• Today is: Thursday, August 5, 2021

နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညွန့်ပေါင်းအစိုးရစိတ်ကူး

Federal Journal
November13/ 2020

နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညွန့်ပေါင်းအစိုးရစိတ်ကူး

ညွန့်ပေါင်းအစိုးရဆိုတာ ပါလီမန်စနစ်မှာ ထွက်ပေါ်လာတတ်တဲ့ အစိုးရအဖွဲ့မျိုး ဖြစ်ပါ တယ်။ ဒီမိုကရေစီစနစ်မှာ အစိုးရဖွဲ့တဲ့စနစ် (၂)မျိုး ရှိပါတယ်။ ပါလီမန်စနစ်နဲ့ ဖွဲ့တဲ့ အစိုးရ မျိုးနဲ့ သမ္မတစနစ်နဲ့ ဖွဲ့တဲ့ အစိုးရမျိုးဆိုတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ထပ်ချဲ့ပြောရ ရင် အစိုးရဖွဲ့တဲ့စနစ် (၃)မျိုး ရှိပါတယ်။ ပါလီ မန်စနစ်နဲ့ ဖွဲ့တဲ့ အစိုးရမျိုး၊ သမ္မတစနစ်နဲ့ ဖွဲ့တဲ့ အစိုးရမျိုးနဲ့ ဆီမီး(Semi) သမ္မတစနစ်နဲ့ ဖွဲ့တဲ့ အစိုးရမျိုးရယ်လို့ သုံးမျိုးပါ။ အစိုးရကို ပါလီမန် ထဲကနေဖွဲ့ရင် အဲဒီစနစ်ကို ပါလီမန်စနစ်လို့ ခေါ်ပါတယ်။

ဒီပါလီမန်စနစ်မှာ   အထွေထွေ ရွေး ကောက်ပွဲ၊ ပါလီမန်ရွေးကောက်ပွဲဆိုတဲ့ အမည် တွေ တပ်ပြီး ပါလီမန်အမတ် (လွှတ်တော်ကိုယ် စားလှယ်)တွေကို ပြည်သူတွေက ရွေးကောက် တင်မြှောက်ပေးရတယ်။ လွှတ်တော်ထဲ (ဝါ) ပါလီမန်ထဲကို ရောက်သွားတဲ့ အမတ်တွေ (ဝါ) ကိုယ်စားလှယ်တွေ က အစိုးရဖွဲ့ပေးရတယ်။ ဒီလို အစိုးရဖွဲ့တဲ့အခါ ပါလီမန်ထဲမှာ၊ လွှတ်တော်ထဲမှာ အမတ်နေရာ၊ ကိုယ်စားလှယ်နေရာ အများဆုံးရထားတဲ့ ပါတီ ကပဲ များသောအားဖြင့် အစိုးရ ဖွဲ့ရတတ်ပါတယ်။

တကယ်လို့ လွှတ်တော်ထဲ၊ ပါလီမန်ထဲမှာ နေရာ အများဆုံးရထားတဲ့ ပါတီက (၅၀) ရာခိုင်နှုန်း မကျော်ခဲ့ရင် အခြားပါတီတစ်ခုခုနဲ့ တွဲပြီးတော့ ညွန့်ပေါင်း အစိုးရဆိုတာမျိုးကို ဖွဲ့ရတတ်ပါတယ်။

ပါလီမန်စနစ်မှာ နိုင်ငံတော်အကြီးအကဲ က စည်းမျဉ်းခံဘုရင်၊ သို့မဟုတ် စည်းမျဉ်းခံ ဘုရင်မ၊ သို့မဟုတ် စည်းမျဉ်းခံသမ္မတ တစ်ခုခု ဖြစ်တတ်ပါတယ်။

ဒီပါလီမန်စနစ်မှာ အစိုးရ အဖွဲ့အကြီးအကဲက ဝန်ကြီးချုပ် ဖြစ်ပြီး    တစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင်တပ်တွေကို အမိန့် ပေးနိုင်တဲ့ စစ်သေနာပတိ ချုပ်လည်း ဖြစ်ပါတယ်။

ပါလီမန်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေက ယူကေ နိုင်ငံ(အင်္ဂလန်၊ ဝေးလ်၊ မြောက်အိုင်ယာလန်၊ စကော့ တလန်)၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်း နိုင်ငံ၊ လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်၊ စစ်အာဏာရှင်စနစ်အောက်ကို မကျရောက်မီ စပ်ကြားက မြန်မာနိုင်ငံစတာတွေ ဖြစ်ပါတယ်။

သမ္မတစနစ်မှာကျတော့ သမ္မတကို ပြည်သူတွေ က၊ နိုင်ငံသားတွေက တိုက်ရိုက် ရွေးကောက်တင် မြှောက်တယ်။ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတက အစိုးရဖွဲ့တယ်။ ဒါကို သမ္မတစနစ်လို့ ခေါ်တယ်။

ဒီသမ္မတစနစ်မှာ နိုင်ငံတော်အကြီးအကဲက လည်း သမ္မတဖြစ်ပြီးတော့ အစိုးရအဖွဲ့အကြီးအကဲက လည်း သမ္မတပဲ ဖြစ်ပါတယ်။

အဲဒါအပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင် တပ်အားလုံးရဲ့ အကြီးအကဲ သေနာပတိချုပ်ဟာလည်း သမ္မတပဲ ဖြစ်ပါတယ်။

သမ္မတစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေကတော့ အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ဆီမီးသမ္မတစနစ်ကို ကပြားအစိုးရစနစ်လို့လည်း ခေါ်ကြပါတယ်။ ဒီစနစ်က ပါလီမန်စနစ်နဲ့ သမ္မတစနစ် ကို ပေါင်းစပ်ထားတဲ့စနစ် ဖြစ်တယ်။

ပါလီမန်စနစ်မှာလိုပဲ ဝန်ကြီးချုပ်ကို ပါလီမန်ထဲ၊ လွှတ်တော်ထဲကနေ ရွေးကောက်တင်မြှောက်တယ်။ သမ္မတစနစ်မှာလိုပဲ သမ္မတကိုလည်း ပြည်သူတွေ၊ နိုင်ငံသားတွေက တိုက်ရိုက် ရွေးကောက်တင်မြှောက်ပါတယ်။

ဒီဆီမီးသမ္မတစနစ်မှာ နိုင်ငံတော်အကြီးအကဲက သမ္မတဖြစ်ပြီး အစိုးရအဖွဲ့အကြီးအကဲက ဝန်ကြီးချုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတက စည်းမျဉ်းခံသမ္မတမျိုး မဟုတ်ဘဲ ဝန်ကြီးချုပ်ကလည်း အစိုးရတစ်ဖွဲ့လုံးရဲ့ အကြီးအကဲမျိုး မဟုတ်ပြန်ပါဘူး။

ဒီစနစ်မှာ သမ္မတက နိုင်ငံခြားရေးမူဝါဒကို ကိုင်တွယ်ပြီး ဝန်ကြီးချုပ်က ပြည်ထဲရေးမူဝါဒကို ကိုင်တွယ်ပါတယ်။

အဲဒါကြောင့် သမ္မတရဲ့ အောက်မှာ နိုင်ငံခြားရေး မူဝါဒကို အကောင်အထည်ဖော်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေ ရှိနေပြီး ဝန်ကြီးချုပ်ရဲ့ အောက်မှာတော့ ပြည်ထဲရေးမူဝါဒကို အကောင်အထည်ဖော်တဲ့ ကျန်ဝန်ကြီးဌာနတွေ ရှိနေကြပါတယ်။

ဒီနေရာမှာ သတိပြုရမှာက ကာကွယ်ရေး ဝန်ကြီးဌာနဟာ နိုင်ငံခြားရေးမူဝါဒကို အကောင် အထည်ဖော်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အဓိကတာဝန်က ပြည်ပရန်ကာကွယ်ဖို့အတွက်သာ ဖြစ်ပါတယ်။ ဒါက နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒထဲမှာ အကျုံးဝင်ပါတယ်။

စစ်တပ်ရဲ့ အဓိကမဟုတ်တဲ့ နောက်တာဝန် တစ်ခုက သဘာဝဘေးအန္တရာယ်စတဲ့ အရေးပေါ် အခြေအနေတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးပြီး အကူအညီပေးရတာမျိုး ဖြစ်ပါ တယ်။ ဒါကတော့ ပြည်တွင်း၊ ပြည်ပ နှစ်ခုစလုံးမှာ ဆောင်ရွက်နိုင်ပါတယ်။

ဆီမီးသမ္မတစနစ်မှာ ဝန်ကြီးချုပ်က ပြည်ထဲရေး မူဝါဒတွေကို အကောင်အထည်ဖော်ရတဲ့အတွက် ပြည်ထဲရေးမူဝါဒထဲမှာ အကျုံးဝင်တဲ့ ရဲတွေဟာလည်း ဝန်ကြီးချုပ်ရဲ့ လက်အောက်မှာပဲ ရှိနေကြပါတယ်။

ဒီစနစ်မှာ သမ္မတကလည်း အစိုးရအဖွဲ့တစ်ဖွဲ့၊ ဝန်ကြီးချုပ်ကလည်း အစိုးရအဖွဲ့တစ်ဖွဲ့ ဖြစ်နေတာမို့ လို့ အစိုးရနှစ်ဖွဲ့ရှိတဲ့စနစ်လို့လည်း ပြောဆိုတတ်ကြပါ တယ်။

ဆီမီးသမ္မတစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေက ပြင်သစ်၊ သီရိလင်္ကာ၊ တီမောလက်စ်၊ ယူကရိန်းစတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ ဆီမီးသမ္မတစနစ်ကို ချန်ထားခဲ့ပါမယ်။ ဒီမိုကရေစီစနစ်မှာ ထင်ရှားပြီး ဆီမီးသမ္မတစနစ် မပေါ်ခင်ကတည်းက အသုံးများတဲ့ ပါလီမန်စနစ်နဲ့ သမ္မတစနစ်ကို အခြေခံပြီးတော့ ပြောပါမယ်။

ဒီစနစ်(၂)ခုမှာလည်း ညွန့်ပေါင်းအစိုးရဆိုတာမျိုးက ပါလီမန်စနစ်မှာပဲ တွေ့ရတတ်ပါတယ်။

သမ္မတစနစ်မှာက သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းတွေ အများကြီးထဲကဖြစ်စေ၊ အနည်း ထဲကပဲဖြစ်စေ သမ္မတလောင်းတစ်ယောက်ယောက်က အနိုင်ရတဲ့အထိ ရွေးကောက်ပွဲကို ပြုလုပ်ကြရတာ ဖြစ်ပါတယ်။

ပထမအကျော့ရွေးကောက်ပွဲမှာ သမ္မတလောင်း တစ်ယောက်ယောက်က အပြီးအပြတ် မနိုင်ဘူးဆိုရင် ဒုတိယအကျော့ရွေးကောက်ပွဲကို ထပ်လုပ်ပေးပြီး ယှဉ်ပြိုင်ကြရမယ်။ အဲဒီလိုပုံစံမျိုးနဲ့ သမ္မတလောင်း တစ်ယောက်က အနိုင်ရတဲ့အထိ ယှဉ်ပြိုင်ပြီး ရွေး ကောက်ခံရမယ်။

နောက်ဆုံး လုံးဝ (လုံးဝ) အနိုင်ရသွားတဲ့ သမ္မတ လောင်းက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး အစိုးရ ဖွဲ့မယ်။ အဲဒါကြောင့် သမ္မတစနစ်က ရှင်းတယ်။ ညွန့်ပေါင်းအစိုးရတွေဘာတွေ ဖွဲ့စရာမလိုဘူး။

အဲဒါကြောင့် ခပ်ပြတ်ပြတ် ပြောရရင် သမ္မတ စနစ်မှာ ညွန့်ပေါင်းအစိုးရဆိုတာကို မတွေ့ရပါဘူး။ အဲဒီထက် လေသံကို လျှော့ပြောရရင်တော့ သမ္မတ စနစ်မှာ ညွန့်ပေါင်းအစိုးရဆိုတာကို အင်မတန် တွေ့ရ ခဲပါတယ်။

ဒါပေမဲ့ ပါလီမန်စနစ်ကျတော့ အဲဒီလို မရိုးရှင်း တော့ဘူး။ ပါလီမန်ထဲမှာ (၅၀)ရာခိုင်နှုန်း မကျော်ရင် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ဆိုတာကို စဉ်းစားကြရတယ်။

ညွန့်ပေါင်းအစိုးရဖွဲ့တယ်ဆိုကတည်းက ကိုယ့် ပါတီတစ်ခုတည်း အစိုးရဖွဲ့လို့ မရလို့၊ ဝါ ပါလီမန်ထဲမှာ၊ လွှတ်တော်ထဲမှာ ကိုယ့်ပါတီက (၅၀)ရာခိုင်နှုန်း မကျော်လို့ဆိုတာကို နားလည်ဖို့ လိုပါတယ်။

အဲဒီလို လွှတ်တော်ထဲမှာ၊ ပါလီမန်ထဲမှာ နေရာ အများဆုံးရထားတဲ့ ပါတီက သူ့တစ်ပါတီတည်း အစိုးရမဖွဲ့နိုင်တဲ့အခါ အခြားပါတီတစ်ခုခုနဲ့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ကြရပါတယ်။

ဒီလို ညွန့်ပေါင်းအစိုးရဖွဲ့တဲ့အခါမှာလည်း အယူ ဝါဒ(အိုင်ဒီယော်လော်ဂျီ)အပေါ် အခြေခံပြီး ပါတီ တည်ထောင်တတ်ကြတဲ့ နိုင်ငံတွေမှာတော့ အယူဝါဒ ချင်း နီးစပ်တဲ့ ပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ကြတာ များပါတယ်။

ဥပမာ ပါလီမန်ထဲမှာ နေရာ အများဆုံး ရထား တဲ့ ပါတီက လက်ဝဲပါတီ ဖြစ်မယ်။ အဲဒီပါတီက သူ့တစ် ပါတီတည်းလည်း အစိုးရဖွဲ့နိုင်လောက်တဲ့ နေရာက မရထားလို့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးစားမယ်ဆိုရင် ပါလီမန်ထဲမှာ သူနဲ့ ဝါဒတူတဲ့ လက်ဝဲပါတီတစ်ခုခုကို စဉ်းစားပါမယ်။

တကယ်လို့ သူနဲ့ ဝါဒတူတဲ့ လက်ဝဲပါတီတစ်ခုခု က ပါလီမန်ထဲမှာ ရှိမနေဘူးဆိုရင်တော့ အနည်းဆုံး လက်ဝဲယိမ်း (Centre-left)ပါတီတစ်ခုခုနဲ့ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ ကြိုးစားပါလိမ့်မယ်။

အဲဒီလိုပါပဲ။ လက်ယာပါတီတစ်ခုခုက ပါလီမန် ထဲမှာ နေရာ အများဆုံး ရထားပေမယ့် အစိုးရမဖွဲ့နိုင် တဲ့အခါ သူနဲ့ ဝါဒတူတဲ့ လက်ယာပါတီတစ်ခုခုနဲ့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ပါလိမ့်မယ်။

အဲဒီလို နိုင်ငံရေးအယူအဆတစ်ခုခုအပေါ်မှာ အခြေခံပြီး ဖွဲ့ထားတာ မဟုတ်ဘူးဆိုရင်တော့ ကိုယ်နဲ့ အဆင်ပြေတဲ့ ပါတီတစ်ခုခုနဲ့ ပေါင်းပြီး ညွန့်ပေါင်း အစိုးရဖွဲ့ကြမှာပါပဲ။

ညွန့်ပေါင်းအစိုးရဆိုတာမျိုးက ပါတီ(၂)ခု၊ သို့မဟုတ် ပါတီ(၃)ခု စုဖွဲ့ပြီး အစိုးရဖွဲ့ထားတာဖြစ်တဲ့ အတွက် အဲဒီပါတီအသီးသီးရဲ့ အကျိုးစီးပွားဆိုင်ရာ ပွတ်တိုက်မှုတွေက အမြဲလိုလို ရှိနေတတ်ပါတယ်။ အဲဒါ ကြောင့် ညွန့်ပေါင်းအစိုးရဆိုတာဟာ နိုင်ငံရေးတည် ငြိမ်မှု အားကောင်းတဲ့ နိုင်ငံကြီးတွေမှာက လွဲရင် နိုင်ငံရေးတည်ငြိမ်မှု အားမကောင်းတဲ့ နိုင်ငံတွေမှာ ကတော့ မကြာခဏ ပြိုကွဲကြတာကို တွေ့ရတတ်ပါ တယ်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင်လည်း ဗြိတိသျှကိုလိုနီခေတ်မှာ ဖွဲ့ခဲ့တဲ့ ညွန့်ပေါင်းအစိုးရ တွေဟာ ပြိုကွဲခဲ့ကြတာပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် ညွန့်ပေါင်းအစိုးရတွေဟာ စုဖွဲ့မှု အား မကောင်းတဲ့အတွက် ဖြုတ်ချရလွယ်ကူတတ်ပါတယ်။

ဥပမာပြရရင် ဗြိတိသျှကိုလိုနီခေတ်မှာ ဒေါက်တာ ဘမော်ရဲ့ ညွန့်ပေါင်းအစိုးရကို ဖြုတ်ချပြီး ဦးပုအစိုးရ တက်လာတာကို ပြန်လေ့လာကြည့်နိုင်ပါတယ်။

နောက်တစ်ခု သတိထားရမှာက ညွန့်ပေါင်း အစိုးရဆိုတာ ပါလီမန်စနစ်မှာပဲ တွေ့ရတတ်တယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်က အစိုးရဖွဲ့တဲ့ စနစ်(၂)မျိုးမှာ သမ္မတစနစ်ထက် ပါလီမန်စနစ်က နိုင်ငံရေးတည်ငြိမ်မှု ပိုပြီး အားနည်းတတ်ပါတယ်။

အဲဒီလို နိုင်ငံရေးတည်ငြိမ်မှုအားနည်းရတဲ့ အကြောင်းက အဓိကအားဖြင့် (၂)ချက် ရှိပါတယ်။ တစ်ချက်က ဒီပါလီမန်စနစ်မျိုးမှာ စုဖွဲ့မှု အားနည်းတဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ရတတ်ပြီး နောက်တစ်ချက်ကတော့ “အယုံအကြည်မရှိ”အဆိုတင်ခွင့်ပဲ ဖြစ်ပါတယ်။

ပါလီမန်စနစ်မှာ တစ်နှစ်၊ တစ်နှစ်ကျော်စသဖြင့် ကာလသတ်မှတ်ချက်တစ်ခုကို ရောက်တဲ့အခါ “အယုံ အကြည်မရှိ”အဆိုတင်ခွင့် ရှိပါတယ်။ အဲဒီ “အယုံအကြည်မရှိ”အဆိုဟာ ပါလီမန်စနစ်ရဲ့ အသက်လို့ လည်း ပြောနိုင်ပါတယ်။

တချို့ပါလီမန်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဆိုရင် ကာလသတ်မှတ်ချက်ပြည့်တာနဲ့ “အယုံအကြည် မရှိ”အဆိုတင်လိုက်၊ အစိုးရကို ဖြုတ်ချလိုက်၊ နောက် အစိုးရတစ်ဖွဲ့ တက်လာလိုက်၊ အဲဒီတက်လာတဲ့ အစိုးရ ကိုလည်း ကာလသတ်မှတ်ချက်ပြည့်ရင် “အယုံအကြည်မရှိ”အဆိုတင်ပြီး ဖြုတ်ချလိုက်၊ နောက်ထပ် အစိုးရတစ်ဖွဲ့ တက်လာလိုက်နဲ့ လုံးလည်လိုက်နေ တတ်ပါတယ်။

အဲဒီလိုနဲ့ပဲ တက်လာတဲ့ အစိုးရမှန်သမျှကို “အယုံ အကြည်မရှိ”အဆိုနဲ့ ဖြုတ်ချရင်း ပါလီမန်သက်တမ်း တစ်ခုလုံး ကုန်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အနာဂတ်မှာ နိုင်ငံရေးတည်ငြိမ်မှု အားကောင်းပြီး ပြည်သူတွေ၊ နိုင်ငံသားတွေမှာ အာဏာပိုရှိတဲ့ သမ္မတစနစ်ကို ကျင့် သုံးဖို့ အကြံပြုချင်ပါတယ်။

နောက်တစ်ခု သတိပြုရမှာက လက်ရှိ မြန်မာ နိုင်ငံမှာ ကျင့်သုံးနေတဲ့စနစ်က ပါလီမန်စနစ် ဖြစ်တယ် ဆိုတာ ဖြစ်ပါတယ်။

ပါလီမန်စနစ်ဖြစ်တဲ့အတွက် အစိုးရကို လွှတ် တော်ထဲ၊ ပါလီမန်ထဲက ဖွဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ စနစ်က ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန်စနစ် ဆိုပေမယ့် ကမ္ဘာပေါ်မှာ မရှိတဲ့ ပါလီမန်စနစ်မျိုးလည်း ဖြစ်ပါတယ်။

ဒီလိုပါလီမန်စနစ်မျိုးကို အရင်က အင်ဒိုနီးရှား နိုင်ငံမှာ ကျင့်သုံးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀ဝ၂ ခုနှစ်၊ ဩဂုတ်လထဲမှာပဲ အင်ဒိုနီးရှားပါလီမန်က သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက်နိုင်တဲ့အတွက် အင်ဒိုနီးရှားရဲ့ သီးခြားပါလီမန်စနစ်က ဇာတ်သိမ်း သွားပြီး သမ္မတစနစ် ဖြစ်သွားခဲ့ပါတယ်။

အဲဒီမတိုင်ခင်တုန်းကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အတုယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း လက်ရှိမြန်မာနိုင်ငံလို ပါလီမန်စနစ်ကို ကျင့်သုံးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ဆူဟာတိုနောက်၊ ၁၉၉၉ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဦးဆုံး ဒီမိုကရေစီရွေးကောက်ပွဲမှာ မေဃဝတီ ဆူကာနိုပူတြီရဲ့ပါတီ အနိုင်ရပေမယ့် မေဃဝတီဆူကာ နိုပူတြီက သမ္မတမဖြစ်ဘဲ ဒုသမ္မတပဲ ဖြစ်သွားပါတယ်။ မေဃဝတီကို ထောက်ခံတဲ့သူတွေဟာ အကြီးအကျယ် ဒေါသထွက်ခဲ့ကြတယ်။

အင်ဒိုနီးရှားပါလီမန်လွှတ်တော်က အဗ္ဘဒူရာမန် ဝါဟစ်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက် ကြတယ်။ ဒါပေမဲ့ ၂၀ဝ၁ ခုနှစ်မှာ အင်ဒိုနီးရှား ပါလီမန်ထဲမှာ သမ္မတအဗ္ဘဒူရာမန်ဝါဟစ်ကို စွပ်စွဲ ပြစ်တင်မှုပြုလုပ်ပြီး ဖြုတ်ချလိုက်ကြတယ်။

ဒီလို ဖြစ်ရတာတွေ အကုန်လုံးက အင်ဒိုနီးရှားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်ရပ်တွေ ဖြစ်နိုင်ခြေက အင်ဒိုနီးရှားဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတုယူရေးဆွဲထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သွားနေတဲ့ မြန်မာ့နိုင်ငံရေးမှာလည်း များစွာ ရှိနေတယ်ဆိုတာကို သတိပြုမိဖို့ လိုပါတယ်။

ဒါကို တစ်နည်းအားဖြင့် ပြောရရင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်လို့ ဆိုနိုင်ပါတယ်။ ဆိုလိုတာက ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် ဒါဟာ အားနည်းချက်ဖြစ်ပြီး အာဏာရှင်စနစ်ကို အသက် ဆက်ဖို့အတွက်တော့ ဒါကပဲ အားသာချက် ဖြစ်နေ ပါတယ်။

ဒီလို ဒီမိုကရေစီစနစ်ကို သွားဖို့ရာမှာ အားနည်း ချက်ဖြစ်နေတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခင်းအကျင်းထဲမှာ တကယ်လို့များ ညွန့်ပေါင်းအစိုးရ ကိုသာ ထပ်ဖွဲ့ရဦးမယ်ဆိုရင်တော့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရအဖွဲ့ထဲမှာ ပါဝင်ခွင့်ရနေတဲ့ လက်ကျန်စစ်အာဏာရှင်စနစ်က အားကောင်းလာဖို့ပဲ ရှိပါတယ်။

ဆိုလိုတာက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ လက်ကျန်စစ်အာဏာရှင်စနစ်က လွှတ် တော်ထဲမှာ အားကောင်းလာပြီး ရာခိုင်နှုန်း နည်းနည်း စီနဲ့ စုဖွဲ့ထားရတဲ့ အရပ်သားညွန့်ပေါင်းအစိုးရက လက်ကျန်စစ်အာဏာရှင်တွေရဲ့ လက်ဝေခံဖြစ်သွားမှာ သေချာပါတယ်။

အဲဒီတော့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီအခြေခံဥပဒေမဖြစ်မချင်း၊ ဝါ စစ်တပ်က စစ်တန်းလျားကို ပြန်မသွားမချင်း တစ်ပါတီတည်းက ရာခိုင်နှုန်းများများနဲ့ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ဖို့ လိုပါ တယ်။

အဲဒီလိုမှ မဟုတ်ရင်တော့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့အောက်မှာ ဖွဲ့ထားတဲ့ ညွန့်ပေါင်း အစိုးရဆိုတာဟာ စစ်အာဏာရှင်စနစ်ကို မွေးမြူရေး ဆက်လုပ်ထားတာနဲ့ အတူတူပဲလို့ ပြောရပါလိမ့်မယ်။

အဲဒါကြောင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်အောင် ပြင်ကြ ရပါလိမ့်မယ်။ အဲဒီလို မပြင်နိုင်သေးဘူးဆိုရင်လည်း ပါတီတစ်ခုခုက ရာခိုင်နှုန်းများများနဲ့ အနိုင်ရပြီး တစ်ပါတီတည်း အစိုးရဖွဲ့နိုင်အောင် ဝိုင်းဝန်းကြိုးစား ကြရမယ်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ညွန့် ပေါင်းအစိုးရဆိုတာဟာ စစ်အာဏာရှင်စနစ်ကို အားပေးအားမြှောက်ပြုရာရောက်တာမို့လို့ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် မစဉ်းစားအပ်၊ မစဉ်းစားထိုက်၊ မစဉ်းစားသင့်တဲ့အရာမျိုးသာ ဖြစ်ပါတယ်။

ညွန့်ပေါင်းအစိုးရဆိုတာမျိုးကို ဘယ်လောက် အထိ အားမပေးသင့်ဘူးလဲဆိုရင် တကယ်လို့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့ ရတဲ့အခါမျိုးမှာ လည်း ညွန့်ပေါင်းအစိုးရဖြစ်ခွင့်ရှိနေတဲ့ ပါလီမန်စနစ်ကို မသွားဘဲ ညွန့်ပေါင်းအစိုးရဖြစ်ခွင့်မရှိတဲ့ သမ္မတ စနစ်ကိုပဲ သွားသင့်တယ်လို့ မြင်ပါတယ်။

ဆိုလိုတာက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ကြတဲ့အခါ ပြည်သူတွေမှာ၊ နိုင်ငံသားတွေမှာ အာဏာပိုရှိတဲ့၊ ဖက်ဒရယ်စနစ်အရလည်း ပြည်နယ် တွေမှာ အာဏာပိုရှိတဲ့ သမ္မတစနစ်ကို သွားသင့်ပါ ကြောင်း၊ စုဖွဲ့မှုအားနည်းပြီး လက်ရှိအခြေအနေအရ စစ်အာဏာရှင်စနစ်ကို မီးလောင်ရာလေပင့်သဘော ဖြစ်စေနိုင်တဲ့ ညွန့်ပေါင်းအစိုးရဆိုတာမျိုးကို စိတ်ကူး ပင် မယဉ်သင့်ပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုရှိပြီး ကောင်းသော၊ ပို၍ ကောင်း သော၊ အကောင်းဆုံးဖြစ်သော နိုင်ငံရေးစနစ်မျိုးကိုသာ ကြိုးစားတည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။

 

ကိုးကား

  • ဦးလေးမောင်၊ မြန်မာ့နိုင်ငံရေးသမိုင်း
  • အောင်နိုင်၊ ဒီမိုကရေစီမိတ်ဆက်

 

ဆလိုင်းဆွန်ဘိခ်ထန်

 

Zawgyi

နာဂစ္ဖြဲ႕စည္းပံုအေျခခံဥပေဒနဲ႔ ၫြန္႔ေပါင္းအစိုးရစိတ္ကူး

 

ၫြန္႔ေပါင္းအစိုးရဆိုတာ ပါလီမန္စနစ္မွာ ထြက္ေပၚလာတတ္တဲ့ အစိုးရအဖြဲ႕မ်ိဳး ျဖစ္ပါ တယ္။ ဒီမိုကေရစီစနစ္မွာ အစိုးရဖြဲ႕တဲ့စနစ္ (၂)မ်ိဳး ရွိပါတယ္။ ပါလီမန္စနစ္နဲ႔ ဖြဲ႕တဲ့ အစိုးရ မ်ိဳးနဲ႔ သမၼတစနစ္နဲ႔ ဖြဲ႕တဲ့ အစိုးရမ်ိဳးဆိုတာ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ထပ္ခ်ဲ႕ေျပာရ ရင္ အစိုးရဖြဲ႕တဲ့စနစ္ (၃)မ်ိဳး ရွိပါတယ္။ ပါလီ မန္စနစ္နဲ႔ ဖြဲ႕တဲ့ အစိုးရမ်ိဳး၊ သမၼတစနစ္နဲ႔ ဖြဲ႕တဲ့ အစိုးရမ်ိဳးနဲ႔ ဆီမီး(Semi) သမၼတစနစ္နဲ႔ ဖြဲ႕တဲ့ အစိုးရမ်ိဳးရယ္လို႔ သံုးမ်ိဳးပါ။ အစိုးရကို ပါလီမန္ ထဲကေနဖြဲ႕ရင္ အဲဒီစနစ္ကို ပါလီမန္စနစ္လို႔ ေခၚပါတယ္။

ဒီပါလီမန္စနစ္မွာ   အေထြေထြ ေရြး ေကာက္ပြဲ၊ ပါလီမန္ေရြးေကာက္ပြဲဆိုတဲ့ အမည္ ေတြ တပ္ၿပီး ပါလီမန္အမတ္ (လႊတ္ေတာ္ကိုယ္ စားလွယ္)ေတြကို ျပည္သူေတြက ေရြးေကာက္ တင္ေျမႇာက္ေပးရတယ္။ လႊတ္ေတာ္ထဲ (ဝါ) ပါလီမန္ထဲကို ေရာက္သြားတဲ့ အမတ္ေတြ (ဝါ) ကိုယ္စားလွယ္ေတြ က အစိုးရဖြဲ႕ေပးရတယ္။ ဒီလို အစိုးရဖြဲ႕တဲ့အခါ ပါလီမန္ထဲမွာ၊ လႊတ္ေတာ္ထဲမွာ အမတ္ေနရာ၊ ကိုယ္စားလွယ္ေနရာ အမ်ားဆံုးရထားတဲ့ ပါတီ ကပဲ မ်ားေသာအားျဖင့္ အစိုးရ ဖြဲ႕ရတတ္ပါတယ္။

တကယ္လို႔ လႊတ္ေတာ္ထဲ၊ ပါလီမန္ထဲမွာ ေနရာ အမ်ားဆံုးရထားတဲ့ ပါတီက (၅၀) ရာခိုင္ႏႈန္း မေက်ာ္ခဲ့ရင္ အျခားပါတီတစ္ခုခုနဲ႔ တြဲၿပီးေတာ့ ၫြန္႔ေပါင္း အစိုးရဆိုတာမ်ိဳးကို ဖြဲ႕ရတတ္ပါတယ္။

ပါလီမန္စနစ္မွာ ႏိုင္ငံေတာ္အႀကီးအကဲ က စည္းမ်ဥ္းခံဘုရင္၊ သို႔မဟုတ္ စည္းမ်ဥ္းခံ ဘုရင္မ၊ သို႔မဟုတ္ စည္းမ်ဥ္းခံသမၼတ တစ္ခုခု ျဖစ္တတ္ပါတယ္။

ဒီပါလီမန္စနစ္မွာ အစိုးရ အဖြဲ႕အႀကီးအကဲက ဝန္ႀကီးခ်ဳပ္ ျဖစ္ၿပီး    တစ္ႏိုင္ငံလံုးမွာရွိတဲ့ လက္နက္ကိုင္တပ္ေတြကို အမိန္႔ ေပးႏိုင္တဲ့ စစ္ေသနာပတိ ခ်ဳပ္လည္း ျဖစ္ပါတယ္။

ပါလီမန္စနစ္က်င့္သံုးတဲ့ ႏိုင္ငံေတြက ယူေက ႏိုင္ငံ(အဂၤလန္၊ ေဝးလ္၊ ေျမာက္အိုင္ယာလန္၊ စေကာ့ တလန္)၊ ဂ်ာမနီႏိုင္ငံ၊ အိႏၵိယႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံ၊ ထိုင္း ႏိုင္ငံ၊ လြတ္လပ္ေရးရၿပီးစ ၁၉၄၈ ခုႏွစ္ကေန ၁၉၆၂ ခုႏွစ္၊ စစ္အာဏာရွင္စနစ္ေအာက္ကို မက်ေရာက္မီ စပ္ၾကားက ျမန္မာႏိုင္ငံစတာေတြ ျဖစ္ပါတယ္။

သမၼတစနစ္မွာက်ေတာ့ သမၼတကို ျပည္သူေတြ က၊ ႏိုင္ငံသားေတြက တိုက္႐ိုက္ ေရြးေကာက္တင္ ေျမႇာက္တယ္။ ေရြးေကာက္တင္ေျမႇာက္ခံရတဲ့ သမၼတက အစိုးရဖြဲ႕တယ္။ ဒါကို သမၼတစနစ္လို႔ ေခၚတယ္။

ဒီသမၼတစနစ္မွာ ႏိုင္ငံေတာ္အႀကီးအကဲက လည္း သမၼတျဖစ္ၿပီးေတာ့ အစိုးရအဖြဲ႕အႀကီးအကဲက လည္း သမၼတပဲ ျဖစ္ပါတယ္။

အဲဒါအျပင္ တစ္ႏိုင္ငံလံုးမွာရွိတဲ့ လက္နက္ကိုင္ တပ္အားလံုးရဲ႕ အႀကီးအကဲ ေသနာပတိခ်ဳပ္ဟာလည္း သမၼတပဲ ျဖစ္ပါတယ္။

သမၼတစနစ္က်င့္သံုးတဲ့ ႏိုင္ငံေတြကေတာ့ အေမရိကန္ျပည္ေထာင္စု၊ ေတာင္ကိုရီးယား၊ ထိုင္ဝမ္၊ ဖိလစ္ပိုင္၊ အင္ဒိုနီးရွားစတဲ့ ႏိုင္ငံေတြ ျဖစ္ပါတယ္။

ဆီမီးသမၼတစနစ္ကို ကျပားအစိုးရစနစ္လို႔လည္း ေခၚၾကပါတယ္။ ဒီစနစ္က ပါလီမန္စနစ္နဲ႔ သမၼတစနစ္ ကို ေပါင္းစပ္ထားတဲ့စနစ္ ျဖစ္တယ္။

ပါလီမန္စနစ္မွာလိုပဲ ဝန္ႀကီးခ်ဳပ္ကို ပါလီမန္ထဲ၊ လႊတ္ေတာ္ထဲကေန ေရြးေကာက္တင္ေျမႇာက္တယ္။ သမၼတစနစ္မွာလိုပဲ သမၼတကိုလည္း ျပည္သူေတြ၊ ႏိုင္ငံသားေတြက တိုက္႐ိုက္ ေရြးေကာက္တင္ေျမႇာက္ပါတယ္။

ဒီဆီမီးသမၼတစနစ္မွာ ႏိုင္ငံေတာ္အႀကီးအကဲက သမၼတျဖစ္ၿပီး အစိုးရအဖြဲ႕အႀကီးအကဲက ဝန္ႀကီးခ်ဳပ္ ျဖစ္ပါတယ္။ ဒါေပမဲ့ သမၼတက စည္းမ်ဥ္းခံသမၼတမ်ိဳး မဟုတ္ဘဲ ဝန္ႀကီးခ်ဳပ္ကလည္း အစိုးရတစ္ဖြဲ႕လံုးရဲ႕ အႀကီးအကဲမ်ိဳး မဟုတ္ျပန္ပါဘူး။

ဒီစနစ္မွာ သမၼတက ႏိုင္ငံျခားေရးမူဝါဒကို ကိုင္တြယ္ၿပီး ဝန္ႀကီးခ်ဳပ္က ျပည္ထဲေရးမူဝါဒကို ကိုင္တြယ္ပါတယ္။

အဲဒါေၾကာင့္ သမၼတရဲ႕ ေအာက္မွာ ႏိုင္ငံျခားေရး မူဝါဒကို အေကာင္အထည္ေဖာ္တဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ဌာနနဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနေတြ ရွိေနၿပီး ဝန္ႀကီးခ်ဳပ္ရဲ႕ ေအာက္မွာေတာ့ ျပည္ထဲေရးမူဝါဒကို အေကာင္အထည္ေဖာ္တဲ့ က်န္ဝန္ႀကီးဌာနေတြ ရွိေနၾကပါတယ္။

ဒီေနရာမွာ သတိျပဳရမွာက ကာကြယ္ေရး ဝန္ႀကီးဌာနဟာ ႏိုင္ငံျခားေရးမူဝါဒကို အေကာင္ အထည္ေဖာ္တယ္ဆိုတဲ့အခ်က္ ျဖစ္ပါတယ္။ စစ္တပ္ရဲ႕ အဓိကတာဝန္က ျပည္ပရန္ကာကြယ္ဖို႔အတြက္သာ ျဖစ္ပါတယ္။ ဒါက ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ႏိုင္ငံျခားေရး မူဝါဒထဲမွာ အက်ံဳးဝင္ပါတယ္။

စစ္တပ္ရဲ႕ အဓိကမဟုတ္တဲ့ ေနာက္တာဝန္ တစ္ခုက သဘာဝေဘးအႏၱရာယ္စတဲ့ အေရးေပၚ အေျခအေနေတြမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ေဆာင္ရြက္ေပးၿပီး အကူအညီေပးရတာမ်ိဳး ျဖစ္ပါ တယ္။ ဒါကေတာ့ ျပည္တြင္း၊ ျပည္ပ ႏွစ္ခုစလံုးမွာ ေဆာင္ရြက္ႏိုင္ပါတယ္။

ဆီမီးသမၼတစနစ္မွာ ဝန္ႀကီးခ်ဳပ္က ျပည္ထဲေရး မူဝါဒေတြကို အေကာင္အထည္ေဖာ္ရတဲ့အတြက္ ျပည္ထဲေရးမူဝါဒထဲမွာ အက်ံဳးဝင္တဲ့ ရဲေတြဟာလည္း ဝန္ႀကီးခ်ဳပ္ရဲ႕ လက္ေအာက္မွာပဲ ရွိေနၾကပါတယ္။

ဒီစနစ္မွာ သမၼတကလည္း အစိုးရအဖြဲ႕တစ္ဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ကလည္း အစိုးရအဖြဲ႕တစ္ဖြဲ႕ ျဖစ္ေနတာမို႔ လို႔ အစိုးရႏွစ္ဖြဲ႕ရွိတဲ့စနစ္လို႔လည္း ေျပာဆိုတတ္ၾကပါ တယ္။

ဆီမီးသမၼတစနစ္က်င့္သံုးတဲ့ ႏိုင္ငံေတြက ျပင္သစ္၊ သီရိလကၤာ၊ တီေမာလက္စ္၊ ယူကရိန္းစတဲ့ ႏိုင္ငံေတြ ျဖစ္ပါတယ္။

ဒီေဆာင္းပါးမွာေတာ့ ဆီမီးသမၼတစနစ္ကို ခ်န္ထားခဲ့ပါမယ္။ ဒီမိုကေရစီစနစ္မွာ ထင္ရွားၿပီး ဆီမီးသမၼတစနစ္ မေပၚခင္ကတည္းက အသံုးမ်ားတဲ့ ပါလီမန္စနစ္နဲ႔ သမၼတစနစ္ကို အေျခခံၿပီးေတာ့ ေျပာပါမယ္။

ဒီစနစ္(၂)ခုမွာလည္း ၫြန္႔ေပါင္းအစိုးရဆိုတာမ်ိဳးက ပါလီမန္စနစ္မွာပဲ ေတြ႕ရတတ္ပါတယ္။

သမၼတစနစ္မွာက သမၼတေရြးေကာက္ပြဲမွာ သမၼတေလာင္းေတြ အမ်ားႀကီးထဲကျဖစ္ေစ၊ အနည္း ထဲကပဲျဖစ္ေစ သမၼတေလာင္းတစ္ေယာက္ေယာက္က အႏိုင္ရတဲ့အထိ ေရြးေကာက္ပြဲကို ျပဳလုပ္ၾကရတာ ျဖစ္ပါတယ္။

ပထမအေက်ာ့ေရြးေကာက္ပြဲမွာ သမၼတေလာင္း တစ္ေယာက္ေယာက္က အၿပီးအျပတ္ မႏိုင္ဘူးဆိုရင္ ဒုတိယအေက်ာ့ေရြးေကာက္ပြဲကို ထပ္လုပ္ေပးၿပီး ယွဥ္ၿပိဳင္ၾကရမယ္။ အဲဒီလိုပံုစံမ်ိဳးနဲ႔ သမၼတေလာင္း တစ္ေယာက္က အႏိုင္ရတဲ့အထိ ယွဥ္ၿပိဳင္ၿပီး ေရြး ေကာက္ခံရမယ္။

ေနာက္ဆံုး လံုးဝ (လံုးဝ) အႏိုင္ရသြားတဲ့ သမၼတ ေလာင္းက သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုၿပီး အစိုးရ ဖြဲ႕မယ္။ အဲဒါေၾကာင့္ သမၼတစနစ္က ရွင္းတယ္။ ၫြန္႔ေပါင္းအစိုးရေတြဘာေတြ ဖြဲ႕စရာမလိုဘူး။

အဲဒါေၾကာင့္ ခပ္ျပတ္ျပတ္ ေျပာရရင္ သမၼတ စနစ္မွာ ၫြန္႔ေပါင္းအစိုးရဆိုတာကို မေတြ႕ရပါဘူး။ အဲဒီထက္ ေလသံကို ေလွ်ာ့ေျပာရရင္ေတာ့ သမၼတ စနစ္မွာ ၫြန္႔ေပါင္းအစိုးရဆိုတာကို အင္မတန္ ေတြ႕ရ ခဲပါတယ္။

ဒါေပမဲ့ ပါလီမန္စနစ္က်ေတာ့ အဲဒီလို မ႐ိုးရွင္း ေတာ့ဘူး။ ပါလီမန္ထဲမွာ (၅၀)ရာခိုင္ႏႈန္း မေက်ာ္ရင္ ၫြန္႔ေပါင္းအစိုးရဖြဲ႕ဖို႔ဆိုတာကို စဥ္းစားၾကရတယ္။

ၫြန္႔ေပါင္းအစိုးရဖြဲ႕တယ္ဆိုကတည္းက ကိုယ့္ ပါတီတစ္ခုတည္း အစိုးရဖြဲ႕လို႔ မရလို႔၊ ဝါ ပါလီမန္ထဲမွာ၊ လႊတ္ေတာ္ထဲမွာ ကိုယ့္ပါတီက (၅၀)ရာခိုင္ႏႈန္း မေက်ာ္လို႔ဆိုတာကို နားလည္ဖို႔ လိုပါတယ္။

အဲဒီလို လႊတ္ေတာ္ထဲမွာ၊ ပါလီမန္ထဲမွာ ေနရာ အမ်ားဆံုးရထားတဲ့ ပါတီက သူ႔တစ္ပါတီတည္း အစိုးရမဖြဲ႕ႏိုင္တဲ့အခါ အျခားပါတီတစ္ခုခုနဲ႔ ေပါင္းၿပီး ၫြန္႔ေပါင္းအစိုးရဖြဲ႕ၾကရပါတယ္။

ဒီလို ၫြန္႔ေပါင္းအစိုးရဖြဲ႕တဲ့အခါမွာလည္း အယူ ဝါဒ(အိုင္ဒီေယာ္ေလာ္ဂ်ီ)အေပၚ အေျခခံၿပီး ပါတီ တည္ေထာင္တတ္ၾကတဲ့ ႏိုင္ငံေတြမွာေတာ့ အယူဝါဒ ခ်င္း နီးစပ္တဲ့ ပါတီနဲ႔ ၫြန္႔ေပါင္းအစိုးရဖြဲ႕ၾကတာ မ်ားပါတယ္။

ဥပမာ ပါလီမန္ထဲမွာ ေနရာ အမ်ားဆံုး ရထား တဲ့ ပါတီက လက္ဝဲပါတီ ျဖစ္မယ္။ အဲဒီပါတီက သူ႔တစ္ ပါတီတည္းလည္း အစိုးရဖြဲ႕ႏိုင္ေလာက္တဲ့ ေနရာက မရထားလို႔ ၫြန္႔ေပါင္းအစိုးရဖြဲ႕ဖို႔ ႀကိဳးစားမယ္ဆိုရင္ ပါလီမန္ထဲမွာ သူနဲ႔ ဝါဒတူတဲ့ လက္ဝဲပါတီတစ္ခုခုကို စဥ္းစားပါမယ္။

တကယ္လို႔ သူနဲ႔ ဝါဒတူတဲ့ လက္ဝဲပါတီတစ္ခုခု က ပါလီမန္ထဲမွာ ရွိမေနဘူးဆိုရင္ေတာ့ အနည္းဆံုး လက္ဝဲယိမ္း (Centre-left)ပါတီတစ္ခုခုနဲ႔ ၫြန္႔ေပါင္း အစိုးရဖြဲ႕ဖို႔ ႀကိဳးစားပါလိမ့္မယ္။

အဲဒီလိုပါပဲ။ လက္ယာပါတီတစ္ခုခုက ပါလီမန္ ထဲမွာ ေနရာ အမ်ားဆံုး ရထားေပမယ့္ အစိုးရမဖြဲ႕ႏိုင္ တဲ့အခါ သူနဲ႔ ဝါဒတူတဲ့ လက္ယာပါတီတစ္ခုခုနဲ႔ ေပါင္းၿပီး ၫြန္႔ေပါင္းအစိုးရဖြဲ႕ပါလိမ့္မယ္။

အဲဒီလို ႏိုင္ငံေရးအယူအဆတစ္ခုခုအေပၚမွာ အေျခခံၿပီး ဖြဲ႕ထားတာ မဟုတ္ဘူးဆိုရင္ေတာ့ ကိုယ္နဲ႔ အဆင္ေျပတဲ့ ပါတီတစ္ခုခုနဲ႔ ေပါင္းၿပီး ၫြန္႔ေပါင္း အစိုးရဖြဲ႕ၾကမွာပါပဲ။

ၫြန္႔ေပါင္းအစိုးရဆိုတာမ်ိဳးက ပါတီ(၂)ခု၊ သို႔မဟုတ္ ပါတီ(၃)ခု စုဖြဲ႕ၿပီး အစိုးရဖြဲ႕ထားတာျဖစ္တဲ့ အတြက္ အဲဒီပါတီအသီးသီးရဲ႕ အက်ိဳးစီးပြားဆိုင္ရာ ပြတ္တိုက္မႈေတြက အၿမဲလိုလို ရွိေနတတ္ပါတယ္။ အဲဒါ ေၾကာင့္ ၫြန္႔ေပါင္းအစိုးရဆိုတာဟာ ႏိုင္ငံေရးတည္ ၿငိမ္မႈ အားေကာင္းတဲ့ ႏိုင္ငံႀကီးေတြမွာက လြဲရင္ ႏိုင္ငံေရးတည္ၿငိမ္မႈ အားမေကာင္းတဲ့ ႏိုင္ငံေတြမွာ ကေတာ့ မၾကာခဏ ၿပိဳကြဲၾကတာကို ေတြ႕ရတတ္ပါ တယ္။

ျမန္မာ့ႏိုင္ငံေရးသမိုင္းကို ျပန္ၾကည့္ရင္လည္း ၿဗိတိသွ်ကိုလိုနီေခတ္မွာ ဖြဲ႕ခဲ့တဲ့ ၫြန္႔ေပါင္းအစိုးရ ေတြဟာ ၿပိဳကြဲခဲ့ၾကတာပါပဲ။ တစ္နည္းအားျဖင့္ ေျပာရရင္ ၫြန္႔ေပါင္းအစိုးရေတြဟာ စုဖြဲ႕မႈ အား မေကာင္းတဲ့အတြက္ ျဖဳတ္ခ်ရလြယ္ကူတတ္ပါတယ္။

ဥပမာျပရရင္ ၿဗိတိသွ်ကိုလိုနီေခတ္မွာ ေဒါက္တာ ဘေမာ္ရဲ႕ ၫြန္႔ေပါင္းအစိုးရကို ျဖဳတ္ခ်ၿပီး ဦးပုအစိုးရ တက္လာတာကို ျပန္ေလ့လာၾကည့္ႏိုင္ပါတယ္။

ေနာက္တစ္ခု သတိထားရမွာက ၫြန္႔ေပါင္း အစိုးရဆိုတာ ပါလီမန္စနစ္မွာပဲ ေတြ႕ရတတ္တယ္ ဆိုတဲ့အခ်က္ ျဖစ္ပါတယ္။

ဒီမိုကေရစီစနစ္က အစိုးရဖြဲ႕တဲ့ စနစ္(၂)မ်ိဳးမွာ သမၼတစနစ္ထက္ ပါလီမန္စနစ္က ႏိုင္ငံေရးတည္ၿငိမ္မႈ ပိုၿပီး အားနည္းတတ္ပါတယ္။

အဲဒီလို ႏိုင္ငံေရးတည္ၿငိမ္မႈအားနည္းရတဲ့ အေၾကာင္းက အဓိကအားျဖင့္ (၂)ခ်က္ ရွိပါတယ္။ တစ္ခ်က္က ဒီပါလီမန္စနစ္မ်ိဳးမွာ စုဖြဲ႕မႈ အားနည္းတဲ့ ၫြန္႔ေပါင္းအစိုးရဖြဲ႕ရတတ္ၿပီး ေနာက္တစ္ခ်က္ကေတာ့ “အယံုအၾကည္မရွိ”အဆိုတင္ခြင့္ပဲ ျဖစ္ပါတယ္။

ပါလီမန္စနစ္မွာ တစ္ႏွစ္၊ တစ္ႏွစ္ေက်ာ္စသျဖင့္ ကာလသတ္မွတ္ခ်က္တစ္ခုကို ေရာက္တဲ့အခါ “အယံု အၾကည္မရွိ”အဆိုတင္ခြင့္ ရွိပါတယ္။ အဲဒီ “အယံုအၾကည္မရွိ”အဆိုဟာ ပါလီမန္စနစ္ရဲ႕ အသက္လို႔ လည္း ေျပာႏိုင္ပါတယ္။

တခ်ိဳ႕ပါလီမန္စနစ္က်င့္သံုးတဲ့ ႏိုင္ငံေတြမွာ ဆိုရင္ ကာလသတ္မွတ္ခ်က္ျပည့္တာနဲ႔ “အယံုအၾကည္ မရွိ”အဆိုတင္လိုက္၊ အစိုးရကို ျဖဳတ္ခ်လိုက္၊ ေနာက္ အစိုးရတစ္ဖြဲ႕ တက္လာလိုက္၊ အဲဒီတက္လာတဲ့ အစိုးရ ကိုလည္း ကာလသတ္မွတ္ခ်က္ျပည့္ရင္ “အယံုအၾကည္မရွိ”အဆိုတင္ၿပီး ျဖဳတ္ခ်လိုက္၊ ေနာက္ထပ္ အစိုးရတစ္ဖြဲ႕ တက္လာလိုက္နဲ႔ လံုးလည္လိုက္ေန တတ္ပါတယ္။

အဲဒီလိုနဲ႔ပဲ တက္လာတဲ့ အစိုးရမွန္သမွ်ကို “အယံု အၾကည္မရွိ”အဆိုနဲ႔ ျဖဳတ္ခ်ရင္း ပါလီမန္သက္တမ္း တစ္ခုလံုး ကုန္သြားတဲ့အထိ ျဖစ္တတ္ပါတယ္။

အဲဒါေၾကာင့္ ျမန္မာႏိုင္ငံအေနနဲ႔ အနာဂတ္မွာ ႏိုင္ငံေရးတည္ၿငိမ္မႈ အားေကာင္းၿပီး ျပည္သူေတြ၊ ႏိုင္ငံသားေတြမွာ အာဏာပိုရွိတဲ့ သမၼတစနစ္ကို က်င့္ သံုးဖို႔ အႀကံျပဳခ်င္ပါတယ္။

ေနာက္တစ္ခု သတိျပဳရမွာက လက္ရွိ ျမန္မာ ႏိုင္ငံမွာ က်င့္သံုးေနတဲ့စနစ္က ပါလီမန္စနစ္ ျဖစ္တယ္ ဆိုတာ ျဖစ္ပါတယ္။

ပါလီမန္စနစ္ျဖစ္တဲ့အတြက္ အစိုးရကို လႊတ္ ေတာ္ထဲ၊ ပါလီမန္ထဲက ဖြဲ႕ပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိက်င့္သံုးေနတဲ့ စနစ္က ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအရ ပါလီမန္စနစ္ ဆိုေပမယ့္ ကမၻာေပၚမွာ မရွိတဲ့ ပါလီမန္စနစ္မ်ိဳးလည္း ျဖစ္ပါတယ္။

ဒီလိုပါလီမန္စနစ္မ်ိဳးကို အရင္က အင္ဒိုနီးရွား ႏိုင္ငံမွာ က်င့္သံုးခဲ့ဖူးပါတယ္။ ဒါေပမဲ့ ၂၀ဝ၂ ခုႏွစ္၊ ဩဂုတ္လထဲမွာပဲ အင္ဒိုနီးရွားပါလီမန္က သူတို႔ရဲ႕ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္လိုက္ႏိုင္တဲ့အတြက္ အင္ဒိုနီးရွားရဲ႕ သီးျခားပါလီမန္စနစ္က ဇာတ္သိမ္း သြားၿပီး သမၼတစနစ္ ျဖစ္သြားခဲ့ပါတယ္။

အဲဒီမတိုင္ခင္တုန္းကေတာ့ လက္ရွိျမန္မာႏိုင္ငံရဲ႕ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒက အတုယူထားတဲ့ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ဖြဲ႕စည္းပံုအေျခခံဥပေဒဟာလည္း လက္ရွိျမန္မာႏိုင္ငံလို ပါလီမန္စနစ္ကို က်င့္သံုးတဲ့ ဖြဲ႕စည္းပံုအေျခခံဥပေဒပဲ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ပဲ စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္ႀကီး ဆူဟာတိုေနာက္၊ ၁၉၉၉ ခုႏွစ္၊ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ပထမဦးဆံုး ဒီမိုကေရစီေရြးေကာက္ပြဲမွာ ေမဃဝတီ ဆူကာႏိုပူႀတီရဲ႕ပါတီ အႏိုင္ရေပမယ့္ ေမဃဝတီဆူကာ ႏိုပူႀတီက သမၼတမျဖစ္ဘဲ ဒုသမၼတပဲ ျဖစ္သြားပါတယ္။ ေမဃဝတီကို ေထာက္ခံတဲ့သူေတြဟာ အႀကီးအက်ယ္ ေဒါသထြက္ခဲ့ၾကတယ္။

အင္ဒိုနီးရွားပါလီမန္လႊတ္ေတာ္က အဗၻဒူရာမန္ ဝါဟစ္ကို သမၼတအျဖစ္ ေရြးေကာက္တင္ေျမႇာက္လိုက္ ၾကတယ္။ ဒါေပမဲ့ ၂၀ဝ၁ ခုႏွစ္မွာ အင္ဒိုနီးရွား ပါလီမန္ထဲမွာ သမၼတအဗၻဒူရာမန္ဝါဟစ္ကို စြပ္စြဲ ျပစ္တင္မႈျပဳလုပ္ၿပီး ျဖဳတ္ခ်လိုက္ၾကတယ္။

ဒီလို ျဖစ္ရတာေတြ အကုန္လံုးက အင္ဒိုနီးရွားရဲ႕ ဖြဲ႕စည္းပံုအေျခခံဥပေဒေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ျဖစ္ရပ္ေတြ ျဖစ္ႏိုင္ေျခက အင္ဒိုနီးရွားဖြဲ႕စည္းပံုအေျခခံ ဥပေဒကို အတုယူေရးဆြဲထားတဲ့ ၂၀ဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒနဲ႔ သြားေနတဲ့ ျမန္မာ့ႏိုင္ငံေရးမွာလည္း မ်ားစြာ ရွိေနတယ္ဆိုတာကို သတိျပဳမိဖို႔ လိုပါတယ္။

ဒါကို တစ္နည္းအားျဖင့္ ေျပာရရင္ ၂၀ဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒရဲ႕ အားနည္းခ်က္လို႔ ဆိုႏိုင္ပါတယ္။ ဆိုလိုတာက ဒီမိုကေရစီစနစ္ကို သြားမယ္ဆိုရင္ ဒါဟာ အားနည္းခ်က္ျဖစ္ၿပီး အာဏာရွင္စနစ္ကို အသက္ ဆက္ဖို႔အတြက္ေတာ့ ဒါကပဲ အားသာခ်က္ ျဖစ္ေန ပါတယ္။

ဒီလို ဒီမိုကေရစီစနစ္ကို သြားဖို႔ရာမွာ အားနည္း ခ်က္ျဖစ္ေနတဲ့ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒရဲ႕ အခင္းအက်င္းထဲမွာ တကယ္လို႔မ်ား ၫြန္႔ေပါင္းအစိုးရ ကိုသာ ထပ္ဖြဲ႕ရဦးမယ္ဆိုရင္ေတာ့ ၂၀ဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒအရ အစိုးရအဖြဲ႕ထဲမွာ ပါဝင္ခြင့္ရေနတဲ့ လက္က်န္စစ္အာဏာရွင္စနစ္က အားေကာင္းလာဖို႔ပဲ ရွိပါတယ္။

ဆိုလိုတာက ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒက ေပးထားတဲ့ လက္က်န္စစ္အာဏာရွင္စနစ္က လႊတ္ ေတာ္ထဲမွာ အားေကာင္းလာၿပီး ရာခိုင္ႏႈန္း နည္းနည္း စီနဲ႔ စုဖြဲ႕ထားရတဲ့ အရပ္သားၫြန္႔ေပါင္းအစိုးရက လက္က်န္စစ္အာဏာရွင္ေတြရဲ႕ လက္ေဝခံျဖစ္သြားမွာ ေသခ်ာပါတယ္။

အဲဒီေတာ့ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒဟာ ဒီမိုကေရစီအေျခခံဥပေဒမျဖစ္မခ်င္း၊ ဝါ စစ္တပ္က စစ္တန္းလ်ားကို ျပန္မသြားမခ်င္း တစ္ပါတီတည္းက ရာခိုင္ႏႈန္းမ်ားမ်ားနဲ႔ အႏိုင္ရၿပီး အစိုးရဖြဲ႕ႏိုင္ဖို႔ လိုပါ တယ္။

အဲဒီလိုမွ မဟုတ္ရင္ေတာ့ ၂၀ဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒရဲ႕ေအာက္မွာ ဖြဲ႕ထားတဲ့ ၫြန္႔ေပါင္း အစိုးရဆိုတာဟာ စစ္အာဏာရွင္စနစ္ကို ေမြးျမဴေရး ဆက္လုပ္ထားတာနဲ႔ အတူတူပဲလို႔ ေျပာရပါလိမ့္မယ္။

အဲဒါေၾကာင့္ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ဒီမိုကေရစီဖြဲ႕စည္းပံုအေျခခံဥပေဒျဖစ္ေအာင္ ျပင္ၾက ရပါလိမ့္မယ္။ အဲဒီလို မျပင္ႏိုင္ေသးဘူးဆိုရင္လည္း ပါတီတစ္ခုခုက ရာခိုင္ႏႈန္းမ်ားမ်ားနဲ႔ အႏိုင္ရၿပီး တစ္ပါတီတည္း အစိုးရဖြဲ႕ႏိုင္ေအာင္ ဝိုင္းဝန္းႀကိဳးစား ၾကရမယ္။

၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအရဆိုရင္ ၫြန္႔ ေပါင္းအစိုးရဆိုတာဟာ စစ္အာဏာရွင္စနစ္ကို အားေပးအားေျမႇာက္ျပဳရာေရာက္တာမို႔လို႔ ႏိုင္ငံနဲ႔ ႏိုင္ငံသားေတြအတြက္ မစဥ္းစားအပ္၊ မစဥ္းစားထိုက္၊ မစဥ္းစားသင့္တဲ့အရာမ်ိဳးသာ ျဖစ္ပါတယ္။

ၫြန္႔ေပါင္းအစိုးရဆိုတာမ်ိဳးကို ဘယ္ေလာက္ အထိ အားမေပးသင့္ဘူးလဲဆိုရင္ တကယ္လို႔ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္လို႔ ရတဲ့အခါမ်ိဳးမွာ လည္း ၫြန္႔ေပါင္းအစိုးရျဖစ္ခြင့္ရွိေနတဲ့ ပါလီမန္စနစ္ကို မသြားဘဲ ၫြန္႔ေပါင္းအစိုးရျဖစ္ခြင့္မရွိတဲ့ သမၼတ စနစ္ကိုပဲ သြားသင့္တယ္လို႔ ျမင္ပါတယ္။

ဆိုလိုတာက ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ၾကတဲ့အခါ ျပည္သူေတြမွာ၊ ႏိုင္ငံသားေတြမွာ အာဏာပိုရွိတဲ့၊ ဖက္ဒရယ္စနစ္အရလည္း ျပည္နယ္ ေတြမွာ အာဏာပိုရွိတဲ့ သမၼတစနစ္ကို သြားသင့္ပါ ေၾကာင္း၊ စုဖြဲ႕မႈအားနည္းၿပီး လက္ရွိအေျခအေနအရ စစ္အာဏာရွင္စနစ္ကို မီးေလာင္ရာေလပင့္သေဘာ ျဖစ္ေစႏိုင္တဲ့ ၫြန္႔ေပါင္းအစိုးရဆိုတာမ်ိဳးကို စိတ္ကူး ပင္ မယဥ္သင့္ပါေၾကာင္း၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး တည္ၿငိမ္မႈရွိၿပီး ေကာင္းေသာ၊ ပို၍ ေကာင္း ေသာ၊ အေကာင္းဆံုးျဖစ္ေသာ ႏိုင္ငံေရးစနစ္မ်ိဳးကိုသာ ႀကိဳးစားတည္ေဆာက္ၾကရမည္ျဖစ္ပါေၾကာင္း။

 

ကိုးကား

  • ဦးေလးေမာင္၊ ျမန္မာ့ႏိုင္ငံေရးသမိုင္း
  • ေအာင္ႏိုင္၊ ဒီမိုကေရစီမိတ္ဆက္

 

ဆလိုင္းဆြန္ဘိခ္ထန္