• Today is: Tuesday, August 3, 2021

ဒိုင်ယာလော့ခ် (ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက်)

Federal Journal
November26/ 2020

ဒိုင်ယာလော့ခ်

ရွေးကောက်ပွဲအပေါ် အရပ်ဖက်အဖွဲ့အစည်းတချို့က ဘယ်လိုမြင်လဲ၊ ရွေးကောက်ပွဲအလွန် အစိုးရသစ်အပေါ် ဘယ်လိုမျှော်မှန်းလဲဆိုတာကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ အရပ်ဖက် အဖွဲ့အစည်းတွင် တက်ြွကလှုပ်ရှားသူတချို့နှင့် ဆွေးနွေးဖြစ်ခဲ့ပါတယ်။

 

ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက် ဦးဆောင်ကော်မတီဝင် စောကျော်စွာ

ဆရာရဲ့အမည်ရယ်၊ ရာထူးရယ်၊ လက်ရှိတာဝန်ထမ်း ဆောင်နေတဲ့ အဖွဲ့အစည်းရယ်ကို ပြောပြပေးပါ။

ကျွန်တော့်နာမည်က စောကျော်စွာပါ။ ကရင့် ရေးရာကော်မတီရဲ့ အတွင်းရေးမှူးပါ။ ဒါကတော့ ကျွန်တော့်ရဲ့မိခင်အဖွဲ့အစည်းပေါ့။ တစ်ချိန်တည်းမှာပဲ ကရင်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ကွန်ရက်ရဲ့ ဦးဆောင်ကော်မတီတစ်ဦးလည်း ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဘာဖြစ်လို တိုင်းရင်းသားပါတီတွေက ရလဒ် မကောင်းခဲ့တာလဲ ဆရာ။

ကျွန်တော့်အမြင်က တိုင်းရင်းသားပါတီတွေက သူတို့ရဲ့လူမျိုးကို (Heart) ထိလောက်တဲ့ မူဝါဒတွေ မချမှတ်ပေးနိုင်ဘူး။ သူတို့ရဲ့လုပ်ဆောင်ချက်တွေက ထင်ထင်ရှားရှားနဲ့ လုပ်ဆောင်တဲ့ ဟာတွေ တစ်ခုမှ မဖော်ပြနိုင်ဘူး။ ဥပမာ ကရင်ပါတီပဲပြောရမယ်ဆိုရင် ကရင်အမျိုးသားရေးထက် သူတို့ရဲ့ကုလားထိုင်ပဲ ပိုအရေးကြီးနေသလားလို့ပေါ့၊ ဒါ ကျွန်တော့်အမြင်ပါ။ တစ်ဖက်ကို သွားယှဉ်လိုက်တဲ့ အခါကျတော့ ကရင် အမျိုးသားတွေအမြင်မှာ သူတို့ရဲ့ပါတီခေါင်းဆောင် တွေ၊ ပါတီအနေအထားတွေက ဘယ်လိုမှ အားကိုး နိုင်လောက်တဲ့ အနေအထားတွေမရှိဘူး။ ပြီးတော့ တပ်မတော်ရဲ့အခန်းကဏ္ဍပေါ့၊ အုပ်ချုပ်ရေးမှာ တပ်မ တော်ရဲ့ပါဝင်မှုကို ဘယ်လိုမှ တိုင်းရင်းသားပါတီတွေ က ဖယ်ရှားနိုင်မှာမဟုတ်တဲ့အတွက်ကြောင့် အားလုံး ပုံပြီးတော့မှ အပြောင်းအလဲလုပ်နိုင်တဲ့ NLD ကို မဲထည့်ကြတာပေါ့။

လက်ရှိအစိုးရ NLD ရဲ့ အားနည်းချက်တွေက ဘာတွေ ဖြစ်မလဲ။ ပြီးတော့သူတို့လုပ်ခဲ့သင့်တာနဲ့ မလုပ်ခဲ့သင့် တာတွေက ဘာတွေဖြစ်မလဲ ဆရာ။

အားနည်းချက်ကိုပြောတာထက် ကျွန်တော်တို့ ကရင်အမျိုးသားတွေရဲ့ မျှော်လင့်ချက်ကိုပြောမယ် ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကျွန်တော်တို့မျှော်လင့်ထားတာက ဘယ်လိုပဲဖြစ်ဖြစ် NLD ကတော့ နိုင်မှာပဲ။ NLD နိုင်လို့ရှိရင် ဖက်ဒရယ် ပြည်ထောင်စုထူထောင်ဖို့ လုပ်ငန်းစဉ်တစ်ခုတော့ သူတို့ ချမှတ်မှာပဲ။ ချမှတ်ဖို့အတွက်က အနည်းဆုံး ဗမာမဟုတ်တဲ့ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်း ဆောင်ရွက်မှုတော့ရှိမှာပဲဆိုပြီးတော့ မျှော်လင့်တကြီးနဲ့ စောင့်မျှော်ခဲ့တာပေါ့။ ဒါပေမဲ့ NLD တကယ်အာဏာ ရလာတဲ့အခါကျတော့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့အရေးကို ကိုင်တွယ်ဖို့ သူ့မှာ အကြပ် အတည်းတစ်ခု တွေ့တယ်။ ဘာအကြပ်အတည်း လဲဆိုတော့ NCA ပေါ့၊ NCA ကြောင့် သူက သွားချင် သလိုသွားလို့မရဘူး။ ဘယ်လိုသွားရင်ကောင်းမလဲ ဖြစ်နေချိန်မှာ အရင်အစိုးရလုပ်ထားတဲ့ဟာကို သူက တာဝန်ခံရတဲ့အခါကျတော့ တကယ်တမ်း တိုင်းရင်း သားအရေးကိုင်တွယ်မယ့်ဟာတွေက ဖြစ်မလာတော့ ဘဲနဲ့ ကျွန်တော်တို့မျှော်လင့်တာက တိုင်းရင်းသားများ ရဲ့ ရင်ကြားစေ့ရေးပေါ့၊ သူတို့က တပ်မတော်နဲ့အစိုးရ ရင်ကြားစေ့ရေးကို ဦးစားပေးလိုက်တဲ့အခါကျတော့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်သွားတာပေါ့။

၂၀၂၀ ရွေးကောက်ပွဲရလာဒ်က ဘယ်လိုပုံစံမျိုး ဖြစ် လာနိုင်မလဲ။ ဆရာတို့အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ကရော ဘယ်လိုပုံစံမျိုးကို ဖြစ်စေချင်သလဲ ပေါ့၊ ဆရာအမြင်သုံးသပ်ပေးပါဦး။

ကျွန်တော်တို့ကတော့ လောလောဆယ် အရပ် ဖက်လူမှုအဖွဲ့အစည်းရော လူထုတော်တော်များများက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲထည့်ဖို့ စဉ်းစားတဲ့ အခါမှာ ရှုထောင့်က နည်းနည်းကွဲတာပေါ့။ ဘယ် ပါတီ၊ ဘယ်သူက ပြည်သူလူထုအကျိုးစီးပွားကို အကောင်းဆုံးလုပ်တာ မရွေးဘူး။ အနည်းဆုံး ဖျက်ဆီးမယ့်လူကို လိုက်ပြီးတော့ရွေးတာ၊ ဆိုလိုတာ က NLD ဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးဖြစ်ဖြစ်၊ တိုင်းရင်းသား ပါတီဖြစ်ဖြစ် ဘယ်ပါတီက ပြည်သူလူထု အကျိုးစီးပွား ကို ဖျက်ဆီးတာအနည်းဆုံးဖြစ်မယ့်ပါတီဆိုရင်တော့ မဲထည့်ဖို့ရှိတာပေါ့။ ထိုနည်းတူ ပုဂ္ဂိုလ်ပေါ့၊ ပါတီချင်း မတူဘူး၊ ရွေးကောက်ပွဲဝင်အရွေးခံမယ့်ပုဂ္ဂိုလ်က တောက်လျှောက်ကိုယ်ကျိုးအတွက်လုပ်မှာလား၊  ကရင်အမျိုးသားအတွက်လုပ်မှာလား။ ဒီနေရာမှာ ဘယ်သူက ကရင်အမျိုးသားအကျိုးကို ဖျက်ဆီးတာ အနည်းဆုံးဖျက်ဆီးတာဖြစ်မလဲဆိုတာ ကြည့်ပြီးတော့ မဲထည့်ကြမှာပေါ့။

အခုတော်တော်များများ ညွှန့်ပေါင်းအစိုးရဆိုပြီးတော့ ပြောနေကြတယ်။ တကယ်လို့ ညွှန့်ပေါင်းအစိုးရထွက် ပေါ်လာလို့ရှိရင် တိုင်းရင်းသားပါတီတွေရဲ့ အခန်း ကဏ္ဍက ပိုပြီးတော့ မြင့်မားလာမလား၊ ထင်တယ် ဆိုရင် ဘာကြောင့်ထင်မိလဲပေါ့ ဆရာ။

ကျွန်တော်ထင်တာ တိုင်းရင်းသား ပါတီခေါင်း ဆောင်တော်တော်များများက ပါတီစုံဒီမိုကရေစီစနစ် ဆိုတာ ကောင်းကောင်းနား မလည်ဘူး။ သူတို့ထင်တာ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ အစိုးရဖွဲ့ရင် အများကြီး စုပေါင်းရမယ်ထင်လို့ ညွှန့်ပေါင်းကို လိုချင်တာ။ ကျွန်တော်တို့ရဲ့ခံယူချက်က ပါတီစုံဒီမိုကရေစီအစိုးရမှာ ကျွန်တော်တို့လိုချင်တာ အတိုက်အခံနေရာပဲ။ ဆိုလို တာက လွှတ်တော်မှာ အတိုက်အခံရှိရမယ်။ ပါတီစုံ ဒီမိုကရေစီမှာ အစိုးရဆိုတာ ပါတီစုံပါရမှာပေါ့ဆိုတာက မှားယွင်းတဲ့အတွေးအခေါ်ပေါ့။ ဘယ်ပါတီပဲနိုင်နိုင် အတိုက်အခံရဲ့ခုံနေရာတော့ ရှိဖို့လိုတာပေါ့။ ကျွန်တော့် အမြင်အရပြောမယ်ဆိုရင် ညွှန့်ပေါင်းအစိုးရဆိုတာ ကျွန်တော်က သိပ်ပြီးတော့ မကြိုက်ဘူး။ ညွှန့်ပေါင်း အစိုးရလုပ်တယ်ဆိုတာ တကယ်တော့ခုံနေရာရရှိရေးပဲ၊ ပြီးတော့မှ တကယ်တမ်းလည်း ကိုယ်သိပ်ပြီးတော့ မလုပ်နိုင်ဘူး။ နိုင်ငံတော်တော်များများကို ကြည့်လိုက် တဲ့အခါမှာ ညွှန့်ပေါင်းအစိုးရက ဘယ်တော့မှ မတည်မြဲ ဘူး၊ တစ်နှစ်တောင်မခံဘူး။ အခု တိုင်းရင်းသားပါတီ တော်တော်များများက ကုလားထိုင်လိုချင်တဲ့အရေးနဲ့ ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရင် NLD ကို ဖြုတ်ချ ရေး (၅၀%+၁) ပေါ့။ သူတို့စဉ်းစားတာက အံ့ဩစရာ ကောင်းတယ်။ နိုင်ငံတော်အကျိုးစီးပွားကို ဘယ်သူက အလုပ်နိုင်ဆုံးလဲဆိုတာ သူတို့မကြည့်ဘဲနဲ့ NLD မရှိရင် ပြီးရောဆိုပြီးတော့မှပေါ့။ ဗမာမဟုတ်တဲ့ တိုင်းရင်း သားအနိုင်ရပါတီတွေပေါင်းလိုက်ဦး၊ ဘယ်လိုမှ ၂၀% မကျော်နိုင်ဘူး။ အဲဒီတော့ ပေါင်းစရာရှိ တာက ပြည်ခိုင်ဖြိုးနဲ့ NLD ပေါ့။ တပ်မတော်ရှိမယ် လွှတ်တော်ထဲမှာ၊ ပြည်ခိုင်ဖြိုးက ဘယ်နှယောက်နိုင်၊ ငါတို့က ဘယ်နှယောက်နိုင်၊ နိုင်တာတွေပေါင်းပြီး NLD ကို ပထုတ်လို့ရမယ်ဆိုတာ အဲဒီလိုစဉ်းစားတာ တွေကျ တော့ ကျွန်တော်က လက်မခံဘူး။ တကယ် နိုင်ငံတော် အတွက်ကောင်းမယ့် အလားအလာ မဟုတ်ဘူး။ ကျွန်တော်တို့မလိုချင်တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရင်တော့ ကောင်းမယ် ပေါ့၊ ဒါ ကျွန်တော့်ဆန္ဒပါ။

နောက်ထပ်မေးချင်တာက တိုင်းရင်းသားပါတီ တွေ မဟာမိတ်ဖွဲ့လိုက်၊ ကွဲကြလိုက်နဲ့ပေါ့။ ဘာကြောင့် အဲဒီလိုမျိုးတွေဖြစ်နေရသလဲ။ ဘယ်လိုဖြစ်သင့်လဲ၊ ဆရာအနေနဲ့ ဘယ်လိုထင်မြင်မိလဲ။

တိုင်းရင်းသားပါတီတွေကွဲတာက တချို့က မူဝါဒပိုင်းဆိုင်ရာ ရပ်တည်မှုကြောင့်ဖြစ်နိုင်တယ်။ တချို့က နေရာရရှိရေးကြောင့် ကွဲတာဖြစ်နိုင်တယ်။ ဥပမာ NLD က ကွဲထွက်သွားတဲ့ခေါင်းဆောင်တွေကို ကြည့်တဲ့အခါမှာ သူတို့က မူဝါဒကြောင့်ကွဲတာ မဟုတ်ဘူး။ နေရာနဲ့လုပ်ပိုင်ခွင့်ကိုကြည့်ပြီးတော့ ကွဲတာပေါ့။ အကြံပြုချင်တာက တိုင်းရင်းသားပါတီ တွေက ကိုယ်ပါတီထောင်တာဘာအတွက်လဲ၊ ကိုယ့် လူမျိုးတွေ တန်းတူအခွင့်အရေးရရှိဖို့အတွက်လား ဒါမှမဟုတ် ကိုယ်ကုလား ထိုင်ရရှိဖို့ အတွက်လားပေါ့။ ကုလားထိုင်ရရှိဖို့အတွက် ဆိုရင် တော့ ပေါင်းတာ မပေါင်းတာ ကိစ္စမရှိဘူး။ ကိုယ့်လူမျိုး ရဲ့ရပိုင်ခွင့်ကို ဒီမိုကရေစီနည်းအရ ရစေချင် တယ်ဆိုရင် တော့ တူညီတဲ့မူဝါဒ တည်ဆောက်ပြီးတော့ ပေါင်း စည်းဖို့က အရေးကြီးတယ်။

တိုင်းရင်းသားပါတီတွေအားကောင်းခြင်း၊ မကောင်း ခြင်းက ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ် မှာ အကျိုးသက်ရောက်မှုရှိမလား။

မေးခွန်းကတော့ တော်တော်လေးခက်ခဲတဲ့ မေးခွန်းပဲ။ တိုင်းရင်းသားပါတီတွေ အားကောင်းခြင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယှဉ်တွဲပြီးတော့ ကြည့်လိုက်တဲ့ အခါမှာ ကျွန်တော်တို့က (၂) မျိုး တွေ့ရတယ်။ တစ်မျိုးက လက်ရှိမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ရှိနေတဲ့ အတွက်ကြောင့် တိုင်းရင်းသားတွေက လွတ်လွတ် လပ်လပ် သွားလာလှုပ်ရှားစည်းရုံးနိုင်တာက အား ကောင်းနိုင်တယ်လို့ပြောလို့ရတယ်။ နောက်တစ်ခုက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်တဲ့ တိုင်းရင်းသား တွေရဲ့မူဝါဒတွေနဲ့ တထပ်တည်းမဖြစ်ရင်တောင် အနီးစပ်ဆုံးဖြစ်သွားရင် အားကောင်းချင် ကောင်း သွားလိမ့်မယ်။ ဒါပေမဲ့ လက်ရှိအနေအထားက လူထု တွေက တိုင်းရင်းသားပါတီအပေါ်မှာ အယုံအကြည် နည်းကြတယ်။ ခုနက ကျွန်တော်ပြောသလို ဥပမာ ကရင်ပဲဆိုကြပါစို့၊ ကရင်အမျိုးသားရေးအတွက် ဘာတွေလုပ်ပေးမလဲဆိုတာ ပါတီ တွေက ဘယ်သူမှ ရဲရဲဝံ့ဝံ့ မပြောရဲဘူး။ ကုလားထိုင်ရဖို့ကို အရင်ဆုံး စဉ်းစားလိုက်တဲ့အခါမှာ သူတို့တွေက တော်တော်လေး အားနည်းသွားတယ်။ လက်ရှိ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့မူဝါဒကို ပြည်သူ လူထုတွေ ကြိုက်ကောင်းကြိုက်လိမ့်မယ်။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထွက်ပေါ်လာတဲ့ အသီးအပွင့် ကို ပြည်သူလူထုရဲ့အမြင်အရကတော့ သင့်တော်တဲ့ အသီးအပွင့် ဖြစ်ချင်မှဖြစ်လိမ့်မယ်။ အဲ့အတွက်ကြောင့် ကျွန်တော်ထင်တာက ငြိမ်းချမ်းရေးဖြစ်စဉ်ကြောင့် တိုင်းရင်းသားပါတီတွေ ဘယ်လိုမှ အားကောင်းလာမှာ မဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးတွေ လိုလားချက် တွေနဲ့ကိုက်ညီတဲ့ မူဝါဒတွေထားနိုင်မှ အားကောင်းမှာ ဖြစ်တယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်အတွက်ရော ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်နိုင်မလဲဆရာ။

ဒီမိုကရေစီ အသွင်ကူပြောင်းမှုဖြစ်စဉ်အတွက် တော့ အခွင့်အရေးပိတ်ပင်တာလျှော့ချတယ်၊ တိုင်း ရင်းသားပါတီတွေရဲ့ မူဝါဒတွေ လွတ်လပ်စွာ ချမှတ်ခွင့် ရတဲ့အခါကျတော့ အများကြီးအကျိုးရှိလာပါတယ်။

နောက်ဆုံးအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက် ပြီး ဆရာရဲ့အမြင် သဘောထားလေး သုံးသပ်ပေးပါ အုံး။

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော် ကတော့ ဝေဝေဝါးဝါးပဲ မြင်နေရတယ်။ ဘာလို့ဆိုတော့ နည်းနည်းစောသေးတာပေါ့။ ကျွန်တော်က ပါတီ အနေအထားတွေကြည့်တယ်။ သူတို့ရဲ့ရွေးချယ်တဲ့ ကိုယ်စားလှယ်အနေအထားတွေကြည့်တယ်။ ခန့်မှန်း ချေ ပြောမယ်ဆိုရင် NLD ကတော့ ဆက်နိုင်ဖို့ အလား အလာတော်တော်များတယ်။ NLD အစိုးရက တော် တော်လေးပါးပါးနပ်နပ်နဲ့ နိုင်ငံရေး ကစားတာ တွေ့ရ တယ်။ နမူနာလေး ကျွန်တော်တို့ ကရင်ပြည်နယ်ဖက် ဆိုကြပါစို့၊ ရေဘေးနဲ့ပတ်သက်ပြီးတော့မှ အကူအညီ ပေးတာတို့ဆိုတာ တကယ်တမ်းကျတော့ အောက်ခြေ အဖွဲ့အစည်းတွေ၊ မြို့နယ်အဆင့်တွေကတွေက လုပ်ရင် ရတယ်။ ကျွန်တော်တို့ဆီမှာကျတော့ ဝန်ကြီးချုပ် ကိုယ်တိုင်၊ အမတ်တွေအားလုံးသွားပြီးတော့မှ ပေးကြ တာပေါ့။ ပြည်သူအမြင်မှာ ငါတို့ဝန်ကြီးချုပ်ကိုယ်တိုင် လာပေးပါလားပေါ့၊ ပြည်သူလူထုရဲ့ နိုင်ငံရေး ရင့်ကျက်မှု အပေါ်မှာ မူတည်တာပေါ့။ အဲဒီလိုဆိုတော့ NLD က တော်တော်လေးပါးပါးနပ်နပ်နဲ့ လွှမ်းမိုးပြီးတော့ နေရာယူထားနိုင်တာ တွေ့ရတယ်။ COVID ပေါ်လာ တဲ့အခါကျတော့ အသင်းအဖွဲ့ ဖွဲ့တဲ့အခါမှာ တကယ့် ပါးပါးနပ်နပ် ပုဂ္ဂိုလ်တွေက ထိပ်ဆုံးမှာ နေရာယူ လိုက်တဲ့အခါ ဘာမှပြောစရာမလိုပဲနဲ့ ကိုယ့်လူဖြစ် သွားတယ်၊ အဲဒီလိုအသုံးချတတ်တဲ့အခါကျတော့ ကျွန်တော်ထင်တာ NLD ပဲ ဆက်ပြီးတော့ နိုင်ဦးမှာပဲ လို့ ထင်ပါတယ်။

 

Mon State Community association ၏ Director ခိုင်ခိုင်လဲ့မြင့်

ပထမဆုံးမေးချင်တာက ဆရာမရဲ့အမည်၊ လက်ရှိ လုပ်နေတဲ့အဖွဲ့အစည်းနဲ့၊ ရာထူး အရင် ပြောပြပေးပါ။

ကျွန်မနာမည်က ခိုင်ခိုင်လဲ့မြင့်ပါ။ Mon State Community association မှာ Director အနေနဲ့ တာဝန်ယူထားပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသား ပါတီတွေက ရလဒ်မကောင်းခဲ့ဘူးပေါ့။ အဲဒီအပေါ်မှာ ဆရာမအနေနဲ့ ဘယ်လိုမြင်မိလဲ။

ကျွန်မတို့ပြည်နယ်နဲ့ အရင်ယှဉ်ပြီးပြောပြချင် တယ်။ ကျွန်မတို့ပြည်နယ်မှာက တိုင်းရင်းသား တွေက ပထမဆုံးပါတီစုံဖွင့်ချလိုက်တာဆိုတော့ အလေ့အကျင့် လည်း မရှိခဲ့ဘူး။ အဆင်သင့် လည်းမရှိဘဲ ဝင်ပြိုင် ကြတယ်။ နောက်ပိုဆိုးတာက လူမျိုးတစ်မျိုးတည်းမှာ ပါတီက (၃)မျိုး လောက် ကွဲနေကြတယ်။ အချင်းချင်း လည်း လေ့ကျင့်ပြင်ဆင်ထားတာမရှိတော့ ပြည်သူ အပေါ် လည်း ပါဝင်လာအောင်၊ စိတ်ဝင်စားလာအောင် မဲဆွယ်စည်းရုံးနိုင်တာလည်းမရှိဘူး။ အဲဒါတွေ ကြောင့် တိုင်းရင်းသားပါတီတွေ မဲနည်းခဲ့တာပေါ့။

လက်ရှိအစိုးရရဲ့ အားနည်းချက်တွေက ဘာတွေဖြစ် မလဲ၊ နောက်လက်ရှိအစိုးရအနေနဲ့ ဘာတွေလုပ်ခဲ့သင့် တယ်၊ ဘာတွေမလုပ်ခဲ့သင့်ဘူးပေါ့၊ အဲဒီအပေါ် သုံးသပ်ပေးပါဦး။

လက်ရှိအစိုးရက အရင်ထက်စာရင် နည်းနည်း ဒီမိုကရေစီကျလာတယ်ပေါ့။ ဒါပေမဲ့ သူ့အားနည်း ချက်က ဗဟိုပဲ၊ ဗဟိုချုပ်ကိုင်မှုနဲ့ပဲ သွားနေတာ ဒီမို ကရေစီသိပ်မဆန်ဘူးပေါ့။ မြေပြင်နဲ့ကိုက်ညီတဲ့ဟာ တွေကို မဆုံးဖြတ်နိုင်ဘူး၊ မတွေးတောနိုင်ဘူး၊ မစဉ်း စားနိုင်ဘူး။ လက်တွေ့ကျကျမလုပ်နိုင်ဘူးပေါ့။ အဲဒါ တွေက သူတို့ရဲ့အားနည်းချက်တွေ ဖြစ်သွားတယ်။

နောက်ထပ်မေးချင်တာက ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်လိုဖြစ်လာနိုင်လဲ၊ ဆရာမတို့ CSO အဖွဲ့အစည်းအနေနဲ့ဆို ဘယ်လိုဖြစ်စေချင်လဲ။ ဥပမာ NLD ကပဲ အပြတ်အသတ် အနိုင်ရသွားတာမျိုး မြင် စေချင်လား ဒါမှမဟုတ် ဒါမှမဟုတ် NLD နဲ့ တိုင်း ရင်းသားပါတီတွေ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖြစ် လာတာ မြင်ချင်သလား။ အဲ့လိုမျိုးတွေရော ဖြစ်လာ နိုင်သလားပေါ့။ ဆရာမရဲ့အမြင် သုံးသပ်ပေးပါဦး။

ကျွန်မအနေနဲ့ဆိုရင် ပါတီစုံ ဒီမိုကရေစီဖြစ်လာဖို့ မျှော်လင့်တာပေါ့၊ အဲဒါမှပဲ Check and Balance လည်းရှိလာမယ်။ ပြည်နယ်ဆိုရင် သူ့ပြည်နယ်နဲ့ သူ အလိုက်ပေါ့။ တိုင်းရင်းသားပါတီတွေကလည်း သူ့ ကိုယ်စားလှယ်နဲ့သူ ရှိလာမယ်။ နောက်ကိုယ့်ဒေသ အကြောင်း အသိဆုံးက ဒေသခံပဲ။ အဲဒါကြောင့် ဒေသခံပါတီတွေက ကိုယ်စားလှယ်တွေနဲ့ NLD နဲ့ ပေါင်းပြီးဆောင်ရွက်သွားမယ်ဆိုရင်  ဒီမိုကရေစီ ပိုပြီး ပီပြင်လာမယ်လို့ ကျွန်မမြင်မိပါတယ်။

တကယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအပြီး ညွှန့်ပေါင်း အစိုးရပေါ်လာမယ်ဆိုရင် တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍပိုပြီး မြင့်လာမယ်လို့ ထင်သလား။ ဘာကြောင့်လဲပေါ့။

ညွှန့်ပေါင်းအစိုးရဆိုရင် တစ်ပါတီတည်း မဟုတ် တော့ဘူးလေ၊ ပါတီစုံဆိုတော့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလည်း  မြင့်မားလာမယ်။ ဒီပြည်နယ် ကနေလည်း တိုင်းရင်းသားပါတီတွေက တက်သွား မယ်၊ တခြားပြည်နယ်တွေကလည်း တက်သွားမယ်ဆို  တော့ အစုံဖြစ်သွားမယ်။ နဂိုကတည်းက မြန်မာ နိုင်ငံက စုံလင်ကွဲပြားတာတွေ ရောယှက်ပြီး နေနေကြ တာဆိုတော့ အစိုးရမှာလည်း အဲဒီလို တိုင်းရင်းသား ပါတီတွေပါဝင်ခွင့်ရရင် ပိုပြီးတော့ကောင်းလာမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။

၂၀၂၀ မှာ ညွှန့်ပေါင်းအစိုးရဖွဲ့လိုက်ပြီဆိုပါတော့နော်။ အရင်ကတည်းက NLD နဲ့ တိုင်းရင်းသားပါတီတွေနဲ့ က အပေးအယူ မတည့်တာတွေ ကျွန်တော်တို့ ကြုံခဲ့ ကြပြီးပြီပေါ့နော်။ အဲဒီလိုအခြေအနေရှိတော့ တိုင်း ရင်းသားပါတီတွေက တခြားပြည်မပါတီ ဒါမှမဟုတ် တပ်မတော်နဲ့ပေါင်းပြီး ညွှန့်ပေါင်းအစိုးရ ဖြစ်လာနိုင် လား။ ဒါမှမဟုတ်ရင် NLD က အခုတပ်မတော်နဲ့ အများကြီးပေါင်းတယ်လို့ ပြောနေကြတာတွေရှိ တယ်။ ၂၁ ပင်လုံမှာလည်း တိုင်းရင်းသားတွေနဲ့၊ NLD နဲ့၊ တပ်မတော်နဲ့ သဘောထားကွဲလွဲထားတာ တွေလည်းရှိတော့ ၂၀၂၀ အလွန်မှာ ဘယ်လိုဖြစ်လာ နိုင်လဲ။

အခုမေးသလိုမျိုးဖြစ်လာရင် စိုးရိမ်စိတ် ဖြစ်မိ တယ်ပေါ့။ ကျွန်မကတော့ အဲဒီလိုမျိုးမဖြစ်စေချင်ဘူး။ ဒီမိုကရေစီရဲ့ဘက်တော်သားနဲ့ တကယ့်ငြိမ်းချမ်းရေး မှာ မရှိမဖြစ်လိုအပ်တဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ သင့်တင့်မျှတစေချင်တယ်ပေါ့နော်။ နောက် ဒီမိုကရေစီ ရဲ့ အင်္ဂါရပ်မှာကိုက အာဏာရှင်စနစ်၊ အာဏာရှင်ဆန် တဲ့ အုပ်ချုပ်ရေးက အဆင်မပြေဘူး။ တပ်မတော်နဲ့ ဒီမိုကရေစီစနစ်ကတော့ သဟဇာတ မဖြစ်ဘူးပေါ့နော်။ တော်တော်ကြီးကိုလွဲနေတော့ အဲဒီဖက်ကိုတော့ သွားမပေါင်းစေချင်ဘူး။ နောက်အရင်ကရှိခဲ့တဲ့ အာဏာရှင်စနစ်ကို လုပ်ခဲ့တဲ့ပါတီတွေနဲ့လည်း မပူး ပေါင်းစေချင်ဘူး။ ကျွန်မအနေနဲ့ဆို တိုင်းရင်းသားပါတီ တွေ ဒီမိုကရေစီဘက်တော်သားတွေနဲ့ပဲ ပူးပေါင်းစေ ချင်တယ်။ Check and Balance လည်း ဖြစ်စေချင်သလို အပေးအယူလည်းမျှစေချင်တယ်။ လျှော့သင့်တာကို လည်း လျှော့ပေးစေချင်တယ်။

အခုပေါ့ တိုင်းရင်းသားပါတီတွေက မဟာမိတ်တွေ ဖွဲ့ကြတယ်။ နှစ်ဖွဲ့၊ သုံးဖွဲ့ပေါ့နော်။ ပူးပေါင်းလိုက်တာ တွေရှိတယ်။ တချို့လည်း ပြန်ကွဲကြတာတွေ ရှိတယ် ပေါ့နော်။ ဘာကြောင့်လဲလို့ ထင်မိလဲ။

ကျွန်မတို့ပြည်နယ်မှာ ပူးပေါင်းလိုက်ကြတယ်။ အရင်က မပူးပေါင်းဖြစ်တော့ မဲတွေကွဲကြတယ်။ အရင်ကဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး ပူးပေါင်း ကြတယ်ပေါ့နော်။ ကျွန်မတို့မျက်စိရှေ့မှာပဲ သူတို့ အတော်လေးညှိနှိုင်းရတယ်။ ညှိနှိုင်းပြီးတော့ ရွေး ကောက်ပွဲဝင် နိုင်အောင် အတော်လေးကြိုးစားကြ တယ်။ အဲဒါတော့ ကျွန်မတို့ပြည်နယ်မှာပေါ့နော်။ တခြားနေရာမှာတော့ ကွဲသွားကြတာတွေရှိတယ်။ ကွဲသွားတာတွေ မဖြစ်သင့်ဘူးလို့ ကျမတော့မြင်တယ်။ ကွဲကြလို့ရှိရင် အခြေအနေက ကောင်းလာနိုင်မှာ မဟုတ်ဘူး။ အရင်ကဖြစ်ခဲ့တာ  တွေကို သင်ခန်းစာ ယူသင့်တယ်။ တကယ်ဆို ဘုံသဘောတူညီမှုထားပြီး ညီညီညွတ်ညွတ်နဲ့ပေါ့၊ ကိုယ့်တိုင်းရင်းသား အချင်းချင်း တောင် မညီညွတ်ဘူးဆိုရင် တခြားညွန့်ပေါင်းဖွဲ့ဖို့ ဘယ်လိုလုပ် ဖွဲ့နိုင်တော့မှာလဲ။

တိုင်းရင်းသားပါတီတွေ အားကောင်းခြင်း မကောင်း ခြင်းက လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေရယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် မှာ အကျိုးသက်ရောက်မှုရှိလားပေါ့။

တိုင်းရင်းသားပါတီတွေ အားကောင်းသင့်တယ်။ ကျွန်မလည်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင် လုပ်နေတာဆိုတော့ အရင်က ကျွန်မကြားခဲ့တာပေါ့။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက နိုင်ငံရေးအသွင်ပြောင်းတော့မယ်ဆိုရင် ပါတီထူထောင် ပါ၊ ပါတီဖက်ကနေဝင်ပါဆိုပြီး ပြောခဲ့တာတွေရှိတယ်။ အဲ့ဒါကြောင့်လည်း အားကောင်းသင့်တယ်လို့ ထင် တယ်။ အားကောင်းမှလည်း ကျွန်မတို့ ရေရှည်တည်တံ့ တဲ့ ငြိမ်းချမ်းရေးကို ထိန်းနိုင်မှာလို့ မြင်တယ်။ သူ့ဒေသ၊ သူ့လူမျိုးနဲ့ပတ်သက်တာ သူတို့ကပဲ ပိုပြီးသိနိုင်၊ ပိုပြီး ဆောင်ရွက်နိုင်မှာဖြစ်တယ်။ သူတို့အားမကောင်းဘူး ဆိုလို့ရှိရင် ဒီနိုင်ငံမှာ ပါတီကြီးက နှစ်ခုပဲရှိတယ်။ ဒီပါတီနှစ်ခုပဲ တစ်လှည့်စီသွားနေမယ် ဆိုရင်တော့ စစ်မှန်တဲ့ဒီမိုကရေစီကတော့ ရောက်လာမှာ မဟုတ် သေးဘူးပေါ့။

နောက်ဆုံးအနေနဲ့ ဆရာမတို့ အရပ်ဖက်အဖွဲ့အစည်း အနေနဲ့ပေါ့။ ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လိုမြင်မိ လဲ။

၂၀၂၀ ရွေးကောက်ပွဲက အကောင်းဖက်က ပြော မယ်ဆိုရင် အရင်ကထက် ပါတီတွေပါဝင်ယှဉ်ပြိုင်မှုက ပိုများလာတယ်။ အရင်ကဆို ကိုယ်စားလှယ်လောင်း ဆိုလို့ရှိရင် ကျွန်မတို့ဒီအတိုင်းမျက်စိမှိတ်ပြီး ဒီမိုက ရေစီဖြစ်ရင်ပြီးရောဆိုပြီး မဲပေးခဲ့ကြတယ်။ အခုဆို အဲဒီလိုမဟုတ်တော့ဘူး။ ကိုယ်စားလှယ်လောင်းတွေ ဆိုရင် တကယ့်ကို ပြည်သူ့ကြားမှာရှိနေတဲ့ ကိုယ်စား လှယ်လောင်းတွေထွက်လာတယ်။ နောက်စိုးရိမ်တာ က စိန်ခေါ်မှုတွေများမယ်။ ကိုဗစ်နဲ့လည်း လာကြုံနေ တယ်။ မိုးရာသီလည်းဖြစ်တော့ သဘာဝဘေးတွေ လည်း ဘယ်လိုလာမလဲမသိဘူး။ လက်ရှိ ပြည်သူ အတော်များများက ပြည်သူတွေအတွက် စားဝတ်နေ ရေးဆိုတာ အဓိကပဲ။ နဂိုကတည်းက နိုင်ငံရေးဆိုတာ လည်း စိတ်ဝင်စားတာမဟုတ်ဘူး။ သဘာဝဘေးပါ ထပ်ကြုံမယ်ဆိုရင်တော့ နိုင်ငံရေးဘက်မှာ စိတ်ပါဝင် စားမှု လျော့နည်းသွားမှာ၊ အားနည်းသွားမှာကိုတော့ စိုးရိမ်မိတယ်။

 

မွန်ပြည်နယ် လူထုဆုံရပ် ညှိနှိုင်းရေးမှူးအကူ ထွန်းအောင်အောင်

 

ပထမဆုံးဆရာရဲ့အမည်၊ ရာထူးရယ်၊ လက်ရှိလုပ် ဆောင်နေတဲ့နေတဲ့ အဖွဲ့အစည်းရယ်ကို မိတ်ဆက် ပေးပါဆရာ။

ကျွန်တော့်နာမည်က ထွန်းအောင်အောင်ပါ။ အရင်ကတော့ ဗြိတိသျှ ရှေ့ဆောင်လူမှုရေးအသင်းမှာ လုပ်တယ်။ အခုလက်ရှိလုပ်နေတာကတော့ မွန်ပြည် နယ်လူထုဆုံရပ်မှာ လုပ်တယ်၊ ရာထူးအနေနဲ့ကတော့ ညှိနှိုင်းရေးမှူးအကူနဲ့ လုပ်နေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက တိုင်းရင်းသားပါတီတွေ ရလဒ်မကောင်းခဲ့ဘူး၊ အဲ့ဒီအပေါ်မှာ ဘယ်လိုမြင်မိ လဲ။

၂၀၁၅ တုန်းက တိုင်းရင်းသားပါတီတွေ တချို့ နေရာတွေမှာ အဆင်ပြေပါတယ်။ မွန်ပြည်နယ်မှာက နေရာလွှမ်းခြုံနိုင်မှု ဧရိယာကျဉ်းလို့သာလျှင် နည်းနည်း လေး ကွဲနေတယ်လို့ ထင်ရတယ်။ ပြည်မပါတီကြီးတွေ က သူတို့မှာက တိုင်းရင်းသားပါတယ်ဆိုတဲ့ အမြင်နဲ့ လွှမ်းခြုံပြီးတော့ ပြောသွားတဲ့အခါကျတော့ မဲကွဲမှုတွေ ရှိတာပေါ့။ မွန်တိုင်းရင်းသားတွေအနေနဲ့ လွှမ်းခြုံပြီး တော့ပြောရရင် မော်လမြိုင်၊ သထုံ၊ ဘီးလင်းမြို့တွေမှာ ဆိုရင် မွန်လူမျိုးက နည်းတယ်။ ပါတီကြီးတွေကိုပဲ ဦးစားပေးပြီးသွားတဲ့အခါကျတော့ တိုင်းရင်းသား ပါတီတွေမဲရမှုအခြေအနေက လျော့သွားတယ်လို့ မြင် တယ်။

နောက်တစ်ခုမေးချင်တာက လက်ရှိအစိုးရသက်တမ်း က ငါးနှစ်ကုန်တော့မယ်၊ ဒီငါးနှစ်သက်တမ်းအတွင်း မှာ အစိုးရရဲ့အား နည်းချက်တွေက ဘာတွေဖြစ်မလဲ၊ သူတို့အနေနဲ့ ဘာတွေလုပ်ခဲ့သင့်လဲ၊ ဘာတွေမလုပ်ခဲ့ သင့်ဘူးလဲ၊ ဆရာ့အမြင် သုံးသပ်ပေးပါ။

ကျွန်တော့်အနေနဲ့ အရပ်ဖက်အဖွဲ့အစည်း ရှုထောင့်ကနေကြည့်မယ်ဆိုရင် NLD အစိုးရသက် တမ်းမှာ စီမံခန့်ခွဲမှုအပိုင်းကို ပိုင်ပိုင်နိုင်နိုင်နဲ့ ဖော် ဆောင်နိုင်မှုအား အရမ်းလျော့နည်းတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုရင် အာဏာရှင်အစိုးရလက်ထက် ကနေ ဒီမိုကရေစီအစိုးရကိုပြောင်းလာတဲ့အချိန်မှာ အရင်ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို စီမံခန့်ခွဲမှုပိုင်ပိုင်နိုင်နိုင်နဲ့ လုပ်ဆောင် နိုင်တယ်။ ပြည်သူရဲ့လိုအပ်ချက်၊ လုပ်ဆောင်နိုင်မှု စွမ်းရည်တွေကို ဦးသိန်းစိန် အစိုးရငါးနှစ်တာကာလ အတွင်းမှာ ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော် ဆောင်ရွက် လာနိုင်တယ်လို့ မြင်တယ်။ အရပ်ဖက်နဲ့ အစိုးရပေါင်း ပြီးတော့ လုပ်ဆောင်တဲ့နေရာမှာဆိုရင် ထဲထဲဝင်ဝင် ပေါင်းပြီးတော့မှ လုပ်ဆောင်ခွင့်ပေးတယ်။ အပြောင်း အလဲတစ်ခုကို ဖွင့်ထုတ်လိုက်တာပေါ့။ ဥပမာပြောရ မယ်ဆိုရင် ကားဈေးနှုန်းတွေအများကြီး လျော့လာ တယ်၊ ဖုန်းကက်တန်ဖိုးတွေ အများကြီးလျော့လာတာ တွေပေါ့။ လူထုကနေအော်တယ်၊ သတင်းအချက် အလက်ပေးတယ်ဆိုရင် တတ်နိုင်သလောက် ပြောင်းလဲ ပေးတယ်ပေါ့။

ဒီဘက် ၂၀၁၆ NLD အစိုးရသက်တမ်းရောက် လာတဲ့အချိန်မှာ သူရဲ့ပါတီမူဝါဒအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြောင်းလဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုပဲ အခြေခံပြီးတော့မှာသွားတယ်။ သူ့ရဲ့ Vision ကအရမ်းကြီးတဲ့အခါကျတော့ အသေး ပိုင်းဖြစ်တဲ့ လူထုရဲ့လိုအပ်ချက်တွေကို လုပ်ဆောင် တဲ့အရာ အားနည်းလာတယ်။ နောက်စီမံခန့်ခွဲမှုက ဟိုဖက်ကိုဇောင်ေးပးထားတော့ ကျွန်တော့်အနေနဲ့ ထဲထဲဝင်ဝင်မသိပေမယ့် ဝေဖန်ရရင် ဌာနဆိုင်ရာ စီမံခန့်ခွဲနိုင်မှုအားက အရမ်းလျော့လာတယ်။ လူထုက ဒီအစိုးရအပေါ်မှာမျှော်လင့်ချက် အကြီးကြီးထားထား တယ်။ ဖြစ်တည်မှုအခြေအနေက အရမ်းကိုနည်းတဲ့ အခါကျတော့ သဟဇာတမဖြစ်တော့ဘူး။ တိုင်းရင်း သား ကိုယ်လွှတ်တော်ကိုယ်စားလှယ်တွေက လူထုရဲ့ လိုအပ်ချက်တွေကို တင်ပြဆွေးနွေးတယ်၊ အကောင် အထည်ဖော်တာတွေ ပိုပြီးတော့အားကောင်းလာတဲ့ အခါကျတော့ တိုင်းရင်းသားရဲ့ပုံရိပ်တွေက ပိုပြီးတော့ တက်လာတယ်၊ အစိုးရရဲ့ပုံရိပ်တွေက ကျလာတယ်လို့ ကျွန်တော် မြင်မိပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်က ဘယ်လိုပုံစံမျိုးဖြစ်လာ မလဲ။ ဆရာတို့အနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း ရှုထောင့်ကနေ ဘယ်လိုမျိုးဖြစ်စေချင်သလဲ။ NLD ကပဲ အနိုင်ရသွားမလား၊ ဒါမှမဟုတ် ညွှန့်ပေါင်းအစိုးရ ပေါ်လာမလား။

ကျွန်တော့်စိတ်ရင်းအမှန်နဲ့ဖြစ်စေချင်တဲ့ဆန္ဒက မြန်မာနိုင်ငံက ဖက်ဒရယ်ပြည်ထောင်စုကိုသွားတဲ့အခါ တိုင်းရင်းသားအများစုရှိတဲ့ ပြည်နယ်တွေမှာ တိုင်းရင်း သားပါတီတွေ အများစုအနိုင်ရပြီးတော့ အစိုးရဖွဲ့ခွင့် တွေရမယ်ဆိုရင် တိုင်းရင်းသားဒေသရဲ့ရှိရင်းစွဲပုံရိပ် တွေ၊ ယဉ်ကျေးမှုတွေကို ဖော်ဆောင်ခွင့်တွေ အများ ကြီးရလာမယ်။ NLD ကို မရစေချင်လို့ မဟုတ်ဘူး။ ပြည်ထောင်စုအနေနဲ့ NLD ကို အနိုင်ရစေချင်တယ်။ NLD ကို စွမ်းရည်မြင့်မားပြီး ပြည်သူရဲ့လိုအပ်ချက်ကို အကောင်အထည်ဖော်ပေးနိုင်တဲ့ အစိုးရတစ်ရပ် ဖြစ် လာစေချင်တယ်။ ဒီလိုမှမဟုတ်ရင် တခြားပါတီတွေ အနိုင်ရလာမယ်။ ပါတီကြီးတော်တော်များများကို ကြည့်ရင် အနိုင်ရရေးကိုသာ ဦးတည်ပြီး သွားနေကြ တာ တွေ့ရတယ်။ ပြည်သူရဲ့လိုအပ်ချက်၊ လုပ်ဆောင် မယ့်အရာတွေကိုပြောတာ ပါတီအတော်များများမှာ မတွေ့ရဘူး။ မတွေ့ရတဲ့အခါကျတော့ တိုင်းရင်းသား တွေအနေနဲ့ စိတ်ခံစားချက်တွေ ဖြစ်မှာပဲ။ ကိုယ့် ပြည်နယ်ကို ဖန်တီးခွင့်၊ လုပ်ပိုင်ခွင့်တွေက တဖြည်း ဖြည်းနဲ့လျော့နည်းလာတယ်။ နိုင်ငံကြီးတွေကိုကြည့်ရင် လူနည်းစုတွေကို အလေးမထားဘဲ လူမျိုးကြီးဝါဒနဲ့ လွှမ်းမိုးတဲ့အခါ လူနည်းစုတွေက ဘယ်လောက်ပဲ ထိန်းသိမ်းထိန်းသိမ်း တဖြည်းဖြည်းနဲ့ လျော့နည်း ပပျောက်လာတယ်။ အဲဒီလိုမျိုးမဖြစ်အောင် ကျွန်တော် တို့တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာတွေကို ဘယ်လိုထိန်းသိမ်းကြမလဲ၊ ဖက်ဒရယ်ကို အမှန်တကယ် အကောင်အထည်ဖော်ပြီး တော့မှ သဟဇာတဖြစ်စွာနဲ့ အစိုးရတစ်ရပ်ကို ဖော် ဆောင်လာနိုင်မယ်ဆိုရင်တော့ မျှတတဲ့အရာတွေ ဖြစ် လာမယ်။ အဲဒီအတွက်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားတွေကို အနိုင်ရစေချင်တယ်။ ပြည်ထောင်စုအနေနဲ့ဆိုရင် ဖက်ဒရယ်ကို တကယ်နားလည်ပြီးတော့ ကျင့်သုံး လာနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်လာမယ်ဆိုရင် ပိုကောင်း လာမယ်လို့ မြင်မိပါတယ်။

ညွှန့်ပေါင်းအစိုးရပေါ်လာမယ်ဆိုရင် တိုင်းရင်းသား တွေရဲ့အခန်းကဏ္ဍက မြင့်မားလာမလား၊ ဆရာ ဘယ်လိုမြင်မိလဲ။

တိုင်းရင်းသားတစ်ခုတည်းကို ရည်ရွယ်တယ် ဆိုရင် မြင့်မားလာနိုင်တယ်လို့ထင်တယ်။ တချို့သော အရာတွေ ကျွန်တော်တို့ မကြိုက်တာက လူထုရဲ့ လိုအပ်ချက်၊ တိုင်းပြည်ရဲ့လိုအပ်ချက်၊ စစ်တမ်းတွေ ကို ကောက်ပြီး အမှန်တကယ် ဖော်ဆောင်ပေးနိုင်တဲ့ ပါတီက အရမ်းရှားတယ်။ ပါတီပေါင်း(၁၀ဝ) နီးပါး ရှိပေမယ့် ဒီဟာကို စစ်တမ်းမကောက်ဘဲ နေရာဝင်ထိုင် တဲ့ ပါတီတွေရှိမယ်ဆိုရင် ဒီညွှန့်ပေါင်းအစိုးရက ပြည်သူလူထု လက်ခံတဲ့ ညွှန့်ပေါင်းအစိုးရဖြစ်ပါ့မလား ပေါ့၊ အဲဒါကို စိုးရိမ်တယ်။ ဖြစ်သင့်ဖြစ်ထိုင်တဲ့ တိုင်း ရင်းသားတွေကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားပါတီ တွေရှိမယ်။ နောက်ပါတီကြီးတွေရှိမယ်။ ဒီပါတီတွေက  ညွှန့်ပေါင်းအစိုးရဖွဲ့ပြီး အကောင်အထည်ဖော်ဆောင် ရွက်မယ်ဆိုရင် အင်အားကောင်းလာနိုင်တယ်။ ဘာမှ မလုပ်ဘဲ ဒီအတိုင်းဝင်ထိုင်နေတဲ့ပါတီမျိုးကို ကျွန်တော် က မရှိစေချင်ဘူးပေါ့နော်။ နောက် တိုင်းရင်းသား အများစုနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားပါတီတွေလည်း (State Level) စီမံခန့်ခွဲမှု တွေမှာ သွားပြီးတော့ ဆွေးနွေးတဲ့အရာလေးတွေ ဖြစ်စေချင်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အခွင့်အရေးယူတဲ့ ပါတီတွေနေရာရသွားရင် ပိုပြီးနစ်နာ ဆုံးရှုံးသွားမလား၊ ဟိုဖက်ဒီဖက်ဒွန်တွဲပြီးတော့မှ စဉ်းစားမိတဲ့အရာလေး ဖြစ်နေတာပေါ့။

တချို့ပါတီတွေက မဟာမိတ်ဖွဲ့ကြတယ်။ ပြီးတော့ ပြန်ကွဲကြတယ်။ ဒီအပေါ်မှာ ဆရာရဲ့အမြင်လေး သုံးသပ်ပေးပါဦး။

ဒါက ဒီမိုကရေစီ အပြောင်းအလဲကာလတစ်ခုကို သွားနေတဲ့အပေါ် အခြေခံပြီးတော့မှ အလေ့အကျင့် လေးတွေမဖြစ်သေးဘူး။ ကွဲတာတွေ၊ စုစည်းမှုတွေ ဖြစ်လာတာတွေက အကောင်းရှုထောင့်ဘက်က ကြည့် မယ်ဆိုရင် ကောင်းတယ်။ မကောင်းတဲ့သူအများစုနဲ့ စုပေါင်းထားတဲ့အခါမျိုးကျရင် ဘာမှဖြစ်လာမှာမဟုတ် ဘူး။ ဘာမှညှိနှိုင်းလို့ရမှာ မဟုတ်ဘူး။ အဲဒီလိုမျိုးဆို ကွဲကြတာက ပိုကောင်းမယ်။ ပေါင်းစည်းလာပြီးတော့မှ အတူတကွသွားနိုင်တဲ့အခါမျိုး၊ ရေချိန်မြင့်လာတဲ့အခါ မျိုးကျရင် ဥပမာအားဖြင့် မွန်ညီညွတ်ရေးပါတီကို ပြောရရင်  မွန်ပါတီတစ်ခုတည်းကိုထည့်လိုက်တာနဲ့ မွန်ကိုကိုယ်စားပြုတာပေါ့။ အဲဒီလိုမဟုတ်ဘဲ မွန်ပါတီ တွေများရင် ဟိုပါတီက ဟိုလူဦးဆောင်လို့၊ ဒီပါတီက ဒီလူဦးဆောင်လို့ ဒါဆိုရင် သိပ်အဆင်မပြေဘူး။ အခုလိုပေါင်းစည်းပြီး အများစုအနိုင်ရရင် ကိုယ့်ပြည် နယ်ရဲ့ လူမျိုးစုအပေါ် အကောင်းဆုံး အကောင် အထည်ဖော်ဆောင်ရွက်လာနိုင်တဲ့အရာတွေ ဖြစ်လာ နိုင်တယ်။

နောက်ဆုံးအနေနဲ့ တိုင်းရင်းသားပါတီတွေ ဒီထက် အားကောင်းအောင် လုပ်သင့်တယ်လို့ယူဆလား။ တိုင်းရင်းသားပါတီတွေ အားကောင်းခြင်း၊ မကောင်း ခြင်းက ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ဘယ်လိုဖြစ်လာနိုင် သလဲပေါ့။

တိုင်းရင်းသားပါတီတွေ အားကောင်းလာမှုကို ကြိုဆိုရမယ်၊ အဲဒီလိုကြိုဆိုမှပဲ စစ်မှန်တဲ့ ငြိမ်းချမ်း ရေးကိုဦးတည်ပြီးတော့မှ တိုင်းရင်းသားတွေကို ကိုယ် စားပြုတဲ့နိုင်ငံတစ်ခုဖြစ်လာနိုင်မယ်။ တိုင်းရင်းသား ပါတီတွေအားမကောင်းရင် ငြိမ်းချမ်းရေးဖော်ဆောင်မှု မှာ အားနည်းတဲ့အရာတွေဖြစ်နေမှာပဲ။ ဘာကြောင့်လဲ ဆိုရင် ဒီတိုင်းရင်းသားတွေလက်နက်ကိုင်တယ်ဆိုတာ က ကျွန်တော်က မွန်မဟုတ်ပေမယ့် မွန်ပြည်နယ်မှာ နေတဲ့အခါကျတော့ တချို့သော ခံစားချက်တွေ ရှိတာ ပေါ့။ စီးပွားရေးအနေနဲ့  ဥပမာပြောရရင် ရန်ကုန်မှာ ဓာတ်ဆီ (၄၃၀ ကျပ်) ပေးရတဲ့အချိန်မှာ မွန်ပြည်နယ် မှာက ဓာတ်ဆီ (၅၃၀)ကျပ်ဖြစ်တယ်။ ဒါကို စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ တစ်နိုင်ငံလုံး ဘယ်မှာပဲ ဝယ်ဝယ် (၅၀ဝ) သတ်မှတ်မယ်။ ရန်ကုန်မှာဝယ်လည်း (၅၀ဝ)၊ နယ်မှာဝယ်လည်း (၅၀ဝ)၊ တောထဲမှာ ဝယ် လည်း (၅၀ဝ) ဒါဆို ပိုမမျှတဘူးလား။

စာရွက်ထဲမှာပဲ အခွင့်အရေးတန်းတူရှိတယ်၊ လေထဲပါးစပ်ပြောကပဲ အခွင့်အရေးတန်းတူကို ပြော နေရင် ငြိမ်းချမ်းရေးက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် တိုင်းရင်းသားတွေကို တကယ်ရင်ထဲက ကြိုဆိုတဲ့အရာဖြစ်ရမယ်။

၂၀၂၀ရွေးကောက်ပွဲကို တိုင်းရင်းသားတွေ စိတ် ဝင်စားစေချင်ပါတယ်။ မျှော်လင့်ချက်မပြည့်ဝတဲ့အခါ ကျတော့ လူထုတွေရဲ့ ဒီမိုကရေစီ စံနှုန်းကို ရေရှည် သွားမယ့်ခရီးမှာ ကျဆုံးပြီးတော့မှ လိုချင်တဲ့ ပန်းတိုင် မရောက်ဘဲ ဖြစ်သွားမှာစိုးလို့ ဆက်သွားကြပါ၊ အကောင်အထည်ဖော်ကြပါ။ ကိုယ့်ရဲ့ ယုံကြည်မှုကို အကောင်အထည်ဖော်ကြပါလို့ တိုက်တွန်းချင်တယ်။ တဖြည်းဖြည်းနဲ့ စိတ်ရှည်ပြီးတော့သွားကြပါ၊ အကောင် အထည်ဖော်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဒိုင္ယာေလာ့ခ္

ေ႐ြးေကာက္ပြဲအေပၚ အရပ္ဖက္အဖြဲ႕အစည္းတခ်ိဳ႕က ဘယ္လိုျမင္လဲ၊ ေရြးေကာက္ပြဲအလြန္ အစိုးရသစ္အေပၚ ဘယ္လိုေမွ်ာ္မွန္းလဲဆိုတာကို ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္မွ အရပ္ဖက္ အဖြဲ႕အစည္းတြင္ တက္ျြကလႈပ္ရွားသူတခ်ိဳ႕ႏွင့္ ေဆြးေႏြးျဖစ္ခဲ့ပါတယ္။

 

ကရင္ျပည္နယ္ အရပ္ဖက္လူမႈအဖြဲ႔အစည္းကြန္ရက္ ဦးေဆာင္ေကာ္မတီဝင္ ေစာေက်ာ္စြာ

ဆရာရဲ႕အမည္ရယ္၊ ရာထူးရယ္၊ လက္ရွိတာဝန္ထမ္း ေဆာင္ေနတဲ့ အဖြဲ႕အစည္းရယ္ကို ေျပာျပေပးပါ။

ကြ်န္ေတာ့္နာမည္က ေစာေက်ာ္စြာပါ။ ကရင့္ ေရးရာေကာ္မတီရဲ႕ အတြင္းေရးမွဴးပါ။ ဒါကေတာ့ ကြ်န္ေတာ့္ရဲ႕မိခင္အဖြဲ႕အစည္းေပါ့။ တစ္ခ်ိန္တည္းမွာပဲ ကရင္ျပည္နယ္ အရပ္ဖက္ လူမႈအဖြဲ႕အစည္းမ်ား ကြန္ရက္ရဲ႕ ဦးေဆာင္ေကာ္မတီတစ္ဦးလည္း ျဖစ္ပါ တယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက ဘာျဖစ္လို တိုင္းရင္းသားပါတီေတြက ရလဒ္ မေကာင္းခဲ့တာလဲ ဆရာ။

ကြ်န္ေတာ့္အျမင္က တိုင္းရင္းသားပါတီေတြက သူတို႔ရဲ႕လူမ်ိဳးကို (Heart) ထိေလာက္တဲ့ မူဝါဒေတြ မခ်မွတ္ေပးႏိုင္ဘူး။ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္ေတြက ထင္ထင္ရွားရွားနဲ႔ လုပ္ေဆာင္တဲ့ ဟာေတြ တစ္ခုမွ မေဖာ္ျပႏိုင္ဘူး။ ဥပမာ ကရင္ပါတီပဲေျပာရမယ္ဆိုရင္ ကရင္အမ်ိဳးသားေရးထက္ သူတို႔ရဲ႕ကုလားထိုင္ပဲ ပိုအေရးႀကီးေနသလားလို႔ေပါ့၊ ဒါ ကြ်န္ေတာ့္အျမင္ပါ။ တစ္ဖက္ကို သြားယွဥ္လိုက္တဲ့ အခါက်ေတာ့ ကရင္ အမ်ိဳးသားေတြအျမင္မွာ သူတို႔ရဲ႕ပါတီေခါင္းေဆာင္ ေတြ၊ ပါတီအေနအထားေတြက ဘယ္လိုမွ အားကိုး ႏိုင္ေလာက္တဲ့ အေနအထားေတြမရွိဘူး။ ၿပီးေတာ့ တပ္မေတာ္ရဲ႕အခန္းက႑ေပါ့၊ အုပ္ခ်ဳပ္ေရးမွာ တပ္မ ေတာ္ရဲ႕ပါဝင္မႈကို ဘယ္လိုမွ တိုင္းရင္းသားပါတီေတြ က ဖယ္ရွားႏိုင္မွာမဟုတ္တဲ့အတြက္ေၾကာင့္ အားလံုး ပံုၿပီးေတာ့မွ အေျပာင္းအလဲလုပ္ႏိုင္တဲ့ NLD ကို မဲထည့္ၾကတာေပါ့။

လက္ရွိအစိုးရ NLD ရဲ႕ အားနည္းခ်က္ေတြက ဘာေတြ ျဖစ္မလဲ။ ၿပီးေတာ့သူတို႔လုပ္ခဲ့သင့္တာနဲ႔ မလုပ္ခဲ့သင့္ တာေတြက ဘာေတြျဖစ္မလဲ ဆရာ။

အားနည္းခ်က္ကိုေျပာတာထက္ ကြ်န္ေတာ္တို႔ ကရင္အမ်ိဳးသားေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကိုေျပာမယ္ ဆိုရင္ ၂၀၁၅ ေရြးေကာက္ပြဲ မတိုင္ခင္ကတည္းက ကြ်န္ေတာ္တို႔ေမွ်ာ္လင့္ထားတာက ဘယ္လိုပဲျဖစ္ျဖစ္ NLD ကေတာ့ ႏိုင္မွာပဲ။ NLD ႏိုင္လို႔ရွိရင္ ဖက္ဒရယ္ ျပည္ေထာင္စုထူေထာင္ဖို႔ လုပ္ငန္းစဥ္တစ္ခုေတာ့ သူတို႔ ခ်မွတ္မွာပဲ။ ခ်မွတ္ဖို႔အတြက္က အနည္းဆံုး ဗမာမဟုတ္တဲ့ တိုင္းရင္းသားပါတီေတြနဲ႔ ညႇိႏိႈင္း ေဆာင္ရြက္မႈေတာ့ရွိမွာပဲဆိုၿပီးေတာ့ ေမွ်ာ္လင့္တႀကီးနဲ႔ ေစာင့္ေမွ်ာ္ခဲ့တာေပါ့။ ဒါေပမဲ့ NLD တကယ္အာဏာ ရလာတဲ့အခါက်ေတာ့ ဖက္ဒရယ္ျပည္ေထာင္စု ထူေထာင္ဖို႔အေရးကို ကိုင္တြယ္ဖို႔ သူ႔မွာ အၾကပ္ အတည္းတစ္ခု ေတြ႕တယ္။ ဘာအၾကပ္အတည္း လဲဆိုေတာ့ NCA ေပါ့၊ NCA ေၾကာင့္ သူက သြားခ်င္ သလိုသြားလို႔မရဘူး။ ဘယ္လိုသြားရင္ေကာင္းမလဲ ျဖစ္ေနခ်ိန္မွာ အရင္အစိုးရလုပ္ထားတဲ့ဟာကို သူက တာဝန္ခံရတဲ့အခါက်ေတာ့ တကယ္တမ္း တိုင္းရင္း သားအေရးကိုင္တြယ္မယ့္ဟာေတြက ျဖစ္မလာေတာ့ ဘဲနဲ႔ ကြ်န္ေတာ္တို႔ေမွ်ာ္လင့္တာက တိုင္းရင္းသားမ်ား ရဲ႕ ရင္ၾကားေစ့ေရးေပါ့၊ သူတို႔က တပ္မေတာ္နဲ႔အစိုးရ ရင္ၾကားေစ့ေရးကို ဦးစားေပးလိုက္တဲ့အခါက်ေတာ့ ဖက္ဒရယ္ျပည္ေထာင္စုထူေထာင္ေရးအတြက္ စိန္ေခၚမႈ တစ္ရပ္ျဖစ္သြားတာေပါ့။

၂၀၂၀ ေရြးေကာက္ပြဲရလာဒ္က ဘယ္လိုပံုစံမ်ိဳး ျဖစ္ လာႏိုင္မလဲ။ ဆရာတို႔အရပ္ဖက္အဖြဲ႕အစည္းေတြ အေနနဲ႔ကေရာ ဘယ္လိုပံုစံမ်ိဳးကို ျဖစ္ေစခ်င္သလဲ ေပါ့၊ ဆရာအျမင္သံုးသပ္ေပးပါဦး။

ကြ်န္ေတာ္တို႔ကေတာ့ ေလာေလာဆယ္ အရပ္ ဖက္လူမႈအဖြဲ႕အစည္းေရာ လူထုေတာ္ေတာ္မ်ားမ်ားက လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ မဲထည့္ဖို႔ စဥ္းစားတဲ့ အခါမွာ ႐ႈေထာင့္က နည္းနည္းကြဲတာေပါ့။ ဘယ္ ပါတီ၊ ဘယ္သူက ျပည္သူလူထုအက်ိဳးစီးပြားကို အေကာင္းဆံုးလုပ္တာ မေရြးဘူး။ အနည္းဆံုး ဖ်က္ဆီးမယ့္လူကို လိုက္ၿပီးေတာ့ေရြးတာ၊ ဆိုလိုတာ က NLD ျဖစ္ျဖစ္၊ ႀကံ့ခိုင္ေရးျဖစ္ျဖစ္၊ တိုင္းရင္းသား ပါတီျဖစ္ျဖစ္ ဘယ္ပါတီက ျပည္သူလူထု အက်ိဳးစီးပြား ကို ဖ်က္ဆီးတာအနည္းဆံုးျဖစ္မယ့္ပါတီဆိုရင္ေတာ့ မဲထည့္ဖို႔ရွိတာေပါ့။ ထိုနည္းတူ ပုဂၢိဳလ္ေပါ့၊ ပါတီခ်င္း မတူဘူး၊ ေရြးေကာက္ပြဲဝင္အေရြးခံမယ့္ပုဂၢိဳလ္က ေတာက္ေလွ်ာက္ကိုယ္က်ိဳးအတြက္လုပ္မွာလား၊  ကရင္အမ်ိဳးသားအတြက္လုပ္မွာလား။ ဒီေနရာမွာ ဘယ္သူက ကရင္အမ်ိဳးသားအက်ိဳးကို ဖ်က္ဆီးတာ အနည္းဆံုးဖ်က္ဆီးတာျဖစ္မလဲဆိုတာ ၾကည့္ၿပီးေတာ့ မဲထည့္ၾကမွာေပါ့။

အခုေတာ္ေတာ္မ်ားမ်ား ညႊန္႔ေပါင္းအစိုးရဆိုၿပီးေတာ့ ေျပာေနၾကတယ္။ တကယ္လို႔ ညႊန္႔ေပါင္းအစိုးရထြက္ ေပၚလာလို႔ရွိရင္ တိုင္းရင္းသားပါတီေတြရဲ႕ အခန္း က႑က ပိုၿပီးေတာ့ ျမင့္မားလာမလား၊ ထင္တယ္ ဆိုရင္ ဘာေၾကာင့္ထင္မိလဲေပါ့ ဆရာ။

ကြ်န္ေတာ္ထင္တာ တိုင္းရင္းသား ပါတီေခါင္း ေဆာင္ေတာ္ေတာ္မ်ားမ်ားက ပါတီစံုဒီမိုကေရစီစနစ္ ဆိုတာ ေကာင္းေကာင္းနား မလည္ဘူး။ သူတို႔ထင္တာ ပါတီစံုဒီမိုကေရစီစနစ္ဆိုတာ အစိုးရဖြဲ႕ရင္ အမ်ားႀကီး စုေပါင္းရမယ္ထင္လို႔ ညႊန္႔ေပါင္းကို လိုခ်င္တာ။ ကြ်န္ေတာ္တို႔ရဲ႕ခံယူခ်က္က ပါတီစံုဒီမိုကေရစီအစိုးရမွာ ကြ်န္ေတာ္တို႔လိုခ်င္တာ အတိုက္အခံေနရာပဲ။ ဆိုလို တာက လႊတ္ေတာ္မွာ အတိုက္အခံရွိရမယ္။ ပါတီစံု ဒီမိုကေရစီမွာ အစိုးရဆိုတာ ပါတီစံုပါရမွာေပါ့ဆိုတာက မွားယြင္းတဲ့အေတြးအေခၚေပါ့။ ဘယ္ပါတီပဲႏိုင္ႏိုင္ အတိုက္အခံရဲ႕ခံုေနရာေတာ့ ရွိဖို႔လိုတာေပါ့။ ကြ်န္ေတာ့္ အျမင္အရေျပာမယ္ဆိုရင္ ညႊန္႔ေပါင္းအစိုးရဆိုတာ ကြ်န္ေတာ္က သိပ္ၿပီးေတာ့ မႀကိဳက္ဘူး။ ညႊန္႔ေပါင္း အစိုးရလုပ္တယ္ဆိုတာ တကယ္ေတာ့ခံုေနရာရရွိေရးပဲ၊ ၿပီးေတာ့မွ တကယ္တမ္းလည္း ကိုယ္သိပ္ၿပီးေတာ့ မလုပ္ႏိုင္ဘူး။ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကို ၾကည့္လိုက္ တဲ့အခါမွာ ညႊန္႔ေပါင္းအစိုးရက ဘယ္ေတာ့မွ မတည္ၿမဲ ဘူး၊ တစ္ႏွစ္ေတာင္မခံဘူး။ အခု တိုင္းရင္းသားပါတီ ေတာ္ေတာ္မ်ားမ်ားက ကုလားထိုင္လိုခ်င္တဲ့အေရးနဲ႔ ကြ်န္ေတာ္ပြင့္ပြင့္လင္းလင္းေျပာရင္ NLD ကို ျဖဳတ္ခ် ေရး (၅၀%+၁) ေပါ့။ သူတို႔စဥ္းစားတာက အံ့ဩစရာ ေကာင္းတယ္။ ႏိုင္ငံေတာ္အက်ိဳးစီးပြားကို ဘယ္သူက အလုပ္ႏိုင္ဆံုးလဲဆိုတာ သူတို႔မၾကည့္ဘဲနဲ႔ NLD မရွိရင္ ၿပီးေရာဆိုၿပီးေတာ့မွေပါ့။ ဗမာမဟုတ္တဲ့ တိုင္းရင္း သားအႏိုင္ရပါတီေတြေပါင္းလိုက္ဦး၊ ဘယ္လိုမွ ၂၀% မေက်ာ္ႏိုင္ဘူး။ အဲဒီေတာ့ ေပါင္းစရာရွိ တာက ျပည္ခိုင္ၿဖိဳးနဲ႔ NLD ေပါ့။ တပ္မေတာ္ရွိမယ္ လႊတ္ေတာ္ထဲမွာ၊ ျပည္ခိုင္ၿဖိဳးက ဘယ္ႏွေယာက္ႏိုင္၊ ငါတို႔က ဘယ္ႏွေယာက္ႏိုင္၊ ႏိုင္တာေတြေပါင္းၿပီး NLD ကို ပထုတ္လို႔ရမယ္ဆိုတာ အဲဒီလိုစဥ္းစားတာ ေတြက် ေတာ့ ကြ်န္ေတာ္က လက္မခံဘူး။ တကယ္ ႏိုင္ငံေတာ္ အတြက္ေကာင္းမယ့္ အလားအလာ မဟုတ္ဘူး။ ကြ်န္ေတာ္တို႔မလိုခ်င္တဲ့ တပ္မေတာ္ရဲ႕ အခန္းက႑ကို ျမႇင့္တင္ေပးႏိုင္ရင္ေတာ့ ေကာင္းမယ္ ေပါ့၊ ဒါ ကြ်န္ေတာ့္ဆႏၵပါ။

ေနာက္ထပ္ေမးခ်င္တာက တိုင္းရင္းသားပါတီ ေတြ မဟာမိတ္ဖြဲ႕လိုက္၊ ကြဲၾကလိုက္နဲ႔ေပါ့။ ဘာေၾကာင့္ အဲဒီလိုမ်ိဳးေတြျဖစ္ေနရသလဲ။ ဘယ္လိုျဖစ္သင့္လဲ၊ ဆရာအေနနဲ႔ ဘယ္လိုထင္ျမင္မိလဲ။

တိုင္းရင္းသားပါတီေတြကြဲတာက တခ်ိဳ႕က မူဝါဒပိုင္းဆိုင္ရာ ရပ္တည္မႈေၾကာင့္ျဖစ္ႏိုင္တယ္။ တခ်ိဳ႕က ေနရာရရွိေရးေၾကာင့္ ကြဲတာျဖစ္ႏိုင္တယ္။ ဥပမာ NLD က ကြဲထြက္သြားတဲ့ေခါင္းေဆာင္ေတြကို ၾကည့္တဲ့အခါမွာ သူတို႔က မူဝါဒေၾကာင့္ကြဲတာ မဟုတ္ဘူး။ ေနရာနဲ႔လုပ္ပိုင္ခြင့္ကိုၾကည့္ၿပီးေတာ့ ကြဲတာေပါ့။ အႀကံျပဳခ်င္တာက တိုင္းရင္းသားပါတီ ေတြက ကိုယ္ပါတီေထာင္တာဘာအတြက္လဲ၊ ကိုယ့္ လူမ်ိဳးေတြ တန္းတူအခြင့္အေရးရရွိဖို႔အတြက္လား ဒါမွမဟုတ္ ကိုယ္ကုလား ထိုင္ရရွိဖို႔ အတြက္လားေပါ့။ ကုလားထိုင္ရရွိဖို႔အတြက္ ဆိုရင္ ေတာ့ ေပါင္းတာ မေပါင္းတာ ကိစၥမရွိဘူး။ ကိုယ့္လူမ်ိဳး ရဲ႕ရပိုင္ခြင့္ကို ဒီမိုကေရစီနည္းအရ ရေစခ်င္ တယ္ဆိုရင္ ေတာ့ တူညီတဲ့မူဝါဒ တည္ေဆာက္ၿပီးေတာ့ ေပါင္း စည္းဖို႔က အေရးႀကီးတယ္။

တိုင္းရင္းသားပါတီေတြအားေကာင္းျခင္း၊ မေကာင္း ျခင္းက ျပည္တြင္းၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈျဖစ္စဥ္ မွာ အက်ိဳးသက္ေရာက္မႈရွိမလား။

ေမးခြန္းကေတာ့ ေတာ္ေတာ္ေလးခက္ခဲတဲ့ ေမးခြန္းပဲ။ တိုင္းရင္းသားပါတီေတြ အားေကာင္းျခင္းနဲ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ယွဥ္တြဲၿပီးေတာ့ ၾကည့္လိုက္တဲ့ အခါမွာ ကြ်န္ေတာ္တို႔က (၂) မ်ိဳး ေတြ႕ရတယ္။ တစ္မ်ိဳးက လက္ရွိမွာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ရွိေနတဲ့ အတြက္ေၾကာင့္ တိုင္းရင္းသားေတြက လြတ္လြတ္ လပ္လပ္ သြားလာလႈပ္ရွားစည္း႐ံုးႏိုင္တာက အား ေကာင္းႏိုင္တယ္လို႔ေျပာလို႔ရတယ္။ ေနာက္တစ္ခုက လက္ရွိၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာပါဝင္တဲ့ တိုင္းရင္းသား ေတြရဲ႕မူဝါဒေတြနဲ႔ တထပ္တည္းမျဖစ္ရင္ေတာင္ အနီးစပ္ဆံုးျဖစ္သြားရင္ အားေကာင္းခ်င္ ေကာင္း သြားလိမ့္မယ္။ ဒါေပမဲ့ လက္ရွိအေနအထားက လူထု ေတြက တိုင္းရင္းသားပါတီအေပၚမွာ အယံုအၾကည္ နည္းၾကတယ္။ ခုနက ကြ်န္ေတာ္ေျပာသလို ဥပမာ ကရင္ပဲဆိုၾကပါစို႔၊ ကရင္အမ်ိဳးသားေရးအတြက္ ဘာေတြလုပ္ေပးမလဲဆိုတာ ပါတီ ေတြက ဘယ္သူမွ ရဲရဲဝံ့ဝံ့ မေျပာရဲဘူး။ ကုလားထိုင္ရဖို႔ကို အရင္ဆံုး စဥ္းစားလိုက္တဲ့အခါမွာ သူတို႔ေတြက ေတာ္ေတာ္ေလး အားနည္းသြားတယ္။ လက္ရွိ တိုင္းရင္းသား လက္နက္ ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္းေတြရဲ႕မူဝါဒကို ျပည္သူ လူထုေတြ ႀကိဳက္ေကာင္းႀကိဳက္လိမ့္မယ္။ လက္ရွိ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ထြက္ေပၚလာတဲ့ အသီးအပြင့္ ကို ျပည္သူလူထုရဲ႕အျမင္အရကေတာ့ သင့္ေတာ္တဲ့ အသီးအပြင့္ ျဖစ္ခ်င္မွျဖစ္လိမ့္မယ္။ အဲ့အတြက္ေၾကာင့္ ကြ်န္ေတာ္ထင္တာက ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေၾကာင့္ တိုင္းရင္းသားပါတီေတြ ဘယ္လိုမွ အားေကာင္းလာမွာ မဟုတ္ဘူး။ တိုင္းရင္းသားလူမ်ိဳးေတြ လိုလားခ်က္ ေတြနဲ႔ကိုက္ညီတဲ့ မူဝါဒေတြထားႏိုင္မွ အားေကာင္းမွာ ျဖစ္တယ္။

ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈျဖစ္စဥ္အတြက္ေရာ ဘယ္လိုအက်ိဳးသက္ေရာက္မႈ ျဖစ္ႏိုင္မလဲဆရာ။ 

ဒီမိုကေရစီ အသြင္ကူေျပာင္းမႈျဖစ္စဥ္အတြက္ ေတာ့ အခြင့္အေရးပိတ္ပင္တာေလွ်ာ့ခ်တယ္၊ တိုင္း ရင္းသားပါတီေတြရဲ႕ မူဝါဒေတြ လြတ္လပ္စြာ ခ်မွတ္ခြင့္ ရတဲ့အခါက်ေတာ့ အမ်ားႀကီးအက်ိဳးရွိလာပါတယ္။

ေနာက္ဆံုးအေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ ၿပီး ဆရာရဲ႕အျမင္ သေဘာထားေလး သံုးသပ္ေပးပါ အံုး။

၂၀၂၀ ေရြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ကြ်န္ေတာ္ ကေတာ့ ေဝေဝ၀ါးဝါးပဲ ျမင္ေနရတယ္။ ဘာလို႔ဆိုေတာ့ နည္းနည္းေစာေသးတာေပါ့။ ကြ်န္ေတာ္က ပါတီ အေနအထားေတြၾကည့္တယ္။ သူတို႔ရဲ႕ေရြးခ်ယ္တဲ့ ကိုယ္စားလွယ္အေနအထားေတြၾကည့္တယ္။ ခန္႔မွန္း ေခ် ေျပာမယ္ဆိုရင္ NLD ကေတာ့ ဆက္ႏိုင္ဖို႔ အလား အလာေတာ္ေတာ္မ်ားတယ္။ NLD အစိုးရက ေတာ္ ေတာ္ေလးပါးပါးနပ္နပ္နဲ႔ ႏိုင္ငံေရး ကစားတာ ေတြ႕ရ တယ္။ နမူနာေလး ကြ်န္ေတာ္တို႔ ကရင္ျပည္နယ္ဖက္ ဆိုၾကပါစို႔၊ ေရေဘးနဲ႔ပတ္သက္ၿပီးေတာ့မွ အကူအညီ ေပးတာတို႔ဆိုတာ တကယ္တမ္းက်ေတာ့ ေအာက္ေျခ အဖြဲ႕အစည္းေတြ၊ ၿမိဳ႕နယ္အဆင့္ေတြကေတြက လုပ္ရင္ ရတယ္။ ကြ်န္ေတာ္တို႔ဆီမွာက်ေတာ့ ဝန္ႀကီးခ်ဳပ္ ကိုယ္တိုင္၊ အမတ္ေတြအားလံုးသြားၿပီးေတာ့မွ ေပးၾက တာေပါ့။ ျပည္သူအျမင္မွာ ငါတို႔ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ လာေပးပါလားေပါ့၊ ျပည္သူလူထုရဲ႕ ႏိုင္ငံေရး ရင့္က်က္မႈ အေပၚမွာ မူတည္တာေပါ့။ အဲဒီလိုဆိုေတာ့ NLD က ေတာ္ေတာ္ေလးပါးပါးနပ္နပ္နဲ႔ လႊမ္းမိုးၿပီးေတာ့ ေနရာယူထားႏိုင္တာ ေတြ႕ရတယ္။ COVID ေပၚလာ တဲ့အခါက်ေတာ့ အသင္းအဖြဲ႕ ဖြဲ႕တဲ့အခါမွာ တကယ့္ ပါးပါးနပ္နပ္ ပုဂၢိဳလ္ေတြက ထိပ္ဆံုးမွာ ေနရာယူ လိုက္တဲ့အခါ ဘာမွေျပာစရာမလိုပဲနဲ႔ ကိုယ့္လူျဖစ္ သြားတယ္၊ အဲဒီလိုအသံုးခ်တတ္တဲ့အခါက်ေတာ့ ကြ်န္ေတာ္ထင္တာ NLD ပဲ ဆက္ၿပီးေတာ့ ႏိုင္ဦးမွာပဲ လို႔ ထင္ပါတယ္။

 

Mon State Community association ၏ Director ခိုင္ခိုင္လဲ့ျမင့္

ပထမဆံုးေမးခ်င္တာက ဆရာမရဲ႕အမည္၊ လက္ရွိ လုပ္ေနတဲ့အဖြဲ႕အစည္းနဲ႔၊ ရာထူး အရင္ ေျပာျပေပးပါ။

ကြ်န္မနာမည္က ခိုင္ခိုင္လဲ့ျမင့္ပါ။ Mon State Community association မွာ Director အေနနဲ႔ တာဝန္ယူထားပါတယ္။

၂၀၁၅ အေထြေထြေရြးေကာက္ပြဲမွာ တိုင္းရင္းသား ပါတီေတြက ရလဒ္မေကာင္းခဲ့ဘူးေပါ့။ အဲဒီအေပၚမွာ ဆရာမအေနနဲ႔ ဘယ္လိုျမင္မိလဲ။

ကြ်န္မတို႔ျပည္နယ္နဲ႔ အရင္ယွဥ္ၿပီးေျပာျပခ်င္ တယ္။ ကြ်န္မတို႔ျပည္နယ္မွာက တိုင္းရင္းသား ေတြက ပထမဆံုးပါတီစံုဖြင့္ခ်လိုက္တာဆိုေတာ့ အေလ့အက်င့္ လည္း မရွိခဲ့ဘူး။ အဆင္သင့္ လည္းမရွိဘဲ ဝင္ၿပိဳင္ ၾကတယ္။ ေနာက္ပိုဆိုးတာက လူမ်ိဳးတစ္မ်ိဳးတည္းမွာ ပါတီက (၃)မ်ိဳး ေလာက္ ကြဲေနၾကတယ္။ အခ်င္းခ်င္း လည္း ေလ့က်င့္ျပင္ဆင္ထားတာမရွိေတာ့ ျပည္သူ အေပၚ လည္း ပါဝင္လာေအာင္၊ စိတ္ဝင္စားလာေအာင္ မဲဆြယ္စည္း႐ံုးႏိုင္တာလည္းမရွိဘူး။ အဲဒါေတြ ေၾကာင့္ တိုင္းရင္းသားပါတီေတြ မဲနည္းခဲ့တာေပါ့။

လက္ရွိအစိုးရရဲ႕ အားနည္းခ်က္ေတြက ဘာေတြျဖစ္ မလဲ၊ ေနာက္လက္ရွိအစိုးရအေနနဲ႔ ဘာေတြလုပ္ခဲ့သင့္ တယ္၊ ဘာေတြမလုပ္ခဲ့သင့္ဘူးေပါ့၊ အဲဒီအေပၚ သံုးသပ္ေပးပါဦး။

လက္ရွိအစိုးရက အရင္ထက္စာရင္ နည္းနည္း ဒီမိုကေရစီက်လာတယ္ေပါ့။ ဒါေပမဲ့ သူ႔အားနည္း ခ်က္က ဗဟိုပဲ၊ ဗဟိုခ်ဳပ္ကိုင္မႈနဲ႔ပဲ သြားေနတာ ဒီမို ကေရစီသိပ္မဆန္ဘူးေပါ့။ ေျမျပင္နဲ႔ကိုက္ညီတဲ့ဟာ ေတြကို မဆံုးျဖတ္ႏိုင္ဘူး၊ မေတြးေတာႏိုင္ဘူး၊ မစဥ္း စားႏိုင္ဘူး။ လက္ေတြ႕က်က်မလုပ္ႏိုင္ဘူးေပါ့။ အဲဒါ ေတြက သူတို႔ရဲ႕အားနည္းခ်က္ေတြ ျဖစ္သြားတယ္။

ေနာက္ထပ္ေမးခ်င္တာက ၂၀၂၀ ေရြးေကာက္ပြဲ ရလဒ္က ဘယ္လိုျဖစ္လာႏိုင္လဲ၊ ဆရာမတို႔ CSO အဖြဲ႕အစည္းအေနနဲ႔ဆို ဘယ္လိုျဖစ္ေစခ်င္လဲ။ ဥပမာ NLD ကပဲ အျပတ္အသတ္ အႏိုင္ရသြားတာမ်ိဳး ျမင္ ေစခ်င္လား ဒါမွမဟုတ္ ဒါမွမဟုတ္ NLD နဲ႔ တိုင္း ရင္းသားပါတီေတြ ပူးေပါင္းၿပီး ညြန္႔ေပါင္းအစိုးရျဖစ္ လာတာ ျမင္ခ်င္သလား။ အဲ့လိုမ်ိဳးေတြေရာ ျဖစ္လာ ႏိုင္သလားေပါ့။ ဆရာမရဲ႕အျမင္ သံုးသပ္ေပးပါဦး။

ကြ်န္မအေနနဲ႔ဆိုရင္ ပါတီစံု ဒီမိုကေရစီျဖစ္လာဖို႔ ေမွ်ာ္လင့္တာေပါ့၊ အဲဒါမွပဲ Check and Balance လည္းရွိလာမယ္။ ျပည္နယ္ဆိုရင္ သူ႔ျပည္နယ္နဲ႔ သူ အလိုက္ေပါ့။ တိုင္းရင္းသားပါတီေတြကလည္း သူ႔ ကိုယ္စားလွယ္နဲ႔သူ ရွိလာမယ္။ ေနာက္ကိုယ့္ေဒသ အေၾကာင္း အသိဆံုးက ေဒသခံပဲ။ အဲဒါေၾကာင့္ ေဒသခံပါတီေတြက ကိုယ္စားလွယ္ေတြနဲ႔ NLD နဲ႔ ေပါင္းၿပီးေဆာင္ရြက္သြားမယ္ဆိုရင္  ဒီမိုကေရစီ ပိုၿပီး ပီျပင္လာမယ္လို႔ ကြ်န္မျမင္မိပါတယ္။

တကယ္လို႔ ၂၀၂၀ ေရြးေကာက္ပြဲအၿပီး ညႊန္႔ေပါင္း အစိုးရေပၚလာမယ္ဆိုရင္ တိုင္းရင္းသားပါတီေတြရဲ႕ အခန္းက႑ပိုၿပီး ျမင့္လာမယ္လို႔ ထင္သလား။ ဘာေၾကာင့္လဲေပါ့။

ညႊန္႔ေပါင္းအစိုးရဆိုရင္ တစ္ပါတီတည္း မဟုတ္ ေတာ့ဘူးေလ၊ ပါတီစံုဆိုေတာ့ တိုင္းရင္းသားေတြရဲ႕ အခန္းက႑ကလည္း  ျမင့္မားလာမယ္။ ဒီျပည္နယ္ ကေနလည္း တိုင္းရင္းသားပါတီေတြက တက္သြား မယ္၊ တျခားျပည္နယ္ေတြကလည္း တက္သြားမယ္ဆို  ေတာ့ အစံုျဖစ္သြားမယ္။ နဂိုကတည္းက ျမန္မာ ႏိုင္ငံက စံုလင္ကြဲျပားတာေတြ ေရာယွက္ၿပီး ေနေနၾက တာဆိုေတာ့ အစိုးရမွာလည္း အဲဒီလို တိုင္းရင္းသား ပါတီေတြပါဝင္ခြင့္ရရင္ ပိုၿပီးေတာ့ေကာင္းလာမယ္လို႔ ကြ်န္မ ေမွ်ာ္လင့္ပါတယ္။

၂၀၂၀ မွာ ညႊန္႔ေပါင္းအစိုးရဖြဲ႕လိုက္ၿပီဆိုပါေတာ့ေနာ္။ အရင္ကတည္းက NLD နဲ႔ တိုင္းရင္းသားပါတီေတြနဲ႔ က အေပးအယူ မတည့္တာေတြ ကြ်န္ေတာ္တို႔ ႀကံဳခဲ့ ၾကၿပီးၿပီေပါ့ေနာ္။ အဲဒီလိုအေျခအေနရွိေတာ့ တိုင္း ရင္းသားပါတီေတြက တျခားျပည္မပါတီ ဒါမွမဟုတ္ တပ္မေတာ္နဲ႔ေပါင္းၿပီး ညႊန္႔ေပါင္းအစိုးရ ျဖစ္လာႏိုင္ လား။ ဒါမွမဟုတ္ရင္ NLD က အခုတပ္မေတာ္နဲ႔ အမ်ားႀကီးေပါင္းတယ္လို႔ ေျပာေနၾကတာေတြရွိ တယ္။ ၂၁ ပင္လံုမွာလည္း တိုင္းရင္းသားေတြနဲ႔၊ NLD နဲ႔၊ တပ္မေတာ္နဲ႔ သေဘာထားကြဲလြဲထားတာ ေတြလည္းရွိေတာ့ ၂၀၂၀ အလြန္မွာ ဘယ္လိုျဖစ္လာ ႏိုင္လဲ။

အခုေမးသလိုမ်ိဳးျဖစ္လာရင္ စိုးရိမ္စိတ္ ျဖစ္မိ တယ္ေပါ့။ ကြ်န္မကေတာ့ အဲဒီလိုမ်ိဳးမျဖစ္ေစခ်င္ဘူး။ ဒီမိုကေရစီရဲ႕ဘက္ေတာ္သားနဲ႔ တကယ့္ၿငိမ္းခ်မ္းေရး မွာ မရွိမျဖစ္လိုအပ္တဲ့ ေဒသခံတိုင္းရင္းသားေတြနဲ႔ သင့္တင့္မွ်တေစခ်င္တယ္ေပါ့ေနာ္။ ေနာက္ ဒီမိုကေရစီ ရဲ႕ အဂၤါရပ္မွာကိုက အာဏာရွင္စနစ္၊ အာဏာရွင္ဆန္ တဲ့ အုပ္ခ်ဳပ္ေရးက အဆင္မေျပဘူး။ တပ္မေတာ္နဲ႔ ဒီမိုကေရစီစနစ္ကေတာ့ သဟဇာတ မျဖစ္ဘူးေပါ့ေနာ္။ ေတာ္ေတာ္ႀကီးကိုလြဲေနေတာ့ အဲဒီဖက္ကိုေတာ့ သြားမေပါင္းေစခ်င္ဘူး။ ေနာက္အရင္ကရွိခဲ့တဲ့ အာဏာရွင္စနစ္ကို လုပ္ခဲ့တဲ့ပါတီေတြနဲ႔လည္း မပူး ေပါင္းေစခ်င္ဘူး။ ကြ်န္မအေနနဲ႔ဆို တိုင္းရင္းသားပါတီ ေတြ ဒီမိုကေရစီဘက္ေတာ္သားေတြနဲ႔ပဲ ပူးေပါင္းေစ ခ်င္တယ္။ Check and Balance လည္း ျဖစ္ေစခ်င္သလို အေပးအယူလည္းမွ်ေစခ်င္တယ္။ ေလွ်ာ့သင့္တာကို လည္း ေလွ်ာ့ေပးေစခ်င္တယ္။

အခုေပါ့ တိုင္းရင္းသားပါတီေတြက မဟာမိတ္ေတြ ဖြဲ႕ၾကတယ္။ ႏွစ္ဖြဲ႕၊ သံုးဖြဲ႕ေပါ့ေနာ္။ ပူးေပါင္းလိုက္တာ ေတြရွိတယ္။ တခ်ိဳ႕လည္း ျပန္ကြဲၾကတာေတြ ရွိတယ္ ေပါ့ေနာ္။ ဘာေၾကာင့္လဲလို႔ ထင္မိလဲ။

ကြ်န္မတို႔ျပည္နယ္မွာ ပူးေပါင္းလိုက္ၾကတယ္။ အရင္က မပူးေပါင္းျဖစ္ေတာ့ မဲေတြကြဲၾကတယ္။ အရင္ကျဖစ္ခဲ့တာေတြကို သင္ခန္းစာယူၿပီး ပူးေပါင္း ၾကတယ္ေပါ့ေနာ္။ ကြ်န္မတို႔မ်က္စိေရွ႕မွာပဲ သူတို႔ အေတာ္ေလးညႇိႏိႈင္းရတယ္။ ညွိႏိႈင္းၿပီးေတာ့ ေရြး ေကာက္ပြဲဝင္ ႏိုင္ေအာင္ အေတာ္ေလးႀကိဳးစားၾက တယ္။ အဲဒါေတာ့ ကြ်န္မတို႔ျပည္နယ္မွာေပါ့ေနာ္။ တျခားေနရာမွာေတာ့ ကြဲသြားၾကတာေတြရွိတယ္။ ကြဲသြားတာေတြ မျဖစ္သင့္ဘူးလို႔ က်မေတာ့ျမင္တယ္။ ကြဲၾကလို႔ရွိရင္ အေျခအေနက ေကာင္းလာႏိုင္မွာ မဟုတ္ဘူး။ အရင္ကျဖစ္ခဲ့တာ  ေတြကို သင္ခန္းစာ ယူသင့္တယ္။ တကယ္ဆို ဘံုသေဘာတူညီမႈထားၿပီး ညီညီညြတ္ညြတ္နဲ႔ေပါ့၊ ကိုယ့္တိုင္းရင္းသား အခ်င္းခ်င္း ေတာင္ မညီညြတ္ဘူးဆိုရင္ တျခားညြန္႔ေပါင္းဖြဲ႕ဖို႔ ဘယ္လိုလုပ္ ဖြဲ႕ႏိုင္ေတာ့မွာလဲ။

တိုင္းရင္းသားပါတီေတြ အားေကာင္းျခင္း မေကာင္း ျခင္းက လက္ရွိ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ အေျခအေနရယ္၊ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈျဖစ္စဥ္ မွာ အက်ိဳးသက္ေရာက္မႈရွိလားေပါ့။

တိုင္းရင္းသားပါတီေတြ အားေကာင္းသင့္တယ္။ ကြ်န္မလည္း ဒီၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ထဲထဲဝင္ဝင္ လုပ္ေနတာဆိုေတာ့ အရင္က ကြ်န္မၾကားခဲ့တာေပါ့။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြက ႏိုင္ငံေရးအသြင္ေျပာင္းေတာ့မယ္ဆိုရင္ ပါတီထူေထာင္ ပါ၊ ပါတီဖက္ကေနဝင္ပါဆိုၿပီး ေျပာခဲ့တာေတြရွိတယ္။ အဲ့ဒါေၾကာင့္လည္း အားေကာင္းသင့္တယ္လို႔ ထင္ တယ္။ အားေကာင္းမွလည္း ကြ်န္မတို႔ ေရရွည္တည္တံ့ တဲ့ ၿငိမ္းခ်မ္းေရးကို ထိန္းႏိုင္မွာလို႔ ျမင္တယ္။ သူ႔ေဒသ၊ သူ႔လူမ်ိဳးနဲ႔ပတ္သက္တာ သူတို႔ကပဲ ပိုၿပီးသိႏိုင္၊ ပိုၿပီး ေဆာင္ရြက္ႏိုင္မွာျဖစ္တယ္။ သူတို႔အားမေကာင္းဘူး ဆိုလို႔ရွိရင္ ဒီႏိုင္ငံမွာ ပါတီႀကီးက ႏွစ္ခုပဲရွိတယ္။ ဒီပါတီႏွစ္ခုပဲ တစ္လွည့္စီသြားေနမယ္ ဆိုရင္ေတာ့ စစ္မွန္တဲ့ဒီမိုကေရစီကေတာ့ ေရာက္လာမွာ မဟုတ္ ေသးဘူးေပါ့။

ေနာက္ဆံုးအေနနဲ႔ ဆရာမတို႔ အရပ္ဖက္အဖြဲ႕အစည္း အေနနဲ႔ေပါ့။ ၂၀၂၀ ေရြးေကာက္ပြဲကို ဘယ္လိုျမင္မိ လဲ။

၂၀၂၀ ေရြးေကာက္ပြဲက အေကာင္းဖက္က ေျပာ မယ္ဆိုရင္ အရင္ကထက္ ပါတီေတြပါဝင္ယွဥ္ၿပိဳင္မႈက ပိုမ်ားလာတယ္။ အရင္ကဆို ကိုယ္စားလွယ္ေလာင္း ဆိုလို႔ရွိရင္ ကြ်န္မတို႔ဒီအတိုင္းမ်က္စိမွိတ္ၿပီး ဒီမိုက ေရစီျဖစ္ရင္ၿပီးေရာဆိုၿပီး မဲေပးခဲ့ၾကတယ္။ အခုဆို အဲဒီလိုမဟုတ္ေတာ့ဘူး။ ကိုယ္စားလွယ္ေလာင္းေတြ ဆိုရင္ တကယ့္ကို ျပည္သူ႔ၾကားမွာရွိေနတဲ့ ကိုယ္စား လွယ္ေလာင္းေတြထြက္လာတယ္။ ေနာက္စိုးရိမ္တာ က စိန္ေခၚမႈေတြမ်ားမယ္။ ကိုဗစ္နဲ႔လည္း လာႀကံဳေန တယ္။ မိုးရာသီလည္းျဖစ္ေတာ့ သဘာဝေဘးေတြ လည္း ဘယ္လိုလာမလဲမသိဘူး။ လက္ရွိ ျပည္သူ အေတာ္မ်ားမ်ားက ျပည္သူေတြအတြက္ စားဝတ္ေန ေရးဆိုတာ အဓိကပဲ။ နဂိုကတည္းက ႏိုင္ငံေရးဆိုတာ လည္း စိတ္ဝင္စားတာမဟုတ္ဘူး။ သဘာဝေဘးပါ ထပ္ႀကံဳမယ္ဆိုရင္ေတာ့ ႏိုင္ငံေရးဘက္မွာ စိတ္ပါဝင္ စားမႈ ေလ်ာ့နည္းသြားမွာ၊ အားနည္းသြားမွာကိုေတာ့ စိုးရိမ္မိတယ္။

 

မြန္ျပည္နယ္ လူထုဆံုရပ္ ညႇိႏိႈင္းေရးမွဴးအကူ ထြန္းေအာင္ေအာင္

 

ပထမဆံုးဆရာရဲ႕အမည္၊ ရာထူးရယ္၊ လက္ရွိလုပ္ ေဆာင္ေနတဲ့ေနတဲ့ အဖြဲ႕အစည္းရယ္ကို မိတ္ဆက္ ေပးပါဆရာ။

ကြ်န္ေတာ့္နာမည္က ထြန္းေအာင္ေအာင္ပါ။ အရင္ကေတာ့ ၿဗိတိသွ် ေရွ႕ေဆာင္လူမႈေရးအသင္းမွာ လုပ္တယ္။ အခုလက္ရွိလုပ္ေနတာကေတာ့ မြန္ျပည္ နယ္လူထုဆံုရပ္မွာ လုပ္တယ္၊ ရာထူးအေနနဲ႔ကေတာ့ ညႇိႏိႈင္းေရးမွဴးအကူနဲ႔ လုပ္ေနပါတယ္။

၂၀၁၅ ေရြးေကာက္ပြဲတုန္းက တိုင္းရင္းသားပါတီေတြ ရလဒ္မေကာင္းခဲ့ဘူး၊ အဲ့ဒီအေပၚမွာ ဘယ္လိုျမင္မိ လဲ။

၂၀၁၅ တုန္းက တိုင္းရင္းသားပါတီေတြ တခ်ိဳ႕ ေနရာေတြမွာ အဆင္ေျပပါတယ္။ မြန္ျပည္နယ္မွာက ေနရာလႊမ္းၿခံဳႏိုင္မႈ ဧရိယာက်ဥ္းလို႔သာလွ်င္ နည္းနည္း ေလး ကြဲေနတယ္လို႔ ထင္ရတယ္။ ျပည္မပါတီႀကီးေတြ က သူတို႔မွာက တိုင္းရင္းသားပါတယ္ဆိုတဲ့ အျမင္နဲ႔ လႊမ္းၿခံဳၿပီးေတာ့ ေျပာသြားတဲ့အခါက်ေတာ့ မဲကြဲမႈေတြ ရွိတာေပါ့။ မြန္တိုင္းရင္းသားေတြအေနနဲ႔ လႊမ္းၿခံဳၿပီး ေတာ့ေျပာရရင္ ေမာ္လၿမိဳင္၊ သထံု၊ ဘီးလင္းၿမိဳ႕ေတြမွာ ဆိုရင္ မြန္လူမ်ိဳးက နည္းတယ္။ ပါတီႀကီးေတြကိုပဲ ဦးစားေပးၿပီးသြားတဲ့အခါက်ေတာ့ တိုင္းရင္းသား ပါတီေတြမဲရမႈအေျခအေနက ေလ်ာ့သြားတယ္လို႔ ျမင္ တယ္။

ေနာက္တစ္ခုေမးခ်င္တာက လက္ရွိအစိုးရသက္တမ္း က ငါးႏွစ္ကုန္ေတာ့မယ္၊ ဒီငါးႏွစ္သက္တမ္းအတြင္း မွာ အစိုးရရဲ႕အား နည္းခ်က္ေတြက ဘာေတြျဖစ္မလဲ၊ သူတို႔အေနနဲ႔ ဘာေတြလုပ္ခဲ့သင့္လဲ၊ ဘာေတြမလုပ္ခဲ့ သင့္ဘူးလဲ၊ ဆရာ့အျမင္ သံုးသပ္ေပးပါ။

ကြ်န္ေတာ့္အေနနဲ႔ အရပ္ဖက္အဖြဲ႕အစည္း ႐ႈေထာင့္ကေနၾကည့္မယ္ဆိုရင္ NLD အစိုးရသက္ တမ္းမွာ စီမံခန္႔ခြဲမႈအပိုင္းကို ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ ေဖာ္ ေဆာင္ႏိုင္မႈအား အရမ္းေလ်ာ့နည္းတယ္လို႔ျမင္တယ္။ ဘာေၾကာင့္လဲဆိုရင္ အာဏာရွင္အစိုးရလက္ထက္ ကေန ဒီမိုကေရစီအစိုးရကိုေျပာင္းလာတဲ့အခ်ိန္မွာ အရင္ဦးသိန္းစိန္အစိုးရလက္ထက္မွာ ဌာနဆိုင္ရာ ဝန္ထမ္းေတြကို စီမံခန္႔ခြဲမႈပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ လုပ္ေဆာင္ ႏိုင္တယ္။ ျပည္သူရဲ႕လိုအပ္ခ်က္၊ လုပ္ေဆာင္ႏိုင္မႈ စြမ္းရည္ေတြကို ဦးသိန္းစိန္ အစိုးရငါးႏွစ္တာကာလ အတြင္းမွာ ရဲရဲဝံ့ဝံ့ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ လာႏိုင္တယ္လို႔ ျမင္တယ္။ အရပ္ဖက္နဲ႔ အစိုးရေပါင္း ၿပီးေတာ့ လုပ္ေဆာင္တဲ့ေနရာမွာဆိုရင္ ထဲထဲဝင္ဝင္ ေပါင္းၿပီးေတာ့မွ လုပ္ေဆာင္ခြင့္ေပးတယ္။ အေျပာင္း အလဲတစ္ခုကို ဖြင့္ထုတ္လိုက္တာေပါ့။ ဥပမာေျပာရ မယ္ဆိုရင္ ကားေဈးႏႈန္းေတြအမ်ားႀကီး ေလ်ာ့လာ တယ္၊ ဖုန္းကက္တန္ဖိုးေတြ အမ်ားႀကီးေလ်ာ့လာတာ ေတြေပါ့။ လူထုကေနေအာ္တယ္၊ သတင္းအခ်က္ အလက္ေပးတယ္ဆိုရင္ တတ္ႏိုင္သေလာက္ ေျပာင္းလဲ ေပးတယ္ေပါ့။

ဒီဘက္ ၂၀၁၆ NLD အစိုးရသက္တမ္းေရာက္ လာတဲ့အခ်ိန္မွာ သူရဲ႕ပါတီမူဝါဒအေနနဲ႔ ဖြဲ႕စည္းပံု အေျခခံဥပေဒေျပာင္းလဲေရး၊ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးကိုပဲ အေျခခံၿပီးေတာ့မွာသြားတယ္။ သူ႕ရဲ႕ Vision ကအရမ္းႀကီးတဲ့အခါက်ေတာ့ အေသး ပိုင္းျဖစ္တဲ့ လူထုရဲ႕လိုအပ္ခ်က္ေတြကို လုပ္ေဆာင္ တဲ့အရာ အားနည္းလာတယ္။ ေနာက္စီမံခန္႔ခြဲမႈက ဟိုဖက္ကိုေဇာင္ေးပးထားေတာ့ ကြၽန္ေတာ့္အေနနဲ႔ ထဲထဲဝင္ဝင္မသိေပမယ့္ ေဝဖန္ရရင္ ဌာနဆိုင္ရာ စီမံခန္႔ခြဲႏိုင္မႈအားက အရမ္းေလ်ာ့လာတယ္။ လူထုက ဒီအစိုးရအေပၚမွာေမွ်ာ္လင့္ခ်က္ အႀကီးႀကီးထားထား တယ္။ ျဖစ္တည္မႈအေျခအေနက အရမ္းကိုနည္းတဲ့ အခါက်ေတာ့ သဟဇာတမျဖစ္ေတာ့ဘူး။ တိုင္းရင္း သား ကိုယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြက လူထုရဲ႕ လိုအပ္ခ်က္ေတြကို တင္ျပေဆြးေႏြးတယ္၊ အေကာင္ အထည္ေဖာ္တာေတြ ပိုၿပီးေတာ့အားေကာင္းလာတဲ့ အခါက်ေတာ့ တိုင္းရင္းသားရဲ႕ပံုရိပ္ေတြက ပိုၿပီးေတာ့ တက္လာတယ္၊ အစိုးရရဲ႕ပံုရိပ္ေတြက က်လာတယ္လို႔ ကြ်န္ေတာ္ ျမင္မိပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲရလဒ္က ဘယ္လိုပံုစံမ်ိဳးျဖစ္လာ မလဲ။ ဆရာတို႔အေနနဲ႔ အရပ္ဖက္လူ႔အဖြဲ႕အစည္း ႐ႈေထာင့္ကေန ဘယ္လိုမ်ိဳးျဖစ္ေစခ်င္သလဲ။ NLD ကပဲ အႏိုင္ရသြားမလား၊ ဒါမွမဟုတ္ ညႊန္႔ေပါင္းအစိုးရ ေပၚလာမလား။

ကြ်န္ေတာ့္စိတ္ရင္းအမွန္နဲ႔ျဖစ္ေစခ်င္တဲ့ဆႏၵက ျမန္မာႏိုင္ငံက ဖက္ဒရယ္ျပည္ေထာင္စုကိုသြားတဲ့အခါ တိုင္းရင္းသားအမ်ားစုရွိတဲ့ ျပည္နယ္ေတြမွာ တိုင္းရင္း သားပါတီေတြ အမ်ားစုအႏိုင္ရၿပီးေတာ့ အစိုးရဖြဲ႕ခြင့္ ေတြရမယ္ဆိုရင္ တိုင္းရင္းသားေဒသရဲ႕ရွိရင္းစြဲပံုရိပ္ ေတြ၊ ယဥ္ေက်းမႈေတြကို ေဖာ္ေဆာင္ခြင့္ေတြ အမ်ား ႀကီးရလာမယ္။ NLD ကို မရေစခ်င္လို႔ မဟုတ္ဘူး။ ျပည္ေထာင္စုအေနနဲ႔ NLD ကို အႏိုင္ရေစခ်င္တယ္။ NLD ကို စြမ္းရည္ျမင့္မားၿပီး ျပည္သူရဲ႕လိုအပ္ခ်က္ကို အေကာင္အထည္ေဖာ္ေပးႏိုင္တဲ့ အစိုးရတစ္ရပ္ ျဖစ္ လာေစခ်င္တယ္။ ဒီလိုမွမဟုတ္ရင္ တျခားပါတီေတြ အႏိုင္ရလာမယ္။ ပါတီႀကီးေတာ္ေတာ္မ်ားမ်ားကို ၾကည့္ရင္ အႏိုင္ရေရးကိုသာ ဦးတည္ၿပီး သြားေနၾက တာ ေတြ႕ရတယ္။ ျပည္သူရဲ႕လိုအပ္ခ်က္၊ လုပ္ေဆာင္ မယ့္အရာေတြကိုေျပာတာ ပါတီအေတာ္မ်ားမ်ားမွာ မေတြ႕ရဘူး။ မေတြ႕ရတဲ့အခါက်ေတာ့ တိုင္းရင္းသား ေတြအေနနဲ႔ စိတ္ခံစားခ်က္ေတြ ျဖစ္မွာပဲ။ ကိုယ့္ ျပည္နယ္ကို ဖန္တီးခြင့္၊ လုပ္ပိုင္ခြင့္ေတြက တျဖည္း ျဖည္းနဲ႔ေလ်ာ့နည္းလာတယ္။ ႏိုင္ငံႀကီးေတြကိုၾကည့္ရင္ လူနည္းစုေတြကို အေလးမထားဘဲ လူမ်ိဳးႀကီးဝါဒနဲ႔ လႊမ္းမိုးတဲ့အခါ လူနည္းစုေတြက ဘယ္ေလာက္ပဲ ထိန္းသိမ္းထိန္းသိမ္း တျဖည္းျဖည္းနဲ႔ ေလ်ာ့နည္း ပေပ်ာက္လာတယ္။ အဲဒီလိုမ်ိဳးမျဖစ္ေအာင္ ကြ်န္ေတာ္ တို႔တိုင္းရင္းသားေတြရဲ႕ ယဥ္ေက်းမႈဓေလ့ထံုးတမ္း အစဥ္အလာေတြကို ဘယ္လိုထိန္းသိမ္းၾကမလဲ၊ ဖက္ဒရယ္ကို အမွန္တကယ္ အေကာင္အထည္ေဖာ္ၿပီး ေတာ့မွ သဟဇာတျဖစ္စြာနဲ႔ အစိုးရတစ္ရပ္ကို ေဖာ္ ေဆာင္လာႏိုင္မယ္ဆိုရင္ေတာ့ မွ်တတဲ့အရာေတြ ျဖစ္ လာမယ္။ အဲဒီအတြက္ေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ တိုင္းရင္းသားျပည္နယ္ေတြမွာ တိုင္းရင္းသားေတြကို အႏိုင္ရေစခ်င္တယ္။ ျပည္ေထာင္စုအေနနဲ႔ဆိုရင္ ဖက္ဒရယ္ကို တကယ္နားလည္ၿပီးေတာ့ က်င့္သံုး လာႏိုင္တဲ့ အစိုးရတစ္ရပ္ျဖစ္လာမယ္ဆိုရင္ ပိုေကာင္း လာမယ္လို႔ ျမင္မိပါတယ္။

ညႊန္႔ေပါင္းအစိုးရေပၚလာမယ္ဆိုရင္ တိုင္းရင္းသား ေတြရဲ႕အခန္းက႑က ျမင့္မားလာမလား၊ ဆရာ ဘယ္လိုျမင္မိလဲ။

တိုင္းရင္းသားတစ္ခုတည္းကို ရည္ရြယ္တယ္ ဆိုရင္ ျမင့္မားလာႏိုင္တယ္လို႔ထင္တယ္။ တခ်ိဳ႕ေသာ အရာေတြ ကြ်န္ေတာ္တို႔ မႀကိဳက္တာက လူထုရဲ႕ လိုအပ္ခ်က္၊ တိုင္းျပည္ရဲ႕လိုအပ္ခ်က္၊ စစ္တမ္းေတြ ကို ေကာက္ၿပီး အမွန္တကယ္ ေဖာ္ေဆာင္ေပးႏိုင္တဲ့ ပါတီက အရမ္းရွားတယ္။ ပါတီေပါင္း(၁၀ဝ) နီးပါး ရွိေပမယ့္ ဒီဟာကို စစ္တမ္းမေကာက္ဘဲ ေနရာဝင္ထိုင္ တဲ့ ပါတီေတြရွိမယ္ဆိုရင္ ဒီညႊန္႔ေပါင္းအစိုးရက ျပည္သူလူထု လက္ခံတဲ့ ညႊန္႔ေပါင္းအစိုးရျဖစ္ပါ့မလား ေပါ့၊ အဲဒါကို စိုးရိမ္တယ္။ ျဖစ္သင့္ျဖစ္ထိုင္တဲ့ တိုင္း ရင္းသားေတြကို ကိုယ္စားျပဳတဲ့ တိုင္းရင္းသားပါတီ ေတြရွိမယ္။ ေနာက္ပါတီႀကီးေတြရွိမယ္။ ဒီပါတီေတြက  ညႊန္႔ေပါင္းအစိုးရဖြဲ႕ၿပီး အေကာင္အထည္ေဖာ္ေဆာင္ ရြက္မယ္ဆိုရင္ အင္အားေကာင္းလာႏိုင္တယ္။ ဘာမွ မလုပ္ဘဲ ဒီအတိုင္းဝင္ထိုင္ေနတဲ့ပါတီမ်ိဳးကို ကြ်န္ေတာ္ က မရွိေစခ်င္ဘူးေပါ့ေနာ္။ ေနာက္ တိုင္းရင္းသား အမ်ားစုနဲ႔ ဖြဲ႕စည္းထားတဲ့ႏိုင္ငံျဖစ္တဲ့အတြက္ေၾကာင့္ တိုင္းရင္းသားပါတီေတြလည္း (State Level) စီမံခန္႔ခြဲမႈ ေတြမွာ သြားၿပီးေတာ့ ေဆြးေႏြးတဲ့အရာေလးေတြ ျဖစ္ေစခ်င္တယ္။ အဲဒီလိုမဟုတ္ဘဲနဲ႔ အခြင့္အေရးယူတဲ့ ပါတီေတြေနရာရသြားရင္ ပိုၿပီးနစ္နာ ဆံုး႐ံႈးသြားမလား၊ ဟိုဖက္ဒီဖက္ဒြန္တြဲၿပီးေတာ့မွ စဥ္းစားမိတဲ့အရာေလး ျဖစ္ေနတာေပါ့။

တခ်ိဳ႕ပါတီေတြက မဟာမိတ္ဖြဲ႕ၾကတယ္။ ၿပီးေတာ့ ျပန္ကြဲၾကတယ္။ ဒီအေပၚမွာ ဆရာရဲ႕အျမင္ေလး သံုးသပ္ေပးပါဦး။

ဒါက ဒီမိုကေရစီ အေျပာင္းအလဲကာလတစ္ခုကို သြားေနတဲ့အေပၚ အေျခခံၿပီးေတာ့မွ အေလ့အက်င့္ ေလးေတြမျဖစ္ေသးဘူး။ ကြဲတာေတြ၊ စုစည္းမႈေတြ ျဖစ္လာတာေတြက အေကာင္း႐ႈေထာင့္ဘက္က ၾကည့္ မယ္ဆိုရင္ ေကာင္းတယ္။ မေကာင္းတဲ့သူအမ်ားစုနဲ႔ စုေပါင္းထားတဲ့အခါမ်ိဳးက်ရင္ ဘာမွျဖစ္လာမွာမဟုတ္ ဘူး။ ဘာမွညႇိႏိႈင္းလို႔ရမွာ မဟုတ္ဘူး။ အဲဒီလိုမ်ိဳးဆို ကြဲၾကတာက ပိုေကာင္းမယ္။ ေပါင္းစည္းလာၿပီးေတာ့မွ အတူတကြသြားႏိုင္တဲ့အခါမ်ိဳး၊ ေရခ်ိန္ျမင့္လာတဲ့အခါ မ်ိဳးက်ရင္ ဥပမာအားျဖင့္ မြန္ညီညြတ္ေရးပါတီကို ေျပာရရင္  မြန္ပါတီတစ္ခုတည္းကိုထည့္လိုက္တာနဲ႔ မြန္ကိုကိုယ္စားျပဳတာေပါ့။ အဲဒီလိုမဟုတ္ဘဲ မြန္ပါတီ ေတြမ်ားရင္ ဟိုပါတီက ဟိုလူဦးေဆာင္လို႔၊ ဒီပါတီက ဒီလူဦးေဆာင္လို႔ ဒါဆိုရင္ သိပ္အဆင္မေျပဘူး။ အခုလိုေပါင္းစည္းၿပီး အမ်ားစုအႏိုင္ရရင္ ကိုယ့္ျပည္ နယ္ရဲ႕ လူမ်ိဳးစုအေပၚ အေကာင္းဆံုး အေကာင္ အထည္ေဖာ္ေဆာင္ရြက္လာႏိုင္တဲ့အရာေတြ ျဖစ္လာ ႏိုင္တယ္။

ေနာက္ဆံုးအေနနဲ႔ တိုင္းရင္းသားပါတီေတြ ဒီထက္ အားေကာင္းေအာင္ လုပ္သင့္တယ္လို႔ယူဆလား။ တိုင္းရင္းသားပါတီေတြ အားေကာင္းျခင္း၊ မေကာင္း ျခင္းက ဒီမိုကေရစီအသြင္ကူးေျပာင္းေရးနဲ႔ ျပည္တြင္း ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမွာ ဘယ္လိုျဖစ္လာႏိုင္ သလဲေပါ့။

တိုင္းရင္းသားပါတီေတြ အားေကာင္းလာမႈကို ႀကိဳဆိုရမယ္၊ အဲဒီလိုႀကိဳဆိုမွပဲ စစ္မွန္တဲ့ ၿငိမ္းခ်မ္း ေရးကိုဦးတည္ၿပီးေတာ့မွ တိုင္းရင္းသားေတြကို ကိုယ္ စားျပဳတဲ့ႏိုင္ငံတစ္ခုျဖစ္လာႏိုင္မယ္။ တိုင္းရင္းသား ပါတီေတြအားမေကာင္းရင္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ မွာ အားနည္းတဲ့အရာေတြျဖစ္ေနမွာပဲ။ ဘာေၾကာင့္လဲ ဆိုရင္ ဒီတိုင္းရင္းသားေတြလက္နက္ကိုင္တယ္ဆိုတာ က ကြ်န္ေတာ္က မြန္မဟုတ္ေပမယ့္ မြန္ျပည္နယ္မွာ ေနတဲ့အခါက်ေတာ့ တခ်ိဳ႕ေသာ ခံစားခ်က္ေတြ ရွိတာ ေပါ့။ စီးပြားေရးအေနနဲ႔  ဥပမာေျပာရရင္ ရန္ကုန္မွာ ဓာတ္ဆီ (၄၃၀ က်ပ္) ေပးရတဲ့အခ်ိန္မွာ မြန္ျပည္နယ္ မွာက ဓာတ္ဆီ (၅၃၀)က်ပ္ျဖစ္တယ္။ ဒါကို စီးပြားေရး လုပ္ငန္းရွင္တစ္ေယာက္အေနနဲ႔ တစ္ႏိုင္ငံလံုး ဘယ္မွာပဲ ဝယ္ဝယ္ (၅၀ဝ) သတ္မွတ္မယ္။ ရန္ကုန္မွာဝယ္လည္း (၅၀ဝ)၊ နယ္မွာဝယ္လည္း (၅၀ဝ)၊ ေတာထဲမွာ ဝယ္ လည္း (၅၀ဝ) ဒါဆို ပိုမမွ်တဘူးလား။

စာရြက္ထဲမွာပဲ အခြင့္အေရးတန္းတူရွိတယ္၊ ေလထဲပါးစပ္ေျပာကပဲ အခြင့္အေရးတန္းတူကို ေျပာ ေနရင္ ၿငိမ္းခ်မ္းေရးက ဘယ္ေတာ့မွ ျဖစ္လာမွာ မဟုတ္ဘူး။ အဲဒီအတြက္ေၾကာင့္ တိုင္းရင္းသားေတြကို တကယ္ရင္ထဲက ႀကိဳဆိုတဲ့အရာျဖစ္ရမယ္။

၂၀၂၀ေရြးေကာက္ပြဲကို တိုင္းရင္းသားေတြ စိတ္ ဝင္စားေစခ်င္ပါတယ္။ ေမွ်ာ္လင့္ခ်က္မျပည့္ဝတဲ့အခါ က်ေတာ့ လူထုေတြရဲ႕ ဒီမိုကေရစီ စံႏႈန္းကို ေရရွည္ သြားမယ့္ခရီးမွာ က်ဆံုးၿပီးေတာ့မွ လိုခ်င္တဲ့ ပန္းတိုင္ မေရာက္ဘဲ ျဖစ္သြားမွာစိုးလို႔ ဆက္သြားၾကပါ၊ အေကာင္အထည္ေဖာ္ၾကပါ။ ကိုယ့္ရဲ႕ ယံုၾကည္မႈကို အေကာင္အထည္ေဖာ္ၾကပါလို႔ တိုက္တြန္းခ်င္တယ္။ တျဖည္းျဖည္းနဲ႔ စိတ္ရွည္ၿပီးေတာ့သြားၾကပါ၊ အေကာင္ အထည္ေဖာ္ၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။