• Today is: Wednesday, August 5, 2020

ဒင်္ဂါပြားတစ်ချပ်ပေါ်မှာရှိသော ဖက်ဒရယ်ရေးနှင့် တိုင်းရင်းသားအခွင့်အရေး

Federal Journal
July24/ 2020

ဒင်္ဂါပြားတစ်ချပ်ပေါ်မှာရှိသော ဖက်ဒရယ်ရေးနှင့် တိုင်းရင်းသားအခွင့်အရေး

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မျက်နှာမူသည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးကို လွှတ်တော်ထဲ၌ အင်တိုက်အားတိုက် ဆွေးနွေးနေကြသည်။ ထောက်ခံသူက ၂ ထောက်ခံ ကန့်ကွက်သူက ကန့်ကွက်နှင့် အခန်းဆက် ဒီဘိတ်ပွဲတစ်ခုခုကို ကြည့်ရှုခံစားရသကဲ့သို့ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။

တစ်ရက်တွင် ကိုယ်စားလှယ်တစ်ဦးက သူ၏ဆွေးနွေး ချက်ထဲ၌ ပြည်တွင်းစစ်ဟူသည့် စကားရပ်တစ်ခုပါလာ၍ အခြားကိုယ်စားလှယ်တစ်ဦးက ပြည်တွင်းသောင်းကျန်းမှုဟု ပြင်ဆင်ပေးရန် တင်ပြလာသည်ကို တွေ့ရသည်။ ပြည်တွင်းစစ်ဖြစ်ဖြစ်၊ ပြည်တွင်းသောင်းကျန်းမှု ဖြစ်ဖြစ် ပြည်သူအချင်းချင်း သေနတ်ကိုင်၍ ရန်ဖြစ်ကြခြင်းပင် မဟုတ်လော။ အခွင့်အရေး တစ်ရပ်ရပ် ရလို၍ သေနတ်ကိုင်ကာ တောင်းဆိုကြခြင်း မဟုတ်လော။

ရှေးလူကြီးတစ်ယောက်ကပြောသော ကတိသုံး ပါး အကြောင်း သတိရမိသည်။ ရဟန်းကိုပေးသော ကတိ၊ ကိုယ့်ထက်ကြီးသူကို ပေးသောကတိ၊ ကလေး သူငယ်ကို ပေးသောကတိ ထိုသုံးပါးကို လွယ်လွယ်နှင့် မပေးနှင့်ဟူ၏။ ရဟန်းကို အလှူအတန်းပြုပါမည်ဟု ကတိပေးပြီး မတည် ၍ မဖြစ်။ ထို့အတူ ကိုယ့်ထက် အရာကြီးသူကိုလည်း ကတိပေးပြီး မတည်မဖြစ်။ ကလေးသူငယ်ကို ကတိပေးပြီး မတည်ပါကလည်း လူရှေ့မရှောင် သူရှေ့မရှောင် ပြောဆို တောင်းရမ်း လိမ့်မည်ဖြစ်သည်။

ထိုကတိသုံးပါးတွင် မပါဝင်သော်လည်း ကျွန် တော်တို့ နိုင်ငံတွင် ခဏခဏ တောင်းဆိုခံနေရသော ကတိတစ်ခုရှိသည်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်က ပေးထားသည့် လွတ် လပ်ရေးရပြီး ၁၀ နှစ်ကြာလျှင် တိုင်းရင်းသားများ၏ ခွဲထွက်လိုက ခွဲထွက်ခွင့် ဖြစ် သည်။ ခွဲထွက်ခွင့်ဆိုသည်မှာ တိုင်းရင်းသားများက မိမိတို့၏ အခွင့်အရေးရရှိလိုလျှင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကိုတောင်းဆိုခြင်းဖြစ်သည်။ ပြည်ထောင် စုမှ ခွဲထွက်လို၍တော့ မဟုတ်။

ထို့အတွက် လက်နက်ကိုင်ပုန်ကန်မှုတွေ ဖြစ် ပေါ်လာသည်။ ထိုအရာကို အာဏာရှင်အဆက်ဆက် က ပြည်တွင်း သောင်းကျန်းမှုဟူ၍ ပုံဖော်ခဲ့ကြသည်။ ယခု ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုသည် မှာလည်း တိုင်းရင်းသားများ၏ အခွင့်အရေးကို ပြည် ထောင်စုအစိုးရမှ ခွဲဝေလာမည့်သဘောပင် ဖြစ်သည်။

ပြည်တွင်းစစ်ကို ကိုယ်တိုင်မကြုံတွေ့ဖူးသော် လည်း စစ်၏ သက်မဲ့အနိဋ္ဌာရုံများကို ကြုံတွေ့ခဲ့ဖူး သည်။ ဟင်္သာတမှ မိုင် ၂၀ ကျော်ဝေးသော ဒိုက်ပျက် ဟူသည့် ဘူတာရုံကလေးမှ အနည်းသွားလျှင် ဂုံညင်း တန်းဟူသော ရွာကလေးရှိသည်။ ထိုရွာတွင် အမျိုးများ ရှိ၍ အလည်အပတ်သွားရာ အဘိုးတော်သူနှင့် အဖေတို့ နေထိုင်ခဲ့သော ရှေးဟောင်း တိုက်ပျက်ကြီးတစ်လုံးကို တွေ့ခဲ့ရသည်။

တိုက်ပျက်ကြီးများ မီးလောင်ထား သဖြင့် ညိုမည်း နေသည်။ အဘိုးက ထိုက လယ်ပိုင်ရှင်ကြီးတစ်ဦး ဖြစ်သည်။ လယ် ဧကများစွာ ပိုင်ဆိုင်ပြီး မိသားစုများနှင့် သူရင်းငှား အလုပ်သမားတို့နှင့်အတူ တစ်ထီး တစ်နန်း နေထိုင်ခဲ့သည်။ ငွေကြေးချမ်းသာ မှုကြောင့် ရွာအနီးနားချင်းများအပေါ်တွင် ဩဇာတိက္ကမ ကြီးခဲ့သည်။ လူမျိုးရေး ပဋိပက္ခများ ဖြစ်လာသော ၁၉၄၉ ခုနှစ် တစ်ဝိုက်တွင် သူ့ကို မြို့ပေါ်သို့ ပြောင်းရွှေ့ နေထိုင်ရန် သတိပေးကြသော်လည်း သူ့ကို မလုပ်တန်ရာဟု တွေးထင်ထားခဲ့သည်။

တကယ်တမ်းတွင်တော့ ဘယ်သူ့ကို မှ ထောက်ထားစာနာမှု မရှိတော့။ ရွာကို မီးရှို့ရာ အဘိုး၏တိုက်ကြီးလည်း ပါသွား သည်။ စပါးကျီထဲက စပါးတွေလည်းပါသွား သည်။ ကတိုက်ကရိုက်ဖြင့် မိသားစုတွေ လှည်းဖြင့်ထွက်ပြေးကြရာ နောက်က သေနတ်နှင့်  လိုက်ပစ်သဖြင့်  မိသားစု နှစ်ယောက် သေဆုံးခဲ့သည်။

လူကြီးတွေပြောပြတာ နားထောင် ရင်း စစ်၏အနိဋ္ဌာရုံတွေကို ကြားသိခဲ့ ရသည်။ ဘာအကြောင်းရင်းကြောင့် ဖြစ်ရ သည်ကိုတော့ မသိခဲ့။ ပြည်တွင်းစစ်အကြောင်း ကိုလည်း ကျောင်းပြဋ္ဌာန်းစာအုပ်များတွင် ဂဃနဏ ရေးထားသည်ကို မတွေ့။ သမိုင်းကိုဖုံးကွယ် ထားသောကြောင့် ပြည်တွင်းသောင်းကျန်းမှုများဟု သာ သိထားခဲ့သည်။

တလောက အမေရိကားမှ သူငယ်ချင်းတစ် ယောက် ပြန်လာပြီး စာကြည့်တိုက်က ကလေးများ ဖတ်ဖို့အတွက် ဟုဆိုကာ စာအုပ်တွေယူလာသည်။ သူက ကရင်လူမျိုးဖြစ်သည်။ သူ့ဇနီးက ချင်းအမျိုး သမီးဖြစ်၏။ ဇနီးသည်က ကျောင်းဆရာမဖြစ်၍ ကလေးစာအုပ်တွေနှင့် နီးစပ်ကာ လှူဒါန်းခြင်းဖြစ် သည်။ သူတို့မိသားစု တက္ကဆက်တွင် နေကြသည်ဆို၏။

အမေရိကန်က ကလေးများဖတ်သော စာအုပ် တစ်အုပ် ၏ ခေါင်းစဉ်မှာ ပြည်တွင်းစစ် ((Civial War) ဟူ၏။ မျက်လုံးပင် ပြူးသွားမိသည်။ ကိုယ့်ဆီက ကလေးများက အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲ၊ ဒုတိ ယစစ်ပွဲလောက် သင်နေချိန်တွင် သူတို့ကလေးတွေက အမေရိကန်ပြည်တွင်းစစ်အကြောင်းကို သင်နေပြီ ဖြစ်သည်။ စာအုပ်ကိုဖတ်ကြည့်တော့ ကလေးတွေ နားလည်အောင် မေးခွန်းနှင့် အဖြေလေးတွေ လုပ် ထားပေးသည်။ ပြည်တွင်းစစ်ဘယ်တုန်းက ဖြစ်လဲ၊ ဘာကြောင့် ဖြစ်တာလဲ၊ ဘယ်နေရာတွေမှာ ဖြစ်တာ လဲ၊ ဘာတွေ ဆုံးရှုံးခဲ့သလဲ စသည့် အမေးနှင့် အဖြေတို့ ပါဝင်သည်။ ငယ်ရွယ်စဉ်ကတည်းက ပြည်တွင်းစစ်၏အကျိုးနှင့် အပြစ်တို့ကို သိထားသော ကလေးများ နောက်နောင် ဘယ်တော့မှ ပြည်တွင်း စစ်ဖြစ်ချင် တော့မှာ မဟုတ်တော့ပါ။

မတွေ့တာကြာသော သူငယ်ချင်းနှင့် လက်ဖက် ရည် ဆိုင်ထိုင်ရင်း စကားတွေပြောဖြစ်ကြသည်။ သူရော သူ့ အမျိုးသမီးရော တိုင်းရင်းသားတွေဖြစ်နေ၍ ဖက်ဒရယ်အကြောင်း ရောက်သွားသည်။ ဖက်ဒရယ် ရရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးက ဘာတွေ ပိုရနိုင်မလဲ စကားပြော ဖြစ်ကြသည်။ တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့်၊ တိုင်းရင်းသားစာနှင့် ပညာသင်ကြားခွင့်တွေအထိပါ ရောက်သွားသည်။ ထို့နောက် မိသားစုအရေး ရောက်သွားပြီး ဟိုမှာ ဘယ်လိုနေကြလဲဟု မေးကြည့်ရာ မြန်မာပြည်မှ ရောက်လာသော တိုင်းရင်းသားများသည် ကိုယ့်အစု အဖွဲ့နှင့်ကိုယ် နေကြကြောင်း၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့လည်း ပဋိပက္ခ မရှိကြောင်း ပြောပြသည်။

ထိုမှ သတိရသွားသည်။ ကျွန်တော် ရန်ကုန် ဆင်ခြေဖုံးတွင် နေသည်။ ကျွန်တော့်အိမ်ဘေးတွင် ဆန်ဆိုင်ဖွင့်ထားသော ရခိုင်မိသားစု နေသည်။ ရခိုင် မိသားစုဘေးတွင် အမဲသားရောင်းသော မွတ်စလင် လူမျိုးများ နေသည်။ ထိုဘေးတွင် ချင်းမိသားစုများ နေထိုင်သည်။ ဘာအလုပ်မှမလုပ် တက္ကစီတစ်စီး ထောင်ထားသည်။ ရပ်ကွက်ထဲတွင် တိုင်းရင်းသားများ စွာ ဘာသာခြားများစွာ ရှိသည်။ တစ်ဦးနှင့်တစ်ဦး မည်သည့်ပဋိပက္ခမှမရှိဘဲ အေးချမ်းစွာ နေထိုင်ကြသည်။ မည်သူကမျှလည်း သူတို့အခွင့်အရေးအတွက် အထူးတလည် တောင်း ဆိုနေခြင်းလည်း မရှိကြ။ အခွင့်အရေးက တန်းတူ ရရှိထားပြီးဖြစ်သည်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ် လပ်စွာ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စီးပွားရှာခွင့်တွေ တန်းတူညီတူ ရရှိထား သည်။ မည်သူကမျှ အခွင့်အရေးပိုမရ။

အခွင့်အရေးဆိုသည်မှာ ညီမျှမှုနှင့် သက်ဆိုင် သည်။ မည်သည့် အစုအဖွဲ့မှ မည်သည့်အခွင့်အရေးမျှ မရလျှင် ပြဿနာမရှိ။ တစ်စုတစ်ဖွဲ့အဖွဲ့က အခြား အဖွဲ့ထက် တစ်စုံတစ်ရာ ပိုရလာလျှင် အခွင့်အရေးဆို သောစကား ပေါ်လာတော့သည်။

ကျွန်တော်တို့နိုင်ငံ ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်း ၇၀ ကျော် ဒုက္ခရောက်ခဲ့ကြရသည်။ စစ် ကြောင့် တိုင်းရင်းသားများနေထိုင်ရာ ဒေသများ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသည်။ မတည်ငြိမ်မှုများကြောင့် ပင် အခွင့်အရေးများလည်း တန်းတူညီတူရရှိမှု မရှိ ဖြစ်လာသည်။ ပြည်တွင်းငြိမ်းချမ်းရေးရရှိ ရေးကလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် နိုင်ရေးပေါ်တွင် မူတည်နေသည်။

တိုင်းရင်းသားအခွင့်အရေးနှင့် ဖက်ဒရယ်ပြည် ထောင်စုဆိုသည်မှာ ဒင်္ဂါးပြားတစ်ချပ်ပေါ်တွင် ကျော ခြင်းကပ်ရှိနေသော ခေါင်းနှင့် ပန်းကဲ့သို့ ဖြစ်သည်။ ခေါင်းလိုချင်၍ ပစ်ချလိုက်ပါက ပန်းကကျောက ပါလာ သကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စုဆိုသည်နှင့် တိုင်းရင်း သားအခွင့်အရေးက ကပ်ပါလာမည်ဖြစ်ပြီး တိုင်းရင်း သားအခွင့်အရေးရဖို့ဆိုသည်ကလည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မှသာ ဖြစ်ပေသည်။ ထို့ကြောင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင် ရေးမှသည် အလုံးစုံ ငြိမ်းချမ်းမှုဆီသို့ ဦးတည်ဆောင် ရွက်သင့်ပါကြောင်း….။

ဗညားလှိုင်ဦး

Zawgyi

ဒဂၤါျပားတစ္ခ်ပ္ေပၚမွာရွိေသာ ဖက္ဒရယ္ေရးႏွင့္ တိုင္းရင္းသားအခြင့္အေရး

ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးကို မ်က္ႏွာမူသည့္ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံျပင္ဆင္ေရးကို လႊတ္ေတာ္ထဲ၌ အင္တိုက္အားတိုက္ ေဆြးေႏြးေနၾကသည္။ ေထာက္ခံသူက ၂ ေထာက္ခံ ကန္႔ကြက္သူက ကန္႔ကြက္ႏွင့္ အခန္းဆက္ ဒီဘိတ္ပြဲတစ္ခုခုကို ၾကည့္႐ႈခံစားရသကဲ့သို႔ စိတ္လႈပ္ရွားဖြယ္ေကာင္းလွသည္။

တစ္ရက္တြင္ ကိုယ္စားလွယ္တစ္ဦးက သူ၏ေဆြးေႏြး ခ်က္ထဲ၌ ျပည္တြင္းစစ္ဟူသည့္ စကားရပ္တစ္ခုပါလာ၍ အျခားကိုယ္စားလွယ္တစ္ဦးက ျပည္တြင္းေသာင္းက်န္းမႈဟု ျပင္ဆင္ေပးရန္ တင္ျပလာသည္ကို ေတြ႕ရသည္။ ျပည္တြင္းစစ္ျဖစ္ျဖစ္၊ ျပည္တြင္းေသာင္းက်န္းမႈ ျဖစ္ျဖစ္ ျပည္သူအခ်င္းခ်င္း ေသနတ္ကိုင္၍ ရန္ျဖစ္ၾကျခင္းပင္ မဟုတ္ေလာ။ အခြင့္အေရး တစ္ရပ္ရပ္ ရလို၍ ေသနတ္ကိုင္ကာ ေတာင္းဆိုၾကျခင္း မဟုတ္ေလာ။

ေရွးလူႀကီးတစ္ေယာက္ကေျပာေသာ ကတိသံုး ပါး အေၾကာင္း သတိရမိသည္။ ရဟန္းကိုေပးေသာ ကတိ၊ ကိုယ့္ထက္ႀကီးသူကို ေပးေသာကတိ၊ ကေလး သူငယ္ကို ေပးေသာကတိ ထိုသံုးပါးကို လြယ္လြယ္ႏွင့္ မေပးႏွင့္ဟူ၏။ ရဟန္းကို အလွဴအတန္းျပဳပါမည္ဟု ကတိေပးၿပီး မတည္ ၍ မျဖစ္။ ထို႔အတူ ကိုယ့္ထက္ အရာႀကီးသူကိုလည္း ကတိေပးၿပီး မတည္မျဖစ္။ ကေလးသူငယ္ကို ကတိေပးၿပီး မတည္ပါကလည္း လူေရွ႕မေရွာင္ သူေရွ႕မေရွာင္ ေျပာဆို ေတာင္းရမ္း လိမ့္မည္ျဖစ္သည္။

ထိုကတိသံုးပါးတြင္ မပါဝင္ေသာ္လည္း ကြ်န္ ေတာ္တို႔ ႏိုင္ငံတြင္ ခဏခဏ ေတာင္းဆိုခံေနရေသာ ကတိတစ္ခုရွိသည္။ ၁၉၄၇ ခုႏွစ္ ပင္လံုစာခ်ဳပ္က ေပးထားသည့္ လြတ္ လပ္ေရးရၿပီး ၁၀ ႏွစ္ၾကာလွ်င္ တိုင္းရင္းသားမ်ား၏ ခြဲထြက္လိုက ခြဲထြက္ခြင့္ ျဖစ္ သည္။ ခြဲထြက္ခြင့္ဆိုသည္မွာ တိုင္းရင္းသားမ်ားက မိမိတို႔၏ အခြင့္အေရးရရွိလိုလွ်င္ ကိုယ့္ၾကမၼာကိုယ္ ဖန္တီးခြင့္ကိုေတာင္းဆိုျခင္းျဖစ္သည္။ ျပည္ေထာင္ စုမွ ခြဲထြက္လို၍ေတာ့ မဟုတ္။

ထို႔အတြက္ လက္နက္ကိုင္ပုန္ကန္မႈေတြ ျဖစ္ ေပၚလာသည္။ ထိုအရာကို အာဏာရွင္အဆက္ဆက္ က ျပည္တြင္း ေသာင္းက်န္းမႈဟူ၍ ပံုေဖာ္ခဲ့ၾကသည္။ ယခု ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုဆိုသည္ မွာလည္း တိုင္းရင္းသားမ်ား၏ အခြင့္အေရးကို ျပည္ ေထာင္စုအစိုးရမွ ခြဲေဝလာမည့္သေဘာပင္ ျဖစ္သည္။

ျပည္တြင္းစစ္ကို ကိုယ္တိုင္မႀကံဳေတြ႕ဖူးေသာ္ လည္း စစ္၏ သက္မဲ့အနိ႒ာ႐ံုမ်ားကို ႀကံဳေတြ႕ခဲ့ဖူး သည္။ ဟသၤာတမွ မိုင္ ၂၀ ေက်ာ္ေဝးေသာ ဒိုက္ပ်က္ ဟူသည့္ ဘူတာ႐ံုကေလးမွ အနည္းသြားလွ်င္ ဂံုညင္း တန္းဟူေသာ ရြာကေလးရွိသည္။ ထိုရြာတြင္ အမ်ိဳးမ်ား ရွိ၍ အလည္အပတ္သြားရာ အဘိုးေတာ္သူႏွင့္ အေဖတို႔ ေနထိုင္ခဲ့ေသာ ေရွးေဟာင္း တိုက္ပ်က္ႀကီးတစ္လံုးကို ေတြ႕ခဲ့ရသည္။

တိုက္ပ်က္ႀကီးမ်ား မီးေလာင္ထား သျဖင့္ ညိဳမည္း ေနသည္။ အဘိုးက ထိုက လယ္ပိုင္ရွင္ႀကီးတစ္ဦး ျဖစ္သည္။ လယ္ ဧကမ်ားစြာ ပိုင္ဆိုင္ၿပီး မိသားစုမ်ားႏွင့္ သူရင္းငွား အလုပ္သမားတို႔ႏွင့္အတူ တစ္ထီး တစ္နန္း ေနထိုင္ခဲ့သည္။ ေငြေၾကးခ်မ္းသာ မႈေၾကာင့္ ရြာအနီးနားခ်င္းမ်ားအေပၚတြင္ ဩဇာတိကၠမ ႀကီးခဲ့သည္။ လူမ်ိဳးေရး ပဋိပကၡမ်ား ျဖစ္လာေသာ ၁၉၄၉ ခုႏွစ္ တစ္ဝိုက္တြင္ သူ႔ကို ၿမိဳ႕ေပၚသို႔ ေျပာင္းေရႊ႕ ေနထိုင္ရန္ သတိေပးၾကေသာ္လည္း သူ႔ကို မလုပ္တန္ရာဟု ေတြးထင္ထားခဲ့သည္။

တကယ္တမ္းတြင္ေတာ့ ဘယ္သူ႔ကို မွ ေထာက္ထားစာနာမႈ မရွိေတာ့။ ရြာကို မီး႐ိႈ႕ရာ အဘိုး၏တိုက္ႀကီးလည္း ပါသြား သည္။ စပါးက်ီထဲက စပါးေတြလည္းပါသြား သည္။ ကတိုက္က႐ိုက္ျဖင့္ မိသားစုေတြ လွည္းျဖင့္ထြက္ေျပးၾကရာ ေနာက္က ေသနတ္ႏွင့္  လိုက္ပစ္သျဖင့္  မိသားစု ႏွစ္ေယာက္ ေသဆံုးခဲ့သည္။

လူႀကီးေတြေျပာျပတာ နားေထာင္ ရင္း စစ္၏အနိ႒ာ႐ံုေတြကို ၾကားသိခဲ့ ရသည္။ ဘာအေၾကာင္းရင္းေၾကာင့္ ျဖစ္ရ သည္ကိုေတာ့ မသိခဲ့။ ျပည္တြင္းစစ္အေၾကာင္း ကိုလည္း ေက်ာင္းျပ႒ာန္းစာအုပ္မ်ားတြင္ ဂဃနဏ ေရးထားသည္ကို မေတြ႕။ သမိုင္းကိုဖံုးကြယ္ ထားေသာေၾကာင့္ ျပည္တြင္းေသာင္းက်န္းမႈမ်ားဟု သာ သိထားခဲ့သည္။

တေလာက အေမရိကားမွ သူငယ္ခ်င္းတစ္ ေယာက္ ျပန္လာၿပီး စာၾကည့္တိုက္က ကေလးမ်ား ဖတ္ဖို႔အတြက္ ဟုဆိုကာ စာအုပ္ေတြယူလာသည္။ သူက ကရင္လူမ်ိဳးျဖစ္သည္။ သူ႕ဇနီးက ခ်င္းအမ်ိဳး သမီးျဖစ္၏။ ဇနီးသည္က ေက်ာင္းဆရာမျဖစ္၍ ကေလးစာအုပ္ေတြႏွင့္ နီးစပ္ကာ လွဴဒါန္းျခင္းျဖစ္ သည္။ သူတို႔မိသားစု တကၠဆက္တြင္ ေနၾကသည္ဆို၏။

အေမရိကန္က ကေလးမ်ားဖတ္ေသာ စာအုပ္ တစ္အုပ္ ၏ ေခါင္းစဥ္မွာ ျပည္တြင္းစစ္ ((Civial War) ဟူ၏။ မ်က္လံုးပင္ ျပဴးသြားမိသည္။ ကိုယ့္ဆီက ကေလးမ်ားက အဂၤလိပ္- ျမန္မာ ပထမစစ္ပြဲ၊ ဒုတိ ယစစ္ပြဲေလာက္ သင္ေနခ်ိန္တြင္ သူတို႔ကေလးေတြက အေမရိကန္ျပည္တြင္းစစ္အေၾကာင္းကို သင္ေနၿပီ ျဖစ္သည္။ စာအုပ္ကိုဖတ္ၾကည့္ေတာ့ ကေလးေတြ နားလည္ေအာင္ ေမးခြန္းႏွင့္ အေျဖေလးေတြ လုပ္ ထားေပးသည္။ ျပည္တြင္းစစ္ဘယ္တုန္းက ျဖစ္လဲ၊ ဘာေၾကာင့္ ျဖစ္တာလဲ၊ ဘယ္ေနရာေတြမွာ ျဖစ္တာ လဲ၊ ဘာေတြ ဆံုး႐ံႈးခဲ့သလဲ စသည့္ အေမးႏွင့္ အေျဖတို႔ ပါဝင္သည္။ ငယ္ရြယ္စဥ္ကတည္းက ျပည္တြင္းစစ္၏အက်ိဳးႏွင့္ အျပစ္တို႔ကို သိထားေသာ ကေလးမ်ား ေနာက္ေနာင္ ဘယ္ေတာ့မွ ျပည္တြင္း စစ္ျဖစ္ခ်င္ ေတာ့မွာ မဟုတ္ေတာ့ပါ။

မေတြ႕တာၾကာေသာ သူငယ္ခ်င္းႏွင့္ လက္ဖက္ ရည္ ဆိုင္ထိုင္ရင္း စကားေတြေျပာျဖစ္ၾကသည္။ သူေရာ သူ႔ အမ်ိဳးသမီးေရာ တိုင္းရင္းသားေတြျဖစ္ေန၍ ဖက္ဒရယ္အေၾကာင္း ေရာက္သြားသည္။ ဖက္ဒရယ္ ရရင္ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးက ဘာေတြ ပိုရႏိုင္မလဲ စကားေျပာ ျဖစ္ၾကသည္။ တိုင္းရင္းသား ဘာသာစကား သင္ၾကားခြင့္၊ တိုင္းရင္းသားစာႏွင့္ ပညာသင္ၾကားခြင့္ေတြအထိပါ ေရာက္သြားသည္။ ထို႔ေနာက္ မိသားစုအေရး ေရာက္သြားၿပီး ဟိုမွာ ဘယ္လိုေနၾကလဲဟု ေမးၾကည့္ရာ ျမန္မာျပည္မွ ေရာက္လာေသာ တိုင္းရင္းသားမ်ားသည္ ကိုယ့္အစု အဖြဲ႕ႏွင့္ကိုယ္ ေနၾကေၾကာင္း၊ တစ္ဖြဲ႕ႏွင့္ တစ္ဖြဲ႕လည္း ပဋိပကၡ မရွိေၾကာင္း ေျပာျပသည္။

ထိုမွ သတိရသြားသည္။ ကြ်န္ေတာ္ ရန္ကုန္ ဆင္ေျခဖံုးတြင္ ေနသည္။ ကြ်န္ေတာ့္အိမ္ေဘးတြင္ ဆန္ဆိုင္ဖြင့္ထားေသာ ရခိုင္မိသားစု ေနသည္။ ရခိုင္ မိသားစုေဘးတြင္ အမဲသားေရာင္းေသာ မြတ္စလင္ လူမ်ိဳးမ်ား ေနသည္။ ထိုေဘးတြင္ ခ်င္းမိသားစုမ်ား ေနထိုင္သည္။ ဘာအလုပ္မွမလုပ္ တကၠစီတစ္စီး ေထာင္ထားသည္။ ရပ္ကြက္ထဲတြင္ တိုင္းရင္းသားမ်ား စြာ ဘာသာျခားမ်ားစြာ ရွိသည္။ တစ္ဦးႏွင့္တစ္ဦး မည္သည့္ပဋိပကၡမွမရွိဘဲ ေအးခ်မ္းစြာ ေနထိုင္ၾကသည္။ မည္သူကမွ်လည္း သူတို႔အခြင့္အေရးအတြက္ အထူးတလည္ ေတာင္း ဆိုေနျခင္းလည္း မရွိၾက။ အခြင့္အေရးက တန္းတူ ရရွိထားၿပီးျဖစ္သည္။ လြတ္လပ္စြာ ကိုးကြယ္ခြင့္၊ လြတ္ လပ္စြာ ပညာသင္ၾကားခြင့္၊ လြတ္လပ္စြာ ေျပာဆိုခြင့္၊ လြတ္လပ္စြာ စီးပြားရွာခြင့္ေတြ တန္းတူညီတူ ရရွိထား သည္။ မည္သူကမွ် အခြင့္အေရးပိုမရ။

အခြင့္အေရးဆိုသည္မွာ ညီမွ်မႈႏွင့္ သက္ဆိုင္ သည္။ မည္သည့္ အစုအဖြဲ႕မွ မည္သည့္အခြင့္အေရးမွ် မရလွ်င္ ျပႆနာမရွိ။ တစ္စုတစ္ဖြဲ႕အဖြဲ႕က အျခား အဖြဲ႕ထက္ တစ္စံုတစ္ရာ ပိုရလာလွ်င္ အခြင့္အေရးဆို ေသာစကား ေပၚလာေတာ့သည္။

ကြ်န္ေတာ္တို႔ႏိုင္ငံ ျပည္တြင္းစစ္ေၾကာင့္ ႏွစ္ေပါင္း ၇၀ ေက်ာ္ ဒုကၡေရာက္ခဲ့ၾကရသည္။ စစ္ ေၾကာင့္ တိုင္းရင္းသားမ်ားေနထိုင္ရာ ေဒသမ်ား ဖြံ႕ၿဖိဳးမႈေနာက္က်ခဲ့ရသည္။ မတည္ၿငိမ္မႈမ်ားေၾကာင့္ ပင္ အခြင့္အေရးမ်ားလည္း တန္းတူညီတူရရွိမႈ မရွိ ျဖစ္လာသည္။ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိ ေရးကလည္း ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ ႏိုင္ေရးေပၚတြင္ မူတည္ေနသည္။

တိုင္းရင္းသားအခြင့္အေရးႏွင့္ ဖက္ဒရယ္ျပည္ ေထာင္စုဆိုသည္မွာ ဒဂၤါးျပားတစ္ခ်ပ္ေပၚတြင္ ေက်ာ ျခင္းကပ္ရွိေနေသာ ေခါင္းႏွင့္ ပန္းကဲ့သို႔ ျဖစ္သည္။ ေခါင္းလိုခ်င္၍ ပစ္ခ်လိုက္ပါက ပန္းကေက်ာက ပါလာ သကဲ့သို႔ ဖက္ဒရယ္ျပည္ေထာင္စုဆိုသည္ႏွင့္ တိုင္းရင္း သားအခြင့္အေရးက ကပ္ပါလာမည္ျဖစ္ၿပီး တိုင္းရင္း သားအခြင့္အေရးရဖို႔ဆိုသည္ကလည္း ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ႏိုင္မွသာ ျဖစ္ေပသည္။ ထို႔ေၾကာင့္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ႏိုင္ေရးအတြက္ အေျခခံဥပေဒ ျပင္ဆင္ ေရးမွသည္ အလံုးစံု ၿငိမ္းခ်မ္းမႈဆီသို႔ ဦးတည္ေဆာင္ ရြက္သင့္ပါေၾကာင္း….။

ဗညားလိႈင္ဦး

 

ဗ ညာ း လိႈ င္ ဦ း