• Today is: Friday, April 23, 2021

ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် လွှတ်တော်လည်ပြန်

Federal Journal
August19/ 2019

မင်းရန်နိုင်

မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အရ ဗြိတိသျှ ကိုလိုနီလေးခုကို ပေါင်းစု၍ ဖွဲ့စည်းထူထောင်ထားသော တိုင်းပြည်ဖြစ်သည်။ ပင်လုံစာချုပ်သည် ပေါင်းစည်းရေး စာချုပ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်သစ်အား မည်သို့ဖွဲ့စည်းထူထောင်သင့်သည်ကို နည်းလမ်းရှာဖွေရှင်း နယ်ခြား ဒေသစုံစမ်းစစ်ဆေးရေးကော်မတီဟူ၍ ပေါ်ပေါက်လာခဲ့သည်။ ထိုမှတစ်ဖန် နည်းလမ်းရှာဖွေရင်း ဗိုလ်ချုပ်အောင် ဆန်း၏လမ်းညွှန် မူ (၇) ချက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ထောင် စုစနစ်နှင့် တစ်ပြည်ထောင်စနစ်တို့ ရောစပ်ပေါင်းစည်းထွက်ပေါ်လာတော့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥ ပဒေကို အခြေခံဥပဒေပညာရှင်များက အားနည်းချက်များစွာရှိသည်ဟု ထောက်ပြခဲ့ကြသည်။ ထိုပညာရှင်များအနက် လက်ရှိ ချင်းအမျိုးသားတပ်ဦး(CNF)ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက အချက်သုံးချက်ကို ထောက်ပြခဲ့သည်။

ထိုအားနည်းချက်အချက်သုံးချက်မှာ (က) ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များကို ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်နိုင်ငံရေးအာဏာများ အပြည့်အဝအပ်နှင်းမှုမရှိခြင်း၊ (ခ) ပြည်ထောင်စုလွှတ်တော်ထဲမှ လူမျိုးစုလွှတ် တော်ခေါ် အထက်လွှတ်တော်တွင် အမျိုးသားပြည်နယ်များက ဦးရေတူညီသော လွှတ်တော်ကိုယ်စားလှယ်များကို အညီအမျှစေလွှတ်ရမည်ဖြစ်သော်လည်း အောက်လွှတ်တော်တွင် လူဦးရေ အချိုးအစားကို ရွေးချယ်စေလွှတ်သော‌ ကြောင့် တန်းတူရေးကင်းမဲ့ခြင်း၊ (ဂ) ဗမာ (ဝါ) မြန်မာလူမျိုးများအတွက် သီးခြားအမျိုးသားပြည်နယ် ဖွဲ့စည်း ခြင်းမပြုဘဲ ပြည်ထောင်စုအစိုးရ၏ အာဏာတစ်ခုလုံးကို ဗမာလူမျိုးတို့အား လုံးဝထိန်းချုပ်ခွင့် ပေးထားခြင်းတို့ ဖြစ်သည်။

ထိုအားနည်းချက်များကြောင့် တိုင်းရင်းသားများဘက်မှ ကြိုးပမ်းမှုတစ်ခုအဖြစ် ၁၉၆၁ ခုနှစ်တွင် တောင်ကြီးညီလာခံဟူ၍ ပေါ်ပေါက်လာခဲ့သည်။ ထိုတောင်ကြီးညီလာခံမှ တောင်းဆိုချက်များကို အနှစ်ချုပ်ကြည့်မည် ဆိုပါက ပြည်မကို ပြည်နယ်တစ်နယ်ဖွဲ့စည်းရေး၊ လွှတ်‌တော်နှစ်ရပ်ကို အာဏာတူပေးရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းက တူညီသောကိုယ်စားလှယ်စေလွှတ်ရေးနှင့် ပြည်နယ်များက မိမိတို့ဆန္ဒအလျောက် လွှဲအပ်ထားသော အာဏာများကို ပြည်ထောင်စုဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရေးဟူသော အချက်များပင် ဖြစ်သည်။ ထိုအချက်များအရ “ဖက်ဒရယ်ခွဲထွက်ရေးမူကြောင့် ပြည်ထောင်စု ကြီးပြိုကွဲရန် လက်တစ်လုံးအလိုတွင် ကာကွယ်လိုက်သည်” ဟု အကြောင်းပြကာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တွင် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တော့သည်။ ထိုအချိန်မှစ၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဉပဒေသည်လည်း နိဂုံးချုပ်သွားတော့သည်။ ထို့နောက် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်၍ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲကာ မြန်မာနိုင်ငံကို အုပ်ချုပ်တော့သည်။

ထိုအခြေအနေများမှတစ်ဆင့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။ ထိုအရေး တော်ပုံကြီးကြောင့်ပင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ရေးဆွဲခဲ့သည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း နိဂုံးချုပ်သွားရသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများမှာ ထိုသို့ အဆင့်ဆင့် ပြောင်းလဲလာပြီးနောက် နာဂစ်ဥပဒေဟု နာမည်ကြီးလာသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍ ပေါ်ပေါက်လာခဲ့သည်။ သို့သော် လက်ရှိ အချိန်တွင် ယင်းဥပဒေသည် တိုင်းရင်းသားများအတွက် အကျိုးဖြစ်ထွန်းမှုမရှိသောကြောင့် ထိုဥပဒေကို ပြင်ဆင် ရန် ကြိုးစားနေကြသည်။ ယင်းဥပဒေကို ပြင်ဆင်ရန် ကြိုးစားနေသူများတွင် အင်န်အယ်လ်ဒီပါတီလည်း ပါဝင် သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် အင်န်အယ်လ်ဒီပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်း တွင်လည်း ထည့်သွင်းကြေညာခဲ့သည်။ အင်န်အယ်လ်ဒီပါတီအနေဖြင့် အစိုးရဖြစ်လာသော်လည်း ယနေ့အချိန်အ ထိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိသေးပေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာစမ်းစစ်ကြည့်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြု ရေးနှင့်စပ်လျဉ်း၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း၊ ပြည်ထောင်စုနိုင်ငံတစ်ဝန်းလုံးမှ ဆန္ဒမဲပေးခွင့်ရှိသူ (၂၇၂၈၈၈၂၇) ဦးအနက် ၉၂.၁၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးကြပြီး ယင်းသို့ ဆန္ဒမဲပေးသူများအနက် ၉၂.၄၈ ရာခိုင်နှုန်းက အတည်ပြုထောက်ခံ ခဲ့သည်ဟု နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့က ကြေညာ၍ အတည်ပြုပြဋ္ဌာန်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွတ်လပ်ရေးရပြီးချိန်မှ စ၍တွက်မည်ဆိုပါက တတိယအကြိမ် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည်။ ထိုဥပဒေတွင် အခန်း (၁၅) ခန်း ပါရှိသည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရများကို လေ့လာကြည့်ပါက အောက်ပါအင်္ဂါရပ်များ ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

(က) နိုင်ငံတော်၏ အသွင်သဏ္ဍာန်

(၁) နိုင်ငံတော်အမည်

(၂) နယ်နိမိတ်

(၃) ပါဝင်ဖွဲ့စည်းထားသော ပြည်နယ်၊ တိုင်းစသည်

(ခ) အခြေခံမူများ

(၁) နိုင်ငံတော်၏ရည်မှန်းချက်များ

(၂) စီးပွားရေးလမ်းစဉ်

(ဂ) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ

(၁) ရပ်ကွက်၊ မြို့နယ်၊ ပြည်နယ်၊ တိုင်းဖွဲ့စည်းပုံ

(၂) လွှတ်တော်ဖွဲ့စည်းမှု

(၃) အာဏာပိုင်အဖွဲ့အစည်းများ

(ဃ) နိုင်ငံတော်အုပ်ချုပ်ပုံ

(၁) အစိုးရ၏ ပုံစံ

(၂) ရွေးချယ်မှုစနစ်

(၃) နိုင်ငံတော်အာဏာကို ခွဲဝေသုံးစွဲခြင်း

(င) အခြေခံရပိုင်ခွင့်နှင့် တာဝန်များ

(၁) သာတူညီမျှမှုရပိုင်ခွင့်

(၂) ဘာသာကိုးကွယ်မှု ရပိုင်ခွင့်

(၃) ယဉ်ကျေးမှုနှင့် ပညာရေး ရပိုင်ခွင့်များ

(၄) စီးပွားရေးဆိုင်ရာ ရပိုင်ခွင့်များ

(၅) ဥပဒေပြုရေး ရပိုင်ခွင့်များ

(၆) နိုင်ငံတော် ကာကွယ်ရေးတာဝန်

(စ) အခြေခံဥပဒေ ပြင်ဆင်ခြင်း

(ဆ) အထွေထွေပြဋ္ဌာန်းချက်များ

(၁) နိုင်ငံတော်အလံ တံဆိပ်

(၂) အခြားဥပဒေများ အာဏာသက်ရောက်မှု စသည်တို့ ဖြစ်သည်။

 

ယင်းဥပဒေတွင် အခြေခံမူများအဖြစ် အခန်း(၁)တွင် ပုဒ်မ (၁) မှ (၈) အထိ ပြဋ္ဌာန်းထားသည်။ အရေး ကြီးသည့် ပြဋ္ဌာန်းချက်မှာ ပုဒ်မ (၆) မှ အခြေခံမူများဖြစ်သည်ဟု ပညာရှင်များက ထောက်ပြကြသည်။ ယင်းအ ခြေခံမူများမှာ (က) ပြည်ထောင်စုမပြိုကွဲရေး၊ (ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ (ဂ) အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ (ဃ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ (င) နိုင်ငံ တော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့် (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ် တစိုက် ဦးတည်သည်ဟူ၍ ဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်များတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ပါဝင်ခွင့်ရနေသည်။ ထို့အပြင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ အရ အစိုးရဝန်ကြီးများအား ခန့်အပ်ပိုင်ခွင့်ရှိသည်ဟုဆိုသော်လည်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း ပေးပို့သူကိုသာ ခန့်အပ်ခွင့် ရှိနေသည်။ ထို့ကြောင့် ထိုဝန်ကြီးဌာန သုံးခုကို နိုင်ငံတော်သမ္မတက ဩဇာမသက် ရောက်သလို ဖြစ်နေ သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပထမအကြိမ်လွှတ်တော်သက်တမ်း(၂၀၁၀-၂၀၁၅) တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)က ပြင်ဆင်ခဲ့ဖူးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး၌ ‘ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ’ ဖွဲ့စည်းဆောင်ရွက်ရေးအဆိုကို တင်သွင်းခဲ့ရာ အဆို အောင်မြင်ခဲ့သည်။

ထို့နောက် ‘ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ’ ကို အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဖွဲ့ စည်း၍ ဦးတည်ချက် (၃) ရပ်ဖြင့် လေ့လာသုံးသပ်ခဲ့ပြီး ခြောက်လအတွင်း ပြည်ထောင်စုလွှတ်တော်ကို တင်သွင်း ခဲ့သည်။

ထို့နောက် ‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီ’ ကို လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အစီရင်ခံစာကို ရှစ်လအတွင်း တင်သွင်းခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက တင်သွင်းသော ‘ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း’ ကို အခြေခံ၍ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) အရ အခန်း(၃) တွင် ပုဒ်မ ၂ ခု၊ အခန်း(၁၁)တွင် ပုဒ်မ ၁ ခု၊ အခန်း(၁၂)တွင် ပုဒ်မ ၁ ခု စုစုပေါင်းပုဒ်မ လေးခုကို ပြင်ဆင်ရန် အတွက်လည်းကောင်း၊ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ) အရ  အခန်း(၃)တွင် ပယ်ဖျက်ရန် ပုဒ်မ ၃ ခု၊ အခန်း(၄)တွင် အသစ် ဖြည့်စွက်ရန် ပုဒ်မ ၂ ခု၊ အခန်း(၅)တွင် ပြင်ဆင်ရန် ပုဒ်မ ၆ ခု၊ ပယ်ဖျက်ရန် ပုဒ်မ ၁ ခု၊ အခန်း(၆) တွင် ပြင်ဆင်ရန် ပုဒ်မ ၉ ခု၊ ပယ်ဖျက်ရန် ပုဒ်မ ၁ ခု၊ ဖြည့်စွက်ရန် ပုဒ်မ ၄ ခု၊ အခန်း(၉)တွင် ပယ်ဖျက်ရန် ပုဒ်မ ၄ ခု၊ ပြင်ဆင်ရန် ပုဒ်မ ၂ ခု စုစုပေါင်း ၃၀ ခု ပြင်ဆင်ရန်အတွက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၂၃၃ ဦး၊ အင်န်အယ်လ်ဒီကိုယ်စားလှယ် ၃၈ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီကိုယ်စားလှယ် ၉ ဦး၊ ဖလုံ – စဝေါ် ဒီမိုကရက်တစ်ပါတီ ကိုယ်စား လှယ် ၃ ဦး၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ၁ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ် စားလှယ် ၂ ဦး၊ စည်းလုံးညီညွှတ်ရေးနှင့်ဒီမိုကရေစီပါတီ ကိုယ်စားလှယ် ၁ ဦးနှင့် တစ်သီးပုဂ္ဂလ ၁ ဦး စုစုပေါင်း ကိုယ်စားလှယ် ၂၈၈ ဦးက ပြင်ဆင်လိုကြောင်း လက်မှတ်ရေးထိုး တင်ပြခဲ့ကြသည်။

ယင်းအဆိုနှစ်ရပ်အား ပြည်ထောင်စုလွှတ်တော်နာယကမှတစ်ဆင့် ဥပဒေကြမ်းကော်မတီသို့ ပေးပို့သည်။ ၂၀၁၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ယင်းဥပဒေနှင့်စပ်လျဉ်းသည့် လေ့လာ စီစစ်ချက်အစီရင်ခံစာအား လွှတ်တော်သို့ဖတ်ကြားတင်ပြခဲ့ပြီး ပြည်ခိုင်ဖြိုးမှ ၁၁ ဦး၊ အင်န်အယ်လ်ဒီမှ ၁၂ ဦး၊ တပ်မတော်မှ ၃ ဦး၊ အခြားပါတီ (၉) ခုနှင့်တစ်သီးပုဂ္ဂလမှ ၁၃ ဦး စုစုပေါင်းကိုယ်စားလှယ် ၃၉ ဦး ဆွေးနွေးရန် အမည်စာရင်းပေးပို့ခဲ့သည်။ ထိုစာရင်းအရ ၂၀၁၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ကိုယ်စားလှယ် ၁၆ ဦး၊ ၂၄ ရက်နေ့နှင့်  ၂၅ ရက်နေ့တွင် ကျန်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခဲ့ကြပြီး ဥပဒေကြမ်း တစ်ခုချင်းစီ အလိုက် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခဲ့ကြသည်။

ထိုနေရာတွင် ထူးခြားမှုအနေဖြင့် တပ်မတော်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပထမ အကြိမ် လွှတ်တော်သက်တမ်းမှာပင် ပူးပေါင်းပါဝင်ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ နောက်ထပ် ထူးခြားချက် တစ်ခုမှာ ထိုကာလတွင် အင်န်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်(ယခုနိုင်ငံတော်သမ္မ တ) သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် အင်န်အယ်လ်ဒီကိုယ်စားပြု ကိုယ် စားလှယ်အဖြစ် ပါဝင်ဆွေးနွေးခဲ့ဖူးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပထမဆုံးအကြိမ် ပြင်ဆင်ရန် ကြိုးစားခဲ့သည့် ပထမအကြိမ် လွှတ်တော်သက် တမ်းမှာပင် ယင်းဥပဒေပါ ပုဒ်မ ၅၉(ဃ) အပါအဝင် ဇယား၂ ပါ အချက် ၅၀ ခန့်ကို ပြင်ဆင်နိုင်ခဲ့သည်။

ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်း အဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပခဲ့ရာ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်း များကို ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက် တွန်းကြောင်း အရေးကြီးအဆို”ကို အင်န်အယ်န်ဒီပါတီ၏ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က တင်သွင်းခဲ့သည်။ ထိုအဆိုကို အင်န်အယ်လ်ဒီပါတီ၏ သာကေတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်က ထောက်ခံဆွေးနွေးခဲ့သည်။

ထိုအဆိုအပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် သဘောတူသည်။ သို့သော်  လုပ်ထုံးလုပ်နည်းလွဲနေသည်ဟုဆိုကာ ယင်းအဆိုကို ကန့်ကွက်ခဲ့ သည်။ ယင်း၏ တင်ပြချက်အပေါ် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က “ဗိုလ်မှူးချုပ်မောင်မောင်၏ တင်သွင်းချက်ကို လွှတ်တော်က လက်မခံပါကြောင်း” ပြောကြားခဲ့ရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များက လွှတ်တော်တွင်း၌ မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ယခုအချိန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို တင်သွင်းနေခြင်းမဟုတ်ပါကြောင်း၊ ကိုယ်စားလှယ် တစ်ဦးတစ်ယောက်၊ နိုင်ငံရေးပါတီအစုအဖွဲ့တစ်ခုမှ တင်သွင်းမည်ဆိုပါက ပြည်သူအများစု၊ နိုင်ငံသားများ၊ တိုင်းရင်းသားများအားလုံးနှင့် ၂၁ ရာစုပင်လုံညီလာခံ၏ ရည်မှန်းချက်များနှင့် သွေဖည်သွားမည်ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် အချိန်ကာလဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင်ရှိသည့် နိုင်ငံရေးပါတီအားလုံး၊ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့များကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရှိရန် အဆိုရှင် က တင်သွင်းခဲ့သည့်အဆိုဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်သည့် အတွက်ကြောင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူပေးရန် တင်ပြခဲ့သည်။

ထို့ကြောင့် ယင်းအဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက မဲမပေးခဲ့ ကြပေ။ မဲရလဒ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

မဲပေးပိုင်ခွင့်ရှိသူ ၆၀၁ ဦး၊

ထောက်ခံမဲ ၃၉၄ မဲ၊

ကန့်ကွက်မဲ ၁၇ မဲ၊

ကြားနေ ၃ မဲဖြင့် အရေးကြီးအဆို အောင်မြင်ခဲ့သည်။

ထိုအရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးက ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျင်းပသည့် ပြည် ထောင်စုလွှတ်တော်အစည်းအဝေး၌ ကနဦးဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အမည်စာ ရင်းပေးထားသူ ကိုယ်စားလှယ်များ ဆက်လက်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ယင်းအဆိုနှင့်ပတ်သက်၍ ပြည် ထောင်စုလွှတ်တော်ဒုတိယနာယက ဦးထွန်းထွန်းဟိန်က အဆိုတင်ခွင့်ပြုရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခဲ့သည်။ ထိုအဆိုကို သက်ဆိုင်သူများက ရှင်းလင်းတင်ပြပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ကို မဲခွဲဆုံးဖြတ်ရယူခဲ့ရာ မဲရလဒ်မှာ ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၉၁ မဲ၊ ကြားနေမဲ ၆ မဲ ရရှိပြီး အဆိုမှာ အောင်မြင်သွားခဲ့သည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး ဦးတည်ချက် (၅)ရပ်၊ လုပ်ငန်းတာဝန်(၁၄)ရပ်၊ လုပ်ပိုင်ခွင့်(၆)ရပ်၊ ရပိုင်ခွင့်(၄)ရပ်တို့ဖြင့် ဖွဲ့စည်းထားပြီဖြစ်သည်။

အင်န်အယ်လ်ဒီပါတီ၏ လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုနှင့်ပြိုင်တူ ကြိုး ပမ်းမှုအဖြစ် ပြည်ခိုင်ဖြိုးပါတီကလည်း ကြိုးပမ်းလာသည်။ ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလာခြင်းဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ ၏ ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဦးသိန်းထွန်းတင်သွင်းခဲ့သည့် ဥပဒေကြမ်းကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး၊ တပ်မ တော်သားလွှတ်တော်ကိုယ်စားလှယ် ၁၀၅ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦး လက်မှတ်ရေးထိုးပေး ပို့ခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေကြမ်းပေးပို့ရခြင်းမှာ ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်နိုင်ရေးအတွက်ဖြစ် သည်ဟု ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူများက မီဒီယာများတွင် ပြောဆိုထားသည်။ အဆိုပါ ပုဒ်မ ၂၆၁ ဆို သည်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များအား ခန့်အပ်ပိုင်ခွင့်နှင့် သက်ဆိုင်နေသည်။ သို့သော် အဆိုပါ ဥပဒေမူကြမ်းကို လေ့လာစိစစ်တင်ပြရန် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကို တာဝန်ပေးအပ်လိုက်သည်။

ထိုအခြေအနေကြောင့် ပြည်ခိုင်ဖြိုးပါတီမှာ အခက်အခဲဖြစ်ပေါ်ခဲ့ပြီး မတ်လ ၄ ရက်နေ့တွင် ထိုအခြေအ နေကို ပူးပေါင်းကော်မတီဝင်အချို့က လက်မခံနိုင်ကြောင်း အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ခဲ့သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၃ ဦးက ဆွေးနွေးချက်များအပေါ် ပူးပေါင်းကော်မတီ၏ ပြန်လည်ရှင်းလင်းဆွေးနွေးချက် အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက အစီရင် ခံရာတွင် ကိုယ်စားလှယ် ၆၃ ဦး ဆွေးနွေးချက်များအရ အကြောင်းအရာ အချက်နှစ်ချက် ပေါ်ပေါက်ခဲ့ကြောင်း၊ အ ခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်နှစ်ရပ် အပြိုင်တင်သွင်းလာခြင်းအပေါ် တည်ဆဲဥပဒေ၊ နည်းဥပဒေများတွင် သတ်မှတ်ထားခြင်း မတွေ့ရကြောင်း၊ ထို့ကြောင့် လွှတ်တော်အဆုံးဖြတ်သာ ရယူသင့်ပါကြောင်း အစီရင်ခံ တင်ပြ ခဲ့သည်ကို တွေ့ရသည်။

အချုပ်အားဖြင့် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ဖြင့် ပူးပေါင်းကော်မတီ အစီရင်ခံစာပါအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကို “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ”ကို လွှဲအပ်လိုက်ခြင်းဖြစ်သည်။

ထိုအခြေအနေအပေါ် ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ၎င်း၏ လူမှုစာမျက်နှာ ပေါ်တွင် မေလ ၁၅ ရက်နေ့ ညနေပိုင်းက “သမိုင်းတွင်ကျန်ရစ်စေမည့် လုပ်ဆောင်ချက်ပါ။ ဖြစ်စဉ်များအပေါ် အခြေခံပြီး  နောင်လာနောက်သားများ အမှတ်မမှားရအောင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေပုဒ်မများကို အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးထံသို့ ပေးပို့နိုင်ရန် ပထမအဆင့်ကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားပြီ” ဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။