• Today is: Thursday, August 5, 2021

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် တိုင်းရင်းသားပါတီများ တံခါးဝ(threshold)ဖြစ်လာနိုင် (တိုင်းရင်းသားပါတီ ပါဝင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်မည့် အခင်းအကျင်း)

Federal Journal
October11/ 2020

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် တိုင်းရင်းသားပါတီများ တံခါးဝ(threshold)ဖြစ်လာနိုင်

(တိုင်းရင်းသားပါတီ ပါဝင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်မည့် အခင်းအကျင်း)

လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားအားလုံးက ကိုယ့်တိုင်းရင်းသားပါတီကို ပုံအောပြီး မဲပေးကြပါက ပြည်မ ပါတီကြီးတစ်ခုတည်းက အစိုးရဖွဲ့နိုင်တော့မှာမဟုတ်ဘဲ တိုင်းရင်းသား ပါတီများနှင့် မဖြစ်မနေ ညွှန့်ပေါင်း အစိုးရဖွဲ့မည့် အခင်းအကျင်း ဖန်တီးနိုင်ကြောင်း (ဖန်တီး သင့်ကြောင်း) လတ်တလော မဲဆွယ်စည်းရုံးရေးကာလတွင် လူပြောများလာ သည်။ အမှန်စင် စစ် ပြည်ထောင်စုလွှတ်တော် ၆၆၄ ထဲက ပြည်နယ်(၇)ခုခွဲတမ်းဖြစ်သည့် (၂၀၇)နေရာကို တိုင်း ရင်းသား ပြည်သူများက ကိုယ့်တိုင်းရင်းသားပါတီများကို ညီညီညွတ်ညွတ်ဖြင့် မဲပေးကြပါက ပြည်ထောင်စုအစိုးရဖွဲ့စည်းရေး တစ်ခု တည်းတင်မကဘဲ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်သည့်အခါမှာလည်း တိုင်းရင်းသား ပါတီများ ပါဝင်မှသာလျှင် ပြင်ဆင်နိုင်သည့် အခင်းအကျင်း၊ တစ်နည်းအားဖြင့် သော့ကိုင်တံခါးဝ (threshold)နေရာကို ဖန်တီးနိုင်ကြောင်း ဤဆောင်းပါးဖြင့် အတိုချုံးဖော်ပြလိုပါသည်။

အရင်ဦးဆုံး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့် ၂၀၁၉ခုနှစ် လွှတ်တော်တွင်း အခြေခံဥပဒေပြင် ဆင်ရေး ဖြစ်စဉ်အတွင်း တိုင်းရင်းသားပါတီများ၏ အခန်းကဏ္ဍ အနည်းအကျဉ်း ပြန်လည် သုံး သပ် ကြည့်ပါစို့။ ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားကိုယ်စားပြု (၁၀)ပါတီက လွှတ် တော်အမတ်နေရာ ၅၅ နေရာခန့်သာ အနိုင်ရရှိခဲ့ပါသည်။ ၎င်းသည် (၈)ရာခိုင်နှုန်းခန့်သာ ဖြစ်ပါ သည်။ အားလုံးသိရှိသည့်အတိုင်း ခြေ-ဥပြင်ဆင်ရေးအတွက် ပုဒ်မ (၄၃၆)အရ ၇၅ ရာခိုင်နှုန်း ကျော် လို့အပ်သည့်အတွက် လွှတ်တော်မှာ ၅၉ရာခိုင်နှုန်း နေရာရရှိသော NLD နှင့် တပ်မတော် ၂၅ ရာခိုင်နှုန်း ပူးပေါင်းပါက ၈၀ ရာခိုင်နှုန်းကျော် ဖြစ်သည့်အတွက် လွတ်လွတ်ကျွတ်ကျွတ် ပြင် ဆင် နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုနည်းဖြင့် ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းတွင် ခြေ-ဥပုဒ်မ တစ်ချို့ ကိုလည်း ဒုတိယအကြိမ်ပြင်ဆင်ချက်အဖြစ် ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

တစ်းနည်းအားဖြင့် ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားပြည်နယ်အတွက် (၃၁)ရာခိုင်နှုန်း ခွဲတမ်းနေရာ ရှိလင့်ကစား တိုင်းရင်းသားပါတီများက (၈)ရာခိုင်နှုန်းခန့်သာ ပိုင်ဆိုင်ထားနိုင်သည့်အတွက် အခြေခံဥပဒေပြင်ဆင်သည့်အခင်းအကျင်းတွင် threshold ခေါ်တံခါးဝကို မဖန်တီးနိုင်ခဲ့ပေ။ လေးပုံသုံးပုံကျော် သဘောတူညီချက်ဖြင့်ပြင်ဆင်ရသည့် အတွက် လေးပုံတစ်ပုံ(၁၆၆ နေရာခန့်) လိုအပ်ပါသည်။ ထို့ကြောင့် အနိုင်ရပါတီ(NLD)က တိုင်းရင်း သားပါတီများကို ထည့်တွက်စဉ်းစားစရာမလိုဘဲ တပ်မတော်အုပ်စုတစ်ခုတည်း ကိုသာ အလေးထား အာရုံစိုက်လာခဲ့ခြင်းဖြစ်ပါသည်။

နောက်တစ်နည်းဖြင့် ရှင်းပြပါမည်။ ဗမာမဟုတ်သော တိုင်းရင်းသားအားလုံးက ကိုယ့်မဲဆန္ဒနယ် အသီးသီးကို တိုင်းရင်းသားပါတီများအတွက် အနိုင်မဲပေးကြပါက ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသား ပါတီများက ၂၅ရာခိုင်နှုန်း   (၁၆၆ နေရာ)ကျော်ကို အခက်အခဲမရှိ ရရှိနိုင်မှာဖြစ် သည်။ ထိုသို့ဖြစ်လာပါက NLD သို့မဟုတ် ပြည်မမှာ   အနိုင်ရသည့် အကြီးဆုံးပါတီက ပြည် ထောင်စုမှာ  အမတ်နေရာ    ၃၀၀ ခန့် (၄၀ ရာခိုင်နှုန်းအောက်)သာ   ရရှိသွားမှာဖြစ်ပါသည်။ ထိုကဲ့သို့သော အခင်းအကျင်းကို ဖန်တီးနိုင်ပါက အနိုင်ရပါတီနှင့် တပ်မတော် ပူးပေါင်းရုံဖြင့် အခြေခံဥပဒေပြင်ဆိုင်နိုင်တော့မှာ မဟုတ်ပေ။ တစ်နည်းအားဖြင့် တိုင်းရင်းသားပါတီ ပါဝင်မှသာ အခြေခံဥပေဒကို ပြင်ဆင်နိုင်ကြမှာဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ဖွဲစည်းပုံအေခြခံဥပဒေပြင်ဆင်ရာမှာ ကွန်ဂရက် (ပြည်ထောင်စု လွှတ်တော်)၏ သုံးပုံနှစ်ပုံကျော် သဘောတူညီချက်အပြင် ပြည်နယ်အသီးသီး(၅၀) လွှတ်တော် အများစု၏ သဘောတူညီချက် လိုအပ်ပါသည်။ ယင်းသည် လူဦးရေများသော အုပ်စုကြီးများက လွှမ်းမိုးခြယ်လှယ်ခြင်း  မရှိရလေအောင်    ပြည်နယ်များကို အဆုံးအဖြတ်ပေးပိုင်ခွင့်ဖြင့် ထိန်း ကျောင်းခြင်းဖြစ်ပါသည်။ မဟာလူမျိုးကြီးစိတ်ဓတ် မြင့်မားသည့် မိမိတို့နိုင်ငံမှာလည်း ၎င်းစနစ် သည် အထူးလိုအပ်လျက်ရှိပါသည်။ အခြေခံဥပဒေရေးဆွဲရေးနှင့် ပြင်ဆင်ရေးဖြစ်စဉ် တိုင်းတွင် တိုင်းရင်းသားပါတီများ  သဘောတူထောက်ခံမှုုဖြင့်သာ  ဆောင်ရွက်နိုင်ရေးသည် ငြိမ်ချမ်းရေး အတွက် အလွန်အရေးကြီးပါသည်။

ချုံငံပြောရလျှင် ၂၀၂၀-ရွေကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအတွင် အရှိန်မြင့်လာမည့် ၂၀၀၈ ခြေ-ဥ ပြင်ဆင်ရေး အခင်းအကျင်းမှာ တိုင်းရင်းသားပါတီများ အခန်းဏ္ဍမြှင့်တင်ရန် အင်မတန် အရေးကြီးလာပါသည်။ ပြည်နယ်(၇)ခုထဲက အမတ်နေရာပေါင်း ၂၀၀ ကျော်အပြင် ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊    စစ်ကိုင်းတိုင်းဒေသကြီးနှင့် မတွေးတိုင်းဒေသကြီးများ တွင်လည်း တိုင်းရင်းသားပါတီများ  အမတ်နေရာ  ဝင်ရောက်ယဉ်ပြိုင်ကြရာ ၎င်းထဲက နေရာ (၁၇၀)ဝန်းကျင် အနိုင်ရပါက လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ် ရာတွင် တိုင်းရင်းသားပါတီများသည်   တံခါးခုံ(threshold)    ဖြစ်လာမည်။ ၎င်းအနေအထား ရောက်ရှိ လာနိုင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် တိုင်းရင်းသားများ လိုလားသည့် အခွင့်အရေးများသည် ကျော်လွှားလို့မရသော ပုဒ်စာဖြစ်လာတော့မှာဖြစ်ပါသည်။

ဆလိုင်းကျဲအိုဘိခ်ထောင်

Zawgyi

ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးတြင္ တိုင္းရင္းသားပါတီမ်ား တံခါး၀(threshold)ျဖစ္လာႏိုင္

(တိုင္းရင္းသားပါတီ ပါ၀င္မွ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ႏိုင္မည့္ အခင္းအက်င္း)

ဆလိုင္းက်ဲအိုဘိ္ခ္ေထာင္

လာမည့္ေရြးေကာက္ပြဲတြင္ တိုင္းရင္းသားအားလံုးက ကိုယ့္တိုင္းရင္းသားပါတီကို ပံုေအာၿပီး မဲေပးၾကပါက ျပည္မပါတီႀကီးတစ္ခုတည္းက အစိုးရဖြဲ႔နိုင္ေတာ့မွာမဟုတ္ဘဲ တိုင္းရင္းသားပါတီမ်ားႏွင့္ မျဖစ္မေန ညႊန္႔ေပါင္းအစိုးရဖြဲ႔မည့္ အခင္းအက်င္း ဖန္တီးႏိုင္ေၾကာင္း (ဖန္တီးသင့္ေၾကာင္း) လတ္တေလာ မဲဆြယ္စည္းရံုးေရးကာလတြင္ လူေျပာမ်ားလာသည္။ အမွန္စင္စစ္ ျပည္ေထာင္စုလႊတ္ေတာ္ ၆၆၄ ထဲက ျပည္နယ္(၇)ခုခြဲတမ္းျဖစ္သည့္ (၂၀၇)ေနရာကို တိုင္းရင္းသား ျပည္သူမ်ားက ကိုယ့္တိုင္းရင္းသားပါတီမ်ားကို ညီညီညြတ္ညြတ္ျဖင့္ မဲေပးၾကပါက ျပည္ေထာင္စုအစိုးရဖြဲ႔စည္းေရး တစ္ခုတည္းတင္မကဘဲ လႊတ္ေတာ္ထဲမွာ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး ေဆာင္ရြက္သည့္အခါမွာလည္း တိုင္းရင္းသားပါတီမ်ား ပါ၀င္မွသာလွ်င္ ျပင္ဆင္ႏိုင္သည့္ အခင္းအက်င္း၊ တစ္နည္းအားျဖင့္ ေသာ့ကိုင္တံခါး၀(threshold)ေနရာကို ဖန္တီးႏိုင္ေၾကာင္း ဤေဆာင္းပါးျဖင့္ အတိုခ်ံဳးေဖာ္ျပလိုပါသည္။

အရင္ဦးဆံုး ၂၀၁၅ခုႏွစ္ ေရြးေကာက္ပြဲရလဒ္ႏွင့္ ၂၀၁၉ခုႏွစ္ လႊတ္ေတာ္တြင္း အေျခခံဥပေဒျပင္ဆင္ေရး ျဖစ္စဥ္အတြင္း တိုင္းရင္းသားပါတီမ်ား၏ အခန္းက႑ အနည္းအက်ဥ္း ျပန္လည္သံုးသပ္ၾကည့္ပါစို႔။ ျပည္ေထာင္စုလႊတ္ေတာ္တြင္ တိုင္းရင္းသားကိုယ္စားျပဳ (၁၀)ပါတီက လႊတ္ေတာ္အမတ္ေနရာ ၅၅ ေနရာခန္႔သာ အႏိုင္ရရိွခဲ့ပါသည္။ ၎သည္ (၈)ရာခိုင္ႏႈန္းခန္႔သာ ျဖစ္ပါသည္။ အားလံုးသိရိွသည့္အတိုင္း ေျခ-ဥျပင္ဆင္ေရးအတြက္ ပုဒ္မ (၄၃၆)အရ ၇၅ရာခိုင္နႈန္းေက်ာ္ လို႔အပ္သည့္အတြက္ လႊတ္ေတာ္မွာ ၅၉ရာခိုင္ႏႈန္း ေနရာရရိွေသာ NLD ႏွင့္ တပ္မေတာ္ ၂၅ ရာခိုင္နႈန္း ပူးေပါင္းပါက ၈၀ ရာခိုင္နႈန္းေက်ာ္ ျဖစ္သည့္အတြက္ လြတ္လြတ္ကၽြတ္ကၽြတ္ ျပင္ဆင္ႏိုင္ခဲ့ျခင္း ျဖစ္ပါသည္။ ထိုနည္းျဖင့္ ၂၀၁၉ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ ေျခ-ဥပုဒ္မ တစ္ခ်ိဳ႕ကိုလည္း ဒုတိယအႀကိမ္ျပင္ဆင္ခ်က္အျဖစ္ ျပင္ဆင္ႏိုင္ခဲ့ျခင္းျဖစ္ပါသည္။

တစ္းနည္းအားျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ တိုင္းရင္းသားျပည္နယ္အတြက္ (၃၁)ရာခိုင္ႏႈန္း ခြဲတမ္းေနရာ ရိွလင့္ကစား တိုင္းရင္းသားပါတီမ်ားက (၈)ရာခိုင္ႏႈန္းခန္႔သာ ပိုင္ဆိုင္ထားႏိုင္သည့္အတြက္ အေျခခံဥပေဒျပင္ဆင္သည့္အခင္းအက်င္းတြင္ threshold ေခၚ တံခါး၀ကို မဖန္တီးႏိုင္ခဲ့ေပ။ ေလးပံုသံုးပံုေက်ာ္ သေဘာတူညီခ်က္ျဖင့္ျပင္ဆင္ရသည့္အတြက္ ေလးပံုတစ္ပံု(၁၆၆ ေနရာခန္႔) လိုအပ္ပါသည္။ ထို႔ေၾကာင့္ အႏိုင္ရပါတီ(NLD)က တိုင္းရင္းသားပါတီမ်ားကို ထည့္တြက္စဥ္းစားစရာမလိုဘဲ တပ္မေတာ္အုပ္စုတစ္ခုတည္း ကိုသာ အေလးထား အာရံုစိုက္လာခဲ့ျခင္းျဖစ္ပါသည္။

ေနာက္တစ္နည္းျဖင့္ ရွင္းျပပါမည္။ ဗမာမဟုတ္ေသာ တိုင္းရင္းသားအားလံုးက ကိုယ့္မဲဆႏၵနယ္ အသီးသီးကို တိုင္းရင္းသားပါတီမ်ားအတြက္ အနုိင္မဲေပးၾကပါက ျပည္ေထာင္စုလႊတ္ေတာ္မွာ တိုင္းရင္းသား ပါတီမ်ားက ၂၅ရာခိုင္ႏႈန္း(၁၆၆ ေနရာ)ေက်ာ္ကို အခက္အခဲမရိွ ရရိွႏိုင္မွာျဖစ္သည္။ ထိုသို႔ျဖစ္လာပါက NLD သို႔မဟုတ္ ျပည္မမွာ အႏိုင္ရသည့္ အႀကီးဆံုးပါတီက ျပည္ေထာင္စုမွာ အမတ္ေနရာ ၃၀၀ ခန္႔ (၄၀ ရာခိုင္ႏႈန္းေအာက္)သာ ရရိွသြားမွာျဖစ္ပါသည္။ ထိုကဲ့သို႔ေသာ အခင္းအက်င္းကို ဖန္တီးႏိုင္ပါက အနိုင္ရပါတီႏွင့္ တပ္မေတာ္ ပူးေပါင္းရံုျဖင့္ အေျခခံဥပေဒျပင္ဆိုင္ႏိုင္ေတာ့မွာ မဟုတ္ေပ။ တစ္နည္းအားျဖင့္ တိုင္းရင္းသားပါတီ ပါ၀င္မွသာ အေျခခံဥေပဒကို ျပင္ဆင္ႏိုင္ၾကမွာျဖစ္သည္။

အေမရိကန္ႏိုင္ငံတြင္ ဖြဲစည္းပံုေအျခခံဥပေဒျပင္ဆင္ရာမွာ ကြန္ဂရက္ (ျပည္ေထာင္စုလႊတ္ေတာ္)၏ သံုးပံုႏွစ္ပံုေက်ာ္ သေဘာတူညီခ်က္အျပင္ ျပည္နယ္အသီးသီး(၅၀)လႊတ္ေတာ္အမ်ားစု၏ သေဘာတူညီခ်က္ လိုအပ္ပါသည္။ ယင္းသည္ လူဦးေရမ်ားေသာ အုပ္စုၾကီးမ်ားက လႊမ္းမိုးျခယ္လွယ္ျခင္း မရိွရေလေအာင္ ျပည္နယ္မ်ားကို အဆံုးအျဖတ္ေပးပိုင္ခြင့္ျဖင့္ ထိန္းေက်ာင္းျခင္းျဖစ္ပါသည္။ မဟာလူမ်ိဳးႀကီးစိတ္ဓတ္ ျမင့္မားသည့္ မိမိတို႔ႏိုင္ငံမွာလည္း ၎စနစ္သည္ အထူးလိုအပ္လ်က္ရွိပါသည္။ အေျခခံဥပေဒေရးဆြဲေရးႏွင့္ ျပင္ဆင္ေရးျဖစ္စဥ္တိုင္းတြင္ တိုင္းရင္းသားပါတီမ်ား သေဘာတူေထာက္ခံမႈုျဖင့္သာ ေဆာင္ရြက္ႏိုင္ေရးသည္ ျငိမ္ခ်မ္းေရးအတြက္ အလြန္အေရးႀကီးပါသည္။

ခ်ံဳငံေျပာရလွ်င္ ၂၀၂၀-ေရြေကာက္ပြဲအလြန္ ျမန္မာ့ႏိုင္ငံေရးအတြင္ အရိွန္ျမင့္လာမည့္ ၂၀၀၈ ေျခ-ဥ ျပင္ဆင္ေရး အခင္းအက်င္းမွာ တိုင္းရင္းသားပါတီမ်ား အခန္း႑ျမွင့္တင္ရန္ အင္မတန္ အေရးႀကီးလာပါသည္။ ျပည္နယ္(၇)ခုထဲက အမတ္ေနရာေပါင္း ၂၀၀ ေက်ာ္အျပင္ ဧရာ၀တီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မေတြးတိုင္းေဒသႀကီးမ်ားတြင္လည္း တိုင္းရင္းသားပါတီမ်ား အမတ္ေနရာ ၀င္ေရာက္ယဥ္ၿပိဳင္ၾကရာ ၎ထဲက ေနရာ (၁၇၀)၀န္းက်င္ အႏိုင္ရပါက လႊတ္ေတာ္တြင္း ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး မဲခြဲဆံုးျဖတ္ရာတြင္ တိုင္းရင္းသားပါတီမ်ားသည္ တံခါးခုံ(threshold) ျဖစ္လာမည္။ ၎အေနအထားေရာက္ရိွလာႏိုင္ပါက ဖြဲ႔စည္းပံုအေျခခံဥပေဒျပဳျပင္ေျပာင္းလဲမႈျဖစ္စဥ္တြင္ တိုင္းရင္းသားမ်ား လိုလားသည့္ အခြင့္အေရးမ်ားသည္ ေက်ာ္လႊားလို႔မရေသာ ပုဒ္စာျဖစ္လာေတာ့မွာျဖစ္ပါသည္။ ။။