• Today is: Monday, August 2, 2021

ဓႏုတိုင္းရင္းသားမ်ား၏ ႏိုင္ငံေရးေရခ်ိန္

Federal Journal
October19/ 2020

Zawgyi

ျမန္မာႏိုင္ငံအလယ္ဗဟိုခ်က္မ အေရွ႕ဘက္ျခမ္းႏွင့္ ရွမ္းျပည္နယ္ေျမာက္ဘက္ျခမ္းၾကား ေဒသေတာင္ေျမာက္သြယ္တန္းေနေသာ ကုန္းျမင့္ေဒသကို ရွမ္းေျမလတ္ဟုေခၚသည္။ ရွမ္း ေျမလတ္ ေဒသရြာငံၿမိဳ႕နယ္၊ ပင္းတယၿမိဳ႕နယ္၊ ကေလာၿမိဳ႕နယ္၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ေနာင္ခ်ိဳ ၿမိဳ႕နယ္အတြင္း ဓႏုတိုင္းရင္းသားမ်ား တစ္စုတစ္ေဝးတည္းေနထိုင္လ်က္ရွိၾကသည္။ လူဦးေရ အရ ျမန္မာႏိုင္ငံ၌ နံပါတ္ (၁၀)၊ ရွမ္းျပည္နယ္တြင္ နံပါတ္ ၄ အဆင့္ရွိသည္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ တင္ျပေတာင္း ဆိုခဲ့စဥ္အခ်ိန္က အထက္ပါ (၅) ၿမိဳ႕နယ္အား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း အျဖစ္ အဆိုျပဳခဲ့ၾကသည္။ သို႔ေသာ္လည္း ရြာငံၿမိဳ႕နယ္ႏွင့္ပင္းတယၿမိဳ႕နယ္ႏွစ္ခုသာ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္ သတ္မွတ္ အတည္ျပဳေပးခဲ့သည္။
ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္း စစ္တပ္လံုးဝမရွိျခင္း၊ တိုင္းရင္းသားလက္နက္ကိုင္မ်ား လံုးဝမရွိျခင္း၊ ရာႏႈန္းျပည့္နီးပါး ဗုဒၶဘာသာဝင္မ်ားေနထိုင္ၾကျခင္းသည္ကား ျမန္မာႏိုင္ငံ၏တစ္မူ ထူးျခားျဖစ္စဥ္ျဖစ္ေနသည္။ ဓႏုတိုင္းရင္းသားမ်ားသည္ စိုက္ပ်ိဳးေရးကို အဓိကထား အသက္ေမြးၾကၿပီး အေနေအးေသြးေအးကာ ဘာသာတရားကိုင္း႐ိႈင္းၾကသျဖင့္ အမ်ားစုမွာ ႏိုင္ငံေရးကို စိတ္မဝင္စားၾကေပ။
ဓႏုနယ္အတြင္း အတိတ္ႏိုင္ငံေရးသမိုင္းႀကီး ႀကီးမားမားရွိခဲ့ေသာ္လည္း မိမိအေတြ႕အႀကံဳႏွင့္ေလ့ လာမႈမ်ားအရ ယေန႔ဓႏုႏိုင္ငံေရးေရခ်ိန္သည္ မူလတန္းအဆင့္မွ်သာရွိေခ်၏။ အျခားတိုင္းရင္းသား မ်ားသည္ ႏိုင္ငံေရးသင္ျမင့္ထက္၌ ေနရာအသီးသီးယူ ထားၾကေသာ္လည္း ဓႏုတိုင္းရင္းသားမ်ားမေတြ႕ရ ျခင္းကို ၾကည့္ျခင္းအားျဖင့္ အလြယ္တကူသိႏိုင္ပါသည္။ ဝမ္းနည္းဖြယ္ေကာင္းေလစြ။ ထို႔ေၾကာင့္ ဓႏုတိုင္းရင္း သားမ်ားႏိုးၾကားၾကရပါဦးမည္။ ကိုယ္ပိုင္စြမ္းရည္မ်ား ျဖင့္ ႀကိဳးစားၾကရပါလိမ့္မည္။ ေလ့လာသင္ယူထိုး ေဖာက္ၾကရပါဦးမည္။ အထူးသျဖင့္ ဓႏုလူငယ္မ်ား ႏိုင္ငံေရးစင္ျမင့္ေပၚတက္လွမ္းႏိုင္မွသာ အနာဂတ္ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ႏိုင္ေရး အခန္း က႑တြင္ ထဲထဲဝင္ဝင္လႈပ္ရွားလာႏိုင္ပါလိမ့္မည္။ ယခုကတည္းက ႀကိဳတင္ျပင္ဆင္ႏိုင္ျခင္းမရွိပါက ကိုယ္ပိုင္ျပ႒ာန္းခြင့္ႏွင့္ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္မ်ား ဆက္လက္ဆံုး႐ံႈးေနဦးမည္သာျဖစ္ေပသည္။ ]]သူမ်ား ေယာင္လို႔ေယာင္၊ အေမာက္ေတာင္မွန္းေျမာက္မွန္း သမိ}} ]]အေမေက်ာ္ ေဒြးေတာ္လြမ္း}}ဆက္ျဖစ္ေနပါ လိမ့္မည္။

(၂)
လြတ္လပ္ေရးမရမီ သူ႔ကြ်န္လက္ေအာက္ရွိေန စဥ္အခ်ိန္က ဓႏုနယ္အတြင္းေစာ္ဘြားမ်ားသာမက ဓႏုေဒသအသီးသီး၌ အညတရအျဖစ္ေသဆံုးခဲ့ရသည္။ ဓႏုနယ္ပယ္မွ ႏိုင္ငံေရးတက္ျြကလႈပ္ရွားခဲ့ၾကေသာ ပင္းတယၿမိဳ႕နယ္မွ ဦးခြန္ေစာ၊ ဦးဖိုးစိန္လွ၊ ဦးခ်စ္ဦး၊ ဦးသုတ၊ ကေလာၿမိဳ႕နယ္မွ ေဒၚခင္ေအးတင့္၊ ေဒၚခင္စု၊ ဦးေမာင္၊ ဦးခမ္းထြန္း၊ ဦးခင္ေမာင္သန္႔၊ ဦးေရွာင္ေမာင္၊ ဦးအေငၚ၊ ဦးတင္လီ၊ ဦးစစ္ဟန္၊ ဦးမင္းေမာင္၊ ဦးသန္းေမာင္၊ ဦးဘလြန္း၊ ေဒၚေငြၿမိဳင္၊ ဦးေအာင္သိန္း၊ ဦးထြန္းလင္း၊ ဦးလွေမာင္ႏွင့္ ေနာင္ခ်ိဳ ၿမိဳ႕နယ္မွ ဦးလွေဖတို႔အား ဤစာစုျဖင့္ ဂုဏ္ျပဳလိုက္ ရပါသည္။ ကိုလိုနီေခတ္၊ ဂ်ပန္ေခတ္၊ လြတ္လပ္ေရး ႀကိဳးပမ္းမႈ ေခတ္အတြင္း ထိုသူတို႔သည္ထင္ေပၚခဲ့၏။ ေက်ာ္ၾကား ခဲ့၏။ ဤမွ်ႏိုင္ငံေရးအစေကာင္းခဲ့ေသာ္လည္း ယေန႔ မ်ိဳးဆက္ျပတ္ခဲ့ျခင္းမွာ အဘယ္ေၾကာင့္နည္း။
၂၀၁၀ ေခတ္ေျပာင္းခ်ိန္ေရာက္မွ တခ်ိဳ႕၊ တခ်ိဳ႕ ႏိုင္ငံေရးကိုစိတ္ဝင္စားခဲ့ၾကသည္။ စစ္မွန္ေသာအုပ္ ခ်ဳပ္ခြင့္ရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ ဓႏုကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသေၾကာင့္ ဓႏုအမ်ိဳးသားေရးႏိုးထခဲ့ ၾကသည္။ ၂၀၁၇ ခုႏွစ္တြင္ ပထမဆံုးအႀကိမ္ ဓႏုအမ်ိဳး သားညီလာခံေပၚေပါက္လာခဲ့ၿပီး ဘံုသေဘာတူညီခ်က္ မ်ားခ်မွတ္ႏိုင္ခဲ့ၾက၏။
ထိုညီလာခံမွတဆင့္ ဓႏုအမ်ိဳးသားေန႔ကို သတ္ မွတ္အတည္ျပဳႏိုင္ခဲ့ၾကၿပီး ဓႏုတိုင္းရင္းသားေရးရာ အဖြဲ႕ခ်ဳပ္ႀကီးလည္း ေပၚေပါက္လာခဲ့ပါသည္။ ၂၀၁၈ ခုႏွစ္တြင္ ပထမအႀကိမ္ ဓႏုအမ်ိဳးသားေန႔ကို ရြာငံၿမိဳ႕ တြင္ က်င္းပႏိုင္ခဲ့ၾကသည္။ သို႔ေသာ္လည္း ႏိုင္ငံေရး ရည္မွန္းခ်က္ထင္သေလာက္ ခရီးမေပါက္ေသးေပ။ ဓႏုလူထုအားစိတ္ပိုင္းဆိုင္ရာ ျမင့္တက္လာေစရန္ ဖန္တီးႏိုင္ခဲ့ေသာ္လည္း ႐ုပ္ပိုင္းဆိုင္ရာမ်ား ဟန္ျပ အဆင့္သာရွိေနေသးသည္။ ေရွ႕ဆက္၊ မ်က္စိဖြင့္၊ နားစြင့္မႈမ်ား ပိုမိုက်ယ္ျပန္႔လာေစရန္ မည္ကဲ့သို႔ ေဆာင္ရြက္ၾကမည္နည္း။
ဤကာလအတြင္း ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဆိုင္ရာကိစၥရပ္မ်ား၊ ႏိုင္ငံေတာ္တည္ေဆာက္ေရးႏိုင္ ရာ ကိစၥရပ္မ်ားႏွင့္ ဖက္ဒရယ္အျမင္ဖြင့္သင္တန္း တခ်ိဳ႕ရွိခဲ့ေသာ္လည္း လက္ေတြ႕အသံုးခ်ႏိုင္မႈႏွင့္ျပန္ လည္ျဖန္႔ေဝႏိုင္မႈ အားနည္းလ်က္ရွိေနေသးသည္။ ၂၀၁၉ ခုႏွစ္က ဓႏုတိုင္းရင္းသားေရးရာအဖြဲ႕ခ်ဳပ္ႏွင့္ တိုင္းရင္းသားလူမ်ိဳးေရးရာဖြံ႕ၿဖိဳးေရးႏွင့္ သုေတသန အသင္း CDES တို႔ပူးေပါင္းက်င္းပျပဳလုပ္ေသာ ၿငိမ္း ခ်မ္းေရးဖိုရမ္ကို ျပန္လည္သတိရမိပါေသးသည္။ ဓႏု ၿမိဳ႕နယ္ (၆) ၿမိဳ႕နယ္မွ (၃၀)ဦးက် ဖိတ္ၾကားၿပီး လူဦး ေရအျပည့္တက္ေရာက္ခဲ့သည့္ပြဲလည္းျဖစ္သည္။ မိမိ သည္အဖြဲ႕ခ်ဳပ္၏ ႏိုင္ငံေရးရာအစုအဖြဲ႕ေခါင္းေဆာင္ ပီပီ ဆရာရန္ေက်ာ္၊ ဆရာစြန္လ်န္ဆန္းတို႔ႏွင့္အတူ ဦးေဆာင္ခြင့္ရရွိခဲ့သည္။ ထိုပြဲသည္ ဓႏုေဒသတစ္ခု လံုး၏ ႏိုင္ငံေရးေရခ်ိန္ကို စမ္းသပ္ခြင့္ရရွိသည္ဆိုက မမွားေပ။ ဓႏုတိုင္းရင္းသားေရးရာအဖြဲ႕ခ်ဳပ္၏ အဖိုး အနဂၣ ထိုက္တန္ေသာပြဲလည္းျဖစ္ခဲ့ေလသည္။ ထိုပြဲ တြင္ မိမိေရးသားဖတ္ၾကားခဲ့ေသာ စာတမ္းအား အမွတ္တရအျဖစ္တင္ျပအပ္ပါသည္။ တက္ေရာက္ခဲ့ သူမ်ားအားျဖန္႔ေဝေပးခဲ့ရာ တခ်ိဳ႕တခ်ိဳ႕အျမင္မတူ သူ၊ ႐ံႈ႕ခ်ခဲ့သူမ်ားရွိခဲ့ေသာ္လည္း ဓႏုတိုင္းရင္းသား မ်ား၏ႏိုင္ငံေရးအႏိၱမပန္းတိုင္ ေဝ၀ါးေနဆဲျဖစ္ေၾကာင္း သတိျပဳမိခဲ့ပါသည္။

ဓႏုတိုင္းရင္းသားေရးရာအဖြဲ႔ခ်ဳပ္ DANO ႏွင့္ တိုင္းရင္းသားေရးရာဖြံ႔ ၿဖိဳးေရးႏွင့္ သုေတသနအသင္း CDEA တို႔ ပူးေပါင္းက်င္းပျပဳ လုပ္ေသာ ၿငိမ္းခ်မ္းေရးဖိုရမ္
ရက္စြဲ။ ။ ၂၀၁၉ခုႏွစ္၊ ဇန္နဝါရီလ (၂၆)
ၿငိမ္းခ်မ္းေရးဆိုသည္မွာ လူသားအခ်င္းခ်င္း ကိုယ္ခ်င္းစာတရားထားၿပီး နားလည္ခြင့္လြတ္သည္း ခံတတ္မႈကိုေခၚသည္။ ေမရီဂ်ိဳးဇက္က “စိုးရိမ္မႈ အေပါင္း၊ ေဘးဒုကၡအေပါင္း၊ အၾကမ္းဖက္မႈအေပါင္း၊ ထိတ္လန္႔မႈအေပါင္းတို႔မွ လြတ္ေျမာက္ကင္းေဝးျခင္း” ဟု ေျပာခဲ့သည္။ “ဆူပူလႈပ္ရွားထျြကျခင္း၊ စစ္မက္ စသည့္တို႔ ကင္းမဲ့ေသာအျဖစ္”ဟု ျမန္မာအဘိဓာန္ ကဆိုထားသည္။ ထိုထက္မက အဓိပၸာယ္ဖြင့္ဆိုခ်က္ မ်ားရွိေသးေသာ္လည္း ျမန္မာ့ၿငိမ္းခ်မ္းေရးဟုေျပာ ပါက အစိုးရ၊ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ အဖြဲ႕မ်ား၏ ဖိုခေနာက္ဆိုင္ျပႆနာရပ္ျဖစ္သည္ဟု နားလည္မိပါသည္။
ျပည္ေထာင္စုဆိုင္ရာ ျပႆနာမ်ားသာမက လူမႈေရး၊ စီးပြားေရး၊လံုၿခံဳေရး၊ ေျမယာႏွင့္သဘာဝပတ္ ဝန္းက်င္ဆိုင္ရာ မၿငိမ္းခ်မ္းမႈမ်ားသည္လည္း ေျဖရွင္း ရမည့္ ၿငိမ္းခ်မ္းေရးကိစၥရပ္မ်ားပင္ ျဖစ္ေပသည္။ ကြ်ႏု္ပ္တို႔ ဓႏုနယ္ေျမအတြင္း လက္နက္ကိုင္ျပႆနာ မ်ား၊ ဘာသာေရးျပႆနာမ်ား ႀကီးႀကီးမားမား မရွိေသာ္လည္း အျခားမၿငိမ္းခ်မ္းေစမည့္ ကိစၥရပ္မ်ား စြာရွိေနပါသည္။ ေခတ္အဆက္ဆက္ႏိုင္ငံေတာ္ဖြံ႕ၿဖိဳး ေရးအတြက္ ေစတနာသန္႔သန္႔ကူညီခဲ့သည့္ လူမ်ိဳးမ်ား လည္းျဖစ္ပါသည္။
ယေန႔အခမ္းအနားသည္ Peace Forum ဟု ေခါင္းစဥ္တပ္ထားသျဖင့္ ျမန္မာႏိုင္ငံ၏ မၿငိမ္းခ်မ္း ေစခဲ့သည့္ အတိတ္ျဖစ္ရပ္မ်ား သိရွိထားသင့္သည္ဟု ယူဆမိသည္။ ျပည္ေထာင္စုဗမာႏိုင္ငံစုေပါင္းတည္ ေထာင္ျခင္း မရွိေသးခင္ကာလကတည္းက ေတာင္ တန္းေဒသရွိ ရွမ္း၊ ကခ်င္၊ ခ်င္း လူမ်ိဳးတို႔သည္ ကိုယ့္ ထီးကိုယ္နန္း ကိုယ့္ၾကဌာန္းျဖင့္ မိမိတို႔႐ိုးရာအစဥ္ အလာ၊ ယဥ္ေက်းမႈ၊ ဓေလ့ထံုးထမ္း အတိုင္းသီးျခားစြာ ရပ္တည္ခဲ့ၾကသည္။
၁၈၂၄ ခုႏွစ္တြင္ ရခိုင္၊ တနသၤာရီေဒသ၊ ၁၈၅၂ ခုႏွစ္တြင္ ျမန္မာႏိုင္ငံေအာက္ပိုင္း၊ ၁၈၈၅ ခုႏွစ္တြင္ အထက္ျမန္မာႏိုင္ငံ၊ ၁၈၈၆ ခုႏွစ္တြင္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ၁၈၈၇ ခုႏွစ္တြင္ ရွမ္းျပည္နယ္ေတာင္ ပိုင္းအား အဂၤလိပ္တို႔က တိုက္ခိုက္သိမ္းပိုက္ခဲ့ၾကၿပီး ၁၈၉၀ ျပည့္ႏွစ္တြင္ ရွမ္းျပည္နယ္ တစ္ခုလံုးကို သိမ္း ယူႏိုင္ခဲ့ၾကသည္။ ကိုလိုနီေခတ္တြင္ ၿဗိတိသွ်အစိုးရ က ရွမ္း၊ ကခ်င္၊ ခ်င္းေဒသမ်ားကို နယ္စပ္ေဒသအုပ္ ခ်ဳပ္မႈ (Frontier Area Administration)ေအာက္ တြင္ ကိုလိုနီနယ္မ်ားအျဖစ္ အုပ္ခ်ဳပ္ခဲ့ၾကသည္။
ဤအထဲတြင္ စကားခ်ပ္အျဖစ္ ေျပာလိုသည္မွာ ရွမ္းျပည္နယ္အတြင္းရွိ လူမ်ိဳးအားလံုးကို ရွမ္းျပည္နယ္ အက္ဥပေဒျဖင့္ အုပ္ခ်ဳပ္ခဲ့ရာတြင္ ဓႏုလူမ်ိဳးမ်ား ေနထိုင္ၾကေသာ ရွမ္းေျမလတ္ေဒသကို အေနာက္ပိုင္း ဆိုင္ရာ ဝန္ေထာက္႐ံုး (Westerm Sub-Division) ထားရွိကာ အုပ္ခ်ဳပ္ခဲ့သည္။ ရွမ္းေျမလတ္ေဒသအတြင္း ရွိ သာမိုင္းခမ္းေစာ္ဘြား စဝ္ထြန္းေအး၊ ေပြးလွေစာ္ ဘြား စဝ္ထြန္းစိန္၊ ပင္းတယေစာ္ဘြား စဝ္ဝင္းၾကည္၊ ရြာငံေစာ္ဘြား စဝ္ခြန္ရီ၊ ေဘာ္နယ္ (ေရဦး) ေစာ္ဘြား စဝ္ခြန္ေအာင္၊ ပင္မွီက်မိုင္းေစာ္ဘြား စဝ္ခြန္ဦး၊ က်ံဳး ေစာ္ဘြား စဝ္ခြန္ေဆာင္းတို႔သည္ ဓႏုလူမ်ိဳးမ်ားျဖစ္ ၿပီး ၁၉၅၉ အာဏာမစြန္႔မီအခ်ိန္အထိ အုပ္ခ်ဳပ္သြား ခဲ့ၾကသည္။ ထိုသို႔သာမက ပင္လံုစာခ်ဳပ္တြင္ ေစာ္ဘြား ကိုယ္စားလွယ္ သာမိုင္းခမ္းေစာ္ဘြား စဝ္ထြန္းေအး၊ လူထုကိုယ္စားလွယ္ ဦးခြန္ေစာ (ပင္းတယ) တို႔က လက္မွတ္ေရးထိုးေပးခဲ့ၾကသည္။
အဂၤလိပ္တို႔က ရွမ္း၊ ကခ်င္၊ ခ်င္းႏွင့္ အထက္ ျမန္မာႏိုင္ငံကို ဥပေဒအသီးသီးျပ႒ာန္းၿပီးအုပ္ခ်ဳပ္ခဲ့ သည္။ ေအာက္ျမန္မာႏိုင္ငံကို အိႏိၵယမွ တိုက္႐ိုက္ အုပ္ခ်ဳပ္ခဲ့ပါသည္။ တဖန္ ၁၉၃၅ ခုႏွစ္တြင္ ျမန္မာ ႏိုင္ငံတစ္ခုလံုး (Burma Proper)ကို 1935 Burma Act ျပ႒ာန္းၿပီး သီးျခားစီအုပ္ခ်ဳပ္ခဲ့ပါသည္။ ထို ဥပေဒအရ ကိုလိုနီေခတ္မတိုင္မီ ျမန္မာမင္းမ်ားက သိမ္းပိုက္ခဲ့ေသာ မြန္၊ ရခိုင္၊ ကရင္ေဒသမ်ားသည္ ဗမာျပည္မအတြင္း ပါဝင္ခဲ့ၿပီးျဖစ္သည္။ ကရင္နီ (ကယား)ျပည္နယ္က သီးျခားလြတ္လပ္ေသာ ျပည္နယ္အျဖစ္ တည္ရွိခဲ့ပါသည္။
၁၉၄၇ ခုႏွစ္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက လြတ္ လပ္ေရးအတြက္ ရွမ္း၊ ကခ်င္၊ ခ်င္းေခါင္းေဆာင္မ်ား ၏ ဘံုသေဘာထားတူညီခ်က္မ်ားကို ရယူႏိုင္ခဲ့ၿပီး ၁၉၄၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔တြင္ ျပည္ေထာင္စုဗမာႏိုင္ငံေတာ္ကို စုေပါင္းတည္ေဆာက္ ႏိုင္မည့္ သမိုင္းဝင္ ပင္လံုစာခ်ဳပ္ႀကီးကို ခ်ဳပ္ဆိုႏိုင္ခဲ့ သည္။ ပင္လံုစာခ်ဳပ္ထဲတြင္ ထည့္သြင္းေဖာ္ျပထားျခင္း မရွိသည့္ ပင္လံုကတိကဝတ္မ်ားကိုပါ သေဘာတူႏိုင္ ခဲ့ပါသည္။ ပင္လံုစာခ်ဳပ္ကတိကဝတ္ႏွင့္ ေအာင္ဆန္း- အက္တလီစာခ်ဳပ္ကို အေကာင္အထည္ေဖာ္သည့္ နယ္ျခားေဒသစံုစမ္းေရးေကာ္မတီ (Frontier Area Committee of Enquiry)အစည္းအေဝးကို ၁၉၄၇ မတ္လ (၁၈) ရက္မွ ဧၿပီလ (၂၄)ရက္အထိ ေမၿမိဳ႕ တြင္ က်င္းပႏိုင္ခဲ့႐ံုသာမက ၁၉၄၇ ေမလ (၂၃-၂၄) ရက္ေန႔ ရန္ကုန္ၿမိဳ႕ဂ်ဴဗလီေဟာခန္းမတြင္ က်င္းပ ေသာ ဖဆပလ ပဏာမျပင္ဆင္မႈ ညီလာခံက ဗိုလ္ခ်ဳပ္ ေအာင္ဆန္း၏ အခန္း (၁၄) ခန္းပါေသာ ႏိုင္ငံဖြဲ႕စည္း အုပ္ခ်ဳပ္ပံုအေျခခံဥပေဒၾကမ္းကို အတည္ျပဳႏိုင္ခဲ့ပါ ေတာ့သည္။
သို႔ေသာ္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ ေရးႀကိဳးပမ္းေနမႈကို ဟန္႔တားဖ်က္ဆီးလိုသူမ်ားက ၁၉၄၇ ဇူလိုင္လ ၁၉ ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အပါအဝင္ ေတာင္တန္းေဒသေခါင္းေဆာင္မ်ားကို ရက္ရက္စက္စက္သတ္ျဖတ္ခဲ့သည္။ ေနာင္ဆက္ဆံ ေသာ ဗမာေခါင္းေဆာင္မ်ားက ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ေတာင္တန္းေဒသေခါင္းေဆာင္ႀကီးမ်ား သေဘာ တူခ်မွတ္ခဲ့သည့္ ပင္လံုမူ၊ ပင္လံုစာခ်ဳပ္၊ ပင္လံုကတိ ကဝတ္အတိုင္း ေဖာ္ေဆာင္ျခင္းမရွိခဲ့သျဖင့္ ၁၉၄၇ ဖြဲ႕စည္းပံု အေျခခံဥပေဒပင္လွ်င္ တစ္ျပည္ေထာင္စနစ္ ကို အေျခခံသည့္ ဖြဲ႕စည္းပံုဥပေဒသာျဖစ္ခဲ့သည္။ တစ္ျပည္ေထာင္ဆိုေသာ္ျငား ပင္လံုတြင္ သေဘာတူ ခဲ့သည့္ ျပည္ေထာင္စုမွ ခြဲထြက္ခြင့္ကို ထည့္သြင္းေပး ခဲ့သည္။ မထည့္သြင္းခဲ့ပါကလည္း ေတာင္တန္းေဒသ ေခါင္းေဆာင္မ်ားအေနျဖင့္ ျပည္မႏွင့္ပူးေပါင္းကာ ျပည္ေထာင္စုကို တည္ေထာင္ျဖစ္ခဲ့လိမ့္မည္ဟု မယူဆႏိုင္ေပ။
ထိုအျဖစ္အပ်က္မ်ားေၾကာင့္ ၁၉၄၈၊ ဇန္နဝါရီလ ၄ ရက္ေန႔တြင္ သူ႔ကြ်န္ဘဝမွ လြတ္ေျမာက္ခဲ့ေသာ္လည္း လြတ္လပ္ေရးႏွင့္အတူ ျပည္ေထာင္စုျပႆနာမ်ား သေႏၶတည္ေမြးဖြားလာခဲ့ပါေတာ့သည္။ သယံဇာတ ေပါျြကယ္လွေသာ ျမန္မာႏိုင္ငံသည္လည္း တျဖည္းျဖည္းႏွင့္ ကမၻာ့အဆင္းရဲဆံုးႏိုင္ငံအဆင့္ထိ ေရာက္ရွိသြားပါေတာ့သည္။ ၁၉၄၈ ခုႏွစ္ ေမလ ဦးႏု အစိုးရလက္ထက္၊ ၁၉၆၃ ဦးေနဝင္းအစိုးရ လက္ထက္ ၁၉၈၁ ဆိုရွယ္လစ္လမ္းစဥ္ပါတီ လက္ထက္၊ ၁၉၈၈ ေနာက္ပိုင္း အာဏာသိမ္းအစိုးရလက္ထက္မ်ားတြင္ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈမ်ား ထဲထဲဝင္ဝင္ ေဆာင္ရြက္ ခဲ့သည္ကို ေတြ႕ရေသာ္လည္း ေအာင္ျမင္မႈမရရွိခဲ့ေခ်။ ဦးသိန္းစိန္ အစိုးရလက္ထက္ ၂၀၁၁ ခုႏွစ္၊ ဩဂုတ္လ ၁၈ ရက္ေန႔မွ စတင္၍ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ ယံုၾကည္မႈတည္ေဆာက္ေရးလုပ္ငန္းစဥ္မ်ား ျပန္လည္ စတင္ခဲ့သည္။ ထို႔ေၾကာင့္ ၂၀၁၅ ခုႏွစ္ေအာက္တိုဘာ လတြင္ တိုင္းရင္းသားလက္နက္ကိုအဖြဲ႕ (၈)ဖြဲ႕သည္ ၄ ႏွစ္တာကာလအတြင္း တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA တြင္လက္မွတ္ ေရးထိုးႏိုင္ခဲ့ၾကသည္။ တစ္ဆက္တည္းတြင္ ေဆြးေႏြး ပြဲမ်ား ေအာင္ျမင္စြာ က်င္းပသြားႏိုင္ရန္ ျပည္ေထာင္ စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ UPDJC ကိုလည္းဖြဲ႕စည္းတည္ေထာင္ႏိုင္ခဲ့သည္။
ႏိုင္ငံေဆြးေႏြးမႈဆိုင္ရာမူေဘာင္ (The Frame work for Political Dialogue)မ်ားျဖစ္ေသာ ရည္ ရြယ္ခ်က္၊ အေျခခံမူ၊ လုပ္ငန္းစဥ္၊ ေဆြးေႏြးမည့္ အေၾကာင္းအရာ၊ သေဘာတူညီခ်က္ အစရွိသည္မ်ား ကို စီမံႏိုင္ခဲ့ၾကသည္။ တစ္ဆက္တည္းတြင္ NLD အစိုးရအား အလႊဲအေျပာင္းမလုပ္မီ ဦးသိန္းစိန္ အစိုးရ လက္ထက္ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလ ၁၂ ရက္ေန႔မွ ၁၆ ရက္ေန႔အထိ ပထမအႀကိမ္ ျပည္ေထာင္စု ၿငိမ္း ခ်မ္းေရးညီလာခံႀကီးကို ေနျပည္ေတာ္ရွိ ျမန္မာ့အျပည္ ျပည္ဆိုင္ရာ ကြန္ဗင္းရွင္း-၂ ၌က်င္းပႏိုင္သည္။
အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္း သားကိုယ္စားလွယ္မ်ား၊ ပါဝင္သင့္ပါဝင္ထိုက္သူမ်ား (၇၀ဝ) ဦးဖိတ္ၾကားခဲ့ၿပီး၊ (၆၄၈)ဦးတက္ေရာက္ခဲ့ သည္ကို ေတြ႕ရွိရသည္။ ႏိုင္ငံေရး၊ လူမႈေရး၊ စီးပြားေရး၊ လံုၿခံဳေရး၊ ေျမယာႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ မူဝါဒကိစၥရပ္မ်ားကို ေဆြးေႏြးႏိုင္ခဲ့ၾကပါသည္။
NLD အစိုးရလက္ထက္ ၂၀၁၆ ခုႏွစ္၊ ဩဂုတ္လ (၃၁) ရက္ေန႔မွ စက္တင္ဘာလ (၃)ရက္ေန႔အထိ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁)ရာစုပင္လံု အမည္ေပးကာ ဒုတိယအႀကိမ္အျဖစ္က်င္းပႏိုင္ခဲ့သည္။ UPDJC ႏွင့္ NRPC ကိုအသစ္ျပန္လည္ဖြဲ႕စည္းခဲ့ျခင္း၊ ႏိုင္ငံေရးပါတီမ်ားအစား အႏိုင္ရပါတီမ်ားကိုသာ တက္ေရာက္ခြင့္ေပးခဲ့သည္မွတပါး ယခင္မူေဘာင္ မ်ားအတိုင္းသာ ဆက္လက္က်င့္သံုးခဲ့ပါသည္။ အစိုးရ လႊတ္ေတာ္၊ တပ္မေတာ္၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ား၊ အႏိုင္ရပါတီမ်ားတို႔မွ (၆၀ဝ)ဦးတက္ ေရာက္ခဲ့ၾကသည္။ အေျခခံမူ (၅၁) ခ်က္ တင္သြင္း အဆိုျပဳခဲ့ရာ (၃၇) ခ်က္သေဘာတူညီမႈရရွိခဲ့ေသာ္ လည္း အျငင္းပြားဖြယ္ ျဖစ္ခဲ့ရသည္။ သို႔ေသာ္ အဆိုပါ ၃၇ ခ်က္အား ျပည္ေထာင္စုသေဘာတူစာခ်ဳပ္အျဖစ္ လက္မွတ္ေရးထိုးခဲ့ၾကသည္။
တစ္ဖန္ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလ အတြင္း လူမ်ိဳးအလိုက္၊ အေၾကာင္းအရာအလိုက္၊ ေဒသ အလိုက္ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြး ပြဲမ်ားကို အဆင့္ဆင့္က်င္းပျပဳလုပ္ၿပီး ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ ၁၀ ရက္ေန႔မွ ၁၆ ရက္ေန႔အထိ တတိယ အႀကိမ္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစု ပင္လံုကို က်င္းပခဲ့သည္။ တတိယအႀကိမ္၏ထူးျခား ခ်က္မွာ လက္မွတ္ေရးထိုးအဖြဲ႕ (၁၀) ဖြဲ႕အထိပါဝင္ လာၿပီး ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕ (၇) ဖြဲ႕၊ ႏွင့္ KNPP တို႔ တက္ေရာက္လာၾကျခင္းပင္ျဖစ္သည္။ အမ်ိဳးသမီးပါဝင္မႈႏႈန္းမွာလည္း ယခင္ထက္ပိုလာ သည္ကိုေတြ႕ရွိရသည္။ လံုၿခံဳေရးကိစၥရပ္မ်ားကိုမူ မေဆြးေႏြးႏိုင္ခဲ့ပါ။ “ျပည္ေထာင္စုခြဲထြက္ခြင့္” စကား ရပ္ကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ သေဘာတူညီခ်က္မရရွိေသာေၾကာင့္ ေဆြးေႏြးမႈရပ္ ခဲ့ရသည္မွတစ္ပါး အဆိုျပဳခ်က္ (၃၃) ခ်က္မွ (၁၄)ခ်က္ သေဘာတူညီမႈ ရရွိခဲ့ပါသည္။ အထက္ပါမ်ား သည္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အက်ဥ္းပင္ ျဖစ္သည္။
ယခင္က မိမိတို႔ဓႏုတိုင္းရင္းသားထုတြင္ ႏိုင္ငံ ေရးအရ ခိုင္မာသည့္အဖြဲ႕အစည္းမရွိခဲ့သျဖင့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံတြင္ ကိုယ္စားျပဳ ပါဝင္ခြင့္မရရွိခဲ့ေပ။ ေဆြးေႏြးတင္ျပခြင့္လည္းမရခဲ့ပါ။ ပို၍ဆိုးသည္မွာ တိုင္းရင္းသားကိုယ္စားျပဳ အႏိုင္ရ ပါတီပင္မရွိခဲ့သျဖင့္ မည္သူကမွ် အေရးတယူ ဖိတ္ေခၚ ခဲ့ျခင္းမရွိခဲ့ေပ။ ယေန႔ ဓႏု နယ္ပယ္အတြင္း ေျပာင္းလဲ မႈမ်ား အတိုင္းအတာအထိ ျဖစ္ေပၚလာခဲ့ပါၿပီ။ ထို႔ေၾကာင့္ ဓႏုနယ္ႏွင့္ပတ္သက္သည့္ အေျခခံမူဝါဒ ကိစၥရပ္မ်ားကို ႀကိဳတင္ျပင္ဆင္ထားႏိုင္ပါမွ သင့္ေတာ္ ပါလိမ့္မည္။ ဓႏုနယ္ပယ္အားလံုးရွိ DNAO အဖြဲ႕ဝင္ အားလံုးကလည္း ေဒသဆိုင္ရာ အခ်က္အလက္မ်ား ကို ရွာေဖြစုေဆာင္းႀကိဳးစားရပါလိမ့္မည္။ သို႔မွသာ ျမန္မာ့ႏိုင္ငံေရးနယ္ပယ္အတြင္း ဓႏုတိုင္းရင္းသား ေရးရာကိစၥရပ္မ်ား သမိုင္းထင္က်န္ရစ္လိမ့္မည္ဟု ယူဆရင္း ………

မင္းလြင္ဦး (ေအာင္ပန္း)

 

Unicode

မြန်မာနိုင်ငံအလယ်ဗဟိုချက်မ အရှေ့ဘက်ခြမ်းနှင့် ရှမ်းပြည်နယ်မြောက်ဘက်ခြမ်းကြား ဒေသတောင်မြောက်သွယ်တန်းနေသော ကုန်းမြင့်ဒေသကို ရှမ်းမြေလတ်ဟုခေါ်သည်။ ရှမ်း မြေလတ် ဒေသရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ နောင်ချို မြို့နယ်အတွင်း ဓနုတိုင်းရင်းသားများ တစ်စုတစ်ဝေးတည်းနေထိုင်လျက်ရှိကြသည်။ လူဦးရေ အရ မြန်မာနိုင်ငံ၌ နံပါတ် (၁၀)၊ ရှမ်းပြည်နယ်တွင် နံပါတ် ၄ အဆင့်ရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တင်ပြတောင်း ဆိုခဲ့စဉ်အချိန်က အထက်ပါ (၅) မြို့နယ်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် အဆိုပြုခဲ့ကြသည်။ သို့သော်လည်း ရွာငံမြို့နယ်နှင့်ပင်းတယမြို့နယ်နှစ်ခုသာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ် အတည်ပြုပေးခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း စစ်တပ်လုံးဝမရှိခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ လုံးဝမရှိခြင်း၊ ရာနှုန်းပြည့်နီးပါး ဗုဒ္ဓဘာသာဝင်များနေထိုင်ကြခြင်းသည်ကား မြန်မာနိုင်ငံ၏တစ်မူ ထူးခြားဖြစ်စဉ်ဖြစ်နေသည်။ ဓနုတိုင်းရင်းသားများသည် စိုက်ပျိုးရေးကို အဓိကထား အသက်မွေးကြပြီး အနေအေးသွေးအေးကာ ဘာသာတရားကိုင်းရှိုင်းကြသဖြင့် အများစုမှာ နိုင်ငံရေးကို စိတ်မဝင်စားကြပေ။
ဓနုနယ်အတွင်း အတိတ်နိုင်ငံရေးသမိုင်းကြီး ကြီးမားမားရှိခဲ့သော်လည်း မိမိအတွေ့အကြုံနှင့်လေ့ လာမှုများအရ ယနေ့ဓနုနိုင်ငံရေးရေချိန်သည် မူလတန်းအဆင့်မျှသာရှိချေ၏။ အခြားတိုင်းရင်းသား များသည် နိုင်ငံရေးသင်မြင့်ထက်၌ နေရာအသီးသီးယူ ထားကြသော်လည်း ဓနုတိုင်းရင်းသားများမတွေ့ရ ခြင်းကို ကြည့်ခြင်းအားဖြင့် အလွယ်တကူသိနိုင်ပါသည်။ ဝမ်းနည်းဖွယ်ကောင်းလေစွ။ ထို့ကြောင့် ဓနုတိုင်းရင်း သားများနိုးကြားကြရပါဦးမည်။ ကိုယ်ပိုင်စွမ်းရည်များ ဖြင့် ကြိုးစားကြရပါလိမ့်မည်။ လေ့လာသင်ယူထိုး ဖောက်ကြရပါဦးမည်။ အထူးသဖြင့် ဓနုလူငယ်များ နိုင်ငံရေးစင်မြင့်ပေါ်တက်လှမ်းနိုင်မှသာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး အခန်း ကဏ္ဍတွင် ထဲထဲဝင်ဝင်လှုပ်ရှားလာနိုင်ပါလိမ့်မည်။ ယခုကတည်းက ကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိပါက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များ ဆက်လက်ဆုံးရှုံးနေဦးမည်သာဖြစ်ပေသည်။ ]]သူများ ယောင်လို့ယောင်၊ အမောက်တောင်မှန်းမြောက်မှန်း သမိ}} ]]အမေကျော် ဒွေးတော်လွမ်း}}ဆက်ဖြစ်နေပါ လိမ့်မည်။

(၂)
လွတ်လပ်ရေးမရမီ သူ့ကျွန်လက်အောက်ရှိနေ စဉ်အချိန်က ဓနုနယ်အတွင်းစော်ဘွားများသာမက ဓနုဒေသအသီးသီး၌ အညတရအဖြစ်သေဆုံးခဲ့ရသည်။ ဓနုနယ်ပယ်မှ နိုင်ငံရေးတက်ြွကလှုပ်ရှားခဲ့ကြသော ပင်းတယမြို့နယ်မှ ဦးခွန်စော၊ ဦးဖိုးစိန်လှ၊ ဦးချစ်ဦး၊ ဦးသုတ၊ ကလောမြို့နယ်မှ ဒေါ်ခင်အေးတင့်၊ ဒေါ်ခင်စု၊ ဦးမောင်၊ ဦးခမ်းထွန်း၊ ဦးခင်မောင်သန့်၊ ဦးရှောင်မောင်၊ ဦးအငေါ်၊ ဦးတင်လီ၊ ဦးစစ်ဟန်၊ ဦးမင်းမောင်၊ ဦးသန်းမောင်၊ ဦးဘလွန်း၊ ဒေါ်ငွေမြိုင်၊ ဦးအောင်သိန်း၊ ဦးထွန်းလင်း၊ ဦးလှမောင်နှင့် နောင်ချို မြို့နယ်မှ ဦးလှဖေတို့အား ဤစာစုဖြင့် ဂုဏ်ပြုလိုက် ရပါသည်။ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေး ကြိုးပမ်းမှု ခေတ်အတွင်း ထိုသူတို့သည်ထင်ပေါ်ခဲ့၏။ ကျော်ကြား ခဲ့၏။ ဤမျှနိုင်ငံရေးအစကောင်းခဲ့သော်လည်း ယနေ့ မျိုးဆက်ပြတ်ခဲ့ခြင်းမှာ အဘယ်ကြောင့်နည်း။
၂၀၁၀ ခေတ်ပြောင်းချိန်ရောက်မှ တချို့၊ တချို့ နိုင်ငံရေးကိုစိတ်ဝင်စားခဲ့ကြသည်။ စစ်မှန်သောအုပ် ချုပ်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကြောင့် ဓနုအမျိုးသားရေးနိုးထခဲ့ ကြသည်။ ၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ် ဓနုအမျိုး သားညီလာခံပေါ်ပေါက်လာခဲ့ပြီး ဘုံသဘောတူညီချက် များချမှတ်နိုင်ခဲ့ကြ၏။
ထိုညီလာခံမှတဆင့် ဓနုအမျိုးသားနေ့ကို သတ် မှတ်အတည်ပြုနိုင်ခဲ့ကြပြီး ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ်ကြီးလည်း ပေါ်ပေါက်လာခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ် ဓနုအမျိုးသားနေ့ကို ရွာငံမြို့ တွင် ကျင်းပနိုင်ခဲ့ကြသည်။ သို့သော်လည်း နိုင်ငံရေး ရည်မှန်းချက်ထင်သလောက် ခရီးမပေါက်သေးပေ။ ဓနုလူထုအားစိတ်ပိုင်းဆိုင်ရာ မြင့်တက်လာစေရန် ဖန်တီးနိုင်ခဲ့သော်လည်း ရုပ်ပိုင်းဆိုင်ရာများ ဟန်ပြ အဆင့်သာရှိနေသေးသည်။ ရှေ့ဆက်၊ မျက်စိဖွင့်၊ နားစွင့်မှုများ ပိုမိုကျယ်ပြန့်လာစေရန် မည်ကဲ့သို့ ဆောင်ရွက်ကြမည်နည်း။
ဤကာလအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်တည်ဆောက်ရေးနိုင် ရာ ကိစ္စရပ်များနှင့် ဖက်ဒရယ်အမြင်ဖွင့်သင်တန်း တချို့ရှိခဲ့သော်လည်း လက်တွေ့အသုံးချနိုင်မှုနှင့်ပြန် လည်ဖြန့်ဝေနိုင်မှု အားနည်းလျက်ရှိနေသေးသည်။ ၂၀၁၉ ခုနှစ်က ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်နှင့် တိုင်းရင်းသားလူမျိုးရေးရာဖွံ့ဖြိုးရေးနှင့် သုတေသန အသင်း CDES တို့ပူးပေါင်းကျင်းပပြုလုပ်သော ငြိမ်း ချမ်းရေးဖိုရမ်ကို ပြန်လည်သတိရမိပါသေးသည်။ ဓနု မြို့နယ် (၆) မြို့နယ်မှ (၃၀)ဦးကျ ဖိတ်ကြားပြီး လူဦး ရေအပြည့်တက်ရောက်ခဲ့သည့်ပွဲလည်းဖြစ်သည်။ မိမိ သည်အဖွဲ့ချုပ်၏ နိုင်ငံရေးရာအစုအဖွဲ့ခေါင်းဆောင် ပီပီ ဆရာရန်ကျော်၊ ဆရာစွန်လျန်ဆန်းတို့နှင့်အတူ ဦးဆောင်ခွင့်ရရှိခဲ့သည်။ ထိုပွဲသည် ဓနုဒေသတစ်ခု လုံး၏ နိုင်ငံရေးရေချိန်ကို စမ်းသပ်ခွင့်ရရှိသည်ဆိုက မမှားပေ။ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်၏ အဖိုး အနဂ္ဃ ထိုက်တန်သောပွဲလည်းဖြစ်ခဲ့လေသည်။ ထိုပွဲ တွင် မိမိရေးသားဖတ်ကြားခဲ့သော စာတမ်းအား အမှတ်တရအဖြစ်တင်ပြအပ်ပါသည်။ တက်ရောက်ခဲ့ သူများအားဖြန့်ဝေပေးခဲ့ရာ တချို့တချို့အမြင်မတူ သူ၊ ရှုံ့ချခဲ့သူများရှိခဲ့သော်လည်း ဓနုတိုင်းရင်းသား များ၏နိုင်ငံရေးအန္တိမပန်းတိုင် ဝေဝါးနေဆဲဖြစ်ကြောင်း သတိပြုမိခဲ့ပါသည်။

ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် DANO နှင့် တိုင်းရင်းသားရေးရာဖွံ့ ဖြိုးရေးနှင့် သုတေသနအသင်း CDEA တို့ ပူးပေါင်းကျင်းပပြု လုပ်သော ငြိမ်းချမ်းရေးဖိုရမ်
ရက်စွဲ။ ။ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၆)
ငြိမ်းချမ်းရေးဆိုသည်မှာ လူသားအချင်းချင်း ကိုယ်ချင်းစာတရားထားပြီး နားလည်ခွင့်လွတ်သည်း ခံတတ်မှုကိုခေါ်သည်။ မေရီဂျိုးဇက်က “စိုးရိမ်မှု အပေါင်း၊ ဘေးဒုက္ခအပေါင်း၊ အကြမ်းဖက်မှုအပေါင်း၊ ထိတ်လန့်မှုအပေါင်းတို့မှ လွတ်မြောက်ကင်းဝေးခြင်း” ဟု ပြောခဲ့သည်။ “ဆူပူလှုပ်ရှားထြွကခြင်း၊ စစ်မက် စသည့်တို့ ကင်းမဲ့သောအဖြစ်”ဟု မြန်မာအဘိဓာန် ကဆိုထားသည်။ ထိုထက်မက အဓိပ္ပာယ်ဖွင့်ဆိုချက် များရှိသေးသော်လည်း မြန်မာ့ငြိမ်းချမ်းရေးဟုပြော ပါက အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက် အဖွဲ့များ၏ ဖိုခနောက်ဆိုင်ပြဿနာရပ်ဖြစ်သည်ဟု နားလည်မိပါသည်။
ပြည်ထောင်စုဆိုင်ရာ ပြဿနာများသာမက လူမှုရေး၊ စီးပွားရေး၊လုံခြုံရေး၊ မြေယာနှင့်သဘာဝပတ် ဝန်းကျင်ဆိုင်ရာ မငြိမ်းချမ်းမှုများသည်လည်း ဖြေရှင်း ရမည့် ငြိမ်းချမ်းရေးကိစ္စရပ်များပင် ဖြစ်ပေသည်။ ကျွနု်ပ်တို့ ဓနုနယ်မြေအတွင်း လက်နက်ကိုင်ပြဿနာ များ၊ ဘာသာရေးပြဿနာများ ကြီးကြီးမားမား မရှိသော်လည်း အခြားမငြိမ်းချမ်းစေမည့် ကိစ္စရပ်များ စွာရှိနေပါသည်။ ခေတ်အဆက်ဆက်နိုင်ငံတော်ဖွံ့ဖြိုး ရေးအတွက် စေတနာသန့်သန့်ကူညီခဲ့သည့် လူမျိုးများ လည်းဖြစ်ပါသည်။
ယနေ့အခမ်းအနားသည် Peace Forum ဟု ခေါင်းစဉ်တပ်ထားသဖြင့် မြန်မာနိုင်ငံ၏ မငြိမ်းချမ်း စေခဲ့သည့် အတိတ်ဖြစ်ရပ်များ သိရှိထားသင့်သည်ဟု ယူဆမိသည်။ ပြည်ထောင်စုဗမာနိုင်ငံစုပေါင်းတည် ထောင်ခြင်း မရှိသေးခင်ကာလကတည်းက တောင် တန်းဒေသရှိ ရှမ်း၊ ကချင်၊ ချင်း လူမျိုးတို့သည် ကိုယ့် ထီးကိုယ်နန်း ကိုယ့်ကြဌာန်းဖြင့် မိမိတို့ရိုးရာအစဉ် အလာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်း အတိုင်းသီးခြားစွာ ရပ်တည်ခဲ့ကြသည်။
၁၈၂၄ ခုနှစ်တွင် ရခိုင်၊ တနင်္သာရီဒေသ၊ ၁၈၅၂ ခုနှစ်တွင် မြန်မာနိုင်ငံအောက်ပိုင်း၊ ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံ၊ ၁၈၈၆ ခုနှစ်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ၁၈၈၇ ခုနှစ်တွင် ရှမ်းပြည်နယ်တောင် ပိုင်းအား အင်္ဂလိပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီး ၁၈၉၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ် တစ်ခုလုံးကို သိမ်း ယူနိုင်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် ဗြိတိသျှအစိုးရ က ရှမ်း၊ ကချင်၊ ချင်းဒေသများကို နယ်စပ်ဒေသအုပ် ချုပ်မှု (Frontier Area Administration)အောက် တွင် ကိုလိုနီနယ်များအဖြစ် အုပ်ချုပ်ခဲ့ကြသည်။
ဤအထဲတွင် စကားချပ်အဖြစ် ပြောလိုသည်မှာ ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးအားလုံးကို ရှမ်းပြည်နယ် အက်ဥပဒေဖြင့် အုပ်ချုပ်ခဲ့ရာတွင် ဓနုလူမျိုးများ နေထိုင်ကြသော ရှမ်းမြေလတ်ဒေသကို အနောက်ပိုင်း ဆိုင်ရာ ဝန်ထောက်ရုံး (Westerm Sub-Division) ထားရှိကာ အုပ်ချုပ်ခဲ့သည်။ ရှမ်းမြေလတ်ဒေသအတွင်း ရှိ သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး၊ ပွေးလှစော် ဘွား စဝ်ထွန်းစိန်၊ ပင်းတယစော်ဘွား စဝ်ဝင်းကြည်၊ ရွာငံစော်ဘွား စဝ်ခွန်ရီ၊ ဘော်နယ် (ရေဦး) စော်ဘွား စဝ်ခွန်အောင်၊ ပင်မှီကျမိုင်းစော်ဘွား စဝ်ခွန်ဦး၊ ကျုံး စော်ဘွား စဝ်ခွန်ဆောင်းတို့သည် ဓနုလူမျိုးများဖြစ် ပြီး ၁၉၅၉ အာဏာမစွန့်မီအချိန်အထိ အုပ်ချုပ်သွား ခဲ့ကြသည်။ ထိုသို့သာမက ပင်လုံစာချုပ်တွင် စော်ဘွား ကိုယ်စားလှယ် သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး၊ လူထုကိုယ်စားလှယ် ဦးခွန်စော (ပင်းတယ) တို့က လက်မှတ်ရေးထိုးပေးခဲ့ကြသည်။
အင်္ဂလိပ်တို့က ရှမ်း၊ ကချင်၊ ချင်းနှင့် အထက် မြန်မာနိုင်ငံကို ဥပဒေအသီးသီးပြဋ္ဌာန်းပြီးအုပ်ချုပ်ခဲ့ သည်။ အောက်မြန်မာနိုင်ငံကို အိန္ဒိယမှ တိုက်ရိုက် အုပ်ချုပ်ခဲ့ပါသည်။ တဖန် ၁၉၃၅ ခုနှစ်တွင် မြန်မာ နိုင်ငံတစ်ခုလုံး (Burma Proper)ကို 1935 Burma Act ပြဋ္ဌာန်းပြီး သီးခြားစီအုပ်ချုပ်ခဲ့ပါသည်။ ထို ဥပဒေအရ ကိုလိုနီခေတ်မတိုင်မီ မြန်မာမင်းများက သိမ်းပိုက်ခဲ့သော မွန်၊ ရခိုင်၊ ကရင်ဒေသများသည် ဗမာပြည်မအတွင်း ပါဝင်ခဲ့ပြီးဖြစ်သည်။ ကရင်နီ (ကယား)ပြည်နယ်က သီးခြားလွတ်လပ်သော ပြည်နယ်အဖြစ် တည်ရှိခဲ့ပါသည်။
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းက လွတ် လပ်ရေးအတွက် ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်များ ၏ ဘုံသဘောထားတူညီချက်များကို ရယူနိုင်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုဗမာနိုင်ငံတော်ကို စုပေါင်းတည်ဆောက် နိုင်မည့် သမိုင်းဝင် ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင်ခဲ့ သည်။ ပင်လုံစာချုပ်ထဲတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိသည့် ပင်လုံကတိကဝတ်များကိုပါ သဘောတူနိုင် ခဲ့ပါသည်။ ပင်လုံစာချုပ်ကတိကဝတ်နှင့် အောင်ဆန်း- အက်တလီစာချုပ်ကို အကောင်အထည်ဖော်သည့် နယ်ခြားဒေသစုံစမ်းရေးကော်မတီ (Frontier Area Committee of Enquiry)အစည်းအဝေးကို ၁၉၄၇ မတ်လ (၁၈) ရက်မှ ဧပြီလ (၂၄)ရက်အထိ မေမြို့ တွင် ကျင်းပနိုင်ခဲ့ရုံသာမက ၁၉၄၇ မေလ (၂၃-၂၄) ရက်နေ့ ရန်ကုန်မြို့ဂျူဗလီဟောခန်းမတွင် ကျင်းပ သော ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံက ဗိုလ်ချုပ် အောင်ဆန်း၏ အခန်း (၁၄) ခန်းပါသော နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့ပါ တော့သည်။
သို့သော် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးကြိုးပမ်းနေမှုကို ဟန့်တားဖျက်ဆီးလိုသူများက ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တောင်တန်းဒေသခေါင်းဆောင်များကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။ နောင်ဆက်ဆံ သော ဗမာခေါင်းဆောင်များက ဗိုလ်ချုပ်အောင်ဆန်း နှင့်တောင်တန်းဒေသခေါင်းဆောင်ကြီးများ သဘော တူချမှတ်ခဲ့သည့် ပင်လုံမူ၊ ပင်လုံစာချုပ်၊ ပင်လုံကတိ ကဝတ်အတိုင်း ဖော်ဆောင်ခြင်းမရှိခဲ့သဖြင့် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေပင်လျှင် တစ်ပြည်ထောင်စနစ် ကို အခြေခံသည့် ဖွဲ့စည်းပုံဥပဒေသာဖြစ်ခဲ့သည်။ တစ်ပြည်ထောင်ဆိုသော်ငြား ပင်လုံတွင် သဘောတူ ခဲ့သည့် ပြည်ထောင်စုမှ ခွဲထွက်ခွင့်ကို ထည့်သွင်းပေး ခဲ့သည်။ မထည့်သွင်းခဲ့ပါကလည်း တောင်တန်းဒေသ ခေါင်းဆောင်များအနေဖြင့် ပြည်မနှင့်ပူးပေါင်းကာ ပြည်ထောင်စုကို တည်ထောင်ဖြစ်ခဲ့လိမ့်မည်ဟု မယူဆနိုင်ပေ။
ထိုအဖြစ်အပျက်များကြောင့် ၁၉၄၈၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့သော်လည်း လွတ်လပ်ရေးနှင့်အတူ ပြည်ထောင်စုပြဿနာများ သန္ဓေတည်မွေးဖွားလာခဲ့ပါတော့သည်။ သယံဇာတ ပေါြွကယ်လှသော မြန်မာနိုင်ငံသည်လည်း တဖြည်းဖြည်းနှင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်ထိ ရောက်ရှိသွားပါတော့သည်။ ၁၉၄၈ ခုနှစ် မေလ ဦးနု အစိုးရလက်ထက်၊ ၁၉၆၃ ဦးနေဝင်းအစိုးရ လက်ထက် ၁၉၈၁ ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်၊ ၁၉၈၈ နောက်ပိုင်း အာဏာသိမ်းအစိုးရလက်ထက်များတွင် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ထဲထဲဝင်ဝင် ဆောင်ရွက် ခဲ့သည်ကို တွေ့ရသော်လည်း အောင်မြင်မှုမရရှိခဲ့ချေ။ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှ စတင်၍ ငြိမ်းချမ်းရေးတည်ဆောက်မှု ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များ ပြန်လည် စတင်ခဲ့သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်အောက်တိုဘာ လတွင် တိုင်းရင်းသားလက်နက်ကိုအဖွဲ့ (၈)ဖွဲ့သည် ၄ နှစ်တာကာလအတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင်လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။ တစ်ဆက်တည်းတွင် ဆွေးနွေး ပွဲများ အောင်မြင်စွာ ကျင်းပသွားနိုင်ရန် ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကိုလည်းဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။
နိုင်ငံဆွေးနွေးမှုဆိုင်ရာမူဘောင် (The Frame work for Political Dialogue)များဖြစ်သော ရည် ရွယ်ချက်၊ အခြေခံမူ၊ လုပ်ငန်းစဉ်၊ ဆွေးနွေးမည့် အကြောင်းအရာ၊ သဘောတူညီချက် အစရှိသည်များ ကို စီမံနိုင်ခဲ့ကြသည်။ တစ်ဆက်တည်းတွင် NLD အစိုးရအား အလွှဲအပြောင်းမလုပ်မီ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပထမအကြိမ် ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံကြီးကို နေပြည်တော်ရှိ မြန်မာ့အပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း-၂ ၌ကျင်းပနိုင်သည်။
အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်း သားကိုယ်စားလှယ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ (၇၀ဝ) ဦးဖိတ်ကြားခဲ့ပြီး၊ (၆၄၈)ဦးတက်ရောက်ခဲ့ သည်ကို တွေ့ရှိရသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ကြပါသည်။
NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့မှ စက်တင်ဘာလ (၃)ရက်နေ့အထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အမည်ပေးကာ ဒုတိယအကြိမ်အဖြစ်ကျင်းပနိုင်ခဲ့သည်။ UPDJC နှင့် NRPC ကိုအသစ်ပြန်လည်ဖွဲ့စည်းခဲ့ခြင်း၊ နိုင်ငံရေးပါတီများအစား အနိုင်ရပါတီများကိုသာ တက်ရောက်ခွင့်ပေးခဲ့သည်မှတပါး ယခင်မူဘောင် များအတိုင်းသာ ဆက်လက်ကျင့်သုံးခဲ့ပါသည်။ အစိုးရ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ အနိုင်ရပါတီများတို့မှ (၆၀ဝ)ဦးတက် ရောက်ခဲ့ကြသည်။ အခြေခံမူ (၅၁) ချက် တင်သွင်း အဆိုပြုခဲ့ရာ (၃၇) ချက်သဘောတူညီမှုရရှိခဲ့သော် လည်း အငြင်းပွားဖွယ် ဖြစ်ခဲ့ရသည်။ သို့သော် အဆိုပါ ၃၇ ချက်အား ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည်။
တစ်ဖန် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အတွင်း လူမျိုးအလိုက်၊ အကြောင်းအရာအလိုက်၊ ဒေသ အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများကို အဆင့်ဆင့်ကျင်းပပြုလုပ်ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ တတိယ အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ကျင်းပခဲ့သည်။ တတိယအကြိမ်၏ထူးခြား ချက်မှာ လက်မှတ်ရေးထိုးအဖွဲ့ (၁၀) ဖွဲ့အထိပါဝင် လာပြီး မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့၊ နှင့် KNPP တို့ တက်ရောက်လာကြခြင်းပင်ဖြစ်သည်။ အမျိုးသမီးပါဝင်မှုနှုန်းမှာလည်း ယခင်ထက်ပိုလာ သည်ကိုတွေ့ရှိရသည်။ လုံခြုံရေးကိစ္စရပ်များကိုမူ မဆွေးနွေးနိုင်ခဲ့ပါ။ “ပြည်ထောင်စုခွဲထွက်ခွင့်” စကား ရပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သဘောတူညီချက်မရရှိသောကြောင့် ဆွေးနွေးမှုရပ် ခဲ့ရသည်မှတစ်ပါး အဆိုပြုချက် (၃၃) ချက်မှ (၁၄)ချက် သဘောတူညီမှု ရရှိခဲ့ပါသည်။ အထက်ပါများ သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အကျဉ်းပင် ဖြစ်သည်။
ယခင်က မိမိတို့ဓနုတိုင်းရင်းသားထုတွင် နိုင်ငံ ရေးအရ ခိုင်မာသည့်အဖွဲ့အစည်းမရှိခဲ့သဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ကိုယ်စားပြု ပါဝင်ခွင့်မရရှိခဲ့ပေ။ ဆွေးနွေးတင်ပြခွင့်လည်းမရခဲ့ပါ။ ပို၍ဆိုးသည်မှာ တိုင်းရင်းသားကိုယ်စားပြု အနိုင်ရ ပါတီပင်မရှိခဲ့သဖြင့် မည်သူကမျှ အရေးတယူ ဖိတ်ခေါ် ခဲ့ခြင်းမရှိခဲ့ပေ။ ယနေ့ ဓနု နယ်ပယ်အတွင်း ပြောင်းလဲ မှုများ အတိုင်းအတာအထိ ဖြစ်ပေါ်လာခဲ့ပါပြီ။ ထို့ကြောင့် ဓနုနယ်နှင့်ပတ်သက်သည့် အခြေခံမူဝါဒ ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထားနိုင်ပါမှ သင့်တော် ပါလိမ့်မည်။ ဓနုနယ်ပယ်အားလုံးရှိ DNAO အဖွဲ့ဝင် အားလုံးကလည်း ဒေသဆိုင်ရာ အချက်အလက်များ ကို ရှာဖွေစုဆောင်းကြိုးစားရပါလိမ့်မည်။ သို့မှသာ မြန်မာ့နိုင်ငံရေးနယ်ပယ်အတွင်း ဓနုတိုင်းရင်းသား ရေးရာကိစ္စရပ်များ သမိုင်းထင်ကျန်ရစ်လိမ့်မည်ဟု ယူဆရင်း ………

မင်းလွင်ဦး (အောင်ပန်း)