• Today is: Wednesday, August 5, 2020

ဖက်ဒရယ်ဟူသည်  အဘယ်နည်း

Federal Journal
July29/ 2020

ဖက်ဒရယ်ဟူသည်  အဘယ်နည်း

Unicode

လက်ရှိမြန်မာနိုင်ငံဟာ ပြည်ထောင်စုကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ တည်ဆောက်ကြမယ်လို့ ဘုံသဘောတူညီမှုအနေနဲ့ သတ်မှတ်ထားကြတယ်လို့ နားလည် ထားပါတယ်။ အဲဒါဆိုရင် ဖက်ဒရယ်စနစ် (federalism) ဆိုတာကို လူတိုင်း နားလည်ထားဖို့ လိုလာပါတယ်။ အဲဒီအတွက် ဖက်ဒရယ်စနစ်ဆိုတာကို အရိုးရှင်းဆုံးနဲ့ လူတိုင်းနားလည်လွယ်အောင် အဓိပ္ပာယ်ဖွင့်ဆိုပြဖို့ လိုအပ်ပါလိမ့်မယ်။

 

ဖက်ဒရယ်အစဟာ သီပေါစော်ဘွားကြီးကလား

မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ခြေရာခံကြည့်တဲ့အခါ နိုင်ငံရေးစနစ်တစ်ခုကို ဖက်ဒရယ်အဓိပ္ပာယ်နဲ့ စတင်ကျင့်သုံးဖို့ ပထမဦးဆုံး ပြောဆိုခဲ့သူဟာ သီပေါစော် ဘွားကြီး ခွန်ဆိုင်ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆရာမကြီး ဒေါ်ကြန်ရဲ့ ရှမ်းပြည်အခြေအနေ (၁၈၈၅-၈၇)ဆိုတဲ့ စာတမ်းထဲမှာ အခုလို ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။

“သီပေါစော်ဘွားကြီး ခွန်ဆိုင်က ရှမ်းပြည်သည် ဂျာမနီပြည်ကဲ့သို့ သီးခြား လွတ်လပ်သော ပြည်နယ် များ အစုအစည်းတခုဖြစ်သော် ရှမ်းတို့အတွက် အကျိုးရှိဖွယ် မြင်ကြောင်း စာရေးသားညွှန်ကြားသည်။ သို့သော် လင်းပင်အုပ်စုဝင်တို့က ‘သီးခြား လွတ်လပ်သောပြည်နယ် အစုအစည်း’ဟူသည့် မူသည် သီပေါ စော်ဘွားကြီး၏ မူရင်း အာဘော် မဟုတ်၊ ဗြိတိသျှတို့၏ အာဘော် ဗြိတိသျှတို့၏ ညွှန်ကြားချက်သာလျှင် ဖြစ်ကြောင်း ကောင်းစွာ သဘော ပေါက်ကြသည်။”

အထက်ပါ စာပိုဒ်အရ နောက်ပိုင်းကိုလိုနီခေတ် မှာ အသုံးပြုခဲ့ပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာပါ ဖော်ပြခဲ့တဲ့  “Federated Shan States” ဆိုတဲ့ အသုံးအနှုန်းဟာ သီပေါစော်ဘွားကြီး ခွန်ဆိုင် အဆိုပြုခဲ့ဖူးတဲ့ နိုင်ငံရေးစနစ် အယူအဆနဲ့များ ဆက် နွယ်နေလေမလား ရယ်လို့ တွေးဆကြည့်မိပါတယ်။

တကယ်လို့များ ဆက်စပ်နေခဲ့မယ်ဆိုရင်တော့ ဒါဟာ ‘ဖက်ဒရယ်အစ သီပေါစော်ဘွားကြီးက’လို့ ဆိုရပါလိမ့်မယ်။ ဒါဟာ မြန်မာနိုင်ငံနဲ့ ဖက်ဒရယ် သမိုင်းကြောင်းအစလည်း ဖြစ်သွားပါလိမ့်မယ်။

သီပေါစော်ဘွားကြီး ခွန်ဆိုင်ရဲ့ စကားလုံးကို ယူသုံး ရရင် ‘ဖက်ဒရယ်’ဆိုတာ ‘ပြည်နယ်အစုအစည်း’ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ အဲဒါဆိုရင် federalism ဆိုတာက ပြည်နယ်များကို စုစည်းထားခြင်းစနစ်(ဝါဒ)ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါလိမ့်မယ်။ ဒါဟာ ဖက်ဒရယ် စနစ်ရဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အဲဒီဖက်ဒရယ်စနစ် (federalism) ဆိုတာကို လေ့လာတဲ့အခါမှာလည်း အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ် စနစ်က တစ်မျိုး၊ အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ် စနစ်က တစ်ဖုံ၊ ဂျာမနီနိုင်ငံရဲ့ ဖက်ဒရယ်စနစ်က တခြားဆိုသလိုမျိုး ဖြစ်နေတာတွေကိုကြည့်ပြီး နားလည်မှုမှာ ရှုပ်ထွေးသွားနိုင်ပါတယ်။ သာမန် ပြည်သူတွေ အလွယ်တကူ နားလည်ဖို့ဆိုရင် ဒီထက် ပိုရှင်းအောင် ပြောဖို့လိုပါမယ်။

ဖက်ဒရယ်စနစ် (federalism) ရဲ့ အဓိပ္ပာယ်ကို စကား လုံးတစ်လုံးတည်းနဲ့ အစားထိုး ပြောဆိုပါဆိုရင် တန်းတူညီမျှ မှု (equality) ဆိုတဲ့ စကားလုံးကို အသုံးပြုနိုင်ပါလိမ့်မယ်။ ဒီနေရာမှာ ဘယ်လို တန်းတူ ညီမျှမှုလဲလို့ မေးခွန်းထုတ်နိုင်ပါတယ်။ ပြည်နယ် တစ်ခုနဲ့တစ်ခုအကြား တန်းတူညီမျှမှုမှသည် နိုင်ငံ သားတစ်ဦးချင်းစီအကြား တန်းတူညီမျှမှုအထိလို့ အနှစ်ချုပ်ပြီး ဖြေရပါလိမ့်မယ်။

ဖက်ဒရယ်စနစ်အရ ပြည်နယ်တစ်ခုနဲ့တစ်ခု အကြား တန်းတူညီမျှမှုရှိနေရပါမယ်။ ဒီနေရာမှာ တန်းတူညီမျှမှုဆိုတာကလည်း အဓိကအားဖြင့် ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်ခွင့်အပေါ်မှာ အဓိကအခြေခံ ပါတယ်။ ဒါကိုထပ်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရရင် ကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်ခွင့်မှာသာ တန်းတူညီမျှမှုနဲ့ အဓိကသက်ဆိုင်ပြီး အဲဒီလို ဆုံးဖြတ်လိုက်လို့ ရလဒ်မတူတဲ့အပေါ်မှာတော့ တန်းတူညီမျှမှုနဲ့ သက်ဆိုင်မှု သိပ်မရှိလှဘူးလို့ ယူသော် ရနိုင်ပါလိမ့်မယ်။

ဥပမာ ကရင်ပြည်နယ်မှာ လူသတ်မှုကို ထောင် ၇ နှစ်လို့ သတ်မှတ်ပြီး ဧရာဝတီပြည်နယ်မှာ လူသတ်မှု ကို ထောင် ၁၅ နှစ်လို့ သတ်မှတ်တယ်ဆိုကြပါစို့။

ကရင်ပြည်နယ်မှာ လူသတ်မှုကို ထောင် ၇ နှစ်ဆိုတာက ကရင်ပြည်သူတွေ စိတ်ကြိုက်သတ်မှတ် ထားတာ ဖြစ်ပါတယ်။ ဒါဟာ ကရင်ပြည်နယ်က ပြည်သူတွေရဲ့ သူတို့ စိတ်ကြိုက် ဆုံးဖြတ်ခွင့်ဖြစ်ပါ တယ်။ အဲဒီလိုပဲ၊ ဧရာဝတီပြည်နယ်မှာ လူသတ်မှုကို ထောင် ၁၅ နှစ်ဆိုတာကလည်း ဧရာဝတီပြည်နယ်က ပြည်သူတွေရဲ့ သူတို့စိတ်ကြိုက် သတ်မှတ်ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ဒါဟာလည်း ဧရာဝတီပြည်နယ် သူပြည်နယ်သားတွေရဲ့ စိတ်ကြိုက် ဆုံးဖြတ်ခွင့်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ကရင်ပြည်နယ်ရော ဧရာဝတီပြည် နယ်ပါ သူတို့စိတ်ကြိုက် ဆုံးဖြတ်ခွင့်က တူနေပါတယ်။ သူတို့ ကြိုက်သလို ဆုံးဖြတ်ခွင့်က တန်းတူညီမျှဖြစ်နေ ပါတယ်။ ဒါကိုက သူတို့ကံကြမ္မာကို သူတို့စိတ်ကြိုက် ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ခွင့်မှာ တန်းတူညီမျှဖြစ်နေပေမယ့် ထောင် ၇ နှစ်နဲ့ ထောင် ၁၅ နှစ်ဆိုတဲ့ ရလဒ်ကတော့ မတူညီပါဘူး။

အဲဒါနဲ့ ပတ်သက်ပြီး သတိပြုဖို့ လိုတာက အနာ ဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စုကို သွားကြတဲ့အခါ ကိုယ့် ကံကြမ္မာကိုယ် ဖန်တီးခွင့်မှာသာ တန်းတူညီ မျှဖြစ်နိုင်ပြီး အဲဒီလို ဖန်တီးလိုက်တဲ့အပေါ်မှာ အခြေခံ ထားတဲ့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ရလဒ် တွေကတော့ တူညီချင်မှတူညီလိမ့်မယ်ဆိုတာပဲ ဖြစ်ပါ တယ်။ အဲဒီအတွက် အချို့ပြည်နယ်တွေက အချို့ ပြည်နယ်တွေထက် ပိုပြီး ချမ်းသာနေနိုင်ပါတယ်။ တန်းတူညီမျှစွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးလိုက် ပြီး ရလဒ်မတူတဲ့ နောက်ထပ် ဥပမာတစ်ခုကို ထပ်ပြ ချင်ပါသေးတယ်။

ဆိုပါစို့။ ဧရာဝတီပြည်နယ်မှာ ဆေးခြောက် စိုက်ခွင့်နဲ့ သုံးစွဲခွင့်ရှိပြီး ကရင်ပြည်နယ်မှာတော့ ဆေး ခြောက်စိုက်ခွင့်နဲ့ သုံးစွဲခွင့် မရှိဘူးဆိုပါတော့။ ဒီလို ရှိခြင်း၊ မရှိခြင်းက သက်ဆိုင်ရာပြည်နယ်နှစ်ခုမှာ ရှိနေတဲ့ ပြည်သူတွေက သူတို့ စိတ်ကြိုက် ဆုံးဖြတ် ထားတာမို့ တန်းတူညီမျှမှုအမြင်ရ ဒီပြည်နယ်နှစ်ခုဟာ တန်းတူညီမျှအခွင့်အရေး ရနေကြတာပဲ ဖြစ်ပါတယ်။

ပြည်နယ်တစ်ခုမှာ လိင်တူလက်ထပ်ခွင့် ရှိပြီး အခြား ပြည်နယ်တစ်ခုမှာ လိင်တူလက်ထပ်ခွင့် မရှိ တာဟာလည်း  တန်းတူညီမျှမှုပဲ  ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီလို ဆုံးဖြတ်ချက်တွေကို အဲဒီပြည်နယ်က ပြည်သူတွေက သူတို့ ကံကြမ္မာသူတို့ ဖန်တီးတဲ့အနေနဲ့ သူတို့စိတ်ကြိုက် ချမှတ်ထားခဲ့ကြ လို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက တန်းတူညီမျှမှုဆိုတာဟာ ဟိုပြည် နယ်က တစ်ကျပ်အတိဆိုရင် ဒီပြည်နယ်ကလည်း တစ်ကျပ်အတိပဲဟေ့-ဆိုတာမျိုးနဲ့ သိပ်မသက်ဆိုင် ဘူးဆိုတာပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်က အဲဒီလို ပြုလုပ် တိုင်းလည်း တရားမျှတမှုလို့ မခေါ်နိုင်ဘူးဆိုတာ ဖြစ်ပါတယ်။အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု မြန်မာ နိုင်ငံမှာ ပြည်နယ်ဘယ်နှခု ရှိမလဲ။ ဒီမေးခွန်းကို လက်တွေ့ ဖြေရမယ့်သူတွေက နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းခေါင်းဆောင်တွေ မဟုတ်ဘဲ သက်ဆိုင်ရာ ဒေသက ပြည်သူတွေသာလျှင် ဖြစ်တယ်ဆိုတာကို အားလုံးက သတိပြုကြရပါလိမ့်မယ်။ ဒီမိုကရေစီစနစ် အရ သက်ဆိုင်ရာဒေသမှာ ရှိနေတဲ့ ပြည်သူတွေကသာ ဒီအခွင့်အာဏာကို လက်ဝယ် ပိုင်ဆိုင်ကြတာ ဖြစ်ပါ တယ်။ ဒီအခွင့်အာဏာကို လက်တွေ့ အသုံးချတဲ့ အနေနဲ့ သက်ဆိုင်ရာဒေသက ပြည်သူတွေက သူတို့ ဒေသကို ပြည်နယ်သတ်မှတ်မယ်၊ မသတ်မှတ်ဘူး ဆိုတာ ဆန္ဒခံယူပွဲ (referendum) ပြုလုပ်ပြီး ဆုံးဖြတ် ခွင့် ရှိပါတယ်။ ပြည်သူတွေ ဆုံးဖြတ်ထားတာကို နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသားခေါင်းဆောင် ဆိုသူတွေက လိုက်နာရပါမယ်။ ဒါဟာ ဒီမိုကရေစီစံ ဖြစ်ပါတယ်။

အဲဒီလို ပြည်သူတွေရဲ့ ဆုံးဖြတ်ခွင့်နဲ့ သတ်မှတ် ထားတဲ့ ပြည်နယ်တွေအကြားမှာ တစ်ပြည်နယ်နဲ့ တစ်ပြည်နယ်က တန်းတူညီမျှ အခွင့်အရေးတွေ ရှိနေကြရတယ်။ ပြည်တစ်ခုစီအတွင်းမှာလည်း ခရိုင်တစ်ခုနဲ့ တစ်ခု အကြားမှာ တန်းတူညီမျှ အခွင့်အရေးတွေ ရှိနေကြတယ်။ (က)ခရိုင်ရဲ့ ကံကြမ္မာကို (က)ခရိုင်က ပြည်သူတွေက စိတ်ကြိုက် ဆုံးဖြတ်ခွင့်ရှိသလို (ခ)ခရိုင်က ပြည်သူတွေကလည်း (ခ)ခရိုင်ရဲ့ ကံကြမ္မာကို သူတို့စိတ်ကြိုက် ဆုံးဖြတ်ခွင့်ရှိနေရပါတယ်။

ဒီအတိုင်းပါပဲ။ ခရိုင်တစ်ခုအတွင်းထဲမှာလည်း မြို့နယ်တစ်ခုချင်းစီက ကိုယ့်မြို့နယ်ရဲ့ ကံကြမ္မာကို သက် ဆိုင်ရာမြို့နယ်အသီးသီက၊ ဝါ- သက်ဆိုင်ရာမြို့ နယ် အသီးသီးမှာ ရှိနေတဲ့ ပြည်သူတွေက ဖန်တီးဆုံး ဖြတ်ခွင့်တွေ ရှိနေကြရပါတယ်။ ဒါဟာ ဖက်ဒရယ်စနစ် ရဲ့ တန်းတူညီမျှမှုဆိုတဲ့ အခွင့်အရေးပါပဲ။ မြို့နယ်တစ်ခုအတွင်းမှာ ရှိနေကြတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေကလည်း အဲဒီရပ်ကွက်၊ အဲဒီကျေး ရွာ အုပ်စုတွေရဲ့ ကံကြမ္မာကို သူတို့စိတ်ကြိုက် ဖန်တီး ဆုံးဖြတ်ခွင့်တွေ ရှိနေရပါတယ်၊ ရှိနေကြပါတယ်။ ရပ်ကွက်တစ်ခုအတွင်း၊ ကျေးရွာအုပ်စုတစ်ခု အတွင်း မှာလည်း အဲဒီရပ်ကွက်၊ အဲဒီကျေးရွာအုပ်စုမှာ ရှိနေကြတဲ့ အိမ်ထောင်စုအသီးသီးက သက်ဆိုင်ရာ အိမ်ထောင်စုအသီးသီးရဲ့ ကံကြမ္မာကို သူတို့စိတ်ကြိုက် ဖန်တီးဆုံးဖြတ်ခွင့်တွေ ရှိနေကြပါတယ်။ အဲဒီအိမ်ထောင်စုတစ်ခုချင်းစီမှာလည်းပဲ အိမ်ထောင်စုဝင် တစ်ဦးချင်းစီက ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်ခွင့်တွေ ရှိနေကြပါတယ်။

ဒါက ပြည်နယ်တစ်ခုနဲ့တစ်ခုအကြားကနေ နိုင်ငံသား တစ်ဦးချင်းစီအကြားအထိ တန်းတူညီမျှမှုက အလုပ်လုပ်နေပုံ ဖြစ်ပါတယ်။ နိုင်ငံရေးဒဿနပညာအရ တန်းတူညီမျှမှု ရှိမှ၊ တန်းတူညီမျှမှု ဖြစ်မှ၊ တရားမျှတမှု ရှိပါတယ်၊ တရား မျှတမှု ဖြစ်ပါတယ်။

အဲဒီတရားမျှတမှုကိုလည်း နိုင်ငံရေးတရား မျှတမှု (political justice)၊ လူမှုရေးတရားမျှတမှု (social justice) နဲ့ စီးပွားရေးတရားမျှတမှု (economic justice) ဆိုပြီး သုံးမျိုး ခွဲကြည့်နိုင်ပါတယ်။

နိုင်ငံရေးတရားမျှတမှု မရှိရင် ကျန်တဲ့ နှစ်မျိုး လည်း တရားမျှတမှု ရှိဖို့ဆိုတာက ခက်နေနိုင်ပါတယ်။ အဲဒါကြောင့် နိုင်ငံရေးတရားမျှတမှုကို အရင် အနည်း ငယ် ပြောကြည့်ပါမယ်။

ဥပမာ- နိုင်ငံရေးတရားမျှတမှုနဲ့ ပတ်သက်လို့ မဲဆန္ဒ နယ်တစ်ခုကို လူဦးရေနဲ့ ပိုင်းမလား၊ မြို့နယ်နဲ့ ပိုင်းမလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ မဲဆန္ဒနယ်ကို လူဦးရေနဲ့ ပိုင်းပါတယ်။

“ပြည်သူ့လွှတ်တော်အမတ်ဦးရေ အစုစုပေါင်းကို လူဦးရေ ၁၀ဝဝဝဝ လျှင် အမတ်တစ်ဦးကျနှင့် တွက် သဖြင့် ရရှိသော အမတ်ဦးရေအောက် လျော့၍ဖြစ်စေ၊ လူဦးရေ ၃၀ဝဝဝ လျှင် အမတ်တစ်ဦးကျနှင့် တွက် သဖြင့် ရရှိသော အမတ်ဦးရေထက် ပို၍ဖြစ်စေ မသတ် မှတ်ရ။”(ပုဒ်မ ၈၃ (၂))။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာတော့ မြို့နယ်ကို အခြေ ခံ၍ ဖြစ်စေ၊ လူဦးရေကို အခြေခံ၍ဖြစ်စေ ရွေးကောက် တင်မြှောက်နိုင်တယ်လို့ ဆိုထားပါတယ်။

တကယ်တော့ လူဦးရေကို အခြေခံပြီး မဲဆန္ဒ နယ်ကို ပိုင်းတာက နိုင်ငံရေးတရားမျှတမှု ပိုရှိနိုင် ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပြုလုပ်သွားတဲ့ ယူကေ နိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တစ်ခုကို မဲပေး ခွင့်ရှိသူ ၈ သောင်းနဲ့ ပိုင်းပါတယ်။ ဆိုလိုတာက မဲပေး ခွင့်ရှိသူ ၈ သောင်းကို မဲဆန္ဒနယ်တစ်ခု သတ်မှတ် ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းလောက်အထိ ရှိမယ်လို့ ရွေး ကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေကို အခြေခံပြီး မဲဆန္ဒ နယ်ခွဲ တယ်ဆိုပါစို့။ တကယ်လို့ မဲပေးခွင့်ရှိသူ ၁ သိန်း ကို မဲဆန္ဒနယ်တစ်ခု သတ်မှတ်မယ်ဆိုရင် မဲဆန္ဒ နယ်ပေါင်း ၃၇၀ အထိ ရှိသွားနိုင်ပါတယ်။ ဒါက ပြည်သူ့ လွှတ်တော်ဆိုတဲ့ အောက်လွှတ်တော်အတွက်ပဲ ဖြစ်ပါ သေးတယ်။

ဒီလို လူဦးရေအချိုးနဲ့ သွားတာဟာ ကျောင်း သား ဘယ်နှယောက်ကို ဆရာတစ်ယောက်နှုန်း၊ ပြည်သူ ဘယ်နှယောက်ကို ဆရာဝန်တစ်ယောက်နှုန်း၊ ပြည်သူ ဘယ်နှယောက်ကို ရဲတစ်ယောက်နှုန်းစတဲ့ သဘောတရားနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါတွေက တော့ လူမှုရေးတရားမျှတမှုအပိုင်းထဲမှာ အကျုံးဝင်နေ ပါလိမ့်မယ်။

အရင်ကတော့ ဗမာတစ်ကျပ် ကရင်တစ်ကျပ်၊ ဗမာ တစ်ကျပ် ရှမ်းတစ်ကျပ် စသဖြင့် တွက်လိုက်တာ နောက်ဆုံး မှာ ဗမာက ၇ ကျပ် ရသွားတယ်ကွာဆိုပြီး ရယ်စရာပြော တတ်ကြပါတယ်။ တခြားလူမျိုးတွေက တစ်ကျပ်ပဲရတဲ့ အချိန်မှာ ဗမာက ၇ ကျပ်ရနေတဲ့ အတွက် မတရားဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နိုင်ငံရေးတရားမျှတမှု အမြင်အရပြောရရင် ဒီတွက်ချက် မှုက မှားနေပါတယ်။

ရင်းမြစ်တစ်ခုအရ ပြောရရင် မြန်မာနိုင်ငံမှာ ဗမာ ၆၈ ရာခိုင်နှုန်း၊ ရှမ်း ၉ ရာခိုင်နှုန်း၊ ကရင် ၇ ရာခိုင်နှုန်း၊ ရခိုင် ၄ ရာခိုင်နှုန်းနဲ့ ကျန်တာက ၁၂ ရာခိုင် နှုန်း ရှိပါတယ်။ ဒီ ၁၂ ရာခိုင်နှုန်းထဲမှာ မြန်မာနိုင်ငံသား အိန္ဒိယနွယ်ဖွားများနဲ့ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွား များကိုပါ ထည့်သွင်း ရေတွက်ထားတာ ဖြစ်ပါတယ်။

အထက်ပါ ရာခိုင်နှုန်းအတိုင်းဆိုရင် ရှမ်းတစ် ကျပ်ရတဲ့ အချိန်မှာ ဗမာက ၇ ကျပ်ခွဲ ရဖို့ လိုပါတယ်။ တိတိကျကျ ပြောရရင် ဗမာမဟုတ်တဲ့သူအကုန်လုံးက ၃၂ ကျပ်ရတဲ့ အချိန်မှာ ဗမာက ၆၈ ကျပ် ရဖို့ လိုနေ ပါတယ်။ ဒါက တရားမျှတမှုအမြင်အရ ဖြစ်ပါတယ်။

အခြားရင်းမြစ်တစ်ခုအရဆိုရင် ဗမာက ၈၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ ဒီ ၈၀ ရာခိုင် နှုန်းထဲမှာ ဗမာ ခံယူထားတဲ့ ကပြားတွေ၊ ဗမာခံ ယူထားတဲ့ အိန္ဒိယနွယ်ဖွားတွေနဲ့ ဗမာခံယူထားတဲ့ တရုတ်နွယ်ဖွားတွေကိုပါ ထည့်သွင်းရေတွက်ထား တယ်လို့ ဆိုပါတယ်။

(မှတ်ချက်။ ။ ဒီမှာ ဖော်ပြထားတဲ့ ကိန်း ဂဏန်းတွေကို အတည်ပြုမှတ်ယူဖို့ထက် ကိန်းဂဏန်း တွေနဲ့ တွက်ချက် စဉ်းစားတတ်တဲ့ အလေ့ကိုသာ ပိုရည်ရွယ်စေချင်တာ ဖြစ်ပါတယ်။ ဒါမှသာ လက်တွေ့ ပိုကျနိုင်ပါတယ်။)

အထက်ပါ လူဦးရေအချိုးအစားအရ လူမျိုးကို အခြေပြုပြီး အနာဂတ်မှာ မြန်မာနိုင်ငံကို ၈ ပြည်နယ် ခွဲမယ် ဆိုရင် ဗမာပြည်နယ်ဆိုတာကို မြန်မာနိုင်ငံနယ် မြေ အကျယ်အဝန်းရဲ့ ၆၈ ရာခိုင်နှုန်းနဲ့ ခွဲမှာလားဆိုတဲ့ မေးခွန်း တစ်ခု ထွက်လာပါတယ်။ အဲဒီလို မဟုတ်ပြန် ရင်လည်း တရားမျှတမှုအယူအဆနဲ့ ငြိနေနိုင်ပြန်ပါ တယ်။

နောက်တစ်ခု စဉ်းစားရမှာက ဖက်ဒရယ်စနစ်ရဲ့ တရားကိုယ်ဖြစ်တဲ့ တန်းတူညီမျှမှု (equality) ဖြစ်ပါ တယ်။ တန်းတူညီမျှမှုသဘောတရားအရ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးကြဖို့ ဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်အရ ၈ ပြည်နယ်ဆိုတဲ့ အယူအဆကို ဧရာဝတီက ပြည်သူတွေ က သဘောမတူဘူး၊ ကျန်တဲ့ နယ်မြေတွေက သဘော တူတယ်ပဲ ဆိုပါစို့။ အဲဒါဆိုရင် ဧရာဝတီရဲ့ အပြင်ဘက် မှာပဲ ၈ ပြည်နယ်ဆိုတာကို လုပ်ခွင့်ရှိပါမယ်။ ဧရာဝတီ ကို ၈ ပြည်နယ်ထဲမှာ ထည့်ခွင့် မရှိပါဘူး။ ဧရာဝတီက ပြည်သူတွေက သူတို့ကံကြမ္မာသူတို့ ဖန်တီးခွင့်ရှိပါ တယ်။ ဧရာဝတီကို ပြည်နယ်သတ်မှတ်ခြင်း၊ မသတ် မှတ်ခြင်းဆိုတာကလည်း ဧရာဝတီပြည်သူတွေရဲ့ ဆုံးဖြတ်ခွင့်သာ ဖြစ်ပါတယ်။ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်၊ ဆုံးဖြတ်ခွင့်ကို လေးစားတယ်ဆိုတဲ့သူ တိုင်းက ဒါကို အလေးထားဖို့၊ သတိပြုဖို့ လိုပါလိမ့်မယ်။

နောက်တစ်ချက်က အနာဂတ် ဖက်ဒရယ်စနစ် မှာ တန်းတူညီမျှမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါ ဗမာဟာ လူများစုဖြစ်နေတဲ့အတွက် ကျန်တဲ့ လူမျိုး တွေက လူနည်းစု အခွင့်အရေးကို တောင်းဆိုတာက အခွင့်အရေးတွေ ပိုပြီး ရနိုင်မလားဆိုတဲ့ ယူဆချက် မျိုးကိုလည်း ထည့်သွင်းစဉ်းစားကြည့်သင့်ပါတယ်။

ဥပမာ လူမျိုးစုတစ်ခုကို အနည်းဆုံး လွှတ်တော် အမတ်တစ်ယောက် ရခွင့်လိုဟာမျိုးကို တောင်းဆို တာမျိုး၊ သတ်မှတ်ပြဋ္ဌာန်းပေးထားတာမျိုး။ ဒါကို ထပ်ချဲ့ပြောရရင် လူဦးရေ ၁ သိန်းအောက်၊ သို့မဟုတ် လူဦးရေ ၅ သောင်းအောက်ရှိတဲ့ လူမျိုးစုတိုင်းက အမတ်တစ်ယောက်နှုန်းရတာမျိုး၊ လူဦးရေ ၁ သိန်း အထက်ကိုတော့ ၁ သိန်းကို အမတ်တစ်ယောက်နှုန်းနဲ့ ၅ သိန်းဆိုရင် အမတ် ၅ ယောက် ရတာမျိုး၊ သို့မဟုတ် လူဦးရေ ၅ သောင်းကို အမတ် ၁ ယောက်နှုန်းနဲ့ ၁ သိန်းဆိုရင် အမတ် ၂ ယောက်၊ လူဦးရေ ၅ သိန်းဆိုရင် အမတ် ၁၀ ယောက် ရတာမျိုး။ ဒါမျိုးကသာ နိုင်ငံရေး အရတရားမျှတမှု ပိုဖြစ်မနေနိုင်ဘူးလားဆိုတဲ့ မေးခွန်း မျိုးကို မေးခွန်းထုတ်ပြီး ဆွေးနွေးကြည့်နိုင်ပါတယ်။

နိုင်ငံရေးတရားမျှတမှု ရှိရင် လူမှုရေးတရားမျှ တမှုနဲ့ စီးပွားရေးတရားမျှတမှုကလည်း ကျွဲကူးရေပါ သဘောပဲ ဖြစ်ပါတယ်။

ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး နောက်ထပ် မေးခွန်း တစ်ခုက အနာဂတ်မှာ တည်ဆောက်မယ့် ဖက်ဒရယ်စနစ်က ဘယ်လို အစိုးရစနစ်မျိုးအပေါ်မှာ အခြေခံမလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

ဒီမိုကရေစီအစိုးရစနစ်တွေထဲမှာ ပါလီမန်စနစ်၊ သမ္မတစနစ်ဆိုပြီး အစိုးရစနစ်နှစ်မျိုး၊ သို့မဟုတ် ပါလီမန် စနစ်၊ သမ္မတစနစ်၊ ဆီမီးသမ္မတစနစ်ဆိုပြီး အစိုးရစနစ် သုံးမျိုး ရှိနေပါတယ်။ ဒီနေရာမှာတော့ ပါလီမန်စနစ်နဲ့ သမ္မတစနစ်အပေါ်မှာ အခြေခံပြီး မေးခွန်းထုတ်တာ ဖြစ်ပါတယ်။

ပါလီမန်စနစ်နဲ့ သမ္မတစနစ် နှစ်မျိုးထဲမှာ နိုင်ငံ ရေးတည်ငြိမ်မှု (political stability) အရ ပြောရင် ပါလီမန် စနစ်ထက် သမ္မတစနစ်က နိုင်ငံရေး တည် ငြိမ်မှု ပိုရှိနိုင်ပါတယ်။

ပါလီမန်စနစ်မှာ အယုံအကြည်မရှိအဆိုကို အသုံးချပြီး အစိုးရတစ်ရပ် တက်လာလိုက်၊ သတ်မှတ် ကာလ ပြည့်သွားတာနဲ့ အယုံအကြည်မရှိအဆိုနဲ့ ဖြုတ်ချလိုက်၊ နောက်တစ်ဖွဲ့ တက်လာလိုက်၊ ပထမ ဖြုတ်ချခံထားရတဲ့အဖွဲ့က အငြိုးကြီးကြီးနဲ့ ထပ်ဖြုတ်ချ ဖို့ ကြိုးစားလိုက်နဲ့ နိုင်ငံရေး တည်ငြိမ်မှု အတော်နည်း ပါတယ်။ အာရှမှာ ဒီစနစ်ကို ခံနိုင်တာဆိုလို့ ဂျပန်နဲ့ အိန္ဒိယကိုတွေ့ရပါတယ်။ သမိုင်းကြောင်းတွေအရ မြန်မာ မခံနိုင်ခဲ့ဘူး၊ ထိုင်းနိုင်ငံ မခံနိုင်ဘူး။

နိုင်ငံရေးမတည်ငြိမ်ရင် ကျန်တဲ့ စီးပွားရေး၊ လူမှုရေးတွေ တည်ငြိမ်ဖို့ကလည်း ခက်နေနိုင်ပါတယ်။

ပါလီမန်စနစ်အပေါ်မှာ အခြေခံထားတဲ့ ဖက် ဒရယ်က ပါလီမန်က အစိုးရဖွဲ့တာ၊ ပါလီမန်က ကြီးစိုး နေတာဖြစ်တဲ့အတွက် ဗဟိုအစိုးရ (ပြည်ထောင်စု အစိုးရ) မှာ အာဏာပိုရှိပါတယ်။

ပါလီမန်က အစိုးရဖွဲ့တာဖြစ်တဲ့အတွက် ပြည်သူ တွေထက် ပါလီမန်မှာ အာဏာပိုရှိတယ်။ ပြီးတော့ ပြည်သူတွေက ပါလီမန်တစ်ခုကိုပဲ ရွေးကောက်တင် မြှောက်ခွင့် ရှိတယ်။ ပြည်သူတွေက အုပ်ချုပ်ရေးကို ရွေးကောက်တင်မြှောက်ခွင့် မရှိပါဘူး။ အုပ်ချုပ်ရေးကို ပါလီမန်ကပဲ ရွေးကောက်တင်မြှောက်တယ်။

သမ္မတစနစ်မှာတော့ အုပ်ချုပ်ရေးအဖွဲ့အတွက် သမ္မတကို ပြည်သူတွေက တိုက်ရိုက် ရွေးကောက်တင် မြှောက်တယ်။ ပါလီမန်ဆိုတဲ့ လွှတ်တော်ကိုလည်းပဲ ပြည်သူတွေက တိုက်ရိုက်ရွေးကောက်တင်မြှောက် တယ်။ အမေရိကန် ပြည်ထောင်စုမှာဆိုရင် ပြည်နယ် အဆင့်မှာ တရားသူကြီးတွေကိုတောင် ပြည်သူတွေက ရွေးကောက်တင်မြှောက်တာတွေ ရှိပါတယ်။ အဲဒါ ကြောင့် သမ္မတစနစ်က ပြည်သူတွေကို ပိုပြီး အခြေခံ တာမို့လို့ ပြည်သူတွေမှာ အာဏာပိုရှိတယ်ဆိုတာ ထင်ရှားပါတယ်။

နောက်တစ်ခုက သမ္မတစနစ်က ပြည်သူတွေကို ပိုပြီး အခြေခံတာဖြစ်တဲ့အတွက် ဗဟိုထက် ပြည်နယ် တွေမှာ အာဏာပိုရှိတယ်။

ပါလီမန်စနစ်ကို အသုံးပြုရင် ပြည်နယ်ဝန်ကြီးချုပ်၊ သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးကို ပြည်နယ် လွှတ်တော်တွေကပဲ ရွေးကောက်တင်မြှောက်မယ်။ ပြည်နယ်ထဲက ပြည်သူတွေက ရွေးကောက်တင် မြှောက်ခွင့် မရှိဘူး။

သမ္မတစနစ်ကို အသုံးပြုမယ်ဆိုရင် ပြည်နယ်ဝန် ကြီးချုပ်၊ သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးကို ပြည်နယ်မှာရှိနေတဲ့ ပြည်သူတွေက တိုက်ရိုက် ရွေး ကောက်တင်မြှောက်ခွင့်ရှိတယ်။ ဒီစနစ်မှာ နိုင်ငံ သားတစ်ဦးချင်းစီက ပိုပြီး အရေးပါလာတယ်။ အဲဒါ ကြောင့်လည်း နိုင်ငံသားများရဲ့ ပါဝင်ဆောင်ရွက်မှု ပမာဏမှာ ပိုပြီး မြင့်မြင့်မားမား ရှိနေတတ်ပါတယ်။

အဲဒီတော့ အနာဂတ်မှာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ကျင့်သုံးမယ့် မြန်မာနိုင်ငံမှာ ပြည်သူတွေကို ပိုပြီး အခြေခံတဲ့စနစ်ကို ရွေးချယ်ဖို့ လိုပါတယ်။ အဲဒါဟာ သမ္မတစနစ်ပါပဲ။

နိုင်ငံသူနိုင်ငံသားတွေက သမ္မတကို တိုက်ရိုက် ရွေး ကောက်တင်မြှောက်။ ပြည်နယ်ဝန်ကြီးချုပ်၊ သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ပြည်နယ် သူ ပြည်နယ်သားတွေက တိုက်ရိုက် ရွေးကောက် တင်မြှောက်။ လူနည်းစု အခွင့်အရေးတွေနဲ့ လူနည်း စုတိုင်းကအခွင့်အရေးတွေရ။ တန်းတူညီမျှမှု အခွင့် အရေးဟာ ပြည်နယ်တစ်ခုချင်းစီမှသည် နိုင်ငံသား တစ်ဦးချင်းစီသို့ သက်ဆင်း။ နိုင်ငံရေးတရား မျှတမှု တွေ ရှိလာတော့ လူမှုရေးတရားမျှတမှုနဲ့ စီးပွားရေး တရားမျှတမှုဆိုတာက ပြေးမလွတ်တော့။ ကဲ ဒီနိုင်ငံ ဟာ ဘယ်လောက် နေချင်စရာကောင်းလိုက်လေမလဲ။

ကိုးကား-

၁။         ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ၁၉၄၇ ခုနှစ်။

၂။         မကြန်၊ ရှမ်းပြည်အခြေအနေ (၁၈၈၅-၈၇)၊ The Journal of The Burma Research Society, LI, ii, December ၁၉၆၈ -နှာ-၂၀၁-၂၀၂။

၃။         အောင်နိုင်၊ ဒီမိုကရေစီမိတ်ဆက်၊ ပထမအကြိမ်၊ ဖရီးဒမ်းစာအုပ်တိုက်၊ စက်တင်ဘာလ၊ ၂၀၁၉။

 

အောင်နိုင်

 

 

ဖက္ဒရယ္ဟူသည္  အဘယ္နည္း

 

လက္ရွိျမန္မာႏိုင္ငံဟာ ျပည္ေထာင္စုကို ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုစနစ္နဲ႔ တည္ေဆာက္ၾကမယ္လို႔ ဘံုသေဘာတူညီမႈအေနနဲ႔ သတ္မွတ္ထားၾကတယ္လို႔ နားလည္ ထားပါတယ္။ အဲဒါဆိုရင္ ဖက္ဒရယ္စနစ္ (federalism) ဆိုတာကို လူတိုင္း နားလည္ထားဖို႔ လိုလာပါတယ္။ အဲဒီအတြက္ ဖက္ဒရယ္စနစ္ဆိုတာကို အ႐ိုးရွင္းဆံုးနဲ႔ လူတိုင္းနားလည္လြယ္ေအာင္ အဓိပၸာယ္ဖြင့္ဆိုျပဖို႔ လိုအပ္ပါလိမ့္မယ္။

 

ဖက္ဒရယ္အစဟာ သီေပါေစာ္ဘြားႀကီးကလား

ျမန္မာႏိုင္ငံမွာ ဖက္ဒရယ္ဆိုတဲ့ စကားလံုးကို ေျခရာခံၾကည့္တဲ့အခါ ႏိုင္ငံေရးစနစ္တစ္ခုကို ဖက္ဒရယ္အဓိပၸာယ္နဲ႔ စတင္က်င့္သံုးဖို႔ ပထမဦးဆံုး ေျပာဆိုခဲ့သူဟာ သီေပါေစာ္ ဘြားႀကီး ခြန္ဆိုင္ျဖစ္မယ္လို႔ ယူဆရပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ ဆရာမႀကီး ေဒၚၾကန္ရဲ႕ ရွမ္းျပည္အေျခအေန (၁၈၈၅-၈၇)ဆိုတဲ့ စာတမ္းထဲမွာ အခုလို ေရးသား ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

“သီေပါေစာ္ဘြားႀကီး ခြန္ဆိုင္က ရွမ္းျပည္သည္ ဂ်ာမနီျပည္ကဲ့သို႔ သီးျခား လြတ္လပ္ေသာ ျပည္နယ္ မ်ား အစုအစည္းတခုျဖစ္ေသာ္ ရွမ္းတို႔အတြက္ အက်ိဳးရွိဖြယ္ ျမင္ေၾကာင္း စာေရးသားၫႊန္ၾကားသည္။ သို႔ေသာ္ လင္းပင္အုပ္စုဝင္တို႔က ‘သီးျခား လြတ္လပ္ေသာျပည္နယ္ အစုအစည္း’ဟူသည့္ မူသည္ သီေပါ ေစာ္ဘြားႀကီး၏ မူရင္း အာေဘာ္ မဟုတ္၊ ၿဗိတိသွ်တို႔၏ အာေဘာ္ ၿဗိတိသွ်တို႔၏ ၫႊန္ၾကားခ်က္သာလွ်င္ ျဖစ္ေၾကာင္း ေကာင္းစြာ သေဘာ ေပါက္ၾကသည္။”

အထက္ပါ စာပိုဒ္အရ ေနာက္ပိုင္းကိုလိုနီေခတ္ မွာ အသံုးျပဳခဲ့ၿပီး ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံ ဥပေဒမွာပါ ေဖာ္ျပခဲ့တဲ့  “Federated Shan States” ဆိုတဲ့ အသံုးအႏႈန္းဟာ သီေပါေစာ္ဘြားႀကီး ခြန္ဆိုင္ အဆိုျပဳခဲ့ဖူးတဲ့ ႏိုင္ငံေရးစနစ္ အယူအဆနဲ႔မ်ား ဆက္ ႏြယ္ေနေလမလား ရယ္လို႔ ေတြးဆၾကည့္မိပါတယ္။

တကယ္လို႔မ်ား ဆက္စပ္ေနခဲ့မယ္ဆိုရင္ေတာ့ ဒါဟာ ‘ဖက္ဒရယ္အစ သီေပါေစာ္ဘြားႀကီးက’လို႔ ဆိုရပါလိမ့္မယ္။ ဒါဟာ ျမန္မာႏိုင္ငံနဲ႔ ဖက္ဒရယ္ သမိုင္းေၾကာင္းအစလည္း ျဖစ္သြားပါလိမ့္မယ္။

သီေပါေစာ္ဘြားႀကီး ခြန္ဆိုင္ရဲ႕ စကားလံုးကို ယူသံုး ရရင္ ‘ဖက္ဒရယ္’ဆိုတာ ‘ျပည္နယ္အစုအစည္း’ဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္။ အဲဒါဆိုရင္ federalism ဆိုတာက ျပည္နယ္မ်ားကို စုစည္းထားျခင္းစနစ္(ဝါဒ)ဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါလိမ့္မယ္။ ဒါဟာ ဖက္ဒရယ္ စနစ္ရဲ႕ အဓိပၸာယ္ျဖစ္ပါတယ္။

အဲဒီဖက္ဒရယ္စနစ္ (federalism) ဆိုတာကို ေလ့လာတဲ့အခါမွာလည္း အေမရိကန္ျပည္ေထာင္စုရဲ႕ ဖက္ဒရယ္ စနစ္က တစ္မ်ိဳး၊ အိႏၵိယႏိုင္ငံရဲ႕ ဖက္ဒရယ္ စနစ္က တစ္ဖံု၊ ဂ်ာမနီႏိုင္ငံရဲ႕ ဖက္ဒရယ္စနစ္က တျခားဆိုသလိုမ်ိဳး ျဖစ္ေနတာေတြကိုၾကည့္ၿပီး နားလည္မႈမွာ ႐ႈပ္ေထြးသြားႏိုင္ပါတယ္။ သာမန္ ျပည္သူေတြ အလြယ္တကူ နားလည္ဖို႔ဆိုရင္ ဒီထက္ ပိုရွင္းေအာင္ ေျပာဖို႔လိုပါမယ္။

ဖက္ဒရယ္စနစ္ (federalism) ရဲ႕ အဓိပၸာယ္ကို စကား လံုးတစ္လံုးတည္းနဲ႔ အစားထိုး ေျပာဆိုပါဆိုရင္ တန္းတူညီမွ် မႈ (equality) ဆိုတဲ့ စကားလံုးကို အသံုးျပဳႏိုင္ပါလိမ့္မယ္။ ဒီေနရာမွာ ဘယ္လို တန္းတူ ညီမွ်မႈလဲလို႔ ေမးခြန္းထုတ္ႏိုင္ပါတယ္။ ျပည္နယ္ တစ္ခုနဲ႔တစ္ခုအၾကား တန္းတူညီမွ်မႈမွသည္ ႏိုင္ငံ သားတစ္ဦးခ်င္းစီအၾကား တန္းတူညီမွ်မႈအထိလို႔ အႏွစ္ခ်ဳပ္ၿပီး ေျဖရပါလိမ့္မယ္။

ဖက္ဒရယ္စနစ္အရ ျပည္နယ္တစ္ခုနဲ႔တစ္ခု အၾကား တန္းတူညီမွ်မႈရွိေနရပါမယ္။ ဒီေနရာမွာ တန္းတူညီမွ်မႈဆိုတာကလည္း အဓိကအားျဖင့္ ကိုယ့္ကံၾကမၼာကိုယ္ ဆံုးျဖတ္ခြင့္အေပၚမွာ အဓိကအေျခခံ ပါတယ္။ ဒါကိုထပ္ၿပီး အဓိပၸာယ္ဖြင့္ဆိုရရင္ ကိုယ့္ကံၾကမၼာကိုယ္ဆံုးျဖတ္ခြင့္မွာသာ တန္းတူညီမွ်မႈနဲ႔ အဓိကသက္ဆိုင္ၿပီး အဲဒီလို ဆံုးျဖတ္လိုက္လို႔ ရလဒ္မတူတဲ့အေပၚမွာေတာ့ တန္းတူညီမွ်မႈနဲ႔ သက္ဆိုင္မႈ သိပ္မရွိလွဘူးလို႔ ယူေသာ္ ရႏိုင္ပါလိမ့္မယ္။

ဥပမာ ကရင္ျပည္နယ္မွာ လူသတ္မႈကို ေထာင္ ၇ ႏွစ္လို႔ သတ္မွတ္ၿပီး ဧရာဝတီျပည္နယ္မွာ လူသတ္မႈ ကို ေထာင္ ၁၅ ႏွစ္လို႔ သတ္မွတ္တယ္ဆိုၾကပါစို႔။

ကရင္ျပည္နယ္မွာ လူသတ္မႈကို ေထာင္ ၇ ႏွစ္ဆိုတာက ကရင္ျပည္သူေတြ စိတ္ႀကိဳက္သတ္မွတ္ ထားတာ ျဖစ္ပါတယ္။ ဒါဟာ ကရင္ျပည္နယ္က ျပည္သူေတြရဲ႕ သူတို႔ စိတ္ႀကိဳက္ ဆံုးျဖတ္ခြင့္ျဖစ္ပါ တယ္။ အဲဒီလိုပဲ၊ ဧရာဝတီျပည္နယ္မွာ လူသတ္မႈကို ေထာင္ ၁၅ ႏွစ္ဆိုတာကလည္း ဧရာဝတီျပည္နယ္က ျပည္သူေတြရဲ႕ သူတို႔စိတ္ႀကိဳက္ သတ္မွတ္ျပ႒ာန္းထားတာ ျဖစ္ပါတယ္။ ဒါဟာလည္း ဧရာဝတီျပည္နယ္ သူျပည္နယ္သားေတြရဲ႕ စိတ္ႀကိဳက္ ဆံုးျဖတ္ခြင့္ပဲ ျဖစ္ပါတယ္။

ဒီေနရာမွာ ကရင္ျပည္နယ္ေရာ ဧရာဝတီျပည္ နယ္ပါ သူတို႔စိတ္ႀကိဳက္ ဆံုးျဖတ္ခြင့္က တူေနပါတယ္။ သူတို႔ ႀကိဳက္သလို ဆံုးျဖတ္ခြင့္က တန္းတူညီမွ်ျဖစ္ေန ပါတယ္။ ဒါကိုက သူတို႔ကံၾကမၼာကို သူတို႔စိတ္ႀကိဳက္ ဆံုးျဖတ္ၾကတာ ျဖစ္ပါတယ္။ အဲဒီလို ဆံုးျဖတ္ခြင့္မွာ တန္းတူညီမွ်ျဖစ္ေနေပမယ့္ ေထာင္ ၇ ႏွစ္နဲ႔ ေထာင္ ၁၅ ႏွစ္ဆိုတဲ့ ရလဒ္ကေတာ့ မတူညီပါဘူး။

အဲဒါနဲ႔ ပတ္သက္ၿပီး သတိျပဳဖို႔ လိုတာက အနာ ဂတ္မွာ ဖက္ဒရယ္ျပည္ေထာင္စုကို သြားၾကတဲ့အခါ ကိုယ့္ ကံၾကမၼာကိုယ္ ဖန္တီးခြင့္မွာသာ တန္းတူညီ မွ်ျဖစ္ႏိုင္ၿပီး အဲဒီလို ဖန္တီးလိုက္တဲ့အေပၚမွာ အေျခခံ ထားတဲ့ ျပည္နယ္ေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုတဲ့ ရလဒ္ ေတြကေတာ့ တူညီခ်င္မွတူညီလိမ့္မယ္ဆိုတာပဲ ျဖစ္ပါ တယ္။ အဲဒီအတြက္ အခ်ိဳ႕ျပည္နယ္ေတြက အခ်ိဳ႕ ျပည္နယ္ေတြထက္ ပိုၿပီး ခ်မ္းသာေနႏိုင္ပါတယ္။ တန္းတူညီမွ်စြာ ကိုယ့္ၾကမၼာကိုယ္ဖန္တီးလိုက္ ၿပီး ရလဒ္မတူတဲ့ ေနာက္ထပ္ ဥပမာတစ္ခုကို ထပ္ျပ ခ်င္ပါေသးတယ္။

ဆိုပါစို႔။ ဧရာဝတီျပည္နယ္မွာ ေဆးေျခာက္ စိုက္ခြင့္နဲ႔ သံုးစြဲခြင့္ရွိၿပီး ကရင္ျပည္နယ္မွာေတာ့ ေဆး ေျခာက္စိုက္ခြင့္နဲ႔ သံုးစြဲခြင့္ မရွိဘူးဆိုပါေတာ့။ ဒီလို ရွိျခင္း၊ မရွိျခင္းက သက္ဆိုင္ရာျပည္နယ္ႏွစ္ခုမွာ ရွိေနတဲ့ ျပည္သူေတြက သူတို႔ စိတ္ႀကိဳက္ ဆံုးျဖတ္ ထားတာမို႔ တန္းတူညီမွ်မႈအျမင္ရ ဒီျပည္နယ္ႏွစ္ခုဟာ တန္းတူညီမွ်အခြင့္အေရး ရေနၾကတာပဲ ျဖစ္ပါတယ္။

ျပည္နယ္တစ္ခုမွာ လိင္တူလက္ထပ္ခြင့္ ရွိၿပီး အျခား ျပည္နယ္တစ္ခုမွာ လိင္တူလက္ထပ္ခြင့္ မရွိ တာဟာလည္း  တန္းတူညီမွ်မႈပဲ  ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ အဲဒီလို ဆံုးျဖတ္ခ်က္ေတြကို အဲဒီျပည္နယ္က ျပည္သူေတြက သူတို႔ ကံၾကမၼာသူတို႔ ဖန္တီးတဲ့အေနနဲ႔ သူတို႔စိတ္ႀကိဳက္ ခ်မွတ္ထားခဲ့ၾက လို႔ပဲ ျဖစ္ပါတယ္။

ဆိုလိုတာက တန္းတူညီမွ်မႈဆိုတာဟာ ဟိုျပည္ နယ္က တစ္က်ပ္အတိဆိုရင္ ဒီျပည္နယ္ကလည္း တစ္က်ပ္အတိပဲေဟ့-ဆိုတာမ်ိဳးနဲ႔ သိပ္မသက္ဆိုင္ ဘူးဆိုတာပဲ ျဖစ္ပါတယ္။ အဓိပၸာယ္က အဲဒီလို ျပဳလုပ္ တိုင္းလည္း တရားမွ်တမႈလို႔ မေခၚႏိုင္ဘူးဆိုတာ ျဖစ္ပါတယ္။အနာဂတ္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု ျမန္မာ ႏိုင္ငံမွာ ျပည္နယ္ဘယ္ႏွခု ရွိမလဲ။ ဒီေမးခြန္းကို လက္ေတြ႕ ေျဖရမယ့္သူေတြက ႏိုင္ငံေရးသမားေတြနဲ႔ တိုင္းရင္းေခါင္းေဆာင္ေတြ မဟုတ္ဘဲ သက္ဆိုင္ရာ ေဒသက ျပည္သူေတြသာလွ်င္ ျဖစ္တယ္ဆိုတာကို အားလံုးက သတိျပဳၾကရပါလိမ့္မယ္။ ဒီမိုကေရစီစနစ္ အရ သက္ဆိုင္ရာေဒသမွာ ရွိေနတဲ့ ျပည္သူေတြကသာ ဒီအခြင့္အာဏာကို လက္ဝယ္ ပိုင္ဆိုင္ၾကတာ ျဖစ္ပါ တယ္။ ဒီအခြင့္အာဏာကို လက္ေတြ႕ အသံုးခ်တဲ့ အေနနဲ႔ သက္ဆိုင္ရာေဒသက ျပည္သူေတြက သူတို႔ ေဒသကို ျပည္နယ္သတ္မွတ္မယ္၊ မသတ္မွတ္ဘူး ဆိုတာ ဆႏၵခံယူပြဲ (referendum) ျပဳလုပ္ၿပီး ဆံုးျဖတ္ ခြင့္ ရွိပါတယ္။ ျပည္သူေတြ ဆံုးျဖတ္ထားတာကို ႏိုင္ငံေရးသမားေတြနဲ႔ တိုင္းရင္းသားေခါင္းေဆာင္ ဆိုသူေတြက လိုက္နာရပါမယ္။ ဒါဟာ ဒီမိုကေရစီစံ ျဖစ္ပါတယ္။

အဲဒီလို ျပည္သူေတြရဲ႕ ဆံုးျဖတ္ခြင့္နဲ႔ သတ္မွတ္ ထားတဲ့ ျပည္နယ္ေတြအၾကားမွာ တစ္ျပည္နယ္နဲ႔ တစ္ျပည္နယ္က တန္းတူညီမွ် အခြင့္အေရးေတြ ရွိေနၾကရတယ္။ ျပည္တစ္ခုစီအတြင္းမွာလည္း ခ႐ိုင္တစ္ခုနဲ႔ တစ္ခု အၾကားမွာ တန္းတူညီမွ် အခြင့္အေရးေတြ ရွိေနၾကတယ္။ (က)ခ႐ိုင္ရဲ႕ ကံၾကမၼာကို (က)ခ႐ိုင္က ျပည္သူေတြက စိတ္ႀကိဳက္ ဆံုးျဖတ္ခြင့္ရွိသလို (ခ)ခ႐ိုင္က ျပည္သူေတြကလည္း (ခ)ခ႐ိုင္ရဲ႕ ကံၾကမၼာကို သူတို႔စိတ္ႀကိဳက္ ဆံုးျဖတ္ခြင့္ရွိေနရပါတယ္။

ဒီအတိုင္းပါပဲ။ ခ႐ိုင္တစ္ခုအတြင္းထဲမွာလည္း ၿမိဳ႕နယ္တစ္ခုခ်င္းစီက ကိုယ့္ၿမိဳ႕နယ္ရဲ႕ ကံၾကမၼာကို သက္ ဆိုင္ရာၿမိဳ႕နယ္အသီးသီက၊ ဝါ- သက္ဆိုင္ရာၿမိဳ႕ နယ္ အသီးသီးမွာ ရွိေနတဲ့ ျပည္သူေတြက ဖန္တီးဆံုး ျဖတ္ခြင့္ေတြ ရွိေနၾကရပါတယ္။ ဒါဟာ ဖက္ဒရယ္စနစ္ ရဲ႕ တန္းတူညီမွ်မႈဆိုတဲ့ အခြင့္အေရးပါပဲ။ ၿမိဳ႕နယ္တစ္ခုအတြင္းမွာ ရွိေနၾကတဲ့ ရပ္ကြက္၊ ေက်းရြာအုပ္စုေတြကလည္း အဲဒီရပ္ကြက္၊ အဲဒီေက်း ရြာ အုပ္စုေတြရဲ႕ ကံၾကမၼာကို သူတို႔စိတ္ႀကိဳက္ ဖန္တီး ဆံုးျဖတ္ခြင့္ေတြ ရွိေနရပါတယ္၊ ရွိေနၾကပါတယ္။ ရပ္ကြက္တစ္ခုအတြင္း၊ ေက်းရြာအုပ္စုတစ္ခု အတြင္း မွာလည္း အဲဒီရပ္ကြက္၊ အဲဒီေက်းရြာအုပ္စုမွာ ရွိေနၾကတဲ့ အိမ္ေထာင္စုအသီးသီးက သက္ဆိုင္ရာ အိမ္ေထာင္စုအသီးသီးရဲ႕ ကံၾကမၼာကို သူတို႔စိတ္ႀကိဳက္ ဖန္တီးဆံုးျဖတ္ခြင့္ေတြ ရွိေနၾကပါတယ္။ အဲဒီအိမ္ေထာင္စုတစ္ခုခ်င္းစီမွာလည္းပဲ အိမ္ေထာင္စုဝင္ တစ္ဦးခ်င္းစီက ကိုယ့္ကံၾကမၼာကိုယ္ ဆံုးျဖတ္ခြင့္ေတြ ရွိေနၾကပါတယ္။

ဒါက ျပည္နယ္တစ္ခုနဲ႔တစ္ခုအၾကားကေန ႏိုင္ငံသား တစ္ဦးခ်င္းစီအၾကားအထိ တန္းတူညီမွ်မႈက အလုပ္လုပ္ေနပံု ျဖစ္ပါတယ္။ ႏိုင္ငံေရးဒႆနပညာအရ တန္းတူညီမွ်မႈ ရွိမွ၊ တန္းတူညီမွ်မႈ ျဖစ္မွ၊ တရားမွ်တမႈ ရွိပါတယ္၊ တရား မွ်တမႈ ျဖစ္ပါတယ္။

အဲဒီတရားမွ်တမႈကိုလည္း ႏိုင္ငံေရးတရား မွ်တမႈ (political justice)၊ လူမႈေရးတရားမွ်တမႈ (social justice) နဲ႔ စီးပြားေရးတရားမွ်တမႈ (economic justice) ဆိုၿပီး သံုးမ်ိဳး ခြဲၾကည့္ႏိုင္ပါတယ္။

ႏိုင္ငံေရးတရားမွ်တမႈ မရွိရင္ က်န္တဲ့ ႏွစ္မ်ိဳး လည္း တရားမွ်တမႈ ရွိဖို႔ဆိုတာက ခက္ေနႏိုင္ပါတယ္။ အဲဒါေၾကာင့္ ႏိုင္ငံေရးတရားမွ်တမႈကို အရင္ အနည္း ငယ္ ေျပာၾကည့္ပါမယ္။

ဥပမာ- ႏိုင္ငံေရးတရားမွ်တမႈနဲ႔ ပတ္သက္လို႔ မဲဆႏၵ နယ္တစ္ခုကို လူဦးေရနဲ႔ ပိုင္းမလား၊ ၿမိဳ႕နယ္နဲ႔ ပိုင္းမလားဆိုတဲ့ ေမးခြန္းျဖစ္ပါတယ္။

၁၉၄၇ ခုႏွစ္၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒမွာ မဲဆႏၵနယ္ကို လူဦးေရနဲ႔ ပိုင္းပါတယ္။

“ျပည္သူ႔လႊတ္ေတာ္အမတ္ဦးေရ အစုစုေပါင္းကို လူဦးေရ ၁၀ဝဝ၀ဝ လွ်င္ အမတ္တစ္ဦးက်ႏွင့္ တြက္ သျဖင့္ ရရွိေသာ အမတ္ဦးေရေအာက္ ေလ်ာ့၍ျဖစ္ေစ၊ လူဦးေရ ၃၀ဝ၀ဝ လွ်င္ အမတ္တစ္ဦးက်ႏွင့္ တြက္ သျဖင့္ ရရွိေသာ အမတ္ဦးေရထက္ ပို၍ျဖစ္ေစ မသတ္ မွတ္ရ။”(ပုဒ္မ ၈၃ (၂))။

၁၉၇၄ ခုႏွစ္ ဖြဲ႕စည္းပံုအေျခခံဥပေဒနဲ႔ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒေတြမွာေတာ့ ၿမိဳ႕နယ္ကို အေျခ ခံ၍ ျဖစ္ေစ၊ လူဦးေရကို အေျခခံ၍ျဖစ္ေစ ေရြးေကာက္ တင္ေျမႇာက္ႏိုင္တယ္လို႔ ဆိုထားပါတယ္။

တကယ္ေတာ့ လူဦးေရကို အေျခခံၿပီး မဲဆႏၵ နယ္ကို ပိုင္းတာက ႏိုင္ငံေရးတရားမွ်တမႈ ပိုရွိႏိုင္ ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္က ျပဳလုပ္သြားတဲ့ ယူေက ႏိုင္ငံရဲ႕ ေရြးေကာက္ပြဲမွာ မဲဆႏၵနယ္တစ္ခုကို မဲေပး ခြင့္ရွိသူ ၈ ေသာင္းနဲ႔ ပိုင္းပါတယ္။ ဆိုလိုတာက မဲေပး ခြင့္ရွိသူ ၈ ေသာင္းကို မဲဆႏၵနယ္တစ္ခု သတ္မွတ္ ပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲအတြက္ ျမန္မာႏိုင္ငံမွာ မဲေပးခြင့္ရွိသူ ၃၇ သန္းေလာက္အထိ ရွိမယ္လို႔ ေရြး ေကာက္ပြဲ ေကာ္မရွင္က ခန္႔မွန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ လူဦးေရကို အေျခခံၿပီး မဲဆႏၵ နယ္ခြဲ တယ္ဆိုပါစို႔။ တကယ္လို႔ မဲေပးခြင့္ရွိသူ ၁ သိန္း ကို မဲဆႏၵနယ္တစ္ခု သတ္မွတ္မယ္ဆိုရင္ မဲဆႏၵ နယ္ေပါင္း ၃၇၀ အထိ ရွိသြားႏိုင္ပါတယ္။ ဒါက ျပည္သူ႔ လႊတ္ေတာ္ဆိုတဲ့ ေအာက္လႊတ္ေတာ္အတြက္ပဲ ျဖစ္ပါ ေသးတယ္။

ဒီလို လူဦးေရအခ်ိဳးနဲ႔ သြားတာဟာ ေက်ာင္း သား ဘယ္ႏွေယာက္ကို ဆရာတစ္ေယာက္ႏႈန္း၊ ျပည္သူ ဘယ္ႏွေယာက္ကို ဆရာဝန္တစ္ေယာက္ႏႈန္း၊ ျပည္သူ ဘယ္ႏွေယာက္ကို ရဲတစ္ေယာက္ႏႈန္းစတဲ့ သေဘာတရားနဲ႔ အတူတူပဲ ျဖစ္ပါတယ္။ ဒါေတြက ေတာ့ လူမႈေရးတရားမွ်တမႈအပိုင္းထဲမွာ အက်ံဳးဝင္ေန ပါလိမ့္မယ္။

အရင္ကေတာ့ ဗမာတစ္က်ပ္ ကရင္တစ္က်ပ္၊ ဗမာ တစ္က်ပ္ ရွမ္းတစ္က်ပ္ စသျဖင့္ တြက္လိုက္တာ ေနာက္ဆံုး မွာ ဗမာက ၇ က်ပ္ ရသြားတယ္ကြာဆိုၿပီး ရယ္စရာေျပာ တတ္ၾကပါတယ္။ တျခားလူမ်ိဳးေတြက တစ္က်ပ္ပဲရတဲ့ အခ်ိန္မွာ ဗမာက ၇ က်ပ္ရေနတဲ့ အတြက္ မတရားဘူးဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။ ႏိုင္ငံေရးတရားမွ်တမႈ အျမင္အရေျပာရရင္ ဒီတြက္ခ်က္ မႈက မွားေနပါတယ္။

ရင္းျမစ္တစ္ခုအရ ေျပာရရင္ ျမန္မာႏိုင္ငံမွာ ဗမာ ၆၈ ရာခိုင္ႏႈန္း၊ ရွမ္း ၉ ရာခိုင္ႏႈန္း၊ ကရင္ ၇ ရာခိုင္ႏႈန္း၊ ရခိုင္ ၄ ရာခိုင္ႏႈန္းနဲ႔ က်န္တာက ၁၂ ရာခိုင္ ႏႈန္း ရွိပါတယ္။ ဒီ ၁၂ ရာခိုင္ႏႈန္းထဲမွာ ျမန္မာႏိုင္ငံသား အိႏၵိယႏြယ္ဖြားမ်ားနဲ႔ ျမန္မာႏိုင္ငံသား တ႐ုတ္ႏြယ္ဖြား မ်ားကိုပါ ထည့္သြင္း ေရတြက္ထားတာ ျဖစ္ပါတယ္။

အထက္ပါ ရာခိုင္ႏႈန္းအတိုင္းဆိုရင္ ရွမ္းတစ္ က်ပ္ရတဲ့ အခ်ိန္မွာ ဗမာက ၇ က်ပ္ခြဲ ရဖို႔ လိုပါတယ္။ တိတိက်က် ေျပာရရင္ ဗမာမဟုတ္တဲ့သူအကုန္လံုးက ၃၂ က်ပ္ရတဲ့ အခ်ိန္မွာ ဗမာက ၆၈ က်ပ္ ရဖို႔ လိုေန ပါတယ္။ ဒါက တရားမွ်တမႈအျမင္အရ ျဖစ္ပါတယ္။

အျခားရင္းျမစ္တစ္ခုအရဆိုရင္ ဗမာက ၈၀ ရာခိုင္ႏႈန္းအထိ ရွိတယ္လို႔ ဆိုပါတယ္။ ဒီ ၈၀ ရာခိုင္ ႏႈန္းထဲမွာ ဗမာ ခံယူထားတဲ့ ကျပားေတြ၊ ဗမာခံ ယူထားတဲ့ အိႏၵိယႏြယ္ဖြားေတြနဲ႔ ဗမာခံယူထားတဲ့ တ႐ုတ္ႏြယ္ဖြားေတြကိုပါ ထည့္သြင္းေရတြက္ထား တယ္လို႔ ဆိုပါတယ္။

(မွတ္ခ်က္။ ။ ဒီမွာ ေဖာ္ျပထားတဲ့ ကိန္း ဂဏန္းေတြကို အတည္ျပဳမွတ္ယူဖို႔ထက္ ကိန္းဂဏန္း ေတြနဲ႔ တြက္ခ်က္ စဥ္းစားတတ္တဲ့ အေလ့ကိုသာ ပိုရည္ရြယ္ေစခ်င္တာ ျဖစ္ပါတယ္။ ဒါမွသာ လက္ေတြ႕ ပိုက်ႏိုင္ပါတယ္။)

အထက္ပါ လူဦးေရအခ်ိဳးအစားအရ လူမ်ိဳးကို အေျချပဳၿပီး အနာဂတ္မွာ ျမန္မာႏိုင္ငံကို ၈ ျပည္နယ္ ခြဲမယ္ ဆိုရင္ ဗမာျပည္နယ္ဆိုတာကို ျမန္မာႏိုင္ငံနယ္ ေျမ အက်ယ္အဝန္းရဲ႕ ၆၈ ရာခိုင္ႏႈန္းနဲ႔ ခြဲမွာလားဆိုတဲ့ ေမးခြန္း တစ္ခု ထြက္လာပါတယ္။ အဲဒီလို မဟုတ္ျပန္ ရင္လည္း တရားမွ်တမႈအယူအဆနဲ႔ ၿငိေနႏိုင္ျပန္ပါ တယ္။

ေနာက္တစ္ခု စဥ္းစားရမွာက ဖက္ဒရယ္စနစ္ရဲ႕ တရားကိုယ္ျဖစ္တဲ့ တန္းတူညီမွ်မႈ (equality) ျဖစ္ပါ တယ္။ တန္းတူညီမွ်မႈသေဘာတရားအရ ကိုယ့္ၾကမၼာ ကိုယ္ ဖန္တီးၾကဖို႔ ျဖစ္ပါတယ္။ ဒီအဓိပၸာယ္အရ ၈ ျပည္နယ္ဆိုတဲ့ အယူအဆကို ဧရာဝတီက ျပည္သူေတြ က သေဘာမတူဘူး၊ က်န္တဲ့ နယ္ေျမေတြက သေဘာ တူတယ္ပဲ ဆိုပါစို႔။ အဲဒါဆိုရင္ ဧရာဝတီရဲ႕ အျပင္ဘက္ မွာပဲ ၈ ျပည္နယ္ဆိုတာကို လုပ္ခြင့္ရွိပါမယ္။ ဧရာဝတီ ကို ၈ ျပည္နယ္ထဲမွာ ထည့္ခြင့္ မရွိပါဘူး။ ဧရာဝတီက ျပည္သူေတြက သူတို႔ကံၾကမၼာသူတို႔ ဖန္တီးခြင့္ရွိပါ တယ္။ ဧရာဝတီကို ျပည္နယ္သတ္မွတ္ျခင္း၊ မသတ္ မွတ္ျခင္းဆိုတာကလည္း ဧရာဝတီျပည္သူေတြရဲ႕ ဆံုးျဖတ္ခြင့္သာ ျဖစ္ပါတယ္။ ကိုယ့္ကံၾကမၼာကိုယ္ ဖန္တီးခြင့္၊ ဆံုးျဖတ္ခြင့္ကို ေလးစားတယ္ဆိုတဲ့သူ တိုင္းက ဒါကို အေလးထားဖို႔၊ သတိျပဳဖို႔ လိုပါလိမ့္မယ္။

ေနာက္တစ္ခ်က္က အနာဂတ္ ဖက္ဒရယ္စနစ္ မွာ တန္းတူညီမွ်မႈနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးၾကတဲ့အခါ ဗမာဟာ လူမ်ားစုျဖစ္ေနတဲ့အတြက္ က်န္တဲ့ လူမ်ိဳး ေတြက လူနည္းစု အခြင့္အေရးကို ေတာင္းဆိုတာက အခြင့္အေရးေတြ ပိုၿပီး ရႏိုင္မလားဆိုတဲ့ ယူဆခ်က္ မ်ိဳးကိုလည္း ထည့္သြင္းစဥ္းစားၾကည့္သင့္ပါတယ္။

ဥပမာ လူမ်ိဳးစုတစ္ခုကို အနည္းဆံုး လႊတ္ေတာ္ အမတ္တစ္ေယာက္ ရခြင့္လိုဟာမ်ိဳးကို ေတာင္းဆို တာမ်ိဳး၊ သတ္မွတ္ျပ႒ာန္းေပးထားတာမ်ိဳး။ ဒါကို ထပ္ခ်ဲ႕ေျပာရရင္ လူဦးေရ ၁ သိန္းေအာက္၊ သို႔မဟုတ္ လူဦးေရ ၅ ေသာင္းေအာက္ရွိတဲ့ လူမ်ိဳးစုတိုင္းက အမတ္တစ္ေယာက္ႏႈန္းရတာမ်ိဳး၊ လူဦးေရ ၁ သိန္း အထက္ကိုေတာ့ ၁ သိန္းကို အမတ္တစ္ေယာက္ႏႈန္းနဲ႔ ၅ သိန္းဆိုရင္ အမတ္ ၅ ေယာက္ ရတာမ်ိဳး၊ သို႔မဟုတ္ လူဦးေရ ၅ ေသာင္းကို အမတ္ ၁ ေယာက္ႏႈန္းနဲ႔ ၁ သိန္းဆိုရင္ အမတ္ ၂ ေယာက္၊ လူဦးေရ ၅ သိန္းဆိုရင္ အမတ္ ၁၀ ေယာက္ ရတာမ်ိဳး။ ဒါမ်ိဳးကသာ ႏိုင္ငံေရး အရတရားမွ်တမႈ ပိုျဖစ္မေနႏိုင္ဘူးလားဆိုတဲ့ ေမးခြန္း မ်ိဳးကို ေမးခြန္းထုတ္ၿပီး ေဆြးေႏြးၾကည့္ႏိုင္ပါတယ္။

ႏိုင္ငံေရးတရားမွ်တမႈ ရွိရင္ လူမႈေရးတရားမွ် တမႈနဲ႔ စီးပြားေရးတရားမွ်တမႈကလည္း ကြ်ဲကူးေရပါ သေဘာပဲ ျဖစ္ပါတယ္။

ဖက္ဒရယ္စနစ္နဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ ေမးခြန္း တစ္ခုက အနာဂတ္မွာ တည္ေဆာက္မယ့္ ဖက္ဒရယ္စနစ္က ဘယ္လို အစိုးရစနစ္မ်ိဳးအေပၚမွာ အေျခခံမလဲဆိုတဲ့ ေမးခြန္း ျဖစ္ပါတယ္။

ဒီမိုကေရစီအစိုးရစနစ္ေတြထဲမွာ ပါလီမန္စနစ္၊ သမၼတစနစ္ဆိုၿပီး အစိုးရစနစ္ႏွစ္မ်ိဳး၊ သို႔မဟုတ္ ပါလီမန္ စနစ္၊ သမၼတစနစ္၊ ဆီမီးသမၼတစနစ္ဆိုၿပီး အစိုးရစနစ္ သံုးမ်ိဳး ရွိေနပါတယ္။ ဒီေနရာမွာေတာ့ ပါလီမန္စနစ္နဲ႔ သမၼတစနစ္အေပၚမွာ အေျခခံၿပီး ေမးခြန္းထုတ္တာ ျဖစ္ပါတယ္။

ပါလီမန္စနစ္နဲ႔ သမၼတစနစ္ ႏွစ္မ်ိဳးထဲမွာ ႏိုင္ငံ ေရးတည္ၿငိမ္မႈ (political stability) အရ ေျပာရင္ ပါလီမန္ စနစ္ထက္ သမၼတစနစ္က ႏိုင္ငံေရး တည္ ၿငိမ္မႈ ပိုရွိႏိုင္ပါတယ္။

ပါလီမန္စနစ္မွာ အယံုအၾကည္မရွိအဆိုကို အသံုးခ်ၿပီး အစိုးရတစ္ရပ္ တက္လာလိုက္၊ သတ္မွတ္ ကာလ ျပည့္သြားတာနဲ႔ အယံုအၾကည္မရွိအဆိုနဲ႔ ျဖဳတ္ခ်လိုက္၊ ေနာက္တစ္ဖြဲ႕ တက္လာလိုက္၊ ပထမ ျဖဳတ္ခ်ခံထားရတဲ့အဖြဲ႕က အၿငိဳးႀကီးႀကီးနဲ႔ ထပ္ျဖဳတ္ခ် ဖို႔ ႀကိဳးစားလိုက္နဲ႔ ႏိုင္ငံေရး တည္ၿငိမ္မႈ အေတာ္နည္း ပါတယ္။ အာရွမွာ ဒီစနစ္ကို ခံႏိုင္တာဆိုလို႔ ဂ်ပန္နဲ႔ အိႏၵိယကိုေတြ႕ရပါတယ္။ သမိုင္းေၾကာင္းေတြအရ ျမန္မာ မခံႏိုင္ခဲ့ဘူး၊ ထိုင္းႏိုင္ငံ မခံႏိုင္ဘူး။

ႏိုင္ငံေရးမတည္ၿငိမ္ရင္ က်န္တဲ့ စီးပြားေရး၊ လူမႈေရးေတြ တည္ၿငိမ္ဖို႔ကလည္း ခက္ေနႏိုင္ပါတယ္။

ပါလီမန္စနစ္အေပၚမွာ အေျခခံထားတဲ့ ဖက္ ဒရယ္က ပါလီမန္က အစိုးရဖြဲ႕တာ၊ ပါလီမန္က ႀကီးစိုး ေနတာျဖစ္တဲ့အတြက္ ဗဟိုအစိုးရ (ျပည္ေထာင္စု အစိုးရ) မွာ အာဏာပိုရွိပါတယ္။

ပါလီမန္က အစိုးရဖြဲ႕တာျဖစ္တဲ့အတြက္ ျပည္သူ ေတြထက္ ပါလီမန္မွာ အာဏာပိုရွိတယ္။ ၿပီးေတာ့ ျပည္သူေတြက ပါလီမန္တစ္ခုကိုပဲ ေရြးေကာက္တင္ ေျမႇာက္ခြင့္ ရွိတယ္။ ျပည္သူေတြက အုပ္ခ်ဳပ္ေရးကို ေရြးေကာက္တင္ေျမႇာက္ခြင့္ မရွိပါဘူး။ အုပ္ခ်ဳပ္ေရးကို ပါလီမန္ကပဲ ေရြးေကာက္တင္ေျမႇာက္တယ္။

သမၼတစနစ္မွာေတာ့ အုပ္ခ်ဳပ္ေရးအဖြဲ႕အတြက္ သမၼတကို ျပည္သူေတြက တိုက္႐ိုက္ ေရြးေကာက္တင္ ေျမႇာက္တယ္။ ပါလီမန္ဆိုတဲ့ လႊတ္ေတာ္ကိုလည္းပဲ ျပည္သူေတြက တိုက္႐ိုက္ေရြးေကာက္တင္ေျမႇာက္ တယ္။ အေမရိကန္ ျပည္ေထာင္စုမွာဆိုရင္ ျပည္နယ္ အဆင့္မွာ တရားသူႀကီးေတြကိုေတာင္ ျပည္သူေတြက ေရြးေကာက္တင္ေျမႇာက္တာေတြ ရွိပါတယ္။ အဲဒါ ေၾကာင့္ သမၼတစနစ္က ျပည္သူေတြကို ပိုၿပီး အေျခခံ တာမို႔လို႔ ျပည္သူေတြမွာ အာဏာပိုရွိတယ္ဆိုတာ ထင္ရွားပါတယ္။

ေနာက္တစ္ခုက သမၼတစနစ္က ျပည္သူေတြကို ပိုၿပီး အေျခခံတာျဖစ္တဲ့အတြက္ ဗဟိုထက္ ျပည္နယ္ ေတြမွာ အာဏာပိုရွိတယ္။

ပါလီမန္စနစ္ကို အသံုးျပဳရင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ သို႔မဟုတ္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးကို ျပည္နယ္ လႊတ္ေတာ္ေတြကပဲ ေရြးေကာက္တင္ေျမႇာက္မယ္။ ျပည္နယ္ထဲက ျပည္သူေတြက ေရြးေကာက္တင္ ေျမႇာက္ခြင့္ မရွိဘူး။

သမၼတစနစ္ကို အသံုးျပဳမယ္ဆိုရင္ ျပည္နယ္ဝန္ ႀကီးခ်ဳပ္၊ သို႔မဟုတ္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးကို ျပည္နယ္မွာရွိေနတဲ့ ျပည္သူေတြက တိုက္႐ိုက္ ေရြး ေကာက္တင္ေျမႇာက္ခြင့္ရွိတယ္။ ဒီစနစ္မွာ ႏိုင္ငံ သားတစ္ဦးခ်င္းစီက ပိုၿပီး အေရးပါလာတယ္။ အဲဒါ ေၾကာင့္လည္း ႏိုင္ငံသားမ်ားရဲ႕ ပါဝင္ေဆာင္ရြက္မႈ ပမာဏမွာ ပိုၿပီး ျမင့္ျမင့္မားမား ရွိေနတတ္ပါတယ္။

အဲဒီေတာ့ အနာဂတ္မွာ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုစနစ္ကို က်င့္သံုးမယ့္ ျမန္မာႏိုင္ငံမွာ ျပည္သူေတြကို ပိုၿပီး အေျခခံတဲ့စနစ္ကို ေရြးခ်ယ္ဖို႔ လိုပါတယ္။ အဲဒါဟာ သမၼတစနစ္ပါပဲ။

ႏိုင္ငံသူႏိုင္ငံသားေတြက သမၼတကို တိုက္႐ိုက္ ေရြး ေကာက္တင္ေျမႇာက္။ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ သို႔မဟုတ္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြကို ျပည္နယ္ သူ ျပည္နယ္သားေတြက တိုက္႐ိုက္ ေရြးေကာက္ တင္ေျမႇာက္။ လူနည္းစု အခြင့္အေရးေတြနဲ႔ လူနည္း စုတိုင္းကအခြင့္အေရးေတြရ။ တန္းတူညီမွ်မႈ အခြင့္ အေရးဟာ ျပည္နယ္တစ္ခုခ်င္းစီမွသည္ ႏိုင္ငံသား တစ္ဦးခ်င္းစီသို႔ သက္ဆင္း။ ႏိုင္ငံေရးတရား မွ်တမႈ ေတြ ရွိလာေတာ့ လူမႈေရးတရားမွ်တမႈနဲ႔ စီးပြားေရး တရားမွ်တမႈဆိုတာက ေျပးမလြတ္ေတာ့။ ကဲ ဒီႏိုင္ငံ ဟာ ဘယ္ေလာက္ ေနခ်င္စရာေကာင္းလိုက္ေလမလဲ။

ကိုးကား-

၁။       ျပည္ေထာင္စုျမန္မာႏိုင္ငံ၏ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒ၊ ၁၉၄၇ ခုႏွစ္။

၂။    မၾကန္၊ ရွမ္းျပည္အေျခအေန (၁၈၈၅-၈၇)၊ The Journal of The Burma Research Society, LI, ii, December ၁၉၆၈ -ႏွာ-၂၀၁-၂၀၂။

၃။       ေအာင္ႏိုင္၊ ဒီမိုကေရစီမိတ္ဆက္၊ ပထမအႀကိမ္၊ ဖရီးဒမ္းစာအုပ္တိုက္၊ စက္တင္ဘာလ၊ ၂၀၁၉။

 

ေအာင္ႏိုင္