• Today is: Wednesday, September 30, 2020

မြန်မာနိုင်ငံ၏ မြေယာအရေး၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအခန်းကဏ္ဍနှင့် နိုင်ငံတကာရင်းနှီးမြုပ်နှံမှု ဥပဒေ

Federal Journal
February21/ 2020

မြန်မာနိုင်ငံ၏ မြေယာအရေး၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအခန်းကဏ္ဍနှင့် နိုင်ငံတကာရင်းနှီးမြုပ်နှံမှု ဥပဒေ

မိုင်ရိုစလင်းဇာဟောင်

(စောမြအောင်စုစည်းတင်ပြသည်)

(ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ (အထူးသဖြင့်တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ) အတွက် ပြုလုပ်သည့် အလွှတ်သဘောတွေ့ဆုံးဆွေးနွေးပွဲ (the thematic informal dialogue) မှ ဆွေးနွေးချက် များကို စုစည်းတင်ပြခြင်းဖြစ်သည်။ ယခုဂျာနယ်တွင် မြန်နိုင်ငံ၏ မြေယာအရေး ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမူ အခန်းကဏ္ဍ နှင့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမူ ဥပ‌‌ဒေ နှင့်ပတ်သက်သည့် ဆွေး‌နွေးချက်များကို စုစည်းတင်ပြထားပါသည်။ မိုင်ရိုစလင်းဇာ‌ဟောင်သည် )

ကူးသန်းရောင်း၀ယ်ရေးနှင့်ပတ်သက်ပြီးလွတ်လွတ်လပ်လပ်လုပ်ဆောင်လို့ရမယ့်စီးပွားရေး ပေါလစီတွေချမှတ် ပြဌာန်းပြီးနောက် Foreign Investment (FI) တစ်ရှိန်းထိုးတိုးတက် သွားတာကို ကျွန်မတို့တွေ့မြင်ရမှာြဖစ်ပါတယ်။၂၀၁၀ – ၂၀၁၁ ကြားတစ်နှစ်တွင်းမှာ ဘီလီံယံ ၂၀လောက်နိုင်ငံတကာ ရင်းနှီးမြုပ်နှ့မူမှ ရရှိခဲ့ပါသည်။

ယခင် စစ်အစိုးရ နှစ် ၂၀ လောက် အုပ်ချုပ်ခဲ့တဲ့ချိန်  နိူင်ငံတကာရင်းနှီးမြုပ်နှံမူပရိုဂျတ် ၄၃၀ ကနေ ဘီလီယံ ၁၆ လောက်သာရှိခဲ့ပါတယ်။ ဒီ ၂ ခုကိုနိူင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၀ – ၂၀၁၁ ကြား တစ်နှစ်တွင်းရရှိငွေပိုများတာ ကို တွေ့ရမှာြဖစ်ပါတယ်။ဒါကလည်း နိုင်ငံရေးအခြေအနေပြောင်းလဲသွားတာကြောင့်ရယ် ရင်းနှီးမြူပ်နှံသူတွေက နိုင်ငံရေးစနစ်ကို ယုံကြည်လာတာကြောင့်ရယ် open market oriented policies လို့ခေါ်တဲ့ ကွန်မြူနစ်နဲ့မတူတဲ့capitalists system ဆန်တဲ့ စီးပွားရေးစနစ်ကျင့်သုံးလာတာရယ် အမေရိကန် သမတ အိုဘားမာ လာြပီးနောက် နိုင်ငံတကာကနေsanctions  တွင် ပြန်ဖွင့်ပေးလာတာတွေကြောင့် နိင်ငံတကာရင်းနှီးမြုပ်နှံမူတွင် ပိုတိုးလာတာြဖစ်ပါတယ်။Foreign Investment တွင်တိုးလာတာနဲ့ အမျှ တိုင်းပြည်ရဲ့ GDP ဟာလည်း အလျင်အမြန်တိုးလာပါတယ်။World Bank ရဲ့ သတ်မှတ်ချက်အရဆိုလျှင် မြန်မာနိုင်ငံဟာ အ‌ရှေ့တောင်အာရှ မှာ တိုးတက်မှု နူန်းအမြန်ဆုံးနိင်ငံလို့ ဆိုထားပါတယ်။

Foreign Investment and GDP တိုးလာတာနဲ့အမျှ အကျိုးအမြတ်ကို မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်း အလွှာတိုင်း ညီတူညီမျှခံစားရမယ်လို့ တော့ မဟုတ်ပါဘူး။ဒီလိုမျိုး foreign investment များလာတာနဲ့အမျှ နိုင်ငံမှာ လယ်ယာမြေ ပြသနာ ပိုမိုကြီးထွားလာပါတယ်။ ဖွံ့ဖြိုးပြီးသည့်နိုင်ငံများမှာရော မဖွံ့ဖြိုးသေးသည့်နိုင်ငံများမှာလည်း Foreign Investment ဆိုတာ အမြဲရှိစမြဲပါ။ သို့သော်မြန်မာနိုင်ငံမှာ အဘယ်ကြောင့် Foreign Investment တိုးလာတိုင်း လယ်ယာမြေပြသနာ ကပိုမိုကြီးထွားနေရတာလဲဆိုတဲ့မေးခွန်းလည်း ထုတ်စရာြဖစ်လာပါတယ်။ Foreign Investor တွင်အနေနဲ့ ရင်းနှီးမြုပ်နှံမူ လုပ်တော့မယ်ဆိုရင် အဓိက အချက်အနေနဲ့  Market Size , Skilled Work Force နှင့် Natural Resources စတဲ့ (၃) ခုကို အဓိက ကြည့်ပါတယ်။ဥပမာ –  တ၇ုတ်နိုင်ငံ မှာ လူဦးရေးအရများတဲ့အတွက် Market size က အင်မတန်ကြီးပါတယ်။ Apple Company အနေနဲ့ တရုတ်မှာ factory တစ်ခု တည်ထောင်ဖို့ ရင်းနှီးမြုပ်နှံမူလုပ်လိုက်ပြီဆိုရင် လုပ်သားလုပ်အားခကို သူ့နိုင်ငံမှာထက် စျေးနူန်းချိုသာသာနဲ့ ခိုင်းလို့ရတဲ့အပြင် တ၇ုတ်မှာလဲတခါတည်း ထိုးဖောက်ပြီးသားဖြစ်သွားပါတယ်။ဒါကြောင့် Market Size ကြီးရင် ရင်းနှီးမြုပ်နှံမူ အများကြီးရပါတယ်။ ကျွန်တော်တို့နိုင်ငံကို ကြည့်မယ်ဆိုရင် လူဦးရေက နည်းတဲ့အတွက် Market Size သေးတဲ့အပြင် Skilled Work Force ကလည်း ခေတ်အဆက်ဆက် ပညာရေးအခြေအနေကြောင့် မရှိပါဘူး။ သို့သော်လည်း နိုင်ငံက သံယဇာတ ပေါကြွယ်၀တဲ့အတွက် ၁၉၈၈ ကနေ ၂၀၁၈ ထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမူ ကိုကြည့်မယ််ဆိုရင် (၅၆%)က Oil,Gas and Power ကဏ္ဍမှာ လာရောက်ရင်းနှီးမြုပ်နှံ ကြတာကို တွေ့ရမှာြဖစ်ပါတယ်။ ဒီ Oil , Gas and Power လုပ်ငန်းက မြေမရှိရင်လုပ်လို့ရတဲ့အရာတွင်မဟုတ်တဲ့အတွက် နိုင်ငံမှာရှိတဲ့ ရင်းနှီးမြုပ်နှံမူတွေက သံယဇာတပေါကြွယ်၀ခြင်းကြောင့်နှင့် မြေလိုချင်လို့ ရင်းနှီးမြုပ်နှံကြတယ််လို့ပြောလို့ရပါတယ်။

ဒါကြောင့် Foreign Investment တိုးလာတာနဲ့အမျှ မြေယာမြေပြသနာလည်း ပိုတိုးလာတာဖြစ်ပါတယ်။ ဦးသိန်းစိန်ခေတ် ၂၀၁၂ – ၂၀၁၆ လေးနှစ်အတွင်းမှာ Farmland Investigation Commission ထံတိုင်စာပေါင်း ၂၀၀၀၀ ရောက်ရှိတယ်လို့ ဆိုပါတယ်။ ဆိုတော့တွက်ကြည့်ရင် တစ်ရက်မှာ တိုင်ကြားစာ(၁၃)စောင်ရတယ်ဆိုတဲ့ သဘောဖြစ်နေတဲ့အတွက် အရမ်းများတဲ့ အရေအတွက်ဖြစ်ပါတယ်။ အခု NLD အစိုးရတက်လာပြီးနောက် ကော်မ ရှင်ထပ်ဖွဲ့ပါတယ်၊ ဒါပေမယ့် တိုင်ကြားစာဘယ်လောက်လက်ခံရရှိတယ်ဆိုတာ ထုတ်ပြန်ထားတာ‌တော့မရှိပါဘူး။

နောက်အတော်အရေးကြီးတဲ့အချက်က ၂၀၁၇ မှာ မြေယာစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်တဲ့အစာရင်းအရ မြေ လွတ်မြေရိုင်း ဧကပေါင်း ၃၅သန်းရှိပြီး အဲတာတွေအကုန်လုံးက တိုင်းရင်းသားဒေသတွေမှာရှိနေခြင်းဖြစ်ပါတယ်။ ပြောရရင် မြန်မာနိုင်ငံမှာ မြေလွတ်လို့ပြောလို့ရတဲ့ မြေဧကစုစုပေါင်းရဲ့ (၇၅%) တိုင်းရင်းသားဒေသတွေမှာရှိနေ တာဖြစ်ပါတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် ရင်းနှီးမြုပ်နှံမှုပိုဝင်လာလေလေ တိုင်းရင်းသားဒေသတွေမှာမြေယာ ပြဿနာပိုဖြစ်လာလေလေဖြစ်လိမ့်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ နောက်တစ်ချက်က တိုင်းရင်းသားဒေသ တွေမှာ ပြဿနာဖြစ်တော့ ငြိမ်းချမ်းလုပ်ငန်းစဉ်ကိုလည်း သွားပြီးထိခိုက်နိုင်တာပေါ့။ ဥပမာပြောရရင် NCA စာချုပ် မှာထည့်သွင်းထားတဲ့အချက်အရဆိုရင် သဘောတူညီချက်အားလုံးကို အကောင်အထည်ဖော်ဆောင်တဲ့နေရာမှာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေအကုန်လုံးပူပေါင်းပါဝင်ရမယ်လို့ဆိုထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်နေတာက ဥပဒေတွေပြဌာန်းတဲ့နေရာမှာ အဲဒီအဖွဲ့အစည်းတွေပါဝင်ဆွေးနွေးခွင့်မရဘူးဖြစ်နေတယ်။

မြန်မာနိုင်ငံအနေအထားကလည်းနိုင်ငံခြားရင်းနှီးမြုနှံမှုလို့ပြောလိုက်တာနဲ့ မြေကြီးနဲ့ရင်နှီးရမယ့်ဟာတွေချည်းဖြစ် နေသလို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဝင်လာဖို့အတွက် လျှော့စျေးနဲ့ဆွဲဆောင်နေရတဲ့အဆင့်ဖြစ်နေတယ်။ ရင်းနှီးမြုပ်နှံ မယ့်သူတွေဘက်လည်း သူတို့ဝင်ဘာမယ်ဆိုရင် သေချာပေါက်မြေလိုအပ်မှာဖြစ်လို့ ဒီဘက်က‌ြေမပေးနိုင်တယ် ဆိုမှဝင်လာမှာဖြစ်ပါတယ်။ ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေတွေကို လေ့လာဖို့လိုအပ် လာပါတယ်၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာဥပဒေပေါင်း ၅၃ ခုရှိပါတယ်၊ အဲဒီထဲကတကယ်သိသင့်သိထိုက်တဲ့ အချက်တွေ ကို လေ့လာကြည့်ရအောင်ပါ။

၂၀၁၀ ဦးသိန်းစိန်အစိုးရတက်လာတဲ့အချိန် ပထမဆုံးမိန့်ခွန်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု(FDI)ဝင်လာဖို့အတွက် အာ ရုံစိုက်သွားမယ်လို့ထည့်သွင်းပြောသွားသလို ၂၀၁၅ NLD အစိုးရတက်လာတဲ့အချိန်တုန်းကလည်း ရေရှည်ဖွံ့ဖြိုးတိုး တက်မှုကိုရည်ရွယ်ပြီး FDIဝင်လာဖို့ အတားအဆီးဖြစ်စေတဲ့ ဥပဒေပြဌာန်းချက်တွေကိုပြုပြင်ပြီး FDI ဝင်လာနိုင် အောင်ကြိုးစားသွားမယ်လို့ ‌ပြောထားတာတွေရှိပါတယ်။

နောက် ၂၀၁၂ လယ်ယာမြေဥပဒေ အရတောင်သူတွေက မှတ်ပုံတင်လျှောက်ရမှာဖြစ်ပြီးတော့ စီမံကိန်းကြီးတွေအ တွက် မြေဧကပေါင်း(၅၀၀၀)အထိကို လျှောက်ထားခွင့်ရှိတယ်လို့ပြဌာန်းထားတာတွေ့ရတယ်။ ဒါဘာကိုဆိုလိုတာ လည်းဆိုရင် အဓိကFDI ဝင်လာတဲ့အခါ မြေကိုအလွယ်တကူပေးနိုင်အောင် လုပ်ထားတဲ့သဘောပဲဖြစ်ပါတယ်။

၂၀၁၆ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကို ကြည့်မယ်ဆိုရင်လည်း ပုဒ်မ-၉၄ မှာ ဘယ်လိုပြဌာန်းထားသလဲဆိုရင် အခြား ဘယ်ဥပဒေတွေမှာ ဘယ်လိုပဲပြဌာန်းထားစေကာမူ ဤဥပဒေပြဌာန်းချက်ပဲ လွှမ်းမိုးတယ်လို့ ဆိုထားပါ တယ်။ ဒါကိုကြည့်ရင်လည်း ဥပဒေပြဌာန်းချက်ကိုယ်၌က FDI ကိုပဲဦးစားပေးလွန်းပြီး မျှတမှုမရှိတာကို တွေ့ရ တယ်။

၂၀၁၈ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေဆိုရင်လည်း တိုင်းရင်းသားဒေသ မိရိုးဖလာမြေပိုင်ဆိုင်မှုကို အသိအမှတ်ပြုတာ ကာကွယ်တာတွေမရှိဘူး၊ ဘယ်လိုပဲပိုင်ဆိုင်တယ်ပြောပြာ မှတ်ပုံတင်မရှိရင်၊ ၂ နှစ်အထိ မနေထိုင်ရင်/ မလုပ်ကိုင်ရင်အစိုးရက အချိန်မရွေးသိမ်းယူလို့ရတယ်။ အဲဒါကို ဆန့်ကျင်ရင်လည်း ထောင်ဒဏ် ၁-နှစ်အထိချမှတ်လို့ရတယ် ဆိုပြီးပြဌာန်းထားတယ်။

နောက်ဆုံးအချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်ကိုယ်၌က တောတောင်ရေမြေအားလုံးကို နိုင်ငံ တော်က ပိုင်တယ်လို့ပါတာကိုး။

အဲဒီမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာဥပဒေကတော်တော်အရေးကြီးသလို International Investment Law (IIL) လို့သိတဲ့ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုဥပဒေက အရေးကြီးပါတယ်။ ဒါက နိုင်ငံတကာမှာရင်းနှီးမြုပ်နှံသူဘက်ကို အကာအကွယ်ပေးတဲ့ ရည်ရွယ်ရင်းဖြစ်ပါတယ်၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အဲဒီတုန်းကတော့ အာဏာပိုင်ဖြစ်တဲ့ အစိုးရတစ်ရပ်ရပ်က ကိုယ့်ပြည်တွင်းမှာရင်းနှီးမြုပ်နှံတဲ့ သူတွေကို နိုင်ထက် စီးနင်းလုပ်မှာစိုးတဲ့အတွက် အခုလိုရေးဆွဲတာဖြစ်ပါတယ်။အခုတော့ ပြောင်းပြန်ဖြစ်နေပါပြီ။ ဥပမာ- Face book ကိုကြည့်ပါ၊ အရမ်းချမ်းသာပြီးတော့ မြန်မာနိုင်ငံကိုတောင်မှ ချယ်လှယ်ချင်တိုင်းချယ်လှယ်လို့ရတဲ့ အဆင့်ဖြစ်နေပါပြီ။ ဒါကြောင့်နောက်ပိုင်းမှာ တော်တော်များများက IIL ကို မလိုလားကြတာတွေရှိပါတယ်။

မြန်မာနိုင်ငံ ဥပမာကိုပဲထပ်ပြောရရင် မြစ်ဆုံစီမံကိန်းမှာ မြန်မာအစိုးရနဲ့ တရုတ်ဘက်ကရင်းနှီးမြုပ်နှံသူ(ကုမ္ပဏီ)ကြား သဘောတူစာချုပ်ရှိမယ်(အခုထိတော့ အများပြည်သူသိအောင်မဖော်ပြထားဘူးပေါ့)။ ဒါပေမယ့် ရင်းနှီးမြုပ်နှံတဲ့တန်ဘိုးက ၃.၆ ဘီလီယံလောက်ရှိတယ်၊ ရင်းနှီးမြုပ်နှံမှုတန်ဘိုးကြီးတယ်ဆိုတဲ့အခါမှာ စီမံကိန်းအဆင်မပြေ ဖြစ်ခဲ့ရင် မြန်မာအစိုးရဘက်ကလည်း ဘီလီယံ(၈၀၀) ပြန်ပေးလျော်ရမယ်ဆိုတဲ့အာမခံချက် အပိုဒ်ပါလာတယ်လို့ပြောတယ်။ ဆိုတော့ မြန်မာဘက်က ဘယ်လိုပဲကန့်ကွက်ကန့်ကွက်၊ ဘယ်လိုပဲဆန္ဒပြပြ ဘီလီယံ ၈၀၀လျော်ပေးမှ ဖြစ်မယ့်သဘောရှိပါတယ်။ အဲဒါကြောင့်မို့လို့ IIL ဆိုတာဘယ်လောက်အရေးပါသလဲဆိုတာ သိဖို့လိုပါတယ်။

IIL လို့ပြောရင်း ၂-ပိုင်းရှိပါတယ်၊ တစ်ခုက Bilateral Investment Treaties (BIT) နှစ်ဘက်သဘောတူစာချုပ်နဲ့ International Investment Agreements (IIA) နိုင်ငံတကာရင်းနှီးမြုပ်နှံမှုသဘောတူညီချက် လို့ခေါ်ပါတယ်။

Bilateral Investment Treaties (BIT) နှစ်ဘက်သဘောတူစာချုပ်မှာဆိုရင် ရင်းနှီးမြုပ်နှံရင်းနှီးမြုပ်နှံမယ့်သူဘက် ရရှိမယ့်အခွင့်အရေးတွေ၊ သူ့ဘက်ကဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေ၊ စောင့်ထိန်းရမယ့်အရာတွေ ထည့်သွင်း ထားတာတွေပေါ့။ BIT ရဲ့အရေးပါမှုကို ပြောရမယ်ဆိုရင် BIT အသက်ဝင်ပြီးတဲ့နောက်ပိုင်းမှာ ဝင်လာတနဲ့ ရင်းနှီး မြုပ်နှံသူအကုန်လုံကို ပထမBITမှာပါတဲ့အခွင့်အရေးအကုန်လုံးကိုပေးရတယ်။ နောက်တစ်ချက်က ရင်းနှီးမြုပ်နှံသူ တစ်ဖွဲ့ဖွဲ့က အစိုးရကိုတရားစွဲခဲ့တယ်ဆိုရင် အရင်အစိုးရနဲ့သဘောတူညီချက်သာဖြစ်တယ်ဆိုပြီးငြင်းလို့မရသလို ကျန်တဲ့ရင်းနှီးမြပ်နှံသူတွေကလည်း သူတို့အခွင့်အရေးပါထိခိုက်လာမှာစိုးရိမ်ပြီးတော့ တရားစွဲတဲ့သူဘက်ကပါသွား နိုင်တယ်။ အဲလိုသာဖြစ်ခဲ့တယ်ဆိုရင် ဖြေရှင်းရတော်တော်ခတ်သွားပြီ၊ ဘာလို့လဲဆိုရင် စွဲဆိုတဲ့ပမာဏက မီလီယံ ၁၀၀/ ၂၀၀ အဲဒီထက်များမယ်ဆိုတော့ တော်တော်မလွယ်တဲ့ကိစ္စဖြစ်သွားပြီ။ ဒါကြောင့်လည်း BITထိုးထားရတာနဲ့ အစိုးရအနေနဲ့ ပါဝါတွေကိုနည်းနည်းလက်လျှော့ရတယ်ဆိုပြီး ပြောစမှတ်ပြုကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ BIT ၉-ခုရှိတယ်၊ ဖိလစ်ပိုင်၊ တရုတ်၊ လာအို၊ အိန္ဒိယ၊ ထိုင်း အဲဒါတွေကတော့ အရင်စစ်အစိုးရ ခေတ်ကထိုးထားတာဖြစ်ပါတယ်။ ဂျပန်၊ ကိုးရီးယား၊ အစ္စရေး၊ စင်ကာပူ အဲဒါတွေကတော့ ၂၀၁၀ နောက်ပိုင်းမှာ ထိုး ထားတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ EU နဲ့ပါ၊ ဒါကဆွေးနွေးနေဆဲအဆင့်မှာရှိပါတယ်။ ဒါကြောင့် လောလောဆယ် BIT ၉-ခုလို့ သိရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ သတိပြုရမယ့်အချက်က BIT တွေက တစ်ခုနဲ့တစ်ခု ထည့်သွင်းထားအခွင့်အရေးတွေ၊ အချက်အလက်တွေ မတူညီဘူးဆိုပေမယ့် နောက်မှထိုးတဲ့ BIT မှာပါတဲ့အချက်တွေကို အရင်BITကအလိုအ လျောက် ခံစားခွင့်ရှိတယ် ဆိုတာပဲ။ ဆိုကြပါစို့ ၂၀၁၀ မတိုင်ခင်က BIT သမားတွေကိုလည်း အခု၂၀၁၈ မှာထိုးတဲ့ BIT မှာပါတဲ့အခွင့်အရေးတွေကို အလိုအလျောက်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် BIT တွေလုပ်တော့မယ်ဟေ့ဆို ရင် အစိုးရတစ်ရပ်ကပဲဆုံးဖြတ်တာမျိုးမဟုတ်ပဲ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါဝင်ဆွေးနွေး သင့်ပါတယ်။ အခုလာ်မယ့် EU နဲ့ ဆွေးနွေးဆဲကိစ္စမှာတော့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသင့်တယ်လို့ ပြောချင်ပါ တယ်။

BIT ကဘာလို့အဲလောက်တောင်အရေးပါရသလဲဆိုရင် BIT ဆိုတာနဲ့ပါလာတဲ့အချက်တွေရှိတယ်။ အဲဒီထဲမှာ Arbitration Clause (ခုံသမာဓိဖြေရှင်းရေး)ဆိုတာရှိတယ်၊ ပြဿနာတစ်ခုခုဖြစ်လာရင် ကိုယ့်နိုင်ငံတွင်းကတရား ရုံးမှာဖြေရှင်းတာမျိုးမဟုတ်ဘဲ နိုင်ငံတကာခုံရုံးဖွဲ့ပြီးတော့ အခြားနိုင်ငံတစ်ခုခုမှာ ရုံးတင်စစ်ဆေးနိုင်တယ်။ တန်ဘိုးကလည်း ဘီလီယံချီနေတာမျိုးဆိုတော့ ရှင်းရင်လည်းနိုင်ဖို့မလွယ်ဘူး။ နောက်တစ်ချက်Expropriation Clause (ဖျက်ဆီးခြင်းမှကာကွယ်ရေး)၊ ဒါကတော့ ရင်းနှီး မြုပ်နှံသူတွေရဲ့ အဆောက်အဦ၊ ပစ္စည်း၊ နည်းပညာ ..စတာတွေကို အစိုးရဘက်က ဖျက်ဆီးပိုင်ခွင့်၊ သိမ်းပိုက်ပိုင်ခွင့်တို့ မရှိရဘူးဆိုပြီးထည့်သွင်းထားတာရှိတယ်။ နောက်တစ်ချက် က Fair and Equitable Treatment လို့ခေါ်တဲ့ သင့်တင့်လျောက်ပတ်စွာနဲ့ မျှတမှု ရှိရမယ်ဆိုတဲ့အချက်ပါ။ အဲဒီအ ချက်ကလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ အခွင့်သာစေတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဥပမာပြောရရင် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို အခွန်တိုးကောက်မယ်ဆိုခဲ့ရင်တောင် သူ့ဘက်က ဒီအပိုဒ်နဲ့ပြန်ခုခံနိုင်သလို ပြန်တရားစွဲ ဆိုနိုင်တဲ့အထိရှိပါတယ်။

ဒါကြောင့်မို့လို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုတဲ့နေရာမှာ BIT ရေးထိုးတဲ့အချက်တွေကို သေသေချာချာစိစစ်ဖို့လိုအပ် သလို BIT မတိုင်ခင်မှာလည်း သက်ဆိုင်ရာပါဝင်ပတ်သက်သူအားလုံးဆွေး‌နွေးအဖြေရှာတဲ့အလေ့အထရှိဖို့လိုအပ်ပါ ကြောင်းတင်ပြရင်း နိဂုံးချုပ်ပါတယ်။

*****