• Today is: Wednesday, July 15, 2020

ပုဒ္မ ၂၆၁ ကုိ ျပင္လုိမႈႏွင့္ စပ္လ်ဥ္း၍ ပုဒ်မ ၂၆၁ ကို ပြင်လိုမှုနှင့် စပ်လျဉ်း၍

Federal Journal
April06/ 2020

Zawgyi

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒထဲက ပုဒ္မ(၂၆၁)ကုိ ျပင္ခ်င္ရင္ အဲဒီပုဒ္မရဲ႕အဓိပၸာယ္ကုိ ပထမဦးဆုံး သိထားဖုိ႔လုိပါတယ္။ ပုဒ္မ(၂၆၁)ဆုိတာ တုိင္းေဒသႀကီး(သုိ႔မဟုတ္) ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေတြကုိ ခန္႔အပ္တာဝန္ေပးတဲ့ ပုဒ္မျဖစ္ပါတယ္။

အဲဒီတုိင္းေဒသႀကီး(သုိ႔မဟုတ္) ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြကုိ ဘယ္သူက ခန္႔အပ္တာလဲ ဆုိေတာ့ သမၼတက ခန္႔အပ္တာျဖစ္ပါတယ္။ လက္ရွိ ေတာင္းဆုိေနတဲ့ အသံေတြက တုိင္းေဒသႀကီး(သုိ႔မဟုတ္) ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြကုိ သမၼတက မခန္႔အပ္ေတာ့ဘဲ သက္ဆုိင္ရာ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြက တုိက္ရုိက္ခန္႔အပ္ေရးျဖစ္ပါတယ္။

အဲဒါဆုိရင္ ဒီမွာေမးရမယ့္ေမးခြန္းက အဲဒီပုဒ္မ(၂၆၁)ကုိ ျပင္ၿပီးဆုိရင္ၿပီးၿပီလားဆုိတဲ့ ေမးခြန္းျဖစ္ပါတယ္ အေျဖက မၿပီးဘူးလုိ႔ထြက္လာပါတယ္။ ဘာေၾကာင့္ပါလဲ။ အေၾကာင္းကေတာ့ ဒီပုဒ္မ(၂၆၁) နဲ႔ဆက္စပ္ေနတဲ့ပုဒ္မေတြရွိေနေသးလုိ႔ပါပဲ။ ဒီလုိဆက္စပ္ေနတဲ့ ပုဒ္မေတြထဲမွာလည္း အနည္းဆုံး အပုိင္း(၂)ပုိင္းေလာက္ရွိေန ႏုိင္ပါတယ္။ တစ္ပုိင္းက ျပည္နယ္ဖြဲ႔စည္းပုံအေျခခံဥပေဒ ထဲကုိ ထည့္ရမယ့္အပုိင္းျဖစ္ၿပီး၊ ေနာက္တစ္ပုိင္း ကေတာ့ အၿပီးပုိင္ပယ္ဖ်က္ရမယ့္အပုိင္း ေတြျဖစ္ပါတယ္။

ဥပမာ ပုဒ္မ (၂၆၁)ကုိျဖဳတ္၇မယ္။ ဘာျဖစ္လုိ႔လဲ။ အဲဒီ ပုဒ္မက တုိင္းေဒသႀကီး (သုိ႔မဟုတ္) ျပည္နယ္ဝန္ႀကီးေတြကုိ ခန္႔အပ္တာဝန္ေပးတဲ့ ပုဒ္မျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဒီပုဒ္မ (၂၆၁)က ဖက္ဒရယ္အဆင့္ျပည္ေထာင္စု ဖြဲ႔စည္းပုံအေျခခံဥပေဒထဲမွာ ပါဝင္ရမယ့္ အပုဒ္မမဟုတ္ေတာ့ဘဲ ျပည္ေထာင္စုဖြဲ႔စည္းပုံအေျခခံဥပေဒထဲမွာ ထည့္သြင္းရမယ့္ ပုဒ္မျဖစ္ သြားပါလိမ့္မယ္။ ဒီပုဒ္မ(၂၆၁) ထဲမွာမွ အပိုဒ္(င)၊ အပုိဒ္(စ)၊ အပုိဒ္(ဆ)၊ အပုိဒ္ (ဇ)၊ အပုိဒ္(စ်) ၊ အပိုဒ္(ည)၊ အပုိဒ္(ဋ)၊ အပုိဒ္(ဌ)ေတြကုိ အၿပီး အပုိင္ ပယ္ဖ်က္ရမယ္။ ဒီအပုိဒ္ေတြအကုန္လုံး က သမတၱတာဝန္ယူ၊ သမၼတကုိ တာဝန္ခံထားရတဲ့ အပုိဒ္ေတြ ျဖစ္ေနပါတယ္။

အလားတူပဲ ပုဒ္မ(၂၆၃) ကလည္းျဖဳတ္ရမယ့္ပုဒ္မ တစ္ခု ျဖစ္ပါတယ္။ ဒီပုဒ္မက တုိင္းေဒသႀကီး (သုိ႔မဟုတ္)ျပည္နယ္ဝန္ႀကီးခ်ဳပ္ (သုိ႔မဟုတ္) ဝန္ႀကီးတစ္ဦးဦးအေပၚ စြပ္စြဲျပစ္ တင္တဲ့ ပုဒ္မတစ္ခု ျဖစ္တဲ့အတြက္ ျပည္နယ္ဖြဲ႔စည္းပုံအေျခခံဥပေဒ ထဲမွာ ရွိရမယ့္ပုဒ္မ တစ္ခုျဖစ္သြားပါလိမ့္မယ္။

ပုဒ္မ(၂၆၄)ဒီပုဒ္မက တုိင္းေဒသႀကီး (သုိ႔မဟုတ္) ျပည္နယ္ဝန္ႀကီးခ်ဳပ္ (သုိ႔မဟုတ္) ဝန္ႀကီးတစ္ဦးဦးႏုတ္ထြက္ျခင္း၊ တာဝန္မွ ရပ္စဲျခင္း လစ္လပ္ရာထူးေနရာ ျဖည့္စြက္ခန္႔ထား ျခင္းေတြနဲပ သက္ဆုိင္တဲ့ ပုဒ္မျဖစ္ပါတယ္။ ဒီပုဒ္မဟာလည္း ျပည္ေထာင္စုအဆင့္မွာ ရွိမေနရဘဲ ျပည္နယ္အဆင့္အဖြဲ႔ဖြဲ႔စည္းပုံအေျခခံ ဥပေဒမွာ ရွိေနရမယ့္ ပုဒ္မတစ္ခုျဖစ္ပါတယ္။

ပုဒ္မ (၂၆၅) တုိင္းေဒသႀကီးဥပေဒခ်ဳပ္ (သုိ႔မဟုတ္)ျပည္နယ္ဥပေဒခ်ဳပ္လုိ႔ အမည္ေပး ျခင္းပုဒ္မ။ ျဖဳတ္ရမယ္။ ျပည္နယ္ဖြဲ႔စည္းပုံမွာ ရွိရမယ္။ပုဒ္မ(၂၆၆) (က) ျပင္ရမယ္ (ခ) ျပင္ရမယ္။ ျပင္ဆင္ၿပီး ျပည္နယ္ဖြဲ႔စည္းပုံ အေျခခံ ဥပေဒထဲ ထည့္သြင္းရမယ္။ (ဂ) (ဃ) (စ) ျပည္ေထာင္စု ဖြဲ႔စည္းပုံ အေျခခံဥပေဒ ထဲက ျပည္နယ္ ဖြဲ႔စည္းပုံအေျခခံဥပေဒ ထဲကုိ ထည့္သြင္း ရမယ္။ ပုဒ္မ (၂၆၇)၊ ပုဒ္မ (၂၆၈)၊ ပုဒ္မ (၂၆၉)၊ ပုဒ္မ(၁၇၀)၊ ပုဒ္မ(၂၇၁)၊ ပုဒ္မ(၂၇၂)၊ ပုဒ္မ(၂၇၃)၊ ပုဒ္မ(၂၇၄)၊ ပုဒ္မ(၂၇၅)၊ ပုဒ္မ(၂၇၆)၊ ပုဒ္မ(၂၇၇)၊ ပုဒ္မ(၂၇၈)၊ ပုဒ္မ(၂၇၉)၊ ပုဒ္မ(၂၈၀)၊ ပုဒ္မ(၂၈၁)၊ ပုဒ္မ(၂၈၂)၊ ပုဒ္မ(၂၈၃)။ ဒီပုဒ္မေတြအကုန္လုံးကုိ

(၁) ျပည္ေထာင္စုဖြဲ႔စည္းပုံအေျခခံဥပေဒ ထဲမွာ ျပင္ဆင္တာ
(၂) ျပည္ေထာင္စုဖြဲ႔စည္းပုံအေျခခံဥပေဒထဲက ပယ္ဖ်က္တာ၊ (၃) ျပည္နယ္ဖြဲ႔စည္းပုံအေျခခံ ဥပေဒထဲကုိ ထည့္သြင္းတာေတြ ျပဳလုပ္ရပါမယ္။

ပုဒ္မ ပုဒ္မ(၂၈၄)၊ ပုဒ္မ(၂၈၅)၊ ပုဒ္မ(၂၈၆)၊ ပုဒ္မ(၂၈၇)၊ ပုဒ္မ(၂၈၈)၊ ပုဒ္မ(၂၈၉)၊ ပုဒ္မ(၂၉၀)၊ ပုဒ္မ(၂၉၁)၊ ပုဒ္မ(၂၉၂)၊။ ဒီပုဒ္မေတြကေတာ့ ျပည္ေထာင္စုဖြဲ႔စည္းပုအေျခခံ ဥပေဒထဲမွာ (၁) ဆက္ထားလုိ႔ရႏုိင္တာနဲ႔ (၂) ဆက္ထားရမွာေတြျဖစ္ပါတယ္။ အတိအက်ေျပာရရင္ ပုဒ္မ(၂၄၇)ကေန ပုဒ္မ (၂၈၃) အထိက တုိင္းေဒသႀကီးအစုိးရ (သုိ႔မဟုတ္) ျပည္နယ္အစုိးရေတြက သမၼတ(ျပည္ေထာင္စုအစုိးရ)ကုိ တာဝန္ခံထား ရပါတယ္။ တုိ္င္းေဒသႀကီးအစုိးရ(သုိ႔မဟုတ္) ျပည္နယ္အစုိးရေတြက သမၼတ (ျပည္ေထာင္စု အစုိးရ) က တာဝန္ယူထားရပါတယ္။

တကယ္လုိ႔ ပုဒ္မ(၂၆၁)ကုိျပင္ဆင္ၿပီး တုိင္းေဒသအစုိးရ (သုိ႔မဟုတ္) ျပည္နယ္အစုိးရ ေတြကုိ တုိင္းေဒသႀကီးအတြင္း (သုိ႔မဟုတ္) ျပည္နယ္အတြင္းက ျပည္သူေတြက တုိက္ရုိက္ ေရြးေကာက္တင္ေျမွာက္မယ္ဆုိရင္ တုိင္းေဒသႀကီးအစုိးရ (သုိ႔မဟုတ္) ျပည္နယ္အစုိးရေတြက တုိင္းေဒသႀကီးအတြင္း(သုိ႔မဟုတ္) ျပည္နယ္အတြႈ္းက ျပည္သူေတြနဲ႔ လႊတ္္ေတာ္ေတြကုိ တာဝန္ခံရပါေတာ့မယ္။ တုိင္းေဒသႀကီးအတြင္း(သုိ႔မဟုတ္) ျပည္နယ္အတြင္က ျပည္သူေတြနဲ႔ လႊတ္ေတာ္ေတြက တုိင္းေဒသႀကီးအစုိးရ(သုိ႔မဟုတ္) ျပည္နယ္အစုိးရေတြကုိ တာဝန္ယူ ရပါေတာ့မယ္။

ဆုိလုိတာက တိုင္းေဒသႀကီးအစုိးရကုိ တုိင္းေဒသႀကီး ျပည္သူက တင္ေျမွာက္မယ္။ အဲဒီျပည္သူက အဲဒီအစုိးရကုိတာဝန္ယူ။ အဲဒီအစုိးရက အဲဒီျပည္သူေတြကုိ တာဝန္ခံ (လႊတ္ေတာ္ကုိ တာဝန္ခံ)ဒါပဲ။ တုိင္းေဒသႀကီးလႊတ္ေတာ္က တုိင္းေဒသႀကီးအစုိးရကုိ ေရြးေကာက္တင္ေျမွာက္မယ္ဆုိရင္ အဲဒီလႊတ္ေတာ္က တာဝန္ယူပဲ(ျပည္သူက တာဝန္ယူပဲ)။ ျပည္နယ္အစုိးရမွာလည္း ဒီအတုိင္းပဲ။ ကုိယ္ေရြးရင္ ကုိယ္တာဝန္ယူ။ ေရြးေပးလုိက္တဲ့ သူေတြကုိ အေရြးခံရတဲ့အစုိးရကတာဝန္ခံေတာ့ပဲ။

ဒီေနရာမွာ တစ္ဆက္တည္းေမးသြားရမယ့္ ေမးခြန္းတစ္ခုလည္းရွိေနပါေသးတယ္။ ဆုိလုိတာက တုိင္းေဒသႀကီးအစုိးရကုိ၊ ျပည္နယ္အစုိးရကုိ ဘယ္သူကေရြးမွာလဲဆုိတဲ့ ေမးခြန္း ပါ။ ဆုိလုိတာက တုိင္းေဒသႀကီးအစုိးရကုိ(ဝါ)ျပည္နယ္အစုိးရကုိ အဲဒီမွာရွိတဲ့ ျပည္သူေတြက ေရြးမွာလားဆုိတာပါ။ အဲဒီေတာ့ ပုဒ္မ(၂၆၁) ကုိျပင္မယ္ဆုိရင္ တာဝန္ခံသူနဲ႔ တာဝန္ယူသူေတြ ေျပာင္း သြားမွာျဖစ္တဲ့အတြက္ တာဝန္ခံ၊ တာဝန္ယူထားတဲ့ ပုဒ္မေတြကုိ အကုန္လုိက္ျပင္ ရေတာ့မယ္။

တကယ္လုိ႔ အဲဒီေနာက္ဆက္တြဲ ပုဒ္မေတြကုိ မျပင္ဘူး ဆုိရင္ ဒါက ႏုိင္ငံေရး လုပ္ႀကံမႈ ျဖစ္သြားႏုိင္ပါတယ္။ ဘယ္လုိ ႏုိင္ငံေရးလုပ္ႀကံမႈ ျဖစ္ႏုိင္တာပါလဲ။ တင္တာက တစ္ဦး၊ တာဝန္ယူရတာက တစ္ဦးဆုိရင္ ငါတုိ႔တင္ခ်င္တဲ့သူကုိ တင္မယ္။ မင္းတုိ႔တာဝန္ယူဆုိတဲ့ အဓိပၸာယ္ျဖစ္ေနပါတယ္။ တုိင္းေဒသႀကီးအစုိးရေတြကုိ လုပ္ခ်င္ရာ လုပ္၊ ျပည္နယ္အစုိးရေတြက လုပ္ခ်င္ရာလုပ္ သမၼတက (ျပည္ေထာင္စုအစုိးရက) တာဝန္ယူ ဆုိတဲ့ သေဘာျဖစ္သြားတာမုိ႔ အင္မတိအင္မတန္ ေၾကာက္စရာေကာင္းတဲ့ႏုိင္ငံေရး လုပ္ႀကံမႈႀကီး တစ္ခုပါပဲ။

တာဝန္ခံမႈ၊ တာဝန္ယူမႈဆုိတာ ဒီမုိကေရစီစနစ္မွာ အင္မတန္အေရးႀကီးပါတယ္။ တကယ္လုိ႔ ဒါဟာႏုိင္ငံေရးလုပ္ႀကံမႈ မဟုတ္ပါဘူးလုိ႔ဆုိရင္ေတာ့ ပုဒ္မ(၂၆၁)ႏွင့္ ဆက္စပ္ ေနတဲ့ ပုဒ္္မေတြအကုန္လုံးကုိ ျပင္ေပးရပါလိမ့္မယ္။ အဲဒါေၾကာင့္ ပုဒ္မ(၂၆၁) ကုိဖုိ႔ႀကိဳးစားၾကတဲ့အခါ ပုဒ္မ (၂၆၁) တစ္ခုတည္းကုိပဲ ျပင္ဖုိ႔အားထုတ္ၾကၿပီး၊ အဲဒီပုဒ္မနဲ႔ ဆက္စပ္ေနတဲ့ ပုဒ္မေတြကုိ ခ်န္လွပ္ထားခဲ့တယ္။ သုိ႔တည္းမဟုတ္ မေျပာမဆုိဘဲ ေနေနမယ္ဆုိရင္ေတာ့ ဒါက အာဏာရျပည္ေထာင္စု အစုိးရကုိ ႏုိင္ငံေရးလုပ္ႀကံတာပဲ ျဖစ္သြားႏုိ္ငပါတယ္

အခုေျပာေနတာက အုပ္ခ်ဳပ္ေရးအပုိင္းပဲ ရွိေနပါေသးတယ္။ တကယ္သာ ပုဒ္မ(၂၆၁) ကုိျပင္ၾကမယ္ဆုိရင္ ျပည္ေထာင္စုနဲ႔ တုိင္းေဒသႀကီးေတြ၊ ျပည္နယ္ေတြ အာဏာခြဲေဝတာ ျဖစ္တဲ့အတြက္ တုိင္းေဒသႀကီး ျပည္နယ္ေတြရဲ႕ ဥပေဒျပဳေရးနဲ႔ သက္ဆုိင္တဲ့ပုဒ္မေတြ၊ တရားစီရင္ေရးနဲ႔ သက္ဆုိင္တဲ့ ပုဒ္မေတြကုိလည္း လုိက္ပါျပင္ဆင္ေပး ရနုိင္ပါတယ္။ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒထဲမွာ တုိင္းေဒသႀကီး၊ ျပည္နယ္နဲ႔ ပတ္သက္ေနတဲ့ ဥပေဒျပဳေရးဆုိင္ရာ ပုဒ္မေပါင္းက(၃၈) ခုရွိေနပါတယ္။ ပုဒ္မ (၁၆၁)ကေန ပုဒ္မ(၁၉၈) အထိ ျဖစ္ပါတယ္။

တုိင္းေဒသႀကီး၊ ျပည္နယ္ ေတြနဲ႔ ပတ္သက္ေနတဲ့အုပ္ခ်ဳပ္ေရးဆုိင္ရာ ပုဒ္မေပါင္းက (၃၇) ခုရွိေနပါတယ္။ ဒါကပုဒ္မ (၂၄၇)ကေန ပုဒ္မ (၂၈၃) အထိျဖစ္ပါတယ္။ တုိင္းေဒသႀကီး၊ ျပည္နယ္နဲ႔ပတ္သက္တဲ့ တရားစီရင္ေရး ဆုိင္ရာပုဒ္မေပါင္းက (၁၄) ခုျဖစ္ပါတယ္။ အတိအက်ဆုိရရင္ ပုဒ္မ(၃၀၅) ကေန ပုဒ္မ(၃၁၈) အထိျဖစ္ပါတယ္။ အဲဒီမ႑ိဳင္(၃)ရပ္ကုိေပါင္းလုိက္ရင္ ပုဒ္မေပါင္း(၈၉) ခုရွိပါတယ္။ ဒါကတုိက္ရုိက္ဆက္စပ္ ေနတာေတြပဲ ရွိပါေသးတယ္။ သြယ္ဝႈိက္ပတ္သက္ေနတဲ့ ပုဒ္မေပါင္းက ဘယ္ေလာက္ရွိေန လုိက္မလဲ။

အဲဒီေတာ့ ပုဒ္မ(၂၆၁) ကုိျပင္မယ္ဆုိရင္ သူနဲ႔ဆက္စပ္ေနတဲ့ အဲဒီပုဒ္မေပါင္း (၈၉)ခု ကုိေရာ ဘယ္လုိလုပ္ၾကမလဲလုိ႔ အရင္ေမးရပါေတာ့။ ဒါက ပထမေမးခြန္းျဖစ္ပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔က ပုဒ္မ(၂၆၁)ကုိ ျပင္မယ္ဆုိရင္ ဖက္ဒရယ္ပုံစံ အာဏာခြဲေဝ တာမ်ဳိး ျဖစ္သြားႏုိင္တာမုိ႔လုိ႔ ျပည္နယ္ဖြဲ႔စည္းပုံအေျခခံဥပေဒေတြ ေရးဆြဲၿပီးသြားမွာလား ဆုိတဲ့ေမးခြန္း ျဖစ္ပါတယ္။

တကယ္လုိ႔ ျပည္နယ္ဖြဲ႔စည္းပုံအေျခခံဥပေဒေတြ ေရးဆြဲၿပီးသြားမယ္ဆုိရင္ အထက္က ေဖာ္ျပထားတဲ့ပုဒ္မေပါင္း(၈၉)ခုထဲက အမ်ားစုဟာ ျပည္နယ္ဖြဲ႔စည္းပုံအေျခခံဥပေဒထဲကုိ ေရာက္ရွိသြားနုိင္ပါတယ္။ အဲဒီလုိ ျပည္နယ္ဖြဲ႔စည္းပုံအေျခခံဥပေဒထဲကုိ ေရာက္ရွိသြားမယ္ဆုိရင္ အဲဒီပုဒ္မ ေတြကုိ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒထဲကေန ပယ္ဖ်က္ေပးရပါလိမ့္မယ္။ တကယ္လို႔ ျပည္နယ္ဖြဲ႔စည္းပုံအေျခခံဥပေဒေတြ မေရးဆြဲေသးဘူး၊ ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒနဲ႔ပဲ ဆက္သြားဦးမယ္ ဆုိရင္လည္း အဲဒီပုဒ္မေတြကုိ (၁) အႀကီးစား ျပင္ဆင္မႈေတြ လုပ္ရပါလိမ့္ မယ္၊ (၂) ျပည္နယ္ဖြဲ႔စည္းပုံအေျခခံဥပေဒေတြကုိ မေရးဆြဲ၊ မျပ႒ာန္းမီကာလ ပတ္လုံး ျပည္နယ္နဲ႔ သက္္ဆုိင္တဲ့ ဥပေဒမ်ားကုိ ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒထဲမွာ ဆက္လက္ က်င့္သုံးမယ္ဆုိတဲ့ ျပ႒ာန္းခ်က္၊ ပုဒ္မမ်ဳိးလည္း ထပ္ထည့္ေကာင္းထည့္ရႏုိင္ပါတယ္။ ပုဒ္မ (၂၆၁)ကုိ ျပင္ဆင္တာက ဒီမွာ တင္ရပ္မေနေသး ပါဘူး။

အဲဒီလုိျပင္ဆင္လုိက္တဲ့အတြက္ ဒီေနရာမွာ ဆက္ေမးရမွာက သမၼတစနစ္နဲ႔ ပါလီမန္စနစ္ႏွစ္မ်ဳိးထဲက အနာဂတ္ျမန္မာႏုိင္ငံမွာ ဘယ္စနစ္နဲ႔သြားမွာလဲဆုိတဲ့ ေမးခြန္း ျဖစ္ပါတယ္။ ဆုိလုိတာက ျပည္သူေတြက သမၼတကုိ တုိက္ရုိက္ေရြးေကာက္တင္ေျမွာက္ ခြင့္ရွိတဲ့ သမၼတစနစ္နဲ႕သြားၾကမွာလား။ သုိ႔တည္းမဟုတ္ အစုိးရကုိ ပါလီမန္ဆုိတဲ့ လႊတ္ေတာ္ထဲ ကေန ေရြးေကာက္တင္ေျမွာက္ရတဲ့ ပါလီမန္စနစ္နဲ႔ သြားၾကမွာလား ဒီေမးခြန္းေတြကုိလည္း ဆက္ေမးရပါလိမ့္မယ္။ သမၼတစနစ္နဲပသြားရင္ ျပည္သူေတြက သမၼတကုိတုိက္ရုိက္ေရြးေကာက္တင္ေျမွာက္ မယ္။ အဲဒါဆုိရင္ ျပည္နယ္ေတြမွာလည္း ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ သုိ႔မဟုတ္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႈဳးေတြကုိ ျပည္သူေတြက ပဲ တုိက္ရုိက္ ေရြးခ်ယ္တင္ေျမွာက္ၾကရပါလိမ့္မယ္။

တုိင္းေဒသႀကီးလည္း အလားတူပဲ။ သုိမဟုတ္ တုိင္းေဒသႀကီးေတြလည္း ျပည္နယ္ေတြ ျဖစ္လာမွာမုိ႔လုိ႔ ျပည္နယ္လုိ႔ပဲ ထည့္သြင္း ေရတြက္ရပါမယ္။ ပါလီမန္စနစ္နဲ႔သြားရင္ေတာ့ ပါလီမန္ကပဲ အစုိးရေတြကုိ ေရြးခ်ယ္လိမ့္မယ္။ ျပည္သူေတြက အစုိးရကုိေရြးခ်ယ္ခြင့္ မရွိေတာ့ဘူး။ ျမန္မာႏုိင္ငံက ျပည္သူေတြအေနနဲ႔ ျပည္သူေတြမွာ တုိက္ရုိက္အာဏာအပ္ႏွင္းနုိင္တဲ့ အခြင့္အာဏာမ်ဳိးရွိေနတဲ့ သမၼတစနစ္ကုိ ပုိၿပီးေရြးခ်ယ္သင့္တယ္လုိ႔ ယူဆပါတယ္။ ဒီစနစ္ က ပါလီမန္စနစ္ထက္ ျပည္သူေတြမွာ လက္ေတြ႔က်က် အာဏာပုိရွိသလုိ၊ ႏုိင္ငံေရးတည္ၿငိမ္မႈ လည္းပုိရွိပါတယ္။ ဆုိလုိတာက ျပည္သူေတြကုိ ပုိၿပီး အေျခခံတယ္။ ဒါက ပုဒ္မ(၂၆၁)ကုိ ျပင္တဲ့ ေနာက္မွာ ထည့္စဥ္းစားရမယ့္အခ်က္ေတြပါပဲ။

ေျပာရရင္ ပုဒ္မ (၂၆၁) က သိပ္ကုိ က်ယ္ျပန္႔လြန္းပါတယ္။ သူ႔ကုိျပင္ရင္ သူနဲ႔ ဆက္ႏြယ္ေနတဲ့ တစ္ခြင္တစ္ျပင္ႀကီးကုိ လုိက္ျပင္ရမယ္။ အဲဒီလုိမျပင္ဘူးဆုိရင္ ႏုိင္ငံေရးအရ ျပႆနာ ပုိမ်ားႏုိင္တယ္။ အဲဒါအျပင္ ပုဒ္မ (၂၆၁) ကုိျပင္တာဟာ ဖက္ဒရယ္စနစ္ကုိ သြားဖုိ႔ ရည္ရြယ္တာပါလုိ႔ ထပ္ဆုိခဲ့ရင္ ၂၀၀၈ ဖြ႔ဲစည္းပုံ အေျခခံဥပေဒကုိ တစ္အုပ္လုံးနီးနီး လုိက္ျပင္ရမယ့္ သေဘာ လည္း ရွိပါတယ္။ ယုတ္စြဆုံး ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒထဲက ႏုိင္ငံေတာ္အေျခခံမူမ်ားဆုိတဲ့ အခန္း (၁) ကစလုိ႔ ျပင္ရပါလိမ့္မယ္။ ဥပမာ – အဲဒီအေျခခံမူေတြထဲက နံပါတ္(၇) ျဖစ္တဲ့ “ႏုိင္ငံေတာ္သည္ စစ္မွန္၍ စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမုိကေရစီစနစ္ကုိ က်င့္သုံးသည္” ဆုိတဲ့ေနရာမွာ “ႏိုင္ငံေတာ္သည္ ဖက္ဒရယ္ ဒီမုိကေရစီစနစ္ကုိ က်င့္သုံးသည္” လုိ႔ျပင္ဆင္္ ရပါလိမ့္မယ္။

တကယ္လို႔စနစ္ကုိ သာျပင္ႏုိင္မယ္ဆုိရင္ ကြ်ဲကူးေရပါဆုိသလုိပဲ ပုဒ္မ(၂၆၁) ဟာလည္း အလုိအေလ်ာက္ျပင္ဆင္ၿပီးသားျဖစ္သြားႏုိင္ပါတယ္။ စနစ္ကုိမျပင္မျပင္ဘဲ ပုဒ္မ(၂၆၁) ကုိျပင္မယ္ဆုိရင္ေတာ့ ဆန္စင္ရာက်ည္ေပြ႔လုိက္သလုိ ျဖစ္ေနပါလိမ့္မယ္။ မၿပီးႏုိင္၊ မစီးႏုိင္သေဘာပါပဲ။
တစ္နည္းအားျဖင့္ ေျပာရရင္ ဒီလုိမၿပီးႏုိင္၊ မစီးႏုိင္ျဖစ္ေနတာဟာ စစ္အာဏာရွင္ လက္ထဲက အစ္ရႈဳး မ်ဳိးစုံခ်ေပးထားၿပီး ျပည္သူေတြကုိ အျခားကိစၥေတြမလုပ္ႏုိင္ေအာင္ အလုပ္ ရႈပ္ခိုင္းထားတဲ့သေဘာတရားနဲ႔လည္း ဆင္တူေနပါတယ္။ ဒီသေဘာတရားက ျပည္သူေတြ အစ္ရႈဳးမ်ဳိးစုံေနာက္ကုိလုိက္ၿပီး ဘာမွ မလုပ္ႏုိင္ေအာင္ ျပည္သူေတြကုိ အဲဒီအစ္ရွဴးမ်ဳိးစုံနဲ႔ အလုပ္ရွႈပ္ခုိင္းထားတာ ျဖစ္ပါတယ္။ ဒါကုိ သတိျပဳမိဖုိ႔လုိပါတယ္။

တကယ္လုိ႔ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒထဲမွာ စနစ္ကုိ ျပင္ဆင္တယ္ဆုိရင္ အရင္ဆုံးနဲ႔အေရးတႀကီးျပင္ရမွာက ႏွစ္ခ်က္ပဲရွိပါတယ္။ (၁)က သမၼတေရြးေကာက္ တင္ေျမွာက္ပုံစနစ္ကုိ ျပင္ရမယ္။ (၂) က လႊတ္ေတာ္မွာ ေနတဲ့ စစ္တပ္ကုိယ္စားလွယ္ေတြကုိ ေနရာမွန္ျပန္ဖုိ႔အတြက္ ျပင္ရမယ္။ ဒါပါပဲ။ စစ္တပ္ကုိယ္စားလွယ္ေတြကုိ လႊတ္ေတာ္ထဲ မွာကေန ထြက္ခြာၿပီး စစ္တန္းလ်ားဆီ ျပန္ခုိင္းတဲ့အခါ အကုန္လုံးကုိ တစ္ခါတည္းျပန္ခုိင္းမလား၊ သို႔တည္းမဟုတ္ ကာလသတ္မွတ္ ၿပီးရာခုိင္ႏူန္းပမာဏတစ္ခုစီ အသုတ္လုိက္ျပန္ခုိင္းမလား။ ဒါကုိ ေတာ့ ေဆြးေႏြးၾကရပါ လိမ့္မယ္။

သမၼတေရြးေကာက္ပုံစနစ္ကုိ ျပင္လုိက္ရင္ ျပည္သူေတြက သမၼတကုိ တုိက္ရုိက္ ေရြးေကာက္တင္ေျမွာက္ၾကမယ္။ ဒါဆုိရင္ ျပည္နယ္ေတြမွာလည္း ျပည္နယ္ ျပည္သူေတြက သူတုိ႔ရဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ကုိ သုိ႔မဟုတ္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႈဳးကုိ တုိက္ရုိက္ေရြးေကာက္ တင္ေျမွာက္ႏုိင္ၾကမယ္။ ဒါက ကြ်ဲကူးူ ေရပါသေဘာပါပဲ။ အဲဒီေတာ့ ေနာက္ဆက္တြဲမွာ ပုဒ္မ(၂၆၁) က အလုိက္အေလ်ာက္ျပင္ၿပီးသား ျဖစ္သြားပါေတာ့မယ္။ လႊတ္ေတာ္ထဲမွာရွိေနတဲ့ စစ္တပ္ကုိယ္စားလွယ္ေတြကုိ အကုန္ေလွ်ာ့ႏုိင္ရင္ ျပည္သူ ေတြမွာ အျပည့္အာဏာရွိလာမယ္။ တစ္စိတ္တစ္ပုိင္း ေလွ်ာ့ႏုိင္ရင္လည္း ျပည္သူေတြ မွာ အာဏာတုိးလာမွာ ပါပဲ။

ျပည္သူေတြမွာ အာဏာအျပည့္အဝရွိရင္ ႀကိဳက္တဲ့စနစ္ကုိ သြားႏုိင္တယ္။ အခုျပည္သူ ေတြရဲ႕အာဏာက လႊတ္ေတာ္ထဲမွာ (၇၅)ရုခုိင္ႏူန္းပဲ ရွိိတယ္။ လႊတ္ေတာ္ထဲက ျပည္သူ႔ အာဏာ(၇၅)ရာခုိင္ႏူန္းဟာ ေရြးေကာက္ခံအမတ္(၁၀၀) ရာခုိင္ႏူန္းလည္း မည္ပါတယ္။ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒကုိျပင္ခ်င္ရင္ လႊတ္ေတာ္ထဲမွ (၇၅) ရခုိင္ႏူန္းေက်ာ္မွ ရမယ္။ အဲဒီ(၇၅)ရာခုိင္နူန္းျဖစ္ေနတဲ့အတြက္ ကမာၻေပၚမွာ ေရြးေကာက္ခံကုိယ္စားလွယ္ (၁၀၀)ရာခုိင္ႏူန္းနဲ႔ ျပင္လုိ႔မရတဲ့ ဖြဲ႔စည္းပုံအေျခခံဥပေဒဆုိလုိ႔ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒ တစ္တည္းပဲ ရွိပါတယ္။

အဲဒီေတာ့ ျပည္သူေတြမွာ အာဏာအျပည္အဝ ရွိဖုိ႔လုိလာတယ္။ ျပည္သူေတြမွာ အာဏာအျပည့္အဝရွိဖုိ႔ဆုိရင္ လႊတ္ေတာ္ထဲက စစ္တပ္ကုိယ္စားလွယ္ေတြကုိ အကုန္ျဖစ္ျဖစ္၊ ကာလသတ္မွတ္ၿပီး တစ္စိတ္တစ္ပုိင္း ျဖစ္ျဖစ္ ေလွ်ာ့ခ်ရပါမယ္။ အဲဒါဆုိရင္ေတာ့ ခုေနခါ ရႈပ္ေထြးေပြလီလွတဲ့ ပုဒ္မ (၂၆၁)ဟာ သိပ္မျပင္ရဘဲ သူ႔ေနရာအမွန္ကုိ ေရာက္သြားမယ္။ အေၾကာင္းကေတာ့ ဒီပုဒ္မ(၂၆၁)ဟာ ျပည္နယ္ဖြဲ႔စည္းပုံ အေျခခံဥပေဒထဲမွာ ရွိေနရမယ့္ ပုဒ္မျဖစ္ေနလုိ႔ပါပဲ။ အဲဒီေတာ့ အထက္က အခ်က္ (၂) ခ်က္ကုိျပင္လုိက္ရင္ ျပည္နယ္ေတြမွာ အာဏာပုိရွိ လာမယ္။ အဲဒီတံခါးက အလုိအေလ်ာက္ ပြင့္လာပါလိမ့္မယ္။

အဲဒီေတာ့ အေရးႀကီးဆုံးအခ်က္(၂)ခ်က္ကုိ ျပင္ဖို႔ အႀကံျပဳ တဲ့ေနရာမွာ ဒီအခ်က္ (၂)ခ်က္ဟာ အသစ္အဆန္းမဟုတ္ဘဲ နည္းလမ္းေဟာင္းတစ္ခုမွ်သာ ျဖစ္ပါတယ္ဆုိတာကုိ လည္းထည့္ေျပာဖုိ႔လုိအပ္ပါတယ္။ တစ္နည္းအားျဖင့္ ေျပာရရင္ လမ္းရုိးေဟာင္းအတုိင္း လုိက္ ျခင္းမွ်သာ ျဖစ္ပါတယ္။ ဘာျဖစ္လုိ႔ဒီလုိ ေျပာႏုိင္တာပါလဲ။ အဲဒီလုိလည္း ေမးခ်င္ေနၾကပါ လိမ့္မယ္။ ျမန္မာႏုိင္ငံရဲ႕ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒဟာ အင္ဒုိနိီးရွားႏုိင္ငံရဲ႕ ဖြဲ႔စည္းပုံ အေျခခံဥပေဒ ကုိနည္းယူၿပီးေရးထားတာ လုိ႔ဆုိၾကပါတယ္။ အင္ဒုိနီးရွားႏုိင္ငံရဲက ဒီမုိကေရစီ ကူးေျပာင္းမႈ ကာလကမွာ သူတုိ႔ရဲ႕ဖြဲ႔စည္းပုံအေျခခံဥပေဒကုိလည္း အထက္ပါ အတုိင္း ျပင္ဆင္ခဲ့ၾကဖူးပါတယ္။

၁၉၉၈ ခုႏွစ္၊ ေမလ(၂၁) ရက္ေန႔မွာ စစ္အာဏာရွင္ ဗုိလ္ခ်ဳပ္ႀကီး ဆူဟာတုိျပဳတ္က် သြားၿပီး ဘီေဂ်ဟာဘီဘီက အင္ဒိုနီးရွား ႏုိင္ငံရဲက သမၼတျဖစ္လာပါတယ္။ သူက ၁၉၉၉- ခုႏွစ္မွာ အေထြေထြေရြးေကာက္ပြဲကုိ ျပဳလုပ္ေပးပါတယ္။ အဲဒီေရြးေကာက္ပြဲအၿပီးမွာ အဗၻဒူရန္ဝါဟစ္က အင္ဒုိနီးရွားႏုိင္ငံရဲ႕ (၄)ဆက္ေျမာက္ သမၼတျဖစ္လာ တယ္။ ၂၀၀၁ ခုႏွစ္မွာ အင္ဒိုနီးရွားပါလီမန္ထဲမွာ အထူးညီလာခံတစ္ရပ္ျပဳလုပ္တယ္။ အဲဒီညီလာခံမွာ သမၼတ အဗၻဒူရာမန္ဝါဟစ္ ကုိစြပ္စြဲျပစ္တင္မႈေတြ ျပဳလုပ္ၾကတဲ့အတြက္ သူျပဳတ္က်သြားၿပီး ေမဃဝတီ ဆူကာႏုိပုၾတီက အင္ဒုိနိီးရွား ႏုိင္ငံရဲ႕ ပဥၥမ ေျမာက္သမၼတ ျဖစ္ လာပါတယ္။

ဒီကာလေတြမွာ အခု ျမန္မာႏုိင္ငံရင္ဆုိင္ေနရသလုိပဲ အင္ဒုိနီးရွားႏုိင္ငံဟာလည္း ဖြဲ႔စည္းပုံအေျခခံဥပေဒဆုိင္ရာ အက်ပ္အတည္းေတြနဲ႔ ရင္ဆုိင္ေနခဲ့ရပါတယ္။ ဒါေပမဲ့ ၂၀၀၂ ခုႏွစ္၊ ၾသဂုတ္လ မွာေတာ့ အထက္လႊတ္ေတာ္နဲ႔ ေအာက္လႊတ္ေတာ္ႏွစ္ ရပ္ေပါင္းထားတဲ့ အင္ဒုိနီးရွားပါလီမန္က သူတို႔႔ရဲ႕ ဖြဲ႔စည္းပုံအေျခခံဥပေဒကုိျပင္ဆင္ႏုိင္ ခဲ့ၾကပါတယ္။ ေကာင္းလင့္တည္း။
အဲဒီလုိျပင္ဆင္ခဲ့တဲ့ ရလဒ္အေနနဲပ အင္ဒုိနီးရွား ျပည္သူေတြက သူတုိ႔ရဲ႕သမၼတကုိ တုိက္ရုိက္ေရြးေကာက္ပြဲ တင္ေျမွာက္ခြင့္ ရသြားၾကတယ္။ အဲဒါေၾကာင့္ပဲ ၂၀၀၄ ခုနွစ္မွာ က်င္းပတဲ့ သမၼတေရြးေကာက္ပြဲမွာ အင္ဒုိနီးရွားျပည္သူေေတြက “ဆူဆီလုိဘမ္ဘန္း ယူဒုိယုိႏုိ” ကုိသမၼတ အျဖစ္ (၂)ႀကိမ္ ေတာင္ ေရြးေကာက္တင္ေျမွာက္ခံခဲ့ရပါတယ္။ အဲဒီ ၂၀၀၄ ေရြးေကာက္ပြဲအၿပီးမွာေတာ့ တစ္ႏုိင္ငံလုံးမွာ ရွိတဲ့ လႊတ္ေတာ္ေတြထဲက ေန စစ္တပ္ကုိယ္စားလွယ္ အကုန္လုံးက အၿပီးအပုိင္ထြက္ခြာသြားခဲ့ၾကၿပီး သူတုိ႔အမွန္ တကယ္ရွိေနရမယ့္ စစ္တန္းလ်ားဆီကုိ ျပန္သြားခဲ့ၾကပါတယ္။

အစကေတာ့ အင္ဒုိနီးရွားပါလီမန္ေတြကုိ လႊတ္ေတာ္ထဲမွာလည္း စစ္သားလႊတ္ေတာ္ ကုိယ္စားလွယ္ေတြကုိ ေရြးေကာက္တင္ေျမွာက္ျခင္းမရွိဘဲ (၂၀)ရာခုိင္ႏူန္းအထိ ခန္႔ေပးထားရ တယ္။ အဲဒီေတာ့ အင္ဒိုနီးရွားပါလီမန္လႊတ္ေတာ္ထဲမွာ ေရြးေကာက္ခံ လႊတ္ေတာ္အမတ္ ေတြက (၈၀)ရာခုိင္ႏူန္းအထိခန္႔ထားရတယ္ဟုတ္။ ဒီမတုိင္ခင္တုန္းကေတာ့ ျမန္မာႏုိင္ငံက နည္းယူထားတဲ့ အင္ဒုိနီးရွားမွာလည္း ျမန္မာႏုိင္ငံမွာလုိပဲ အစုိးရကုိ ပါလီမန္လႊတ္ေတာ္ထဲကေန ေရြးေကာက္တင္ေျမွာက္ ၾကပါတယ္။

၂၀၀၁ ခုႏွစ္မွာ အဲဒီစနစ္ကုိ ျပင္လုိက္ေတာ့ ၂၀၀၄ ခုႏွစ္ေရြးေကာက္ပြဲမွာ အင္ဒုိနီးရွား ျပည္သူေတြက သမၼတကုိ တုိက္ရုိက္ေရြးေကာက္တင္ေျမွာက္ခြင့္ရသြားတယ္။ ျပင္လုိက္တဲ့ စနစ္က သမၼတ စနစ္ျဖစ္သြားခဲ့တာကုိးခင္ဗ်ား။ေနာက္ဆက္တြဲအက်ဳိးဆက္အေနနဲ႔ စစ္သားကုိယ္စားလွယ္ေတြလည္း လႊတ္ေတာ္ထဲ ကေန ဆုတ္ခြာသြားခဲ့ၾကရပါတယ္။ ဘယ္ကေလာက္မ်ား ေကာင္းလုိက္သလဲ။ ျပည္သူေတြ လည္းေအာင္ပြဲရ၊ စစ္တပ္လည္း ျပည္သူ႔ရင္ခြင္ထဲ ျပန္ေရာက္လာၿပီး ဂုဏ္သိကၡာ ေတြတက္လုိ႔ပဲေလ။

ျမန္မာႏုိင္ငံက နည္းယူၿပီး ေရးခဲ့ရတဲ့ အင္ဒုိနီးရွားဖြဲ႔စည္းပုံအေျခခံဥပေဒကုိ ျပင္ဆင္ဖုိ႔ အတြက္ ၁၉၉၉ ခုႏွစ္ ေရြးေကာက္ပြဲကေန ေရတြက္ရင္ ျပင္ဆင္ျဖစ္သြားတဲ့၂၀၀၂ ခုႏွစ္ အထိ ဆုိသုံးႏွစ္ပဲ ၾကာပါတယ္။ အဲဒီအင္ဒုိနီးရွားဖြဲ႔စည္းပုံအေျခခံဥပေဒကုိ နည္းမွီၿပီး ေရးသားခဲ့တဲ့ ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒကေတာ့ ၂၀၁၀ ေရြးေကာက္ပြဲကေနေရတြက္ရင္ အခု ၂၀၂၀ ဆုို (၁၀) ႏွစ္ရွိပါၿပီ။ အဲဒါဆုိရင္ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒရဲ႕ မူလဘူတလမ္းအတုိင္း ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒကုိ ဘာျဖစ္လုိ႔မျပင္ဆင္နုိင္ရတာလဲ လုိ႔ေမးရပါေတာ့မယ္။

အဲဒါေၾကာင့္ပဲ ပုဒ္မ(၂၆၁)ကုိျပင္ဖုိ႔ႀကိဳးစားတာထက္ အထက္မွာ ေဖာ္ျပခဲ့တဲ့ အခ်က္(၂)ခ်က္ကုိျပင္ဆင္ဖုိ႔ အႀကံျပဳရျခင္းျဖစ္ပါတယ္။ ပုဒ္မ(၂၆၁)ကုိျပင္ဖုိ႔ႀကိဳးစားရင္း ျပည္ေထာင္စုအစုိးရကုိ ႏုိင္ငံေရးအရ အက်ပ္ေတြ႔ ေအာင္ ထုိးႏွက္မလား။ သူလည္းဝမ္းသာ၊ ကုိယ္လည္း ရႊင္ၿပဳံးျဖစ္ၾကေစရာ စနစ္ကုိ ျပင္ဖုိ႔ ႀကိဳးစား ၾကမလား။ ဒါကေတာ့ စဥ္းစားၾကဖုိ႔ပါပဲျဖစ္ပါတယ္။

ေက်ာ္ဟိန္းဆုိခဲ့ဖုိးတဲ့ “လူေတြစဥ္းစားၾက၊ စဥ္းစားၾက” ဆုိတဲ့သီခ်င္းကုိေတာင္ ၾကားေယာင္ေနမိပါသဗ်ား…။
ကုိးကား
(၁) ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒ ၂၀၁၃ ခုႏွစ္၊ ေအာက္တုိဘာလ
(၂) ေအာင္နုိင္၊ ဒီမုိကေရစီမိတ္ဆက္၊ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ။

ေအာင္ႏုိင္

Unicode

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ(၂၆၁)ကို ပြင်ချင်ရင် အဲဒီပုဒ်မရဲ့အဓိပ္ပာယ်ကို ပထမဦးဆုံး သိထားဖို့လိုပါတယ်။ ပုဒ်မ(၂၆၁)ဆိုတာ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ် တွေကို ခန့်အပ်တာဝန်ပေးတဲ့ ပုဒ်မဖြစ်ပါတယ်။

အဲဒီတိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်တွေကို ဘယ်သူက ခန့်အပ်တာလဲ ဆိုတော့ သမ္မတက ခန့်အပ်တာဖြစ်ပါတယ်။ လက်ရှိ တောင်းဆိုနေတဲ့ အသံတွေက တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက မခန့်အပ်တော့ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တိုက်ရိုက်ခန့်အပ်ရေးဖြစ်ပါတယ်။

အဲဒါဆိုရင် ဒီမှာမေးရမယ့်မေးခွန်းက အဲဒီပုဒ်မ(၂၆၁)ကို ပြင်ပြီးဆိုရင်ပြီးပြီလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ် အဖြေက မပြီးဘူးလို့ထွက်လာပါတယ်။ ဘာကြောင့်ပါလဲ။ အကြောင်းကတော့ ဒီပုဒ်မ(၂၆၁) နဲ့ဆက်စပ်နေတဲ့ပုဒ်မတွေရှိနေသေးလို့ပါပဲ။ ဒီလိုဆက်စပ်နေတဲ့ ပုဒ်မတွေထဲမှာလည်း အနည်းဆုံး အပိုင်း(၂)ပိုင်းလောက်ရှိနေ နိုင်ပါတယ်။ တစ်ပိုင်းက ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲကို ထည့်ရမယ့်အပိုင်းဖြစ်ပြီး၊ နောက်တစ်ပိုင်း ကတော့ အပြီးပိုင်ပယ်ဖျက်ရမယ့်အပိုင်း တွေဖြစ်ပါတယ်။

ဥပမာ ပုဒ်မ (၂၆၁)ကိုဖြုတ်၇မယ်။ ဘာဖြစ်လို့လဲ။ အဲဒီ ပုဒ်မက တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးတွေကို ခန့်အပ်တာဝန်ပေးတဲ့ ပုဒ်မဖြစ်ပါတယ်။ အဲဒါကြောင့် ဒီပုဒ်မ (၂၆၁)က ဖက်ဒရယ်အဆင့်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်ရမယ့် အပုဒ်မမဟုတ်တော့ဘဲ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းရမယ့် ပုဒ်မဖြစ် သွားပါလိမ့်မယ်။ ဒီပုဒ်မ(၂၆၁) ထဲမှာမှ အပိုဒ်(င)၊ အပိုဒ်(စ)၊ အပိုဒ်(ဆ)၊ အပိုဒ် (ဇ)၊ အပိုဒ်(ဈ) ၊ အပိုဒ်(ည)၊ အပိုဒ်(ဋ)၊ အပိုဒ်(ဌ)တွေကို အပြီး အပိုင် ပယ်ဖျက်ရမယ်။ ဒီအပိုဒ်တွေအကုန်လုံး က သမတ္တတာဝန်ယူ၊ သမ္မတကို တာဝန်ခံထားရတဲ့ အပိုဒ်တွေ ဖြစ်နေပါတယ်။

အလားတူပဲ ပုဒ်မ(၂၆၃) ကလည်းဖြုတ်ရမယ့်ပုဒ်မ တစ်ခု ဖြစ်ပါတယ်။ ဒီပုဒ်မက တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်ဝန်ကြီးချုပ် (သို့မဟုတ်) ဝန်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲပြစ် တင်တဲ့ ပုဒ်မတစ်ခု ဖြစ်တဲ့အတွက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ရှိရမယ့်ပုဒ်မ တစ်ခုဖြစ်သွားပါလိမ့်မယ်။

ပုဒ်မ(၂၆၄)ဒီပုဒ်မက တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် (သို့မဟုတ်) ဝန်ကြီးတစ်ဦးဦးနုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်း လစ်လပ်ရာထူးနေရာ ဖြည့်စွက်ခန့်ထား ခြင်းတွေနဲပ သက်ဆိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ ဒီပုဒ်မဟာလည်း ပြည်ထောင်စုအဆင့်မှာ ရှိမနေရဘဲ ပြည်နယ်အဆင့်အဖွဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ရှိနေရမယ့် ပုဒ်မတစ်ခုဖြစ်ပါတယ်။

ပုဒ်မ (၂၆၅) တိုင်းဒေသကြီးဥပဒေချုပ် (သို့မဟုတ်)ပြည်နယ်ဥပဒေချုပ်လို့ အမည်ပေး ခြင်းပုဒ်မ။ ဖြုတ်ရမယ်။ ပြည်နယ်ဖွဲ့စည်းပုံမှာ ရှိရမယ်။ပုဒ်မ(၂၆၆) (က) ပြင်ရမယ် (ခ) ပြင်ရမယ်။ ပြင်ဆင်ပြီး ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲ ထည့်သွင်းရမယ်။ (ဂ) (ဃ) (စ) ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲက ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲကို ထည့်သွင်း ရမယ်။ ပုဒ်မ (၂၆၇)၊ ပုဒ်မ (၂၆၈)၊ ပုဒ်မ (၂၆၉)၊ ပုဒ်မ(၁၇၀)၊ ပုဒ်မ(၂၇၁)၊ ပုဒ်မ(၂၇၂)၊ ပုဒ်မ(၂၇၃)၊ ပုဒ်မ(၂၇၄)၊ ပုဒ်မ(၂၇၅)၊ ပုဒ်မ(၂၇၆)၊ ပုဒ်မ(၂၇၇)၊ ပုဒ်မ(၂၇၈)၊ ပုဒ်မ(၂၇၉)၊ ပုဒ်မ(၂၈၀)၊ ပုဒ်မ(၂၈၁)၊ ပုဒ်မ(၂၈၂)၊ ပုဒ်မ(၂၈၃)။ ဒီပုဒ်မတွေအကုန်လုံးကို

(၁) ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ပြင်ဆင်တာ
(၂) ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပယ်ဖျက်တာ၊ (၃) ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲကို ထည့်သွင်းတာတွေ ပြုလုပ်ရပါမယ်။

ပုဒ်မ ပုဒ်မ(၂၈၄)၊ ပုဒ်မ(၂၈၅)၊ ပုဒ်မ(၂၈၆)၊ ပုဒ်မ(၂၈၇)၊ ပုဒ်မ(၂၈၈)၊ ပုဒ်မ(၂၈၉)၊ ပုဒ်မ(၂၉၀)၊ ပုဒ်မ(၂၉၁)၊ ပုဒ်မ(၂၉၂)၊။ ဒီပုဒ်မတွေကတော့ ပြည်ထောင်စုဖွဲ့စည်းပုအခြေခံ ဥပဒေထဲမှာ (၁) ဆက်ထားလို့ရနိုင်တာနဲ့ (၂) ဆက်ထားရမှာတွေဖြစ်ပါတယ်။ အတိအကျပြောရရင် ပုဒ်မ(၂၄၇)ကနေ ပုဒ်မ (၂၈၃) အထိက တိုင်းဒေသကြီးအစိုးရ (သို့မဟုတ်) ပြည်နယ်အစိုးရတွေက သမ္မတ(ပြည်ထောင်စုအစိုးရ)ကို တာဝန်ခံထား ရပါတယ်။ တိုင်းဒေသကြီးအစိုးရ(သို့မဟုတ်) ပြည်နယ်အစိုးရတွေက သမ္မတ (ပြည်ထောင်စု အစိုးရ) က တာဝန်ယူထားရပါတယ်။

တကယ်လို့ ပုဒ်မ(၂၆၁)ကိုပြင်ဆင်ပြီး တိုင်းဒေသအစိုးရ (သို့မဟုတ်) ပြည်နယ်အစိုးရ တွေကို တိုင်းဒေသကြီးအတွင်း (သို့မဟုတ်) ပြည်နယ်အတွင်းက ပြည်သူတွေက တိုက်ရိုက် ရွေးကောက်တင်မြှောက်မယ်ဆိုရင် တိုင်းဒေသကြီးအစိုးရ (သို့မဟုတ်) ပြည်နယ်အစိုးရတွေက တိုင်းဒေသကြီးအတွင်း(သို့မဟုတ်) ပြည်နယ်အတွှု်းက ပြည်သူတွေနဲ့ လွှတ်တော်တွေကို တာဝန်ခံရပါတော့မယ်။ တိုင်းဒေသကြီးအတွင်း(သို့မဟုတ်) ပြည်နယ်အတွင်က ပြည်သူတွေနဲ့ လွှတ်တော်တွေက တိုင်းဒေသကြီးအစိုးရ(သို့မဟုတ်) ပြည်နယ်အစိုးရတွေကို တာဝန်ယူ ရပါတော့မယ်။

ဆိုလိုတာက တိုင်းဒေသကြီးအစိုးရကို တိုင်းဒေသကြီး ပြည်သူက တင်မြှောက်မယ်။ အဲဒီပြည်သူက အဲဒီအစိုးရကိုတာဝန်ယူ။ အဲဒီအစိုးရက အဲဒီပြည်သူတွေကို တာဝန်ခံ (လွှတ်တော်ကို တာဝန်ခံ)ဒါပဲ။ တိုင်းဒေသကြီးလွှတ်တော်က တိုင်းဒေသကြီးအစိုးရကို ရွေးကောက်တင်မြှောက်မယ်ဆိုရင် အဲဒီလွှတ်တော်က တာဝန်ယူပဲ(ပြည်သူက တာဝန်ယူပဲ)။ ပြည်နယ်အစိုးရမှာလည်း ဒီအတိုင်းပဲ။ ကိုယ်ရွေးရင် ကိုယ်တာဝန်ယူ။ ရွေးပေးလိုက်တဲ့ သူတွေကို အရွေးခံရတဲ့အစိုးရကတာဝန်ခံတော့ပဲ။

ဒီနေရာမှာ တစ်ဆက်တည်းမေးသွားရမယ့် မေးခွန်းတစ်ခုလည်းရှိနေပါသေးတယ်။ ဆိုလိုတာက တိုင်းဒေသကြီးအစိုးရကို၊ ပြည်နယ်အစိုးရကို ဘယ်သူကရွေးမှာလဲဆိုတဲ့ မေးခွန်း ပါ။ ဆိုလိုတာက တိုင်းဒေသကြီးအစိုးရကို(ဝါ)ပြည်နယ်အစိုးရကို အဲဒီမှာရှိတဲ့ ပြည်သူတွေက ရွေးမှာလားဆိုတာပါ။ အဲဒီတော့ ပုဒ်မ(၂၆၁) ကိုပြင်မယ်ဆိုရင် တာဝန်ခံသူနဲ့ တာဝန်ယူသူတွေ ပြောင်း သွားမှာဖြစ်တဲ့အတွက် တာဝန်ခံ၊ တာဝန်ယူထားတဲ့ ပုဒ်မတွေကို အကုန်လိုက်ပြင် ရတော့မယ်။

တကယ်လို့ အဲဒီနောက်ဆက်တွဲ ပုဒ်မတွေကို မပြင်ဘူး ဆိုရင် ဒါက နိုင်ငံရေး လုပ်ကြံမှု ဖြစ်သွားနိုင်ပါတယ်။ ဘယ်လို နိုင်ငံရေးလုပ်ကြံမှု ဖြစ်နိုင်တာပါလဲ။ တင်တာက တစ်ဦး၊ တာဝန်ယူရတာက တစ်ဦးဆိုရင် ငါတို့တင်ချင်တဲ့သူကို တင်မယ်။ မင်းတို့တာဝန်ယူဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေပါတယ်။ တိုင်းဒေသကြီးအစိုးရတွေကို လုပ်ချင်ရာ လုပ်၊ ပြည်နယ်အစိုးရတွေက လုပ်ချင်ရာလုပ် သမ္မတက (ပြည်ထောင်စုအစိုးရက) တာဝန်ယူ ဆိုတဲ့ သဘောဖြစ်သွားတာမို့ အင်မတိအင်မတန် ကြောက်စရာကောင်းတဲ့နိုင်ငံရေး လုပ်ကြံမှုကြီး တစ်ခုပါပဲ။

တာဝန်ခံမှု၊ တာဝန်ယူမှုဆိုတာ ဒီမိုကရေစီစနစ်မှာ အင်မတန်အရေးကြီးပါတယ်။ တကယ်လို့ ဒါဟာနိုင်ငံရေးလုပ်ကြံမှု မဟုတ်ပါဘူးလို့ဆိုရင်တော့ ပုဒ်မ(၂၆၁)နှင့် ဆက်စပ် နေတဲ့ ပုဒ်မတွေအကုန်လုံးကို ပြင်ပေးရပါလိမ့်မယ်။ အဲဒါကြောင့် ပုဒ်မ(၂၆၁) ကိုဖို့ကြိုးစားကြတဲ့အခါ ပုဒ်မ (၂၆၁) တစ်ခုတည်းကိုပဲ ပြင်ဖို့အားထုတ်ကြပြီး၊ အဲဒီပုဒ်မနဲ့ ဆက်စပ်နေတဲ့ ပုဒ်မတွေကို ချန်လှပ်ထားခဲ့တယ်။ သို့တည်းမဟုတ် မပြောမဆိုဘဲ နေနေမယ်ဆိုရင်တော့ ဒါက အာဏာရပြည်ထောင်စု အစိုးရကို နိုင်ငံရေးလုပ်ကြံတာပဲ ဖြစ်သွားနိုငပါတယ်

အခုပြောနေတာက အုပ်ချုပ်ရေးအပိုင်းပဲ ရှိနေပါသေးတယ်။ တကယ်သာ ပုဒ်မ(၂၆၁) ကိုပြင်ကြမယ်ဆိုရင် ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ အာဏာခွဲဝေတာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီး ပြည်နယ်တွေရဲ့ ဥပဒေပြုရေးနဲ့ သက်ဆိုင်တဲ့ပုဒ်မတွေ၊ တရားစီရင်ရေးနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေကိုလည်း လိုက်ပါပြင်ဆင်ပေး ရနိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ပတ်သက်နေတဲ့ ဥပဒေပြုရေးဆိုင်ရာ ပုဒ်မပေါင်းက(၃၈) ခုရှိနေပါတယ်။ ပုဒ်မ (၁၆၁)ကနေ ပုဒ်မ(၁၉၈) အထိ ဖြစ်ပါတယ်။

တိုင်းဒေသကြီး၊ ပြည်နယ် တွေနဲ့ ပတ်သက်နေတဲ့အုပ်ချုပ်ရေးဆိုင်ရာ ပုဒ်မပေါင်းက (၃၇) ခုရှိနေပါတယ်။ ဒါကပုဒ်မ (၂၄၇)ကနေ ပုဒ်မ (၂၈၃) အထိဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ပတ်သက်တဲ့ တရားစီရင်ရေး ဆိုင်ရာပုဒ်မပေါင်းက (၁၄) ခုဖြစ်ပါတယ်။ အတိအကျဆိုရရင် ပုဒ်မ(၃၀၅) ကနေ ပုဒ်မ(၃၁၈) အထိဖြစ်ပါတယ်။ အဲဒီမဏ္ဍိုင်(၃)ရပ်ကိုပေါင်းလိုက်ရင် ပုဒ်မပေါင်း(၈၉) ခုရှိပါတယ်။ ဒါကတိုက်ရိုက်ဆက်စပ် နေတာတွေပဲ ရှိပါသေးတယ်။ သွယ်ဝှိုက်ပတ်သက်နေတဲ့ ပုဒ်မပေါင်းက ဘယ်လောက်ရှိနေ လိုက်မလဲ။

အဲဒီတော့ ပုဒ်မ(၂၆၁) ကိုပြင်မယ်ဆိုရင် သူနဲ့ဆက်စပ်နေတဲ့ အဲဒီပုဒ်မပေါင်း (၈၉)ခု ကိုရော ဘယ်လိုလုပ်ကြမလဲလို့ အရင်မေးရပါတော့။ ဒါက ပထမမေးခွန်းဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့က ပုဒ်မ(၂၆၁)ကို ပြင်မယ်ဆိုရင် ဖက်ဒရယ်ပုံစံ အာဏာခွဲဝေ တာမျိုး ဖြစ်သွားနိုင်တာမို့လို့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲပြီးသွားမှာလား ဆိုတဲ့မေးခွန်း ဖြစ်ပါတယ်။

တကယ်လို့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲပြီးသွားမယ်ဆိုရင် အထက်က ဖော်ပြထားတဲ့ပုဒ်မပေါင်း(၈၉)ခုထဲက အများစုဟာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေထဲကို ရောက်ရှိသွားနိုင်ပါတယ်။ အဲဒီလို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေထဲကို ရောက်ရှိသွားမယ်ဆိုရင် အဲဒီပုဒ်မ တွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲကနေ ပယ်ဖျက်ပေးရပါလိမ့်မယ်။ တကယ်လို့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ မရေးဆွဲသေးဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပဲ ဆက်သွားဦးမယ် ဆိုရင်လည်း အဲဒီပုဒ်မတွေကို (၁) အကြီးစား ပြင်ဆင်မှုတွေ လုပ်ရပါလိမ့် မယ်၊ (၂) ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို မရေးဆွဲ၊ မပြဋ္ဌာန်းမီကာလ ပတ်လုံး ပြည်နယ်နဲ့ သက်ဆိုင်တဲ့ ဥပဒေများကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဆက်လက် ကျင့်သုံးမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်၊ ပုဒ်မမျိုးလည်း ထပ်ထည့်ကောင်းထည့်ရနိုင်ပါတယ်။ ပုဒ်မ (၂၆၁)ကို ပြင်ဆင်တာက ဒီမှာ တင်ရပ်မနေသေး ပါဘူး။

အဲဒီလိုပြင်ဆင်လိုက်တဲ့အတွက် ဒီနေရာမှာ ဆက်မေးရမှာက သမ္မတစနစ်နဲ့ ပါလီမန်စနစ်နှစ်မျိုးထဲက အနာဂတ်မြန်မာနိုင်ငံမှာ ဘယ်စနစ်နဲ့သွားမှာလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဆိုလိုတာက ပြည်သူတွေက သမ္မတကို တိုက်ရိုက်ရွေးကောက်တင်မြှောက် ခွင့်ရှိတဲ့ သမ္မတစနစ်နဲ့သွားကြမှာလား။ သို့တည်းမဟုတ် အစိုးရကို ပါလီမန်ဆိုတဲ့ လွှတ်တော်ထဲ ကနေ ရွေးကောက်တင်မြှောက်ရတဲ့ ပါလီမန်စနစ်နဲ့ သွားကြမှာလား ဒီမေးခွန်းတွေကိုလည်း ဆက်မေးရပါလိမ့်မယ်။ သမ္မတစနစ်နဲပသွားရင် ပြည်သူတွေက သမ္မတကိုတိုက်ရိုက်ရွေးကောက်တင်မြှောက် မယ်။ အဲဒါဆိုရင် ပြည်နယ်တွေမှာလည်း ပြည်နယ်ဝန်ကြီးချုပ်၊ သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှုုးတွေကို ပြည်သူတွေက ပဲ တိုက်ရိုက် ရွေးချယ်တင်မြှောက်ကြရပါလိမ့်မယ်။

တိုင်းဒေသကြီးလည်း အလားတူပဲ။ သိုမဟုတ် တိုင်းဒေသကြီးတွေလည်း ပြည်နယ်တွေ ဖြစ်လာမှာမို့လို့ ပြည်နယ်လို့ပဲ ထည့်သွင်း ရေတွက်ရပါမယ်။ ပါလီမန်စနစ်နဲ့သွားရင်တော့ ပါလီမန်ကပဲ အစိုးရတွေကို ရွေးချယ်လိမ့်မယ်။ ပြည်သူတွေက အစိုးရကိုရွေးချယ်ခွင့် မရှိတော့ဘူး။ မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ ပြည်သူတွေမှာ တိုက်ရိုက်အာဏာအပ်နှင်းနိုင်တဲ့ အခွင့်အာဏာမျိုးရှိနေတဲ့ သမ္မတစနစ်ကို ပိုပြီးရွေးချယ်သင့်တယ်လို့ ယူဆပါတယ်။ ဒီစနစ် က ပါလီမန်စနစ်ထက် ပြည်သူတွေမှာ လက်တွေ့ကျကျ အာဏာပိုရှိသလို၊ နိုင်ငံရေးတည်ငြိမ်မှု လည်းပိုရှိပါတယ်။ ဆိုလိုတာက ပြည်သူတွေကို ပိုပြီး အခြေခံတယ်။ ဒါက ပုဒ်မ(၂၆၁)ကို ပြင်တဲ့ နောက်မှာ ထည့်စဉ်းစားရမယ့်အချက်တွေပါပဲ။

ပြောရရင် ပုဒ်မ (၂၆၁) က သိပ်ကို ကျယ်ပြန့်လွန်းပါတယ်။ သူ့ကိုပြင်ရင် သူနဲ့ ဆက်နွယ်နေတဲ့ တစ်ခွင်တစ်ပြင်ကြီးကို လိုက်ပြင်ရမယ်။ အဲဒီလိုမပြင်ဘူးဆိုရင် နိုင်ငံရေးအရ ပြဿနာ ပိုများနိုင်တယ်။ အဲဒါအပြင် ပုဒ်မ (၂၆၁) ကိုပြင်တာဟာ ဖက်ဒရယ်စနစ်ကို သွားဖို့ ရည်ရွယ်တာပါလို့ ထပ်ဆိုခဲ့ရင် ၂၀၀၈ ဖွ့ဲစည်းပုံ အခြေခံဥပဒေကို တစ်အုပ်လုံးနီးနီး လိုက်ပြင်ရမယ့် သဘော လည်း ရှိပါတယ်။ ယုတ်စွဆုံး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက နိုင်ငံတော်အခြေခံမူများဆိုတဲ့ အခန်း (၁) ကစလို့ ပြင်ရပါလိမ့်မယ်။ ဥပမာ – အဲဒီအခြေခံမူတွေထဲက နံပါတ်(၇) ဖြစ်တဲ့ “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဆိုတဲ့နေရာမှာ “နိုင်ငံတော်သည် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” လို့ပြင်ဆင် ရပါလိမ့်မယ်။

တကယ်လို့စနစ်ကို သာပြင်နိုင်မယ်ဆိုရင် ကျွဲကူးရေပါဆိုသလိုပဲ ပုဒ်မ(၂၆၁) ဟာလည်း အလိုအလျောက်ပြင်ဆင်ပြီးသားဖြစ်သွားနိုင်ပါတယ်။ စနစ်ကိုမပြင်မပြင်ဘဲ ပုဒ်မ(၂၆၁) ကိုပြင်မယ်ဆိုရင်တော့ ဆန်စင်ရာကျည်ပွေ့လိုက်သလို ဖြစ်နေပါလိမ့်မယ်။ မပြီးနိုင်၊ မစီးနိုင်သဘောပါပဲ။
တစ်နည်းအားဖြင့် ပြောရရင် ဒီလိုမပြီးနိုင်၊ မစီးနိုင်ဖြစ်နေတာဟာ စစ်အာဏာရှင် လက်ထဲက အစ်ရှုုး မျိုးစုံချပေးထားပြီး ပြည်သူတွေကို အခြားကိစ္စတွေမလုပ်နိုင်အောင် အလုပ် ရှုပ်ခိုင်းထားတဲ့သဘောတရားနဲ့လည်း ဆင်တူနေပါတယ်။ ဒီသဘောတရားက ပြည်သူတွေ အစ်ရှုုးမျိုးစုံနောက်ကိုလိုက်ပြီး ဘာမှ မလုပ်နိုင်အောင် ပြည်သူတွေကို အဲဒီအစ်ရှူးမျိုးစုံနဲ့ အလုပ်ရှှုပ်ခိုင်းထားတာ ဖြစ်ပါတယ်။ ဒါကို သတိပြုမိဖို့လိုပါတယ်။

တကယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ စနစ်ကို ပြင်ဆင်တယ်ဆိုရင် အရင်ဆုံးနဲ့အရေးတကြီးပြင်ရမှာက နှစ်ချက်ပဲရှိပါတယ်။ (၁)က သမ္မတရွေးကောက် တင်မြှောက်ပုံစနစ်ကို ပြင်ရမယ်။ (၂) က လွှတ်တော်မှာ နေတဲ့ စစ်တပ်ကိုယ်စားလှယ်တွေကို နေရာမှန်ပြန်ဖို့အတွက် ပြင်ရမယ်။ ဒါပါပဲ။ စစ်တပ်ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲ မှာကနေ ထွက်ခွာပြီး စစ်တန်းလျားဆီ ပြန်ခိုင်းတဲ့အခါ အကုန်လုံးကို တစ်ခါတည်းပြန်ခိုင်းမလား၊ သို့တည်းမဟုတ် ကာလသတ်မှတ် ပြီးရာခိုင်နူန်းပမာဏတစ်ခုစီ အသုတ်လိုက်ပြန်ခိုင်းမလား။ ဒါကို တော့ ဆွေးနွေးကြရပါ လိမ့်မယ်။

သမ္မတရွေးကောက်ပုံစနစ်ကို ပြင်လိုက်ရင် ပြည်သူတွေက သမ္မတကို တိုက်ရိုက် ရွေးကောက်တင်မြှောက်ကြမယ်။ ဒါဆိုရင် ပြည်နယ်တွေမှာလည်း ပြည်နယ် ပြည်သူတွေက သူတို့ရဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှုုးကို တိုက်ရိုက်ရွေးကောက် တင်မြှောက်နိုင်ကြမယ်။ ဒါက ကျွဲကူးူ ရေပါသဘောပါပဲ။ အဲဒီတော့ နောက်ဆက်တွဲမှာ ပုဒ်မ(၂၆၁) က အလိုက်အလျောက်ပြင်ပြီးသား ဖြစ်သွားပါတော့မယ်။ လွှတ်တော်ထဲမှာရှိနေတဲ့ စစ်တပ်ကိုယ်စားလှယ်တွေကို အကုန်လျှော့နိုင်ရင် ပြည်သူ တွေမှာ အပြည့်အာဏာရှိလာမယ်။ တစ်စိတ်တစ်ပိုင်း လျှော့နိုင်ရင်လည်း ပြည်သူတွေ မှာ အာဏာတိုးလာမှာ ပါပဲ။

ပြည်သူတွေမှာ အာဏာအပြည့်အဝရှိရင် ကြိုက်တဲ့စနစ်ကို သွားနိုင်တယ်။ အခုပြည်သူ တွေရဲ့အာဏာက လွှတ်တော်ထဲမှာ (၇၅)ရုခိုင်နူန်းပဲ ရှိတယ်။ လွှတ်တော်ထဲက ပြည်သူ့ အာဏာ(၇၅)ရာခိုင်နူန်းဟာ ရွေးကောက်ခံအမတ်(၁၀၀) ရာခိုင်နူန်းလည်း မည်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ချင်ရင် လွှတ်တော်ထဲမှ (၇၅) ရခိုင်နူန်းကျော်မှ ရမယ်။ အဲဒီ(၇၅)ရာခိုင်နူန်းဖြစ်နေတဲ့အတွက် ကမ္ဘာပေါ်မှာ ရွေးကောက်ခံကိုယ်စားလှယ် (၁၀၀)ရာခိုင်နူန်းနဲ့ ပြင်လို့မရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်တည်းပဲ ရှိပါတယ်။

အဲဒီတော့ ပြည်သူတွေမှာ အာဏာအပြည်အဝ ရှိဖို့လိုလာတယ်။ ပြည်သူတွေမှာ အာဏာအပြည့်အဝရှိဖို့ဆိုရင် လွှတ်တော်ထဲက စစ်တပ်ကိုယ်စားလှယ်တွေကို အကုန်ဖြစ်ဖြစ်၊ ကာလသတ်မှတ်ပြီး တစ်စိတ်တစ်ပိုင်း ဖြစ်ဖြစ် လျှော့ချရပါမယ်။ အဲဒါဆိုရင်တော့ ခုနေခါ ရှုပ်ထွေးပွေလီလှတဲ့ ပုဒ်မ (၂၆၁)ဟာ သိပ်မပြင်ရဘဲ သူ့နေရာအမှန်ကို ရောက်သွားမယ်။ အကြောင်းကတော့ ဒီပုဒ်မ(၂၆၁)ဟာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ရှိနေရမယ့် ပုဒ်မဖြစ်နေလို့ပါပဲ။ အဲဒီတော့ အထက်က အချက် (၂) ချက်ကိုပြင်လိုက်ရင် ပြည်နယ်တွေမှာ အာဏာပိုရှိ လာမယ်။ အဲဒီတံခါးက အလိုအလျောက် ပွင့်လာပါလိမ့်မယ်။

အဲဒီတော့ အရေးကြီးဆုံးအချက်(၂)ချက်ကို ပြင်ဖို့ အကြံပြု တဲ့နေရာမှာ ဒီအချက် (၂)ချက်ဟာ အသစ်အဆန်းမဟုတ်ဘဲ နည်းလမ်းဟောင်းတစ်ခုမျှသာ ဖြစ်ပါတယ်ဆိုတာကို လည်းထည့်ပြောဖို့လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် လမ်းရိုးဟောင်းအတိုင်း လိုက် ခြင်းမျှသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ဒီလို ပြောနိုင်တာပါလဲ။ အဲဒီလိုလည်း မေးချင်နေကြပါ လိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုနည်းယူပြီးရေးထားတာ လို့ဆိုကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲက ဒီမိုကရေစီ ကူးပြောင်းမှု ကာလကမှာ သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အထက်ပါ အတိုင်း ပြင်ဆင်ခဲ့ကြဖူးပါတယ်။

၁၉၉၈ ခုနှစ်၊ မေလ(၂၁) ရက်နေ့မှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ဆူဟာတိုပြုတ်ကျ သွားပြီး ဘီဂျေဟာဘီဘီက အင်ဒိုနီးရှား နိုင်ငံရဲက သမ္မတဖြစ်လာပါတယ်။ သူက ၁၉၉၉- ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်ပေးပါတယ်။ အဲဒီရွေးကောက်ပွဲအပြီးမှာ အဗ္ဘဒူရန်ဝါဟစ်က အင်ဒိုနီးရှားနိုင်ငံရဲ့ (၄)ဆက်မြောက် သမ္မတဖြစ်လာ တယ်။ ၂၀၀၁ ခုနှစ်မှာ အင်ဒိုနီးရှားပါလီမန်ထဲမှာ အထူးညီလာခံတစ်ရပ်ပြုလုပ်တယ်။ အဲဒီညီလာခံမှာ သမ္မတ အဗ္ဘဒူရာမန်ဝါဟစ် ကိုစွပ်စွဲပြစ်တင်မှုတွေ ပြုလုပ်ကြတဲ့အတွက် သူပြုတ်ကျသွားပြီး မေဃဝတီ ဆူကာနိုပုတြီက အင်ဒိုနီးရှား နိုင်ငံရဲ့ ပဉ္စမ မြောက်သမ္မတ ဖြစ် လာပါတယ်။

ဒီကာလတွေမှာ အခု မြန်မာနိုင်ငံရင်ဆိုင်နေရသလိုပဲ အင်ဒိုနီးရှားနိုင်ငံဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၀၂ ခုနှစ်၊ သြဂုတ်လ မှာတော့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်နှစ် ရပ်ပေါင်းထားတဲ့ အင်ဒိုနီးရှားပါလီမန်က သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင် ခဲ့ကြပါတယ်။ ကောင်းလင့်တည်း။
အဲဒီလိုပြင်ဆင်ခဲ့တဲ့ ရလဒ်အနေနဲပ အင်ဒိုနီးရှား ပြည်သူတွေက သူတို့ရဲ့သမ္မတကို တိုက်ရိုက်ရွေးကောက်ပွဲ တင်မြှောက်ခွင့် ရသွားကြတယ်။ အဲဒါကြောင့်ပဲ ၂၀၀၄ ခုနှစ်မှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ အင်ဒိုနီးရှားပြည်သူေတွေက “ဆူဆီလိုဘမ်ဘန်း ယူဒိုယိုနို” ကိုသမ္မတ အဖြစ် (၂)ကြိမ် တောင် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ အဲဒီ ၂၀၀၄ ရွေးကောက်ပွဲအပြီးမှာတော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လွှတ်တော်တွေထဲက နေ စစ်တပ်ကိုယ်စားလှယ် အကုန်လုံးက အပြီးအပိုင်ထွက်ခွာသွားခဲ့ကြပြီး သူတို့အမှန် တကယ်ရှိနေရမယ့် စစ်တန်းလျားဆီကို ပြန်သွားခဲ့ကြပါတယ်။

အစကတော့ အင်ဒိုနီးရှားပါလီမန်တွေကို လွှတ်တော်ထဲမှာလည်း စစ်သားလွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ခြင်းမရှိဘဲ (၂၀)ရာခိုင်နူန်းအထိ ခန့်ပေးထားရ တယ်။ အဲဒီတော့ အင်ဒိုနီးရှားပါလီမန်လွှတ်တော်ထဲမှာ ရွေးကောက်ခံ လွှတ်တော်အမတ် တွေက (၈၀)ရာခိုင်နူန်းအထိခန့်ထားရတယ်ဟုတ်။ ဒီမတိုင်ခင်တုန်းကတော့ မြန်မာနိုင်ငံက နည်းယူထားတဲ့ အင်ဒိုနီးရှားမှာလည်း မြန်မာနိုင်ငံမှာလိုပဲ အစိုးရကို ပါလီမန်လွှတ်တော်ထဲကနေ ရွေးကောက်တင်မြှောက် ကြပါတယ်။

၂၀၀၁ ခုနှစ်မှာ အဲဒီစနစ်ကို ပြင်လိုက်တော့ ၂၀၀၄ ခုနှစ်ရွေးကောက်ပွဲမှာ အင်ဒိုနီးရှား ပြည်သူတွေက သမ္မတကို တိုက်ရိုက်ရွေးကောက်တင်မြှောက်ခွင့်ရသွားတယ်။ ပြင်လိုက်တဲ့ စနစ်က သမ္မတ စနစ်ဖြစ်သွားခဲ့တာကိုးခင်ဗျား။နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ စစ်သားကိုယ်စားလှယ်တွေလည်း လွှတ်တော်ထဲ ကနေ ဆုတ်ခွာသွားခဲ့ကြရပါတယ်။ ဘယ်ကလောက်များ ကောင်းလိုက်သလဲ။ ပြည်သူတွေ လည်းအောင်ပွဲရ၊ စစ်တပ်လည်း ပြည်သူ့ရင်ခွင်ထဲ ပြန်ရောက်လာပြီး ဂုဏ်သိက္ခာ တွေတက်လို့ပဲလေ။

မြန်မာနိုင်ငံက နည်းယူပြီး ရေးခဲ့ရတဲ့ အင်ဒိုနီးရှားဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အတွက် ၁၉၉၉ ခုနှစ် ရွေးကောက်ပွဲကနေ ရေတွက်ရင် ပြင်ဆင်ဖြစ်သွားတဲ့၂၀၀၂ ခုနှစ် အထိ ဆိုသုံးနှစ်ပဲ ကြာပါတယ်။ အဲဒီအင်ဒိုနီးရှားဖွဲ့စည်းပုံအခြေခံဥပဒေကို နည်းမှီပြီး ရေးသားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ၂၀၁၀ ရွေးကောက်ပွဲကနေရေတွက်ရင် အခု ၂၀၂၀ ဆို (၁၀) နှစ်ရှိပါပြီ။ အဲဒါဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူလဘူတလမ်းအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘာဖြစ်လို့မပြင်ဆင်နိုင်ရတာလဲ လို့မေးရပါတော့မယ်။

အဲဒါကြောင့်ပဲ ပုဒ်မ(၂၆၁)ကိုပြင်ဖို့ကြိုးစားတာထက် အထက်မှာ ဖော်ပြခဲ့တဲ့ အချက်(၂)ချက်ကိုပြင်ဆင်ဖို့ အကြံပြုရခြင်းဖြစ်ပါတယ်။ ပုဒ်မ(၂၆၁)ကိုပြင်ဖို့ကြိုးစားရင်း ပြည်ထောင်စုအစိုးရကို နိုင်ငံရေးအရ အကျပ်တွေ့ အောင် ထိုးနှက်မလား။ သူလည်းဝမ်းသာ၊ ကိုယ်လည်း ရွှင်ပြုံးဖြစ်ကြစေရာ စနစ်ကို ပြင်ဖို့ ကြိုးစား ကြမလား။ ဒါကတော့ စဉ်းစားကြဖို့ပါပဲဖြစ်ပါတယ်။

ကျော်ဟိန်းဆိုခဲ့ဖိုးတဲ့ “လူတွေစဉ်းစားကြ၊ စဉ်းစားကြ” ဆိုတဲ့သီချင်းကိုတောင် ကြားယောင်နေမိပါသဗျား…။
ကိုးကား
(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ
(၂) အောင်နိုင်၊ ဒီမိုကရေစီမိတ်ဆက်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ။

အောင်နိုင်