• Today is: Tuesday, August 3, 2021

ဖွဲ့စည်းပုံ အခြခံဥပဒေထဲက မြန်မာစာ

Federal Journal
October09/ 2019

ဖွဲ့စည်းပုံ အခြခံဥပဒေထဲက မြန်မာစာ

 

မြန်မာစာသည် ရုံးသုံးစာ

မြန်မာနိုင်ငံ၏ ရုံးသုံးစာသည် မြန်မာစာဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲ၌လည်း ဖော်ပြထားသည်။ ယင်းဥပဒေ၏ အခန်း(၁၅)ဖြစ်သော ‘အထွေထွေပြဋ္ဌါန်းချက်များ’ ဆိုသည့် အခန်း၌ ‘ပုဒ်မ ၄၅၀’ အဖြစ် ဤသို့ ဖော်ပြထားသည်ကို တွေ့နိုင်သည်။

‘၄၅၀။ မြန်မာစာသည် ရုံးသုံးစာဖြစ်သည်။

အဆိုပါ အခန်း(၁၅)၌ပင် မြန်မာစာနှင့် စပ်လျဉ်း၍ ‘ပုဒ်မ ၄၅၂’ အဖြစ် ဤသို့ဖော်ပြထားသည်ကို တွေ့နိုင်သည်/

‘၄၅၂။ ဤဖွဲ၌စည်းပုံအခြေခံဥပဒေ၏ နိဒါန်း၊ ပုဒ်မများ၊ ပုဒ်မခွဲများ၊ စကားလုံးစုများ၊ စာကားလုံး တစ်လုံးချင်း၏ အနက်အဓိပ္ပာယ်၊ သဘောအယူအဆများ ဖွင့်ဆိုရာ၌ မြန်မာစာဖြင့် ရေးသားချက်များပေါ်တွင်သာ အခြေပြုရမည်။’

ဥပဒေအသုံးတွင် အမှတ်စဉ် ထိုးထားသော ဂဏန်းကို ‘ပုဒ်မ’ ဟုခေါ်သည်။ ထို့ကြောင့် အထက်ပါ အမှတ်စဉ် (၄၅၀)နှင့် (၄၅၂)တို့သည် ဥပဒေအခေါ်အရ ‘ပုဒ်မ ၄၅၀’ နှင့် ‘ပုဒ်မ ၄၅၂’ တို့ပင်ဖြစ်သည်။ ပုံမှန် မြန်မာစာအသုံးတွင် အမှတ်စဉ် တစ်ခုစီအဖြစ် ဖော်ပြခြင်းဖြစ်၍ ကိန်းဂဏန်းကို ဝိုက်ကွင်းသုံးရသော်လည်း ဥပဒေအသုံးတွင်မူ ဥပဒေပုဒ်မ အဖြစ် ဖော်ပြခြင်းဖြစ်သောကြောင့် ဝိုက်ကွင်းမသုံးရပေ။

သက်ဆိုင်ရာ ဥပဒေအမျိုးမျိုးကို အစိုးရဝန်ကြီးဌာန အသီးသီးကလည်း ရေးသားထုတ်ပြန်နေကြရာ၌ သတိမမူကြ၍ မြန်မာစာရေးထုံး စည်းမျဉ်းနှင့် ဆန်းစစ်ကြည့်လျှင် လွဲချော်သုံးနှုန်းကြသည်ကို တွေ့နေရတတ် ခြင်းကြောင့် သတိပြုသင့်ရာရာ တချို့ကို တင်ပြပါမည်။

နာမည်ကျော် ပုဒ်မ ၅၉ (စ)

ဥပဒေအသီးသီးပါ မြန်မာစာအသုံးအနှုန်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နာ်မည်ကျော် ပုဒ်မ တစ်ခုဖြစ်သည့် ပုဒ်မ ၅၉ ကို လက်တွေ့လေ့လာကြည့်ပါမည်။ ပုဒ်မ ၅၉ တွင် ပုဒ်မခွဲ ၇ ခု ပါသည်ကို ဤသို့ တွေ့နိုင်သည်။

‘၅၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည် –

(က)      နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ခ)       မိမိနှင့် မိဘ နှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသာမှ ဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။

(ဂ)       ရွေးချယ်တင်မြှောက်ခြင်း ခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ် ပြည့်ပြီးသူဖြစ်ရမည်။

(ဃ)      နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များ ရရှိမည်။

(င)       သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အန်ည်းဆုံး ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်၊

ခြွင်းချက်။         နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင် သွားရောက်သည့် ကာလ များကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေးတွက်ရမည်။

(စ)       မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့် ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး ၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ၊

(ဆ)      လွှတ်တော် ရွေးကာက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော် သမ္မတအတွက် သီးခြား သတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။’

ဥပဒေများ၌ အမှတ်စဉ် ဖော်ပြထားသော အမှတ်စဉ်များသည် ဥပဒေ ပုဒ်မပင် ဖြစ်သည်။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အမှတ်စဉ် (၅၉)သည် ‘ဥပဒေပုဒ်မ ၅၉’ ပင်ဖြစ်သည်။ အဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) ‘နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ’၌ ဖော်ပြပါရှိခြင်းဖြစ်သည်။ ထိုသို့ အမှတ်စဉ် တစ်ခုဖြင့် ဖော်ပြရာ၌ အဓိပ္ပာယ် ပိုမို ပြည့်စုံစေရန် အပိုဒ်ခွဲများဖြင့် ထပ်မံ ဖော်ပြထားသည်။ ဤပုဒ်မ ၅၉ တွင် ဆိုလျှင်လည်း ‘(က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င)၊ (စ)၊ (ဆ)’ ဟူ၍ ဖော်ပြထားသည်ကို တွေ့နိုင်သည်။ ထိုပုဒ်မ ခွဲ တစ်ခုစီကို ဖော်ပြလိုလျှင် ‘ပုဒ်မ ၅၉ (က)၊ ‘ပုဒ်မ ၅၉ (ခ)၊ ‘ပုဒ်မ ၅၉ (ဂ)၊ ‘ပုဒ်မ ၅၉ (ဃ)၊ ‘ပုဒ်မ ၅၉ (င)၊ ‘ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၅၉ (ဆ)၊ ဟူ၍ သုံးနှုန်းရမည်။ ထို့ကြောင့် နာ်မည်ကျော် ပုဒ်မ ဖြစ်သော ‘၅၉ (စ) သည် အမှတ်စဉ်(၅၉)၏ အပိုဒ်ခွဲ ‘(စ)’ ဖြစ်ကြောင့် ‘ပုဒ်မ ၉၅ (စ)’ ဟု ခေါ်တွင်ခြင်းဖြစ်သည်ကို မြင်သာနိုင်ပေသည်။ ‘အပိုဒ်ခွဲ(စ)’ ကို ဥပဒေအသုံးအရ ဆိုလျှင် ‘ပုဒ်မခွဲ (စ)’ သို့မဟုတ် ‘ပုဒ်မ ၅၉ (စ)’ ဟု ခေါ်တွင်သည်။

အထက်တွင် ဖော်ပြခဲ့သော ပုဒ်မ နှစ်ခုဖြစ်သည့်  ‘ပုဒ်မ ၄၅၀’ နှင့် ‘ပုဒ်မ ၄၅၂’ တို့တွင် ပုဒ်မခွဲများမပါ ကြောင်း တွေ့နိုင်ပါသည်။ ဥပဒေ ပုဒ်မကို ရေးသည့်အခါ ‘ဝိုက်ကွင်း (    )’ မသုံးရဘဲ ပုဒ်မခွဲကို ဖော်ပြမှသလျှင် ဝိုက်ကွင်းကို  သုံးရခြင်းဖြစ်သည်။ ထို့ကြောင့် အထက်ပါ ပုဒ်မ နှစ်ခုကဲ့သို့ ပုဒ်မခွဲမပါသော ပုဒ်မမျိုးကို ‘ပုဒ်မ (၄၅၀)’၊ ‘ပုဒ်မ (၄၅၂)’ ဟူ၍ ဝိုက်ကွင်းဖြင့် အရေးရကြောင်း သတိမူတတ်ရမည်ဖြစ်သည်။ ပုဒ်မခွဲ ပါမှသာလျှင် ‘ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၉၅ (ဆ)’ စသည်ဖြင့် ရေးရသည်။ ဥပဒေမဟုတ်သော စာအရေးအသားတွင်မူ စာပိုဒ်နံပါတ် ကို ရည်ညွှန်းသည့်အခါ ဝိုက်ကွင်းကို သုံးပြီး အမှတ်စဉ် (၄၅၀)၊ အပိုဒ် နံပါတ် (၄၅၂)၊ စာပိုဒ် (၅၉) စသည်ဖြင့် သုံးနှုန်းရသောကြောင့် ဥပဒေအသုံးနှင့် ပုံမှန်မြန်မာစာအသုံးတို့၏ ကွဲပြားမှုကို ဆင်ခြင်တတ်ရန် ဖြစ်သည်။

ဥပဒေတစ်ခုကို ရေးဆွဲသည့်အခါ တိုင်းသူပြည်သားအားလုံးအတွက် မျှတလျော်ကန်သည့် ဥပဒေဖြစ်ရမည်။ ဘက်လိုက်ခြင်း သို့မဟုတ် အာဃာတထားခြင်းမျိုး မဖြစ်စေရပေ။ တစ်နည်းအားဖြင့် ချစ်ခြင်း၊ မုန်းခြင်း စသည့် အစွန်းတစ်ပါးပါး မပါဘဲ တရားမျှတမှုကို အခြေခံရမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ‘ပုဒ်မ ၅၉ (စ)’ ကို လေ့လာ ကြည့်မည်ဆိုလျှင် အစွန်းတစ်ပါး ပါနသည်ကို ဆင်ခြင်မြင်သာနိုင်ပါလိမ့်မည်။

သော်လည်းကောင်း … သော်လည်းကောင်း

ပုဒ်မ ၅၉ (စ) တွင် ‘သော်လည်းကောင်း’ အသုံးကို တွေ့နိုင်သည်။ ‘သော်လည်းကောင်း’ ကို အသုံးပြုလျှင် အနည်းဆုံး နှစ်ခါအသုံးပြုရသည်။ ‘သော်လည်းကောင်း’ကို နှစ်ခါဖော်ပြလျှင် ‘တစ်ခုမဟုတ် တစ်ခု (တစ်ခုခု)’ ဟု အဓိပ္ပာယ်ရသည်။ နှစ်ခုလုံးဖြစ်သည်ဟု မဆိုလိုပေ။

  • ဇော်ဇော် သော်လည်းကောင်း၊ ထွန်းထွန်း သော်လည်းကောင်း ညနေလာလိမ့်မည်။

နှစ်ယောက်ထဲက တစ်ယောက်သာ လာလိမ့်မည်ဟု ဆိုလိုသည်။ နှစ်ယောက်စလုံး လာမည်ကို ဆိုလိုသည် မဟုတ်ပေ။

  • ဇော်ဇော်သော်လည်းကောင်း၊ ထွန်းထွန်းသော်လည်းကောင်း၊ ဘိုဘိုသော်လည်းကောင်း ညနေ လာလိမ့် မည်။

သုံးယောက်ထဲက တစ်ယောက်သာ လာလိမ့်မည်ဟု ဆိုလိုသည်။ သုံးယောက်စလုံး လာမည်ကို ဆိုလိုသည် မဟုတ်ပေ။

သော်လည်းကောင်းကို သုံးလျှင် အနည်းဆုံးနှစ်ခါသုံးရပြီး နောက်ဆုံး ‘သော်လည်းကောင်း’ နောက်၌ ပုဒ်ကလေး(၊) ထည့်ရန်မလိုပေ။ ရှေ့တွင်ဖော်ပြသော ‘သော်လည်းကောင်း’တို့နောက်၌မူ ‘ပုဒ်ကလေး’ ထည့်ပေး ရမည်။

‘လည်းကောင်း’ သုံးလျှင်လည်း ‘သော်လည်းကောင်း’ သဘောအတိုင်းပင် ဖြစ်သည်။ သို့သော် အဓိပ္ပာယ်ချင်းမူ ဆန့်ကျင်ဘက် ဖြစ်သွားသည်။

  • ဇော်ဇော်သည်လည်းကောင်း၊ ထွန်းထွန်းသည်လည်းကောင်း လိမ္မာသော ကျောင်းသာားများ ဖြစ်ကြသည်။

ဤသည်မှာ ‘လည်းကောင်’ကို နှစ်ခါ သုံးသည့် ပုံစံဖြစ်သည်။ အဓိပ္ပာယ်မှာ နှစ်ယောက်စလုံး လာမည်ဟု အဓိပ္ပာယ်ရသည်။ နှစ်ခါ နှင့်အထက် သုံးသော ‘လည်းကောင်း’ ပုံစံကိုလည်း လေ့လာကြည့်နိုင်သည်။

  • ဇော်ဇော်သည်လည်းကောင်း၊ ထွန်းထွန်းသည်လည်းကောင်း၊ ဘိုဘိုသည်လည်းကောင်း လိမ္မာသော ကျောင်းသားများဖြစ်ကြသည်။

ဤသည်မှာ ‘လည်းကောင်း’ကို နှစ်ခါနှင့်အထက် သုံးသည့်ပုံစံဖြစ်သည်။ အဓိပ္ပာယ်မှာ သုံးယောက်စလုံး လိမ္မာသည်ဟု အဓိပ္ပာယ်ရသည်။ ဖာ်ပြပါ ဝါကျတွင် ‘လည်းကောင်း’ သုံးခါ ထည့်ရမည်ကို နှစ်ခါသာ ထည့်ပေးထားပါက အင်္ဂါမစုံသော ဝါကျဖြစ်သွားပေမည်။

  • ဇော်ဇော်သည်လည်းကောင်း၊ ထွန်းထွန်းသည်လည်းကောင်း၊ ဘိုဘိုသည် လိမ္မာသော ကျောင်းသားများ ဖြစ်ကြသည်။

‘လည်းကောင်း’ကို တချို့က ‘၎င်း’ နှင့် မှားသုံးတတ်ကြသည်။ ‘၎င်း’ သည် လည်းကောင်း’၏ အတို ကောက်စာလုံးဖြစ်သည်မှာ မှန်သော်လည်း ဝါစင်္ဂ သတ်မှတ်ချက်အရ ‘လည်းကောင်း’သည် သမ္ဗန္ဓဖြစ်၍ ‘၎င်း’မှာမူ နာမ်စားနှင့် နာမဝိသေသနတို့ ဖြစ်သောကြောင့်ပင်။ ဝါစင်္ဂသဘောနှင့်ပ မြင်သာအောင် နှိုင်းယျဉ်ကြည့်မည်။

သမ္ဗန္ဓဖြစ်သော ‘လည်းကောင်း’၏ နမူနာအသုံးကို အထက်တွင် ဖော်ပြပြီးဖြစ်၍ နာမ်စားနှင့် နာမဝိသေသနအသုံးတို့ ဖြစ်သော ‘၎င်း’ ကို လေ့လာကြည့်ပါမည်။

  • ကျွန်ုပ်သည် ၎င်း ရုပ်ရှင်ကားကို ရုပ်ရှင်ကး ဖြစ်သည်။ (နာမဝိသေသန)
  • ၎င်း မှာ အလွန် ကောင်းသော ရုပ်ရှင်ကားဖြစ်သည်။ (နာမ်စား)

နာမဝိသေသန ကို ဝါကျထဲထည့်သုံးသည့်အခါ ‘နာမဝိသေသန+ နာမ်/ နာမ်စား’ ပုံစံတွဲသုံးရပြီး နာမ်စားကို ဝါကျထဲ ထည့်သုံးသည့်အခါမူ သူ့ဘာသာသူ ရပ်တည် သုံးနှုန်းနိုင်သည်။ ၎င်း ဆိုသည့် နာမ်စား/နာမဝိသေသနသည် ‘လည်းကောင်း’ ကိုမူ သုံးမည်ဆိုလျှင် အနည်းဆုံးနှစ်ခါ သုံးရသည်ကို သတိပြုရမည်။

သို့မဟုတ်

ပုံမှန် မြန်မာစာအသုံးတွင်ဖြစ်စေ၊ ဥပဒေအသုံးတွင်ဖြစ်စေ ‘သို့မဟုတ်’ သည် ‘တစ်ခုမဟုတ် တစ်ခု’၊ ‘တစ်ခုခု’ဟု အဓိပ္ပာယ်ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ‘၅၉ (စ)’ တွင် ‘သို့မဟုတ်’ အသုံးများစွာ ထည့်ထားသည်ကို တွေ့နိုင်သည်။ မြင်သာစေရန် နမူနာဝါကျများဖြင့် လေ့လာကြည့်ပါမည်။

  • ဝန်ထမ်းကတ် သုံးမဟုတ် မှတ်ပုံတင် ယူလာပါ။
  • ဝန်ထမ်းကတ် သို့မဟုတ် မှတ်ပုံတင် သို့မဟုတ် ယဉ်မောင်းလိုင်စင် ယူလာပါ။

ပထမ ဝါကျတွင် ‘ဝန်ထမ်းကတ်၊ မှတ်ပုံတင်’ ဆိုသည့် နှစ်မျိုးထဲမှ တစ်မျိုးမျိုး ယူလာရမည်ဟု ဆိုလိုသည်။ ဒုတိယ ဝါကျတွင်မူ ‘ဝန်ထမ်းကတ်၊ မှတ်ပုံတင်၊ ယဉ်မောင်းလိုင်စင်’ ဆိုသည့် သုံးမျိုးထဲမှ တစ်မျိုးမျိုး ယူလာရမည်ဟု ဆိုလိုသည်။ ထို့အတူ ၄ မျိုး၊ ၅ မျိုး စသည်တို့ထဲမှ တစ်မျိုးမျိုးဟု ရည်ညွှန်းလိုလျှင်လည်း ‘သို့မဟုတ်’ ကို လိုအပ်သလောက်သုံးနိုင်ပေသည်။ ထို့ကြောင့် ‘သို့မဟုတ်’ကို ဝါကျတစ်ကြောင်းတွင် တစ်ကြိမ်တည်းလည်း သုံးနိုင်ပြီး လိုအပ်သလောက အကြိမ်ကြိမ်လည်း သုံးနိုင်ကြောင်း မြင်သာနိုင်ပေသည်။

မှးယွင်းတတ်ကြသည်မှာ နှစ်မျိုးနှင့်အထက်ကို သုံးနှုန်းရာ၌ ‘သို့မဟုတ်’ ကို အပြည့်အဝ မသုံးကြခြင်း ဖြစ်သည်။ နမူနာ လ့လာကြည့်ပါမည်။

  • ဝန်ထမ်းကတ်၊ မှတ်ပုံတင် သို့မဟုတ် ယဉ်မောင်းလိုင်စင် ယူလာပါ။

ဤသို့ ဖော်ပြလျှင် ‘သုံးမျိုးထဲမှ တစ်မျိုးမျိုး’ဟု အဓိပ္ပာယ် မရတော့ဘဲ သုံးမျိုးထဲမှ ဝန်ထမ်းကတ် နှင့် မှတ်ပုံတင်’ဖြစ်စေ၊ ဝန်ထမ်းကတ် နှင့် ယဉ်မောင်းလိုင်စင်’ဖြစ်စေ နှစ်မျိုးစီ ယူလာပါ ဟူသော အဓိပ္ပာယ် ဖြစ်သွားပေသည်။

အောက်ပါ နောာက်က မျဉ်းတို

ဝါကျတစ်ကြောင်း ဆုံးသည့်အခါ ‘ပုဒ်မ(။)’ ထည့်ရသည်ကို သိကြပေသည်။ သို့သော် အဆိုပါ ဝါကျတွင် ‘အောက်’နှင့် တွဲပြီး ‘အောက်ပါ၊ အောက်ဖော်ပြပါ၊ အောက်ပါအတိုင်း စသည်ဖြင့် သုံးထားလျှင် ဝါကျ အဆုံးသတ်ကို ‘ပုဒ်မ(။)’ အစား ‘မျဉ်းတို (-)’ သုံးရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ နှင့် ပုဒ်မခွဲများ ဖော်ြပပုံကို နမူနာ ပြည်ကြည့်လျှင် ‘အောက်ပါအတိုင်း ဖြစ်သည် – ‘ ဟူ၍ သုံးနှုန်းထားသည်ကို တွေ့နိုင်သည်။

‘၅၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်၊

(ခ) . . . . . .၊

(ဂ)  . . . . .၊

(ဃ) . . . . .၊

(င) . . . . .၊

(စ) . . . . .၊

(ဆ) . . . ။’

‘ပုဒ်မ ၅၉ (စ)’ကို ‘ပုဒ်မ ၅၉ – စ ဟု ‘မျဉ်းတု(-)’ နှင့် သုံးလိုက်မည်ဆိုပါက ပုဒ်မ ၅၉ ၏ ပုဒ်မခွဲ (စ)’ ကို ရည်ညွှန်းသည့် အဓိပ္ပာယ် မဟုတ်တော့ဘဲ သီးခြား ပုဒ်မတစ်ခု ဖြစ်ကြောင်း ရည်ညွှန်းရာကျသွားမည် ဖြစ်သည်။ ပြဋ္ဌာန်းပြီးသော ဥပဒေ ပုဒ်မများကြားတွင် နောက်ထပ် ပုဒ်မ တစ်ခုခု ကြားထိုး ဖြည့်စွက်လိုသောအခါ မူလ ပုဒ်မ နောက်တွင် ‘မျဉ်းတို (-)’ ထည့်ရေးခြင်းဖြင့် နောက်ထပ် ပုဒ်မ တစ်ခု ဖြစ်ကြောင်း သုံးနှုန်းတတ်ပုံ ဥပဒေအသုံးဖြစ်သည်ကို သတိပြုရန် ဖြစ်သည်။

ကိန်းဂဏန်းများနှင့် ဝိုက်ကွင်း

ကိန်းဂဏန်းများကို ရေးသည့်အခါ ဥပဒေအသုံးပင် ဖြစ်စေ၊ ရိုးရိုးအသုံးပင် ဖြစ်စေ ‘ဝိုက်ကွင်း(    )’ သုံးရမည့်နေရာနှင့် မသုံးရမည့်နေရာ ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ အရှိအရေအတွက်ကို ဖော်ပြလျှင် မသုံးဘဲ တစ်ခုတည်းကို ရည်ညွှန်းလျှင် ဝိုက်ကွင်းကို သုံးရကြောင်း သတိပြုရသင့်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ကို ပြန်လေ့လကြည့်မည်ဆိုလျှင် ‘အသက် ၄၅ နှစ် ပြည့်ပြီးသူ’၊ ‘အနှစ် ၂၀ နုင်ငံတော်တွင်’ ဆိုသည့် အသုံများ၌ ဝိုက်ကွင်းမသုံးကြောင်း တွေ့နိုင်သည်။ အသက် အရေအတွက် ၄၅ ခု(နှစ်)၊ နှစ်အရေအတွက် အခု (အနှစ်)၂၀ စသည်ဖြင့် အရေအတွက်ကို ဖော်ပြသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ‘အသက် (၄၅)နှစ် ပြည့်ပြီးသူ’၊ ‘အနှစ်(၂၀) နိုင်ငံတော်တွင်’ စသည်ဖြင့် ကိန်းဂဏန်းကို ဝိုက်ကွင်း သုံးလျှင် ရေးထုံးစည်းမျဉ်းအရ မှားယွင်းပေမည်။

တစ်ခုတည်းကို ရည်ညွှန်းပြီး သုံးလျှင် ဝိုက်ကွင်းသုံးပုံ နမူနာတစ်ခု ဖော်ပြရလျှင် ‘အခန်း(၃)’ ဖြစ်သည်။ ဤသို့ည ဝိုက်ကွင်းဖြင့် ဖော်ပြခြင်း၏ အဓိပ္ပာယ်မှာ အရေအတွက် ၃ ခုဟု ရည်ညွှန်းခြင်း မဟုတ်ဘဲ ‘အခန်း(၃)’ ဟု အမည်ပေးထားသည့် အဆိုပါ အခန်းစဉ် တစ်ခုတည်းကို ဆိုလိုပေသည်။ ဝိုက်ကွင်း သုံးပုံ နာက်ထပ် နမူနာ တစ်ခု ဖော်ပြပါမည်။

  • ဘာသာရပ် အားလုံးတွင် အဆင့်(၄) ရသူများသာ လျှောက်ထားနိုင်သည်။
  • သူသည် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်နေသည်။
  • ဤအကြောင်းကို စာပိုဒ် အမှတ်(၅)တွင် ဖော်ပြထားသည်။

ယခု ဖော်ပြပါနမူနာများ၌ လေးခု၊ သုံးခု၊ ငါးခု စသည်ဖြင့် အရေအတွက်ကို ဖော်ပြခြင်း မဟုတ်ဘဲ ‘အဆင့်(၄)’ ဆိုသည့် တစ်ဆင့်တည်း၊ ‘အမှတ်(၃)’ ဆိုသည့် တစ်ကျောင်းတည်း၊ ‘စာပိုဒ် အမှတ် (၅)’ ဆိုသည့် စာတစ်ပိုဒ် တည်းတို့ကို ရည်ညွှန်းခြင်းဖြစ်သောကြောင့် ဝိုက်ကွင်းဖြင့် ဖော်ပြခြင်း ဖြစ်သည်။

ဤသည်တို့မှာ ဥပဒေအသုံးနှင့် ဆက်စပ်ရာရာ မြန်မာစာ ရေးထုံး စည်းမျဉ်း သတ်မှတ်ချက်တချို့ကို ထင်သာမြင်သာစေရန် အကျဉ်းမျှ ဆွေးနွေးတင်ပြခြင်း ဖြစ်သည်။

Zawgyi

ဖြဲ့စည္းပံု အျခခံဥပေဒထဲက ျမန္မာစာ

ျမန္မာစာသည္ ရံုးသံုးစာ

ျမန္မာနိုင္ငံ၏ ရံုးသံုးစာသည္ ျမန္မာစာျဖစ္ေျကာင္း ဖြဲ့စည္းပံုအေျခခံ ဥပေဒထဲ၌လည္း ေဖာ္ျပထားသည္။ ယင္းဥပေဒ၏ အခန္း(၁၅)ျဖစ္ေသာ ‘အေထြေထြျပ႒ဌါန္းခ်က္မ်ား’ ဆိုသည့္ အခန္း၌ ‘ပုဒ္မ ၄၅၀’ အျဖစ္ ဤသို့ ေဖာ္ျပထားသည္ကို ေတြ့နိုင္သည္။

‘၄၅၀။ ျမန္မာစာသည္ ရံုးသံုးစာျဖစ္သည္။

အဆိုပါ အခန္း(၁၅)၌ပင္ ျမန္မာစာနွင့္ စပ္လ်ဉ္း၍ ‘ပုဒ္မ ၄၅၂’ အျဖစ္ ဤသို့ေဖာ္ျပထားသည္ကို ေတြ့နိုင္သည္/

‘၄၅၂။ ဤဖြဲ၌စည္းပံုအေျခခံဥပေဒ၏ နိဒါန္း၊ ပုဒ္မမ်ား၊ ပုဒ္မခြဲမ်ား၊ စကားလံုးစုမ်ား၊ စာကားလံုး တစ္လံုးခ်င္း၏ အနက္အဓိပၸာယ္၊ သေဘာအယူအဆမ်ား ဖြင့္ဆိုရာ၌ ျမန္မာစာျဖင့္ ေရးသားခ်က္မ်ားေပၚတြင္သာ အေျချပုရမည္။’

ဥပေဒအသံုးတြင္ အမွတ္စဉ္ ထိုးထားေသာ ဂဏန္းကို ‘ပုဒ္မ’ ဟုေခၚသည္။ ထို့ေျကာင့္ အထက္ပါ အမွတ္စဉ္ (၄၅၀)နွင့္ (၄၅၂)တို့သည္ ဥပေဒအေခၚအရ ‘ပုဒ္မ ၄၅၀’ နွင့္ ‘ပုဒ္မ ၄၅၂’ တို့ပင္ျဖစ္သည္။ ပံုမွန္ ျမန္မာစာအသံုးတြင္ အမွတ္စဉ္ တစ္ခုစီအျဖစ္ ေဖာ္ျပျခင္းျဖစ္၍ ကိန္းဂဏန္းကို ဝိုက္ကြင္းသံုးရေသာ္လည္း ဥပေဒအသံုးတြင္မူ ဥပေဒပုဒ္မ အျဖစ္ ေဖာ္ျပျခင္းျဖစ္ေသာေျကာင့္ ဝိုက္ကြင္းမသံုးရေပ။

သက္ဆိုင္ရာ ဥပေဒအမ်ိုးမ်ိုးကို အစိုးရဝန္ျကီးဌာန အသီးသီးကလည္း ေရးသားထုတ္ျပန္ေနျကရာ၌ သတိမမူျက၍ ျမန္မာစာေရးထံုး စည္းမ်ဉ္းနွင့္ ဆန္းစစ္ျကည့္လွ်င္ လြဲေခ်ာ္သံုးနႈန္းျကသည္ကို ေတြ့ေနရတတ္ ျခင္းေျကာင့္ သတိျပုသင့္ရာရာ တခ်ို့ကို တင္ျပပါမည္။

နာမည္ေက်ာ္ ပုဒ္မ ၅၉ (စ)

ဥပေဒအသီးသီးပါ ျမန္မာစာအသံုးအနႈန္းနွင့္ စပ္လ်ဉ္း၍ ဖြဲ့စည္းပံုအေျခခံဥပေဒပါ နာ္မည္ေက်ာ္ ပုဒ္မ တစ္ခုျဖစ္သည့္ ပုဒ္မ ၅၉ ကို လက္ေတြ့ေလ့လာျကည့္ပါမည္။ ပုဒ္မ ၅၉ တြင္ ပုဒ္မခြဲ ၇ ခု ပါသည္ကို ဤသို့ ေတြ့နိုင္သည္။

‘၅၉။ နိုင္ငံေတာ္သမၼတနွင့္ ဒုတိယသမၼတမ်ား၏ အရည္အခ်င္းမ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္ –

(က)    နိုင္ငံေတာ္နွင့္ နိုင္ငံသားမ်ားအေပၚ သစၥာရွိသူ ျဖစ္ရမည္။

(ခ)     မိမိနွင့္ မိဘ နွစ္ပါးလံုး နိုင္ငံေတာ္၏ အာဏာပိုင္နက္အတြင္း၌ ေမြးဖြားေသာ တိုင္းရင္းသာမွ ျဖစ္သည့္ ျမန္မာနိုင္ငံသားျဖစ္ရမည္။

(ဂ)     ေရြးခ်ယ္တင္ျမွောက္ျခင္း ခံရသူသည္ အနည္းဆံုး အသက္ ၄၅ နွစ္ ျပည့္ျပီးသူျဖစ္ရမည္။

(ဃ)    နိုင္ငံေတာ္အေရးအရာမ်ားျဖစ္ေသာ နိုင္ငံေရး၊ အုပ္ခ်ုပ္ေရး၊ စီးပြားေရး၊ စစ္ေရး စသည့္ အျမင္မ်ား ရရွိမည္။

(င)     သမၼတအျဖစ္ ေရြးခ်ယ္တင္ျမွောက္ခံရသည့္ အခ်ိန္နွင့္ တစ္ဆက္တည္း အန္ည္းဆံုး ၂၀ နိုင္ငံေတာ္တြင္ အေျခခ်ေနထိုင္ခဲ့သူ ျဖစ္ရမည္၊

ျခြင္းခ်က္။        နိုင္ငံေတာ္၏ ခြင့္ျပုခ်က္ျဖင့္ နိုင္ငံျခားသို့ တရားဝင္ သြားေရာက္သည့္ ကာလ မ်ားကိုလည္း နိုင္ငံေတာ္တြင္ အေျခခ်ေနထိုင္ခဲ့သည့္ ကာလအျဖစ္ ထည့္သြင္းေရးတြက္ရမည္။

(စ)     မိမိကိုယ္တိုင္ေသာ္လည္းေကာင္း၊ မိမိ၏ ဇနီး သို့မဟုတ္ ခင္ပြန္းေသာ္လည္းေကာင္း၊ မိမိ၏ တရားဝင္ သားသမီးတစ္ဦးဦးေသာ္လည္းေကာင္း၊ ထိုတရားဝင္ သားသမီး တစ္ဦးဦး၏ ဇနီး သို့မဟုတ္ ခင္ပြန္းေသာ္လည္းေကာင္း နိုင္ငံျခားအစိုးရ၏ ေက်းဇူးသစၥာေတာ္ကို ခံယူေစာင့္ ေရွာက္ ရိုေသသူ သို့မဟုတ္ နိုင္ငံျခားအစိုးရ၏ လက္ေအာက္ခံျဖစ္သူ သို့မဟုတ္ တိုင္းတစ္ပါး ၏ နိုင္ငံသားျဖစ္သူမ်ား မျဖစ္ေစရ၊ ထိုသူမ်ားသည္ နိုင္ငံျခားအစိုးရ၏ လက္ေအာက္ခံျဖစ္သူ ေသာ္လည္းေကာင္း၊ တိုင္းတစ္ပါး၏ နိုင္ငံသားေသာ္လည္းေကာင္း ခံစားရေသာ အခြင့္အေရး မ်ားနွင့္ ေက်းဇူးခံစားခြင့္မ်ားကို ခံစားနိုင္ခြင့္ ရွိသူမ်ား မျဖစ္ေစရ၊

(ဆ)    လွြတ္ေတာ္ ေရြးကာက္ပြဲ၌ ေရြးေကာက္တင္ျမွောက္ခံပိုင္ခြင့္အတြက္ သတ္မွတ္ထားသည့္ အရည္အခ်င္းမ်ားအျပင္ နိုင္ငံေတာ္ သမၼတအတြက္ သီးျခား သတ္မွတ္ထားေသာ အရည္အခ်င္းမ်ားနွင့္လည္း ျပည့္စံုရမည္။’

ဥပေဒမ်ား၌ အမွတ္စဉ္ ေဖာ္ျပထားေသာ အမွတ္စဉ္မ်ားသည္ ဥပေဒ ပုဒ္မပင္ ျဖစ္သည္။ ဤဖြဲ့စည္းပံု အေျခခံဥပေဒ၏ အမွတ္စဉ္ (၅၉)သည္ ‘ဥပေဒပုဒ္မ ၅၉’ ပင္ျဖစ္သည္။ အဖြဲ့စည္းပံုအေျခခံဥပေဒ အခန္း (၃) ‘နိုင္ငံေတာ္သမၼတနွင့္ ဒုတိယသမၼတမ်ား’၌ ေဖာ္ျပပါရွိျခင္းျဖစ္သည္။ ထိုသို့ အမွတ္စဉ္ တစ္ခုျဖင့္ ေဖာ္ျပရာ၌ အဓိပၸာယ္ ပိုမို ျပည့္စံုေစရန္ အပိုဒ္ခြဲမ်ားျဖင့္ ထပ္မံ ေဖာ္ျပထားသည္။ ဤပုဒ္မ ၅၉ တြင္ ဆိုလွ်င္လည္း ‘(က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င)၊ (စ)၊ (ဆ)’ ဟူ၍ ေဖာ္ျပထားသည္ကို ေတြ့နိုင္သည္။ ထိုပုဒ္မ ခြဲ တစ္ခုစီကို ေဖာ္ျပလိုလွ်င္ ‘ပုဒ္မ ၅၉ (က)၊ ‘ပုဒ္မ ၅၉ (ခ)၊ ‘ပုဒ္မ ၅၉ (ဂ)၊ ‘ပုဒ္မ ၅၉ (ဃ)၊ ‘ပုဒ္မ ၅၉ (င)၊ ‘ပုဒ္မ ၅၉ (စ)၊ ပုဒ္မ ၅၉ (ဆ)၊ ဟူ၍ သံုးနႈန္းရမည္။ ထို့ေျကာင့္ နာ္မည္ေက်ာ္ ပုဒ္မ ျဖစ္ေသာ ‘၅၉ (စ) သည္ အမွတ္စဉ္(၅၉)၏ အပိုဒ္ခြဲ ‘(စ)’ ျဖစ္ေျကာင့္ ‘ပုဒ္မ ၉၅ (စ)’ ဟု ေခၚတြင္ျခင္းျဖစ္သည္ကို ျမင္သာနိုင္ေပသည္။ ‘အပိုဒ္ခြဲ(စ)’ ကို ဥပေဒအသံုးအရ ဆိုလွ်င္ ‘ပုဒ္မခြဲ (စ)’ သို့မဟုတ္ ‘ပုဒ္မ ၅၉ (စ)’ ဟု ေခၚတြင္သည္။

အထက္တြင္ ေဖာ္ျပခဲ့ေသာ ပုဒ္မ နွစ္ခုျဖစ္သည့္  ‘ပုဒ္မ ၄၅၀’ နွင့္ ‘ပုဒ္မ ၄၅၂’ တို့တြင္ ပုဒ္မခြဲမ်ားမပါ ေျကာင္း ေတြ့နိုင္ပါသည္။ ဥပေဒ ပုဒ္မကို ေရးသည့္အခါ ‘ဝိုက္ကြင္း (    )’ မသံုးရဘဲ ပုဒ္မခြဲကို ေဖာ္ျပမွသလွ်င္ ဝိုက္ကြင္းကို  သံုးရျခင္းျဖစ္သည္။ ထို့ေျကာင့္ အထက္ပါ ပုဒ္မ နွစ္ခုကဲ့သို့ ပုဒ္မခြဲမပါေသာ ပုဒ္မမ်ိုးကို ‘ပုဒ္မ (၄၅၀)’၊ ‘ပုဒ္မ (၄၅၂)’ ဟူ၍ ဝိုက္ကြင္းျဖင့္ အေရးရေျကာင္း သတိမူတတ္ရမည္ျဖစ္သည္။ ပုဒ္မခြဲ ပါမွသာလွ်င္ ‘ပုဒ္မ ၅၉ (စ)၊ ပုဒ္မ ၉၅ (ဆ)’ စသည္ျဖင့္ ေရးရသည္။ ဥပေဒမဟုတ္ေသာ စာအေရးအသားတြင္မူ စာပိုဒ္နံပါတ္ ကို ရည္ညွြန္းသည့္အခါ ဝိုက္ကြင္းကို သံုးျပီး အမွတ္စဉ္ (၄၅၀)၊ အပိုဒ္ နံပါတ္ (၄၅၂)၊ စာပိုဒ္ (၅၉) စသည္ျဖင့္ သံုးနႈန္းရေသာေျကာင့္ ဥပေဒအသံုးနွင့္ ပံုမွန္ျမန္မာစာအသံုးတို့၏ ကြဲျပားမႈကို ဆင္ျခင္တတ္ရန္ ျဖစ္သည္။

ဥပေဒတစ္ခုကို ေရးဆြဲသည့္အခါ တိုင္းသူျပည္သားအားလံုးအတြက္ မွ်တေလ်ာ္ကန္သည့္ ဥပေဒျဖစ္ရမည္။ ဘက္လိုက္ျခင္း သို့မဟုတ္ အာဃာတထားျခင္းမ်ိုး မျဖစ္ေစရေပ။ တစ္နည္းအားျဖင့္ ခ်စ္ျခင္း၊ မုန္းျခင္း စသည့္ အစြန္းတစ္ပါးပါး မပါဘဲ တရားမွ်တမႈကို အေျခခံရမည္။ ဖြဲ့စည္းပံုအေျခခံဥပေဒပါ ‘ပုဒ္မ ၅၉ (စ)’ ကို ေလ့လာ ျကည့္မည္ဆိုလွ်င္ အစြန္းတစ္ပါး ပါနသည္ကို ဆင္ျခင္ျမင္သာနိုင္ပါလိမ့္မည္။

ေသာ္လည္းေကာင္း … ေသာ္လည္းေကာင္း

ပုဒ္မ ၅၉ (စ) တြင္ ‘ေသာ္လည္းေကာင္း’ အသံုးကို ေတြ့နိုင္သည္။ ‘ေသာ္လည္းေကာင္း’ ကို အသံုးျပုလွ်င္ အနည္းဆံုး နွစ္ခါအသံုးျပုရသည္။ ‘ေသာ္လည္းေကာင္း’ကို နွစ္ခါေဖာ္ျပလွ်င္ ‘တစ္ခုမဟုတ္ တစ္ခု (တစ္ခုခု)’ ဟု အဓိပၸာယ္ရသည္။ နွစ္ခုလံုးျဖစ္သည္ဟု မဆိုလိုေပ။

–         ေဇာ္ေဇာ္ ေသာ္လည္းေကာင္း၊ ထြန္းထြန္း ေသာ္လည္းေကာင္း ညေနလာလိမ့္မည္။

နွစ္ေယာက္ထဲက တစ္ေယာက္သာ လာလိမ့္မည္ဟု ဆိုလိုသည္။ နွစ္ေယာက္စလံုး လာမည္ကို ဆိုလိုသည္ မဟုတ္ေပ။

–         ေဇာ္ေဇာ္ေသာ္လည္းေကာင္း၊ ထြန္းထြန္းေသာ္လည္းေကာင္း၊ ဘိုဘိုေသာ္လည္းေကာင္း ညေန လာလိမ့္ မည္။

သံုးေယာက္ထဲက တစ္ေယာက္သာ လာလိမ့္မည္ဟု ဆိုလိုသည္။ သံုးေယာက္စလံုး လာမည္ကို ဆိုလိုသည္ မဟုတ္ေပ။

ေသာ္လည္းေကာင္းကို သံုးလွ်င္ အနည္းဆံုးနွစ္ခါသံုးရျပီး ေနာက္ဆံုး ‘ေသာ္လည္းေကာင္း’ ေနာက္၌ ပုဒ္ကေလး(၊) ထည့္ရန္မလိုေပ။ ေရွ့တြင္ေဖာ္ျပေသာ ‘ေသာ္လည္းေကာင္း’တို့ေနာက္၌မူ ‘ပုဒ္ကေလး’ ထည့္ေပး ရမည္။

‘လည္းေကာင္း’ သံုးလွ်င္လည္း ‘ေသာ္လည္းေကာင္း’ သေဘာအတိုင္းပင္ ျဖစ္သည္။ သို့ေသာ္ အဓိပၸာယ္ခ်င္းမူ ဆန့္က်င္ဘက္ ျဖစ္သြားသည္။

–         ေဇာ္ေဇာ္သည္လည္းေကာင္း၊ ထြန္းထြန္းသည္လည္းေကာင္း လိမၼာေသာ ေက်ာင္းသားမ်ား ျဖစ္ျကသည္။

ဤသည္မွာ ‘လည္းေကာင္’ကို နွစ္ခါ သံုးသည့္ ပံုစံျဖစ္သည္။ အဓိပၸာယ္မွာ နွစ္ေယာက္စလံုး လာမည္ဟု အဓိပၸာယ္ရသည္။ နွစ္ခါ နွင့္အထက္ သံုးေသာ ‘လည္းေကာင္း’ ပံုစံကိုလည္း ေလ့လာျကည့္နိုင္သည္။

–         ေဇာ္ေဇာ္သည္လည္းေကာင္း၊ ထြန္းထြန္းသည္လည္းေကာင္း၊ ဘိုဘိုသည္လည္းေကာင္း လိမၼာေသာ ေက်ာင္းသားမ်ားျဖစ္ျကသည္။

ဤသည္မွာ ‘လည္းေကာင္း’ကို နွစ္ခါနွင့္အထက္ သံုးသည့္ပံုစံျဖစ္သည္။ အဓိပၸာယ္မွာ သံုးေယာက္စလံုး လိမၼာသည္ဟု အဓိပၸာယ္ရသည္။ ဖာ္ျပပါ ဝါက်တြင္ ‘လည္းေကာင္း’ သံုးခါ ထည့္ရမည္ကို နွစ္ခါသာ ထည့္ေပးထားပါက အဂၤ࿿ါမစံုေသာ ဝါက်ျဖစ္သြားေပမည္။

–         ေဇာ္ေဇာ္သည္လည္းေကာင္း၊ ထြန္းထြန္းသည္လည္းေကာင္း၊ ဘိုဘိုသည္ လိမၼာေသာ ေက်ာင္းသားမ်ား ျဖစ္ျကသည္။

‘လည္းေကာင္း’ကို တခ်ို့က ‘ゞင္း’ နွင့္ မွားသံုးတတ္ျကသည္။ ‘ゞင္း’ သည္ လည္းေကာင္း’၏ အတို ေကာက္စာလံုးျဖစ္သည္မွာ မွန္ေသာ္လည္း ဝါစဂၤ࿿ သတ္မွတ္ခ်က္အရ ‘လည္းေကာင္း’သည္ သမၺနၶျဖစ္၍ ‘ゞင္း’မွာမူ နာမ္စားနွင့္ နာမဝိေသသနတို့ ျဖစ္ေသာေျကာင့္ပင္။ ဝါစဂၤ࿿သေဘာနွင့္ပ ျမင္သာေအာင္ နွိုင္းယ်ဉ္ျကည့္မည္။

သမၺနၶျဖစ္ေသာ ‘လည္းေကာင္း’၏ နမူနာအသံုးကို အထက္တြင္ ေဖာ္ျပျပီးျဖစ္၍ နာမ္စားနွင့္ နာမဝိေသသနအသံုးတို့ ျဖစ္ေသာ ‘ゞင္း’ ကို ေလ့လာျကည့္ပါမည္။

–         ကြ်နု္ပ္သည္ ゞင္း ရုပ္ရွင္ကားကို ရုပ္ရွင္ကး ျဖစ္သည္။ (နာမဝိေသသန)

–         ゞင္း မွာ အလြန္ ေကာင္းေသာ ရုပ္ရွင္ကားျဖစ္သည္။ (နာမ္စား)

နာမဝိေသသန ကို ဝါက်ထဲထည့္သံုးသည့္အခါ ‘နာမဝိေသသန+ နာမ္/ နာမ္စား’ ပံုစံတြဲသံုးရျပီး နာမ္စားကို ဝါက်ထဲ ထည့္သံုးသည့္အခါမူ သူ့ဘာသာသူ ရပ္တည္ သံုးနႈန္းနိုင္သည္။ ゞင္း ဆိုသည့္ နာမ္စား/နာမဝိေသသနသည္ ‘လည္းေကာင္း’ ကိုမူ သံုးမည္ဆိုလွ်င္ အနည္းဆံုးနွစ္ခါ သံုးရသည္ကို သတိျပုရမည္။

သို့မဟုတ္

ပံုမွန္ ျမန္မာစာအသံုးတြင္ျဖစ္ေစ၊ ဥပေဒအသံုးတြင္ျဖစ္ေစ ‘သို့မဟုတ္’ သည္ ‘တစ္ခုမဟုတ္ တစ္ခု’၊ ‘တစ္ခုခု’ဟု အဓိပၸာယ္ရသည္။ ဖြဲ့စည္းပံုအေျခခံဥပေဒ ပုဒ္မ ‘၅၉ (စ)’ တြင္ ‘သို့မဟုတ္’ အသံုးမ်ားစြာ ထည့္ထားသည္ကို ေတြ့နိုင္သည္။ ျမင္သာေစရန္ နမူနာဝါက်မ်ားျဖင့္ ေလ့လာျကည့္ပါမည္။

–         ဝန္ထမ္းကတ္ သံုးမဟုတ္ မွတ္ပံုတင္ ယူလာပါ။

–         ဝန္ထမ္းကတ္ သို့မဟုတ္ မွတ္ပံုတင္ သို့မဟုတ္ ယဉ္ေမာင္းလိုင္စင္ ယူလာပါ။

ပထမ ဝါက်တြင္ ‘ဝန္ထမ္းကတ္၊ မွတ္ပံုတင္’ ဆိုသည့္ နွစ္မ်ိုးထဲမွ တစ္မ်ိုးမ်ိုး ယူလာရမည္ဟု ဆိုလိုသည္။ ဒုတိယ ဝါက်တြင္မူ ‘ဝန္ထမ္းကတ္၊ မွတ္ပံုတင္၊ ယဉ္ေမာင္းလိုင္စင္’ ဆိုသည့္ သံုးမ်ိုးထဲမွ တစ္မ်ိုးမ်ိုး ယူလာရမည္ဟု ဆိုလိုသည္။ ထို့အတူ ၄ မ်ိုး၊ ၅ မ်ိုး စသည္တို့ထဲမွ တစ္မ်ိုးမ်ိုးဟု ရည္ညွြန္းလိုလွ်င္လည္း ‘သို့မဟုတ္’ ကို လိုအပ္သေလာက္သံုးနိုင္ေပသည္။ ထို့ေျကာင့္ ‘သို့မဟုတ္’ကို ဝါက်တစ္ေျကာင္းတြင္ တစ္ျကိမ္တည္းလည္း သံုးနိုင္ျပီး လိုအပ္သေလာက အျကိမ္ျကိမ္လည္း သံုးနိုင္ေျကာင္း ျမင္သာနိုင္ေပသည္။

မွးယြင္းတတ္ျကသည္မွာ နွစ္မ်ိုးနွင့္အထက္ကို သံုးနႈန္းရာ၌ ‘သို့မဟုတ္’ ကို အျပည့္အဝ မသံုးျကျခင္း ျဖစ္သည္။ နမူနာ လ့လာျကည့္ပါမည္။

–         ဝန္ထမ္းကတ္၊ မွတ္ပံုတင္ သို့မဟုတ္ ယဉ္ေမာင္းလိုင္စင္ ယူလာပါ။

ဤသို့ ေဖာ္ျပလွ်င္ ‘သံုးမ်ိုးထဲမွ တစ္မ်ိုးမ်ိုး’ဟု အဓိပၸာယ္ မရေတာ့ဘဲ သံုးမ်ိုးထဲမွ ဝန္ထမ္းကတ္ နွင့္ မွတ္ပံုတင္’ျဖစ္ေစ၊ ဝန္ထမ္းကတ္ နွင့္ ယဉ္ေမာင္းလိုင္စင္’ျဖစ္ေစ နွစ္မ်ိုးစီ ယူလာပါ ဟူေသာ အဓိပၸာယ္ ျဖစ္သြားေပသည္။

ေအာက္ပါ ေနာက္က မ်ဉ္းတို

ဝါက်တစ္ေျကာင္း ဆံုးသည့္အခါ ‘ပုဒ္မ(။)’ ထည့္ရသည္ကို သိျကေပသည္။ သို့ေသာ္ အဆိုပါ ဝါက်တြင္ ‘ေအာက္’နွင့္ တြဲျပီး ‘ေအာက္ပါ၊ ေအာက္ေဖာ္ျပပါ၊ ေအာက္ပါအတိုင္း စသည္ျဖင့္ သံုးထားလွ်င္ ဝါက် အဆံုးသတ္ကို ‘ပုဒ္မ(။)’ အစား ‘မ်ဉ္းတို (-)’ သံုးရသည္။ ဖြဲ့စည္းပံု အေျခခံဥပေဒ ပုဒ္မ ၅၉ နွင့္ ပုဒ္မခြဲမ်ား ေဖာ္ျပပံုကို နမူနာ ျပည္ျကည့္လွ်င္ ‘ေအာက္ပါအတိုင္း ျဖစ္သည္ – ‘ ဟူ၍ သံုးနႈန္းထားသည္ကို ေတြ့နိုင္သည္။

‘၅၉။ နိုင္ငံေတာ္သမၼတနွင့္ ဒုတိယသမၼတမ်ား၏ အရည္အခ်င္းမ်ားမွာ ေအာက္ပါအတိုင္း ျဖစ္သည္ –

(က) နိုင္ငံေတာ္နွင့္ နိုင္ငံသားမ်ားအေပၚ သစၥာရွိသူ ျဖစ္ရမည္၊

(ခ) . . . . . .၊

(ဂ)  . . . . .၊

(ဃ) . . . . .၊

(င) . . . . .၊

(စ) . . . . .၊

(ဆ) . . . ။’

‘ပုဒ္မ ၅၉ (စ)’ကို ‘ပုဒ္မ ၅၉ – စ ဟု ‘မ်ဉ္းတု(-)’ နွင့္ သံုးလိုက္မည္ဆိုပါက ပုဒ္မ ၅၉ ၏ ပုဒ္မခြဲ (စ)’ ကို ရည္ညွြန္းသည့္ အဓိပၸာယ္ မဟုတ္ေတာ့ဘဲ သီးျခား ပုဒ္မတစ္ခု ျဖစ္ေျကာင္း ရည္ညွြန္းရာက်သြားမည္ ျဖစ္သည္။ ျပ႒ဌာန္းျပီးေသာ ဥပေဒ ပုဒ္မမ်ားျကားတြင္ ေနာက္ထပ္ ပုဒ္မ တစ္ခုခု ျကားထိုး ျဖည့္စြက္လိုေသာအခါ မူလ ပုဒ္မ ေနာက္တြင္ ‘မ်ဉ္းတို (-)’ ထည့္ေရးျခင္းျဖင့္ ေနာက္ထပ္ ပုဒ္မ တစ္ခု ျဖစ္ေျကာင္း သံုးနႈန္းတတ္ပံု ဥပေဒအသံုးျဖစ္သည္ကို သတိျပုရန္ ျဖစ္သည္။

ကိန္းဂဏန္းမ်ားနွင့္ ဝိုက္ကြင္း

ကိန္းဂဏန္းမ်ားကို ေရးသည့္အခါ ဥပေဒအသံုးပင္ ျဖစ္ေစ၊ ရိုးရိုးအသံုးပင္ ျဖစ္ေစ ‘ဝိုက္ကြင္း(    )’ သံုးရမည့္ေနရာနွင့္ မသံုးရမည့္ေနရာ ဟူ၍ ခြဲျခားသတ္မွတ္ထားသည္။ အရွိအေရအတြက္ကို ေဖာ္ျပလွ်င္ မသံုးဘဲ တစ္ခုတည္းကို ရည္ညွြန္းလွ်င္ ဝိုက္ကြင္းကို သံုးရေျကာင္း သတိျပုရသင့္သည္။

ဖြဲ့စည္းပံုအေျခခံဥပေဒ ပုဒ္မ ၅၉ ကို ျပန္ေလ့လျကည့္မည္ဆိုလွ်င္ ‘အသက္ ၄၅ နွစ္ ျပည့္ျပီးသူ’၊ ‘အနွစ္ ၂၀ နုင္ငံေတာ္တြင္’ ဆိုသည့္ အသံုမ်ား၌ ဝိုက္ကြင္းမသံုးေျကာင္း ေတြ့နိုင္သည္။ အသက္ အေရအတြက္ ၄၅ ခု(နွစ္)၊ နွစ္အေရအတြက္ အခု (အနွစ္)၂၀ စသည္ျဖင့္ အေရအတြက္ကို ေဖာ္ျပေသာေျကာင့္ပင္ ျဖစ္သည္။ ထို့ေျကာင့္ ‘အသက္ (၄၅)နွစ္ ျပည့္ျပီးသူ’၊ ‘အနွစ္(၂၀) နိုင္ငံေတာ္တြင္’ စသည္ျဖင့္ ကိန္းဂဏန္းကို ဝိုက္ကြင္း သံုးလွ်င္ ေရးထံုးစည္းမ်ဉ္းအရ မွားယြင္းေပမည္။

တစ္ခုတည္းကို ရည္ညွြန္းျပီး သံုးလွ်င္ ဝိုက္ကြင္းသံုးပံု နမူနာတစ္ခု ေဖာ္ျပရလွ်င္ ‘အခန္း(၃)’ ျဖစ္သည္။ ဤသို့ည ဝိုက္ကြင္းျဖင့္ ေဖာ္ျပျခင္း၏ အဓိပၸာယ္မွာ အေရအတြက္ ၃ ခုဟု ရည္ညွြန္းျခင္း မဟုတ္ဘဲ ‘အခန္း(၃)’ ဟု အမည္ေပးထားသည့္ အဆိုပါ အခန္းစဉ္ တစ္ခုတည္းကို ဆိုလိုေပသည္။ ဝိုက္ကြင္း သံုးပံု နာက္ထပ္ နမူနာ တစ္ခု ေဖာ္ျပပါမည္။

–         ဘာသာရပ္ အားလံုးတြင္ အဆင့္(၄) ရသူမ်ားသာ ေလွ်ာက္ထားနိုင္သည္။

–         သူသည္ အမွတ္ (၃) အေျခခံပညာ အထက္တန္းေက်ာင္းတြင္ တက္ေနသည္။

–         ဤအေျကာင္းကို စာပိုဒ္ အမွတ္(၅)တြင္ ေဖာ္ျပထားသည္။

ယခု ေဖာ္ျပပါနမူနာမ်ား၌ ေလးခု၊ သံုးခု၊ ငါးခု စသည္ျဖင့္ အေရအတြက္ကို ေဖာ္ျပျခင္း မဟုတ္ဘဲ ‘အဆင့္(၄)’ ဆိုသည့္ တစ္ဆင့္တည္း၊ ‘အမွတ္(၃)’ ဆိုသည့္ တစ္ေက်ာင္းတည္း၊ ‘စာပိုဒ္ အမွတ္ (၅)’ ဆိုသည့္ စာတစ္ပိုဒ္ တည္းတို့ကို ရည္ညွြန္းျခင္းျဖစ္ေသာေျကာင့္ ဝိုက္ကြင္းျဖင့္ ေဖာ္ျပျခင္း ျဖစ္သည္။

ဤသည္တို့မွာ ဥပေဒအသံုးနွင့္ ဆက္စပ္ရာရာ ျမန္မာစာ ေရးထံုး စည္းမ်ဉ္း သတ္မွတ္ခ်က္တခ်ို့ကို ထင္သာျမင္သာေစရန္ အက်ဉ္းမွ် ေဆြးေနြးတင္ျပျခင္း ျဖစ္သည္။