• Today is: Monday, August 2, 2021

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုခရီး

Federal Journal
June16/ 2021

Zawgyi

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) ၊ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၊ အျခား အသင္းအဖြဲ႕အသီးသီးနဲ႔ ေခါင္းေဆာင္မ်ားက ဦးေဆာင္ၿပီး ေရးဆြဲျပ႒ာန္းလိုက္တဲ့ ]ဖက္ဒရယ္ဒီမိုကေရစီပဋိညာဥ္}မွာ အစိတ္အပိုင္း (၁) နဲ႔ အစိတ္အပိုင္း (၂)ဆိုၿပီး အစိတ္အပိုင္းႏွစ္ခု ပါဝင္ပါတယ္။
ပဋိညာဥ္ရဲ႕ အစိတ္အပိုင္း(၁)ထဲမွာ အခန္းငါးခန္း ပါဝင္တယ္။ အဲဒါေတြကေတာ့ အခန္း (၁) ဦးခ်က္တည္၊ ရည္႐ြယ္ခ်က္၊ အခန္း (၂) ပဋိညာဥ္တြင္ပါဝင္သည့္ အဖြဲ႕အစည္းမ်ား၊ အခန္း (၃) အေကာင္အထည္ေဖာ္မည့္ လုပ္ငန္းစဥ္ (သို႔မဟုတ္) ႏိုင္ငံေရးလမ္းျပေျမပုံ၊ အခန္း (၄) ဖက္ဒရယ္ ျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒ ေရးဆြဲျခင္းနဲ႔ အခန္း (၅) ဝန္ခံကတိျပဳခ်က္တို႔ ျဖစ္ပါတယ္။
ဒီအစိတ္အပိုင္း (၁)ထဲမွာ အခန္း (၈)ခန္း ပါဝင္ တယ္။ အဲဒါေတြက (၁) ၾကားကာလ ဖြဲ႕စည္းပုံအေျခခံ ဥေပဒဆိုင္ရာ အစီအမံ၏ ရည္႐ြယ္ခ်က္၊ (၂) ၾကား ကာလဥပေဒျပဳေရး၊ (၃) ၾကားကာလအုပ္ခ်ဳပ္ေရး၊ (၄) အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ လုပ္ငန္းတာဝန္ မ်ား၊ (၅) အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ ဖြဲ႕စည္းပုံႏွင့္ တာဝန္မ်ား၊ (၆) ၾကားကာလ တရားစီရင္ေရး၊ (၇) အေထြေထြျပ႒ာန္းခ်က္မ်ားနဲ႔ (၈) ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ေရးဆိုင္ရာ ကတိျပဳခ်က္မ်ားဆိုတာေတြ ျဖစ္ပါတယ္။
ပဋိညာဥ္ရဲ႕ ဒီအစိတ္အပိုင္းႏွစ္ခုမွာ အစိတ္ အပိုင္း (၁)က အနာဂတ္မွာ ေပၚထြန္းလာမယ့္ ဖက္ ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုအတြက္ ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒ တစ္ရပ္ ေရးဆြဲရာမွာ က်င္းသုံးမယ့္ အေျခခံမူေတြကို ျပဆိုထားတာျဖစ္ၿပီး အစိတ္အပိုင္း (၂)ကေတာ့ စစ္ အာဏာရွင္စနစ္ကို အျမစ္ျဖတ္ရွင္းလင္းၿပီး ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒ တစ္ ရပ္ကို ဦးေဆာင္ေရးဆြဲမယ့္ ၾကားကာလအစိုးရ ျဖစ္တဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရက လိုက္နာက်င့္ သုံး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရမယ့္ လုပ္ငန္း တာဝန္မ်ားကို ခ်မွတ္ျပ႒ာန္းထားတာ ျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။
ပဋိညာဥ္ရဲ႕ အစိတ္အပိုင္း(၁)ထဲက အဓိက အခန္းတစ္ခန္းျဖစ္တဲ့ အခန္း(၄)ထဲမွာ အပိုင္း(၁) ျပည္ေထာင္စုေမွ်ာ္ရည္ခ်က္ႏွင့္ စံတန္ဖိုး၊ အပိုင္း(၂) ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ေရး ဆိုင္ရာ လမ္းၫႊန္အေျခခံမူမ်ားနဲ႔ အပိုင္း(၃) ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ေရးဆိုင္ရာ အေျခခံမူဝါဒမ်ားဆိုၿပီး အပိုင္းသုံးပိုင္း ပါဝင္တာကို ေတြ႕ရပါတယ္။
“ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ဖြဲ႕စည္းပုံ အေျခခံဥပေဒ ေရးဆြဲျခင္း”ဆိုတဲ့ အဲဒီအခန္း(၄)ထဲ မွာ ပါဝင္တဲ့ အပိုင္း(၁)ကိုလည္း ျပည္ေထာင္စုေမွ်ာ္ ရည္ခ်က္ႏွင့္ စံတန္ဖိုးဆိုၿပီး ႏွစ္ခ်က္ထပ္ခြဲထားပါ တယ္။
အဲဒီအခ်က္ႏွစ္ခ်က္ထဲက ပထမအခ်က္ျဖစ္တဲ့ “ျပည္ေထာင္စုေမွ်ာ္ရည္ခ်က္”ဆိုတာကို “လြတ္လပ္မႈ၊ တရားမွ်တမႈ၊ တန္းတူညီမွ်မႈကို အာမခံၿပီး ၿငိမ္းခ်မ္း သည့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ မည္”လို႔ ဖြင့္ဆိုျပထားပါတယ္။ ဒီဖြင့္ဆိုခ်က္ဟာ ေတာ္ေတာ္ အေရးႀကီးပါတယ္။
ဒီဖြင့္ဆိုခ်က္အရဆိုရင္ အနာဂတ္မွာ ေပၚေပါက္ လာမယ့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုဆိုတာက (၁) လြတ္လပ္မႈ (Freedom) ၊ (၂) တရားမွ်တမႈ (Justice) နဲ႔ (၃) တန္းတူညီမွ်မႈ (Equality) ဆိုတဲ့ ေလာကပါလတရား သုံးပါးကို အာမခံထားတာ ေတြ႕ ရပါတယ္။
ဒီလို အာမခံေပးထားတဲ့အတြက္ ႏိုင္ငံအတြင္း ထဲမွာ အတူတကြေနထိုင္ၾကတဲ့ အသိုက္အဝန္းနဲ႔ အစု အဖြဲ႕ (Community and group) ေတြကေန ႏိုင္ငံ သားတစ္ဦးခ်င္းစီ (Individuals) အထိ လြတ္လပ္ ျခင္း၊ တရားမွ်တျခင္းနဲ႔ တန္းတူညီမွ်ျခင္းေတြကို ခံစား ၾကရေတာ့မယ္လို႔ ေမွ်ာ္လင့္ယူဆႏိုင္ပါတယ္။
အမွန္ေတာ့ ကမာၻေပၚမွာရွိတဲ့ ဒီမိုကေရစီဖြဲ႕စည္း ပုံအေျခခံဥပေဒ မွန္သမွ်မွာ ဒီေလာကပါလတရား သုံးပါးကို အာမခံထားတတ္ၾကတာ ျဖစ္ပါတယ္။
အဲဒါေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္း အုပ္ခ်ဳပ္ပုံအေျခခံဥပေဒထဲက ဥပေဒနိဒါန္းထဲမွာ လည္း “တရားမွ်တျခင္း၊ လြတ္လပ္ျခင္း၊ ညီမွ်ျခင္း တည္းဟူေသာ ေလာကပါလတရားမ်ားကို အေျချပဳ ကာ၊ လူသတၱဝါခပ္သိမ္းတို႔၏ ၿငိမ္းခ်မ္းသာယာေရးကို ခိုင္ၿမဲတည္တံ့ေအာင္ ထိန္းသိမ္းရန္ သႏၷိ႒ာန္ခ်၍ လည္းေကာင္း”လို႔ ျပဆိုထားတာကို ေတြ႕ရတာျဖစ္ပါ တယ္။
ဒီမိုကေရစီအေယာင္ျပ စစ္တစ္ပိုင္းအုပ္ခ်ဳပ္ေရး ကို ေရးဆြဲျပ႒ာန္းထားတဲ့ ၂၀ဝ၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒရဲ႕ နိဒါန္းမွာေတာင္ “ႏိုင္ငံေတာ္၌ တရားမွ်တ ျခင္း၊ လြတ္လပ္ျခင္းႏွင့္ ညီမွ်ျခင္းတည္းဟူေသာ ေလာကပါလတရားမ်ား ထြန္းကားေစလ်က္ တိုင္းရင္း သားျပည္သူအမ်ား ၿငိမ္းခ်မ္းသာယာဝေျပာေရးကို တည္တံ့ခိုင္ၿမဲေအာင္ စဥ္ဆက္မျပတ္ ေဆာင္႐ြက္ထိန္း သိမ္းသြားၾကမည္ဟု သႏၷိ႒ာန္ခ်မွတ္၍လည္းေကာင္း” လို႔ ေဖာ္ျပထားတာကို ေတြ႕ရႏိုင္ပါတယ္။
ပဋိညာဥ္ရဲ႕ အခန္း(၄)၊ အပိုင္း(၁)ထဲက ဒုတိယ အခ်က္ျဖစ္တဲ့ ျပည္ေထာင္စုစံတန္ဖိုးေတြထဲမွာ (၁) ဒီမိုကေရစီအခြင့္အေရး၊ ဂ်ဲန္ဒါတန္းတူေရးႏွင့္ အေျခခံ လူ႔အခြင့္အေရးမ်ား၊ (၂) တန္းတူေရးႏွင့္ ကိုယ္ပိုင္ ျပ႒ာန္းခြင့္၊ (၃) စုေပါင္းေခါင္းေဆာင္ျခင္း၊ (၄) စုံလင္ ကြဲျပားမႈကို လက္ခံျခင္း၊ သဟဇာတျဖစ္ျခင္း၊ ညီၫြတ္ ျခင္းႏွင့္ ခြဲျခားဆက္ဆံမႈမရွိျခင္း၊ (၅) လူနည္းစုအခြင့္ အေရးကို ကာကြယ္ျခင္းေတြ ပါဝင္ပါတယ္။
ဒီပဋိညာဥ္ထဲက အခန္း(၄)ရဲ႕ အပိုင္း(၂)ထဲမွာ ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ ေရးဆိုင္ရာ လမ္းၫႊန္အေျခခံမူမ်ား အခ်က္ငါးခ်က္ ပါဝင္ပါတယ္။ အဲဒါေတြကေတာ့ –
၁။ ျပည္ေထာင္စုအဖြဲ႕ဝင္ ျပည္နယ္မ်ားႏွင့္ ယင္းျပည္နယ္မ်ားအတြင္းရွိ ျပည္သူတို႔ သည္ အခ်ဳပ္အျခာအာဏာ၏ မူရင္းပိုင္ရွင္ မ်ားျဖစ္သည္။
၂။ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို တန္း တူေရးႏွင့္ကိုယ္ပိုင္ျပ႒ာန္းခြင့္ အျပည့္အဝ ရွိေသာ ျပည္ေထာင္စုအဖြဲ႕ဝင္ျပည္နယ္မ်ား ျဖင့္ ဖြဲ႕စည္းသည္။ ျပည္ေထာင္စုအဖြဲ႕ဝင္ (ျပည္နယ္မ်ားအားလုံး၊ ဖက္ဒရယ္ယူနစ္ အားလုံး)တို႔သည္ ႏိုင္ငံေရးအရ တန္းတူ သည္။
၃။ ျပည္ေထာင္စုအဖြဲ႕ဝင္ ျပည္နယ္မ်ားသည္ သက္ဆိုင္ရာျပည္နယ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို ေရးဆြဲျပ႒ာန္းခြင့္ရွိသည္။
၄။ အာဏာခြဲေဝမႈ (Power Sharing) ၊ သယံ ဇာတခြဲေဝမႈ (Resource Sharing) ၊ အခြန္ ဘ႑ာခြဲေဝမႈ (Revenue Sharing) ႏွင့္ ဖက္ဒရယ္ဘ႑ာေရးစနစ္ (Fiscal Federalism) တို႔ကို က်င့္သုံးသည္။ ထိုသို႔ ခြဲေဝ ရာတြင္ ျပည္သူလူထုႏွင့္ အနီးကပ္ဆုံး အစိုးရအဆင့္က လုပ္ေဆာင္ႏိုင္သည္အထိ လုပ္ပိုင္ခြင့္ျပဳေသာစနစ္ (Subsidiarity Principle) ကို က်င့္သုံးသည္။
၅။ ဖက္ဒရယ္ျပည္ေထာင္စု လုံၿခဳံေရးႏွင့္ ကာ ကြယ္ေရးဆိုင္ရာ တပ္ဖြဲ႕မ်ားအားလုံးသည္ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ ေျမႇာက္ထားေသာ အရပ္သားအစိုးရ၏ ကြပ္ ကဲမႈႏွင့္ စီမံအုပ္ခ်ဳပ္မႈေအာက္တြင္ ရွိရမည္။ လူသားလုံၿခဳံေရးကို အေျခခံသည့္ မူဝါဒ က်င့္သုံးရမည္။
ဆိုတာေတြ ျဖစ္ပါတယ္။
ဒီပဋိညာဥ္ထဲက အခန္း(၄)ရဲ႕ အပိုင္း(၃)က “ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ေရး ဆိုင္ရာ အေျခခံမူဝါဒမ်ား”ဆိုတာ ျဖစ္ပါတယ္။
ဒီအခန္း(၄)ထဲက အပိုင္း(၃)ဟာလည္း အနာ ဂတ္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို တည္ ေဆာက္ရာမွာ အေရးအႀကီးဆုံးအပိုင္း ျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။
ဒီအပိုင္း(၃)ရဲ႕ အဲဒီ]ဖက္ဒရယ္ဒီမိုကေရစီျပည္ ေထာင္စု တည္ေဆာက္ေရးဆိုင္ရာ အေျခခံမူဝါဒမ်ား ကို ျပဆိုရာမွာ ျပည္ေထာင္စု၏ အသြင္သဏၭာန္၊ ျပည္ ေထာင္စုအာဏာ စတဲ့ က႑အလိုက္ အပိုဒ္(၁)ကေန အပိုဒ္(၃၇)အထိ အပိုဒ္ေပါင္း (၃၇)ပိုဒ္ ပါဝင္ပါတယ္။
အဲဒီအပိုဒ္ေပါင္း (၃၇)ပိုဒ္ထဲမွာ ျပည္ေထာင္စု ၏ အသြင္သဏၭာန္ဆိုတဲ့က႑ကို အပိုဒ္(၁)ကေန အပိုဒ္(၃)အထိ အပိုဒ္(၃)ပိုဒ္နဲ႔ ျပဆိုထားတယ္။ အဲဒါ ေတြက –
၁။ ဒီမိုကေရစီအခြင့္အေရးမ်ား အျပည့္အဝ က်င့္သုံးေသာ၊ တန္းတူေရးႏွင့္ ကိုယ္ပိုင္ ျပ႒ာန္းခြင့္အျပည့္အဝရွိေသာ ဖက္ဒရယ္ ျပည္ေထာင္စုအဂၤါရပ္မ်ားႏွင့္ ျပည့္စုံေသာ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို တည္ေဆာက္မည္။
၂။ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို ဒီမို ကေရစီေရး၊ တန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္း ခြင့္ အျပည့္အဝရွိေသာ ျပည္ေထာင္စုအဖြဲ႕ ဝင္ျပည္နယ္မ်ားျဖင့္ ဖြဲ႕စည္းသည္။
၃။ ျပည္ေထာင္စုအဖြဲ႕ဝင္ ျပည္နယ္တိုင္းတြင္ သီးျခားဥပေဒျပဳေရးအာဏာ၊ သီးျခားအုပ္ ခ်ဳပ္ေရးအာဏာႏွင့္ သီးျခားတရားစီရင္ေရး အာဏာတို႔ ရွိသည္။
ဆိုတာေတြျဖစ္ပါတယ္။
ဒီအပိုဒ္(၃၇)ပိုဒ္ထဲမွာ ျပည္ေထာင္စုအာဏာဆို တဲ့ က႑ကိုလည္း အပိုဒ္သုံးပိုဒ္နဲ႔ ျပဆိုထားပါတယ္။ အဲဒါေတြက –
၄။ ျပည္ေထာင္စုအဖြဲ႕ဝင္ျပည္နယ္မ်ားႏွင့္ ယင္းျပည္နယ္မ်ားရွိ ျပည္သူလူထုသည္ အခ်ဳပ္အျခာအာဏာ၏ မူရင္းပိုင္ရွင္မ်ား ျဖစ္ၾကသည္။
၅။ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု အခ်ဳပ္ အျခာအာဏာ၏ မ႑ိဳင္ (၃)ရပ္ျဖစ္သည့္ ဥပေဒ ျပဳေရးအာဏာ၊ အုပ္ခ်ဳပ္ေရးအာဏာႏွင့္ တရား စီရင္ေရး အာဏာ တို႔ကို လြတ္လပ္စြာ ပိုင္း ျခား က်င့္သုံးျခင္းႏွင့္ အျပန္အလွန္ ထိန္း ေက်ာင္းျခင္း ရွိေစရမည္။
၆။ ျပည္ေထာင္စုအာဏာ၊ ျပည္နယ္ အာဏာႏွင့္ ထပ္တူျပဳအာဏာမ်ားကို သတ္မွတ္ ျပ႒ာန္းရမည္။ ဖက္ဒရယ္ျပည္ေထာင္စု အဖြဲ႕ဝင္ ျပည္ နယ္မ်ားအားလုံး၏ ဘုံအက်ိဳး စီးပြား အတြက္ က်င့္သုံးရန္ လိုအပ္ေသာ အခြင့္ အာဏာမ်ားကိုသာ ျပည္ေထာင္စုသို႔ အပ္ ႏွင္းသည္။ ျပည္ေထာင္စုအာဏာ၊ ျပည္ နယ္အာဏာႏွင့္ ထပ္တူျပဳအာဏာမ်ားတြင္ ထည့္သြင္းေဖာ္ျပထားျခင္းမရွိသည့္ ႂကြင္း က်န္ေနသည့္ အာဏာမ်ားသည္ ျပည္ ေထာင္စုအဖြဲ႕ဝင္ျပည္နယ္မ်ားတြင္ တည္ရွိ သည္။
ဆိုတာေတြ ျဖစ္ပါတယ္။
အထက္မွာေဖာ္ျပခဲ့တဲ့ ပဋိညာဥ္ပါ အပိုဒ္ေပါင္း (၃၇)ပိုဒ္ထဲက အပိုဒ္ေျခာက္ပိုဒ္ကို ေလ့လာၾကည့္တာ နဲ႔တင္ ဖက္ဒရယ္ျပည္ေထာင္စုတစ္ခု တည္ေထာင္ဖို႔ ရာ လုံေလာက္တာထက္ကို ပိုတယ္လို႔ ေျပာလို႔ရေန ပါၿပီ။ အေၾကာင္းကေတာ့ ျပည္ေထာင္စုအာဏာကို ျပဆိုတဲ့ အပိုဒ္သုံးပိုဒ္ထဲက နံပါတ္(၆)အပိုဒ္ထဲမွာ “ျပည္ေထာင္စုအာဏာ၊ ျပည္နယ္အာဏာႏွင့္ ထပ္တူ ျပဳအာဏာမ်ားတြင္ ထည့္သြင္းေဖာ္ျပထားျခင္း မရွိ သည့္ ႂကြင္းက်န္ေနသည့္ အာဏာမ်ားသည္ ျပည္ ေထာင္စုအဖြဲ႕ဝင္ျပည္နယ္မ်ားတြင္ တည္ရွိသည္”လို႔ ေဖာ္ျပထားလို႔ ျဖစ္ပါတယ္။
ဒီေနရာမွာ “လုံေလာက္တာထက္ကို ပိုတယ္” လို႔ သုံးႏႈန္းေျပာဆိုရတာက “ထည့္သြင္း ေဖာ္ျပ ထားျခင္းမရွိသည့္ ႂကြင္းက်န္ေနသည့္ အာဏာမ်ား သည္ ျပည္ေထာင္စုအဖြဲ႕ဝင္ျပည္နယ္မ်ားတြင္ တည္ရွိသည္” လို႔ သတ္မွတ္ျပ႒ာန္း ထားလို႔ ျဖစ္ပါတယ္။ “ႂကြင္းက်န္ေန သည့္ အာဏာမ်ား”ဆိုတာဘာေတြ လဲလို႔ ေမးခြန္း ထုတ္ရပါမယ္။ အဲဒါ ဆိုရင္ ေနာက္ထပ္ အာဏာေတြ ပို ထြက္လာစရာ ရွိပါတယ္။ ဒါေတြက လုံေလာက္တာ ထက္ကိုပိုေနတဲ့ အာဏာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါကို အစြဲျပဳၿပီး ေျပာဆိုရမယ္ဆိုရင္ ျပည္နယ္ေတြဟာ “အာဏာအပိုေတြ ကိလည္း ရရွိထားပါတယ္”လို႔ ေျပာႏိုင္ပါလိမ့္မယ္။
တစ္နည္းအားျဖင့္ အဲဒီလို “ထည့္သြင္း ေဖာ္ျပထားျခင္းမရွိသည့္ ျြကင္းက်န္ေနသည့္ အာဏာမ်ား သည္ ျပည္ေထာင္စုအဖြဲ႕ဝင္ ျပည္ နယ္မ်ားတြင္ တည္ရွိသည္”လို႔ သတ္ မွတ္ျပ႒ာန္းလိုက္တဲ့အတြက္ ၿပီး ျပည့္စုံသြားတယ္လို႔လည္း ေျပာႏိုင္မယ္ထင္ပါတယ္။
အေၾကာင္းကေတာ့ ျပည္ ေထာင္စုအာဏာ အတိအက် သတ္ မွတ္ထားရၿပီး ျပည္နယ္အာဏာေတြ ကေတာ့ အတိအက် သတ္မွတ္ထားလို႔ မျဖစ္ႏိုင္တာ ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
ဥပမာ ႏိုင္ငံျခားေရး၊ ကာကြယ္ေရး၊ ေငြေရး ေၾကးေရးေတြလို တိတိက်က် သတ္မွတ္ထားရတဲ့ အာဏာေတြက ျပည္ေထာင္စုအာဏာထဲမွာ ထည့္သြင္း ထားရတတ္ၿပီး က်န္တဲ့အာဏာေတြကိုေတာ့ ျပည္နယ္ အာဏာထဲမွာ ထည့္သြင္းၾကရတတ္လို႔လည္း ျဖစ္ပါ တယ္။
ေနာက္တစ္ခုက ျပည္နယ္အာဏာဆိုတာေတြက သက္ဆိုင္ရာျပည္နယ္ေတြရဲ႕ လူမႈေရး၊ စီးပြားေရး၊ ႏိုင္ငံေရးဆိုတာေတြကလည္း “တစ္ေက်ာင္း၊ တစ္ ဂါထာ၊ တစ္႐ြာ တစ္ပုဒ္ဆန္း”ဆိုသလို တစ္ျပည္နယ္နဲ႔ တစ္ျပည္နယ္ မတူညီႏိုင္ဘဲ ေထြျပားေနတတ္တာ လည္း ျဖစ္ေနႏိုင္ပါတယ္။ ဒီလိုမတူညီႏိုင္တဲ့ အေျခ အေနေတြကို သက္ဆိုင္ရာျပည္နယ္အသီးသီးက ကိုယ့္ျပည္နယ္နဲ႔ကိုယ္ လိုက္ေလ်ာညီေထြမႈရွိေအာင္ သတ္မွတ္ျပ႒ာန္းရတာေတြ ရွိတတ္ပါတယ္။ အဲဒီလို ျပ႒ာန္းသတ္မွတ္ႏိုင္ဖို႔ဆိုတာကလည္း ႂကြင္းက်န္တဲ့ အာဏာေတြကို ျပည္နယ္ေတြက ရရွိထားဖို႔ လိုပါ တယ္။ ဒါေၾကာင့္ ဒီလိုျပ႒ာန္းခ်က္စကားရပ္ကို ထည့္ သြင္းေဖာ္ျပလိုက္တာဟာ ပိုၿပီး ၿပီးျပည့္စုံသြားတယ္လို႔ ဆိုရတာလည္း ျဖစ္ပါတယ္။
ဒီေနရာမွာ အေကာင္းဆုံးက ေတာ့ ပဋိညာဥ္ပါ ဖက္ဒရယ္ဒီမို ကေရစီ ျပည္ေထာင္စု ဖြဲ႕စည္းပုံ အေျခခံ ဥပေဒရဲ႕ အေျခခံမူေတြအရ ျပည္နယ္ေတြမွာ အာဏာ ပိုရွိ ေနတဲ့အခ်က္ ျဖစ္ပါတယ္။ ဒါဟာ လိုလည္းလိုအပ္သလို အင္ မတန္ ေကာင္းမြန္တဲ့ အခ်က္လည္း ျဖစ္ပါတယ္။ ေဒသခံျပည္သူေတြနဲ႔ အနီးကပ္ ထိစပ္ေနရတာက ျပည္ နယ္ အစိုးရေတြ ျဖစ္ပါတယ္။ အဲဒီေတာ့ ျပည္နယ္သူျပည္နယ္ သားေတြရဲ႕ လိုအပ္ခ်က္ေတြကို ေန႔စဥ္နဲ႔အမွ် ေျဖရွင္းေပးႏိုင္ဖို႔၊ ျဖည့္ဆည္းေပးႏိုင္ဖို႔ ဆိုတာက ျပည္နယ္အစိုးရေတြမွာ အာဏာပိုရွိ ေနဖို႔ လိုအပ္ပါတယ္။
အကုန္လုံးကိုၿခဳံၿပီးေျပာရရင္ ဒီပဋိညာဥ္ထဲမွာ ပါတဲ့ သတ္မွတ္ျပ႒ာန္းခ်က္ေတြကို ေလ့လာၾကည့္တဲ့ အခါ အေတာ္ႀကီးကို ၿပီးျပည့္စုံမႈရွိတယ္လို႔ ဆိုႏိုင္မယ္ ထင္ပါတယ္။ သို႔ေသာ္ တခ်ိဳ႕ေနရာေတြမွာေတာ့ ေျပာ စရာက မရွိမဟုတ္၊ ေျပာစရာေတြလည္း ရွိေနပါေသး တယ္လို႔ မွတ္ခ်က္ေပးရပါလိမ့္မည္။ တစ္နည္းေျပာ ရရင္ေတာ့ အျငင္းပြားစရာေတြ ျဖစ္ပါတယ္။
အဲဒီလို အျငင္းပြားစရာေတြထဲက ျပည္ေထာင္ စုအုပ္ခ်ဳပ္ေရးအာဏာကို ျပဆိုတဲ့ အပိုဒ္(၈)ကို ထုတ္ ႏုတ္ၾကည့္ပါမယ္။ အဲဒီအပိုဒ္(၈)မွာ “ဖက္ဒရယ္ျပည္ ေထာင္စု၏ အုပ္ခ်ဳပ္ေရးစနစ္သည္ ဝန္ႀကီးခ်ဳပ္ ဦး ေဆာင္ေသာစနစ္ (Parliamentary System) ျဖစ္ သည္။ ဝန္ႀကီးခ်ဳပ္ဦးေဆာင္ေသာစနစ္တြင္ ျပည္ေထာင္စု ဦးေသွ်ာင္ (သို႔မဟုတ္) ျပည္ေထာင္စုသမၼတ ထားရွိ ေသာစနစ္ ျဖစ္သည္”လို႔ ေဖာ္ျပ ျပ႒ာန္းထားတာကို ေတြ႕ရပါတယ္။
ဒီအပိုဒ္ကို ေလ့လာၾကည့္တဲ့အခါ နားလည္မႈ ႏွစ္ခု ျဖစ္ေပၚလာပါတယ္။
ပထမနားလည္မႈတစ္ခုက ဒီဖက္ဒရယ္ဒီမို ကေရစီပဋိညာဥ္ဆိုတာဟာ ၾကားကာလအစိုးရအတြက္ သာ ျဖစ္တယ္။ အဲဒီၾကားကာလအစိုးရက ဒီပဋိညာဥ္ ထဲမွာပါဝင္တဲ့ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု အေျခခံမူေတြနဲ႔ “ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒ”တစ္ရပ္ ေရးဆြဲမယ္။ ဒီလိုဖြဲ႕ စည္းပုံအေျခခံဥပေဒတစ္ရပ္ ေရးဆြဲေနတဲ့ကာလမွာ ဒီပဋိညာဥ္နဲ႔အညီ ၾကားကာလအစိုးရ (ယခုဖြဲ႕စည္း ထားတဲ့ “အမ်ိဳးသားညီၫြတ္ေရးအစိုးရ”)က စီမံခန႔္ခြဲ မႈေတြ ေဆာင္႐ြက္မယ္။
ဒီၾကားကာလအစိုးရရဲ႕ သက္တမ္းက “ဖက္ ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒ” ေရးဆြဲအတည္ျပဳျပ႒ာန္းၿပီးေနာက္ ေ႐ြးေကာက္ပြဲ က်င္းပၿပီးတဲ့အထိသာ ျဖစ္တယ္။ အဲဒီေနာက္မွာ ဒီ ပဋိညာဥ္ကို ဖ်က္သိမ္းၿပီး ေ႐ြးေကာက္ပြဲမွာ အႏိုင္ရတဲ့ အစိုးရက “ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ဖြဲ႕စည္း ပုံအေျခခံဥပေဒ”အသစ္နဲ႔ တိုင္းျပည္ကို ဆက္လက္ စီမံခန႔္ခြဲသြားမယ္။ ဒါပါပဲ။
ဒါေတြကို ေဆာင္႐ြက္ေပးခဲ့ရမယ့္ ၾကားကာလ အစိုးရဆိုတာဟာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စား ျပဳေကာ္မတီ (CRPH) က ဦးေဆာင္ဖြဲ႕စည္းထားတဲ့ အစိုးရျဖစ္တယ္။ အစိုးရစနစ္ေတြထဲမွာ လႊတ္ေတာ္က ဦးေဆာင္ဖြဲ႕စည္းတဲ့ အစိုးရဆိုတာဟာ ဝန္ႀကီးခ်ဳပ္ ဦးေဆာင္တဲ့ ပါလီမန္စနစ္မ်ိဳးသာ ျဖစ္တယ္။ အဲဒါ ေၾကာင့္ ဒီပဋိညာဥ္ထဲမွာ ျပည္ေထာင္စုအုပ္ခ်ဳပ္ေရး စနစ္ကို ပါလီမန္စနစ္ကို က်င့္သုံးမယ္လို႔ ေဖာ္ျပထား တာ ျဖစ္တယ္။ ဒီနားလည္မႈက ျပႆနာမရွိတဲ့ နား လည္မႈ၊ အျငင္းပြားဖြယ္မရွိတဲ့ နားလည္မႈသာ ျဖစ္ပါ တယ္။ ဒါ ေကာင္းပါတယ္။
သို႔ေသာ္ ဒုတိယနားလည္မႈက်ေတာ့ ျပႆနာ ရွိလာပါတယ္။ အျငင္းပြားစရာေတြ ရွိလာပါမယ္။
ဒီပဋိညာဥ္ရဲ႕ အစိတ္အပိုင္း(၁)မွာ ပါဝင္တဲ့ သတ္မွတ္ျပ႒ာန္းခ်က္ေတြဟာ အနာဂတ္ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စုမွာ က်င့္သုံးမယ့္ “ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒ” ထဲမွာ ထည့္သြင္းေရးဆြဲမယ့္ အေျခခံမူေတြကို ေဖာ္ျပ ထားတဲ့ ျပ႒ာန္းသတ္မွတ္ခ်က္ေတြ ျဖစ္ပါတယ္။
အဲဒါဆိုရင္ အဲဒီအေျခခံမူေတြကို “ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒ”ထဲ မွာ ထည့္သြင္းေရးဆြဲရပါေတာ့မယ္။ အဲဒီအတိုင္းသာ ထည့္သြင္းေရးဆြဲလိုက္ရင္ျဖင့္ တိုင္းျပည္ရဲ႕အုပ္ခ်ဳပ္ ေရးစနစ္ (အစိုးရစနစ္)က ပါလီမန္စနစ္ ျဖစ္သြားပါ ေတာ့မယ္။
အုပ္ခ်ဳပ္ေရးစနစ္က (၁) ပါလီမန္စနစ္ (Parliamentary System) နဲ႔ (၂) သမၼတစနစ္ (Presidential System)) ဆိုၿပီး အဓိကအားျဖင့္ ႏွစ္မ်ိဳးရွိပါ တယ္။ ေနာက္ပိုင္းမွာ ဒီစနစ္ႏွစ္မ်ိဳးကို ၾကားခ်ၿပီး စဥ္းစားသတ္မွတ္၊ က်င္သုံးေနၾကတဲ့ ဆီမီးသမၼတစနစ္ (Semi Presidential System) နဲ႔ဆိုရင္ေတာ့ အုပ္ ခ်ဳပ္ေရးစနစ္က သုံးမ်ိဳးျဖစ္သြားပါလိမ့္မယ္။
ပါလီမန္စနစ္မွာ ဝန္ႀကီးခ်ဳပ္က အစိုးရအဖြဲ႕ကို ဦးေဆာင္ပါတယ္။ သမၼတ သို႔မဟုတ္ ဘုရင္၊ ဘုရင္မ ေတြက ႏိုင္ငံေတာ္အႀကီးအကဲဦးေသွ်ာင္ေတြ ျဖစ္ၾက ပါတယ္။ ဝန္ႀကီးခ်ဳပ္ကို ပါလီမန္က ေ႐ြးခ်ယ္တင္ ေျမႇာက္တယ္။
သမၼတစနစ္မွာ သမၼတက အစိုးရအဖြဲ႕ကို ဦး ေဆာင္တယ္။ အဲဒီသမၼတက ႏိုင္ငံေတာ္အႀကီးအကဲ လည္း ျဖစ္ပါတယ္။ ဒီသမၼတကို ျပည္သူေတြက တိုက္ ႐ိုက္ ေ႐ြးေကာက္တင္ေျမႇာက္တယ္။
ဆီမီးသမၼတစနစ္မွာ အစိုရႏွစ္ဖြဲ႕ ရွိေနတယ္။ သမၼတကို ျပည္သူေတြက တိုက္႐ိုက္ေ႐ြးေကာက္တင္ ေျမႇာက္တယ္။ သမၼတက ႏိုင္ငံျခားေရးမူဝါဒကို ကိုင္ တြယ္စီမံခန႔္ခြဲတယ္။ သူ႔လက္ေအာက္မွာ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနနဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနေတြ ရွိတယ္။ ႏိုင္ငံေတာ္ရဲ႕အႀကီးအကဲက သမၼတျဖစ္တယ္။
ဒီဆီမီးသမၼတစနစ္မွာ ပါလီမန္ကေန ဝန္ႀကီး ခ်ဳပ္ကို ေ႐ြးခ်ယ္တယ္။ ဝန္ႀကီးခ်ဳပ္က ျပည္ထဲေရး မူဝါဒကို ကိုင္တြယ္စီမံခန႔္ခြဲရတယ္။ သူ႔လက္ေအာက္ မွာ ျပည္တြင္းမွာ စီမံခန႔္ခြဲရတဲ့ ျပည္ထဲေရးဝန္ႀကီးဌာန စတဲ့ ဝန္ႀကီးဌာနေတြရွိတယ္။ ဝန္ႀကီးခ်ဳပ္က အစိုးရ အဖြဲ႕အႀကီးအကဲလည္း ျဖစ္ပါတယ္။
အုပ္ခ်ဳပ္ေရးအစိုးရစနစ္နဲ႔ ပတ္သက္လို႔ အခ်က္ ႏွစ္ခ်က္ကို ထပ္ေျပာလိုပါတယ္။ (၁) “ဖက္ဒရယ္ ဒီမို ကေရစီျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒ”အတြက္ အေျခခံမူဆိုၿပီး ပုံေသအုပ္ခ်ဳပ္ေရးစနစ္ကို ျပဆိုထား တာမ်ိဳး ကမာၻေပၚမွာ ဘယ္မွာမွ မရွိေနပါဘူး။ (၂)တိုင္းျပည္မွာ ဘယ္လိုအုပ္ခ်ဳပ္ေရးအစိုးရစနစ္ကို က်င့္သုံးမလဲဆိုတာကို ျပည္သူက ေ႐ြးခ်ယ္ရပါတယ္။
ပထမအခ်က္အေနနဲ႔ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကို တည္ေဆာက္တဲ့အခါမွာ ပါလီမန္ စနစ္ (Parliamentary System) ကိုပဲ က်င္းသုံး ရမယ္ဆိုတဲ့ ပုံေသသတ္မွတ္ထားခ်က္ မရွိဘူး။ ကမာၻ ေပၚမွာ ဘယ္ပညာရွင္ကမွ မေဖာ္ျပသလို ဘယ္ႏိုင္ငံ၊ ဘယ္အဖြဲ႕အစည္းကမွလည္း ဒီလိုသတ္မွတ္ျပ႒ာန္း ထားတာ မရွိပါဘူး။ ဒါဆိုရင္ ဘာျဖစ္လို႔ ဒီပဋိညာဥ္မွာ မွ ပါလီမန္စနစ္ကိုပဲ က်င့္သုံးပါမယ္လို႔ ပုံေသသတ္ မွတ္ျပ႒ာန္းလိုက္ၾကရတာလဲ။ ဒီျပႆနာကို ေျဖရွင္းဖို႔ လိုအပ္ပါလိမ့္မယ္။
အိႏၵိယႏိုင္ငံက ဖက္ဒရယ္ဒီမိုကေရစီျပည္ ေထာင္စုကို ပါလီမန္စနစ္နဲ႔ က်င့္သုံးၿပီးသြားတယ္။ အေမရိကန္ႏိုင္ငံကေတာ့ သူ႔ရဲ႕ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကို သမၼတစနစ္နဲ႔ က်င့္သုံးၿပီးသြားတယ္။ ဆိုလိုတာက ပါလီမန္စနစ္ျဖစ္ေစ၊ သမၼတစနစ္ျဖစ္ေစ ႀကိဳက္တဲ့စနစ္နဲ႔ သြားႏိုင္၊ က်င့္သုံးႏိုင္တယ္။
အဲဒါေၾကာင့္ ဒီပဋိညာဥ္ထဲမွာ အနာဂတ္ဖက္ ဒရယ္ဒီမိုကေရစီျပည္ေထာင္စုအတြက္ ပါလီမန္စနစ္ ကိုပဲ က်င့္သုံးပါမယ္လို႔ ဘာျဖစ္လို႔ (အဘယ္ေၾကာင့္) တစ္ခါတည္း ပုံေသသတ္မွတ္ထားလိုက္ရတာလဲဆိုတဲ့ ဒီေမးခြန္းကို ဒီပဋိညာဥ္ကို ေရးဆြဲျပ႒ာန္းသူေတြက ေျဖရွင္းၾကရပါလိမ့္မယ္။ ေျဖရွင္းေပးဖို႔လည္း လိုအပ္ ပါတယ္။
ဒုတိယအခ်က္က ဒီမိုကေရစီနည္းက်ေျပာရရင္ တိုင္းျပည္မွာ ဘယ္အစိုးရစနစ္နဲ႔ အုပ္ခ်ဳပ္မလဲဆိုတာ ကို ျပည္သူေတြက ေ႐ြးခ်ယ္ရတာ ျဖစ္ပါတယ္။ ျပည္သူ ေတြကို အသိမေပးဘဲ ကိုယ့္သေဘာနဲ႔ကိုယ္ ျပ႒ာန္း သတ္မွတ္လိုက္မယ္ဆိုရင္ ျပည္သူေတြရဲ႕ ပါဝင္ေဆာင္ ႐ြက္မႈ (Citizen Participation) ကို လ်စ္လ်ဴရႈရာ ေရာက္ၿပီး ဒီမိုကေရစီရဲ႕ အေျခခံမူေတြထဲက “ပြင့္လင္း ျမင္သာမႈ”ဆိုတဲ့ အခ်က္နဲ႔လည္း ၿငိပါတယ္။ “ပြင့္လင္း ျမင္သာမႈ” မရွိရင္ “တာဝန္ခံမႈ”ပါ ေပ်ာက္ဆုံးတယ္ဆို တဲ့ အဓိပၸာယ္သက္ေရာက္သြားပါတယ္။ အဲဒါဆိုရင္ ေတာ့ ဒီမိုကေရစီသီလ က်ိဳးေပါက္သြားၿပီဆိုတဲ့ အနက္ အဓိပၸာယ္သက္ေရာက္သြားတာမို႔လို႔ ဒီပဋိညာဥ္ထဲမွာ ေဖာ္ျပထားတဲ့ ဖက္ဒရယ္ဆိုတာဟာ ဘယ္လိုဖက္ဒရယ္ မ်ိဳးလဲဆိုတဲ့ ေမးခြန္းေတြပါ ထပ္ထြက္လာႏိုင္ပါတယ္။
တကယ္ေတာ့ အုပ္ခ်ဳပ္ေရးစနစ္ကို ျပည္သူေတြ ကပဲ ေ႐ြးခ်ယ္ရပါမယ္။ ႏိုင္ငံေရးသမားေတြက ကိုယ္ ႀကိဳက္တဲ့ အုပ္ခ်ဳပ္ေရးစနစ္ကို အဆိုျပဳၿပီး စည္း႐ုံးႏိုင္ ပါတယ္။
ပါလီမန္စနစ္ကိုႀကိဳက္တဲ့ ႏိုင္ငံေရးသမားေတြ၊ အရပ္သားလူ႔အဖြဲ႕အစည္းေတြက ပုဂၢိဳလ္ေတြ၊ ပညာ ရွင္ေတြ၊ တက္ျြကလႈပ္ရွားသူေတြ၊ ႏိုင္ငံသားေတြက ပါလီမန္စနစ္ေကာင္းေၾကာင္းေတြ ရွင္းျပၿပီး ျပည္သူ ေတြကို စည္း႐ုံးႏိုင္ပါတယ္။
အဲဒီလိုပဲ၊ သမၼတစနစ္ကိုႀကိဳက္တဲ့ ႏိုင္ငံေရး သမားေတြ၊ အရပ္သားလူ႔အဖြဲ႕အစည္းက ပုဂၢိဳလ္ေတြ၊ ပညာရွင္ေတြ၊ တက္ျြကလႈပ္ရွားသူေတြ၊ ႏိုင္ငံသားေတြ ကလည္း သမၼတစနစ္ေကာင္းေၾကာင္းေတြ ရွင္းျပၿပီး ျပည္သူေတြကို စည္း႐ုံးႏိုင္ပါတယ္။
အဲဒီလို စည္း႐ုံးတဲ့ကာလကို သတ္မွတ္ပါ။ ၿပီး ရင္ ျပည္သူ႔ဆႏၵခံယူပြဲ က်င္းပပါ။ ဒီျပည္သူ႔ဆႏၵခံယူပြဲ မွာ ပါလီမန္စနစ္နဲ႔ သမၼတစနစ္ဆိုၿပီး မဲပုံးႏွစ္ပုံ ထား ပါ။ ပါလီမန္စနစ္ကိုႀကိဳက္တဲ့ ျပည္သူေတြက ပါလီမန္ စနစ္မဲပုံးထဲကို ထည့္ၾကပါလိမ့္မယ္။ သမၼတစနစ္ကို ႀကိဳက္တဲ့ ျပည္သူေတြကလည္း သမၼတစနစ္မဲပုံးထဲကို မဲထည့္ၾကပါလိမ့္မည္။ အႏိုင္ရတဲ့စနစ္ကို “ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုဖြဲ႕စည္းပုံအေျခခံဥပေဒ” ထဲမွာ ထည့္သြင္းေရးဆြဲၿပီး က်င့္သုံးရမွာပဲ။ ဒါမွသာ ဒီဖက္ဒရယ္ျပည္ေထာင္စုဟာ ဒီမိုကေရစီစနစ္နဲ႔ ကိုက္ ညီပါလိမ့္မယ္။ အဲဒါေၾကာင့္ ျမန္မာ့ေႏြဦးေတာ္လွန္ ေရးရဲ႕ အဓိကဇာတ္ေကာင္ျဖစ္တဲ့ ျပည္သူေတြအေပၚ မွာ “ထည့္သြင္းစဥ္းစားမႈေတြ”လုပ္ႏိုင္ၾကဖို႔ အဆိုျပဳ ခ်င္ပါတယ္။
အဲဒါေၾကာင့္ ဒီပဋိညာဥ္ထဲမွာ ဒီလိုအခ်က္ေတြ၊ တစ္နည္းအားျဖင့္ေျပာရရင္ ျပည္သူေတြကို အသိေပး ၿပီးမွ ျပည္သူေတြက ေ႐ြးခ်ယ္ေပးရမယ့္အခ်က္ေတြ ဘယ္ေလာက္ပါဝင္ေနသလဲဆိုတာကို စူးစမ္းဆင္ျခင္ ၾကဖို႔လိုပါမယ္။ ဒါကို သတိရွိၾကေစခ်င္ပါတယ္။
သို႔ေသာ္ အခ်ိန္ကာလနဲ႔ ေနရာေဒသအျမင္ ဘက္က ခ်ဥ္းကပ္ျပန္ရင္ေတာ့ လက္ရွိအခ်ိန္က ဒါကို ေဝဖန္ရမယ့္ အခ်ိန္လည္း မဟုတ္ေသးပါ။ လက္ရွိ အခ်ိန္က စစ္အာဏာရွင္ျပဳတ္က်သြားေအာင္၊ ၿပီးရင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရက အျပည့္အဝ အလုပ္ လုပ္ လည္ပတ္ႏိုင္ေအာင္ ဝိုင္းဝန္းႀကိဳးစားၾကရမယ့္ ကာလျဖစ္ပါတယ္။ ပထမဦးစားေပးဟာ ပထမျဖစ္ပါ တယ္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရက တိုင္းျပည္ကို အျပည့္အဝ ထိန္းခ်ဳပ္လည္ပတ္ႏိုင္ၿပီဆိုတဲ့အခါ ဒီ အမ်ိဳးသားညီၫြတ္ေရးအစိုးရမွာ အနည္းဆုံး တာဝန္ ႏွစ္ရပ္ကို ထမ္းေဆာင္ရပါလိမ့္မယ္။ (၁) တိုင္းျပည္ကို အသစ္ျပန္လည္ တည္ေဆာက္ျခင္း၊ (၂) ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေရးဆြဲျခင္း။
အမ်ိဳးသားညီၫြတ္ေရးအစိုးရက တိုင္းျပည္ကို အျပည့္အဝ ထိန္းခ်ဳပ္လည္ပတ္ႏိုင္ၿပီဆိုတာနဲ႔ ႏိုင္ငံရဲ႕ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးကိစၥေတြကို ကိုင္တြယ္ စီမံၿပီး တိုင္းျပည္ကို အသစ္တစ္ဖန္ ျပန္လည္တည္ ေဆာက္ရပါေတာ့မယ္။
တစ္ခ်ိန္တည္းမွာပဲ အနာဂတ္မွာ ေပၚေပါက္လာ မယ့္ “ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု”ႀကီး အတြက္ “ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ဖြဲ႕စည္းပုံ အေျခခံဥပေဒ”ကိုလည္း ဦးေဆာင္ၿပီး ေရးဆြဲရပါလိမ့္ မယ္။ အဲဒီလို ေရးဆြဲၾကတဲ့အခါမွာသာ ျပည္သူေတြ ပါဝင္ေရးဆြဲေ႐ြးခ်ယ္ရမယ့္ေနရာေတြမွာ ျပည္သူေတြ ကို ပါဝင္ေရးဆြဲေ႐ြးခ်ယ္ခြင့္ေပးဖို႔ အႀကံျပဳရပါတယ္။
ပဋိညာဥ္ထဲမွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ သက္တမ္းကို အတိအက် သတ္မွတ္ထားတာ မေတြ႕ ရပါ။ အဲဒီလို အတိအက်သတ္မွတ္လို႔လည္း မျဖစ္ႏိုင္ ပါ။ သို႔ေသာ္ ဒီအမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ သက္ တမ္းဟာ “ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ဖြဲ႕စည္း ပုံအေျခခံဥပေဒ”ကို ေရးဆြဲတဲ့ ကာလၾကာခ်ိန္နဲ႔ ညီမွ် ေနလိမ့္မယ္လို႔ ယူဆမိပါတယ္။
အေၾကာင္းကေတာ့ အမ်ိဳးသားညီၫြတ္ေရး အစိုးရမွာ “ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ဖြဲ႕စည္းပုံ အေျခခံဥပေဒ”ကို ဦးေဆာင္ေရးဆြဲ၊ ျပည္သူ႔ဆႏၵခံယူ ပြဲလုပ္ေပးၿပီး အတည္ျပဳ၊ အဲဒီေနာက္ ေ႐ြးေကာက္ပြဲ ျပဳလုပ္ေပးၿပီး “ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒ”အသစ္နဲ႔အညီ တက္လာမယ့္ ေ႐ြးေကာက္ပြဲအႏိုင္ရအစိုးရသစ္ကို အာဏာလႊဲေျပာင္း ေပးအပ္ဆိုတဲ့ တာဝန္ေတြကို ထမ္းေဆာင္ရမွာ ျဖစ္လို႔ ပါပဲ။
အဲဒါဆိုရင္ေတာ့ အနာဂတ္ ဖက္ဒရယ္ျပည္ ေထာင္စုခရီးဟာ ၾကမ္းတမ္းခက္ခဲႏိုင္ေပမယ့္ ႏိုင္ငံ မွာရွိေနတဲ့ ျပည္သူေတြအကုန္လုံးက အတူတကြ ဒီ ခရီးလမ္းကို ႀကိဳးစားပမ္းစား ေလွ်ာက္လွမ္းၾကမယ္ ဆိုရင္ျဖင့္ “ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုႀကီး” ဆီသို႔ မလြဲမုခ် ေရာက္မယ္ဧကန္လို႔ ယုံၾကည္ယူဆမိ ပါတယ္။
ေအာင္ႏိုင္

Unicode

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ အခြား အသင်းအဖွဲ့အသီးသီးနဲ့ ခေါင်းဆောင်များက ဦးဆောင်ပြီး ရေးဆွဲပြဋ္ဌာန်းလိုက်တဲ့ ]ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်}မှာ အစိတ်အပိုင်း (၁) နဲ့ အစိတ်အပိုင်း (၂)ဆိုပြီး အစိတ်အပိုင်းနှစ်ခု ပါဝင်ပါတယ်။
ပဋိညာဉ်ရဲ့ အစိတ်အပိုင်း(၁)ထဲမှာ အခန်းငါးခန်း ပါဝင်တယ်။ အဲဒါတွေကတော့ အခန်း (၁) ဦးချက်တည်၊ ရည်ရွယ်ချက်၊ အခန်း (၂) ပဋိညာဉ်တွင်ပါဝင်သည့် အဖွဲ့အစည်းများ၊ အခန်း (၃) အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ၊ အခန်း (၄) ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းနဲ့ အခန်း (၅) ဝန်ခံကတိပြုချက်တို့ ဖြစ်ပါတယ်။
ဒီအစိတ်အပိုင်း (၁)ထဲမှာ အခန်း (၈)ခန်း ပါဝင် တယ်။ အဲဒါတွေက (၁) ကြားကာလ ဖွဲ့စည်းပုံအခြေခံ ဥပေဒဆိုင်ရာ အစီအမံ၏ ရည်ရွယ်ချက်၊ (၂) ကြား ကာလဥပဒေပြုရေး၊ (၃) ကြားကာလအုပ်ချုပ်ရေး၊ (၄) အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန် များ၊ (၅) အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းပုံနှင့် တာဝန်များ၊ (၆) ကြားကာလ တရားစီရင်ရေး၊ (၇) အထွေထွေပြဋ္ဌာန်းချက်များနဲ့ (၈) ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကတိပြုချက်များဆိုတာတွေ ဖြစ်ပါတယ်။
ပဋိညာဉ်ရဲ့ ဒီအစိတ်အပိုင်းနှစ်ခုမှာ အစိတ် အပိုင်း (၁)က အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဖက် ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ရေးဆွဲရာမှာ ကျင်းသုံးမယ့် အခြေခံမူတွေကို ပြဆိုထားတာဖြစ်ပြီး အစိတ်အပိုင်း (၂)ကတော့ စစ် အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရှင်းလင်းပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တစ် ရပ်ကို ဦးဆောင်ရေးဆွဲမယ့် ကြားကာလအစိုးရ ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရက လိုက်နာကျင့် သုံး အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် လုပ်ငန်း တာဝန်များကို ချမှတ်ပြဋ္ဌာန်းထားတာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ပဋိညာဉ်ရဲ့ အစိတ်အပိုင်း(၁)ထဲက အဓိက အခန်းတစ်ခန်းဖြစ်တဲ့ အခန်း(၄)ထဲမှာ အပိုင်း(၁) ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး၊ အပိုင်း(၂) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူများနဲ့ အပိုင်း(၃) ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒများဆိုပြီး အပိုင်းသုံးပိုင်း ပါဝင်တာကို တွေ့ရပါတယ်။
“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်း”ဆိုတဲ့ အဲဒီအခန်း(၄)ထဲ မှာ ပါဝင်တဲ့ အပိုင်း(၁)ကိုလည်း ပြည်ထောင်စုမျှော် ရည်ချက်နှင့် စံတန်ဖိုးဆိုပြီး နှစ်ချက်ထပ်ခွဲထားပါ တယ်။
အဲဒီအချက်နှစ်ချက်ထဲက ပထမအချက်ဖြစ်တဲ့ “ပြည်ထောင်စုမျှော်ရည်ချက်”ဆိုတာကို “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်း သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် မည်”လို့ ဖွင့်ဆိုပြထားပါတယ်။ ဒီဖွင့်ဆိုချက်ဟာ တော်တော် အရေးကြီးပါတယ်။
ဒီဖွင့်ဆိုချက်အရဆိုရင် အနာဂတ်မှာ ပေါ်ပေါက် လာမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာက (၁) လွတ်လပ်မှု (Freedom) ၊ (၂) တရားမျှတမှု (Justice) နဲ့ (၃) တန်းတူညီမျှမှု (Equality) ဆိုတဲ့ လောကပါလတရား သုံးပါးကို အာမခံထားတာ တွေ့ ရပါတယ်။
ဒီလို အာမခံပေးထားတဲ့အတွက် နိုင်ငံအတွင်း ထဲမှာ အတူတကွနေထိုင်ကြတဲ့ အသိုက်အဝန်းနဲ့ အစု အဖွဲ့ (Community and group) တွေကနေ နိုင်ငံ သားတစ်ဦးချင်းစီ (Individuals) အထိ လွတ်လပ် ခြင်း၊ တရားမျှတခြင်းနဲ့ တန်းတူညီမျှခြင်းတွေကို ခံစား ကြရတော့မယ်လို့ မျှော်လင့်ယူဆနိုင်ပါတယ်။
အမှန်တော့ ကမ္ဘာပေါ်မှာရှိတဲ့ ဒီမိုကရေစီဖွဲ့စည်း ပုံအခြေခံဥပဒေ မှန်သမျှမှာ ဒီလောကပါလတရား သုံးပါးကို အာမခံထားတတ်ကြတာ ဖြစ်ပါတယ်။
အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေထဲက ဥပဒေနိဒါန်းထဲမှာ လည်း “တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလတရားများကို အခြေပြု ကာ၊ လူသတ္တဝါခပ်သိမ်းတို့၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့အောင် ထိန်းသိမ်းရန် သန္နိဋ္ဌာန်ချ၍ လည်းကောင်း”လို့ ပြဆိုထားတာကို တွေ့ရတာဖြစ်ပါ တယ်။
ဒီမိုကရေစီအယောင်ပြ စစ်တစ်ပိုင်းအုပ်ချုပ်ရေး ကို ရေးဆွဲပြဋ္ဌာန်းထားတဲ့ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ နိဒါန်းမှာတောင် “နိုင်ငံတော်၌ တရားမျှတ ခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်း သားပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်း သိမ်းသွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း” လို့ ဖော်ပြထားတာကို တွေ့ရနိုင်ပါတယ်။
ပဋိညာဉ်ရဲ့ အခန်း(၄)၊ အပိုင်း(၁)ထဲက ဒုတိယ အချက်ဖြစ်တဲ့ ပြည်ထောင်စုစံတန်ဖိုးတွေထဲမှာ (၁) ဒီမိုကရေစီအခွင့်အရေး၊ ဂျဲန်ဒါတန်းတူရေးနှင့် အခြေခံ လူ့အခွင့်အရေးများ၊ (၂) တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ (၃) စုပေါင်းခေါင်းဆောင်ခြင်း၊ (၄) စုံလင် ကွဲပြားမှုကို လက်ခံခြင်း၊ သဟဇာတဖြစ်ခြင်း၊ ညီညွတ် ခြင်းနှင့် ခွဲခြားဆက်ဆံမှုမရှိခြင်း၊ (၅) လူနည်းစုအခွင့် အရေးကို ကာကွယ်ခြင်းတွေ ပါဝင်ပါတယ်။
ဒီပဋိညာဉ်ထဲက အခန်း(၄)ရဲ့ အပိုင်း(၂)ထဲမှာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ အချက်ငါးချက် ပါဝင်ပါတယ်။ အဲဒါတွေကတော့ –
၁။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့် ယင်းပြည်နယ်များအတွင်းရှိ ပြည်သူတို့ သည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင် များဖြစ်သည်။
၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တန်း တူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိသော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ဖြင့် ဖွဲ့စည်းသည်။ ပြည်ထောင်စုအဖွဲ့ဝင် (ပြည်နယ်များအားလုံး၊ ဖက်ဒရယ်ယူနစ် အားလုံး)တို့သည် နိုင်ငံရေးအရ တန်းတူ သည်။
၃။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် သက်ဆိုင်ရာပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသည်။
၄။ အာဏာခွဲဝေမှု (Power Sharing) ၊ သယံ ဇာတခွဲဝေမှု (Resource Sharing) ၊ အခွန် ဘဏ္ဍာခွဲဝေမှု (Revenue Sharing) နှင့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ် (Fiscal Federalism) တို့ကို ကျင့်သုံးသည်။ ထိုသို့ ခွဲဝေ ရာတွင် ပြည်သူလူထုနှင့် အနီးကပ်ဆုံး အစိုးရအဆင့်က လုပ်ဆောင်နိုင်သည်အထိ လုပ်ပိုင်ခွင့်ပြုသောစနစ် (Subsidiarity Principle) ကို ကျင့်သုံးသည်။
၅။ ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာ ကွယ်ရေးဆိုင်ရာ တပ်ဖွဲ့များအားလုံးသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင် မြှောက်ထားသော အရပ်သားအစိုးရ၏ ကွပ် ကဲမှုနှင့် စီမံအုပ်ချုပ်မှုအောက်တွင် ရှိရမည်။ လူသားလုံခြုံရေးကို အခြေခံသည့် မူဝါဒ ကျင့်သုံးရမည်။
ဆိုတာတွေ ဖြစ်ပါတယ်။
ဒီပဋိညာဉ်ထဲက အခန်း(၄)ရဲ့ အပိုင်း(၃)က “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ အခြေခံမူဝါဒများ”ဆိုတာ ဖြစ်ပါတယ်။
ဒီအခန်း(၄)ထဲက အပိုင်း(၃)ဟာလည်း အနာ ဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည် ဆောက်ရာမှာ အရေးအကြီးဆုံးအပိုင်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီအပိုင်း(၃)ရဲ့ အဲဒီ]ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒများ ကို ပြဆိုရာမှာ ပြည်ထောင်စု၏ အသွင်သဏ္ဌာန်၊ ပြည် ထောင်စုအာဏာ စတဲ့ ကဏ္ဍအလိုက် အပိုဒ်(၁)ကနေ အပိုဒ်(၃၇)အထိ အပိုဒ်ပေါင်း (၃၇)ပိုဒ် ပါဝင်ပါတယ်။
အဲဒီအပိုဒ်ပေါင်း (၃၇)ပိုဒ်ထဲမှာ ပြည်ထောင်စု ၏ အသွင်သဏ္ဌာန်ဆိုတဲ့ကဏ္ဍကို အပိုဒ်(၁)ကနေ အပိုဒ်(၃)အထိ အပိုဒ်(၃)ပိုဒ်နဲ့ ပြဆိုထားတယ်။ အဲဒါ တွေက –
၁။ ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝ ကျင့်သုံးသော၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ် ပြည်ထောင်စုအင်္ဂါရပ်များနှင့် ပြည့်စုံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မည်။
၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဒီမို ကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အပြည့်အဝရှိသော ပြည်ထောင်စုအဖွဲ့ ဝင်ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။
၃။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တိုင်းတွင် သီးခြားဥပဒေပြုရေးအာဏာ၊ သီးခြားအုပ် ချုပ်ရေးအာဏာနှင့် သီးခြားတရားစီရင်ရေး အာဏာတို့ ရှိသည်။
ဆိုတာတွေဖြစ်ပါတယ်။
ဒီအပိုဒ်(၃၇)ပိုဒ်ထဲမှာ ပြည်ထောင်စုအာဏာဆို တဲ့ ကဏ္ဍကိုလည်း အပိုဒ်သုံးပိုဒ်နဲ့ ပြဆိုထားပါတယ်။ အဲဒါတွေက –
၄။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်များရှိ ပြည်သူလူထုသည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်ကြသည်။
၅။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အချုပ် အခြာအာဏာ၏ မဏ္ဍိုင် (၃)ရပ်ဖြစ်သည့် ဥပဒေ ပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရား စီရင်ရေး အာဏာ တို့ကို လွတ်လပ်စွာ ပိုင်း ခြား ကျင့်သုံးခြင်းနှင့် အပြန်အလှန် ထိန်း ကျောင်းခြင်း ရှိစေရမည်။
၆။ ပြည်ထောင်စုအာဏာ၊ ပြည်နယ် အာဏာနှင့် ထပ်တူပြုအာဏာများကို သတ်မှတ် ပြဋ္ဌာန်းရမည်။ ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည် နယ်များအားလုံး၏ ဘုံအကျိုး စီးပွား အတွက် ကျင့်သုံးရန် လိုအပ်သော အခွင့် အာဏာများကိုသာ ပြည်ထောင်စုသို့ အပ် နှင်းသည်။ ပြည်ထောင်စုအာဏာ၊ ပြည် နယ်အာဏာနှင့် ထပ်တူပြုအာဏာများတွင် ထည့်သွင်းဖော်ပြထားခြင်းမရှိသည့် ကြွင်း ကျန်နေသည့် အာဏာများသည် ပြည် ထောင်စုအဖွဲ့ဝင်ပြည်နယ်များတွင် တည်ရှိ သည်။
ဆိုတာတွေ ဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ပဋိညာဉ်ပါ အပိုဒ်ပေါင်း (၃၇)ပိုဒ်ထဲက အပိုဒ်ခြောက်ပိုဒ်ကို လေ့လာကြည့်တာ နဲ့တင် ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ထောင်ဖို့ ရာ လုံလောက်တာထက်ကို ပိုတယ်လို့ ပြောလို့ရနေ ပါပြီ။ အကြောင်းကတော့ ပြည်ထောင်စုအာဏာကို ပြဆိုတဲ့ အပိုဒ်သုံးပိုဒ်ထဲက နံပါတ်(၆)အပိုဒ်ထဲမှာ “ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာနှင့် ထပ်တူ ပြုအာဏာများတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိ သည့် ကြွင်းကျန်နေသည့် အာဏာများသည် ပြည် ထောင်စုအဖွဲ့ဝင်ပြည်နယ်များတွင် တည်ရှိသည်”လို့ ဖော်ပြထားလို့ ဖြစ်ပါတယ်။
ဒီနေရာမှာ “လုံလောက်တာထက်ကို ပိုတယ်” လို့ သုံးနှုန်းပြောဆိုရတာက “ထည့်သွင်း ဖော်ပြ ထားခြင်းမရှိသည့် ကြွင်းကျန်နေသည့် အာဏာများ သည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များတွင် တည်ရှိသည်” လို့ သတ်မှတ်ပြဋ္ဌာန်း ထားလို့ ဖြစ်ပါတယ်။ “ကြွင်းကျန်နေ သည့် အာဏာများ”ဆိုတာဘာတွေ လဲလို့ မေးခွန်း ထုတ်ရပါမယ်။ အဲဒါ ဆိုရင် နောက်ထပ် အာဏာတွေ ပို ထွက်လာစရာ ရှိပါတယ်။ ဒါတွေက လုံလောက်တာ ထက်ကိုပိုနေတဲ့ အာဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကို အစွဲပြုပြီး ပြောဆိုရမယ်ဆိုရင် ပြည်နယ်တွေဟာ “အာဏာအပိုတွေ ကိလည်း ရရှိထားပါတယ်”လို့ ပြောနိုင်ပါလိမ့်မယ်။
တစ်နည်းအားဖြင့် အဲဒီလို “ထည့်သွင်း ဖော်ပြထားခြင်းမရှိသည့် ြွကင်းကျန်နေသည့် အာဏာများ သည် ပြည်ထောင်စုအဖွဲ့ဝင် ပြည် နယ်များတွင် တည်ရှိသည်”လို့ သတ် မှတ်ပြဋ္ဌာန်းလိုက်တဲ့အတွက် ပြီး ပြည့်စုံသွားတယ်လို့လည်း ပြောနိုင်မယ်ထင်ပါတယ်။
အကြောင်းကတော့ ပြည် ထောင်စုအာဏာ အတိအကျ သတ် မှတ်ထားရပြီး ပြည်နယ်အာဏာတွေ ကတော့ အတိအကျ သတ်မှတ်ထားလို့ မဖြစ်နိုင်တာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဥပမာ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ငွေရေး ကြေးရေးတွေလို တိတိကျကျ သတ်မှတ်ထားရတဲ့ အာဏာတွေက ပြည်ထောင်စုအာဏာထဲမှာ ထည့်သွင်း ထားရတတ်ပြီး ကျန်တဲ့အာဏာတွေကိုတော့ ပြည်နယ် အာဏာထဲမှာ ထည့်သွင်းကြရတတ်လို့လည်း ဖြစ်ပါ တယ်။
နောက်တစ်ခုက ပြည်နယ်အာဏာဆိုတာတွေက သက်ဆိုင်ရာပြည်နယ်တွေရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုတာတွေကလည်း “တစ်ကျောင်း၊ တစ် ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း”ဆိုသလို တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူညီနိုင်ဘဲ ထွေပြားနေတတ်တာ လည်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုမတူညီနိုင်တဲ့ အခြေ အနေတွေကို သက်ဆိုင်ရာပြည်နယ်အသီးသီးက ကိုယ့်ပြည်နယ်နဲ့ကိုယ် လိုက်လျောညီထွေမှုရှိအောင် သတ်မှတ်ပြဋ္ဌာန်းရတာတွေ ရှိတတ်ပါတယ်။ အဲဒီလို ပြဋ္ဌာန်းသတ်မှတ်နိုင်ဖို့ဆိုတာကလည်း ကြွင်းကျန်တဲ့ အာဏာတွေကို ပြည်နယ်တွေက ရရှိထားဖို့ လိုပါ တယ်။ ဒါကြောင့် ဒီလိုပြဋ္ဌာန်းချက်စကားရပ်ကို ထည့် သွင်းဖော်ပြလိုက်တာဟာ ပိုပြီး ပြီးပြည့်စုံသွားတယ်လို့ ဆိုရတာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ အကောင်းဆုံးက တော့ ပဋိညာဉ်ပါ ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အခြေခံမူတွေအရ ပြည်နယ်တွေမှာ အာဏာ ပိုရှိ နေတဲ့အချက် ဖြစ်ပါတယ်။ ဒါဟာ လိုလည်းလိုအပ်သလို အင် မတန် ကောင်းမွန်တဲ့ အချက်လည်း ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေနဲ့ အနီးကပ် ထိစပ်နေရတာက ပြည် နယ် အစိုးရတွေ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်နယ်သူပြည်နယ် သားတွေရဲ့ လိုအပ်ချက်တွေကို နေ့စဉ်နဲ့အမျှ ဖြေရှင်းပေးနိုင်ဖို့၊ ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုတာက ပြည်နယ်အစိုးရတွေမှာ အာဏာပိုရှိ နေဖို့ လိုအပ်ပါတယ်။
အကုန်လုံးကိုခြုံပြီးပြောရရင် ဒီပဋိညာဉ်ထဲမှာ ပါတဲ့ သတ်မှတ်ပြဋ္ဌာန်းချက်တွေကို လေ့လာကြည့်တဲ့ အခါ အတော်ကြီးကို ပြီးပြည့်စုံမှုရှိတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။ သို့သော် တချို့နေရာတွေမှာတော့ ပြော စရာက မရှိမဟုတ်၊ ပြောစရာတွေလည်း ရှိနေပါသေး တယ်လို့ မှတ်ချက်ပေးရပါလိမ့်မည်။ တစ်နည်းပြော ရရင်တော့ အငြင်းပွားစရာတွေ ဖြစ်ပါတယ်။
အဲဒီလို အငြင်းပွားစရာတွေထဲက ပြည်ထောင် စုအုပ်ချုပ်ရေးအာဏာကို ပြဆိုတဲ့ အပိုဒ်(၈)ကို ထုတ် နုတ်ကြည့်ပါမယ်။ အဲဒီအပိုဒ်(၈)မှာ “ဖက်ဒရယ်ပြည် ထောင်စု၏ အုပ်ချုပ်ရေးစနစ်သည် ဝန်ကြီးချုပ် ဦး ဆောင်သောစနစ် (Parliamentary System) ဖြစ် သည်။ ဝန်ကြီးချုပ်ဦးဆောင်သောစနစ်တွင် ပြည်ထောင်စု ဦးသျှောင် (သို့မဟုတ်) ပြည်ထောင်စုသမ္မတ ထားရှိ သောစနစ် ဖြစ်သည်”လို့ ဖော်ပြ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။
ဒီအပိုဒ်ကို လေ့လာကြည့်တဲ့အခါ နားလည်မှု နှစ်ခု ဖြစ်ပေါ်လာပါတယ်။
ပထမနားလည်မှုတစ်ခုက ဒီဖက်ဒရယ်ဒီမို ကရေစီပဋိညာဉ်ဆိုတာဟာ ကြားကာလအစိုးရအတွက် သာ ဖြစ်တယ်။ အဲဒီကြားကာလအစိုးရက ဒီပဋိညာဉ် ထဲမှာပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အခြေခံမူတွေနဲ့ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ”တစ်ရပ် ရေးဆွဲမယ်။ ဒီလိုဖွဲ့ စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲနေတဲ့ကာလမှာ ဒီပဋိညာဉ်နဲ့အညီ ကြားကာလအစိုးရ (ယခုဖွဲ့စည်း ထားတဲ့ “အမျိုးသားညီညွတ်ရေးအစိုးရ”)က စီမံခန့်ခွဲ မှုတွေ ဆောင်ရွက်မယ်။
ဒီကြားကာလအစိုးရရဲ့ သက်တမ်းက “ဖက် ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ” ရေးဆွဲအတည်ပြုပြဋ္ဌာန်းပြီးနောက် ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အထိသာ ဖြစ်တယ်။ အဲဒီနောက်မှာ ဒီ ပဋိညာဉ်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အစိုးရက “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်း ပုံအခြေခံဥပဒေ”အသစ်နဲ့ တိုင်းပြည်ကို ဆက်လက် စီမံခန့်ခွဲသွားမယ်။ ဒါပါပဲ။
ဒါတွေကို ဆောင်ရွက်ပေးခဲ့ရမယ့် ကြားကာလ အစိုးရဆိုတာဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ (CRPH) က ဦးဆောင်ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်တယ်။ အစိုးရစနစ်တွေထဲမှာ လွှတ်တော်က ဦးဆောင်ဖွဲ့စည်းတဲ့ အစိုးရဆိုတာဟာ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ပါလီမန်စနစ်မျိုးသာ ဖြစ်တယ်။ အဲဒါ ကြောင့် ဒီပဋိညာဉ်ထဲမှာ ပြည်ထောင်စုအုပ်ချုပ်ရေး စနစ်ကို ပါလီမန်စနစ်ကို ကျင့်သုံးမယ်လို့ ဖော်ပြထား တာ ဖြစ်တယ်။ ဒီနားလည်မှုက ပြဿနာမရှိတဲ့ နား လည်မှု၊ အငြင်းပွားဖွယ်မရှိတဲ့ နားလည်မှုသာ ဖြစ်ပါ တယ်။ ဒါ ကောင်းပါတယ်။
သို့သော် ဒုတိယနားလည်မှုကျတော့ ပြဿနာ ရှိလာပါတယ်။ အငြင်းပွားစရာတွေ ရှိလာပါမယ်။
ဒီပဋိညာဉ်ရဲ့ အစိတ်အပိုင်း(၁)မှာ ပါဝင်တဲ့ သတ်မှတ်ပြဋ္ဌာန်းချက်တွေဟာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုမှာ ကျင့်သုံးမယ့် “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ” ထဲမှာ ထည့်သွင်းရေးဆွဲမယ့် အခြေခံမူတွေကို ဖော်ပြ ထားတဲ့ ပြဋ္ဌာန်းသတ်မှတ်ချက်တွေ ဖြစ်ပါတယ်။
အဲဒါဆိုရင် အဲဒီအခြေခံမူတွေကို “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ”ထဲ မှာ ထည့်သွင်းရေးဆွဲရပါတော့မယ်။ အဲဒီအတိုင်းသာ ထည့်သွင်းရေးဆွဲလိုက်ရင်ဖြင့် တိုင်းပြည်ရဲ့အုပ်ချုပ် ရေးစနစ် (အစိုးရစနစ်)က ပါလီမန်စနစ် ဖြစ်သွားပါ တော့မယ်။
အုပ်ချုပ်ရေးစနစ်က (၁) ပါလီမန်စနစ် (Parliamentary System) နဲ့ (၂) သမ္မတစနစ် (Presidential System)) ဆိုပြီး အဓိကအားဖြင့် နှစ်မျိုးရှိပါ တယ်။ နောက်ပိုင်းမှာ ဒီစနစ်နှစ်မျိုးကို ကြားချပြီး စဉ်းစားသတ်မှတ်၊ ကျင်သုံးနေကြတဲ့ ဆီမီးသမ္မတစနစ် (Semi Presidential System) နဲ့ဆိုရင်တော့ အုပ် ချုပ်ရေးစနစ်က သုံးမျိုးဖြစ်သွားပါလိမ့်မယ်။
ပါလီမန်စနစ်မှာ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ကို ဦးဆောင်ပါတယ်။ သမ္မတ သို့မဟုတ် ဘုရင်၊ ဘုရင်မ တွေက နိုင်ငံတော်အကြီးအကဲဦးသျှောင်တွေ ဖြစ်ကြ ပါတယ်။ ဝန်ကြီးချုပ်ကို ပါလီမန်က ရွေးချယ်တင် မြှောက်တယ်။
သမ္မတစနစ်မှာ သမ္မတက အစိုးရအဖွဲ့ကို ဦး ဆောင်တယ်။ အဲဒီသမ္မတက နိုင်ငံတော်အကြီးအကဲ လည်း ဖြစ်ပါတယ်။ ဒီသမ္မတကို ပြည်သူတွေက တိုက် ရိုက် ရွေးကောက်တင်မြှောက်တယ်။
ဆီမီးသမ္မတစနစ်မှာ အစိုရနှစ်ဖွဲ့ ရှိနေတယ်။ သမ္မတကို ပြည်သူတွေက တိုက်ရိုက်ရွေးကောက်တင် မြှောက်တယ်။ သမ္မတက နိုင်ငံခြားရေးမူဝါဒကို ကိုင် တွယ်စီမံခန့်ခွဲတယ်။ သူ့လက်အောက်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေ ရှိတယ်။ နိုင်ငံတော်ရဲ့အကြီးအကဲက သမ္မတဖြစ်တယ်။
ဒီဆီမီးသမ္မတစနစ်မှာ ပါလီမန်ကနေ ဝန်ကြီး ချုပ်ကို ရွေးချယ်တယ်။ ဝန်ကြီးချုပ်က ပြည်ထဲရေး မူဝါဒကို ကိုင်တွယ်စီမံခန့်ခွဲရတယ်။ သူ့လက်အောက် မှာ ပြည်တွင်းမှာ စီမံခန့်ခွဲရတဲ့ ပြည်ထဲရေးဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနတွေရှိတယ်။ ဝန်ကြီးချုပ်က အစိုးရ အဖွဲ့အကြီးအကဲလည်း ဖြစ်ပါတယ်။
အုပ်ချုပ်ရေးအစိုးရစနစ်နဲ့ ပတ်သက်လို့ အချက် နှစ်ချက်ကို ထပ်ပြောလိုပါတယ်။ (၁) “ဖက်ဒရယ် ဒီမို ကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ”အတွက် အခြေခံမူဆိုပြီး ပုံသေအုပ်ချုပ်ရေးစနစ်ကို ပြဆိုထား တာမျိုး ကမ္ဘာပေါ်မှာ ဘယ်မှာမှ မရှိနေပါဘူး။ (၂)တိုင်းပြည်မှာ ဘယ်လိုအုပ်ချုပ်ရေးအစိုးရစနစ်ကို ကျင့်သုံးမလဲဆိုတာကို ပြည်သူက ရွေးချယ်ရပါတယ်။
ပထမအချက်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ ပါလီမန် စနစ် (Parliamentary System) ကိုပဲ ကျင်းသုံး ရမယ်ဆိုတဲ့ ပုံသေသတ်မှတ်ထားချက် မရှိဘူး။ ကမ္ဘာ ပေါ်မှာ ဘယ်ပညာရှင်ကမှ မဖော်ပြသလို ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကမှလည်း ဒီလိုသတ်မှတ်ပြဋ္ဌာန်း ထားတာ မရှိပါဘူး။ ဒါဆိုရင် ဘာဖြစ်လို့ ဒီပဋိညာဉ်မှာ မှ ပါလီမန်စနစ်ကိုပဲ ကျင့်သုံးပါမယ်လို့ ပုံသေသတ် မှတ်ပြဋ္ဌာန်းလိုက်ကြရတာလဲ။ ဒီပြဿနာကို ဖြေရှင်းဖို့ လိုအပ်ပါလိမ့်မယ်။
အိန္ဒိယနိုင်ငံက ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုကို ပါလီမန်စနစ်နဲ့ ကျင့်သုံးပြီးသွားတယ်။ အမေရိကန်နိုင်ငံကတော့ သူ့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို သမ္မတစနစ်နဲ့ ကျင့်သုံးပြီးသွားတယ်။ ဆိုလိုတာက ပါလီမန်စနစ်ဖြစ်စေ၊ သမ္မတစနစ်ဖြစ်စေ ကြိုက်တဲ့စနစ်နဲ့ သွားနိုင်၊ ကျင့်သုံးနိုင်တယ်။
အဲဒါကြောင့် ဒီပဋိညာဉ်ထဲမှာ အနာဂတ်ဖက် ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ပါလီမန်စနစ် ကိုပဲ ကျင့်သုံးပါမယ်လို့ ဘာဖြစ်လို့ (အဘယ်ကြောင့်) တစ်ခါတည်း ပုံသေသတ်မှတ်ထားလိုက်ရတာလဲဆိုတဲ့ ဒီမေးခွန်းကို ဒီပဋိညာဉ်ကို ရေးဆွဲပြဋ္ဌာန်းသူတွေက ဖြေရှင်းကြရပါလိမ့်မယ်။ ဖြေရှင်းပေးဖို့လည်း လိုအပ် ပါတယ်။
ဒုတိယအချက်က ဒီမိုကရေစီနည်းကျပြောရရင် တိုင်းပြည်မှာ ဘယ်အစိုးရစနစ်နဲ့ အုပ်ချုပ်မလဲဆိုတာ ကို ပြည်သူတွေက ရွေးချယ်ရတာ ဖြစ်ပါတယ်။ ပြည်သူ တွေကို အသိမပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် ပြဋ္ဌာန်း သတ်မှတ်လိုက်မယ်ဆိုရင် ပြည်သူတွေရဲ့ ပါဝင်ဆောင် ရွက်မှု (Citizen Participation) ကို လျစ်လျူရှုရာ ရောက်ပြီး ဒီမိုကရေစီရဲ့ အခြေခံမူတွေထဲက “ပွင့်လင်း မြင်သာမှု”ဆိုတဲ့ အချက်နဲ့လည်း ငြိပါတယ်။ “ပွင့်လင်း မြင်သာမှု” မရှိရင် “တာဝန်ခံမှု”ပါ ပျောက်ဆုံးတယ်ဆို တဲ့ အဓိပ္ပာယ်သက်ရောက်သွားပါတယ်။ အဲဒါဆိုရင် တော့ ဒီမိုကရေစီသီလ ကျိုးပေါက်သွားပြီဆိုတဲ့ အနက် အဓိပ္ပာယ်သက်ရောက်သွားတာမို့လို့ ဒီပဋိညာဉ်ထဲမှာ ဖော်ပြထားတဲ့ ဖက်ဒရယ်ဆိုတာဟာ ဘယ်လိုဖက်ဒရယ် မျိုးလဲဆိုတဲ့ မေးခွန်းတွေပါ ထပ်ထွက်လာနိုင်ပါတယ်။
တကယ်တော့ အုပ်ချုပ်ရေးစနစ်ကို ပြည်သူတွေ ကပဲ ရွေးချယ်ရပါမယ်။ နိုင်ငံရေးသမားတွေက ကိုယ် ကြိုက်တဲ့ အုပ်ချုပ်ရေးစနစ်ကို အဆိုပြုပြီး စည်းရုံးနိုင် ပါတယ်။
ပါလီမန်စနစ်ကိုကြိုက်တဲ့ နိုင်ငံရေးသမားတွေ၊ အရပ်သားလူ့အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ၊ ပညာ ရှင်တွေ၊ တက်ြွကလှုပ်ရှားသူတွေ၊ နိုင်ငံသားတွေက ပါလီမန်စနစ်ကောင်းကြောင်းတွေ ရှင်းပြပြီး ပြည်သူ တွေကို စည်းရုံးနိုင်ပါတယ်။
အဲဒီလိုပဲ၊ သမ္မတစနစ်ကိုကြိုက်တဲ့ နိုင်ငံရေး သမားတွေ၊ အရပ်သားလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ တက်ြွကလှုပ်ရှားသူတွေ၊ နိုင်ငံသားတွေ ကလည်း သမ္မတစနစ်ကောင်းကြောင်းတွေ ရှင်းပြပြီး ပြည်သူတွေကို စည်းရုံးနိုင်ပါတယ်။
အဲဒီလို စည်းရုံးတဲ့ကာလကို သတ်မှတ်ပါ။ ပြီး ရင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပါ။ ဒီပြည်သူ့ဆန္ဒခံယူပွဲ မှာ ပါလီမန်စနစ်နဲ့ သမ္မတစနစ်ဆိုပြီး မဲပုံးနှစ်ပုံ ထား ပါ။ ပါလီမန်စနစ်ကိုကြိုက်တဲ့ ပြည်သူတွေက ပါလီမန် စနစ်မဲပုံးထဲကို ထည့်ကြပါလိမ့်မယ်။ သမ္မတစနစ်ကို ကြိုက်တဲ့ ပြည်သူတွေကလည်း သမ္မတစနစ်မဲပုံးထဲကို မဲထည့်ကြပါလိမ့်မည်။ အနိုင်ရတဲ့စနစ်ကို “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ” ထဲမှာ ထည့်သွင်းရေးဆွဲပြီး ကျင့်သုံးရမှာပဲ။ ဒါမှသာ ဒီဖက်ဒရယ်ပြည်ထောင်စုဟာ ဒီမိုကရေစီစနစ်နဲ့ ကိုက် ညီပါလိမ့်မယ်။ အဲဒါကြောင့် မြန်မာ့နွေဦးတော်လှန် ရေးရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ပြည်သူတွေအပေါ် မှာ “ထည့်သွင်းစဉ်းစားမှုတွေ”လုပ်နိုင်ကြဖို့ အဆိုပြု ချင်ပါတယ်။
အဲဒါကြောင့် ဒီပဋိညာဉ်ထဲမှာ ဒီလိုအချက်တွေ၊ တစ်နည်းအားဖြင့်ပြောရရင် ပြည်သူတွေကို အသိပေး ပြီးမှ ပြည်သူတွေက ရွေးချယ်ပေးရမယ့်အချက်တွေ ဘယ်လောက်ပါဝင်နေသလဲဆိုတာကို စူးစမ်းဆင်ခြင် ကြဖို့လိုပါမယ်။ ဒါကို သတိရှိကြစေချင်ပါတယ်။
သို့သော် အချိန်ကာလနဲ့ နေရာဒေသအမြင် ဘက်က ချဉ်းကပ်ပြန်ရင်တော့ လက်ရှိအချိန်က ဒါကို ဝေဖန်ရမယ့် အချိန်လည်း မဟုတ်သေးပါ။ လက်ရှိ အချိန်က စစ်အာဏာရှင်ပြုတ်ကျသွားအောင်၊ ပြီးရင် အမျိုးသားညီညွတ်ရေးအစိုးရက အပြည့်အဝ အလုပ် လုပ် လည်ပတ်နိုင်အောင် ဝိုင်းဝန်းကြိုးစားကြရမယ့် ကာလဖြစ်ပါတယ်။ ပထမဦးစားပေးဟာ ပထမဖြစ်ပါ တယ်။
အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းပြည်ကို အပြည့်အဝ ထိန်းချုပ်လည်ပတ်နိုင်ပြီဆိုတဲ့အခါ ဒီ အမျိုးသားညီညွတ်ရေးအစိုးရမှာ အနည်းဆုံး တာဝန် နှစ်ရပ်ကို ထမ်းဆောင်ရပါလိမ့်မယ်။ (၁) တိုင်းပြည်ကို အသစ်ပြန်လည် တည်ဆောက်ခြင်း၊ (၂) ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခြင်း။
အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းပြည်ကို အပြည့်အဝ ထိန်းချုပ်လည်ပတ်နိုင်ပြီဆိုတာနဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေကို ကိုင်တွယ် စီမံပြီး တိုင်းပြည်ကို အသစ်တစ်ဖန် ပြန်လည်တည် ဆောက်ရပါတော့မယ်။
တစ်ချိန်တည်းမှာပဲ အနာဂတ်မှာ ပေါ်ပေါက်လာ မယ့် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု”ကြီး အတွက် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ”ကိုလည်း ဦးဆောင်ပြီး ရေးဆွဲရပါလိမ့် မယ်။ အဲဒီလို ရေးဆွဲကြတဲ့အခါမှာသာ ပြည်သူတွေ ပါဝင်ရေးဆွဲရွေးချယ်ရမယ့်နေရာတွေမှာ ပြည်သူတွေ ကို ပါဝင်ရေးဆွဲရွေးချယ်ခွင့်ပေးဖို့ အကြံပြုရပါတယ်။
ပဋိညာဉ်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သက်တမ်းကို အတိအကျ သတ်မှတ်ထားတာ မတွေ့ ရပါ။ အဲဒီလို အတိအကျသတ်မှတ်လို့လည်း မဖြစ်နိုင် ပါ။ သို့သော် ဒီအမျိုးသားညီညွတ်ရေးအစိုးရရဲ့ သက် တမ်းဟာ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်း ပုံအခြေခံဥပဒေ”ကို ရေးဆွဲတဲ့ ကာလကြာချိန်နဲ့ ညီမျှ နေလိမ့်မယ်လို့ ယူဆမိပါတယ်။
အကြောင်းကတော့ အမျိုးသားညီညွတ်ရေး အစိုးရမှာ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ”ကို ဦးဆောင်ရေးဆွဲ၊ ပြည်သူ့ဆန္ဒခံယူ ပွဲလုပ်ပေးပြီး အတည်ပြု၊ အဲဒီနောက် ရွေးကောက်ပွဲ ပြုလုပ်ပေးပြီး “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ”အသစ်နဲ့အညီ တက်လာမယ့် ရွေးကောက်ပွဲအနိုင်ရအစိုးရသစ်ကို အာဏာလွှဲပြောင်း ပေးအပ်ဆိုတဲ့ တာဝန်တွေကို ထမ်းဆောင်ရမှာ ဖြစ်လို့ ပါပဲ။
အဲဒါဆိုရင်တော့ အနာဂတ် ဖက်ဒရယ်ပြည် ထောင်စုခရီးဟာ ကြမ်းတမ်းခက်ခဲနိုင်ပေမယ့် နိုင်ငံ မှာရှိနေတဲ့ ပြည်သူတွေအကုန်လုံးက အတူတကွ ဒီ ခရီးလမ်းကို ကြိုးစားပမ်းစား လျှောက်လှမ်းကြမယ် ဆိုရင်ဖြင့် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး” ဆီသို့ မလွဲမုချ ရောက်မယ်ဧကန်လို့ ယုံကြည်ယူဆမိ ပါတယ်။
အောင်နိုင်