• Today is: Monday, January 18, 2021

ဗမာလူမျိုးကြီး ဝါဒနဲ့  မျက်မှောက် ဖက်ဒရယ်တည်ဆောက်ရေး ကြိုးပမ်းမှု ပဋိပက္ခ (ယခင်လမှအဆက်)

Federal Journal
November14/ 2020

ယခင်လမှအဆက်

Unicode

ဗမာလူမျိုးကြီး ဝါဒနဲ့  မျက်မှောက် ဖက်ဒရယ်တည်ဆောက်ရေး ကြိုးပမ်းမှု ပဋိပက္ခ

 

တိုင်းရင်းသားတွေ ဘာလိုချင်တာလဲ

တိုင်းရင်းသားတွေလိုချင်နေတဲ့ ဖယ်ဒရယ်စနစ်အကြောင်းမပြောခင် ဖယ်ဒရယ်စနစ် ထူထောင်ဖို့ သဘောတူ လက်ခံထားတဲ့ ဗမာတွေရဲ့ အခြေခံနားလည်မှုနဲ့ မျှော်မှန်းချက်ကို အရင် သုံးသပ် တင်ပြချင်ပါတယ်။ ဒီကနေ့ ဖက်ဒရယ်လိုချင်တဲ့ ဗမာတွေ၊ တိုင်းပြည်ကို ဖက်ဒရယ် စနစ်နဲ့ ပြန်လည်ထူထောင်ရေး ကို လက်ခံကြတဲ့ ဗမာတွေကို လေ့လာကြည့်ရင် ၎င်းတို့အနေနဲ့ ဖက်ဒရယ်စနစ်ကို လိုလားကြရခြင်း အကြောင်းရင်းခံ ၂ ခုရှိပါတယ်။ ပထမတစ်ခုက အမေရိကန် ဖက်ဒရယ် ပြည်ထောင်စုစနစ်လိုမျိုး ကိုယ့်တိုင်း ကိုယ့်ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကို တစ်သီးတခြားစီထားရှိပြီး ဒေသတွင်း အရေးအရာများကို ပိုမိုအနုစိတ် စီမံ တုံ့ပြန်နိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အုပ်ချုပ် ရေး ပုံစံကို စိတ်ကူးယဉ်ကြခြင်းဖြစ်ပါတယ်။ ဒုတိယ တစ်ခုကတော့ တိုင်းရင်းသားတွေအများစုက လိုလား နေတဲ့ အတွက် ဖက်ဒရယ်စနစ်ကို အငြင်းမပွားဘဲ တိုင်းရင်းသားတွေဆန္ဒအရ ခွင့်ပြုပေးလိုတာပဲဖြစ်ပါ တယ်။ တိုင်းရင်းသားတွေ ဘက်ကတော့ ရှင်းပါတယ်။ မြေပြန့်က ဗမာနယ်တွေကို တစ်စုတည်းထားပြီး ပြည်နယ်တစ်ခုအနေနဲ့ သတ်မှတ်ကာ ကျန်တိုင်းရင်း သားတွေရဲ့ ပြည်နယ် ၇ ခုနဲ့ တန်းတူ ပြည်နယ်ကြီး ၈ ခုနဲ့ တိုင်းပြည်ကို ပြန်လည်ဖွဲ့စည်းချင်တာဖြစ်ပါတယ်။ ဒီအယူအဆဟာ တိုင်းရင်းသားတွေအနေနဲ့ ဗမာပြည် ကနေ ခွဲထွက်ရေးလို့ မဆိုသာသော်လည်း ဗမာပြည်နဲ့ ခွဲထားရေးလို့တော့ ယူဆထားနိုင် ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုဆိုတာကို ဘယ်လိုနားလည်ခံစားကြမလဲ ဆိုတာ အရေးကြီးလာပါတယ်။

ဒီကနေ့ မျက်မှောက်နိုင်ငံရေးလောကထဲမှာ ဆွေးနွေး ငြင်းခုန်နေကြတဲ့ သဘောထားဆန္ဒတွေကို ဝေဖန်ဆန်းစစ်ကြည့်မယ်ဆိုရင် ပြည်ထောင်စုဆိုတာ ကို မတူကွဲပြားစွာ လက်ခံထားကြတာကို ပုံစံ ၂ မျိုးနဲ့ တွေ့နိုင်ပါတယ်။ တိုင်းရင်းသားတွေ နားလည်ထားတဲ့ ပြည်ထောင်စုဆိုတာကတော့ အချုပ်အခြာအာဏာပိုင် ပြည်နယ်များက နိုင်ငံအမည်နာမတစ်ခုအောက်မှာ အတူရပ်တည်ရင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက် ရေး အပြန်အလှန် ကူးလူး ဆက်ဆံရေးဆိုင်ရာ ထားရှိ တဲ့ သဘောတူညီချက်သာဖြစ်ပါတယ်။ လူများစုဖြစ်တဲ့ ဗမာတွေ နားလည်လက်ခံထားတဲ့ ပြည်ထောင်စု ဆိုတာကတော့ ဗမာအများစုနေထိုင်ရာနဲ့ အစိုးရရုံး စိုက်ရာ ဒေသကို ဗဟိုပြုရင်း တိုင်းရင်းသားနိုင်ငံရေး အားကောင်းရာ ပြည်နယ်တွေဒေသတွေကို စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာကို ခွဲဝေပေးထားခြင်း ဖြစ်ပါတယ်။ အခုလို ပြည်ထောင်စု (ဖယ်ဒရယ်စနစ်) ကို မတူညီ ကွဲပြားစွာ နားလည် လက်ခံထားကြခြင်းကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် သီးခြား ပြည်နယ် အချုပ်အခြာ အာဏာလိုချင်တဲ့ ဘက်နဲ့ အချုပ်အခြာ အာဏာတော့မရဘူး လုပ်ပိုင်ခွင့် စီရင်ပိုင်ခွင့် အာဏာ လောက်တော့ရမယ်ဆိုတဲ့ ဘက်နှစ်ဖက် ကွဲသွားတာ ကို တွေ့ရပါတယ်။

ဒီထက်ပိုပြီး ဒီ အယူအဆနှစ်ခုကို လေ့လာ သုံးသပ်ကြည့်မယ်ဆိုရင် ၁၉၄၇ ပင်လုံ စာချုပ် ကာလ အခြေပြု အယူအဆနဲ့ မျက်မှောက်ကာလ ဖြစ်တည်မှု အခြေပြု အယူအဆနှစ်ခု ကွဲပြား သွားတယ်လို့ ပြော နိုင်ပါတယ်။ ဒီကနေ့ NLD အစိုးရ လက်ထက်မှာ ဆောင်ရွက်နေတဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ထဲကနေ တိုင်းရင်းသား အင်အားစုတွေအနေနဲ့ အားလုံးပေါင်းစည်းပြီး ပြည်နယ်တစ်ခုချင်းစီရဲ့ အချုပ် အခြာကို အာမခံသော ဖယ်ဒရယ် ပြည်ထောင်စုစနစ်ကို ဗမာနိုင်ငံရေးခေါင်းဆောင်တွေ လက်ခံလာဖို့ နိုင်ငံရေး နည်းနဲ့ ကြိုးစားနေကြပါတယ်။ ဗမာနိုင်ငံရေးအင်အားစု တွေဟာ အာဏာနိုင်ငံရေးအရ အချင်းချင်း မညီညွတ် ကြသော်လည်း ဖယ်ဒရယ် တည်ဆောက်ရေး အမြင်မှာ တော့ လက်ရှိတည်ရှိပြီး နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ နောက်ဆုံး ဖြစ်တည်မှုကိုသာ အခြေခံပြီး စဉ်းစားလို ကြတဲ့ သဘောထားချင်း တူညီနေကြတာကို တွေ့ကြ ရပါတယ်။ ဒါဟာ တိုင်းရင်းသားအင်အားစုတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်ထောင်စု စိတ်ဓာတ်နဲ့ နားလည်မှု အပေါ် ကွဲလွဲနေတဲ့ အယူအဆကြားမှာ အဖြေထုတ် နိုင်ဖို့ လက်ရှိ အယူအဆတွေကနေ ခွဲထွက်တွေးခေါ် ဆင်ခြင်မှုတစ်ခုဆီကို လမ်းပြပေးချင်ပါတယ်။ အဲဒါက တော့ ပြည်ထောင်စုဆိုတာ ကိုယ့်ပြည်နယ် အကျိုး စီးပွားအတွက် ပြည်နယ်တွေ အားလုံး သဘောတူ ပေါင်းစည်းရေးဆိုတဲ့ အဓိပ္ပာယ်အစား ပြည်နယ် အားလုံးရဲ့ အကျိုးစီးပွားအတွက် ပေါင်းစည်း ရပ်တည် ရေးဆိုတဲ့ အခြေခံတွေးခေါ်မှုနဲ့ ကိုယ်တိုင်ပါဝင်တဲ့ ပြည်ထောင်စုတစ်ခုလို့ ပြောင်းလဲ တွေးခေါ်ကြည့်စေ ချင်ပါတယ်။ ပြည်ထောင်စုကြီးမှာလည်း ကိုယ်တိုင် ပါဝင်တယ်ဆိုတဲ့ အခြေခံ ခံစားနားလည်မှုနဲ့ ပြည် ထောင်စုကြီးတစ်ခုလုံးအတွက်ပါ တစ်ပါတည်း မစဉ်း စားဘဲ ပြည်ထောင်စုဆိုတာ ဗဟိုအစိုးရကို ခေါ်တာ ဖြစ်ပြီး ဗဟို အစိုးရကို ဗမာက ပိုင်တာဆိုတဲ့ အမြင် တွေအပေါ်မှာ အခြေခံပြီး စဉ်းစားကြမယ်ဆိုရင် တောင်းဆိုဆွေးနွေးမှုတွေဟာလည်း ခွဲထွက်ရေး ဆန်နေဦးမှာပဲဖြစ်ပါတယ်။ မတူညီ ကွဲပြားတဲ့ လူမျိုးစု ငယ်များစွာ ပေါင်းစည်းနေထိုင်နေကြတဲ့ ကိုယ့်ပြည် နယ်ကို ပြည်ထောင်စုတစ်ခုလို့ စဉ်းစားကြည့်လိုက် မယ်ဆိုရင် ဒီ သဘောတရားကို နားလည်နိုင်မယ်လို့ ယူဆပါတယ် ။ အဓိက မီးမောင်းထိုးပြချင်တာကတော့ ဗမာဇာတ်စီးတဲ့ ပင်မ နိုင်ငံရေး ယဉ်ကျေးမှုကို ဘယ်လို ပြောင်းလဲအောင် လုပ်မလဲ၊ ဗဟို အစိုးရ (နောင်မှာ) ပြည်ထောင်စုအစိုးရဆိုတာကို ဖယ်ဒရယ် ပြည်နယ် တွေအနေနဲ့ ချိန်ညှိ ထိန်းကျောင်းနိုင်တဲ့ အခွင့်အာဏာ ကို ဘယ်လိုဖန်တီးယူမလဲဆိုတာ ဟာပိုပြီးလက်တွေ့ ကျသလို သီးခြားပြည်နယ် အခွင့်အာဏာရယူလိုတဲ့ ချဉ်းကပ်မှုထက်ပိုပြီး နိုင်ငံပြုမှုဆန်ပြီး မိမိ တိုင်းရင်း သားလူမျိုးစုတင်မက အခြားတိုင်းရင်းသားလူမျိုးစုများ အပြင် ဗမာတိုင်းရင်းသားတွေပါ စိတ်ဝင်စားလာနိုင်တဲ့ ချဉ်းကပ်မှုလို့မြင်ပါတယ်။

 

တိုင်းရင်းသားတွေအနေနဲ့ ဖယ်ဒရယ်အရေး အောင်မြင်အောင် ဘယ်လိုချဉ်းကပ်မလဲ

တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်ပြည်နယ်ကိုယ် လွတ်လပ်ရေး ဆုံးရှုံးနေတဲ့ နိုင်ငံတစ်ခုလို စဉ်းစား နေမယ့်အစား ပြည်နယ်အားလုံး သဟဇာတ မျှတစွာ ပေါင်းစည်း တည်ထောင်ရေးအမြင်နဲ့ နိုင်ငံပြု ချဉ်းကပ် မှုမျိုးကို ရည်ရွယ်ကြဖို့လိုတယ်လို့ မြင်ပါတယ်။ ကိုယ့် ပြည်နယ် ရပိုင်ခွင့် အခွင့်အရေးနဲ့ ကိုယ့်ပြည်နယ် လိုအပ်ချက်တွေကို တစ်ဖက်က စွဲကိုင်တောင်းဆိုသလို အခြားသောပြည်နယ်များရဲ့ အရေး၊ လူနည်းစု လူမျိုးစု ငယ်များရဲ့ အရေးတွေကိုပါ ထည့်သွင်းစဉ်းစားပြီး ပြည်ထောင်စု တစ်ခုလုံးရဲ့ အကျိုးစီးပွား ကိုလွှမ်းခြုံတဲ့ စဉ်းစားတွေးခေါ်မှုတွေနဲ့ မိမိတို့ရဲ့ ဖယ်ဒရယ် ပြည်ထောင်စု အယူအဆကို ချဉ်းကပ်ကြည့်မယ်ဆိုရင် မိမိ တို့ အယူအဆနောက်မှာ တိုင်းရင်းသား လူမျိုးစု အားလုံးနဲ့အတူ ဗမာ ပြည်သူတွေ နိုင်ငံရေး သမားတွေ လည်း နားလည်ရပ်တည်လာကြလိမ့်မယ်လို့ ယုံကြည် ပါတယ်။ အခု လက်ရှိ အခြေအနေမှာတော့ ဖယ်ဒရယ် ပြည်ထောင်စုဆိုင်ရာ အရေးဆိုမှုတွေဟာ လူမျိုးစွဲ ဒေသစွဲတွေကို အခြေခံတယ်လို့ အများက နားလည် မိကြသလို ဒီစေ့ဆော်မှု ဂယက်က တိုင်းရင်းသား လူမျိုးများ အားလုံးအနေနဲ့လည်း ကိုယ့်အတွက် ကိုယ် သာ အဓိက စဉ်းစားရမယ်ဆိုတဲ့ တွေးခေါ်မှုကို ဖြစ် စေသကဲ့သို့ လူများစုဖြစ်တဲ့ ဗမာများအတွက်လည်း ကိုယ့်အတွက်ကိုယ်စဉ်းစားရမယ်ဆိုတဲ့ ဗမာ လူမျိုး ကြီဝါဒဘက်ကို မသိမသာ ဦးတည်မိစေပါတယ်။ ရေရှည်မှာ ဒီ နားလည်မှု အရှုပ်အထွေးကို မရှင်းဘဲ ကိုယ်သန်ရာကိုယ် ဦးစိုက် ချဉ်းကပ်နေကြမယ်ဆိုရင် တော့ ကျန်တိုင်းရင်းသား လူမျိုးစုငယ်များ အနေနဲ့ လည်း ရတဲ့နည်းလမ်းနဲ့ ကိုယ်ပိုင် နယ်မြေတည်ဆောက် ရေး၊ ကိုယ်တိုင် ဖွဲ့စည်း အုပ်ချုပ်ရေးကို ဖော်ဆောင် လာကြနိုင်သလို၊ ဒီမိုကရေစီရေးမှာ ဆန့်ကျင် အားပြိုင် နေကြတဲ့ ဗမာအင်အားစုတွေဟာလည်း ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့ ဘုံညီညွတ်မှု ကိုရှာတွေ့သွားပြီး စစ်မှန်တဲ့ ပြည်ထောင်စုဆိုတာကို ပုံဖော်ဖို့ မျှော်လင့် ချက်ဟာလည်း ဝေးသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ အားနာနာနဲ့ပဲ ထပ်မံ အထူးပြုထောက်ပြချင်တဲ့ အချက်ရှိပါတယ်။ အဲဒါကတော့ ပြည်နယ်များအနေနဲ့ သီးခြားအချုပ်အခြာ အာဏာပိုင် နိုင်ငံငယ် ထူထောင် ရေး ဆန္ဒများရှိခဲ့ရင် သတိပြုဆင်ခြင်နိုင်ဖို့ဖြစ်ပါတယ်။ သီးခြား လွတ်လပ်တဲ့ နိုင်ငံငယ်တစ်ခုအဖြစ် ရပ်တည် လိုတဲ့ ဆန္ဒရှိနိုင်ပါတယ်၊ သို့သော်လည်း ဆန္ဒရှိရုံနဲ့ မဖြစ်နိုင်ပဲ နိုင်ငံတစ်ခုအဖြစ်ရပ်တည်ဖို့ မရှိမဖြစ် လိုအပ်တဲ့ လိုအပ်ချက် ၅ ချက်ကို အစပိုင်းမှာဖော်ပြခဲ့ ပြီး ဖြစ်သော်လည်း ဒီနေရာမှာ ထပ်ပြီး ဖေါ်ပြလိုပါ တယ်။ အဲဒါကတော့-

(၁)       တိကျတဲ့ နိုင်ငံ နယ်နိမိတ်

(၂)       နိုင်ငံတည်ရှိမှုကို ယုံကြည်ပြီး နိုင်ငံရဲ့ အကျိုး စီးပွားကို လိုလားသော နိုင်ငံသား

(၃)       နိုင်ငံတည်ရှိမှုကို အသိမှတ်ပြုလိုလားသော အိမ်နီးချင်းကောင်းနှင့် မိတ်ဖက်နိုင်ငံ

(၄)       ခိုင်မာတောင့်တင်းတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စနစ်

(၅)       နိုင်ငံရဲ့ အချုပ်အခြာကို ထိန်းသိမ်းနိုင်တဲ့ စစ်အင် အားဆိုတာပဲဖြစ်ပါတယ်။

ဒီအချက်တွေ မပြည့်စုံနိုင်ရင် ပြည့်စုံ အောင် လုပ်ဆောင်ဖို့ မလွယ်ကူရင်တော့ တစ်ထစ်လျှော့ချ စဉ်းစားရပါလိမ့်မယ်။ တစ်ခါတလေ မျှော်မှန်းချက်တွေ ကပဲ အခွင့်အလမ်းကောင်းတွေကို ဖယ်ရှားပစ်လိုက် တတ်ပါတယ်။ ဒါကြောင့် အထက်ပါ အချက် ၅ ချက် မပြည့်စုံရင် သီးခြား အချုပ်အခြာ အာဏာပိုင် ပုံစံ ကနေ ဖယ်ခွာပြီး ပုံစံသစ်ကိုရှာဖွေဖို့လိုပါတယ်။ ဒီနေရာမှာတော့ ဗမာ အပါအဝင်အားလုံးကို စည်းရုံး သိမ်းသွင်းနိုင်မယ့် ဖယ်ဒရယ် ပြည်ထောင်စု ပုံစံသစ် တစ်ခုကို ရှာဖွေကြည့်စေချင်ပါတယ်။

နိဂုံးချုပ် အနေနဲ့ပြောချင်တာကတော့ အခု လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ လွတ်လပ်ပြီးစ မြန်မာနိုင်ငံရဲ့ ပါလီမန် ဒီမိုကရေစီခေတ် နောက်ဆုံး နေဝင်ချိန်ကာလ ၁၉၆၂ ခုနှစ် အာဏာ မသိမ်းခင် အခြေအနေနဲ့ လွန်စွာ တူညီနေတယ်ဆိုတာပဲ ဖြစ်ပါ တယ်။ သမိုင်းဘီး တစ်ပတ်လည်ပြီလို့ပြောရမလိုပါပဲ၊ အရပ်သား အစိုးရအာဏာရပြီးနောက်ပိုင်း ပါတီစုံ နိုင်ငံရေးအခြေအနေကလည်း ပါတီချင်း အားပြိုင်မှု တွေ အားကောင်းလာနေသလို ဘာသာရေး ပဋိပက္ခ ဖန်တီးမှုတွေ၊ လူမျိုးရေး ပဋိပက္ခကို ဦးတည် စေ့ဆော်မှု တွေက နိုင်ငံရေး မတည်ငြိမ်မှုကို ဖန်တီးဖို့ အမြဲလို အခွင့်ကောင်းကို ချောင်းမြောင်းနေသလို အခြေအနေ မျိုးမှာ ရှိနေပါတယ်။ လက်ရှိ နိုင်ငံရေးစနစ်တည်ငြိမ် မှုဟာလည်း အာမခံနိုင်တဲ့ အနေအထားမျိုး မရောက် နိုင်သေးဘဲ အရပ်ဘက်နိုင်ငံရေး အင်အားစုတွေက အခြေခံ ဥပဒေပြင်ဆင်ရေးကို အမြဲလို ဖိအားပေးနေပြီး တိုင်းရင်းသားနိုင်ငံရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဘက်ကလည်း ဖယ်ဒရယ်အရေးကို ပိုမို အသံကျယ်ကျယ်ပေးလာနေတဲ့အတွက် တစ်ဖက် မှာ တိုင်းပြည် မပြိုကွဲရေးဆိုတဲ့ နိုင်ငံရေး အကြောင်း ပြချက်တစ်ခုကို လမ်းခင်းပေးနေသလိုလည်း ဖြစ်လာ နေပါတယ်။ ၁၉၆၂ ခုနှစ်တုန်းကလို တပ်မတော်က အာဏာသိမ်းယူတဲ့ အဆုံးသတ်မျိုးဖြစ်ဖို့အထိ လတ် တလော အကြောင်းမမြင်ရသေးပေမယ့် အခြေခံ ဥပဒေက ပေးထားတဲ့ အခွင့်ထူးကို အသုံးပြုပြီး တစ်သင်းတစ်ဖွဲ့ အာဏာပိုင်ဝါဒကို ပြန်လည်အသံပြု လာတာကိုတွေ့ရတဲ့အတွက် လတ်တလောရရှိထားတဲ့ ရွေးကောက်ပွဲ အခြေပြု ပြည်သူ ကိုယ်စားပြုမှုနိုင်ငံရေး စနစ်ဟာ အကန့်အသတ်တစ်ခုအောက်မှာ သင်းကွပ် ခံရပြီး တင်းပြည့်ကျပ်ပြည့် ပြည်သူ ကိုယ်စားပြုနိုင်ငံ ရေးစနစ်ကို တိုးတက်ပြောင်းလဲဖို့ မသေချာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။ ဒါကြောင့် ကိုလိုနီ နိုင်ငံဘဝကနေ လွတ်မြောက်ပြီး နောက် မအောင်မြင်နိုင်သေးသော တိုင်းရင်းသား ပေါင်းစုံ သာတူညီမျှ အေးချမ်းသာယာစွာ စုစည်း နေထိုင်ကြတဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင် နိုင်ရေးကို ဒီတစ်ကြိမ် အခွင့်အရေးရစဉ်မှာလည်း အလဟဿ မဖြစ်အောင် သတိကြီးကြီး၊ အမြော်အမြင် ရှိရှိနဲ့ မျက်ခြည်မပြတ် ကြိုးစားကြဖို့ တိုက်တွန်းလို ပါတယ်။ ဖယ်ဒရယ်အရေးဟာ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားသက်သက်ဖြစ်တာကြောင့် တိုင်းရင်း သားတွေချည်း တစ်ဘက်မှာ အင်အားစုပြီးရပ်တည် မယ်၊ ဗမာတွေကို မစည်းရုံးဘဲ တစ်ဘက် ယှဉ်ပြိုင် ဘက်လို တဖက်ကိုတွန်းပို့ဖို့ ဗမာလူမျိုးကြီးဝါဒကို လက်ညှိုးထိုးပြီး ကိုယ့်တိုင်းရင်းသားလူမျိုးစု ညီညွတ် ရေးကို အားကောင်းအောင် တည်ဆောက်ယူဖို့ ကြိုး စားရင်တော့ ဖယ်ဒရယ်တည်ဆောက်ရေးဟာ ပန်းတိုင်နဲ့ လွဲချော်ပြီး လမ်းမှားကို ဦးတည်မိနေပြီလို့ သတိပေးချင်ပါတယ်။ တစ်ဖက်မှာ ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေ၊ ဖြစ်လွယ် ပျက်လွယ်တဲ့ အခွင့်အလမ်း တွေကို သတိမူရင်း တစ်ဖက်က အနာဂတ် မျှော်လင့် ချက်တွေကို တည်ဆောက်ရာမှာလည်း ကျွန်တော်တို့ အားလုံးရဲ့ စိတ်မှာ စိုးမိုးနေခဲ့တဲ့ အတိတ်သမိုင်း ကြောင်းတွေ၊ သတိတရရှိနေတဲ့ နိုင်ငံရေးဆိုင်ရာ အဖြစ်အပျက်တွေကို အနာဂတ် မျိုးဆက်များရဲ့ သာယာလှပပြီး လိုချင်စဖွယ်ဖြစ်တဲ့ မျှော်လင့်ချက် အဖြစ် တည်ဆောက်ဖို့အတွက်သာ အကျိုးရှိရှိ အသုံးချနိုင်ရမှာဖြစ်ပါတယ်။ ဗမာ ဗဒေသရာဇ် ခေတ်၊ အင်္ဂလိပ်ကိုလိုနီခေတ်တွေရဲ့ ပြောင်းလဲခဲ့တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးသမိုင်းဖြစ်စဉ်တွေဟာ ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်တွေသာဖြစ်တယ်၊ အဲဒီ အကျိုးဆက်တွေကို ရှင်းရှင်းလင်းလင်း ရင်ဆိုင်ဖို့လိုတယ်၊ ဒီလိုပဲ တော် လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နဝတ ခေတ် နိုင်ငံရေး ဖြစ်စဉ်တွေဟာလည်း နိုင်ငံရေးအုပ်ချုပ်ရေး ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအဖြစ် ရှုမြင်ရမှာ ကိုလည်း ငြင်းပယ်လို့ မရဘူးဆိုတာ ဒီကနေ့ ‘ဝ’ဒေသရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေက သက်သေပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးလိုလားတောင့်တတဲ့ ဖယ် ဒရယ် ပြည်ထောင်စု စနစ်နဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု အဖြစ် တည်ဆောက်ကြရာမှာ ပန်းတိုင်ကို မျက်ခြေ မပြတ်သလို လမ်းခရီးအန္တရာယ်ကိုလည်း ကြည့်မြင် တတ်ဖို့ လိုပါတယ်။ နောက်ဆုံး နိဂုံးအနေနဲ့ သတိပေး တိုက်တွန်းချင်တာကတော့ အောင်မြင်နေပြီဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံကြီးတွေကို အားကျပြီး အဲဒီနိုင်ငံတွေက ဖက်ဒရယ်စနစ်မျိုးကို ရည်သန်နေတဲ့ ဗမာတွေနဲ့ အယူအဆချင်း ပေါင်းစပ်ပြီး အားလုံးနဲ့ သဟဇာတဖြစ်သော ရည်မှန်းချက်အဖြစ် အားလုံးက သဘောထားနိုင်သော မြန်မာ့ဖက်ဒရယ် ဝိသေသ လက္ခဏာ တစ်ရပ်ကို ရှာဖွေကြဖို့သာ အဓိက လိုအပ် ချက်ဖြစ်ကြောင်း သတိပေး တိုက်တွန်းလိုက်ရပါတယ်။

သီဟသွေး

Zawgyi

ယခင္လမွအဆက္

 

ဗမာလူမ်ိဳးႀကီး ဝါဒနဲ႔  မ်က္ေမွာက္ ဖက္ဒရယ္တည္ေဆာက္ေရး ႀကိဳးပမ္းမႈ ပဋိပကၡ

 

တိုင္းရင္းသားေတြ ဘာလိုခ်င္တာလဲ

တိုင္းရင္းသားေတြလိုခ်င္ေနတဲ့ ဖယ္ဒရယ္စနစ္အေၾကာင္းမေျပာခင္ ဖယ္ဒရယ္စနစ္ ထူေထာင္ဖို႔ သေဘာတူ လက္ခံထားတဲ့ ဗမာေတြရဲ႕ အေျခခံနားလည္မႈနဲ႔ ေမွ်ာ္မွန္းခ်က္ကို အရင္ သံုးသပ္ တင္ျပခ်င္ပါတယ္။ ဒီကေန႕ ဖက္ဒရယ္လိုခ်င္တဲ့ ဗမာေတြ၊ တိုင္းျပည္ကို ဖက္ဒရယ္ စနစ္နဲ႔ ျပန္လည္ထူေထာင္ေရး ကို လက္ခံၾကတဲ့ ဗမာေတြကို ေလ့လာၾကည့္ရင္ ၎တို႔အေနနဲ႕ ဖက္ဒရယ္စနစ္ကို လိုလားၾကရျခင္း အေၾကာင္းရင္းခံ ၂ ခုရွိပါတယ္။ ပထမတစ္ခုက အေမရိကန္ ဖက္ဒရယ္ ျပည္ေထာင္စုစနစ္လိုမ်ိဳး ကိုယ့္တိုင္း ကိုယ့္ျပည္နယ္ရဲ႕ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရးကို တစ္သီးတျခားစီထားရွိၿပီး ေဒသတြင္း အေရးအရာမ်ားကို ပိုမိုအႏုစိတ္ စီမံ တံု႔ျပန္ႏိုင္တဲ့ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး အုပ္ခ်ဳပ္ ေရး ပံုစံကို စိတ္ကူးယဥ္ၾကျခင္းျဖစ္ပါတယ္။ ဒုတိယ တစ္ခုကေတာ့ တိုင္းရင္းသားေတြအမ်ားစုက လိုလား ေနတဲ့ အတြက္ ဖက္ဒရယ္စနစ္ကို အျငင္းမပြားဘဲ တိုင္းရင္းသားေတြဆႏၵအရ ခြင့္ျပဳေပးလိုတာပဲျဖစ္ပါ တယ္။ တိုင္းရင္းသားေတြ ဘက္ကေတာ့ ရွင္းပါတယ္။ ေျမျပန္႔က ဗမာနယ္ေတြကို တစ္စုတည္းထားၿပီး ျပည္နယ္တစ္ခုအေနနဲ႔ သတ္မွတ္ကာ က်န္တိုင္းရင္း သားေတြရဲ႕ ျပည္နယ္ ၇ ခုနဲ႔ တန္းတူ ျပည္နယ္ႀကီး ၈ ခုနဲ႔ တိုင္းျပည္ကို ျပန္လည္ဖြဲ႕စည္းခ်င္တာျဖစ္ပါတယ္။ ဒီအယူအဆဟာ တိုင္းရင္းသားေတြအေနနဲ႔ ဗမာျပည္ ကေန ခြဲထြက္ေရးလို႔ မဆိုသာေသာ္လည္း ဗမာျပည္နဲ႔ ခြဲထားေရးလို႔ေတာ့ ယူဆထားႏိုင္ ပါတယ္။ ဒီေနရာမွာ ျပည္ေထာင္စုဆိုတာကို ဘယ္လိုနားလည္ခံစားၾကမလဲ ဆိုတာ အေရးႀကီးလာပါတယ္။

ဒီကေန႔ မ်က္ေမွာက္ႏိုင္ငံေရးေလာကထဲမွာ ေဆြးေႏြး ျငင္းခုန္ေနၾကတဲ့ သေဘာထားဆႏၵေတြကို ေဝဖန္ဆန္းစစ္ၾကည့္မယ္ဆိုရင္ ျပည္ေထာင္စုဆိုတာ ကို မတူကြဲျပားစြာ လက္ခံထားၾကတာကို ပံုစံ ၂ မ်ိဳးနဲ႔ ေတြ႕ႏိုင္ပါတယ္။ တိုင္းရင္းသားေတြ နားလည္ထားတဲ့ ျပည္ေထာင္စုဆိုတာကေတာ့ အခ်ဳပ္အျခာအာဏာပိုင္ ျပည္နယ္မ်ားက ႏိုင္ငံအမည္နာမတစ္ခုေအာက္မွာ အတူရပ္တည္ရင္း အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္ ေရး အျပန္အလွန္ ကူးလူး ဆက္ဆံေရးဆိုင္ရာ ထားရွိ တဲ့ သေဘာတူညီခ်က္သာျဖစ္ပါတယ္။ လူမ်ားစုျဖစ္တဲ့ ဗမာေတြ နားလည္လက္ခံထားတဲ့ ျပည္ေထာင္စု ဆိုတာကေတာ့ ဗမာအမ်ားစုေနထိုင္ရာနဲ႔ အစိုးရ႐ံုး စိုက္ရာ ေဒသကို ဗဟိုျပဳရင္း တိုင္းရင္းသားႏိုင္ငံေရး အားေကာင္းရာ ျပည္နယ္ေတြေဒသေတြကို စီမံခန္႔ခြဲမႈ ဆိုင္ရာ လုပ္ပိုင္ခြင့္ အာဏာကို ခြဲေဝေပးထားျခင္း ျဖစ္ပါတယ္။ အခုလို ျပည္ေထာင္စု (ဖယ္ဒရယ္စနစ္) ကို မတူညီ ကြဲျပားစြာ နားလည္ လက္ခံထားၾကျခင္းကို ခြဲျခမ္းစိတ္ျဖာၾကည့္မယ္ဆိုရင္ သီးျခား ျပည္နယ္ အခ်ဳပ္အျခာ အာဏာလိုခ်င္တဲ့ ဘက္နဲ႔ အခ်ဳပ္အျခာ အာဏာေတာ့မရဘူး လုပ္ပိုင္ခြင့္ စီရင္ပိုင္ခြင့္ အာဏာ ေလာက္ေတာ့ရမယ္ဆိုတဲ့ ဘက္ႏွစ္ဖက္ ကြဲသြားတာ ကို ေတြ႕ရပါတယ္။

ဒီထက္ပိုၿပီး ဒီ အယူအဆႏွစ္ခုကို ေလ့လာ သံုးသပ္ၾကည့္မယ္ဆိုရင္ ၁၉၄၇ ပင္လံု စာခ်ဳပ္ ကာလ အေျချပဳ အယူအဆနဲ႔ မ်က္ေမွာက္ကာလ ျဖစ္တည္မႈ အေျချပဳ အယူအဆႏွစ္ခု ကြဲျပား သြားတယ္လို႔ ေျပာ ႏိုင္ပါတယ္။ ဒီကေန႔ NLD အစိုးရ လက္ထက္မွာ ေဆာင္ရြက္ေနတဲ့ ၂၁ ရာစု ပင္လံု ၿငိမ္းခ်မ္းေရး လုပ္ငန္း စဥ္ထဲကေန တိုင္းရင္းသား အင္အားစုေတြအေနနဲ႔ အားလံုးေပါင္းစည္းၿပီး ျပည္နယ္တစ္ခုခ်င္းစီရဲ႕ အခ်ဳပ္ အျခာကို အာမခံေသာ ဖယ္ဒရယ္ ျပည္ေထာင္စုစနစ္ကို ဗမာႏိုင္ငံေရးေခါင္းေဆာင္ေတြ လက္ခံလာဖို႔ ႏိုင္ငံေရး နည္းနဲ႔ ႀကိဳးစားေနၾကပါတယ္။ ဗမာႏိုင္ငံေရးအင္အားစု ေတြဟာ အာဏာႏိုင္ငံေရးအရ အခ်င္းခ်င္း မညီညြတ္ ၾကေသာ္လည္း ဖယ္ဒရယ္ တည္ေဆာက္ေရး အျမင္မွာ ေတာ့ လက္ရွိတည္ရွိၿပီး ႏိုင္ငံဖြဲ႕စည္းတည္ေဆာက္ပံု ေနာက္ဆံုး ျဖစ္တည္မႈကိုသာ အေျခခံၿပီး စဥ္းစားလို ၾကတဲ့ သေဘာထားခ်င္း တူညီေနၾကတာကို ေတြ႕ၾက ရပါတယ္။ ဒါဟာ တိုင္းရင္းသားအင္အားစုေတြအတြက္ ႀကီးမားတဲ့ စိန္ေခၚမႈပဲ ျဖစ္ပါတယ္။

ဒီေနရာမွာ ျပည္ေထာင္စု စိတ္ဓာတ္နဲ႔ နားလည္မႈ အေပၚ ကြဲလြဲေနတဲ့ အယူအဆၾကားမွာ အေျဖထုတ္ ႏိုင္ဖို႔ လက္ရွိ အယူအဆေတြကေန ခြဲထြက္ေတြးေခၚ ဆင္ျခင္မႈတစ္ခုဆီကို လမ္းျပေပးခ်င္ပါတယ္။ အဲဒါက ေတာ့ ျပည္ေထာင္စုဆိုတာ ကိုယ့္ျပည္နယ္ အက်ိဳး စီးပြားအတြက္ ျပည္နယ္ေတြ အားလံုး သေဘာတူ ေပါင္းစည္းေရးဆိုတဲ့ အဓိပၸာယ္အစား ျပည္နယ္ အားလံုးရဲ႕ အက်ိဳးစီးပြားအတြက္ ေပါင္းစည္း ရပ္တည္ ေရးဆိုတဲ့ အေျခခံေတြးေခၚမႈနဲ႔ ကိုယ္တိုင္ပါဝင္တဲ့ ျပည္ေထာင္စုတစ္ခုလို႔ ေျပာင္းလဲ ေတြးေခၚၾကည့္ေစ ခ်င္ပါတယ္။ ျပည္ေထာင္စုႀကီးမွာလည္း ကိုယ္တိုင္ ပါဝင္တယ္ဆိုတဲ့ အေျခခံ ခံစားနားလည္မႈနဲ႕ ျပည္ ေထာင္စုႀကီးတစ္ခုလံုးအတြက္ပါ တစ္ပါတည္း မစဥ္း စားဘဲ ျပည္ေထာင္စုဆိုတာ ဗဟိုအစိုးရကို ေခၚတာ ျဖစ္ၿပီး ဗဟို အစိုးရကို ဗမာက ပိုင္တာဆိုတဲ့ အျမင္ ေတြအေပၚမွာ အေျခခံၿပီး စဥ္းစားၾကမယ္ဆိုရင္ ေတာင္းဆိုေဆြးေႏြးမႈေတြဟာလည္း ခြဲထြက္ေရး ဆန္ေနဦးမွာပဲျဖစ္ပါတယ္။ မတူညီ ကြဲျပားတဲ့ လူမ်ိဳးစု ငယ္မ်ားစြာ ေပါင္းစည္းေနထိုင္ေနၾကတဲ့ ကိုယ့္ျပည္ နယ္ကို ျပည္ေထာင္စုတစ္ခုလို႔ စဥ္းစားၾကည့္လိုက္ မယ္ဆိုရင္ ဒီ သေဘာတရားကို နားလည္ႏိုင္မယ္လို႔ ယူဆပါတယ္ ။ အဓိက မီးေမာင္းထိုးျပခ်င္တာကေတာ့ ဗမာဇာတ္စီးတဲ့ ပင္မ ႏိုင္ငံေရး ယဥ္ေက်းမႈကို ဘယ္လို ေျပာင္းလဲေအာင္ လုပ္မလဲ၊ ဗဟို အစိုးရ (ေနာင္မွာ) ျပည္ေထာင္စုအစိုးရဆိုတာကို ဖယ္ဒရယ္ ျပည္နယ္ ေတြအေနနဲ႔ ခ်ိန္ညႇိ ထိန္းေက်ာင္းႏိုင္တဲ့ အခြင့္အာဏာ ကို ဘယ္လိုဖန္တီးယူမလဲဆိုတာ ဟာပိုၿပီးလက္ေတြ႕ က်သလို သီးျခားျပည္နယ္ အခြင့္အာဏာရယူလိုတဲ့ ခ်ဥ္းကပ္မႈထက္ပိုၿပီး ႏိုင္ငံျပဳမႈဆန္ၿပီး မိမိ တိုင္းရင္း သားလူမ်ိဳးစုတင္မက အျခားတိုင္းရင္းသားလူမ်ိဳးစုမ်ား အျပင္ ဗမာတိုင္းရင္းသားေတြပါ စိတ္ဝင္စားလာႏိုင္တဲ့ ခ်ဥ္းကပ္မႈလို႔ျမင္ပါတယ္။

 

တိုင္းရင္းသားေတြအေနနဲ႔ ဖယ္ဒရယ္အေရး ေအာင္ျမင္ေအာင္ ဘယ္လိုခ်ဥ္းကပ္မလဲ

တိုင္းရင္းသားေတြအေနနဲ႔ ကိုယ့္ျပည္နယ္ကိုယ္ လြတ္လပ္ေရး ဆံုး႐ံႈးေနတဲ့ ႏိုင္ငံတစ္ခုလို စဥ္းစား ေနမယ့္အစား ျပည္နယ္အားလံုး သဟဇာတ မွ်တစြာ ေပါင္းစည္း တည္ေထာင္ေရးအျမင္နဲ႔ ႏိုင္ငံျပဳ ခ်ဥ္းကပ္ မႈမ်ိဳးကို ရည္ရြယ္ၾကဖို႔လိုတယ္လို႔ ျမင္ပါတယ္။ ကိုယ့္ ျပည္နယ္ ရပိုင္ခြင့္ အခြင့္အေရးနဲ႔ ကိုယ့္ျပည္နယ္ လိုအပ္ခ်က္ေတြကို တစ္ဖက္က စြဲကိုင္ေတာင္းဆိုသလို အျခားေသာျပည္နယ္မ်ားရဲ႕ အေရး၊ လူနည္းစု လူမ်ိဳးစု ငယ္မ်ားရဲ႕ အေရးေတြကိုပါ ထည့္သြင္းစဥ္းစားၿပီး ျပည္ေထာင္စု တစ္ခုလံုးရဲ႕ အက်ိဳးစီးပြား ကိုလႊမ္းျခံဳတဲ့ စဥ္းစားေတြးေခၚမႈေတြနဲ႔ မိမိတို႔ရဲ႕ ဖယ္ဒရယ္ ျပည္ေထာင္စု အယူအဆကို ခ်ဥ္းကပ္ၾကည့္မယ္ဆိုရင္ မိမိ တို႔ အယူအဆေနာက္မွာ တိုင္းရင္းသား လူမ်ိဳးစု အားလံုးနဲ႔အတူ ဗမာ ျပည္သူေတြ ႏိုင္ငံေရး သမားေတြ လည္း နားလည္ရပ္တည္လာၾကလိမ့္မယ္လို႔ ယံုၾကည္ ပါတယ္။ အခု လက္ရွိ အေျခအေနမွာေတာ့ ဖယ္ဒရယ္ ျပည္ေထာင္စုဆိုင္ရာ အေရးဆိုမႈေတြဟာ လူမ်ိဳးစြဲ ေဒသစြဲေတြကို အေျခခံတယ္လို႔ အမ်ားက နားလည္ မိၾကသလို ဒီေစ့ေဆာ္မႈ ဂယက္က တိုင္းရင္းသား လူမ်ိဳးမ်ား အားလံုးအေနနဲ႔လည္း ကိုယ့္အတြက္ ကိုယ္ သာ အဓိက စဥ္းစားရမယ္ဆိုတဲ့ ေတြးေခၚမႈကို ျဖစ္ ေစသကဲ့သို႔ လူမ်ားစုျဖစ္တဲ့ ဗမာမ်ားအတြက္လည္း ကိုယ့္အတြက္ကိုယ္စဥ္းစားရမယ္ဆိုတဲ့ ဗမာ လူမ်ိဳး ႀကီဝါဒဘက္ကို မသိမသာ ဦးတည္မိေစပါတယ္။ ေရရွည္မွာ ဒီ နားလည္မႈ အ႐ႈပ္အေထြးကို မရွင္းဘဲ ကိုယ္သန္ရာကိုယ္ ဦးစိုက္ ခ်ဥ္းကပ္ေနၾကမယ္ဆိုရင္ ေတာ့ က်န္တိုင္းရင္းသား လူမ်ိဳးစုငယ္မ်ား အေနနဲ႔ လည္း ရတဲ့နည္းလမ္းနဲ႔ ကိုယ္ပိုင္ နယ္ေျမတည္ေဆာက္ ေရး၊ ကိုယ္တိုင္ ဖြဲ႕စည္း အုပ္ခ်ဳပ္ေရးကို ေဖာ္ေဆာင္ လာၾကႏိုင္သလို၊ ဒီမိုကေရစီေရးမွာ ဆန္႔က်င္ အားၿပိဳင္ ေနၾကတဲ့ ဗမာအင္အားစုေတြဟာလည္း ျပည္ေထာင္စု မၿပိဳကြဲေရးဆိုတဲ့ ဘံုညီၫြတ္မႈ ကိုရွာေတြ ့သြားၿပီး စစ္မွန္တဲ့ ျပည္ေထာင္စုဆိုတာကို ပံုေဖာ္ဖို႔ ေမွ်ာ္လင့္ ခ်က္ဟာလည္း ေဝးသြားမွာျဖစ္ပါတယ္။ ဒီေနရာမွာ အားနာနာနဲ႔ပဲ ထပ္မံ အထူးျပဳေထာက္ျပခ်င္တဲ့ အခ်က္ရွိပါတယ္။ အဲဒါကေတာ့ ျပည္နယ္မ်ားအေနနဲ႕ သီးျခားအခ်ဳပ္အျခာ အာဏာပိုင္ ႏိုင္ငံငယ္ ထူေထာင္ ေရး ဆႏၵမ်ားရွိခဲ့ရင္ သတိျပဳဆင္ျခင္ႏိုင္ဖို႔ျဖစ္ပါတယ္။ သီးျခား လြတ္လပ္တဲ့ ႏိုင္ငံငယ္တစ္ခုအျဖစ္ ရပ္တည္ လိုတဲ့ ဆႏၵရွိႏိုင္ပါတယ္၊ သို႔ေသာ္လည္း ဆႏၵရွိ႐ံုနဲ႔ မျဖစ္ႏိုင္ပဲ ႏိုင္ငံတစ္ခုအျဖစ္ရပ္တည္ဖို႔ မရွိမျဖစ္ လိုအပ္တဲ့ လိုအပ္ခ်က္ ၅ ခ်က္ကို အစပိုင္းမွာေဖာ္ျပခဲ့ ၿပီး ျဖစ္ေသာ္လည္း ဒီေနရာမွာ ထပ္ၿပီး ေဖၚျပလိုပါ တယ္။ အဲဒါကေတာ့-

(၁)     တိက်တဲ့ ႏိုင္ငံ နယ္နိမိတ္

(၂)     ႏိုင္ငံတည္ရွိမႈကို ယံုၾကည္ၿပီး ႏိုင္ငံရဲ႕ အက်ိဳး စီးပြားကို လိုလားေသာ ႏိုင္ငံသား

(၃)     ႏိုင္ငံတည္ရွိမႈကို အသိမွတ္ျပဳလိုလားေသာ အိမ္နီးခ်င္းေကာင္းႏွင့္ မိတ္ဖက္ႏိုင္ငံ

(၄)     ခိုင္မာေတာင့္တင္းတဲ့ ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး စနစ္

(၅)     ႏိုင္ငံရဲ႕ အခ်ဳပ္အျခာကို ထိန္းသိမ္းႏိုင္တဲ့ စစ္အင္ အားဆိုတာပဲျဖစ္ပါတယ္။

ဒီအခ်က္ေတြ မျပည့္စံုႏိုင္ရင္ ျပည့္စံု ေအာင္ လုပ္ေဆာင္ဖို႔ မလြယ္ကူရင္ေတာ့ တစ္ထစ္ေလွ်ာ့ခ် စဥ္းစားရပါလိမ့္မယ္။ တစ္ခါတေလ ေမွ်ာ္မွန္းခ်က္ေတြ ကပဲ အခြင့္အလမ္းေကာင္းေတြကို ဖယ္ရွားပစ္လိုက္ တတ္ပါတယ္။ ဒါေၾကာင့္ အထက္ပါ အခ်က္ ၅ ခ်က္ မျပည့္စံုရင္ သီးျခား အခ်ဳပ္အျခာ အာဏာပိုင္ ပံုစံ ကေန ဖယ္ခြာၿပီး ပံုစံသစ္ကိုရွာေဖြဖို႔လိုပါတယ္။ ဒီေနရာမွာေတာ့ ဗမာ အပါအဝင္အားလံုးကို စည္း႐ံုး သိမ္းသြင္းႏိုင္မယ့္ ဖယ္ဒရယ္ ျပည္ေထာင္စု ပံုစံသစ္ တစ္ခုကို ရွာေဖြၾကည့္ေစခ်င္ပါတယ္။

နိဂံုးခ်ဳပ္ အေနနဲ႔ေျပာခ်င္တာကေတာ့ အခု လက္ရွိ ျမန္မာ့ႏိုင္ငံေရး အေျခအေနဟာ လြတ္လပ္ၿပီးစ ျမန္မာႏိုင္ငံရဲ႕ ပါလီမန္ ဒီမိုကေရစီေခတ္ ေနာက္ဆံုး ေနဝင္ခ်ိန္ကာလ ၁၉၆၂ ခုႏွစ္ အာဏာ မသိမ္းခင္ အေျခအေနနဲ႕ လြန္စြာ တူညီေနတယ္ဆိုတာပဲ ျဖစ္ပါ တယ္။ သမိုင္းဘီး တစ္ပတ္လည္ၿပီလို႔ေျပာရမလိုပါပဲ၊ အရပ္သား အစိုးရအာဏာရၿပီးေနာက္ပိုင္း ပါတီစံု ႏိုင္ငံေရးအေျခအေနကလည္း ပါတီခ်င္း အားၿပိဳင္မႈ ေတြ အားေကာင္းလာေနသလို ဘာသာေရး ပဋိပကၡ ဖန္တီးမႈေတြ၊ လူမ်ိဳးေရး ပဋိပကၡကို ဦးတည္ ေစ့ေဆာ္မႈ ေတြက ႏိုင္ငံေရး မတည္ၿငိမ္မႈကို ဖန္တီးဖို႔ အၿမဲလို အခြင့္ေကာင္းကို ေခ်ာင္းေျမာင္းေနသလို အေျခအေန မ်ိဳးမွာ ရွိေနပါတယ္။ လက္ရွိ ႏိုင္ငံေရးစနစ္တည္ၿငိမ္ မႈဟာလည္း အာမခံႏိုင္တဲ့ အေနအထားမ်ိဳး မေရာက္ ႏိုင္ေသးဘဲ အရပ္ဘက္ႏိုင္ငံေရး အင္အားစုေတြက အေျခခံ ဥပေဒျပင္ဆင္ေရးကို အၿမဲလို ဖိအားေပးေနၿပီး တိုင္းရင္းသားႏိုင္ငံေရးနဲ႔ ျပည္တြင္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြဘက္ကလည္း ဖယ္ဒရယ္အေရးကို ပိုမို အသံက်ယ္က်ယ္ေပးလာေနတဲ့အတြက္ တစ္ဖက္ မွာ တိုင္းျပည္ မၿပိဳကြဲေရးဆိုတဲ့ ႏိုင္ငံေရး အေၾကာင္း ျပခ်က္တစ္ခုကို လမ္းခင္းေပးေနသလိုလည္း ျဖစ္လာ ေနပါတယ္။ ၁၉၆၂ ခုႏွစ္တုန္းကလို တပ္မေတာ္က အာဏာသိမ္းယူတဲ့ အဆံုးသတ္မ်ိဳးျဖစ္ဖို႔အထိ လတ္ တေလာ အေၾကာင္းမျမင္ရေသးေပမယ့္ အေျခခံ ဥပေဒက ေပးထားတဲ့ အခြင့္ထူးကို အသံုးျပဳၿပီး တစ္သင္းတစ္ဖြဲ႕ အာဏာပိုင္ဝါဒကို ျပန္လည္အသံျပဳ လာတာကိုေတြ႕ရတဲ့အတြက္ လတ္တေလာရရွိထားတဲ့ ေရြးေကာက္ပြဲ အေျချပဳ ျပည္သူ ကိုယ္စားျပဳမႈႏိုင္ငံေရး စနစ္ဟာ အကန္႔အသတ္တစ္ခုေအာက္မွာ သင္းကြပ္ ခံရၿပီး တင္းျပည့္က်ပ္ျပည့္ ျပည္သူ ကိုယ္စားျပဳႏိုင္ငံ ေရးစနစ္ကို တိုးတက္ေျပာင္းလဲဖို႔ မေသခ်ာမႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အေျခအေနလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုလိုနီ ႏိုင္ငံဘဝကေန လြတ္ေျမာက္ၿပီး ေနာက္ မေအာင္ျမင္ႏိုင္ေသးေသာ တိုင္းရင္းသား ေပါင္းစံု သာတူညီမွ် ေအးခ်မ္းသာယာစြာ စုစည္း ေနထိုင္ၾကတဲ့ ဖယ္ဒရယ္ဒီမိုကေရစီႏိုင္ငံ ထူေထာင္ ႏိုင္ေရးကို ဒီတစ္ႀကိမ္ အခြင့္အေရးရစဥ္မွာလည္း အလဟႆ မျဖစ္ေအာင္ သတိႀကီးႀကီး၊ အေျမာ္အျမင္ ရွိရွိနဲ႔ မ်က္ျခည္မျပတ္ ႀကိဳးစားၾကဖို႔ တိုက္တြန္းလို ပါတယ္။ ဖယ္ဒရယ္အေရးဟာ တိုင္းရင္းသားေတြရဲ႕ အက်ိဳးစီးပြားသက္သက္ျဖစ္တာေၾကာင့္ တိုင္းရင္း သားေတြခ်ည္း တစ္ဘက္မွာ အင္အားစုၿပီးရပ္တည္ မယ္၊ ဗမာေတြကို မစည္းရံုးဘဲ တစ္ဘက္ ယွဥ္ၿပိဳင္ ဘက္လို တဖက္ကိုတြန္းပို႔ဖို႔ ဗမာလူမ်ိဳးႀကီးဝါဒကို လက္ညွိဳးထိုးၿပီး ကိုယ့္တိုင္းရင္းသားလူမ်ိဳးစု ညီၫြတ္ ေရးကို အားေကာင္းေအာင္ တည္ေဆာက္ယူဖို႔ ႀကိဳး စားရင္ေတာ့ ဖယ္ဒရယ္တည္ေဆာက္ေရးဟာ ပန္းတိုင္နဲ႔ လြဲေခ်ာ္ၿပီး လမ္းမွားကို ဦးတည္မိေနၿပီလို႔ သတိေပးခ်င္ပါတယ္။ တစ္ဖက္မွာ ရင္ဆိုင္ရႏိုင္တဲ့ စိန္ေခၚမႈေတြ၊ ျဖစ္လြယ္ ပ်က္လြယ္တဲ့ အခြင့္အလမ္း ေတြကို သတိမူရင္း တစ္ဖက္က အနာဂတ္ ေမွ်ာ္လင့္ ခ်က္ေတြကို တည္ေဆာက္ရာမွာလည္း ကြ်န္ေတာ္တို႔ အားလံုးရဲ႕ စိတ္မွာ စိုးမိုးေနခဲ့တဲ့ အတိတ္သမိုင္း ေၾကာင္းေတြ၊ သတိတရရွိေနတဲ့ ႏိုင္ငံေရးဆိုင္ရာ အျဖစ္အပ်က္ေတြကို အနာဂတ္ မ်ိဳးဆက္မ်ားရဲ႕ သာယာလွပၿပီး လိုခ်င္စဖြယ္ျဖစ္တဲ့ ေမွ်ာ္လင့္ခ်က္ အျဖစ္ တည္ေဆာက္ဖို႔အတြက္သာ အက်ိဳးရွိရွိ အသံုးခ်ႏိုင္ရမွာျဖစ္ပါတယ္။ ဗမာ ဗေဒသရာဇ္ ေခတ္၊ အဂၤလိပ္ကိုလိုနီေခတ္ေတြရဲ႕ ေျပာင္းလဲခဲ့တဲ့ ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရးသမိုင္းျဖစ္စဥ္ေတြဟာ ျဖစ္ေပၚတိုးတက္မႈ ျဖစ္စဥ္ေတြသာျဖစ္တယ္၊ အဲဒီ အက်ိဳးဆက္ေတြကို ရွင္းရွင္းလင္းလင္း ရင္ဆိုင္ဖို႔လိုတယ္၊ ဒီလိုပဲ ေတာ္ လွန္ေရးေကာင္စီေခတ္၊ မဆလေခတ္၊ နဝတ ေခတ္ ႏိုင္ငံေရး ျဖစ္စဥ္ေတြဟာလည္း ႏိုင္ငံေရးအုပ္ခ်ဳပ္ေရး ဆိုင္ရာ ျဖစ္ေပၚတိုးတက္မႈအျဖစ္ ႐ႈျမင္ရမွာ ကိုလည္း ျငင္းပယ္လို႔ မရဘူးဆိုတာ ဒီကေန႔ ‘ဝ’ေဒသရဲ႕ ေျပာင္းလဲမႈျဖစ္စဥ္ေတြက သက္ေသပဲျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အားလံုးလိုလားေတာင့္တတဲ့ ဖယ္ ဒရယ္ ျပည္ေထာင္စု စနစ္နဲ႔ ဒီမိုကေရစီႏိုင္ငံတစ္ခု အျဖစ္ တည္ေဆာက္ၾကရာမွာ ပန္းတိုင္ကို မ်က္ေျခ မျပတ္သလို လမ္းခရီးအႏၱရာယ္ကိုလည္း ၾကည့္ျမင္ တတ္ဖို႔ လိုပါတယ္။ ေနာက္ဆံုး နိဂံုးအေနနဲ႔ သတိေပး တိုက္တြန္းခ်င္တာကေတာ့ ေအာင္ျမင္ေနၿပီျဖစ္တဲ့ ဖက္ဒရယ္ ဒီမိုကေရစီ ႏိုင္ငံႀကီးေတြကို အားက်ၿပီး အဲဒီႏိုင္ငံေတြက ဖက္ဒရယ္စနစ္မ်ိဳးကို ရည္သန္ေနတဲ့ ဗမာေတြနဲ႕ အယူအဆခ်င္း ေပါင္းစပ္ၿပီး အားလံုးနဲ႔ သဟဇာတျဖစ္ေသာ ရည္မွန္းခ်က္အျဖစ္ အားလံုးက သေဘာထားႏိုင္ေသာ ျမန္မာ့ဖက္ဒရယ္ ဝိေသသ လကၡဏာ တစ္ရပ္ကို ရွာေဖြၾကဖို႔သာ အဓိက လိုအပ္ ခ်က္ျဖစ္ေၾကာင္း သတိေပး တိုက္တြန္းလိုက္ရပါတယ္။

 

သီဟေသြး