• Today is: Wednesday, September 22, 2021

တ႐ုတ္ႏွပ္ေၾကာင္းႏွင့္ ျမန္မာ့အလားအလာ

Federal Journal
August28/ 2021

တ႐ုတ္ႏွပ္ေၾကာင္းႏွင့္ ျမန္မာ့အလားအလာ

 

တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီ၀င္၊ ႏိုင္ငံျခားေရး၀န္ႀကီး ၀မ္ယိသည္ ၾသဂုတ္လ ၁၈ ရက္ေန႔တြင္ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ဘ႐ူႏိုင္း ႏိုင္ငံျခားေရး၀န္ဘကီး ဇရာ၀တ္ယူဆြတ္ဖ္ႏွင့္ ျမန္မာ့အေရး တယ္လီဖုန္းျဖင့္ ဆက္သြယ္ေျပာၾကားခဲ့သည္။

ျမန္မာႏုိင္ငံ၏ လက္ရွိအေျခအေနအေပၚ ဘ႐ူႏိုင္္း၀န္ႀကီးအျမင္သေဘာထားကို နားေထာင္ၿပီးေနာက္ တ႐ုတ္နဲ႔ အာဆီယံႏုိင္ငံေတြဟာ ျမန္မာႏိုင္ငံရဲ႕ မိတ္ေဆြျဖစ္ၿပီး ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းမႈရရွိဖို႔ ေမွ်ာ္လင့္ေၾကာင္း တ႐ုတ္၀န္ႀကီး ၀မ္ယိက ေျပာၾကားခဲ့သည္။

တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးက ဘ႐ူႏိုင္း၀န္ႀကီး (အာဆီယံအထူးကိုယ္စားလွယ္)ႏွင့္ ေတြ႕ဆံုဆက္သြယ္ရာတြင္ ျမန္မာႏုိင္ငံႏွင့္ ပတ္သက္ေသာ အခ်က္ ၅ ခ်က္ကို အဓိကေဆြးေႏြးခဲ့၏။ ထိုအခ်က္ ၅ ခ်က္မွာ (၁) ျမန္မာႏိုင္ငံရွိ ပါ၀င္သင့္သူအားလံုးကို ေတြ႕ဆံုေဆြးေႏြးမႈမွတစ္ဆင့္ ဖြဲ႕စည္းပံုအေျခခံဥပေဒေဘာင္အတြင္းကေန ႏိုင္ငံေရးအေျဖ တူညီစြာ ရွာေဖြေပးရန္၊ (၂) ျမန္မာႏုိင္ငံရွိ ပါ၀င္ပတ္သက္သင့္သူအားလံုးကို တျဖည္းျဖည္း ယံုၾကည္မႈတည္ေဆာက္ရန္၊ (၃) COVID-19 ေရာဂါ တိုက္ဖ်က္ေရးအတြက္ ျမန္မာႏိုင္ငံကို ဦးစားေပးၿပီး အကူအညီေပးရန္၊ (၄) ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ျမႇင့္တင္ေရးကို ဦးတည္ကာ ျပည္သူလူထုထံ အစီအစဥ္တက် အစိုးရကို အပ္ရန္၊ (၅) ျမန္မာႏုိင္ငံရဲ႕ အက်ဳိးစီးပြားကို ေဆာင္႐ံုမက ႏိုင္ငံတကာအသိုင္းအ၀ိုင္း၏ ေမွ်ာ္မွန္းခ်က္မ်ားကိုပါ ျဖည့္ဆည္းေပးႏိုင္မည့္ ဒီမိုကေရစီလုပ္ငန္းစဥ္ကို ျပန္လည္စတင္ရန္တို႔ ျဖစ္သည္။

တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးႏွင့္ ဆက္သြယ္ေဆြးေႏြးမႈ၌ ပါ၀င္သည့္ ပထမဆံုးအခ်က္ျဖစ္ေသာ ပါ၀င္သင့္သူအားလံုးကို ေတြ႕ဆံုေဆြးေႏြးမႈမွတစ္ဆင့္ ဖြဲ႕စည္းပံုအေျခခံဥပေဒေဘာင္အတြင္းကေန ႏုိင္ငံေရးအေျဖရွာေဖြေပးရန္ ဟူေသာ အေၾကာင္းအရာကို ေဆြးေႏြးလိုပါသည္။ စစ္ေကာင္စီသည္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ အာဏာသိမ္းၿပီးကတည္းက ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကိုသာ လက္မခံျခင္း မဟုတ္ဘဲ အန္အယ္လ္ဒီပါတီေခါင္းေဆာင္မ်ား၊ တက္ၾကြလႈပ္ရွားသူမ်ား၊ နာမည္ရေနသည့္ ပရဟိတလူမႈေရးအသင္း ေခါင္းေဆာင္မ်ားကို ဖမ္းဆီးခဲ့သည္။ ဤသည္က ႏိုင္ငံေရး မ႐ိုးသားမႈ၏အစဟု ဆိုရမည္။

ေနာက္ပိုင္းတြင္ ႏိုင္ငံအ၀န္း၌ လမ္းေပၚထြက္၍ ဆႏၵျပသူမ်ားအား အင္အားအလြန္အကၽြံသံုးကာ ႏွိမ္နင္းလာခဲ့သည္။ လူေတြ၏ ဦးေခါင္းကို ပတ္ခတ္သတ္ျဖတ္လာသည္။ အိမ္တြင္းအထိ ကေလးငယ္မ်ားပါမက်န္ ပစ္ခတ္သတ္ျဖတ္ခဲ့သည္။ ဖမ္းဆီးစစ္ေဆးရင္း ေသဆံုးသြားမႈမ်ားလည္း ရွိခဲ့သည္။ လူအစုလိုက္ အၿပံဳလိုက္ သတ္ျဖတ္ခံရျခင္း၊ ေက်းရြာမ်ား မီး႐ိႈ႕ဖ်က္ဆီးျခင္းမ်ားရွိလာသည္။

ထိုသို႔ေသာ လက္လြန္ေျခလြန္အေျခအေနမ်ား ျဖစ္ေပၚၿပီးကာမွ စားပြဲ၀ိုင္းေတြ႕ဆံုေဆြးေႏြးေရးဆိုသည္မွာ ေလထဲတြင္ နန္းေတာ္တည္ေဆာက္ပံုႏွင့္ တူေနေပလိမ့္မည္။ ပါ၀င္သင့္သူမ်ားႏွင့္ ေတြ႕ဆံုသည္ဆိုပါစို႔။ စစ္ေကာင္စီဘက္က ေၾကညာထားသည့္အတိုင္း ေရြးေကာက္ပြဲ ျပန္လည္က်င္းပမည္ဆိုလွ်င္ပင္ အန္အယ္လ္ဒီမပါသည့္ ေရြးေကာက္ပြဲသာ ျဖစ္လိမ့္မည္။ စစ္ေကာင္စီသည္ ၁၉၉၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲကတည္းက အန္အယ္လ္ဒီပါတီ ၀င္ၿပိဳင္တိုင္း အန္အယ္လ္ဒီပါတီသာ အႏိုင္ရခဲ့သည္ကို ေကာ၀တ္ပုဏၰား၏ မ်က္ႏွာေပၚက ဒဏ္ရာကဲ့သို႔ ဘယ္ေတာ့မွ် ေမ့လိမ့္မည္မဟုတ္ေပ။

အကယ္၍ အာဆီယံႏွင့္ ႏုိင္ငံတကာဖိအားေၾကာင့္ အန္အယ္လ္ဒီပါတီအား မဖ်က္သိမ္းသည့္တိုင္ ေရြးေကာက္ပြဲစနစ္အား အႏိုင္ရသူ အကုန္ယူသည့္စနစ္ မဟုတ္ဘဲ PR (အခ်ဳိးက်စနစ္)ကို က်င့္သံုးလာႏုိင္သည္။ သို႔မွသာ စစ္ေကာင္စီအေနႏွင့္ အာဏာကို သက္တမ္းတိုးႏိုင္မည္ ျဖစ္သည္။

ျပည္သူလူထုဘက္က ၾကည့္မည္ဆိုလွ်င္ျဖင့္ ယခုတစ္ႀကိမ္ အာဏာသိမ္းမႈတြင္ ေပးဆပ္မႈ မ်ားစြာ ရင္းႏွီးထားရၿပီးျဖစ္ေနသည္။ အသက္ေပးဆပ္သြားၾကရသူမ်ား၊ အဖမ္းအဆီးခံေနရသူမ်ား၊ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကသူမ်ား၊ CDM ျပဳလုပ္ၾက၍ အလုပ္အကိုင္စြန္႔လႊတ္ထားရသူမ်ား၊ အိုးအိမ္ပစၥည္းဥစၥာ ဆံုး႐ံႈးရသူမ်ားအျပင္ COVID-19 တတိယလိငင္းအတြင္း စစ္ေကာင္စီ၏ က်န္းမာေရးေစာင့္ေရွာက္မႈ ေပါ့ေလ်ာ့မႈမ်ားေၾကာင့္ အသက္ဆံုး႐ံႈးသြားသူမ်ားအထိ ေပးဆပ္ထားခဲ့ရၿပီး ျဖစ္သည္။

ထိုအေျခအေနတြင္ ေတြ႕ဆံုေဆြးေႏြး၍ ႏိုင္ငံေရးအေျဖ ကူရွာေပးမည့္ အာဆီယံအထူးကိုယ္စားလွယ္အဖို႔ “အေကာင္းကား ရွာ၏၊ သို႔ေသာ္ မေတြ႕”ဆိုသကဲ့သို႔သာ ရွိေနသည္။ ျပည္သူလူထု၏ လိုအပ္ဆႏၵမ်ား ျပည့္စံုၿပီးေနာက္ပင္ “ေဖေဖ တည္ေထာင္ခဲ့တဲ့ တပ္မေတာ္ႀကီးေတာ့ မလုပ္ပါနဲ႔ေတာ့” ဟူသည့္ စကားမ်ားက ေဒၚေအာင္ဆန္းစုၾကည္ကိုယ္၌ပင္ စစ္တပ္ႏွင့္ အေပးအယူ မလုပ္၀ံ့သည့္အေျခအေနတြင္ ရွိေနသည္။

သို႔ျဖစ္၍ အာဆီယံႏွင့္ တ႐ုတ္ဘက္က အဆိုျပဳထားသည့္ ျမန္မာ့ေရးရာ အဆိုျပဳခ်က္ နံပါတ္ (၁) ကပင္ ျဖစ္ႏိုင္ေခ်နည္းေနရာ အျခားအခ်က္မ်ားျဖစ္သည့္ ယံုၾကည္မႈတည္ေဆာက္ေရးႏွင့္ ျမန္မာ့အက်ဳိးစီးပြားႏွင့္ ႏုိင္ငံတကာအသိုင္းအ၀ိုင္း၏ ေမွ်ာ္မွန္းခ်က္မ်ားကို ျဖည့္ဆည္းေပးႏုိင္မည့္ အစိုးရတစ္ရပ္ ေပၚေပါက္ရန္ဆိုသည္မွာ ေရႊျပည္ေတာ္ ေမွ်ာ္တိုင္းေ၀းေနဦးမည္ျဖစ္သည္။

နဂိုကမွ စစ္အာဏာရွင္တစ္ပိုင္း၊ ဒီမိုကေရစီတစ္ပိုင္းျဖင့္ စည္းကမ္းျပည့္၀ေသာ ဒီမိုကေရစီစနစ္သို႔ သြားခ်င္ေနေသာ စစ္တပ္အေနျဖင့္ လြတ္လပ္၍ တရားမွ်တေသာ ဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္လိမ့္မည္ မဟုတ္ေပ။

ထိုအေတာအတြင္း စင္ကာပူႏုိင္ငံျခားေရး၀န္ႀကီး ဗာဗီယန္ဘယ္လာခရစ္ရွန္က ျမန္မာ့အေရးကို ကိုင္တြယ္ေျဖရွင္းရာတြင္ အာဆီယံအဖြဲ႕ႀကီး၏ ႀကိဳးပမ္းခ်က္တြင္ ေမွ်ာ္လင့္ထားသေလာက္ ထိေရာက္မႈရွိမွာ မဟုတ္ေၾကာင္း ေျပာၾကားခဲ့ျပန္သည္။

တ႐ုတ္ႏွပ္ေၾကာင္းအတိုင္း အာဆီယံဘံုသေဘာတူညီခ်က္ ၅ ရပ္ကို အာဆီယံကိုယ္စားလွယ္အေနျဖင့္ ေဖာ္ေဆာင္ႏိုင္မည္လားဆိုသည္ကေတာ့ ေ၀၀ါးဆဲပင္ ရွိေသးသည္။

 

ေမာဂၢလိ

 

 

 

တရုတ်နှပ်ကြောင်းနှင့် မြန်မာ့အလားအလာ

 

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သြဂုတ်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ဘကီး ဇရာဝတ်ယူဆွတ်ဖ်နှင့် မြန်မာ့အရေး တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် ဘရူနိုင်းဝန်ကြီးအမြင်သဘောထားကို နားထောင်ပြီးနောက် တရုတ်နဲ့ အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေဖြစ်ပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုရရှိဖို့ မျှော်လင့်ကြောင်း တရုတ်ဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဘရူနိုင်းဝန်ကြီး (အာဆီယံအထူးကိုယ်စားလှယ်)နှင့် တွေ့ဆုံဆက်သွယ်ရာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အချက် ၅ ချက်ကို အဓိကဆွေးနွေးခဲ့၏။ ထိုအချက် ၅ ချက်မှာ (၁) မြန်မာနိုင်ငံရှိ ပါဝင်သင့်သူအားလုံးကို တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ နိုင်ငံရေးအဖြေ တူညီစွာ ရှာဖွေပေးရန်၊ (၂) မြန်မာနိုင်ငံရှိ ပါဝင်ပတ်သက်သင့်သူအားလုံးကို တဖြည်းဖြည်း ယုံကြည်မှုတည်ဆောက်ရန်၊ (၃) COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို ဦးစားပေးပြီး အကူအညီပေးရန်၊ (၄) ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မြှင့်တင်ရေးကို ဦးတည်ကာ ပြည်သူလူထုထံ အစီအစဉ်တကျ အစိုးရကို အပ်ရန်၊ (၅) မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ဆောင်ရုံမက နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှော်မှန်းချက်များကိုပါ ဖြည့်ဆည်းပေးနိုင်မည့် ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရန်တို့ ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆက်သွယ်ဆွေးနွေးမှု၌ ပါဝင်သည့် ပထမဆုံးအချက်ဖြစ်သော ပါဝင်သင့်သူအားလုံးကို တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ နိုင်ငံရေးအဖြေရှာဖွေပေးရန် ဟူသော အကြောင်းအရာကို ဆွေးနွေးလိုပါသည်။ စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ လက်မခံခြင်း မဟုတ်ဘဲ အန်အယ်လ်ဒီပါတီခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ နာမည်ရနေသည့် ပရဟိတလူမှုရေးအသင်း ခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။ ဤသည်က နိုင်ငံရေး မရိုးသားမှု၏အစဟု ဆိုရမည်။

နောက်ပိုင်းတွင် နိုင်ငံအဝန်း၌ လမ်းပေါ်ထွက်၍ ဆန္ဒပြသူများအား အင်အားအလွန်အကျွံသုံးကာ နှိမ်နင်းလာခဲ့သည်။ လူတွေ၏ ဦးခေါင်းကို ပတ်ခတ်သတ်ဖြတ်လာသည်။ အိမ်တွင်းအထိ ကလေးငယ်များပါမကျန် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဖမ်းဆီးစစ်ဆေးရင်း သေဆုံးသွားမှုများလည်း ရှိခဲ့သည်။ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်း၊ ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်းများရှိလာသည်။

ထိုသို့သော လက်လွန်ခြေလွန်အခြေအနေများ ဖြစ်ပေါ်ပြီးကာမှ စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ လေထဲတွင် နန်းတော်တည်ဆောက်ပုံနှင့် တူနေပေလိမ့်မည်။ ပါဝင်သင့်သူများနှင့် တွေ့ဆုံသည်ဆိုပါစို့။ စစ်ကောင်စီဘက်က ကြေညာထားသည့်အတိုင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဆိုလျှင်ပင် အန်အယ်လ်ဒီမပါသည့် ရွေးကောက်ပွဲသာ ဖြစ်လိမ့်မည်။ စစ်ကောင်စီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကတည်းက အန်အယ်လ်ဒီပါတီ ဝင်ပြိုင်တိုင်း အန်အယ်လ်ဒီပါတီသာ အနိုင်ရခဲ့သည်ကို ကောဝတ်ပုဏ္ဏား၏ မျက်နှာပေါ်က ဒဏ်ရာကဲ့သို့ ဘယ်တော့မျှ မေ့လိမ့်မည်မဟုတ်ပေ။

အကယ်၍ အာဆီယံနှင့် နိုင်ငံတကာဖိအားကြောင့် အန်အယ်လ်ဒီပါတီအား မဖျက်သိမ်းသည့်တိုင် ရွေးကောက်ပွဲစနစ်အား အနိုင်ရသူ အကုန်ယူသည့်စနစ် မဟုတ်ဘဲ PR (အချိုးကျစနစ်)ကို ကျင့်သုံးလာနိုင်သည်။ သို့မှသာ စစ်ကောင်စီအနေနှင့် အာဏာကို သက်တမ်းတိုးနိုင်မည် ဖြစ်သည်။

ပြည်သူလူထုဘက်က ကြည့်မည်ဆိုလျှင်ဖြင့် ယခုတစ်ကြိမ် အာဏာသိမ်းမှုတွင် ပေးဆပ်မှု များစွာ ရင်းနှီးထားရပြီးဖြစ်နေသည်။ အသက်ပေးဆပ်သွားကြရသူများ၊ အဖမ်းအဆီးခံနေရသူများ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေကြသူများ၊ CDM ပြုလုပ်ကြ၍ အလုပ်အကိုင်စွန့်လွှတ်ထားရသူများ၊ အိုးအိမ်ပစ္စည်းဥစ္စာ ဆုံးရှုံးရသူများအပြင် COVID-19 တတိယလိငင်းအတွင်း စစ်ကောင်စီ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေါ့လျော့မှုများကြောင့် အသက်ဆုံးရှုံးသွားသူများအထိ ပေးဆပ်ထားခဲ့ရပြီး ဖြစ်သည်။

ထိုအခြေအနေတွင် တွေ့ဆုံဆွေးနွေး၍ နိုင်ငံရေးအဖြေ ကူရှာပေးမည့် အာဆီယံအထူးကိုယ်စားလှယ်အဖို့ “အကောင်းကား ရှာ၏၊ သို့သော် မတွေ့”ဆိုသကဲ့သို့သာ ရှိနေသည်။ ပြည်သူလူထု၏ လိုအပ်ဆန္ဒများ ပြည့်စုံပြီးနောက်ပင် “ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးတော့ မလုပ်ပါနဲ့တော့” ဟူသည့် စကားများက ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌ပင် စစ်တပ်နှင့် အပေးအယူ မလုပ်ဝံ့သည့်အခြေအနေတွင် ရှိနေသည်။

သို့ဖြစ်၍ အာဆီယံနှင့် တရုတ်ဘက်က အဆိုပြုထားသည့် မြန်မာ့ရေးရာ အဆိုပြုချက် နံပါတ် (၁) ကပင် ဖြစ်နိုင်ချေနည်းနေရာ အခြားအချက်များဖြစ်သည့် ယုံကြည်မှုတည်ဆောက်ရေးနှင့် မြန်မာ့အကျိုးစီးပွားနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အစိုးရတစ်ရပ် ပေါ်ပေါက်ရန်ဆိုသည်မှာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမည်ဖြစ်သည်။

နဂိုကမှ စစ်အာဏာရှင်တစ်ပိုင်း၊ ဒီမိုကရေစီတစ်ပိုင်းဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်သို့ သွားချင်နေသော စစ်တပ်အနေဖြင့် လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လိမ့်မည် မဟုတ်ပေ။

ထိုအတောအတွင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗာဗီယန်ဘယ်လာခရစ်ရှန်က မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံအဖွဲ့ကြီး၏ ကြိုးပမ်းချက်တွင် မျှော်လင့်ထားသလောက် ထိရောက်မှုရှိမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပြန်သည်။

တရုတ်နှပ်ကြောင်းအတိုင်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံကိုယ်စားလှယ်အနေဖြင့် ဖော်ဆောင်နိုင်မည်လားဆိုသည်ကတော့ ေ၀ဝါးဆဲပင် ရှိသေးသည်။

 

မောဂ္ဂလိ