• Today is: Wednesday, September 22, 2021

နောက်ထပ် တရုတ်နိုင်ငံ ဖြစ်မသွားရေး ဖိအားပေးရမည့် အိန္ဒိယနိုင်ငံ

Federal Journal
June11/ 2021

Zawgyi
ျမန္မာႏိုင္ငံသည္ စစ္အာဏာရွင္စနစ္ဆိုးေအာက္မွာ ႏွစ္ေပါင္း ၅၀ ေက်ာ္ ေနထိုင္လာသည့္ အတြက္ အိမ္နီးခ်င္း အိႏၵိယ၊ ဘဂၤလားေဒ့ရွ္ႏွင့္ ထိုင္းႏိုင္ငံတို႔အတြက္ ဝန္ထုတ္ဝန္ပိုး ျဖစ္ရေပါင္း လည္း မ်ားလွလာပါသည္။ တစ္ဖက္မွာ ဤစစ္အစိုးရကို တ႐ုတ္၊ ထိုင္းႏွင့္ စင္ကာပူ စသည့္ ႏိုင္ငံမ်ားအတြက္ အခြင့္ေကာင္းျဖစ္ရသည္မ်ားလည္း ရွိပါသည္။ မည္သို႔ျပင္ဆိုေစ အိႏၵိယ ႏိုင္ငံအပါအဝင္ မိမိတို႔ အိမ္နီးခ်င္းႏိုင္ငံမ်ားသည္ အိမ္နီးခ်င္းေကာင္း မပီသလွသည္ကို ေတြ႕ရွိရပါသည္။
ကမာၻ႔အႀကီးဆုံး ဒီမိုကေရစီႏိုင္ငံျဖစ္သည့္ အိႏၵိယ၏ ျမန္မာ့ဒီမိုကေရစီေဖာ္ေဆာင္မႈအေပၚ သေဘာထားရပ္တည္ခ်က္ အဘယ္ေၾကာင့္ ဒီဘက္ေခတ္မွာ ေျပာင္းလဲလာသနည္း၊ အဘယ္ ေၾကာင့္ အာဏာသိမ္း စစ္အာဏာရွင္ကို ကန႔္ကြက္ရန္ ပ်က္ကြက္ေနရသနည္း၊ ဒီမိုကေရစီ အေရးေတာ္ပုံ ေအာင္ႏိုင္ေရးအတြက္ အိႏၵိယႏိုင္ငံက မည္သည့္အပိုင္းတြင္ ကူညီေပးႏိုင္မည္နည္း၊ ဒီမိုကရက္တစ္အုပ္စုမ်ားက မည္ကဲ့သို႔ ဖိအားေပး တိုက္တြန္းသင့္သနည္း၊ စသည့္ အခ်က္မ်ားကို မိမိÓဏ္မီသေလာက္ ေဆြးေႏြးသုံးသပ္ပါမည္။
၁၉၆၂ စစ္အာဏာသိမ္းခဲ့တုန္းက အိႏၵိယ၏ ရပ္တည္ခ်က္
ဗိုလ္ခ်ဳပ္ႀကီးေနဝင္းက အာဏာသိမ္းသိမ္းခ်င္း ကုလား(အိႏၵိယႏြယ္ဖြား)မုန္းတီးေရး မီးေမႊးလိုက္ သျဖင့္ အိႏၵိယႏိုင္ငံအတြက္ အျမတ္ေဒါသထြက္စရာ ျဖစ္လာခဲ့ေသးသည္။ သို႔ေသာ္ ၁၉၆၅ ခုႏွစ္မွာ အိႏၵိယ ဝန္ႀကီးခ်ဳပ္ Lal Bahadur ျမန္မာႏိုင္ငံသို႔ ခရီးေရာက္ လာၿပီးေနာက္ ျပန္လည္သင့္ျမတ္မႈ တည္ေဆာက္လာ ရာ ၁၉၆၇ ခုႏွစ္တြင္ ႏွစ္ႏိုင္ငံနယ္နိမိတ္ သေဘာတူညီ ခ်က္ျပင္ ရရွိသြားသည္။ ေနာက္ဆက္တြဲအျဖစ္ အိႏၵိယ နယ္စပ္တြင္ အေျခခ် လက္နက္ကိုင္ေတာ္လွန္ေသာ ခ်င္းေခါင္းေဆာင္ Lieutenant Son Kho Pau ႏွင့္ Pu Hrang Nawl တို႔ကို အိႏၵိယအာဏာပိုင္မ်ားက ဖမ္းဆီး၍ ေနဝင္းစစ္အစိုးရထံ အပ္ႏွံၿပီး ႏွစ္ရွည္ ေထာင္ခ် ခံရသည္အထိ ျဖစ္ခဲ့ရသည္။

၁၉၈၈ စစ္အာဏာသိမ္းမႈႏွင့္ အိႏၵိယ၏ရပ္တည္ခ်က္
ဒုတိယအႀကိမ္ စစ္အာဏာသိမ္းခဲ့ရာမွာ ကနဦး တြင္ အိႏၵိယဝန္ႀကီးခ်ဳပ္ Rajiv Gandhi ဦးေဆာင္ သည့္ Congress Party သည္ ဒီမိုကေရစီ တက္ႂကြ လႈပ္ရွားသူမ်ားဘက္ကို ရပ္တည္ေပးခဲ့ပါသည္။ အိႏၵိယ နယ္စပ္မွာ ထြက္ေျပးတိမ္းေရွာင္သြားေသာ ဒုကၡသည္ မ်ားကိုလည္း ပံ့ပိုးကူညီေပးခဲ့သည္။ ထိုမွ ခ်င္းေက်ာင္း သားမ်ား ဦးေဆာင္ၿပီး ဖြဲ႕စည္းခဲ့သည့္ ခ်င္းအမ်ိဳးသား တပ္ဦး(CNF) ကိုပင္ ဘ႑ာေငြအားျဖင့္ ကူညီခဲ့ပါ ေသးသည္။ သို႔ေသာ္ ၁၉၉၃ ခုႏွစ္မွာ အိႏၵိယႏိုင္ငံျခား ေရးဝန္ႀကီး J N Dixit က ျမန္မာႏိုင္ငံသို႔ လာေရာက္ သည့္အခါမွာ ႏိုင္ငံေရး အခင္းအက်င္း ေျပာင္းလဲလာ ၿပီး ထုံးစံအတိုင္း နယ္စပ္က တက္ႂကြလႈပ္ရွားသူမ်ား ႏွင့္ လက္နက္ကိုင္အဖြဲ႕ဝင္မ်ား တခ်ိဳ႕ကို ဖမ္းဆီးၿပီး သန္းေ႐ႊ အစိုးရထံ အပ္ႏွံခဲ့သည္အထိ ျဖစ္လာျပန္သည္။

လက္ရွိေႏြဦးေတာ္လွန္ေရးႏွင့္ အိႏၵိယရပ္တည္ခ်က္
အံ့ဩေလာက္ေအာင္ျပင္ ယခုစစ္အာဏာသိမ္းမႈ တြင္ အိႏၵိယအစိုးရသည္ ယခင္အာဏာသိမ္းခဲ့စဥ္တုန္း ကထက္ျပင္ စစ္အာဏာရွင္မ်ားကို ပိုမိုရပ္တည္ေပး ၿပီး ဒီမိုကေရစီလႈပ္ရွားသူမ်ားဘက္မွ ရပ္တည္ေပးရန္ ျငင္းဆန္လ်က္ရွိလာသည္။ စစ္အာဏာသိမ္းမႈကို “စိုးရိမ္သည္”ဟုသာ တုန႔္ျပန္ၿပီး ရႈတ္ခ်ကန႔္ကြက္ရန္ ပ်က္ကြက္႐ုံတင္မက တပ္မေတာ္ေန႔ကို တက္ေရာက္ ျခင္းျဖင့္ စစ္ေကာင္စီ(န.စ.က)ကို ေစာေစာစီးစီး အသိ အမွတ္ျပဳလ်က္ရွိသည္။ ယေန႔အထိ “အာဏာသိမ္းမႈ”ဟူ၍ တရားဝင္သုံးႏႈန္းရန္ လက္ေရွာင္ ေနဆဲျဖစ္သည္။ ထို႔ျပင္ ၁၉၈၈ အေရးအခင္းႏွင့္မတူ ဘဲ နယ္စပ္မွ ဒုကၡသည္မ်ား ခိုလႈံခြင့္ကိုလည္း တင္း ၾကပ္ထားပါ သည္။ အဆိုးဆုံးမွာ ကုလသမဂၢ လုံၿခဳံ ေရးေကာင္စီတြင္ စစ္ေကာင္စီကို ကာကြယ္ေျပာဆို ေပးသည့္အခ်က္ ျဖစ္သည္။

အိႏၵိယ၏ ရပ္တည္ခ်က္ေျပာင္းသြားသည့္ အေၾကာင္းရင္းမ်ား
အေနာက္ျခမ္းက က်ားႀကီးကို စစ္အာဏာရွင္ ႏွင့္ ပူးေပါင္းရန္ တြန္းပို႔ေစသည့္ အေၾကာင္းရင္း မ်ားစြာ ရွိပါမည္။ ၿခဳံငုံၾကည့္လွ်င္ အိႏၵိယႏိုင္ငံအတြက္ ျမန္မာ ျပည္သည္ စီးပြားေရးႏွင့္ ႏိုင္ငံေရးထက္ လုံၿခဳံေရး သို႔မဟုတ္ စစ္ေရးအက်ိဳးစီးပြားက ပိုၿပီး အဓိကျဖစ္ပါ သည္။ အခ်ိဳ႕အခ်က္မ်ားကို သုံးသပ္ရ လွ်င္-

(က) မဟာဗ်ဴဟာက်မႈ (Strategic Location)
၂၀၁၄ ခုႏွစ္မွစ၍ Narendra Modi ဦးေဆာင္သည့္ BJP အမ်ိဳးသားေရးပါတီအစိုးရ တက္လာသည့္ အခါ အေရွ႕ေမွ်ာ္(Look East)ေပၚလစီအစား အေရွ႕ ေဖာ္ေဆာင္(Act East)ဟု ေျပာင္းလဲ က်င့္သုံးလိုက္ သည္။ “ေမွ်ာ္႐ုံသက္သက္မဟုတ္၊ လက္ေတြ႕ ေဖာ္ ေဆာင္ရမည္”ဟု ႀကဳံးဝါးခဲ့သည္။ အဆိုပါ မူဝါဒသည္ ASEAN ကို မည္ကဲ့သို႔ ထိုးေဖာက္ႏိုင္မည္ဆိုသည့္ အခ်က္ႏွင့္ တ႐ုတ္ျပည္ႀကီးကို မည္ကဲ့သို႔ ထိန္းညႇိႏိုင္ မည္ဆိုသည့္အခ်က္ ျဖစ္ပါသည္။ ထို႔အတြက္ ျမန္မာ ႏိုင္ငံသည္ တ႐ုတ္ျပည္အတြက္ ၾကားခံ နယ္(Buffer Zone) ျဖစ္ၿပီး အာဆီယံအတြက္ တံတားျဖစ္ပါသည္။

(ခ) နယ္စပ္လုံၿခဳံေရး
ဤအခ်က္သည္ အေရးပါဆုံးဟု ဆိုရမည္။ နယ္နိမိတ္ ၁၆၀ဝ ကီလိုမီတာ ရွည္လ်ားေသာ ゞင္းနယ္ နိမိတ္တစ္ေလွ်ာက္ လူမ်ိဳးစုသူပုန္အဖြဲ႕ ၂၀ ေက်ာ္ရွိရာ အားလုံးနီးပါးကို တ႐ုတ္ႏိုင္ငံက ေထာက္ပံ့လ်က္ရွိ သည္ဟု အိႏၵိယက စြပ္စြဲသည္။ အထူးသျဖင့္ ျမန္မာ ဘက္ျခမ္း စစ္ကိုင္းတိုင္းႏွင့္ ခ်င္းျပည္နယ္အတြင္း အိႏၵိယသူပုန္ ၆ ဖြဲ႕ထက္မနည္း အေျခခ်ေနထိုင္သည္ ကို အိႏၵိယက လုံးဝ ၾကည့္မရ ျဖစ္ေနသည္။ စကားစပ္ လို႔ ေဖာ္ျပရလွ်င္ ကေလးၿမိဳ႕ႏွင့္ တမူးၿမိဳ႕က ဆႏၵျပ ျပည္သူမ်ားကို ပစ္ခတ္သတ္ျဖတ္သူမ်ားသည္ အိႏၵိယ မဏီပူရ္-ကသည္းသူပုန္မ်ားျဖစ္သည္ဟု သတင္း ထြက္သည္။ ဘိုတန္ႏိုင္ငံက သူ႔ႏိုင္ငံမွာရွိေသာ အိႏၵိယ သူပုန္မ်ားအားလုံးကို ၂၀ဝ၃ မွာ ရွင္းထုတ္ခဲ့သည့္ Operation All-Clear ပုံစံမ်ိဳးကို ျမန္မာအစိုးရက လုပ္ေပးရန္ အိႏၵိယက လိုလားသည္။ ထို႔ျပင္ တ႐ုတ္ ႏိုင္ငံက ကိုကိုးကြၽန္းႏွင့္ ရခိုင္ျပည္နယ္ ဘဂၤလားပင္ လယ္ေအာ္မွ အိႏၵိယသမုဒၵရာကို နည္းမ်ိဳးစုံျဖင့္ ၿခိမ္း ေျခာက္လာသည္ကို အိႏၵိယက စိုးရိမ္ေနသည္။ ထို႔ေၾကာင့္ ျမန္မာျပည္ တ႐ုတ္ႏိုင္ငံႏွင့္ နီးေလေလ အိႏၵိယႏိုင္ငံအတြက္ နယ္စပ္လုံၿခဳံေရး ပိုစိုးရိမ္ရေလ ေလ ျဖစ္သည္။
(ဂ) ပါတီအလွည့္အေျပာင္း
အိႏၵိယႏိုင္ငံတြင္ ပါတီႀကီးႏွစ္ခုရွိရာ ၁၉၆၂ ႏွင့္ ၁၉၈၈ ခုႏွစ္ အာဏာသိမ္းမႈတုန္းက အစိုးရဖြဲ႕သည့္ ပါတီမွာ ကြန္ကရက္ ပါတီျဖစ္ခဲ့ရာ ယခုသည္ အမ်ိဳး သားေရးဝါဒီ BJP ပါတီအစိုးရျဖစ္သည္။ Jawaharlal Nehr က တည္ေထာင္ေသာ ကြန္ကရက္ပါတီသည္ ႏိုင္ငံတကာ စံတန္ဖိုးႏွင့္ ဒီမိုကေရစီအေရးတို႔တြင္ ပိုၿပီးအျမင္က်ယ္သည္ဟု ယူဆရၿပီး ယုခု Modi ဦး ေဆာင္သည့္ BJP သည္ အိႏၵိယႏိုင္ငံႏွင့္ ဟိႏၵဴဘာသာ အက်ိဳးစီးပြားကိုသာ စိတ္ဝင္စားသည္ဟု အမ်ား၏ ေဝဖန္ျခင္းခံရသည္။ ထို႔ျပင္ လြန္ခဲ့ေသာ Modi အစိုးရ က ေတာင္သူလယ္သမားဆိုင္ရာ အက္ဥပေဒ သုံးခု ျပဌာန္းလိုက္သည့္အတြက္ ျပည္သူမ်ား သန္းႏွင့္ခ်ီ လမ္းေပၚထြက္ ဆႏၵျပၾကရာမွာ သူက အၾကမ္းနည္း ျဖင့္ ၿဖိဳခြင္းခဲ့သည္ဟု ႏိုင္ငံတကာ၏ ရႈတ္ခ်မႈကို ခံရသည္။ ထို႔ေၾကာင့္ BJP အစား Congress သာ လက္ရွိအစိုးရ ျဖစ္ခဲ့လွ်င္ ျမန္မာျပည္အတြက္ ပို၍ ေမွ်ာ္လင့္ႏိုင္မွာျဖစ္သည္။
(ဃ) ေဒၚေအာင္ဆန္းစုၾကည္ကို အားမရ
Nehru ႏွင့္ အိႏၵိယသည္ ေအာင္ဆန္းႏွင့္ သူ႔ မိသားစုအေပၚ တာဝန္ေက်ခဲ့သည္ဟု ခံယူၾကသည္။ ေဒၚေအာင္ဆန္းစုၾကည္သည္ပင္ ၁၅ ႏွစ္အ႐ြယ္က တည္းက အိႏၵိယမွာ သူ႔အေမႏွင့္ အတူေနထိုင္ခဲ့ၿပီး New Delhi University မွာ ၁၉၆၀ မွ ၁၉၆၇ ခုႏွစ္ အထိ ႏိုင္ငံေရး သိပၸံဘာသာရပ္ သင္ၾကားခဲ့ေသးသည္။ ထို႔ေၾကာင့္ ၂၀၁၆ ခုႏွစ္တြင္ သူဦးေဆာင္သည့္ပါတီက အႏိုင္ရလာသည့္အခါ အိႏၵိယသည္ မ်က္ႏွာသာေပးမႈ ကို ေမွ်ာ္လင့္ခဲ့သည္။ သို႔ေသာ္ ေဒၚေအာင္ဆန္းစုၾကည္ သည္လည္း ယခင္အစိုးရေခါင္းေဆာင္မ်ား နည္းတူ တ႐ုတ္ႏိုင္ငံကိုသာ ဆက္ၿပီး မ်က္ႏွာသာ ေပးေနသည္ ဟု စြပ္စြဲသည္။ ေဒၚေအာင္ဆန္းစုၾကည္က အစိုးရ ဖြဲ႕ဖြဲ႕ခ်င္း အိႏၵိယႏိုင္ငံကို လာေရာက္ရန္ ခ်ဥ္းကပ္ ခဲ့ေသာ္လည္း တ႐ုတ္ႏိုင္ငံကို အရင္လည္ပတ္ခဲ့သည့္ အျဖစ္အပ်က္ႏွင့္ ေနာက္ပိုင္းတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ အပိုင္းႏွင့္ က႑အသီးသီးမွာ ဆက္ဆံေရး တိုးတက္မႈ သိသိသာသာ မရွိျခင္းအေပၚ အိႏၵိယဘက္က စိတ္ခုေနသည္။

အိမ္နီးခ်င္းေကာင္းျပသေရး အိႏၵိယ၏ တာဝန္ဝတၱရား
ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီအေရးေတာ္ပုံ လႈပ္ ရွားမႈကို ကူညီပံ့ပိုးႏိုင္ေရး၊ သို႔မဟုတ္ အနည္းဆုံးအား ျဖင့္ စစ္ေကာင္စီကို ကူညီေထာက္ပံ့မႈ ရပ္တန႔္ေရး အတြက္ အိႏၵိယႏိုင္ငံအေနျဖင့္ ေအာက္ပါအခ်က္မ်ား ကို မျဖစ္မေန လိုက္ေလ်ာ္သင့္သည္ –
(က) စစ္ေကာင္စီကို ကာကြယ္ေျပာဆိုျခင္း ရပ္တန႔္ရန္
ကုလသမဂၢလုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္ အျဖစ္ လက္ရွိတြင္ အိႏၵိယႏိုင္ငံသည္ အလွည့္က် တာဝန္ယူ ေနသည့္အခ်ိန္ျဖစ္သည္။ သူ႔အေနျဖင့္ တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံကဲ့သို႔ ဗီတိုအာဏာမရွိေသာ္လည္း လုံၿခဳံေရး ေကာင္စီတြင္ ျမန္မာ့အေရး ေဆြးေႏြးသည့္အခါမွာ ကမာၻ႔ဒီမိုကေရစီအႀကီးဆုံးႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံ ဆိုသည့္ ဝတၱရားျဖင့္ ျမန္မာဒီမိုကေရစီ အင္အားစု ဘက္မွ မားမားမတ္မတ္ ေျပာဆိုရပ္တည္ေပးရန္ တာဝန္ ရွိပါသည္။ လက္ရွိအခ်ိန္ထိ လုံၿခဳံေရး ေကာင္စီ မွာ စစ္ေကာင္စီႏွင့္ အေရးေတာ္ပုံႏွင့္ ပတ္သက္၍ အိႏၵိယ၏ ေျပာဆိုေဆြးေႏြးမႈသည္ အားရဖြယ္ လုံးဝ မရွိသည့္အျပင္ စစ္ေကာင္စီကို ကာကြယ္ေျပာဆိုသည့္ ေလသံ ျဖစ္ပါသည္။
(ခ) လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီ ေပးသင့္
အထူးသျဖင့္ နယ္စပ္ျဖတ္ေက်ာ္ၿပီး အိႏၵိယဘက္ ျခမ္းသို႔ ထြက္ေျပးခိုလႈံသူမ်ား လြတ္လပ္စြာ သြားလာ ေနထိုင္ခြင့္ႏွင့္ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာ မင္းႀကီး႐ုံး (UNHCR)၏ အကာအကြယ္ႏွင့္ ကူညီ ေထာက္ပံ့မႈ ရရွိခံစားခြင့္တို႔ကို အျပည့္အဝ လမ္းဖြင့္ ေပးရန္ အိႏၵိယႏိုင္ငံက တာဝန္ရွိပါသည္။ ႏိုင္ငံနယ္ နိမိတ္ျဖင့္ ပိုင္းျခားျခင္းခံရေသာ လူမ်ိဳးတူ ခ်င္း-မီဇိုး ရမ္း-ကူကီး-ထာဒို-နာဂ စသည္ဌာေန တိုင္းရင္းသား တို႔သည္ ကုလသမဂၢ ဌာေနတိုင္းရင္းသားလူမ်ိဳးမ်ား အခြင့္အေရးဆိုင္ရာ ေၾကညာစာတမ္း (UNDRIO-2007)အရ အခ်င္းခ်င္းၾကား ကူးလူး ဆက္ဆံခြင့္ရွိ ေသာေၾကာင့္ ၎ကို အိႏၵိယအစိုးရက ပိတ္ပင္တားဆီး ျခင္းမျပဳသင့္ေျခ။ လက္ရွိမွာ အိႏၵိယဗဟိုအစိုးရက နယ္နိမိတ္တင္းၾကပ္ရန္ စာအမ်ိဳးမ်ိဳးထုတ္ၿပီး နယ္စပ္ တစ္ေလွ်ာက္ Assam Rifle တပ္မ်ား အျပည့္ခ်ထား သည္မွာ စိုးရိမ္ဖြယ္ျဖစ္ပါသည္။
(ဂ) ေတာ္လွန္ေရးလႈပ္ရွားသူမ်ား ျပည္တြင္း ျပန္ မပို႔သင့္။
အထက္တြင္ ေဖာ္ျပထားၿပီးသည့္အတိုင္း ျမန္မာ စစ္အာဏသိမ္းမႈ အဆက္ဆက္မွာ အိႏၵိယ အစိုးရက သူ႔နယ္ေျမအတြင္း ထြက္ေျပးတိမ္းေရွာင္ေသာ တက္ႂကြလႈပ္ရွားသူမ်ားကို ဖမ္းဆီးၿပီး ျမန္မာစစ္အစိုးရထံ လႊဲေျပာင္းအပ္ႏွံေလ့ရွိသည္ကို ရွက္ဖြယ္ေကာင္းစြာ ေတြ႕ရွိရပါသည္။ ယခု စစ္အာဏာသိမ္းမႈတြင္ ခ်င္း ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အသီးသီးက လူငယ္မ်ား အပါအဝင္ တစ္ျပည္လုံးမွ ျပည္သူမ်ားက စစ္ေရးျဖင့္ စစ္ေကာင္စီကို တန္ျပန္တိုက္ခိုက္မႈ အရွိန္ျမႇင့္လာမည္ ျဖစ္ရာ ႏိုင္ငံတကာ လူ႔အခြင့္အေရးႏွင့္ လူသားခ်င္း စာနာေထာက္ထားမႈကို ေလ်ာ့နည္းေသာ BJP ပါတီ အစိုးရလက္ထက္တြင္ ထိုအက်င့္ဆိုးမ်ိဳး ထပ္မံႀကဳံ ေတြ႕မိမွာ စိုးရိမ္ဖြယ္ေကာင္းလွပါသည္။ အမွန္စင္စစ္ အိႏၵိယႏွင့္ ျမန္မာ ႏွစ္ႏိုင္ငံအၾကားတြင္ ရာဇဝတ္တရားခံ လႊဲေျပာင္းေရးစာခ်ဳပ္ (Extradition Agreement) လက္မွတ္ေရးထိုးထားျခင္းမရွိသည့္အတြက္ ထိုသို႔ မျဖစ္မေန လႊဲေျပာင္းရန္ တာဝန္မရွိေပ။

ဖိအားေပးခ်ဥ္းကပ္ရမည့္ နည္းလမ္းမ်ား
အိႏၵိယသည္ ကြန္ျမဴနစ္တ႐ုတ္ႏိုင္ငံႏွင့္မတူဘဲ ဒီမိုကေရစီႏိုင္ငံျဖစ္သည့္နည္းတူ လူထုဖိအားေပးမႈ ကို တစ္စုံတစ္ရာ လိုက္ေလ်ာေပးတတ္ပါသည္။ သာဓက အားျဖင့္ မၾကာေသးခင္မွာ ျမန္မာႏိုင္ငံဘက္က စစ္ေဘးေရွာင္မ်ား ဝင္လာမႈကို တားဆီးရန္ မဏီပူရ္ ျပည္နယ္က ႐ုံးစာထုတ္ခဲ့သည္ကို ဝိုင္းၿပီး ဖိအားေပး ခဲ့ၾကသည့္အတြက္ သက္ဆိုင္ရာက ျပန္လည္ျပင္ဆင္ သည့္ စာထုတ္ခဲ့ေသးသည္ကို ေတြ႕ရပါသည္။ ထို႔ေၾကာင့္ အိမ္နီးခ်င္းေကာင္း ပီသေစေရးအတြက္ အိႏၵိယကို ေအာက္ပါအတိုင္း လိုအပ္သလို ဖိအားေပး သင့္သည္ –
(က) ဆႏၵေဖာ္ထုတ္မႈျဖင့္ လူထုက ေတာင္းဆိုျခင္း။
ျမန္မာျပည္အႏွံ႔ႏွင့္ အထူးသျဖင့္ အိႏၵိယႏွင့္ နီးစပ္ရာ နယ္စပ္ၿမိဳ႕နယ္မ်ားတြင္ လူထုက နည္းလမ္း မ်ိဳးစုံျဖင့္ အိႏၵိယႏိုင္ငံအတြက္ သီးသန႔္ဆႏၵျပမႈႏွင့္ ေတာင္းဆိုမႈမ်ား ျပဳလုပ္သင့္ပါသည္။ အထူးသျဖင့္ ႏိုင္ငံအသီးသီးရွိ အိႏၵိယသံ႐ုံးမ်ားတြင္ ဆႏၵျပမႈ ျပဳလုပ္ သင့္ပါသည္။
(ခ) ပူးတြဲေၾကညာခ်က္ႏွင့္ အိတ္ဖြင့္ေပးစာထုတ္ျပန္ ျခင္း
ဒီမိုကေရစီအင္အားစုမ်ား စုေပါင္း၍ အိႏၵိယ အစိုးရကို ေတာင္းဆိုသည့္ ပူးတြဲေၾကညာခ်က္၊ အိတ္ ဖြင့္ေပးစာႏွင့္ လူထုလက္မွတ္ထိုး ေတာင္းဆိုမႈမ်ား ျပဳလုပ္သင့္သည္။
(ဂ) အိႏၵိယကို ေစာင့္ၾကည့္ျခင္း
စစ္ေကာင္စီဆိုင္ရာ အိႏၵိယအစိုးရ၏ လုပ္ ေဆာင္မႈမွန္သမွ်ကို အနီးကပ္ ေစာင့္ၾကည့္မႈ ျပဳလုပ္ သင့္သည္။ ယခုလည္း အေမရိကန္ႏိုင္ငံက စီးပြားေရး ပိတ္ဆို႔ထားေသာ စစ္ေကာင္စီပိုင္ ျမန္မာ့ စီးပြားေရး ေကာ္ပိုေရးရွင္း(MEC)ကို အိႏၵိယကုမၸဏီ Adani Group က ကန္ေဒၚလာ သန္း ၄၇၅ ခန႔္ ရင္းႏွီးျမႇဳပ္ႏွံ ေငြေပးပို႔သည္ဟု ACIJ အစီရင္ခံစာအရ သိရသည္။ လက္ရွိအခ်ိန္တြင္ အေနာက္ႏိုင္ငံမ်ားႏွင့္ ဒီမိုကေရစီ အုပ္စုမ်ားက စစ္ေကာင္စီကို နည္းမ်ိဳးစုံျဖင့္ ဒဏ္ခတ္ ပိတ္စို႔ေနသည့္အခ်ိန္မွာ စစ္ေကာင္စီ၏ အေရးေပၚ လိုအပ္ခ်က္ျဖစ္ေသာ လက္နက္ခဲယမ္းႏွင့္ ဘ႑ာေရး လိုအပ္ခ်က္မ်ားကို တ႐ုတ္ႏိုင္ငံကဲ့သို႔ ေနာက္ကြယ္မွ ပံ့ပိုးကူညီမႈ မျပဳလုပ္ႏိုင္ေအာင္ အနီးကပ္ ေစာင့္ၾကည့္ ဖို႔ လိုအပ္ပါသည္။
(ဃ) ႏိုင္ငံတကာအသိုင္းအဝိုင္းမွတစ္ဆင့္ ဖိအား ေပးျခင္း
ျပည္တြင္း အင္အားအျပင္ UNO, USA, EU ႏွင့္ UK စသည့္ ႏိုင္ငံတကာ အသိုင္းအဝိုင္းမ်ားမွ တစ္ဆင့္ အိႏၵိယကို စစ္ေကာင္စီႏွင့္ ပူးေပါင္း ေဆာင္ ႐ြက္ျခင္းမျပဳရန္ႏွင့္ ဒီမိုကေရစီအင္အားစုမ်ားဘက္မွ အျပည့္အဝ ရပ္တည္ေပးရန္ ဖိအားေပးသင့္ပါသည္။

ဆလိုင္းေထာင္း

Unicode
မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ နှစ်ပေါင်း ၅၀ ကျော် နေထိုင်လာသည့် အတွက် အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်ရပေါင်း လည်း များလှလာပါသည်။ တစ်ဖက်မှာ ဤစစ်အစိုးရကို တရုတ်၊ ထိုင်းနှင့် စင်ကာပူ စသည့် နိုင်ငံများအတွက် အခွင့်ကောင်းဖြစ်ရသည်များလည်း ရှိပါသည်။ မည်သို့ပြင်ဆိုစေ အိန္ဒိယ နိုင်ငံအပါအဝင် မိမိတို့ အိမ်နီးချင်းနိုင်ငံများသည် အိမ်နီးချင်းကောင်း မပီသလှသည်ကို တွေ့ရှိရပါသည်။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယ၏ မြန်မာ့ဒီမိုကရေစီဖော်ဆောင်မှုအပေါ် သဘောထားရပ်တည်ချက် အဘယ်ကြောင့် ဒီဘက်ခေတ်မှာ ပြောင်းလဲလာသနည်း၊ အဘယ် ကြောင့် အာဏာသိမ်း စစ်အာဏာရှင်ကို ကန့်ကွက်ရန် ပျက်ကွက်နေရသနည်း၊ ဒီမိုကရေစီ အရေးတော်ပုံ အောင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံက မည်သည့်အပိုင်းတွင် ကူညီပေးနိုင်မည်နည်း၊ ဒီမိုကရက်တစ်အုပ်စုများက မည်ကဲ့သို့ ဖိအားပေး တိုက်တွန်းသင့်သနည်း၊ စသည့် အချက်များကို မိမိÓဏ်မီသလောက် ဆွေးနွေးသုံးသပ်ပါမည်။
၁၉၆၂ စစ်အာဏာသိမ်းခဲ့တုန်းက အိန္ဒိယ၏ ရပ်တည်ချက်
ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းသိမ်းချင်း ကုလား(အိန္ဒိယနွယ်ဖွား)မုန်းတီးရေး မီးမွှေးလိုက် သဖြင့် အိန္ဒိယနိုင်ငံအတွက် အမြတ်ဒေါသထွက်စရာ ဖြစ်လာခဲ့သေးသည်။ သို့သော် ၁၉၆၅ ခုနှစ်မှာ အိန္ဒိယ ဝန်ကြီးချုပ် Lal Bahadur မြန်မာနိုင်ငံသို့ ခရီးရောက် လာပြီးနောက် ပြန်လည်သင့်မြတ်မှု တည်ဆောက်လာ ရာ ၁၉၆၇ ခုနှစ်တွင် နှစ်နိုင်ငံနယ်နိမိတ် သဘောတူညီ ချက်ပြင် ရရှိသွားသည်။ နောက်ဆက်တွဲအဖြစ် အိန္ဒိယ နယ်စပ်တွင် အခြေချ လက်နက်ကိုင်တော်လှန်သော ချင်းခေါင်းဆောင် Lieutenant Son Kho Pau နှင့် Pu Hrang Nawl တို့ကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီး၍ နေဝင်းစစ်အစိုးရထံ အပ်နှံပြီး နှစ်ရှည် ထောင်ချ ခံရသည်အထိ ဖြစ်ခဲ့ရသည်။

၁၉၈၈ စစ်အာဏာသိမ်းမှုနှင့် အိန္ဒိယ၏ရပ်တည်ချက်
ဒုတိယအကြိမ် စစ်အာဏာသိမ်းခဲ့ရာမှာ ကနဦး တွင် အိန္ဒိယဝန်ကြီးချုပ် Rajiv Gandhi ဦးဆောင် သည့် Congress Party သည် ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူများဘက်ကို ရပ်တည်ပေးခဲ့ပါသည်။ အိန္ဒိယ နယ်စပ်မှာ ထွက်ပြေးတိမ်းရှောင်သွားသော ဒုက္ခသည် များကိုလည်း ပံ့ပိုးကူညီပေးခဲ့သည်။ ထိုမှ ချင်းကျောင်း သားများ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့သည့် ချင်းအမျိုးသား တပ်ဦး(CNF) ကိုပင် ဘဏ္ဍာငွေအားဖြင့် ကူညီခဲ့ပါ သေးသည်။ သို့သော် ၁၉၉၃ ခုနှစ်မှာ အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီး J N Dixit က မြန်မာနိုင်ငံသို့ လာရောက် သည့်အခါမှာ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာ ပြီး ထုံးစံအတိုင်း နယ်စပ်က တက်ကြွလှုပ်ရှားသူများ နှင့် လက်နက်ကိုင်အဖွဲ့ဝင်များ တချို့ကို ဖမ်းဆီးပြီး သန်းရွှေ အစိုးရထံ အပ်နှံခဲ့သည်အထိ ဖြစ်လာပြန်သည်။

လက်ရှိနွေဦးတော်လှန်ရေးနှင့် အိန္ဒိယရပ်တည်ချက်
အံ့ဩလောက်အောင်ပြင် ယခုစစ်အာဏာသိမ်းမှု တွင် အိန္ဒိယအစိုးရသည် ယခင်အာဏာသိမ်းခဲ့စဉ်တုန်း ကထက်ပြင် စစ်အာဏာရှင်များကို ပိုမိုရပ်တည်ပေး ပြီး ဒီမိုကရေစီလှုပ်ရှားသူများဘက်မှ ရပ်တည်ပေးရန် ငြင်းဆန်လျက်ရှိလာသည်။ စစ်အာဏာသိမ်းမှုကို “စိုးရိမ်သည်”ဟုသာ တုန့်ပြန်ပြီး ရှုတ်ချကန့်ကွက်ရန် ပျက်ကွက်ရုံတင်မက တပ်မတော်နေ့ကို တက်ရောက် ခြင်းဖြင့် စစ်ကောင်စီ(န.စ.က)ကို စောစောစီးစီး အသိ အမှတ်ပြုလျက်ရှိသည်။ ယနေ့အထိ “အာဏာသိမ်းမှု”ဟူ၍ တရားဝင်သုံးနှုန်းရန် လက်ရှောင် နေဆဲဖြစ်သည်။ ထို့ပြင် ၁၉၈၈ အရေးအခင်းနှင့်မတူ ဘဲ နယ်စပ်မှ ဒုက္ခသည်များ ခိုလှုံခွင့်ကိုလည်း တင်း ကြပ်ထားပါ သည်။ အဆိုးဆုံးမှာ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီတွင် စစ်ကောင်စီကို ကာကွယ်ပြောဆို ပေးသည့်အချက် ဖြစ်သည်။

အိန္ဒိယ၏ ရပ်တည်ချက်ပြောင်းသွားသည့် အကြောင်းရင်းများ
အနောက်ခြမ်းက ကျားကြီးကို စစ်အာဏာရှင် နှင့် ပူးပေါင်းရန် တွန်းပို့စေသည့် အကြောင်းရင်း များစွာ ရှိပါမည်။ ခြုံငုံကြည့်လျှင် အိန္ဒိယနိုင်ငံအတွက် မြန်မာ ပြည်သည် စီးပွားရေးနှင့် နိုင်ငံရေးထက် လုံခြုံရေး သို့မဟုတ် စစ်ရေးအကျိုးစီးပွားက ပိုပြီး အဓိကဖြစ်ပါ သည်။ အချို့အချက်များကို သုံးသပ်ရ လျှင်-

(က) မဟာဗျူဟာကျမှု (Strategic Location)
၂၀၁၄ ခုနှစ်မှစ၍ Narendra Modi ဦးဆောင်သည့် BJP အမျိုးသားရေးပါတီအစိုးရ တက်လာသည့် အခါ အရှေ့မျှော်(Look East)ပေါ်လစီအစား အရှေ့ ဖော်ဆောင်(Act East)ဟု ပြောင်းလဲ ကျင့်သုံးလိုက် သည်။ “မျှော်ရုံသက်သက်မဟုတ်၊ လက်တွေ့ ဖော် ဆောင်ရမည်”ဟု ကြုံးဝါးခဲ့သည်။ အဆိုပါ မူဝါဒသည် ASEAN ကို မည်ကဲ့သို့ ထိုးဖောက်နိုင်မည်ဆိုသည့် အချက်နှင့် တရုတ်ပြည်ကြီးကို မည်ကဲ့သို့ ထိန်းညှိနိုင် မည်ဆိုသည့်အချက် ဖြစ်ပါသည်။ ထို့အတွက် မြန်မာ နိုင်ငံသည် တရုတ်ပြည်အတွက် ကြားခံ နယ်(Buffer Zone) ဖြစ်ပြီး အာဆီယံအတွက် တံတားဖြစ်ပါသည်။

(ခ) နယ်စပ်လုံခြုံရေး
ဤအချက်သည် အရေးပါဆုံးဟု ဆိုရမည်။ နယ်နိမိတ် ၁၆၀ဝ ကီလိုမီတာ ရှည်လျားသော ゞင်းနယ် နိမိတ်တစ်လျှောက် လူမျိုးစုသူပုန်အဖွဲ့ ၂၀ ကျော်ရှိရာ အားလုံးနီးပါးကို တရုတ်နိုင်ငံက ထောက်ပံ့လျက်ရှိ သည်ဟု အိန္ဒိယက စွပ်စွဲသည်။ အထူးသဖြင့် မြန်မာ ဘက်ခြမ်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်း အိန္ဒိယသူပုန် ၆ ဖွဲ့ထက်မနည်း အခြေချနေထိုင်သည် ကို အိန္ဒိယက လုံးဝ ကြည့်မရ ဖြစ်နေသည်။ စကားစပ် လို့ ဖော်ပြရလျှင် ကလေးမြို့နှင့် တမူးမြို့က ဆန္ဒပြ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်သူများသည် အိန္ဒိယ မဏီပူရ်-ကသည်းသူပုန်များဖြစ်သည်ဟု သတင်း ထွက်သည်။ ဘိုတန်နိုင်ငံက သူ့နိုင်ငံမှာရှိသော အိန္ဒိယ သူပုန်များအားလုံးကို ၂၀ဝ၃ မှာ ရှင်းထုတ်ခဲ့သည့် Operation All-Clear ပုံစံမျိုးကို မြန်မာအစိုးရက လုပ်ပေးရန် အိန္ဒိယက လိုလားသည်။ ထို့ပြင် တရုတ် နိုင်ငံက ကိုကိုးကျွန်းနှင့် ရခိုင်ပြည်နယ် ဘင်္ဂလားပင် လယ်အော်မှ အိန္ဒိယသမုဒ္ဒရာကို နည်းမျိုးစုံဖြင့် ခြိမ်း ခြောက်လာသည်ကို အိန္ဒိယက စိုးရိမ်နေသည်။ ထို့ကြောင့် မြန်မာပြည် တရုတ်နိုင်ငံနှင့် နီးလေလေ အိန္ဒိယနိုင်ငံအတွက် နယ်စပ်လုံခြုံရေး ပိုစိုးရိမ်ရလေ လေ ဖြစ်သည်။
(ဂ) ပါတီအလှည့်အပြောင်း
အိန္ဒိယနိုင်ငံတွင် ပါတီကြီးနှစ်ခုရှိရာ ၁၉၆၂ နှင့် ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုတုန်းက အစိုးရဖွဲ့သည့် ပါတီမှာ ကွန်ကရက် ပါတီဖြစ်ခဲ့ရာ ယခုသည် အမျိုး သားရေးဝါဒီ BJP ပါတီအစိုးရဖြစ်သည်။ Jawaharlal Nehr က တည်ထောင်သော ကွန်ကရက်ပါတီသည် နိုင်ငံတကာ စံတန်ဖိုးနှင့် ဒီမိုကရေစီအရေးတို့တွင် ပိုပြီးအမြင်ကျယ်သည်ဟု ယူဆရပြီး ယုခု Modi ဦး ဆောင်သည့် BJP သည် အိန္ဒိယနိုင်ငံနှင့် ဟိန္ဒူဘာသာ အကျိုးစီးပွားကိုသာ စိတ်ဝင်စားသည်ဟု အများ၏ ဝေဖန်ခြင်းခံရသည်။ ထို့ပြင် လွန်ခဲ့သော Modi အစိုးရ က တောင်သူလယ်သမားဆိုင်ရာ အက်ဥပဒေ သုံးခု ပြဌာန်းလိုက်သည့်အတွက် ပြည်သူများ သန်းနှင့်ချီ လမ်းပေါ်ထွက် ဆန္ဒပြကြရာမှာ သူက အကြမ်းနည်း ဖြင့် ဖြိုခွင်းခဲ့သည်ဟု နိုင်ငံတကာ၏ ရှုတ်ချမှုကို ခံရသည်။ ထို့ကြောင့် BJP အစား Congress သာ လက်ရှိအစိုးရ ဖြစ်ခဲ့လျှင် မြန်မာပြည်အတွက် ပို၍ မျှော်လင့်နိုင်မှာဖြစ်သည်။
(ဃ) ဒေါ်အောင်ဆန်းစုကြည်ကို အားမရ
Nehru နှင့် အိန္ဒိယသည် အောင်ဆန်းနှင့် သူ့ မိသားစုအပေါ် တာဝန်ကျေခဲ့သည်ဟု ခံယူကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည်ပင် ၁၅ နှစ်အရွယ်က တည်းက အိန္ဒိယမှာ သူ့အမေနှင့် အတူနေထိုင်ခဲ့ပြီး New Delhi University မှာ ၁၉၆၀ မှ ၁၉၆၇ ခုနှစ် အထိ နိုင်ငံရေး သိပ္ပံဘာသာရပ် သင်ကြားခဲ့သေးသည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ်တွင် သူဦးဆောင်သည့်ပါတီက အနိုင်ရလာသည့်အခါ အိန္ဒိယသည် မျက်နှာသာပေးမှု ကို မျှော်လင့်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သည်လည်း ယခင်အစိုးရခေါင်းဆောင်များ နည်းတူ တရုတ်နိုင်ငံကိုသာ ဆက်ပြီး မျက်နှာသာ ပေးနေသည် ဟု စွပ်စွဲသည်။ ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ဖွဲ့ဖွဲ့ချင်း အိန္ဒိယနိုင်ငံကို လာရောက်ရန် ချဉ်းကပ် ခဲ့သော်လည်း တရုတ်နိုင်ငံကို အရင်လည်ပတ်ခဲ့သည့် အဖြစ်အပျက်နှင့် နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အပိုင်းနှင့် ကဏ္ဍအသီးသီးမှာ ဆက်ဆံရေး တိုးတက်မှု သိသိသာသာ မရှိခြင်းအပေါ် အိန္ဒိယဘက်က စိတ်ခုနေသည်။

အိမ်နီးချင်းကောင်းပြသရေး အိန္ဒိယ၏ တာဝန်ဝတ္တရား
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးတော်ပုံ လှုပ် ရှားမှုကို ကူညီပံ့ပိုးနိုင်ရေး၊ သို့မဟုတ် အနည်းဆုံးအား ဖြင့် စစ်ကောင်စီကို ကူညီထောက်ပံ့မှု ရပ်တန့်ရေး အတွက် အိန္ဒိယနိုင်ငံအနေဖြင့် အောက်ပါအချက်များ ကို မဖြစ်မနေ လိုက်လျော်သင့်သည် –
(က) စစ်ကောင်စီကို ကာကွယ်ပြောဆိုခြင်း ရပ်တန့်ရန်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် အဖြစ် လက်ရှိတွင် အိန္ဒိယနိုင်ငံသည် အလှည့်ကျ တာဝန်ယူ နေသည့်အချိန်ဖြစ်သည်။ သူ့အနေဖြင့် တရုတ်နှင့် ရုရှားနိုင်ငံကဲ့သို့ ဗီတိုအာဏာမရှိသော်လည်း လုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးသည့်အခါမှာ ကမ္ဘာ့ဒီမိုကရေစီအကြီးဆုံးနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ ဆိုသည့် ဝတ္တရားဖြင့် မြန်မာဒီမိုကရေစီ အင်အားစု ဘက်မှ မားမားမတ်မတ် ပြောဆိုရပ်တည်ပေးရန် တာဝန် ရှိပါသည်။ လက်ရှိအချိန်ထိ လုံခြုံရေး ကောင်စီ မှာ စစ်ကောင်စီနှင့် အရေးတော်ပုံနှင့် ပတ်သက်၍ အိန္ဒိယ၏ ပြောဆိုဆွေးနွေးမှုသည် အားရဖွယ် လုံးဝ မရှိသည့်အပြင် စစ်ကောင်စီကို ကာကွယ်ပြောဆိုသည့် လေသံ ဖြစ်ပါသည်။
(ခ) လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးသင့်
အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယဘက် ခြမ်းသို့ ထွက်ပြေးခိုလှုံသူများ လွတ်လပ်စွာ သွားလာ နေထိုင်ခွင့်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR)၏ အကာအကွယ်နှင့် ကူညီ ထောက်ပံ့မှု ရရှိခံစားခွင့်တို့ကို အပြည့်အဝ လမ်းဖွင့် ပေးရန် အိန္ဒိယနိုင်ငံက တာဝန်ရှိပါသည်။ နိုင်ငံနယ် နိမိတ်ဖြင့် ပိုင်းခြားခြင်းခံရသော လူမျိုးတူ ချင်း-မီဇိုး ရမ်း-ကူကီး-ထာဒို-နာဂ စသည်ဌာနေ တိုင်းရင်းသား တို့သည် ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDRIO-2007)အရ အချင်းချင်းကြား ကူးလူး ဆက်ဆံခွင့်ရှိ သောကြောင့် ၎င်းကို အိန္ဒိယအစိုးရက ပိတ်ပင်တားဆီး ခြင်းမပြုသင့်ခြေ။ လက်ရှိမှာ အိန္ဒိယဗဟိုအစိုးရက နယ်နိမိတ်တင်းကြပ်ရန် စာအမျိုးမျိုးထုတ်ပြီး နယ်စပ် တစ်လျှောက် Assam Rifle တပ်များ အပြည့်ချထား သည်မှာ စိုးရိမ်ဖွယ်ဖြစ်ပါသည်။
(ဂ) တော်လှန်ရေးလှုပ်ရှားသူများ ပြည်တွင်း ပြန် မပို့သင့်။
အထက်တွင် ဖော်ပြထားပြီးသည့်အတိုင်း မြန်မာ စစ်အာဏသိမ်းမှု အဆက်ဆက်မှာ အိန္ဒိယ အစိုးရက သူ့နယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင်သော တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးပြီး မြန်မာစစ်အစိုးရထံ လွှဲပြောင်းအပ်နှံလေ့ရှိသည်ကို ရှက်ဖွယ်ကောင်းစွာ တွေ့ရှိရပါသည်။ ယခု စစ်အာဏာသိမ်းမှုတွင် ချင်း ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးက လူငယ်များ အပါအဝင် တစ်ပြည်လုံးမှ ပြည်သူများက စစ်ရေးဖြင့် စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်မှု အရှိန်မြှင့်လာမည် ဖြစ်ရာ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို လျော့နည်းသော BJP ပါတီ အစိုးရလက်ထက်တွင် ထိုအကျင့်ဆိုးမျိုး ထပ်မံကြုံ တွေ့မိမှာ စိုးရိမ်ဖွယ်ကောင်းလှပါသည်။ အမှန်စင်စစ် အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံအကြားတွင် ရာဇဝတ်တရားခံ လွှဲပြောင်းရေးစာချုပ် (Extradition Agreement) လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အတွက် ထိုသို့ မဖြစ်မနေ လွှဲပြောင်းရန် တာဝန်မရှိပေ။

ဖိအားပေးချဉ်းကပ်ရမည့် နည်းလမ်းများ
အိန္ဒိယသည် ကွန်မြူနစ်တရုတ်နိုင်ငံနှင့်မတူဘဲ ဒီမိုကရေစီနိုင်ငံဖြစ်သည့်နည်းတူ လူထုဖိအားပေးမှု ကို တစ်စုံတစ်ရာ လိုက်လျောပေးတတ်ပါသည်။ သာဓက အားဖြင့် မကြာသေးခင်မှာ မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်များ ဝင်လာမှုကို တားဆီးရန် မဏီပူရ် ပြည်နယ်က ရုံးစာထုတ်ခဲ့သည်ကို ဝိုင်းပြီး ဖိအားပေး ခဲ့ကြသည့်အတွက် သက်ဆိုင်ရာက ပြန်လည်ပြင်ဆင် သည့် စာထုတ်ခဲ့သေးသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အိမ်နီးချင်းကောင်း ပီသစေရေးအတွက် အိန္ဒိယကို အောက်ပါအတိုင်း လိုအပ်သလို ဖိအားပေး သင့်သည် –
(က) ဆန္ဒဖော်ထုတ်မှုဖြင့် လူထုက တောင်းဆိုခြင်း။
မြန်မာပြည်အနှံ့နှင့် အထူးသဖြင့် အိန္ဒိယနှင့် နီးစပ်ရာ နယ်စပ်မြို့နယ်များတွင် လူထုက နည်းလမ်း မျိုးစုံဖြင့် အိန္ဒိယနိုင်ငံအတွက် သီးသန့်ဆန္ဒပြမှုနှင့် တောင်းဆိုမှုများ ပြုလုပ်သင့်ပါသည်။ အထူးသဖြင့် နိုင်ငံအသီးသီးရှိ အိန္ဒိယသံရုံးများတွင် ဆန္ဒပြမှု ပြုလုပ် သင့်ပါသည်။
(ခ) ပူးတွဲကြေညာချက်နှင့် အိတ်ဖွင့်ပေးစာထုတ်ပြန် ခြင်း
ဒီမိုကရေစီအင်အားစုများ စုပေါင်း၍ အိန္ဒိယ အစိုးရကို တောင်းဆိုသည့် ပူးတွဲကြေညာချက်၊ အိတ် ဖွင့်ပေးစာနှင့် လူထုလက်မှတ်ထိုး တောင်းဆိုမှုများ ပြုလုပ်သင့်သည်။
(ဂ) အိန္ဒိယကို စောင့်ကြည့်ခြင်း
စစ်ကောင်စီဆိုင်ရာ အိန္ဒိယအစိုးရ၏ လုပ် ဆောင်မှုမှန်သမျှကို အနီးကပ် စောင့်ကြည့်မှု ပြုလုပ် သင့်သည်။ ယခုလည်း အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ဆို့ထားသော စစ်ကောင်စီပိုင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း(MEC)ကို အိန္ဒိယကုမ္ပဏီ Adani Group က ကန်ဒေါ်လာ သန်း ၄၇၅ ခန့် ရင်းနှီးမြှုပ်နှံ ငွေပေးပို့သည်ဟု ACIJ အစီရင်ခံစာအရ သိရသည်။ လက်ရှိအချိန်တွင် အနောက်နိုင်ငံများနှင့် ဒီမိုကရေစီ အုပ်စုများက စစ်ကောင်စီကို နည်းမျိုးစုံဖြင့် ဒဏ်ခတ် ပိတ်စို့နေသည့်အချိန်မှာ စစ်ကောင်စီ၏ အရေးပေါ် လိုအပ်ချက်ဖြစ်သော လက်နက်ခဲယမ်းနှင့် ဘဏ္ဍာရေး လိုအပ်ချက်များကို တရုတ်နိုင်ငံကဲ့သို့ နောက်ကွယ်မှ ပံ့ပိုးကူညီမှု မပြုလုပ်နိုင်အောင် အနီးကပ် စောင့်ကြည့် ဖို့ လိုအပ်ပါသည်။
(ဃ) နိုင်ငံတကာအသိုင်းအဝိုင်းမှတစ်ဆင့် ဖိအား ပေးခြင်း
ပြည်တွင်း အင်အားအပြင် UNO, USA, EU နှင့် UK စသည့် နိုင်ငံတကာ အသိုင်းအဝိုင်းများမှ တစ်ဆင့် အိန္ဒိယကို စစ်ကောင်စီနှင့် ပူးပေါင်း ဆောင် ရွက်ခြင်းမပြုရန်နှင့် ဒီမိုကရေစီအင်အားစုများဘက်မှ အပြည့်အဝ ရပ်တည်ပေးရန် ဖိအားပေးသင့်ပါသည်။

ဆလိုင်းထောင်း