• Today is: Friday, April 23, 2021

ဒီမိုကရေစီယန္တရား လည်ပတ်မှုနှင့် စီးပွားရေးအမြင်

Federal Journal
October17/ 2020

ဒီမိုကရေစီယန္တရား လည်ပတ်မှုနှင့် စီးပွားရေးအမြင်

စီးပွားရေးညီမျှမှုမရှိရင် ဒီမိုကရေစီကျင့်သုံးဖို့ အဆင်ပြေပါ့မလား

ဒီလို မေးခွန်းမျိုးက ‘အင်း’ ဒါမှမဟုတ် ‘ဟင့်အင်း’လို့ တစ်လုံးတည်း တိုတိုပြတ်ပြတ် ဖြေလိုက်လို့ ရတာမျိုး မဟုတ်ပါဘူး။ အတိုင်းအတာနဲ့ ချင့်တွက်ပြီး ဖြေရမယ့် မေးခွန်းမျိုးပါ။

လူ့အဖွဲ့အစည်းတစ်ခုမှာ စီးပွားရေးတန်းတူညီမျှမှု နည်းပါးလေ (ဆိုလိုတာက ချမ်းသာတဲ့ သူတွေက ထားစရာမရှိအောင် ချမ်းသာပြီး၊ ဆင်းရဲတဲ့သူတွေက စားစရာမရှိလောက်အောင် ဆင်းရဲနေလေ) နိုင်ငံရေးအရ တန်းတူညီမျှဖြစ်တာ နည်းလေပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးဓနဥစ္စာ တောင့် တင်းတဲ့သူတွေက သူတို့ရဲ့ ဓနဥစ္စာတွေကို အသုံးချပြီး နိုင်ငံရေးရလဒ်တွေ ပြောင်းလဲသွားအောင် လုပ်နိုင်ကြ တယ်လေ။

တချို့ အကဲဆတ်တဲ့ အခြေအနေတွေမှာဆိုရင် တနင့်တပိုး ချမ်းသာကြွယ်ဝတဲ့သူတွေက ဆင်းရဲ နွမ်းပါးတဲ့ မဲဆန္ဒရှင်တွေကြောင့် သူတို့အကျိုးစီးပွား တွေ ပျက်လိုပျက်စီးဖြစ်မှာ စိုးရိမ်တတ်ကြတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲတွေ မအောင်မြင်အောင်၊ ရွေးကောက်ပွဲရလဒ်တွေ မမှန်မကန်ဖြစ်အောင်၊ ရွေးကောက်ပွဲဖြစ်စဉ်ကို သေးသိမ်နိမ့်ကျအောင် လုပ် လာတတ်ကြတယ်။

နောက်တစ်ဖက်မှာကျတော့လည်း ဆင်းရဲ နွမ်းပါးတဲ့သူတွေက သူတို့ဘဝတွေ ချောင်လည်ပြီး ဘဝတက်လမ်း ဖြောင့်တန်းမယ့် အလားအလာမျိုး ကြုံဖို့ ဒီမိုကရေစီနည်းကို အားကိုးလို့ရပါ့မလားဆိုပြီး သံသယတွေ ဝင်လာတတ်ကြတယ်။ ဒီမိုကရေစီ အားကိုးတော့လည်း ကိုယ့်ထမင်းတော့ ကိုယ်ရှာစားရ တာပဲ ဘာများထူးလို့လဲဆိုပြီး ဒီမိုကရေစီဘက်က ရပ်တည်အားပေးမှုတွေ ကျဆင်းလာတယ်။ ဒီလိုဖြစ် လာရင် ဒီမိုကရေစီရဲ့ ‘အရည်အသွေး’ ကျဆင်းလာ နိုင်တဲ့အပြင် ဒီမိုကရေစီရဲ့ ‘အရှည်တည်တံ့ရေး’ ကလည်း ရတက်မအေးစရာ ဖြစ်လာနိုင်ပါတယ်။

ဒီတော့ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးကို ကျင့်သုံးတဲ့အခါ အတိုင်းအတာတစ်ခုအထိ စီးပွားရေး တန်းတူညီမျှမှုရှိဖို့ မလွှဲသာ မရှောင်သာ ဆောင်ရွက်ဖို့ လိုတယ်။ အထူးသဖြင့် ဒီမိုကရေစီကို ထိခိုက်လာနိုင် လောက်တဲ့ စီးပွားရေးမညီမျှမှုတွေကို အနည်းဆုံး လျှော့ချဖို့လိုတယ်လို့ ဒီမိုကရက်တွေက စိတ်အား ထက်သန်တတ်ကြပါတယ်။

“ဒီအတွက် နည်းလမ်းတစ်ခုကတော့ ရွေး ကောက်ပွဲမှာ ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီတိုင်း၊ ကိုယ်စား လှယ်လောင်းတိုင်းက သူတို့ရဲ့ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်တွေကို အလွန်အကျွံသုံးလို့မရအောင် ဘယ်လောက်ထက် ပိုမသုံးရဘူးလို့ တစ်ပြေးညီ သတ် မှတ်ပေးလိုက်လို့ ရပါတယ်။ ဒါ့အပြင် မီဒီယာတွေမှာ မျှမျှတတ ဖော်ပြခံရဖို့နဲ့ နိုင်ငံရေးပါတီတွေရဲ့ ရန်ပုံငွေ တွေ ဘယ်သူ့ဆီက ဘယ်လောက်ယူထားတယ်ဆိုတာ ဖွင့်ချဖော်ပြဖို့ လိုပါတယ်။

“ဒီလိုမှမဟုတ်ဘူးဆိုရင်လည်း နောက်ထပ်နည်း လမ်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ဆင်းရဲ ချမ်းသာမရွေး နိုင်ငံသားတိုင်းအတွက် ဘဝရဲ့ အခြေခံ အကျဆုံး လိုအပ်ချက်တွေကို တန်းတူညီမျှ ရရှိနိုင်ကြ အောင် စီမံပေးဖို့ပဲ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာ ရေးတွေ စောင့်ရှောက်ပံ့ပိုးမှုတွေကို နိုင်ငံသားတိုင်း ရရှိနိုင်ကြအောင် ဆောင်ရွက်ပေးရင် နိုင်ငံသားတိုင်း ဟာ စီးပွားရေးလောက၊ လူမှုလောကတွေမှာ တန်းတူ ညီမျှ ပါဝင်နိုင်လာကြမှပါ။ မျှမျှတတ ယှဉ်ပြိုင်နိုင်ကြ လာမှာပါ။

ဒီလို အစီအမံတွေ မရှိဘဲနဲ့ဆိုရင် ပညာမတတ်လို့၊ မကျန်းမာ မသန်စွမ်းလို့ စတဲ့အကြောင်းတွေကြောင့် စီးပွားရေးမှာ တန်းတူညီမျှ မယှဉ်ပြိုင်နိုင်တာတွေ ပိုကြီးမားလာနိုင်ပါတယ်။ (ဒီစပ်ဆက်မှုနဲ့ ပတ်သက်လို့ မေးခွန်းနံပါတ် (၂၂) မှာ – စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးတွေကရော ဒီမိုကရေစီနဲ့ ဘယ်လို စပ်ဆက်သလဲဆိုတာ ဆွေးနွေးခဲ့ပါသေး တယ်။ ဒီလင့်ခ်မှာ http://bit.ly/30FyTyI  ဖတ်ရှု နိုင်ပါတယ်။)

ဒီတစ်ပတ်   တင်ဆက်ဆွေးနွေးမှုကတော့ ဒီလောက်ပါပဲ။ ဆွေးနွေးခဲ့တာတွေကို အနှစ်ချုပ် ပြန် တင်ပြရရင်တော့ ….

  • စီးပွားရေးတန်းတူညီမျှမှုနည်းရင် နိုင်ငံရေးအရ လည်း တန်းတူညီမျှမှု နည်းနိုင်ပါတယ်။
  • စီးပွားရေးမှာ မညီမျှမှုကြီးမားလာတဲ့အခါ ချမ်းသာတဲ့သူတွေက သူတို့ရဲ့ အကျိုးစီးပွားတွေ ကို မထိခိုက်အောင် ကာကွယ်ဖို့ ငွေအားကို သုံး နိုင်လာကြသလို၊ ဆင်းရဲနွမ်းပါးသူတွေက ဒီမို ကရေစီကို ယုံကြည်အားကိုးမှု လျော့နည်းလာ တတ်ပါတယ်။
  • စီးပွားရေးမညီမှုကြောင့် ဒီမိုကရေစီမထိခိုက်ဖို့ ဆိုရင် ‘ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်မှုကို ညီမျှ အောင် လုပ်တာ’ နိုင်ငံသားတွေအတွက် အခြေခံ အကျဆုံး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာ တွေနဲ့ ဖြေရှင်းတတ်ကြတယ် … စတာတွေပါပဲ။

 

ဒီမိုကရေစီ ဖြစ်ထွန်းတည်မြဲဖို့ စီးပွားရေးတိုးတက်မှုပေါ် မူတည်သလား

စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေကတော့ ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းပြီးခါမှ ခြေချော် လက်ချော်နဲ့ အာဏာရှင်အုပ်ချုပ်မှုအောက် ပြန် ရောက်သွားတာမျိုး သိပ်ဖြစ်လေ့မရှိပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နိုင်ငံသားတွေရဲ့ အရည်အချင်းနဲ့ အမူအကျင့်ကောင်း တွေရှိလာပြီး၊ အရပ်သား လူ့အဖွဲ့အစည်းကိုလည်း ကောင်းကောင်းမွန်မွန် ဖွဲ့စည်းထူထောင်ထားနိုင်လာ ကြလို့ပါပဲ။

နိုင်ငံတစ်ခုမှာ လူတွေအားလုံးက စာတတ် ပေတတ်၊ ပညာတတ်ကြမယ်ဆိုရင် အဲဒီနိုင်ငံသား တွေဟာ အကြားအမြင်များ၊ သိမြင်နှံ့စပ်ပြီးတော့ တည်တည်ကြည်ကြည်နဲ့ မဲပေးနိုင်စွမ်းရှိတဲ့သူတွေ ဖြစ်လာမှာပါ။ နောက်တစ်ချက်က နည်းပညာနဲ့ သက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအမျိုးမျိုးနဲ့ လုပ် ကိုင်နေကြတဲ့ လူလတ်တန်းလွှာတွေများတဲ့ နိုင်ငံတွေ ဆိုရင်လည်း သူတို့ဟာ အာဏာရှင်ဆန်တဲ့၊ ချုပ်ချယ် တတ်တဲ့ အစိုးရတွေကို သည်းခံနေကြမှာ မဟုတ်ပါ ဘူး။

စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ လူတွေဟာ ကိုယ့်အစုအဖွဲ့နဲ့ကိုယ် တူရာတူရာ စုဖွဲ့လို့ အရပ်သားအဖွဲ့အစည်းတွေအဖြစ် လုပ်ကိုင်ကြတာ တွေ တွင်ကျယ်လာနိုင်ပါတယ်။ ဒီလို စုဖွဲ့ထားတဲ့ အရပ်သားအဖွဲ့အစည်းတွေ အားကောင်းလေ၊ အစိုးရ က ဟိုနေရာစွက်ဖက် ဒီနေရာဟန့်တား လုပ်တာတွေ ကို ကာကွယ်ပြီး ကိုယ့်အခွင့်အရေးဘက်က ကိုယ်ရပ် တည်နိုင်လာကြပါတယ်။

ဒါတွေကိုဖတ်မိတော့ စာရှုသူအနေနဲ့ ဒီမိုကရေစီ ထူထောင်နိုင်ဖို့၊ ဒီမိုကရေစီ တည်တံ့ဖို့ဆိုရင် နိုင်ငံက စီးပွားရေးတိုးတက်ဖွံ့ဖြိုးတိုးတက်မှသာ ဖြစ်နိုင်မှာပဲ လို့ ထင်မှာပါပဲ။ ဒီလိုတော့ ကောက်ချက်ချ မစောလိုက် ပါနဲ့ဦး။

တကယ်တော့ စီးပွားရေးမကောင်းလှပေမယ့် ဆယ်စုနှစ်တွေချီပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ တွေကို မပျက်မကွက် ကျင်းပခဲ့တဲ့၊ ဒီမိုကရေစီအတွက် ဇွဲကောင်းခဲ့တဲ့ နိုင်ငံတွေလည်း ကမ္ဘာ့ကုန်းမြေတိုက် ကြီးတွေတိုင်းမှာ ရှိကြပါတယ်။ ဥပမာ – အိန္ဒိယနိုင်ငံ၊ ဂျာမေကာနိုင်ငံနဲ့ ဘော့စ်ဝါနာ နိုင်ငံတွေပေါ့။ (နိုင်ငံ တစ်နိုင်ငံကို စီးပွားရေးကောင်းမကောင်း တိုင်းတာ တဲ့အခါမှာ အချို့ပညာရှင်တွေက GDP လို့ခေါ်တဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှု ညွှန်းကိန်းကို သုံးကြပြီး၊ အချို့ကတော့ GNP လို့ခေါ်တဲ့ အမျိုးသား အသားတင်ထုတ်လုပ်မှု ညွှန်းကိန်းကို သုံးကြပါတယ်။)

တကယ်တော့ ဒီမိုကရေစီကို ထူထောင်ဖို့၊ တည်မြဲစေဖို့ဆိုရင် အစိုးရတွေအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမယ့် မူဝါဒတွေအပြင် နိုင်ငံသား တွေရဲ့ ပညာတတ်မှုနှုန်း မြင့်မားလာဖို့ မူဝါဒတွေ ချမှတ်ဖို့ကလည်း ပိုလို့တောင် အရေးကြီးတာပါပဲ။

နဂိုထဲက ချမ်းသာတဲ့ နိုင်ငံပဲဖြစ်ဖြစ်၊ ဆင်းရဲတဲ့ နိုင်ငံမျိုးပဲဖြစ်ဖြစ် အတောင်ပံဖြန့်စ အပျံသင်စ ဒီမို ကရေစီနိုင်ငံတွေအတွက်ကတော့ ရေရှည်မှာ စီးပွား ရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရမှာပါ။ စီးပွား ရေးက ဝုန်းဒိုင်းကျဲ မတက်ပေမယ့်လို့ တိုးတက်မှု ခပ်မှန်မှန်လေးရှိတယ်ဆိုရင်တောင် လူ့အဖွဲ့အစည်း ထဲမှာ အဆင်ပြေတဲ့သူက အဆင်မပြေတဲ့သူကို သူတစ် လှည့် ကိုယ်တစ်ပြန် စောင့်ရှောက်သွားလို့ ရပါတယ်။ ပြီးတော့  စီးပွားရေး  တိုးတက်ဖွံ့ဖြိုးလာတဲ့အခါ ပဋိပက္ခဖြစ်တာတွေ၊ အချင်းချင်း သူ့ရန်လုပ် ကိုယ့် ရန်လုပ် လုပ်ကြတာတွေလည်း နည်းသွားပါတယ်။

နိုင်ငံတစ်ခုဟာ စီးပွားရေးတိုးတက်မှု ရှိမရှိ ဆိုတာကို ဒီမိုကရေစီ ထွန်းကားပြီးသား နိုင်ငံကြီး တွေနဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်း/အဖွဲ့အစည်း တွေက နိုင်ငံရဲ့ ဝင်ငွေနဲ့ စီးပွားရေး ညွှန်းကိန်းလို အရေ အတွက်တွေကိုပဲ ကြည့်ပြီးတော့ အကဲဖြတ် တတ် ကြပါတယ်။ ဒီလို အကဲဖြတ်တဲ့ မူဝါဒတွေကြောင့် အကူအညီ ပေးနိုင်လာတာ မျိုး ရှိသလို၊ တခြားဘက်မှာ တော့ အဟန့်အတား အကန့်အသတ် ဖြစ်တတ်တာတွေ လည်း ရှိပါတယ်။

အခုခေတ်ကာလမှာတော့ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု ရှိမရှိ သိနိုင်ဖို့အတွက် ကိန်းဂဏန်းတွေကိုချည်း ကြည့်လို့မရဘူးဆိုတဲ့ အယူအဆကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြပါပြီ။ နိုင်ငံတစ်နိုင်ငံဟာ စီးပွားရေး ကဏ္ဍ ဝင်ငွေပမာဏကိုတည်၊ အဲဒီနိုင်ငံက လူဦးရေ ပမာဏနဲ့ စားဆိုပြီး အလွယ်တွက်လို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်း တွေ၊ ညွှန်းကိန်းတွေကိုချည်း ကြည့်တာကို အရေအတွက် ရှုထောင့်က သုံးသပ်တယ်လို့ ဆိုနိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးတိုးတက်မှု ရှိမရှိ သိနိုင်ဖို့ဆိုရင် နိုင်ငံသားတွေဟာ ကောင်းကောင်း မွန်မွန် နေထိုင်နိုင်ကြရဲ့လား၊ ကျန်းကျန်းမာမာ ရှိကြ ရဲ့လား၊ ဝင်ငွေရရှိမှုကရော မျှမျှတတရှိကြသလား၊ နိုင်ငံတော်(အစိုးရ)ကရော နိုင်ငံ့ဝင်ငွေကို ကျန်းမာ ရေး၊ ပညာရေးနဲ့ စစ်ဘက်တွေမှာ ဘယ်လို မျှမျှတတ ခွဲဝေအသုံးပြုသလဲ ဆိုတာတွေဟာ ထည့်စဉ်းစားရ မယ့် အချက်တွေ ပါပဲ။ နိုင်ငံ့ဝင်ငွေဟာ နိုင်ငံသား တစ်ဦးချင်း စီအဆင့်မှာ မျှမျှတတ ရှိသလို၊ အစိုးရရဲ့ ဘတ်ဂျတ်က မျှမျှတတ ခွဲဝေသုံးစွဲပါမှ စီးပွား ရေး တိုးတက်မှုကလည်း အဓိပ္ပာယ်ရှိမှာပါပဲ။ ဒါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရေအတွက်အရ မဟုတ်ဘဲ အရည်အသွေးရှုထောင့်က တိုင်းတာစိစစ် တာပါ။

ဒီလို အရည်အသွေးရှုထောင့်ကနေ စီးပွားရေး တိုးတက်မှုကို သုံးသပ်ကြည့်ရင် နိုင်ငံတစ်ခုက အစိုးရ ဟာ ဘယ်လို အစိုးရ မျိုးလဲ၊ နိုင်ငံသားပြည်သူတွေရဲ့ လိုအပ် ချက်ကို ဘယ်လောက်အတိုင်းအတာ ထိ ဂရုတစိုက်ရှိသလဲဆိုတာကိုပါ သုံးသပ် နိုင်လာမှာပါ။

ဒီမိုကရေစီကို လိုလားထောက်ခံတဲ့ မဲဆန္ဒရှင်မှန် သမျှ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားစေမယ့် (စားစရာမရှိအောင် ဆင်းရဲတဲ့သူတွေနဲ့ ထားစရာ မရှိအောင် ချမ်းသာတဲ့သူတွေ ပေါ်ထွန်းစေမယ့်) အစွန်းရောက်တဲ့ စီးပွားရေးမူဝါဒမျိုး ရှိစေချင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံ သားတွေဟာ ပြည်သူ့ဘဏ္ဍာတွေကို ကာကွယ်ရေးတို့၊ လက်တွေ့လူမှုဘဝမှာ သိပ်ပြီး အသုံးမတည့်လှတဲ့ ဝင့်ဝါမော်ြွကားစရာ ကိစ္စမျိုးတို့မှာ သုံးတာထက် ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ တွေအတွက် ပိုလို့ သုံးစွဲစေချင်ကြတာပါပဲ။

ထပ်ပြောရရင် ပွင့်ပွင့်လင်းလင်းရှိပြီး တာဝန်ခံမှု ရှိတဲ့ အစိုးရတွေဟာ အာဏာရှင်ဆန်တဲ့ အစိုးရတွေ ထက် ပြည်သူ့ဘဏ္ဍာငွေကို ထိထိရောက်ရောက် သုံးစွဲကြပါတယ်။ အစိုးရတစ်ရပ်ဟာ ပွင့်ပွင့်လင်းလင်း ရှိပြီး တာဝန်ခံတယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက် တာတွေ၊ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးတာ တွေ၊ မိုးခေါင်ရေရှားပြီး စားနပ်ရိက္ခာ စိုက်ပျိုးထုတ် လုပ်မှု မပြုနိုင်တာတွေ စတဲ့ ပြဿနာတွေကို နှစ်ရှည် လများ ဖုံးဖိမထားပါဘူး။ ဒီလိုယိုယွင်းမှု အဖုံဖုံကို လက်ခံအသိအမှတ်ပြုပြီး ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လို ဖြေရှင်းရမယ်ဆိုတာ ဖော်ထုတ် ကိုင်တွယ် ကြမှာပါပဲ။ ဒီနည်းနဲ့ ဒီမိုကရေစီအစိုးရတွေကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက် ရေရှည် အာမခံချက် ရရှိစေပါလိမ့်မယ်။

အခုထိ တင်ဆက်ဆွေးနွေးခဲ့တာကို ပြန်ကြည့် ရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်တာရင် ဒီမိုကရေစီ ဖြစ်ထွန်းတည်တံ့ဖို့ အထောက်အကူပြုသလို၊ ဒီမိုက ရေစီနည်းကျ အစိုးရတွေကို တင်မြှောက်နိုင်လေ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည် အာမခံချက် ပေးနိုင်လေဖြစ်တာ တွေ့ရမှာပါ။

ဒီမိုကရေစီနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ကောင်းမွန်ချောမွေ့တဲ့ နှစ်လမ်းသွား ဆက်ဆံရေး ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒွန်တွဲနေပါမှ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ၊ ရပိုင် ခွင့်တွေအတွက် စိတ်ချရမှာ ဖြစ်ပါကြောင်း တင်ဆက် ရင်း ဒီတစ်ပတ်တင်ဆက်ဆွေးနွေးမှုကို အနှစ်ချုပ် ရရင်တော့ ….

  • စီးပွားရေးတိုးတက်မှုရှိတဲ့ နိုင်ငံတွေမှာ နိုင်ငံသား တွေရဲ့ အရည်အသွေးနဲ့ အမူအကျင့်ကောင်းတွေ ကြောင့် အာဏာရှင်တွေလက်အောက် ပြန် ရောက်သွားဖို့ မလွယ်ဘူး။
  • စီးပွားရေး ထူးထူးခြားခြား မကောင်းပေမယ့် ဒီမိုကရေစီတည်မြဲအောင် ကြိုးစားခဲ့ကြတဲ့ နိုင်ငံတွေလည်း ကမ္ဘာပေါ်မှာ သာဓကတွေ ရှိပါ တယ်။ စီးပွားရေးတိုးတက်မှုကို အရေအတွက် ရှုထောင့်နဲ့သာမက အရည်အချင်းရှုထောင့်ကပါ တိုင်းတာသုံးသပ်နိုင်ဖို့ လိုပါတယ်။
  • ဒီမိုကရေစီကို လိုလားထောက်ခံတဲ့ ပြည်သူတွေ ဟာ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားစေမယ့် မူဝါဒမျိုးကို မလိုလားဘူး။ နိုင်ငံ့ဝင်ငွေကို ကျန်း မာရေး၊ ပညာရေး စတာတွေမှာ အကျိုးရှိရှိ အသုံးချစေချင်ကြတယ်။
  • ပွင့်လင်းပြီး တာဝန်ခံမှုရှိတဲ့ အစိုးရတွေဟာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် ရှိနေတဲ့ အရင်းခံပြဿနာတွေကို ဖော်ထုတ်ပြီး လူ့အခွင့် အရေးနဲ့ ညီညွတ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို ဖော်ဆောင်ကြတယ် …. စတဲ့အချက်တွေပါပဲ။

Source by CIVIC Now

 

Zawgyi

ဒီမိုကေရစီယႏၱရား လည္ပတ္မႈႏွင့္ စီးပြားေရးအျမင္

 

စီးပြားေရးညီမွ်မႈမရွိရင္ ဒီမိုကေရစီက်င့္သံုးဖို႔ အဆင္ေျပပါ့မလား

ဒီလို ေမးခြန္းမ်ိဳးက ‘အင္း’ ဒါမွမဟုတ္ ‘ဟင့္အင္း’လို႔ တစ္လံုးတည္း တိုတိုျပတ္ျပတ္ ေျဖလိုက္လို႔ ရတာမ်ိဳး မဟုတ္ပါဘူး။ အတိုင္းအတာနဲ႔ ခ်င့္တြက္ၿပီး ေျဖရမယ့္ ေမးခြန္းမ်ိဳးပါ။

လူ႔အဖြဲ႕အစည္းတစ္ခုမွာ စီးပြားေရးတန္းတူညီမွ်မႈ နည္းပါးေလ (ဆိုလိုတာက ခ်မ္းသာတဲ့ သူေတြက ထားစရာမရွိေအာင္ ခ်မ္းသာၿပီး၊ ဆင္းရဲတဲ့သူေတြက စားစရာမရွိေလာက္ေအာင္ ဆင္းရဲေနေလ) ႏိုင္ငံေရးအရ တန္းတူညီမွ်ျဖစ္တာ နည္းေလပါပဲ။

ဘာျဖစ္လို႔လဲဆိုေတာ့ စီးပြားေရးဓနဥစၥာ ေတာင့္ တင္းတဲ့သူေတြက သူတို႔ရဲ႕ ဓနဥစၥာေတြကို အသံုးခ်ၿပီး ႏိုင္ငံေရးရလဒ္ေတြ ေျပာင္းလဲသြားေအာင္ လုပ္ႏိုင္ၾက တယ္ေလ။

တခ်ိဳ႕ အကဲဆတ္တဲ့ အေျခအေနေတြမွာဆိုရင္ တနင့္တပိုး ခ်မ္းသာႂကြယ္ဝတဲ့သူေတြက ဆင္းရဲ ႏြမ္းပါးတဲ့ မဲဆႏၵရွင္ေတြေၾကာင့္ သူတို႔အက်ိဳးစီးပြား ေတြ ပ်က္လိုပ်က္စီးျဖစ္မွာ စိုးရိမ္တတ္ၾကတယ္။ ဒါ့ေၾကာင့္ ေရြးေကာက္ပြဲေတြ မေအာင္ျမင္ေအာင္၊ ေရြးေကာက္ပြဲရလဒ္ေတြ မမွန္မကန္ျဖစ္ေအာင္၊ ေရြးေကာက္ပြဲျဖစ္စဥ္ကို ေသးသိမ္နိမ့္က်ေအာင္ လုပ္ လာတတ္ၾကတယ္။

ေနာက္တစ္ဖက္မွာက်ေတာ့လည္း ဆင္းရဲ ႏြမ္းပါးတဲ့သူေတြက သူတို႔ဘဝေတြ ေခ်ာင္လည္ၿပီး ဘဝတက္လမ္း ေျဖာင့္တန္းမယ့္ အလားအလာမ်ိဳး ႀကံဳဖို႔ ဒီမိုကေရစီနည္းကို အားကိုးလို႔ရပါ့မလားဆိုၿပီး သံသယေတြ ဝင္လာတတ္ၾကတယ္။ ဒီမိုကေရစီ အားကိုးေတာ့လည္း ကိုယ့္ထမင္းေတာ့ ကိုယ္ရွာစားရ တာပဲ ဘာမ်ားထူးလို႔လဲဆိုၿပီး ဒီမိုကေရစီဘက္က ရပ္တည္အားေပးမႈေတြ က်ဆင္းလာတယ္။ ဒီလိုျဖစ္ လာရင္ ဒီမိုကေရစီရဲ႕ ‘အရည္အေသြး’ က်ဆင္းလာ ႏိုင္တဲ့အျပင္ ဒီမိုကေရစီရဲ႕ ‘အရွည္တည္တံ့ေရး’ ကလည္း ရတက္မေအးစရာ ျဖစ္လာႏိုင္ပါတယ္။

ဒီေတာ့ ဒီမိုကေရစီနဲ႔ ေဈးကြက္စီးပြားေရးကို က်င့္သံုးတဲ့အခါ အတိုင္းအတာတစ္ခုအထိ စီးပြားေရး တန္းတူညီမွ်မႈရွိဖို႔ မလႊဲသာ မေရွာင္သာ ေဆာင္႐ြက္ဖို႔ လိုတယ္။ အထူးသျဖင့္ ဒီမိုကေရစီကို ထိခိုက္လာႏိုင္ ေလာက္တဲ့ စီးပြားေရးမညီမွ်မႈေတြကို အနည္းဆံုး ေလွ်ာ့ခ်ဖို႔လိုတယ္လို႔ ဒီမိုကရက္ေတြက စိတ္အား ထက္သန္တတ္ၾကပါတယ္။

“ဒီအတြက္ နည္းလမ္းတစ္ခုကေတာ့ ေရြး ေကာက္ပြဲမွာ ဝင္ၿပိဳင္တဲ့ ႏိုင္ငံေရးပါတီတိုင္း၊ ကိုယ္စား လွယ္ေလာင္းတိုင္းက သူတို႔ရဲ႕ မဲဆြယ္စည္း႐ံုးေရး အသံုးစရိတ္ေတြကို အလြန္အကြ်ံသံုးလို႔မရေအာင္ ဘယ္ေလာက္ထက္ ပိုမသံုးရဘူးလို႔ တစ္ေျပးညီ သတ္ မွတ္ေပးလိုက္လို႔ ရပါတယ္။ ဒါ့အျပင္ မီဒီယာေတြမွာ မွ်မွ်တတ ေဖာ္ျပခံရဖို႔နဲ႔ ႏိုင္ငံေရးပါတီေတြရဲ႕ ရန္ပံုေငြ ေတြ ဘယ္သူ႔ဆီက ဘယ္ေလာက္ယူထားတယ္ဆိုတာ ဖြင့္ခ်ေဖာ္ျပဖို႔ လိုပါတယ္။

“ဒီလိုမွမဟုတ္ဘူးဆိုရင္လည္း ေနာက္ထပ္နည္း လမ္းတစ္ခု ရွိပါေသးတယ္။ အဲဒါကေတာ့ ဆင္းရဲ ခ်မ္းသာမေ႐ြး ႏိုင္ငံသားတိုင္းအတြက္ ဘဝရဲ႕ အေျခခံ အက်ဆံုး လိုအပ္ခ်က္ေတြကို တန္းတူညီမွ် ရရွိႏိုင္ၾက ေအာင္ စီမံေပးဖို႔ပဲ ျဖစ္ပါတယ္။ ပညာေရး၊ က်န္းမာ ေရးေတြ ေစာင့္ေရွာက္ပံ့ပိုးမႈေတြကို ႏိုင္ငံသားတိုင္း ရရွိႏိုင္ၾကေအာင္ ေဆာင္ရြက္ေပးရင္ ႏိုင္ငံသားတိုင္း ဟာ စီးပြားေရးေလာက၊ လူမႈေလာကေတြမွာ တန္းတူ ညီမွ် ပါဝင္ႏိုင္လာၾကမွပါ။ မွ်မွ်တတ ယွဥ္ၿပိဳင္ႏိုင္ၾက လာမွာပါ။

ဒီလို အစီအမံေတြ မရွိဘဲနဲ႔ဆိုရင္ ပညာမတတ္လို႔၊ မက်န္းမာ မသန္စြမ္းလို႔ စတဲ့အေၾကာင္းေတြေၾကာင့္ စီးပြားေရးမွာ တန္းတူညီမွ် မယွဥ္ၿပိဳင္ႏိုင္တာေတြ ပိုႀကီးမားလာႏိုင္ပါတယ္။ (ဒီစပ္ဆက္မႈနဲ႔ ပတ္သက္လို႔ ေမးခြန္းနံပါတ္ (၂၂) မွာ – စီးပြားေရး၊ လူမႈေရးနဲ႔ ယဥ္ေက်းမႈ အခြင့္အေရးေတြကေရာ ဒီမိုကေရစီနဲ႔ ဘယ္လို စပ္ဆက္သလဲဆိုတာ ေဆြးေႏြးခဲ့ပါေသး တယ္။ ဒီလင့္ခ္မွာ http://bit.ly/30FyTyI  ဖတ္႐ႈ ႏိုင္ပါတယ္။)

ဒီတစ္ပတ္   တင္ဆက္ေဆြးေႏြးမႈကေတာ့ ဒီေလာက္ပါပဲ။ ေဆြးေႏြးခဲ့တာေတြကို အႏွစ္ခ်ဳပ္ ျပန္ တင္ျပရရင္ေတာ့ ….

  • စီးပြားေရးတန္းတူညီမွ်မႈနည္းရင္ ႏိုင္ငံေရးအရ လည္း တန္းတူညီမွ်မႈ နည္းႏိုင္ပါတယ္။
  • စီးပြားေရးမွာ မညီမွ်မႈႀကီးမားလာတဲ့အခါ ခ်မ္းသာတဲ့သူေတြက သူတို႔ရဲ႕ အက်ိဳးစီးပြားေတြ ကို မထိခိုက္ေအာင္ ကာကြယ္ဖို႔ ေငြအားကို သံုး ႏိုင္လာၾကသလို၊ ဆင္းရဲႏြမ္းပါးသူေတြက ဒီမို ကေရစီကို ယံုၾကည္အားကိုးမႈ ေလ်ာ့နည္းလာ တတ္ပါတယ္။
  • စီးပြားေရးမညီမႈေၾကာင့္ ဒီမိုကေရစီမထိခိုက္ဖို႔ ဆိုရင္ ‘ေရြးေကာက္ပြဲေတြမွာ ယွဥ္ၿပိဳင္မႈကို ညီမွ် ေအာင္ လုပ္တာ’ ႏိုင္ငံသားေတြအတြက္ အေျခခံ အက်ဆံုး လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးတာ ေတြနဲ႔ ေျဖရွင္းတတ္ၾကတယ္ … စတာေတြပါပဲ။

 

ဒီမိုကေရစီ ျဖစ္ထြန္းတည္ၿမဲဖို႔ စီးပြားေရးတိုးတက္မႈေပၚ မူတည္သလား

စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံေတြကေတာ့ ဒီမိုကေရစီႏိုင္ငံအျဖစ္ ကူးေျပာင္းၿပီးခါမွ ေျခေခ်ာ္ လက္ေခ်ာ္နဲ႔ အာဏာရွင္အုပ္ခ်ဳပ္မႈေအာက္ ျပန္ ေရာက္သြားတာမ်ိဳး သိပ္ျဖစ္ေလ့မရွိပါဘူး။ ဘာျဖစ္ လို႔လဲဆိုေတာ့ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္လာတာနဲ႔အမွ် ႏိုင္ငံသားေတြရဲ႕ အရည္အခ်င္းနဲ႔ အမူအက်င့္ေကာင္း ေတြရွိလာၿပီး၊ အရပ္သား လူ႔အဖြဲ႕အစည္းကိုလည္း ေကာင္းေကာင္းမြန္မြန္ ဖြဲ႕စည္းထူေထာင္ထားႏိုင္လာ ၾကလို႔ပါပဲ။

ႏိုင္ငံတစ္ခုမွာ လူေတြအားလံုးက စာတတ္ ေပတတ္၊ ပညာတတ္ၾကမယ္ဆိုရင္ အဲဒီႏိုင္ငံသား ေတြဟာ အၾကားအျမင္မ်ား၊ သိျမင္ႏွံ႔စပ္ၿပီးေတာ့ တည္တည္ၾကည္ၾကည္နဲ႔ မဲေပးႏိုင္စြမ္းရွိတဲ့သူေတြ ျဖစ္လာမွာပါ။ ေနာက္တစ္ခ်က္က နည္းပညာနဲ႔ သက္ေမြးဝမ္းေက်ာင္း ကြ်မ္းက်င္မႈအမ်ိဳးမ်ိဳးနဲ႔ လုပ္ ကိုင္ေနၾကတဲ့ လူလတ္တန္းလႊာေတြမ်ားတဲ့ ႏိုင္ငံေတြ ဆိုရင္လည္း သူတို႔ဟာ အာဏာရွင္ဆန္တဲ့၊ ခ်ဳပ္ခ်ယ္ တတ္တဲ့ အစိုးရေတြကို သည္းခံေနၾကမွာ မဟုတ္ပါ ဘူး။

စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံေတြမွာ လူေတြဟာ ကိုယ့္အစုအဖြဲ႕နဲ႔ကိုယ္ တူရာတူရာ စုဖြဲ႕လို႔ အရပ္သားအဖြဲ႕အစည္းေတြအျဖစ္ လုပ္ကိုင္ၾကတာ ေတြ တြင္က်ယ္လာႏိုင္ပါတယ္။ ဒီလို စုဖြဲ႕ထားတဲ့ အရပ္သားအဖြဲ႕အစည္းေတြ အားေကာင္းေလ၊ အစိုးရ က ဟိုေနရာစြက္ဖက္ ဒီေနရာဟန္႔တား လုပ္တာေတြ ကို ကာကြယ္ၿပီး ကိုယ့္အခြင့္အေရးဘက္က ကိုယ္ရပ္ တည္ႏိုင္လာၾကပါတယ္။

ဒါေတြကိုဖတ္မိေတာ့ စာ႐ႈသူအေနနဲ႔ ဒီမိုကေရစီ ထူေထာင္ႏိုင္ဖို႔၊ ဒီမိုကေရစီ တည္တံ့ဖို႔ဆိုရင္ ႏိုင္ငံက စီးပြားေရးတိုးတက္ဖြံ႕ၿဖိဳးတိုးတက္မွသာ ျဖစ္ႏိုင္မွာပဲ လို႔ ထင္မွာပါပဲ။ ဒီလိုေတာ့ ေကာက္ခ်က္ခ် မေစာလိုက္ ပါနဲ႔ဦး။

တကယ္ေတာ့ စီးပြားေရးမေကာင္းလွေပမယ့္ ဆယ္စုႏွစ္ေတြခ်ီၿပီး ဒီမိုကေရစီနည္းက် ေရြးေကာက္ပြဲ ေတြကို မပ်က္မကြက္ က်င္းပခဲ့တဲ့၊ ဒီမိုကေရစီအတြက္ ဇြဲေကာင္းခဲ့တဲ့ ႏိုင္ငံေတြလည္း ကမာၻ႔ကုန္းေျမတိုက္ ႀကီးေတြတိုင္းမွာ ရွိၾကပါတယ္။ ဥပမာ – အိႏၵိယႏိုင္ငံ၊ ဂ်ာေမကာႏိုင္ငံနဲ႔ ေဘာ့စ္ဝါနာ ႏိုင္ငံေတြေပါ့။ (ႏိုင္ငံ တစ္ႏိုင္ငံကို စီးပြားေရးေကာင္းမေကာင္း တိုင္းတာ တဲ့အခါမွာ အခ်ိဳ႕ပညာရွင္ေတြက GDP လို႔ေခၚတဲ့ ျပည္တြင္း အသားတင္ထုတ္လုပ္မႈ ၫႊန္းကိန္းကို သံုးၾကၿပီး၊ အခ်ိဳ႕ကေတာ့ GNP လို႔ေခၚတဲ့ အမ်ိဳးသား အသားတင္ထုတ္လုပ္မႈ ၫႊန္းကိန္းကို သံုးၾကပါတယ္။)

တကယ္ေတာ့ ဒီမိုကေရစီကို ထူေထာင္ဖို႔၊ တည္ၿမဲေစဖို႔ဆိုရင္ အစိုးရေတြအေနနဲ႔ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေစမယ့္ မူဝါဒေတြအျပင္ ႏိုင္ငံသား ေတြရဲ႕ ပညာတတ္မႈႏႈန္း ျမင့္မားလာဖို႔ မူဝါဒေတြ ခ်မွတ္ဖို႔ကလည္း ပိုလို႔ေတာင္ အေရးႀကီးတာပါပဲ။

နဂိုထဲက ခ်မ္းသာတဲ့ ႏိုင္ငံပဲျဖစ္ျဖစ္၊ ဆင္းရဲတဲ့ ႏိုင္ငံမ်ိဳးပဲျဖစ္ျဖစ္ အေတာင္ပံျဖန္႔စ အပ်ံသင္စ ဒီမို ကေရစီႏိုင္ငံေတြအတြက္ကေတာ့ ေရရွည္မွာ စီးပြား ေရးကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ၾကရမွာပါ။ စီးပြား ေရးက ဝုန္းဒိုင္းက်ဲ မတက္ေပမယ့္လို႔ တိုးတက္မႈ ခပ္မွန္မွန္ေလးရွိတယ္ဆိုရင္ေတာင္ လူ႔အဖြဲ႕အစည္း ထဲမွာ အဆင္ေျပတဲ့သူက အဆင္မေျပတဲ့သူကို သူတစ္ လွည့္ ကိုယ္တစ္ျပန္ ေစာင့္ေရွာက္သြားလို႔ ရပါတယ္။ ၿပီးေတာ့  စီးပြားေရး  တိုးတက္ဖြံ႕ၿဖိဳးလာတဲ့အခါ ပဋိပကၡျဖစ္တာေတြ၊ အခ်င္းခ်င္း သူ႔ရန္လုပ္ ကိုယ့္ ရန္လုပ္ လုပ္ၾကတာေတြလည္း နည္းသြားပါတယ္။

ႏိုင္ငံတစ္ခုဟာ စီးပြားေရးတိုးတက္မႈ ရွိမရွိ ဆိုတာကို ဒီမိုကေရစီ ထြန္းကားၿပီးသား ႏိုင္ငံႀကီး ေတြနဲ႔ ႏိုင္ငံတကာ စီးပြားေရး လုပ္ငန္း/အဖြဲ႕အစည္း ေတြက ႏိုင္ငံရဲ႕ ဝင္ေငြနဲ႔ စီးပြားေရး ၫႊန္းကိန္းလို အေရ အတြက္ေတြကိုပဲ ၾကည့္ၿပီးေတာ့ အကဲျဖတ္ တတ္ ၾကပါတယ္။ ဒီလို အကဲျဖတ္တဲ့ မူဝါဒေတြေၾကာင့္ အကူအညီ ေပးႏိုင္လာတာ မ်ိဳး ရွိသလို၊ တျခားဘက္မွာ ေတာ့ အဟန္႔အတား အကန္႔အသတ္ ျဖစ္တတ္တာေတြ လည္း ရွိပါတယ္။

အခုေခတ္ကာလမွာေတာ့ စီးပြားေရး ဖြံ႕ၿဖိဳးတိုး တက္မႈ ရွိမရွိ သိႏိုင္ဖို႔အတြက္ ကိန္းဂဏန္းေတြကိုခ်ည္း ၾကည့္လို႔မရဘူးဆိုတဲ့ အယူအဆကို က်ယ္က်ယ္ျပန္႔ျပန္႔ လက္ခံလာၾကပါၿပီ။ ႏိုင္ငံတစ္ႏိုင္ငံဟာ စီးပြားေရး က႑ ဝင္ေငြပမာဏကိုတည္၊ အဲဒီႏိုင္ငံက လူဦးေရ ပမာဏနဲ႔ စားဆိုၿပီး အလြယ္တြက္လို႔ ရတဲ့ကိစၥ မဟုတ္ပါဘူး။ စီးပြားေရးနဲ႔ ပတ္သက္တဲ့ ကိန္းဂဏန္း ေတြ၊ ၫႊန္းကိန္းေတြကိုခ်ည္း ၾကည့္တာကို အေရအတြက္ ႐ႈေထာင့္က သံုးသပ္တယ္လို႔ ဆိုႏိုင္ပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံမွာ စီးပြားေရးတိုးတက္မႈ ရွိမရွိ သိႏိုင္ဖို႔ဆိုရင္ ႏိုင္ငံသားေတြဟာ ေကာင္းေကာင္း မြန္မြန္ ေနထိုင္ႏိုင္ၾကရဲ႕လား၊ က်န္းက်န္းမာမာ ရွိၾက ရဲ႕လား၊ ဝင္ေငြရရွိမႈကေရာ မွ်မွ်တတရွိၾကသလား၊ ႏိုင္ငံေတာ္(အစိုးရ)ကေရာ ႏိုင္ငံ့ဝင္ေငြကို က်န္းမာ ေရး၊ ပညာေရးနဲ႔ စစ္ဘက္ေတြမွာ ဘယ္လို မွ်မွ်တတ ခြဲေဝအသံုးျပဳသလဲ ဆိုတာေတြဟာ ထည့္စဥ္းစားရ မယ့္ အခ်က္ေတြ ပါပဲ။ ႏိုင္ငံ့ဝင္ေငြဟာ ႏိုင္ငံသား တစ္ဦးခ်င္း စီအဆင့္မွာ မွ်မွ်တတ ရွိသလို၊ အစိုးရရဲ႕ ဘတ္ဂ်တ္က မွ်မွ်တတ ခြဲေဝသံုးစြဲပါမွ စီးပြား ေရး တိုးတက္မႈကလည္း အဓိပၸာယ္ရွိမွာပါပဲ။ ဒါက စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈကို အေရအတြက္အရ မဟုတ္ဘဲ အရည္အေသြး႐ႈေထာင့္က တိုင္းတာစိစစ္ တာပါ။

ဒီလို အရည္အေသြး႐ႈေထာင့္ကေန စီးပြားေရး တိုးတက္မႈကို သံုးသပ္ၾကည့္ရင္ ႏိုင္ငံတစ္ခုက အစိုးရ ဟာ ဘယ္လို အစိုးရ မ်ိဳးလဲ၊ ႏိုင္ငံသားျပည္သူေတြရဲ႕ လိုအပ္ ခ်က္ကို ဘယ္ေလာက္အတိုင္းအတာ ထိ ဂ႐ုတစိုက္ရွိသလဲဆိုတာကိုပါ သံုးသပ္ ႏိုင္လာမွာပါ။

ဒီမိုကေရစီကို လိုလားေထာက္ခံတဲ့ မဲဆႏၵရွင္မွန္ သမွ် ဆင္းရဲခ်မ္းသာ ကြာဟမႈ ႀကီးမားေစမယ့္ (စားစရာမရွိေအာင္ ဆင္းရဲတဲ့သူေတြနဲ႔ ထားစရာ မရွိေအာင္ ခ်မ္းသာတဲ့သူေတြ ေပၚထြန္းေစမယ့္) အစြန္းေရာက္တဲ့ စီးပြားေရးမူဝါဒမ်ိဳး ရွိေစခ်င္မွာ မဟုတ္ပါဘူး။ ၿပီးေတာ့ ဒီမိုကေရစီႏိုင္ငံေတြမွာ ႏိုင္ငံ သားေတြဟာ ျပည္သူ႔ဘ႑ာေတြကို ကာကြယ္ေရးတို႔၊ လက္ေတြ႕လူမႈဘဝမွာ သိပ္ၿပီး အသံုးမတည့္လွတဲ့ ဝင့္ဝါေမာ္ျြကားစရာ ကိစၥမ်ိဳးတို႔မွာ သံုးတာထက္ က်န္းမာေရး၊ ပညာေရးနဲ႔ အေျခခံအေဆာက္အအံု ေတြအတြက္ ပိုလို႔ သံုးစြဲေစခ်င္ၾကတာပါပဲ။

ထပ္ေျပာရရင္ ပြင့္ပြင့္လင္းလင္းရွိၿပီး တာဝန္ခံမႈ ရွိတဲ့ အစိုးရေတြဟာ အာဏာရွင္ဆန္တဲ့ အစိုးရေတြ ထက္ ျပည္သူ႔ဘ႑ာေငြကို ထိထိေရာက္ေရာက္ သံုးစြဲၾကပါတယ္။ အစိုးရတစ္ရပ္ဟာ ပြင့္ပြင့္လင္းလင္း ရွိၿပီး တာဝန္ခံတယ္ဆိုရင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ တာေတြ၊ သဘာဝ ပတ္ဝန္းက်င္ ယိုယြင္းပ်က္စီးတာ ေတြ၊ မိုးေခါင္ေရရွားၿပီး စားနပ္ရိကၡာ စိုက္ပ်ိဳးထုတ္ လုပ္မႈ မျပဳႏိုင္တာေတြ စတဲ့ ျပႆနာေတြကို ႏွစ္ရွည္ လမ်ား ဖံုးဖိမထားပါဘူး။ ဒီလိုယိုယြင္းမႈ အဖံုဖံုကို လက္ခံအသိအမွတ္ျပဳၿပီး ဘာေၾကာင့္ျဖစ္ရတယ္၊ ဘယ္လို ေျဖရွင္းရမယ္ဆိုတာ ေဖာ္ထုတ္ ကိုင္တြယ္ ၾကမွာပါပဲ။ ဒီနည္းနဲ႔ ဒီမိုကေရစီအစိုးရေတြေၾကာင့္ တိုင္းျပည္ရဲ႕ စီးပြားေရး ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈ အတြက္ ေရရွည္ အာမခံခ်က္ ရရွိေစပါလိမ့္မယ္။

အခုထိ တင္ဆက္ေဆြးေႏြးခဲ့တာကို ျပန္ၾကည့္ ရင္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္တာရင္ ဒီမိုကေရစီ ျဖစ္ထြန္းတည္တံ့ဖို႔ အေထာက္အကူျပဳသလို၊ ဒီမိုက ေရစီနည္းက် အစိုးရေတြကို တင္ေျမႇာက္ႏိုင္ေလ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈကို ေရရွည္ အာမခံခ်က္ ေပးႏိုင္ေလျဖစ္တာ ေတြ႕ရမွာပါ။

ဒီမိုကေရစီနဲ႔ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈဟာ ေကာင္းမြန္ေခ်ာေမြ႕တဲ့ ႏွစ္လမ္းသြား ဆက္ဆံေရး ျဖစ္ပါတယ္။ ဒီမိုကေရစီနဲ႔ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ ဒြန္တြဲေနပါမွ ႏိုင္ငံသားေတြရဲ႕ အခြင့္အေရးေတြ၊ ရပိုင္ ခြင့္ေတြအတြက္ စိတ္ခ်ရမွာ ျဖစ္ပါေၾကာင္း တင္ဆက္ ရင္း ဒီတစ္ပတ္တင္ဆက္ေဆြးေႏြးမႈကို အႏွစ္ခ်ဳပ္ ရရင္ေတာ့ ….

  • စီးပြားေရးတိုးတက္မႈရွိတဲ့ ႏိုင္ငံေတြမွာ ႏိုင္ငံသား ေတြရဲ႕ အရည္အေသြးနဲ႔ အမူအက်င့္ေကာင္းေတြ ေၾကာင့္ အာဏာရွင္ေတြလက္ေအာက္ ျပန္ ေရာက္သြားဖို႔ မလြယ္ဘူး။
  • စီးပြားေရး ထူးထူးျခားျခား မေကာင္းေပမယ့္ ဒီမိုကေရစီတည္ၿမဲေအာင္ ႀကိဳးစားခဲ့ၾကတဲ့ ႏိုင္ငံေတြလည္း ကမာၻေပၚမွာ သာဓကေတြ ရွိပါ တယ္။ စီးပြားေရးတိုးတက္မႈကို အေရအတြက္ ႐ႈေထာင့္နဲ႔သာမက အရည္အခ်င္း႐ႈေထာင့္ကပါ တိုင္းတာသံုးသပ္ႏိုင္ဖို႔ လိုပါတယ္။
  • ဒီမိုကေရစီကို လိုလားေထာက္ခံတဲ့ ျပည္သူေတြ ဟာ ဆင္းရဲခ်မ္းသာ ကြာဟမႈ ႀကီးမားေစမယ့္ မူဝါဒမ်ိဳးကို မလိုလားဘူး။ ႏိုင္ငံ့ဝင္ေငြကို က်န္း မာေရး၊ ပညာေရး စတာေတြမွာ အက်ိဳးရွိရွိ အသံုးခ်ေစခ်င္ၾကတယ္။
  • ပြင့္လင္းၿပီး တာဝန္ခံမႈရွိတဲ့ အစိုးရေတြဟာ စီးပြားေရးတိုးတက္ဖြံ႕ၿဖိဳးမႈအတြက္ ရွိေနတဲ့ အရင္းခံျပႆနာေတြကို ေဖာ္ထုတ္ၿပီး လူ႔အခြင့္ အေရးနဲ႔ ညီၫြတ္တဲ့ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ ကို ေဖာ္ေဆာင္ၾကတယ္ …. စတဲ့အခ်က္ေတြပါပဲ။

Source by CIVIC Now