• Today is: Saturday, April 24, 2021

ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားအခွင့်အရေး

Federal Journal
October27/ 2020

 

Unicode

ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားအခွင့်အရေး

ရွေးကောက်ပွဲလို့ဆိုတဲ့အခါ ဒီနေရာမှာ ပါလီမန်ရွေးကောက်ပွဲကို ဆိုလိုပါတယ်။

တိုင်းရင်းသားအခွင့်အရေးဆိုတာကိုလည်း ဒီနေရာမှာ လူနည်းစုအခွင့်အရေး (Minority Rights) ဆိုတာဘက်ကနေ ချဉ်းကပ်ပြီး ရေးသားကြည့်ပါမယ်။

ဒီနေရာမှာ ဆိုလိုတဲ့ ရွေးကောက်ပွဲက ပါလီမန်ရွေးကောက်ပွဲဖြစ်တဲ့အတွက် ပါလီမန်ထဲကို ရောက်သွားမယ့် လွှတ်တော်အမတ်၊ ကိုယ်စားလှယ်တွေရဲ့ အနေအထား၊ အခြေအနေကို ဆန်းစစ်ကြည့်ပါမယ်။

အခု မြန်မာနိုင်ငံမှာ တိုင်းရင်းသားအခွင့်အရေးလို့ ဆိုလိုက်ရင် “နင် တစ်ကျပ်၊ ငါ တစ်ကျပ်”ဆိုတဲ့ဘက်က ချဉ်းကပ်ကြတာ များပါတယ်။ ဒါကို တန်းတူညီမျှမှု (Equality)  လို့ သူတို့က သတ်မှတ်ကြပါတယ်။

အမှတ်တမဲ့ဆိုရင်တော့ ဒါက သဘောကျစရာဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒါဟာ တကယ်ရော “တန်းတူညီမျှမှု”ဖြစ်ရဲ့လားလို့ မေးစရာရှိပါတယ်။

လူမျိုး နှစ်မျိုးရှိတယ်။ တစ်မျိုးကို တစ်ကျပ်စီ။ လူမျိုး သုံးမျိုးရှိတယ်။ တစ်မျိုးကို တစ်ကျပ်စီ။ မယုံရင် ဒီစာပိုဒ်ရဲ့ အစကနေ ပြန်ဖတ်ကြည့်လိုက်ပါ။ သိပ်ကို တန်းတူညီမျှမှုရှိနေတာကိုပဲ တွေ့ရပါလိမ့်မယ်။

ဒါပေမဲ့ အဲဒါကိုပဲ တန်းတူညီမျှမှု တကယ် ဖြစ်၊ မဖြစ် ဆန်းစစ်ကြည့်ပါမယ်။ ပထမအနေနဲ့ လူမျိုး သုံးမျိုးကို (က)လူမျိုး၊ (ခ)လူမျိုးနဲ့ (ဂ)လူမျိုးလို့ အမည်ပေးသတ်မှတ်ထားပါမယ်။ ဒီလူမျိုးသုံးမျိုးဟာ နိုင်ငံတစ်နိုင်ငံတည်းမှာ အတူနေထိုင်နေကြတယ်လို့ လည်း စိတ်ထဲမှာ မြင်ယောင်ကြည့်ထားစေချင်ပါတယ်။

ဆိုပါစို့။ (က)လူမျိုးက နိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှုန်း ရှိတယ်။ (ခ)လူမျိုးက နိုင်ငံလူဦးရေရဲ့ (၂၀)ရာခိုင်နှုန်း ရှိတယ်။ (ဂ)လူမျိုးက နိုင်ငံလူဦးရေရဲ့ (၁၀)ရာခိုင်နှုန်း ရှိနေတယ်။

နိုင်ငံတော်ကနေ ဘတ်ဂျက်ချပေး၊ ဘတ်ဂျက် ခွဲဝေပေးတဲ့အခါ (၇၀)ရာခိုင်နှုန်းရှိတဲ့ (က)လူမျိုးက လည်း တစ်ကျပ်၊ (၂၀)ရာခိုင်နှုန်းရှိတဲ့ (ခ)လူမျိုးက လည်း တစ်ကျပ်၊ (၁၀)ရာခိုင်နှုန်းပဲ ရှိတဲ့ (ဂ)လူမျိုး ကလည်း တစ်ကျပ် ရနေတယ်ဆိုရင် ဒါဟာ တကယ် ရော တန်းတူညီမျှမှုဖြစ်ရဲ့လားဆိုတာက မေးကို မေးရ တော့မယ့် မေးခွန်းပါပဲ။

(၂၀)ရာခိုင်နှုန်းရှိတဲ့ (ခ)လူမျိုးနဲ့ (၁၀)ရာခိုင်နှုန်း ရှိတဲ့ (ဂ)လူမျိုးတွေ ဆန်အကောင်းစားကို ဝယ်ပြီး ထမင်းကောင်းကောင်း စားနေရချိန်မှာ (၇၀)ရာခိုင်နှုန်း ရှိတဲ့ (က)လူမျိုးက ဆန်အညံ့စားနဲ့ ဆန်ပြုတ်တောင် သောက်နိုင်ပါ့မလားဆိုတာ သိပ်စဉ်းစားကြည့်စရာ မလိုဘဲနဲ့တောင် သိနိုင်ပါလိမ့်မယ်။

ဆိုလိုတာက သူတစ်ကျပ်၊ ကိုယ်တစ်ကျပ်ဖြစ် တိုင်း တန်းတူညီမျှမှု မရှိတဲ့သဘော။ တန်းတူညီမျှမှု မရှိရင် တရားမျှတမှု (Justice)  ကလည်း မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

မြန်မာနိုင်ငံမှာ လက်ရှိလူဦးရေက ၅၄ သန်းလို့ ဆိုတယ်။ သဘောတူတာ၊ မတူတာ ခဏထားလို့ လူမျိုးက ၁၃၅ မျိုးလို့ ဆိုတာနဲ့ စဉ်းစားကြည့်ပါမယ်။

နိုင်ငံခြားအဖွဲ့အစည်းတစ်ခုက လေ့လာထား ချက်အရ ဗမာလူမျိုးက (၆၈)ရာခိုင်နှုန်း၊ ရှမ်းက (၉)ရာခိုင်နှုန်း၊ ကရင်က (၇)ရာခိုင်နှုန်း၊ ရခိုင်က (၄)ရာခိုင်နှုန်းနဲ့ တရုတ်အနွယ်(မြန်မာတရုတ်)၊ အိန္ဒိယအနွယ်(မြန်မာအိန္ဒိယ)အပါအဝင် ကျန်တဲ့ လူမျိုးအကုန်လုံးက (၁၂)ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါ တယ်။

ဒီလေ့လာချက်ကို အကြမ်းဖျင်းထားပြီး လေ့လာ ကြည့်ပါမယ်။ ဒီနေရာမှာ တန်းတူညီမျှမှုလို့ ခေါင်းစဉ် တပ်ထားတဲ့ “နင် တစ်ကျပ်၊ ငါ တစ်ကျပ်”မူဝါဒအရ ဆိုရင် (၆၈)ရာခိုင်နှုန်း ရှိတဲ့ ဗမာကလည်း တစ်ကျပ်၊ (၉)ရာခိုင်နှုန်းရှိတဲ့ ရှမ်းကလည်း တစ်ကျပ်၊ (၇)ရာခိုင် နှုန်းရှိတဲ့ ကရင်ကလည်း တစ်ကျပ်၊ (၄)ရာခိုင်နှုန်းရှိတဲ့ ရခိုင်ကလည်း တစ်ကျပ်၊ (၁)ရာခိုင်နှုန်းတောင် မပြည့်တဲ့ လူမျိုးတွေလည်း အများကြီး ရှိပါတယ်၊ သူတို့လည်း တစ်ကျပ်။

လူပေါင်း(၆၈)ယောက်ရှိနေတဲ့ အစုအဖွဲ့က လည်း တစ်ကျပ်၊ လူတစ်ယောက်တည်းကလည်း တစ်ကျပ်ဆိုတာဟာ “နင် တစ်ကျပ်၊ ငါ တစ်ကျပ်”အရ ဟုတ်သလိုလို ရှိနေပေမယ့်လည်း ဒါဟာ တန်းတူ ညီမျှမှုတော့ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ တန်းတူညီမျှ မှုမှ မဟုတ်ဘူးရင် တရားမျှတမှုလည်း လုံးဝ မဟုတ် ဘူးဆိုတာပါပဲ။

တကယ့် တန်းတူညီမျှမှုဆိုတာဟာ လူတစ် ယောက်ပဲရှိတဲ့သူက တစ်ကျပ်ရရင် လူ(၆၈)ယောက် ရှိတဲ့ အစုအဖွဲ့က (၆၈)ကျပ် ရရမှာပါ၊ လူ(၉)ယောက် ရှိတဲ့ အစုအဖွဲ့က (၉)ကျပ်၊ လူ(၇)ယောက် ရှိတဲ့ အစု အဖွဲ့က (၇)ကျပ်၊ လူ(၄)ယောက် ရှိတဲ့ အစုအဖွဲ့က (၄)ကျပ်စသဖြင့် ရရမှာပါ။ ဒါမှ တန်းတူညီမျှမှုပါ။ ဒါမှသာ တရားမျှတမှုလည်း ဖြစ်တာပါ။

တန်းတူညီမျှမှု၊ တရားမျှတမှုတွေနဲ့ ပတ်သက် လာရင် နိုင်ငံသားတစ်ဦးချင်းစီကို ကိုယ်စားပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို တွက်ချက်ကြ တာဟာ ဒီနေ့ခေတ် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ နည်းလည်း ဖြစ်ပါတယ်။ အထူးသဖြင့် တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ဖြစ်ပါတယ်။

သို့သော် လူနည်းစု၊ လူများစုသဘောတရားအရ လူနည်းစုတွေမှာ သီးခြားအခွင့်အရေးတွေ ရနေအောင် လည်း ဖန်တီးပေးကြရပါတယ်။ အဲဒီအတွက် လူနည်းစု တွေကလည်း လူများစုဆိုတာတွေကို အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲခွင့်ဆိုတာတွေမှာ သဘောတူကြည်ဖြူကြရ တတ်ပါတယ်။ ဆိုလိုတာက နိုင်ငံတော်မှာ လူများစုက ဆုံးဖြတ်ချက်ချတာကို လူနည်းစုတွေက သဘောတူ ပေးကြရပါတယ်။

မြန်မာနိုင်ငံမှာ (၆၈)ရာခိုင်နှုန်းရှိနေတဲ့ ဗမာတွေ ကို “နင် တစ်ကျပ်၊ ငါ တစ်ကျပ်” သွားလုပ်မယ့်အစား သီးခြားသတ်မှတ်ချက်တွေနဲ့ ပြဋ္ဌာန်းပေးရတဲ့ လူနည်းစု အခွင့်အရေးဆိုတာကို ဗမာမဟုတ်တဲ့ ကျန်တဲ့ လူမျိုးတွေက ဘာဖြစ်လို့ မစဉ်းစားကြတာလဲဆိုတာကို အတွေးပိုမိပါတယ်။

ဒီဆောင်းပါးက ရွေးကောက်ပွဲနဲ့ လူနည်းစု အခွင့်အရေးတွေကို ချဉ်းကပ်ကြည့်တာဖြစ်တဲ့အတွက် ကျွန်တော် စဉ်းစားကြည့်ထားတဲ့၊ ပြည်ထောင်စု လွှတ် တော်ထဲမှာ ရှိနေသင့်တဲ့၊ ဖန်တီးဖော်ဆောင်ယူသင့်တဲ့ လူနည်းစုအခွင့်အရေး ပုံစံ (Model)တစ်ခုကို ပြော ကြည့်ချင်ပါတယ်။

ဒီပုံစံက ရွေးကောက်ပွဲကနေတစ်ဆင့် လူနည်းစု ကိုယ်စားလှယ်တွေ ပြည်ထောင်စုလွှတ်တော်ထဲကို ရောက်လာရေးအတွက် ပြုလုပ်ထားတဲ့ပုံစံ ဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် ပြောရရင် လူနည်းစု ကိုယ်စားလှယ်တွေကို ပြည်ထောင်စုလွှတ်တော်ထဲ ရောက်လာအောင် ဖန်တီးတည်ဆောက်ထားတဲ့ ရွေးကောက်ပွဲပုံစံ ဖြစ်ပါတယ်။

၁၃၅ မျိုးထဲမှာ ဗမာမဟုတ်တဲ့ လူမျိုးတိုင်းက လူဦးရေအရေအတွက်နဲ့ တိုင်းတာပြီး ပြည်ထောင်စု လွှတ်တော်ထဲကို ရောက်လာရေးဖြစ်ပါတယ်။ ဥပမာ အနေနဲ့ လူဦးရေ (၁)သိန်းကို တည်ပြီး စဉ်းစားကြည့်ပါ မယ်။ သတိပြုရမှာက ဒီမှာ နမူနာပြထားတဲ့ လူဦးရေ ကို ကြိုက်သလို အတိုးအလျှော့လုပ်နိုင်တယ်ဆိုတာ ဖြစ်ပါတယ်။

ဒီပုံစံအရ လူဦးရေ (၁)သိန်းကို လွှတ်တော် အမတ်တစ်ယောက်နှုန်းနဲ့ ရွေးကောက်တင်မြှောက်ပြီး ပြည်ထောင်စုလွှတ်တော်ထဲကို ရောက်ရှိရေးဖြစ်ပါ တယ်။

လူဦးရေ (၁)သိန်းနဲ့ (၁)သိန်းအောက် လူမျိုး တိုင်းကလည်း ပြည်ထောင်စုလွှတ်တော်အတွက် အနည်းဆုံး လွှတ်တော်အမတ်တစ်ယောက်စီကို ရွေးချယ်ခွင့်ရှိနေကြပါမယ်။

ဥပမာ လူဦးရေအနည်းဆုံးဖြစ်တဲ့ ထရုန်လူမျိုး တွေကလည်း ပြည်ထောင်စုလွှတ်တော်ထဲကို လွှတ် တော်အမတ်တစ်ယောက် ရွေးချယ်ပြီး စေလွှတ်ပေး နိုင်ပါမယ်။

ဒီပုံစံနည်းအရ (၁)သိန်းအောက် လူဦးရေအရေ အတွက်ရှိတဲ့ လူမျိုးတိုင်းက ပြည်ထောင်စုလွှတ်တော် အတွက် အမတ်တစ်ဦးစီ ရွေးချယ်ပေးခွင့်ရနေပါမယ်။

လူဦးရေ (၁)သိန်းရှိတဲ့ လူမျိုးတွေကလည်း လွှတ်တော်အမတ်တစ်ယောက်စီ ရွေးချယ်ပေးခွင့် ရကြပါမယ်။

လူဦးရေ (၁)သိန်းအထက် လူမျိုးတွေကတော့ (၁)သိန်းကို လွှတ်တော်အမတ်တစ်ယောက်နှုန်းနဲ့ ရွေးချယ်ခွင့်ရသွားကြပါမယ်။

လူဦးရေ(၁)သိန်းကို လွှတ်တော်အမတ်တစ် ယောက်၊ လူဦးရေ (၁)သိန်းကျော်ကနေ (၂)သိန်း အထိဆိုရင် လွှတ်တော်အမတ် (၂)ယောက်၊ လူဦးရေ (၂)သိန်းကျော်ကနေ (၃)သိန်းအထိဆိုရင် လွှတ်တော် အမတ် (၃)ယောက် စသဖြင့် လူနည်းစုအခွင့်အရေးကို ကိုယ်စားပြုတဲ့ ပုံစံတစ်ခုကို ဖန်တီးတည်ဆောက် လိုက်ကြမယ်ဆိုရင် လူနည်းစုလူမျိုးတွေအတွက် သီးခြားအခွင့်အရေးတွေ ရရှိလာနိုင်ပါတယ်။

အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ဆိုပြီး လွှတ်တော်နှစ်ရပ်ရှိတဲ့အထဲက ဒီလူနည်းစုလူမျိုး တွေကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တွေကို ဘယ်လွှတ်တော်ထဲမှာ ပါဝင်စေမလဲဆိုတာကတော့ ဆက်ပြီး ဆွေးနွေးရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။

အထက်လွှတ်တော်တွေရဲ့ သဘောက လူမျိုးစု တွေကို ကိုယ်စားပြုတာ ရှိနိုင်သလို ပြည်နယ်တွေကို ကိုယ်စားပြုတာလည်း ရှိနိုင်ပါတယ်။

၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးချိန်က စပြီး ၁၉၆၂ ခုနှစ်၊ စစ်ကျွန်ဘဝကို မရောက်ခင်အထိ မြန်မာ နိုင်ငံဟာ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ အဲဒီအချိန်က ပါလီမန်အထက် လွှတ်တော်ဟာ လူမျိုးစုတွေကို ကိုယ်စားပြုပါတယ်။

တကယ်လို့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ် တော်က အထက်လွှတ်တော်ဟာ လူမျိုးစုတွေကို ကိုယ်စားပြုခဲ့မယ်ဆိုရင် လူနည်းစုတွေကို ကိုယ်စားပြု ပြီး ရွေးချယ်ထားတဲ့ လွှတ်တော်အမတ်တွေကို အထက်လွှတ်တော်မှာ ပါဝင်စေသင့်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ဆီးနိတ်ဆိုတဲ့ အထက်လွှတ်တော်က ပြည်နယ်တွေကို ကိုယ်စားပြုပါ တယ်။ ပြည်နယ်တွေရဲ့ လူဦးရေက များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ ပြည်နယ်တစ်ပြည်နယ်ကို ဆီးနိတ် လွှတ်တော်အမတ် (၂)ဦးစီ ရွေးချယ်ခွင့်ရှိပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတစ်ခု အတွက် လူဦးရေ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ အထက်လွှတ်တော်အမတ် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) (၁၂)ဦးကျစီ ရွေးချယ်ခွင့် ရှိထားပါ တယ်။ သဘောတရားအရ အမေရိကန်ပြည်ထောင်စု၊ ဆီးနိတ်လွှတ်တော်ရဲ့ ပြည်နယ်ကိုယ်စားပြုမှုနဲ့ တူပါ တယ်။

တကယ်လို့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု လွှတ်တော်က အထက်လွှတ်တော်ဟာ ပြည်နယ်ကို ကိုယ်စားပြုခဲ့မယ်ဆိုရင်တော့ လူနည်းစုအခွင့်အရေး အရ လူဦးရေနဲ့အညီ ရွေးချယ်ထားတဲ့ လွှတ်တော် အမတ်တွေကို အောက်လွှတ်တော်ဆိုတဲ့ ပြည်သူ့ လွှတ်တော်မှာ ပါဝင်စေသင့်ပါတယ်။

ရွေးကောက်ပွဲစနစ်ကိုတော့ ရှုပ်ထွေးမှုနည်းတဲ့ မဲအများဆုံးရသူနိုင် (FPTP)စနစ်ကိုပဲ ကျင့်သုံးသင့် ပါတယ်။

ဒါက လူနည်းစုအခွင့်အရေးတွေအတွက် တန်းတူညီမျှမှုဘောင်အတွင်းထဲက စဉ်းစားထားတဲ့ ပုံစံတစ်ခု ဖြစ်ပါတယ်။

လူနည်းစုအခွင့်အရေးတွေကို တောင်းဆိုဖို့ စဉ်းစားကြတဲ့အခါ နည်းလမ်းပေါင်းစုံကို စဉ်းစားကြည့် သင့်တယ်။ ဥပမာ လက်နက်ကိုင်ပြီး တောင်းဆိုတဲ့နည်း ရှိမယ်၊ လမ်းတွေပေါ် ထွက်ပြီး တောင်းဆိုတဲ့နည်း ရှိမယ်၊ အခြားနည်းတွေလည်း ရှိနေပါလိမ့်ဦးမယ်။ နည်းလမ်းအများကြီးကို ပထမ စဉ်းစား။ အဲဒီအထဲက အကောင်းဆုံးကို ရွေး။ ဒါပါပဲ။

အထက်မှာ ဖော်ပြထားတဲ့ လက်နက်ကိုင် တောင်းဆိုနည်းနဲ့ လမ်းပေါ်ထွက်တောင်းဆိုနည်း (၂)ခုထဲမှာ မြန်မာနိုင်ငံရဲ့ နှစ်(၇၀)ကျော် ပြည်တွင်းစစ် သမိုင်းကြောင်းအရဆိုရင် လက်နက်ကိုင်တောင်းဆို နည်းက အပြည့်အဝ ဆုံးရှုံးထားပြီး ဘာတစ်ခုမှ အောင် မြင်မှု မရထားပါဘူး။

လက်နက်မကိုင်တဲ့ လမ်းပေါ်ထွက်နည်းကတော့ လက်ရှိမှာ အရပ်သားအစိုးရတစ်စိတ်တစ်ပိုင်းကို တင်မြှောက်ထားနိုင်တဲ့အထိ အောင်မြင်မှု ရထားပါ တယ်။ တစ်ရာရာခိုင်နှုန်းအထိ ရအောင် ဆက်သွား ရပါဦးမယ်။

ဒီနည်း(၂)နည်းအပြင် တခြားရော ဘာနည်းတွေ ရှိနေဦးမလဲ။ စဉ်းစားဆင်ခြင်ကြည့်သင့်ပါတယ်။ လူအဖွဲ့အစည်းတစ်ရပ် ကောင်းစားဖို့ဖြစ်စေ၊ လူနည်းစု တွေ အခွင့်အရေးရဖို့ဖြစ်စေ နည်းလမ်းပေါင်းစုံကို စဉ်းစားသင့်ပါတယ်။ အဲဒီလို စဉ်းစားထားတဲ့ နည်း လမ်းပေါင်းစုံထဲကမှ အကောင်းဆုံးဖြစ်မယ့် နည်း တစ်ခုကို ရွေးချယ်လုပ်ဆောင်ကြဖို့ပါပဲ။

နောက်တစ်ခုက ဒီနေရာမှာ တန်းတူညီမျှမှုနဲ့ တရားမျှတမှုဆိုတဲ့ ဝေါဟာရတွေကို ရှုထောင့်မျိုးစုံ ကနေ အဓိပ္ပာယ်ဖွင့်ဆိုကြည့်ကြဖို့ အကြံပြုချင်ပါတယ်။

ဥပမာ ဗမာအပါအဝင် လူမျိုးကြီး (၈)မျိုးနဲ့ ပြည်နယ် (၈)ပြည်နယ်ဖွဲ့စည်းတာဟာ တန်းတူညီမျှမှု ပဲလို့ ပြောဆိုတဲ့သူ ရှိနိုင်သလို ဧရာဝတီက ပုဂ္ဂိုလ်တွေ က “နင်တို့ရဲ့ (၈)ပြည်နယ်မူကို ငါတို့ရဲ့ ဧရာဝတီ အပြင်ဘက်မှာ ဖွဲ့စည်းကြ၊ ငါတို့ရဲ့ ဧရာဝတီကို ထည့် မဖွဲ့စည်းကြနဲ့၊ ငါတို့ရဲ့ ဧရာဝတီကို ဧရာဝတီပြည် နယ်ဆိုပြီး သီးခြားပြည်နယ်တစ်ခုအဖြစ် ငါတို့ ဖွဲ့စည်း မယ်၊ ဒါဟာ ငါတို့ကံကြမ္မာကို ငါတို့ ဖန်တီးတာပဲ၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ဟာ တန်းတူညီမျှမှု ဆိုတာရဲ့ အဓိပ္ပာယ်တစ်ခုပဲလေ”လို့လည်း ပြောဆိုနိုင် ပါတယ်။

ဒီလို ပြောဆိုခွင့်က ဧရာဝတီက လူတွေမှာ ရှိနေ ပါတယ်။ ဧရာဝတီက လူတွေ ဒီလို ပြောဆိုတာတွေကို လည်း အခြားဒေသက လူတွေက တလေးတစား အသိအမှတ်ပြု နားထောင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ တန်းတူညီမျှမှုဆိုတာရဲ့ သဘောတရားထဲမှာ အကျုံး ဝင်တယ်ဆိုတာကိုလည်း သတိပြုကြရပါလိမ့်မယ်။

အဲဒါကြောင့်ပဲ တန်းတူညီမျှမှုဆိုတဲ့ ဝေါဟာရ၊ တရားမျှတမှုဆိုတဲ့ ဝေါဟာရတွေကို အရင်ဦးဆုံး ပုဂ္ဂိုလ်မျိုးစုံက ရှုထောင့်မျိုးစုံကနေ အဓိပ္ပာယ်ဖွင့်ဆို ကြဖို့ လိုတယ်လို့ သတိပေးရတာ ဖြစ်ပါတယ်။

အဲဒီလိုမှ မဟုတ်ရင် “ငါက တိုင်းရင်းသား ဖြစ် တယ်၊ အဲဒါကြောင့် ငါ ပြောတာပဲ တန်းတူညီမျှမှု၊ ငါ ပြောတာပဲ တရားမျှတမှုပဲလေ”ဆိုတဲ့ သဘောမျိုး သက်ရောက်သွားနိုင်ပါတယ်။

တန်းတူညီမျှမှု၊ တရားမျှတမှုဆိုတာတွေဟာ ဘယ်တိုင်းရင်းသားလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် နိုင်ငံသားတစ်ချင်းစီနဲ့ သက်ဆိုင်တဲ့ သဘောတရားတွေသာ ဖြစ်တယ်ဆိုတာကိုလည်း ကြီးကြီးမားမား နှလုံးသွင်းကြဖို့ လိုအပ်ပါတယ်။

တကယ်လို့ လူမျိုးကြီး (၈)မျိုးနဲ့ (၈)ပြည်နယ် ဖွဲ့တာဟာ တန်းတူညီမျှမှုပဲလို့ ဆိုကြပါစို့။ ဒီနေရာမှာ မေးရမယ့် မေးခွန်းက ဗမာလူမျိုးက နိုင်ငံလူဦးရေရဲ့ (၆၈)ရာခိုင်နှုန်း ရှိနေတဲ့အတွက် တစ်နိုင်ငံလုံးရဲ့ နယ်မြေ (၆၈)ရာခိုင်နှုန်းနဲ့ ဗမာပြည်နယ်ကို ဖွဲ့စည်းမှာ လားဆိုတာ ဖြစ်ပါတယ်။

မဟုတ်ဘူး၊ ပဒေသရာဇ်ခေတ်က နယ်မြေတွေ အတိုင်း ပြည်နယ်တွေကို ဖွဲ့စည်းကြရမယ်ဆိုပါစို့။ ပဒေသရာဇ်ခေတ်မှာ ခုနှစ်အလိုက်၊ ဘုရင်တွေအလိုက် နယ်မြေသတ်မှတ်မှုက မတူညီတတ်တာမို့လို့ ဘယ်နှ ခုနှစ်၊ ဘယ်ဘုရင်လက်ထက်ကို အတည်ယူမလဲ ဆိုတာကလည်း ထပ်မေးရမယ့် မေးခွန်းတစ်ခုပါပဲ။

နောက်တစ်ချက်က ဒီနေ့ခေတ်ကမ္ဘာကြီးမှာ လူမျိုးတွေ ရောနှောနေထိုင်ကြတာဟာ နေရာတိုင်းမှာ လို တွေ့နေကြရပါတယ်။ ဒါကို လူမျိုးတစ်မျိုးတည်း သီးခြားပုံစံ ခွဲထွက်စဉ်းစားတာဟာ ခေတ်နဲ့ရော ဆီလျော်ရဲ့လား၊ ပြဿနာဖြေရှင်းနည်း မဟုတ်ဘဲ ပြဿနာကို ပိုပြီး ရှုပ်ထွေးစေတဲ့နည်းများ ဖြစ်မနေဘူး လားဆိုတဲ့ အချက် ဖြစ်ပါတယ်။

အဲဒီတော့ နိုင်ငံတစ်နိုင်ငံမှာ ပြဿနာဖြေရှင်း နည်းတွေဟာ နိုင်ငံသားတစ်ဦးချင်းစီကို ကိုယ်စားပြု၊ နိုင်ငံသားတစ်ဦးချင်းစီနဲ့ စုဖွဲ့ထားတဲ့ လူဦးရေပမာဏ တစ်ခုကို ကိုယ်စားပြုဖို့ လိုပါလိမ့်မယ်။

ဒီနေရာမှာ ဒီအချက်ကို သတိထားသင့်တယ်လို့ ပြောရတာက ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ (၂၀)ရာစုမတိုင်ခင်ကတည်းက လူဦးရေရဲ့ ရာခိုင်နှုန်းနဲ့ ကိုယ်စားပြုနေကြပြီဆိုတာပဲ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ပြည်သူ့လွှတ်တော်အတွက် လွှတ်တော်အမတ်ကို ရွေးချယ်တဲ့အခါ လွှတ်တော်အမတ် ကိုယ်စားပြုရမယ့် လူဦးရေ အရေအတွက်ကို (၂)မျိုးထဲက တစ်မျိုးမျိုးကို သတ်မှတ်ရွေးချယ်နိုင်ကြောင်း ပြဆိုထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စတင်ရွေးဆွဲပြဋ္ဌာန်းတဲ့ အချိန်တုန်းက လူဦးရေ သုံးသောင်းကို အောက်လွှတ်တော် (ပြည်သူ့ လွှတ်တော်)အမတ် တစ်ယောက်နှုန်း သတ်မှတ်ခဲ့ပါ တယ်။ ဒါက (၂၀)ရာစုမတိုင်ခင်က လူဦးရေ အရေ အတွက်နဲ့ ကိုယ်စားပြုခဲ့တဲ့ သာဓကတစ်ခု ဖြစ်ပါ တယ်။

၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေထဲမှာ သတ်မှတ်ပြထားတဲ့ လူဦးရေ (၂)မျိုးက (၁) လူဦးရေ တစ်သိန်း (၁၀ဝဝဝဝ)ကို လွှတ်တော် အမတ်တစ်ယောက်နှုန်းနဲ့ (၂) လူဦးရေ သုံးသောင်း (၃၀ဝဝဝ)ကို လွှတ်တော်အမတ်တစ်ယောက်နှုန်း ဆိုတာ ဖြစ်ပါတယ်။ ဒီ(၂)မျိုးထဲက တစ်မျိုးမျိုးကို အသုံးပြုပြီး ပြည်သူ့လွှတ်တော်အတွက် လွှတ်တော် အမတ်ကို ရွေးချယ်ပေးရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ လူဦးရေ (၅၄)သန်း ရှိတယ်လို့ ဆိုပါတယ်။ ပြည်သူ့လွှတ်တော်အတွက် လူဦးရေတစ်သိန်း (၁၀ဝçဝဝဝ)ကို လွှတ်တော်အမတ် တစ်ယောက်နှုန်းနဲ့ ရွေးချယ်မယ်ဆိုရင် ပြည်သူ့လွှတ် တော်အတွက် လွှတ်တော်အမတ် (၅၄၀)ကို ရွေးချယ် ပေးရပါမယ်။

ကျောင်းသား (၁၈)ယောက်ကို ဆရာ(၁)ယောက် နှုန်း၊ လူဦးရေ ဘယ်နှယောက်ကို ဆရာဝန်(၁)ယောက်နှုန်း၊ လူဦးရေ ဘယ်နှယောက်ကို ရဲ(၁)ယောက်နှုန်းစသဖြင့် သတ်မှတ်တာမျိုးနဲ့ သဘော တရားအရ တူပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ မြို့နယ်တစ်ခုကို ပြည်သူ့ လွှတ်တော်အမတ်တစ်ယောက်နှုန်းနဲ့ ရွေးချယ်နေရ ပေမယ့် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးနေပြီး တန်းတူညီမျှမှုသဘောတရား၊ တရားမျှတမှု သဘော တရားတွေအရ အနာဂတ်မြန်မာနိုင်ငံမှာလည်း လူဦးရေအရေအတွက်နဲ့ ကိုယ်စားပြုတဲ့စနစ်က မလွဲမသွေ ကျင့်သုံးလာကြမှာ သေချာပါတယ်။ အကြောင်းကတော့ ဒီစနစ်က တန်းတူညီမျှမှု၊ တရား မျှတမှုတွေကို ပုံဖော်ပေးတဲ့စနစ် အသေအချာ ဖြစ်နေ လို့ပါပဲ။

အဲဒါဆိုရင် တန်းတူညီမျှမှုနဲ့ တိုင်းရင်းသား အခွင့်အရေးဆိုတာတွေကို စဉ်းစားကြတဲ့အခါ ရွေး ကောက်ပွဲတွေမှာ လူနည်းစုအခွင့်အရေးဘက်ကနေ ချဉ်းကပ်ပြီးတော့ လူဦးရေအရေအတွက်နဲ့ ကိုယ်စားပြု ရွေးချယ်ခွင့်ရမယ့် နည်လမ်းတစ်ခု၊ ပုံစံ (Model)တစ်ခုကို စဉ်းစားကြည့်တာဟာလည်း တိုင်းရင်းသား အရေးကို ဖြေရှင်းပေးနိုင်မယ့်အဖြေတွေထဲက ရွေး ချယ်စရာအဖြေတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ကိုးကား

  • ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
  • အောင်နိုင်၊ ဒီမိုကရေစီမိတ်ဆက်

အောင်နိုင်

ZAWGYI

ေရြးေကာက္ပြဲနဲ႔ တိုင္းရင္းသားအခြင့္အေရး

 

ေရြးေကာက္ပြဲလို႔ဆိုတဲ့အခါ ဒီေနရာမွာ ပါလီမန္ေရြးေကာက္ပြဲကို ဆိုလိုပါတယ္။

တိုင္းရင္းသားအခြင့္အေရးဆိုတာကိုလည္း ဒီေနရာမွာ လူနည္းစုအခြင့္အေရး (Minority Rights) ဆိုတာဘက္ကေန ခ်ဥ္းကပ္ၿပီး ေရးသားၾကည့္ပါမယ္။

ဒီေနရာမွာ ဆိုလိုတဲ့ ေရြးေကာက္ပြဲက ပါလီမန္ေရြးေကာက္ပြဲျဖစ္တဲ့အတြက္ ပါလီမန္ထဲကို ေရာက္သြားမယ့္ လႊတ္ေတာ္အမတ္၊ ကိုယ္စားလွယ္ေတြရဲ႕ အေနအထား၊ အေျခအေနကို ဆန္းစစ္ၾကည့္ပါမယ္။

အခု ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားအခြင့္အေရးလို႔ ဆိုလိုက္ရင္ “နင္ တစ္က်ပ္၊ ငါ တစ္က်ပ္”ဆိုတဲ့ဘက္က ခ်ဥ္းကပ္ၾကတာ မ်ားပါတယ္။ ဒါကို တန္းတူညီမွ်မႈ (Equality)  လို႔ သူတို႔က သတ္မွတ္ၾကပါတယ္။

အမွတ္တမဲ့ဆိုရင္ေတာ့ ဒါက သေဘာက်စရာျဖစ္ပါတယ္။ ဒါေပမဲ့ လက္ေတြ႕မွာေတာ့ ဒါဟာ တကယ္ေရာ “တန္းတူညီမွ်မႈ”ျဖစ္ရဲ႕လားလို႔ ေမးစရာရွိပါတယ္။

လူမ်ိဳး ႏွစ္မ်ိဳးရွိတယ္။ တစ္မ်ိဳးကို တစ္က်ပ္စီ။ လူမ်ိဳး သံုးမ်ိဳးရွိတယ္။ တစ္မ်ိဳးကို တစ္က်ပ္စီ။ မယံုရင္ ဒီစာပိုဒ္ရဲ႕ အစကေန ျပန္ဖတ္ၾကည့္လိုက္ပါ။ သိပ္ကို တန္းတူညီမွ်မႈရွိေနတာကိုပဲ ေတြ႕ရပါလိမ့္မယ္။

ဒါေပမဲ့ အဲဒါကိုပဲ တန္းတူညီမွ်မႈ တကယ္ ျဖစ္၊ မျဖစ္ ဆန္းစစ္ၾကည့္ပါမယ္။ ပထမအေနနဲ႔ လူမ်ိဳး သံုးမ်ိဳးကို (က)လူမ်ိဳး၊ (ခ)လူမ်ိဳးနဲ႔ (ဂ)လူမ်ိဳးလို႔ အမည္ေပးသတ္မွတ္ထားပါမယ္။ ဒီလူမ်ိဳးသံုးမ်ိဳးဟာ ႏိုင္ငံတစ္ႏိုင္ငံတည္းမွာ အတူေနထိုင္ေနၾကတယ္လို႔ လည္း စိတ္ထဲမွာ ျမင္ေယာင္ၾကည့္ထားေစခ်င္ပါတယ္။

ဆိုပါစို႔။ (က)လူမ်ိဳးက ႏိုင္ငံလူဦးေရရဲ႕ (၇၀) ရာခိုင္ႏႈန္း ရွိတယ္။ (ခ)လူမ်ိဳးက ႏိုင္ငံလူဦးေရရဲ႕ (၂၀)ရာခိုင္ႏႈန္း ရွိတယ္။ (ဂ)လူမ်ိဳးက ႏိုင္ငံလူဦးေရရဲ႕ (၁၀)ရာခိုင္ႏႈန္း ရွိေနတယ္။

ႏိုင္ငံေတာ္ကေန ဘတ္ဂ်က္ခ်ေပး၊ ဘတ္ဂ်က္ ခြဲေဝေပးတဲ့အခါ (၇၀)ရာခိုင္ႏႈန္းရွိတဲ့ (က)လူမ်ိဳးက လည္း တစ္က်ပ္၊ (၂၀)ရာခိုင္ႏႈန္းရွိတဲ့ (ခ)လူမ်ိဳးက လည္း တစ္က်ပ္၊ (၁၀)ရာခိုင္ႏႈန္းပဲ ရွိတဲ့ (ဂ)လူမ်ိဳး ကလည္း တစ္က်ပ္ ရေနတယ္ဆိုရင္ ဒါဟာ တကယ္ ေရာ တန္းတူညီမွ်မႈျဖစ္ရဲ႕လားဆိုတာက ေမးကို ေမးရ ေတာ့မယ့္ ေမးခြန္းပါပဲ။

(၂၀)ရာခိုင္ႏႈန္းရွိတဲ့ (ခ)လူမ်ိဳးနဲ႔ (၁၀)ရာခိုင္ႏႈန္း ရွိတဲ့ (ဂ)လူမ်ိဳးေတြ ဆန္အေကာင္းစားကို ဝယ္ၿပီး ထမင္းေကာင္းေကာင္း စားေနရခ်ိန္မွာ (၇၀)ရာခိုင္ႏႈန္း ရွိတဲ့ (က)လူမ်ိဳးက ဆန္အညံ့စားနဲ႔ ဆန္ျပဳတ္ေတာင္ ေသာက္ႏိုင္ပါ့မလားဆိုတာ သိပ္စဥ္းစားၾကည့္စရာ မလိုဘဲနဲ႔ေတာင္ သိႏိုင္ပါလိမ့္မယ္။

ဆိုလိုတာက သူတစ္က်ပ္၊ ကိုယ္တစ္က်ပ္ျဖစ္ တိုင္း တန္းတူညီမွ်မႈ မရွိတဲ့သေဘာ။ တန္းတူညီမွ်မႈ မရွိရင္ တရားမွ်တမႈ (Justice)  ကလည္း မရွိဘူးဆိုတဲ့ အဓိပၸာယ္ပါပဲ။

ျမန္မာႏိုင္ငံမွာ လက္ရွိလူဦးေရက ၅၄ သန္းလို႔ ဆိုတယ္။ သေဘာတူတာ၊ မတူတာ ခဏထားလို႔ လူမ်ိဳးက ၁၃၅ မ်ိဳးလို႔ ဆိုတာနဲ႔ စဥ္းစားၾကည့္ပါမယ္။

ႏိုင္ငံျခားအဖြဲ႕အစည္းတစ္ခုက ေလ့လာထား ခ်က္အရ ဗမာလူမ်ိဳးက (၆၈)ရာခိုင္ႏႈန္း၊ ရွမ္းက (၉)ရာခိုင္ႏႈန္း၊ ကရင္က (၇)ရာခိုင္ႏႈန္း၊ ရခိုင္က (၄)ရာခိုင္ႏႈန္းနဲ႔ တ႐ုတ္အႏြယ္(ျမန္မာတ႐ုတ္)၊ အိႏၵိယအႏြယ္(ျမန္မာအိႏၵိယ)အပါအဝင္ က်န္တဲ့ လူမ်ိဳးအကုန္လံုးက (၁၂)ရာခိုင္ႏႈန္း ရွိတယ္လို႔ ဆိုပါ တယ္။

ဒီေလ့လာခ်က္ကို အၾကမ္းဖ်င္းထားၿပီး ေလ့လာ ၾကည့္ပါမယ္။ ဒီေနရာမွာ တန္းတူညီမွ်မႈလို႔ ေခါင္းစဥ္ တပ္ထားတဲ့ “နင္ တစ္က်ပ္၊ ငါ တစ္က်ပ္”မူဝါဒအရ ဆိုရင္ (၆၈)ရာခိုင္ႏႈန္း ရွိတဲ့ ဗမာကလည္း တစ္က်ပ္၊ (၉)ရာခိုင္ႏႈန္းရွိတဲ့ ရွမ္းကလည္း တစ္က်ပ္၊ (၇)ရာခိုင္ ႏႈန္းရွိတဲ့ ကရင္ကလည္း တစ္က်ပ္၊ (၄)ရာခိုင္ႏႈန္းရွိတဲ့ ရခိုင္ကလည္း တစ္က်ပ္၊ (၁)ရာခိုင္ႏႈန္းေတာင္ မျပည့္တဲ့ လူမ်ိဳးေတြလည္း အမ်ားႀကီး ရွိပါတယ္၊ သူတို႔လည္း တစ္က်ပ္။

လူေပါင္း(၆၈)ေယာက္ရွိေနတဲ့ အစုအဖြဲ႕က လည္း တစ္က်ပ္၊ လူတစ္ေယာက္တည္းကလည္း တစ္က်ပ္ဆိုတာဟာ “နင္ တစ္က်ပ္၊ ငါ တစ္က်ပ္”အရ ဟုတ္သလိုလို ရွိေနေပမယ့္လည္း ဒါဟာ တန္းတူ ညီမွ်မႈေတာ့ လံုးဝ (လံုးဝ) မဟုတ္ပါဘူး။ တန္းတူညီမွ် မႈမွ မဟုတ္ဘူးရင္ တရားမွ်တမႈလည္း လံုးဝ မဟုတ္ ဘူးဆိုတာပါပဲ။

တကယ့္ တန္းတူညီမွ်မႈဆိုတာဟာ လူတစ္ ေယာက္ပဲရွိတဲ့သူက တစ္က်ပ္ရရင္ လူ(၆၈)ေယာက္ ရွိတဲ့ အစုအဖြဲ႕က (၆၈)က်ပ္ ရရမွာပါ၊ လူ(၉)ေယာက္ ရွိတဲ့ အစုအဖြဲ႕က (၉)က်ပ္၊ လူ(၇)ေယာက္ ရွိတဲ့ အစု အဖြဲ႕က (၇)က်ပ္၊ လူ(၄)ေယာက္ ရွိတဲ့ အစုအဖြဲ႕က (၄)က်ပ္စသျဖင့္ ရရမွာပါ။ ဒါမွ တန္းတူညီမွ်မႈပါ။ ဒါမွသာ တရားမွ်တမႈလည္း ျဖစ္တာပါ။

တန္းတူညီမွ်မႈ၊ တရားမွ်တမႈေတြနဲ႔ ပတ္သက္ လာရင္ ႏိုင္ငံသားတစ္ဦးခ်င္းစီကို ကိုယ္စားျပဳၿပီး ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးေတြကို တြက္ခ်က္ၾက တာဟာ ဒီေန႔ေခတ္ ႏိုင္ငံတကာမွာ က်င့္သံုးေနတဲ့ နည္းလည္း ျဖစ္ပါတယ္။ အထူးသျဖင့္ တိုးတက္တဲ့ ဒီမိုကေရစီႏိုင္ငံေတြမွာ ျဖစ္ပါတယ္။

သို႔ေသာ္ လူနည္းစု၊ လူမ်ားစုသေဘာတရားအရ လူနည္းစုေတြမွာ သီးျခားအခြင့္အေရးေတြ ရေနေအာင္ လည္း ဖန္တီးေပးၾကရပါတယ္။ အဲဒီအတြက္ လူနည္းစု ေတြကလည္း လူမ်ားစုဆိုတာေတြကို အုပ္ခ်ဳပ္ခြင့္၊ စီမံခန္႔ခြဲခြင့္ဆိုတာေတြမွာ သေဘာတူၾကည္ျဖဴၾကရ တတ္ပါတယ္။ ဆိုလိုတာက ႏိုင္ငံေတာ္မွာ လူမ်ားစုက ဆံုးျဖတ္ခ်က္ခ်တာကို လူနည္းစုေတြက သေဘာတူ ေပးၾကရပါတယ္။

ျမန္မာႏိုင္ငံမွာ (၆၈)ရာခိုင္ႏႈန္းရွိေနတဲ့ ဗမာေတြ ကို “နင္ တစ္က်ပ္၊ ငါ တစ္က်ပ္” သြားလုပ္မယ့္အစား သီးျခားသတ္မွတ္ခ်က္ေတြနဲ႔ ျပ႒ာန္းေပးရတဲ့ လူနည္းစု အခြင့္အေရးဆိုတာကို ဗမာမဟုတ္တဲ့ က်န္တဲ့ လူမ်ိဳးေတြက ဘာျဖစ္လို႔ မစဥ္းစားၾကတာလဲဆိုတာကို အေတြးပိုမိပါတယ္။

ဒီေဆာင္းပါးက ေရြးေကာက္ပြဲနဲ႔ လူနည္းစု အခြင့္အေရးေတြကို ခ်ဥ္းကပ္ၾကည့္တာျဖစ္တဲ့အတြက္ ကြ်န္ေတာ္ စဥ္းစားၾကည့္ထားတဲ့၊ ျပည္ေထာင္စု လႊတ္ ေတာ္ထဲမွာ ရွိေနသင့္တဲ့၊ ဖန္တီးေဖာ္ေဆာင္ယူသင့္တဲ့ လူနည္းစုအခြင့္အေရး ပံုစံ (Model)တစ္ခုကို ေျပာ ၾကည့္ခ်င္ပါတယ္။

ဒီပံုစံက ေရြးေကာက္ပြဲကေနတစ္ဆင့္ လူနည္းစု ကိုယ္စားလွယ္ေတြ ျပည္ေထာင္စုလႊတ္ေတာ္ထဲကို ေရာက္လာေရးအတြက္ ျပဳလုပ္ထားတဲ့ပံုစံ ျဖစ္ပါ တယ္။ တစ္နည္းအားျဖင့္ ေျပာရရင္ လူနည္းစု ကိုယ္စားလွယ္ေတြကို ျပည္ေထာင္စုလႊတ္ေတာ္ထဲ ေရာက္လာေအာင္ ဖန္တီးတည္ေဆာက္ထားတဲ့ ေရြးေကာက္ပြဲပံုစံ ျဖစ္ပါတယ္။

၁၃၅ မ်ိဳးထဲမွာ ဗမာမဟုတ္တဲ့ လူမ်ိဳးတိုင္းက လူဦးေရအေရအတြက္နဲ႔ တိုင္းတာၿပီး ျပည္ေထာင္စု လႊတ္ေတာ္ထဲကို ေရာက္လာေရးျဖစ္ပါတယ္။ ဥပမာ အေနနဲ႔ လူဦးေရ (၁)သိန္းကို တည္ၿပီး စဥ္းစားၾကည့္ပါ မယ္။ သတိျပဳရမွာက ဒီမွာ နမူနာျပထားတဲ့ လူဦးေရ ကို ႀကိဳက္သလို အတိုးအေလွ်ာ့လုပ္ႏိုင္တယ္ဆိုတာ ျဖစ္ပါတယ္။

ဒီပံုစံအရ လူဦးေရ (၁)သိန္းကို လႊတ္ေတာ္ အမတ္တစ္ေယာက္ႏႈန္းနဲ႔ ေရြးေကာက္တင္ေျမႇာက္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္ထဲကို ေရာက္ရွိေရးျဖစ္ပါ တယ္။

လူဦးေရ (၁)သိန္းနဲ႔ (၁)သိန္းေအာက္ လူမ်ိဳး တိုင္းကလည္း ျပည္ေထာင္စုလႊတ္ေတာ္အတြက္ အနည္းဆံုး လႊတ္ေတာ္အမတ္တစ္ေယာက္စီကို ေရြးခ်ယ္ခြင့္ရွိေနၾကပါမယ္။

ဥပမာ လူဦးေရအနည္းဆံုးျဖစ္တဲ့ ထ႐ုန္လူမ်ိဳး ေတြကလည္း ျပည္ေထာင္စုလႊတ္ေတာ္ထဲကို လႊတ္ ေတာ္အမတ္တစ္ေယာက္ ေရြးခ်ယ္ၿပီး ေစလႊတ္ေပး ႏိုင္ပါမယ္။

ဒီပံုစံနည္းအရ (၁)သိန္းေအာက္ လူဦးေရအေရ အတြက္ရွိတဲ့ လူမ်ိဳးတိုင္းက ျပည္ေထာင္စုလႊတ္ေတာ္ အတြက္ အမတ္တစ္ဦးစီ ေရြးခ်ယ္ေပးခြင့္ရေနပါမယ္။

လူဦးေရ (၁)သိန္းရွိတဲ့ လူမ်ိဳးေတြကလည္း လႊတ္ေတာ္အမတ္တစ္ေယာက္စီ ေရြးခ်ယ္ေပးခြင့္ ရၾကပါမယ္။

လူဦးေရ (၁)သိန္းအထက္ လူမ်ိဳးေတြကေတာ့ (၁)သိန္းကို လႊတ္ေတာ္အမတ္တစ္ေယာက္ႏႈန္းနဲ႔ ေရြးခ်ယ္ခြင့္ရသြားၾကပါမယ္။

လူဦးေရ(၁)သိန္းကို လႊတ္ေတာ္အမတ္တစ္ ေယာက္၊ လူဦးေရ (၁)သိန္းေက်ာ္ကေန (၂)သိန္း အထိဆိုရင္ လႊတ္ေတာ္အမတ္ (၂)ေယာက္၊ လူဦးေရ (၂)သိန္းေက်ာ္ကေန (၃)သိန္းအထိဆိုရင္ လႊတ္ေတာ္ အမတ္ (၃)ေယာက္ စသျဖင့္ လူနည္းစုအခြင့္အေရးကို ကိုယ္စားျပဳတဲ့ ပံုစံတစ္ခုကို ဖန္တီးတည္ေဆာက္ လိုက္ၾကမယ္ဆိုရင္ လူနည္းစုလူမ်ိဳးေတြအတြက္ သီးျခားအခြင့္အေရးေတြ ရရွိလာႏိုင္ပါတယ္။

အထက္လႊတ္ေတာ္နဲ႔ ေအာက္လႊတ္ေတာ္ဆိုၿပီး လႊတ္ေတာ္ႏွစ္ရပ္ရွိတဲ့အထဲက ဒီလူနည္းစုလူမ်ိဳး ေတြကို ကိုယ္စားျပဳတဲ့ လႊတ္ေတာ္အမတ္ေတြကို ဘယ္လႊတ္ေတာ္ထဲမွာ ပါဝင္ေစမလဲဆိုတာကေတာ့ ဆက္ၿပီး ေဆြးေႏြးရမယ့္ ကိစၥတစ္ခု ျဖစ္ပါတယ္။

အထက္လႊတ္ေတာ္ေတြရဲ႕ သေဘာက လူမ်ိဳးစု ေတြကို ကိုယ္စားျပဳတာ ရွိႏိုင္သလို ျပည္နယ္ေတြကို ကိုယ္စားျပဳတာလည္း ရွိႏိုင္ပါတယ္။

၁၉၄၈ ခုႏွစ္၊ လြတ္လပ္ေရးရၿပီးခ်ိန္က စၿပီး ၁၉၆၂ ခုႏွစ္၊ စစ္ကြ်န္ဘဝကို မေရာက္ခင္အထိ ျမန္မာ ႏိုင္ငံဟာ ပါလီမန္ဒီမိုကေရစီစနစ္က်င့္သံုးတဲ့ ႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္ပါတယ္။ အဲဒီအခ်ိန္က ပါလီမန္အထက္ လႊတ္ေတာ္ဟာ လူမ်ိဳးစုေတြကို ကိုယ္စားျပဳပါတယ္။

တကယ္လို႔ ျမန္မာႏိုင္ငံရဲ႕ ျပည္ေထာင္စုလႊတ္ ေတာ္က အထက္လႊတ္ေတာ္ဟာ လူမ်ိဳးစုေတြကို ကိုယ္စားျပဳခဲ့မယ္ဆိုရင္ လူနည္းစုေတြကို ကိုယ္စားျပဳ ၿပီး ေရြးခ်ယ္ထားတဲ့ လႊတ္ေတာ္အမတ္ေတြကို အထက္လႊတ္ေတာ္မွာ ပါဝင္ေစသင့္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ရွိတဲ့ ဆီးနိတ္ဆိုတဲ့ အထက္လႊတ္ေတာ္က ျပည္နယ္ေတြကို ကိုယ္စားျပဳပါ တယ္။ ျပည္နယ္ေတြရဲ႕ လူဦးေရက မ်ားသည္ျဖစ္ေစ၊ နည္းသည္ျဖစ္ေစ၊ ျပည္နယ္တစ္ျပည္နယ္ကို ဆီးနိတ္ လႊတ္ေတာ္အမတ္ (၂)ဦးစီ ေရြးခ်ယ္ခြင့္ရွိပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံရဲ႕ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံ ဥပေဒအရ ျပည္နယ္ သို႔မဟုတ္ တိုင္းေဒသႀကီးတစ္ခု အတြက္ လူဦးေရ မ်ားသည္ျဖစ္ေစ၊ နည္းသည္ျဖစ္ေစ အထက္လႊတ္ေတာ္အမတ္ (အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္) (၁၂)ဦးက်စီ ေရြးခ်ယ္ခြင့္ ရွိထားပါ တယ္။ သေဘာတရားအရ အေမရိကန္ျပည္ေထာင္စု၊ ဆီးနိတ္လႊတ္ေတာ္ရဲ႕ ျပည္နယ္ကိုယ္စားျပဳမႈနဲ႔ တူပါ တယ္။

တကယ္လို႔ ျမန္မာႏိုင္ငံရဲ႕ ျပည္ေထာင္စု လႊတ္ေတာ္က အထက္လႊတ္ေတာ္ဟာ ျပည္နယ္ကို ကိုယ္စားျပဳခဲ့မယ္ဆိုရင္ေတာ့ လူနည္းစုအခြင့္အေရး အရ လူဦးေရနဲ႔အညီ ေရြးခ်ယ္ထားတဲ့ လႊတ္ေတာ္ အမတ္ေတြကို ေအာက္လႊတ္ေတာ္ဆိုတဲ့ ျပည္သူ႔ လႊတ္ေတာ္မွာ ပါဝင္ေစသင့္ပါတယ္။

ေရြးေကာက္ပြဲစနစ္ကိုေတာ့ ႐ႈပ္ေထြးမႈနည္းတဲ့ မဲအမ်ားဆံုးရသူႏိုင္ (FPTP)စနစ္ကိုပဲ က်င့္သံုးသင့္ ပါတယ္။

ဒါက လူနည္းစုအခြင့္အေရးေတြအတြက္ တန္းတူညီမွ်မႈေဘာင္အတြင္းထဲက စဥ္းစားထားတဲ့ ပံုစံတစ္ခု ျဖစ္ပါတယ္။

လူနည္းစုအခြင့္အေရးေတြကို ေတာင္းဆိုဖို႔ စဥ္းစားၾကတဲ့အခါ နည္းလမ္းေပါင္းစံုကို စဥ္းစားၾကည့္ သင့္တယ္။ ဥပမာ လက္နက္ကိုင္ၿပီး ေတာင္းဆိုတဲ့နည္း ရွိမယ္၊ လမ္းေတြေပၚ ထြက္ၿပီး ေတာင္းဆိုတဲ့နည္း ရွိမယ္၊ အျခားနည္းေတြလည္း ရွိေနပါလိမ့္ဦးမယ္။ နည္းလမ္းအမ်ားႀကီးကို ပထမ စဥ္းစား။ အဲဒီအထဲက အေကာင္းဆံုးကို ေရြး။ ဒါပါပဲ။

အထက္မွာ ေဖာ္ျပထားတဲ့ လက္နက္ကိုင္ ေတာင္းဆိုနည္းနဲ႔ လမ္းေပၚထြက္ေတာင္းဆိုနည္း (၂)ခုထဲမွာ ျမန္မာႏိုင္ငံရဲ႕ ႏွစ္(၇၀)ေက်ာ္ ျပည္တြင္းစစ္ သမိုင္းေၾကာင္းအရဆိုရင္ လက္နက္ကိုင္ေတာင္းဆို နည္းက အျပည့္အဝ ဆံုး႐ံႈးထားၿပီး ဘာတစ္ခုမွ ေအာင္ ျမင္မႈ မရထားပါဘူး။

လက္နက္မကိုင္တဲ့ လမ္းေပၚထြက္နည္းကေတာ့ လက္ရွိမွာ အရပ္သားအစိုးရတစ္စိတ္တစ္ပိုင္းကို တင္ေျမႇာက္ထားႏိုင္တဲ့အထိ ေအာင္ျမင္မႈ ရထားပါ တယ္။ တစ္ရာရာခိုင္ႏႈန္းအထိ ရေအာင္ ဆက္သြား ရပါဦးမယ္။

ဒီနည္း(၂)နည္းအျပင္ တျခားေရာ ဘာနည္းေတြ ရွိေနဦးမလဲ။ စဥ္းစားဆင္ျခင္ၾကည့္သင့္ပါတယ္။ လူအဖြဲ႕အစည္းတစ္ရပ္ ေကာင္းစားဖို႔ျဖစ္ေစ၊ လူနည္းစု ေတြ အခြင့္အေရးရဖို႔ျဖစ္ေစ နည္းလမ္းေပါင္းစံုကို စဥ္းစားသင့္ပါတယ္။ အဲဒီလို စဥ္းစားထားတဲ့ နည္း လမ္းေပါင္းစံုထဲကမွ အေကာင္းဆံုးျဖစ္မယ့္ နည္း တစ္ခုကို ေရြးခ်ယ္လုပ္ေဆာင္ၾကဖို႔ပါပဲ။

ေနာက္တစ္ခုက ဒီေနရာမွာ တန္းတူညီမွ်မႈနဲ႔ တရားမွ်တမႈဆိုတဲ့ ေဝါဟာရေတြကို ႐ႈေထာင့္မ်ိဳးစံု ကေန အဓိပၸာယ္ဖြင့္ဆိုၾကည့္ၾကဖို႔ အႀကံျပဳခ်င္ပါတယ္။

ဥပမာ ဗမာအပါအဝင္ လူမ်ိဳးႀကီး (၈)မ်ိဳးနဲ႔ ျပည္နယ္ (၈)ျပည္နယ္ဖြဲ႕စည္းတာဟာ တန္းတူညီမွ်မႈ ပဲလို႔ ေျပာဆိုတဲ့သူ ရွိႏိုင္သလို ဧရာဝတီက ပုဂၢိဳလ္ေတြ က “နင္တို႔ရဲ႕ (၈)ျပည္နယ္မူကို ငါတို႔ရဲ႕ ဧရာဝတီ အျပင္ဘက္မွာ ဖြဲ႕စည္းၾက၊ ငါတို႔ရဲ႕ ဧရာဝတီကို ထည့္ မဖြဲ႕စည္းၾကနဲ႔၊ ငါတို႔ရဲ႕ ဧရာဝတီကို ဧရာဝတီျပည္ နယ္ဆိုၿပီး သီးျခားျပည္နယ္တစ္ခုအျဖစ္ ငါတို႔ ဖြဲ႕စည္း မယ္၊ ဒါဟာ ငါတို႔ကံၾကမၼာကို ငါတို႔ ဖန္တီးတာပဲ၊ ကိုယ့္ကံၾကမၼာကိုယ္ဖန္တီးခြင့္ဟာ တန္းတူညီမွ်မႈ ဆိုတာရဲ႕ အဓိပၸာယ္တစ္ခုပဲေလ”လို႔လည္း ေျပာဆိုႏိုင္ ပါတယ္။

ဒီလို ေျပာဆိုခြင့္က ဧရာဝတီက လူေတြမွာ ရွိေန ပါတယ္။ ဧရာဝတီက လူေတြ ဒီလို ေျပာဆိုတာေတြကို လည္း အျခားေဒသက လူေတြက တေလးတစား အသိအမွတ္ျပဳ နားေထာင္ဖို႔ လိုအပ္ပါတယ္။ ဒါဟာ တန္းတူညီမွ်မႈဆိုတာရဲ႕ သေဘာတရားထဲမွာ အက်ံဳး ဝင္တယ္ဆိုတာကိုလည္း သတိျပဳၾကရပါလိမ့္မယ္။

အဲဒါေၾကာင့္ပဲ တန္းတူညီမွ်မႈဆိုတဲ့ ေဝါဟာရ၊ တရားမွ်တမႈဆိုတဲ့ ေဝါဟာရေတြကို အရင္ဦးဆံုး ပုဂၢိဳလ္မ်ိဳးစံုက ႐ႈေထာင့္မ်ိဳးစံုကေန အဓိပၸာယ္ဖြင့္ဆို ၾကဖို႔ လိုတယ္လို႔ သတိေပးရတာ ျဖစ္ပါတယ္။

အဲဒီလိုမွ မဟုတ္ရင္ “ငါက တိုင္းရင္းသား ျဖစ္ တယ္၊ အဲဒါေၾကာင့္ ငါ ေျပာတာပဲ တန္းတူညီမွ်မႈ၊ ငါ ေျပာတာပဲ တရားမွ်တမႈပဲေလ”ဆိုတဲ့ သေဘာမ်ိဳး သက္ေရာက္သြားႏိုင္ပါတယ္။

တန္းတူညီမွ်မႈ၊ တရားမွ်တမႈဆိုတာေတြဟာ ဘယ္တိုင္းရင္းသားလူမ်ိဳးပဲျဖစ္ျဖစ္၊ ဘယ္ဘာသာကိုပဲ ကိုးကြယ္ကိုးကြယ္ ႏိုင္ငံသားတစ္ခ်င္းစီနဲ႔ သက္ဆိုင္တဲ့ သေဘာတရားေတြသာ ျဖစ္တယ္ဆိုတာကိုလည္း ႀကီးႀကီးမားမား ႏွလံုးသြင္းၾကဖို႔ လိုအပ္ပါတယ္။

တကယ္လို႔ လူမ်ိဳးႀကီး (၈)မ်ိဳးနဲ႔ (၈)ျပည္နယ္ ဖြဲ႕တာဟာ တန္းတူညီမွ်မႈပဲလို႔ ဆိုၾကပါစို႔။ ဒီေနရာမွာ ေမးရမယ့္ ေမးခြန္းက ဗမာလူမ်ိဳးက ႏိုင္ငံလူဦးေရရဲ႕ (၆၈)ရာခိုင္ႏႈန္း ရွိေနတဲ့အတြက္ တစ္ႏိုင္ငံလံုးရဲ႕ နယ္ေျမ (၆၈)ရာခိုင္ႏႈန္းနဲ႔ ဗမာျပည္နယ္ကို ဖြဲ႕စည္းမွာ လားဆိုတာ ျဖစ္ပါတယ္။

မဟုတ္ဘူး၊ ပေဒသရာဇ္ေခတ္က နယ္ေျမေတြ အတိုင္း ျပည္နယ္ေတြကို ဖြဲ႕စည္းၾကရမယ္ဆိုပါစို႔။ ပေဒသရာဇ္ေခတ္မွာ ခုႏွစ္အလိုက္၊ ဘုရင္ေတြအလိုက္ နယ္ေျမသတ္မွတ္မႈက မတူညီတတ္တာမို႔လို႔ ဘယ္ႏွ ခုႏွစ္၊ ဘယ္ဘုရင္လက္ထက္ကို အတည္ယူမလဲ ဆိုတာကလည္း ထပ္ေမးရမယ့္ ေမးခြန္းတစ္ခုပါပဲ။

ေနာက္တစ္ခ်က္က ဒီေန႔ေခတ္ကမၻာႀကီးမွာ လူမ်ိဳးေတြ ေရာေႏွာေနထိုင္ၾကတာဟာ ေနရာတိုင္းမွာ လို ေတြ႕ေနၾကရပါတယ္။ ဒါကို လူမ်ိဳးတစ္မ်ိဳးတည္း သီးျခားပံုစံ ခြဲထြက္စဥ္းစားတာဟာ ေခတ္နဲ႔ေရာ ဆီေလ်ာ္ရဲ႕လား၊ ျပႆနာေျဖရွင္းနည္း မဟုတ္ဘဲ ျပႆနာကို ပိုၿပီး ႐ႈပ္ေထြးေစတဲ့နည္းမ်ား ျဖစ္မေနဘူး လားဆိုတဲ့ အခ်က္ ျဖစ္ပါတယ္။

အဲဒီေတာ့ ႏိုင္ငံတစ္ႏိုင္ငံမွာ ျပႆနာေျဖရွင္း နည္းေတြဟာ ႏိုင္ငံသားတစ္ဦးခ်င္းစီကို ကိုယ္စားျပဳ၊ ႏိုင္ငံသားတစ္ဦးခ်င္းစီနဲ႔ စုဖြဲ႕ထားတဲ့ လူဦးေရပမာဏ တစ္ခုကို ကိုယ္စားျပဳဖို႔ လိုပါလိမ့္မယ္။

ဒီေနရာမွာ ဒီအခ်က္ကို သတိထားသင့္တယ္လို႔ ေျပာရတာက ဒီမိုကေရစီစနစ္က်င့္သံုးတဲ့ ႏိုင္ငံေတြမွာ (၂၀)ရာစုမတိုင္ခင္ကတည္းက လူဦးေရရဲ႕ ရာခိုင္ႏႈန္းနဲ႔ ကိုယ္စားျပဳေနၾကၿပီဆိုတာပဲ ျဖစ္ပါတယ္။

၁၉၄၇ ခုႏွစ္၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒမွာ ျပည္သူ႔လႊတ္ေတာ္အတြက္ လႊတ္ေတာ္အမတ္ကို ေရြးခ်ယ္တဲ့အခါ လႊတ္ေတာ္အမတ္ ကိုယ္စားျပဳရမယ့္ လူဦးေရ အေရအတြက္ကို (၂)မ်ိဳးထဲက တစ္မ်ိဳးမ်ိဳးကို သတ္မွတ္ေရြးခ်ယ္ႏိုင္ေၾကာင္း ျပဆိုထားပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ ဖြဲ႕စည္းပံုအေျခခံ ဥပေဒကို စတင္ေရြးဆြဲျပ႒ာန္းတဲ့ အခ်ိန္တုန္းက လူဦးေရ သံုးေသာင္းကို ေအာက္လႊတ္ေတာ္ (ျပည္သူ႔ လႊတ္ေတာ္)အမတ္ တစ္ေယာက္ႏႈန္း သတ္မွတ္ခဲ့ပါ တယ္။ ဒါက (၂၀)ရာစုမတိုင္ခင္က လူဦးေရ အေရ အတြက္နဲ႔ ကိုယ္စားျပဳခဲ့တဲ့ သာဓကတစ္ခု ျဖစ္ပါ တယ္။

၁၉၄၇ ခုႏွစ္၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံ ဥပေဒထဲမွာ သတ္မွတ္ျပထားတဲ့ လူဦးေရ (၂)မ်ိဳးက (၁) လူဦးေရ တစ္သိန္း (၁၀ဝဝ၀ဝ)ကို လႊတ္ေတာ္ အမတ္တစ္ေယာက္ႏႈန္းနဲ႔ (၂) လူဦးေရ သံုးေသာင္း (၃၀ဝ၀ဝ)ကို လႊတ္ေတာ္အမတ္တစ္ေယာက္ႏႈန္း ဆိုတာ ျဖစ္ပါတယ္။ ဒီ(၂)မ်ိဳးထဲက တစ္မ်ိဳးမ်ိဳးကို အသံုးျပဳၿပီး ျပည္သူ႔လႊတ္ေတာ္အတြက္ လႊတ္ေတာ္ အမတ္ကို ေရြးခ်ယ္ေပးရပါတယ္။

လက္ရွိျမန္မာႏိုင္ငံမွာ လူဦးေရ (၅၄)သန္း ရွိတယ္လို႔ ဆိုပါတယ္။ ျပည္သူ႔လႊတ္ေတာ္အတြက္ လူဦးေရတစ္သိန္း (၁၀ဝçဝ၀ဝ)ကို လႊတ္ေတာ္အမတ္ တစ္ေယာက္ႏႈန္းနဲ႔ ေရြးခ်ယ္မယ္ဆိုရင္ ျပည္သူ႔လႊတ္ ေတာ္အတြက္ လႊတ္ေတာ္အမတ္ (၅၄၀)ကို ေရြးခ်ယ္ ေပးရပါမယ္။

ေက်ာင္းသား (၁၈)ေယာက္ကို ဆရာ(၁)ေယာက္ ႏႈန္း၊ လူဦးေရ ဘယ္ႏွေယာက္ကို ဆရာဝန္(၁)ေယာက္ႏႈန္း၊ လူဦးေရ ဘယ္ႏွေယာက္ကို ရဲ(၁)ေယာက္ႏႈန္းစသျဖင့္ သတ္မွတ္တာမ်ိဳးနဲ႔ သေဘာ တရားအရ တူပါတယ္။

လက္ရွိျမန္မာႏိုင္ငံမွာ ၿမိဳ႕နယ္တစ္ခုကို ျပည္သူ႔ လႊတ္ေတာ္အမတ္တစ္ေယာက္ႏႈန္းနဲ႔ ေရြးခ်ယ္ေနရ ေပမယ့္ ကမၻာ့ဒီမိုကေရစီႏိုင္ငံေတြမွာ က်င့္သံုးေနၿပီး တန္းတူညီမွ်မႈသေဘာတရား၊ တရားမွ်တမႈ သေဘာ တရားေတြအရ အနာဂတ္ျမန္မာႏိုင္ငံမွာလည္း လူဦးေရအေရအတြက္နဲ႔ ကိုယ္စားျပဳတဲ့စနစ္က မလြဲမေသြ က်င့္သံုးလာၾကမွာ ေသခ်ာပါတယ္။ အေၾကာင္းကေတာ့ ဒီစနစ္က တန္းတူညီမွ်မႈ၊ တရား မွ်တမႈေတြကို ပံုေဖာ္ေပးတဲ့စနစ္ အေသအခ်ာ ျဖစ္ေန လို႔ပါပဲ။

အဲဒါဆိုရင္ တန္းတူညီမွ်မႈနဲ႔ တိုင္းရင္းသား အခြင့္အေရးဆိုတာေတြကို စဥ္းစားၾကတဲ့အခါ ေရြး ေကာက္ပြဲေတြမွာ လူနည္းစုအခြင့္အေရးဘက္ကေန ခ်ဥ္းကပ္ၿပီးေတာ့ လူဦးေရအေရအတြက္နဲ႔ ကိုယ္စားျပဳ ေရြးခ်ယ္ခြင့္ရမယ့္ နည္လမ္းတစ္ခု၊ ပံုစံ (Model)တစ္ခုကို စဥ္းစားၾကည့္တာဟာလည္း တိုင္းရင္းသား အေရးကို ေျဖရွင္းေပးႏိုင္မယ့္အေျဖေတြထဲက ေရြး ခ်ယ္စရာအေျဖတစ္ခု ျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။

 

ကိုးကား

  • ၁၉၄၇ ခုႏွစ္၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒ
  • ေအာင္ႏိုင္၊ ဒီမိုကေရစီမိတ္ဆက္

ေအာင္ႏိုင္