• Today is: Wednesday, January 20, 2021

ဒီမိုကေရစီသက္ဆိုးရွည္ေစဖို႔ ဒီမိုကရေစီသက်ဆိုးရှည်စေဖို့

Federal Journal
April03/ 2020

Zawgyi

ဇူလိုင္လ (၃)ရက္ေန႔က ၾသစေၾတးလ်ႏိုင္ငံမွ သူငယ္ခ်င္းတစ္ေယာက္က ေဖ့စ္ဘြတ္ေပၚတြင္ ေအာက္ပါအတုိင္း ေျပာလာေလ၏။

“ဒီေန႔ Australia ႏိုင္ငံ အစိုးရေရြးခ်ယ္ပြဲမွာ မဲေပးခဲ့ရတယ္။ ျမန္မာျပည္လို တံဆိပ္တံုးလည္း မႏွိပ္ရ။ ကိုယ္ႀကိဳက္တဲ့ ပါတီ အမည္ေလး ေဘးက ေလးေထာင့္ကြက္ထဲမွာ ခဲတံေလးနဲ႔ အမွတ္ျခစ္လိုက္ရံုပါပဲ။ မဲစာရင္းမပါလို႔ ငိုစရာလည္းမလို၊ ဓာတ္ပံုပါတဲ့ သက္ေသခံကတ္ျပားျပၿပီး ေနရပ္လိပ္စာျပလိုက္ရင္ မဲေပးခြင့္ရပါတယ္။ ႏိုင္ငံသားတိုင္းမဲေပးရမယ္၊ ပ်က္ကြက္ရင္ ဒဏ္ေငြေဆာင္ ရမယ္တဲ့ေလ။ မဲရံုက ညေန(၆)နာရီပိတ္ၿပီး အခုမဲေတြေရတြက္ေနတာကို TV ကေနျမင္ေနရၿပီး ႀကိဳတင္မဲဆိုတာေတြ ကားႀကီးေတြနဲ႔လည္း ေရာက္မလာၾကပါဘူး။ ႏိုင္ငံေရးကၽြမ္းက်င္သူေတြကေတာ့ အႏိုင္ရမယ့္ပါတီကို ခန္႔မွန္းေျပာဆုိေနၾကတာ လည္း ျမင္ေနရပါတယ္။ ဘယ္ပါတီႏိုင္မွာလည္း မၾကာခင္သိရေတာ့မွာပါ။ အႏိုင္ရပါတီေခါင္းေဆာင္ကို ရံႈးတဲ့ပါတီေခါင္းေဆာင္က Congratulations လုပ္တာလည္း ဒီမိုကေရစီႏိုင္ငံရဲ႕ အေလ့အက်င့္တစ္ခုပါပဲ” ဟု ေရးသားထားေလသည္။

ထိုအခါ ကၽြန္ေတာ္တို႔သိရသည္မွာ သူမ်ားႏို္င္ငံက ေရြးေကာက္ပြဲမ်ားႏွင့္ ဒီမိုကေရစီအေလ့အထမ်ားျဖစ္ပါတယ္။ လူတိုင္း လြယ္ကူစြာမဲေပးႏိုင္ရန္ ေဆာင္ရြက္ထားျခင္း၊ ႏိုင္ငံသားတိုင္းမဲေပးရမည့္တာဝန္ကို ထမ္းေဆာင္ခ်င္လာေအာင္ မဲမေပးသူ ဒဏ္ေငြေဆာင္ရမည့္ စနစ္ျဖင့္ ထိန္းခ်ဳပ္ထားတာကိုလည္း သတိျပဳမိသည္။ ထို႔အျပင္ျမန္မာႏုိင္ငံတြင္ လူေျပာမ်ားလွေသာ ႀကိဳတင္မဲစနစ္မ်ိဳးႏွင့္ ကင္းေဝးေအာင္ ေဆာင္ရြက္ထားၾကတာလည္း အတုယူစရာ ေကာင္းသည္။ စင္စစ္ ျမန္မာႏိုင္ငံသည္ကား ၁၉၆၂-ခုႏွစ္မွစကာ ႏွစ္ေပါင္းငါးဆယ္ခန္႔ ဒီမိုကေရစီအေလ့အထမ်ားႏွင့္ ပ်က္သုဥ္းခဲ့သည္ျဖစ္ရာ အရာရာသည္ စည္းကမ္းတက် မျဖစ္ဘဲ ဖရိုဖရဲျဖစ္ေနဆဲသာျဖစ္သည္။ တိုင္းသူျပည္သားမ်ားဘက္ကေရာ၊ အစိုးရဘက္ကပါ ဒီမိုကေရစီမဆန္ေသာ အျပဳအမူ၊ အက်င့္အႀကံတို႔ရွိေနေသးတာ မၾကာခဏ ေတြ႕ေနရေလသည္။

ဒီမိုကေရစီ၏ဆန္႔က်င္ဘက္မွာ အာဏာရွင္စနစ္ျဖစ္ရံုသာမက လူအုပ္ျဖင့္အၾကမ္းဖက္ရမ္းကားေသာ ေမာ့ဘိုကေရစီဝါဒ (Mobocracy) ျဖစ္သည္။ လူအမ်ားစုျဖင့္ ရမ္းကားျခင္းကုိ ဒီမိုကေရစီဟုမေခၚဘဲ ေမာ့ဘိုကေရစီဟုေခၚသည္။ ေမာ့ဘုိကေရစီကို ေဒါက္တာဘဟန္ (M.A, Phd, D.Litt) ျပဳစုေသာ အဂၤလိပ္-ျမန္မာအဘိဓာန္၌-
(၁) ရုန္းရင္းခတ္ျပဳသူတို႔ ထၾကြသူလူစု၊ ရုန္းရင္းခတ္ျပဳသူတို႔ ထၾကြသူလူစု အုပ္ခ်ဳပ္ျခင္း၊ ရုန္းရင္းခတ္ျပဳသူတို႔ ထၾကြသူ လူစုအုပ္ခ်ဳပ္နည္း။
(၂) လူူညံ့စု၊ ေအာက္တန္းစားလူစု၊ တရားမရွိဓားမရွိ လူစုဟု ေရးသားထားပါသည္။

Webster New Collegiate Dicitionary တြင္ mobocracy udk 1: rule by the mob 2: the mob as a ruling class ဟု ေရးသားထားပါသည္။ ဒီမိုကေရစီ ၏ဆန္႔က်င္ဖက္သည္ ေမာ့ဘိုကေရစီျဖစ္ပါသည္။ ေမာ့ဘိုကေရစီအားေကာင္းလာလွ်င္ ဒီမိုကေရစီေပ်ာက္ကြယ္တတ္ပါသည္။ ထုိ႔ေၾကာင့္ ဒီမိုကေရစီ၏ဆန္႔က်င္ဖက္မွာ အာဏာရွင္စနစ္တစ္ခုတည္းသာ မဟုတ္ဘဲေမာ့ဘိုကေရစီဝါဒလည္း ပါဝင္ပါသည္။ ေမာ့ဘိုကေရစီမွာ အဘယ္နည္းဟူမူ ျပႆနာတစ္ရပ္၊ အျငင္းပြားမႈတစ္ရပ္ျဖစ္လာလွ်င္ ဥပေဒေၾကာင္းအရ နည္းမွန္လမ္းမွန္ ယဥ္ယဥ္ေက်းေက်း ေအးေအးခ်မ္းခ်မ္းမေျဖရွင္းဘဲ ေသြးဆူေနဆဲအခုိက္ဝယ္လူအုပ္ျဖင့္ ဥပေဒျပင္ပမွ စိတ္လိုက္မာန္ပါ ေျဖရွင္း ၾကေသာလုပ္ရပ္ျဖစ္သည္။ ထိုလုပ္ရပ္မ်ိဳးသည္ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ား၊ ပညာတတ္ေပါမ်ားေသာ၊ ယဥ္ေက်းေသာလူ႕အသိုင္းအဝိုင္းတို႔ တြင္ အျဖစ္နည္းသည္ (သို႔မဟုတ္) လံုးဝမျဖစ္သေလာက္နီးပါးရွိသည္။ ခါးပိုင္ႏိႈက္တစ္ေယာက္ကို လူအုပ္က ဝိုင္းရိုက္သျဖင့္ ေသသြားေသာ အျဖစ္မ်ိဳး၊ ယာဥ္တုိက္မႈတစ္ခုျဖစ္ပြားရာတြင္ကားေမာင္းသူကို လူအုပ္က ဝိုင္းရိုက္တာမ်ိဳး အဂၤလန္၊ ဂ်ာမနီ၊ ျပင္သစ္ စေသာ ဒီမိုကေရစီရင့္က်က္ေနေသာႏို္င္ငံမ်ားမွာ ေတြ႕ရေလ့ရွိမည္မဟုတ္ပါ။ ထိုအျဖစ္မ်ိဳးသည္ ပညာရည္နိမ့္က်ေသာ ႏိုင္ငံမ်ားတြင္ အျဖစ္မ်ားပါသည္။ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္၊ အာဖဂန္နစၥတန္၊ ဆီးရီးယား၊ အီရတ္၊ လစ္ဗ်ား၊ လိုက္ေဘးရီးယား၊ ရဝမ္ဒါ၊ ဆိုမာလီ စေသာႏိုင္ငံမ်ားတြင္ အျဖစ္မ်ားပါသည္။ ခၽြင္းခ်က္အျဖစ္ အေမရိကန္ျပည္ေထာင္စု ဖာဂူဆန္ ၿမိဳ႕ကေလးတြင္ ဆယ္ေက်ာ္သက္လူမည္းေကာင္ေလးတစ္ေယာက္ကို ရဲက ပစ္သတ္ခဲ့ေသာေၾကာင့္ လူအုပ္ျဖင့္ ဆူပူအၾကမ္းဖက္ မႈ ျဖစ္ပြားခဲ့ေသးသည္။

သို႔ေသာ္ ထုိကိစၥမ်ိဳးသည္ ျမန္မာႏုိင္ငံတြင္ တစ္စတစ္စႏွင့္ ျဖစ္ပြားလာပါသည္။ ထိုသို႔ျဖစ္ရေသာ အဓိကအေၾကာင္း အခ်က္မွာ ဥပေဒစိုးမိုးမႈအားနည္းျခင္း၊ တရားစီရင္ေရးမ႑ိိဳင္ယိမ္းယိုင္ေနျခင္း၊ ရဲတပ္ဖြဲ႕သည္ အားကို္းေလာက္ဖြယ္မရွိျခင္း၊ ဗ်ဴရိုကေရစီယႏၱယားအဆင့္ဆင့္တြင္ အဂတိလုိက္စားမႈ ႀကီးမားစြာ အျမစ္တြယ္ေနျခင္း၊ တိုင္းသူျပည္သားမ်ား ပညာေရးတြင္ နိမ့္က်ျခင္းတို႔ျဖစ္သည္။ ဥပမာ-ယာဥ္တိုက္မႈတစ္ခုျဖစ္သည္ဆိုပါစို႔၊ ယာဥ္ေမာင္း၏အမွားေၾကာင့္လူမ်ားစြာ (သို႔မဟုတ္) လူအခ်ိဳ႕ေသခဲ့သည္ဆိုပါစို႔။ ဒီမိုကေရစီထြန္းကားေသာဖြြံ႕ၿဖိဳးၿပီးႏုိင္ငံႀကီးမ်ားတြင္ လုပ္ေလ့ရွိေသာအလုပ္မွာ ရဲကို ဖုန္းဆက္ေခၚ ျခင္းျဖစ္သည္။ ရဲက ထုိျဖစ္စဥ္ကို သတင္းတုိင္ၾကားခ်က္ လက္ခံရရွိၿပီးသည္ႏွင့္တၿပိဳင္နက္ အေရးေပၚလူနာတင္ယာဥ္ကို လွမ္း၍ အေၾကာင္းၾကားေခၚယူပါမည္။ အခ်ိဳ႕ရဲဌာနမ်ားတြင္ အေရးေပၚလူနာတင္ယာဥ္ ပူးတြဲထားရွိပါသည္။ အခင္းျဖစ္ရာသို႔ေရာက္လွ်င္ လူနာကို ေဆးရံုသို႔လည္းေကာင္း၊ ေသဆံုးၿပီးျဖစ္လွ်င္ ရင္ခြဲရံုသို႔လည္းေကာင္း ပို႔ပါမည္။ အမႈျဖစ္ေသာကားဆရာကို ရဲစခန္းသို႔ ေခၚယူစစ္ခ်က္ယူပါမည္။ အာမခံ ေပး၍ရေသာ အမႈဆိုလွ်င္ အာမခံ ေပးပါမည္။ အမႈကိုေတာ့ တရားရံုးသို႔ ပို႔ေဆာင္ၿပီး ဥပေဒေၾကာင္းအရ စစ္ေဆးစီရင္ပါမည္။ လူေသေသာ္လည္း ဒရိုက္ဘာအပစ္မဟုတ္ဘဲ သူ႕ကိုယ္သူူသတ္ေသရန္ ကားေအာက္ သို႔ ဝင္ျခင္း၊ လမ္းျဖတ္မကူးရေသာေနရာျဖစ္သည့္ ဟုိင္းေဝးလမ္းမလိုေနရာမ်ိဳးတြင္ လမ္းျဖတ္ကူူး၍ ေသျခင္းမ်ိဳးျဖစ္လွ်င္ ကားဆရာကို အမႈမွ အျပစ္မရွိဟု ဆံုးျဖတ္၍ ကြင္းလံုးကၽြတ္လႊတ္ပါမည္။ ေပါ့ဆမႈေၾကာင့္ လူေသေသာျပစ္မႈျဖစ္လွ်င္ ကားဆရာ ကို ထိုက္သင့္ေသာျပစ္ဒဏ္စီရင္ပါမည္။

ဤက႑တြင္ ဥပေဒလမ္းေၾကာင္းအတုိင္းသာ သြားသည္ျဖစ္၍ ဒရိုက္ဘာထြက္ေျပးျခင္း၊ ရပ္ကြက္ထဲမွလူမ်ားဝိုင္းရိုက္ ျခင္းစေသာကိစၥမ်ား ျဖစ္ေပၚလာစရာမရွိေတာ့ေပ။ ခါးပိုက္ႏိႈက္တစ္ေယာက္၊ သူခိုးတစ္ေယာက္ဖမ္းမိရာတြင္လည္း ဤနည္းႏွင္ႏွင္ ျဖစ္သည္။ ဖြံ႕ၿဖိဳးၿပီးႏုိင္ငံမ်ား၌ သူခိုးမိလွ်င္ ရဲလက္အပ္လိုက္ျခင္းသာျဖစ္ၿပီး မည္သူကမွ် ဝုိင္းရိုက္ႏွက္ျခင္း၊ ဆြမ္းႀကီးေလာင္းျခင္း စေသာ ဥပေဒမဲ့လုပ္ရပ္မ်ားတြင္ မပါဝင္ၾကေပ။

ဘာသာေရးကိစၥမ်ားတြင္လည္း ဤနည္းႏွင္ႏွင္ျဖစ္သည္။ မည္သည့္ဘာသာကမွျဖစ္ေစ ပတ္ဝန္းက်င္ျပည္သူလူထု နားမခံသာေအာင္ က်ယ္ေလာင္ေသာ အသံခ်ဲ႕စက္မ်ား ဖြင့္ေနၿပီဆိုလွ်င္ တားျမစ္ရမည္က ရဲတပ္ဖြဲ႕၏တာဝန္ျဖစ္သည္။ ဥပေဒအရ ခြင့္ျပဳမထားသည့္ ဘာသာေရးအေဆာက္အအံုတစ္ခု ရပ္ကြက္ထဲတြင္ ေပၚေပါက္ေနၿပီဆိုပါက ရဲကို အေၾကာင္းၾကားရံု ပဲျဖစ္သည္။ ထိုအခါ ရဲတပ္ဖြဲ႕သည္ ဥပေဒႏွင့္အညီ ေဆာက္လုပ္ျခင္း ဟုတ္မဟုတ္ စစ္ေဆးၾကည့္ရႈၿပီး ဥ႔ပေဒႏွင့္မကုိက္ညီပါက ထိုအေဆာက္အအံုပိုင္ရွင္ကို တရားစြဲျခင္း၊ တရားရံုးမွ ဖ်က္သိမ္းမိန္႔ထုတ္ျခင္းတို႔ လုပ္ရမည္။ မိမိမႀကိဳက္ေသာ အေဆာက္အအံုေပၚလာသည္ႏွင့္ လူအုပ္ႏွင့္ဝိုင္းဖ်က္ၾကျခင္းသည္ မိမိကိုယ္၌က အမ်ိဳးဘာသာခ်စ္သည့္စိတ္ျဖင့္ လုပ္ကိုင္သည့္ တုိင္ ဥ႔ပေဒမဲ့လူအုပ္ျဖင့္ ရမ္းကားေသာဝါဒ “ေမာ့ဘုိကေရစီ”သို႔ ဦးတည္သြားႏိုင္ပါသည္။

သို႔ေသာ္ ေမာ့ဘိုကေရစီမျဖစ္ေအာင္ တားဆီးရာ၌ ဥပေဒဝန္ထမ္းမ်ားဖက္ကလည္း လာဘ္မစားဘဲ၊ အခ်ိန္မဆြဲဘဲ၊ မည္သူ႕မ်က္ႏွာမွ မၾကည့္ဘဲ ဥပေဒမ်က္ႏွာကိုသာၾကည့္၍ ျပတ္ျပတ္သားသား ရိုးရိုးသားသားေဆာင္ရြက္ၾကရမည္ျဖစ္သည္။ မ်က္ႏွာႀကီးသူကို တစ္မ်ိဳး၊ မ်က္ႏွာမြဲသူကိုတစ္မ်ိဳး၊ အာဏာရွိသူကိုတစ္မ်ိဳး အမ်ိဳးမ်ိဳး ကြဲျပားေန၍မျဖစ္၊ ဥပေဒအထက္တြင္ေၾကာက္ရမည့္ လူေပၚလူေဇာ္တစ္စုရွိေန၍ မျဖစ္ေပ။ ကၽြန္ေတာ္တို႔ႏုိင္ငံတြင္ လူအုပ္ျဖင့္ရမ္းကားေသာအျဖစ္ ေတာ္ေတာ္မ်ားမ်ား၏ေနာက္ကြယ္တြင္ ရဲတပ္ဖြဲ႕အပါအဝင္ ဥပေဒဘက္ေတာ္သားမ်ား မျပတ္သားသူမ်ား၊ အခ်ိန္ဆြဲမႈမ်ား၊ ႀကိဳးနီစနစ္ေၾကာင့္လည္း ပါဝင္ေပသည္။

ခရစ္ယာန္ဘာသာဝင္မ်ား၏ ဘုရားေက်ာင္းသို႔ ဗုဒၶဘာသာဝင္မ်ား က်ဴးေက်ာ္ဝင္ေရာက္လာသည္ျဖစ္ေစ၊ ဗုဒၶဘာသာဘုန္းႀကီးေက်ာင္းထဲသို႔ ခရစ္ယာန္က ဝင္သည္ျဖစ္ေစ၊ မူဆလင္ဗလီထဲသုိ႔ သိႏၵဴက အတင္းဝင္သည္ျဖစ္ေစ၊ ဗုဒၶဘာသာက ဗလီကို ဖ်က္သည္ျဖစ္ေစ အဓိကၾကည့္ရမည္မွာ မည္သည့္ဘာသာက မည္သည့္ဘာသာကို လုပ္သည္ဟူ၍ မဟုတ္ဘဲ ပိုင္နက္က်ဴးလြန္မႈ၊ လူအုပ္ျဖင့္ ဆူပူရမ္းကားမႈ၊ ၿခိမ္းေျခာက္မႈ၊ အက်ိဳးပ်က္စီးေစမႈ စသည္တို႔ကို က်ဴးလြန္မႈ ရွိမရွိကိုသာ စဥ္းစားဆံုးျဖတ္ရမည္ျဖစ္သည္။ လူတစ္ေယာက္ကို ဖမ္းလွ်င္လည္း မည္သည့္ဘာသာဝင္ျဖစ္ေစ ရာဇဝတ္မႈ က်ဴးလြတ္လွ်င္ ရဲရဲဝ့ံဝ့ံဖမ္းဆီးရေပမည္။ ထိုသို႔မျပဳဘဲ ဥပေဒအရေဆာင္ရြက္ရန္ ေႏွာင့္ေႏွးၾကန္႔ၾကာေနခဲ့လွ်င္ လူစုျဖင့္ေသာင္းက်န္းေသာဝါဒမွာ ဘယ္ေသာအခါမွ ေပ်ာက္ကြယ္သြားမည္ မဟုတ္ေခ်၊ ရဲမ်ားဘက္ကလည္း လူတစ္ေယာက္ကို ဖမ္းခ်ဳပ္ရာ၌ ခ်စ္ျခင္းမုန္းျခင္း၊ အထက္အမိန္႔အရ ဟုတ္မဟုတ္လုပ္ျခင္း၊ ဘက္လိုက္ျခင္းမပါဘဲ ဥပေဒအရသာ ဖမ္္းဆီးျခင္း၊ စစ္ေဆးျခင္း၊ ျပလႊတ္ေပးျခင္းတို႔ကို ျပဳသင့္သည္။ ထိုအခါ ျမန္မာႏုိင္ငံတြင္ ၾကားရတတ္ေလ့ရွိေသာ (အထူးသျဖင့္ ရခိုင္ျပည္နယ္ၿမိဳ႕မ်ားတြင္ ျဖစ္တတ္ေသာ) ရဲစခန္းကိုလူအုပ္ျဖင့္ သြားေရာက္ဝိုင္းဝန္းအေရးဆိုျခင္းမ်ိဳး ပေပ်ာက္သြားမည္ျဖစ္သည္။

ကေမၻာဒီးယားႏိုင္ငံ၌ မၾကာေသးခင္ရက္မ်ားက ဝန္ႀကီးခ်ဳပ္သည္ ဆုိင္ကယ္စီးလာစဥ္ ဆိုင္ကယ္ဦးထုပ္ မေဆာင္းမိသျဖင့္ ယာဥ္ထိန္းရဲကေလးက ဒဏ္ေငြရိုက္သည္ကို ဝန္ႀကီးခ်ဳပ္က စိတ္မဆိုးဘဲ ၾကည္ၾကည္ျဖဴျဖဴဒဏ္ေငြေဆာင္ သြားျခင္းသည္ ႏုိင္ငံေခါင္းေဆာင္မ်ား လုိက္နာအပ္ေသာ ဒီမိုကေရစီျပယုဂ္ျဖစ္သည္။ ကၽြန္ေတာ္တို႔ ႏို္င္ငံတြင္ တပ္မေတာ္ ေခါင္းေဆာင္ေဟာင္းတစ္ဦးက ေဖ့ဘြတ္ေပၚတြင္ မ်ိဳးဆက္သစ္တပ္မေတာ္ေခါင္းေဆာင္မ်ားအား ဆံုးမၾသဝါဒစကားကို ေရးသားထား၏။ ထိုၾသဝါဒစကားမ်ားကို ဂ်ာနယ္တစ္ေစာင္က ျပန္လည္ကူးယူပံုႏွိပ္ေဖာ္ျပခဲ့အၿပီးတြင္ ေထာင္ဒဏ္ (၁၀)ႏွစ္မွ တစ္သက္တစ္ကၽြန္းအထိ ျပစ္ဒဏ္ခ်၍ရေသာ တပ္မေတာ္အားၿပိဳကြဲေစမႈျဖင့္ တပ္မွ တရားစြဲခဲ့ေပ၏။ တစ္ဆင့္စကား ျပန္လည္ ေဖာ္ျပေသာ ဂ်ာနယ္အယ္ဒီတာခ်ဳပ္ႏွင့္ သတင္းေထာက္အား အေရးယူ တရားစြဲ( ေနာက္ေတာ့ ေတာင္းပန္ညွိႏႈိင္းၿပီး အမႈရုပ္သိမ္း) ခဲ့ေသာ္လည္း ထုိစကားမ်ားကို အရင္ဆံုးေျပာခဲ့သူ ( ေဖ့ဘြတ္တင္ခဲ့သူ) အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမွာမူကား မည္သည့္အမႈႏွင့္မွ် တရားစြဲခံရသည္ မၾကားမိေပ။

ဥပေဒ၏ေအာက္တြင္ ဂ်ာနယ္လစ္မ်ား၊ သတင္းေထာက္မ်ား၊ စာေရးဆရာမ်ား၊ သာမန္တုိင္းသူျပည္သားမ်ား ရွိေနေသး ေသာ္လည္း တရားဥပေဒအထက္တြင္ ထိုစစ္ဗိုလ္ခ်ဳပ္ႀကီးရွိေသးသည့္ သဖြယ္ျဖစ္ပါ၏။ အမွန္မွာ ကၽြန္ေတာ္သည္ ေမာင္ဘ၏ မေကာင္းေၾကာင္းေဝဖန္သည့္စကားကုိ ေမာင္ျမအားေျပာ၏။ ေမာင္ျမက ထိုစကားကို အမ်ားသိေအာင္ေျပာဆိုခဲ့လွ်င္ ထိုအမႈတြင္ အဓိကက်ဴးလြန္သူမွာ ထိုစကားကို စတင္ေျပာၾကားခဲ့ေသာ ကၽြႏု္ပ္သာလွ်င္ျဖစ္သင့္၏။ ကၽြႏု္ပ္စကားကို တစ္ဆင့္ျပန္ေျပာေသာ ေမာင္ျမ၌ အျပစ္မက်ေရာက္သင့္ေပ။ တကယ္ဆုိလွ်င္ မိမိေျပာစကားေၾကာင့္ တစ္စံုတစ္ေယာက္တရားစြဲခံရသည္ဆိုလွ်င္ ထိုသူတြင္အျပစ္မရွိေၾကာင္း၊ တရားစြဲျခင္းစြဲလွ်င္ မိမိကိုယ္သာစြဲသင့္ေၾကာင္းကို မူလစကားပိုင္ရွင္က လူႀကီးလူေကာင္းဆန္ဆန္ တာဝန္ယူတာဝန္ခံကာ ရွင္းလင္းေျပာၾကားရမည္ျဖစ္သည္။ တရားစြဲသူကလည္း ဒုတိယလူထက္ ပထမလူကို အဓိကထား၍ ဥ႔ေဒအရ ေျဖရွင္းသင့္ပါသည္။ ဒီမိုကေရစီတရားစီရင္ေရး၌ ကြက္ၾကားမိုးမရြာစေကာင္းေပ။ ဥပေဒဆိုေသာထီးရိပ္ေအာက္၌ အားလံုးတန္းတူ အကာအကြယ္ရသင့္ေပသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ဟီလာရီကလင္တန္သည္ ႏုိင္ငံ၏လက္ရွိသမၼတ (ထိုစဥ္က) ဘားရက္အိုဘားမားႏွင့္ ပါတီ တစ္ခုတည္းမွ လာသူျဖစ္သည္။ သူကိုယ္တုိင္လည္း သမၼတေလာင္းအျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္ေတာ့မည့္သူျဖစ္သည္။ ယခင္က လည္း အေမရိကန္အစိုးရအဖြဲ႕တြင္ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္သည္။ ယခင္သမၼတ ေဘလ္ကလင္တန္ လက္ထက္ကလည္း ဟီလာရီသည္ သမၼတကေတာ္ (first lady) ျဖစ္ခဲ့သူျဖစ္သည္။ ထိုသို႔ေသာဂုဏ္သေရရွိသူ၊ အာဏာရအသိုင္းအဝုိင္းႏွင့္ နီးစပ္သူေသာ္မွ ဥ႔ေဒအရာတြင္ ျခြင္းခ်က္မရ၊ ဥပေဒအထက္ကေန၍မရဘဲ ဟီလာရီအေနႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးတာဝန္ထမ္းေဆာင္ခဲ့စဥ္က အစိုးရကိစၥမ်ားကို ကိုယ္ပိုင္အီးေမးလ္ျဖင့္ အသံုးျပဳဆက္သြယ္ခဲ့မႈအတြက္ F.B.I ေခၚ ျပည္ေထာင္စုရဲတပ္ဖြဲ႕မွ ေခၚယူစစ္ေဆးခဲ့ေလသည္။ တကယ္ဆိုလွ်င္ သမၼတေဟာင္း ကလင္တန္၏မ်က္ႏွာ၊ လက္ရွိသမၼတ ဘားရက္အိုဘားမား၏မ်က္ႏွာ၊ သမၼတအသစ္ျဖစ္လာႏုိင္ေသာ ဟီလာရီကလင္တန္ကိုယ္တုိင္၏မ်က္ႏွာ၊ အာဏာရဒီမိုကရက္တစ္ပါတီ၏မ်က္ႏွာတို႔ျဖင့္ ဟီလာရီကလင္တန္သည္ ဥပေဒ၏မ်က္ႏွာသာေပးမႈကို ရႏိုင္ပါ၏(ရသင့္ပါ၏)။ သို႔ေသာ္ဒီမိုကရက္တစ္အေလ့အထမ်ားထြန္းကားသည့္တိုင္းျပည္မို႔ဤမ်က္ႏွာသာေပးမႈအားလံုးကို ေဘးခ်ိတ္ကာ “No one is above the law” ဆိုသည့္ေဆာင္ပုဒ္ကုိ အေျပာမဟုတ္ဘဲ လက္ေတြ႕အေကာင္အထည္ေဖာ္ၿပီး ဟီလာရီကလင္တန္အား ေခၚယူစစ္ေဆးခဲ့ျခင္းျဖစ္သည္။ ဟီလာရီကလည္း ကၽြန္ေတာ္တို႔ ေတြ႕ႀကံဳဖူးေသာ လူမ်ိဳးေတြလို “ငါ့ကို ဘာထင္လဲ” တို႔၊ “ငါ့ေယာက်ာ္းဘယ္သူဆိုတာ သိသလား”တို႔၊ “အခုသမၼတက ငါ့မိတ္ေဆြ” တို႔၊ “ငါသမၼတျဖစ္ရင္ နင္တို႔သိမယ္” တို႔စတဲ့ ရူးႏွမ္းသည့္ စကားမ်ိဳးမေျပာဘဲ F.B.I ၏စစ္ေဆးမႈကို ၾကည္ျဖဴစြာ လက္ခံခဲ့ေပသည္။ ဒါသည္ပင္ ဒီမိုကေရစီ၏အေလ့အထျဖစ္ သည္။ ရိုးသားစြာယွဥ္ၿပိဳင္ကစားၾကရာတြင္ အစိုးရဘက္ကေရာ၊ ျပည္သူလူထုဘက္ကေရာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားဘက္ ကေရာ မည္သူကမွ် အသာစီးေၾကးေၾကာ ဟန္ဒီကက္ မယူဘဲ တရားမွ်တစြာ တန္းတူယွဥ္ၿပိဳင္ၾကျခင္းမွာ ဒီမိုကေရစီ၏သရုပ္သကန္ေပၚလြင္ပါသည္။ ျမန္မာႏုိင္ငံတြင္မူကား ထိုအျပဳအမူမ်ိဳးသည္ ရွားပါးေနဆဲသာျဖစ္၏။

ကၽြန္ေတာ္တို႔ႏိုင္ငံသည္ အာဏာရွင္စနစ္၊ လူအုပ္ျဖင့္ရမ္းကားေသာ စနစ္မ်ားျဖင့္ အသားက်ေနသည္မွာ ႏွစ္ေပါင္းမ်ားစြာ တိုင္ခဲ့ၿပီျဖစ္သည္။ ထိုသို႔မေကာင္းသည့္ဘက္တြင္ အသားက်ေနေသာစနစ္ေၾကာင့္ အခ်ိဳ႕ကိစၥမ်ားတြင္ ဥပေဒကို ခ်ိဳးေဖာက္ေနပါ လွ်က္ ခ်ိဳးေဖာက္သူကိုယ္တုိင္က ဥပေဒကို ခ်ိဳးေဖာက္ေနျခင္းဟု မသိၾကေတာ့ေပ။ မသိၾကျခင္းမွာ ျပည္သူလူထုဖက္ကေရာ အစိုးရဖက္ပါျဖစ္သည္။ ထိုေၾကာင့္ ရုပ္ရွင္အေနႏွင့္ဂီတခိုးကူးေခြမ်ားကို တရားဝင္သဖြယ္ ေရွာ့ပင္းစင္တာမ်ားမွာ ေရာင္းခ်ေနျခင္း၊ လမ္းေဘးတြင္ေပါေပါပဲပဲရနုိင္ျခင္း၊ ခါးပိုင္ႏႈိက္တစ္ေယာက္ သူခိုးတစ္ေယာက္မိလာလွ်င္ တရားရံုးက အျပစ္ရွိသည္မရွိသည္ကို မဆံုးျဖတ္ရေသးမီ ဝိုင္းဝန္းရိုက္ႏွက္ၾကျခင္း၊ ကားတိုက္မႈတစ္ခုျဖစ္လွ်င္ ယာဥ္ေမာင္းကို ဝိုင္းဝန္းရိုက္ႏွက္ၾကျခင္း၊ ယာဥ္ေမာင္းကလည္း တိုက္ၿပီးထြက္ေျပးျခင္း၊ လူတစ္ဦးကို ရဲစခန္းကဖမ္းထားလွ်င္ လူအုပ္အသာစီးရပါက လႊတ္ေပးရန္ ဝိုင္းေတာင္းဆိုၾကျခင္း၊ သူတစ္ပါး၏အေဆာက္အအံုကို လူအုပ္ျဖင့္ဝင္ေရာက္ဖ်က္ဆီးၾကျခင္း၊ သူတစ္ပါးပိုင္နက္ထဲသို႔ လူအုပ္ျဖင့္ က်ဴးေက်ာ္ဝင္ေရာက္၍ မိမိလိုလားေသာဘာသာေရးအေဆာက္အအံုမ်ားေဆာက္ျခင္း၊ မဆုိင္သူကိုဖမ္းခ်ဳပ္ျခင္း၊ သက္ဆိုင္သူကို မဖမ္းျခင္း၊ မဆုိင္သူကို တရားစြဲျခင္း၊ သက္ဆိုင္သူကို တရားမစြဲျခင္း၊ လုပ္ငန္းရွင္မ်ားက အခြန္ေရွာင္ျခင္း၊ က်ဴးလြန္သူကို လႊတ္ေပးျခင္း၊ ျပည္သူ႕႕ရဲလက္ခ်က္ျဖင့္ စစ္ေဆးခံရသူ ေသဆံုးျခင္း၊ မက်ဴးလြန္သူကိုေထာင္ခ်ျခင္း၊ ဥပေဒႏွင့္မညီဘဲဖမ္းျခင္း၊ ဥပေဒႏွင့္မညီဘဲ လႊတ္ေပးျခင္း၊ လာဘ္စားျခင္း၊ ဘာသာေရးကိုအေၾကာင္းျပဳ၍ ကိုယ္က်ိဳးရွာျခင္း၊ ဘာသာေရးကို ႏုိင္ငံေရး အက်ိဳးအျမတ္အတြက္အသံုးခ်ျခင္း၊ တရားခံမေပၚေသာလူသတ္မႈမ်ား မ်ားျပားေနျခင္း . . . . စေသာကိစၥမ်ားစြာျဖစ္ေပၚေနေပ သည္။ အဓိကကေတာ့ ဒီမိုကေရစီ၏အားသာခ်က္ျဖစ္ေသာ “ဥပေဒအထက္တြင္ မည္သူမွ်မရွိ” ဟူသည့္ လြတ္လပ္မွ်တသည့္ တရားစီရင္ေရးစနစ္ကို တိတိက်က် အေကာင္အထည္မေဖာ္ႏုိင္ေသးျခင္းျဖစ္သည္။

ဒီမုိကေရစီစနစ္တြင္ တာဝန္ႏွင့္အခြင့္အေရးသည္ ယွဥ္တြဲပါလွ်က္ရွိ၏။ ျပည္သူလူထု၏တာဝန္ျဖစ္သည့္ မွန္မွန္ကန္ကန္ အခြန္ေဆာင္ျခင္း၊ ဆႏၵမဲေပးျခင္း၊ အမႈိက္စနစ္တက်ျပစ္ျခင္း၊ အမ်ားႏွင့္သက္ဆိုင္ေသာေနရာမ်ားတြင္ တိုးေဝွ႕မေနဘဲ စနစ္တက် တန္းစီျခင္း၊ ဥပေဒကိုေလးစားလုိက္နာျခင္း၊ လူအုပ္ျဖင့္ မရမ္းကားျခင္းတို႔ကို ေဆာင္ရြက္ဖို႔လိုသလို အစိုးရဖက္ကလည္း ေရြးေကာက္ပြဲတြင္ ရံႈးသူက ႏိုင္သူကို မုဒိတာပြားျခင္း၊ ခ်ီးက်ဴးဂုဏ္ျပဳျခင္း၊ မေႏွာက္ယွက္ျခင္း၊ တရားသျဖင့္ ယွဥ္ၿပိဳင္ျခင္း၊ ႏုိင္သူကလည္းရႈံးသူကို ေလးစားျခင္း၊ ဥပေဒအရာတြင္အားလံုးတန္းတူျဖစ္ျခင္း၊ ေရြးေကာက္ပြဲတြင္ မဲေပးခြင့္ရွိသူ အားလံုးလြယ္လြယ္ကူကူမဲေပးႏိုင္ေရးေဆာင္ရြက္ျခင္း၊ ေရြးေကာက္ပြဲေကာ္မရွင္မွ ဘက္မလုိက္ျခင္း၊ အဂတိလိုက္စားမႈမ်ားကို ထိထိေရာက္ေရာက္ႏွိမ္နင္းျခင္း၊ ပြင့္လင္းျမင္သာမႈရွိျခင္း၊ တာဝန္ယူတာဝန္ခံမႈရွိျခင္း၊ စတုတၳမ႑ိဳင္ကို ေလးစားျခင္း၊ မိမိအဖြဲ႕အစည္းအတြင္းမွ လူတစ္ေယာက္ဥပေဒခ်ိဳးေဖာက္လွ်င္ ကာကြယ္မေပးဘဲ ဥပေဒအတိုင္းေဆာင္ရြက္ျခင္းတို႔ကို ျပသရမည္ျဖစ္သည္။

ထိုသို႔ေသာ ဒီမိုကေရစီအေလ့အထမ်ိဳးသည္ ျမန္မာႏိုင္ငံ၌ တုိင္းသူျပည္သားဖက္ကေရာ၊ အစိုးရႏွင့္တပ္မေတာ္ဖက္ကပါ အေလ့အက်င့္နည္းေနေသး၏။ ထုိအက်င့္မ်ားတိုးပြားလာမွသာ ျမန္မာႏုိင္ငံ၌ ဒီမိုကေရစီလမ္းေၾကာင္း ေျဖာင့္ျဖဴးႏိုင္မည္ျဖစ္သည္။

သရဝဏ္ (ျပည္)

 

Unicode

ဇူလိုင်လ (၃)ရက်နေ့က သြစတြေးလျနိုင်ငံမှ သူငယ်ချင်းတစ်ယောက်က ဖေ့စ်ဘွတ်ပေါ်တွင် အောက်ပါအတိုင်း ပြောလာလေ၏။

“ဒီနေ့ Australia နိုင်ငံ အစိုးရရွေးချယ်ပွဲမှာ မဲပေးခဲ့ရတယ်။ မြန်မာပြည်လို တံဆိပ်တုံးလည်း မနှိပ်ရ။ ကိုယ်ကြိုက်တဲ့ ပါတီ အမည်လေး ဘေးက လေးထောင့်ကွက်ထဲမှာ ခဲတံလေးနဲ့ အမှတ်ခြစ်လိုက်ရုံပါပဲ။ မဲစာရင်းမပါလို့ ငိုစရာလည်းမလို၊ ဓာတ်ပုံပါတဲ့ သက်သေခံကတ်ပြားပြပြီး နေရပ်လိပ်စာပြလိုက်ရင် မဲပေးခွင့်ရပါတယ်။ နိုင်ငံသားတိုင်းမဲပေးရမယ်၊ ပျက်ကွက်ရင် ဒဏ်ငွေဆောင် ရမယ်တဲ့လေ။ မဲရုံက ညနေ(၆)နာရီပိတ်ပြီး အခုမဲတွေရေတွက်နေတာကို TV ကနေမြင်နေရပြီး ကြိုတင်မဲဆိုတာတွေ ကားကြီးတွေနဲ့လည်း ရောက်မလာကြပါဘူး။ နိုင်ငံရေးကျွမ်းကျင်သူတွေကတော့ အနိုင်ရမယ့်ပါတီကို ခန့်မှန်းပြောဆိုနေကြတာ လည်း မြင်နေရပါတယ်။ ဘယ်ပါတီနိုင်မှာလည်း မကြာခင်သိရတော့မှာပါ။ အနိုင်ရပါတီခေါင်းဆောင်ကို ရှုံးတဲ့ပါတီခေါင်းဆောင်က Congratulations လုပ်တာလည်း ဒီမိုကရေစီနိုင်ငံရဲ့ အလေ့အကျင့်တစ်ခုပါပဲ” ဟု ရေးသားထားလေသည်။

ထိုအခါ ကျွန်တော်တို့သိရသည်မှာ သူများနိုင်ငံက ရွေးကောက်ပွဲများနှင့် ဒီမိုကရေစီအလေ့အထများဖြစ်ပါတယ်။ လူတိုင်း လွယ်ကူစွာမဲပေးနိုင်ရန် ဆောင်ရွက်ထားခြင်း၊ နိုင်ငံသားတိုင်းမဲပေးရမည့်တာဝန်ကို ထမ်းဆောင်ချင်လာအောင် မဲမပေးသူ ဒဏ်ငွေဆောင်ရမည့် စနစ်ဖြင့် ထိန်းချုပ်ထားတာကိုလည်း သတိပြုမိသည်။ ထို့အပြင်မြန်မာနိုင်ငံတွင် လူပြောများလှသော ကြိုတင်မဲစနစ်မျိုးနှင့် ကင်းဝေးအောင် ဆောင်ရွက်ထားကြတာလည်း အတုယူစရာ ကောင်းသည်။ စင်စစ် မြန်မာနိုင်ငံသည်ကား ၁၉၆၂-ခုနှစ်မှစကာ နှစ်ပေါင်းငါးဆယ်ခန့် ဒီမိုကရေစီအလေ့အထများနှင့် ပျက်သုဉ်းခဲ့သည်ဖြစ်ရာ အရာရာသည် စည်းကမ်းတကျ မဖြစ်ဘဲ ဖရိုဖရဲဖြစ်နေဆဲသာဖြစ်သည်။ တိုင်းသူပြည်သားများဘက်ကရော၊ အစိုးရဘက်ကပါ ဒီမိုကရေစီမဆန်သော အပြုအမူ၊ အကျင့်အကြံတို့ရှိနေသေးတာ မကြာခဏ တွေ့နေရလေသည်။

ဒီမိုကရေစီ၏ဆန့်ကျင်ဘက်မှာ အာဏာရှင်စနစ်ဖြစ်ရုံသာမက လူအုပ်ဖြင့်အကြမ်းဖက်ရမ်းကားသော မော့ဘိုကရေစီဝါဒ (Mobocracy) ဖြစ်သည်။ လူအများစုဖြင့် ရမ်းကားခြင်းကို ဒီမိုကရေစီဟုမခေါ်ဘဲ မော့ဘိုကရေစီဟုခေါ်သည်။ မော့ဘိုကရေစီကို ဒေါက်တာဘဟန် (M.A, Phd, D.Litt) ပြုစုသော အင်္ဂလိပ်-မြန်မာအဘိဓာန်၌-
(၁) ရုန်းရင်းခတ်ပြုသူတို့ ထကြွသူလူစု၊ ရုန်းရင်းခတ်ပြုသူတို့ ထကြွသူလူစု အုပ်ချုပ်ခြင်း၊ ရုန်းရင်းခတ်ပြုသူတို့ ထကြွသူ လူစုအုပ်ချုပ်နည်း။
(၂) လူူညံ့စု၊ အောက်တန်းစားလူစု၊ တရားမရှိဓားမရှိ လူစုဟု ရေးသားထားပါသည်။

Webster New Collegiate Dicitionary တွင် mobocracy udk 1: rule by the mob 2: the mob as a ruling class ဟု ရေးသားထားပါသည်။ ဒီမိုကရေစီ ၏ဆန့်ကျင်ဖက်သည် မော့ဘိုကရေစီဖြစ်ပါသည်။ မော့ဘိုကရေစီအားကောင်းလာလျှင် ဒီမိုကရေစီပျောက်ကွယ်တတ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီ၏ဆန့်ကျင်ဖက်မှာ အာဏာရှင်စနစ်တစ်ခုတည်းသာ မဟုတ်ဘဲမော့ဘိုကရေစီဝါဒလည်း ပါဝင်ပါသည်။ မော့ဘိုကရေစီမှာ အဘယ်နည်းဟူမူ ပြဿနာတစ်ရပ်၊ အငြင်းပွားမှုတစ်ရပ်ဖြစ်လာလျှင် ဥပဒေကြောင်းအရ နည်းမှန်လမ်းမှန် ယဉ်ယဉ်ကျေးကျေး အေးအေးချမ်းချမ်းမဖြေရှင်းဘဲ သွေးဆူနေဆဲအခိုက်ဝယ်လူအုပ်ဖြင့် ဥပဒေပြင်ပမှ စိတ်လိုက်မာန်ပါ ဖြေရှင်း ကြသောလုပ်ရပ်ဖြစ်သည်။ ထိုလုပ်ရပ်မျိုးသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ပညာတတ်ပေါများသော၊ ယဉ်ကျေးသောလူ့အသိုင်းအဝိုင်းတို့ တွင် အဖြစ်နည်းသည် (သို့မဟုတ်) လုံးဝမဖြစ်သလောက်နီးပါးရှိသည်။ ခါးပိုင်နှိုက်တစ်ယောက်ကို လူအုပ်က ဝိုင်းရိုက်သဖြင့် သေသွားသော အဖြစ်မျိုး၊ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားရာတွင်ကားမောင်းသူကို လူအုပ်က ဝိုင်းရိုက်တာမျိုး အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ် စသော ဒီမိုကရေစီရင့်ကျက်နေသောနိုင်ငံများမှာ တွေ့ရလေ့ရှိမည်မဟုတ်ပါ။ ထိုအဖြစ်မျိုးသည် ပညာရည်နိမ့်ကျသော နိုင်ငံများတွင် အဖြစ်များပါသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ လိုက်ဘေးရီးယား၊ ရဝမ်ဒါ၊ ဆိုမာလီ စသောနိုင်ငံများတွင် အဖြစ်များပါသည်။ ချွင်းချက်အဖြစ် အမေရိကန်ပြည်ထောင်စု ဖာဂူဆန် မြို့ကလေးတွင် ဆယ်ကျော်သက်လူမည်းကောင်လေးတစ်ယောက်ကို ရဲက ပစ်သတ်ခဲ့သောကြောင့် လူအုပ်ဖြင့် ဆူပူအကြမ်းဖက် မှု ဖြစ်ပွားခဲ့သေးသည်။

သို့သော် ထိုကိစ္စမျိုးသည် မြန်မာနိုင်ငံတွင် တစ်စတစ်စနှင့် ဖြစ်ပွားလာပါသည်။ ထိုသို့ဖြစ်ရသော အဓိကအကြောင်း အချက်မှာ ဥပဒေစိုးမိုးမှုအားနည်းခြင်း၊ တရားစီရင်ရေးမဏ္ဍိုင်ယိမ်းယိုင်နေခြင်း၊ ရဲတပ်ဖွဲ့သည် အားကိုးလောက်ဖွယ်မရှိခြင်း၊ ဗျူရိုကရေစီယန္တယားအဆင့်ဆင့်တွင် အဂတိလိုက်စားမှု ကြီးမားစွာ အမြစ်တွယ်နေခြင်း၊ တိုင်းသူပြည်သားများ ပညာရေးတွင် နိမ့်ကျခြင်းတို့ဖြစ်သည်။ ဥပမာ-ယာဉ်တိုက်မှုတစ်ခုဖြစ်သည်ဆိုပါစို့၊ ယာဉ်မောင်း၏အမှားကြောင့်လူများစွာ (သို့မဟုတ်) လူအချို့သေခဲ့သည်ဆိုပါစို့။ ဒီမိုကရေစီထွန်းကားသောဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် လုပ်လေ့ရှိသောအလုပ်မှာ ရဲကို ဖုန်းဆက်ခေါ် ခြင်းဖြစ်သည်။ ရဲက ထိုဖြစ်စဉ်ကို သတင်းတိုင်ကြားချက် လက်ခံရရှိပြီးသည်နှင့်တပြိုင်နက် အရေးပေါ်လူနာတင်ယာဉ်ကို လှမ်း၍ အကြောင်းကြားခေါ်ယူပါမည်။ အချို့ရဲဌာနများတွင် အရေးပေါ်လူနာတင်ယာဉ် ပူးတွဲထားရှိပါသည်။ အခင်းဖြစ်ရာသို့ရောက်လျှင် လူနာကို ဆေးရုံသို့လည်းကောင်း၊ သေဆုံးပြီးဖြစ်လျှင် ရင်ခွဲရုံသို့လည်းကောင်း ပို့ပါမည်။ အမှုဖြစ်သောကားဆရာကို ရဲစခန်းသို့ ခေါ်ယူစစ်ချက်ယူပါမည်။ အာမခံ ပေး၍ရသော အမှုဆိုလျှင် အာမခံ ပေးပါမည်။ အမှုကိုတော့ တရားရုံးသို့ ပို့ဆောင်ပြီး ဥပဒေကြောင်းအရ စစ်ဆေးစီရင်ပါမည်။ လူသေသော်လည်း ဒရိုက်ဘာအပစ်မဟုတ်ဘဲ သူ့ကိုယ်သူူသတ်သေရန် ကားအောက် သို့ ဝင်ခြင်း၊ လမ်းဖြတ်မကူးရသောနေရာဖြစ်သည့် ဟိုင်းဝေးလမ်းမလိုနေရာမျိုးတွင် လမ်းဖြတ်ကူူး၍ သေခြင်းမျိုးဖြစ်လျှင် ကားဆရာကို အမှုမှ အပြစ်မရှိဟု ဆုံးဖြတ်၍ ကွင်းလုံးကျွတ်လွှတ်ပါမည်။ ပေါ့ဆမှုကြောင့် လူသေသောပြစ်မှုဖြစ်လျှင် ကားဆရာ ကို ထိုက်သင့်သောပြစ်ဒဏ်စီရင်ပါမည်။

ဤကဏ္ဍတွင် ဥပဒေလမ်းကြောင်းအတိုင်းသာ သွားသည်ဖြစ်၍ ဒရိုက်ဘာထွက်ပြေးခြင်း၊ ရပ်ကွက်ထဲမှလူများဝိုင်းရိုက် ခြင်းစသောကိစ္စများ ဖြစ်ပေါ်လာစရာမရှိတော့ပေ။ ခါးပိုက်နှိုက်တစ်ယောက်၊ သူခိုးတစ်ယောက်ဖမ်းမိရာတွင်လည်း ဤနည်းနှင်နှင် ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ သူခိုးမိလျှင် ရဲလက်အပ်လိုက်ခြင်းသာဖြစ်ပြီး မည်သူကမျှ ဝိုင်းရိုက်နှက်ခြင်း၊ ဆွမ်းကြီးလောင်းခြင်း စသော ဥပဒေမဲ့လုပ်ရပ်များတွင် မပါဝင်ကြပေ။

ဘာသာရေးကိစ္စများတွင်လည်း ဤနည်းနှင်နှင်ဖြစ်သည်။ မည်သည့်ဘာသာကမှဖြစ်စေ ပတ်ဝန်းကျင်ပြည်သူလူထု နားမခံသာအောင် ကျယ်လောင်သော အသံချဲ့စက်များ ဖွင့်နေပြီဆိုလျှင် တားမြစ်ရမည်က ရဲတပ်ဖွဲ့၏တာဝန်ဖြစ်သည်။ ဥပဒေအရ ခွင့်ပြုမထားသည့် ဘာသာရေးအဆောက်အအုံတစ်ခု ရပ်ကွက်ထဲတွင် ပေါ်ပေါက်နေပြီဆိုပါက ရဲကို အကြောင်းကြားရုံ ပဲဖြစ်သည်။ ထိုအခါ ရဲတပ်ဖွဲ့သည် ဥပဒေနှင့်အညီ ဆောက်လုပ်ခြင်း ဟုတ်မဟုတ် စစ်ဆေးကြည့်ရှုပြီး ဥ့ပဒေနှင့်မကိုက်ညီပါက ထိုအဆောက်အအုံပိုင်ရှင်ကို တရားစွဲခြင်း၊ တရားရုံးမှ ဖျက်သိမ်းမိန့်ထုတ်ခြင်းတို့ လုပ်ရမည်။ မိမိမကြိုက်သော အဆောက်အအုံပေါ်လာသည်နှင့် လူအုပ်နှင့်ဝိုင်းဖျက်ကြခြင်းသည် မိမိကိုယ်၌က အမျိုးဘာသာချစ်သည့်စိတ်ဖြင့် လုပ်ကိုင်သည့် တိုင် ဥ့ပဒေမဲ့လူအုပ်ဖြင့် ရမ်းကားသောဝါဒ “မော့ဘိုကရေစီ”သို့ ဦးတည်သွားနိုင်ပါသည်။

သို့သော် မော့ဘိုကရေစီမဖြစ်အောင် တားဆီးရာ၌ ဥပဒေဝန်ထမ်းများဖက်ကလည်း လာဘ်မစားဘဲ၊ အချိန်မဆွဲဘဲ၊ မည်သူ့မျက်နှာမှ မကြည့်ဘဲ ဥပဒေမျက်နှာကိုသာကြည့်၍ ပြတ်ပြတ်သားသား ရိုးရိုးသားသားဆောင်ရွက်ကြရမည်ဖြစ်သည်။ မျက်နှာကြီးသူကို တစ်မျိုး၊ မျက်နှာမွဲသူကိုတစ်မျိုး၊ အာဏာရှိသူကိုတစ်မျိုး အမျိုးမျိုး ကွဲပြားနေ၍မဖြစ်၊ ဥပဒေအထက်တွင်ကြောက်ရမည့် လူပေါ်လူဇော်တစ်စုရှိနေ၍ မဖြစ်ပေ။ ကျွန်တော်တို့နိုင်ငံတွင် လူအုပ်ဖြင့်ရမ်းကားသောအဖြစ် တော်တော်များများ၏နောက်ကွယ်တွင် ရဲတပ်ဖွဲ့အပါအဝင် ဥပဒေဘက်တော်သားများ မပြတ်သားသူများ၊ အချိန်ဆွဲမှုများ၊ ကြိုးနီစနစ်ကြောင့်လည်း ပါဝင်ပေသည်။

ခရစ်ယာန်ဘာသာဝင်များ၏ ဘုရားကျောင်းသို့ ဗုဒ္ဓဘာသာဝင်များ ကျူးကျော်ဝင်ရောက်လာသည်ဖြစ်စေ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းထဲသို့ ခရစ်ယာန်က ဝင်သည်ဖြစ်စေ၊ မူဆလင်ဗလီထဲသို့ သိန္ဒူက အတင်းဝင်သည်ဖြစ်စေ၊ ဗုဒ္ဓဘာသာက ဗလီကို ဖျက်သည်ဖြစ်စေ အဓိကကြည့်ရမည်မှာ မည်သည့်ဘာသာက မည်သည့်ဘာသာကို လုပ်သည်ဟူ၍ မဟုတ်ဘဲ ပိုင်နက်ကျူးလွန်မှု၊ လူအုပ်ဖြင့် ဆူပူရမ်းကားမှု၊ ခြိမ်းခြောက်မှု၊ အကျိုးပျက်စီးစေမှု စသည်တို့ကို ကျူးလွန်မှု ရှိမရှိကိုသာ စဉ်းစားဆုံးဖြတ်ရမည်ဖြစ်သည်။ လူတစ်ယောက်ကို ဖမ်းလျှင်လည်း မည်သည့်ဘာသာဝင်ဖြစ်စေ ရာဇဝတ်မှု ကျူးလွတ်လျှင် ရဲရဲဝံ့ဝံ့ဖမ်းဆီးရပေမည်။ ထိုသို့မပြုဘဲ ဥပဒေအရဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာနေခဲ့လျှင် လူစုဖြင့်သောင်းကျန်းသောဝါဒမှာ ဘယ်သောအခါမှ ပျောက်ကွယ်သွားမည် မဟုတ်ချေ၊ ရဲများဘက်ကလည်း လူတစ်ယောက်ကို ဖမ်းချုပ်ရာ၌ ချစ်ခြင်းမုန်းခြင်း၊ အထက်အမိန့်အရ ဟုတ်မဟုတ်လုပ်ခြင်း၊ ဘက်လိုက်ခြင်းမပါဘဲ ဥပဒေအရသာ ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း၊ ပြလွှတ်ပေးခြင်းတို့ကို ပြုသင့်သည်။ ထိုအခါ မြန်မာနိုင်ငံတွင် ကြားရတတ်လေ့ရှိသော (အထူးသဖြင့် ရခိုင်ပြည်နယ်မြို့များတွင် ဖြစ်တတ်သော) ရဲစခန်းကိုလူအုပ်ဖြင့် သွားရောက်ဝိုင်းဝန်းအရေးဆိုခြင်းမျိုး ပပျောက်သွားမည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ မကြာသေးခင်ရက်များက ဝန်ကြီးချုပ်သည် ဆိုင်ကယ်စီးလာစဉ် ဆိုင်ကယ်ဦးထုပ် မဆောင်းမိသဖြင့် ယာဉ်ထိန်းရဲကလေးက ဒဏ်ငွေရိုက်သည်ကို ဝန်ကြီးချုပ်က စိတ်မဆိုးဘဲ ကြည်ကြည်ဖြူဖြူဒဏ်ငွေဆောင် သွားခြင်းသည် နိုင်ငံခေါင်းဆောင်များ လိုက်နာအပ်သော ဒီမိုကရေစီပြယုဂ်ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံတွင် တပ်မတော် ခေါင်းဆောင်ဟောင်းတစ်ဦးက ဖေ့ဘွတ်ပေါ်တွင် မျိုးဆက်သစ်တပ်မတော်ခေါင်းဆောင်များအား ဆုံးမသြဝါဒစကားကို ရေးသားထား၏။ ထိုသြဝါဒစကားများကို ဂျာနယ်တစ်စောင်က ပြန်လည်ကူးယူပုံနှိပ်ဖော်ပြခဲ့အပြီးတွင် ထောင်ဒဏ် (၁၀)နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချ၍ရသော တပ်မတော်အားပြိုကွဲစေမှုဖြင့် တပ်မှ တရားစွဲခဲ့ပေ၏။ တစ်ဆင့်စကား ပြန်လည် ဖော်ပြသော ဂျာနယ်အယ်ဒီတာချုပ်နှင့် သတင်းထောက်အား အရေးယူ တရားစွဲ( နောက်တော့ တောင်းပန်ညှိနှိုင်းပြီး အမှုရုပ်သိမ်း) ခဲ့သော်လည်း ထိုစကားများကို အရင်ဆုံးပြောခဲ့သူ ( ဖေ့ဘွတ်တင်ခဲ့သူ) အငြိမ်းစားတပ်မတော်အရာရှိကြီးမှာမူကား မည်သည့်အမှုနှင့်မျှ တရားစွဲခံရသည် မကြားမိပေ။

ဥပဒေ၏အောက်တွင် ဂျာနယ်လစ်များ၊ သတင်းထောက်များ၊ စာရေးဆရာများ၊ သာမန်တိုင်းသူပြည်သားများ ရှိနေသေး သော်လည်း တရားဥပဒေအထက်တွင် ထိုစစ်ဗိုလ်ချုပ်ကြီးရှိသေးသည့် သဖွယ်ဖြစ်ပါ၏။ အမှန်မှာ ကျွန်တော်သည် မောင်ဘ၏ မကောင်းကြောင်းဝေဖန်သည့်စကားကို မောင်မြအားပြော၏။ မောင်မြက ထိုစကားကို အများသိအောင်ပြောဆိုခဲ့လျှင် ထိုအမှုတွင် အဓိကကျူးလွန်သူမှာ ထိုစကားကို စတင်ပြောကြားခဲ့သော ကျွနု်ပ်သာလျှင်ဖြစ်သင့်၏။ ကျွနု်ပ်စကားကို တစ်ဆင့်ပြန်ပြောသော မောင်မြ၌ အပြစ်မကျရောက်သင့်ပေ။ တကယ်ဆိုလျှင် မိမိပြောစကားကြောင့် တစ်စုံတစ်ယောက်တရားစွဲခံရသည်ဆိုလျှင် ထိုသူတွင်အပြစ်မရှိကြောင်း၊ တရားစွဲခြင်းစွဲလျှင် မိမိကိုယ်သာစွဲသင့်ကြောင်းကို မူလစကားပိုင်ရှင်က လူကြီးလူကောင်းဆန်ဆန် တာဝန်ယူတာဝန်ခံကာ ရှင်းလင်းပြောကြားရမည်ဖြစ်သည်။ တရားစွဲသူကလည်း ဒုတိယလူထက် ပထမလူကို အဓိကထား၍ ဥ့ဒေအရ ဖြေရှင်းသင့်ပါသည်။ ဒီမိုကရေစီတရားစီရင်ရေး၌ ကွက်ကြားမိုးမရွာစကောင်းပေ။ ဥပဒေဆိုသောထီးရိပ်အောက်၌ အားလုံးတန်းတူ အကာအကွယ်ရသင့်ပေသည်။

အမေရိကန်ပြည်ထောင်စုတွင် ဟီလာရီကလင်တန်သည် နိုင်ငံ၏လက်ရှိသမ္မတ (ထိုစဉ်က) ဘားရက်အိုဘားမားနှင့် ပါတီ တစ်ခုတည်းမှ လာသူဖြစ်သည်။ သူကိုယ်တိုင်လည်း သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်တော့မည့်သူဖြစ်သည်။ ယခင်က လည်း အမေရိကန်အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ယခင်သမ္မတ ဘေလ်ကလင်တန် လက်ထက်ကလည်း ဟီလာရီသည် သမ္မတကတော် (first lady) ဖြစ်ခဲ့သူဖြစ်သည်။ ထိုသို့သောဂုဏ်သရေရှိသူ၊ အာဏာရအသိုင်းအဝိုင်းနှင့် နီးစပ်သူသော်မှ ဥ့ဒေအရာတွင် ခြွင်းချက်မရ၊ ဥပဒေအထက်ကနေ၍မရဘဲ ဟီလာရီအနေနှင့် နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့စဉ်က အစိုးရကိစ္စများကို ကိုယ်ပိုင်အီးမေးလ်ဖြင့် အသုံးပြုဆက်သွယ်ခဲ့မှုအတွက် F.B.I ခေါ် ပြည်ထောင်စုရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့လေသည်။ တကယ်ဆိုလျှင် သမ္မတဟောင်း ကလင်တန်၏မျက်နှာ၊ လက်ရှိသမ္မတ ဘားရက်အိုဘားမား၏မျက်နှာ၊ သမ္မတအသစ်ဖြစ်လာနိုင်သော ဟီလာရီကလင်တန်ကိုယ်တိုင်၏မျက်နှာ၊ အာဏာရဒီမိုကရက်တစ်ပါတီ၏မျက်နှာတို့ဖြင့် ဟီလာရီကလင်တန်သည် ဥပဒေ၏မျက်နှာသာပေးမှုကို ရနိုင်ပါ၏(ရသင့်ပါ၏)။ သို့သော်ဒီမိုကရက်တစ်အလေ့အထများထွန်းကားသည့်တိုင်းပြည်မို့ဤမျက်နှာသာပေးမှုအားလုံးကို ဘေးချိတ်ကာ “No one is above the law” ဆိုသည့်ဆောင်ပုဒ်ကို အပြောမဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်ပြီး ဟီလာရီကလင်တန်အား ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဟီလာရီကလည်း ကျွန်တော်တို့ တွေ့ကြုံဖူးသော လူမျိုးတွေလို “ငါ့ကို ဘာထင်လဲ” တို့၊ “ငါ့ယောကျာ်းဘယ်သူဆိုတာ သိသလား”တို့၊ “အခုသမ္မတက ငါ့မိတ်ဆွေ” တို့၊ “ငါသမ္မတဖြစ်ရင် နင်တို့သိမယ်” တို့စတဲ့ ရူးနှမ်းသည့် စကားမျိုးမပြောဘဲ F.B.I ၏စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံခဲ့ပေသည်။ ဒါသည်ပင် ဒီမိုကရေစီ၏အလေ့အထဖြစ် သည်။ ရိုးသားစွာယှဉ်ပြိုင်ကစားကြရာတွင် အစိုးရဘက်ကရော၊ ပြည်သူလူထုဘက်ကရော လက်နက်ကိုင်အဖွဲ့အစည်းများဘက် ကရော မည်သူကမျှ အသာစီးကြေးကြော ဟန်ဒီကက် မယူဘဲ တရားမျှတစွာ တန်းတူယှဉ်ပြိုင်ကြခြင်းမှာ ဒီမိုကရေစီ၏သရုပ်သကန်ပေါ်လွင်ပါသည်။ မြန်မာနိုင်ငံတွင်မူကား ထိုအပြုအမူမျိုးသည် ရှားပါးနေဆဲသာဖြစ်၏။

ကျွန်တော်တို့နိုင်ငံသည် အာဏာရှင်စနစ်၊ လူအုပ်ဖြင့်ရမ်းကားသော စနစ်များဖြင့် အသားကျနေသည်မှာ နှစ်ပေါင်းများစွာ တိုင်ခဲ့ပြီဖြစ်သည်။ ထိုသို့မကောင်းသည့်ဘက်တွင် အသားကျနေသောစနစ်ကြောင့် အချို့ကိစ္စများတွင် ဥပဒေကို ချိုးဖောက်နေပါ လျှက် ချိုးဖောက်သူကိုယ်တိုင်က ဥပဒေကို ချိုးဖောက်နေခြင်းဟု မသိကြတော့ပေ။ မသိကြခြင်းမှာ ပြည်သူလူထုဖက်ကရော အစိုးရဖက်ပါဖြစ်သည်။ ထိုကြောင့် ရုပ်ရှင်အနေနှင့်ဂီတခိုးကူးခွေများကို တရားဝင်သဖွယ် ရှော့ပင်းစင်တာများမှာ ရောင်းချနေခြင်း၊ လမ်းဘေးတွင်ပေါပေါပဲပဲရနိုင်ခြင်း၊ ခါးပိုင်နှိုက်တစ်ယောက် သူခိုးတစ်ယောက်မိလာလျှင် တရားရုံးက အပြစ်ရှိသည်မရှိသည်ကို မဆုံးဖြတ်ရသေးမီ ဝိုင်းဝန်းရိုက်နှက်ကြခြင်း၊ ကားတိုက်မှုတစ်ခုဖြစ်လျှင် ယာဉ်မောင်းကို ဝိုင်းဝန်းရိုက်နှက်ကြခြင်း၊ ယာဉ်မောင်းကလည်း တိုက်ပြီးထွက်ပြေးခြင်း၊ လူတစ်ဦးကို ရဲစခန်းကဖမ်းထားလျှင် လူအုပ်အသာစီးရပါက လွှတ်ပေးရန် ဝိုင်းတောင်းဆိုကြခြင်း၊ သူတစ်ပါး၏အဆောက်အအုံကို လူအုပ်ဖြင့်ဝင်ရောက်ဖျက်ဆီးကြခြင်း၊ သူတစ်ပါးပိုင်နက်ထဲသို့ လူအုပ်ဖြင့် ကျူးကျော်ဝင်ရောက်၍ မိမိလိုလားသောဘာသာရေးအဆောက်အအုံများဆောက်ခြင်း၊ မဆိုင်သူကိုဖမ်းချုပ်ခြင်း၊ သက်ဆိုင်သူကို မဖမ်းခြင်း၊ မဆိုင်သူကို တရားစွဲခြင်း၊ သက်ဆိုင်သူကို တရားမစွဲခြင်း၊ လုပ်ငန်းရှင်များက အခွန်ရှောင်ခြင်း၊ ကျူးလွန်သူကို လွှတ်ပေးခြင်း၊ ပြည်သူ့ရဲလက်ချက်ဖြင့် စစ်ဆေးခံရသူ သေဆုံးခြင်း၊ မကျူးလွန်သူကိုထောင်ချခြင်း၊ ဥပဒေနှင့်မညီဘဲဖမ်းခြင်း၊ ဥပဒေနှင့်မညီဘဲ လွှတ်ပေးခြင်း၊ လာဘ်စားခြင်း၊ ဘာသာရေးကိုအကြောင်းပြု၍ ကိုယ်ကျိုးရှာခြင်း၊ ဘာသာရေးကို နိုင်ငံရေး အကျိုးအမြတ်အတွက်အသုံးချခြင်း၊ တရားခံမပေါ်သောလူသတ်မှုများ များပြားနေခြင်း . . . . စသောကိစ္စများစွာဖြစ်ပေါ်နေပေ သည်။ အဓိကကတော့ ဒီမိုကရေစီ၏အားသာချက်ဖြစ်သော “ဥပဒေအထက်တွင် မည်သူမျှမရှိ” ဟူသည့် လွတ်လပ်မျှတသည့် တရားစီရင်ရေးစနစ်ကို တိတိကျကျ အကောင်အထည်မဖော်နိုင်သေးခြင်းဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် တာဝန်နှင့်အခွင့်အရေးသည် ယှဉ်တွဲပါလျှက်ရှိ၏။ ပြည်သူလူထု၏တာဝန်ဖြစ်သည့် မှန်မှန်ကန်ကန် အခွန်ဆောင်ခြင်း၊ ဆန္ဒမဲပေးခြင်း၊ အမှိုက်စနစ်တကျပြစ်ခြင်း၊ အများနှင့်သက်ဆိုင်သောနေရာများတွင် တိုးဝှေ့မနေဘဲ စနစ်တကျ တန်းစီခြင်း၊ ဥပဒေကိုလေးစားလိုက်နာခြင်း၊ လူအုပ်ဖြင့် မရမ်းကားခြင်းတို့ကို ဆောင်ရွက်ဖို့လိုသလို အစိုးရဖက်ကလည်း ရွေးကောက်ပွဲတွင် ရှုံးသူက နိုင်သူကို မုဒိတာပွားခြင်း၊ ချီးကျူးဂုဏ်ပြုခြင်း၊ မနှောက်ယှက်ခြင်း၊ တရားသဖြင့် ယှဉ်ပြိုင်ခြင်း၊ နိုင်သူကလည်းရှုံးသူကို လေးစားခြင်း၊ ဥပဒေအရာတွင်အားလုံးတန်းတူဖြစ်ခြင်း၊ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ အားလုံးလွယ်လွယ်ကူကူမဲပေးနိုင်ရေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲကော်မရှင်မှ ဘက်မလိုက်ခြင်း၊ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်နှိမ်နင်းခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ယူတာဝန်ခံမှုရှိခြင်း၊ စတုတ္ထမဏ္ဍိုင်ကို လေးစားခြင်း၊ မိမိအဖွဲ့အစည်းအတွင်းမှ လူတစ်ယောက်ဥပဒေချိုးဖောက်လျှင် ကာကွယ်မပေးဘဲ ဥပဒေအတိုင်းဆောင်ရွက်ခြင်းတို့ကို ပြသရမည်ဖြစ်သည်။

ထိုသို့သော ဒီမိုကရေစီအလေ့အထမျိုးသည် မြန်မာနိုင်ငံ၌ တိုင်းသူပြည်သားဖက်ကရော၊ အစိုးရနှင့်တပ်မတော်ဖက်ကပါ အလေ့အကျင့်နည်းနေသေး၏။ ထိုအကျင့်များတိုးပွားလာမှသာ မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးနိုင်မည်ဖြစ်သည်။

သရဝဏ် (ပြည်)