• Today is: Wednesday, September 30, 2020

ဓနုတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ဓနုတိုင်းရင်းသားများ၏ ဇစ်မြစ်သမိုင်း

Federal Journal
August11/ 2020

ဓနုတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ

ဓနုတိုင်းရင်းသားများ၏ ဇစ်မြစ်သမိုင်း

Unicode

ပြည်တွင်းပြည်ပ ပညာရှင်အသီးသီးတို့က ဓနုလူမျိုး ဖြစ်ပေါ်လာပုံများကို အဓိပ္ပာယ် အမျိုးမျိုးနှင့် ဆိုခဲ့ကြသည်။ ဓနုလူမျိုးဟူသည် တိဗက်မြန်မာ အနွယ်ဝင်ဖြစ်ပြီး စကားဝဲ၊ အသံကွဲရုံမှလွဲပြီး မြန်မာစာ၊ မြန်မာစကားကို သင်ယူပြောကြား သူများသာ ဖြစ်ကြောင်း လေ့လာမိပါသည်။
တရုတ်ပြည်အနောက်မြောက်ပိုင်း ကန်ဆူအရပ်မှ ထွက်ခွာလာကြသော မွန်ဂိုများသည် မြန်မာနိုင်ငံအရှေ့ဘက်မှ ဝင်ရောက်လာပြီး မြားကလေးတောင်နှင့် နတ်ထိပ်တောင်ကြားမှ တစ်ဆင့် ကျောက်ဆည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ တောင်အောင်ဘက်သို့ လိုက်ပါ မသွားဘဲ တောင်ပေါ်တွင် မှီတင်းနေထိုင်ခဲ့ကြသော လူမျိုးစုများသည် ဓနုတိုင်းရင်းသားများပင် ဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း အရှေ့ဘက်ခြမ်းနှင့် ရှမ်းပြည်နယ်အနောက်ဘက်ခြမ်းအကြား တောင် မြောက်သွယ်တန်းနေသော ရှမ်းမြေလတ်ဒေသတွင် စုစည်းနေထိုင်ကြသည်။ အဓိကအားဖြင့် ကလော မြို့နယ်၊ နောင်ချိုမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့ နယ်၊ ရပ်စောက်မြို့နယ်တို့တွင် ရှေးပဝေသဏီက တည်းက နေထိုင်လာခဲ့ကြသည်။ ထိုနယ်မြေများသည် တစ်ဆက် တစ်စပ်တည်း တည်ရှိလျက်ရှိသည်။

ပျံ့နှံ့နေထိုင်ရာဒေသ

ဓနုတိုင်းရင်းသားများသည် အထက်ကဆိုခဲ့သလို ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ ပင်းတယ မြို့နယ်၊ ရွာငံ မြို့နယ်၊ ရပ်စောက်မြို့နယ်များသာမက ယင်း မြို့နယ်များ နှင့် ဆက်စပ်လျက်ရှိသော ပင်လောင်းမြို့ နယ် လုံးပိုးဒေသ၊ သာစည်မြို့နယ် ဆင်တောင်၊ မြင်း ဒိုက်ဒေသ၊ ကျောင်းဆိုး ကုန်း ကျောင်းရွာအုပ်စုမှ ၆ ရွာ၊ လယ်ခေါင်းကျေးရွာအုပ်စု မှ ၄ ရွာ၊ တောင်ကြီး မြို့နယ်အတွင်းမှ ကျောက်နီ၊ တောင် လေးလုံး၊ ဘန်း ကန်ဒေသ၊ ညောင်ရွှေမြို့နယ် အင်းတိမ်ဒေသ၊ မြစ်သား မြို့နယ် အောင်ချမ်းသာဒေသ၊ ပြင်ဦးလွင်မြို့နယ် အတွင်းမှ ကျေးရွာများ၊ ကျောက်မဲမြို့နယ်အတွင်းမှ မိုင်းလုံဒေသ၊ မိုးကုတ်မြို့နယ်အတွင်းမှ ကြပ်ပြင် ဒေသအပါအဝင် ရန်ကုန်၊ မန္တလေး အစရှိသော မြို့ကြီးများတွင်လည်း အခြေချနေထိုင်လျက် ရှိသည်။

လူမျိုးအမည်

ဓနုဟူသော အသုံးအနှုန်းသည် ပုဂံခေတ် ပါဠိ ဝေါဟာရပင် ဖြစ်၏။ အဓိပ္ပာယ်မှာ ‘လေး’ (Bow)ဖြစ် သည်။ လေးနှင့်မြှားကို သွားလေရာကိုင်ဆောင်တတ် သဖြင့် ဓနုလူမျိုးဟု သမုတ်ပေးခဲ့ကြောင်း သိရ သည်။ တစ်နည်းအားဖြင့် ဝါးကိုင်းလောက်လေး၊ ဝါးကိုင်း လေးမြားကို ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုတတ်သူ လူမျိုးပင်ဖြစ်သည်။ ဒနု၊ ဓနု၊ ထနု၊ တနု ဟူ၍အမျိုးမျိုး ရေးသားလာခဲ့ရာမှ ယနေ့ ဓနု (Danu) ဟု တစ်ပြေးညီ ရေးသားလာခဲ့သည်။ ဓနု၏ အဓိပ္ပာယ် အမှန်ဖွင့်ဆို ချက်မှာ Dhanu ဖြစ်သော်လည်း ခေတ်အဆက်ဆက် Danu ဟု သုံးစွဲခဲ့သဖြင့် အစဉ်အဆက်ကို လိုက်ရခြင်း ဖြစ်ပါလိမ့်မည်။

ရုပ်ရည်

ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော်လည်း မွန်ဂို အနွယ်ဖြစ်သော ရှမ်းလူမျိုးများနှင့် မတူဘဲ မြန်မာ၊ ရခိုင်၊ ထားဝယ် အစရှိသော ရှေးမြန်မာ အုပ်စုဝင်များနှင့် ပို၍ ရုပ်ပိုင်းဆင်ကြသည်။ ထွားကျိုင်း မှုရှိသော လူမျိုးများမဟုတ်သလို သေးလီသော လူမျိုး များလည်း မဟုတ်ပေ။ သင့်တင့်သော ပုံပန်းသွင်ပြင်၊ အရပ်အမောင်း၊ အသားအရေပိုင်ရှင်များပင် ဖြစ်သည်။

စိတ်နေစိတ်ထား
ရှေးကတည်းကပင် တောင်ယာစိုက်ပျိုးလုပ်ငန်း များဖြင့် အဓိက သက်မွေးပြုကြသဖြင့် ရိုးသားကြ သည်။ အနေအေးကြသည်။ ဧည့်ဝတ်ကျေပွန်ကြသည်။ ဖြောင့်မတ်ပြီး လုံ့လဝီရိယရှိကြသည်။ ရောင့်ရဲတင်း တိမ်ကြသည်။ တစ်အိမ်နှင့်တစ်အိမ် တံခါးမရှိ ဓားမရှိ ဝင်ထွက်ဆက်ဆံခြင်းရှိသည်။ စွန့်စားရဲရင့်ကြသည်။ အထူးသဖြင့် ဘာသာတရား ကိုင်းရှိုင်းကြသူများ ဖြစ် သည်။ နိုင်ငံရေး စိတ်မဝင်စားသူ များလှသည်။

ဆင်ယင်ထုံးဖွဲ့ မှု
ဓာတ်ပုံမှတ်တမ်းများကို လေ့လာကြည့်ခြင်းဖြင့် ရှေးလူကြီးအများစုက နံ့သာရောင် ရှမ်းဘောင်းဘီကို နှစ် သက်စွာ ဝတ်ဆင်ကြသည်။ ရှမ်းဘောင်းဘီဟုဆို သော်လည်း ချုပ်ပုံချုပ်နည်း အနည်းငယ်ကွာခြား ပါသည်။ ခေါင်းပေါင်း အမြဲပေါင်းကြသည်။ ရှေးအခါက ချည်ခါးပတ်ကိုဝတ်ဆင်ပြီး အင်္ဂလိပ်ခေတ်နောက်ပိုင်း သားရေခါးပတ်ကို အသုံးပြုလာခဲ့ကြသည်။ တချို့ ရှူးဖိနပ်များ ဝတ်ဆင်ကြပြီး အများစုမှာ ညှပ်ဖိနပ် ကိုသာ အသုံးပြုကြသည်။ အဖြူရောင်ရှပ်အင်္ကျီ ကို ဝတ်ဆင်သည်က များသည်။ ခေါင်းပေါင်းကို မျက်နှာ သုတ်ပုဝါအဖြစ် နှစ်မျိုးစလုံး အသုံးပြုသည်။ ခေါင်း ပေါင်း စမြိတ်ကို ညာဘက်တွင်ထားဝတ်သည်။ ယနေ့ အများစုမှာ မြေပြန့်တိုင်းရင်းသားများနှင့် အနေနီး စပ်သဖြင့် အကွက်ပါ ရိုးရာဝါးခမောက်ကို အမြဲဆောင်း ကြသည်။ မိန်းကလေးများမှာလည်း မြန်မာ ထဘီနှင့် အင်္ကျီများကိုသာ ဝတ်ဆင် အသုံးပြုခဲ့ကြသည်။
၁၉၇ဝ ပြည့်နှစ်နောက်ပိုင်းတိုင်းရင်းသား အခန်း ကဏ္ဍ မြှင့်တင်ပေးလာမှုနှင့်အတူ ဓနုတိုင်းရင်းသား များသည်လည်း တစ်ပြေးညီဝတ်စုံများ ဝတ်ဆင် လာနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ အခြားတိုင်းရင်းသား များနှင့် မတူသော ဝတ်စုံများကိုလည်း တီထွင်လာခဲ့ကြ သည်။ သို့သော်လည်း ရှေးရိုးရာမပျက် ဆန်းသစ်မှု များသာ ကြိုးပမ်းခဲ့ကြသည်။ ၂ဝ၁ဝ ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ပေါ်လာပြီး နောက်ပိုင်း ရိုးရာ ယဉ်ကျေးမှု ပိုမိုဖော်ထုတ်လာနိုင်ခဲ့သည်။ အမျိုးသား ဓနုဝတ်စုံအရောင်ကိုလည်း တစ်ပြေးညီ သတ်မှတ်လာ နိုင်ခဲ့သည်။ အတွင်းခံအင်္ကျီကိုလည်း အဖြူရောင်သာ ဝတ်ဆင်လာခဲ့ကြသည်။ ခေါင်းပေါင်း မူကားကွဲပြား လျက်ရှိသေးသည်။ အမျိုးသမီးဝတ်စုံ များကိုလည်း အရစ်ပါသော ထဘီ၊ ဘော်ကျယ်များဖြင့် အလှဆင် ထားသော ရင်ဖုံးအင်္ကျီ၊ အလှဆင်ထားသော ခေါင်း ပေါင်းများဖြင့် အရောင်အမျိုးမျိုး ဆန်းသစ်ကာ ဝတ် ဆင်လာခဲ့သည်။ အမျိုးသမီးဝတ်စုံကို ပိုး၊ ဖဲသားများ ဖြင့် ချုပ်လုပ်ကြပြီး ထဘီကို ချည်သား အများစု ချုပ်လုပ်ကာ ဝတ်ဆင်ကြပါသည်။
၂ဝ၁၇ နိုဝင်ဘာ ဓနုအမျိုးသားညီလာခံက တူညီသော ‘ပွဲတက်’ဝတ်စုံများ အများသဘောတူ ဖော်ဆောင်ပေးနိုင်ခဲ့၍ ယနေ့ ဓနုတစ်မျိုးသားလုံး နှစ်ခြိုက်စွာ ဝတ်ဆင်နိုင်ခဲ့ပေပြီ။ ပွဲတက်ဝတ်စုံကို အနီရောင်သတ်မှတ်ပေးခဲ့သော်လည်း အဝါ၊ ပန်းရောင်၊ အစိမ်း၊ အပြာမိမိတို့ နှစ်သက်သလို ချုပ်လုပ်ဝတ် ဆင်နိုင်ကြပါသည်။ ထဘီကိုလည်း အရစ် (၃းရး၃) သတ်မှတ်ပေးခဲ့သော်လည်း မိမိတို့နှစ်သက်သော အရောင်များဖြင့် ချုပ်လုပ်ဝတ်ဆင်နိုင်ကြပါသည်။

အစားအသောက်
ရှမ်းမြေလတ် ဓနုနယ်မြေအတွင်း ဂုဏ်ယူဖွယ်ရာ အဖြစ် အခြားအရပ်များတွင်မရှိသော ဓနုအစား အစာများစွာရှိပါသည်။ တချို့လည်း အနီးအပါး တိုင်း ရင်းသား အစားအစာများနှင့် ဆင်တူကြ ပါသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ ဗိုလ်ချုပ်အောင် ဆန်း+ဒေါ်ခင်ကြည်တို့နှင့် အတူ မြန်မာကိုယ်စားလှယ် များ စပ်ထွန်းအေး၏ အောင်ပန်းဟော်၌ ဧည့်ခံကြိုဆို ကျွေးမွေးခဲ့သည်။ ဟင်းပွဲများစွာရှိနေသည် ပင်လျှင် မြေပဲအစ် (မြေပဲညှက်ညှက်ထောင်းချက်)နှင့် မုန်လာ ထုပ်ရေစိမ် ကို နှစ်ခြိုက်စွာ စားသုံးခဲ့ကြောင်း မှတ် တမ်းရှိလေသည်။ မှန်ပေ၏။ မြေပဲချက်နှင့် တို့စရာ မုန်လာ ထုပ်အစိမ်းသည် ဓနုရိုးရာစားစရာစစ်စစ် ဖြစ်လေသည်။ ဂျူးသုပ်၊ ငှက်ပျောဖူးသုပ်များနှင့် တွဲဖက် စားသုံးရသော လက်ပြားထမင်းဝါ နာမည်ကြီး လှသည်။ မိုးဦးရာသီအချိန်ကာလ အသီး အရွက် စုံလင် စွာဖြင့် ရောနှောချက်ထားသော ထမင်းပြဲ (မင်းနဲမွှေ) အရသာရှိလှသည်။ အီကုတ် (မြေတွင်း အောင်းပိုး တစ်မျိုး)နှင့် ဆူးပုပ်ရွက်ရောချက်ထားသော ဟင်းလျာ သည်လည်းဆွေးမျိုး မေ့လောက် သည်။ အာလူးထမင်း နယ်အား ဂျူးဖူး၊ ဆံလုံးဆီကြော်ဖြင့် တွဲဖက်စားသုံး ရသည်ကား စွဲမက် လောက်သည့် ဒေသအစားအစာပင် ဖြစ်သည်။

ပိန္နဲသီးနုနှင့် ဆူးပုပ်ရောချက်ထားသော ဟင်း ရည် အရသာရှိလှသည်။ နေလှန်းထားသော မုန်ညှင်း ရွက်ကို ကြံသကာ၊ နှမ်းလုံးဖြူ၊ ပင်စိမ်းသီးရောနှော၍ ချက်ပြုတ်ထားသော မုန်ညှင်းစော သည်လည်း ဓနုရိုး ရာအစားအစာ ဖြစ်သည်။ ကစော့ခါးသီး၊ ပိတ်ချင်းရွက်၊ ကြောင်ပန်းရွက်၊ တဗွာရွက်များအား ဆန်ကိုလှော်ပြီး ရောနှောချက်ပြုတ်ထားသော ဆန်လှော်ဟင်းသည် လည်း ခံတွင်းရှိလှသည်။ ဆောင်မုန်းဆေးခါးပင်၊ ဖန်ခါးသီး၊ ဇီးဖြူသီးများ ရောနှောချက်ထားသော ဟင်းခါးရည်များလည်း ရှေးက အထူးပြုလုပ် မှီဝဲခဲ့ကြ သည်။ ပဲထွန်၊ ပဲလုံးကြား၊ ပဲကြက်ဥ၊ ပဲပြင်းစေ့ အစ ရှိသော ဟင်းလျာများသည်လည်း ဓနုဒေသ အလှူ မင်္ဂလာပွဲတိုင်းလိုလို မပါမပြီး ဖြစ်သည်။ အခြား အမှတ်ရ ဖွယ် ဓနုမုန့်ပဲ သရေစာများမှာ မုန့်လက်ကွင်း (ဖြူ၊ နီ)၊ မုန့်ဆီကြော်၊ မုန့်လေပွေ၊ မုန့်ခေါင်းဦး၊ မုန့်ပေါင်းအုံ၊ သကြားခွေ၊ မုန့်ကျည် တောက်၊ ကောက်ညှင်း ကျည် တောက်၊ ဖရုံသီးပြုတ်၊ မုန့် ကျွဲသဲ၊ မုန့်ဖက်ထုပ်၊ ပင်စိမ်း သီးဆားရေစိမ်တုတ်ထိုး စသည်တို့ပင် ဖြစ်သည်။
အခါကြီး၊ နေ့ကြီးများတွင် ရှေးလူကြီးအိမ်တိုင်း မုန့် ဆီကြော်နှင့် ကင်ပေါင်းကြော်ပြီး အိမ်နီးချင်း ဆွေ မျိုးများအား ကုသိုလ်ရစေရန်အလို့ငှာ ပေးဝေသော ဓလေ့ ယနေ့တိုင် ရှိသေးသည်။ ကင်ပေါင်း ကြော် (ကြက်သွန်မြိတ်၊ ကျောက် ဖရုံသီး၊ ဘူးသီး၊ ငရုတ်သီး အစရှိသည်ဖြင့် အရသာရှိအောင် ကောက်ညှင်းဆန် မုန့်ဖြင့်သမပြီးကြော်ထားသော အကြော်)၊ တို့ဟူးနွေး (ခေါက်ဆွဲဖတ်မပါ)၊ ဝက်သားချဉ်၊ အမဲချဉ်၊ ဂျူးဖူး ဟင်းထုပ်၊ မုန့်ဖတ်ထုပ်များသည်လည်း အခြားတိုင်း ရင်းသားများနှင့် တစ်မူကွဲပြားစွာ စီမံထားသဖြင့် တစ်မျိုး အရသာကို ပေးစွမ်းလှပါသည်။

စာပေနှင့် စကား
ပင်ရင်းစာပေ မရှိပါ။ စကားဝဲ၊ အသံကွဲသွားရုံမှ တစ်ပါး မြန်မာစာပေ၊ မြန်မာစကားကိုသာ ခေတ် အဆက်ဆက် အသုံးပြုကြသည်။ ထို့ကြောင့် မြန်မာ စကားကို ဓနုတို့က လုံးစေ့ပတ်စေ့ နားလည်ကြသော် လည်း ဓနုစကားကိုမူ မြန်မာများက နားမလည်ကြချေ။ မူရင်းစာပေမရှိခြင်းကား တိုင်းရင်းသားများအတွင်း အားနည်းချက်ဖြစ်နေသော်လည်း နယ်ပယ်အသီးသီး တွင် မြေပြန့်သား များနှင့် ရင်ပေါင်တန်းနိုင်သော ပညာတတ်များစွာ ထွက်ပေါ်လာခြင်းသည် အား သာချက်တစ်ခုအဖြစ် မြင်မိသည်။
မကြာသေးမီအချိန်ကဓနုစာပေစကားတီထွင်မှု ရှိခဲ့ သော်လည်း ဓနုအများစုကန့်ကွက်ခဲ့မှုကြောင့် မအောင်မြင်ခဲ့ပေ။ KG တန်းအတွက် သင်ရိုးညွှန်းတမ်း ထုတ်ဝေခဲ့မှု သည်လည်း ထို့အတူပင် ကန့်ကွက်ခြင်းခံခဲ့ ရပေသည်။ ဓနုစာပေစကား တီထွင်မှု ပျက်ပြားခဲ့ခြင်း များလည်း တချို့အတွက် ဝမ်းနည်းဖွယ်ဖြစ်ခဲ့သည်။ မှန်ပေသည်။ မည်သည့် ဘာသာစကားမဆို တီထွင်ခဲ့ သည်ချည်း ဖြစ်သည်။ သို့သော် လည်း စုပေါင်းတိုင်ပင် ရန် လိုအပ်သည်။ အများသဘောတူ ရန် လိုအပ်သည်။ အသုံးပြုရလွယ်ကူပြီး မည်သည့်ဘာသာ စကား ဘာသာပြန်ဆိုမှု လုပ်နိုင်ရပေမည်။ ဒေသိယစကား ဖြင့် တီထွင်ရန်လည်း ကြားမိလေသည်။ ဓနုလူထု အများစု၏ ဆန္ဒဖြစ်မှသာလျှင် အောင်မြင် ပေလိမ့်မည်။
မြန်မာစာပေ၊ မြန်မာစကားကို ပြောဆိုနေကြ သည်ဆိုသော်လည်း အသံရွတ်ဆိုပုံ၊ အသံထွက်ပုံ တူညီခြင်း မရှိ ပါ။ မြန်မာတို့ အသုံးပြုခြင်းမရှိတော့သည့် ရှေးဟောင်း ပေါရာဏစကား အသုံးပြုနေကြောင်း လေ့လာမိပါသည်။ တစ်နည်းအားဖြင့် ပုဂံခေတ်သုံး ရှေးဦးမြန်မာစကားအစု ဖြစ်သည်။ တောင်ပေါ်တိုင်း ရင်းသားများဖြစ်သော ရှမ်း၊ တောင်ရိုး၊ ပအို့ဝ်တို့၏ ဘာသာစကားများနှင့် ¤င်းဘာသာစကားတို့မှ တစ်ဆင့် မွေးစားယူသော ဝေါဟာရစကားများဖြင့် ရောနှောပြောဆိုနေကြကြောင်း တွေ့ရှိရပါသည်။
ဓနုနယ်ပယ်အတွင်း ဘာသာစကားပြောဆိုမှု၊ အသံ ထွက်ပုံထွက်ဆိုမှုတို့ကို လေ့လာရသော အသံ မြန်ခြင်း၊ အသံတိုးခြင်း၊ အသံပျော့ခြင်း၊ တက်သံ ကျသံရှိခြင်း၊ အထူးသဖြင့် အသံပြောင်းလဲရွတ်ဆိုခြင်း များကို လေ့လာတွေ့ရှိရသည်။ ဓနုနယ်အတွင်း ပျံ့နှံ့ နေထိုင်ကြသော ဓနုအချင်းချင်း ပင်လျှင် တစ်မြို့နယ် နှင့် တစ်မြို့နယ်၊ စုစည်းနေထိုင်ကြသော အုပ်စု အလိုက် ပြောစကား၊ အသုံးအနှုန်း၊ အသံရွတ်ဆိုပုံနှင့် လေယူလေသိမ်း မတူညီဘဲ အနည်းငယ်စီ ကွဲပြား ကြောင်း လေ့လာမိပါသည်။

လူဦးရေ
၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာ နိုင်ငံတွင် လူဦးရေ ၅၁.၄ သန်း (၅၁၄၁၉၄၂ဝ) ရှိပါ သည်။ ရှမ်းပြည်နယ် တွင် ၅.၈ သန်း (၅၈၁၅၃၈၄) ရှိပါသည်။ ရှမ်းမြေလတ်ဓနု နယ်ဖြစ်သော ကလောမြို့ နယ်တွင် (၁၈၆ဝ၁၉) ဦး၊ နောင်ချိုမြို့နယ်တွင် (၁၄၉၄၉၅) ဦး၊ ပင်းတယမြို့နယ်တွင် (၇၉၈၄၆) ဦး၊ ရွာငံမြို့နယ်တွင် (၈၂၄ဝဝ)ဦး၊ ရပ်စောက် မြို့နယ်တွင် (၁၂၆၄၂၇)ဦး ရှိပါသည်။ ဆက်စပ်ဒေသနှင့် အခြား မြို့ကြီးများတွင်လည်း ပျံ့နှံ့နေထိုင်လျက် ရှိသည်။ (တစ်မြို့နယ်ချင်းစီ အခြေအနေများကို နောက်အခန်း တွင် ဖော်ပြထားပါသည်။)

ပညာရေး
ရှေးယခင်က လောကီစာပေ လောကုတ္တရာ စာပေများကို ဘုန်းတော်ကြီးကျောင်းများ၌ သင်ယူ ပါသည်။ အသက် မွေးဝမ်းကျောင်း အတတ်ပညာရပ် များအား သက်ဆိုင်ရာ လုပ်ငန်းဆရာများ ထံတွင် တပည့်ခံပြီး သင်ယူကြသည်။ ကိုလိုနီခေတ်တွင် ငွေ ကြေးချမ်းသာသူများနှင့် အုပ်ချုပ်သူ လူတန်းစား များကသာလျှင် ရှမ်းစော်ဘွားများကျောင်း အပါအဝင် အင်္ဂလိပ်အစိုးရက ဖွင့်ထားသော အင်္ဂလိပ်စာ သင် ကျောင်းများ၌ ပညာသင်ယူခွင့်ရရှိခဲ့ကြသဖြင့် ဓနုလူထု ပညာရေးနောက်ကျ ခဲ့ရသည်။
နောက်ပိုင်း တိုင်းရင်းသားကျောင်းများနှင့် ခရစ် ယာန် သာသနာပြုကျောင်းများ ပေါ်ပေါက်လာသော် လည်း ရှမ်း ပြည်နယ်အပါအဝင် ဓနုဒေသတွင် လောင်း ကစားယဉ်ကျေးမှု ထွန်းကားခဲ့သဖြင့် ပညာရေးကို လူနည်းစုသာစိတ်ဝင်စားခဲ့ကြသည်။ ဝက်စလီယန် ကျောင်းကလည်း ဒုတိယကမ္ဘာစစ် အပြီး တော်တော် များများ ပျောက်ကွယ်ခဲ့ရသည်။ ၁၉၂ဝ ရန်ကုန် တက္ကသိုလ်ထူထောင်စဉ်က ရှမ်း ပြည်နယ်က အချိုးကျ ထည့်ဝင်ငွေများ လှူဒါန်းပေးခဲ့သော်လည်း ယင်း တက္ကသိုလ်နှင့်ပတ်သက် သူများသည် လက်ချိုးရေ တွက်လို့ပင် ရခဲ့သည်။ ၁၉၃၁ သန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်တွင် ဗမာတိုင်းရင်းသားများမှအပ စာ ဖတ်တတ်သူတိုင်းရင်းသားများမှာ ၆ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၁၉၅ဝ ထိလည်း တိုးတက်လာခြင်း မရှိခဲ့ပါ။
၁၉၄၃ အာရှလူငယ်အစည်းအရုံးနှင့် အလင်း ရောင် စာကြည့်တိုက်များ ပေါ်ပေါက်လာပြီး ဓနု လူငယ်များ ပညာရေးစိတ်ဝင်စားမှုမြင့်တက်ခဲ့ရ သည်။ ၁၉၅ဝ နောက်ပိုင်း အစိုးရအထက်တန်းကျောင်းများ အသီးသီး ပေါ်ထွက်လာခဲ့ပြီး ဓနုနယ်ပယ်၌ ပညာ ရေးစိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။

စီးပွားရေး
(ကလောမြို့နယ်) ဓနုနယ်မြေအားလုံးတွင် စိုက်ပျိုးရေးကို အခြေခံသော လုပ်ငန်းများဖြင့်သာ ရပ်တည်ခဲ့ကြသည်။ ကလောမြို့နယ်တွင် အာလူး၊ ဂျင်းနှင့် ဂေါ်ဖီထုပ်ကို အဓိက စိုက်ပျိုးကြပြီး ပန်းမုံ လာ၊ ခါကြက်ဥ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ အစရှိသော ကုန်စိမ်းသီးနှံများကို စိုက်ပျိုးကြသည်။ အောင်ပန်းမြို့သည် ပြည်ပသို့တင်ပို့ ရာတွင် အဓိက ကုန်စည်ဖလှယ်ရာနေရာ ဖြစ်သည်။ ကုန်စိမ်းမှန်သမျှ အောင်ပန်းမြို့တွင် လာရောက်ရောင်းဝယ် ဖောက် ကားကြပြီး လမ်းဆုံမြို့လည်း ဖြစ်သည်။ ကလောမြို့ နယ်သည် ငါးရက်တစ်ဈေးကို အမှီပြုရာဒေသဖြစ်ပါ၍ အောင်ပန်းဈေး၊ ပင်လောင်းဈေး၊ ကလောဈေး၊ ပင်း တယဈေး၊ ဟဲဟိုး ဈေးနေ့များကို အဓိက အသုံးပြု ကြသည်။
ကလောမြို့နယ်အတွင်း လိမ္မော်၊ လက်ဖက်၊ သနပ် ဖက်၊ ထောပတ်၊ နဂါးမောက်သီး၊ သစ်တော်သီး၊ စိုက်ပျိုး ရေးလုပ်ငန်းများ အသင့်အတင့် လုပ်ကိုင်ကြ ပါသည်။ သတ္တုတူးဖော်ရေးအနေဖြင့် ဘော်ဆိုင်းနှင့် အင်းပြင်ဒေသ၊ ရွှေမင်းဖုန်းဒေသများ၌သာ လုပ်ကိုင် ကြပါသည်။ အကြီးစား စက်မှုလုပ်ငန်းများ မရှိသော် လည်း ကလောမြို့နယ်သည် ပြည်ထောင်စု လမ်းမ ပေါ်တွင် တည်ရှိသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြင့် သွားနေသည်။
(နောင်ချိုမြို့နယ်) ကြံနှင့် ပြောင်းအဓိက စိုက် ပျိုး ထုတ်လုပ်ပါသည်။ ဂျုံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ခရမ်းချဉ်နှင့် အခြားသီးနှံများလည်း အသင့် အတင့် စိုက်ပျိုး သည်။ နောင်ချိုမြို့နယ်သည်လည်း (၅)ရက်တစ်ဈေးကို မှီခိုအားကိုးကြသည်။ နောင်ချို ဈေး၊ ကံကြီးဈေး၊ တောင်းခမ်းဈေး၊ ဘန့်ဘွေးဈေး၊ ဆမ္မဆယ်ဈေး၊ သုံးဆယ်ဈေး၊ ဟိုခိုဈေးများကို အဓိက အသုံးပြုကြပြီး ဒေသထွက်ကုန်များ အဓိက စုစည်းရာ နေရာလည်း ဖြစ်သည်။ လုံဝယ်၊ လုံစံ အနောက်ဘက် တွင် ကြေးနီသတ္တုသိုက်ရှိသဖြင့် ထုတ်လုပ်မှု စတင် နိုင်ရန် ပြင်ဆင်မှုအဆင့်သာ ရှိသေးသည်။ သကြား စက်ရုံနှင့် ဘိလပ်မြေစက်ရုံတည်ရှိပြီး အခြားအသေးစား စက်မှုလုပ်ငန်းများသာရှိသည်။ ရေဖြူဝါးခမောက်နှင့် နောင်တောတောင်းယက်လုပ်ငန်းလည်း လူသိများ ကြသည်။ ထောပတ်နှင့် နဂါးမောက် စိုက်ပျိုးရေး လုပ်ငန်းများ စတင်လုပ်ကိုင်လာကြပြီး လက်ဖက် အနည်းငယ် စိုက်ပျိုးထုတ်လုပ်သည်။ နောင်ချိုမြို့သည် မြောက်ပိုင်းပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိ သည်။
(ပင်းတယမြို့နယ်) ပင်းတယမြို့နယ်၏ စိုက် ပျိုးရေး ထုတ်ကုန်များသည် ကြက်သွန်ဖြူ၊ ကြက် သွန်နီ၊ ပြောင်း၊ ဂျုံ၊ ဆီနေကြာများ စိုက်ပျိုးကြသည်။ ယခုနောက်ပိုင်း ဂျုံ စိုက်ပျိုးမှု သိသိသာသာ လျော့ နည်းလာခဲ့သည်။ လက်ဖက်စို၊ လက်ဖက်ခြောက် ထုတ်လုပ်မှု ဂုဏ်သတင်းတစ်ခု ရှိသည်။ နောက်ပိုင်း သရက်နှင့် ထောပတ်စိုက်ပျိုးထုတ်လုပ်မှု ပိုမို လုပ် ဆောင်လာကြသည်။ အာလူး၊ ဂေါ်ဖီ၊ ပန်းမုံလာများ စိုက်ပျိုးထုတ်လုပ်သည်။ မြန်မာနိုင်ငံ၏ ဘုရားဖူးခရီး စဉ်အတွင်း ပါဝင်သော ပင်းတယ ရွှေဥမင်သဘာဝ လိုဏ်ဂူနှင့် ကုံလုံကျောင်းတည်ရှိရာဒေသဖြစ်၍ ဟို တယ်နှင့် ခရီးသွား ဝင်ငွေအများဆုံးရှိရာဒေသ ဖြစ် သည်။ ငှက်ပျောတော ပန်းစက္ကူလုပ်ငန်း၊ ထီးလုပ် ငန်းနှင့် အော်ယောအိုးလုပ်ငန်း နာမည်ကြီးသည်။ ပင်းတယဝါးခမောက် လူသိများကြသည်။ သစ်အယ် ပင်ကျေးရွာ ယက်ကန်းလုပ်ငန်း လုပ်ကိုင်ကြသည်။ ပင်းတယဈေး၊ ကျုံးဈေး၊ အောင်ပန်းဈေး၊ ကောင်း ဘို့ဈေး/ ပွေးလှဈေး၊ မိုင်းအင်ဈေးများကို အဓိက အသုံးပြုကြသည်။
(ရွာငံမြို့နယ်) ဓနုဒေသအတွင်း ကော်ဖီ အများဆုံး စိုက်ပျိုးထုတ်လုပ်ရာဒေသ ဖြစ်သည်။ ဓနု နယ်မြေအားလုံးအတွင်း ဓနုလူဦးရေ ရာခိုင်နှုန်း အများဆုံးတည်ရှိရာဒေသဖြစ်သည်။ သစ်တော ထူထပ်ရာဒေသလည်း ဖြစ်သည်။ လက်ဖက်၊ လိမ္မော်၊ ဒညင်းသီး စိုက်ပျိုးထုတ်လုပ်သည်။ ပန်းတိမ်ငိုပန်း အများဆုံး စိုက်ပျိုးရာဒေသလည်း ဖြစ်သည်။ ရှေး အခါက သနပ်ဖက်များစွာ စိုက်ပျိုးထုတ်လုပ်ခဲ့သည်။ စက်မှုလုပ်ငန်းကြီးများ မရှိဘဲ တစ်နိုင်တစ်ပိုင် စိုက် ပျိုးရေးလုပ်ငန်းများ အသက်မွေးကြသည်။ ဂျုံ၊ ပဲ၊ နှမ်း၊ ဂျင်း၊ ခရမ်း ချဉ်နှင့် ဂေါ်ဖီ၊ ပန်းမုံလာ အစရှိသော သီးနှံများ စိုက်ပျိုး ထုတ်လုပ်သည်။ မြိုင်ဈေး၊ ထမင်း ပေါင်းဈေး၊ ရေဦးဈေး၊ ရွာငံဈေး၊ မြင်းကျဒိုးဈေးများ ကို ငါးရက်တစ်ဈေးဖြင့် အဓိက အသုံးပြုကြသည်။
(ရပ်စောက်မြို့နယ်) ပြောင်း အဓိက စိုက်ပျိုး ကြပြီး ပြောင်းအများဆုံးထွက်ရှိရာဒေသ ဖြစ်သည်။ ပူနွေးသမ ရာသီဥတုရှိသဖြင့် ယခုနောက်ပိုင်း သရက် အကြီးအကျယ် စိုက်ပျိုးထုတ်လုပ်လာခဲ့သည်။ ကုမ္ပဏီများက ကော်ဖီကို စနစ်တကျ စိုက်ပျိုးကြသည်။ ငါးရက်တစ်ဈေးအဖြစ် ရပ်စောက်ဈေး၊ ဖောင်းတော ဈေး၊ အလည်ချောင်ဈေး၊ ကောင်းဘို့ဈေး၊ ပင်ဖြစ်/ မိုင်းအင်ဈေးများထိ အသုံးပြုကြပြီး ကုန်စည်များ ကူးသန်းရောင်းဝယ် ဖလှယ်ကြသည်။

ရာသီပွဲများ
ဓနုတိုင်းရင်းသားများသည် ရာနှုန်းပြည့် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်သည်။ မြန်မာတို့နှင့် ရာသီပွဲ ပြုလုပ်ပုံများ တူညီ ကြသည်။ ထူးခြားလှသည်မှာ သင်္ကြန်နှင့် သီတင်းကျွတ် ဘုရားသွား ကျောင်းတက် ဓလေ့ ကြက်ပျံမကျ စည်ကားခြင်းပင် ဖြစ်သည်။ နှစ်ဆန်းတစ်ရက်နေ့တွင်ရပ်/ကျေးအလိုက် နှစ်သစ် ကူး တရားနာယူမှုကို မဖြစ်မနေ ဆောင်ရွက်ကြသည်။ ဘုန်းတော်ကြီးကျောင်းတိုင်း၌လည်း စတုဒီသာအလှူ ကို စုပေါင်းလုပ်ဆောင် လှူဒါန်းကြသည်။
သင်္ကြန်အတက်နေ့မှစတင်၍ ကဆုန်လပြည့်နေ့ အထိ ဓနုနယ်ပယ်တစ်ခွင်လုံး တာတက်ပွဲများကို ကျင်းပသည်။ မြို့နယ်အသီးသီး၏ စာပြန်ပွဲများကို နယုန်လတွင် ကျင်းပပြီး ရှမ်းပြည်နယ်လုံးဆိုင်ရာ စာပြန်ပွဲအထိ တက်လှန်းဖြေဆိုကြသည်။ သီတင်း ကျွတ်လပြည့်နေ့တွင် မီးထွန်းပွဲများသာမက မိမိတို့ နေအိမ်ခြံဝင်းအတွင်း သမ္ဗုဒ္ဓေစင်ထိုး ဘုရားပူဇော် ဓလေ့ ထွန်းကားခဲ့သည်။ မြတ်စွာဘုရားရှင်တော်ကို မိမိတို့ ခြံထွက်သီးနှံများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို မိမိတို့နေအိမ် ပရိဝုဏ်အတွင်း ဆုတောင်းရည်မှန်း ပူဇော်ကြခြင်းဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့ကို လည်း ‘သူခိုးကြီးည’အဖြစ် အပျော်သဘော ကျင်းပ သည့်ဓလေ့ ရှိသည်။ နတ်တော်လသည် ကောက် ရိတ်သိမ်းသည့်ကာလဖြစ်၍ ကောက်ဦးဆွမ်း ကပ်ပွဲ များ ကျင်းပကြသည်။ တပို့တွဲလသည် အအေးလွန်ကဲ သောလဖြစ်သည်နှင့်အညီ သာသနာ့နယ်မြေအတွင်း အနွေးဓာတ်ရစေခြင်းအလို့ငှာ ‘မီးလျှော်တိုင်’ ထွန်း ညှိပူဇော်ခြင်းများကို ကျင်းပပြုလုပ်ကြသည်။ မီးလျှော် တိုင် (ခ) မီးဖောင်းတိုင်များကို နံ့သာဖြူ၊ နံ့သာနီ၊ ထင်းရှူးအပါအဝင် အခြား အမွှေးနံ့သာရရှိစေသော အသားများခြံရံလျက် အလယ်တွင် ဝါးတိုင်ထားကာ ၁၅ ပေမှ ၂၅ ပေအ အရှည်အထိ ဆင်ယင်ပြုလုပ်ကြ သည်။
ဓနုနယ်ပယ်အတွင်း ပင်းတယ တပေါင်းပွဲတော် နာမည်ကြီးလှသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ အလည်အပတ်လာကြသည်။ ဓနုတစ်မျိုးသားလုံး မဖြစ်မနေအရောက်သွားကြသည်။ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသပေါ်ပေါက်လာပြီး နောက်ပိုင်း တပေါင်း လပြည့်အဖိတ်နေ့ကို ‘ဓနုဆုံစည်းရာနေ့’အဖြစ် သတ် မှတ်ဆင်နွှဲလာကြသည်။

ရိုးရာတေးဂီတအနုပညာ
ဓနုအိုးစည်သည် လွန်ခဲ့သော နှစ်ပေါင်း ၈ဝဝ ခန့်က တည်းက ဓနုတိုင်းရင်းသားများ အစဉ်အလာ ကြီးမားစွာ တီးခတ်လာသော တူရိယာတစ်ခုဖြစ်သည်။ အနည်းဆုံး ၅ ဦး စုပေါင်းတီးခတ်မှသာ မြိုင်မြိုင်ဆိုင် ဆိုင် ရှိလှသည်။ ကြားရသူ စိတ်ဘဝင်ကြည်နူး တက် ြ<ွကလန်းဆန်းစေသည်။ ဓနုအိုးစည်တိုဟုလည်း ခေါ်ဆို သည်။ တစ်နိုင်ငံလုံး ဓနုအိုး စည်တိုကို မသိသူဟူ၍ မရှိပေ။ မည်သည့် ပွဲလမ်းသဘင် မဆို ဓနုအိုးစည် မပါမပြီးဖြစ်သည်။ အိုးစည် (၁)လုံး၊ မောင်း (၁)လုံး၊ လင်းကွင်း (၁)စုံ၊ ဝါးလက်ခုပ် (၂)ခု တီးခတ်ပါက ဓနုတို့၏ စိတ်ဓာတ်တက်ြ<ွကမှုကို သိမြင်နိုင်ပါသည်။
ဓနုအိုးစည်ကို ယမနေသား၊ ပိန္နဲသား၊ လက်ပံ ဒီးဒုတ် သား၊ သရက်သားတို့ဖြင့် ရွေးချယ် ပြုလုပ်သည်။ ထိုအသားများကသာ အသံကောင်းမွန်စွာထွက်သော ကြောင့် ဖြစ်သည်။ အိုးစည် မျက်နှာပြင်၏ သားရေ ကိုလည်း ဒေသခံနွားထီးများ ၏ သားရေများဖြင့်သာ အသုံးပြု သည်။ မျက်နှာပြင်သားရေ ပေါ်၌ ဖယောင်းမဲ (ခေါ်) မြေထဲတွင်နေသော ပျားမှရရှိ သည့် ဖယောင်း ဖြင့်သာ ကပ်ရပါသည်။ ယင်းအချက်များနှင့် ပြည့်စုံပါ က အသံထွက်ကောင်းမွန်သော အိုးစည်တစ်လုံး ရရှိနိုင်ကြောင်းလည်း သိရသည်။ အိုးစည်၏အရှည်မှာ အိုးစည်မျက်နှာပြင်အချင်း၏ ၂.၅ ဆရှိသည်။ အိုးစည် တစ်လုံး ထွင်းထုရန်အတွက် လူ ၃ ဦးနှင့် စက် အင်အား အပါအဝင် အချိန်တစ်ပတ်တိတိ ပေးရပါသည်။
အိုးစည်တစ်လုံး ဝယ်ယူပါက အောက်ပါအချက် အလက် များအတိုင်း လုပ်ဆောင်ပါက လိုက်ဖက် ညီလှ သည့် တူရိယာ တစ်စုံရရှိမည်ဖြစ်ကြောင်း ထပ်မံသိရှိရ သည်။ အိုးစည်မျက်နှာပြင် အချင်း ၁၄ လက်မဝန်း ကျင်ရှိပါက ကြေးမောင်း ၃ ပိဿာဝန်းကျင်၊ လင်း ကွင်းမှာ ၁၂ လက်မ (သို့မဟုတ်) ၁၄ လက်မဝန်းကျင် ရှိရပါမည်။ ဝါးလက်ခုပ် ၃ ခုနှင့် မြိုင်ဆိုင်စွာ တီးခတ် နိုင်မည် ဖြစ်သည်။

ဓနုအိုးစည်တီးခတ်ပုံများမှာ – တာတက်ပွဲ အတီး၊ သိုင်းကအတီး (ကြိုးသိုင်း၊ ပန်းဖွားသိုင်း၊ လက်သိုင်း၊ တုတ်သိုင်း၊ မီးတုတ်သိုင်း)၊ အောင်ပွဲခံ အတီး၊ ပွဲစံအတီး၊ မီးဆူခံ အတီး၊ မီးလွှတ်ပွဲ အတီး၊ ယာပုတ်အတီး၊ တောင်ယာသိုင်း အတီး၊ သာမန် ကကွက်အတီး အမျိုးမျိုးရှိကြပါသည်။ ဓနု အိုးစည် တီးကွက် နှစ်မျိုးရှိသည်။ လူကြီး၊ လူငယ်၊ ယောကျ်ား၊ မိန်းမ ‘လက်ချိုး’ ကရသော အချိန်တွင် အိုးစည်ကို ခပ်ဆတ် ဆတ်၊ ခပ်သွက်သွက်၊ အချက်ကျကျ တီး ခတ်ရသည်။ နောက် တစ်မျိုးမှာသိုင်းကွက်ဖြင့် ကရ သောအချိန်တွင် အိုးစည်ကို ဖြည်းဖြည်းနှင့် မှန်မှန် ညင်သာစွာတီးရသည်။
ဓနုဗျောလည်း ရှိပါသေးသည်။ အထူးသဖြင့် ရွာငံမြို့ နယ်၊ နောင်ချိုမြို့နယ်နှင့် ပင်းတယမြို့နယ် တို့တွင်တွေ့မြင်နိုင်ပါသည်။ ကုန်းဘောင်ခေတ်နှောင်း ပိုင်းကာလ ငွေခွန်မှူးများအုပ်ချုပ်စဉ် ရွာငံမြို့နယ် ကျောက်ပိစပ်ရွာ၌ တိုက်သူကြီး ဦးညိုအုန်းဦးဆောင်၍ နှဲဆရာ ဦးကြာတုတ်၊ ဦးကြုတ်တို့ စုပေါင်းတီထွင်တီး ခတ်ခဲ့ရာမှ ဓနုဗျော စတင်ပေါ်ပေါက်လာခဲ့သည်။ ယနေ့အချိန်ထိ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ နောင် ချိုမြို့နယ်များတွင် အသုံးပြုလျက်ရှိသည်။ ဓနုဗျော ဆိုသည်မှာ အလျားတစ်တောင် လက်လေးသစ်ခန့်၊ ထိပ်ဝ အကျယ်တစ်ထောင် လက်နှစ်သစ်ခန့်ရှိ သစ်လုံး ဖြင့်ထွင်းထု ၍ ထိပ်နှစ်ဖက်ကို သားရေဖြင့် ကျက်ထား သော ဗျော (ခ) ဗုံတိုကို ခေါ်သည်။ ဗျောငါးလုံး၊ ပလုတ်တုတ်ဗုံ တစ်လုံး၊ လင်းကွင်းကြီးတစ်စုံ၊ မောင်း တစ်ခု နှဲကြီးတစ်လက်တို့ဖြင့် တီးခတ်ရသော တူရိယာ ဖြစ်သည်။ အလှူပွဲတိုင်းတွင် ထည့်သွင်းတီးခတ်ကြ သည်။ ရွှေဘို မခေါက်ဗျော၊ စစ်ကိုင်းမိုးဇာဗျော အစရှိ သော ဗျောများနှင့် ဆင်တူသဖြင့် ဓနုဗျောသည် မြန်မာ့ ရိုးရာယဉ်ကျေးမှု အနုပညာတစ်မျိုးဟု ယူဆ မိပါသည်။
ဓနုမောင်းကြီး ဆိုင်းတီးခတ်မှုလည်း ရှိပါသေး သည်။ နှစ်ယောက်ထမ်းမောင်းတစ်လုံး၊ စည်တို တစ်လုံး၊ လင်းခွင်းတစ်ချပ်၊ မောင်းတစ်လုံးဖြင့် တီး ခတ်ရသော တူရိယာဖြစ် သည်။ ကလောမြို့နယ် အောင်ပန်းဒေသနေရာတချို့တွင် မြင်တွေ့နိုင်သည်။ ဘာသာရေးအခမ်းအနားများတွင် မြိုင်ဆိုင်စွာ တီးခတ် ကြသော ကြည်နူးဖွယ်သံသာပင် ဖြစ်သည်။
ပူဇော်ကြသည်။ ကပ်လှူထားသော ဘုရားပန်း များ အမြဲလန်းဆန်းနေအောင် ထားသည်။ ဆွမ်း၊ ရေချမ်းများ ကိုလည်း နေ့စဉ်ဆက်ကပ်လှူဒါန်းရမှ စိတ်ချမ်းသာကြသည်။ လာဘ်လာဘများ ရွှင်လိမ့်မည် ဟု ယုံကြည်ကြသည်။ အခါကြီးနေ့ကြီး ရက်မြတ်များ ဘုရားသွား ကျောင်းတက်ရာတွင် မိမိတို့ ရွာကျောင်း သာမက အခြားကျောင်းများအား ၁ဝ ရက် ၁၅ ရက် တိုင်တိုင် လိုက်လံကန်တော့ကြသော ဓလေ့ ရှိကြ သည်။ ဝါတွင်း၊ လပြည့်၊ လကွယ်၊ ဥပုသ်နေ့နှင့် အခါ ကြီး၊ နေ့ကြီး၊ ရက်ကြီးများတွင် ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်ကာ ရှစ်ပါးသီလ၊ ကိုးပါး သီလ ဆောက်တည် ဥပုသ်စောင့်ခြင်းဓလေ့များ ရှေး အစဉ်အဆက်ကတည်းက ပြုလုပ်ခဲ့ကြသည်။
ရွာစောင့်နတ်၊ မြေစောင့်နတ်၊ ရေစောင့်နတ်၊ သာသနာ စောင့်နတ်များကို ကိုးကွယ်ပသကြသည်။ ၃၇ မင်း နတ်ကိုးကွယ်မှု မရှိပါ။ အိမ်တွင်းနတ် ကိုး ကွယ်ခြင်းမရှိပါ။ နတ်ကနားပေးခြင်းလည်း မပြု လုပ်ကြပါ။ နတ်ကခြင်းလည်း မရှိသော် လည်း ရွာတိုင်း ရွာအဝင်တွင် ရွာနတ်စင် (ကိုးမြို့ရှင်နန်း) များထား ရှိကာ ပူဇော်ပသပါသည်။ တစ်နှစ် တစ်ကြိမ်၊ နှစ်ကြိမ် နတ်တက်ပွဲတွင် ပန်း၊ ဆီမီး၊ စားဖွယ်၊ သောက်ဖွယ်ရာ များဖြင့် တင်လှူပူဇော်ခြင်းသာ ပြုလုပ်ပါသည်။ တစ်နှစ်ပတ်လုံး ရွာအကျိုးကြည့်ရှု စောင့်မပေးရန် ေြ<ွကထုတ်ချ (ေြ<ွကပစ်)ပြီး နိမိတ် ကောက်ယူသော ဓလေ့ ရှိသည်။
သာသနာတော်နှင့် ပတ်သက်သော ပစ္စည်းများ ကို ဘုရားစင်နှင့် မြင့်မြတ်သောနေရာတွင် သီးသန့် ထားကြသည်။ မိဘဆရာသမားများ၏ လက်ကျန် ပစ္စည်းများကိုလည်း အထွတ်အမြတ်ထားပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကျေးဇူးဆပ်ရာရောက်ပြီး စီးပွားဖြစ်ထွန်းခြင်း၊ အန္တရာယ် ကင်းခြင်း၊ အကျိုး များရရှိနိုင်သည်ဟု ယူဆကြသည်။ ဘုရား ပစ္စည်း၊ သံဃာပစ္စည်း ယူသုံးမိပါက ဗုဒ္ဓဂိုဏ်း၊ သံဃာဂိုဏ်း ခိုက်တတ်သည်ဟု ယူဆကြပါသည်။

ရိုးရာအယူအဆ
ယခုဘဝတွင် ကောင်းမွန်သော အရာများပြုလုပ် ပါက နောင်ဘဝတွင် လူ၊ နတ် အစရှိသော ကောင်း မွန်သည့် အရာများပြန်ဖြစ်လိမ့်မည်ဟု အယူအဆ ရှိကြသည်။ ကုသိုလ်ပြုလျှင် ကောင်းရာဘဝသို့ ရောက် မည်။ မကောင်းမှုပြုလျှင် မကောင်းသောဘဝ ရောက်ရှိ မည်ဟု အယူရှိကြသည်။ စုန်းနှင့်ပတ်သက်၍ ဝမ်းတွင်း ပါ စုန်းအတတ်တတ်သော သူရှိသည်ဟု ယူဆသည်။ ကဝေနှင့်ပတ်သက်၍ စုန်းအကြီးစားဖြစ်သည်။ အောက်လမ်းပညာဖြင့် ဖမ်းစားတတ်သည်။ လူကို ဖျားနာစေရန် ဥပဒ်ပေးတတ်သည်။ ယနေ့အချိန်ထိ သက်ဝင်ယုံကြည်လျက်ရှိသေးသည်။ သို့သော် ရတနာသုံးပါး ဆည်းကပ်သူကို မည်သို့မျှ မပြုလုပ် နိုင်ဟု ယူဆကြသည်။
နတ်နှင့်ပတ်သက်၍ သမ္မာဒေဝနတ်နှင့် မိစ္ဆာနတ် ဟူ၍ နှစ်မျိုးရှိကြောင်း ယူဆပြီး နှစ်မျိုးစလုံးကို အလေးထားကြသည်။ ကြောက်တတ်ကြသည်။ နတ်စင်၊ နတ်ကွန်းအနီးအပါး ဝန်းကျင်ရှိ သစ်ပင်ကြီးများ ဖုံးလွှမ်းနေခြင်းကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ နတ်စင်အဟောင်းနေရာများကို သမိုင်းစင်ဆိုးဟု ခေါ် သည်။ မိမိတို့နေအိမ် ဥရုတိုင်ထောင့်တွင် သန့်ရှင်းစွာ ထားကြသည်။ ထမင်းအိုးမွှေသည့် ယောက်မအား မည်သည့်နေရာမှ မတီးရ၊ မခေါက်ရ အယူအဆ ရှိ သည်။

အတိတ်နိမိတ်
ရွာအတွင်း ငှက်ဆိုးနှင့် ကျီးကန်းများ အော် မြည်လျှင် မကောင်းဟု သတ်မှတ်ကြသည်။ ဇီးကွက် အိမ်ထဲဝင်လျှင် လာဘ်များသည်ဟု သတ်မှတ်သည်။ ပဒူ၊ ပျားစွဲခြင်း၊ ခလုတ် တိုက်ခြင်း၊ အိမ်တွင်းပစ္စည်းများ ကျကွဲခြင်း၊ အချိန်အခါမဟုတ် တစ်ခုခုဖြစ်ခြင်းများ အတိတ်နိမိတ် ကောက်ယူတတ်ကြသည်။
အိပ်မက် မြင်မက်ခြင်း၊ အသားလှုပ်ခြင်းများ ကိုလည်း ကောင်းခြင်း၊ မကောင်းခြင်းဖြင့် ထင်ခြင်း အတိတ်ကောက် ယူတတ်ကြသည်။ ရွာအဝင်လမ်းတွင် ပေါက်ပြား၊ ထွန်ခြစ်၊ ထင်းတုံး၊ သစ်တိုသစ်စ အစရှိ သည်များကိုတွတ်ပြီး ဆွဲမိပါက ရွာနာသည်ဟု ယူဆ ကြသည်။
ရက်ရွေးချယ်ခြင်းနှင့် ရှောင်ကြဉ်ခြင်း
မည်သည့်အမှုကိစ္စကိုမဆို ဆောင်ရွက်ရာတွင် ‘ရက်ရာဇာ’ကို ရွေးပြီး ဆောင်ရွက်တတ်ကြသည်။ ခုနစ်ရက် သားသမီးများအနေဖြင့် မိမိတို့၏ မွေးရက်၊ မွေးနေ့များကို ရွေးပြီး ကုသိုလ်ကောင်းမှု ပြုတတ်ကြ သည်။ နေ့ထူး၊ နေ့မြတ်များတွင် အကုသိုလ်အမှုကို ရှောင်ကြဉ်ကြသည်။ ကုသိုလ်ပြုခြင်း၊ အိမ်ဆောက် ခြင်း၊ ခရီးထွက်ခြင်း စသော ကိစ္စများ ဆောင်ရွက်ပါက ပြဿဒါးရက်၊ ဝါရမိတ္တုရက်၊ ကမ္ဘာရက်ကြမ်းများကို ရှောင်ကြဉ်ကြပါသည်။
အသုဘချရာတွင် နံနက်နေထွက်ဆဲ၊ နေ့လယ် မွန်းတည့်၊ နေဝင်ဆဲအချိန်များတွင် သင်္ဂြိုဟ်ခြင်း ရှောင် ကြဉ်ကြသည်။ အရှေ့ဘက် ၆ ဦး၊ အနောက် ၄ ဦး ခရီးသွားခြင်း ရှောင်ကြဉ် ကြသည်။ နဂါးခံတွင်းဘက် ဦးတည်၍ ခရီးသွားခြင်းကိုလည်း ကောင်း၊ အိုးပြောင်း၊ အိမ်ပြောင်းခြင်းကိုလည်းကောင်း ရှောင်ကြဉ်ကြသည်။ မိသားစုဝင်များ တစ်ရက်တည်း၊ တစ်ချိန်တည်း အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆန့်ကျင်ဘက်ခရီးထွက်မှု များကို ရှောင်ကြဉ်ကြသည်။ ရပ်ရွာအတွင်း နာရေး (ရွာထမ်းပိုးကျိုး)ရှိပါက ခရီးမထွက်ကြပါ။ အိမ်အတွင်း လေချွန်ပါက လာဘ်ပိတ်သည်ဟု ယူဆကြသည်။
ကျမ်းကျိန်ဆိုခြင်း၊ သစ္စာပြုခြင်း၊ အဓိဋ္ဌာန်ပြုခြင်း၊ ကတိကဝတ်ပြုခြင်း
မမှန်မကန်ပြောဆို၊ ပြုလုပ်၊ အားထုတ်ပါက
‘ကျမ်းစူးပါစေသား’ ဟု ကျမ်းကျိန်တတ်ကြသည်။ ဤကိစ္စမှန်ကန်ပါက ‘ကောင်းကျိုးချမ်းသာများ မုချ ခံစားရပါစေသား’ဟု ဆုတောင်းတတ်ကြသည်။
ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်း ‘နိဗ္ဗာန်ကို မျက် မှောက် ပြုရပါလို၏ဘုရား’ဟု သစ္စာပြုကြသည်။ ကောင်းမှုကုသိုလ် ပြုတိုင်းလည်း ‘တောင်းတဲ့ဆု ပြည့်ရပါစေ’ဟု အဓိဋ္ဌာန်ပြုကြပါသည်။ ရပ်ရွာတိုး တက်အောင် ဆောင်ရွက်ရာတွင် လည်းကောင်း၊ အရောင်းအဝယ်၊ ငွေပေးငွေယူ ပြုလုပ်ရာ တွင်လည်း ကောင်း ‘ကတိကဝတ်’များအတိုင်း ဆောင်ရွက် ကြသည်များ ရှိသည်။

ဆွေမျိုးတော်စပ်မှု
ရှေးအခါက တစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲမောင်နှမများ လက်ထပ်ထိမ်းမြားခြင်း မရှိပါ။ ဆွေမျိုးတော်စပ်လျှင် မယူကြပါ။ သီးခြားသတ်မှတ်ထားခြင်းမရှိဘဲ ရိုးရာ အစဉ်အလာအရ မယူကြခြင်းသာ ဖြစ်သည်။ ဆွေမျိုး သားချင်း အိမ်ထောင်ပြုမိပါက အသက်ရှည်သော် လည်း ဘုန်းမကြီး၊ ဘုန်းကြီးသော်လည်း အသက် မရှည်ဟု ယူဆကြသည်။

အပျို၊ လူပျို ဆက်ဆံရေး
ရှေးအခါက အပျိုလူပျို ချစ်ရေးကြိုက်ရေးများကို မာယာ (မယ်ယာ) ကြီးချင်းများ ရေးဖွဲ့စပ်ဆို၍ အသုံးပြုခဲ့ ကြသည်။ အပျိုလှည့်လာသော လူပျိုအား၊ ကွမ်း၊ ဆေး၊ လက်ဖက်တို့ဖြင့် ဧည့်ခံတတ်သည်။ မိဘမောင်နှမများက အလိုက်သိစွာ ရှောင်ပေးတတ် ကြသည်။ သဘောကြည်ဖြူ မှသာ တစ်ဦးနှင့်တစ်ဦး မေတ္တာမျှပြီး ထိမ်းမြားခြင်းအမှုကို ဆောင်ရွက်ကြ သည်။

ထိမ်းမြားခြင်းအမျိုးမျိုး
နှစ်ဖက်သဘောတူညီပါက လူကြီးစုံရာများနှင့် လက် ဖက်စားစေပြီး တောင်းရမ်းသမှု ပြုသည်။ မင်္ဂလာရက် သတ်မှတ်သည်။ ရပ်ရွာလူကြီးကို အပ်နှံပြီး မင်္ဂလာပွဲ ကျင်းပစေပါသည်။ မင်္ဂလာပွဲကို အတူ လိုက်ပါမည့်နေရာတွင် ပြုလုပ်သည်က များပါသည်။ အနန္တောအနန္တငါးပါးကို ဦးထိပ်ပန်ဆင် ဆွမ်းကပ်ပြီး မှသာ မင်္ဂလာပွဲကျင်းပသည်။ သံဃာတော်များက သြဝါဒချီးမြှင့်သည်လည်း ရှိသည်။ ဘိသိက် ဆရာမှ မင်္ဂလာစကား ချီးမြှင့်သည်လည်း ရှိပါသည်။ မြို့ လူတန်းစားများအတွက် ခန်းမများတွင်သာ ဆောင် ရွက်ကြသည်။ တောရွာကလေးများတွင် ထိမ်းမြား မင်္ဂလာပြုသည်ကို လက်ဖက်စားသည် ခေါ်ဝေါ်ကြ သည်။
မင်္ဂလာပွဲတွင် ရွှေကြိုး၊ ငွေကြိုးတားသည့် အလေ့အထများ၊ မင်္ဂလာခန်းကို သော့ခတ်သည့် အလေ့အထများ၊ လူပျိုအပျိုကြေးတောင်းသည့် အလေ့အထများ၊ မင်္ဂလာ အထိမ်းအမှတ်အဖြစ် ရွာ အတွက် လှူဒါန်းပေးသည့် ဓလေ့များ၊ မင်္ဂလာ ငှက်ပျောအုပ်ကိုင်၍ ဆွေမျိုးမိဘများအား လိုက် လံကန်တော့သည် အလေ့အထများ ရှိကြသည်။ ရပ်ရွာ အတွင်းမှ ကန်တော့ခံလူကြီးများအား သီးသန့်ဖိတ် ကြားပြီး မင်္ဂလာပွဲနေ့တွင် ဆုတောင်းမေတ္တာခံယူတဲ့ ဓလေ့များလည်း ရှိသည်။
အမည်ပေးကင်ပွန်းတပ်ခြင်း (အောင်ငဲလက်ရေပေးခြင်း)
ဓနုတိုင်းရင်းသားများသည် မွေးကင်းစယောကျ်ား လေးကို အောင်ငဲဟုလည်းကောင်း၊ စကားပြောတတ်စ အရွယ်ရောက်လာပါက အောင်နီသငယ်ဟုလည်း ကောင်း၊ အရွယ်ရောက်လာပါက အောင်နီဟု လည်း ကောင်းခေါ်လေ့ရှိသည်။ မွေးကင်းစ မိန်းကလေးကို မိငဲဟုလည်းကောင်း၊ စကားပြောတတ်စ အရွယ် ရောက်လာပါက မိနီသငယ်ဟု လည်းကောင်း၊ အရွယ်ရောက်လာပါက မိနီဟု ချစ်စနိုးခေါ်သည့် အလေ့အထရှိကြပါသည်။
အရွယ်ရောက်လာပါက အဘိုးအဘွားကအစ၊ နားလည်သည့် ဆရာသမား တွက်ချက်ကာ ရက်ရာဇာ ရွေးပြီး နာမည်ပေးလေ့ရှိကြသည်။ မိတ်သင်္ဂဟ ဆွေမျိုးမိဘများအား ကျွေးမွေးဧည့်ခံပေးသည်။ ြ<ွကရောက်လာသူများကလည်း ကလေးငယ်ကို လက်ဖွဲ့ပေးပြီး ဆုမွန်ကောင်း တောင်းပေးကြသည်။ ဓနုတိုင်းရင်းသားများက အောင်ငဲရေပေးသည်ဟု တချို့ဒေသများ၌ ကလေးကင်ပွန်းစားသည်လည်း ခေါ်ကြပြန်သည်။
လက်သည် ဝမ်းဆွဲဆရာမကို ကျေးဇူးဆပ်သည့် အနေဖြင့် ကန်တော့လက်ရေပေးသည့် ဓလေ့ကို ကလေးကင်ပွန်းတပ်ခြင်းဟု ခေါ်သည်။ လက်ရေ မပေးရသေးပါက ကလေးကို လက်သည်က ပိုင်သည် ဟု အယူရှိကြသည်။ မိခင်နှင့် ကလေးက လက်သည် အားကန်တော့လက်ရေပေးပြီးသောအခါ လက်သည် က ကလေးကို မိခင်လက်သို့ အပ်ရ သည်။ လက်ရေပေး ခြင်းဟူသည် လက်သည်၏ လက်အစုံကို တရော် ကင်ပွန်းရည်များဖြင့် ဆေးပေးခြင်းပင် ဖြစ်သည်။

ရှင်ပြု၊ နားသ အလှူမင်္ဂလာပွဲကျင်းပပုံ
ဓနုတိုင်းရင်းသားများသည် ရာနှုန်းပြည့် ဗုဒ္ဓ ဘာသာ ဝင်များဖြစ်သည့်အလျောက် သားယောကျ်ား မွေးဖွားလာ ပါက ရှင်ပြုရန် အဓိကစဉ်းစားကြသည်။ အသက် ၁ဝ နှစ် ကျော်လာလျှင် မိမိတို့ကိုးကွယ်သော ဘုန်းတော်ကြီးကျောင်းများ၌ သင်္ကန်းတောင်းများ သင်ကြားပေးရန် ကန်တော့ပွဲနှင့် သွားရောက်အပ်နှံ လေ့ရှိသည်။ ထို့နောက် အစဉ်အလာအရ ရပ်ရွာအကြီး အကဲများ အမျိုးသား၊ အမျိုးသမီးခေါင်းဆောင်များ အား မိမိနေအိမ်သို့ ဖိတ်ကြား၍ ကြီးကြပ်စီမံပေးရန် တိုင်ပင်ကြပါသည်။ ဒေသစကားအရ ‘ပွဲအပ်သည်’၊ ‘ပွဲတိုင်းသည်’ဟူ၍ ခေါ်ကြသည်။ တစ်ဆက်တည်း ဆိုသလို နေ့ကောင်းရက်သာရွေးပြီး ကျင်းပပြုလုပ်မည့် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လျှောက်ထား ကြပါသည်။
တစ်ဦးချင်းပြုလုပ်ခြင်းထက် အများနှင့်ပူးပေါင်း ပြုလုပ်ကြသည်။ ငွေကြေး အဆင်ပြေသူများက ပွဲဦးစီး အဖြစ် ကျင်းပပြီး နောက်ပါ မိတ်ဆွေတစ်သင်းနှင့် ပျော်ရွှင်ချမ်းမြေ့စွာ ကျင်းပကြသည်။ တစ်ဦးချင်း ပြုလုပ်ကြသည်လည်း ရှိ၏။ အလှူဝင်ရက်သည် ပွဲကြီး ရက်ဟူ၍ နှစ်ရက်ကျင်းပသည်က များ၏။ အလှူ ဝင်ရက်သည် ရှင်လောင်းလှည့်ရက်ဖြစ်ပြီး ပွဲကြီးရက် သည် ဧည့်ခံ၊ တရားနာရက် ဖြစ်သည်။ မြို့တော် ဝင်ရက်နှင့် ကျောင်းတော်ဝင်ရက် ဟူ၍လည်း ခေါ်ကြ သေးသည်။ သားယောကျ်ားရှင်များ ပျော်ရွှင်ကြည်နူးမှု အပြည့်ရရှိသော အလှူဒါနတစ်ခုလည်း ဖြစ်သည်။ သမီးရှိပါကလည်း နားထွင်းမင်္ဂလာကို ပူးတွဲကျင်းပ ကြသည်။ အလှူပွဲပြုလုပ်ရာသို့လည်း တစ်ရပ်လုံး၊ တစ်ရွာ လုံး ပူးပေါင်းကူညီကြပြီး ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးကြသည်။
တစ်သက်တစ်ကြိမ် ပျော်ရွှင်ကြည်နူးမင်္ဂလာယူ ချိန်ဖြစ်၍ အထူးဂရုတစိုက် ပြင်ဆင်ကြသည်။ မလို လားအပ်သော အတိုက်အခိုက် အနှောင့်အယှက်၊ အန္တရာယ်ကင်းစေရန်အတွက်လည်း ကြိုတင်ဆု တောင်းကြသည်။ ထို့ကြောင့် မြို့စောင့်နတ်၊ တော စောင့်နတ်၊ ရွာစောင့်နတ် အစရှိသော မမြင်နိုင်သည့် အရာများကို တိုင်တည်ပူဇော်ပသကြသည်။ ဆရာ သမားများအား ပင့်ဖိတ်ပြီး သာသနာပွဲ၊ ရှင်ဥပဂုတ္တပွဲ၊ နတ်ပွဲများ အလှူဝင်ရက်မတိုင်မီကတည်းက ဆုတောင်း မေတ္တာပို့ပသကြသည်။ အလှူပွဲကြီးဖြစ်ပါက သာသနာ ပွဲ၊ ဘုရားပွဲ၊ သံဃာပွဲ၊ နယ်ရှင်ပွဲ၊ ဆရာပွဲဟူ၍ ပူဇော်ကြ ပြီး ပွဲငယ်ဖြစ်ပါက သာသနာပွဲ၊ ဘုရားပွဲ၊ နယ်ရှင်ပွဲဟူ၍ အားလုံး ခြုံကာ သုံးပွဲ တင်မြောက်ပသသော ဓလေ့ ရှိသည်။ အစားအသောက်များ အန္တရာယ်ကင်းစေရန် အတွက် မီးဖိုပွဲကိုလည်း ဖျင်ဖြူစထောင်ကာ ပွဲပေး ခြင်းများလည်း ပြုလုပ်ကြသည်။ ပွဲများကိုလည်း အုန်း၊ ငှက်ပျော၊ ကွမ်း၊ ဆေး၊ လက် ဖက်၊ ဖယောင်းတိုင်၊ ပေါက်ပေါက်များ၊ သစ်သီးများဖြင့် အလှတန်ဆာ ဆင်ကာ ပြုလုပ်ကြသည်။
အလှူဝင်ရက် (အလှူစံရက်)တွင် သာသနာ့ အလံကိုင်မှ ဦးဆောင်ဦးရွက်ပြုပြီးနောက်တွင် ဓနု ဗျောဝိုင်း၊ သက်ကြီး ရွယ်အိုများ၏ ထီး၊ တံခွန်၊ ကုက္ကား၊ မုလေးပွားကိုင်သူ ငါးဦး၊ ပရိတ်အိုးရွက်သူ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်၊ ဒေါင်းမြီးကိုင် အဖွဲ့များ၊ ရှင်ဒါယကာ+ရှင်ဒါယိကာမများ၊ နတ်မြင်း နှစ်ကောင်၊ ပေါက်ပေါက်ပက် လှပျိုဖြူများ တန်းစီ လျက် မြို့တွင်း၊ ရွာတွင်းလှည့်လည်ပြီး ရှင်လောင်း များကို ရပ်ရွာ၏ ဘိုးတော်နတ်စင်၊ မယ်တော်နတ်စင် အထိ သွားရောက် နတ်ပြကြသည်။
ရှင်ပြု၊ နားသမင်္ဂလာကို ကလေးများ စာသင် ကျောင်း ပိတ်ချိန်မှစတင်၍ ကျောင်းပြန်မဖွင့်မီ မေလ အထိ ကျင်းပကြသည်။ ငွေကြေးပြည့်စုံသူများအနေဖြင့် အလှူပုံကို ချဲ့ထွင်ကျင်းပကြသည်။ ဆင်စီးမြင်းရံ ကျင်းပကြသည်။ ပုဂံ ဝင်း၊ ရတနာပုံဝင်း၊ ရာဇာဝင်း၊ ဒေဝါဝင်း အသီးသီးဖြင့် ထည့်သွင်းကြသည်။ တိုင်းရင်း သားတူညီဝတ်စုံများဖြင့်လည်း လှည့်လည်ကြသည်။ ကျောင်းတော်သို့ရောက်သော် ဆရာတော်ရှေ့မှောက် ဧည့်ပရိသတ်များနှင့်အတူကန်တော့ကြသည်။ သင်္ကန်း တောင်းပြီး ဆရာတော်က ခွင့်ပြုသဖြင့် သင်္ကန်းစည်း ပေးသည်။ ပရိတ်တရားတော်နာယူ ရေစက်ချ အမျှပေး ဝေပြီး ရှင်သာမဏေအဖြစ် ရောက်ရှိပါတော့သည်။ အလှူပွဲတွင် လာရောက်လုပ်ကိုင်သူ အစုအဖွဲ့အလိုက် မီးဆူခံခြင်း၊ ကင်းဆီးခြင်းဓလေ့လည်း ရှိသည်။ နောက် တစ်နေ့တွင် အောင်ပွဲအဖြစ် ကျင်းပကြပြီး သံဃာတော် များကို အောင်ဆွမ်းအဖြစ် ဆက်ကပ်လှူဒါန်းကြ သည့်ဓလေ့ ရှိပါသည်။

အမွေခွဲဝေပုံ
ဓနုတိုင်းရင်းသားများသည် မိဘနှင့် သားသမီး၊ ဆွေမျိုးသားချင်း အမွေဆက်ခံခြင်းနှင့် ပတ်သက်၍ မြန်မာကဲ့သို့ပင် အကြီးအငယ် မခွဲခြားဘဲ တန်းတူ ရည်တူ ခွဲဝေ ဆက်ဆံခွင့်ရှိသည်။ ကိတ္တိမသား၊ သမီးတို့ သည်လည်း တန်းတူဆက်ခံပိုင်ခွင့်ရှိသည်။ မိဘများ မကွယ်လွန်မီ အမွေ ခွဲဝေပေးခဲ့ပါကလည်း သားသမီး များက သဘောတူလက်ခံသော အစဉ်အလာရှိသည်။
မိဘကွယ်လွန်ပြီးပါကလည်း ချို့တဲ့သော မောင် နှမများကို ဦးစားပေး ခွဲဝေကြသည်။ ကြည်ဖြူသည် ကိုလည်း တွေ့ရှိရသည်။ မိဘကွယ်လွန်ပြီး အိမ်ထောင် မပြုရသေး သူများရှိပါက ထိုသူများ အိမ်နှင့် အိမ်တွင်း ပစ္စည်းများရရှိကြောင်း လေ့လာတွေ့ရှိရသည်။ မိသားစုအတွင်း ပြေလည်ကြသည်က များ၏။ အနည်းစု သာ ပြဿနာရှိကြသည်။ အိမ်ထောင်သည်များအတွက် လင်သေလျှင် မယားရ၊ မယားသေလျှင် လင်ရ ထုံးစံ ရှိသော်လည်း ငယ်ပေါင်းမဟုတ်ဘဲ ကြီးပေါင်းဖြစ်ပါက သားသမီးပါလာခဲ့လျှင် သက်ဆိုင်သော အမွေများအား ခွဲဝေပေးလေ့ရှိသည်။ လင်သေလျှင် မယားစားရသော ထုံးစံရှိ၍ မယားဘက်မှ အမွေဆက်ခံသူမရှိခဲ့လျှင် လင်ယောကျ်ားဘက်မှ အမွေဆက်ခံနိုင်သူများကို အမွေပြန်ပေးလေ့ရှိသည်။

လက်ဝတ်တန်ဆာများ
အမျိုးသားများ ရွှေကြယ်သီး (ချွေးခံကြယ်သီး) ရွှေကြိုးပါ၊ ရွှေလည်ဆွဲ၊ ရွှေနားပန်၊ ရွှေလက်စွပ်၊ ရွှေ မျှော့ ဝန်းလက်ကောက်၊ ဘော်မျှော့ဝန်း လက်ကောက် ဝတ်ဆင်ကြသည်။ တချို့ ဝတ်ဆင်နေကြဆဲရှိသည်။ အမျိုးသမီးများမှာ ရွှေရင်ထိုး၊ ရွှေနားတောင်း၊ ရွှေ လည်တုံ၊ ရွှေဒင်္ဂါးပြား ဆွဲကြိုး (ရွှေဆွဲဆက်ကြိုး)၊ လက်ကောက်၊ ရွှေခြေချင်း၊ ရွှေလက်စွပ်၊ ရွှေခေါင်းဖီး၊ ရွှေဆံထိုး၊ ဖက်လိပ် နားတောင်းများ ဝတ်ဆင်ကြ သည်။ အဖိုးတန်ကျောက်မျက်ရတနာများဖြင့်လည်း တန်ဆာဆင် ဝတ်ဆင်ကြသည်။
ရတနာပစ္စည်းများကို မိဘများက သားသမီး များက ဘေးအန္တရာယ်နှင့် အနာရောဂါ ကင်းစင် ပပျောက်စေရန် ရည်ရွယ်ပြီး ငယ်စဉ်ကတည်းက ဆင်မြန်းပေးကြသည်။ အဆိုပါ လက်ဝတ်ရတနာပစ္စည်း များကို ဘော်ဖလား၊ ယွန်းအစ်များဖြင့်ထည့်၍ ဆုတောင်းကာ ဝတ်ဆင်ပေးကြသည်။ တစ်နည်းအား ဖြင့် ခမဲပေးသည်ဟုလည်း ခေါ်သည်။ ကလေးတစ် နှစ်သား (အခါလည်)တွင် ရွှေမောင်း၊ ရွှေလက်ဖွဲ့ကြိုး များကိုလည်း ရောဂါကင်းစင်ရန် ရည်ရွယ်၍ ဝတ်ဆင် ပေးသည့် ဓလေ့ရှိသည်။

အသုဘဆိုင်ရာဓလေ့များ
ရွာ၏ ဘုမ္မိအရပ်တွင် သချုႌင်းထားကြသည်။ လူတစ်ယောက်သေဆုံးပါက ရေချိုး အဝတ်အစား လဲလှယ်ပေးပြီး သံဃာတော်တစ်ပါး ဦးစွာ ပင့်ဖိတ်ကာ မိသားစုဧည့်သည် အချို့နှင့် သက်ပျောက်တရား ဦးစွာ နာကြားသည်။ ပြီးမှ အသုဘရုပ်အလောင်း ထားရှိမည် နေရာအား တင့်တယ်အောင် ပြင်ဆင်ကြသည်။ ရွာထဲ တွင် နာရေးရှိပါက နို့စို့ ကလေးများ အပြင်ထွက်လာက တံတွေးဆွတ်ပြီး ဖနောင့်ဖြင့်တို့ကာ ကလေး၏နဖူး ထိပ်တို့ပေးသည် (ဖနောင့်စာပေးသည်ဟု ခေါ်ကြ၏) တစ်ဦးသေဆုံးပါက တစ်ရွာလုံး ပျံ့နှံ့သိသွားကြသည်။ ဖိတ်ကြားစရာမလိုဘဲ အနီးအနား ရွာများကပါ သိရှိကြသည်။ အသုဘရှုလာကြသည်။ အကူ ငွေများ ထည့်ဝင်ပေးကြသည်။ သွေးသောက်ဝတ် (ကတိ ကဝတ်)ထည့်သည်ဟု ပြောကြ၏။ သေဆုံးသူအလောင်း အား သုံးရက်ထားလေ့ရှိပြီး ရပ်ဝေးဆွေမျိုးများရှိပါက စုံညီစွာရောက်သည်အထိ ထားကြသည်။ အခါကြီး၊ နေ့ကြီးဟု သတ်မှတ်ထားသည့်ရက်များနှင့် လကွယ် နေ့သေဆုံးပါက အလောင်းကို ရက်မကူးဘဲ သင်္ဂြိုဟ် လေ့ရှိသည်။ လမကူးစေချင်သော အယူကြောင့် ဖြစ်သည်။ အစိမ်းသေဖြစ်ပါက ရွာအပြင်တွင် ထားရှိ သည်။
အသုဘချရာတွင် နံနက်နေထွက်ဆဲအချိန်၊ နေမွန်းတည့်အချိန်နှင့် နေဝင်ဆဲအချိန်တို့တွင် သင်္ဂြိုဟ် ခြင်းမပြုပါ။ အသုဘရှုစောင့်ကြည့်ရန်အတွက် ဝါသနာ ပါသူတချို့က ဖဲကစားရင်း စောင့်ပေးကြသည်။ အနံ့ အသက်ကင်းစေရန်အတွက် ကျောက်ဖရုံသီး အပေါက် များဖောက်ပြီး အလောင်းအနီးအနားတွင် ထားပေး သည်။ မကောင်းသောအနံ့အသက်များကို ကျောက်ဖ ရုံသီးက စုပ်ယူခြင်းကြောင့် ဖြစ်သည်။ ဘဝကူးကောင်း ရန်အတွက် ငွေမတ်စေ့များ ပါးစပ်အတွင်း ထည့်ပေး သည်။ ခြေမနှစ်ဖက်ကို ကြိုးချည်ပေးကြသည်။ ရှေးရှေး တုန်းက ‘အပ’ဝင်သည့် ကိစ္စများရှိခဲ့သဖြင့် သေသူကို ချုပ်ပေးခြင်းသဘောနှင့် ခြေမကြိုး ချည်ပေးခြင်းဖြစ် သည်။ တချို့ရွာများ၌ ငှက်ပျောတုံးများနဲ့ အလောင်း စင်တင် ကုတင်များလည်း ယနေ့တိုင်ပြုလုပ်ဆဲ ဖြစ် သည်။ ရပ်/ ကျေးတစ်ခုအတွင်း အသုဘနှစ်လောင်း ကြုံပါက နောက်မှ သေသူကို ဦးစွာ သင်္ဂြိုဟ်ရသည်။
ရုပ်အလောင်းသင်္ဂြိုဟ်သည့်နေ့ အိမ်အပြင် မရောက်မီ မိသားစုဝင်အားလုံးကို အသက်ကြီးသူက လိပ်ပြာခွဲပေးသည့်ဓလေ့ ရှိသည်။ သေသူနှင့် ကျန်ရစ်သူ မိသားစု လုံးဝ မသက်ဆိုင်တော့ကြောင်း အသိအမှတ် ပြုပေးခြင်း ဖြစ်သည်။ ရပ်ရွာ၏ ဘုရားဒကာ၊ ကျောင်း ဒကာ၊ ထင်ပေါ်ကျော်ကြား သူ၊ သက်ကြီးရွယ်အိုများ ကွယ်လွန်ပါက လှည်းယာဉ် ပြဿာဒ်၊ ရွှေထီးများဖြင့် ခမ်းနားစွာ သင်္ဂြိုဟ်ပေးခြင်းလည်း ရှိသည်။
သင်္ဂြိုဟ်မည့်နေ့ရက် အချိန်ရောက်ပါက သေသူ အတွက် ပြုလုပ်ထားပေးသော လှေကားငယ်ဖြင့် ဆင်းနိုင်အောင် စီစဉ်ကြ၏။ အခေါင်းမလုပ်နိုင်သူများ အတွက် ဖျာလိပ်ပတ် ကြိုးချည်ကာ သုဿန်သို့ ပို့ ဆောင်၏။ ယခုနောက်ပိုင်း အရပ်ကဝိုင်းကူသဖြင့် မရှိသလောက်ဖြစ်သွား၏။ အိမ်ပြင်ပ ရောက်ပါက ပြာဖြူးရေအိုးခွဲကြ၏။ ကုလားဖျင်းအား စတိ ဖျက်ကြ ၏။ သုဿန်ဇရပ်တွင် ပင့်ဖိတ်ထားသော သံဃာတော် များအား သေဆုံးသူအတွက် ဘဝကူးကောင်းမွန်စေရန် ငါးပါးသီလခံယူ၊ သရဏဂုံတင် အလှူရေစက်ချ တရား နာယူပြီးမှ အလောင်းအား မြေတွင်းထဲ မြှုပ်နှံကြ၏။ သေသူ၏ အဝတ်များကို ဓားဖြင့်ခွဲ၍ ဘေးတစောင်း ထား မြှုပ်နှံသည်။ မြေတွင်းရှေ့တွင် ဦးခေါင်းဖြင့် ‘အနိစ္စ ဒုက္ခ အနတ္တ’ သုံးကြိမ်ရွတ်ဆို ဦးတိုက်ပြီးမှ အခေါင်းအား မြေတွင်းထဲချ၏။ အခေါင်းပေါ်တွင် မြေမဖုံးမီ ကြိုးတစ်ချောင်းတင်ကာ မြေမြုပ်၏။ မြေမြုပ် ပြီးမှ ယင်းကြိုးအား နောက်ပြန်ဆွဲတဲ့ဓလေ့ ရှိကြ၏။ သေဆုံးသူအတွက် လေရှူပေါက်ပေးခြင်း ဖြစ်၏။ အချို့က အခေါင်းကို စတိသဘော ဓားဖြင့် သုံးချက် ဖောက်ပေးကြ၏။ လိုက်ပါပို့ဆောင်သူများက အသုဘ အိမ်တွင် ခြေလက်များကို တရော်ကင်ပွန်းရည်ဖြင့် ဆေးပြီးမှသာ မိမိနေအိမ်သို့ ပြန်ကြပါသည်။
ဓနုမြို့နယ် ၅ မြို့နယ်ရှိရာ ‘တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း’ တချို့ အနည်းငယ် ကွဲလွဲကြ၏။ တချို့ အယူသီးလွန်းသော ကိစ္စများလည်း ရှိကြ၏။ ယနေ့ တိုးတက် လာသော ခေတ်စနစ်ကြောင့် မီးသင်္ဂြိုဟ်စက်များ၊ လူသေအလောင်း ရေခဲသေတ္တာ များ၊ အလောင်းတင်နိဗ္ဗာန်ယာဉ်များ ရှိလာမှုကြောင့် တချို့ ပြောင်းလဲလာသော်လည်း အယူသီးမှုများစွာကို မစွန့်လွှတ်ရဲ ရှိနေကြသေးသည်။
သင်္ဂြိုဟ်ပြီး ရက်လည်ဆွမ်းကို ရက်သတ္တပတ် တစ်ပတ် အတွင်း ပြုလုပ်ကြသည်။ ကွယ်လွန်သူကို ရည်စူးပြုလုပ်သော အလှူဒါနဖြစ်၍ ဆွမ်းမကပ်မီ အကြိုညနေကတည်းက သုဿန်သို့သွားရောက်ပြီး သစ်ကိုင်းတစ်ခုခုကို ချိုးကာ သွားရောက်ဖိတ်ခေါ်ပါ သည်။ ဘုရားခန်းရှေ့ဘေးနေရာတွင် ဖိတ်ခေါ်ထား သော ဝိညာဉ်အား အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်တို့ ဖြင့် သေချာစီစဉ်ပေးထားရသည်။ မနက် သံဃာတော် များ ရောက်လာချိန် ရက်လည်ဆွမ်းသွတ် တရားတော် နာယူပြီး ရေစက်ချ အမျှပေးဝေခြင်းဖြင့် ကောင်း မွန်ရာ ဘုံဘဝသို့ ရောက်စေရန် ပြုလုပ်ပေးကြသည်။ ပြီးစီး ပါက သစ်ကိုင်းအား သုဿန်သို့ ပြန်လည်ပို့ပေးကြ သည်။
ရေစက်ချရေ၊ အစားအစာများကို သချုႋင်းဝန်း ကျင် ပက်ကြဲပေးပြီး ကုသိုလ်အမျှဝေပါသည်။ ဤ ဓလေ့ကို ယနေ့တိုင်ပြုလုပ်ဆဲ ဖြစ်သည်။ ယနေ့အချိန် ကိစ္စတစ်ခုအား မြန်မြန်ပြီးမြောက်စေရန် ရက်လည် ဆွမ်းသွတ်ကို သင်္ဂြိုဟ်သည့်နေ့ (သို့မဟုတ်) သင်္ဂြိုဟ် ပြီး နောက်တစ်နေ့တွင် အပြီး လုပ်ကြသည်က များပါ ၏။ တချို့ဒေသများတွင် လနှင့်ချီ ကြာပြီးမှ ရက်လည် ဆွမ်းသွတ်သည်များလည်း ရှိကြ၏။ အသုဘအခမ်း အနားကို ‘ရှေ့ကိစ္စ’ဟုခေါ်ပြီး ဆွမ်းသွတ်ခြင်းကို
‘နောက်ကိစ္စ’ဟု ဒေသသားများက ခေါ်ဆိုကြပါသည်။
မိမိတို့ကိုးကွယ်သော ကျောင်းထိုင်ဆရာတော် ကြီးများ၊ သက်တော်ကြီး၊ ဝါတော်ကြီး၊ ပညာတတ် ဦးပဉ္ဇင်းများ ပျံလွန်တော်မူပါက အန္တိမဈာပန အခမ်း အနားကို ကြီးကျယ် ခမ်းနားစွာ ကျင်းပလေ့ရှိသည်။ ရှေးအခါက မည်သည့်အချိန် ၌ ပျံလွန်တော်မူသည်ဖြစ် စေ တောင်ယာလုပ်ငန်းခွင် အားလပ်ချိန်ဖြစ်သော ပြာသို၊ တပို့တွဲလများ၌သာ အန္တိမဈာပနပွဲ ကျင်းပ နိုင်ရန် ‘နိဗ္ဗာန်ကျောင်းချပွဲ’ကို ကြိုတင်၍ ပြုလုပ်ကြ သည်။ ထို့ကြောင့် ဆရာတော်များ ပျံလွန်တော်မူပါက ပွဲတော်ရက် ကြာမြင့်ကြလေသည်။
ယခုနောက်ပိုင်းမှသာ ရက်သိပ်မထားတော့ပေ။ ဆရာ တော် ရုပ်ကလာပ်ထားရှိရာ နိဗ္ဗာန်ကျောင်းတော် ကိုလည်း ခမ်းနားစွာ စီမံဆင်ယင်ကြသည်။ မီးသင်္ဂြိုဟ် နေ့တွင် လှည်းယာဉ်ကရဝိတ်အား တပည့်ဒါယကာ၊ ဒါယိကာမများက ကြိုးဖြင့်ဆွဲ၍ ‘လုပ်တိုင်း’ (ဘုန်းကြီး သချုႋင်း)သို့ သယ်ဆောင်ကြသည်။ မီးသင်္ဂြိုဟ်ပြီး အရိုးကောက်ကာ ရပ်ရွာ၏ သီရိမြေနေရာတွင် ဂူဗိမာန် တည်ပေးကြသည်။

အသုံးအဆောင်များ
ဘုရားဆွမ်းတော်အုပ်၊ ဘုရားပန်းအိုး၊ ကွမ်းအစ် များကို ရှေးအခါက ဘော်၊ ငွေပစ္စည်းများဖြင့် ပြုလုပ်၍ အသုံး ပြုကြသည်။ အခြေခံလူတန်းစားများက မြေ ထည်၊ ေြ<ွကထည် ပစ္စည်းများဖြင့် မီးဖိုချောင်သုံးပစ္စည်း အသုံးပြုကြသည်။ တစ်ပေခန့်အမြင့်ရှိ၍ ထမင်းစားရန် အသုံးပြုသော ယွန်းထည်ဒေါင်းလန်းကို အသုံးပြု ကြသည်။ ဇကော (ဆန်ကော)၊ ဇကာ (ဆန်ခါ)၊ ယမား (စပါးလှေ့ရန်)၊ တံစဉ်၊ စလယ်တောင်း၊ ပြည်တောင်း၊ ခွဲတောင်း၊ တင်းတောင်း၊ ဖျာအကြမ်း၊ အချောများ အသုံးပြုကြသည်။ လျှပ်စစ်မီးမရမီက ဖယောင်းတိုင်၊ ရေနံဆီမီးခွက်များ အသုံးပြုကြသည်။
ဓားရှည်၊ ဓားမ၊ ဓားမရှည်၊ လှံရှည်၊ ဒူးလေး၊ ဝါးကိုင်း လောက်လေး၊ ပုဆိန်၊ ရဲတင်း၊ တူရွှင်း၊ တန်းစောင်၊ ပေါင်း ထိုး၊ စူးဆောက်၊ ပေါက်ပြား၊ ဖတီ (ခ) မြက်ရမ်းဓားမကောက်၊ ထွန်တုံး၊ ထွန်တံ၊ ထွန်ခြစ်၊ ထယ်သွား၊ တလိမ့် တုံး၊ ကျွဲ၊ နွား၊ ဓားမကုတ်များ အသုံးပြုကြသည်။
ဝါးဘူး၊ ဝါးရေမှုတ်၊ ဝါးယောင်းမ၊ သစ်သားဆုံ အပါ အဝင် ဝါးဖြင့်ပြုလုပ်ထားသော ပစ္စည်းများ အသုံးပြုကြသည်။

လက်မှုပညာ
လက်ယာသုံး၊ အိမ်တွင်းသုံးပစ္စည်းအများစုကို မိမိ ဒေသအတွင်း ပိုင်နိုင်စွာ ပြုလုပ်ကြသည်။ အခြား ဒေသများ အတွက် ဝါးခမောက်များ၊ ပန်းစက္ကူများ၊ အိုးများ၊ ဖျောဂျီ (စောကု)များ၊ တံစဉ်များ၊ ထီးများ ထုတ်လုပ်ရောင်းချကြသည်။ အထူးသဖြင့် ပင်းတယ၊ ငှက်ပျောတောထီးနှင့် ပန်းစက္ကူ၊ အော်ယောအိုး လုပ်ငန်း နာမည်ကြီးပေသည်။ ဓနုဒေသ ပိုးတောင်ရွာ တံစဉ်များ ပြည်မအထိပင် ပို့ဆောင်လျက် ရှိသည်။ ရွာငံမြို့နယ်ခြင်းလုပ်ငန်း နာမည်ကြီးခဲ့သည်။
ဓနုရိုးရာစကားပုံ၊ စကားထာ၊ ပုံပြင်၊ သံချပ်၊ မှော်ဧချင်း၊ မယ်ယာနှင့် ကြီးချင်း ကဗျာများ
ဓနုတိုင်းရင်းသားများတွင် ရိုးရာစကားပုံ၊ စကား ထာ၊ ပုံပြင်၊ သံချပ်၊ မှော်ဧချင်း၊ မယ်ယာနှင့် ကြီးချင်း ကဗျာများများစွာ ရှိပါသည်။

ကျေးရွာတည်ဆောက်ပုံနှင့် အိမ်တည်ဆောက်ပုံ
ရှေးအခါက ဓနုဒေသများတွင် ကျေးရွာ တည် ဆောက်ပါက မြေစောင့်နတ်ကို ဗလိနတ်စာကျွေးပြီး ကျေးရွာတည် ဆောက်ခွင့် တောင်းပါသည်။ အစောင့် အရှောက်အဖြစ် နတ်မင်းကြီးလေးပါးကို ပင့်ဆောင်ပြီး ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုးနတ်များအား တိုင် တည်သည်။ သံဃာတော်များကို ပင့်ဖိတ်ပြီး မြေနုတ် ကမ္မဝါစာဖတ်ကာ အန္တရာယ် ကင်းပရိတ်တော် နာယူ သည်။ ဆူးချုံများကို ခုတ်ထွင်ရှင်းလင်းသည်။ ထို့ နောက် ရွာတည်မည့်နေရာအား အလံဖြူတိုင်များ စိုက်ကာကွက်စိတ်ရိုက်ထူထောင်သည်။ ရွာလယ်လမ်းမ ကို အထူးကျယ်ပြန့်စွာထားရှိသည်။ မင်းလျှောက် လမ်းအဖြစ် သတ်မှတ်သည်။
နေအိမ်ဆောက်လုပ်ရန်အတွက် ရက်ရာဇာကို ရွေး ချယ်ပြီး ဥရုတိုင်ကို စရိုက်ပါသည်။ ‘သစ်မင်း’ခေါ် သစ်တစ်မျိုးကို စို့အရွယ်ပြုလုပ်ပြီး ဥရုတိုင်၌ ရိုက် သွင်းကြသည်။ မကောင်းသောသစ်များ၊ လူကို အန္တရာယ်ဖြစ်စေတတ်သော သစ်ကြမ်း၊ ဝါးကြမ်း များကို သစ်မင်းက ဖယ်ရှားပေးသည့် အယူအဖြစ် ထည့်သွင်းခြင်းဖြစ်သည်။ အိမ်များဆောက် လုပ်ရာ တွင် အကြီး၊ အသေး ကွာခြားသည်မှတစ်ပါး ပုံစံတူ ဆောက်လုပ်သည်က များသည်။ ဥရုတိုင်များတွင် အုန်း၊ ငှက်ပျော၊ သပြေ၊ မြေဇာ၊ လေးနှင့် မြားကို အပေါ်ထောင်၍ အမွှေးနံ့သာများ၊ ဖျင်ဖြူ၊ ဖျင်နီပတ်၍ ရွှေမြားကပ်ပြီး စိုက် ထူကြသည်။ တချို့ ဥရုတိုင် အောက်ခြေတွင် ရွှေ၊ ငွေ၊ ရတနာများကို ထည့်သွင်း စိုက်ထူပြီး အမွှေးနံ့သာများ ပက်ဖြန်းပေးသည်။
ငွေကြေးမတတ်နိုင်သူများက ဝါးအိမ်ဆောက် လုပ် ကြသည်။ အိမ်ဆောက်လုပ်ရာတွင်လည်း ရွာသူ၊ ရွာသားများက ဝိုင်းဝန်းကူညီကြသည်။ ဆောက်လုပ် ရာတွင် တောင်မြောက် အလျားလိုက်ပုံစံဖြစ်သော (နေကျော်)အိမ် များပြားလှသည်။ အမိုးမိုးပြီးမှ ကြမ်းခင်းပါသည်။

တိုင်းရင်းဆေးပညာ
ဓနုတိုင်းရင်းသားများသည် တစ်နှစ်ပတ်လုံး ကျန်းမာ နေစေခြင်းအလို့ငှာ တန်ဆောင်မုန်းလပြည့်နေ့ နံနက်စောစောတွင် ဆေးခါးပွင့် ၇ ပွင့်ကို မျိုတတ် သောဓလေ့ရှိသည်။ နာမကျန်းဖြစ်ပါက နာဂဝီသ၊ ဇာတိဝင်္ဂဆေးများကို တိုက်ကျွေးကြသည်။
အိမ်သုံးဆေးများအဖြစ် မီးပေါင်းတစ်ထောင် (ကြပ် ခိုး)၊ မြေပေါင်းတစ်ထောင် (မယ်ကြယ်အိမ်/ နကျယ်အိမ်)၊ ပန်းပေါင်းတစ်ထောင် (ပျားရည်)တို့ကို ဆောင်ထားတတ်ကြသည်။
ထို့ပြင် ဝိဇ္ဇာဓရဆေးပညာ၊ ဒေသနာနယဆေး ပညာများကိုလည်း အသုံးပြုကာ ရောဂါများကို ကုသ ပေးခဲ့ကြသည်။

ဆေးမင်ရည်စုတ်ထိုးခြင်း (ထိုးကွင်းထိုးခြင်း)
ရှေးဓနုတိုင်းရင်းသားများ ယောကျ်ားပီသစေရန် ဆေးမင်ကြောင်၊ ထိုးကွင်းမင်ကြောင် ထိုးသည့်ဓလေ့ ရှိခဲ့ သည်။ ရင်ဘတ်၊ ကျော၊ လက်မောင်း၊ လက်ပြင်၊ ပေါင်၊ ခြေသလုံးများတွင် အနက်ရောင်၊ အနီရောင် ဆေးမင်ကြောင်များ ထိုးကြသည်။ ထိုးကွင်းမရှိပါက မိန်းမလျာအဖြစ် ကျီစယ်ခြင်း ခံကြရသည်။
ဆေးမင်ကြောင်ထိုးကြရာတွင် ကျားရုပ်၊ ကြောင်ရုပ်၊ အင်းကွက် အစရှိသည်တို့ကို နေ့ကောင်း ရက်သာရွေးပြီး အုန်း၊ ငှက်ပျောပွဲ အစရှိသည်များဖြင့် ဆရာပွဲ၊ နတ်ပွဲများ စီရင်၍ ထိုးကြသည်။ ကာယသိဒ္ဓိ (ဓား၊ လှံ၊ သေနတ်ပြီးရန်) ပီယသိဒ္ဓိ (လူချစ်လူချင် ပေါရန်)များနှင့် ပယောဂများကို နှိမ်နင်းရန်အတွက် အထက်လမ်းမှော်ဆေးများကို ထိုးကြ သည်။
ရေနံမင်ကိုသတ်၍လည်းကောင်း၊ တရုတ်မင် တောင့်ကိုသော်လည်းကောင်း ဆေးအနက်ရောင် အဖြစ် အသုံးပြုပြီး ဟင်္သာပြဒါးကို အနီရောင်အဖြစ် အသုံးပြုသည်။
ဆေးမင်ကြောင်ထိုးသည့် စုတ်မှာ အဖျားနှစ်ခွ သာရှိပြီး ထိုးကွင်းထိုးနှံသည့်စုတ်မှာ အဖျားခြောက်ခွ၊ ရှစ်ခွအထိ ရှိသည်။ စုတ်ကို ကြေးဝါဖြင့် ပြုလုပ်ကြ သည်။
ဓနုဒေသတိုင်းတွင် ဆေးမင်ရည်စုတ်ထိုးဆရာ များ ရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝ ခန့်က ကလောမြို့နယ်၊ ဘော်ဆိုင်းဒေသမှ ထမုံထွန်း၏အင်းကျမ်း၊ ရိုးရာဆေးမင်ကြောင်ကျမ်းလာအရ အသုံးပြုသူ၊ ထိန်းသိမ်းခဲ့ သူများ နာမည်ကြီးခဲ့သည်။ ရိုးရာဆေးမင်ရည် စုတ်ထိုးမှုများ ယနေ့ခေတ်တွင် ကွယ်ပျောက်လုနီးဖြစ်နေသော်လည်း ကလောမြို့နယ်၊ ဘော်ဆိုင်းမှ ဆရာကြည်၊ အောင်ပန်းမြို့မှ ဆရာ ဦးမောင်မောင်တို့၏ စုတ်ချက်များ နာမည်ကြီးလျက် ရှိသေးသည်။

အုပ်ချုပ်ရေး (၅) မြို့နယ်
လက်လှမ်းမမီနိုင်သော တော်လှန်ရေးအစိုးရရှေ့ အုပ်ချုပ်ရေးအပိုင်းများကို ဓနုအများဆုံးနေထိုင်ရာ မြို့နယ်အလိုက် တင်ပြပေးထားပါသည်။

သာမိုင်းခမ်းနယ် (ကလောမြို့နယ်)
သာမိုင်းခမ်းနယ်ကို လှငြိမ်း (၁၇၄၂) အုပ်ချုပ်ခဲ့ ကြောင်း အခိုင်အမာ စတင်သိရှိရသည်။ ကြော့ အကြီးအကဲအဆင့်ဆင့်မှ ငွေခွန်မှူးအဆင့်ထိ ရောက်ရှိ လာသည်။ ငွေခွန်မှူး ငဖြူ (၁၇၈၃)၊ မောင်ရွှေပုံ (၁၈ဝ၂-၁၈၂၅)၊ မောင်ရွှေအေး (၁၈၂၈)၊ မောင်မဲ (၁၈၃၄)၊ မောင်ရွှေအေး (၁၈၄၂-၁၈၄၇) အဆင့်ဆင့် အုပ်ချုပ်ခဲ့ကြပါသည်။ ထိုခေတ်ကာလ ငွေခွန်မှူး နေရာ တည်မြဲရန်အတွက် နေပြည်တော်က ဘုရင့်စစ်တပ်၊ တပ်အုပ်၊ နာခံ၊ ဗိုလ်သူရဲတို့နှင့် ပြေလည်ပြီး ကိုယ့် ကိုနှစ် သက်ရန်လည်း လိုအပ်ပါသည်။ ထိုစဉ်အချိန်က မင်းတုန်းမင်း ၏ ဦးစားပေးခံရသူ ဖိုးသူတော် ဦးမြေစု သည် ရှမ်းမြေလတ် တစ်ကြော အရှိန်အဝါကြီးခဲ့သည့် အတွက် အုပ်ချုပ်ရေးအပိုင်း သူနှင့် အဆင်ပြေရန် လိုအပ်ခဲ့သည်။ ၁၉၄၇ နောက်ပိုင်း မောင်ရွှေမင်း အုပ်ချုပ်ခဲ့သော်လည်း ဦးမြေစုနှင့် အဆင်မပြေဖြစ်ပြီး ကလေးသောင်သွပ်သို့ ၁၈၆၇ တွင် ပို့ခံခဲ့ရသည်။
ထို့ကြောင့် ဦးမြေစုနောက်လိုက် မောင်လင်း သာမိုင်းခမ်း ငွေခွန်မှူးဖြစ်လာခဲ့သည်။ ဒေသသား မဟုတ်သဖြင့် သူ့နေရာ မောင်သာဦး ရောက်လာခဲ့ သည်။ သူလည်း ပင်းတယတွင် အခြေချများသဖြင့် မောင်ကြည် တက်လာခဲ့သည်။ နောက်ဆုံး ကလေး သောင်းသွပ်သို့ ပို့ခံထားရသော မောင်ရွှေမင်းအား ၁၉၇၆ တွင် ပြန်ခေါ်ပြီး ဒုတိယအကြိမ် အုပ်ချုပ်စေ ခဲ့သည်။ သူ့လက်ထက်တွင် တီကျစ်အပါအဝင် သာ မိုင်းခမ်း (၇)နယ်ကို ပြန်လည်သိမ်းယူနိုင်ရုံသာမက တောင်လားနယ်အထိ နယ်မြေချဲ့ထွင် အုပ်ချုပ်ခဲ့သည်။ ၁၈၈၆ တွင် မောင်ရွှေမင်း ကွယ်လွန်သဖြင့် သူ၏သား တော် မင်းမောင်ဖိုး အုပ်ချုပ်ခဲ့သည်။ မင်းမောင်ဖိုး လက်ထက် ၁၉၁၃ တွင် အောင်ပန်းမြို့ကို တည်ထောင် ပေးခဲ့သည်။ အင်္ဂလိပ်တို့က ၁၉၁၄ တွင် ကလောမြို့ကို တည်ထောင်ပေးခဲ့သည်။
ရှမ်းမြေလတ်ဒေသကို အုပ်ချုပ်နိုင်ရန်အတွက် အင်္ဂလိပ်တို့က အနောက်ပိုင်းဆိုင်ရာ ဝန်ထောက်ရုံးကို သာမိုင်းခမ်းတွင် အခြေစိုက်ခဲ့သည်။ အင်္ဂလိပ်တို့က သာမိုင်းခမ်း ၂၁ ခေါင်း၊ မကွေ၊ လွယ်အံ၊ ကလော၊ ဗမ္ဘာခရိုင်ကို အစိုးရသော ‘မဟာငွေခွန်တော်မှူး မင်းကြီး မင်းမောင်ဖိုး’အဖြစ် ခန့်အပ်ခဲ့သည်။
၁၉၂၃ တွင် မင်းမောင်ဖိုး၊ ၁၉၂၆ တွင် ရင်ခွင် ပိုက်မင်း စပ်ခွန်ထီး၊ ၁၉၂၉ တွင် အမတ်ချုပ် ဦးခွန်ရုံး တို့ အစဉ်လိုက် ကွယ်လွန်ခဲ့သဖြင့် ၁၉၃ဝ မှ ၁၉၃၇ အထိ ပွေးလှမြို့စား စောစံမြက ရင်ခွင်ပိုက်အဖြစ် အုပ်ချုပ်ခဲ့သည်။ ၁၉၃၇ မှ ၁၉၅၉ အထိ သာမိုင်းခမ်း စော်ဘွား စစ်ထွန်းအေးက အာဏာ မစွန့်မီအထိ အုပ်ချုပ်ခဲ့ပါသည်။

နောင်ချိုမြို့နယ်
နောင်ချိုမြို့နယ်တွင် နောင်ချို(နမ့်မော်)၊ တောင်ခမ်း၊ ဘန့်ဘွေး၊ သုံးဆယ်၊ ဆီဆုံ၊ ဒိုးပင်၊ ကလကွဲ၊ ဖသွန်း၊ ဆိတ်ဖူး၊ ဖောင်းအော်ဟူ၍ ဒိုင် (၁ဝ) ဒိုင်ရှိသည်။ တောင်အောက်ပိုင်း (၇)ဒိုင်နှင့် တောင် ပေါ်ဒိုင် (၃) ဒိုင် ဖြစ်သည်။ မြို့စားနှင့် တိုက်နယ် အုပ်ချုပ်သော အရာရှိ ဟိန်များကို စော်ဘွားက တိုက် ရိုက်ခန့်အပ်သည်။ ရွာသူကြီးများကို အများဆန္ဒဖြင့် ရွေးချယ်တင်မြှောက်သည်။ ရွာသူကြီးအောက်တွင် ရွာဆော် ထားရှိသည်။
ဒိုင်သူကြီးအောက်တွင် ဒိုင်စာရေးထားရှိပြီး ဒိုင်စာရေး ၏လက်အောက်တွင် ဒိုင်စေထားရှိပါသည်။ နယ်ပိုင်ဟိန်က အာဏာပေးသူ ဖြစ်သည်။

ပင်းတယမြို့နယ်
ပင်းတယနယ်မြေကို မောင်ရွှေပွင့် (၁၇၆၃)၊ မောင်သန်း (၁၇၉၆)၊ မောင်ဖေ (၁၈ဝ၂)၊ မောင်ခန်းဦး (၁၈ဝ၉)၊ မောင်ရွှေမင်း (၁၈၁၉)၊ မောင်သိန်း (၁၈၄၃)၊ မိသစ်၊ မိစစ်၊ မောင်ဘိုးအိမ်၊ မောင်ရွှေသီး၊ မောင်ဖြူ (၁၈၅ဝ)၊ မောင်ဖေ (၁၈၅၇)၊ မောင်လွန်းရ (၁၈၅၉)၊ မောင်ဘိုး (၁၈၆ဝ)၊ မောင်သန်း (၁၈၆၂)၊ မောင်လွန်းရ (ငွေခွန်မှူး – ၁၈၆၈)၊ မောင်သန်း (၁၈၆၉)၊ မောင်ကျော်လှ (၁၈၇၁)၊ မောင်ညို (၁၈၇၂)၊ မောင်သာဦး (၁၈၇၃)၊ မောင်ထူး (၁၈၇၅)၊ ဦးလှိုင် (၁၈၇၆)၊ မောင်လွန်းရ (၁၈၇၇)၊ မောင်စံဝိုင်း (၁၈၇၈)၊ မောင်လွန်းရ (၁၈၈ဝ)၊ မောင်ဘိုးခင် (၁၈၈၂)၊ မောင်စွန်ညို (၁၈၉၇)တို့က အဆင့်ဆင့် အုပ်ချုပ်ခဲ့ကြသည်။
၁၉ဝ၉ မင်းစွန်ညို အရွယ်ရောက်လာ၍ ပင်းတယနယ် ကို ငွေခွန်မှူးရာထူးဖြင့် အုပ်ချုပ်သည်။ ၁၉၃၈ တွင် မင်းစွန်ညို ကွယ်လွန်၍ မင်းကတော် စောခင်နု ရင်ခွင်ပိုက်အုပ်ချုပ် သည်။ ကလောနယ်ပိုင် ဝန်ထောက် မစ္စတာဘားဇပ် (၁၉၄ဝ)၊ တီကျစ်မြို့စား စောမြထွန်း (၁၉၄၂)တို့က ရင်ခွင် ပိုက် ဆက်လက် အုပ်ချုပ်ခဲ့သည်။ ထို့နောက် စောဝင်းကြည် အရွယ် ရောက်လာသဖြင့် ၁၉၄၆ ပင်းတယနယ်ရှင်အဖြစ် ၁၉၅၉ အထိ အုပ်ချုပ်ခဲ့သည်။
ရွာငံမြို့နယ်
ရွာငံနယ်ကို ၁၂၅၅ စစ်တမ်းအရ ငွေခွန်မှူး မောင်ညိုစိမ့်က အုပ်ချုပ်၏။ သီပေါမင်းလက်ထက် (၁၂၄၄) တွင် မြို့စား ရာထူးချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထို့နောက် ဦးညိုစိမ့်၏ အစ်ကိုတော်သူ ဘုရားဒကာ ဦးချစ်၊ ထမင်းပေါင်းမြေတိုင်ကြီး မောင်ရင်အို၊ ရွှေဓား ဗိုလ် ဦးအုန်းပင့်၊ မောင်သူတော်၊ ဦးစော လဖော်တို့က အစဉ်တိုင်း အုပ်ချုပ်ခဲ့ကြသည်။ ရွာငံစော်ဘွား ဦးစောလဖော် ကွယ်လွန်ခဲ့၍ သူ၏သား စပ်ခွန်ရီက စော်ဘွားအရိုက်အရာကိုခံယူပြီး ၁၉၅၆ မှ အာဏာစွန့် သည့်အချိန်ထိ ရွာငံနယ်ကိုအုပ်ချုပ်ခဲ့သည်။
ထိုအချိန်က ဘော်နယ် (ရေဦး) စော်ဘွားအဖြစ် စပ်ခွန်အောင်က ၁၉၄၅ မှ ၁၉၅၉ အထိ အုပ်ချုပ်နေ ချိန်ဖြစ်သည်။ စပ်ခွန်အောင်မှာ စော်ဘွား စပ်ခွန် နောင်ကွယ်လွန်ပြီး အမတ်ကြီးရာထူးမှ နယ်ရှင်စော် ဘွားကြီးအဖြစ် တက်လှမ်းခဲ့သူ ဖြစ်သည်။ သူတက် လာပြီး ရေဦး၊ ကျောက်ဆည် (၃၇)မိုင်လမ်းကို အောင် မြင်အောင် ဖောက်လုပ်ပေးခဲ့သဖြင့် နာမည်ရခဲ့သည်။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက် တွင် ဘော်-ရေဦးနယ်မှ ကျေးရွာအုပ်စု ၁၁ စုသည် ရွာငံမြို့နယ်အတွင်း ပါဝင်ခဲ့သည်။

ရပ်စောက်မြို့နယ်
ရပ်စောက်မြို့နယ်တွင်လည်း တစ်နယ်လုံးကို စော်ဘွားကပင် အုပ်ချုပ်ခဲ့ပြီး တိုက်နယ်ခွဲကာ ဟိန်ဟု ခေါ်သော တိုက်သူကြီးများက အုပ်ချုပ်ခဲ့သည်။ ကျေးရွာများကိုကျော့ဟုခေါ်သော သူကြီးက အုပ်ချုပ် သည်။ ဟိန်နှင့် ကျော့များကို စော်ဘွားက ခန့်အပ် အုပ်ချုပ်စေသည်။
နောက်ဆုံးစော်ဘွားများအဖြစ် စော်ဘွားကြီး စောခွန်နု ကွယ်လွန်ပြီး တီကျစ်စော်ဘွားက ရင်ခွင် ပိုက်အဖြစ်လည်းကောင်း၊ ညောင်ရွှေစော်ဘွားက ရင်ခွင်ပိုက်အဖြစ်လည်းကောင်း၊ လဲချားစော်ဘွားက ရင်ခွင်ပိုက်အဖြစ် အသီးသီး အုပ်ချုပ်ခဲ့ပြီး စောခွန်ဆိတ် က တာဝန်ယူအုပ်ချုပ်ခဲ့ပါသည်။
စောခွန်ဆိတ်ကွယ်လွန်ခဲ့ပြီး သူ၏သားတော် စပ်ခွန်ဆာက ရပ်စောက်နယ် ကျမိုင်းအဖြစ် ၁၉ဝ၅ ခုနှစ်တွင် ခန့်အပ် ခံခဲ့ရသည်။ ရပ်စောက်စော်ဘွားကြီး အဖြစ် ၁၉၄၇ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြန်မာ ပြည်ဘုရင်ခံက ခန့်အပ်ပေးခဲ့သည်။ အာဏာ စွန့်သည့် ၁၉၅၉ အထိ ရပ်စောက်နယ်ကို အုပ်ချုပ်သွားခဲ့သည်။

မင်းလွင်ဦး (အောင်ပန်း)
( ဓနုကြေးမုံမှ ကောက်နုတ်ဖော်ပြသည် )

Zawgyi

ဓႏုတုိင္းရင္းသားတို႕၏ ႐ိုးရာယဥ္ေက်းမႈ ဓေလ့ထံုးတမ္းမ်ား

ဓႏုတိုင္းရင္းသားမ်ား၏ ဇစ္ျမစ္သမိုင္း

ျပည္တြင္းျပည္ပ ပညာရွင္အသီးသီးတို႔က ဓႏုလူမ်ဳိး ျဖစ္ေပၚလာပံုမ်ားကို အဓိပၸာယ္ အမ်ဳိးမ်ဳိးႏွင့္ ဆိုခဲ့ၾကသည္။ ဓႏုလူမ်ဳိးဟူသည္ တိဗက္ျမန္မာ အႏြယ္ဝင္ျဖစ္ၿပီး စကားဝဲ၊ အသံကြဲ႐ံုမွလြဲၿပီး ျမန္မာစာ၊ ျမန္မာစကားကို သင္ယူေျပာၾကား သူမ်ားသာ ျဖစ္ေၾကာင္း ေလ့လာမိပါသည္။

တ႐ုတ္ျပည္အေနာက္ေျမာက္ပိုင္း ကန္ဆူအရပ္မွ ထြက္ခြာလာၾကေသာ မြန္ဂိုမ်ားသည္ ျမန္မာႏုိင္ငံအေရွ႕ဘက္မွ ဝင္ေရာက္လာၿပီး ျမားကေလးေတာင္ႏွင့္ နတ္ထိပ္ေတာင္ၾကားမွ တစ္ဆင့္ ေက်ာက္ဆည္နယ္အတြင္းသို႔ ဝင္ေရာက္ခဲ့ၾကသည္။ ေတာင္ေအာင္ဘက္သို႔ လိုက္ပါ မသြားဘဲ ေတာင္ေပၚတြင္ မွီတင္းေနထိုင္ခဲ့ၾကေသာ လူမ်ဳိးစုမ်ားသည္ ဓႏုတိုင္းရင္းသားမ်ားပင္ ျဖစ္သည္။ ျမန္မာႏုိင္ငံအလယ္ပိုင္း အေရွ႕ဘက္ျခမ္းႏွင့္ ရွမ္းျပည္နယ္အေနာက္ဘက္ျခမ္းအၾကား ေတာင္ ေျမာက္သြယ္တန္းေနေသာ ရွမ္းေျမလတ္ေဒသတြင္ စုစည္းေနထိုင္ၾကသည္။ အဓိကအားျဖင့္ ကေလာ ၿမိဳ႕နယ္၊ ေနာင္ခ်ဳိၿမိဳ႕နယ္၊ ပင္းတယၿမိဳ႕နယ္၊ ရြာငံၿမိဳ႕ နယ္၊ ရပ္ေစာက္ၿမိဳ႕နယ္တို႔တြင္ ေရွးပေဝသဏီက တည္းက ေနထိုင္လာခဲ့ၾကသည္။ ထိုနယ္ေျမမ်ားသည္ တစ္ဆက္ တစ္စပ္တည္း တည္ရွိလ်က္ရွိသည္။

ပ်ံ႕ႏွံ႔ေနထိုင္ရာေဒသ

ဓႏုတိုင္းရင္းသားမ်ားသည္ အထက္ကဆိုခဲ့သလို ကေလာၿမိဳ႕နယ္၊ ေနာင္ခ်ဳိၿမိဳ႕နယ္၊ ပင္းတယၿမိဳ႕နယ္၊ ရြာငံ ၿမိဳ႕နယ္၊ ရပ္ေစာက္ၿမိဳ႕နယ္မ်ားသာမက ယင္း ၿမိဳ႕နယ္မ်ား ႏွင့္ ဆက္စပ္လ်က္ရွိေသာ ပင္ေလာင္းၿမိဳ႕ နယ္ လံုးပိုးေဒသ၊ သာစည္ၿမိဳ႕နယ္ ဆင္ေတာင္၊ ျမင္း ဒိုက္ေဒသ၊ ေက်ာင္းဆိုး ကုန္း ေက်ာင္းရြာအုပ္စုမွ ၆ ရြာ၊ လယ္ေခါင္းေက်းရြာအုပ္စု မွ ၄ ရြာ၊ ေတာင္ႀကီး ၿမိဳ႕နယ္အတြင္းမွ ေက်ာက္နီ၊ ေတာင္ ေလးလံုး၊ ဘန္း ကန္ေဒသ၊ ေညာင္ေရႊၿမိဳ႕နယ္ အင္းတိမ္ေဒသ၊ ျမစ္သား ၿမိဳ႕နယ္ ေအာင္ခ်မ္းသာေဒသ၊ ျပင္ဦးလြင္ၿမိဳ႕နယ္ အတြင္းမွ ေက်းရြာမ်ား၊ ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွ မိုင္းလံုေဒသ၊ မိုးကုတ္ၿမိဳ႕နယ္အတြင္းမွ ၾကပ္ျပင္ ေဒသအပါအဝင္ ရန္ကုန္၊ မႏၲေလး အစရွိေသာ ၿမိဳ႕ႀကီးမ်ားတြင္လည္း အေျခခ်ေနထိုင္လ်က္ ရွိသည္။

လူမ်ဳိးအမည္

ဓႏုဟူေသာ အသံုးအႏႈန္းသည္ ပုဂံေခတ္ ပါဠိ ေဝါဟာရပင္ ျဖစ္၏။ အဓိပၸာယ္မွာ ‘ေလး’ (Bow)ျဖစ္ သည္။ ေလးႏွင့္ျမႇားကို သြားေလရာကိုင္ေဆာင္တတ္ သျဖင့္ ဓႏုလူမ်ဳိးဟု သမုတ္ေပးခဲ့ေၾကာင္း သိရ သည္။ တစ္နည္းအားျဖင့္ ဝါးကိုင္းေလာက္ေလး၊ ဝါးကိုင္း ေလးျမားကို ကြၽမ္းက်င္စြာကိုင္တြယ္ အသံုးျပဳတတ္သူ လူမ်ဳိးပင္ျဖစ္သည္။ ဒႏု၊ ဓႏု၊ ထႏု၊ တႏု ဟူ၍အမ်ဳိးမ်ဳိး ေရးသားလာခဲ့ရာမွ ယေန႔ ဓႏု (Danu) ဟု တစ္ေျပးညီ ေရးသားလာခဲ့သည္။ ဓႏု၏ အဓိပၸာယ္ အမွန္ဖြင့္ဆို ခ်က္မွာ Dhanu ျဖစ္ေသာ္လည္း ေခတ္အဆက္ဆက္ Danu ဟု သံုးစြဲခဲ့သျဖင့္ အစဥ္အဆက္ကို လိုက္ရျခင္း ျဖစ္ပါလိမ့္မည္။

႐ုပ္ရည္

ရွမ္းျပည္နယ္အတြင္း ေနထိုင္ၾကေသာ္လည္း မြန္ဂို အႏြယ္ျဖစ္ေသာ ရွမ္းလူမ်ဳိးမ်ားႏွင့္ မတူဘဲ ျမန္မာ၊ ရခိုင္၊ ထားဝယ္ အစရွိေသာ ေရွးျမန္မာ အုပ္စုဝင္မ်ားႏွင့္ ပို၍ ႐ုပ္ပိုင္းဆင္ၾကသည္။ ထြားက်ဳိင္း မႈရွိေသာ လူမ်ဳိးမ်ားမဟုတ္သလို ေသးလီေသာ လူမ်ဳိး မ်ားလည္း မဟုတ္ေပ။ သင့္တင့္ေသာ ပံုပန္းသြင္ျပင္၊ အရပ္အေမာင္း၊ အသားအေရပိုင္ရွင္မ်ားပင္ ျဖစ္သည္။

စိတ္ေနစိတ္ထား

ေရွးကတည္းကပင္ ေတာင္ယာစိုက္ပ်ဳိးလုပ္ငန္း မ်ားျဖင့္ အဓိက သက္ေမြးျပဳၾကသျဖင့္ ႐ိုးသားၾက သည္။ အေနေအးၾကသည္။ ဧည့္ဝတ္ေက်ပြန္ၾကသည္။ ေျဖာင့္မတ္ၿပီး လံု႔လဝီရိယရွိၾကသည္။ ေရာင့္ရဲတင္း တိမ္ၾကသည္။ တစ္အိမ္ႏွင့္တစ္အိမ္ တံခါးမရွိ ဓားမရွိ ဝင္ထြက္ဆက္ဆံျခင္းရွိသည္။ စြန္႔စားရဲရင့္ၾကသည္။ အထူးသျဖင့္ ဘာသာတရား ကိုင္း႐ိႈင္းၾကသူမ်ား ျဖစ္ သည္။ ႏိုင္ငံေရး စိတ္မဝင္စားသူ မ်ားလွသည္။

ဆင္ယင္ထံုးဖြဲ႔ မႈ

ဓာတ္ပံုမွတ္တမ္းမ်ားကို ေလ့လာၾကည့္ျခင္းျဖင့္ ေရွးလူႀကီးအမ်ားစုက နံ႔သာေရာင္ ရွမ္းေဘာင္းဘီကို ႏွစ္ သက္စြာ ဝတ္ဆင္ၾကသည္။ ရွမ္းေဘာင္းဘီဟုဆို ေသာ္လည္း ခ်ဳပ္ပံုခ်ဳပ္နည္း အနည္းငယ္ကြာျခား ပါသည္။ ေခါင္းေပါင္း အၿမဲေပါင္းၾကသည္။ ေရွးအခါက ခ်ည္ခါးပတ္ကိုဝတ္ဆင္ၿပီး အဂၤလိပ္ေခတ္ေနာက္ပိုင္း သားေရခါးပတ္ကို အသံုးျပဳလာခဲ့ၾကသည္။ တခ်ဳိ႕ ႐ွဴးဖိနပ္မ်ား ဝတ္ဆင္ၾကၿပီး အမ်ားစုမွာ ညႇပ္ဖိနပ္ ကိုသာ အသံုးျပဳၾကသည္။ အျဖဴေရာင္ရွပ္အက်ႌ ကို ဝတ္ဆင္သည္က မ်ားသည္။ ေခါင္းေပါင္းကို မ်က္ႏွာ သုတ္ပုဝါအျဖစ္ ႏွစ္မ်ဳိးစလံုး အသံုးျပဳသည္။ ေခါင္း ေပါင္း စၿမိတ္ကို ညာဘက္တြင္ထားဝတ္သည္။ ယေန႔ အမ်ားစုမွာ ေျမျပန္႔တိုင္းရင္းသားမ်ားႏွင့္ အေနနီး စပ္သျဖင့္ အကြက္ပါ ႐ိုးရာဝါးခေမာက္ကို အၿမဲေဆာင္း ၾကသည္။ မိန္းကေလးမ်ားမွာလည္း ျမန္မာ ထဘီႏွင့္ အက်ႌမ်ားကိုသာ ဝတ္ဆင္အသံုးျပဳခဲ့ၾကသည္။

၁၉၇ဝ ျပည့္ႏွစ္ေနာက္ပိုင္းတိုင္းရင္းသား အခန္း က႑ ျမႇင့္တင္ေပးလာမႈႏွင့္အတူ ဓႏုတိုင္းရင္းသား မ်ားသည္လည္း တစ္ေျပးညီဝတ္စံုမ်ား ဝတ္ဆင္ လာႏိုင္ရန္ ႀကိဳးပမ္းခဲ့ၾကသည္။ အျခားတိုင္းရင္းသား မ်ားႏွင့္ မတူေသာ ဝတ္စံုမ်ားကိုလည္း တီထြင္လာခဲ့ၾက သည္။ သို႔ေသာ္လည္း ေရွး႐ိုးရာမပ်က္ ဆန္းသစ္မႈ မ်ားသာ ႀကိဳးပမ္းခဲ့ၾကသည္။ ၂ဝ၁ဝ ဓႏု ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ျဖစ္ေပၚလာၿပီး ေနာက္ပိုင္း ႐ိုးရာ ယဥ္ေက်းမႈ ပိုမိုေဖာ္ထုတ္လာႏုိင္ခဲ့သည္။ အမ်ဳိးသား ဓႏုဝတ္စံုအေရာင္ကိုလည္း တစ္ေျပးညီ သတ္မွတ္လာ ႏုိင္ခဲ့သည္။ အတြင္းခံအက်ႌကိုလည္း အျဖဴေရာင္သာ ဝတ္ဆင္လာခဲ့ၾကသည္။ ေခါင္းေပါင္း မူကားကြဲျပား လ်က္ရွိေသးသည္။ အမ်ဳိးသမီးဝတ္စံု မ်ားကိုလည္း အရစ္ပါေသာ ထဘီ၊ ေဘာ္က်ယ္မ်ားျဖင့္ အလွဆင္ ထားေသာ ရင္ဖံုးအက်ႌ၊ အလွဆင္ထားေသာ ေခါင္း ေပါင္းမ်ားျဖင့္ အေရာင္အမ်ဳိးမ်ဳိး ဆန္းသစ္ကာ ဝတ္ ဆင္လာခဲ့သည္။ အမ်ဳိးသမီးဝတ္စံုကို ပိုး၊ ဖဲသားမ်ား ျဖင့္ ခ်ဳပ္လုပ္ၾကၿပီး ထဘီကို ခ်ည္သား အမ်ားစု ခ်ဳပ္လုပ္ကာ ဝတ္ဆင္ၾကပါသည္။

၂ဝ၁၇ ႏိုဝင္ဘာ ဓႏုအမ်ဳိးသားညီလာခံက တူညီေသာ ‘ပြဲတက္’ဝတ္စံုမ်ား အမ်ားသေဘာတူ ေဖာ္ေဆာင္ေပးႏိုင္ခဲ့၍ ယေန႔ ဓႏုတစ္မ်ဳိးသားလံုး ႏွစ္ၿခိဳက္စြာ ဝတ္ဆင္ႏိုင္ခဲ့ေပၿပီ။ ပြဲတက္ဝတ္စံုကို အနီေရာင္သတ္မွတ္ေပးခဲ့ေသာ္လည္း အဝါ၊ ပန္းေရာင္၊ အစိမ္း၊ အျပာမိမိတို႔ ႏွစ္သက္သလို ခ်ဳပ္လုပ္ဝတ္ ဆင္ႏိုင္ၾကပါသည္။ ထဘီကိုလည္း အရစ္ (၃း၇း၃) သတ္မွတ္ေပးခဲ့ေသာ္လည္း မိမိတို႔ႏွစ္သက္ေသာ အေရာင္မ်ားျဖင့္ ခ်ဳပ္လုပ္ဝတ္ဆင္ႏိုင္ၾကပါသည္။

အစားအေသာက္

ရွမ္းေျမလတ္ ဓႏုနယ္ေျမအတြင္း ဂုဏ္ယူဖြယ္ရာ အျဖစ္ အျခားအရပ္မ်ားတြင္မရွိေသာ ဓႏုအစား အစာမ်ားစြာရွိပါသည္။ တခ်ဳိ႕လည္း အနီးအပါး တိုင္း ရင္းသား အစားအစာမ်ားႏွင့္ ဆင္တူၾကပါသည္။ ၁၉၄၆ ခုႏွစ္ ဒီဇင္ဘာလ ၂၆ ရက္ေန႔ ဗိုလ္ခ်ဳပ္ေအာင္ ဆန္း+ေဒၚခင္ၾကည္တို႔ႏွင့္အတူ ျမန္မာကိုယ္စားလွယ္ မ်ား စပ္ထြန္းေအး၏ ေအာင္ပန္းေဟာ္၌ ဧည့္ခံႀကိဳဆို ေကြၽးေမြးခဲ့သည္။ ဟင္းပြဲမ်ားစြာရွိေနသည္ ပင္လွ်င္ ေျမပဲအစ္ (ေျမပဲညႇက္ညႇက္ေထာင္းခ်က္)ႏွင့္ မုန္လာ ထုပ္ေရစိမ္ကို ႏွစ္ၿခိဳက္စြာ စားသံုးခဲ့ေၾကာင္း မွတ္ တမ္းရွိေလသည္။ မွန္ေပ၏။ ေျမပဲခ်က္ႏွင့္တို႔စရာ မုန္လာ ထုပ္အစိမ္းသည္ ဓႏု႐ိုးရာစားစရာစစ္စစ္ ျဖစ္ေလသည္။ ဂ်ဴးသုပ္၊ ငွက္ေပ်ာဖူးသုပ္မ်ားႏွင့္ တြဲဖက္စားသံုးရေသာ လက္ျပားထမင္းဝါ နာမည္ႀကီး လွသည္။ မိုးဦးရာသီအခ်ိန္ကာလ အသီးအရြက္စံုလင္ စြာျဖင့္ ေရာေႏွာခ်က္ထားေသာ ထမင္းၿပဲ (မင္းနဲေမႊ) အရသာရွိလွသည္။ အီကုတ္ (ေျမတြင္း ေအာင္းပိုး တစ္မ်ဳိး)ႏွင့္ ဆူးပုပ္ရြက္ေရာခ်က္ထားေသာ ဟင္းလ်ာ သည္လည္းေဆြးမ်ဳိးေမ့ေလာက္သည္။ အာလူးထမင္း နယ္အား ဂ်ဴးဖူး၊ ဆံလံုးဆီေၾကာ္ျဖင့္ တြဲဖက္စားသံုး ရသည္ကား စြဲမက္ေလာက္သည့္ ေဒသအစားအစာပင္ ျဖစ္သည္။

ပိႏၷဲသီးႏုႏွင့္ ဆူးပုပ္ေရာခ်က္ထားေသာ ဟင္း ရည္ အရသာရွိလွသည္။ ေနလွန္းထားေသာ မုန္ညႇင္း ရြက္ကို ႀကံသကာ၊ ႏွမ္းလံုးျဖဴ၊ ပင္စိမ္းသီးေရာေႏွာ၍ ခ်က္ျပဳတ္ထားေသာ မုန္ညႇင္းေစာသည္လည္း ဓႏု႐ိုး ရာအစားအစာ ျဖစ္သည္။ ကေစာ့ခါးသီး၊ ပိတ္ခ်င္းရြက္၊ ေၾကာင္ပန္းရြက္၊ တဗြာရြက္မ်ားအား ဆန္ကိုေလွာ္ၿပီး ေရာေႏွာခ်က္ျပဳတ္ထားေသာ ဆန္ေလွာ္ဟင္းသည္ လည္း ခံတြင္းရွိလွသည္။ ေဆာင္မုန္းေဆးခါးပင္၊ ဖန္ခါးသီး၊ ဇီးျဖဴသီးမ်ား ေရာေႏွာခ်က္ထားေသာ ဟင္းခါးရည္မ်ားလည္း ေရွးက အထူးျပဳလုပ္ မွီဝဲခဲ့ၾက သည္။ ပဲထြန္၊ ပဲလံုးၾကား၊ ပဲၾကက္ဥ၊ ပဲျပင္းေစ့ အစ ရွိေသာ ဟင္းလ်ာမ်ားသည္လည္း ဓႏုေဒသ အလွဴ မဂၤလာပြဲတိုင္းလိုလိုမပါမၿပီးျဖစ္သည္။ အျခား အမွတ္ရ ဖြယ္ ဓႏုမုန္႔ပဲ သေရစာမ်ားမွာ မုန္႔လက္ကြင္း (ျဖဴ၊ နီ)၊ မုန္႔ဆီေၾကာ္၊ မုန္႔ေလေပြ၊ မုန္႔ေခါင္းဦး၊ မုန္႔ေပါင္းအံု၊ သၾကားေခြ၊ မုန္႔က်ည္ ေတာက္၊ ေကာက္ညႇင္းက်ည္ ေတာက္၊ ဖ႐ံုသီးျပဳတ္၊ မုန္႔ ကြၽဲသဲ၊ မုန္႔ဖက္ထုပ္၊ ပင္စိမ္း သီးဆားေရစိမ္တုတ္ထိုး စသည္တို႔ပင္ ျဖစ္သည္။

အခါႀကီး၊ ေန႔ႀကီးမ်ားတြင္ ေရွးလူႀကီးအိမ္တိုင္း မုန္႔ ဆီေၾကာ္ႏွင့္ ကင္ေပါင္းေၾကာ္ၿပီး အိမ္နီးခ်င္းေဆြ မ်ဳိးမ်ားအား ကုသိုလ္ရေစရန္အလို႔ငွာ ေပးေဝေသာ ဓေလ့ ယေန႔တိုင္ ရွိေသးသည္။ ကင္ေပါင္းေၾကာ္ (ၾကက္သြန္ၿမိတ္၊ ေက်ာက္ ဖ႐ံုသီး၊ ဘူးသီး၊ င႐ုတ္သီး အစရွိသည္ျဖင့္ အရသာရွိေအာင္ ေကာက္ညႇင္းဆန္ မုန္႔ျဖင့္သမၿပီးေၾကာ္ထားေသာ အေၾကာ္)၊ တို႔ဟူးေႏြး (ေခါက္ဆြဲဖတ္မပါ)၊ ဝက္သားခ်ဥ္၊ အမဲခ်ဥ္၊ ဂ်ဴးဖူး ဟင္းထုပ္၊ မုန္႔ဖတ္ထုပ္မ်ားသည္လည္း အျခားတိုင္း ရင္းသားမ်ားႏွင့္ တစ္မူကြဲျပားစြာ စီမံထားသျဖင့္ တစ္မ်ဳိး အရသာကို ေပးစြမ္းလွပါသည္။

စာေပႏွင္႕ စကား

ပင္ရင္းစာေပ မရွိပါ။ စကားဝဲ၊ အသံကြဲသြား႐ံုမွ တစ္ပါး ျမန္မာစာေပ၊ ျမန္မာစကားကိုသာ ေခတ္ အဆက္ဆက္ အသံုးျပဳၾကသည္။ ထို႔ေၾကာင့္ ျမန္မာ စကားကို ဓႏုတို႔က လံုးေစ့ပတ္ေစ့ နားလည္ၾကေသာ္ လည္း ဓႏုစကားကိုမူ ျမန္မာမ်ားက နားမလည္ၾကေခ်။ မူရင္းစာေပမရွိျခင္းကား တုိင္းရင္းသားမ်ားအတြင္း အားနည္းခ်က္ျဖစ္ေနေသာ္လည္း နယ္ပယ္အသီးသီး တြင္ ေျမျပန္႔သားမ်ားႏွင့္ ရင္ေပါင္တန္းႏိုင္ေသာ ပညာတတ္မ်ားစြာ ထြက္ေပၚလာျခင္းသည္ အား သာခ်က္တစ္ခုအျဖစ္ ျမင္မိသည္။

မၾကာေသးမီအခ်ိန္ကဓႏုစာေပစကားတီထြင္မႈ ရွိခဲ့ ေသာ္လည္း ဓႏုအမ်ားစုကန္႔ကြက္ခဲ့မႈေၾကာင့္ မေအာင္ျမင္ခဲ့ေပ။ KG တန္းအတြက္ သင္႐ိုးၫႊန္းတမ္း ထုတ္ေဝခဲ့မႈ သည္လည္း ထို႔အတူပင္ ကန္႔ကြက္ျခင္းခံခဲ့ ရေပသည္။ ဓႏုစာေပစကား တီထြင္မႈ ပ်က္ျပားခဲ့ျခင္း မ်ားလည္း တခ်ဳိ႕အတြက္ ဝမ္းနည္းဖြယ္ျဖစ္ခဲ့သည္။ မွန္ေပသည္။ မည္သည့္ ဘာသာစကားမဆို တီထြင္ခဲ့ သည္ခ်ည္းျဖစ္သည္။ သို႔ေသာ္ လည္း စုေပါင္းတိုင္ပင္ ရန္ လိုအပ္သည္။ အမ်ားသေဘာတူ ရန္ လိုအပ္သည္။ အသံုးျပဳရလြယ္ကူၿပီး မည္သည့္ဘာသာ စကား ဘာသာျပန္ဆိုမႈ လုပ္ႏုိင္ရေပမည္။ ေဒသိယစကား ျဖင့္ တီထြင္ရန္လည္း ၾကားမိေလသည္။ ဓႏုလူထု အမ်ားစု၏ ဆႏၵျဖစ္မွသာလွ်င္ ေအာင္ျမင္ေပလိမ့္မည္။

ျမန္မာစာေပ၊ ျမန္မာစကားကို ေျပာဆိုေနၾက သည္ဆိုေသာ္လည္း အသံရြတ္ဆိုပံု၊ အသံထြက္ပံု တူညီျခင္း မရွိ ပါ။ ျမန္မာတို႔ အသံုးျပဳျခင္းမရွိေတာ့သည့္ ေရွးေဟာင္း ေပါရာဏစကား အသံုးျပဳေနေၾကာင္း ေလ့လာမိပါသည္။ တစ္နည္းအားျဖင့္ ပုဂံေခတ္သံုး ေရွးဦးျမန္မာစကားအစု ျဖစ္သည္။ ေတာင္ေပၚတိုင္း ရင္းသားမ်ားျဖစ္ေသာ ရွမ္း၊ ေတာင္႐ိုး၊ ပအို႔ဝ္တို႔၏ ဘာသာစကားမ်ားႏွင့္ ¤င္းဘာသာစကားတို႔မွ တစ္ဆင့္ ေမြးစားယူေသာ ေဝါဟာရစကားမ်ားျဖင့္ ေရာေႏွာေျပာဆိုေနၾကေၾကာင္း ေတြ႕ရွိရပါသည္။

ဓႏုနယ္ပယ္အတြင္း ဘာသာစကားေျပာဆိုမႈ၊ အသံ ထြက္ပံုထြက္ဆိုမႈတို႔ကို ေလ့လာရေသာ အသံ ျမန္ျခင္း၊ အသံတိုးျခင္း၊ အသံေပ်ာ့ျခင္း၊ တက္သံ က်သံရွိျခင္း၊ အထူးသျဖင့္ အသံေျပာင္းလဲရြတ္ဆိုျခင္း မ်ားကို ေလ့လာေတြ႕ရွိရသည္။ ဓႏုနယ္အတြင္း ပ်ံ႕ႏွံ႔ ေနထိုင္ၾကေသာ ဓႏုအခ်င္းခ်င္း ပင္လွ်င္ တစ္ၿမိဳ႕နယ္ ႏွင့္ တစ္ၿမိဳ႕နယ္၊ စုစည္းေနထိုင္ၾကေသာ အုပ္စု အလိုက္ ေျပာစကား၊ အသံုးအႏႈန္း၊ အသံရြတ္ဆိုပံုႏွင့္ ေလယူေလသိမ္း မတူညီဘဲ အနည္းငယ္စီ ကြဲျပား ေၾကာင္း ေလ့လာမိပါသည္။

လူဦးေရ

၂ဝ၁၄ ခုႏွစ္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္း ေခါင္စာရင္း ေရွ႕ေျပးလူဦးေရစာရင္းအရ ျမန္မာ ႏုိင္ငံတြင္ လူဦးေရ ၅၁.၄ သန္း (၅၁၄၁၉၄၂ဝ) ရွိပါ သည္။ ရွမ္းျပည္နယ္ တြင္ ၅.၈ သန္း (၅၈၁၅၃၈၄) ရွိပါသည္။ ရွမ္းေျမလတ္ဓႏု နယ္ျဖစ္ေသာ ကေလာၿမိဳ႕ နယ္တြင္ (၁၈၆ဝ၁၉) ဦး၊ ေနာင္ခ်ဳိၿမိဳ႕နယ္တြင္ (၁၄၉၄၉၅) ဦး၊ ပင္းတယၿမိဳ႕နယ္တြင္ (၇၉၈၄၆) ဦး၊ ရြာငံၿမိဳ႕နယ္တြင္ (၈၂၄ဝဝ)ဦး၊ ရပ္ေစာက္ ၿမိဳ႕နယ္တြင္ (၁၂၆၄၂၇)ဦး ရွိပါသည္။ ဆက္စပ္ေဒသႏွင့္ အျခား ၿမိဳ႕ႀကီးမ်ားတြင္လည္း ပ်ံ႕ႏွံ႔ေနထိုင္လ်က္ ရွိသည္။ (တစ္ၿမိဳ႕နယ္ခ်င္းစီ အေျခအေနမ်ားကို ေနာက္အခန္း တြင္ ေဖာ္ျပထားပါသည္။)

ပညာေရး

ေရွးယခင္က ေလာကီစာေပ ေလာကုတၱရာ စာေပမ်ားကို ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၌ သင္ယူ ပါသည္။ အသက္ ေမြးဝမ္းေက်ာင္း အတတ္ပညာရပ္ မ်ားအား သက္ဆိုင္ရာ လုပ္ငန္းဆရာမ်ားထံတြင္ တပည့္ခံၿပီး သင္ယူၾကသည္။ ကိုလိုနီေခတ္တြင္ ေငြ ေၾကးခ်မ္းသာသူမ်ားႏွင့္ အုပ္ခ်ဳပ္သူ လူတန္းစား မ်ားကသာလွ်င္ ရွမ္းေစာ္ဘြားမ်ားေက်ာင္း အပါအဝင္ အဂၤလိပ္အစိုးရက ဖြင့္ထားေသာ အဂၤလိပ္စာ သင္ ေက်ာင္းမ်ား၌ ပညာသင္ယူခြင့္ရရွိခဲ့ၾကသျဖင့္ ဓႏုလူထု ပညာေရးေနာက္က်ခဲ့ရသည္။

ေနာက္ပိုင္း တိုင္းရင္းသားေက်ာင္းမ်ားႏွင့္ ခရစ္ ယာန္ သာသနာျပဳေက်ာင္းမ်ား ေပၚေပါက္လာေသာ္ လည္း ရွမ္း ျပည္နယ္အပါအဝင္ ဓႏုေဒသတြင္ ေလာင္း ကစားယဥ္ေက်းမႈ ထြန္းကားခဲ့သျဖင့္ ပညာေရးကို လူနည္းစုသာစိတ္ဝင္စားခဲ့ၾကသည္။ ဝက္စလီယန္ ေက်ာင္းကလည္း ဒုတိယကမၻာစစ္အၿပီး ေတာ္ေတာ္ မ်ားမ်ား ေပ်ာက္ကြယ္ခဲ့ရသည္။ ၁၉၂ဝ ရန္ကုန္ တကၠသိုလ္ထူေထာင္စဥ္က ရွမ္းျပည္နယ္က အခ်ဳိးက် ထည့္ဝင္ေငြမ်ား လွဴဒါန္းေပးခဲ့ေသာ္လည္း ယင္း တကၠသိုလ္ႏွင့္ ပတ္သက္သူမ်ားသည္ လက္ခ်ဳိးေရ တြက္လို႔ပင္ ရခဲ့သည္။ ၁၉၃၁ သန္းေခါင္စာရင္းအရ ရွမ္းျပည္နယ္တြင္ ဗမာတိုင္းရင္းသားမ်ားမွအပ စာ ဖတ္တတ္သူတိုင္းရင္းသားမ်ားမွာ ၆ ရာခိုင္ႏႈန္းသာ ရွိခဲ့သည္။ ၁၉၅ဝ ထိလည္း တိုးတက္လာျခင္း မရွိခဲ့ပါ။

၁၉၄၃ အာရွလူငယ္အစည္းအ႐ံုးႏွင့္ အလင္း ေရာင္ စာၾကည့္တိုက္မ်ား ေပၚေပါက္လာၿပီး ဓႏု လူငယ္မ်ား ပညာေရးစိတ္ဝင္စားမႈျမင့္တက္ခဲ့ရ သည္။ ၁၉၅ဝ ေနာက္ပိုင္း အစိုးရအထက္တန္းေက်ာင္းမ်ား အသီးသီး ေပၚထြက္လာခဲ့ၿပီး ဓႏုနယ္ပယ္၌ ပညာ ေရးစိတ္ဝင္စားမႈ ျမင့္တက္ခဲ့သည္။

စီးပြားေရး

(ကေလာၿမိဳ႕နယ္) ဓႏုနယ္ေျမအားလံုးတြင္ စိုက္ပ်ဳိးေရးကို အေျခခံေသာ လုပ္ငန္းမ်ားျဖင့္သာ ရပ္တည္ခဲ့ၾကသည္။ ကေလာၿမိဳ႕နယ္တြင္ အာလူး၊ ဂ်င္းႏွင့္ ေဂၚဖီထုပ္ကို အဓိက စိုက္ပ်ဳိးၾကၿပီး ပန္းမံု လာ၊ ခါၾကက္ဥ၊ ခရမ္းသီး၊ ခရမ္းခ်ဥ္သီး၊ ၾကက္သြန္ျဖဴ အစရွိေသာ ကုန္စိမ္းသီးႏွံမ်ားကို စိုက္ပ်ဳိးၾကသည္။ ေအာင္ပန္းၿမိဳ႕သည္ ျပည္ပသို႔တင္ပို႔ ရာတြင္ အဓိက ကုန္စည္ဖလွယ္ရာေနရာ ျဖစ္သည္။ ကုန္စိမ္းမွန္သမွ် ေအာင္ပန္းၿမိဳ႕တြင္ လာေရာက္ေရာင္းဝယ္ ေဖာက္ ကားၾကၿပီး လမ္းဆံုၿမိဳ႕လည္း ျဖစ္သည္။ ကေလာၿမိဳ႕ နယ္သည္ ငါးရက္တစ္ေစ်းကို အမွီျပဳရာေဒသျဖစ္ပါ၍ ေအာင္ပန္းေစ်း၊ ပင္ေလာင္းေစ်း၊ ကေလာေစ်း၊ ပင္း တယေစ်း၊ ဟဲဟိုး ေစ်းေန႔မ်ားကို အဓိက အသံုးျပဳ ၾကသည္။

ကေလာၿမိဳ႕နယ္အတြင္း လိေမၼာ္၊ လက္ဖက္၊ သနပ္ ဖက္၊ ေထာပတ္၊ နဂါးေမာက္သီး၊ သစ္ေတာ္သီး၊ စိုက္ပ်ဳိး ေရးလုပ္ငန္းမ်ား အသင့္အတင့္ လုပ္ကိုင္ၾက ပါသည္။ သတၱဳတူးေဖာ္ေရးအေနျဖင့္ ေဘာ္ဆိုင္းႏွင့္ အင္းျပင္ေဒသ၊ ေရႊမင္းဖုန္းေဒသမ်ား၌သာ လုပ္ကိုင္ ၾကပါသည္။ အႀကီးစား စက္မႈလုပ္ငန္းမ်ား မရွိေသာ္ လည္း ကေလာၿမိဳ႕နယ္သည္ ျပည္ေထာင္စု လမ္းမ ေပၚတြင္ တည္ရွိသျဖင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ အရွိန္အဟုန္ျဖင့္ သြားေနသည္။

(ေနာင္ခ်ဳိၿမိဳ႕နယ္) ႀကံႏွင့္ ေျပာင္းအဓိက စိုက္ ပ်ဳိး ထုတ္လုပ္ပါသည္။ ဂ်ဳံ၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ အာလူး၊ ခရမ္းခ်ဥ္ႏွင့္ အျခားသီးႏွံမ်ားလည္း အသင့္ အတင့္ စိုက္ပ်ဳိး သည္။ ေနာင္ခ်ဳိၿမိဳ႕နယ္သည္လည္း (၅)ရက္တစ္ေစ်းကို မွီခိုအားကိုးၾကသည္။ ေနာင္ခ်ဳိ ေစ်း၊ ကံႀကီးေစ်း၊ ေတာင္းခမ္းေစ်း၊ ဘန္႔ေဘြးေစ်း၊ ဆမၼဆယ္ေစ်း၊ သံုးဆယ္ေစ်း၊ ဟိုခိုေစ်းမ်ားကို အဓိက အသံုးျပဳၾကၿပီး ေဒသထြက္ကုန္မ်ား အဓိက စုစည္းရာ ေနရာလည္း ျဖစ္သည္။ လံုဝယ္၊ လံုစံ အေနာက္ဘက္ တြင္ ေၾကးနီသတၱဳသိုက္ရွိသျဖင့္ ထုတ္လုပ္မႈ စတင္ ႏိုင္ရန္ ျပင္ဆင္မႈအဆင့္သာ ရွိေသးသည္။ သၾကား စက္႐ံုႏွင့္ ဘိလပ္ေျမစက္႐ံုတည္ရွိၿပီး အျခားအေသးစား စက္မႈလုပ္ငန္းမ်ားသာရွိသည္။ ေရျဖဴဝါးခေမာက္ႏွင့္ ေနာင္ေတာေတာင္းယက္လုပ္ငန္းလည္း လူသိမ်ား ၾကသည္။ ေထာပတ္ႏွင့္ နဂါးေမာက္ စိုက္ပ်ဳိးေရး လုပ္ငန္းမ်ား စတင္လုပ္ကိုင္လာၾကၿပီး လက္ဖက္ အနည္းငယ္ စိုက္ပ်ဳိးထုတ္လုပ္သည္။ ေနာင္ခ်ဳိၿမိဳ႕သည္ ေျမာက္ပိုင္းျပည္ေထာင္စုလမ္းမေပၚတြင္ တည္ရွိ သည္။

(ပင္းတယၿမိဳ႕နယ္) ပင္းတယၿမိဳ႕နယ္၏ စိုက္ ပ်ဳိးေရး ထုတ္ကုန္မ်ားသည္ ၾကက္သြန္ျဖဴ၊ ၾကက္ သြန္နီ၊ ေျပာင္း၊ ဂ်ဳံ၊ ဆီေနၾကာမ်ား စိုက္ပ်ဳိးၾကသည္။ ယခုေနာက္ပိုင္း ဂ်ဳံ စိုက္ပ်ဳိးမႈ သိသိသာသာ ေလ်ာ့ နည္းလာခဲ့သည္။ လက္ဖက္စို၊ လက္ဖက္ေျခာက္ ထုတ္လုပ္မႈ ဂုဏ္သတင္းတစ္ခု ရွိသည္။ ေနာက္ပိုင္း သရက္ႏွင့္ ေထာပတ္စိုက္ပ်ဳိးထုတ္လုပ္မႈ ပိုမို လုပ္ ေဆာင္လာၾကသည္။ အာလူး၊ ေဂၚဖီ၊ ပန္းမံုလာမ်ား စိုက္ပ်ဳိးထုတ္လုပ္သည္။ ျမန္မာႏုိင္ငံ၏ ဘုရားဖူးခရီး စဥ္အတြင္း ပါဝင္ေသာ ပင္းတယ ေရႊဥမင္သဘာဝ လိုဏ္ဂူႏွင့္ ကံုလံုေက်ာင္းတည္ရွိရာေဒသျဖစ္၍ ဟို တယ္ႏွင့္ ခရီးသြား ဝင္ေငြအမ်ားဆံုးရွိရာေဒသ ျဖစ္ သည္။ ငွက္ေပ်ာေတာ ပန္းစကၠဴလုပ္ငန္း၊ ထီးလုပ္ ငန္းႏွင့္ ေအာ္ေယာအိုးလုပ္ငန္း နာမည္ႀကီးသည္။ ပင္းတယဝါးခေမာက္ လူသိမ်ားၾကသည္။ သစ္အယ္ ပင္ေက်းရြာ ယက္ကန္းလုပ္ငန္း လုပ္ကိုင္ၾကသည္။ ပင္းတယေစ်း၊ က်ဳံးေစ်း၊ ေအာင္ပန္းေစ်း၊ ေကာင္း ဘို႔ေစ်း/  ေပြးလွေစ်း၊ မိုင္းအင္ေစ်းမ်ားကို အဓိက အသံုးျပဳၾကသည္။

(ရြာငံၿမိဳ႕နယ္) ဓႏုေဒသအတြင္း ေကာ္ဖီ အမ်ားဆံုး စိုက္ပ်ဳိးထုတ္လုပ္ရာေဒသ ျဖစ္သည္။ ဓႏု နယ္ေျမအားလံုးအတြင္း ဓႏုလူဦးေရ ရာခိုင္ႏႈန္း အမ်ားဆံုးတည္ရွိရာေဒသျဖစ္သည္။ သစ္ေတာ ထူထပ္ရာေဒသလည္း ျဖစ္သည္။ လက္ဖက္၊ လိေမၼာ္၊ ဒညင္းသီး စိုက္ပ်ဳိးထုတ္လုပ္သည္။ ပန္းတိမ္ငိုပန္း အမ်ားဆံုး စိုက္ပ်ဳိးရာေဒသလည္း ျဖစ္သည္။ ေရွး အခါက သနပ္ဖက္မ်ားစြာ စိုက္ပ်ဳိးထုတ္လုပ္ခဲ့သည္။ စက္မႈလုပ္ငန္းႀကီးမ်ား မရွိဘဲ တစ္ႏိုင္တစ္ပိုင္ စိုက္ ပ်ဳိးေရးလုပ္ငန္းမ်ား အသက္ေမြးၾကသည္။ ဂ်ဳံ၊ ပဲ၊ ႏွမ္း၊ ဂ်င္း၊ ခရမ္း ခ်ဥ္ႏွင့္ ေဂၚဖီ၊ ပန္းမံုလာ အစရွိေသာ သီးႏွံမ်ား စိုက္ပ်ဳိး ထုတ္လုပ္သည္။ ၿမိဳင္ေစ်း၊ ထမင္း ေပါင္းေစ်း၊ ေရဦးေစ်း၊ ရြာငံေစ်း၊ ျမင္းက်ဒိုးေစ်းမ်ား ကို ငါးရက္တစ္ေစ်းျဖင့္ အဓိက အသံုးျပဳၾကသည္။

(ရပ္ေစာက္ၿမိဳ႕နယ္) ေျပာင္း အဓိက စိုက္ပ်ဳိး ၾကၿပီး ေျပာင္းအမ်ားဆံုးထြက္ရွိရာေဒသ ျဖစ္သည္။ ပူေႏြးသမ ရာသီဥတုရွိသျဖင့္ ယခုေနာက္ပိုင္း သရက္ အႀကီးအက်ယ္ စိုက္ပ်ဳိးထုတ္လုပ္လာခဲ့သည္။ ကုမၸဏီမ်ားက ေကာ္ဖီကို စနစ္တက် စိုက္ပ်ဳိးၾကသည္။ ငါးရက္တစ္ေစ်းအျဖစ္ ရပ္ေစာက္ေစ်း၊ ေဖာင္းေတာ ေစ်း၊ အလည္ေခ်ာင္ေစ်း၊ ေကာင္းဘို႔ေစ်း၊ ပင္ျဖစ္/ မိုင္းအင္ေစ်းမ်ားထိ အသံုးျပဳၾကၿပီး ကုန္စည္မ်ား ကူးသန္းေရာင္းဝယ္ ဖလွယ္ၾကသည္။

ရာသီပြဲမ်ား

ဓႏုတိုင္းရင္းသားမ်ားသည္ ရာႏႈန္းျပည့္ ဗုဒၶ ဘာသာဝင္မ်ား ျဖစ္သည္။ ျမန္မာတို႔ႏွင့္ ရာသီပြဲ ျပဳလုပ္ပံုမ်ား တူညီ ၾကသည္။ ထူးျခားလွသည္မွာ သႀကၤန္ႏွင့္ သီတင္းကြၽတ္ ဘုရားသြား ေက်ာင္းတက္ ဓေလ့ ၾကက္ပ်ံမက် စည္ကားျခင္းပင္ ျဖစ္သည္။ ႏွစ္ဆန္းတစ္ရက္ေန႔တြင္ရပ္/ေက်းအလိုက္ ႏွစ္သစ္ ကူး တရားနာယူမႈကို မျဖစ္မေန ေဆာင္ရြက္ၾကသည္။ ဘုန္းေတာ္ႀကီးေက်ာင္းတိုင္း၌လည္း စတုဒီသာအလွဴ ကို စုေပါင္းလုပ္ေဆာင္ လွဴဒါန္းၾကသည္။

သႀကၤန္အတက္ေန႔မွစတင္၍ ကဆုန္လျပည့္ေန႔ အထိ ဓႏုနယ္ပယ္တစ္ခြင္လံုး တာတက္ပြဲမ်ားကို က်င္းပသည္။ ၿမိဳ႕နယ္အသီးသီး၏ စာျပန္ပြဲမ်ားကို နယုန္လတြင္ က်င္းပၿပီး ရွမ္းျပည္နယ္လံုးဆိုင္ရာ စာျပန္ပြဲအထိ တက္လွန္းေျဖဆိုၾကသည္။ သီတင္း ကြၽတ္လျပည့္ေန႔တြင္ မီးထြန္းပြဲမ်ားသာမက မိမိတို႔ ေနအိမ္ၿခံဝင္းအတြင္း သမၺဳေဒၶစင္ထိုး ဘုရားပူေဇာ္ ဓေလ့ ထြန္းကားခဲ့သည္။ ျမတ္စြာဘုရားရွင္ေတာ္ကို မိမိတို႔ ၿခံထြက္သီးႏွံမ်ားႏွင့္ လွဴဖြယ္ဝတၴဳအစုစုတို႔ကို မိမိတို႔ေနအိမ္ ပရိဝုဏ္အတြင္း ဆုေတာင္းရည္မွန္း ပူေဇာ္ၾကျခင္းျဖစ္သည္။ တန္ေဆာင္မုန္းလျပည့္ေန႔ကို လည္း ‘သူခိုးႀကီးည’အျဖစ္ အေပ်ာ္သေဘာ က်င္းပ သည့္ဓေလ့ ရွိသည္။ နတ္ေတာ္လသည္ ေကာက္ ရိတ္သိမ္းသည့္ကာလျဖစ္၍ ေကာက္ဦးဆြမ္း ကပ္ပြဲ မ်ား က်င္းပၾကသည္။ တပို႔တြဲလသည္ အေအးလြန္ကဲ ေသာလျဖစ္သည္ႏွင့္အညီ သာသနာ့နယ္ေျမအတြင္း အေႏြးဓာတ္ရေစျခင္းအလို႔ငွာ ‘မီးေလွ်ာ္တိုင္’ ထြန္း ညိႇပူေဇာ္ျခင္းမ်ားကို က်င္းပျပဳလုပ္ၾကသည္။ မီးေလွ်ာ္ တိုင္ (ခ) မီးေဖာင္းတိုင္မ်ားကို နံ႔သာျဖဴ၊ နံ႔သာနီ၊ ထင္း႐ွဴးအပါအဝင္ အျခား အေမႊးနံ႔သာရရွိေစေသာ အသားမ်ားၿခံရံလ်က္ အလယ္တြင္ ဝါးတိုင္ထားကာ ၁၅ ေပမွ ၂၅ ေပအ အရွည္အထိ ဆင္ယင္ျပဳလုပ္ၾက သည္။
ဓႏုနယ္ပယ္အတြင္း ပင္းတယ တေပါင္းပြဲေတာ္ နာမည္ႀကီးလွသည္။   ျမန္မာႏိုင္ငံတစ္ဝန္းလံုးမွ အလည္အပတ္လာၾကသည္။ ဓႏုတစ္မ်ဳိးသားလံုး မျဖစ္မေနအေရာက္သြားၾကသည္။ ဓႏုကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရေဒသေပၚေပါက္လာၿပီး ေနာက္ပိုင္း တေပါင္း လျပည့္အဖိတ္ေန႔ကို ‘ဓႏုဆံုစည္းရာေန႔’အျဖစ္ သတ္ မွတ္ဆင္ႏႊဲလာၾကသည္။

႐ိုးရာေတးဂီတအႏုပညာ

ဓႏုအိုးစည္သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၈ဝဝ ခန္႔က တည္းက ဓႏုတိုင္းရင္းသားမ်ား အစဥ္အလာ ႀကီးမားစြာ တီးခတ္လာေသာ တူရိယာတစ္ခုျဖစ္သည္။ အနည္းဆံုး ၅ ဦး စုေပါင္းတီးခတ္မွသာ ၿမိဳင္ၿမိဳင္ဆိုင္ ဆိုင္ ရွိလွသည္။ ၾကားရသူ စိတ္ဘဝင္ၾကည္ႏူး တက္ ၾ<ြကလန္းဆန္းေစသည္။ ဓႏုအုိးစည္တိုဟုလည္း ေခၚဆို သည္။ တစ္ႏုိင္ငံလံုး ဓႏုအိုး စည္တိုကို မသိသူဟူ၍ မရွိေပ။ မည္သည့္ ပြဲလမ္းသဘင္ မဆို ဓႏုအိုးစည္ မပါမၿပီးျဖစ္သည္။ အိုးစည္ (၁)လံုး၊ ေမာင္း (၁)လံုး၊ လင္းကြင္း (၁)စံု၊ ဝါးလက္ခုပ္ (၂)ခု တီးခတ္ပါက ဓႏုတို႔၏ စိတ္ဓာတ္တက္ၾ<ြကမႈကို သိျမင္ႏုိင္ပါသည္။

ဓႏုအုိးစည္ကို ယမေနသား၊ ပိႏၷဲသား၊ လက္ပံ ဒီးဒုတ္ သား၊ သရက္သားတို႔ျဖင့္ ေရြးခ်ယ္ျပဳလုပ္သည္။ ထိုအသားမ်ားကသာ အသံေကာင္းမြန္စြာထြက္ေသာ ေၾကာင့္ ျဖစ္သည္။ အိုးစည္မ်က္ႏွာျပင္၏ သားေရ ကိုလည္း ေဒသခံႏြားထီးမ်ား ၏ သားေရမ်ားျဖင့္သာ အသံုးျပဳသည္။ မ်က္ႏွာျပင္သားေရ ေပၚ၌ ဖေယာင္းမဲ (ေခၚ) ေျမထဲတြင္ေနေသာ ပ်ားမွရရွိ သည့္ ဖေယာင္း ျဖင့္သာ ကပ္ရပါသည္။ ယင္းအခ်က္မ်ားႏွင့္ ျပည့္စံုပါ က အသံထြက္ေကာင္းမြန္ေသာ အုိးစည္တစ္လံုး ရရွိႏိုင္ေၾကာင္းလည္း သိရသည္။ အိုးစည္၏အရွည္မွာ အိုးစည္မ်က္ႏွာျပင္အခ်င္း၏ ၂.၅ ဆရွိသည္။ အိုးစည္ တစ္လံုး ထြင္းထုရန္အတြက္ လူ ၃ ဦးႏွင့္ စက္ အင္အား အပါအဝင္ အခ်ိန္တစ္ပတ္တိတိ ေပးရပါသည္။

အိုးစည္တစ္လံုး ဝယ္ယူပါက ေအာက္ပါအခ်က္ အလက္ မ်ားအတိုင္း လုပ္ေဆာင္ပါက လိုက္ဖက္ညီလွ သည့္ တူရိယာ တစ္စံုရရွိမည္ျဖစ္ေၾကာင္း ထပ္မံသိရွိရ  သည္။ အိုးစည္မ်က္ႏွာျပင္ အခ်င္း ၁၄ လက္မဝန္း က်င္ရွိပါက ေၾကးေမာင္း ၃ ပိႆာဝန္းက်င္၊ လင္း ကြင္းမွာ ၁၂ လက္မ (သို႔မဟုတ္) ၁၄ လက္မဝန္းက်င္ ရွိရပါမည္။ ဝါးလက္ခုပ္ ၃ ခုႏွင့္ ၿမိဳင္ဆိုင္စြာ တီးခတ္ ႏုိင္မည္ ျဖစ္သည္။

ဓႏုအိုးစည္တီးခတ္ပံုမ်ားမွာ – တာတက္ပြဲ အတီး၊ သိုင္းကအတီး (ႀကိဳးသိုင္း၊ ပန္းဖြားသိုင္း၊ လက္သုိင္း၊ တုတ္သိုင္း၊ မီးတုတ္သိုင္း)၊ ေအာင္ပြဲခံ အတီး၊ ပြဲစံအတီး၊ မီးဆူခံ အတီး၊ မီးလႊတ္ပြဲအတီး၊ ယာပုတ္အတီး၊ ေတာင္ယာသိုင္း အတီး၊ သာမန္ ကကြက္အတီး အမ်ဳိးမ်ဳိးရွိၾကပါသည္။ ဓႏု အိုးစည္ တီးကြက္ ႏွစ္မ်ဳိးရွိသည္။ လူႀကီး၊ လူငယ္၊ ေယာက်္ား၊ မိန္းမ ‘လက္ခ်ဳိး’ ကရေသာ အခ်ိန္တြင္ အိုးစည္ကို ခပ္ဆတ္ ဆတ္၊ ခပ္သြက္သြက္၊ အခ်က္က်က် တီး ခတ္ရသည္။ ေနာက္ တစ္မ်ဳိးမွာသိုင္းကြက္ျဖင့္ ကရ ေသာအခ်ိန္တြင္ အိုးစည္ကို ျဖည္းျဖည္းႏွင့္ မွန္မွန္ ညင္သာစြာတီးရသည္။

ဓႏုေဗ်ာလည္း ရွိပါေသးသည္။ အထူးသျဖင့္ ရြာငံၿမိဳ႕ နယ္၊ ေနာင္ခ်ဳိၿမိဳ႕နယ္ႏွင့္ ပင္းတယၿမိဳ႕နယ္ တို႔တြင္ေတြ႕ျမင္ႏိုင္ပါသည္။ ကုန္းေဘာင္ေခတ္ေႏွာင္း ပိုင္းကာလ ေငြခြန္မွဴးမ်ားအုပ္ခ်ဳပ္စဥ္ ရြာငံၿမိဳ႕နယ္ ေက်ာက္ပိစပ္ရြာ၌ တိုက္သူႀကီး ဦးညိဳအုန္းဦးေဆာင္၍ ႏွဲဆရာ ဦးၾကာတုတ္၊ ဦးၾကဳတ္တို႔ စုေပါင္းတီထြင္တီး ခတ္ခဲ့ရာမွ ဓႏုေဗ်ာ စတင္ေပၚေပါက္လာခဲ့သည္။ ယေန႔အခ်ိန္ထိ ရြာငံၿမိဳ႕နယ္၊ ပင္းတယၿမိဳ႕နယ္၊ ေနာင္ ခ်ဳိၿမိဳ႕နယ္မ်ားတြင္ အသံုးျပဳလ်က္ရွိသည္။ ဓႏုေဗ်ာ ဆိုသည္မွာ အလ်ားတစ္ေတာင္ လက္ေလးသစ္ခန္႔၊ ထိပ္ဝ အက်ယ္တစ္ေထာင္ လက္ႏွစ္သစ္ခန္႔ရွိ သစ္လံုး ျဖင့္ထြင္းထု ၍ ထိပ္ႏွစ္ဖက္ကို သားေရျဖင့္ က်က္ထား ေသာ ေဗ်ာ (ခ) ဗံုတိုကို ေခၚသည္။ ေဗ်ာငါးလံုး၊ ပလုတ္တုတ္ဗံု တစ္လံုး၊ လင္းကြင္းႀကီးတစ္စံု၊ ေမာင္း တစ္ခု ႏွဲႀကီးတစ္လက္တို႔ျဖင့္ တီးခတ္ရေသာ တူရိယာ ျဖစ္သည္။ အလွဴပြဲတိုင္းတြင္ ထည့္သြင္းတီးခတ္ၾက သည္။ ေရႊဘို မေခါက္ေဗ်ာ၊ စစ္ကိုင္းမိုးဇာေဗ်ာ အစရွိ ေသာ ေဗ်ာမ်ားႏွင့္ ဆင္တူသျဖင့္ ဓႏုေဗ်ာသည္ ျမန္မာ့ ႐ိုးရာယဥ္ေက်းမႈ အႏုပညာတစ္မ်ဳိးဟု ယူဆ မိပါသည္။

ဓႏုေမာင္းႀကီး ဆိုင္းတီးခတ္မႈလည္း ရွိပါေသး သည္။ ႏွစ္ေယာက္ထမ္းေမာင္းတစ္လံုး၊ စည္တို တစ္လံုး၊ လင္းခြင္းတစ္ခ်ပ္၊ ေမာင္းတစ္လံုးျဖင့္ တီး ခတ္ရေသာ တူရိယာျဖစ္ သည္။ ကေလာၿမိဳ႕နယ္ ေအာင္ပန္းေဒသေနရာတခ်ဳိ႕တြင္ ျမင္ေတြ႕ႏိုင္သည္။ ဘာသာေရးအခမ္းအနားမ်ားတြင္ ၿမိဳင္ဆိုင္စြာ တီးခတ္ ၾကေသာ ၾကည္ႏူးဖြယ္သံသာပင္ ျဖစ္သည္။

ပူေဇာ္ၾကသည္။ ကပ္လွဴထားေသာ ဘုရားပန္း မ်ား အၿမဲလန္းဆန္းေနေအာင္ ထားသည္။ ဆြမ္း၊ ေရခ်မ္းမ်ား ကိုလည္း ေန႔စဥ္ဆက္ကပ္လွဴဒါန္းရမွ စိတ္ခ်မ္းသာၾကသည္။ လာဘ္လာဘမ်ား ရႊင္လိမ့္မည္ ဟု ယံုၾကည္ၾကသည္။ အခါႀကီးေန႔ႀကီး ရက္ျမတ္မ်ား ဘုရားသြား ေက်ာင္းတက္ရာတြင္ မိမိတို႔ ရြာေက်ာင္း သာမက အျခားေက်ာင္းမ်ားအား ၁ဝ ရက္ ၁၅ ရက္ တိုင္တိုင္ လိုက္လံကန္ေတာ့ၾကေသာ ဓေလ့ ရွိၾက သည္။ ဝါတြင္း၊ လျပည့္၊ လကြယ္၊ ဥပုသ္ေန႔ႏွင့္ အခါ ႀကီး၊ ေန႔ႀကီး၊ ရက္ႀကီးမ်ားတြင္ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားသို႔ သြားေရာက္ကာ ရွစ္ပါးသီလ၊ ကိုးပါး သီလ ေဆာက္တည္ ဥပုသ္ေစာင့္ျခင္းဓေလ့မ်ား ေရွး အစဥ္အဆက္ကတည္းက ျပဳလုပ္ခဲ့ၾကသည္။

ရြာေစာင့္နတ္၊ ေျမေစာင့္နတ္၊ ေရေစာင့္နတ္၊ သာသနာ ေစာင့္နတ္မ်ားကို ကိုးကြယ္ပသၾကသည္။ ၃၇ မင္း နတ္ကိုးကြယ္မႈ မရွိပါ။ အိမ္တြင္းနတ္ ကိုး ကြယ္ျခင္းမရွိပါ။ နတ္ကနားေပးျခင္းလည္း မျပဳ လုပ္ၾကပါ။ နတ္ကျခင္းလည္း မရွိေသာ္ လည္း ရြာတိုင္း ရြာအဝင္တြင္ ရြာနတ္စင္ (ကိုးၿမိဳ႕ရွင္နန္း) မ်ားထား ရွိကာ ပူေဇာ္ပသပါသည္။ တစ္ႏွစ္ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ နတ္တက္ပြဲတြင္ ပန္း၊ ဆီမီး၊ စားဖြယ္၊ ေသာက္ဖြယ္ရာ မ်ားျဖင့္ တင္လွဴပူေဇာ္ျခင္းသာ ျပဳလုပ္ပါသည္။ တစ္ႏွစ္ပတ္လံုး ရြာအက်ဳိးၾကည့္႐ႈ ေစာင့္မေပးရန္ ေၾ<ြကထုတ္ခ် (ေၾ<ြကပစ္)ၿပီး နိမိတ္ ေကာက္ယူေသာ ဓေလ့ ရွိသည္။

သာသနာေတာ္ႏွင့္ ပတ္သက္ေသာ ပစၥည္းမ်ား ကို ဘုရားစင္ႏွင့္ ျမင့္ျမတ္ေသာေနရာတြင္ သီးသန္႔ ထားၾကသည္။ မိဘဆရာသမားမ်ား၏ လက္က်န္ ပစၥည္းမ်ားကိုလည္း အထြတ္အျမတ္ထားပါသည္။ ထိုသို႔ျပဳလုပ္ျခင္းျဖင့္ ေက်းဇူးဆပ္ရာေရာက္ၿပီး စီးပြားျဖစ္ထြန္းျခင္း၊ အႏၲရာယ္ ကင္းျခင္း၊ အက်ဳိး မ်ားရရွိႏိုင္သည္ဟု ယူဆၾကသည္။ ဘုရား ပစၥည္း၊ သံဃာပစၥည္း ယူသံုးမိပါက ဗုဒၶဂိုဏ္း၊ သံဃာဂိုဏ္း ခိုက္တတ္သည္ဟု ယူဆၾကပါသည္။

႐ိုးရာအယူအဆ

ယခုဘဝတြင္ ေကာင္းမြန္ေသာ အရာမ်ားျပဳလုပ္ ပါက ေနာင္ဘဝတြင္ လူ၊ နတ္ အစရွိေသာ ေကာင္း မြန္သည့္ အရာမ်ားျပန္ျဖစ္လိမ့္မည္ဟု အယူအဆ ရွိၾကသည္။ ကုသိုလ္ျပဳလွ်င္ ေကာင္းရာဘဝသို႔ ေရာက္ မည္။ မေကာင္းမႈျပဳလွ်င္ မေကာင္းေသာဘဝ ေရာက္ရွိ မည္ဟု အယူရွိၾကသည္။ စုန္းႏွင့္ပတ္သက္၍ ဝမ္းတြင္း ပါ စုန္းအတတ္တတ္ေသာ သူရွိသည္ဟု ယူဆသည္။ ကေဝႏွင့္ပတ္သက္၍ စုန္းအႀကီးစားျဖစ္သည္။ ေအာက္လမ္းပညာျဖင့္ ဖမ္းစားတတ္သည္။ လူကို ဖ်ားနာေစရန္ ဥပဒ္ေပးတတ္သည္။ ယေန႔အခ်ိန္ထိ သက္ဝင္ယံုၾကည္လ်က္ရွိေသးသည္။ သို႔ေသာ္ ရတနာသံုးပါး ဆည္းကပ္သူကို မည္သို႔မွ် မျပဳလုပ္ ႏိုင္ဟု ယူဆၾကသည္။

နတ္ႏွင့္ပတ္သက္၍ သမၼာေဒဝနတ္ႏွင့္ မိစၧာနတ္ ဟူ၍ ႏွစ္မ်ဳိးရွိေၾကာင္း ယူဆၿပီး ႏွစ္မ်ဳိးစလံုးကို အေလးထားၾကသည္။ ေၾကာက္တတ္ၾကသည္။ နတ္စင္၊ နတ္ကြန္းအနီးအပါး ဝန္းက်င္ရွိ သစ္ပင္ႀကီးမ်ား ဖံုးလႊမ္းေနျခင္းကို ၾကည့္ျခင္းအားျဖင့္ သိႏုိင္သည္။ နတ္စင္အေဟာင္းေနရာမ်ားကို သမိုင္းစင္ဆိုးဟု ေခၚ သည္။ မိမိတို႔ေနအိမ္ ဥ႐ုတိုင္ေထာင့္တြင္ သန္႔ရွင္းစြာ ထားၾကသည္။ ထမင္းအိုးေမႊသည့္ ေယာက္မအား မည္သည့္ေနရာမွ မတီးရ၊ မေခါက္ရ အယူအဆ ရွိ သည္။

အတိတ္နိမိတ္

ရြာအတြင္း ငွက္ဆိုးႏွင့္ က်ီးကန္းမ်ား ေအာ္ ျမည္လွ်င္ မေကာင္းဟု သတ္မွတ္ၾကသည္။ ဇီးကြက္ အိမ္ထဲဝင္လွ်င္ လာဘ္မ်ားသည္ဟု သတ္မွတ္သည္။ ပဒူ၊ ပ်ားစြဲျခင္း၊ ခလုတ္ တိုက္ျခင္း၊ အိမ္တြင္းပစၥည္းမ်ား က်ကြဲျခင္း၊ အခ်ိန္အခါမဟုတ္ တစ္ခုခုျဖစ္ျခင္းမ်ား အတိတ္နိမိတ္ ေကာက္ယူတတ္ၾကသည္။

အိပ္မက္ ျမင္မက္ျခင္း၊ အသားလႈပ္ျခင္းမ်ား ကိုလည္း ေကာင္းျခင္း၊ မေကာင္းျခင္းျဖင့္ ထင္ျခင္း အတိတ္ေကာက္ ယူတတ္ၾကသည္။ ရြာအဝင္လမ္းတြင္ ေပါက္ျပား၊ ထြန္ျခစ္၊ ထင္းတံုး၊ သစ္တိုသစ္စ အစရွိ သည္မ်ားကိုတြတ္ၿပီး ဆြဲမိပါက ရြာနာသည္ဟု ယူဆ ၾကသည္။

ရက္ေရြးခ်ယ္ျခင္းႏွင္႕ ေရွာင္ၾကဥ္ျခင္း

မည္သည့္အမႈကိစၥကိုမဆို ေဆာင္ရြက္ရာတြင္ ‘ရက္ရာဇာ’ကို ေရြးၿပီး ေဆာင္ရြက္တတ္ၾကသည္။ ခုနစ္ရက္ သားသမီးမ်ားအေနျဖင့္ မိမိတို႔၏ ေမြးရက္၊ ေမြးေန႔မ်ားကို ေရြးၿပီး ကုသိုလ္ေကာင္းမႈ ျပဳတတ္ၾက သည္။ ေန႔ထူး၊ ေန႔ျမတ္မ်ားတြင္ အကုသိုလ္အမႈကို ေရွာင္ၾကဥ္ၾကသည္။ ကုသိုလ္ျပဳျခင္း၊ အိမ္ေဆာက္ ျခင္း၊ ခရီးထြက္ျခင္း စေသာ ကိစၥမ်ား ေဆာင္ရြက္ပါက ျပႆဒါးရက္၊ ဝါရမိတၱဳရက္၊ ကမၻာရက္ၾကမ္းမ်ားကို ေရွာင္ၾကဥ္ၾကပါသည္။

အသုဘခ်ရာတြင္ နံနက္ေနထြက္ဆဲ၊ ေန႔လယ္ မြန္းတည့္၊ ေနဝင္ဆဲအခ်ိန္မ်ားတြင္ သၿဂႋဳဟ္ျခင္း ေရွာင္ ၾကဥ္ၾကသည္။ အေရွ႕ဘက္ ၆ ဦး၊ အေနာက္ ၄ ဦး ခရီးသြားျခင္း ေရွာင္ၾကဥ္ ၾကသည္။ နဂါးခံတြင္းဘက္ ဦးတည္၍ ခရီးသြားျခင္းကိုလည္း ေကာင္း၊ အိုးေျပာင္း၊ အိမ္ေျပာင္းျခင္းကိုလည္းေကာင္း  ေရွာင္ၾကဥ္ၾကသည္။ မိသားစုဝင္မ်ား တစ္ရက္တည္း၊ တစ္ခ်ိန္တည္း အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ ဆန္႔က်င္ဘက္ခရီးထြက္မႈ မ်ားကို ေရွာင္ၾကဥ္ၾကသည္။ ရပ္ရြာအတြင္း နာေရး (ရြာထမ္းပိုးက်ဳိး)ရွိပါက ခရီးမထြက္ၾကပါ။ အိမ္အတြင္း ေလခြၽန္ပါက လာဘ္ပိတ္သည္ဟု ယူဆၾကသည္။

က်မ္းက်ိန္ဆိုျခင္း၊ သစၥာျပဳျခင္း၊ အဓိ႒ာန္ျပဳျခင္း၊ ကတိကဝတ္ျပဳျခင္း

မမွန္မကန္ေျပာဆို၊ ျပဳလုပ္၊ အားထုတ္ပါက

‘က်မ္းစူးပါေစသား’ ဟု က်မ္းက်ိန္တတ္ၾကသည္။ ဤကိစၥမွန္ကန္ပါက ‘ေကာင္းက်ဳိးခ်မ္းသာမ်ား မုခ် ခံစားရပါေစသား’ဟု ဆုေတာင္းတတ္ၾကသည္။

ကုသိုလ္ေကာင္းမႈလုပ္ၿပီးတိုင္း ‘နိဗၺာန္ကို မ်က္ ေမွာက္ ျပဳရပါလို၏ဘုရား’ဟု သစၥာျပဳၾကသည္။ ေကာင္းမႈကုသိုလ္ ျပဳတိုင္းလည္း ‘ေတာင္းတဲ့ဆု ျပည့္ရပါေစ’ဟု အဓိ႒ာန္ျပဳၾကပါသည္။ ရပ္ရြာတိုး တက္ေအာင္ ေဆာင္ရြက္ရာတြင္ လည္းေကာင္း၊ အေရာင္းအဝယ္၊ ေငြေပးေငြယူ ျပဳလုပ္ရာ တြင္လည္း ေကာင္း ‘ကတိကဝတ္’မ်ားအတိုင္း ေဆာင္ရြက္ ၾကသည္မ်ား ရွိသည္။

ေဆြမ်ဳိးေတာ္စပ္မႈ

ေရွးအခါက တစ္ဝမ္းကြဲ၊ ႏွစ္ဝမ္းကြဲေမာင္ႏွမမ်ား လက္ထပ္ထိမ္းျမားျခင္း မရွိပါ။ ေဆြမ်ဳိးေတာ္စပ္လွ်င္ မယူၾကပါ။ သီးျခားသတ္မွတ္ထားျခင္းမရွိဘဲ ႐ိုးရာ အစဥ္အလာအရ မယူၾကျခင္းသာ ျဖစ္သည္။ ေဆြမ်ဳိး သားခ်င္း အိမ္ေထာင္ျပဳမိပါက အသက္ရွည္ေသာ္ လည္း ဘုန္းမႀကီး၊ ဘုန္းႀကီးေသာ္လည္း အသက္ မရွည္ဟု ယူဆၾကသည္။

အပ်ဳိ၊ လူပ်ဳိ ဆက္ဆံေရး

ေရွးအခါက အပ်ဳိလူပ်ဳိ ခ်စ္ေရးႀကိဳက္ေရးမ်ားကို မာယာ (မယ္ယာ) ႀကီးခ်င္းမ်ား ေရးဖြဲ႕စပ္ဆို၍ အသံုးျပဳခဲ့ ၾကသည္။ အပ်ဳိလွည့္လာေသာ လူပ်ဳိအား၊ ကြမ္း၊ ေဆး၊ လက္ဖက္တို႔ျဖင့္ ဧည့္ခံတတ္သည္။ မိဘေမာင္ႏွမမ်ားက အလိုက္သိစြာ ေရွာင္ေပးတတ္ ၾကသည္။ သေဘာၾကည္ျဖဴ မွသာ တစ္ဦးႏွင့္တစ္ဦး ေမတၱာမွ်ၿပီး ထိမ္းျမားျခင္းအမႈကို ေဆာင္ရြက္ၾက သည္။

ထိမ္းျမားျခင္းအမ်ဳိးမ်ဳိး

ႏွစ္ဖက္သေဘာတူညီပါက လူႀကီးစံုရာမ်ားႏွင့္ လက္ ဖက္စားေစၿပီး ေတာင္းရမ္းသမႈ ျပဳသည္။ မဂၤလာရက္ သတ္မွတ္သည္။ ရပ္ရြာလူႀကီးကို အပ္ႏွံၿပီး မဂၤလာပြဲ က်င္းပေစပါသည္။  မဂၤလာပြဲကို  အတူ လိုက္ပါမည့္ေနရာတြင္ ျပဳလုပ္သည္က မ်ားပါသည္။ အနေႏၲာအနႏၲငါးပါးကို ဦးထိပ္ပန္ဆင္ ဆြမ္းကပ္ၿပီး မွသာ မဂၤလာပြဲက်င္းပသည္။ သံဃာေတာ္မ်ားက ၾသဝါဒခ်ီးျမႇင့္သည္လည္း ရွိသည္။ ဘိသိက္ ဆရာမွ မဂၤလာစကား ခ်ီးျမႇင့္သည္လည္း ရွိပါသည္။ ၿမိဳ႕ လူတန္းစားမ်ားအတြက္ ခန္းမမ်ားတြင္သာ ေဆာင္ ရြက္ၾကသည္။ ေတာရြာကေလးမ်ားတြင္ ထိမ္းျမား မဂၤလာျပဳသည္ကို လက္ဖက္စားသည္ ေခၚေဝၚၾက သည္။

မဂၤလာပြဲတြင္ ေရႊႀကိဳး၊ ေငြႀကိဳးတားသည့္ အေလ့အထမ်ား၊ မဂၤလာခန္းကို ေသာ့ခတ္သည့္ အေလ့အထမ်ား၊ လူပ်ဳိအပ်ဳိေၾကးေတာင္းသည့္ အေလ့အထမ်ား၊ မဂၤလာ အထိမ္းအမွတ္အျဖစ္ ရြာ အတြက္ လွဴဒါန္းေပးသည့္ ဓေလ့မ်ား၊ မဂၤလာ ငွက္ေပ်ာအုပ္ကိုင္၍ ေဆြမ်ဳိးမိဘမ်ားအား လိုက္ လံကန္ေတာ့သည္ အေလ့အထမ်ား ရွိၾကသည္။ ရပ္ရြာ အတြင္းမွ ကန္ေတာ့ခံလူႀကီးမ်ားအား သီးသန္႔ဖိတ္ ၾကားၿပီး မဂၤလာပြဲေန႔တြင္ ဆုေတာင္းေမတၱာခံယူတဲ့ ဓေလ့မ်ားလည္း ရွိသည္။

အမည္ေပးကင္ပြန္းတပ္ျခင္း (ေအာင္ငဲလက္ေရေပးျခင္း)

ဓႏုတိုင္းရင္းသားမ်ားသည္ ေမြးကင္းစေယာက်္ား ေလးကို ေအာင္ငဲဟုလည္းေကာင္း၊ စကားေျပာတတ္စ အရြယ္ေရာက္လာပါက ေအာင္နီသငယ္ဟုလည္း ေကာင္း၊ အရြယ္ေရာက္လာပါက ေအာင္နီဟု လည္း ေကာင္းေခၚေလ့ရွိသည္။ ေမြးကင္းစ မိန္းကေလးကို မိငဲဟုလည္းေကာင္း၊ စကားေျပာတတ္စ အရြယ္ ေရာက္လာပါက မိနီသငယ္ဟု လည္းေကာင္း၊ အရြယ္ေရာက္လာပါက မိနီဟု ခ်စ္စႏိုးေခၚသည့္ အေလ့အထရွိၾကပါသည္။

အရြယ္ေရာက္လာပါက အဘိုးအဘြားကအစ၊ နားလည္သည့္ ဆရာသမား တြက္ခ်က္ကာ ရက္ရာဇာ ေရြးၿပီး နာမည္ေပးေလ့ရွိၾကသည္။ မိတ္သဂၤဟ ေဆြမ်ဳိးမိဘမ်ားအား ေကြၽးေမြးဧည့္ခံေပးသည္။ ၾ<ြကေရာက္လာသူမ်ားကလည္း ကေလးငယ္ကို လက္ဖြဲ႕ေပးၿပီး ဆုမြန္ေကာင္း ေတာင္းေပးၾကသည္။ ဓႏုတိုင္းရင္းသားမ်ားက ေအာင္ငဲေရေပးသည္ဟု တခ်ဳိ႕ေဒသမ်ား၌ ကေလးကင္ပြန္းစားသည္လည္း ေခၚၾကျပန္သည္။

လက္သည္ ဝမ္းဆြဲဆရာမကို ေက်းဇူးဆပ္သည့္ အေနျဖင့္ ကန္ေတာ့လက္ေရေပးသည့္ ဓေလ့ကို ကေလးကင္ပြန္းတပ္ျခင္းဟု ေခၚသည္။ လက္ေရ မေပးရေသးပါက ကေလးကို လက္သည္က ပိုင္သည္ ဟု အယူရွိၾကသည္။ မိခင္ႏွင့္ ကေလးက လက္သည္ အားကန္ေတာ့လက္ေရေပးၿပီးေသာအခါ လက္သည္ က ကေလးကို မိခင္လက္သို႔ အပ္ရ သည္။ လက္ေရေပး ျခင္းဟူသည္ လက္သည္၏ လက္အစံုကို တေရာ္ ကင္ပြန္းရည္မ်ားျဖင့္ ေဆးေပးျခင္းပင္ ျဖစ္သည္။

ရွင္ျပဳ၊ နားသ အလွဴမဂၤလာပြဲက်င္းပပံု

ဓႏုတိုင္းရင္းသားမ်ားသည္ ရာႏႈန္းျပည့္ ဗုဒၶ ဘာသာ ဝင္မ်ားျဖစ္သည့္အေလ်ာက္ သားေယာက်္ား ေမြးဖြားလာ ပါက ရွင္ျပဳရန္ အဓိကစဥ္းစားၾကသည္။ အသက္ ၁ဝ ႏွစ္ ေက်ာ္လာလွ်င္ မိမိတို႔ကိုးကြယ္ေသာ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၌ သကၤန္းေတာင္းမ်ား သင္ၾကားေပးရန္ ကန္ေတာ့ပြဲႏွင့္ သြားေရာက္အပ္ႏွံ ေလ့ရွိသည္။ ထို႔ေနာက္ အစဥ္အလာအရ ရပ္ရြာအႀကီး အကဲမ်ား အမ်ဳိးသား၊ အမ်ဳိးသမီးေခါင္းေဆာင္မ်ား အား မိမိေနအိမ္သို႔ ဖိတ္ၾကား၍ ႀကီးၾကပ္စီမံေပးရန္ တိုင္ပင္ၾကပါသည္။ ေဒသစကားအရ ‘ပြဲအပ္သည္’၊ ‘ပြဲတိုင္းသည္’ဟူ၍ ေခၚၾကသည္။ တစ္ဆက္တည္း ဆိုသလို ေန႔ေကာင္းရက္သာေရြးၿပီး က်င္းပျပဳလုပ္မည့္ ဘုန္းေတာ္ႀကီးေက်ာင္းသို႔ သြားေရာက္ေလွ်ာက္ထား ၾကပါသည္။

တစ္ဦးခ်င္းျပဳလုပ္ျခင္းထက္ အမ်ားႏွင့္ပူးေပါင္း ျပဳလုပ္ၾကသည္။ ေငြေၾကး အဆင္ေျပသူမ်ားက ပြဲဦးစီး အျဖစ္ က်င္းပၿပီး ေနာက္ပါ မိတ္ေဆြတစ္သင္းႏွင့္ ေပ်ာ္ရႊင္ခ်မ္းေျမ့စြာ က်င္းပၾကသည္။ တစ္ဦးခ်င္း ျပဳလုပ္ၾကသည္လည္း ရွိ၏။ အလွဴဝင္ရက္သည္ ပြဲႀကီး ရက္ဟူ၍ ႏွစ္ရက္က်င္းပသည္က မ်ား၏။ အလွဴ ဝင္ရက္သည္ ရွင္ေလာင္းလွည့္ရက္ျဖစ္ၿပီး ပြဲႀကီးရက္ သည္ ဧည့္ခံ၊ တရားနာရက္ ျဖစ္သည္။ ၿမိဳ႕ေတာ္ ဝင္ရက္ႏွင့္ ေက်ာင္းေတာ္ဝင္ရက္ ဟူ၍လည္း ေခၚၾက ေသးသည္။ သားေယာက်္ားရွင္မ်ား ေပ်ာ္ရႊင္ၾကည္ႏူးမႈ အျပည့္ရရွိေသာ အလွဴဒါနတစ္ခုလည္း ျဖစ္သည္။ သမီးရွိပါကလည္း နားထြင္းမဂၤလာကို ပူးတြဲက်င္းပ ၾကသည္။ အလွဴပြဲျပဳလုပ္ရာသို႔လည္း တစ္ရပ္လံုး၊ တစ္ရြာ လံုး ပူးေပါင္းကူညီၾကၿပီး က်ရာအခန္းက႑မွ တာဝန္ေက်ပြန္စြာ ေဆာင္ရြက္ေပးၾကသည္။

တစ္သက္တစ္ႀကိမ္ ေပ်ာ္ရႊင္ၾကည္ႏူးမဂၤလာယူ ခ်ိန္ျဖစ္၍ အထူးဂ႐ုတစိုက္ ျပင္ဆင္ၾကသည္။ မလို လားအပ္ေသာ အတိုက္အခိုက္ အေႏွာင့္အယွက္၊ အႏၲရာယ္ကင္းေစရန္အတြက္လည္း ႀကိဳတင္ဆု ေတာင္းၾကသည္။ ထို႔ေၾကာင့္ ၿမိဳ႕ေစာင့္နတ္၊ ေတာ ေစာင့္နတ္၊ ရြာေစာင့္နတ္ အစရွိေသာ မျမင္ႏုိင္သည့္ အရာမ်ားကို တိုင္တည္ပူေဇာ္ပသၾကသည္။ ဆရာ သမားမ်ားအား ပင့္ဖိတ္ၿပီး သာသနာပြဲ၊ ရွင္ဥပဂုတၱပြဲ၊ နတ္ပြဲမ်ား အလွဴဝင္ရက္မတိုင္မီကတည္းက ဆုေတာင္း ေမတၱာပို႔ပသၾကသည္။ အလွဴပြဲႀကီးျဖစ္ပါက သာသနာ ပြဲ၊ ဘုရားပြဲ၊ သံဃာပြဲ၊ နယ္ရွင္ပြဲ၊ ဆရာပြဲဟူ၍ ပူေဇာ္ၾက ၿပီး ပြဲငယ္ျဖစ္ပါက သာသနာပြဲ၊ ဘုရားပြဲ၊ နယ္ရွင္ပြဲဟူ၍ အားလံုး ၿခံဳကာ သံုးပြဲ တင္ေျမာက္ပသေသာ ဓေလ့ ရွိသည္။ အစားအေသာက္မ်ား အႏၲရာယ္ကင္းေစရန္ အတြက္ မီးဖိုပြဲကိုလည္း ဖ်င္ျဖဴစေထာင္ကာ ပြဲေပး ျခင္းမ်ားလည္း ျပဳလုပ္ၾကသည္။ ပြဲမ်ားကိုလည္း အုန္း၊ ငွက္ေပ်ာ၊ ကြမ္း၊ ေဆး၊ လက္ ဖက္၊ ဖေယာင္းတိုင္၊ ေပါက္ေပါက္မ်ား၊ သစ္သီးမ်ားျဖင့္ အလွတန္ဆာ ဆင္ကာ ျပဳလုပ္ၾကသည္။

အလွဴဝင္ရက္ (အလွဴစံရက္)တြင္ သာသနာ့ အလံကိုင္မွ ဦးေဆာင္ဦးရြက္ျပဳၿပီးေနာက္တြင္ ဓႏု ေဗ်ာဝိုင္း၊ သက္ႀကီး ရြယ္အိုမ်ား၏ ထီး၊ တံခြန္၊ ကုကၠား၊ မုေလးပြားကိုင္သူ ငါးဦး၊ ပရိတ္အိုးရြက္သူ၊ ကြမ္းေတာင္ကိုင္၊ ပန္းေတာင္ကိုင္၊ ေဒါင္းၿမီးကိုင္ အဖြဲ႕မ်ား၊ ရွင္ဒါယကာ+ရွင္ဒါယိကာမမ်ား၊ နတ္ျမင္း ႏွစ္ေကာင္၊ ေပါက္ေပါက္ပက္ လွပ်ဳိျဖဴမ်ား တန္းစီ လ်က္ ၿမိဳ႕တြင္း၊ ရြာတြင္းလွည့္လည္ၿပီး ရွင္ေလာင္း မ်ားကို ရပ္ရြာ၏ ဘိုးေတာ္နတ္စင္၊ မယ္ေတာ္နတ္စင္ အထိ သြားေရာက္ နတ္ျပၾကသည္။

ရွင္ျပဳ၊ နားသမဂၤလာကို ကေလးမ်ား စာသင္ ေက်ာင္း ပိတ္ခ်ိန္မွစတင္၍ ေက်ာင္းျပန္မဖြင့္မီ ေမလ အထိ က်င္းပၾကသည္။ ေငြေၾကးျပည့္စံုသူမ်ားအေနျဖင့္ အလွဴပုံကို ခ်ဲ႕ထြင္က်င္းပၾကသည္။ ဆင္စီးျမင္းရံ က်င္းပၾကသည္။ ပုဂံ ဝင္း၊ ရတနာပံုဝင္း၊ ရာဇာဝင္း၊ ေဒဝါဝင္း အသီးသီးျဖင့္ ထည့္သြင္းၾကသည္။ တိုင္းရင္း သားတူညီဝတ္စံုမ်ားျဖင့္လည္း လွည့္လည္ၾကသည္။ ေက်ာင္းေတာ္သို႔ေရာက္ေသာ္ ဆရာေတာ္ေရွ႕ေမွာက္ ဧည့္ပရိသတ္မ်ားႏွင့္အတူကန္ေတာ့ၾကသည္။ သကၤန္း ေတာင္းၿပီး ဆရာေတာ္က ခြင့္ျပဳသျဖင့္ သကၤန္းစည္း ေပးသည္။ ပရိတ္တရားေတာ္နာယူ ေရစက္ခ် အမွ်ေပး ေဝၿပီး ရွင္သာမေဏအျဖစ္ ေရာက္ရွိပါေတာ့သည္။ အလွဴပြဲတြင္ လာေရာက္လုပ္ကိုင္သူ အစုအဖြဲ႕အလိုက္ မီးဆူခံျခင္း၊ ကင္းဆီးျခင္းဓေလ့လည္း ရွိသည္။ ေနာက္ တစ္ေန႔တြင္ ေအာင္ပြဲအျဖစ္ က်င္းပၾကၿပီး သံဃာေတာ္ မ်ားကို ေအာင္ဆြမ္းအျဖစ္ ဆက္ကပ္လွဴဒါန္းၾက သည့္ဓေလ့ ရွိပါသည္။

အေမြခြဲေဝပံု

ဓႏုတိုင္းရင္းသားမ်ားသည္ မိဘႏွင့္ သားသမီး၊ ေဆြမ်ဳိးသားခ်င္း အေမြဆက္ခံျခင္းႏွင့္ ပတ္သက္၍ ျမန္မာကဲ့သို႔ပင္ အႀကီးအငယ္ မခြဲျခားဘဲ တန္းတူ ရည္တူ ခြဲေဝ ဆက္ဆံခြင့္ရွိသည္။ ကိတိၱမသား၊ သမီးတို႔ သည္လည္း တန္းတူဆက္ခံပိုင္ခြင့္ရွိသည္။ မိဘမ်ား မကြယ္လြန္မီ အေမြ ခြဲေဝေပးခဲ့ပါကလည္း သားသမီး မ်ားက သေဘာတူလက္ခံေသာ အစဥ္အလာရွိသည္။

မိဘကြယ္လြန္ၿပီးပါကလည္း ခ်ဳိ႕တဲ့ေသာ ေမာင္ ႏွမမ်ားကို ဦးစားေပး ခြဲေဝၾကသည္။ ၾကည္ျဖဴသည္ ကိုလည္း ေတြ႕ရွိရသည္။ မိဘကြယ္လြန္ၿပီး အိမ္ေထာင္ မျပဳရေသး သူမ်ားရွိပါက ထိုသူမ်ား အိမ္ႏွင့္ အိမ္တြင္း ပစၥည္းမ်ားရရွိေၾကာင္း ေလ့လာေတြ႕ရွိရသည္။ မိသားစုအတြင္း ေျပလည္ၾကသည္က မ်ား၏။ အနည္းစု သာ ျပႆနာရွိၾကသည္။ အိမ္ေထာင္သည္မ်ားအတြက္ လင္ေသလွ်င္ မယားရ၊ မယားေသလွ်င္ လင္ရ ထံုးစံ ရွိေသာ္လည္း ငယ္ေပါင္းမဟုတ္ဘဲ ႀကီးေပါင္းျဖစ္ပါက သားသမီးပါလာခဲ့လွ်င္ သက္ဆိုင္ေသာ အေမြမ်ားအား ခြဲေဝေပးေလ့ရွိသည္။ လင္ေသလွ်င္ မယားစားရေသာ ထံုးစံရွိ၍ မယားဘက္မွ အေမြဆက္ခံသူမရွိခဲ့လွ်င္ လင္ေယာက်္ားဘက္မွ အေမြဆက္ခံႏုိင္သူမ်ားကို အေမြျပန္ေပးေလ့ရွိသည္။

လက္ဝတ္တန္ဆာမ်ား

အမ်ဳိးသားမ်ား ေရႊၾကယ္သီး (ေခြၽးခံၾကယ္သီး) ေရႊႀကိဳးပါ၊ ေရႊလည္ဆြဲ၊ ေရႊနားပန္၊ ေရႊလက္စြပ္၊ ေရႊ ေမွ်ာ့ ဝန္းလက္ေကာက္၊ ေဘာ္ေမွ်ာ့ဝန္း လက္ေကာက္ ဝတ္ဆင္ၾကသည္။ တခ်ဳိ႕ ဝတ္ဆင္ေနၾကဆဲရွိသည္။ အမ်ဳိးသမီးမ်ားမွာ ေရႊရင္ထိုး၊ ေရႊနားေတာင္း၊ ေရႊ လည္တံု၊ ေရႊဒဂၤါးျပား ဆြဲႀကိဳး (ေရႊဆြဲဆက္ႀကိဳး)၊ လက္ေကာက္၊ ေရႊေျခခ်င္း၊ ေရႊလက္စြပ္၊ ေရႊေခါင္းဖီး၊ ေရႊဆံထိုး၊ ဖက္လိပ္ နားေတာင္းမ်ား ဝတ္ဆင္ၾက သည္။ အဖိုးတန္ေက်ာက္မ်က္ရတနာမ်ားျဖင့္လည္း တန္ဆာဆင္ ဝတ္ဆင္ၾကသည္။

ရတနာပစၥည္းမ်ားကို မိဘမ်ားက သားသမီး မ်ားက ေဘးအႏၲရာယ္ႏွင့္ အနာေရာဂါ ကင္းစင္ ပေပ်ာက္ေစရန္ ရည္ရြယ္ၿပီး ငယ္စဥ္ကတည္းက ဆင္ျမန္းေပးၾကသည္။ အဆိုပါ လက္ဝတ္ရတနာပစၥည္း မ်ားကို ေဘာ္ဖလား၊ ယြန္းအစ္မ်ားျဖင့္ထည့္၍ ဆုေတာင္းကာ ဝတ္ဆင္ေပးၾကသည္။ တစ္နည္းအား ျဖင့္ ခမဲေပးသည္ဟုလည္း ေခၚသည္။ ကေလးတစ္ ႏွစ္သား (အခါလည္)တြင္ ေရႊေမာင္း၊ ေရႊလက္ဖြဲ႕ႀကိဳး မ်ားကိုလည္း ေရာဂါကင္းစင္ရန္ ရည္ရြယ္၍ ဝတ္ဆင္ ေပးသည့္ ဓေလ့ရွိသည္။

အသုဘဆိုင္ရာဓေလ့မ်ား

ရြာ၏ ဘုမိၼအရပ္တြင္ သခ်ဳႌင္းထားၾကသည္။ လူတစ္ေယာက္ေသဆံုးပါက ေရခ်ဳိး အဝတ္အစား လဲလွယ္ေပးၿပီး သံဃာေတာ္တစ္ပါး ဦးစြာ ပင့္ဖိတ္ကာ မိသားစုဧည့္သည္ အခ်ဳိ႕ႏွင့္ သက္ေပ်ာက္တရား ဦးစြာ နာၾကားသည္။ ၿပီးမွ အသုဘ႐ုပ္အေလာင္း ထားရွိမည္ ေနရာအား တင့္တယ္ေအာင္ ျပင္ဆင္ၾကသည္။ ရြာထဲ တြင္ နာေရးရွိပါက ႏို႔စို႔ ကေလးမ်ား အျပင္ထြက္လာက တံေတြးဆြတ္ၿပီး ဖေနာင့္ျဖင့္တို႔ကာ ကေလး၏နဖူး ထိပ္တို႔ေပးသည္ (ဖေနာင့္စာေပးသည္ဟု ေခၚၾက၏) တစ္ဦးေသဆံုးပါက တစ္ရြာလံုး ပ်ံ႕ႏွံ႔သိသြားၾကသည္။ ဖိတ္ၾကားစရာမလိုဘဲ အနီးအနား ရြာမ်ားကပါ သိရွိၾကသည္။ အသုဘ႐ႈလာၾကသည္။ အကူ ေငြမ်ား ထည့္ဝင္ေပးၾကသည္။ ေသြးေသာက္ဝတ္ (ကတိ ကဝတ္)ထည့္သည္ဟု ေျပာၾက၏။ ေသဆံုးသူအေလာင္း အား သံုးရက္ထားေလ့ရွိၿပီး ရပ္ေဝးေဆြမ်ဳိးမ်ားရွိပါက စံုညီစြာေရာက္သည္အထိ ထားၾကသည္။ အခါႀကီး၊ ေန႔ႀကီးဟု သတ္မွတ္ထားသည့္ရက္မ်ားႏွင့္ လကြယ္ ေန႔ေသဆံုးပါက အေလာင္းကို ရက္မကူးဘဲ သၿဂႋဳဟ္ ေလ့ရွိသည္။ လမကူးေစခ်င္ေသာ အယူေၾကာင့္ ျဖစ္သည္။ အစိမ္းေသျဖစ္ပါက ရြာအျပင္တြင္ ထားရွိ သည္။

အသုဘခ်ရာတြင္ နံနက္ေနထြက္ဆဲအခ်ိန္၊ ေနမြန္းတည့္အခ်ိန္ႏွင့္ ေနဝင္ဆဲအခ်ိန္တို႔တြင္ သၿဂႋဳဟ္ ျခင္းမျပဳပါ။ အသုဘ႐ႈေစာင့္ၾကည့္ရန္အတြက္ ဝါသနာ ပါသူတခ်ဳိ႕က ဖဲကစားရင္း ေစာင့္ေပးၾကသည္။ အနံ႔ အသက္ကင္းေစရန္အတြက္ ေက်ာက္ဖ႐ံုသီး အေပါက္ မ်ားေဖာက္ၿပီး အေလာင္းအနီးအနားတြင္ ထားေပး သည္။ မေကာင္းေသာအနံ႔အသက္မ်ားကို ေက်ာက္ဖ ႐ံုသီးက စုပ္ယူျခင္းေၾကာင့္ ျဖစ္သည္။ ဘဝကူးေကာင္း ရန္အတြက္ ေငြမတ္ေစ့မ်ား ပါးစပ္အတြင္း ထည့္ေပး သည္။ ေျခမႏွစ္ဖက္ကို ႀကိဳးခ်ည္ေပးၾကသည္။ ေရွးေရွး တုန္းက ‘အပ’ဝင္သည့္ ကိစၥမ်ားရွိခဲ့သျဖင့္ ေသသူကို ခ်ဳပ္ေပးျခင္းသေဘာႏွင့္ ေျခမႀကိဳး ခ်ည္ေပးျခင္းျဖစ္ သည္။ တခ်ဳိ႕ရြာမ်ား၌ ငွက္ေပ်ာတံုးမ်ားနဲ႔ အေလာင္း စင္တင္ ကုတင္မ်ားလည္း ယေန႔တိုင္ျပဳလုပ္ဆဲ ျဖစ္ သည္။ ရပ္/ ေက်းတစ္ခုအတြင္း အသုဘႏွစ္ေလာင္း ႀကံဳပါက ေနာက္မွ ေသသူကို ဦးစြာ သၿဂႋဳဟ္ရသည္။

႐ုပ္အေလာင္းသၿဂႋဳဟ္သည့္ေန႔   အိမ္အျပင္ မေရာက္မီ မိသားစုဝင္အားလံုးကို အသက္ႀကီးသူက လိပ္ျပာခြဲေပးသည့္ဓေလ့ ရွိသည္။ ေသသူႏွင့္ က်န္ရစ္သူ မိသားစု လံုးဝ မသက္ဆိုင္ေတာ့ေၾကာင္း အသိအမွတ္ ျပဳေပးျခင္း ျဖစ္သည္။ ရပ္ရြာ၏ ဘုရားဒကာ၊ ေက်ာင္း ဒကာ၊ ထင္ေပၚေက်ာ္ၾကား သူ၊ သက္ႀကီးရြယ္အိုမ်ား ကြယ္လြန္ပါက လွည္းယာဥ္ ျပႆာဒ္၊ ေရႊထီးမ်ားျဖင့္ ခမ္းနားစြာ သၿဂႋဳဟ္ေပးျခင္းလည္း ရွိသည္။

သၿဂႋဳဟ္မည့္ေန႔ရက္ အခ်ိန္ေရာက္ပါက ေသသူ အတြက္ ျပဳလုပ္ထားေပးေသာ ေလွကားငယ္ျဖင့္ ဆင္းႏိုင္ေအာင္ စီစဥ္ၾက၏။ အေခါင္းမလုပ္ႏိုင္သူမ်ား အတြက္ ဖ်ာလိပ္ပတ္ ႀကိဳးခ်ည္ကာ သုႆန္သို႔ ပို႔ ေဆာင္၏။ ယခုေနာက္ပိုင္း အရပ္ကဝိုင္းကူသျဖင့္ မရွိသေလာက္ျဖစ္သြား၏။ အိမ္ျပင္ပ ေရာက္ပါက ျပာျဖဴးေရအိုးခြဲၾက၏။ ကုလားဖ်င္းအား စတိ ဖ်က္ၾက ၏။ သုႆန္ဇရပ္တြင္ ပင့္ဖိတ္ထားေသာ သံဃာေတာ္ မ်ားအား ေသဆံုးသူအတြက္ ဘဝကူးေကာင္းမြန္ေစရန္ ငါးပါးသီလခံယူ၊ သရဏဂံုတင္ အလွဴေရစက္ခ် တရား နာယူၿပီးမွ အေလာင္းအား ေျမတြင္းထဲ ျမႇဳပ္ႏွံၾက၏။ ေသသူ၏ အဝတ္မ်ားကို ဓားျဖင့္ခြဲ၍ ေဘးတေစာင္း ထား ျမႇဳပ္ႏွံသည္။  ေျမတြင္းေရွ႕တြင္  ဦးေခါင္းျဖင့္  ‘အနိစၥ ဒုကၡ အနတၱ’ သံုးႀကိမ္ရြတ္ဆို ဦးတိုက္ၿပီးမွ အေခါင္းအား ေျမတြင္းထဲခ်၏။ အေခါင္းေပၚတြင္ ေျမမဖံုးမီ ႀကိဳးတစ္ေခ်ာင္းတင္ကာ ေျမျမဳပ္၏။ ေျမျမဳပ္ ၿပီးမွ ယင္းႀကိဳးအား ေနာက္ျပန္ဆြဲတဲ့ဓေလ့ ရွိၾက၏။ ေသဆံုးသူအတြက္ ေလ႐ွဴေပါက္ေပးျခင္း ျဖစ္၏။ အခ်ဳိ႕က အေခါင္းကို စတိသေဘာ ဓားျဖင့္ သံုးခ်က္ ေဖာက္ေပးၾက၏။ လိုက္ပါပို႔ေဆာင္သူမ်ားက အသုဘ အိမ္တြင္ ေျခလက္မ်ားကို တေရာ္ကင္ပြန္းရည္ျဖင့္ ေဆးၿပီးမွသာ မိမိေနအိမ္သို႔ ျပန္ၾကပါသည္။

ဓႏုၿမိဳ႕နယ္ ၅ ၿမိဳ႕နယ္ရွိရာ ‘တစ္ေက်ာင္း တစ္ဂါထာ တစ္ရြာတစ္ပုဒ္ဆန္း’ တခ်ဳိ႕ အနည္းငယ္ ကြဲလြဲၾက၏။ တခ်ဳိ႕ အယူသီးလြန္းေသာ ကိစၥမ်ားလည္း ရွိၾက၏။ ယေန႔ တိုးတက္ လာေသာ ေခတ္စနစ္ေၾကာင့္ မီးသၿဂႋဳဟ္စက္မ်ား၊ လူေသအေလာင္း ေရခဲေသတၱာ မ်ား၊ အေလာင္းတင္နိဗၺာန္ယာဥ္မ်ား ရွိလာမႈေၾကာင့္ တခ်ဳိ႕ ေျပာင္းလဲလာေသာ္လည္း အယူသီးမႈမ်ားစြာကို မစြန္႔လႊတ္ရဲ ရွိေနၾကေသးသည္။

သၿဂႋဳဟ္ၿပီး ရက္လည္ဆြမ္းကို ရက္သတၱပတ္ တစ္ပတ္ အတြင္း ျပဳလုပ္ၾကသည္။ ကြယ္လြန္သူကို ရည္စူးျပဳလုပ္ေသာ အလွဴဒါနျဖစ္၍ ဆြမ္းမကပ္မီ အႀကိဳညေနကတည္းက သုႆန္သို႔သြားေရာက္ၿပီး သစ္ကိုင္းတစ္ခုခုကို ခ်ဳိးကာ သြားေရာက္ဖိတ္ေခၚပါ သည္။ ဘုရားခန္းေရွ႕ေဘးေနရာတြင္ ဖိတ္ေခၚထား ေသာ ဝိညာဥ္အား အိပ္ရာခင္း၊ ေခါင္းအံုး၊ ေစာင္တို႔ ျဖင့္ ေသခ်ာစီစဥ္ေပးထားရသည္။ မနက္ သံဃာေတာ္ မ်ား ေရာက္လာခ်ိန္ ရက္လည္ဆြမ္းသြတ္ တရားေတာ္ နာယူၿပီး ေရစက္ခ် အမွ်ေပးေဝျခင္းျဖင့္ ေကာင္း မြန္ရာ ဘံုဘဝသို႔ ေရာက္ေစရန္ ျပဳလုပ္ေပးၾကသည္။ ၿပီးစီး ပါက သစ္ကိုင္းအား သုႆန္သို႔ ျပန္လည္ပို႔ေပးၾက သည္။

ေရစက္ခ်ေရ၊ အစားအစာမ်ားကို သခ်ဳႋင္းဝန္း က်င္ ပက္ႀကဲေပးၿပီး ကုသိုလ္အမွ်ေဝပါသည္။ ဤ ဓေလ့ကို ယေန႔တိုင္ျပဳလုပ္ဆဲ ျဖစ္သည္။ ယေန႔အခ်ိန္ ကိစၥတစ္ခုအား ျမန္ျမန္ၿပီးေျမာက္ေစရန္ ရက္လည္ ဆြမ္းသြတ္ကို သၿဂႋဳဟ္သည့္ေန႔ (သို႔မဟုတ္) သၿဂႋဳဟ္ ၿပီး ေနာက္တစ္ေန႔တြင္ အၿပီး လုပ္ၾကသည္က မ်ားပါ ၏။ တခ်ဳိ႕ေဒသမ်ားတြင္ လႏွင့္ခ်ီ ၾကာၿပီးမွ ရက္လည္ ဆြမ္းသြတ္သည္မ်ားလည္း ရွိၾက၏။ အသုဘအခမ္း အနားကို ‘ေရွ႕ကိစၥ’ဟုေခၚၿပီး ဆြမ္းသြတ္ျခင္းကို

‘ေနာက္ကိစၥ’ဟု ေဒသသားမ်ားက ေခၚဆိုၾကပါသည္။

မိမိတို႔ကိုးကြယ္ေသာ ေက်ာင္းထိုင္ဆရာေတာ္ ႀကီးမ်ား၊ သက္ေတာ္ႀကီး၊ ဝါေတာ္ႀကီး၊ ပညာတတ္ ဦးပဥၨင္းမ်ား ပ်ံလြန္ေတာ္မူပါက အႏၲိမစ်ာပန အခမ္း အနားကို ႀကီးက်ယ္ ခမ္းနားစြာ က်င္းပေလ့ရွိသည္။ ေရွးအခါက မည္သည့္အခ်ိန္ ၌ ပ်ံလြန္ေတာ္မူသည္ျဖစ္ ေစ ေတာင္ယာလုပ္ငန္းခြင္ အားလပ္ခ်ိန္ျဖစ္ေသာ ျပာသို၊ တပို႔တြဲလမ်ား၌သာ အႏၲိမစ်ာပနပြဲ က်င္းပ ႏိုင္ရန္ ‘နိဗၺာန္ေက်ာင္းခ်ပြဲ’ကို ႀကိဳတင္၍ ျပဳလုပ္ၾက သည္။ ထို႔ေၾကာင့္ ဆရာေတာ္မ်ား ပ်ံလြန္ေတာ္မူပါက ပြဲေတာ္ရက္ ၾကာျမင့္ၾကေလသည္။

ယခုေနာက္ပိုင္းမွသာ ရက္သိပ္မထားေတာ့ေပ။ ဆရာ ေတာ္ ႐ုပ္ကလာပ္ထားရွိရာ နိဗၺာန္ေက်ာင္းေတာ္ ကိုလည္း ခမ္းနားစြာ စီမံဆင္ယင္ၾကသည္။ မီးသၿဂႋဳဟ္ ေန႔တြင္ လွည္းယာဥ္ကရဝိတ္အား တပည့္ဒါယကာ၊ ဒါယိကာမမ်ားက ႀကိဳးျဖင့္ဆြဲ၍ ‘လုပ္တိုင္း’ (ဘုန္းႀကီး သခ်ဳႋင္း)သို႔ သယ္ေဆာင္ၾကသည္။ မီးသၿဂႋဳဟ္ၿပီး အ႐ိုးေကာက္ကာ ရပ္ရြာ၏ သီရိေျမေနရာတြင္ ဂူဗိမာန္ တည္ေပးၾကသည္။

အသံုးအေဆာင္မ်ား

ဘုရားဆြမ္းေတာ္အုပ္၊ ဘုရားပန္းအိုး၊ ကြမ္းအစ္ မ်ားကို ေရွးအခါက ေဘာ္၊ ေငြပစၥည္းမ်ားျဖင့္ ျပဳလုပ္၍ အသံုး ျပဳၾကသည္။ အေျခခံလူတန္းစားမ်ားက ေျမ ထည္၊ ေၾ<ြကထည္ ပစၥည္းမ်ားျဖင့္ မီးဖိုေခ်ာင္သံုးပစၥည္း အသံုးျပဳၾကသည္။ တစ္ေပခန္႔အျမင့္ရွိ၍ ထမင္းစားရန္ အသံုးျပဳေသာ ယြန္းထည္ေဒါင္းလန္းကို အသံုးျပဳ ၾကသည္။ ဇေကာ (ဆန္ေကာ)၊ ဇကာ (ဆန္ခါ)၊ ယမား (စပါးေလွ႔ရန္)၊ တံစဥ္၊ စလယ္ေတာင္း၊ ျပည္ေတာင္း၊ ခြဲေတာင္း၊ တင္းေတာင္း၊ ဖ်ာအၾကမ္း၊ အေခ်ာမ်ား အသံုးျပဳၾကသည္။ လွ်ပ္စစ္မီးမရမီက ဖေယာင္းတိုင္၊ ေရနံဆီမီးခြက္မ်ား အသံုးျပဳၾကသည္။

ဓားရွည္၊ ဓားမ၊ ဓားမရွည္၊ လွံရွည္၊ ဒူးေလး၊ ဝါးကိုင္း ေလာက္ေလး၊ ပုဆိန္၊ ရဲတင္း၊ တူရႊင္း၊ တန္းေစာင္၊ ေပါင္း ထိုး၊ စူးေဆာက္၊ ေပါက္ျပား၊ ဖတီ (ခ) ျမက္ရမ္းဓားမေကာက္၊ ထြန္တံုး၊ ထြန္တံ၊ ထြန္ျခစ္၊ ထယ္သြား၊ တလိမ့္ တံုး၊ ကြၽဲ၊ ႏြား၊ ဓားမကုတ္မ်ား အသံုးျပဳၾကသည္။

ဝါးဘူး၊ ဝါးေရမႈတ္၊ ဝါးေယာင္းမ၊ သစ္သားဆံု အပါ အဝင္ ဝါးျဖင့္ျပဳလုပ္ထားေသာ ပစၥည္းမ်ား အသံုးျပဳၾကသည္။

လက္မႈပညာ

လက္ယာသံုး၊ အိမ္တြင္းသံုးပစၥည္းအမ်ားစုကို မိမိ ေဒသအတြင္း ပိုင္ႏုိင္စြာ ျပဳလုပ္ၾကသည္။ အျခား ေဒသမ်ား အတြက္ ဝါးခေမာက္မ်ား၊ ပန္းစကၠဴမ်ား၊ အိုးမ်ား၊ ေဖ်ာဂ်ီ (ေစာကု)မ်ား၊ တံစဥ္မ်ား၊ ထီးမ်ား ထုတ္လုပ္ေရာင္းခ်ၾကသည္။ အထူးသျဖင့္ ပင္းတယ၊ ငွက္ေပ်ာေတာထီးႏွင့္ ပန္းစကၠဴ၊ ေအာ္ေယာအိုး လုပ္ငန္း နာမည္ႀကီးေပသည္။ ဓႏုေဒသ ပိုးေတာင္ရြာ တံစဥ္မ်ား ျပည္မအထိပင္ ပို႔ေဆာင္လ်က္ ရွိသည္။ ရြာငံၿမိဳ႕နယ္ျခင္းလုပ္ငန္း နာမည္ႀကီးခဲ့သည္။

ဓႏု႐ိုးရာစကားပံု၊ စကားထာ၊ ပံုျပင္၊ သံခ်ပ္၊ ေမွာ္ဧခ်င္း၊ မယ္ယာႏွင့္ ႀကီးခ်င္း ကဗ်ာမ်ား

ဓႏုတိုင္းရင္းသားမ်ားတြင္ ႐ိုးရာစကားပံု၊ စကား ထာ၊ ပံုုျပင္၊ သံခ်ပ္၊ ေမွာ္ဧခ်င္း၊ မယ္ယာႏွင့္ ႀကီးခ်င္း ကဗ်ာမ်ားမ်ားစြာ ရွိပါသည္။

ေက်းရြာတည္ေဆာက္ပံုႏွင္႕ အိမ္တည္ေဆာက္ပံု

ေရွးအခါက ဓႏုေဒသမ်ားတြင္ ေက်းရြာ တည္ ေဆာက္ပါက ေျမေစာင့္နတ္ကို ဗလိနတ္စာေကြၽးၿပီး ေက်းရြာတည္ ေဆာက္ခြင့္ ေတာင္းပါသည္။ အေစာင့္ အေရွာက္အျဖစ္ နတ္မင္းႀကီးေလးပါးကို ပင့္ေဆာင္ၿပီး ႐ုကၡစိုး၊ ဘုမၼစိုး၊ အာကာသစိုးနတ္မ်ားအား တိုင္ တည္သည္။ သံဃာေတာ္မ်ားကို ပင့္ဖိတ္ၿပီး ေျမႏုတ္ ကမၼဝါစာဖတ္ကာ အႏၲရာယ္ ကင္းပရိတ္ေတာ္ နာယူ သည္။ ဆူးခ်ဳံမ်ားကို ခုတ္ထြင္ရွင္းလင္းသည္။ ထို႔ ေနာက္ ရြာတည္မည့္ေနရာအား အလံျဖဴတိုင္မ်ား စိုက္ကာကြက္စိတ္႐ိုက္ထူေထာင္သည္။ ရြာလယ္လမ္းမ ကို အထူးက်ယ္ျပန္႔စြာထားရွိသည္။ မင္းေလွ်ာက္ လမ္းအျဖစ္ သတ္မွတ္သည္။

ေနအိမ္ေဆာက္လုပ္ရန္အတြက္ ရက္ရာဇာကို ေရြး ခ်ယ္ၿပီး ဥ႐ုတိုင္ကို စ႐ိုက္ပါသည္။ ‘သစ္မင္း’ေခၚ သစ္တစ္မ်ဳိးကို စို႔အရြယ္ျပဳလုပ္ၿပီး ဥ႐ုတိုင္၌ ႐ိုက္ သြင္းၾကသည္။  မေကာင္းေသာသစ္မ်ား၊  လူကို အႏၲရာယ္ျဖစ္ေစတတ္ေသာ သစ္ၾကမ္း၊ ဝါးၾကမ္း မ်ားကို သစ္မင္းက ဖယ္ရွားေပးသည့္ အယူအျဖစ္ ထည့္သြင္းျခင္းျဖစ္သည္။ အိမ္မ်ားေဆာက္ လုပ္ရာ တြင္ အႀကီး၊ အေသး ကြာျခားသည္မွတစ္ပါး ပံုစံတူ ေဆာက္လုပ္သည္က မ်ားသည္။ ဥ႐ုတိုင္မ်ားတြင္ အုန္း၊ ငွက္ေပ်ာ၊ သေျပ၊ ေျမဇာ၊ ေလးႏွင့္ ျမားကို အေပၚေထာင္၍ အေမႊးနံ႔သာမ်ား၊ ဖ်င္ျဖဴ၊ ဖ်င္နီပတ္၍ ေရႊျမားကပ္ၿပီး စိုက္ ထူၾကသည္။ တခ်ဳိ႕ ဥ႐ုတိုင္ ေအာက္ေျခတြင္ ေရႊ၊ ေငြ၊ ရတနာမ်ားကို ထည့္သြင္း စိုက္ထူၿပီး အေမႊးနံ႔သာမ်ား ပက္ျဖန္းေပးသည္။

ေငြေၾကးမတတ္ႏိုင္သူမ်ားက ဝါးအိမ္ေဆာက္ လုပ္ ၾကသည္။ အိမ္ေဆာက္လုပ္ရာတြင္လည္း ရြာသူ၊ ရြာသားမ်ားက ဝိုင္းဝန္းကူညီၾကသည္။ ေဆာက္လုပ္ ရာတြင္ ေတာင္ေျမာက္ အလ်ားလိုက္ပံုစံျဖစ္ေသာ (ေနေက်ာ္)အိမ္ မ်ားျပားလွသည္။ အမိုးမိုးၿပီးမွ ၾကမ္းခင္းပါသည္။

တိုင္းရင္းေဆးပညာ

ဓႏုတိုင္းရင္းသားမ်ားသည္ တစ္ႏွစ္ပတ္လံုး က်န္းမာ ေနေစျခင္းအလို႔ငွာ တန္ေဆာင္မုန္းလျပည့္ေန႔ နံနက္ေစာေစာတြင္ ေဆးခါးပြင့္ ၇ ပြင့္ကို မ်ဳိတတ္ ေသာဓေလ့ရွိသည္။  နာမက်န္းျဖစ္ပါက နာဂဝီသ၊ ဇာတိဝဂၤေဆးမ်ားကို တိုက္ေကြၽးၾကသည္။

အိမ္သံုးေဆးမ်ားအျဖစ္ မီးေပါင္းတစ္ေထာင္ (ၾကပ္ ခိုး)၊ ေျမေပါင္းတစ္ေထာင္ (မယ္ၾကယ္အိမ္/ နက်ယ္အိမ္)၊ ပန္းေပါင္းတစ္ေထာင္ (ပ်ားရည္)တို႔ကို ေဆာင္ထားတတ္ၾကသည္။

ထို႔ျပင္ ဝိဇၨာဓရေဆးပညာ၊ ေဒသနာနယေဆး ပညာမ်ားကိုလည္း အသံုးျပဳကာ ေရာဂါမ်ားကို ကုသ ေပးခဲ့ၾကသည္။

ေဆးမင္ရည္စုတ္ထိုးျခင္း (ထိုးကြင္းထိုးျခင္း)

ေရွးဓႏုတိုင္းရင္းသားမ်ား ေယာက်္ားပီသေစရန္ ေဆးမင္ေၾကာင္၊ ထိုးကြင္းမင္ေၾကာင္ ထိုးသည့္ဓေလ့ ရွိခဲ့ သည္။ ရင္ဘတ္၊ ေက်ာ၊ လက္ေမာင္း၊ လက္ျပင္၊ ေပါင္၊ ေျခသလံုးမ်ားတြင္ အနက္ေရာင္၊ အနီေရာင္ ေဆးမင္ေၾကာင္မ်ား ထိုးၾကသည္။ ထိုးကြင္းမရွိပါက မိန္းမလ်ာအျဖစ္ က်ီစယ္ျခင္း ခံၾကရသည္။

ေဆးမင္ေၾကာင္ထိုးၾကရာတြင္   က်ား႐ုပ္၊ ေၾကာင္႐ုပ္၊ အင္းကြက္ အစရွိသည္တို႔ကို ေန႔ေကာင္း ရက္သာေရြးၿပီး အုန္း၊ ငွက္ေပ်ာပြဲ အစရွိသည္မ်ားျဖင့္ ဆရာပြဲ၊ နတ္ပြဲမ်ား စီရင္၍ ထိုးၾကသည္။ ကာယသိဒၶိ (ဓား၊ လွံ၊ ေသနတ္ၿပီးရန္) ပီယသိဒၶိ (လူခ်စ္လူခ်င္ ေပါရန္)မ်ားႏွင့္ ပေယာဂမ်ားကို ႏွိမ္နင္းရန္အတြက္ အထက္လမ္းေမွာ္ေဆးမ်ားကို ထိုးၾက သည္။

ေရနံမင္ကိုသတ္၍လည္းေကာင္း၊ တ႐ုတ္မင္ ေတာင့္ကိုေသာ္လည္းေကာင္း ေဆးအနက္ေရာင္ အျဖစ္ အသံုးျပဳၿပီး ဟသၤာျပဒါးကို အနီေရာင္အျဖစ္ အသံုးျပဳသည္။

ေဆးမင္ေၾကာင္ထိုးသည့္ စုတ္မွာ အဖ်ားႏွစ္ခြ သာရွိၿပီး ထိုးကြင္းထိုးႏွံသည့္စုတ္မွာ အဖ်ားေျခာက္ခြ၊ ရွစ္ခြအထိ ရွိသည္။ စုတ္ကို ေၾကးဝါျဖင့္ ျပဳလုပ္ၾက သည္။

ဓႏုေဒသတိုင္းတြင္ ေဆးမင္ရည္စုတ္ထိုးဆရာ မ်ား ရွိၾကသည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၅ဝ ခန္႔က ကေလာၿမိဳ႕နယ္၊ ေဘာ္ဆိုင္းေဒသမွ ထမံုထြန္း၏အင္းက်မ္း၊   ႐ိုးရာေဆးမင္ေၾကာင္က်မ္းလာအရ အသံုးျပဳသူ၊ ထိန္းသိမ္းခဲ့ သူမ်ား နာမည္ႀကီးခဲ့သည္။ ႐ိုးရာေဆးမင္ရည္ စုတ္ထိုးမႈမ်ား ယေန႔ေခတ္တြင္ ကြယ္ေပ်ာက္လုနီးျဖစ္ေနေသာ္လည္း ကေလာၿမိဳ႕နယ္၊ ေဘာ္ဆိုင္းမွ ဆရာၾကည္၊ ေအာင္ပန္းၿမိဳ႕မွ ဆရာ ဦးေမာင္ေမာင္တို႔၏ စုတ္ခ်က္မ်ား နာမည္ႀကီးလ်က္ ရွိေသးသည္။

အုပ္ခ်ဳပ္ေရး (၅) ၿမိဳ႔နယ္

လက္လွမ္းမမီႏုိင္ေသာ ေတာ္လွန္ေရးအစိုးရေရွ႕ အုပ္ခ်ဳပ္ေရးအပိုင္းမ်ားကို ဓႏုအမ်ားဆံုးေနထိုင္ရာ ၿမိဳ႕နယ္အလိုက္ တင္ျပေပးထားပါသည္။

သာမိုင္းခမ္းနယ္ (ကေလာၿမိဳ႕နယ္)

သာမိုင္းခမ္းနယ္ကို လွၿငိမ္း (၁၇၄၂) အုပ္ခ်ဳပ္ခဲ့ ေၾကာင္း အခိုင္အမာ စတင္သိရွိရသည္။ ေၾကာ့ အႀကီးအကဲအဆင့္ဆင့္မွ ေငြခြန္မွဴးအဆင့္ထိ ေရာက္ရွိ လာသည္။ ေငြခြန္မွဴး ငျဖဴ (၁၇၈၃)၊ ေမာင္ေရႊပံု (၁၈ဝ၂-၁၈၂၅)၊ ေမာင္ေရႊေအး (၁၈၂၈)၊ ေမာင္မဲ (၁၈၃၄)၊ ေမာင္ေရႊေအး (၁၈၄၂-၁၈၄၇) အဆင့္ဆင့္ အုပ္ခ်ဳပ္ခဲ့ၾကပါသည္။ ထိုေခတ္ကာလ ေငြခြန္မွဴး ေနရာ တည္ၿမဲရန္အတြက္ ေနျပည္ေတာ္က ဘုရင့္စစ္တပ္၊ တပ္အုပ္၊ နာခံ၊ ဗိုလ္သူရဲတို႔ႏွင့္ ေျပလည္ၿပီး ကိုယ့္ ကိုႏွစ္ သက္ရန္လည္း လိုအပ္ပါသည္။ ထိုစဥ္အခ်ိန္က မင္းတုန္းမင္း ၏ ဦးစားေပးခံရသူ ဖိုးသူေတာ္ ဦးေျမစု သည္ ရွမ္းေျမလတ္ တစ္ေၾကာ အရွိန္အဝါႀကီးခဲ့သည့္ အတြက္ အုပ္ခ်ဳပ္ေရးအပိုင္း သူႏွင့္ အဆင္ေျပရန္ လိုအပ္ခဲ့သည္။ ၁၉၄၇ ေနာက္ပိုင္း ေမာင္ေရႊမင္း အုပ္ခ်ဳပ္ခဲ့ေသာ္လည္း ဦးေျမစုႏွင့္ အဆင္မေျပျဖစ္ၿပီး ကေလးေသာင္သြပ္သို႔ ၁၈၆၇ တြင္ ပို႔ခံခဲ့ရသည္။

ထို႔ေၾကာင့္ ဦးေျမစုေနာက္လိုက္ ေမာင္လင္း သာမိုင္းခမ္း ေငြခြန္မွဴးျဖစ္လာခဲ့သည္။ ေဒသသား မဟုတ္သျဖင့္ သူ႔ေနရာ ေမာင္သာဦး ေရာက္လာခဲ့ သည္။ သူလည္း ပင္းတယတြင္ အေျခခ်မ်ားသျဖင့္ ေမာင္ၾကည္ တက္လာခဲ့သည္။ ေနာက္ဆံုး ကေလး ေသာင္းသြပ္သို႔ ပို႔ခံထားရေသာ ေမာင္ေရႊမင္းအား ၁၉၇၆ တြင္ ျပန္ေခၚၿပီး ဒုတိယအႀကိမ္ အုပ္ခ်ဳပ္ေစ ခဲ့သည္။ သူ႔လက္ထက္တြင္ တီက်စ္အပါအဝင္ သာ မိုင္းခမ္း (၇)နယ္ကို ျပန္လည္သိမ္းယူႏုိင္႐ံုသာမက ေတာင္လားနယ္အထိ နယ္ေျမခ်ဲ႕ထြင္ အုပ္ခ်ဳပ္ခဲ့သည္။ ၁၈၈၆ တြင္ ေမာင္ေရႊမင္း ကြယ္လြန္သျဖင့္ သူ၏သား ေတာ္ မင္းေမာင္ဖိုး အုပ္ခ်ဳပ္ခဲ့သည္။ မင္းေမာင္ဖိုး လက္ထက္ ၁၉၁၃ တြင္ ေအာင္ပန္းၿမိဳ႕ကို တည္ေထာင္ ေပးခဲ့သည္။ အဂၤလိပ္တို႔က ၁၉၁၄ တြင္ ကေလာၿမိဳ႕ကို တည္ေထာင္ေပးခဲ့သည္။

ရွမ္းေျမလတ္ေဒသကို အုပ္ခ်ဳပ္ႏုိင္ရန္အတြက္ အဂၤလိပ္တို႔က အေနာက္ပိုင္းဆိုင္ရာ ဝန္ေထာက္႐ံုးကို သာမိုင္းခမ္းတြင္ အေျခစိုက္ခဲ့သည္။ အဂၤလိပ္တို႔က သာမိုင္းခမ္း ၂၁ ေခါင္း၊ မေကြ၊ လြယ္အံ၊ ကေလာ၊ ဗမၻာခ႐ိုင္ကို အစိုးရေသာ ‘မဟာေငြခြန္ေတာ္မွဴး မင္းႀကီး မင္းေမာင္ဖိုး’အျဖစ္ ခန္႔အပ္ခဲ့သည္။

၁၉၂၃ တြင္ မင္းေမာင္ဖိုး၊ ၁၉၂၆ တြင္ ရင္ခြင္ ပိုက္မင္း စပ္ခြန္ထီး၊ ၁၉၂၉ တြင္ အမတ္ခ်ဳပ္ ဦးခြန္႐ံုး တို႔ အစဥ္လိုက္ ကြယ္လြန္ခဲ့သျဖင့္ ၁၉၃ဝ မွ ၁၉၃၇ အထိ ေပြးလွၿမိဳ႕စား ေစာစံျမက ရင္ခြင္ပိုက္အျဖစ္ အုပ္ခ်ဳပ္ခဲ့သည္။ ၁၉၃၇ မွ ၁၉၅၉ အထိ သာမိုင္းခမ္း ေစာ္ဘြား စစ္ထြန္းေအးက အာဏာ မစြန္႔မီအထိ အုပ္ခ်ဳပ္ခဲ့ပါသည္။

ေနာင္ခ်ဳိၿမိဳ႕နယ္

ေနာင္ခ်ဳိၿမိဳ႕နယ္တြင္ ေနာင္ခ်ဳိ(နမ့္ေမာ္)၊ ေတာင္ခမ္း၊ ဘန္႔ေဘြး၊ သံုးဆယ္၊ ဆီဆံု၊ ဒိုးပင္၊ ကလကြဲ၊ ဖသြန္း၊ ဆိတ္ဖူး၊ ေဖာင္းေအာ္ဟူ၍ ဒိုင္ (၁ဝ) ဒိုင္ရွိသည္။ ေတာင္ေအာက္ပိုင္း (၇)ဒိုင္ႏွင့္ ေတာင္ ေပၚဒိုင္ (၃) ဒိုင္ ျဖစ္သည္။ ၿမိဳ႕စားႏွင့္ တိုက္နယ္ အုပ္ခ်ဳပ္ေသာ အရာရွိ ဟိန္မ်ားကို ေစာ္ဘြားက တိုက္ ႐ိုက္ခန္႔အပ္သည္။ ရြာသူႀကီးမ်ားကို အမ်ားဆႏၵျဖင့္ ေရြးခ်ယ္တင္ေျမႇာက္သည္။ ရြာသူႀကီးေအာက္တြင္ ရြာေဆာ္ ထားရွိသည္။

ဒိုင္သူႀကီးေအာက္တြင္ ဒိုင္စာေရးထားရွိၿပီး ဒိုင္စာေရး ၏လက္ေအာက္တြင္ ဒိုင္ေစထားရွိပါသည္။ နယ္ပိုင္ဟိန္က အာဏာေပးသူ ျဖစ္သည္။

ပင္းတယၿမိဳ႕နယ္

ပင္းတယနယ္ေျမကို ေမာင္ေရႊပြင့္ (၁၇၆၃)၊ ေမာင္သန္း (၁၇၉၆)၊ ေမာင္ေဖ (၁၈ဝ၂)၊ ေမာင္ခန္းဦး (၁၈ဝ၉)၊ ေမာင္ေရႊမင္း (၁၈၁၉)၊ ေမာင္သိန္း (၁၈၄၃)၊ မိသစ္၊ မိစစ္၊ ေမာင္ဘိုးအိမ္၊ ေမာင္ေရႊသီး၊ ေမာင္ျဖဴ (၁၈၅ဝ)၊ ေမာင္ေဖ (၁၈၅၇)၊ ေမာင္လြန္းရ (၁၈၅၉)၊ ေမာင္ဘိုး (၁၈၆ဝ)၊ ေမာင္သန္း (၁၈၆၂)၊ ေမာင္လြန္းရ (ေငြခြန္မွဴး – ၁၈၆၈)၊ ေမာင္သန္း (၁၈၆၉)၊ ေမာင္ေက်ာ္လွ (၁၈၇၁)၊ ေမာင္ညိဳ (၁၈၇၂)၊ ေမာင္သာဦး (၁၈၇၃)၊ ေမာင္ထူး (၁၈၇၅)၊ ဦးလိႈင္ (၁၈၇၆)၊ ေမာင္လြန္းရ (၁၈၇၇)၊ ေမာင္စံဝိုင္း (၁၈၇၈)၊ ေမာင္လြန္းရ (၁၈၈ဝ)၊ ေမာင္ဘိုးခင္ (၁၈၈၂)၊ ေမာင္စြန္ညိဳ (၁၈၉၇)တို႔က အဆင့္ဆင့္ အုပ္ခ်ဳပ္ခဲ့ၾကသည္။

၁၉ဝ၉ မင္းစြန္ညိဳ အရြယ္ေရာက္လာ၍ ပင္းတယနယ္ ကို ေငြခြန္မွဴးရာထူးျဖင့္ အုပ္ခ်ဳပ္သည္။ ၁၉၃၈ တြင္ မင္းစြန္ညိဳ ကြယ္လြန္၍ မင္းကေတာ္ ေစာခင္ႏု ရင္ခြင္ပိုက္အုပ္ခ်ဳပ္ သည္။ ကေလာနယ္ပိုင္ ဝန္ေထာက္ မစၥတာဘားဇပ္ (၁၉၄ဝ)၊ တီက်စ္ၿမိဳ႕စား ေစာျမထြန္း (၁၉၄၂)တို႔က ရင္ခြင္ ပိုက္ ဆက္လက္ အုပ္ခ်ဳပ္ခဲ့သည္။ ထို႔ေနာက္ ေစာဝင္းၾကည္ အရြယ္ ေရာက္လာသျဖင့္ ၁၉၄၆ ပင္းတယနယ္ရွင္အျဖစ္ ၁၉၅၉ အထိ အုပ္ခ်ဳပ္ခဲ့သည္။

ရြာငံၿမိဳ႕နယ္

ရြာငံနယ္ကို ၁၂၅၅ စစ္တမ္းအရ ေငြခြန္မွဴး ေမာင္ညိဳစိမ့္က အုပ္ခ်ဳပ္၏။ သီေပါမင္းလက္ထက္ (၁၂၄၄) တြင္ ၿမိဳ႕စား ရာထူးခ်ီးျမႇင့္ျခင္း ခံခဲ့ရသည္။ ထို႔ေနာက္ ဦးညိဳစိမ့္၏ အစ္ကိုေတာ္သူ ဘုရားဒကာ ဦးခ်စ္၊ ထမင္းေပါင္းေျမတိုင္ႀကီး ေမာင္ရင္အို၊ ေရႊဓား ဗိုလ္ ဦးအုန္းပင့္၊ ေမာင္သူေတာ္၊ ဦးေစာ လေဖာ္တို႔က အစဥ္တိုင္း   အုပ္ခ်ဳပ္ခဲ့ၾကသည္။   ရြာငံေစာ္ဘြား ဦးေစာလေဖာ္ ကြယ္လြန္ခဲ့၍ သူ၏သား စပ္ခြန္ရီက ေစာ္ဘြားအ႐ိုက္အရာကိုခံယူၿပီး ၁၉၅၆ မွ အာဏာစြန္႔ သည့္အခ်ိန္ထိ ရြာငံနယ္ကိုအုပ္ခ်ဳပ္ခဲ့သည္။

ထိုအခ်ိန္က ေဘာ္နယ္ (ေရဦး) ေစာ္ဘြားအျဖစ္ စပ္ခြန္ေအာင္က ၁၉၄၅ မွ ၁၉၅၉ အထိ အုပ္ခ်ဳပ္ေန ခ်ိန္ျဖစ္သည္။ စပ္ခြန္ေအာင္မွာ ေစာ္ဘြား စပ္ခြန္ ေနာင္ကြယ္လြန္ၿပီး အမတ္ႀကီးရာထူးမွ နယ္ရွင္ေစာ္ ဘြားႀကီးအျဖစ္ တက္လွမ္းခဲ့သူ ျဖစ္သည္။ သူတက္ လာၿပီး ေရဦး၊ ေက်ာက္ဆည္ (၃၇)မိုင္လမ္းကို ေအာင္ ျမင္ေအာင္ ေဖာက္လုပ္ေပးခဲ့သျဖင့္ နာမည္ရခဲ့သည္။

၁၉၆၂ ခုႏွစ္ ေတာ္လွန္ေရးေကာင္စီလက္ထက္ တြင္ ေဘာ္-ေရဦးနယ္မွ ေက်းရြာအုပ္စု ၁၁ စုသည္ ရြာငံၿမိဳ႕နယ္အတြင္း ပါဝင္ခဲ့သည္။

ရပ္ေစာက္ၿမိဳ႕နယ္

ရပ္ေစာက္ၿမိဳ႕နယ္တြင္လည္း တစ္နယ္လံုးကို ေစာ္ဘြားကပင္ အုပ္ခ်ဳပ္ခဲ့ၿပီး တိုက္နယ္ခြဲကာ ဟိန္ဟု ေခၚေသာ တိုက္သူႀကီးမ်ားက အုပ္ခ်ဳပ္ခဲ့သည္။ ေက်းရြာမ်ားကိုေက်ာ့ဟုေခၚေသာ သူႀကီးက အုပ္ခ်ဳပ္ သည္။ ဟိန္ႏွင့္ ေက်ာ့မ်ားကို ေစာ္ဘြားက ခန္႔အပ္ အုပ္ခ်ဳပ္ေစသည္။

ေနာက္ဆံုးေစာ္ဘြားမ်ားအျဖစ္ ေစာ္ဘြားႀကီး ေစာခြန္ႏု ကြယ္လြန္ၿပီး တီက်စ္ေစာ္ဘြားက ရင္ခြင္ ပိုက္အျဖစ္လည္းေကာင္း၊ ေညာင္ေရႊေစာ္ဘြားက ရင္ခြင္ပိုက္အျဖစ္လည္းေကာင္း၊ လဲခ်ားေစာ္ဘြားက ရင္ခြင္ပိုက္အျဖစ္ အသီးသီး အုပ္ခ်ဳပ္ခဲ့ၿပီး ေစာခြန္ဆိတ္ က တာဝန္ယူအုပ္ခ်ဳပ္ခဲ့ပါသည္။

ေစာခြန္ဆိတ္ကြယ္လြန္ခဲ့ၿပီး သူ၏သားေတာ္ စပ္ခြန္ဆာက ရပ္ေစာက္နယ္ က်မိုင္းအျဖစ္ ၁၉ဝ၅ ခုႏွစ္တြင္ ခန္႔အပ္ ခံခဲ့ရသည္။ ရပ္ေစာက္ေစာ္ဘြားႀကီး အျဖစ္ ၁၉၄၇ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔တြင္ ျမန္မာ ျပည္ဘုရင္ခံက ခန္႔အပ္ေပးခဲ့သည္။ အာဏာ စြန္႔သည့္ ၁၉၅၉ အထိ ရပ္ေစာက္နယ္ကို အုပ္ခ်ဳပ္သြားခဲ့သည္။

မင္းလြင္ဦး (ေအာင္ပန္း)

( ဓႏုေၾကးမံုမွ ေကာက္ႏုတ္ေဖာ္ျပသည္ )