• Today is: Thursday, April 22, 2021

ပင္လံု အၾေကးြျပန္ေပးပါ၊ ပင်လုံ အကြွေးပြန်ပေးပါ

Federal Journal
April25/ 2020

ပင္လံု

အၾကြးျပန္ေပးပါ

zawgyi

လူတစ္ဦးစီတိုင္ဟာ ေလကိုရႉၿပီး အသက္ရွင္ျကရပါတယ္။ ေလမရွိရင္ လူေတြအသက္ရွင္ ႏိုင္ၾကမွာမဟုတ္ပါဘူး။ ထိုနည္းတူပဲ တိုင္းရင္းသားလူမ်ိဳးစုမ်ားဟာ လြတ္လပ္ေရးႏွင့္ပဲ အသက္ ရွင္ၾကရပါတယ္။ လြတ္လပ္ေရးမရရင္ တိုင္းရင္းသားမ်ား အသက္မရွင္နိုင္ျကပါဘူး။ ဒီေန႔ ဒီအခ်ိန္ထိ တိုင္းရင္းသားမ်ားဟာ လြတ္လပ္ေရးမရႏိုင္ေသးတာေျကာင့္ အသက္မရွင္ ေသးတဲ့ ဘဝမွာ ေရာက္ရွိေနၾကရပါတယ္။ လြတ္လပ္ေရးဆိုတာ ေရေျမေဒသ၊ ပထစီနယ္ပယ္ တစ္ခုထဲ မွာ ကိုယ့္လူမ်ိဳး၊ ကိုယ့္ယဉ္ေက်းမႈ၊ ကိုယ့္ရဲ့ရိုးရာ ဓေလ့အစဉ္အလာေအာက္မွာ ၿငိမ္းခ်မ္းစြာ သြားလာ စားေသာက္ခြင့္ရရွိတာကို ဆိုလိုတာျဖစ္ပါတယ္။

လြန္ခဲ့ေသာ နွစ္ေပါင္း(၆၀)ေက်ာ္ကတည္းက ဒီေန႔ထိ တိုင္းရင္းသားမ်ားဟာ အဲဒီအေျခအေန၊ အဲ့ဒီအခြင့္အေရးကို မရႏိုင္ေသးပါဘူး။ စည္းကမ္းေဖာက္ဖ်က္လို႔ ထီးနန္းေပ်ာက္ခဲ့ရတယ္ဆိုတဲ့ စကားရွိခဲ့ေပမယ့္ ဒီေန႕ထိ တိုင္းရင္းသားမ်ား အခြင့္အေရး မရႏိုင္ေသးတာဟာ အာဏာ လိုလားတဲ့ လူတစ္စုရဲ့ မိႏွိပ္အႏိုင္ယူမႈေၾကာင့္ အခြင့္အေရး မရွိႏိုင္တာပဲျဖစ္ပါတယ္။ အာဏာလို လားတဲ့လူတစ္စုရဲ့ ဖိႏွိပ္မႈေတြဟာ တိုင္းရင္းသားတို႔ရဲ႕ သမိုင္းအစဉ္အလာကို စိန္ေခၚေန သလိုျဖစ္ေစခဲ့ပါတယ္။ ဒီလိုအထင္မွတ္တဲ့ အေျခအေနေတြနဲ႔ ႀကံဳေတြ႕ေနရတာဟာ တိုင္းရင္းသားမ်ားအတြက္ သီခ်င္းတစ္ပုဒ္လား၊ ဒါမွမဟုတ္ ကဗ်ာတစ္ပုဒ္ ပဲလားဆိုတာ ေဒသခံ တိုင္းရင္းသားမ်ားကိုယ္တိုင္ ေဝခြဲလို႔မရႏိုင္ေသးပါဘူး။ တိုင္းရင္းသား လူမ်ိဳးမ်ားဟာ ေရွးပေဝသဏီကတည္းက လြတ္လပ္စြာ ေနထိုင္လာခဲ့ၾကတဲ့ လူမ်ိဳးမ်ား ျဖစ္ၾကပါတယ္။ ကိုယ့္ရြာသူႀကီးႏွင့္ကိုယ္၊ ကိုယ့္လယ္ယာေျမ၊ ကိုယ္ေတာေတာင္သဘာဝႏွင့္ကိုယ္ ကိုယ့္ ကံၾကမၼာကိုယ္စိုးပိုင္တဲ့ လူမ်ိဳးစုေတြျဖစ္ခဲ့ၾကပါတယ္။ ခ်င္းေတာင္တန္း၊ ကခ်င္ ေတာင္တန္း၊ ရွမ္းျပည္ေထာင္စုႏွင့္ သီးျခားလြတ္လပ္ေသာ ကရင္နီျပည္နယ္ စတဲ့ေဒသေတြဟာ ႏိုင္ငံ့ အလယ္မွာ ကိုယ့္သိကၡာနဲ႔ဝင့္ထည္စြာ ရပ္တည္ႏိုင္ခဲ့တဲ့ ေဒသျဖစ္ပါတယ္။ ဘိုးေဘး အစဉ္ အဆက္ လက္ဆင့္ကမ္း သယ္ေဆာင္လာခဲ့တဲ့ ယဉ္ေက်းမႈဓေလ့ထံုးတမ္းလည္း ခိုင္ၿမဲခဲ့ပါ တယ္။ ဒါေပမဲ့ ၁၉၆၂ ခုႏွစ္ဟာ တိုင္းရင္းသားမ်ား ၾကမၼာၿဂိဳဟ္ဆိုး၊ ထမ္းပိုးဝန္ပိႏွင့္ ႀကံဳခဲ့ရတဲ့ အခ်ိန္ကာလတစ္ခု ျဖစ္ခဲ့ရပါတယ္။ အင္အားႀကီးအုပ္စုတစ္စုဟာ တိုင္းရင္းသား ေဒသကို အာဏာရွင္လက္ေအာက္ေရာက္ေအာင္ သြတ္သြင္းဖို႔ မ်က္စိက်လာခဲ့ပါတယ္။ ျမန္မာ လြတ္လပ္ေရးရၿပီးေနာက္ တိုင္းျပည္တာဝန္ကိုယူခဲ့တဲ့ အိမ္ေစာင့္အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ မ်ားဟာ ၁၉၆၂ အာဏာသိမ္းမႈအတြက္ ေျခကုပ္စခန္းယူတာသာျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ တိုင္းရင္းသားေဒသတစ္ခုလံုး ေရႊမွန္ကင္းအစစ္ကေန ထင္းျဖစ္ခဲ့ရတဲ့ အေျခအေန ထိေရာက္ ေအာင္ ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္တာသာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ လြတ္လပ္ေရး ရရွိတဲ့ ၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီလ (၄) ရက္ေန႔မွာ တာဝန္ရွိသူမ်ားဟာ လြတ္လပ္ေရးေၾကညာ စာတမ္း ကို ေအာက္ပါအတိုင္း ထုတ္ျပန္ေၾကညာခဲ့ၾကပါတယ္။

‘ငါတို႔သည္ တစ္မ်ိဳး၊ တစ္ဘာသာ၊ တစ္စိတ္တစ္ေဒသ၏ ေကာင္းက်ိဳးခံစားအပ္ေသာ ႏိုင္ငံ မဟုတ္’ ဟူ၍ လည္းေကာင္း၊ ‘တူညီေသာတရား၊ တူညီေသာအခြင့္အေရး၊ တူညီေသာ အဆင့္အတန္းအားျဖင့္ ကမာၻအရွည္ တည္စိမ့္ေသာငွာ၊ လူအေပါင္းတို႔၏ ဆႏၵသာလွ်င္ အဓိက ျဖစ္ေသာ’ ဟူ၍လည္းေကာင္း၊ ‘လြတ္လပ္ေရးကိုလည္း ငါတို႔ေလးစားမည္။ ငါတို႔သည္ ၿငိမ္းခ်မ္းေရးကို အလိုရွိသည္ႏွင့္အညီ ..’ ဟူ၍လည္းေကာင္း ေဖာ္ျပပါရွိပါတယ္။

လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ အေျခအေနအားလံုးဟာ လြတ္လပ္ေရး ေၾကညာ စာတမ္းႏွင့္ ရင္ဘတ္ခ်င္း မကပ္ႏိ င္ေတာ့ပါဘူး။ အင္အားႀကီးအုပ္စုတစ္စုကသာ ပန္းေမြ႔ရာ ေရႊေကာ္ေဇာႏွင့္ ေခ်ာေမာေျပျပစ္တဲ့လမ္းကို ေလွ်ာက္ႏိုင္ခဲ့ၾကေပမယ့္ တိုင္းရင္းသား တို႕ရဲဲ႕ ဘဝဟာ ဓားေတာင္ကိုေက်ာ္ၿပီး မီးပင္လယ္ကို ျဖတ္ကူးရတဲ့ ဘဝမွာရွိေနဆဲပဲျဖစ္ပါတယ္။

ျမန္မာ့ေျမေပၚကေန ၿဗိတိသွ်အစိုးရကို တိုက္ထုတ္ရျခင္းရဲ႕ ရည္ရြယ္ခ်က္က ႏွစ္ခုရွိပါတယ္။ ပထမတစ္ခုက ျမန္မာတစ္ႏိုင္ငံလံုးကို လူတစ္စုကသာ အုပ္ခ်ဳပ္ဖို႔ျဖစ္ၿပီး၊ ေနာက္ရည္ရြယ္တစ္ခု ကေတာ့ ျမန္မာျပည္သူတစ္ရပ္လံုး လြတ္လပ္ေရးရဖို႔ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ လြတ္လပ္ေရးတိုက္ပြဲဝင္ ရဲေဘာ္သံုးက်ိပ္တို႔ဟာ အာဏာလိုလားတဲ့အုပ္စုနဲ႔ လြတ္လပ္ေရး လိုခ်င္တဲ့ အုပ္စုႏွစ္စုႏွင့္ ဖြဲ႔စည္းထားတဲ့ အဖြဲ႔အစည္းတစ္ခုျဖစ္ပါတယ္။ ၁၉၄၇ ခုႏွစ္၊ ဇူလိုင္လ (၁၉) ရက္ေန႔ဟာ လြတ္လပ္ေရးလိုလားတဲ့ အုပ္စုကို အာဏာလိုလားတဲ့အုပ္စုက အလဲထိုး အႏိုင္ယူခဲ့တဲ့ ေန႔တစ္ေန႔လို႔ေျပာရင္လည္း မမွားပါဘူး။ အာဏာရရွိဖို႔အတြက္ လြတ္လပ္ေရး လိုလားတဲ့အုပ္စုကို အႏိုင္ယူခဲ့တဲ့ အစီအစဉ္ဟာ လြတ္လပ္ေရးမရခင္ တစ္ႏွစ္ကတည္းက စီစဥ္ ထားၿပီးသားျဖစ္ပါတယ္။

၁၉၄၇ ပင္လံုမ်ားေရးထိုးတဲ့ ပင္လံုစာခ်ဳပ္ဟာ လြတ္လပ္ေရးရဲ႕ အခြင့္အေရးကို အာဏာ လိုလားတဲ့အုပ္စုကသာ ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ တိုင္းရင္းသားေခါင္းေဆာင္ေတြ အသံုးျပဳခဲ့တဲ့ စာခ်ဳပ္ပဲျဖစ္ပါတယ္။ ပင္လံုစာခ်ဳပ္ လက္မွတ္ေရးထိုးတဲ့ေန႔မွာ အာဏာလိုလားတဲ့ အုပ္စုထဲက ေခါင္းေဆာင္တစ္ဦးတစ္ေယာက္မွ် ပါဝင္လက္မွတ္ေရးထိုးျခင္းမရွိတာဟာ  တိုင္းရင္းသား ေခါင္းေဆာင္ေတြကို  အသံုးျပဳတယ္ဆိုတဲ့ အေထာက္အထားကို ပိုၿပီးခိုင္လံုေစပါတယ္။

၂၀ဝ၈ ဖြဲ႔စည္းပံုအေျခခံဥပေဒဟာ ၈၈ အေရးအခင္းေၾကာင့္ ေပၚေပါက္လာခဲ့တဲ့ အေျခခံဥပေဒ တစ္ခုျဖစ္ေပမယ့္ ၁၉၇၄ အေျခခံဥပေဒဟာ တိုင္းရင္းသားအခြင့္အေရးမရရွိေအာင္ အဓိက ရည္ရြယ္ေရးဆြဲထားတဲ့ အေျခခံဥပေဒျဖစ္ပါတယ္။ အာဏာလိုလားတဲ့အုပ္စုဟာ တိုင္းရင္းသား အခြင့္အေရးကို အဓိကရည္ရြယ္ေရးဆြဲထားတဲ့ ၁၉၄၇ အေျခခံဥပေဒကို ျပန္လည္ေရးဆြဲ တာျဖစ္ပါတယ္။ ကရင္နီျပည္နယ္အပါအဝင္ တိုင္းရင္းသားေဒသအားလံုး၏ အခြင့္အေရး အတြက္ ၁၉၄၇ အေျခခံဥပေဒ အခန္း(၁)၊ အပိုဒ္(၂)မွာ ေအာက္ပါအတိုင္း ေရးသားေဖာ္ျပ ထားပါတယ္။

(၂)။ (က) ယခင္က ျမန္မာဘုရင္ခံမွတစ္ဆင့္ ၿဗိတိသွ်ဘုရင္မင္းျမတ္ စီရင္အုပ္ခ်ဳပ္ေတာ္မူ ခဲ့ေသာ နယ္ေျမအားလံုးသည္ ျပည္ေထာင္စု ျမန္မာႏိုင္ငံတြင္ ပါဝင္ရမည္လို႔ ေဖာ္ျပပါရွိပါတယ္။ သီးျခားလြတ္လပ္တဲ့ ကရင္နီနယ္ရဲ့ အခြင့္အေရးႏွင့္ ပတ္သက္ၿပီး ၁၉၄၇ အေျခခံဥပေဒ အခန္း(၁)၊ အပိုဒ္ (၇)မွာ ေအာက္ပါအတိုင္း ေရးသားေဖာ္ျပထားပါတယ္။ ကႏၵာရဝတီ၊ ေဘာလခဲႏွင့္ ၾကယ္ဖိုးႀကီးတို႔ပါဝင္သည့္ ကရင္နယ္မ်ားဟု ယခင္ေခၚတြင္ခဲ့ေသာ နယ္ေျမမ်ား ကို ျပည္ေထာင္စုျမန္မာႏိုင္ငံအတြင္းတြင္ ျပည္ေထာင္စုအဖြဲ႔ဝင္တစ္ခုအျဖစ္ ဖြဲ႔စည္းရမည္။ ထို ျပည္ေထာင္စုအဖြဲ႔ဝင္ကို ဤမွ ေနာင္အဖို႔တြင္ ‘ကရင္နီျပည္နယ္’ဟု ေခၚရမည္လို႔ ေဖာ္ျပပါရွိပါ တယ္။ ျပည္ေထာင္စုစစ္စစ္ေပၚလာဖို႔ ေရးဆြဲထားတဲ့ ၁၉၄၇ အေျခခံ ဥပေဒရဲ႕နိဒါန္းမွာ ဥပေဒ ရဲ႕ ရည္ရြယ္ခ်က္ကို ေအာက္ပါအတိုင္း ေရးသားေဖာ္ျပထားပါတယ္။

“နယ္စပ္ေဒသမ်ားႏွင့္ ကရင္နီနယ္မ်ားအပါအဝင္ ျမန္မာႏိုင္ငံေတာ္၏ ႏိုင္ငံသားမ်ား ျဖစ္ၾကေသာ ကြ်ႏု္ပ္တို႔သည္ အခ်ဳပ္အျခာအာဏာပိုင္ လြတ္လပ္ေသာ ျမန္မာႏိုင္ငံကို အခိုင္ အခံ့၊ အညီအညႊတ္တည္ေထာင္ရန္ သံႏၵိဌာန္ခ်၍လည္းေကာင္း၊ တရားမွ်တျခင္း၊ လြတ္လပ္ ျခင္း၊ ညီမွ်ျခင္းတည္းဟူေသာ ေလာကပါလ တရားမ်ားကို အေျချပဳကာ လူသတၱဝါခပ္သိမ္းတို႔ ၏ ၿငိမ္းခ်မ္းသာယာေရးကို ခိုင္ၿမဲတည္တံ့ေအာင္ ထိန္းသိမ္းရန္ သႏိၵဌာန္ခ်၍လည္းေကာင္း၊ လူမႈေရးတရားမွ်တမႈ၊ စီးပြားေရးတရားမွ်တမႈ၊ ႏိုင္ငံေရးတရားမွ်တမႈ၊ လြတ္လပ္စြာ ေတြးႀကံ ႏိုင္မႈ၊ လြတ္လပ္စြာ ကိုးကြယ္ႏိုင္မႈ၊ လြတ္လပ္စြာ ဘုရားေက်ာင္းကန္သို႔ သြားလာဝတ္ျပဳႏိုင္မႈ၊ လြတ္လပ္စြာစည္းရံုးႏိုင္မႈ၊ အဆင့္အတန္းညီမွ်မႈ၊ အခြင့္အလမ္းညီမွ်မႈ၊ တရားဥပေဒ အရာတြင္ ညီမွ်မႈတို႔ကို ႏိုင္ငံသားအားလံုးခံစားႏိုင္ေစျခင္းငွာ အခိုင္အမာခံဝန္ျပဳရန္ သႏၵိဌာန္ခ်၍ လည္း ေကာင္း..”လို႔ ေဖာ္ျပပါရွိပါတယ္။ ၁၉၄၇ အေျခခံဥပေဒဟာ အာဏာရွင္ဆန္တဲ့ တစ္ျပည္ ေထာင္စနစ္ကိုသာ ရည္ရြယ္တာျဖစ္ပါတယ္။ လက္ရွိ ၂၁-ရာစုအခ်ိန္ ကာလဟာ အကူး အေျပာင္းကာလျဖစ္ပါတယ္။ အကူးအေျပာင္းကာလကို တာဝန္ယူဦးေဆာင္ေနတဲ့ ႏိုင္ငံ့ ေခါင္းေဆာင္မ်ားအေနနဲ႔ တိုင္းရင္းသားေတြကို ဖက္ဒရယ္တည္ေထာင္ခြင့္ေပးမွာလား၊ ဒါမွမဟုတ္ လြန္ခဲ့တဲ့ ႏွစ္(၆၀)ေက်ာ္ကတည္းက စရံေငြမေပးဘဲ တိုင္းရင္းသားေခါင္းေဆာင္ ဆီက ယူသြားတဲ့ ပင္လံုကတိကဝတ္ကို ျပန္ေပးမွာလား။ ႏွစ္ခုစလံုး ျပန္မေပးႏိုင္ရင္ေတာင္မွ အနည္းဆံုး တစ္ခုေလာက္ေတာ့ ျပန္ေပးဖို႔ ရိုးသားစြာ ေတာင္းဆိုပါရေစ။

 

ဘိုထီး(ေငြေတာင္ျပည္)

unicode

ပင်လုံ

အကြွေးပြန်ပေးပါ

လူတစ်ဦးစီတိုင်ဟာ လေကိုရှူပြီး အသက်ရှင်ကြရပါတယ်။ လေမရှိရင် လူတွေအသက်ရှင် နိုင်ကြမှာမဟုတ်ပါဘူး။ ထိုနည်း တူပဲ တိုင်းရင်းသားလူမျိုးစုများဟာ လွတ်လပ်ရေးနှင့်ပဲ အသက်ရှင်ကြရပါတယ်။ လွတ်လပ်ရေးမရရင် တိုင်းရင်းသားများ အသ က်မရှင်နိုင်ကြပါဘူး။ ဒီနေ့ဒီအချိန်ထိ တိုင်းရင်းသားများဟာ လွတ်လပ်ရေးမရနိုင်သေးတာကြောင့် အသက်မရှင် သေးတဲ့ဘဝမှာ ရောက်ရှိနေကြရပါတယ်။ လွတ်လပ်ရေးဆိုတာ ရေမြေဒေသ၊ ပထစီနယ်ပယ် တစ်ခုထဲမှာ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရဲ့ရိုးရာ ဓလေ့အစဉ်အလာအောက်မှာ ငြိမ်းချမ်းစွာ သွားလာ စားသောက်ခွင့်ရရှိတာကို ဆိုလိုတာဖြစ်ပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း(၆၀)ကျော်ကတည်းက ဒီနေ့ထိ တိုင်းရင်းသားများဟာ အဲဒီအခြေအနေ၊ အဲ့ဒီအခွင့်အရေးကို မရနိုင်သေးပါဘူး။ စည်းကမ်းဖောက်ဖျက်လို့ ထီးနန်းပျောက်ခဲ့ရတယ်ဆိုတဲ့ စကားရှိခဲ့ပေမယ့် ဒီနေ့ထိ တိုင်းရင်းသားများ အခွင့်အရေး မရနိုင်သေးတာဟာ အာဏာလိုလားတဲ့ လူတစ်စုရဲ့ မိနှိပ်အနိုင်ယူမှုကြောင့် အခွင့်အရေး မရှိနိုင်တာပဲဖြစ်ပါတယ်။ အာဏာလိုလားတဲ့လူတစ်စုရဲ့ ဖိနှိပ်မှုတွေဟာ တိုင်းရင်းသားတို့ရဲ့ သမိုင်းအစဉ်အလာကို စိန်ခေါ်နေသလိုဖြစ်စေခဲ့ပါတယ်။ ဒီလိုအထင်မှတ်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတာဟာ တိုင်းရင်းသားများအတွက် သီချင်းတစ်ပုဒ်လား၊ ဒါမှမဟုတ် ကဗျာတစ်ပုဒ် ပဲလားဆိုတာ ဒေသခံတိုင်းရင်းသားများကိုယ်တိုင် ဝေခွဲလို့မရနိုင်သေးပါဘူး။ တိုင်းရင်းသား လူမျိုးများဟာ ရှေးပဝေသဏီကတည်းက လွတ်လပ်စွာ နေထိုင်လာခဲ့ကြတဲ့ လူမျိုးများ ဖြစ်ကြပါတယ်။ ကိုယ့်ရွာသူကြီးနှင့်ကိုယ်၊ ကိုယ့်လယ်ယာမြေ၊ ကိုယ်တောတောင်သဘာဝနှင့်ကိုယ် ကိုယ်ကံကြမ္မာကိုယ်စိုးပိုင်တဲ့ လူမျိုးစုတွေဖြစ်ခဲ့ကြပါတယ်။ ချင်းတောင်တန်း၊ ကချင် တောင်တန်း၊ ရှမ်းပြည်ထောင်စုနှင့် သီးခြားလွတ်လပ်သော ကရင်နီပြည်နယ် စတဲ့ဒေသတွေဟာ နိုင်ငံ့အလယ်မှာ ကိုယ့်သိက္ခာနဲ့ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။ ဘိုးဘေး အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းလည်း ခိုင်မြဲခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်ဟာ တိုင်းရင်းသားများ ကြမ္မာဂြိုဟ်ဆိုး၊ ထမ်းပိုးဝန်ပိနှင့် ကြုံခဲ့ရတဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့ရပါတယ်။ အင်အားကြီးအုပ်စုတစ်စုဟာ တိုင်းရင်းသား ဒေသကို အာဏာရှင်လက်အောက်ရောက်အောင် သွတ်သွင်းဖို့ မျက်စိကျလာခဲ့ပါတယ်။ မြန်မာ လွတ်လပ်ရေးရပြီးနောက် တိုင်းပြည်တာဝန်ကိုယူခဲ့တဲ့ အိမ်စောင့်အစိုးရရဲ့ လုပ်ဆောင်ချက် များဟာ ၁၉၆၂ အာဏာ သိမ်းမှုအတွက် ခြေကုပ်စခန်းယူတာသာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တိုင်းရင်းသားဒေသတစ်ခုလုံး ရွှေမှန်ကင်းအစစ်ကနေ ထင်းဖြစ်ခဲ့ရတဲ့ အခြေအနေ ထိရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိတဲ့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ တာဝန်ရှိသူများဟာ လွတ်လပ်ရေးကြေညာ စာတမ်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။

‘ငါတို့သည် တစ်မျိုး၊ တစ်ဘာသာ၊ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးခံစားအပ်သော နိုင်ငံမဟုတ်’ ဟူ၍ လည်းကောင်း၊ ‘တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ၊ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော’ ဟူ၍လည်းကောင်း၊ ‘လွတ်လပ်ရေးကိုလည်း ငါတို့လေးစားမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ..’ ဟူ၍လည်းကောင်း ဖော်ပြပါရှိပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေအားလုံးဟာ လွတ်လပ်ရေး ကြေညာစာတမ်းနှင့် ရင်ဘတ်ချင်း မကပ်နိုင်တော့ပါဘူး။ အင်အားကြီးအုပ်စုတစ်စုကသာ ပန်းမွေ့ရာ ရွှေကော်ဇောနှင့် ချောမောပြေပြစ်တဲ့လမ်းကို လျှောက်နိုင်ခဲ့ကြပေမယ့် တိုင်းရင်းသား တို့ရဲ့ ဘဝဟာ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ကူးရတဲ့ ဘဝမှာရှိနေဆဲပဲဖြစ်ပါတယ်။

မြန်မာ့မြေပေါ်ကနေ ဗြိတိသျှအစိုးရကို တိုက်ထုတ်ရခြင်းရဲ့ ရည်ရွယ်ချက်က နှစ်ခုရှိ ပါတယ်။ ပထမတစ်ခုက မြန်မာတစ်နိုင်ငံလုံးကို လူတစ်စုကသာ အုပ်ချုပ်ဖို့ဖြစ်ပြီး၊ နောက်ရည်ရွယ်တစ်ခုကတော့ မြန်မာပြည်သူတစ်ရပ်လုံး လွတ်လပ်ရေးရဖို့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လွတ်လပ်ရေးတိုက်ပွဲဝင် ရဲဘော်သုံးကျိပ်တို့ဟာ အာဏာလိုလားတဲ့အုပ်စုနဲ့ လွတ်လပ်ရေး လိုချင်တဲ့ အုပ်စုနှစ်စုနှင့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ဟာ လွတ်လပ်ရေးလိုလားတဲ့ အုပ်စုကို အာဏာလိုလားတဲ့အုပ်စုက အလဲထိုးအနိုင်ယူခဲ့တဲ့ နေ့တစ်နေ့လို့ပြောရင်လည်း မမှားပါဘူး။ အာဏာရရှိဖို့အတွက် လွတ်လပ်ရေးလိုလားတဲ့အုပ်စုကို အနိုင်ယူခဲ့တဲ့ အစီအစဉ်ဟာ လွတ်လပ်ရေးမရခင် တစ်နှစ်ကတည်းက စီစဉ်ထားပြီးသားဖြစ်ပါတယ်။

၁၉၄၇ ပင်လုံများရေးထိုးတဲ့ ပင်လုံစာချုပ်ဟာ လွတ်လပ်ရေးရဲ့ အခွင့်အရေးကို အာဏာလိုလားတဲ့အုပ်စုကသာ ပိုင်ဆိုင်နိုင်ဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေ အသုံးပြု ခဲ့တဲ့ စာချုပ်ပဲဖြစ်ပါတယ်။ ပင်လုံစာချုပ် လက်မှတ်ရေးထိုးတဲ့နေ့မှာ အာဏာလိုလားတဲ့ အုပ်စုထဲက ခေါင်းဆောင်တစ်ဦးတစ်ယောက်မျှ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိတာဟာ  တိုင်းရင်းသားခေါင်းဆောင်တွေကို  အသုံးပြုတယ်ဆိုတဲ့ အထောက်အထားကို ပိုပြီးခိုင်လုံစေ ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၈၈ အရေးအခင်းကြောင့် ဖော်ပေါက်လာခဲ့တဲ့ အခြေခံဥပဒေတစ်ခုဖြစ်ပေမယ့် ၁၉၇၄ အခြေခံဥပဒေဟာ တိုင်းရင်းသားအခွင့်အရေးမရရှိအောင် အဓိက ရည်ရွယ်ရေးဆွဲထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ အာဏာလိုလားတဲ့အုပ်စုဟာ တိုင်းရင်းသားအခွင့်အရေးကို အဓိကရည်ရွယ်ရေးဆွဲထားတဲ့ ၁၉၄၇ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲတာဖြစ်ပါတယ်။ ကရင်နီပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအားလုံး၏ အခွင့်အရေးအတွက် ၁၉၄၇ အခြေခံဥပဒေ အခန်း(၁)၊ အပိုဒ်(၂)မှာ အောက်ပါအတိုင်း ရေးသားဖော်ပြထားပါတယ်။

(၂)။ (က) ယခင်က မြန်မာဘုရင်ခံမှတစ်ဆင့် ဗြိတိသျှဘုရင်မင်းမြတ် စီရင်အုပ်ချုပ်တော်မူ ခဲ့သော နယ်မြေအားလုံးသည် ပြည် ထောင်စု မြန်မာနိုင်ငံတွင် ပါဝင်ရမည်လို့ ဖော်ပြပါရှိပါတယ်။ သီးခြားလွတ်လပ်တဲ့ ကရင်နီနယ်ရဲ့ အခွင့်အရေးနှင့် ပတ်သက်ပြီး ၁၉၄၇ အခြေခံဥပဒေ အခန်း(၁)၊ အပိုဒ် (၇)မှာ အောက်ပါအတိုင်း ရေးသားဖော်ပြထားပါတယ်။ ကန္တာရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးတို့ပါဝင်သည့် ကရင်နယ်များဟု ယခင်ခေါ်တွင်ခဲ့သော နယ်မြေများကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည် ထောင်စုအဖွဲ့ဝင်တစ်ခုအဖြစ် ဖွဲ့စည်းရမည်။ ထို့ပြည်ထောင်စုအဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ‘ကရင်နီပြည်နယ်’ဟု ခေါ်ရမည်လို့ ဖော်ပြပါရှိပါတယ်။ ပြည်ထောင်စုစစ်စစ်ပေါ်လာဖို့ ရေးဆွဲထားတဲ့ ၁၉၄၇ အခြေခံ ဥပဒေရဲ့နိဒိန်းမှာ ဥပဒေရဲ့ရည်ရွယ်ချက်ကို အောက်ပါအတိုင်း ရေးသားဖော်ပြထားပါတယ်။

“နယ်စပ်ဒေသများနှင့် ကရင်နီနယ်များအပါအဝင် မြန်မာနိုင်ငံတော်၏နိုင်ငံသားများ ဖြစ်ကြသော ကျွန်ုပ်တို့သည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော မြန်မာနိုင်ငံကို အခိုင်အခံ့၊ အညီအညွှတ်တည်ထောင်ရန် သံန္ဒိဌာန်ချ၍လည်းကောင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများကို အခြေပြုကာ လူသတ္တဝါခပ်သိမ်းတို့၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့အောင် ထိန်းသိမ်းရန် သန္ဒိဌာန်ချ၍လည်းကောင်း၊ လူမှုရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ လွတ်လပ်စွာ တွေးကြံနိုင်မှု၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန်သို့ သွာ းလာဝတ်ပြု နိုင်မှု၊ လွတ်လပ်စွာစည်းရုံးနိုင်မှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေ အရာတွင် ညီမျှမှုတို့ကို နိုင်ငံသားအားလုံးခံစားနိုင်စေခြင်းငှာ အခိုင်အမာခံဝန်ပြုရန် သန္ဒိဌာန်ချ၍ လည်းကောင်း..” လို့ ဖော်ပြပါရှိပါတယ်။ ၁၉၄၇ အခြေခံဥပဒေဟာ အာဏာရှင်ဆန်တဲ့ တစ်ပြည်ထောင်စနစ်ကိုသာ ရည်ရွယ်တာဖြစ်ပါတယ်။ လက်ရှိ ၂၁-ရာစုအချိန် ကာလဟာ အကူးအပြောင်းကာလဖြစ်ပါတယ်။ အကူးအပြောင်းကာလကို တာဝန်ယူဦးဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင်များအနေနဲ့ တိုင်းရင်းသားတွေကို ဖက်ဒရယ်တည်ထောင်ခွင့်ပေးမှာလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်(၆၀)ကျော်ကတည်းက စရံငွေမပေးဘဲ တိုင်းရင်းသားခေါင်းဆောင်ဆီက ယူသွားတဲ့ ပင်လုံကတိကဝတ်ကို ပြန်ပေးမှာလား။ နှစ်ခုစလုံး ပြန်မပေးနိုင်ရင်တောင်မှ အနည်းဆုံး တစ်ခုလောက်တော့ ပြန်ပေးဖို့ ရိုးသားစွာ တောင်းဆိုပါရစေ။

 

ဘိုထီး(ငွေတောင်ပြည်)