို လေ့လာကြည့်ရင်… အခုလို တွေ့ရမှာ ဖြစ်ပါတယ်။

(၁) ဗမာနှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့် ရှိရမည်၊

(၂) အမှုဆောင်ကော်မတီတွင် ပါဝင်ဆောင်ရွက်ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့ လူမျိုး အသီးသီး၏ ပြည်တွင်းရေးရာ အားလုံး အတွက် တာဝန်ယူ ဆောင်ရွက်ကြရမည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊ အကောက်တော် အစရှိသော အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စများအတွက် အားလုံး စုပေါင်း တာဝန်ယူ ဆောင်ရွက်ကြရမည်၊

(၃) ကချင်တို့က သီးခြား ကချင်ပြည်နယ် အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်၊

(၄) ဗမာပြည် အစိုးရနှင့် ဗြိတိသျှ အစိုးရတို့၏ “အောင်ဆန်း-အက်တလီ” စာချုပ်ပါ သဘောတူညီချက်များသည် ရှမ်း, ကချင်တို့နှင့် ပတ်သက်ခြင်း မရှိစေရ၊

(၅) လွတ်လပ်ရေး ရပြီးသည့် နောက် ဗမာပြည်ထောင်စုမှ ကျွန်ုပ်တို့ သဘောကျသည့် အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိစေမည်။

ဒီအချက်တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် (၁) ကို “အာမခံကြောင်း” ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့ပြီး၊ ဆုံးဖြတ်ချက် (၂) နဲ့ ပတ်သက်ပြီး ထပ်မံဆွေးနွေးမှု မရှိခဲ့ကြောင်း၊ ဆုံးဖြတ်ချက် (၃) နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက “ကချင်လူမျိုးတွေ လိုလားတောင့်တ,တဲ့ ကချင်ပြည်နယ် ဖြစ်လာစေရေး မူအားဖြင့် ထောက်ခံကြောင်း” ပြောခဲ့ပြီး၊ ဆုံးဖြတ်ချက် (၄) နဲ့ ပတ်သက်ပြီး “ဝေဖန်ဆွေးနွေးဖို့ မရှိကြောင်း” ပြောခဲ့ကြောင်းနဲ့ ဆုံးဖြတ်ချက် (၅) နဲ့ ပတ်သက်ပြီး “မူအားဖြင့် လက်ခံပြီး တိုင်းပြုပြည်ပြု လွှတ်တော်မှာ တင်သွင်းဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ကြောင်း” ပြောခဲ့တယ် လို့ ဖက်ဒရယ် ဂျာနယ်ပါ ခွန်းမတ်ရ်ကိုဘန် ရေးသားတဲ့ ‘၁၉၄၇ ခုနှစ် ပင်လုံညီလာခံမှ ၂၁ ရာစု ပင်လုံညီလာခံသို့’ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဒါကိုကြည့်ရင် တိုင်းရင်းသားတွေဟာ ဗမာတိုင်းရင်းသားတွေနဲ့ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ ရရှိစေရမယ် ဆိုတဲ့ သဘောတူညီချက် အတိုင်း နှစ်ပေါင်း ၇၃ နှစ်ကျော်အထိ မရှိခဲ့လို့ အခုတိုင် ရုန်းကန်, တိုက်ပွဲဝင်နေရဆဲ ဖြစ်တယ် ဆိုတာ မီးမောင်း ထိုးပြနေပါတယ်။ တိုင်းရင်းသားတွေ ရ,သင့်၊ ရ,ထိုက်တဲ့ အခွင့်အရေး ဆိုတာ နိုင်ငံသားတိုင်း၊ တိုင်းရင်းသားတိုင်း ရရှိရမယ့် မွေးရာပါ အခွင့်အရေး ဖြစ်ပြီး ဗမာတွေက ပေးမှ ရမယ့်ဟာမျိုး မဟုတ်ဘူး ဆိုတာ အမြင်ရှင်းရှင်း နားလည်ရမှာပါ။

ဒီကနေ့ အချိန်မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အတွက် အာဏာရှင်ကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား လူမျိုးစု အားလုံးက အတူလက်တွဲပြီး ဆန့်ကျင်, တွန်းလှန်နေကြတာ တွေ့ရမှာပါ။ မကြာမီ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဖက်ဒရယ် ပြည်ထောင်စုမှာ တိုင်းရင်းသား အားလုံးရဲ့ တန်းတူရည်တူ ရှိမှုနဲ့ ခိုင်မာအားကောင်းတဲ့ သွေးစည်းချစ်ကြည်မှုပါ အလေးအနက်ထား ဖော်ဆောင်ဖို့ အထူးအရေးကြီးပါကြောင်း တင်ပြလိုက်ရပါတယ်။

နော်မန်ဒီ

 

 

Zawgyi

 

တိုင္းရင္းသား တန္းတူရွိမႈကို ေဖာ္ေဆာင္ပါ

ေနာ္မန္ဒီ

လြတ္လပ္ေရးနဲ႔ အတူ ဖြားဘက္ေတာ္ အျဖစ္ “ျပည္တြင္းစစ္မီး” လည္း တစ္ပါတည္း ပါလာတာေၾကာင့္ ျမန္မာႏိုင္ငံဟာ ျပည္တြင္းစစ္ဒဏ္ကို ခါးစည္းခံလာရတာ ႏွစ္ေပါင္း ၇၃ ႏွစ္ၾကာတဲ့ အခုအခ်ိန္ထိတိုင္ ရပ္တန႔္မယ့္ အေနအထား မရွိေသးတဲ့ အျပင္ ပိုမိုၿပီး တိုးျမင့္, ေတာက္ေလာင္ေနတဲ့ အေျခအေနဆိုးနဲ႔ ရင္ဆိုင္ေနရဆဲပါ။ ကမာၻမွာ သက္တမ္း အရွည္ၾကာဆုံး ျဖစ္တဲ့ ျမန္မာႏိုင္ငံက ျပည္တြင္းစစ္ဟာ ေနာက္ထပ္ ဘယ္ေလာက္ၾကာမယ္၊ ဘာျဖစ္လာဦးမယ္ ဆိုတာေတြလည္း ခန႔္မွန္းလို႔ မရႏိုင္တဲ့ အေျခအေနမွာ ရွိေနပါတယ္။

သမိုင္း မွတ္တမ္းေတြအရ ၁၉၄၈ ခုႏွစ္ ဇန္နဝါရီ ၄ ရက္ေန႔ လြတ္လပ္ေရး ေၾကညာၿပီးေနာက္ မတ္လ ၂၈ ရက္မွာ ဗမာျပည္ ကြန္ျမဴနစ္ ပါတီ ေခါင္းေဆာင္ေတြကို ဖဆပလ အစိုးရက ရွာေဖြ ဖမ္းဆီးတာကေန ျပည္တြင္းစစ္ စတင္ ျဖစ္ပြားတယ္ လို႔ ဆိုပါတယ္။ ျမန္မာ့ျပည္တြင္းစစ္ဟာ ဘာေၾကာင့္ ဒီေလာက္ “သက္ဆိုး” ရွည္ေနရတာလဲ ဆိုတာ အလြယ္တကူ မေျဖႏိုင္ ေပမဲ့ ျပည္တြင္းစစ္ရဲ႕ ဒဏ္ရာဒဏ္ခ်က္ေတြကို လက္ရွိကာလတိုင္ တိုင္းရင္းသားေဒသေတြမွာ ပိုမိုမ်ားျပား နက္ရႈိင္းစြာ ခံစားေနရဆဲ ဆိုတာ အထင္အရွား ေတြ႕ျမင္ရပါတယ္။

၂၀၁၅ ခုႏွစ္ ေနာက္ပိုင္း ျမန္မာ့ႏိုင္ငံေရး ေျပာင္းလဲမႈ ျဖစ္စဥ္တခ်ိဳ႕ကေန ဖက္ဒရယ္ ျပည္ေထာင္စုဆီ ဦးတည္မယ္ ဆိုတဲ့ ျပည္သူတို႔ လိုလားတဲ့ အိပ္မက္ဟာလည္း ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္ေန႔, တပ္မေတာ္က အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္း သိသိသာသာ မႈန္ဝါးသြားရပါေတာ့တယ္။ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကရင္ျပည္နယ္တို႔မွာ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ တပ္မေတာ္ၾကား တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားခဲ့သလို ေသာင္းခ်ီတဲ့ ျပည္သူေတြလည္း ေနရပ္စြန႔္ခြာ, ထြက္ေျပးခဲ့ရပါတယ္။

ၿပီးေတာ့ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ ဆိုရင္လည္း ေဒသခံ စစ္ေဘးေရွာင္ေတြကို ကိုယ့္အိမ္ေတြဆီ ျပန္လာခြင့္ ေပးၿပီ ဆိုေပမဲ့ သူတို႔ အကုန္လုံး ျပန္မလာရဲေသးတဲ့ အေနအထား ျဖစ္ၿပီး အခ်ိန္မီ ေဆးဝါးကုသခြင့္ မရတဲ့ အတြက္ ၇ လ,သား ကေလးငယ္ တစ္ေယာက္ အပါအဝင္ ေဒသခံ ၆ ေယာက္ထက္ မနည္း ေသဆုံးခဲ့ရပါတယ္။

ဒါအျပင္ ကယားျပည္နယ္မွာ ဆိုရင္ တပ္မေတာ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြၾကား ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ သိန္းခ်ီတဲ့ ျပည္သူေတြ ေနရပ္စြန႔္ခြာခဲ့ရသလို တပ္မေတာ္ရဲ႕  လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္, တိုက္ခိုက္မႈေတြေၾကာင့္ ျပည္သူ အမ်ားအျပားလည္း ေသဆုံးခဲ့ရပါတယ္။ ၿမိဳ႕ေတြနဲ႔ ေက်း႐ြာေတြမွာ မေနထိုင္ရဲေတာ့လို႔ ေဘးလြတ္ရာ ေတာေတာင္နဲ႔ လိုဏ္ဂူေတြထဲမွာ ပုန္းခိုေနၾကရတဲ့ စစ္ေဘးေရွာင္ေတြဟာ စားေသာက္ေရး လုံေလာက္မႈ မရွိတဲ့ အျပင္ က်န္းမာေရး အေထာက္အပံ့လည္း မရွိသေလာက္ အေနအထားမွာ ရွိေနပါတယ္။ ပိုဆိုးတာက ေထာက္ပံ့ ကူညီမႈေတြ ေပးလို႔လည္း မရေအာင္ လမ္းပမ္းပိတ္ဆို႔တာေတြ၊ ရိကၡာယာဥ္ေတြကို တပ္မေတာ္က မီးရႈိ႕ပစ္တာေတြပါ။

ကယားျပည္နယ္က ဒီးေမာ့ဆို၊ လြိဳင္ေကာ္ၿမိဳ႕ေတြက ေဒသခံေတြဟာလည္း တိုက္ခိုက္, ပစ္ခတ္မႈေတြေၾကာင့္ ေနအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရသလို ေနအိမ္ပ်က္စီးမႈေတြပါ ရွိခဲ့ပါတယ္။ ယာယီ အပစ္အခတ္ရပ္စဲထားတဲ့ ကာလအတြင္းမွာပဲ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ ပစ္ခတ္, သတ္ျဖတ္ခံရသူေတြရဲ႕ အေလာင္းေတြ ေတြ႕ရရွိရၿပီး ေဖေဖာ္ဝါရီ ၁ ကေန ဇြန္ ၂၇ ရက္ေန႔ အထိ ေသဆုံးသူ အရပ္သားျပည္သူ ၇၀ ေက်ာ္ထိ ရွိေနၿပီလို႔ သိရပါတယ္။

ထိုင္း-ကရင္နီ နယ္စပ္က ကရင္နီဒုကၡသည္ လူမ်ိဳးစုေတြ ေနရပ္ျပန္ႏိုင္ေရး ပူးေပါင္းႀကိဳးပမ္းၾကဖို႔ ဒုကၡသည္စခန္းက လူငယ္ေတြက ေတာင္းဆိုထားေၾကာင္း ကႏၲာရဝတီတိုင္း(မ္) သတင္းဌာနရဲ႕ ေဖာ္ျပခ်က္မွာ ေတြ႕ရပါတယ္။ ကယားျပည္နယ္နဲ႔ ရွမ္းျပည္နယ္ နယ္စပ္က မိုးၿဗဲၿမိဳ႕မွာလည္း တိုက္ပြဲေတြ ျဖစ္ပြားခဲ့ပါတယ္။ လက္ရွိအခ်ိန္အထိ ေနရပ္စြန႔္ခြာ, ထြက္ေျပးေနရတဲ့ ကရင္နီျပည္သူ ၁ သိန္းေက်ာ္အထိ ရွိေနၿပီး သန႔္ရွင္းတဲ့ ေသာက္သုံးေရ၊ အစားအစာ၊ အဝတ္အထည္နဲ႔ ေဆးဝါးေတြပါ လိုအပ္ေနပါတယ္။

ကရင္နီ ျပည္နယ္ ထဲမွာ ဖိႏွိပ္မႈေတြကေန လြတ္ေျမာက္ဖို႔ ၁၉၉၅-၉၆ ဝန္းက်င္ ကတည္းက ထိုင္းနယ္စပ္ကို ထြက္ေျပး, တိမ္းေရွာင္ ေနရသူေတြ ဟာလည္း ႏွစ္ေပါင္း ၂၀ ေက်ာ္တဲ့ အထိ ေနရပ္ျပန္ခြင့္ မရေသးပါဘူး။ လြိဳင္ေကာ္ ေလာပိတ ေရအားလွ်ပ္စစ္ စက္႐ုံက ထြက္ရွိတဲ့ လွ်ပ္စစ္ဓာတ္အားကိုေတာင္ ကယားျပည္နယ္မွာ သုံးစြဲခြင့္ အျပည့္အဝ မရေသးပါ။ NLD ျပည္သူ႔ အစိုးရ လက္ထက္မွာတုန္းက ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကး႐ုပ္ စိုက္ထူမႈကိစၥနဲ႔ ပတ္သက္ၿပီး ကရင္နီလူငယ္ေတြက ကန႔္ကြက္ခဲ့တာေၾကာင့္ တရားစြဲဆိုခံရၿပီး ေထာင္ခ်တဲ့ အထိ အေရးယူခံရတာေတြလည္း ရွိခဲ့ပါတယ္။

သယံဇာတ စီမံခန႔္ခြဲမႈမွာလည္း အစိုးရအဆက္ဆက္ ဗဟိုအစိုးရရဲ႕ ခ်ဳပ္ကိုင္မႈ ေအာက္မွာပဲ ရွိေနၿပီး ေဒသခံ တိုင္းရင္းသားတို႔ရဲ႕ ရပိုင္ခြင့္နဲ႔ အခြင့္အလမ္းေတြ ဆုံးရႈံးေနရတာပါ။ ဒီလို တိုင္းရင္းသား တန္းတူရည္တူ မရွိမႈနဲ႔ မမွ်တမႈ ေၾကာင့္ တိုင္းရင္းသားေဒသေတြ အတြင္း ပဋိပကၡေတြ ပိုမိုဆိုးဝါးလာတာ ျဖစ္တယ္ လို႔ သုံးသပ္ရပါတယ္။

ေဖေဖာ္ဝါရီလ တပ္မေတာ္က အာဏာသိမ္းၿပီး ေနာက္ပိုင္း ဧရာဝတီ ျမစ္ဆုံေဒသမွာ တရားမဝင္ ေ႐ႊတူးေဖာ္မႈေတြ ပိုမိုမ်ားျပားလာသလို ကခ်င္ျပည္နယ္ ဖားကန႔္ေဒသမွာလည္း ေက်ာက္စိမ္းတူးေဖာ္မႈေတြ တဟုန္တိုး မ်ားျပားလာပါတယ္။ မၾကာေသးခင္က Global Witness အဖြဲ႕ႀကီးက ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေက်ာက္စိမ္းက ရရွိတဲ့ အက်ိဳးအျမတ္ေတြဟာ တပ္မေတာ္လက္ထဲပဲ ေရာက္ရွိသြားတယ္ လို႔ ေဖာ္ျပပါတယ္။

ကခ်င္ျပည္နယ္က ထြက္ရွိတဲ့ ေက်ာက္စိမ္းေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းေက်ာ္ကလည္း တ႐ုတ္ႏိုင္ငံဘက္ကို တရားမဝင္ ေရာက္ရွိေနရတယ္ လို႔ ဆိုပါတယ္။ ဒါဟာ ေဒသခံ တိုင္းရင္းသားေတြ အေနနဲ႔ မိမိတို႔ နယ္ေျမက ထြက္ရွိတဲ့ ေက်ာက္စိမ္း အက်ိဳးအျမတ္ကို မခံစားရတာကို ေဖာ္ၫႊန္းေနတဲ့ အျပင္ တန္းတူရည္တူ မရွိမႈကိုပါ သက္ေသျပေနပါတယ္။

NLD အစိုးရလက္ထက္က ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့တာကို အသိအမွတ္ ျပဳရမွာ ျဖစ္ေပမဲ့ တိုင္းရင္းသားတို႔ရဲ႕ ခံစားေနရမႈနဲ႔ လိုလားဆႏၵကို နားလည္မႈ မေပးႏိုင္တာေၾကာင့္ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ခဲ့ပါဘူး။ ႏိုင္ငံအတြင္း ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြဟာ တပ္မေတာ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ပိုၿပီး မေရရာတဲ့ အေျခအေနကို ဆိုက္ေရာက္လာၿပီး ေမွ်ာ္လင့္ခ်က္လည္း မႈန္ဝါးလာတဲ့ အေနအထားလို႔ ဆိုရမွာပါ။

ဒီလို အေျခအေနမွာ ႏိုင္ငံျပဳျပင္ေျပာင္းလဲေရး ႀကိဳးပမ္းအားထုတ္ေနတဲ့ အဖြဲ႕အစည္းတခ်ိဳ႕ကို ေတြ႕လာရတဲ့ အျပင္ ဖက္ဒရယ္ ျပည္ေထာင္စု ထူေထာင္ႏိုင္ဖို႔ ဆိုတဲ့ အသံလည္း အေတာ္အတန္ က်ယ္က်ယ္ေလာင္ေလာင္ ၾကားလာရ ပါတယ္။ ဒီေနရာမွာ အေရးႀကီးတဲ့ အခ်က္က ဖက္ဒရယ္ျပည္ေထာင္စု တည္ေထာင္မယ္ ဆိုရင္ “ဗမာလူမ်ိဳးႀကီးဝါဒ” ကို စြန႔္လႊတ္ဖို႔ပါ။ ကခ်င္, ကယား, ကရင္, ခ်င္း, ဗမာ, မြန္, ရခိုင္, ရွမ္း စတဲ့ လူမ်ိဳးစုေတြၾကား တန္းတူအခြင့္အေရး ရ,ရမွာ ျဖစ္ၿပီး ဗမာက အမ်ားစု ျဖစ္လို႔ ဆိုၿပီး အခြင့္အေရး ပိုမယူသင့္သလို လႊမ္းမိုးခ်ဳပ္ကိုင္တာမ်ိဳးလည္း မရွိသင့္ပါဘူး။

လြတ္လပ္ေရးရၿပီးေနာက္ အုပ္ခ်ဳပ္ခဲ့တဲ့ အစိုးရေတြ လက္ထက္ ျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ တိုက္ပြဲေတြဟာ ဗမာလူမ်ိဳး အမ်ားစု ေနထိုင္တဲ့ ‌ေဒသေတြထက္ တိုင္းရင္းသားတို႔ရဲ႕ ေဒသေတြမွာ အမ်ားဆုံး ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး ထိခိုက္နစ္နာမႈ အမ်ားဆုံး ခံစားရတာလည္း တိုင္းရင္းသားေတြပဲ ျဖစ္ပါတယ္။ လြတ္လပ္ေရး ရရွိဖို႔ ဗမာနဲ႔ တိုင္းရင္းသားေတြၾကား ထားရွိခဲ့တဲ့ “ပင္လုံကတိကဝတ္” ေတြ အေကာင္အထည္ ေပၚမလာခဲ့တာ၊ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးကို ဗမာအမ်ားစု လႊမ္းမိုးခဲ့တဲ့ အစိုးရေတြက လစ္လွ်ဴရႈခဲ့တာေတြက မၿပီးဆုံးႏိုင္တဲ့ ပဋိပကၡနဲ႔ ျပည္တြင္းစစ္မီးကို ဦးတည္ေစခဲ့ပါတယ္။

ဗမာလူမ်ိဳးေတြဘက္က ဆင္ေျခေပးတတ္တာက “တို႔တေတြက ကခ်င္ဆိုလည္း ခ်စ္တယ္၊ ကရင္ဆိုလည္း ခ်စ္တယ္၊ ခ်င္းဆိုလည္း ခ်စ္တာပဲ၊ ဘယ္မွာ ခြဲျခားလို႔လဲ” ဆိုတဲ့ စကားပါ။ အဲဒီစကားက မွန္သလိုလို ရွိေပမဲ့ ေသခ်ာ စိစစ္ၾကည့္ရင္ အမွန္ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲ ဆိုရင္… အေျခခံျပည္သူေတြ အခ်င္းခ်င္းၾကား ခ်စ္ခင္ရင္းႏွီးမႈ တစ္စုံတရာ အတိုင္းအတာ အထိ ရွိေနႏိုင္ပါတယ္၊ ဒါေပမဲ့ အုပ္ခ်ဳပ္ခဲ့တဲ့ အစိုးရေတြနဲ႔ ေခါင္းေဆာင္ဆိုသူေတြက တိုင္းရင္းသားေတြ အေပၚ အမွန္တကယ္ ခ်စ္ၾကည္ရင္းႏွီးမႈ မရွိသလို တိုင္းရင္းသားေတြရဲ႕ အခြင့္အလမ္းေတြ အတြက္ ေဖာ္ေဆာင္ေပးရမယ့္ ေစတနာလည္း ရွိခဲ့ၾကပုံ မရပါ။ တိုင္းရင္းသား ဝတ္စုံကို ဝတ္ျပတာ၊ တိုင္းရင္းသား အစားအစာ စားျပတာေတြဟာ အေပၚယံ အကာသက္သက္သာ ျဖစ္ၿပီး ဘာ အႏွစ္သာရမွ မရွိဘူး။

ျပည္သူက မဲေပးေ႐ြးခ်ယ္ခဲ့တယ္ ဆိုတဲ့ NLD အစိုးရ လက္ထက္ကို ျပန္ၾကည့္ရင္ ကယားျပည္နယ္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကး႐ုပ္ထားရွိတာ၊ မြန္ျပည္နယ္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတား လို႔ အမည္ေပးတာေတြ ေတြ႕ရမွာပါ။ တိုင္းရင္းသားေတြက အဲဒီကိစၥေတြကို ဘာေၾကာင့္ ကန႔္ကြက္တာလဲ၊ တိုင္းရင္းသားေတြရဲ႕ ႐ိုးရာယဥ္ေက်းမႈနဲ႔ သမိုင္းေၾကာင္းေတြကို အေလးမထား, မစဥ္းစားဘဲ ဇြတ္အတင္း လုပ္ေဆာင္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံ လို႔ ေခၚဆိုတာကို၊ ျမန္မာလို႔ ခံယူရတာကို တိုင္းရင္းသားေတြဘက္က အတိုင္းအတာ တစ္ခုအထိ လက္ခံႏိုင္ေပမဲ့ ဗမာလႊမ္းမိုးမႈကိုေတာ့ လက္မခံႏိုင္ၾကတာ သဘာဝ က်ပါတယ္။

မွတ္ပုံတင္ျပဳလုပ္ရာမွာလည္း တိုင္းရင္းသားေတြရဲ႕ ႏိုင္ငံသားကတ္မွာ ဗမာလို “ဦး/ေဒၚ” ေတြ ဇြတ္အတင္း, ထည့္သြင္း တာေတြ ရွိေနၿပီး ဒီလို ထည့္သြင္းတာဟာ သက္ဆိုင္ရာ လူမ်ိဳးစုေတြရဲ႕ ႐ိုးရာယဥ္ေက်းမႈ, ဓေလ့ထုံးတမ္းနဲ႔ အစဥ္အလာကို နားလည္းမလည္, အေရးလည္းမထားရာ ေရာက္ပါတယ္။ ဥပမာ အားျဖင့္ နာမည္ေတြရဲ႕ ေရွ႕မွာ “စိုင္း/ စဝ္/ ေနာ္/ စ/ ဆလိုင္း/ မိ” စသျဖင့္ ထည့္သြင္းတာမ်ိဳးကို ခြင့္မျပဳဘဲ “ဦး/ ေဒၚ/ ေမာင္/ မ” ဆိုၿပီး ေရးသြင္းတာမ်ိဳး ျဖစ္ပါတယ္။

ဗမာလူမ်ိဳး အမ်ားစု ေနထိုင္တဲ့ ေဒသေတြမွာ လာေရာက္, ေနထိုင္, အလုပ္ လုပ္ကိုင္ေနၾကတဲ့ တိုင္းရင္းသူေတြကိုလည္း “ရွမ္းမ/ ကခ်င္မ/ ကရင္မ/ မြန္မ” စသျဖင့္ ေခၚေဝၚတာမ်ိဳးကလည္း မသင့္ေလ်ာ္ဘဲ ေစတနာမွန္ မဟုတ္တဲ့ ေခၚေဝၚ, ေျပာဆိုတာမ်ိဳး ေရွာင္ၾကဥ္ဖို႔ လိုပါတယ္။

ရခိုင္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ အပါအဝင္ တိုင္းရင္းသားတို႔ရဲ႕ ျပည္နယ္ေတြမွာ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့ခ်ိန္က ဗမာအမ်ားစုဟာ မသိက်ိဳးကြၽန္ျပဳ ေနႏိုင္ခဲ့ၾကတဲ့ အျပင္ တခ်ိဳ႕ေသာ ဗမာေတြဟာ တိုင္းရင္းသားေတြ အေနနဲ႔ ဗမာေတြက ေပးမွသာ အခြင့္အေရးရမွာ လို႔ လြဲမွားစြာ ယူဆေနၾကၿပီး ဗမာဆိုတာကလည္း တိုင္းရင္းသား လူမ်ိဳးစု တစ္စုသာ ျဖစ္တယ္ ဆိုတာ ေမ့ေလ်ာ့ေနၾကပါတယ္။ သူတို႔ကိုယ္တိုင္က တိုင္းရင္းသားေဒသေတြမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို က်ဴးလြန္ခဲ့တာ မရွိဘူး ဆိုေပမဲ့ ဒီခ်ိဳးေဖာက္မႈေတြကို ေထာက္ခံ, အားေပးေနသူေတြလည္း ရွိပါတယ္။

တကယ္ေတာ့ ျပည္ေထာင္စု တစ္ခုထဲမွာ မတူညီ, ကြဲျပားတဲ့ လူမ်ိဳးေတြ၊ ယဥ္ေက်းမႈ, အစဥ္အလာ, ဓေလ့ထုံးတမ္းေတြ စုံလင္, စုစည္းၿပီး ေနထိုင္ၾကရတာ ျဖစ္ၿပီး အဲဒီေနထိုင္မႈမွာ အျပန္အလွန္ ေလးစားမႈ, အေလးထားမႈနဲ႔ နားလည္, အားေပးမႈေတြနဲ႔ ေနထိုင္မွသာ အႏွစ္သာရ ျပည့္ဝ,တဲ့ ျပည္ေထာင္စုဆီ ဦးတည္ႏိုင္မွာပါ။

၁၉၄၇ ခုႏွစ္က က်င္းပခဲ့တဲ့ ပင္လုံညီလာခံမွာ ရွမ္း, ကခ်င္, ခ်င္း ေခါင္းေဆာင္ေတြရဲ႕ သေဘာတူ ဆုံးျဖတ္ခ်က္ ၅ ခ်က္ကို ေလ့လာၾကည့္ရင္… အခုလို ေတြ႕ရမွာ ျဖစ္ပါတယ္။

(၁) ဗမာႏွင့္ အဆင့္အတန္းတူ၊ အခြင့္အေရးတူ၊ ရပိုင္ခြင့္တူ၊ ဒီမိုကေရစီက်က် ခံစားခြင့္ ရွိရမည္၊

(၂) အမႈေဆာင္ေကာ္မတီတြင္ ပါဝင္ေဆာင္႐ြက္ၾကေသာ ရွမ္းကိုယ္စားလွယ္ႏွင့္ ကခ်င္ကိုယ္စားလွယ္တို႔သည္ မိမိတို႔ လူမ်ိဳး အသီးသီး၏ ျပည္တြင္းေရးရာ အားလုံး အတြက္ တာဝန္ယူ ေဆာင္႐ြက္ၾကရမည္။ ထို႔အျပင္ ကာကြယ္ေရး၊ ႏိုင္ငံျခားေရး၊ မီးရထား၊ အေကာက္ေတာ္ အစရွိေသာ အားလုံးႏွင့္ သက္ဆိုင္သည့္ ကိစၥမ်ားအတြက္ အားလုံး စုေပါင္း တာဝန္ယူ ေဆာင္႐ြက္ၾကရမည္၊

(၃) ကခ်င္တို႔က သီးျခား ကခ်င္ျပည္နယ္ အလိုရွိေၾကာင္း ေတာင္းဆိုခ်က္ကို ဤေကာ္မတီက ေထာက္ခံသည္၊

(၄) ဗမာျပည္ အစိုးရႏွင့္ ၿဗိတိသွ် အစိုးရတို႔၏ “ေအာင္ဆန္း-အက္တလီ” စာခ်ဳပ္ပါ သေဘာတူညီခ်က္မ်ားသည္ ရွမ္း, ကခ်င္တို႔ႏွင့္ ပတ္သက္ျခင္း မရွိေစရ၊

(၅) လြတ္လပ္ေရး ရၿပီးသည့္ ေနာက္ ဗမာျပည္ေထာင္စုမွ ကြၽႏ္ုပ္တို႔ သေဘာက်သည့္ အခ်ိန္တြင္ ခြဲထြက္လိုက ခြဲထြက္ခြင့္ ရွိေစမည္။

ဒီအခ်က္ေတြနဲ႔ ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ (၁) ကို “အာမခံေၾကာင္း” ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေျပာၾကားခဲ့ၿပီး၊ ဆုံးျဖတ္ခ်က္ (၂) နဲ႔ ပတ္သက္ၿပီး ထပ္မံေဆြးေႏြးမႈ မရွိခဲ့ေၾကာင္း၊ ဆုံးျဖတ္ခ်က္ (၃) နဲ႔ ပတ္သက္ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းက “ကခ်င္လူမ်ိဳးေတြ လိုလားေတာင့္တ,တဲ့ ကခ်င္ျပည္နယ္ ျဖစ္လာေစေရး မူအားျဖင့္ ေထာက္ခံေၾကာင္း” ေျပာခဲ့ၿပီး၊ ဆုံးျဖတ္ခ်က္ (၄) နဲ႔ ပတ္သက္ၿပီး “ေဝဖန္ေဆြးေႏြးဖို႔ မရွိေၾကာင္း” ေျပာခဲ့ေၾကာင္းနဲ႔ ဆုံးျဖတ္ခ်က္ (၅) နဲ႔ ပတ္သက္ၿပီး “မူအားျဖင့္ လက္ခံၿပီး တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္မွာ တင္သြင္းဆုံးျဖတ္ရမယ့္ ကိစၥျဖစ္ေၾကာင္း” ေျပာခဲ့တယ္ လို႔ ဖက္ဒရယ္ ဂ်ာနယ္ပါ ခြန္းမတ္ရ္ကိုဘန္ ေရးသားတဲ့ ‘၁၉၄၇ ခုႏွစ္ ပင္လုံညီလာခံမွ ၂၁ ရာစု ပင္လုံညီလာခံသို႔’ ေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။

ဒါကိုၾကည့္ရင္ တိုင္းရင္းသားေတြဟာ ဗမာတိုင္းရင္းသားေတြနဲ႔ အခြင့္အေရးတူ၊ ရပိုင္ခြင့္တူ ရရွိေစရမယ္ ဆိုတဲ့ သေဘာတူညီခ်က္ အတိုင္း ႏွစ္ေပါင္း ၇၃ ႏွစ္ေက်ာ္အထိ မရွိခဲ့လို႔ အခုတိုင္ ႐ုန္းကန္, တိုက္ပြဲဝင္ေနရဆဲ ျဖစ္တယ္ ဆိုတာ မီးေမာင္း ထိုးျပေနပါတယ္။ တိုင္းရင္းသားေတြ ရ,သင့္၊ ရ,ထိုက္တဲ့ အခြင့္အေရး ဆိုတာ ႏိုင္ငံသားတိုင္း၊ တိုင္းရင္းသားတိုင္း ရရွိရမယ့္ ေမြးရာပါ အခြင့္အေရး ျဖစ္ၿပီး ဗမာေတြက ေပးမွ ရမယ့္ဟာမ်ိဳး မဟုတ္ဘူး ဆိုတာ အျမင္ရွင္းရွင္း နားလည္ရမွာပါ။

ဒီကေန႔ အခ်ိန္မွာ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု အတြက္ အာဏာရွင္ကို ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ဗမာ၊ မြန္၊ ရခိုင္၊ ရွမ္း စတဲ့ တိုင္းရင္းသား လူမ်ိဳးစု အားလုံးက အတူလက္တြဲၿပီး ဆန႔္က်င္, တြန္းလွန္ေနၾကတာ ေတြ႕ရမွာပါ။ မၾကာမီ အနာဂတ္မွာ ေပၚေပါက္လာမယ့္ ဖက္ဒရယ္ ျပည္ေထာင္စုမွာ တိုင္းရင္းသား အားလုံးရဲ႕ တန္းတူရည္တူ ရွိမႈနဲ႔ ခိုင္မာအားေကာင္းတဲ့ ေသြးစည္းခ်စ္ၾကည္မႈပါ အေလးအနက္ထား ေဖာ္ေဆာင္ဖို႔ အထူးအေရးႀကီးပါေၾကာင္း တင္ျပလိုက္ရပါတယ္။

ေနာ္မန္ဒီ