• Today is: Wednesday, January 20, 2021

ဖက္ဒရယ္စနစ္ႏွင့္ျမန္မာႏိုင္ငံ ဖက်ဒရယ်စနစ်နှင့်မြန်မာနိုင်ငံ

Federal Journal
March10/ 2020

Zawgyi

စာေရးသူ၏ႏိုင္ငံသည္ ဒီမိုကေရစီဖက္ဒရယ္ႏိုင္ငံေတာ္သစ္ဆီသို႔ ခ်ီတက္ရန္တာစူေနသည့္ႏိုင္ငံျဖစ္သည္။ “ဖက္ဒရယ္” ဟူေသာစကားလုံးကို ယခင္က ထမင္းလုံးတေစၦေျခာက္ခဲ့ၾကေသာ္လည္း ယခုေတာ့ျဖင့္ ႏႈတ္သြက္၊ လွ်ာသြက္၊ ခံတြင္းေတြ႕စြာ ေျပာဆိုေနၾကၿပီျဖစ္သည္။

ေကာင္း၊ ဆိုး ႏွစ္တန္

အရာခပ္သိမ္းတြင္ ေကာင္းဆိုးႏွစ္တန္ရွိေနျပန္ရာ ဖက္ဒရယ္ကလည္းဘာသားႏွင့္ထုထားပါသနည္း။ ေဘးထြက္ဆိုးက်ိဳး အနည္းႏွင့္အမ်ားေတာ့ရွိေပမေပါ့။ ဖက္ဒရယ္ဆိုသည္ကို ေမွ်ာ္မွန္းအေတြးျဖင့္ စိတ္ကူးယဥ္ေနၾကရ ေသာ္လည္း အေျပာလြယ္သေလာက္ေတာ့ အလုပ္ကလြယ္ကူမည္မထင္ပါ။ ဖက္ဒရယ္သည္ ေဆးေတာင္ေဝွး မဟုတ္ပါ။ ေလာကနိဗၺာန္ မဟုတ္ပါ။ ဖက္ဒရယ္ရရင္ “အားလုံးအိုေက” ဟုေတာ့ မထင္ပါႏွင့္။

ဖက္ဒရယ္အိမ္မက္ကို အေကာင္အထည္ေဖာ္ရာတြင္ တာဝန္ရွိသူမ်ားသာမက ကြၽႏု္ပ္တို႔ျပည္သူမ်ားမွာလည္း တာဝန္ရွိသည္ဟု ဆိုပါရေစ။ မေဝးေတာ့ေသာကာလဝယ္ ဖက္ဒရယ္ဟူေသာအရသာကို ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ား ျပည္သူတို႔ခံစားရရွိႏိုင္ဖို႔ရန္ ဖက္ဒရယ္ဆိုင္ရာတို႔ကို ႀကိဳတင္ေလ့လာ သိရွိ၊ ျပင္ဆင္သင့္ေၾကာင္းကိုလည္း အႀကံျပဳ လိုပါသည္။ ၂၀၁၆-ခုႏွစ္၊ ႏိုဝင္ဘာလ (၁၆) ရက္ေန႔မွ (၁၇)ရက္ေန႔အထိ ေနျပည္ေတာ္ရွိ “Royal President Hotel”၌ က်င္းပခဲ့ေသာ “ဖက္ဒရယ္ဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲ”တြင္ The Euro-Burma Office (EBO) Myanmar မွ Executive Director ဦးဟန္ေယာင္းေဝက “လူတိုင္းက ဖက္ဒရယ္ကိုလိုလားေပမယ့္ ဖက္ဒရယ္ဆိုတာဘာလဲ၊ ဘယ္လိုလုပ္ရမလဲဆိုတာ မသိၾကဘူး၊ အခ်ိဳ႕သူေတြရဲ႕ ထင္ျမင္တာေတြဟာ တလြဲစီျဖစ္ေနတယ္ဆိုတာ ေတြ႕ရတယ္” ဟု ဆိုဖူးပါသည္။

“ဖက္ဒရယ္”ကို ႏိုင္ငံေရးသေဘာတရားတစ္ခုအျဖစ္ က်င့္သုံးၾကေသာအခါ “ႏွစ္ဦးႏွစ္ဖက္ အျပန္အလွန္ ေလးစားအသိအမွတ္ျပဳျခင္းကို အေျခခံ၍ ႏိုင္ငံေတာ္တစ္ခုကို အတူတကြ ပူးေပါင္းထူေထာင္ၾကျခင္းႏွင့္ ၎ႏိုင္ငံေတာ္ ၏အာဏာကို အဆင့္ဆင့္ခြဲေဝက်င့္သုံးျခင္း” ျဖစ္ေၾကာင္း အဓိပၸာယ္ဖြင့္ဆိုၾကသည္။ ျပည္ေထာင္စု (Federal) စနစ္ကို-

(၁) သီအိုရီအရျပည္ေထာင္စု

(၂) သ႑ာန္ေဆာင္ျပည္ေထာင္စု (Quasi Federal)

(3) ျပည္ေထာင္စုစစ္စစ္ (True Federal)

(၄) တစ္ျပည္ေထာင္ဆန္ေသာ ျပည္ေထာင္စု

(၅) ျပည္နယ္မ်ားက အခြင့္အေရးသာလြန္သည့္ျပည္ေထာင္စု (Highly Federalised State) ႏွင့္

(၆) ျပည္နယ္မ်ားက အခြင့္အေရးနည္းပါးသည့္ျပည္ေထာင္စု (Highly Centralized State) ဟူ၍ခြဲျခားေလ့ လာၾကပါသည္။ သို႔ေသာ္ ေခတ္စနစ္အေတြ႕အႀကဳံမ်ားအရ ကမာၻ႔ႏိုင္ငံအသီးသီးက “မတူကြဲျပားေသာ လူ႔အဖြဲ႕အစည္း မ်ားအၾကား ပဋိပကၡမ်ားကိုအေျဖရွာႏိုင္ၿပီး ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးအတြက္ အလြန္တစ္ရာအက်ိဳးျပဳသည့္ စနစ္တစ္ရပ္” အျဖစ္ နားလည္လက္ခံလာၾကၿပီျဖစ္ေၾကာင္း ပညာရွင္မ်ားက ဆိုပါသည္။

ဖက္ဒရယ္စနစ္ႏွင့္ျမန္မာႏိုင္ငံ

ျမန္မာႏိုင္ငံသည္ ဖက္ဒရယ္စနစ္ႏွင့္မစိမ္းပါ။ “ျမန္မာ့ဖက္ဒရယ္အစ ၁၉၄၇ ပင္လုံစာခ်ဳပ္က” ဟူ၍ပင္ ဆိုႏိုင္ပါ သည္။ သို႔ေသာ္ ျမန္မာ့ဖက္ဒရယ္သည္ ရွင္ႀကီးဝမ္း၊ ရွင္ငယ္ဝမ္းတို႔ကို ဝင္ေရာက္ျဖတ္သန္းၿပီး ေအာင္ျမင္မႈႏွင့္ အလွမ္း ေဝးေနခဲ့သည္။ သမိုင္းေၾကာင္းကို ငဲ့ေစာင္းၾကည့္ေသာအခါ ဖက္ဒရယ္စနစ္သည္ ျမန္မာႏိုင္ငံအနားသို႔ ေရာက္လာ လိုက္၊ ျပန္ခြာလိုက္ႏွင့္ျဖစ္ေနသည့္ အေျခအေနမွ ယခုအခါ ျပန္လည္တာစူေနသည့္ အေျခအေနသို႔ ေရာက္ရွိေနၿပီ ျဖစ္ပါသည္။

ဘယ္ေတာ့လဲ

ဖက္ဒရယ္ႏိုင္ငံေတာ္သစ္ဆီသို႔ ခ်ီတက္ရာလမ္းေၾကာင္းတူခင္းက်င္းၾကရာ၌ အဓိကမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးျဖစ္သည္။ ျပင္ဆင္မည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ ဖက္ဒရယ္ဆိုင္ရာအခ်က္အလက္မ်ားကို ေစ့ငွေသခ်ာ စြာ ထည့္သြင္းျပ႒ာန္းရမည္ျဖစ္သည္။ ျပင္ဆင္ေရးဆိုင္ရာအခ်က္အလက္ရွာေဖြေရးကို ၂၁-ရာစု ပင္လုံညီလာခံမွ ဘုံသေဘာတူညီခ်က္မ်ား ရယူျခင္းျဖင့္လည္းေကာင္း၊ အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီနည္းလမ္းျဖင့္ လည္းေကာင္း ေဆာင္႐ြက္ေနသည္ဟုထင္၏ မည္သည့္နည္းလမ္းကို အသုံးျပဳသည္ျဖစ္ေစ ရရွိလာသည့္ အေျခခံ ဥပေဒမူၾကမ္းကို ျပည္သူသို႔ခ်ျပကာ ျပည္လုံးကြၽတ္ဆႏၵမဲခံယူပြဲျဖင့္ အတည္ျပဳမည္ဟု ယူဆသည္။ ဤအစီအစဥ္တိုင္း ဆိုလွ်င္ ၂၀၁၉-ခုႏွစ္ကလည္းကုန္ေတာ့မည္ျဖစ္၍၂၀၂၀ေ႐ြးေကာက္ပြဲအမီ အေျခခံဥပေဒအသစ္ထြက္ေပၚလာမည္ လား စဥ္းစားဖြယ္ျဖစ္၏။ လက္ရွိအစိုးရ “အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးမူဝါဒ” (လမ္းျပေျမပုံ) အမွတ္စဥ္ (၅)တြင္ “ျပည္ေထာင္စုသေဘာတူညီခ်က္”ႏွင့္အညီ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးသား ျခင္း၊ အတည္ျပဳျခင္း ဟူ၍ လုပ္ငန္းစဥ္အတိအက် ခ်မွတ္ကာ ကမာၻသိေၾကညာထားသည္ မဟုတ္ပါလား။

ဘာေတြေလ့လာသိရွိၾကဖို႔လိုသနည္း

ဖက္ဒရယ္၏အဓိကအသက္ေသြးေၾကာမွာ တန္းတူေရးႏွင့္ကိုယ္ပိုင္ျပ႒ာန္းခြင့္ျဖစ္သည္။ ေနာက္ဆက္တြဲမ်ားက ဘ႑ာေရး(ဘတ္ဂ်က္)၊ အခြန္အေကာက္၊ သဘာဝသဃံဇာတ၊ ေျမယာ၊ အျပည္ျပည္ဆိုင္ရာဆက္ဆံေရး၊ ျပည္ထဲေရး၊ ကာကြယ္ေရး စသည္ျဖင့္မနည္းပါ။

ကိုယ္ပိုင္ျပ႒ာန္းခြင့္တြင္ ဗဟိုအစိုးရကဘာေတြ ဘယ္ေလာက္ထိေပးမည္နည္း။ ဘတ္ဂ်က္ကို မည္သို႔ရယူခြဲေဝ သုံးစြဲမည္နည္း။ သဘာဝသဃံဇာတေပါမ်ားေသာ တိုင္းႏွင့္ျပည္နယ္က အဆိုပါသဃံဇာတကို မည္သို႔ေဆာင္႐ြက္ခံစား ႏိုင္ပါမည္နည္း။ ေဒသထြက္ကုန္မ်ားကို ျပည္တြင္းျပည္ပေဈးကြက္သို႔ တိုက္႐ိုက္ျဖန႔္ျဖဴးခြင့္ ျပဳသင့္မျပဳသင့္၊ မိမိေဒသ ဖြဲ႕ၿဖိဳးေရးလုပ္ငန္းမ်ားအတြက္ လိုအပ္ဘတ္ဂ်က္ကို မည္သို႔ရယူေဆာင္႐ြက္ရပါမည္နည္း။ ေဒသဆိုင္ရာအစိုးရတြင္ ႏိုင္ငံတကာဆက္ဆံေရးဝန္ႀကီးဌာန ထားရွိခြင့္ ျပဳသင့္မျပဳသင့္။ ရဲတပ္ဖြဲ႕ႏွင့္တပ္မေတာ္ကို မည္သည့္ပုံစံျဖင့္ ဖြဲ႕စည္း ကြပ္ကဲပါမည္နည္း။ ကိုယ္ပိုင္အေျခခံဥပေဒထားရွိခြင့္ႏွင့္ျပည္နယ္အသစ္ဖြဲ႕စည္းခြင့္မ်ားအေပၚ မည္သို႔သတ္မွတ္ျပ႒ာန္း ပါမည္နည္း။

ျပည္နယ္အခ်င္းခ်င္းျဖစ္ပြားေသာ အမႈကိစၥမ်ားကို မည္သို႔ေျဖရွင္းပါမည္နည္း။ ျပည္နယ္မ်ားကို မည္သို႔အမည္ မ်ား ေပးသင့္ပါသနည္း။ လူမ်ိဳးအမည္ကို အစြဲျပဳမည္ေလာ၊ နယ္ေျမ (သို႔) အျခားအမည္ (သက္ဆိုင္ရာေဒသေန ျပည္သူတို႔ သေဘာတူေသာအမည္) မည္သည္ကို ေ႐ြးခ်ယ္မည္နည္း၊ ႏိုင္ငံေတာ္အမည္ကို မည္သို႔မွည့္ေခၚမည္နည္း။ အေျခခံဥပေဒခုံ႐ုံးကို မည္သို႔ဖြဲ႕စည္းတာဝန္ေပးမည္နည္း။ အမ်ိဳးသားလႊတ္ေတာ္ (လူမ်ိဳးစုလႊတ္ေတာ္)သို႔ မည္သို႔ ေသာ အခ်ိဳးျဖင့္ ေစလႊတ္သင့္သနည္း။ မည္သည့္ဘာသာစကားကို ႐ုံးသုံးဘာသာစကားအျဖစ္ သတ္မွတ္မည္နည္း။ ပညာေရး၊ က်န္းမာေရး၊ ဘာသာေရး၊ ယဥ္ေက်းမႈ၊ စာေပမ်ားကို မည္သို႔စဥ္းစားမည္နည္း။ အေရးႀကီးဆုံးကို ေျပာရပါလွ်င္ “ခြဲမထြက္ရ” ဟူသည့္သေဘာထားကို မည္သည့္စကားလုံးျဖင့္ အမ်ားသေဘာတူျပ႒ာန္းမည္နည္း စသည္စသည္ျဖင့္ စဥ္းစားဖြယ္ရာမ်ားမွာ မ်ားျပားလွေပသည္။

ႏိုင္ငံေရးေခါင္းေဆာင္ေတြ အခ်င္းခ်င္း

၂၀၁၆-ခုႏွစ္၊ ႏိုဝင္ဘာ (၁၆/၁၇) ရက္ေန႔မ်ားကေနျပည္ေတာ္တြင္က်င္းပျပဳလုပ္ေသာ “ဖက္ဒရယ္ဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲ၌ ကေနဒါႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျမန္မာပိုင္းအစီအစဥ္မွ မစၥတာစတီဖန္ဆန္ဒီေဖာ့ဒ္ က “ဖက္ဒရယ္စနစ္ကိုတည္ေဆာက္တဲ့အခါမွာ တည္ေဆာက္မယ့္ႏိုင္ငံရဲ႕ သမိုင္းေၾကာင္းအစဥ္အလာႏွင့္ ပကတိအေန အထားအေပၚမူတည္ၿပီး ကိုယ့္ႏိုင္ငံနဲ႔ကိုက္ညီတဲ့ ဖက္ဒရယ္စနစ္ကို တည္ေဆာက္ၾကရမည္ဆိုတာ အေလးအနက္ေျပာ ၾကားလိုပါတယ္။ ကေနဒါအပါအဝင္ ဖက္ဒရယ္ႏိုင္ငံေတြရဲ႕ ဖက္ဒရယ္စနစ္တည္ေဆာက္ေရးအေတြ႕အႀကဳံအရ အေျမာ္အျမင္ရွိၿပီး ကြၽမ္းက်င္တဲ့ႏိုင္ငံေရးေခါင္းေဆာင္လိုအပ္ပါတယ္။ ႏိုင္ငံေရးေခါင္းေဆာင္ေတြအခ်င္းခ်င္းမွာလည္း ေစ့စပ္ေျပၿငိမ္းႏိုင္ဖို႔ လိုအပ္ပါတယ္။ ေနာက္ၿပီး အားလုံးသေဘာတူတဲ့ ဘုံသေဘာတူညီခ်က္တစ္ခုရွိဖို႔ လိုအပ္တယ္ စတဲ့လိုအပ္ခ်က္ေတြ ရွိပါတယ္။ နားလည္မႈဆိုတဲ့အေျခခံေတြအေပၚ ဖက္ဒရယ္စနစ္တည္ေဆာက္မယ္ဆိုရင္ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးသာမက ႏိုင္ငံေရးတည္ၿငိမ္မႈနဲ႔စီးပြားေရးအရ ခ်မ္းသာႂကြယ္ဝမႈကို ရရွိလာပါလိမ့္ မည္”ဟုေျပာၾကားခဲ့ၾကသည္ကို သတိရမိသည္။

သုံးတတ္လွ်င္ေဆး

ဆိုခဲ့ပါ ဥပမာစိန္ေခၚမႈမ်ားကို ေက်ာ္လႊားႏိုင္ဖို႔ရန္ႏွင့္ ဖက္ဒရယ္စနစ္ခိုင္မာသည္ထက္ခိုင္မာစြာ တိုးတက္႐ုပ္လုံး ေပၚေစဖို႔ဆိုလွ်င္ ေဒသဆိုင္ရာအစိုးရအဖြဲ႕၊ ဥပေဒျပဳအဖြဲ႕၊ တရားစီရင္ေရးအဖြဲ႕မ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရးသမားမ်ား၏အရည္အခ်င္းက ေရွ႕တန္းေရာက္လာေပမည္။ ဖက္ဒရယ္ဇာတ္လမ္းတြင္ပါဝင္သ႐ုပ္ေဆာင္မည့္ ပုဂၢိဳလ္မ်ားအေနျဖင့္ က်ရာဇာတ္႐ုပ္ကို ပီျပင္ႏိုင္နင္းစြာသ႐ုပ္ေဆာင္ႏိုင္ဖို႔က အေရးႀကီးလွပါသည္။ ထိုသို႔ဆိုလွ်င္ ေဒသခံမဲဆႏၵရွင္မ်ားက မိမိေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အရည္အခ်င္းမီကိုယ္စားလွယ္ေလာင္းမ်ားကို ဆႏၵစြဲမပါ ေ႐ြးခ်ယ္ၾကဖို႔ တာဝန္ရွိလာပါသည္။
အႏွစ္ခ်ဳပ္အားျဖင့္ဆိုရပါလွ်င္ ဖက္ဒရယ္စနစ္သည္ လိုတရေဆးတစ္ပါးမဟုတ္ေသာ္ျငား “သုံးတတ္လွ်င္ေဆး” ေၾကာင္း . . . ။

ေမာင္ခိုင္မာ (အထက္မင္းလွ)

 

Unicode

စာရေးသူ၏နိုင်ငံသည် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်သစ်ဆီသို့ ချီတက်ရန်တာစူနေသည့်နိုင်ငံဖြစ်သည်။ “ဖက်ဒရယ်” ဟူသောစကားလုံးကို ယခင်က ထမင်းလုံးတစ္ဆေခြောက်ခဲ့ကြသော်လည်း ယခုတော့ဖြင့် နှုတ်သွက်၊ လျှာသွက်၊ ခံတွင်းတွေ့စွာ ပြောဆိုနေကြပြီဖြစ်သည်။

ကောင်း၊ ဆိုး နှစ်တန်

အရာခပ်သိမ်းတွင် ကောင်းဆိုးနှစ်တန်ရှိနေပြန်ရာ ဖက်ဒရယ်ကလည်းဘာသားနှင့်ထုထားပါသနည်း။ ဘေးထွက်ဆိုးကျိုး အနည်းနှင့်အများတော့ရှိပေမပေါ့။ ဖက်ဒရယ်ဆိုသည်ကို မျှော်မှန်းအတွေးဖြင့် စိတ်ကူးယဉ်နေကြရ သော်လည်း အပြောလွယ်သလောက်တော့ အလုပ်ကလွယ်ကူမည်မထင်ပါ။ ဖက်ဒရယ်သည် ဆေးတောင်ဝှေး မဟုတ်ပါ။ လောကနိဗ္ဗာန် မဟုတ်ပါ။ ဖက်ဒရယ်ရရင် “အားလုံးအိုကေ” ဟုတော့ မထင်ပါနှင့်။

ဖက်ဒရယ်အိမ်မက်ကို အကောင်အထည်ဖော်ရာတွင် တာဝန်ရှိသူများသာမက ကျွနု်ပ်တို့ပြည်သူများမှာလည်း တာဝန်ရှိသည်ဟု ဆိုပါရစေ။ မဝေးတော့သောကာလဝယ် ဖက်ဒရယ်ဟူသောအရသာကို ရာခိုင်နှုန်းတော်တော်များများ ပြည်သူတို့ခံစားရရှိနိုင်ဖို့ရန် ဖက်ဒရယ်ဆိုင်ရာတို့ကို ကြိုတင်လေ့လာ သိရှိ၊ ပြင်ဆင်သင့်ကြောင်းကိုလည်း အကြံပြု လိုပါသည်။ ၂၀၁၆-ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့မှ (၁၇)ရက်နေ့အထိ နေပြည်တော်ရှိ “Royal President Hotel”၌ ကျင်းပခဲ့သော “ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”တွင် The Euro-Burma Office (EBO) Myanmar မှ Executive Director ဦးဟန်ယောင်းဝေက “လူတိုင်းက ဖက်ဒရယ်ကိုလိုလားပေမယ့် ဖက်ဒရယ်ဆိုတာဘာလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြဘူး၊ အချို့သူတွေရဲ့ ထင်မြင်တာတွေဟာ တလွဲစီဖြစ်နေတယ်ဆိုတာ တွေ့ရတယ်” ဟု ဆိုဖူးပါသည်။

“ဖက်ဒရယ်”ကို နိုင်ငံရေးသဘောတရားတစ်ခုအဖြစ် ကျင့်သုံးကြသောအခါ “နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားအသိအမှတ်ပြုခြင်းကို အခြေခံ၍ နိုင်ငံတော်တစ်ခုကို အတူတကွ ပူးပေါင်းထူထောင်ကြခြင်းနှင့် ၎င်းနိုင်ငံတော် ၏အာဏာကို အဆင့်ဆင့်ခွဲဝေကျင့်သုံးခြင်း” ဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ပြည်ထောင်စု (Federal) စနစ်ကို-

(၁) သီအိုရီအရပြည်ထောင်စု

(၂) သဏ္ဍာန်ဆောင်ပြည်ထောင်စု (Quasi Federal)

(3) ပြည်ထောင်စုစစ်စစ် (True Federal)

(၄) တစ်ပြည်ထောင်ဆန်သော ပြည်ထောင်စု

(၅) ပြည်နယ်များက အခွင့်အရေးသာလွန်သည့်ပြည်ထောင်စု (Highly Federalised State) နှင့်

(၆) ပြည်နယ်များက အခွင့်အရေးနည်းပါးသည့်ပြည်ထောင်စု (Highly Centralized State) ဟူ၍ခွဲခြားလေ့ လာကြပါသည်။ သို့သော် ခေတ်စနစ်အတွေ့အကြုံများအရ ကမ္ဘာ့နိုင်ငံအသီးသီးက “မတူကွဲပြားသော လူ့အဖွဲ့အစည်း များအကြား ပဋိပက္ခများကိုအဖြေရှာနိုင်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အလွန်တစ်ရာအကျိုးပြုသည့် စနစ်တစ်ရပ်” အဖြစ် နားလည်လက်ခံလာကြပြီဖြစ်ကြောင်း ပညာရှင်များက ဆိုပါသည်။

ဖက်ဒရယ်စနစ်နှင့်မြန်မာနိုင်ငံ

မြန်မာနိုင်ငံသည် ဖက်ဒရယ်စနစ်နှင့်မစိမ်းပါ။ “မြန်မာ့ဖက်ဒရယ်အစ ၁၉၄၇ ပင်လုံစာချုပ်က” ဟူ၍ပင် ဆိုနိုင်ပါ သည်။ သို့သော် မြန်မာ့ဖက်ဒရယ်သည် ရှင်ကြီးဝမ်း၊ ရှင်ငယ်ဝမ်းတို့ကို ဝင်ရောက်ဖြတ်သန်းပြီး အောင်မြင်မှုနှင့် အလှမ်း ဝေးနေခဲ့သည်။ သမိုင်းကြောင်းကို ငဲ့စောင်းကြည့်သောအခါ ဖက်ဒရယ်စနစ်သည် မြန်မာနိုင်ငံအနားသို့ ရောက်လာ လိုက်၊ ပြန်ခွာလိုက်နှင့်ဖြစ်နေသည့် အခြေအနေမှ ယခုအခါ ပြန်လည်တာစူနေသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

ဘယ်တော့လဲ

ဖက်ဒရယ်နိုင်ငံတော်သစ်ဆီသို့ ချီတက်ရာလမ်းကြောင်းတူခင်းကျင်းကြရာ၌ အဓိကမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်သည်။ ပြင်ဆင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖက်ဒရယ်ဆိုင်ရာအချက်အလက်များကို စေ့ငှသေချာ စွာ ထည့်သွင်းပြဋ္ဌာန်းရမည်ဖြစ်သည်။ ပြင်ဆင်ရေးဆိုင်ရာအချက်အလက်ရှာဖွေရေးကို ၂၁-ရာစု ပင်လုံညီလာခံမှ ဘုံသဘောတူညီချက်များ ရယူခြင်းဖြင့်လည်းကောင်း၊ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီနည်းလမ်းဖြင့် လည်းကောင်း ဆောင်ရွက်နေသည်ဟုထင်၏ မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ရရှိလာသည့် အခြေခံ ဥပဒေမူကြမ်းကို ပြည်သူသို့ချပြကာ ပြည်လုံးကျွတ်ဆန္ဒမဲခံယူပွဲဖြင့် အတည်ပြုမည်ဟု ယူဆသည်။ ဤအစီအစဉ်တိုင်း ဆိုလျှင် ၂၀၁၉-ခုနှစ်ကလည်းကုန်တော့မည်ဖြစ်၍၂၀၂၀ရွေးကောက်ပွဲအမီ အခြေခံဥပဒေအသစ်ထွက်ပေါ်လာမည် လား စဉ်းစားဖွယ်ဖြစ်၏။ လက်ရှိအစိုးရ “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးမူဝါဒ” (လမ်းပြမြေပုံ) အမှတ်စဉ် (၅)တွင် “ပြည်ထောင်စုသဘောတူညီချက်”နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသား ခြင်း၊ အတည်ပြုခြင်း ဟူ၍ လုပ်ငန်းစဉ်အတိအကျ ချမှတ်ကာ ကမ္ဘာသိကြေညာထားသည် မဟုတ်ပါလား။

ဘာတွေလေ့လာသိရှိကြဖို့လိုသနည်း

ဖက်ဒရယ်၏အဓိကအသက်သွေးကြောမှာ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်သည်။ နောက်ဆက်တွဲများက ဘဏ္ဍာရေး(ဘတ်ဂျက်)၊ အခွန်အကောက်၊ သဘာဝသဃံဇာတ၊ မြေယာ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေး စသည်ဖြင့်မနည်းပါ။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွင် ဗဟိုအစိုးရကဘာတွေ ဘယ်လောက်ထိပေးမည်နည်း။ ဘတ်ဂျက်ကို မည်သို့ရယူခွဲဝေ သုံးစွဲမည်နည်း။ သဘာဝသဃံဇာတပေါများသော တိုင်းနှင့်ပြည်နယ်က အဆိုပါသဃံဇာတကို မည်သို့ဆောင်ရွက်ခံစား နိုင်ပါမည်နည်း။ ဒေသထွက်ကုန်များကို ပြည်တွင်းပြည်ပဈေးကွက်သို့ တိုက်ရိုက်ဖြန့်ဖြူးခွင့် ပြုသင့်မပြုသင့်၊ မိမိဒေသ ဖွဲ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ဘတ်ဂျက်ကို မည်သို့ရယူဆောင်ရွက်ရပါမည်နည်း။ ဒေသဆိုင်ရာအစိုးရတွင် နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာန ထားရှိခွင့် ပြုသင့်မပြုသင့်။ ရဲတပ်ဖွဲ့နှင့်တပ်မတော်ကို မည်သည့်ပုံစံဖြင့် ဖွဲ့စည်း ကွပ်ကဲပါမည်နည်း။ ကိုယ်ပိုင်အခြေခံဥပဒေထားရှိခွင့်နှင့်ပြည်နယ်အသစ်ဖွဲ့စည်းခွင့်များအပေါ် မည်သို့သတ်မှတ်ပြဋ္ဌာန်း ပါမည်နည်း။

ပြည်နယ်အချင်းချင်းဖြစ်ပွားသော အမှုကိစ္စများကို မည်သို့ဖြေရှင်းပါမည်နည်း။ ပြည်နယ်များကို မည်သို့အမည် များ ပေးသင့်ပါသနည်း။ လူမျိုးအမည်ကို အစွဲပြုမည်လော၊ နယ်မြေ (သို့) အခြားအမည် (သက်ဆိုင်ရာဒေသနေ ပြည်သူတို့ သဘောတူသောအမည်) မည်သည်ကို ရွေးချယ်မည်နည်း၊ နိုင်ငံတော်အမည်ကို မည်သို့မှည့်ခေါ်မည်နည်း။ အခြေခံဥပဒေခုံရုံးကို မည်သို့ဖွဲ့စည်းတာဝန်ပေးမည်နည်း။ အမျိုးသားလွှတ်တော် (လူမျိုးစုလွှတ်တော်)သို့ မည်သို့ သော အချိုးဖြင့် စေလွှတ်သင့်သနည်း။ မည်သည့်ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်မည်နည်း။ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ စာပေများကို မည်သို့စဉ်းစားမည်နည်း။ အရေးကြီးဆုံးကို ပြောရပါလျှင် “ခွဲမထွက်ရ” ဟူသည့်သဘောထားကို မည်သည့်စကားလုံးဖြင့် အများသဘောတူပြဋ္ဌာန်းမည်နည်း စသည်စသည်ဖြင့် စဉ်းစားဖွယ်ရာများမှာ များပြားလှပေသည်။

နိုင်ငံရေးခေါင်းဆောင်တွေ အချင်းချင်း

၂၀၁၆-ခုနှစ်၊ နိုဝင်ဘာ (၁၆/၁၇) ရက်နေ့များကနေပြည်တော်တွင်ကျင်းပပြုလုပ်သော “ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာပိုင်းအစီအစဉ်မှ မစ္စတာစတီဖန်ဆန်ဒီဖော့ဒ် က “ဖက်ဒရယ်စနစ်ကိုတည်ဆောက်တဲ့အခါမှာ တည်ဆောက်မယ့်နိုင်ငံရဲ့ သမိုင်းကြောင်းအစဉ်အလာနှင့် ပကတိအနေ အထားအပေါ်မူတည်ပြီး ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ကြရမည်ဆိုတာ အလေးအနက်ပြော ကြားလိုပါတယ်။ ကနေဒါအပါအဝင် ဖက်ဒရယ်နိုင်ငံတွေရဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးအတွေ့အကြုံအရ အမြော်အမြင်ရှိပြီး ကျွမ်းကျင်တဲ့နိုင်ငံရေးခေါင်းဆောင်လိုအပ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေအချင်းချင်းမှာလည်း စေ့စပ်ပြေငြိမ်းနိုင်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး အားလုံးသဘောတူတဲ့ ဘုံသဘောတူညီချက်တစ်ခုရှိဖို့ လိုအပ်တယ် စတဲ့လိုအပ်ချက်တွေ ရှိပါတယ်။ နားလည်မှုဆိုတဲ့အခြေခံတွေအပေါ် ဖက်ဒရယ်စနစ်တည်ဆောက်မယ်ဆိုရင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးသာမက နိုင်ငံရေးတည်ငြိမ်မှုနဲ့စီးပွားရေးအရ ချမ်းသာကြွယ်ဝမှုကို ရရှိလာပါလိမ့် မည်”ဟုပြောကြားခဲ့ကြသည်ကို သတိရမိသည်။

သုံးတတ်လျှင်ဆေး

ဆိုခဲ့ပါ ဥပမာစိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ရန်နှင့် ဖက်ဒရယ်စနစ်ခိုင်မာသည်ထက်ခိုင်မာစွာ တိုးတက်ရုပ်လုံး ပေါ်စေဖို့ဆိုလျှင် ဒေသဆိုင်ရာအစိုးရအဖွဲ့၊ ဥပဒေပြုအဖွဲ့၊ တရားစီရင်ရေးအဖွဲ့များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများ၏အရည်အချင်းက ရှေ့တန်းရောက်လာပေမည်။ ဖက်ဒရယ်ဇာတ်လမ်းတွင်ပါဝင်သရုပ်ဆောင်မည့် ပုဂ္ဂိုလ်များအနေဖြင့် ကျရာဇာတ်ရုပ်ကို ပီပြင်နိုင်နင်းစွာသရုပ်ဆောင်နိုင်ဖို့က အရေးကြီးလှပါသည်။ ထိုသို့ဆိုလျှင် ဒေသခံမဲဆန္ဒရှင်များက မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းမီကိုယ်စားလှယ်လောင်းများကို ဆန္ဒစွဲမပါ ရွေးချယ်ကြဖို့ တာဝန်ရှိလာပါသည်။
အနှစ်ချုပ်အားဖြင့်ဆိုရပါလျှင် ဖက်ဒရယ်စနစ်သည် လိုတရဆေးတစ်ပါးမဟုတ်သော်ငြား “သုံးတတ်လျှင်ဆေး” ကြောင်း . . . ။

မောင်ခိုင်မာ (အထက်မင်းလှ)