• Today is: Wednesday, September 22, 2021

ဖက်ဒရယ်ဒီမိုကရေစီလား ဒီမိုကရေစီဖက်ဒရယ်လား

Federal Journal
June09/ 2021

Zawgyi
ျမန္မာႏိုင္ငံရဲ႕ ဖက္ဒရယ္ျပည္ေထာင္စုအေၾကာင္း ေဆြးေႏြးၾကတဲ့အခါ အခ်ိဳ႕က “ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု”လို႔ သံုးႏႈန္းတာကို ႀကိဳက္ၾကၿပီး အခ်ိဳ႕ကေတာ့ “ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု”လို႔ သံုးႏႈန္းရတာကို ပိုၿပီးႀကိဳက္ၾကတာ ေတြ႕ၾကရပါတယ္။
အဲဒါေၾကာင့္ အနာဂတ္ ဖက္ဒရယ္ျပည္ေထာင္စုမွာ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုလို႔ သံုးႏႈန္းေဖာ္ျပၾကမလား၊ သို႔တည္းမဟုတ္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုလို႔ ေဖာ္ျပ သံုးႏႈန္းၾကမလားဆိုတာကို အဆိုျပဳပုစၦာထုတ္ၿပီး ေဆြးေႏြးၾကည့္ႏိုင္ပါတယ္။
ေဆြးေႏြးတဲ့အေလ့အထဟာ ေကာင္းတယ္။ ေဆြးေႏြးမႈမရွိတဲ့ လူ႔အဖြဲ႕အစည္းထက္ ေဆြးေႏြးမႈရွိတဲ့ လူ႔အဖြဲ႕အစည္းက တိုးတက္မႈဆီကို ေရွး႐ႈတယ္။ ေဆြးေႏြးမႈေတြကေနတစ္ဆင့္ လူ႔အဖြဲ႕အစည္းဟာ ကိုယ္ရည္စစ္ လူ႔အဖြဲ႕အစည္းတစ္ခုကို ရရွိလာႏိုင္မယ္ မဟုတ္လား။ ေဆြးေႏြးျခင္းမွာ အေၾကာင္းအရာတစ္ခုအတြက္ ေမးခြန္းေတြမ်ားႀကီး ေပၚေပါက္လာႏိုင္သလို ေမးခြန္းတစ္ခုတည္းကပဲ ေနာက္ထပ္ေမးခြန္းေပါင္းမ်ားစြာလည္း ပြားမ်ားလာႏိုင္ပါတယ္။ ေမးခြန္းတစ္ခု၊ အေမးတစ္ခုမွာ အေျဖေပါင္းေသာင္းေျခာက္ေထာင္ မကလည္း ရလာႏိုင္ပါတယ္။
လြတ္လပ္စြာ ေဆြးေႏြးၾကျခင္းမွာ ေမးခြန္း တစ္ခုအတြက္ အေျဖတစ္ခုပဲ ျဖစ္ရမယ္ဆိုတဲ့ ကန္႔ သတ္ခ်က္မရွိဘူး။ တိုးတက္တဲ့ လူ႔အဖြဲ႕အစည္း တစ္ခုမွာ ပုစၦာထုတ္လိုက္တဲ့ ေမးခြန္းတစ္ခုအတြက္ လူတိုင္းဟာ အေျဖေတြဝိုင္းေပးႏိုင္တယ္။ အဲဒါေၾကာင့္ ေမးခြန္းတစ္ခု ျဖစ္ေပၚလာၿပီဆိုရင္ အဲဒီေမးခြန္းကို အေျဖတစ္ခုထက္မက ရလာေအာင္၊ တစ္ေယာက္မက ေျဖဆိုႏိုင္ေအာင္၊ ဆိုလိုတာက အေျဖေတြ အမ်ားႀကီး ရလာေအာင္ အေျခအေန၊ အခင္းအက်င္းတစ္ခုကို ဖန္တီးေပးထားဖို႔လည္း လိုပါတယ္။
အေျဖေတြအမ်ားႀကီး ရွိေနတာဟာ အေျဖတစ္ခု တည္းရွိေနတာထက္စာရင္ လူ႔အဖြဲ႕အစည္းအတြက္ ပိုမိုေကာင္းမြန္ႏိုင္ပါတယ္။ ႐ႈေထာင့္မ်ိဳးစံု၊ အျမင္မ်ိဳးစံု ကေန ခ်ဥ္းကပ္ၿပီး ေျဖဆိုလိုက္ၾကမယ့္ အေျဖေတြဟာ လည္း ပန္းေပါင္းစံုပြင့္ေနတဲ့ ဥယ်ာဥ္တစ္ခုတည္းက လို သိပ္ကိုစံုလင္ေနမွာပါပဲ။
အဲဒီလိုအေျဖေတြ အမ်ားႀကီးထဲက အေကာင္း ဆံုးအေျဖတစ္ခုကို ေရြးခ်ယ္ႏိုင္မလား၊ သို႔တည္းမဟုတ္ အဲဒီအေျဖေတြ အမ်ားႀကီးကိုပဲ အေျဖတစ္ခုအျဖစ္ ေပါင္းစည္းဆက္စပ္ႏိုင္မလား၊ လူ႔အဖြဲ႕အစည္းအတြက္ ဘယ္ဟာတစ္ခုက ပိုၿပီးအက်ိဳးရွိေနေလမလဲ။
အဲဒီလိုပါပဲ၊ ေရြးခ်ယ္စရာေတြထဲက ဘယ္ဟာ တစ္ခုကို ေရြးခ်ယ္မလဲဆိုတဲ့ အေမးမ်ိဳးေတြ ေပၚလာ တဲ့အခါမွာလည္း လူ႔အဖြဲ႕အစည္းအတြက္ ဘယ္ဟာ က ပိုၿပီးအက်ိဳးရွိေနမလဲဆိုတာကို အရင္စဥ္းစားၾကည့္ ႏိုင္ပါတယ္။ ဒီမွာ အက်ိဳးရွိျခင္းလို႔ေျပာတဲ့အခါ အဲဒီ “အက်ိဳးရွိျခင္း”ဆိုတဲ့ စကားလံုးကိုလည္း အဓိပၸာယ္ ဖြင့္ဆိုဖို႔ ထပ္ၿပီး လိုအပ္ခ်င္ လိုအပ္လာပါလိမ့္ဦးမယ္။
ဒီေနရာမွာေတာ့ စကားလံုးကို ေရြးခ်ယ္ရမွာ ျဖစ္ပါတယ္။ အဲဒီလိုစကားလံုးကို ေရြးခ်ယ္တဲ့အခါ မွာေတာ့ “အက်ိဳးရွိျခင္း၊ မရွိျခင္း”ဆိုတာထက္ လူ အမ်ားစု က “ပိုႀကိဳက္ျခင္း၊ မႀကိဳက္ျခင္း”နဲ႔လည္း သက္ဆိုင္ေန ႏိုင္ပါေသးတယ္။
အဲဒီလို ႀကိဳက္ျခင္း၊ မႀကိဳက္ျခင္းမွာ လူေတြ အသံုးမ်ားျခင္း၊ အသံုးမမ်ားျခင္းဆိုတာေတြကလည္း တစ္ပါတည္း ကပ္ပါလာမွာပါပဲ။ အဲဒီအတြက္ ဒီမွာ အသံုးျပဳမယ့္၊ ေဆြးေႏြးမယ့္ စကားလံုးေတြကို အရင္ ဆန္းစစ္ၾကည့္ဖို႔ လိုပါလိမ့္မယ္။
ဒီေဆာင္းပါးမွာအသံုးျပဳမယ့္ စကားလံုးက “ဖက္ဒရယ္ဒီမိုကေရစီ” နဲ႔ “ဒီမိုကေရစီဖက္ဒရယ္”ဆိုတဲ့ စကားလံုးႏွစ္လံုး ျဖစ္ပါတယ္။
ဖက္ဒရယ္ ဒီမိုကေရစီဆိုရင္ အဂၤလိပ္လို Federal Democracy လို႔ သံုးစြဲရမွာ ျဖစ္ၿပီး ဒီမိုကေရစီ ဖက္ဒရယ္ ဆိုရင္ေတာ့ အဂၤလိပ္ Democratic Federalism လို႔ သံုးႏႈန္းေဖာ္ျပရမွာ ျဖစ္ပါတယ္။
ပထမဦးဆံုး ဖက္ဒရယ္ဒီမိုကေရစီ (Federal Democracy) ဆိုတဲ့ အသံုးအႏႈန္းကိုေလ့လာၾကည့္ ပါမယ္။
ဒီမိုကေရစီဆိုတဲ့ စကားလံုးကို ဝိေသသနပုဒ္ ေတြနဲ႔ အထူးျပဳၾကတဲ့အခါ လစ္ဘရယ္ဒီမိုကေရစီ (Liberal Democracy) ၊ ဆိုရွယ္ဒီမိုကေရစီ (Social Democracy)၊ ေရြးေကာက္ပြဲဒီမိုကေရစီ (Electoral Democracy)၊ ပါလီမန္ဒီမိုကေရစီ (Parliamentary Democracy) ၊ သမၼတဒီမိုကေရစီ (Presidential Democracy) စသျဖင့္ အသံုးမ်ားတဲ့ စကားလံုးေတြ ကို ေတြ႕ရႏိုင္ပါတယ္။
ဒီစကားလံုးတြဲေတြထဲမွာ လစ္ဘရယ္၊ ဆိုရွယ္ စတာေတြက အယူအဆ အိုုင္ဒီေယာ္ေလာ္ဂ်ီနဲ႔သက္ ဆိုင္ၿပီး ေရြးေကာက္ပြဲ၊ ပါလီမန္၊ သမၼတ စတာေတြက ေတာ့ စနစ္အေပၚ အေျခခံတယ္လို႔ ေယဘုယ်သတ္ မွတ္ၾကည့္မယ္ဆိုရင္လည္း သတ္မွတ္ၾကည့္ႏိုင္ပါလိမ့္ မယ္။ အဲဒါဆိုရင္ေတာ့ ဒီမိုကေရစီဆိုတဲ့ စကားလံုး ကို အယူအဆ အိုင္ဒီေယာ္ေလာ္ဂ်ီနဲ႔သက္ဆိုင္တဲ့ စကားလံုးေတြနဲ႔ ဝိေသသအထူးျပဳႏိုင္သလို စနစ္ အေပၚ အေျခခံတဲ့ စကားလံုးေတြနဲ႔လည္းပဲ ဝိေသသ အထူးျပဳႏိုင္တယ္ဆိုတဲ့ မွတ္ခ်က္မ်ိဳး ထြက္လာႏိုင္ ပါတယ္။
အဲဒီေတာ့ ဒီေနရာမွာ ဖက္ဒရယ္ (Federalism) ဆိုတဲ့ စကားလံုးဟာ အယူအဆအိုင္ဒီေယာ္ေလာ္ဂ်ီနဲ႔ သက္ဆိုင္တာလား၊ ဒါမွမဟုတ္ စနစ္နဲ႔ပဲ သက္ဆိုင္ တာလားဆိုတာကိုပါ ဆက္လက္ၿပီး စိစစ္ေလ့လာ ၾကည့္ႏိုင္ပါေသးတယ္။
သို႔ေသာ္ မည္သို႔ပင္ဆိုေစကာမူ ဆိုလိုတာက “ဖက္ဒရယ္”ဆိုတဲ့ စကားလံုးက အယူအဆအိုင္ဒီ ေယာ္ေလာ္ဂ်ီနဲ႔ သက္ဆိုင္သည္ျဖစ္ေစ၊ စနစ္နဲ႔ပဲ သက္ ဆိုင္သည္ျဖစ္ေစ၊ ဒီမိုကေရစီဆိုတဲ့ စကားလံုးကို အယူ အဆ အိုင္ဒီေယာ္ေလာ္ဂ်ီနဲ႔ေရာ စနစ္နဲ႔ပါ အထူးဝိေသ သနျပဳႏိုင္တာမို႔လို႔ ဖက္ဒရယ္ဒီမိုကေရစီ (Federal Democracy) ဆိုတဲ့ စကားလံုးအတြဲအစပ္ကို သံုးႏိုင္ တာကေတာ ေသခ်ာသေလာက္ ရွိေနပါတယ္။
အဲဒါအျပင္ ၿပီးခဲ့တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ မွာ “ဒီမိုကေရစီဖက္ဒရယ္”ဆိုတဲ့ စကားလံုးအတြဲအစပ္ အသံုးအႏႈန္းကိုလည္း သံုးႏႈန္းၾကတာ ေတြ႕ရပါတယ္။
အဲဒီလို “ဒီမိုကေရစီ”ဆိုတဲ့ စကားလံုးနဲ႔ ေရွ႕က ေန ဝိေသသအထူးျပဳၿပီး “ဖက္ဒရယ္”ကို ေဖာ္ျပတာက လည္းအေၾကာင္းေတြ ရွိေနႏိုင္ပါတယ္။ အေၾကာင္း တစ္ခုကေတာ့ “ဖက္ဒရယ္စနစ္”က်င့္သံုးတဲ့ တခ်ိဳ႕ ႏိုင္ငံေတြက ဒီမိုကေရစီႏိုင္ငံေတြျဖစ္ၾကၿပီး တခ်ိဳ႕ႏိုင္ငံ ေတြကေတာ့ အာဏာရွင္ႏိုင္ငံေတြ ျဖစ္ေနၾကလို႔ပါပဲ။
အဲဒီအတြက္ “ဖက္ဒရယ္စနစ္”က်င့္သံုးတဲ့ ႏိုင္ငံ အခ်ိဳ႕ကို ဆက္ၿပီး ေလ့လာၾကည့္ဖို႔လိုပါလိမ့္မယ္။
ဖက္ဒရယ္စနစ္က်င့္သံုးတဲ့ ႏိုင္ငံေတြထဲမွာ ျမန္မာျပည္သူေတြအတြက္ အသိသားဆံုး ဥပမာအမ်ား ဆံုးေပးေလ့ရွိတဲ့ ႏိုင္ငံႏွစ္ႏိုင္ငံကေတာ့ အိႏိၵယႏိုင္ငံနဲ႔ အေမရိကန္ျပည္ေထာင္စုတို႔ပဲ ျဖစ္ပါတယ္။
အိႏိၵယႏိုင္ငံက က်င့္သံုးတဲ့ ဖက္ဒရယ္စနစ္က ပါလီမန္စနစ္နဲ႔သြားတဲ့ ဖက္ဒရယ္ျဖစ္တယ္။ အေမရိကန္ ျပည္ေထာင္စုကေတာ့ ဖက္ဒရယ္စနစ္ကို သမၼတစနစ္ နဲ႔ သြားပါတယ္။ ဒီႏိုင္ငံႏွစ္ခုစလံုးက ဖက္ဒရယ္စနစ္ကို ဒီမိုကေရစီစနစ္နဲ႔ သြားတာမို႔လို႔ သိပ္ျပႆနာမရွိပါဘူး။
ေနာက္ဥပမာတစ္ခုကေတာ့ ႐ုရွားႏိုင္ငံ ျဖစ္ပါ တယ္။ ႐ုရွားႏိုင္ငံဟာ ဖက္ဒရယ္စနစ္ကို က်င့္သံုးတဲ့ ဖက္ဒေရးရွင္း ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ပဲ “႐ုရွားဖက္ဒေရးရွင္း”လို႔ကို သံုးႏႈန္းေဖာ္ျပထားတာ ျဖစ္ပါတယ္။
သို႔ေသာ္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံဟာ ဒီမိုက ေရစီ ႏိုင္ငံတစ္ခု မဟုတ္ပါ။ အာဏာရွင္ႏိုင္ငံတစ္ခုသာ ျဖစ္ပါတယ္။ လက္ရွိမွာကို နာမည္ေက်ာ္အာဏာရွင္ ပူတင္က ခ်ဳပ္ကိုင္အုပ္ခ်ဳပ္ေနပါတယ္။
အဲဒီေတာ့ ဖက္ဒရယ္စနစ္ကို က်င့္သံုးတိုင္း ဒီမိုကေရစီႏိုင္ငံမဟုတ္ဘူးလို႔ ဆိုရပါေတာ့မယ္။ အဲဒီ အတြက္ ဒီ ဖက္ဒရယ္စနစ္ဟာ ဒီမိုကေရစီ ဟုတ္၊ မဟုတ္ဆိုတာကို ေသခ်ာေစဖို႔အတြက္ ဒီမိုကေရစီ ဆိုတဲ့ စကားလံုးနဲ႔ ေရွ႕ကေန ဝိေသသအထူးျပဳရပါ ေတာ့မယ္။ ဒီမိုကေရစီဖက္ဒရယ္ (Democratic Federalism/Democratic Federal State/Democratic Federal Union) စသျဖင့္ ျဖစ္ပါတယ္။
ဖက္ဒရယ္စနစ္ရဲ႕ သေဘာတရားအရ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ေတြ ရွိရမယ္၊ ရရ မယ္လို႔ ဆိုၾကပါတယ္။ အဲဒါေၾကာင့္လည္း ျမန္မာႏိုင္ငံ မွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ေတြကို ဖက္ဒရယ္အေနနဲ႔ ေတာင္းဆိုၾကတာ ျဖစ္ပါတယ္။ အဲဒါဆိုရင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ရေနတိုင္း ဒီမိုကေရစီဟုတ္သလားလို႔ ေမးစရာက ေပၚလာျပန္ပါတယ္။
ကမၻာေပၚမွာ နာမည္ႀကီး ကြန္ျမဴနစ္အာဏာရွင္ ႏိုင္ငံျဖစ္တဲ့ တ႐ုတ္ႏိုင္ငံမွာ အခ်ိဳ႕လူမ်ိဳးေတြ အခ်ိဳ႕ ေဒသေတြကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္း ခြင့္ေတြ ေပးထားပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံဟာ ဒီမိုကေရစီႏိုင္ငံတစ္ႏိုင္ငံ မဟုတ္ဘူးဆိုတာေတာ့ လူတိုင္း သိေနၾကပါတယ္။
အဲဒီေတာ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္း ခြင့္ရတိုင္းသာ ဖက္ဒရယ္လို႔ဆိုခဲ့ရင္ ဖက္ဒရယ္တိုင္း ဟာ ဒီမိုကေရစီမဟုတ္ဘူးဆိုတဲ့ အဓိပၸာယ္လည္း ျဖစ္ပါတယ္။
အဲဒါေၾကာင့္ ကိုယ္က်င့္သံုးမယ့္ ဖက္ဒရယ္ဟာ ဒီမိုကေရစီျဖစ္တယ္ဆိုရင္ အဲဒီဖက္ဒရယ္ကို ဒီမိုက ေရစီဆိုတဲ့ စကားလံုးနဲ႔ အထူးျပဳၿပီး “ဒီမိုကေရစီ ဖက္ဒရယ္”လို႔ သံုးႏႈန္းေဖာ္ျပဖို႔ လိုလာပါလိမ့္မယ္။
အထူးသျဖင့္ကေတာ့ ဖက္ဒရယ္စနစ္ဟာ အာဏာရွင္စနစ္နဲ႔ ေရာေထြးေနတဲ့အခါမ်ိဳးေတြမွာ “ဒီမိုကေရစီ”ဆိုတဲ့ စကားလံုးနဲ႔ အထူးျပဳသင့္တယ္လို႔ ထင္ပါတယ္။ ဒါကလည္း အေၾကာင္းရွိပါတယ္။ အထူး သျဖင့္ ျမန္မာႏိုင္ငံအတြက္ ျဖစ္ပါတယ္။
ဒီမိုကေရစီအေယာင္ျပ စစ္တစ္ပိုင္းအုပ္ခ်ဳပ္ေရး ျဖစ္တဲ့ ၂၀ဝ၈ ခုႏွစ္ ဖြဲ႕စည္းပံုအေျခခံဥပေဒနဲ႔ သြားခဲ့ တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြနဲ႔ ဆက္စပ္ၿပီး “ဖက္ဒရယ္”နဲ႔ “ဒီမိုကေရစီ” ႏွစ္ခုမွာ “ဖက္ဒရယ္”က ပို အေရး ႀကီးတယ္။ ႏွစ္ခုမွာ တစ္ခုကို အရင္ယူရမယ္ ဆိုရင္ “ဖက္ဒရယ္”ကို အရင္ယူမယ္ဆိုတဲ့ အသံေတြ ထြက္ခဲ့ ဖူးပါတယ္။ ထူးဆန္းတာက ဒီအယူအဆကို စစ္တပ္ က ေထာက္ခံတာကို ေတြ႕ရတာပါပဲ။
ေနာက္ဆံုး ဘယ္ေလာက္အထိ ျဖစ္လာၾကသလဲ ဆိုရင္ ဒီမိုကေရစီမျဖစ္ရင္ေနပါေစ ဖက္ဒရယ္ျဖစ္ရင္ ၿပီးေရာဆိုတဲ့အထိ အသံေတြ ၾကားလာရပါတယ္။ ဒီလို အသံေတြက ဒီမိုကေရစီအေရး လႈပ္ရွားသူေတြ အတြက္ ေတာ္ေတာ္တုန္လႈပ္စရာေကာင္းပါတယ္။ ဒီမိုကေရစီေတာင္းဆိုတဲ့ အေရးေတာ္ပံုေတြမွာ ေပးခဲ့ တဲ့ အသက္ေတြ၊ ပ်က္ခဲ့ရတဲ့ဘဝေတြ နည္းမွ မနည္းပဲ။
အဲဒါေၾကာင့္ “ဒီမိုကေရစီမရရင္ ေနပါေစ၊ ဖက္ ဒရယ္ရရင္ ၿပီးေရာ”ဆိုတဲ့သူေတြကို စစ္တပ္ကလည္း ေထာက္ခံေနေလေတာ့ သူတို႔ဟာ စစ္တပ္နဲ႔ ေပါင္းၿပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ေတြနဲ႔ အာ ဏာရွင္ ဖက္ဒရယ္စနစ္ကိုမ်ား သြားေလမလားရယ္လို႔ ဒီမိုကေရစီအေရးလႈပ္ရွားသူေတြက စိုးရိမ္ပူပန္ခဲ့ၾက တာ ျဖစ္ပါတယ္။
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ “ဒီမိုကေရစီ ဖက္ဒရယ္”ဆိုတဲ့ အသံုးအႏႈန္းကို အဓိကသံုးႏႈန္းခဲ့သူ ဟာ ေဒၚေအာင္ဆန္းစုၾကည္ျဖစ္မယ္ ထင္ပါတယ္။ အထက္က ေျပာခဲ့တဲ့ စိုးရိမ္ပူပန္မႈေတြေၾကာင့္မ်ား ေဒၚေအာင္ဆန္းစုၾကည္က “ဒီမိုကေရစီဖက္ဒရယ္”ဆိုၿပီး ဖက္ဒရယ္ကို ဒီမိုကေရစီနဲ႔ အထူးျပဳ သံုးႏႈန္း ေဖာ္ျပခဲ့ေလသလားလို႔လည္း ေတြးၾကည့္မိပါတယ္။ အေျခအေနေတြကလည္း “ဖက္ဒရယ္”ကို ဒီမိုကေရစီ နဲ႔မွ ေရွ႕ကေန အဲဒီလို အထူးျပဳမထားဘူးဆိုရင္ “ဖက္ဒရယ္”က အာဏာရွင္ဘက္ကို ေရာက္သြားႏိုင္ေန တာကို။
အဲဒီအခ်ိန္ကဆိုရင္ “ဒီမိုကေရစီဖက္ဒရယ္”ဆို တဲ့ အသံုးအႏႈန္းနဲ႔ ]ဖက္ဒရယ္ဒီမိုကေရစီ}ဆိုတဲ့ အသံုးအႏႈန္း ႏွစ္ခုက ၿပိဳင္ဘက္ေတြလိုေတာင္ ျဖစ္ေန ခဲ့ပါေသးတယ္။
အာဏာရအစိုးရရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ေတြမွာ “ဒီမိုကေရစီဖက္ဒရယ္”ကို သံုးစြဲၾကၿပီး အျပင္ ဘက္ေလာကမွာေတာ့ “ဖက္ဒရယ္ဒီမိုကေရစီ”လို႔ သံုးစြဲ ၾကပါတယ္။
တစ္နည္း ေျပာရရင္ေတာ့ ဒါေတြက ၿပီးခဲ့ပါၿပီလို႔ ေျပာရင္လည္း ရပါတယ္။ အေၾကာင္းကေတာ့ အခု အခါမွာ “ဖက္ဒရယ္ဒီမိုကေရစီပဋိညာဥ္”ကို ျပ႒ာန္းၿပီး လို႔ပဲ ျဖစ္ပါတယ္။
အဲဒီပဋိညာဥ္ထဲမွာ “ဖက္ဒရယ္ဒီမိုကေရစီ”လို႔ သံုးႏႈန္းထားၿပီးပါၿပီ။ ပဋိညာဥ္ရဲ႕ အမည္အျပည့္အစံု ကိုက ]ဖက္ဒရယ္ဒီမိုကေရစီပဋိညာဥ္} ျဖစ္ပါတယ္။ ဒီပဋိညာဥ္အေပၚ ျပည္သူေတြရဲ႕ ေထာက္ခံမႈကလည္း အားေကာင္းတဲ့အတြက္ ဒီပဋိညာဥ္ဟာ အတည္ပဲ ျဖစ္ပါတယ္။
ဒီပဋိညာဥ္ထဲမွာ ပါဝင္တဲ့ “ဖက္ဒရယ္ ဒီမိုက ေရစီျပည္ေထာင္စု တည္ေဆာက္ေရးဆိုင္ရာ အေျခခံ မူဝါဒ”ေတြဟာ သိပ္ကို ျပည့္စံုလြန္းတဲ့အတြက္ အနာ ဂတ္မွာ ရရွိလာမယ့္ “ဖက္ဒရယ္ဒီမိုကေရစီ ျပည္ ေထာင္စု ဖြဲ႕စည္းပံုအေျခခံဥပေဒ”ကလည္း သိပ္ကို ျပည့္စံုေနမွာ ေသခ်ာပါတယ္။
အဲဒါေၾကာင့္ အနာဂတ္ ဖယ္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုျမန္မာႏိုင္ငံမွာ “ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု ဖြဲ႕စည္းပံုအေျခခံဥပေဒ”တစ္ရပ္ ေပၚ လာၿပီး “ဖက္ဒရယ္ဒီမိုကေရစီနဲ႔ တိုင္းျပည္”ကို ဆက္ သြားၾကေတာ့မွာပါ။
အဲဒီအခါ တိုင္းျပည္မွာ တိုင္းသူျပည္သားအေပါင္း ဟာ ခြဲျခားဆက္ဆံမႈေတြ ကင္းစင္လို႔ ေအးအတူ ပူ အမွ်၊ အတူတကြ ၿငိမ္းခ်မ္းစြာ ေနထိုင္သြားႏိုင္ၾကေတာ့ မွာလည္း ေျမႀကီးလက္ခတ္မလြဲပါပဲ။
အနာဂတ္ရဲ႕ “ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု”ႀကီးမွာ “လစ္ဘရယ္ဒီမိုကေရစီ”ကို က်င့္သံုးမႈ လား၊ “ဆိုရွယ္ဒီမိုကေရစီကို က်င့္သံုးမလား” ဆိုတာ ကေတာ့ ေနာက္တစ္ဆင့္ျဖစ္မယ္ ထင္ပါတယ္။ ဆိုလို တာက ထပ္ၿပီး ေဆြးေႏြးၾက၊ အေျဖရွာၾကရဦးမယ္ ထင္ပါတယ္။
သို႔ေသာ္ ထုတ္ေဖာ္ေျပာဆိုမႈေတြ မလုပ္ၾကေပ မယ့္ ေယဘုယ်အေနနဲ႔ကေတာ့ “လစ္ဘရယ္ ဒီမိုကေရစီ”ပဲျဖစ္ဖို႔ မ်ားပါတယ္။ ဒါကလည္း ေယဘုယ် အားျဖင့္ ႏိုင္ငံတိုင္းလို သြားေန၊ က်င့္သံုးေနၾကတာ ျဖစ္လို႔ပါပဲ။ ကမၻာေပၚမွာ လစ္ဘရယ္ဒီမိုကေရစီနဲ႔ ပတ္ သက္ၿပီး ဥပမာအေနနဲ႔ သာဓကအျပရဆံုး ႏိုင္ငံ ေတြကေတာ့ ယူေကႏိုင္ငံနဲ႔ အေမရိကန္ ျပည္ေထာင္စုတို႔ပါပဲ။
ဒီလစ္ဘရယ္ဒီမိုကေရစီႏိုင္ငံႏွစ္ႏိုင္ငံမွာ ျခား နားတာကေတာ့ ယူေကႏိုင္ငံက လူမႈဖူလံုေရး ပိုၿပီး အားေကာင္းတယ္လို႔ ဆိုခ်င္ဆိုႏိုင္မယ္ ထင္ပါတယ္။
လစ္ဘရယ္ဒီမိုကေရစီမွာ လူမႈဖူလံုေရးအား ေကာင္းရင္ ဆိုရွယ္ဒီမိုကေရစီနဲ႔ နီးစပ္သြားသလို ရွိတတ္ပါတယ္။
အဲဒါဆိုရင္ ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု ျမန္မာႏိုင္ငံမွာလည္း ပထမ လစ္ဘရယ္ဒီမိုကေရစီနဲ႔ သြား၊ လူမႈဖူလံုေရးကို အားေကာင္းေအာင္ လုပ္။ ကာလ တစ္ခု ၾကာလာတဲ့အခါ “ဆိုရွယ္ဒီမိုကေရစီ”စနစ္ကို ေျပာင္း။
ဥေရာပမွာေတာ့ ဆိုရွယ္ဒီမိုကေရစီစနစ္ က်င့္ သံုးတဲ့ ႏိုင္ငံေတြက ဂ်ာမနီတို႔၊ စကင္ဒီေနးဗီးယားႏိုင္ငံ ေတြ ရွိပါတယ္။
ဆိုရွယ္ဒီမိုကေရစီစနစ္ဆိုေတာ့ ႏိုင္ငံက ႏိုင္ငံ သားေတြအေပၚမွာ ေစာင့္ေရွာက္မႈအားႀကီးတယ္။ အဲဒီအတြက္ ႏို္င္ငံသားေတြမွာ လိုေလေသးမရွိလို႔ ေတာင္ တင္စားေျပာဆိုႏိုင္မယ္ ထင္ပါတယ္။
သို႔ေသာ္ အဲဒီလိုေဆာင္ရြက္ႏိုင္ဖို႔ဆိုရင္ ႏိုင္ငံက လည္း ၾကြယ္ဝေနဖို႔၊ ေတာင့္တင္းေနဖို႔ လိုအပ္လွပါ တယ္။ အဲဒီအတြက္ ႏိုင္ငံသားေတြကလည္း ႏိုင္ငံကို အခြန္အခေပးေဆာင္ရမႈေတြ ပိုမ်ားေနတတ္ပါတယ္။ ဒါက အျပန္အလွန္သေဘာပဲ ျဖစ္ပါတယ္။
ႏိုင္ငံက ႏိုင္ငံသားေတြကို ေကာင္းေကာင္း ေစာင့္ေရွာက္ေစခ်င္ရင္ ႏိုင္ငံသားေတြကလည္း ႏိုင္ငံ ကို ပိုက္ဆံေတြအမ်ားႀကီး ေပးထား၊ ေကာင္းေကာင္း ေပးထားဆိုတာပါပဲ။
အဲဒီေတာ့ အနာဂတ္ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုႀကီးမွာ လူ႔အဖြဲ႕အစည္းကို ဘယ္လိုဆက္ ၿပီး တည္ေဆာက္ယူၾကမလဲဆိုတာကိုလည္း ဒီျပည္ ေထာင္စုႀကီးရဲ႕ ႏိုင္ငံသားေတြကပဲ ဦးစီးဦးေဆာင္ျပဳ လို႔ ဆက္လက္ေဆြးေႏြး ေဆာင္ရြက္သြားၾကရမွာ ျဖစ္ပါတယ္။

ဆလိုင္းဆြန္ဘိခ္ထန္

Unicode
မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ပြည်ထောင်စုအကြောင်း ဆွေးနွေးကြတဲ့အခါ အချို့က “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု”လို့ သုံးနှုန်းတာကို ကြိုက်ကြပြီး အချို့ကတော့ “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု”လို့ သုံးနှုန်းရတာကို ပိုပြီးကြိုက်ကြတာ တွေ့ကြရပါတယ်။
အဲဒါကြောင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလို့ သုံးနှုန်းဖော်ပြကြမလား၊ သို့တည်းမဟုတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုလို့ ဖော်ပြ သုံးနှုန်းကြမလားဆိုတာကို အဆိုပြုပုစ္ဆာထုတ်ပြီး ဆွေးနွေးကြည့်နိုင်ပါတယ်။
ဆွေးနွေးတဲ့အလေ့အထဟာ ကောင်းတယ်။ ဆွေးနွေးမှုမရှိတဲ့ လူ့အဖွဲ့အစည်းထက် ဆွေးနွေးမှုရှိတဲ့ လူ့အဖွဲ့အစည်းက တိုးတက်မှုဆီကို ရှေးရှုတယ်။ ဆွေးနွေးမှုတွေကနေတစ်ဆင့် လူ့အဖွဲ့အစည်းဟာ ကိုယ်ရည်စစ် လူ့အဖွဲ့အစည်းတစ်ခုကို ရရှိလာနိုင်မယ် မဟုတ်လား။ ဆွေးနွေးခြင်းမှာ အကြောင်းအရာတစ်ခုအတွက် မေးခွန်းတွေများကြီး ပေါ်ပေါက်လာနိုင်သလို မေးခွန်းတစ်ခုတည်းကပဲ နောက်ထပ်မေးခွန်းပေါင်းများစွာလည်း ပွားများလာနိုင်ပါတယ်။ မေးခွန်းတစ်ခု၊ အမေးတစ်ခုမှာ အဖြေပေါင်းသောင်းခြောက်ထောင် မကလည်း ရလာနိုင်ပါတယ်။
လွတ်လပ်စွာ ဆွေးနွေးကြခြင်းမှာ မေးခွန်း တစ်ခုအတွက် အဖြေတစ်ခုပဲ ဖြစ်ရမယ်ဆိုတဲ့ ကန့် သတ်ချက်မရှိဘူး။ တိုးတက်တဲ့ လူ့အဖွဲ့အစည်း တစ်ခုမှာ ပုစ္ဆာထုတ်လိုက်တဲ့ မေးခွန်းတစ်ခုအတွက် လူတိုင်းဟာ အဖြေတွေဝိုင်းပေးနိုင်တယ်။ အဲဒါကြောင့် မေးခွန်းတစ်ခု ဖြစ်ပေါ်လာပြီဆိုရင် အဲဒီမေးခွန်းကို အဖြေတစ်ခုထက်မက ရလာအောင်၊ တစ်ယောက်မက ဖြေဆိုနိုင်အောင်၊ ဆိုလိုတာက အဖြေတွေ အများကြီး ရလာအောင် အခြေအနေ၊ အခင်းအကျင်းတစ်ခုကို ဖန်တီးပေးထားဖို့လည်း လိုပါတယ်။
အဖြေတွေအများကြီး ရှိနေတာဟာ အဖြေတစ်ခု တည်းရှိနေတာထက်စာရင် လူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်နိုင်ပါတယ်။ ရှုထောင့်မျိုးစုံ၊ အမြင်မျိုးစုံ ကနေ ချဉ်းကပ်ပြီး ဖြေဆိုလိုက်ကြမယ့် အဖြေတွေဟာ လည်း ပန်းပေါင်းစုံပွင့်နေတဲ့ ဥယျာဉ်တစ်ခုတည်းက လို သိပ်ကိုစုံလင်နေမှာပါပဲ။
အဲဒီလိုအဖြေတွေ အများကြီးထဲက အကောင်း ဆုံးအဖြေတစ်ခုကို ရွေးချယ်နိုင်မလား၊ သို့တည်းမဟုတ် အဲဒီအဖြေတွေ အများကြီးကိုပဲ အဖြေတစ်ခုအဖြစ် ပေါင်းစည်းဆက်စပ်နိုင်မလား၊ လူ့အဖွဲ့အစည်းအတွက် ဘယ်ဟာတစ်ခုက ပိုပြီးအကျိုးရှိနေလေမလဲ။
အဲဒီလိုပါပဲ၊ ရွေးချယ်စရာတွေထဲက ဘယ်ဟာ တစ်ခုကို ရွေးချယ်မလဲဆိုတဲ့ အမေးမျိုးတွေ ပေါ်လာ တဲ့အခါမှာလည်း လူ့အဖွဲ့အစည်းအတွက် ဘယ်ဟာ က ပိုပြီးအကျိုးရှိနေမလဲဆိုတာကို အရင်စဉ်းစားကြည့် နိုင်ပါတယ်။ ဒီမှာ အကျိုးရှိခြင်းလို့ပြောတဲ့အခါ အဲဒီ “အကျိုးရှိခြင်း”ဆိုတဲ့ စကားလုံးကိုလည်း အဓိပ္ပာယ် ဖွင့်ဆိုဖို့ ထပ်ပြီး လိုအပ်ချင် လိုအပ်လာပါလိမ့်ဦးမယ်။
ဒီနေရာမှာတော့ စကားလုံးကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုစကားလုံးကို ရွေးချယ်တဲ့အခါ မှာတော့ “အကျိုးရှိခြင်း၊ မရှိခြင်း”ဆိုတာထက် လူ အများစု က “ပိုကြိုက်ခြင်း၊ မကြိုက်ခြင်း”နဲ့လည်း သက်ဆိုင်နေ နိုင်ပါသေးတယ်။
အဲဒီလို ကြိုက်ခြင်း၊ မကြိုက်ခြင်းမှာ လူတွေ အသုံးများခြင်း၊ အသုံးမများခြင်းဆိုတာတွေကလည်း တစ်ပါတည်း ကပ်ပါလာမှာပါပဲ။ အဲဒီအတွက် ဒီမှာ အသုံးပြုမယ့်၊ ဆွေးနွေးမယ့် စကားလုံးတွေကို အရင် ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။
ဒီဆောင်းပါးမှာအသုံးပြုမယ့် စကားလုံးက “ဖက်ဒရယ်ဒီမိုကရေစီ” နဲ့ “ဒီမိုကရေစီဖက်ဒရယ်”ဆိုတဲ့ စကားလုံးနှစ်လုံး ဖြစ်ပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီဆိုရင် အင်္ဂလိပ်လို Federal Democracy လို့ သုံးစွဲရမှာ ဖြစ်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ဆိုရင်တော့ အင်္ဂလိပ် Democratic Federalism လို့ သုံးနှုန်းဖော်ပြရမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး ဖက်ဒရယ်ဒီမိုကရေစီ (Federal Democracy) ဆိုတဲ့ အသုံးအနှုန်းကိုလေ့လာကြည့် ပါမယ်။
ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ဝိသေသနပုဒ် တွေနဲ့ အထူးပြုကြတဲ့အခါ လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy) ၊ ဆိုရှယ်ဒီမိုကရေစီ (Social Democracy)၊ ရွေးကောက်ပွဲဒီမိုကရေစီ (Electoral Democracy)၊ ပါလီမန်ဒီမိုကရေစီ (Parliamentary Democracy) ၊ သမ္မတဒီမိုကရေစီ (Presidential Democracy) စသဖြင့် အသုံးများတဲ့ စကားလုံးတွေ ကို တွေ့ရနိုင်ပါတယ်။
ဒီစကားလုံးတွဲတွေထဲမှာ လစ်ဘရယ်၊ ဆိုရှယ် စတာတွေက အယူအဆ အိုင်ဒီယော်လော်ဂျီနဲ့သက် ဆိုင်ပြီး ရွေးကောက်ပွဲ၊ ပါလီမန်၊ သမ္မတ စတာတွေက တော့ စနစ်အပေါ် အခြေခံတယ်လို့ ယေဘုယျသတ် မှတ်ကြည့်မယ်ဆိုရင်လည်း သတ်မှတ်ကြည့်နိုင်ပါလိမ့် မယ်။ အဲဒါဆိုရင်တော့ ဒီမိုကရေစီဆိုတဲ့ စကားလုံး ကို အယူအဆ အိုင်ဒီယော်လော်ဂျီနဲ့သက်ဆိုင်တဲ့ စကားလုံးတွေနဲ့ ဝိသေသအထူးပြုနိုင်သလို စနစ် အပေါ် အခြေခံတဲ့ စကားလုံးတွေနဲ့လည်းပဲ ဝိသေသ အထူးပြုနိုင်တယ်ဆိုတဲ့ မှတ်ချက်မျိုး ထွက်လာနိုင် ပါတယ်။
အဲဒီတော့ ဒီနေရာမှာ ဖက်ဒရယ် (Federalism) ဆိုတဲ့ စကားလုံးဟာ အယူအဆအိုင်ဒီယော်လော်ဂျီနဲ့ သက်ဆိုင်တာလား၊ ဒါမှမဟုတ် စနစ်နဲ့ပဲ သက်ဆိုင် တာလားဆိုတာကိုပါ ဆက်လက်ပြီး စိစစ်လေ့လာ ကြည့်နိုင်ပါသေးတယ်။
သို့သော် မည်သို့ပင်ဆိုစေကာမူ ဆိုလိုတာက “ဖက်ဒရယ်”ဆိုတဲ့ စကားလုံးက အယူအဆအိုင်ဒီ ယော်လော်ဂျီနဲ့ သက်ဆိုင်သည်ဖြစ်စေ၊ စနစ်နဲ့ပဲ သက် ဆိုင်သည်ဖြစ်စေ၊ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို အယူ အဆ အိုင်ဒီယော်လော်ဂျီနဲ့ရော စနစ်နဲ့ပါ အထူးဝိသေ သနပြုနိုင်တာမို့လို့ ဖက်ဒရယ်ဒီမိုကရေစီ (Federal Democracy) ဆိုတဲ့ စကားလုံးအတွဲအစပ်ကို သုံးနိုင် တာကတော သေချာသလောက် ရှိနေပါတယ်။
အဲဒါအပြင် ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မှာ “ဒီမိုကရေစီဖက်ဒရယ်”ဆိုတဲ့ စကားလုံးအတွဲအစပ် အသုံးအနှုန်းကိုလည်း သုံးနှုန်းကြတာ တွေ့ရပါတယ်။
အဲဒီလို “ဒီမိုကရေစီ”ဆိုတဲ့ စကားလုံးနဲ့ ရှေ့က နေ ဝိသေသအထူးပြုပြီး “ဖက်ဒရယ်”ကို ဖော်ပြတာက လည်းအကြောင်းတွေ ရှိနေနိုင်ပါတယ်။ အကြောင်း တစ်ခုကတော့ “ဖက်ဒရယ်စနစ်”ကျင့်သုံးတဲ့ တချို့ နိုင်ငံတွေက ဒီမိုကရေစီနိုင်ငံတွေဖြစ်ကြပြီး တချို့နိုင်ငံ တွေကတော့ အာဏာရှင်နိုင်ငံတွေ ဖြစ်နေကြလို့ပါပဲ။
အဲဒီအတွက် “ဖက်ဒရယ်စနစ်”ကျင့်သုံးတဲ့ နိုင်ငံ အချို့ကို ဆက်ပြီး လေ့လာကြည့်ဖို့လိုပါလိမ့်မယ်။
ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေထဲမှာ မြန်မာပြည်သူတွေအတွက် အသိသားဆုံး ဥပမာအများ ဆုံးပေးလေ့ရှိတဲ့ နိုင်ငံနှစ်နိုင်ငံကတော့ အိန္ဒိယနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ပဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက ကျင့်သုံးတဲ့ ဖက်ဒရယ်စနစ်က ပါလီမန်စနစ်နဲ့သွားတဲ့ ဖက်ဒရယ်ဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုကတော့ ဖက်ဒရယ်စနစ်ကို သမ္မတစနစ် နဲ့ သွားပါတယ်။ ဒီနိုင်ငံနှစ်ခုစလုံးက ဖက်ဒရယ်စနစ်ကို ဒီမိုကရေစီစနစ်နဲ့ သွားတာမို့လို့ သိပ်ပြဿနာမရှိပါဘူး။
နောက်ဥပမာတစ်ခုကတော့ ရုရှားနိုင်ငံ ဖြစ်ပါ တယ်။ ရုရှားနိုင်ငံဟာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ ဖက်ဒရေးရှင်း နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲဒါကြောင့် ပဲ “ရုရှားဖက်ဒရေးရှင်း”လို့ကို သုံးနှုန်းဖော်ပြထားတာ ဖြစ်ပါတယ်။
သို့သော် ရုရှားဖက်ဒရေးရှင်းနိုင်ငံဟာ ဒီမိုက ရေစီ နိုင်ငံတစ်ခု မဟုတ်ပါ။ အာဏာရှင်နိုင်ငံတစ်ခုသာ ဖြစ်ပါတယ်။ လက်ရှိမှာကို နာမည်ကျော်အာဏာရှင် ပူတင်က ချုပ်ကိုင်အုပ်ချုပ်နေပါတယ်။
အဲဒီတော့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတိုင်း ဒီမိုကရေစီနိုင်ငံမဟုတ်ဘူးလို့ ဆိုရပါတော့မယ်။ အဲဒီ အတွက် ဒီ ဖက်ဒရယ်စနစ်ဟာ ဒီမိုကရေစီ ဟုတ်၊ မဟုတ်ဆိုတာကို သေချာစေဖို့အတွက် ဒီမိုကရေစီ ဆိုတဲ့ စကားလုံးနဲ့ ရှေ့ကနေ ဝိသေသအထူးပြုရပါ တော့မယ်။ ဒီမိုကရေစီဖက်ဒရယ် (Democratic Federalism/Democratic Federal State/Democratic Federal Union) စသဖြင့် ဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်ရဲ့ သဘောတရားအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ရှိရမယ်၊ ရရ မယ်လို့ ဆိုကြပါတယ်။ အဲဒါကြောင့်လည်း မြန်မာနိုင်ငံ မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို ဖက်ဒရယ်အနေနဲ့ တောင်းဆိုကြတာ ဖြစ်ပါတယ်။ အဲဒါဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရနေတိုင်း ဒီမိုကရေစီဟုတ်သလားလို့ မေးစရာက ပေါ်လာပြန်ပါတယ်။
ကမ္ဘာပေါ်မှာ နာမည်ကြီး ကွန်မြူနစ်အာဏာရှင် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ အချို့လူမျိုးတွေ အချို့ ဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်တွေ ပေးထားပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ မဟုတ်ဘူးဆိုတာတော့ လူတိုင်း သိနေကြပါတယ်။
အဲဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရတိုင်းသာ ဖက်ဒရယ်လို့ဆိုခဲ့ရင် ဖက်ဒရယ်တိုင်း ဟာ ဒီမိုကရေစီမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
အဲဒါကြောင့် ကိုယ်ကျင့်သုံးမယ့် ဖက်ဒရယ်ဟာ ဒီမိုကရေစီဖြစ်တယ်ဆိုရင် အဲဒီဖက်ဒရယ်ကို ဒီမိုက ရေစီဆိုတဲ့ စကားလုံးနဲ့ အထူးပြုပြီး “ဒီမိုကရေစီ ဖက်ဒရယ်”လို့ သုံးနှုန်းဖော်ပြဖို့ လိုလာပါလိမ့်မယ်။
အထူးသဖြင့်ကတော့ ဖက်ဒရယ်စနစ်ဟာ အာဏာရှင်စနစ်နဲ့ ရောထွေးနေတဲ့အခါမျိုးတွေမှာ “ဒီမိုကရေစီ”ဆိုတဲ့ စကားလုံးနဲ့ အထူးပြုသင့်တယ်လို့ ထင်ပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။ အထူး သဖြင့် မြန်မာနိုင်ငံအတွက် ဖြစ်ပါတယ်။
ဒီမိုကရေစီအယောင်ပြ စစ်တစ်ပိုင်းအုပ်ချုပ်ရေး ဖြစ်တဲ့ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားခဲ့ တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်ပြီး “ဖက်ဒရယ်”နဲ့ “ဒီမိုကရေစီ” နှစ်ခုမှာ “ဖက်ဒရယ်”က ပို အရေး ကြီးတယ်။ နှစ်ခုမှာ တစ်ခုကို အရင်ယူရမယ် ဆိုရင် “ဖက်ဒရယ်”ကို အရင်ယူမယ်ဆိုတဲ့ အသံတွေ ထွက်ခဲ့ ဖူးပါတယ်။ ထူးဆန်းတာက ဒီအယူအဆကို စစ်တပ် က ထောက်ခံတာကို တွေ့ရတာပါပဲ။
နောက်ဆုံး ဘယ်လောက်အထိ ဖြစ်လာကြသလဲ ဆိုရင် ဒီမိုကရေစီမဖြစ်ရင်နေပါစေ ဖက်ဒရယ်ဖြစ်ရင် ပြီးရောဆိုတဲ့အထိ အသံတွေ ကြားလာရပါတယ်။ ဒီလို အသံတွေက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ အတွက် တော်တော်တုန်လှုပ်စရာကောင်းပါတယ်။ ဒီမိုကရေစီတောင်းဆိုတဲ့ အရေးတော်ပုံတွေမှာ ပေးခဲ့ တဲ့ အသက်တွေ၊ ပျက်ခဲ့ရတဲ့ဘဝတွေ နည်းမှ မနည်းပဲ။
အဲဒါကြောင့် “ဒီမိုကရေစီမရရင် နေပါစေ၊ ဖက် ဒရယ်ရရင် ပြီးရော”ဆိုတဲ့သူတွေကို စစ်တပ်ကလည်း ထောက်ခံနေလေတော့ သူတို့ဟာ စစ်တပ်နဲ့ ပေါင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေနဲ့ အာ ဏာရှင် ဖက်ဒရယ်စနစ်ကိုများ သွားလေမလားရယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက စိုးရိမ်ပူပန်ခဲ့ကြ တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ “ဒီမိုကရေစီ ဖက်ဒရယ်”ဆိုတဲ့ အသုံးအနှုန်းကို အဓိကသုံးနှုန်းခဲ့သူ ဟာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်မယ် ထင်ပါတယ်။ အထက်က ပြောခဲ့တဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်များ ဒေါ်အောင်ဆန်းစုကြည်က “ဒီမိုကရေစီဖက်ဒရယ်”ဆိုပြီး ဖက်ဒရယ်ကို ဒီမိုကရေစီနဲ့ အထူးပြု သုံးနှုန်း ဖော်ပြခဲ့လေသလားလို့လည်း တွေးကြည့်မိပါတယ်။ အခြေအနေတွေကလည်း “ဖက်ဒရယ်”ကို ဒီမိုကရေစီ နဲ့မှ ရှေ့ကနေ အဲဒီလို အထူးပြုမထားဘူးဆိုရင် “ဖက်ဒရယ်”က အာဏာရှင်ဘက်ကို ရောက်သွားနိုင်နေ တာကို။
အဲဒီအချိန်ကဆိုရင် “ဒီမိုကရေစီဖက်ဒရယ်”ဆို တဲ့ အသုံးအနှုန်းနဲ့ ]ဖက်ဒရယ်ဒီမိုကရေစီ}ဆိုတဲ့ အသုံးအနှုန်း နှစ်ခုက ပြိုင်ဘက်တွေလိုတောင် ဖြစ်နေ ခဲ့ပါသေးတယ်။
အာဏာရအစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေမှာ “ဒီမိုကရေစီဖက်ဒရယ်”ကို သုံးစွဲကြပြီး အပြင် ဘက်လောကမှာတော့ “ဖက်ဒရယ်ဒီမိုကရေစီ”လို့ သုံးစွဲ ကြပါတယ်။
တစ်နည်း ပြောရရင်တော့ ဒါတွေက ပြီးခဲ့ပါပြီလို့ ပြောရင်လည်း ရပါတယ်။ အကြောင်းကတော့ အခု အခါမှာ “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်”ကို ပြဋ္ဌာန်းပြီး လို့ပဲ ဖြစ်ပါတယ်။
အဲဒီပဋိညာဉ်ထဲမှာ “ဖက်ဒရယ်ဒီမိုကရေစီ”လို့ သုံးနှုန်းထားပြီးပါပြီ။ ပဋိညာဉ်ရဲ့ အမည်အပြည့်အစုံ ကိုက ]ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်} ဖြစ်ပါတယ်။ ဒီပဋိညာဉ်အပေါ် ပြည်သူတွေရဲ့ ထောက်ခံမှုကလည်း အားကောင်းတဲ့အတွက် ဒီပဋိညာဉ်ဟာ အတည်ပဲ ဖြစ်ပါတယ်။
ဒီပဋိညာဉ်ထဲမှာ ပါဝင်တဲ့ “ဖက်ဒရယ် ဒီမိုက ရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံ မူဝါဒ”တွေဟာ သိပ်ကို ပြည့်စုံလွန်းတဲ့အတွက် အနာ ဂတ်မှာ ရရှိလာမယ့် “ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ”ကလည်း သိပ်ကို ပြည့်စုံနေမှာ သေချာပါတယ်။
အဲဒါကြောင့် အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံမှာ “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ”တစ်ရပ် ပေါ် လာပြီး “ဖက်ဒရယ်ဒီမိုကရေစီနဲ့ တိုင်းပြည်”ကို ဆက် သွားကြတော့မှာပါ။
အဲဒီအခါ တိုင်းပြည်မှာ တိုင်းသူပြည်သားအပေါင်း ဟာ ခွဲခြားဆက်ဆံမှုတွေ ကင်းစင်လို့ အေးအတူ ပူ အမျှ၊ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်သွားနိုင်ကြတော့ မှာလည်း မြေကြီးလက်ခတ်မလွဲပါပဲ။
အနာဂတ်ရဲ့ “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု”ကြီးမှာ “လစ်ဘရယ်ဒီမိုကရေစီ”ကို ကျင့်သုံးမှု လား၊ “ဆိုရှယ်ဒီမိုကရေစီကို ကျင့်သုံးမလား” ဆိုတာ ကတော့ နောက်တစ်ဆင့်ဖြစ်မယ် ထင်ပါတယ်။ ဆိုလို တာက ထပ်ပြီး ဆွေးနွေးကြ၊ အဖြေရှာကြရဦးမယ် ထင်ပါတယ်။
သို့သော် ထုတ်ဖော်ပြောဆိုမှုတွေ မလုပ်ကြပေ မယ့် ယေဘုယျအနေနဲ့ကတော့ “လစ်ဘရယ် ဒီမိုကရေစီ”ပဲဖြစ်ဖို့ များပါတယ်။ ဒါကလည်း ယေဘုယျ အားဖြင့် နိုင်ငံတိုင်းလို သွားနေ၊ ကျင့်သုံးနေကြတာ ဖြစ်လို့ပါပဲ။ ကမ္ဘာပေါ်မှာ လစ်ဘရယ်ဒီမိုကရေစီနဲ့ ပတ် သက်ပြီး ဥပမာအနေနဲ့ သာဓကအပြရဆုံး နိုင်ငံ တွေကတော့ ယူကေနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ပါပဲ။
ဒီလစ်ဘရယ်ဒီမိုကရေစီနိုင်ငံနှစ်နိုင်ငံမှာ ခြား နားတာကတော့ ယူကေနိုင်ငံက လူမှုဖူလုံရေး ပိုပြီး အားကောင်းတယ်လို့ ဆိုချင်ဆိုနိုင်မယ် ထင်ပါတယ်။
လစ်ဘရယ်ဒီမိုကရေစီမှာ လူမှုဖူလုံရေးအား ကောင်းရင် ဆိုရှယ်ဒီမိုကရေစီနဲ့ နီးစပ်သွားသလို ရှိတတ်ပါတယ်။
အဲဒါဆိုရင် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံမှာလည်း ပထမ လစ်ဘရယ်ဒီမိုကရေစီနဲ့ သွား၊ လူမှုဖူလုံရေးကို အားကောင်းအောင် လုပ်။ ကာလ တစ်ခု ကြာလာတဲ့အခါ “ဆိုရှယ်ဒီမိုကရေစီ”စနစ်ကို ပြောင်း။
ဥရောပမှာတော့ ဆိုရှယ်ဒီမိုကရေစီစနစ် ကျင့် သုံးတဲ့ နိုင်ငံတွေက ဂျာမနီတို့၊ စကင်ဒီနေးဗီးယားနိုင်ငံ တွေ ရှိပါတယ်။
ဆိုရှယ်ဒီမိုကရေစီစနစ်ဆိုတော့ နိုင်ငံက နိုင်ငံ သားတွေအပေါ်မှာ စောင့်ရှောက်မှုအားကြီးတယ်။ အဲဒီအတွက် နိုင်ငံသားတွေမှာ လိုလေသေးမရှိလို့ တောင် တင်စားပြောဆိုနိုင်မယ် ထင်ပါတယ်။
သို့သော် အဲဒီလိုဆောင်ရွက်နိုင်ဖို့ဆိုရင် နိုင်ငံက လည်း ကြွယ်ဝနေဖို့၊ တောင့်တင်းနေဖို့ လိုအပ်လှပါ တယ်။ အဲဒီအတွက် နိုင်ငံသားတွေကလည်း နိုင်ငံကို အခွန်အခပေးဆောင်ရမှုတွေ ပိုများနေတတ်ပါတယ်။ ဒါက အပြန်အလှန်သဘောပဲ ဖြစ်ပါတယ်။
နိုင်ငံက နိုင်ငံသားတွေကို ကောင်းကောင်း စောင့်ရှောက်စေချင်ရင် နိုင်ငံသားတွေကလည်း နိုင်ငံ ကို ပိုက်ဆံတွေအများကြီး ပေးထား၊ ကောင်းကောင်း ပေးထားဆိုတာပါပဲ။
အဲဒီတော့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးမှာ လူ့အဖွဲ့အစည်းကို ဘယ်လိုဆက် ပြီး တည်ဆောက်ယူကြမလဲဆိုတာကိုလည်း ဒီပြည် ထောင်စုကြီးရဲ့ နိုင်ငံသားတွေကပဲ ဦးစီးဦးဆောင်ပြု လို့ ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ဆလိုင်းဆွန်ဘိခ်ထန်