• Today is: Thursday, August 5, 2021

ရခိုင္ျပည္၏ အစိုးရသစ္ႏွင့္ လႊတ္ေတာ္သစ္၏လားရာ ရခိုင်ပြည်၏ အစိုးရသစ်နှင့် လွှတ်တော်သစ်၏လားရာ

Federal Journal
February12/ 2021

Unicode

ရခိုင်ပြည်၏ အစိုးရသစ်နှင့် လွှတ်တော်သစ်၏လားရာ

ပြီးခဲ့သည့် နိုဝင် ဘာလ (၈)ရက်နေ့က တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးကတော့ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီဖြစ်သည်။ ရခိုင်ပြည်နယ်တွင် မြို့နယ်(၉)မြို့နယ်၌ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သော်လည်း ကျင်းပဖြစ်ခဲ့သည့်ဒေသများတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်ဟု ဆိုနိုင်ပေမည်။
တိုက်ပွဲများပြင်းထန်ခဲ့သည့် ရခိုင်မှ မြို့နယ် (၉)မြို့နယ်အပါအဝင် မြို့နယ် (၄)ခုမှ ရပ်ကွက် (၁၅)ခုနှင့် ကျေးရွာအုပ်စု ၁၀ဝ ကျော်တွင် လုံခြုံရေး အကြောင်း ပြချက်ဖြင့် ရွေးကောက်ပွဲလုပ်ခွင့်မရခဲ့ပေ။ ရွေးကောက်ပွဲ တစ်မြို့လုံး လုံးဝ လုပ်ခွင့် မရခဲ့သည့် မြို့ နယ်များမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပေါက်တော စသည့် မြို့နယ် (၉)မြို့နယ်ဖြစ်သည်။ ရွေးကောက်ပွဲ တစ်စိတ်တစ်ပိုင်းမလုပ်ဖြစ်သည့် မြို့နယ်များမှာ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် စစ်တွေမြို့နယ်များဖြစ် သည်။ (၁၇)မြို့နယ်ရှိသည့် ရခိုင်ပြည်နယ်တွင် မြို့ နယ်အများစုရွေးကောက်ပွဲမလုပ်နိုင်ခဲ့သည့်အတွက် ယခု ကျင်းပခဲ့သည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်ခဲ့သည်ကတော့ အထူးအထွေပြောနေစရာလိုမည်မထင်ပါ။
လွတ်လပ်သည့်ရွေးကောက်ပွဲ ဖြစ်ခဲ့သည်ဖြစ်စေ၊ မဖြစ်ခဲ့သည်ဖြစ်စေ ရခိုင်ပြည်ရွေးကောက်ပွဲရလဒ် ကတော့ အခြားတိုင်းနှင့်ပြည်နယ်များနည်းတူ ထွက် ပေါ်လာခဲ့ပြီဖြစ်သည်။
ရခိုင်တွင် လွှတ်တော်(၃)ရပ်အတွက် ရခိုင်အမျိုး သားပါတီက (၁၅) နေရာ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က (၈) နေရာ၊ ရခိုင့်ဦးဆောင်ပါတီက (၃) နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က (၂) နေရာ အသီးအသီး အနိုင်ရရှိခဲ့ကြသည်။
ယင်းအနက် ရခိုင်အမျိုးသားပါတီ အနိုင်ရရှိခဲ့ သည့်နေရာ (၁၅)ခုမှာ အမျိုးသားလွှတ်တော် (၄)နေရာ၊ ပြည်သူ့လွှတ်တော် (၄)နေရာနှင့် ပြည်နယ် လွှတ်တော် (၇)နေရာတို့ဖြစ်ပြီး လွှတ်တော်နေရာ အများဆုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အမျိုးသားလွှတ်တော် (၁)နေရာ၊ ပြည်သူ့လွှတ်တော် (၂)နေရာ၊ ပြည်နယ်လွှတ်တော် (၄) နေရာနှင့် ချင်း တိုင်းရင်းသားရေးရာလွှတ်တော်(၁)နေရာ အနိုင် ရရှိခဲ့သည်။
ရခိုင့်ဦးဆောင်ပါတီကတော့ ပြည်သူ့လွှတ်တော် (၁)နှင့် ပြည်နယ်လွှတ်တော် (၂)နေရာ အနိုင်ရရှိခဲ့ သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တော့ ပြည်သူ့လွှတ်တော် (၁)နေရာနှင့် ပြည်နယ် လွှတ်တော်(၁)နေရာ အနိုင်ရရှိခဲ့သည်။
ယခုကျင်းပခဲ့သည့်ရွေးကောက်ပွဲအတွင်း ရခိုင်မှ တိုင်းရင်းသားပါတီများဖြစ်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)နှင့် ပြည်နယ်တွင်းရှိ အခြား တိုင်းရင်းသားမျိုးနွယ်စုဝင်ပါတီငယ်များသည် ပြည်မ ဘက်မှအင်အားကြီးပါတီများဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တို့ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသည်။ ယင်းသို့ ယှဉ်ပြိုင်ပြီးနောက် ယခုကဲ့ သို့ ရလဒ်များ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
ယခုရလဒ်အရဆိုလျှင် ရခိုင်ပြည်နယ်တွင် ရခိုင် အမျိုးသားပါတီ (ANP) သည် ပြည်နယ်လွှတ်တော်တွင် နေရာ (၇)နေရာအထိ အနိုင်ရရှိထားသည်ကို တွေ့နိုင် ပေသည်။ ထို့ကြောင့် ပြည်နယ်လွှတ်တော်ကို ANP က ဦးဆောင်နိုင်မည်လားဆိုသည်ကို အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။
၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ANP သည် ပြည်နယ်လွှတ်တော်တွင် နေရာအများဆုံး အနိုင်ရရှိခဲ့ ဖူးသည်။ ယင်းအချိန်က ANP သည် ပြည်နယ်လွှတ် တော်တွင် (၂၂)နေရာအထိ အနိုင်ရရှိခဲ့သော်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ANP က မရွေးချယ်ခဲ့ဘဲ ပြည်နယ်လွှတ်တော်တွင် (၉)နေရာသာအနိုင်ရရှိခဲ့ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဂွမြို့ နယ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးညီပုကိုသာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် သမ္မတက ရွေးချယ် ခန့်အပ်ခဲ့သည်။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာကိုသာ ANP က ရရှိခဲ့ဖူးသည်။ ၂၀ဝ၈ အခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်အား သမ္မတက တိုက်ရိုက်ရွေး ချယ် ခန့်အပ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ANP အနေဖြင့် ဥပဒေကို မလွန်ဆန်နိုင်ခဲ့ပေ။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်သက်တမ်း တွင် ANP က ၂၂ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ၉ ဦး၊ USDP က ၃ ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦး၊ စုစုပေါင်း ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၃၅ ဦးရှိခဲ့သည်။ ရွေးကောက်ခံကိုယ်စားလှယ်၏ ၂၅ ရာခိုင်နှုန်းဖြစ်သော တပ်မတော်သားကိုယ်စားလှယ် ၁၂ ဦးနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၄၇ ဦးဖြင့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကို ထိန်း ကျောင်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ထိန်းကျောင်းရာတွင် ပြည်နယ်လွှတ် တော်၌ ANP က လွှတ်တော်နေရာအများဆုံးရရှိခဲ့သည့် အတွက် လွှတ်တော်ကို ANP က ချုပ်ကိုင်နိုင်ခဲ့သည်။ သို့ရာတွင် ၂၀ဝ၈ အခြေခံဥပဒေ၏ အတားအဆီး ကြောင့် ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် ခန့်အပ် ခံရခြင်းမရှိခဲ့သလို အစိုးရအဖွဲ့၏ ဝန်ကြီးနေရာ ခန့်အပ် ရာတွင်လည်း NLD အစိုးရက ANP မှ တစ်ဦး တစ်ယောက်ကိုမျှ ရွေးချယ်ခန့်အပ်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ANP အုပ်စိုးသောလွှတ်တော်နှင့် NLD ကြီးစိုးသောအစိုးရအဖွဲ့တို့ တစ်သီးတခြားစီ ဖြစ်သွား ခဲ့ရသည်။ ယင်းမှတစ်ဆင့် ဒုတိယအကြိမ် ရခိုင် ပြည်နယ်လွှတ်တော်သက်တမ်းတွင် ပြည်နယ်အစိုးရ အဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့အကြား မညီမျှသည့် နိုင်ငံရေးအားပြိုင်မှုများနှင့် နိုင်ငံရေးပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ဥပမာအားဖြင့် ရခိုင်မြို့ကြီးအချို့ တွင် အထပ်မြင့်ဈေးကြီးများတည်ဆောက်ရန် ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် (ယခု AA ၏ဖမ်းဆီးထားခြင်းကို ခံနေရသူ)ဦးဆောင် ကာ လွှတ်တော်တွင် ပွင့်လင်းမြင်သာစွာချမပြဘဲ စီစဉ်ခဲ့သည့်အတွက် ပြည်နယ်လွှတ်တော်က သူ့အား ကန့်ကွက်ရှုတ်ချကာ လွှတ်တော်က ထုတ်ပယ်ခဲ့ရသည် အထိ ဖြစ်ခဲ့ရသည်။
အလားတူ ပြည်နယ်အစိုးရအဖွဲ့၏ အခွန်/ဘဏ္ဍာ/ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ပြည်နယ်တွင်းရှိ စီမံကိန်းများအား အကောင်အထည် ဖော်ရာတွင် ဥပဒေအရ အပ်နှင်းထားသော တာဝန်များ ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ဟုဆိုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက စွပ်စွဲ ပြစ်တင်ခဲ့ကြသည်။
ဦးကျော်အေးသိန်းသည် မြို့နယ် ၅ ခုတွင် တည်ဆောက်မည့် အဆင့်မြင့်ဈေးစီမံကိန်းများ၊ ပြည်နယ်၏ ခွင့်ပြုရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်ငန်းများနှင့်အညီ ဆောင်ရွက် နိုင်မှု မရှိခြင်း၊ မောင်တော ကညင်ချောင်း စီးပွားရေး ဇုန်လုပ်ငန်း အကောင်အထည်မဖော်နိုင်ခြင်း စသည် တို့ဖြင့် စွပ်စွဲပြစ်တင်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းကြောင့် ဦးကျော်အေးသိန်းအား ရာထူးမှဖြုတ်ချနိုင်ရေး ပြည်နယ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ သူ့အား ရာထူးမှဖြုတ်ချရန် လုံလောက်သော မဲအရေအတွက် မရခဲ့သဖြင့် အထမြောက် အောင်မြင်ခြင်းမရှိခဲ့ပေ။ ဤသည်မှာ ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော် အကြား အားပြိုင်ခဲ့ရသည့် အနီးစပ်ဆုံး သာဓက အချို့ပင်ဖြစ်သည်။ ပြည်နယ်အစိုးရနှင့် ပြည်နယ် လွှတ်တော်အကြား ယခုကဲ့သို့ ကတောက်ကဆများ ဖြစ်ပေါ်ခဲ့ခြင်းမှာ NLD အစိုးရက ANP အပေါ် အကြီး အကျယ် လျစ်လျူရှုခဲ့ခြင်းကြောင့်ဟု ကောက်ချက်ချ နိုင်ပေသည်။
ANP သည် ပြည်နယ်လွှတ်တော်တွင် အစိုးရဖွဲ့ နိုင်သည်အထိ၊ ဝန်ကြီးချုပ်ခန့်အပ်ခံရနိုင်သည်အထိ အနိုင်ရရှိခဲ့သော်လည်း NLD အစိုးရက ANP ကို အရေးမပေးခဲ့ပေ။ အစိုးရအဖွဲ့ဝန်ကြီးနေရာများတွင် လည်း ANP ကို ရွေးချယ်မှုမရှိခဲ့ပေ။ ယင်းသို့ ခန့်အပ်မှု မရှိခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ ကတ်ဘိနပ် အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုချက်များ ကို ANP က စိုးစိမျှ မသိနိုင်တော့ပေ။ ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပျက်ခဲ့ရသည့် နယ်မြေကျူး ကျော်မှုကြောင့်ဖြစ်ခဲ့ရသည့် မောင်တောအရေးအခင်း၊ သဘာဝသယံဇာတခွဲဝေမှုကြောင့်ဖြစ်နေရသည့် လက်နက်ကိုင်တိုက်ပွဲများ၊ လူ့အခွင့်အရေးချိုးဖောက် ခံရမှုများ၊ နိုင်ငံတကာစီမံကိန်းကြီးများနှင့် ပတ်သက် သည့် စီမံခန့်ခွဲပိုင်ခွင့်များစသည်စသည်တို့သည် ANP နှင့် လုံးလုံးမျှမဆိုင်ဖြစ်ခဲ့ရသည်။ NLD ကြီးစိုးသည့် ပြည်နယ်အစိုးရ၏ စိတ်ကြိုက်ခြယ်လှယ်ခြင်းကို ANP အပါအဝင် ရခိုင်ပြည်သူတစ်ရပ်လုံး ခါးစည်းခံခဲ့ရသည်။
ပြန်ကောက်ရလျှင် ယခုလာမည့် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်သက်တမ်းတွင် ရွေးကောက်ခံ ကိုယ်စားလှယ် ၁၅ ဦးရှိသည့်အတွက် ရွေးကောက်ခံ ကိုယ်စားလှယ်၏ ၂၅ ရာခိုင်နှုန်းအဖြစ် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ၅ ဦးပါဝင်လာမည် ဖြစ်သည်။ သို့ဆိုလျှင် လာမည့်လွှတ်တော်သက်တမ်း ကို ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စား လှယ် ၁၅ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ် ၅ ဦး၊ စုစုပေါင်း (၂၀)ဦးဖြင့် ပြည်နယ်လွှတ်တော် ကို ထိန်းကျောင်းသွားရမည်ဖြစ်သည်။
ယခင်က ရွေးကောက်ခံကိုယ်စားလှယ် ၄၇ ဦး ရှိခဲ့စဉ်ကပင် ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော် တို့ သဘောထားချင်းမတိုက်ဆိုင်ဘဲ ရန်စောင်နေခဲ့ သည်ဆိုပါလျှင် လာမည့်လွှတ်တော်သက်တမ်းတွင် လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးသာရှိသည်ဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့တစ်ခုလုံးကို ပြည်နယ်လွှတ်တော် က ထိန်းကျောင်းနိုင်မည်လားဆိုသည်မှာလည်း အတွေး ပွားစရာပင်ဖြစ်နေသည်။
တစ်ဘက်တွင်လည်း NLD သည် ယခု ၂၀၂၀ ရွေးကောက်ပွဲပြီးနောက် နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိတိုင်းရင်းသားပါတီများအပါအဝင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပါတီ (၄၈)ပါတီကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင်ကြရန် စာပေးပို့ကမ်းလှမ်းခဲ့သည်ကို တွေ့ရသည်။ စာပေးပို့ကမ်းလှမ်းခြင်းခံခဲ့ရသည့် ရခိုင်မှ ပါတီများတွင် ရခိုင့်အင်အားကြီးပါတီဖြစ်သော ရခိုင် အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင့် ဦးဆောင်ပါတီ၊ ယင်းအပြင် ကမန်အမျိုးသား တိုး တက်ရေးပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ၊ ဒိုင်းနက် လူမျိုးများတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်း သား ဖွံ့ဖြိုးရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီတို့ပါဝင်ကြသည်။
NLD က ကလမ်းလှမ်းလိုက်သည့်စာထဲတွင် NLD အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင် ရွက်သွားမည်ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီတွေ အနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုက ရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက် ြွကြွက ပူးပေါင်းပါဝင်ကြရန် မျှော်လင့်သည့်အကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
သည်ကမ်းလှမ်းစာကိုကြည့်ခြင်းအားဖြင့် NLD သည် တိုင်းရင်းသားအရေးကို အမှန်တကယ် စိတ်ဝင် စားသည့်အတွက် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်း လား။ ယခင် လွှတ်တော်သက်တမ်းအတွင်း တိုင်းရင်း သားအရေးနှင့်ပတ်သက်လာလျှင် NLD အစိုးရ၏လုပ်ဆောင်ချက်များအပေါ် တိုင်းရင်းသားများက စိတ်တိုင်းမကျဖြစ်ခဲ့ရသည်ကို သင်ခန်းစာယူကာ လာမည့်အစိုးရသစ်လက်ထက်တွင် အမှန်တကယ် ပြုပြင်ပြောင်းလဲသွားတော့မည်လား။ ယခင်လွှတ် တော်သက်တမ်းထက် ယခုလွှတ်တော်သက်တမ်းတွင် NLD ၏ တိုင်းရင်းသားများအပေါ်ထားရှိသည့်မူဝါဒများ ပျော့ပျောင်းလာတော့မည်လား။ ခေတ်စကားအရ ပြောရလျှင် အစိုးရဆိုသည်မှာ အစသာရိုးသည်ဟုဆို သည့်အတိုင်း အစပိုင်းတွင် ရိုးသားဟန်ဆောင်ခြင်း ပေလား။ လားပေါင်းများစွာဖြင့် NLD ၏ ကမ်းလှမ်းစာ အား တိုင်းရင်းသားပါတီများက ထင်ကြေးအမျိုးမျိုး ပေးလျက်ရှိနေကြသည်။ ယခုကဲ့သို့ NLD က ကမ်း လှမ်းလိုက်သည့်အတွက် အစိုးရသစ် စတင်ဦးဆောင် စဉ်တွင် NLD နှင့် တိုင်းရင်းသားများအကြား ဆက်ဆံ ရေးမှာ ယခင်ထက် ပြေပြစ်လာမည်လားဆိုသည်ကို လည်း စောင့်ကြည့်ရမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လာမည့် တတိယ အကြိမ်မြောက်လွှတ်တော်သက်တမ်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စတင်ခေါ်ယူတော့မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဒီဇင်ဘာလ ၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ သည့် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ အစည်းအဝေးတွင် တရားဝင်ပြောဆိုထားပြီဖြစ်သည်။
လက်ရှိလွှတ်တော်အသီးသီး၏ငါးနှစ်သက်တမ်း သည် လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက် ဖေဖော်ဝါရီလအတွင်း လွှတ်တော်သစ်ခေါ်ယူရခြင်းဖြစ်သည်။
ဖေဖော်ဝါရီလတွင်ကျင်းပမည့် လွှတ်တော်၌ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်သည့်ကိစ္စများ၊ အစိုးရ ဖွဲ့စည်းမည့်ကိစ္စများကို ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အစိုးရသစ်က တာဝန်စတင် ထမ်းဆောင်ရမည်ဖြစ်သည်။
သမ္မတသစ်ရွေးချယ်ခန့်အပ်အပြီး အစိုးရသစ် စတင်တာဝန်ထမ်းဆောင်စဉ် ရခိုင်ပြည်နယ်လွှတ်တော် အတွင်း ရွေးကောက်ခံကိုယ်စားလှယ်များထဲမှ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် မည်သူဖြစ်လာမလဲ။ ပြည်နယ် အစိုးရအဖွဲ့၏ဝန်ကြီးများနေရာတွင်ကော မည်သူတွေ ပါဝင်လာမလဲ။ ပြည်နယ်လွှတ်တော်တွင် နေရာအများဆုံး ရရှိထားသည့် ANP ၏ ဖြစ်တည်မှုကော ပြည်နယ် အစိုးရအဖွဲ့တွင် အတိုင်းအတာတစ်ခုအထိ အရာထင် လာနိုင်မလား။ ပြည်နယ်လွှတ်တော်နှင့် ပြည်နယ် အစိုးရတို့ကော မည်သို့မည်ပုံခရီးဆက်ကြမလဲ။ မျက်ခြည်မပြတ် စောင့်ကြည့်ထားရမည့် အချက်များ ပင် ဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)

Zawgyi

ရခိုင္ျပည္၏ အစိုးရသစ္ႏွင့္ လႊတ္ေတာ္သစ္၏လားရာ

ၿပီးခဲ့သည့္ ႏိုဝင္ ဘာလ (၈)ရက္ေန႔က တစ္ႏိုင္ငံလံုး အတိုင္း အတာျဖင့္ က်င္းပခဲ့သည့္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲႀကီးကေတာ့ ေအာင္ျမင္စြာ က်င္းပ ၿပီးစီးခဲ့ၿပီျဖစ္သည္။ ရခိုင္ျပည္နယ္တြင္ ၿမိဳ႕နယ္(၉)ၿမိဳ႕နယ္၌ ေရြးေကာက္ပြဲ မက်င္းပျဖစ္ခဲ့ေသာ္လည္း က်င္းပျဖစ္ခဲ့သည့္ေဒသမ်ားတြင္ ေအာင္ျမင္စြာ က်င္းပ ႏိုင္ခဲ့သည္ဟု ဆိုႏိုင္ေပမည္။
တိုက္ပြဲမ်ားျပင္းထန္ခဲ့သည့္ ရခိုင္မွ ၿမိဳ႕နယ္ (၉)ၿမိဳ႕နယ္အပါအဝင္ ၿမိဳ႕နယ္ (၄)ခုမွ ရပ္ကြက္ (၁၅)ခုႏွင့္ ေက်းရြာအုပ္စု ၁၀ဝ ေက်ာ္တြင္ လံုျခံဳေရး အေၾကာင္း ျပခ်က္ျဖင့္ ေရြးေကာက္ပြဲလုပ္ခြင့္မရခဲ့ေပ။ ေရြးေကာက္ပြဲ တစ္ၿမိဳ႕လံုး လံုးဝ လုပ္ခြင့္ မရခဲ့သည့္ ၿမိဳ႕ နယ္မ်ားမွာ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊ ေက်ာက္ ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံုႏွင့္ ေပါက္ေတာ စသည့္ ၿမိဳ႕နယ္ (၉)ၿမိဳ႕နယ္ျဖစ္သည္။ ေရြးေကာက္ပြဲ တစ္စိတ္တစ္ပိုင္းမလုပ္ျဖစ္သည့္ ၿမိဳ႕နယ္မ်ားမွာ အမ္း၊ ေက်ာက္ျဖဴ၊ ေတာင္ကုတ္ႏွင့္ စစ္ေတြၿမိဳ႕နယ္မ်ားျဖစ္ သည္။ (၁၇)ၿမိဳ႕နယ္ရွိသည့္ ရခိုင္ျပည္နယ္တြင္ ၿမိဳ႕ နယ္အမ်ားစုေရြးေကာက္ပြဲမလုပ္ႏိုင္ခဲ့သည့္အတြက္ ယခု က်င္းပခဲ့သည့္ေရြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမွ်တေသာ ေရြးေကာက္ပြဲ မျဖစ္ခဲ့သည္ကေတာ့ အထူးအေထြေျပာေနစရာလိုမည္မထင္ပါ။
လြတ္လပ္သည့္ေရြးေကာက္ပြဲ ျဖစ္ခဲ့သည္ျဖစ္ေစ၊ မျဖစ္ခဲ့သည္ျဖစ္ေစ ရခိုင္ျပည္ေရြးေကာက္ပြဲရလဒ္ ကေတာ့ အျခားတိုင္းႏွင့္ျပည္နယ္မ်ားနည္းတူ ထြက္ ေပၚလာခဲ့ၿပီျဖစ္သည္။
ရခိုင္တြင္ လႊတ္ေတာ္(၃)ရပ္အတြက္ ရခိုင္အမ်ိဳး သားပါတီက (၁၅) ေနရာ၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က (၈) ေနရာ၊ ရခိုင့္ဦးေဆာင္ပါတီက (၃) ေနရာႏွင့္ ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ က (၂) ေနရာ အသီးအသီး အႏိုင္ရရွိခဲ့ၾကသည္။
ယင္းအနက္ ရခိုင္အမ်ိဳးသားပါတီ အႏိုင္ရရွိခဲ့ သည့္ေနရာ (၁၅)ခုမွာ အမ်ိဳးသားလႊတ္ေတာ္ (၄)ေနရာ၊ ျပည္သူ႔လႊတ္ေတာ္ (၄)ေနရာႏွင့္ ျပည္နယ္ လႊတ္ေတာ္ (၇)ေနရာတို႔ျဖစ္ၿပီး လႊတ္ေတာ္ေနရာ အမ်ားဆံုး အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေတာ့ အမ်ိဳးသားလႊတ္ေတာ္ (၁)ေနရာ၊ ျပည္သူ႔လႊတ္ေတာ္ (၂)ေနရာ၊ ျပည္နယ္လႊတ္ေတာ္ (၄) ေနရာႏွင့္ ခ်င္း တိုင္းရင္းသားေရးရာလႊတ္ေတာ္(၁)ေနရာ အႏိုင္ ရရွိခဲ့သည္။
ရခိုင့္ဦးေဆာင္ပါတီကေတာ့ ျပည္သူ႔လႊတ္ေတာ္ (၁)ႏွင့္ ျပည္နယ္လႊတ္ေတာ္ (၂)ေနရာ အႏိုင္ရရွိခဲ့ သည္။
ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက ေတာ့ ျပည္သူ႔လႊတ္ေတာ္ (၁)ေနရာႏွင့္ ျပည္နယ္ လႊတ္ေတာ္(၁)ေနရာ အႏိုင္ရရွိခဲ့သည္။
ယခုက်င္းပခဲ့သည့္ေရြးေကာက္ပြဲအတြင္း ရခိုင္မွ တိုင္းရင္းသားပါတီမ်ားျဖစ္ေသာ ရခိုင္ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (ALD)၊ ရခိုင္အမ်ိဳးသားပါတီ (ANP)၊ ရခိုင့္ဦးေဆာင္ပါတီ (AFP)ႏွင့္ ျပည္နယ္တြင္းရွိ အျခား တိုင္းရင္းသားမ်ိဳးႏြယ္စုဝင္ပါတီငယ္မ်ားသည္ ျပည္မ ဘက္မွအင္အားႀကီးပါတီမ်ားျဖစ္သည့္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ႏွင့္ ျပည္ေထာင္စုၾကံ့ခိုင္ ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP)တို႔ကို အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ရသည္။ ယင္းသို႔ ယွဥ္ၿပိဳင္ၿပီးေနာက္ ယခုကဲ့ သို႔ ရလဒ္မ်ား ထြက္ေပၚလာျခင္းလည္းျဖစ္သည္။
ယခုရလဒ္အရဆိုလွ်င္ ရခိုင္ျပည္နယ္တြင္ ရခိုင္ အမ်ိဳးသားပါတီ (ANP) သည္ ျပည္နယ္လႊတ္ေတာ္တြင္ ေနရာ (၇)ေနရာအထိ အႏိုင္ရရွိထားသည္ကို ေတြ႕ႏိုင္ ေပသည္။ ထို႔ေၾကာင့္ ျပည္နယ္လႊတ္ေတာ္ကို ANP က ဦးေဆာင္ႏိုင္မည္လားဆိုသည္ကို အားလံုးက စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကသည္။
၂၀၁၅ ေရြးေကာက္ပြဲတုန္းကလည္း ANP သည္ ျပည္နယ္လႊတ္ေတာ္တြင္ ေနရာအမ်ားဆံုး အႏိုင္ရရွိခဲ့ ဖူးသည္။ ယင္းအခ်ိန္က ANP သည္ ျပည္နယ္လႊတ္ ေတာ္တြင္ (၂၂)ေနရာအထိ အႏိုင္ရရွိခဲ့ေသာ္လည္း ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို ANP က မေရြးခ်ယ္ခဲ့ဘဲ ျပည္နယ္လႊတ္ေတာ္တြင္ (၉)ေနရာသာအႏိုင္ရရွိခဲ့ သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) မွ ဂြၿမိဳ႕ နယ္ အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီပုကိုသာ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ သမၼတက ေရြးခ်ယ္ ခန္႔အပ္ခဲ့သည္။ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ေနရာကိုသာ ANP က ရရွိခဲ့ဖူးသည္။ ၂၀ဝ၈ အေျခခံဥပေဒအရ ျပည္နယ္ဝန္ႀကီးခ်ဳပ္အား သမၼတက တိုက္႐ိုက္ေရြး ခ်ယ္ ခန္႔အပ္ႏိုင္သည္ဟု ျပ႒ာန္းထားသည့္အတြက္ ANP အေနျဖင့္ ဥပေဒကို မလြန္ဆန္ႏိုင္ခဲ့ေပ။
ၿပီးခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲရလဒ္အရ ဒုတိယအႀကိမ္ ရခိုင္ျပည္နယ္လႊတ္ေတာ္သက္တမ္း တြင္ ANP က ၂၂ ဦး၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ က ၉ ဦး၊ USDP က ၃ ဦးႏွင့္ တစ္သီးပုဂၢလ တစ္ဦး၊ စုစုေပါင္း ေ႐ြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္ ၃၅ ဦးရွိခဲ့သည္။ ေရြးေကာက္ခံကိုယ္စားလွယ္၏ ၂၅ ရာခိုင္ႏႈန္းျဖစ္ေသာ တပ္မေတာ္သားကိုယ္စားလွယ္ ၁၂ ဦးႏွင့္ ေပါင္းလိုက္လွ်င္ စုစုေပါင္း ၄၇ ဦးျဖင့္ ဒုတိယအႀကိမ္ ရခိုင္ျပည္နယ္လႊတ္ေတာ္ကို ထိန္း ေက်ာင္းခဲ့ျခင္းျဖစ္သည္။
ယင္းသို႔ထိန္းေက်ာင္းရာတြင္ ျပည္နယ္လႊတ္ ေတာ္၌ ANP က လႊတ္ေတာ္ေနရာအမ်ားဆံုးရရွိခဲ့သည့္ အတြက္ လႊတ္ေတာ္ကို ANP က ခ်ဳပ္ကိုင္ႏိုင္ခဲ့သည္။ သို႔ရာတြင္ ၂၀ဝ၈ အေျခခံဥပေဒ၏ အတားအဆီး ေၾကာင့္ ျပည္နယ္အစိုးရအဖြဲ႕တြင္ ဝန္ႀကီးခ်ဳပ္ ခန္႔အပ္ ခံရျခင္းမရွိခဲ့သလို အစိုးရအဖြဲ႕၏ ဝန္ႀကီးေနရာ ခန္႔အပ္ ရာတြင္လည္း NLD အစိုးရက ANP မွ တစ္ဦး တစ္ေယာက္ကိုမွ် ေရြးခ်ယ္ခန္႔အပ္ျခင္းမရွိခဲ့ေပ။ ထို႔ေၾကာင့္ ANP အုပ္စိုးေသာလႊတ္ေတာ္ႏွင့္ NLD ႀကီးစိုးေသာအစိုးရအဖြဲ႕တို႔ တစ္သီးတျခားစီ ျဖစ္သြား ခဲ့ရသည္။ ယင္းမွတစ္ဆင့္ ဒုတိယအႀကိမ္ ရခိုင္ ျပည္နယ္လႊတ္ေတာ္သက္တမ္းတြင္ ျပည္နယ္အစိုးရ အဖြဲ႕ႏွင့္ ျပည္နယ္လႊတ္ေတာ္တို႔အၾကား မညီမွ်သည့္ ႏိုင္ငံေရးအားၿပိဳင္မႈမ်ားႏွင့္ ႏိုင္ငံေရးပြတ္တိုက္မႈမ်ား ျဖစ္ေပၚခဲ့ရသည္။ ဥပမာအားျဖင့္ ရခိုင္ၿမိဳ႕ႀကီးအခ်ိဳ႕ တြင္ အထပ္ျမင့္ေဈးႀကီးမ်ားတည္ေဆာက္ရန္ ျပည္နယ္ အစိုးရအဖြဲ႕မွ စည္ပင္သာယာေရးဝန္ႀကီး ဦးမင္းေအာင္ (ယခု AA ၏ဖမ္းဆီးထားျခင္းကို ခံေနရသူ)ဦးေဆာင္ ကာ လႊတ္ေတာ္တြင္ ပြင့္လင္းျမင္သာစြာခ်မျပဘဲ စီစဥ္ခဲ့သည့္အတြက္ ျပည္နယ္လႊတ္ေတာ္က သူ႔အား ကန္႔ကြက္႐ႈတ္ခ်ကာ လႊတ္ေတာ္က ထုတ္ပယ္ခဲ့ရသည္ အထိ ျဖစ္ခဲ့ရသည္။
အလားတူ ျပည္နယ္အစိုးရအဖြဲ႕၏ အခြန္/ဘ႑ာ/ စီမံကိန္းႏွင့္စီးပြားေရးဝန္ႀကီး ဦးေက်ာ္ေအးသိန္းကို ျပည္နယ္တြင္းရွိ စီမံကိန္းမ်ားအား အေကာင္အထည္ ေဖာ္ရာတြင္ ဥပေဒအရ အပ္ႏွင္းထားေသာ တာဝန္မ်ား ကို ေက်ပြန္ေအာင္ မထမ္းေဆာင္နိုင္ဟုဆိုကာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၁၂ ဦးက စြပ္စြဲ ျပစ္တင္ခဲ့ၾကသည္။
ဦးေက်ာ္ေအးသိန္းသည္ ၿမိဳ႕နယ္ ၅ ခုတြင္ တည္ေဆာက္မည့္ အဆင့္ျမင့္ေဈးစီမံကိန္းမ်ား၊ ျပည္နယ္၏ ခြင့္ျပဳရန္ပံုေငြမ်ားကို ဘ႑ာေရး စည္းမ်ဥ္း စည္းကမ္း လုပ္ထံုးလုပ္ငန္းမ်ားႏွင့္အညီ ေဆာင္ရြက္ ႏိုင္မႈ မရွိျခင္း၊ ေမာင္ေတာ ကညင္ေခ်ာင္း စီးပြားေရး ဇုန္လုပ္ငန္း အေကာင္အထည္မေဖာ္ႏိုင္ျခင္း စသည္ တို႔ျဖင့္ စြပ္စြဲျပစ္တင္ခံခဲ့ရျခင္းျဖစ္သည္။ ယင္းေၾကာင့္ ဦးေက်ာ္ေအးသိန္းအား ရာထူးမွျဖဳတ္ခ်ႏိုင္ေရး ျပည္နယ္လႊတ္ေတာ္တြင္ မဲခြဲဆံုးျဖတ္ရာ သူ႔အား ရာထူးမွျဖဳတ္ခ်ရန္ လံုေလာက္ေသာ မဲအေရအတြက္ မရခဲ့သျဖင့္ အထေျမာက္ ေအာင္ျမင္ျခင္းမရွိခဲ့ေပ။ ဤသည္မွာ ျပည္နယ္အစိုးရႏွင့္ ျပည္နယ္လႊတ္ေတာ္ အၾကား အားၿပိဳင္ခဲ့ရသည့္ အနီးစပ္ဆံုး သာဓက အခ်ိဳ႕ပင္ျဖစ္သည္။ ျပည္နယ္အစိုးရႏွင့္ ျပည္နယ္ လႊတ္ေတာ္အၾကား ယခုကဲ့သို႔ ကေတာက္ကဆမ်ား ျဖစ္ေပၚခဲ့ျခင္းမွာ NLD အစိုးရက ANP အေပၚ အႀကီး အက်ယ္ လ်စ္လ်ဴ႐ႈခဲ့ျခင္းေၾကာင့္ဟု ေကာက္ခ်က္ခ် ႏိုင္ေပသည္။
ANP သည္ ျပည္နယ္လႊတ္ေတာ္တြင္ အစိုးရဖြဲ႕ ႏိုင္သည္အထိ၊ ဝန္ႀကီးခ်ဳပ္ခန္႔အပ္ခံရႏိုင္သည္အထိ အႏိုင္ရရွိခဲ့ေသာ္လည္း NLD အစိုးရက ANP ကို အေရးမေပးခဲ့ေပ။ အစိုးရအဖြဲ႕ဝန္ႀကီးေနရာမ်ားတြင္ လည္း ANP ကို ေရြးခ်ယ္မႈမရွိခဲ့ေပ။ ယင္းသို႔ ခန္႔အပ္မႈ မရွိခဲ့သည့္အတြက္ ျပည္နယ္အစိုးရအဖြဲ႕၏ ကတ္ဘိနပ္ အစည္းအေဝးမ်ားတြင္ ေဆြးေႏြးအတည္ျပဳခ်က္မ်ား ကို ANP က စိုးစိမွ် မသိႏိုင္ေတာ့ေပ။ ယင္းအျပင္ ရခိုင္ျပည္နယ္အတြင္းျဖစ္ပ်က္ခဲ့ရသည့္ နယ္ေျမက်ဴး ေက်ာ္မႈေၾကာင့္ျဖစ္ခဲ့ရသည့္ ေမာင္ေတာအေရးအခင္း၊ သဘာဝသယံဇာတခြဲေဝမႈေၾကာင့္ျဖစ္ေနရသည့္ လက္နက္ကိုင္တိုက္ပြဲမ်ား၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္ ခံရမႈမ်ား၊ ႏိုင္ငံတကာစီမံကိန္းႀကီးမ်ားႏွင့္ ပတ္သက္ သည့္ စီမံခန္႔ခြဲပိုင္ခြင့္မ်ားစသည္စသည္တို႔သည္ ANP ႏွင့္ လံုးလံုးမွ်မဆိုင္ျဖစ္ခဲ့ရသည္။ NLD ႀကီးစိုးသည့္ ျပည္နယ္အစိုးရ၏ စိတ္ႀကိဳက္ျခယ္လွယ္ျခင္းကို ANP အပါအဝင္ ရခိုင္ျပည္သူတစ္ရပ္လံုး ခါးစည္းခံခဲ့ရသည္။
ျပန္ေကာက္ရလွ်င္ ယခုလာမည့္ တတိယအႀကိမ္ ရခိုင္ျပည္နယ္လႊတ္ေတာ္သက္တမ္းတြင္ ေရြးေကာက္ခံ ကိုယ္စားလွယ္ ၁၅ ဦးရွိသည့္အတြက္ ေရြးေကာက္ခံ ကိုယ္စားလွယ္၏ ၂၅ ရာခိုင္ႏႈန္းအျဖစ္ တပ္မေတာ္ သားလႊတ္ေတာ္ကိုယ္စားလွယ္ ၅ ဦးပါဝင္လာမည္ ျဖစ္သည္။ သို႔ဆိုလွ်င္ လာမည့္လႊတ္ေတာ္သက္တမ္း ကို ျပည္နယ္လႊတ္ေတာ္တြင္ ေရြးေကာက္ခံကိုယ္စား လွယ္ ၁၅ ဦးႏွင့္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စား လွယ္ ၅ ဦး၊ စုစုေပါင္း (၂၀)ဦးျဖင့္ ျပည္နယ္လႊတ္ေတာ္ ကို ထိန္းေက်ာင္းသြားရမည္ျဖစ္သည္။
ယခင္က ေရြးေကာက္ခံကိုယ္စားလွယ္ ၄၇ ဦး ရွိခဲ့စဥ္ကပင္ ျပည္နယ္အစိုးရႏွင့္ ျပည္နယ္လႊတ္ေတာ္ တို႔ သေဘာထားခ်င္းမတိုက္ဆိုင္ဘဲ ရန္ေစာင္ေနခဲ့ သည္ဆိုပါလွ်င္ လာမည့္လႊတ္ေတာ္သက္တမ္းတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ (၂၀)ဦးသာရွိသည္ျဖစ္ရာ ျပည္နယ္အစိုးရအဖြဲ႕တစ္ခုလံုးကို ျပည္နယ္လႊတ္ေတာ္ က ထိန္းေက်ာင္းႏိုင္မည္လားဆိုသည္မွာလည္း အေတြး ပြားစရာပင္ျဖစ္ေနသည္။
တစ္ဘက္တြင္လည္း NLD သည္ ယခု ၂၀၂၀ ေရြးေကာက္ပြဲၿပီးေနာက္ ႏိုဝင္ဘာလ (၁၂)ရက္ေန႔တြင္ ရခိုင္ျပည္နယ္ရွိတိုင္းရင္းသားပါတီမ်ားအပါအဝင္ ျမန္မာႏိုင္ငံရွိ တိုင္းရင္းသားပါတီ (၄၈)ပါတီကို ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ပူးေပါင္းပါဝင္ၾကရန္ စာေပးပို႔ကမ္းလွမ္းခဲ့သည္ကို ေတြ႕ရသည္။ စာေပးပို႔ကမ္းလွမ္းျခင္းခံခဲ့ရသည့္ ရခိုင္မွ ပါတီမ်ားတြင္ ရခိုင့္အင္အားႀကီးပါတီျဖစ္ေသာ ရခိုင္ အမ်ိဳးသားပါတီ၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ႏွင့္ ရခိုင့္ ဦးေဆာင္ပါတီ၊ ယင္းအျပင္ ကမန္အမ်ိဳးသား တိုး တက္ေရးပါတီ၊ ခမီအမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ၿမိဳတိုင္းရင္းသားပါတီ၊ ၿမိဳအမ်ိဳးသား ဒီမိုကေရစီပါတီ၊ ဒိုင္းနက္ လူမ်ိဳးမ်ားတိုးတက္ေရးပါတီ၊ ၿမိဳတိုင္းရင္း သား ဖြံ႕ၿဖိဳးေရးပါတီႏွင့္ ရခိုင္ျပည္နယ္ အမ်ိဳးသား အင္အားစုပါတီတို႔ပါဝင္ၾကသည္။
NLD က ကလမ္းလွမ္းလိုက္သည့္စာထဲတြင္ NLD အေနျဖင့္ ေနာင္အနာဂတ္တြင္ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ ဆႏၵမ်ားကို အေလးထား ေဆာင္ ရြက္သြားမည္ျဖစ္သည့္အတြက္ တိုင္းရင္းသားပါတီေတြ အေနျဖင့္လည္း အဖြဲ႕ခ်ဳပ္က ေဖာ္ေဆာင္မည့္ ဒီမိုက ေရစီဖက္ဒရယ္ျပည္ေထာင္စုအေရးကို တက္တက္ ျြကျြက ပူးေပါင္းပါဝင္ၾကရန္ ေမွ်ာ္လင့္သည့္အေၾကာင္း ေဖာ္ျပထားသည္ကို ေတြ႕ရသည္။
သည္ကမ္းလွမ္းစာကိုၾကည့္ျခင္းအားျဖင့္ NLD သည္ တိုင္းရင္းသားအေရးကို အမွန္တကယ္ စိတ္ဝင္ စားသည့္အတြက္ ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုလာျခင္း လား။ ယခင္ လႊတ္ေတာ္သက္တမ္းအတြင္း တိုင္းရင္း သားအေရးႏွင့္ပတ္သက္လာလွ်င္ NLD အစိုးရ၏လုပ္ေဆာင္ခ်က္မ်ားအေပၚ တိုင္းရင္းသားမ်ားက စိတ္တိုင္းမက်ျဖစ္ခဲ့ရသည္ကို သင္ခန္းစာယူကာ လာမည့္အစိုးရသစ္လက္ထက္တြင္ အမွန္တကယ္ ျပဳျပင္ေျပာင္းလဲသြားေတာ့မည္လား။ ယခင္လႊတ္ ေတာ္သက္တမ္းထက္ ယခုလႊတ္ေတာ္သက္တမ္းတြင္ NLD ၏ တိုင္းရင္းသားမ်ားအေပၚထားရွိသည့္မူဝါဒမ်ား ေပ်ာ့ေပ်ာင္းလာေတာ့မည္လား။ ေခတ္စကားအရ ေျပာရလွ်င္ အစိုးရဆိုသည္မွာ အစသာ႐ိုးသည္ဟုဆို သည့္အတိုင္း အစပိုင္းတြင္ ႐ိုးသားဟန္ေဆာင္ျခင္း ေပလား။ လားေပါင္းမ်ားစြာျဖင့္ NLD ၏ ကမ္းလွမ္းစာ အား တိုင္းရင္းသားပါတီမ်ားက ထင္ေၾကးအမ်ိဳးမ်ိဳး ေပးလ်က္ရွိေနၾကသည္။ ယခုကဲ့သို႔ NLD က ကမ္း လွမ္းလိုက္သည့္အတြက္ အစိုးရသစ္ စတင္ဦးေဆာင္ စဥ္တြင္ NLD ႏွင့္ တိုင္းရင္းသားမ်ားအၾကား ဆက္ဆံ ေရးမွာ ယခင္ထက္ ေျပျပစ္လာမည္လားဆိုသည္ကို လည္း ေစာင့္ၾကည့္ရမည္ျဖစ္သည္။
မည္သို႔ပင္ဆိုေစကာမူ လာမည့္ တတိယ အႀကိမ္ေျမာက္လႊတ္ေတာ္သက္တမ္းကို ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း စတင္ေခၚယူေတာ့မည္ဟု ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ဒီဇင္ဘာလ ၇ ရက္ေန႔က ေနျပည္ေတာ္တြင္ က်င္းပခဲ့ သည့္ လႊတ္ေတာ္အစည္းအေဝးမ်ား က်င္းပေရး ဗဟိုေကာ္မတီနဲ႔ လုပ္ငန္းေကာ္မတီ အစည္းအေဝးတြင္ တရားဝင္ေျပာဆိုထားၿပီျဖစ္သည္။
လက္ရွိလႊတ္ေတာ္အသီးသီး၏ငါးႏွစ္သက္တမ္း သည္ လာမည့္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၃၁ ရက္ေန႔တြင္ ကုန္ဆံုးမည္ျဖစ္သည့္အတြက္ ေဖေဖာ္ဝါရီလအတြင္း လႊတ္ေတာ္သစ္ေခၚယူရျခင္းျဖစ္သည္။
ေဖေဖာ္ဝါရီလတြင္က်င္းပမည့္ လႊတ္ေတာ္၌ ႏိုင္ငံေတာ္သမၼတ ေရြးခ်ယ္တင္ေျမႇာက္သည့္ကိစၥမ်ား၊ အစိုးရ ဖြဲ႕စည္းမည့္ကိစၥမ်ားကို ေဆာင္ရြက္မည္ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁ ရက္ေန႔တြင္ အစိုးရသစ္က တာဝန္စတင္ ထမ္းေဆာင္ရမည္ျဖစ္သည္။
သမၼတသစ္ေရြးခ်ယ္ခန္႔အပ္အၿပီး အစိုးရသစ္ စတင္တာဝန္ထမ္းေဆာင္စဥ္ ရခိုင္ျပည္နယ္လႊတ္ေတာ္ အတြင္း ေရြးေကာက္ခံကိုယ္စားလွယ္မ်ားထဲမွ ရခိုင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ မည္သူျဖစ္လာမလဲ။ ျပည္နယ္ အစိုးရအဖြဲ႕၏ဝန္ႀကီးမ်ားေနရာတြင္ေကာ မည္သူေတြ ပါဝင္လာမလဲ။ ျပည္နယ္လႊတ္ေတာ္တြင္ ေနရာအမ်ားဆံုး ရရွိထားသည့္ ANP ၏ ျဖစ္တည္မႈေကာ ျပည္နယ္ အစိုးရအဖြဲ႕တြင္ အတိုင္းအတာတစ္ခုအထိ အရာထင္ လာႏိုင္မလား။ ျပည္နယ္လႊတ္ေတာ္ႏွင့္ ျပည္နယ္ အစိုးရတို႔ေကာ မည္သို႔မည္ပံုခရီးဆက္ၾကမလဲ။ မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ထားရမည့္ အခ်က္မ်ား ပင္ ျဖစ္သည္။

မာန္ယုေက်ာ္ (ေရႊဝေျမ)