• Today is: Monday, January 18, 2021
ဒီမိုကရေစီက တောင်ပြေး၊ တိုင်းရင်းသားအခွင့်အရေးက မြောက်လိုက်
Federal Journal
February17/ 2020
ဒီမိုကရေစီ ဒီမိုကရေစီက တောင်ပြေး၊ တိုင်းရင်းသားအခွင့်အရေးက မြောက်လိုက်
ဗညားလှိုင်ဦး
သင်ဘတ်(စ်)ကားမှတ်တိုင်တစ်ခုတွင်ရပ်၍ ဘတ်(စ်)ကား စောင့်ဖူးပါလိမ့်မည်။ ကားမှတ်တိုင်သတ်မှတ်ထားသည်က တစ်နေရာ၊ ကွမ်းယာဆိုင်၊ ရေသန့်ဗူးနှင့် အချိုရည်များရောင်းသည့်လူစည်ကားရာနေရာက တစ်နေရာ။ ဘတ်(စ်)ကား သုံးလေး စီးတစ်ပြိုင်တည်းဝင်လာကာ လူစည်ကားရာနေရာသို့ ထိုးဆိုက်လိုက်သည်။ မှတ်တိုင်တွင်ရပ်နေသောသင်က ကားဆိုက်ရာသို့ အပြေးသွားရမည်။
ထိုနေရာရောက်တော့ ကားကထွက်သွားပြီ၏။ ဘတ်(စ်)ကားက မှတ်တိုင်မှာမရပ်ဘဲ လူစည်ကားရာနေရာ၌ရပ်သည် အထင်နှင့် လူစည်ကားရာတွင်ဆက်စောင့်ပြန်သည်။ သည်တစ်ခါဘတ်(စ်)ကားတွေက မှတ်တိုင်မှာ သွားရပ်ပြန်သည်။
“ရဲဖမ်းနေလို့ မှတ်တိုင်ကိုလာကြ” ဟုဆိုသဖြင့် မှတ်တိုင်မှာ ပြေးရပြန်သည်။ ကားကမစီးရသေး၊ ခရီးက မနှင်ရသေး။ ပြေးရလွှားရနှင့် မောလှပြီဖြစ်သည်၊
ကျွန်တော်တို့နိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းကလည်း ဘတ်(စ်)ကားမှတ်တိုင်တွင် ဘတ်(စ်)ကားစောင့်ရသကဲ့သို့ ဖြစ်နေ သည်။ ဒီမိုကရေစီဟုတော့ ခေါ်သည်၊ သို့သော် ဟိုနေရာရပ်ချင်ရပ်၊ သည်နေရာရပ်ချင်ရပ်နေသော ဗရမ်းဗတာဒီမိုကရေစီမျိုး တွေတွေ့နေရသည်။ ဒီမိုကရေစီစနစ်၏နောက်တွင် လွတ်လပ်စွာရေးသားထုတ်‌ဝေခွင့်၊ ပြောဆိုဟောပြောခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်တွေရှိနေသည်။ ဒီမိုကရေစီက သားရေကွင်းကဲ့သို့ ကျဥ်းလိုက်၊ ကျယ်လိုက်ဖြစ်နေ သောအခါ အခွင့်အရေးတွေကလည်း ကျဥ်းလိုက်၊ ကျယ်လိုက်ဖြစ်ကုန်သည်။
၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာ(၂၆)ရက်နေ့တွင်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ကေအင်ယူ ဥက္ကဠက ပေးပို့သောသဝဏ်လွှာတွင် “လူမျိုးတစ်မျိုးရှင်သန်ရပ်တည်နေနိုင်ခြင်းသည် ထိုလူမျိုးတစ်မျိုးစီတိုင်းက မိမိတို့၏ ယဥ်ကျေးမှုလက္ခာရပ်များကို နေ့စဥ်ဘဝတွင် စုပေါင်းထိန်းသိမ်းခြင်း၊ အသုံးပြုခြင်း၊ မြှင့်တင်ခြင်းအပြင် ထိုလူမျိုးများနေထိုင် သောနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတိအလင်းနှင့်ပြည့်စုံစွာရေးသားပြဌာန်းပြီး တိတိကျကျအာမခံမှုပေးရမည်ဖြစ် ကြောင်းပါရှိသည်။
သဝဏ်လွှာ၏အနှစ်ချုပ်ကိုကြည့်မည်ဆိုလျှင် လူမျိုးတစ်မျိုးရှင်သန်တိုးတက်နိုင်ရန်ဥပဒေအရ အာမခံမှုနှင့် အစိုးရ၏ ပံ့ပိုးမှုလိုအပ်ကြောင်းကို ညွှန်းဆိုထားကြောင်းတွေ့ရသည်။ အမျိုးသားဥပဓိရုပ်အရဆိုလျှင် ၁၉၇၄-ခုနှစ်က စတင်ခဲ့သည့် တတိယလှိုင်းဒီမိုကရေစီအသွင်ကူးပြောင်းရေးနိုင်ငံများအနက် မြန်မာနိုင်ငံသည် ကွဲပြားခြားနားမှုအနက်ရှိုင်းဆုံး၊ အထွေပြား ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းကို တွေ့ရပေလိမ့်မည်။ လူဦးရေသန်း (၅၀)ကျော်ရှိသည့်မြန်မာနိုင်ငံသားများ၏ သုံးပုံတစ်ပုံသည် မြန်မာလူမျိုးအများစုနေထိုင်ရာဒေသ၏ပြင်ပတွင်ရှိနေကြပြီး ဘာသာစကားခြင်းမတူခြားနားသကဲ့သို့ ဥပဓိရုပ်ခြင်းလည်း မတူ ညီခဲ့ကြပေ။ ထို့အပြင် ရှမ်း၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်နှင့်ရခိုင်စသည့် အမျိုးသားလူနည်းစုပေါင်း (၁၀၀)ကျော်တို့သည် သစ်တော၊သတ္တု၊ ကျောက်မျက်စသည့် သဃံဇာတကြွယ်ဝသည့်နယ်စပ်‌ဒေသများတွင် နေထိုင်လျက်ရှိကြသည်။
၁၉၄၈-ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဗဟိုအစိုးရအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခသမိုင်းစဥ်သည် ဆယ်စုနှစ်များစွာ ရှည်လျားကြာညောင်းခဲ့ပြီး ပြည်တွင်းစစ်အဖြစ်အရှိန်မြင့်တက်ခဲ့သည်။ တပ်မတော် အနေနှင့်လည်းဆယ်စုနှစ်နှင့်ချီ၍ အဆိုပါအမျိုးသားလူနည်းစုများ၏တော်လှန်ပုန်ကန်မှုများကို ချေမှုန်းရန် ကြိုးပမ်းရင်း တိုင်းရင်းသားတို့ဒေသရှိ သဘာဝသဃံဇာတများကို ထိန်းချုပ်ထုတ်လုပ်ရန် အားထုတ်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင်လူမျိုးစုပဋိပက္ခများ ဖြေရှင်းနိုင်‌ရေးသည် လက်ရှိဗဟိုအစိုးရ၏ ချုပ်ကိုင်ချယ်လှယ်ရေးစနစ်ကို ဖယ်ရှားပစ်နိုင်မှသာလျှင် အဓွန့်ရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်မည်ဖြစ်သလို စစ်မှန်သည့်ပူးပေါင်းနေထိုင်ရေး ကို ထူထောင်နိုင်မည်ဖြစ်သည်။ ကျန်သဘောတူညီချက်မျိုးကို ခေတ်သစ်မြန်မာနိုင်ငံကို ထူထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း သည် ၁၉၄၇-ခုနှစ်က ရှမ်း၊ ချင်း၊ ကချင် လူမျိုးစုခေါင်းဆောင်များနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
ထိုပင်လုံစာချုပ်သည်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင်မှီတင်းနေထိုင်ကြသည့် နယ်စပ်ဒေသအမျိုးသားလူနည်းစု များအား ဒေသတွင်းကိုယ်ပိုင်အုပ်ချုပ်ရေးကို အပြည့်အဝရရှိရေးအတွက် အခြေခံများချမှတ်ပေးထားသည်။ ထို့အပြင်လွတ်လပ် ရေးရပြီးနောက် ဆယ်နှစ်ကြာလျှင် ခွဲထွက်လိုက ခွဲထွက်ခွင့်ကိုပင် ပေးအပ်ထားခဲ့သည်။ သို့သော်ပင်လုံစာချုပ်ပါ အမျိုးသားလူ နည်းစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာနှင့်အခွင့်အရေးများမှာ ပစ်ပယ်လျစ်လျူရှုခံခဲ့ရသည်။
ယခုခေတ်ဖော်ဆောင်နေသော ၂၁-ရာစု ပင်လုံညီလာခံသည် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမ၏ဖခင်ဖော် ဆောင်ခဲ့သောပထမပင်လုံညီလာခံ၏ နောက်ဆက်တွဲအနေဖြင့်ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးတို့ဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးထူထောင်ရန် ရည်မှန်းထားခြင်းဖြစ်သည်။
သို့သော်မြန်မာနိုင်ငံကဲ့သို့သော လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဒီမိုကရေစီကျကျ လျင်မြန်စွာ အမျိုးသားနိုင်ငံရေးတစ်ရပ်ဖြစ်လာရေးဆိုသည်မှာ ခက်ခဲလှပေသည်။ အမျိုးသားအသီးသီးတို့၏နိုင်ငံမျိုးသာ ဖြစ်လာနိုင်စရာ ပိုများသည်။ အမျိုးသားပေါင်းစုံဖြင့်ဖွဲ့စည်းထားသောနိုင်ငံမျိုးကို ဆိုလိုသည်။ မည်သို့သောနိုင်ငံတွင်မဆို အစိုးရ သည် နိုင်ငံသားများ၏အမျိုးသားသရုပ်သကန်နှင့် သစ္စာခံမှုကို ရရှိအောင် အပြင်းအထန်အားထုတ်ရမည်ဖြစ်သည်။
ထိုသို့သောတိုင်းပြည်မျိုးတွင် ဗဟိုအစိုးရအနေဖြင့် ဘာသာစကားတစ်မျိုးတည်း၊ ယဥ်ကျေးမှုပုံစံတစ်မျိုးတည်းကို အခြားလူနည်းစုအမျိုးသားများတွင် သွတ်သွင်းကျင့်သုံးရန် မကြိုးပမ်းသင့်ပေ။ ၄င်းတို့အနေဖြင့် မတူခြားနားသည့် ဖက်ဒရယ် အုပ်ချုပ်ရေးသဏ္ဌာန်မျိုးစုံကျင့်သုံးခြင်းဖြင့် လူမျိုးစုအမျိုးသားသရုပ်ဖော်ထုတ်နိုင်ရေးကို အားပေးသင့်သည်။ အနိမ့်ဆုံးအားဖြင့် အချို့အရေးပါသည့်အာဏာခွဲဝေရာတွင် အမျိုးသားလူနည်းစုများ၏ အခြေခံအစိတ်အပိုင်းများအထိပါဝင်သင့်သည်။
ဤစနစ်တွင် လူနည်းစုအမျိုးသားများအနေဖြင့် လူမျိုးစု၏အဖွဲ့ဝင်တစ်ဦးအနေဖြင့် ခံယူအသိအမှတ်ပြုရန် လိုအပ်သ ကဲ့သို့ အမျိုးသားလူနည်းစုတစ်ရပ်စီ၏ ကိုယ်ပိုင်ဘာသာစကား၊ ယဥ်ကျေးမှုနှင့် လုပ်ပိုင်ခွင့်အခွင့်အရေးများကို အသိအမှတ်ပြု တာဝန်ယူရန်လည်း လိုအပ်ပေလိမ့်မည်။
မြန်မာနိုင်ငံအနေဖြင့် လူမျိုးစုံနိုင်ငံမှ အမျိုးသားနိုင်ငံတစ်ရပ်သဏ္ဌာန်ဖြစ်လာရေးအတွက် ရှင်သန်ဖွံ့ဖြိုးသည့် ဒီမိုကရေ စီ အခိုင်အမာတည်ရှိရန်လိုအပ်ပါသည်။ သဏ္ဌာန်စုံဖက်ဒရယ်စနစ်နှင့် ယဥ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျိုးရှိရန် လိုအပ် ပါသည်။ သို့တိုင် ၂၀၀၈-ခုနှစ်အခြေခံဥပဒေမှာ အဆိုပါအခွင့်အာဏာဖြန့်ဖြူးခွဲဝေပုံစနစ်နှင့်များစွာ အလှမ်းဝေးနေဆဲပင်ရှိသေး သည်။ ပြည်နယ်နှင့်လူမျိုးစုဒေသများ၏ အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်၊ တာဝန်များနှင့်စပ်လျဥ်း၍ ဥပဒေများပြဠာန်းပေးရာတွင် များစွာအလှမ်းဝေးနေသည့်တိုင် နိုင်ငံတော်သမ္မတကိုမူ ပြည်နယ်နှင့်တိုင်းဒေသကြီများ၏ဝန်ကြီးချုပ်များ ခန့်အပ်ရန်လုပ်ပိုင် ခွင့်များ အပ်နှင်းပေးထားပြီးဖြစ်သည်။ ယင်းသို့တိုင်းရင်းသားလူနည်းစုပြည်နယ်များတွင် တစုံတရာအကန့်အသတ်ရှိနေသည့် အာဏာနှင့်လုပ်ပိုင်ခွင့်များပေးထားခြင်းအတွက် အတုံ့အပြန်အားဖြင့် အပေးအယူပြုရမည်မှာ အမျိုးသားလူနည်းစုများအနေ ဖြင့် ခွဲထွက်ခွင့်ကို စွန့်လွှတ်ပြီး ပြည်ထောင်စုအတွင်း ရာသက်ပန်ပါဝင်တည်ရှိရေးကို အာမခံချက်ပေးရမည်ဖြစ်သည်။
ဤနေရာတွင် “ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်”ဟူသောစကားကို ပြန်လည်သတိမူဖို့လိုသည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုပေါင်း (၁၀၀)ကျော်တွင် ဘာသာစကားနှင့်ယဥ်ကျေးမှုဓလေ့ထုံးစံများ ကိုယ်စီရှိကြပြီးဖြစ်သည်။ ဘာသာ စကားနှင့်ယဥ်ကျေးမှု ဓလေ့ထုံးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဗဟိုအစိုးရက အားပေးလျက်ရှိသည်ကို တွေ့ရသည်။
ဗဟိုအစိုးရက မည်မျှအားပေးသည့်တိုင် ထိုဒေသတွင်နေထိုင်သော တိုင်းရင်းသားများအနေဖြင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်မရရှိသေးပါက တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝရရှိဖို့ဆိုသည်မှာ အလှမ်းဝေးနေအုံးမည်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မှသာ တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝ ရရှိနိုင်ဖို့ရှိသည်။
သို့ရာတွင်အစကဆိုခဲ့သကဲ့သို့ ဒီမိုကရေစိကလည်း ဟိုပြေးသည်ပြေးဖြစ်နေသောအခါ လူ့အခွင့်အရေးနှင့်တိုင်းရင်း သားအခွင့်အရေးများမှာလည်း အဘယ်နောက်သို့လိုက်ရကောင်းမှန်းမသိဖြစ်နေသည်။ အဓိကကတော့ ငြိမ်းချမ်းရေးရဖို့လို သည်။ ဒီမိုကရေစီအစစ်အမှန်ရဖို့လိုသည်။ ပြီးမှဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မည်။ သို့မှသာ တိုင်းရင်းသားများ အခွင့်အရေးက ကျွဲကူး‌ရေပါ လာနိုင်မည်။
ဗညားလှိုင်ဦး
ဗညားလှိုင်ဦး
ထိုနေရာရောက်တော့ ကားကထွက်သွား၏။ ဘတ်(စ်)ကားကမှတ်တိုင်တွင်မရပ်ဘဲလူစည်ကားရာနေရာတွင် ရပ် သည်အထင်နှင့် လူစည်ကားရာနေရာတွင် ဆက်စောင့်ပြန်သည်။ သည်တစ်ခါ ဘတ်(စ်) ကားကမှတ်တိုင်တွင်သွားရပ်ပြန် သည်။
၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ကေအင်ယူဥက္ကဋ္ဌက ပေးပို့သောသဝဏ်လွှာတွင် “လူမျိုးတစ်မျိုးရှင်သန်ရပ်တည်နေနိုင်ခြင်းသည် ထိုလူမျိုးတစ်ဦးစီတိုင်းကမိမိတို့၏ယဉ်ကျေးမှုလက္ခဏာရပ်များကိုနေ့စဉ်ဘဝတွင် စုပေါင်းထိန်းသိမ်းခြင်း၊ အသုံးပြုခြင်း၊ မြှင့်တင်ခြင်းအပြင် ထိုလူမျိုးများနေထိုင်သောနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတိအလင်းနှင့်ပြည့်စုံစွာရေးသားပြဌာန်းပြီးတိတိကျကျအာမခံမှုပေးရမည်ဖြစ်ကြောင်းပါရှိသည်။
မြန်မာနိုင်ငံတွင်လူမျိုးစုပဋိပက္ခများဖြေရှင်းနိုင်ရေးသည် လက်ရှိဗဟိုအစိုးရ၏ ချုပ်ကိုင်ချယ်လှယ်ရေးစနစ်ကိုဖယ်ရှားနိုင်မှသာလျှင် အဓွန့်ရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကိုမျှော်လင့်နိုင်မည်ဖြစ်သလိုစစ်မှန်သည့်ပူးပေါင်းနေထိုင်ရေးကိုထူထောင်နိုင်မည်ဖြစ်သည်။ ကျန်သဘောတူညီမှုမျိုးကိုခေတ်သစ်မြန်မာနိုင်ငံကိုထူထောင်ခဲ့သူဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇-ခုနှစ်ကရှမ်း၊ ချင်း၊ ကချင် လူမျိုးစုခေါင်းဆောင်များနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
ယခုခေတ်ဖော်ဆောင်နေသော ၂၁-ရာစု ပင်လုံညီလာခံသည် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမ၏ဖခင်ဖော် ဆောင်ခဲ့သောပထမပင်လုံညီလာခံ၏နောက်ဆက်တွဲအနေဖြင့် ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးတို့ဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ထောင်ရန် ရည်မှန်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် လူမျိုးစုံနိုင်ငံမှ အမျိုးသားနိုင်ငံတစ်ရပ်သဏ္ဍာန်ဖြစ်လာရေးအတွက် ရှင်သန်ဖွံ့ဖြိုးသည့် ဒီမိုကရေစီတစ်ရပ်အခိုင်အမာတည်ရှိရန်လိုအပ်ပါသည်။ သဏ္ဍာန်စုံဖက်ဒရယ်စနစ်နှင့် ယဉ်ကျေးမှုဆိုင်ရာကိုယ်ပိုင် အုပ်ချုပ်ခွင့်မျိုးရှိရန်လိုအပ်ပါသည်။ သို့တိုင် ၂၀၀၈ အခြေခံဥပဒေမှာအဆိုပါ အခွင့်အာဏာဖြန့်ဖြူးခွဲဝေပုံစနစ်နှင့် များစွာအလှမ်းဝေးနေဆဲပင်ရှိနေသေးသည်။ ပြည်နယ်နှင့်လူမျိုးစုဒေသများ၏ အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်၊ တာဝန်များနှင့်စပ်လျဉ်း၍ ဥပဒေများပြဋ္ဌာန်းပေးရာတွင်များစွာအလှမ်းဝေးနေသေးသည့်တိုင် နိုင်ငံတော်သမ္မတကိုမူ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ဝန်ကြီးချုပ်များခန့်အပ်ရန်လုပ်ပိုင်ခွင့်များအပ်နှင်းပေးထားပြီးဖြစ်သည်။ ယင်းသို့ တိုင်းရင်းသားပြည်နယ်များတွင် တစ်စုံတစ်ရာအကန့် အသတ်ရှိနေသည့် အာဏာနှင့် လုပ်ပိုင်ခွင့်များ ပေးထားခြင်းများအတွက် အတုံ့အပြန်အားဖြင့် အပေးအယူပြုရမည်မှာအမျိုးသားလူနည်းစုများအနေဖြင့် ခွဲထွက်ခွင့်ကို စွန့်လွှတ်ပြီး၊ ပြည်ထောင်စုအတွင်းရာသက်ပန်ပါဝင်တည်ရှိရေးကိုအာမခံချက်ပေးရမည်ဖြစ်သည်။
ဗညားလှိုင်ဦး