• Today is: Wednesday, September 22, 2021

မြန်မာပြည်၏ ဖက်ဒရယ်နှင့် ဒီမိုကရေစီ ပြည်ထောင်စု

Federal Journal
June09/ 2021

Zawgyi
၁၉၄၇ ပင်လုံကတိကဝတ်၊ သဘောတူညီများနှင့်အတူ ၁၉၄၈ တွင် ပြည်ထောင်စုဆိုသည့် ပုံသဏ္ဌာန်နှင့် လွတ်လပ်သော မြန်မာနိုင်ငံ ပေါ်ထွက်လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ ပြည်ထောင်စု ပုံသဏ္ဌာန်နှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့နှင့် ပတ်သက်၍လည်းကောင်း အငြင်း ပွားခဲ့ကြသည်။ ဖက်ဒရယ်အသံနှင့် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်တို့ အောက်တွင် လွှတ်တော် တွင်း အငြင်းပွားမှုများ၊ လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှုများနှင့်အတူ ၁၉၆၂ ခုနှစ်တွင် တပ်က အာဏာသိမ်းယူခဲ့သည်။ တိုင်းရင်းသားတို့၏ ဖက်ဒရယ်တောင်းဆိုမှုသည် ဥပဒေတွင်း တွင် ရပ်တည်မရတော့ဘဲ လက်နက်ကိုင်ပုန်ကန်မှုများဆီသို့ ရောက်သွားခဲ့သည်။
ဥပဒေတွင်းတွင် ဖက်ဒရယ်သည် ပြောခွင့်မရသည့် ဝေါဟာရဖြစ်သွားခဲ့သည်။ ဖက်ဒရယ် ဆိုသည့် ဝေါဟာရသုံးစွဲသူများသည် ပြည်ထောင်စုကို ဖြိုခွဲမည့်သူများအဖြစ် သတ်မှတ် ဖိနှိပ်ခံခဲ့ရသည်။ ထို့အတူ ဥပဒေတွင်းရှိ ပြည်မနိုင်ငံရေးပါတီများနှင့်အတူ တိုင်းရင်းသား ပါတီများလည်း ဖျက်သိမ်းခံခဲ့ရသည်။
၁၉၆၂ ခုနှစ်နောက်ပိုင်းမှစ၍ ပြည်ထောင်စု တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသည့် ပြည် ထောင်စုပါတီ အယူအဆကို စတင်သွပ်သွင်းလာခဲ့ သည်ကို စတင်တွေ့ရှိရ သည်။ ထို့ပြင် ၁၉၆၂ မှစ၍ အာဏာအားလုံးကို ဗဟိုအစိုးရမှ တိုက်ရိုက်ချုပ်ကိုင် ထားသည်ဖြစ်ရာ ပြည်ထောင်စုအမည်ခံသည့် တပြည်ထောင်စနစ် ဖြစ်နေခဲ့တော့သည်။ သို့ဖြစ်ရာ ပြည်ထောင်စုနှင့် ပြည်ထောင်စု မပြိုကွဲရေးပြဿနာ၊ ပြည်ထောင်စုနှင့် တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ရေးပြဿနာ၊ ပြည် ထောင်စုအတွင်းရှိ နိုင်ငံသားအားလုံး၊ တိုင်းရင်းသား အားလုံး တန်းတူရည်တူ အခွင့်အရေးရှိမှုနှင့် တိုင်းရင်း သား အခွင့်အရေးပြဿနာ၊ ဖက်ဒရယ် ပြဿနာတို့ ရောထွေး၍နေသည်။ နားလည်မှုများ အကွဲကွဲ အပြားပြားဖြစ်၍ နေပေတော့သည်။
ဒီမိုကရေစီ
၁၉၄၈ မှစ၍ အယူဝါဒကွဲပြားမှုအခြေခံသည့် ပြည်တွင်းလက်နက်ကိုင်ပုန်ကန်မှုများ စတင်တည်ရှိခဲ့ သော်လည်း ဥပဒေတွင်း၌ ပါလီမန်ဒီမိုကရေစီစနစ် တည်ရှိနေရာ ပြည်မလူထုအတွင်း ဒီမိုကရေစီ အခွင့် အရေးရှိနေသည်ဟု ယူဆကြသည်။ သို့ဖြစ်၍ ဒီမိုက ရေစီ အခွင့်အရေး သီးခြားတောင်းဆိုမှုသည် သိသာ ပေါ်လွင်ခြင်းမရှိပေ။ သို့သော် ၁၉၆၂ ခုနှစ် တပ်က အာဏာသိမ်းယူပြီး တပါတီ အာဏာရှင်စနစ် ထူ ထောင်သည်မှစ၍ ဒီမိုကရေစီဆိုသည်ကို လူထုအတွင်း စတင် မျှော်လင့်လာခဲ့ကြသည်။ ၁၉၈၈ ခုနှစ် အရေး တော်ပုံမှ အစပြု၍ ဒီမိုကရေစီရေး၊ လူအခွင့်အရေး သည် လူထုမျှော်လင့်ချက်ဖြစ်ခဲ့သည်။ အနောက် လေကလည်း အရှိန်ဟုန်ကောင်းကောင်းနှင့် တိုက်ခတ် လာသည်ဖြစ်ရာ မြန်မာပြည်တွင် ဒီမိုကရေစီရေစီး ကြောင်းသည် တဖြည်းဖြည်း အားကောင်းလာခဲ့ သည်။ ဒီမိုကရေစီ ရေစီးကြောင်းသည် ပြည်မလူထု ကြားတွင် အားကောင်းခဲ့သည်။ လူအများစု အုပ်ချုပ် ခွင့်ရှိသည့် ဒီမိုကရေစီ၊ လူသားတန်ဖိုးအတွက် လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်တို့သည် ပြည်မလူထု ကြားတွင် နိုးကြား လာခဲ့သည်။ တိုင်းရင်းသားများကလည်း ဒီမိုကရေစီ ရခဲ့လျှင် ဖက်ဒရယ်ရနိုင်လိမ့်မည်ဆိုသည့် မျှော်လင့် ချက်များရှိခဲ့ကြသည်။ သို့သော် တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးများသည် ပြည်မထက် လူဦးရေ နည်းပါးသည်ဖြစ်ရာ ပြည်မအာဏာကို သက်ရောက် နိုင်စွမ်း အကန့်အသတ်ရှိ သည်။
ဖက်ဒရယ်
ဖက်ဒရယ်ရေစီးကြောင်းသည် ၁၉၄၈ ခုနှစ်က စတင်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်နောက်ပိုင်းကစ၍ ဥပဒေပသို့ ရောက်သွားခဲ့ရသည်။ တောင်တန်းများ ပေါ်သို့ ရောက်သွားခဲ့ရသည်။ ဖက်ဒရယ်သည် နှစ် ၅၀ ခန့် ဥပဒေနှင့် ငြိစွန်းခဲ့သည်။ ၂၀၁၁ မှစ၍ တစ်စ တစ်စ ဥပဒေတွင်းတွင် ပြန်လည်အသိမှတ်ပြု ပြော ဆိုခြင်းခံခဲ့ရသည်။ ဖက်ဒရယ်ဆိုသည်အား ပြည် ထောင်စုအား ဖြိုခွဲခြင်းအဖြစ်ပုံဖျက်ထားရာမှ ဖက် ဒရယ်ဆိုသည်မှာ တိုင်းရင်းသားအခွင့်အရေးဖြစ်သည် ဟု ပြန်လည်အသိအမှတ်ပြုလာခဲ့ကြသည်။ ဖက်ဒရယ် နှင့်ပတ်သက်၍ မတူသည့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ ရှိနေသေးသော်လည်း ဖက်ဒရယ်ရေစီးကြောင်းအား အသိမှတ်ပြုလာခဲ့ကြသည်။ ဖက်ဒရယ်ရေစီးကြောင်း သည် တိုင်းရင်းသားလူထုကြားတွင် အားကောင်းခဲ့ သည်။ သို့သော်လည်း အာဏာရှင် ကာလတစ်လျှောက် လုံး ဖက်ဒရယ်နှင့်ပတ်သက်၍ ပြည်မ၌ သားကြောဖြတ် ခံထားရသည်ဖြစ်ရာ ဖက်ဒရယ်နှင့်ပတ်သက်၍ လည်းကောင်း၊ ဖက်ဒရယ်ရေစီးကြောင်းနှင့်ပတ်သက် ၍လည်းကောင်း ပြည်မလူထုကြား အမြင်ရှင်းလင်း ခြင်း ပြည်ပြည့်စုံစုံ နားလည်နိုင်ခြင်း မရှိပေ။ ပြည်ထောင်စု အမည်ခံထားသည့် တပြည်ထောင် စနစ်နှင့် အသားကျ နေကြသည်။
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု
ပြည်မဒေသရော တိုင်းရင်းသားဒေသပါ နိုင်ငံရေး လှိုင်းတံပိုးများ ပြင်းထန်လာသောအခါ ဒီမိုကရေစီ ရေစီးကြောင်းနဲ့ ဖက်ဒရယ်ရေစီးကြောင်း နှစ်ခုပေါင်း စည်းနိုင်ပါက ပို၍အားကောင်းမောင်းသန် ဖြစ်မည်ကို သိကြသည်။ ပေါင်းစည်းရန်လိုအပ်သည်ကိုလည်း တစတစ အသိမှတ်ပြုလာကြသည်။ သို့သော် အဆိုပါ ရေစီးကြောင်းနှစ်ခုသည် ကိုယ်စားပြုမှု မတူကြ သကဲ့သို့ ဦးစားပေးမှုမတူကြရာ တကယ်တမ်း ပေါင်း စည်းကြရန် အခက်အခဲရှိနေသည်။ ဒီမိုကရေစီ အသံရော ဖက်ဒရယ်အသံရော ကျယ်လောင်စွာ ထွက် ပေါ်လာပြီး သကာလ၌ ဒီမိုကရေစီက အရင်လော၊ ဖက်ဒရယ်က အရင်လောဆိုသည့် ငြင်းခုံမှုများကို တွေ့လာရသည်။ ပြည်မ ဒီမိုကရက်တစ်အင်အားစု များကတော့ ဒီမိုကရေစီရမှ ဖက်ဒရယ်ရမည် ဆိုသည့် အမြင်ကို ကိုင်ဆွဲကြသည်။ အာဏာရှင်စနစ်အောက် တွင် ဖက်ဒရယ်မရနိုင်ဟု ထောက်ပြကြသည်။ သို့ကြောင့် ဒီမိုကရေစီသည် ဦးစားပေးပြသနာအဖြစ် ရှုမြင်ကြသည်။ ထို့ကြောင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ကြမည်ဟု ကြွေးကြော် ကြသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
တိုင်းရင်းသားများတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဟု ကြွေးကြော်ကြသည်။ သူတို့အတွက် ဖက်ဒရယ်သည် ဦးစားပေးပြသနာဖြစ်သည်။ ဖက် ဒရယ်နှင့်ပတ်သက်၍ သမိုင်းကို ပြန်ကြည့်ကြဖို့ လို သည်။ ဒီမိုကရေစီရမှ ဖက်ဒရယ်ရမည်ဟု ကြည့်မြင် သည့် အယူအဆသည် ယနေ့ကာလတွင် ဒီမိုကရက် တစ်များအတွက် စံပေတံတစ်ချောင်းသဖွယ် ဖြစ်နေ သော်လည်း လက်တွေ့မြန်မာပြည်တွင် ဒီမိုကရေစီ စနစ်မဟုတ်သော ပဒေသရာဇ်စနစ်၊ ကိုလိုနီစနစ်၊ စစ်အာဏာရှင်စနစ်တို့၏ အောက်တွင်လည်း ဖက် ဒရယ်ဟုဆိုကြသည့် တိုင်းရင်းသားတို့သည် သူတို့ ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိခဲ့သည်ကို တွေ့ရ သည်။ ထို့ပြင် ပြည်မဒီမိုကရက်တစ်များအတွက် ဒီမို ကရေစီသည် ဦးစားပေးအရာဖြစ်နေသော်လည်း ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးများအတွက် ဦးစား ပေးအရာသည် ဖက်ဒရယ်သာဖြစ်သည်။ ကိုယ့်ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြစ်သည်။ မတူသော ဦးစား ပေးစဉ်းစားမှုကို ရှုမြင်ကြရန် လို သည်။
ပဒေသရာဇ်နိုင်ငံတော်ခေတ်ကာလတွင် မြန်မာ ဘုရင်သည် ရှမ်းစော်ဘွားနယ်များကို အာဏာသက် ရောက်သည်ဆိုသော်လည်း ယနေ့ကာလတွင် ဖက် ဒရယ်ဟုခေါ်ကြသည့် လွတ်လပ်သည့်အုပ်ချုပ်ရေးကို ခွင့်ပြုထားခဲ့သည်။ ပဒေရာဇ်မင်းလက်အောက်မှ ရှမ်း စော်ဘွားများသည် မိမိနယ်ကို မိမိလွတ်လပ်စွာ အုပ် ချုပ်ခွင့်၊ စီမံခန့်ခွဲခွင့်၊ တရားစီရင်ခွင့်၊ အခွန်ကောက်ခွင့် များရှိခဲ့ကြသည်။ စော်ဘွားတို့တွင် ကိုယ်ပိုင်လက်နက် ကိုင်တပ်ဖွဲ့၊ အချုပ်၊ ထောင်များရှိခဲ့ကြသည်။ စော်ဘွား တို့နှင့် မြန်မာဘုရင်ဆက်ဆံရေးတွင် တစ်နှစ်တစ်ခါ အခွန်ပဏ္ဏာဆက်သခြင်း၊ သားပေးသမီးယူလဲလှယ် ခြင်းနှင့် ပြည်ပနိုင်ငံများစစ်ဖြစ်လျင် လူသူလက်နက် ထောက်ပံ့ရခြင်းတို့ရှိခဲ့သည်။ စော်ဘွားတို့၏ အုပ်ချုပ် ရေးအား အသိအမှတ်ပြုထားခဲ့သည်။ ပဒေသရာဇ် စနစ်အောက်က ဖက်ဒရယ်ဟုဆိုရမည်။
ကိုလိုနီခေတ်တွင်လည်း အင်္ဂလိပ်တို့သည် စော် ဘွားတို့၏ အုပ်ချုပ်ရေးအား တစ်စုံတစ်ရာ ကန့်သတ် မှုပြုခဲ့သည်ဆိုသော်လည်း သူတို့၏ အုပ်ချုပ်ရေး၊ တရား စီရင်ရေးအာဏာကို ဆက်လက် အသိအမှတ်ပြုခဲ့ သည်။ အင်္ဂလိပ်တို့သည် ရှမ်းစော်ဘွားတို့အား ဥပဒေ ပုဒ်မ ၁၀ ခု ပြဋ္ဌာန်း၍ ဘောင်သတ်မှတ်သည် ဆိုသော် လည်း စော်ဘွားတို့၏ လုပ်ပိုင်ခွင့်သည် ကျယ်ပြန့်နေဆဲ ဖြစ်သည်။ စော်ဘွားတို့သည် အင်္ဂလိပ်အစိုးရအား မြန်မာဘုရင်ကဲ့သို့ပင် နှစ်စဉ်အခွန်ဆောင်ရသည်။ ကွာခြားချက်တစ်ခုမှာ မြန်မာဘုရင်လက်ထက်က စော်ဘွားတို့ထံမှ အခွန်လက်ဆောင်ပဏ္ဍာယူသကဲ့သို့ မြန်မာဘုရင်ကလဲ လက်ဆောင်ပြန်ပေးရသည့် ထုံးစံ ရှိခဲ့သည်။ အင်္ဂလိပ်တို့ကတော့ အယူသာရှိပြီး အပေး မရှိတော့။ သို့သော်လည်း စော်ဘွားတို့၏ အုပ်ချုပ်ရေး နှင့် အခွင့်အာဏာကို အသိမှတ်ပြုထားခဲ့သည်။ ဥပမာ အားဖြင့် နမ္မတူတွင် အင်္ဂလိပ်တို့က ဘော်တွင်းတူးရာ တွင်ပင် နမ့်ဆန်တောင်ပိုင်စော်ဘွား၏ ခွင့်ပြုချက် ရယူမှုနှင့် စော်ဘွားအာအခွန် ပေးဆောင်မှုပြုလုပ်ခဲ့ သည်။ ကိုလိုနီနယ်ချဲ့စနစ်အောက်က ဖက်ဒရယ်ဟု ဆိုရမည်။
၁၉၈၈ ခုနှစ်က နဝတက အာဏာသိမ်းသည်။ စစ်အာဏာရှင်စနစ်ဟု အများက သတ်မှတ်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ် နှစ်ဆန်း အရှေ့မြောက်နယ်စပ်ရှိ ဗမာ ပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီး တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအဖြစ် ခွဲထွက်ကြသည်။ ထိုအဖွဲ့များ သည် အာဏာသိမ်း နဝတ အစိုးရနှင့် အပစ်ရပ်သည်။ ထိုအဖွဲ့များ၏ ပါတီ၊ တပ်၊ အခြေခံဒေသကို နဝတက အသိမှတ်ပြုသည့်အောက်တွင် အပစ်ရပ်ကြ ငြိမ်းချမ်း ရေးယူကြသည်။ သူတို့ငြိမ်းချမ်းရေးယူချိန်သည် ပြည်မ၌ ၈ လေးလုံးအရေးတော်ပုံကာလဖြစ်သည်။ ထိုသို့ငြိမ်းချမ်းရေးယူသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအနက် အချို့ပြိုကွဲသွားကြသော်လည်း မိမိဒေသ၊ မိမိအင်အားကို ထိမ်းသိမ်းတည်ဆောက် နိုင်သည့် UWSP/UWSA (“ဝ”ဒေသ)၊ PSC/NDAA (မိုင်းလားဒေသ)တို့က အင်အားတောင့်တင်းစွာ ပေါ် ထွက်လာခဲ့သည်။ လူဦးရေ ၅ သိန်းအထက်ရှိ “ဝ”ဒေသနှင့် လူဦးရေ တစ်သိန်းအထက်ရှိသည့် မိုင်းလား ဒေသတို့သည် ကိုယ့်ဒေသ၊ ကိုယ့်တပ်၊ ကိုယ့်အုပ်ချုပ် ရေးနှင့်အနှစ် သုံးဆယ်ကျော် ရပ်တည်နေနိုင်ခဲ့သည် ကို တွေ့ရသည်။ စစ်အာဏာရှင်စနစ်အောက်က ဖက် ဒရယ်ဟုဆိုရမည်။ သို့မဟုတ် ဖက်ဒရယ်ပိုသော အခွင့် အရေးရသည်ဟုဆိုရမည်။ ထူးခြားချက်ကတော့ တိုင်း ရင်းသားလူမျိုးများသည် စစ်အင်အားပေါ် အခြေပြု၍ ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရယူခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းရင်းသားလူမျိုးများ၏ ဖက်ဒရယ် ဆိုသည်နှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုရာတွင် လည်းကောင်း၊ ဖက်ဒရယ်ဖော်ဆောင်ရေးနှင့် ပတ် သက်၍ လက်တွေ့လုပ်ဆောင်ရာတွင်လည်းကောင်း ဒီမိုကရေစီပေတံနှင့် တိုင်းတာရုံမျှနှင့် မလုံလောက်ပေ။ ရှုပ်ထွေးသောသမိုင်းကြောင်း၊ ရှည်လျားသည့် ပြည် တွင်းစစ်၊ လက်တွေ့မြေပြင်အခြေအနေများကို ပေါင်း စပ်ကြည့်ရန်လိုအပ်သည်။ သို့ဖြစ်ရာ အထွေအထွေ အပြားပြားသော ပုံစံများကို သတိပြုရန် လိုအပ်ပေ သည်။ ထို့ပြင် ဖက်ဒရယ်ဟု အလွယ်တကူ ဆိုနေကြ သော်လည်း တိုင်းရင်းသားလူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရေးတို့နှင့် ပတ် သက်၍ ဖွင့်ဆိုချက်၊ လိုလားချက်ပုံစံများ မတူကြ သည်ကို သတိပြုကြရန်လိုသည်။
ပေါင်းစပ်ကြခြင်း
၂၀၂၁ ဖေဖဝါရီလ ၁ ရက်နေ့က စခဲ့သည့် အပြောင်းအလဲနှင့် လူထုလှုပ်ရှားမှုကြီးအတွင်း နိုင်ငံ ရေးအမြင် အပြောင်းအလဲများကို တွေ့ရှိရသည်။ မူလက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဟု ဆုပ် ကိုင်ထားသည့် ပြည်မဒီမိုကရက်တစ် အင်အားစုများ သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဟု ပြောင်းလဲ ကြွေးကြော်လာကြသည်။ ဖက်ဒရယ်ပြည်ထောင်စု ေြွကးကြော်သံသည်သာ တောင်တန်းနှင့် ပြည်မသား အားလုံးကို စုစည်းနိုင်မည်ဟု ရှုမြင်လာခဲ့ကြသည်။ ရေစီးကြောင်းနှစ်ခုပေါင်းဆုံနိုင်မှ နှစ်ခုလုံး၏ ရည်မှန်း ချက်ကို လျင်မြန်ထိရောက်နိုင်လိမ့်မည်ဟု ရှုမြင်မှုလည်း ရှိလာကြသည်။ သို့သော် သတိပြုရန်မှာ ယခုအချိန် ကာလ၌ စတင်အမြင်ပြောင်းရုံနှင့် အလွယ်တကူ ပေါင်းစပ်နိုင်ရန်တော့ မလွယ်ကူလှပေ။ အနီးဆုံးတွင် ရှိနေသော်လည်း ဝေးကွာမှုများလည်း ရှိနေသည်။ရေစီးကြောင်းနှစ်ခု အစပြုရာနှင့် အထိုင်တို့သည် မတူညီကြပေ။ ဖြစ်တည်လာပုံ အခင်းအကျင်းမှစ၍ ဖြတ်သန်းသည့်အတွေ့အကြုံများလည်းမတူကြပေ။ စည်းရုံးဖွဲ့စည်းပုံနှင့် သေနင်္ဂဗျူဟာ အခင်းအကျင်း များလည်း မတူကြပေ။ ထို့ပြင် တစ်ဖက်နှင့်တစ်ဖက် မတူသောအခြေအနေနှင့် လုပ်နိုင်စွမ်းများကို အပြန် အလှန်သဘောပေါက်ရန် နားလည်မှုပေးရန် လိုအပ် နေသေးသည်။ တဖက်နှင့်တဖက်ကြား မကျေလည်မှုနဲ့ အကြိတ်အခဲများကို ဖြေရှင်းရန်လိုအပ်နေသေးသည်။ တစ်ဖက်နှင့်တစ်ဖက်ကြားတွင်ရှိနေသေးသည့် ပြစ် တင်ရှုံ့ချမှုများကို ဖြေရှင်းရန်လိုအပ်နေသေးသည်။ နားလည်သဘောပေါက်မှု မတူညီသည်များကို အသိ အမှတ်ပြုကြရန် လိုသည်။ ဖြေရှင်းရန်ပြဿနာများစွာ ရှိနေပေသေးသည်။ သို့ဖြစ်ရာ သဘောတရားအရ လွယ်ကူသော်လည်း လက်တွေ့လုပ်ဆောင်ရန်နိုင်ရန် အတွက် အားထုတ်မှုများစွာ လိုအပ်နေသေးသည်။ အတိုင်း အတာတခုအထိ အချိန်ယူရန် လိုအပ်နေသေး သည်။ ထို့ပြင် ရေရှည်အမျှော်အမြင်ရှိသည့် ကြံ့ခိုင် သည့်ခေါင်းဆောင်များ လက်တွေ့မြေပြင်တွင် ဦးစီး ဦးရွက်ပြုနိုင်သည့် ခေါင်းဆောင်များလည်း လိုအပ် သည်ဟု သုံးသပ်ရပေသည်။ သဘောတရားရေးအရ နိဂုံးချုပ်သုံးသပ်သည်မှာ နှိုင်းယှဉ်မှုအရ လွယ်ကူပါ သည်။ လက်တွေ့အကောင်အထည်ဖော်ရာတွင် တော့ အတားအဆီး အခက်အခဲများစွာအား ကျော်ဖြတ်ရန် လိုပေလိမ့်မည်။ သို့ဖြစ်ရာ ဒီမိုကရေစီနှင့် ဖက်ဒရယ် ကြား၊ ကိုယ်စားပြုသူများကြား အပြန်အလှန် နားလည် မှုပေးသည့်အဆင့်က စတင်တည်ဆောက်ကြဖို့ လိုပေ လိမ့်မည်။

မောင်မောင်စိုး

Unicode
၁၉၄၇ ပင္လံုကတိကဝတ္၊ သေဘာတူညီမ်ားႏွင့္အတူ ၁၉၄၈ တြင္ ျပည္ေထာင္စုဆိုသည့္ ပံုသဏၭာန္ႏွင့္ လြတ္လပ္ေသာ ျမန္မာႏိုင္ငံ ေပၚထြက္လာခဲ့သည္။ ၁၉၄၈ ခုႏွစ္မွ ၁၉၆၂ ခုႏွစ္ အထိ ျပည္ေထာင္စု ပံုသဏၭာန္ႏွင့္ ပတ္သက္၍လည္းေကာင္း၊ တိုင္းရင္းသားအခြင့္အေရး၊ တန္းတူေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္တို႔ႏွင့္ ပတ္သက္၍လည္းေကာင္း အျငင္း ပြားခဲ့ၾကသည္။ ဖက္ဒရယ္အသံႏွင့္ ၁၀ ႏွစ္ၾကာလွ်င္ ခြဲထြက္ခြင့္တို႔ ေအာက္တြင္ လႊတ္ေတာ္ တြင္း အျငင္းပြားမႈမ်ား၊ လက္နက္ကိုင္ ပုန္ကန္တိုက္ခိုက္မႈမ်ားႏွင့္အတူ ၁၉၆၂ ခုႏွစ္တြင္ တပ္က အာဏာသိမ္းယူခဲ့သည္။ တိုင္းရင္းသားတို႔၏ ဖက္ဒရယ္ေတာင္းဆိုမႈသည္ ဥပေဒတြင္း တြင္ ရပ္တည္မရေတာ့ဘဲ လက္နက္ကိုင္ပုန္ကန္မႈမ်ားဆီသို႔ ေရာက္သြားခဲ့သည္။
ဥပေဒတြင္းတြင္ ဖက္ဒရယ္သည္ ေျပာခြင့္မရသည့္ ေဝါဟာရျဖစ္သြားခဲ့သည္။ ဖက္ဒရယ္ ဆိုသည့္ ေဝါဟာရသံုးစြဲသူမ်ားသည္ ျပည္ေထာင္စုကို ၿဖိဳခြဲမည့္သူမ်ားအျဖစ္ သတ္မွတ္ ဖိႏွိပ္ခံခဲ့ရသည္။ ထို႔အတူ ဥပေဒတြင္းရွိ ျပည္မႏိုင္ငံေရးပါတီမ်ားႏွင့္အတူ တိုင္းရင္းသား ပါတီမ်ားလည္း ဖ်က္သိမ္းခံခဲ့ရသည္။
၁၉၆၂ ခုႏွစ္ေနာက္ပိုင္းမွစ၍ ျပည္ေထာင္စု တိုင္းရင္းသား အားလံုးကို ကိုယ္စားျပဳသည့္ ျပည္ ေထာင္စုပါတီ အယူအဆကို စတင္သြပ္သြင္းလာခဲ့ သည္ကို စတင္ေတြ႕ရွိရ သည္။ ထို႔ျပင္ ၁၉၆၂ မွစ၍ အာဏာအားလံုးကို ဗဟိုအစိုးရမွ တိုက္႐ိုက္ခ်ဳပ္ကိုင္ ထားသည္ျဖစ္ရာ ျပည္ေထာင္စုအမည္ခံသည့္ တျပည္ေထာင္စနစ္ ျဖစ္ေနခဲ့ေတာ့သည္။ သို႔ျဖစ္ရာ ျပည္ေထာင္စုႏွင့္ ျပည္ေထာင္စု မၿပိဳကြဲေရးျပႆနာ၊ ျပည္ေထာင္စုႏွင့္ တိုင္းရင္းသား တန္းတူေရး၊ ကိုယ္ပိုင္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အုပ္ခ်ဳပ္ေရးျပႆနာ၊ ျပည္ ေထာင္စုအတြင္းရွိ ႏိုင္ငံသားအားလံုး၊ တိုင္းရင္းသား အားလံုး တန္းတူရည္တူ အခြင့္အေရးရွိမႈႏွင့္ တိုင္းရင္း သား အခြင့္အေရးျပႆနာ၊ ဖက္ဒရယ္ ျပႆနာတို႔ ေရာေထြး၍ေနသည္။ နားလည္မႈမ်ား အကြဲကြဲ အျပားျပားျဖစ္၍ ေနေပေတာ့သည္။
ဒီမိုကေရစီ
၁၉၄၈ မွစ၍ အယူဝါဒကြဲျပားမႈအေျခခံသည့္ ျပည္တြင္းလက္နက္ကိုင္ပုန္ကန္မႈမ်ား စတင္တည္ရွိခဲ့ ေသာ္လည္း ဥပေဒတြင္း၌ ပါလီမန္ဒီမိုကေရစီစနစ္ တည္ရွိေနရာ ျပည္မလူထုအတြင္း ဒီမိုကေရစီ အခြင့္ အေရးရွိေနသည္ဟု ယူဆၾကသည္။ သို႔ျဖစ္၍ ဒီမိုက ေရစီ အခြင့္အေရး သီးျခားေတာင္းဆိုမႈသည္ သိသာ ေပၚလြင္ျခင္းမရွိေပ။ သို႔ေသာ္ ၁၉၆၂ ခုႏွစ္ တပ္က အာဏာသိမ္းယူၿပီး တပါတီ အာဏာရွင္စနစ္ ထူ ေထာင္သည္မွစ၍ ဒီမိုကေရစီဆိုသည္ကို လူထုအတြင္း စတင္ ေမွ်ာ္လင့္လာခဲ့ၾကသည္။ ၁၉၈၈ ခုႏွစ္ အေရး ေတာ္ပံုမွ အစျပဳ၍ ဒီမိုကေရစီေရး၊ လူအခြင့္အေရး သည္ လူထုေမွ်ာ္လင့္ခ်က္ျဖစ္ခဲ့သည္။ အေနာက္ ေလကလည္း အရွိန္ဟုန္ေကာင္းေကာင္းႏွင့္ တိုက္ခတ္ လာသည္ျဖစ္ရာ ျမန္မာျပည္တြင္ ဒီမိုကေရစီေရစီး ေၾကာင္းသည္ တျဖည္းျဖည္း အားေကာင္းလာခဲ့ သည္။ ဒီမိုကေရစီ ေရစီးေၾကာင္းသည္ ျပည္မလူထု ၾကားတြင္ အားေကာင္းခဲ့သည္။ လူအမ်ားစု အုပ္ခ်ဳပ္ ခြင့္ရွိသည့္ ဒီမိုကေရစီ၊ လူသားတန္ဖိုးအတြက္ လူ႔အခြင့္အေရး၊ တရားမွ်တမႈႏွင့္ လြတ္လပ္စြာ ေဖာ္ထုတ္ခြင့္တို႔သည္ ျပည္မလူထု ၾကားတြင္ ႏိုးၾကား လာခဲ့သည္။ တိုင္းရင္းသားမ်ားကလည္း ဒီမိုကေရစီ ရခဲ့လွ်င္ ဖက္ဒရယ္ရႏိုင္လိမ့္မည္ဆိုသည့္ ေမွ်ာ္လင့္ ခ်က္မ်ားရွိခဲ့ၾကသည္။ သို႔ေသာ္ ေတာင္တန္းေဒသ တိုင္းရင္းသားလူမ်ိဳးမ်ားသည္ ျပည္မထက္ လူဦးေရ နည္းပါးသည္ျဖစ္ရာ ျပည္မအာဏာကို သက္ေရာက္ ႏိုင္စြမ္း အကန္႔အသတ္ရွိ သည္။
ဖက္ဒရယ္
ဖက္ဒရယ္ေရစီးေၾကာင္းသည္ ၁၉၄၈ ခုႏွစ္က စတင္ခဲ့ေသာ္လည္း ၁၉၆၂ ခုႏွစ္ေနာက္ပိုင္းကစ၍ ဥပေဒပသို႔ ေရာက္သြားခဲ့ရသည္။ ေတာင္တန္းမ်ား ေပၚသို႔ ေရာက္သြားခဲ့ရသည္။ ဖက္ဒရယ္သည္ ႏွစ္ ၅၀ ခန္႔ ဥပေဒႏွင့္ ၿငိစြန္းခဲ့သည္။ ၂၀၁၁ မွစ၍ တစ္စ တစ္စ ဥပေဒတြင္းတြင္ ျပန္လည္အသိမွတ္ျပဳ ေျပာ ဆိုျခင္းခံခဲ့ရသည္။ ဖက္ဒရယ္ဆိုသည္အား ျပည္ ေထာင္စုအား ၿဖိဳခြဲျခင္းအျဖစ္ပံုဖ်က္ထားရာမွ ဖက္ ဒရယ္ဆိုသည္မွာ တိုင္းရင္းသားအခြင့္အေရးျဖစ္သည္ ဟု ျပန္လည္အသိအမွတ္ျပဳလာခဲ့ၾကသည္။ ဖက္ဒရယ္ ႏွင့္ပတ္သက္၍ မတူသည့္အဓိပၸာယ္ဖြင့္ဆိုခ်က္မ်ား ရွိေနေသးေသာ္လည္း ဖက္ဒရယ္ေရစီးေၾကာင္းအား အသိမွတ္ျပဳလာခဲ့ၾကသည္။ ဖက္ဒရယ္ေရစီးေၾကာင္း သည္ တိုင္းရင္းသားလူထုၾကားတြင္ အားေကာင္းခဲ့ သည္။ သို႔ေသာ္လည္း အာဏာရွင္ ကာလတစ္ေလွ်ာက္ လံုး ဖက္ဒရယ္ႏွင့္ပတ္သက္၍ ျပည္မ၌ သားေၾကာျဖတ္ ခံထားရသည္ျဖစ္ရာ ဖက္ဒရယ္ႏွင့္ပတ္သက္၍ လည္းေကာင္း၊ ဖက္ဒရယ္ေရစီးေၾကာင္းႏွင့္ပတ္သက္ ၍လည္းေကာင္း ျပည္မလူထုၾကား အျမင္ရွင္းလင္း ျခင္း ျပည္ျပည့္စံုစံု နားလည္ႏိုင္ျခင္း မရွိေပ။ ျပည္ေထာင္စု အမည္ခံထားသည့္ တျပည္ေထာင္ စနစ္ႏွင့္ အသားက် ေနၾကသည္။
ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု
ျပည္မေဒသေရာ တိုင္းရင္းသားေဒသပါ ႏိုင္ငံေရး လိႈင္းတံပိုးမ်ား ျပင္းထန္လာေသာအခါ ဒီမိုကေရစီ ေရစီးေၾကာင္းနဲ႔ ဖက္ဒရယ္ေရစီးေၾကာင္း ႏွစ္ခုေပါင္း စည္းႏိုင္ပါက ပို၍အားေကာင္းေမာင္းသန္ ျဖစ္မည္ကို သိၾကသည္။ ေပါင္းစည္းရန္လိုအပ္သည္ကိုလည္း တစတစ အသိမွတ္ျပဳလာၾကသည္။ သို႔ေသာ္ အဆိုပါ ေရစီးေၾကာင္းႏွစ္ခုသည္ ကိုယ္စားျပဳမႈ မတူၾက သကဲ့သို႔ ဦးစားေပးမႈမတူၾကရာ တကယ္တမ္း ေပါင္း စည္းၾကရန္ အခက္အခဲရွိေနသည္။ ဒီမိုကေရစီ အသံေရာ ဖက္ဒရယ္အသံေရာ က်ယ္ေလာင္စြာ ထြက္ ေပၚလာၿပီး သကာလ၌ ဒီမိုကေရစီက အရင္ေလာ၊ ဖက္ဒရယ္က အရင္ေလာဆိုသည့္ ျငင္းခံုမႈမ်ားကို ေတြ႕လာရသည္။ ျပည္မ ဒီမိုကရက္တစ္အင္အားစု မ်ားကေတာ့ ဒီမိုကေရစီရမွ ဖက္ဒရယ္ရမည္ ဆိုသည့္ အျမင္ကို ကိုင္ဆြဲၾကသည္။ အာဏာရွင္စနစ္ေအာက္ တြင္ ဖက္ဒရယ္မရႏိုင္ဟု ေထာက္ျပၾကသည္။ သို႔ေၾကာင့္ ဒီမိုကေရစီသည္ ဦးစားေပးျပသနာအျဖစ္ ႐ႈျမင္ၾကသည္။ ထို႔ေၾကာင့္ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ၾကမည္ဟု ေႂကြးေၾကာ္ ၾကသည္။
ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု
တိုင္းရင္းသားမ်ားေတာ့ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုဟု ေႂကြးေၾကာ္ၾကသည္။ သူတို႔အတြက္ ဖက္ဒရယ္သည္ ဦးစားေပးျပသနာျဖစ္သည္။ ဖက္ ဒရယ္ႏွင့္ပတ္သက္၍ သမိုင္းကို ျပန္ၾကည့္ၾကဖို႔ လို သည္။ ဒီမိုကေရစီရမွ ဖက္ဒရယ္ရမည္ဟု ၾကည့္ျမင္ သည့္ အယူအဆသည္ ယေန႔ကာလတြင္ ဒီမိုကရက္ တစ္မ်ားအတြက္ စံေပတံတစ္ေခ်ာင္းသဖြယ္ ျဖစ္ေန ေသာ္လည္း လက္ေတြ႕ျမန္မာျပည္တြင္ ဒီမိုကေရစီ စနစ္မဟုတ္ေသာ ပေဒသရာဇ္စနစ္၊ ကိုလိုနီစနစ္၊ စစ္အာဏာရွင္စနစ္တို႔၏ ေအာက္တြင္လည္း ဖက္ ဒရယ္ဟုဆိုၾကသည့္ တိုင္းရင္းသားတို႔သည္ သူတို႔ ေဒသအား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရွိခဲ့သည္ကို ေတြ႕ရ သည္။ ထို႔ျပင္ ျပည္မဒီမိုကရက္တစ္မ်ားအတြက္ ဒီမို ကေရစီသည္ ဦးစားေပးအရာျဖစ္ေနေသာ္လည္း ျပည္နယ္မ်ားရွိ တိုင္းရင္းသားလူမ်ိဳးမ်ားအတြက္ ဦးစား ေပးအရာသည္ ဖက္ဒရယ္သာျဖစ္သည္။ ကိုယ့္ေဒသအား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ျဖစ္သည္။ မတူေသာ ဦးစား ေပးစဥ္းစားမႈကို ႐ႈျမင္ၾကရန္ လို သည္။
ပေဒသရာဇ္ႏိုင္ငံေတာ္ေခတ္ကာလတြင္ ျမန္မာ ဘုရင္သည္ ရွမ္းေစာ္ဘြားနယ္မ်ားကို အာဏာသက္ ေရာက္သည္ဆိုေသာ္လည္း ယေန႔ကာလတြင္ ဖက္ ဒရယ္ဟုေခၚၾကသည့္ လြတ္လပ္သည့္အုပ္ခ်ဳပ္ေရးကို ခြင့္ျပဳထားခဲ့သည္။ ပေဒရာဇ္မင္းလက္ေအာက္မွ ရွမ္း ေစာ္ဘြားမ်ားသည္ မိမိနယ္ကို မိမိလြတ္လပ္စြာ အုပ္ ခ်ဳပ္ခြင့္၊ စီမံခန္႔ခြဲခြင့္၊ တရားစီရင္ခြင့္၊ အခြန္ေကာက္ခြင့္ မ်ားရွိခဲ့ၾကသည္။ ေစာ္ဘြားတို႔တြင္ ကိုယ္ပိုင္လက္နက္ ကိုင္တပ္ဖြဲ႕၊ အခ်ဳပ္၊ ေထာင္မ်ားရွိခဲ့ၾကသည္။ ေစာ္ဘြား တို႔ႏွင့္ ျမန္မာဘုရင္ဆက္ဆံေရးတြင္ တစ္ႏွစ္တစ္ခါ အခြန္ပဏၰာဆက္သျခင္း၊ သားေပးသမီးယူလဲလွယ္ ျခင္းႏွင့္ ျပည္ပႏိုင္ငံမ်ားစစ္ျဖစ္လ်င္ လူသူလက္နက္ ေထာက္ပံ့ရျခင္းတို႔ရွိခဲ့သည္။ ေစာ္ဘြားတို႔၏ အုပ္ခ်ဳပ္ ေရးအား အသိအမွတ္ျပဳထားခဲ့သည္။ ပေဒသရာဇ္ စနစ္ေအာက္က ဖက္ဒရယ္ဟုဆိုရမည္။
ကိုလိုနီေခတ္တြင္လည္း အဂၤလိပ္တို႔သည္ ေစာ္ ဘြားတို႔၏ အုပ္ခ်ဳပ္ေရးအား တစ္စံုတစ္ရာ ကန္႔သတ္ မႈျပဳခဲ့သည္ဆိုေသာ္လည္း သူတို႔၏ အုပ္ခ်ဳပ္ေရး၊ တရား စီရင္ေရးအာဏာကို ဆက္လက္ အသိအမွတ္ျပဳခဲ့ သည္။ အဂၤလိပ္တို႔သည္ ရွမ္းေစာ္ဘြားတို႔အား ဥပေဒ ပုဒ္မ ၁၀ ခု ျပ႒ာန္း၍ ေဘာင္သတ္မွတ္သည္ ဆိုေသာ္ လည္း ေစာ္ဘြားတို႔၏ လုပ္ပိုင္ခြင့္သည္ က်ယ္ျပန္႔ေနဆဲ ျဖစ္သည္။ ေစာ္ဘြားတို႔သည္ အဂၤလိပ္အစိုးရအား ျမန္မာဘုရင္ကဲ့သို႔ပင္ ႏွစ္စဥ္အခြန္ေဆာင္ရသည္။ ကြာျခားခ်က္တစ္ခုမွာ ျမန္မာဘုရင္လက္ထက္က ေစာ္ဘြားတို႔ထံမွ အခြန္လက္ေဆာင္ပ႑ာယူသကဲ့သို႔ ျမန္မာဘုရင္ကလဲ လက္ေဆာင္ျပန္ေပးရသည့္ ထံုးစံ ရွိခဲ့သည္။ အဂၤလိပ္တို႔ကေတာ့ အယူသာရွိၿပီး အေပး မရွိေတာ့။ သို႔ေသာ္လည္း ေစာ္ဘြားတို႔၏ အုပ္ခ်ဳပ္ေရး ႏွင့္ အခြင့္အာဏာကို အသိမွတ္ျပဳထားခဲ့သည္။ ဥပမာ အားျဖင့္ နမၼတူတြင္ အဂၤလိပ္တို႔က ေဘာ္တြင္းတူးရာ တြင္ပင္ နမ့္ဆန္ေတာင္ပိုင္ေစာ္ဘြား၏ ခြင့္ျပဳခ်က္ ရယူမႈႏွင့္ ေစာ္ဘြားအာအခြန္ ေပးေဆာင္မႈျပဳလုပ္ခဲ့ သည္။ ကိုလိုနီနယ္ခ်ဲ႕စနစ္ေအာက္က ဖက္ဒရယ္ဟု ဆိုရမည္။
၁၉၈၈ ခုႏွစ္က နဝတက အာဏာသိမ္းသည္။ စစ္အာဏာရွင္စနစ္ဟု အမ်ားက သတ္မွတ္ခဲ့ၾကသည္။ ၁၉၈၉ ခုႏွစ္ ႏွစ္ဆန္း အေရွ႕ေျမာက္နယ္စပ္ရွိ ဗမာ ျပည္ကြန္ျမဴနစ္ပါတီ ၿပိဳကြဲၿပီး တိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕မ်ားအျဖစ္ ခြဲထြက္ၾကသည္။ ထိုအဖြဲ႕မ်ား သည္ အာဏာသိမ္း နဝတ အစိုးရႏွင့္ အပစ္ရပ္သည္။ ထိုအဖြဲ႕မ်ား၏ ပါတီ၊ တပ္၊ အေျခခံေဒသကို နဝတက အသိမွတ္ျပဳသည့္ေအာက္တြင္ အပစ္ရပ္ၾက ၿငိမ္းခ်မ္း ေရးယူၾကသည္။ သူတို႔ၿငိမ္းခ်မ္းေရးယူခ်ိန္သည္ ျပည္မ၌ ၈ ေလးလံုးအေရးေတာ္ပံုကာလျဖစ္သည္။ ထိုသို႔ၿငိမ္းခ်မ္းေရးယူသည့္ တိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕မ်ားအနက္ အခ်ိဳ႕ၿပိဳကြဲသြားၾကေသာ္လည္း မိမိေဒသ၊ မိမိအင္အားကို ထိမ္းသိမ္းတည္ေဆာက္ ႏိုင္သည့္ UWSP/UWSA (“ဝ”ေဒသ)၊ PSC/NDAA (မိုင္းလားေဒသ)တို႔က အင္အားေတာင့္တင္းစြာ ေပၚ ထြက္လာခဲ့သည္။ လူဦးေရ ၅ သိန္းအထက္ရွိ “ဝ”ေဒသႏွင့္ လူဦးေရ တစ္သိန္းအထက္ရွိသည့္ မိုင္းလား ေဒသတို႔သည္ ကိုယ့္ေဒသ၊ ကိုယ့္တပ္၊ ကိုယ့္အုပ္ခ်ဳပ္ ေရးႏွင့္အႏွစ္ သံုးဆယ္ေက်ာ္ ရပ္တည္ေနႏိုင္ခဲ့သည္ ကို ေတြ႕ရသည္။ စစ္အာဏာရွင္စနစ္ေအာက္က ဖက္ ဒရယ္ဟုဆိုရမည္။ သို႔မဟုတ္ ဖက္ဒရယ္ပိုေသာ အခြင့္ အေရးရသည္ဟုဆိုရမည္။ ထူးျခားခ်က္ကေတာ့ တိုင္း ရင္းသားလူမ်ိဳးမ်ားသည္ စစ္အင္အားေပၚ အေျချပဳ၍ ၎တို႔၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးကို ရယူခဲ့ျခင္း ျဖစ္သည္။
သို႔ျဖစ္ရာ တိုင္းရင္းသားလူမ်ိဳးမ်ား၏ ဖက္ဒရယ္ ဆိုသည္ႏွင့္ပတ္သက္၍ အဓိပၸာယ္ဖြင့္ဆိုရာတြင္ လည္းေကာင္း၊ ဖက္ဒရယ္ေဖာ္ေဆာင္ေရးႏွင့္ ပတ္ သက္၍ လက္ေတြ႕လုပ္ေဆာင္ရာတြင္လည္းေကာင္း ဒီမိုကေရစီေပတံႏွင့္ တိုင္းတာ႐ံုမွ်ႏွင့္ မလံုေလာက္ေပ။ ႐ႈပ္ေထြးေသာသမိုင္းေၾကာင္း၊ ရွည္လ်ားသည့္ ျပည္ တြင္းစစ္၊ လက္ေတြ႕ေျမျပင္အေျခအေနမ်ားကို ေပါင္း စပ္ၾကည့္ရန္လိုအပ္သည္။ သို႔ျဖစ္ရာ အေထြအေထြ အျပားျပားေသာ ပံုစံမ်ားကို သတိျပဳရန္ လိုအပ္ေပ သည္။ ထို႔ျပင္ ဖက္ဒရယ္ဟု အလြယ္တကူ ဆိုေနၾက ေသာ္လည္း တိုင္းရင္းသားလူမ်ိဳးတို႔၏ ကိုယ္ပိုင္ျပ႒ာန္း ခြင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ တန္းတူေရးတို႔ႏွင့္ ပတ္ သက္၍ ဖြင့္ဆိုခ်က္၊ လိုလားခ်က္ပံုစံမ်ား မတူၾက သည္ကို သတိျပဳၾကရန္လိုသည္။
ေပါင္းစပ္ၾကျခင္း
၂၀၂၁ ေဖဖဝါရီလ ၁ ရက္ေန႔က စခဲ့သည့္ အေျပာင္းအလဲႏွင့္ လူထုလႈပ္ရွားမႈႀကီးအတြင္း ႏိုင္ငံ ေရးအျမင္ အေျပာင္းအလဲမ်ားကို ေတြ႕ရွိရသည္။ မူလက ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုဟု ဆုပ္ ကိုင္ထားသည့္ ျပည္မဒီမိုကရက္တစ္ အင္အားစုမ်ား သည္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုဟု ေျပာင္းလဲ ေၾကြးေၾကာ္လာၾကသည္။ ဖက္ဒရယ္ျပည္ေထာင္စု ေျြကးေၾကာ္သံသည္သာ ေတာင္တန္းႏွင့္ ျပည္မသား အားလံုးကို စုစည္းႏိုင္မည္ဟု ႐ႈျမင္လာခဲ့ၾကသည္။ ေရစီးေၾကာင္းႏွစ္ခုေပါင္းဆံုႏိုင္မွ ႏွစ္ခုလံုး၏ ရည္မွန္း ခ်က္ကို လ်င္ျမန္ထိေရာက္ႏိုင္လိမ့္မည္ဟု ႐ႈျမင္မႈလည္း ရွိလာၾကသည္။ သို႔ေသာ္ သတိျပဳရန္မွာ ယခုအခ်ိန္ ကာလ၌ စတင္အျမင္ေျပာင္း႐ံုႏွင့္ အလြယ္တကူ ေပါင္းစပ္ႏိုင္ရန္ေတာ့ မလြယ္ကူလွေပ။ အနီးဆံုးတြင္ ရွိေနေသာ္လည္း ေဝးကြာမႈမ်ားလည္း ရွိေနသည္။ေရစီးေၾကာင္းႏွစ္ခု အစျပဳရာႏွင့္ အထိုင္တို႔သည္ မတူညီၾကေပ။ ျဖစ္တည္လာပံု အခင္းအက်င္းမွစ၍ ျဖတ္သန္းသည့္အေတြ႕အႀကံဳမ်ားလည္းမတူၾကေပ။ စည္း႐ံုးဖြဲ႕စည္းပံုႏွင့္ ေသနဂၤဗ်ဴဟာ အခင္းအက်င္း မ်ားလည္း မတူၾကေပ။ ထို႔ျပင္ တစ္ဖက္ႏွင့္တစ္ဖက္ မတူေသာအေျခအေနႏွင့္ လုပ္ႏိုင္စြမ္းမ်ားကို အျပန္ အလွန္သေဘာေပါက္ရန္ နားလည္မႈေပးရန္ လိုအပ္ ေနေသးသည္။ တဖက္ႏွင့္တဖက္ၾကား မေက်လည္မႈနဲ႔ အႀကိတ္အခဲမ်ားကို ေျဖရွင္းရန္လိုအပ္ေနေသးသည္။ တစ္ဖက္ႏွင့္တစ္ဖက္ၾကားတြင္ရွိေနေသးသည့္ ျပစ္ တင္႐ံႈ႕ခ်မႈမ်ားကို ေျဖရွင္းရန္လိုအပ္ေနေသးသည္။ နားလည္သေဘာေပါက္မႈ မတူညီသည္မ်ားကို အသိ အမွတ္ျပဳၾကရန္ လိုသည္။ ေျဖရွင္းရန္ျပႆနာမ်ားစြာ ရွိေနေပေသးသည္။ သို႔ျဖစ္ရာ သေဘာတရားအရ လြယ္ကူေသာ္လည္း လက္ေတြ႕လုပ္ေဆာင္ရန္ႏိုင္ရန္ အတြက္ အားထုတ္မႈမ်ားစြာ လိုအပ္ေနေသးသည္။ အတိုင္း အတာတခုအထိ အခ်ိန္ယူရန္ လိုအပ္ေနေသး သည္။ ထို႔ျပင္ ေရရွည္အေမွ်ာ္အျမင္ရွိသည့္ ႀကံ့ခိုင္ သည့္ေခါင္းေဆာင္မ်ား လက္ေတြ႕ေျမျပင္တြင္ ဦးစီး ဦး႐ြက္ျပဳႏိုင္သည့္ ေခါင္းေဆာင္မ်ားလည္း လိုအပ္ သည္ဟု သံုးသပ္ရေပသည္။ သေဘာတရားေရးအရ နိဂံုးခ်ဳပ္သံုးသပ္သည္မွာ ႏိႈင္းယွဥ္မႈအရ လြယ္ကူပါ သည္။ လက္ေတြ႕အေကာင္အထည္ေဖာ္ရာတြင္ ေတာ့ အတားအဆီး အခက္အခဲမ်ားစြာအား ေက်ာ္ျဖတ္ရန္ လိုေပလိမ့္မည္။ သို႔ျဖစ္ရာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ ၾကား၊ ကိုယ္စားျပဳသူမ်ားၾကား အျပန္အလွန္ နားလည္ မႈေပးသည့္အဆင့္က စတင္တည္ေဆာက္ၾကဖို႔ လိုေပ လိမ့္မည္။

ေမာင္ေမာင္စိုး