• Today is: Friday, April 23, 2021

ထွန်းအောင်ပါ(မွန်ပြည်နယ်လူထုဆုံရက်)

Federal Journal
January05/ 2021

 

ထွန်းအောင်ပါ(မွန်ပြည်နယ်လူထုဆုံရက်)

ထြန္းေအာင္ပါ(မြန္ျပည္နယ္လူထုဆုံရက္)

မေး။ ။ ပထမဆုံးဆရာရဲ့အမည်၊ ရာထူးရယ်၊ လက်ရှိလုပ်ဆောင်နေတဲ့နေတဲ့အဖွဲ့အစည်းရယ်ကို မိတ်ဆက်ပေးပါဆရာ။
ဖြေ။ ။ ကျွန်တော့်နာမည်က ထွန်းအောင်ပါ။ အရင်ကတော့ ဗြိတိသျှရှေ့ဆောင်လူမှုရေးအသင်းမှာလုပ်တယ်။ အခုလက်ရှိလုပ်နေ တာကတော့ မွန်ပြည်နယ်လူထုဆုံရက်မှာလုပ်တယ်၊ ရာထူးအနေနဲ့ကတော့ညှိနှိုင်းရေးမှူးအကူနဲ့ လုပ်နေပါတယ်။

မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက တိုင်းရင်းသားပါတီတွေ ရလာဒ်မကောင်းခဲ့ဘူး၊ အဲ့ဒီအပေါ်မှာ ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ ၂၀၁၅ တုန်းကတိုင်းရင်းသားပါတီတွေ တချို့နေရာတွေမှာအဆင်ပြေပါတယ်။ မွန်ပြည်နယ်မှာက နေရာလွှမ်းခြုံနိုင်မှု ဧရိယာကျဉ်းလို့သာလျှင် နည်းနည်းလေးကွဲနေတယ်လို့ထင်ရတယ်။ ပြည်မပါတီကြီးတွေက သူတို့မှာက တိုင်းရင်းသားပါတယ်ဆိုတဲ့ အမြင်နဲ့ လွှမ်းခြုံပြီးတော့ ပြောသွားတဲ့အခါကျတော့ မဲကွဲမှုတွေရှိတာပေါ့။ မွန်တိုင်းရင်းသားတွေအနေနဲ့လွှမ်းခြုံပြီးတော့ပြောရရင် မော်လမြိုင်၊ သထုံ၊ ဘီးလင်းမြို့တွေမှာဆိုရင် မွန်လူမျိုးကနည်းတယ်။ ပါတီကြီးတွေကိုပဲ ဦးစားပေးပြီးသွားတဲ့အခါကျတော့ တိုင်းရင်း သားပါတီတွေမဲရမှုအခြေအနေက လျော့သွားတယ်လို့မြင်တယ်။

မေး။ ။ နောက်တခုမေးချင်တာက လက်ရှိအစိုးရသက်တမ်းက ငါးနှစ်ကုန်တော့မယ်၊ ဒီငါးနှစ်သက်တမ်းအတွင်းမှာ အစိုးရရဲ့အား နည်းချက်တွေက ဘာတွေဖြစ်မလဲ၊ သူတို့အနေနဲ့ ဘာတွေလုပ်ခဲ့သင့်လဲ၊ ဘာတွေမလုပ်ခဲ့သင့်ဘူးလဲ၊ ဆရာ့အမြင် သုံးသပ်ပေးပါ။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ အရပ်ဖက်အဖွဲ့အစည်းရှုထောင့်ကနေကြည့်မယ်ဆိုရင် NLD အစိုးရသက်တမ်းမှာ စီမံခန့်ခွဲမှုအပိုင်းကို ပိုင်ပိုင်နိုင်နိုင်နဲ့ဖော်ဆောင်နိုင်မှုအား အရမ်းလျော့နည်းတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုရင် အာဏာရှင်အစိုးရလက်ထက်ကနေ ဒီမိုကရေစီအစိုးရကိုပြောင်းလာတဲ့အချိန်မှာ အရင်ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို စီမံခန့်ခွဲမှုပိုင်ပိုင်နိုင်နိုင်နဲ့ လုပ်ဆောင်နိုင်တယ်။ ပြည်သူရဲ့လိုအပ်ချက်၊ လုပ်ဆောင်နိုင်မှုစွမ်းရည်တွေကို ဦးသိန်းစိန်အစိုးရငါးနှစ်တာကာလအတွင်းမှာ ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်တယ်လို့မြင်တယ်။ အရပ်ဖက်နဲ့အစိုးရပေါင်းပြီးတော့လုပ်ဆောင်တဲ့နေရာမှာဆိုရင် ထဲထဲဝင် ဝင် ပေါင်းပြီးတော့မှ လုပ်ဆောင်ခွင့်ပေးတယ်။ အပြောင်းအလဲတစ်ခုကိုဖွင့်ထုတ်လိုက်တာပေါ့။ ဥပမာပြောရမယ်ဆိုရင် ကားဈေးနှုန်း တွေအများကြီးလျော့လာတယ်၊ ဖုန်းကက်တန်ဖိုးတွေအများကြီးလျော့လာတာတွေပေါ့။ လူထုကနေအော်တယ်၊ သတင်းအချက်အ လက်ပေးတယ်ဆိုရင် တတ်နိုင်သလောက်ပြောင်းလဲပေးတယ်ပေါ့။
ဒီဘက် ၂၀၁၆ NLD အစိုးရသက်တမ်းရောက်လာတဲ့အချိန်မှာ သူရဲ့ပါတီမူဝါဒအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုပဲအခြေခံပြီးတော့မှာသွားတယ်။ သူ့ရဲ့ vision ကအရမ်းကြီးတဲ့အခါကျတော့ အသေးပိုင်းဖြစ်တဲ့ လူထုရဲ့လို အပ်ချက်တွေကို လုပ်ဆောင်တဲ့အရာ အားနည်းလာတယ်။ နောက်စီမံခန့်ခွဲမှုက ဟိုဖက်ကိုဇောင်ေးပးထားတော့ ကျွန်တော့်အနေနဲ့ ထဲထဲဝင်ဝင်မသိပေမယ့် ဝေဖန်ရရင် ဌာနဆိုင်ရာစီမံခန့်ခွဲနိုင်မှုအားက အရမ်းလျော့လာတယ်။ လူထုကဒီအစိုးရအပေါ်မှာမျှော်လင့်ချက် အကြီးကြီးထားထားတယ်။ ဖြစ်တည်မှုအခြေအနေက အရမ်းကိုနည်းတဲ့အခါကျတော့ သဟဇာတမဖြစ်တော့ဘူး။ တိုင်းရင်းသားကိုယ် လွှတ်တော်ကိုယ်စားလှယ်တွေက လူထုရဲ့လိုအပ်ချက်တွေကို တင်ပြဆွေးနွေးတယ်၊ အကောင်အထည်ဖော်တာတွေ ပိုပြီးတော့အား ကောင်းလာတဲ့အခါကျတော့ တိုင်းရင်းသားရဲ့ပုံရိပ်တွေက ပိုပြီးတော့တက်လာတယ်၊ အစိုးရရဲ့ပုံရိပ်တွေက ကျလာတယ်လို့ ကျွန်တော် မြင်မိပါတယ်။

မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်က ဘယ်လိုပုံစံမျိုးဖြစ်လာမလဲ။ ဆရာတို့အနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းရှုထောင့်ကနေ ဘယ်လိုမျိုးဖြစ်စေချင်သလဲ။ NLD ကပဲအနိုင်ရသွားမလား၊ ဒါမှမဟုတ် ညွှန့်ပေါင်းအစိုးရပေါ်လာမလား။
ဖြေ။ ။ ကျွန်တော့်စိတ်ရင်းအမှန်နဲ့ဖြစ်စေချင်တဲ့ဆန္ဒက မြန်မာနိုင်ငံကဖက်ဒရယ်ပြည်ထောင်စုကိုသွားတဲ့အခါ တိုင်းရင်းသားအများစု ရှိတဲ့ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အများစုအနိုင်ရပြီးတော့ အစိုးရဖွဲ့ခွင့်တွေရမယ်ဆိုရင် တိုင်းရင်းသားဒေသရဲ့ရှိရင်းစွဲပုံရိပ် တွေ၊ ယဉ်ကျေးမှုတွေကို ဖော်ဆောင်ခွင့်တွေအများကြီးရလာမယ်။ NLD ကိုမရစေချင်လို့ မဟုတ်ဘူး။ ပြည်ထောင်စုအနေနဲ့ NLD ကို အနိုင်ရစေချင်တယ်။ NLD ကိုစွမ်းရည်မြင့်မားပြီးပြည်သူရဲ့လိုအပ်ချက်ကို အကောင်အထည်ဖော်ပေးနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်လာစေ ချင်တယ်။ ဒီလိုမှမဟုတ်ရင် တခြားပါတီတွေအနိုင်ရလာမယ်။ ပါတီကြီးတော်တော်များများကိုကြည့်ရင် အနိုင်ရရေးကိုသာ ဦးတည်ပြီး သွားနေကြတာတွေ့ရတယ်။ ပြည်သူရဲ့လိုအပ်ချက်၊ လုပ်ဆောင်မယ့်အရာတွေကိုပြောတာ ပါတီအတော်များများမှာ မတွေ့ရဘူး။ မတွေ့ရတဲ့အခါကျတော့ တိုင်းရင်းသားတွေအနေနဲ့စိတ်ခံစားချက်တွေ ဖြစ်မှာပဲ။ ကိုယ့်ပြည်နယ်ကိုဖန်တီးခွင့်၊ လုပ်ပိုင်ခွင့်တွေက တဖြည်းဖြည်းနဲ့လျော့နည်းလာတယ်။ နိုင်ငံကြီးတွေကိုကြည့်ရင် လူနည်းစုတွေကို အလေးမထားပဲ လူမျိုးကြီးဝါဒနဲ့လွှမ်းမိုးတဲ့အခါ လူနည်းစုတွေက ဘယ်လောက်ပဲထိန်းသိမ်းထိန်းသိမ်း တဖြည်းဖြည်းနဲ့ လျော့နည်းပပျောက်လာတယ်။ အဲ့လိုမျိုးမဖြစ်အောင် ကျွန်တော် တို့တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာတွေကို ဘယ်လိုထိန်းသိမ်းကြမလဲ၊ ဖက်ဒရယ်ကိုအမှန်တကယ် အကောင်အထည်ဖော်ပြီးတော့မှ သဟဇာတဖြစ်စွာနဲ့ အစိုးရတစ်ရပ်ကိုဖော်ဆောင်လာနိုင်မယ်ဆိုရင်တော့ မျှတတဲ့အရာတွေဖြစ်လာ မယ်။ အဲ့အတွက်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားတွေကို အနိုင်ရစေချင်တယ်။ ပြည်ထောင်စုအနေနဲ့ဆိုရင် ဖက်ဒရယ်ကိုတကယ်နားလည်ပြီးတော့ ကျင့်သုံးလာနိုင်တဲ့အစိုးရတစ်ရပ်ဖြစ်လာမယ်ဆိုရင် ပိုကောင်းလာ မယ်လို့ မြင်မိပါတယ်။

မေး။ ။ ညွှန့်ပေါင်းအစိုးရပေါ်လာမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍက မြင့်မားလာမလား၊ ဆရာဘယ်လိုမြင်မိလဲ။
ဖြေ။ ။ တိုင်းရင်းသားတစ်ခုတည်းကိုရည်ရွယ်တယ်ဆိုရင် မြင့်မားလာနိုင်တယ်လို့ထင်တယ်။ တချို့သောအရာတွေ ကျွန်တော်တို့ မကြိုက်တာက လူထုရဲ့လိုအပ်ချက်၊ တိုင်းပြည်ရဲ့လိုအပ်ချက်၊ စစ်တမ်းတွေကိုကောက်ပြီး အမှန်တကယ်ဖော်ဆောင်ပေးနိုင်တဲ့ပါတီက အရမ်းရှား တယ်။ ပါတီပေါင်း(၁၀၀) နီးပါးရှိပေမယ့် ဒီဟာကိုစစ်တမ်းမကောက်ပဲ နေရာဝင်ထိုင်တဲ့ပါတီတွေရှိမယ်ဆိုရင် ဒီညွှန့်ပေါင်းအ စိုးရက ပြည်သူလူထုလက်ခံတဲ့ညွှန့်ပေါင်းအစိုးရဖြစ်ပါ့မလားပေါ့၊ အဲဒါကိုစိုးရိမ်တယ်။ ဖြစ်သင့်ဖြစ်ထိုင်တဲ့ တိုင်းရင်းသားတွေကိုကိုယ်စား ပြုတဲ့တိုင်းရင်းသားပါတီတွေရှိမယ်။ နောက်ပါတီကြီးတွေရှိမယ်။ ဒီပါတီတွေက ညွှန့်ပေါင်းအစိုးရဖွဲ့ပြီး အကောင်အထည်ဖော်ဆောင် ရွက်မယ်ဆိုရင် အင်အားကောင်းလာနိုင်တယ်။ ဘာမှမလုပ်ပဲ ဒီအတိုင်းဝင်ထိုင်နေတဲ့ပါတီမျိုးကို ကျွန်တော်က မရှိစေချင်ဘူးပေါ့နော်။ နောက်တိုင်းရင်းသားအများစုနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားပါတီတွေလည်း (State level) စီမံခန့်ခွဲမှုတွေ မှာ သွားပြီးတော့ဆွေးနွေးတဲ့အရာလေးတွေဖြစ်စေချင်တယ်။ အဲ့လိုမဟုတ်ပဲနဲ့ အခွင့်အရေးယူတဲ့ပါတီတွေနေရာရသွားရင် ပိုပြီးနစ်နာ ဆုံးရှုံးသွားမလား၊ ဟိုဖက်ဒီဖက်ဒွန်တွဲပြီးတော့မှ စဉ်းစားမိတဲ့အရာလေးဖြစ်နေတာပေါ့။

မေး။ ။ တချို့ပါတီတွေက မဟာမိတ်ဖွဲ့ကြတယ်။ ပြီးတော့ပြန်ကွဲကြတယ်။ ဒီအပေါ်မှာ ဆရာရဲ့အမြင်လေး သုံးသပ်ပေးပါအုံး။
ဖြေ။ ။ ဒါက ဒီမိုကရေစီအပြောင်းအလဲကာလတစ်ခုကိုသွားနေတဲ့အပေါ် အခြေခံပြီးတော့မှ အလေ့အကျင့်လေးတွေမဖြစ်သေးဘူး။ ကွဲတာတွေ၊ စုစည်းမှုတွေဖြစ်လာတာတွေက အကောင်းရှုထောင့်ဖက်ကကြည့်မယ်ဆိုရင် ကောင်းတယ်။ မကောင်းတဲ့သူအများစုနဲ့ စုပေါင်းထားတဲ့အခါမျိုးကျရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ဘာမှညှိနှိုင်းလို့ရမှာ မဟုတ်ဘူး။ အဲလိုမျိုးဆို ကွဲကြတာက ပိုကောင်းမယ်။ ပေါင်းစည်းလာပြီးတော့မှ အတူတကွသွားနိုင်တဲ့အခါမျိုး၊ ရေချိန်မြင့်လာတဲ့အခါမျိုးကျရင် ဥပမာအားဖြင့် မွန်ညီညွတ်ရေးပါတီကို ပြောရ ရင် မွန်ပါတီတစ်ခုတည်းကိုထည့်လိုက်တာနဲ့ မွန်ကိုကိုယ်စားပြုတာပေါ့။ အဲ့လိုမဟုတ်ပဲ မွန်ပါတီတွေများရင် ဟိုပါတီက ဟိုလူ ဦးဆောင်လို့၊ ဒီပါတီက ဒီလူဦးဆောင်လို့ ဒါဆိုရင် သိပ်အဆင်မပြေဘူး။ အခုလိုပေါင်းစည်းပြီး အများစုအနိုင်ရရင် ကိုယ့်ပြည်နယ်ရဲ့ လူမျိုးစုအပေါ် အကောင်းဆုံးအကောင်အထည်ဖော်ဆောင်ရွက်လာနိုင်တဲ့အရာတွေ ဖြစ်လာနိုင် တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ တိုင်းရင်းသားပါတီတွေ ဒီထက်အားကောင်းအောင်လုပ်သင့်တယ်လို့ယူဆလား။ တိုင်းရင်းသားပါတီတွေ အားကောင်းခြင်း၊ မကောင်းခြင်းက ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ဘယ်လိုဖြစ်လာနိုင် သလဲပေါ့။
ဖြေ။ ။ တိုင်းရင်းသားပါတီတွေအားကောင်းလာမှုကို ကြိုဆိုရမယ်၊ အဲ့လိုကြိုဆိုမှပဲ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဦးတည်ပြီးတော့မှ တိုင်းရင်းသားတွေကိုကိုယ်စားပြုတဲ့နိုင်ငံတစ်ခုဖြစ်လာနိုင်မယ်။ တိုင်းရင်းသားပါတီတွေအားမကောင်းရင် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အားနည်းတဲ့အရာတွေဖြစ်နေမှာပဲ။ ဘာကြောင့်လဲဆိုရင် ဒီတိုင်းရင်းသားတွေလက်နက်ကိုင်တယ်ဆိုတာက ကျွန်တော်ကမွန်မဟုတ် ပေမယ့် မွန်ပြည်နယ်မှာနေတဲ့အခါကျတော့ တချို့သောခံစားချက်တွေရှိတာပေါ့။ စီးပွားရေးအနေနဲ့ ဥပမာပြောရရင် ရန်ကုန်မှာ ဓာတ်ဆီ (၄၃၀ကျပ်) ပေးရတဲ့အချိန်မှာ မွန်ပြည်နယ်မှာက ဓာတ်ဆီ (၅၃၀)ကျပ်ဖြစ်တယ်။ ဒါကိုစီးပွားရေးလုပ်ငန်းရှင်တစ်ယောက် အနေနဲ့ တစ်နိုင်ငံလုံးဘယ်မှာပဲဝယ်ဝယ် (၅၀၀) သတ်မှတ်မယ်။ ရန်ကုန်မှာဝယ်လည်း (၅၀၀)၊ နယ်မှာဝယ်လည်း (၅၀၀)၊ တောထဲမှာ ဝယ်လည်း (၅၀၀) ဒါဆိုပိုမမျှတဘူးလား။
စာရွက်ထဲမှာပဲအခွင့်အရေးတန်းတူရှိတယ်၊ လေထဲပါးစပ်ပြောကပဲအခွင့်အရေးတန်းတူကိုပြောနေရင် ငြိမ်းချမ်းရေးကဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ အဲ့အတွက်ကြောင့်တိုင်းရင်းသားတွေကို တကယ်ရင်ထဲကကြိုဆိုတဲ့အရာဖြစ်ရမယ်။
၂၀၂၀ရွေးကောက်ပွဲကို တိုင်းရင်းသားတွေစိတ်ဝင်စားစေချင်ပါတယ်။ မျှော်လင့်ချက်မပြည့်ဝတဲ့အခါကျတော့လူထုတွေရဲ့ ဒီမိုကရေစီ စံနှုန်းကိုရေရှည်သွားမယ့်ခရီးမှာ ကျဆုံးပြီးတော့မှ လိုချင်တဲ့ပန်းတိုင်မရောက်ပဲဖြစ်သွားမှာစိုးလို့ ဆက်သွားကြပါ၊ အကောင်အထည် ဖော်ကြပါ။ ကိုယ့်ရဲ့ယုံကြည်မှုကိုအကောင်အထည်ဖော်ကြပါလို့တိုက်တွန်းချင်တယ်။ တဖြည်းဖြည်းနဲ့စိတ်ရှည်ပြီးတော့သွားကြပါ၊ အကောင်အထည်ဖော်ကြပါလို့တိုက်တွန်းချင်ပါတယ်။

ေမး။    ။ ပထမဆံုးဆရာရဲ႕အမည္၊ ရာထူးရယ္၊ လက္ရွိလုပ္ေဆာင္ေနတဲ့ေနတဲ့အဖြဲ႕အစည္းရယ္ကို မိတ္ဆက္ေပးပါဆရာ။

ေျဖ။     ။ ကၽြန္ေတာ့္နာမည္က ထြန္းေအာင္ပါ။ အရင္ကေတာ့ ၿဗိတိသွ်ေရွ႕ေဆာင္လူမႈေရးအသင္းမွာလုပ္တယ္။ အခုလက္ရွိလုပ္ေန တာကေတာ့ မြန္ျပည္နယ္လူထုဆံုရက္မွာလုပ္တယ္၊ ရာထူးအေနနဲ႔ကေတာ့ညွိႏႈိင္းေရးမွဴးအကူနဲ႔ လုပ္ေနပါတယ္။

 

ေမး။    ။ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက တိုင္းရင္းသားပါတီေတြ ရလာဒ္မေကာင္းခဲ့ဘူး၊ အဲ့ဒီအေပၚမွာ ဘယ္လိုျမင္မိလဲ။

ေျဖ။     ။ ၂၀၁၅ တုန္းကတိုင္းရင္းသားပါတီေတြ  တခ်ိဳ႕ေနရာေတြမွာအဆင္ေျပပါတယ္။ မြန္ျပည္နယ္မွာက  ေနရာလႊမ္းၿခံဳႏိုင္မႈ ဧရိယာက်ဥ္းလို႔သာလွ်င္ နည္းနည္းေလးကြဲေနတယ္လို႔ထင္ရတယ္။ ျပည္မပါတီႀကီးေတြက သူတို႔မွာက တိုင္းရင္းသားပါတယ္ဆိုတဲ့ အျမင္နဲ႔ လႊမ္းၿခံဳၿပီးေတာ့ ေျပာသြားတဲ့အခါက်ေတာ့ မဲကြဲမႈေတြရွိတာေပါ့။ မြန္တုိင္းရင္းသားေတြအေနနဲ႔လႊမ္းၿခံဳၿပီးေတာ့ေျပာရရင္ ေမာ္လၿမိဳင္၊ သထံု၊ ဘီးလင္းၿမိဳ႕ေတြမွာဆိုရင္ မြန္လူမ်ိဳးကနည္းတယ္။ ပါတီႀကီးေတြကိုပဲ ဦးစားေပးၿပီးသြားတဲ့အခါက်ေတာ့ တိုင္းရင္း သားပါတီေတြမဲရမႈအေျခအေနက ေလ်ာ့သြားတယ္လို႔ျမင္တယ္။

 

ေမး။    ။ ေနာက္တခုေမးခ်င္တာက လက္ရွိအစိုးရသက္တမ္းက ငါးႏွစ္ကုန္ေတာ့မယ္၊ ဒီငါးႏွစ္သက္တမ္းအတြင္းမွာ အစိုးရရဲ႕အား နည္းခ်က္ေတြက ဘာေတြျဖစ္မလဲ၊ သူတို႔အေနနဲ႔ ဘာေတြလုပ္ခဲ့သင့္လဲ၊ ဘာေတြမလုပ္ခဲ့သင့္ဘူးလဲ၊ ဆရာ့အျမင္ သံုးသပ္ေပးပါ။

ေျဖ။     ။ ကၽြန္ေတာ့္အေနနဲ႔ အရပ္ဖက္အဖြဲ႕အစည္းရႈေထာင့္ကေနၾကည့္မယ္ဆုိရင္ NLD အစိုးရသက္တမ္းမွာ စီမံခန္႔ခြဲမႈအပိုင္းကို ပိုင္ပိုင္ႏုိင္ႏိုင္နဲ႔ေဖာ္ေဆာင္ႏုိင္မႈအား အရမ္းေလ်ာ့နည္းတယ္လို႔ျမင္တယ္။ ဘာေၾကာင့္လဲဆိုရင္ အာဏာရွင္အစိုးရလက္ထက္ကေန ဒီမိုကေရစီအစိုးရကိုေျပာင္းလာတဲ့အခ်ိန္မွာ အရင္ဦးသိန္းစိန္အစိုးရလက္ထက္မွာ ဌာနဆိုင္ရာဝန္ထမ္းေတြကို စီမံခန္႔ခြဲမႈပိုင္ပိုင္ႏုိင္ႏိုင္နဲ႔ လုပ္ေဆာင္ႏုိင္တယ္။ ျပည္သူရဲ႕လိုအပ္ခ်က္၊ လုပ္ေဆာင္ႏုိင္မႈစြမ္းရည္ေတြကို ဦးသိန္းစိန္အစိုးရငါးႏွစ္တာကာလအတြင္းမွာ ရဲရဲဝ့ံဝံ့ အေကာင္အထည္ေဖာ္ေဆာင္ရြက္လာႏုိင္တယ္လို႔ျမင္တယ္။ အရပ္ဖက္နဲ႔အစိုးရေပါင္းၿပီးေတာ့လုပ္ေဆာင္တဲ့ေနရာမွာဆိုရင္ ထဲထဲဝင္ ဝင္ ေပါင္းၿပီးေတာ့မွ လုပ္ေဆာင္ခြင့္ေပးတယ္။ အေျပာင္းအလဲတစ္ခုကိုဖြင့္ထုတ္လိုက္တာေပါ့။ ဥပမာေျပာရမယ္ဆုိရင္ ကားေစ်းႏႈန္း ေတြအမ်ားႀကီးေလ်ာ့လာတယ္၊ ဖုန္းကက္တန္ဖိုးေတြအမ်ားႀကီးေလ်ာ့လာတာေတြေပါ့။ လူထုကေနေအာ္တယ္၊ သတင္းအခ်က္အ လက္ေပးတယ္ဆိုရင္ တတ္ႏုိင္သေလာက္ေျပာင္းလဲေပးတယ္ေပါ့။

ဒီဘက္ ၂၀၁၆ NLD အစိုးရသက္တမ္းေရာက္လာတဲ့အခ်ိန္မွာ သူရဲ႕ပါတီမူဝါဒအေနနဲ႔ ဖြဲ႕စည္းပံုအေျခခံဥပေဒေျပာင္းလဲေရး၊ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးကိုပဲအေျခခံၿပီးေတာ့မွာသြားတယ္။ သူ႕ရဲ႕ vision ကအရမ္းႀကီးတဲ့အခါက်ေတာ့ အေသးပိုင္းျဖစ္တဲ့ လူထုရဲ႕လို အပ္ခ်က္ေတြကို လုပ္ေဆာင္တဲ့အရာ အားနည္းလာတယ္။ ေနာက္စီမံခန္႔ခြဲမႈက ဟိုဖက္ကိုေဇာင္ေးပးထားေတာ့ ကၽြန္ေတာ့္အေနနဲ႔ ထဲထဲဝင္ဝင္မသိေပမယ့္ ေဝဖန္ရရင္ ဌာနဆုိင္ရာစီမံခန္႔ခြဲႏုိင္မႈအားက အရမ္းေလ်ာ့လာတယ္။ လူထုကဒီအစိုးရအေပၚမွာေမွ်ာ္လင့္ခ်က္ အႀကီးႀကီးထားထားတယ္။ ျဖစ္တည္မႈအေျခအေနက အရမ္းကိုနည္းတဲ့အခါက်ေတာ့ သဟဇာတမျဖစ္ေတာ့ဘူး။ တိုင္းရင္းသားကိုယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက လူထုရဲ႕လိုအပ္ခ်က္ေတြကို တင္ျပေဆြးေႏြးတယ္၊ အေကာင္အထည္ေဖာ္တာေတြ ပိုၿပီးေတာ့အား ေကာင္းလာတဲ့အခါက်ေတာ့ တိုင္းရင္းသားရဲ႕ပံုရိပ္ေတြက ပိုၿပီးေတာ့တက္လာတယ္၊ အစိုးရရဲ႕ပံုရိပ္ေတြက က်လာတယ္လို႔ ကၽြန္ေတာ္ ျမင္မိပါတယ္။

 

ေမး။    ။ ၂၀၂၀ ေရြးေကာက္ပြဲရလာဒ္က ဘယ္လုိပံုစံမ်ိဳးျဖစ္လာမလဲ။ ဆရာတုိ႔အေနနဲ႔ အရပ္ဖက္လူ႔အဖြဲ႕အစည္းရႈေထာင့္ကေန ဘယ္လုိမ်ိဳးျဖစ္ေစခ်င္သလဲ။ NLD ကပဲအႏိုင္ရသြားမလား၊ ဒါမွမဟုတ္ ညႊန္႔ေပါင္းအစိုးရေပၚလာမလား။

ေျဖ။     ။ ကၽြန္ေတာ့္စိတ္ရင္းအမွန္နဲ႔ျဖစ္ေစခ်င္တဲ့ဆႏၵက ျမန္မာႏုိင္ငံကဖက္ဒရယ္ျပည္ေထာင္စုကိုသြားတဲ့အခါ တိုင္းရင္းသားအမ်ားစု ရွိတဲ့ျပည္နယ္ေတြမွာ တိုင္းရင္းသားပါတီေတြ အမ်ားစုအႏုိင္ရၿပီးေတာ့ အစိုးရဖဲြ႕ခြင့္ေတြရမယ္ဆိုရင္ တိုင္းရင္းသားေဒသရဲ႕ရွိရင္းစြဲပံုရိပ္ ေတြ၊ ယဥ္ေက်းမႈေတြကို ေဖာ္ေဆာင္ခြင့္ေတြအမ်ားႀကီးရလာမယ္။ NLD ကိုမရေစခ်င္လုိ႔ မဟုတ္ဘူး။ ျပည္ေထာင္စုအေနနဲ႔ NLD ကို အႏုိင္ရေစခ်င္တယ္။ NLD ကိုစြမ္းရည္ျမင့္မားၿပီးျပည္သူရဲ႕လုိအပ္ခ်က္ကို အေကာင္အထည္ေဖာ္ေပးႏုိင္တဲ့ အစိုးရတစ္ရပ္ျဖစ္လာေစ ခ်င္တယ္။ ဒီလိုမွမဟုတ္ရင္ တျခားပါတီေတြအႏုိင္ရလာမယ္။ ပါတီႀကီးေတာ္ေတာ္မ်ားမ်ားကိုၾကည့္ရင္ အႏုိင္ရေရးကိုသာ ဦးတည္ၿပီး သြားေနၾကတာေတြ႕ရတယ္။ ျပည္သူရဲ႕လိုအပ္ခ်က္၊ လုပ္ေဆာင္မယ့္အရာေတြကိုေျပာတာ ပါတီအေတာ္မ်ားမ်ားမွာ မေတြ႕ရဘူး။ မေတြ႕ရတဲ့အခါက်ေတာ့ တိုင္းရင္းသားေတြအေနနဲ႔စိတ္ခံစားခ်က္ေတြ ျဖစ္မွာပဲ။ ကိုယ့္ျပည္နယ္ကိုဖန္တီးခြင့္၊ လုပ္ပိုင္ခြင့္ေတြက တျဖည္းျဖည္းနဲ႔ေလ်ာ့နည္းလာတယ္။ ႏုိင္ငံႀကီးေတြကိုၾကည့္ရင္ လူနည္းစုေတြကို အေလးမထားပဲ လူမ်ိဳးႀကီးဝါဒနဲ႔လႊမ္းမိုးတဲ့အခါ လူနည္းစုေတြက ဘယ္ေလာက္ပဲထိန္းသိမ္းထိန္းသိမ္း တျဖည္းျဖည္းနဲ႔ ေလ်ာ့နည္းပေပ်ာက္လာတယ္။ အဲ့လိုမ်ိဳးမျဖစ္ေအာင္ ကၽြန္ေတာ္ တုိ႔တုိင္းရင္းသားေတြရဲ႕ ယဥ္ေက်းမႈဓေလ့ထံုးတမ္း အစဥ္အလာေတြကို ဘယ္လိုထိန္းသိမ္းၾကမလဲ၊ ဖက္ဒရယ္ကိုအမွန္တကယ္ အေကာင္အထည္ေဖာ္ၿပီးေတာ့မွ သဟဇာတျဖစ္စြာနဲ႔ အစိုးရတစ္ရပ္ကိုေဖာ္ေဆာင္လာႏိုင္မယ္ဆုိရင္ေတာ့ မွ်တတဲ့အရာေတြျဖစ္လာ မယ္။ အဲ့အတြက္ေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ တုိင္းရင္းသားျပည္နယ္ေတြမွာ တုိင္းရင္းသားေတြကို အႏုိင္ရေစခ်င္တယ္။ ျပည္ေထာင္စုအေနနဲ႔ဆိုရင္ ဖက္ဒရယ္ကိုတကယ္နားလည္ၿပီးေတာ့ က်င့္သံုးလာႏုိင္တဲ့အစိုးရတစ္ရပ္ျဖစ္လာမယ္ဆိုရင္ ပိုေကာင္းလာ မယ္လုိ႔ ျမင္မိပါတယ္။

 

ေမး။    ။ ညႊန္႔ေပါင္းအစိုးရေပၚလာမယ္ဆုိရင္ တုိင္းရင္းသားေတြရဲ႕အခန္းက႑က ျမင့္မားလာမလား၊ ဆရာဘယ္လိုျမင္မိလဲ။

ေျဖ။     ။ တိုင္းရင္းသားတစ္ခုတည္းကိုရည္ရြယ္တယ္ဆုိရင္ ျမင့္မားလာႏုိင္တယ္လို႔ထင္တယ္။ တခ်ိဳ႕ေသာအရာေတြ ကၽြန္ေတာ္တို႔ မႀကိဳက္တာက လူထုရဲ႕လုိအပ္ခ်က္၊ တိုင္းျပည္ရဲ႕လိုအပ္ခ်က္၊ စစ္တမ္းေတြကိုေကာက္ၿပီး အမွန္တကယ္ေဖာ္ေဆာင္ေပးႏုိင္တဲ့ပါတီက အရမ္းရွား တယ္။ ပါတီေပါင္း(၁၀၀) နီးပါးရွိေပမယ့္ ဒီဟာကိုစစ္တမ္းမေကာက္ပဲ ေနရာဝင္ထုိင္တဲ့ပါတီေတြရွိမယ္ဆိုရင္ ဒီညႊန္႔ေပါင္းအ စိုးရက ျပည္သူလူထုလက္ခံတဲ့ညႊန္႔ေပါင္းအစိုးရျဖစ္ပါ့မလားေပါ့၊ အဲဒါကိုစိုးရိမ္တယ္။ ျဖစ္သင့္ျဖစ္ထုိင္တဲ့ တုိင္းရင္းသားေတြကိုကိုယ္စား ျပဳတဲ့တုိင္းရင္းသားပါတီေတြရွိမယ္။ ေနာက္ပါတီႀကီးေတြရွိမယ္။ ဒီပါတီေတြက  ညႊန္႔ေပါင္းအစိုးရဖြဲ႕ၿပီး အေကာင္အထည္ေဖာ္ေဆာင္ ရြက္မယ္ဆိုရင္ အင္အားေကာင္းလာႏုိင္တယ္။ ဘာမွမလုပ္ပဲ ဒီအတုိင္းဝင္ထုိင္ေနတဲ့ပါတီမ်ိဳးကို ကၽြန္ေတာ္က မရွိေစခ်င္ဘူးေပါ့ေနာ္။ ေနာက္တိုင္းရင္းသားအမ်ားစုနဲ႔ဖြဲ႕စည္းထားတဲ့ႏုိင္ငံျဖစ္တဲ့အတြက္ေၾကာင့္ တုိင္းရင္းသားပါတီေတြလည္း (State level) စီမံခန္႔ခြဲမႈေတြ မွာ သြားၿပီးေတာ့ေဆြးေႏြးတဲ့အရာေလးေတြျဖစ္ေစခ်င္တယ္။ အဲ့လိုမဟုတ္ပဲနဲ႔ အခြင့္အေရးယူတဲ့ပါတီေတြေနရာရသြားရင္ ပိုၿပီးနစ္နာ ဆံုးရႈံးသြားမလား၊ ဟိုဖက္ဒီဖက္ဒြန္တြဲၿပီးေတာ့မွ စဥ္းစားမိတဲ့အရာေလးျဖစ္ေနတာေပါ့။

 

ေမး။    ။ တခ်ိဳ႕ပါတီေတြက မဟာမိတ္ဖြဲ႕ၾကတယ္။ ၿပီးေတာ့ျပန္ကြဲၾကတယ္။ ဒီအေပၚမွာ ဆရာရဲ႕အျမင္ေလး သံုးသပ္ေပးပါအံုး။

ေျဖ။     ။ ဒါက ဒီမိုကေရစီအေျပာင္းအလဲကာလတစ္ခုကိုသြားေနတဲ့အေပၚ အေျခခံၿပီးေတာ့မွ အေလ့အက်င့္ေလးေတြမျဖစ္ေသးဘူး။ ကြဲတာေတြ၊ စုစည္းမႈေတြျဖစ္လာတာေတြက အေကာင္းရႈေထာင့္ဖက္ကၾကည့္မယ္ဆုိရင္ ေကာင္းတယ္။ မေကာင္းတဲ့သူအမ်ားစုနဲ႔ စုေပါင္းထားတဲ့အခါမ်ိဳးက်ရင္ ဘာမွျဖစ္လာမွာမဟုတ္ဘူး။ ဘာမွညွိႏႈိင္းလို႔ရမွာ မဟုတ္ဘူး။ အဲလိုမ်ိဳးဆို ကြဲၾကတာက ပိုေကာင္းမယ္။ ေပါင္းစည္းလာၿပီးေတာ့မွ အတူတကြသြားႏုိင္တဲ့အခါမ်ိဳး၊ ေရခ်ိန္ျမင့္လာတဲ့အခါမ်ိဳးက်ရင္ ဥပမာအားျဖင့္ မြန္ညီညြတ္ေရးပါတီကို ေျပာရ ရင္  မြန္ပါတီတစ္ခုတည္းကိုထည့္လိုက္တာနဲ႔ မြန္ကိုကိုယ္စားျပဳတာေပါ့။ အဲ့လိုမဟုတ္ပဲ မြန္ပါတီေတြမ်ားရင္ ဟုိပါတီက ဟုိလူ ဦးေဆာင္လို႔၊ ဒီပါတီက ဒီလူဦးေဆာင္လို႔ ဒါဆုိရင္ သိပ္အဆင္မေျပဘူး။ အခုလိုေပါင္းစည္းၿပီး အမ်ားစုအႏုိင္ရရင္ ကိုယ့္ျပည္နယ္ရဲ႕ လူမ်ိဳးစုအေပၚ အေကာင္းဆံုးအေကာင္အထည္ေဖာ္ေဆာင္ရြက္လာႏုိင္တဲ့အရာေတြ ျဖစ္လာႏိုင္ တယ္။

 

ေမး။    ။ ေနာက္ဆံုးအေနနဲ႔ တုိင္းရင္းသားပါတီေတြ ဒီထက္အားေကာင္းေအာင္လုပ္သင့္တယ္လို႔ယူဆလား။ တိုင္းရင္းသားပါတီေတြ အားေကာင္းျခင္း၊ မေကာင္းျခင္းက ဒီမိုကေရစီအသြင္ကူးေျပာင္းေရးနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမွာ ဘယ္လိုျဖစ္လာႏုိင္ သလဲေပါ့။

ေျဖ။     ။ တိုင္းရင္းသားပါတီေတြအားေကာင္းလာမႈကို ႀကိဳဆိုရမယ္၊ အဲ့လိုႀကိဳဆိုမွပဲ စစ္မွန္တဲ့ၿငိမ္းခ်မ္းေရးကိုဦးတည္ၿပီးေတာ့မွ တိုင္းရင္းသားေတြကိုကိုယ္စားျပဳတဲ့ႏုိင္ငံတစ္ခုျဖစ္လာႏုိင္မယ္။ တိုင္းရင္းသားပါတီေတြအားမေကာင္းရင္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမွာ အားနည္းတဲ့အရာေတြျဖစ္ေနမွာပဲ။ ဘာေၾကာင့္လဲဆိုရင္ ဒီတုိင္းရင္းသားေတြလက္နက္ကိုင္တယ္ဆိုတာက ကၽြန္ေတာ္ကမြန္မဟုတ္ ေပမယ့္ မြန္ျပည္နယ္မွာေနတဲ့အခါက်ေတာ့ တခ်ဳိ႕ေသာခံစားခ်က္ေတြရွိတာေပါ့။ စီးပြားေရးအေနနဲ႔  ဥပမာေျပာရရင္ ရန္ကုန္မွာ ဓာတ္ဆီ (၄၃၀က်ပ္) ေပးရတဲ့အခ်ိန္မွာ မြန္ျပည္နယ္မွာက ဓာတ္ဆီ (၅၃၀)က်ပ္ျဖစ္တယ္။ ဒါကိုစီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ အေနနဲ႔ တစ္ႏုိင္ငံလံုးဘယ္မွာပဲဝယ္ဝယ္ (၅၀၀) သတ္မွတ္မယ္။ ရန္ကုန္မွာဝယ္လည္း (၅၀၀)၊ နယ္မွာဝယ္လည္း (၅၀၀)၊ ေတာထဲမွာ ဝယ္လည္း (၅၀၀) ဒါဆိုပိုမမွ်တဘူးလား။

စာရြက္ထဲမွာပဲအခြင့္အေရးတန္းတူရွိတယ္၊ ေလထဲပါးစပ္ေျပာကပဲအခြင့္အေရးတန္းတူကိုေျပာေနရင္ ၿငိမ္းခ်မ္းေရးကဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ဘူး။ အဲ့အတြက္ေၾကာင့္တိုင္းရင္းသားေတြကို တကယ္ရင္ထဲကႀကိဳဆိုတဲ့အရာျဖစ္ရမယ္။

၂၀၂၀ေရြးေကာက္ပြဲကို တုိင္းရင္းသားေတြစိတ္ဝင္စားေစခ်င္ပါတယ္။ ေမွ်ာ္လင့္ခ်က္မျပည့္ဝတဲ့အခါက်ေတာ့လူထုေတြရဲ႕ ဒီမိုကေရစီ စံႏႈန္းကိုေရရွည္သြားမယ့္ခရီးမွာ က်ဆံုးၿပီးေတာ့မွ လိုခ်င္တဲ့ပန္းတုိင္မေရာက္ပဲျဖစ္သြားမွာစိုးလို႔ ဆက္သြားၾကပါ၊ အေကာင္အထည္ ေဖာ္ၾကပါ။ ကိုယ့္ရဲ႕ယံုၾကည္မႈကိုအေကာင္အထည္ေဖာ္ၾကပါလို႔တိုက္တြန္းခ်င္တယ္။ တျဖည္းျဖည္းနဲ႔စိတ္ရွည္ၿပီးေတာ့သြားၾကပါ၊ အေကာင္အထည္ေဖာ္ၾကပါလို႔တုိက္တြန္းခ်င္ပါတယ္။