• Today is: Wednesday, September 30, 2020

ရှမ်းနီအမျိုးသားတစ်ဦး၏ ရင်တွင်စကား…

Federal Journal
August15/ 2020

ရှမ်းနီအမျိုးသားတစ်ဦး၏ ရင်တွင်စကား…

ဦးစိုင်း ကျော်ညွ န့်

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ ( အထွေထွေအတွင်းရေးမှူး )

 

ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုး ပေါင်းစုံ နေထိုင် ကြတယ်။ တရားဝင် တိုင်းရင်းသားကို ၁၃၅ မျိုး သတ်မှတ်ထားတယ်။ ၁၃၅ မျိုးထဲ တရားဝင် မပါဝင်တဲ့ လူမျိုးရှိသလို လူမျိုး တစ်မျိုးထဲကပင် နာမည် နှစ်မျိုး ထပ်နေ တာလည်းရှိနေတယ်။ ဒါကလည်း ပြဿနာ တစ်ခုဖြစ်နေတယ်။ တရားဝင် ပြန်စိစစ်ဖို့ လိုတယ်။

လက်ရှိဖွဲ့စည်းပုံမှာ ပြည်နယ် ခုနစ် ခု၊ တိုင်းခုနစ်ခု ဖြစ်တယ်။ ပြည်နယ်အမည် ပေါက်မရှိတဲ့ တိုင်းရင်းသားတွေ များနေ တယ်။ လက်ရှိဖွဲ့စည်းပုံမှာ ပြည်နယ် အမည်ပေါက် တိုင်းရင်းသားများက ပြည်နယ်အကြီးအကဲ ဖြစ်နေတယ်။ ဥပမာ အားဖြင့် ကချင်ပြည်နယ်မှာ ရှမ်းနီလူမျိုးက အများဆုံး နေထိုင်ကြတယ်။ ဗမာပြုခံရတဲ့ ဗမာမှတ်ပုံတင်ဖြစ်သွားတဲ့ ရှမ်းနီလူမျိုးတွေ လည်း အများကြီးရှိတယ်။ လွတ်လပ်ရေးရဖို့ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်နှင့် ၁၉၄၇ ဖွဲ့ စည်းပုံကြောင့် ရှမ်းနီဒေသ၊ ရှမ်းနီလူမျိုး တို့သည် ကချင်ပြည်နယ်ထဲ သွတ် သွင်းခံခဲ့ ရတယ်။ ယနေ့အချိန်ထိ မိုးညှင်းခရိုင်၊ မြစ်ကြီးနား ခရိုင်၊ ဗန်းမော်ခရိုင်မှာရှိကြတဲ့ မြို့ရွာ အမည်များ၊ မြစ်ချောင်း အင်းအိုင်တောတောင် အမည်များက ရှမ်းနီအမည်များ ဖြစ် ကြတယ်ဆိုတာက သမိုင်းသက်သေ ဖြစ်နေပါတယ်။

ကချင်ပြည်နယ်ထဲမှာ ကချင်လူမျိုးနှင့် ရှမ်းနီ လူမျိုး မျိုးတို့က အဓိက နေထိုင်ကြတယ်။ ကချင် လူမျိုးဟူသည် ဂျိမ်းဖော၊ လော်ဖော်၊ ကဇီး၊ ဇိုင်ဝါး၊ လီဆူး၊ ရဝမ် စသည့် ကချင်လူမျိုးစု ၆ မျိုးကို ပေါင်း စည်းခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ ရှမ်းနီလူမျိုးများ နှင့်အတူ တိုင်းလုံ၊ ကိုင်းဆာ၊ တိုင်၊ ခန္တီ စသည့် ရှမ်း လူမျိုးစုများလည်း အတူနေထိုင်ကြသည်။

ကချင်မျိုးနွယ်စုသည် ရိုးရာနတ်နှင့် ခရစ်ယာန် ဘာသာ ကို အဓိက ကိုးကွယ်ကြသည်။ ရှမ်းမျိုးနွယ် စုများသည် ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ကြသည်။

တိုင်းရင်းသားလူမျိုး မတူညီသည့်အလျောက် ဘာသာ စကား၊ စာပေများလည်း မတူညီကြပေ။ ကိုးကွယ်သည့် ဘာသာ မတူသလို ယဉ်ကျေးမှုဓလေ့ ထုံးစံများလည်း မတူညီကြပေ။

မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှု ယဉ် ကျေးမှု ဓလေ့ထုံးစံများ ရှိသည့်အလျောက် ရိုးရာ ဆိုင်ရာ အမွေ ဆက်ခံမှုများ၊ ရိုးရာဆိုင်ရာ တရားစီရင် မှုများလည်း ကွာခြား ကြပါသည်။ ဘာသာတရား ကိုအခြေခံသည့် တချို့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံး စံများသည် အရှေ့နှင့် အနောက်၊ တောင်နှင့် မြောက် ကဲ့သို့ ကွာခြားလှပါတယ်။ သို့သော် နှစ်ကာလကြာ ရှည်စွာ အတူနေလာခဲ့သည့်အလျောက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး စသည်ဖြင့် ဆက် နွယ်လာခဲ့ရတယ်။ သွေးနှောပတ်သက်မှုများလည်း ရှိလာရတယ်။ မတူညီသည့် အဝန်းအဝိုင်းနှစ်ခုကြား ကြီးမား သည့် ပြဿနာမရှိအောင် နေထိုင်ကြသည် ကိုလည်း တွေ့ မြင်ရပေသည်။ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှု ကြောင့် ပြဿနာတချို့ ရှိခဲ့ကြ သည်ကိုလည်း တွေ့ရတယ်။ တချို့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံစံများသည် ခေတ်ကာလနှင့် မဆီလျော်တာ လည်း ရှိလာသည်။ ဆက်လက်ထိန်းသိမ်းရန် ခက်ခဲ လာသည်များလည်း ရှိလာသည်။ ထိုအချက် ကြောင့် ကချင်ပြည်နယ်လိုမျိုး ကချင်မျိုးနွယ်စု ၆ မျိုး၊ ရှမ်း မျိုးနွယ်စု ၅ မျိုးတို့က တရားဝင် ဒေသခံတိုင်းရင်းသား များ အဖြစ်လည်းကောင်း၊ ဌာနေဒေသခံ တိုင်းရင်းသားအဖြစ် လည်းကောင်း ရော ထွေးနေထိုင်ကြသည်။ ဒါကြောင့် ရိုးရာ ဓလေ့ တရားစီရင်မှုများ၊ အမွေဆက် ခံခွင့်များကို သီးခြား ပြဋ္ဌာန်းမှုများရှိလာ ပါက အဆင်မပြေမှု မရှိနိုင်ဟု ယူဆပါ သည်။ ဌာနတိုင်းရင်းသားများအပြင် ၁၃၅ မျိုးသော တခြား တိုင်းရင်းသားများ၊ တရုတ်၊ ကုလား စသည့် ၁၉၈၂ ဥပဒေ အရ နိုင်ငံသားပြုခွင့်ရရှိပြီးကာ မြန်မာနိုင်ငံ သားများလည်း များပြားစွာ ကချင်ပြည်နယ် အတွင်း နေထိုင်ကြပါသည်။

နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ ရရှိပါက တိုင်းရင်းသား အခွင့်အရေး၊ ဌာနေ ဒေသခံတိုင်းရင်းသား အခွင့် အရေးကို အထူးတောင်းဆိုရန် မလိုဟုပင် ထင်မှတ် ပါတယ်။ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိရန် အဓိကဟု ထင်ပါ တယ်။ နိုင်ငံသား အခွင့်အရေးက တန်းတူညီမျှရရှိပါက တိုင်း ရင်းသားလက်နက်ကိုင်များပင် ပေါ်ပေါက် လာမည်မဟုတ်ပါ။ ငြိမ်းချမ်းရေးမရှိသည့် အတွက် တရားဥပဒေ စိုးမိုးမှုလည်း မရှိပါ။ တိုင်းရင်းသားလူမျိုးများအတွက် တရား ဥပဒေစိုးမိုးမှု ရှိသည်။ ဒေသခံများဖြစ်ရေး နှင့် တိုင်း ရင်းသားတန်တူအခွင့်အရေး ရရှိ ရေးက အဓိကကျ လိုအပ် ပါသည်။ နိုင်ငံသားအခွင့် အရေးကိုသာ အပြည့်အဝရရှိပါက ရိုးရာဓလေ့ တရားစီရင်ထုံးများ၊ ရိုးရာအမွေဆက်ခံခြင်းများ လည်း  မလိုအပ်တော့ဟု ယူဆပါတယ်။ ဒေသတွင်း အတူနေ တိုင်းရင်းသားတို့၏ လူမှုပြဿနာများ၊ ကိုးကွယ်မှု ပြဿနာများကိုလည်း အထိုက်အလျောက် ဖြေရှင်းပြီး ဖြစ်ပါတယ်။

သို့သော် လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုဖို့ လူမျိုး တိုင်း၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှု စသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့တော့ လိုအပ်ပါသည်။ လွတ်လပ်စွာ လုပ်နိုင်ဖို့တော့ လိုအပ် ပါတယ်။

မည်သည့် တိုင်းရင်းသားကြီးငယ်မဆို ကိုယ်ပိုင် ရပ်တည်နိုင်ခွင့်ရှိရပေမည်။ ဥပဒေအရလည်း အကာ အကွယ် ပေးရပေမည်။ ပြည်နယ်အတွင်းရှိ ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး စသည့် နေရာများတွင်လည်း အချိုး ကျ ပါဝင်လာစေရန် ဆောင်ရွက်သင့်ပါသည်။ အကာ အကွယ်ပေးရမည်။ ဥပမာအားဖြင့် ကချင်ပြည်နယ် တွင် KIA, KIO အဖွဲ့ရှိပါသည်။ ကချင်လူမျိုးသည် ကချင်မျိုးနွယ်စု ၆ မျိုးကို ပေါင်းစည်း ခေါ်ဝေါ်ထား သော်လည်း ဂျိမ်းဖောလူမျိုးတို့က လက်နက် အားကိုး ဖြင့် အခြားကချင်မျိုးနွယ်စုအပေါ်၌ လည်းကောင်း၊ ရှမ်းနီလူမျိုးများအပေါ်၌လည်းကောင်း ဂျိမ်းဖောလူ မျိုးစု ဖြစ်သော်လည်း လက်နက်အားကိုးဖြင့် အနိုင် ကျင့်ဗိုလ်ကျမှုများရှိခဲ့ပါသည်။ မတရားဖမ်းဆီး ခေါ် ဆောင် လူစုခြင်းများ၊ ရှေ့တန်း၌ အသေခံစစ်တိုက်ခိုက် ခြင်းများ၊ အဓမ္မ ငွေ ကောက်ခံခြင်းများ၊ လမ်းတံတား ဖျက်ခြင်းများ ရှိခဲ့ပါသည်။ တိုင်းရင်းသားများ အချင်း ချင်းအပေါ်၌ လက်နက်အားကိုးဖြင့် ဗိုလ်ကျစိုးမိုးခြင်း များ လုပ်နေပါတယ်။ ဗမာလူမျိုးကြီးဝါဒနည်းတူ အခြား အတူနေ တိုင်းရင်းသားများအပေါ်၌ ကချင်လူမျိုးကြီး ဝါဒ (ဂျိမ်းဖောလူမျိုးကြီးဝါဒ)ကို ကျင့်သုံးနေပါတယ်။

အချုပ်အားဖြင့် –

မည်သည့် တိုင်းရင်းသား ကြီးငယ်မဆို ကိုယ်ပိုင် ရပ် တည်ခွင့်ရှိရမည်။ လွတ်လပ်စွာ ဘာသာစကား၊ ကိုးကွယ်မှု  ရှိရမည်။ အားပေးရမည်။

ပြည်နယ်အကြီးအကဲကို ပြည်နယ် အမည်ပေါက် တိုင်းရင်းသားကသာ မဟုတ်ဘဲ ပြည်နယ် အတွင်းရှိ မည် သည့် တိုင်းရင်းသားမဆို ပြည်နယ်သားများ ရွေးချယ်မှုဖြင့် တင် မြှောက်နိုင်ရမည်။

ဘာသာ၊ လူမျိုးပေါင်းစုံ နေထိုင်သည့် ပြည်ထောင်စုဖြစ်သည်။ ဒါကြောင့် ပြည် နယ်တွင်း ရိုးရာဓလေ့ တရား စီရင်မှုများ၊ အမွေဆက်ခံခွင့်များမရှိဘဲ နိုင်ငံသားအခွင့် အရေးအရ အားလုံး တစ်ပြေးညီဖြစ်သင့် တယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ တိုင်းရင်းသားလူမျိုးအချင်း ချင်းအပေါ် အနိုင်ကျဗိုလ်ကျခြင်း မရှိစေ ရန်အတွက် တရားဥပဒေစိုးမိုးမှု အမြန်ဆုံး ရရှိစေချင်ပါတယ်။

ပြည်သူများအပေါ် အနိုင်ကျင့်သော မည်သည့်လက်နက်ကိုင်အဖွဲ့မဆို မထောက်ခံပါ။

ဦးစိုင်းကျော်ညွန့်

ရွမ္းနီအမ်ဳိးသားတစ္ဦး၏ ရင္တြင္စကား…

Zawgyi

ဦးစုိင္း ေက်ာ္ညြ န္႕

တုိင္းလုိင္(ရွမ္းနီ)အမ်ဳိးသားဖံြ႔ ၿဖိဳးတုိးတက္ေရးပါတီ ( အေထြေထြအတြင္းေရးမွဴး )

 

ျပည္ေထာင္စု ျမန္မာႏုိင္ငံအတြင္း တိုင္းရင္းသားလူမ်ဳိး ေပါင္းစံု ေနထိုင္ ၾကတယ္။ တရားဝင္ တိုင္းရင္းသားကို ၁၃၅ မ်ဳိး သတ္မွတ္ထားတယ္။ ၁၃၅ မ်ဳိးထဲ တရားဝင္ မပါဝင္တဲ့ လူမ်ဳိးရွိသလို လူမ်ဳိး တစ္မ်ဳိးထဲကပင္ နာမည္ ႏွစ္မ်ဳိး ထပ္ေန တာလည္းရွိေနတယ္။ ဒါကလည္း ျပႆနာ တစ္ခုျဖစ္ေနတယ္။ တရားဝင္ ျပန္စိစစ္ဖို႔ လိုတယ္။

လက္ရွိဖြဲ႕စည္းပံုမွာ ျပည္နယ္ ခုနစ္ ခု၊ တိုင္းခုနစ္ခု ျဖစ္တယ္။ ျပည္နယ္အမည္ ေပါက္မရွိတဲ့ တိုင္းရင္းသားေတြ မ်ားေန တယ္။ လက္ရွိဖြဲ႕စည္းပံုမွာ ျပည္နယ္ အမည္ေပါက္ တိုင္းရင္းသားမ်ားက ျပည္နယ္အႀကီးအကဲ ျဖစ္ေနတယ္။ ဥပမာ အားျဖင့္ ကခ်င္ျပည္နယ္မွာ ရွမ္းနီလူမ်ဳိးက အမ်ားဆံုး ေနထိုင္ၾကတယ္။ ဗမာျပဳခံရတဲ့ ဗမာမွတ္ပံုတင္ျဖစ္သြားတဲ့ ရွမ္းနီလူမ်ဳိးေတြ လည္း အမ်ားႀကီးရွိတယ္။ လြတ္လပ္ေရးရဖို႔ ခ်ဳပ္ဆိုခဲ့တဲ့ ပင္လံုစာခ်ဳပ္ႏွင့္ ၁၉၄၇ ဖြဲ႕ စည္းပံုေၾကာင့္ ရွမ္းနီေဒသ၊ ရွမ္းနီလူမ်ဳိး တို႔သည္ ကခ်င္ျပည္နယ္ထဲ သြတ္ သြင္းခံခဲ့ ရတယ္။ ယေန႔အခ်ိန္ထိ မိုးညႇင္းခ႐ိုင္၊ ျမစ္ႀကီးနား ခ႐ိုင္၊ ဗန္းေမာ္ခ႐ိုင္မွာရွိၾကတဲ့ ၿမိဳ႕ရြာ အမည္မ်ား၊ ျမစ္ေခ်ာင္း အင္းအိုင္ေတာေတာင္ အမည္မ်ားက ရွမ္းနီအမည္မ်ား ျဖစ္ ၾကတယ္ဆိုတာက သမိုင္းသက္ေသ ျဖစ္ေနပါတယ္။

ကခ်င္ျပည္နယ္ထဲမွာ ကခ်င္လူမ်ဳိးႏွင့္ ရွမ္းနီ လူမ်ဳိး မ်ဳိးတို႔က အဓိက ေနထိုင္ၾကတယ္။ ကခ်င္ လူမ်ဳိးဟူသည္ ဂ်ိမ္းေဖာ၊ ေလာ္ေဖာ္၊ ကဇီး၊ ဇိုင္ဝါး၊ လီဆူး၊ ရဝမ္ စသည့္ ကခ်င္လူမ်ဳိးစု ၆ မ်ဳိးကို ေပါင္း စည္းေခၚေဝၚျခင္းျဖစ္ပါတယ္။ ရွမ္းနီလူမ်ဳိးမ်ား ႏွင့္အတူ တိုင္းလံု၊ ကိုင္းဆာ၊ တိုင္၊ ခႏၲီ စသည့္ ရွမ္း လူမ်ဳိးစုမ်ားလည္း အတူေနထိုင္ၾကသည္။

ကခ်င္မ်ဳိးႏြယ္စုသည္ ႐ိုးရာနတ္ႏွင့္ ခရစ္ယာန္ ဘာသာ ကို အဓိက ကိုးကြယ္ၾကသည္။ ရွမ္းမ်ဳိးႏြယ္ စုမ်ားသည္ ဗုဒၶဘာသာကို အဓိက ကိုးကြယ္ၾကသည္။

တိုင္းရင္းသားလူမ်ဳိး မတူညီသည့္အေလ်ာက္ ဘာသာ စကား၊ စာေပမ်ားလည္း မတူညီၾကေပ။ ကိုးကြယ္သည့္ ဘာသာ မတူသလို ယဥ္ေက်းမႈဓေလ့ ထံုးစံမ်ားလည္း မတူညီၾကေပ။

မတူကြဲျပားေသာ ကိုးကြယ္ယံုၾကည္မႈ ယဥ္ ေက်းမႈ ဓေလ့ထံုးစံမ်ား ရွိသည့္အေလ်ာက္ ႐ိုးရာ ဆိုင္ရာ အေမြ ဆက္ခံမႈမ်ား၊ ႐ိုးရာဆိုင္ရာ တရားစီရင္ မႈမ်ားလည္း ကြာျခား ၾကပါသည္။ ဘာသာတရား ကိုအေျခခံသည့္ တခ်ဳိ႕႐ိုးရာ ယဥ္ေက်းမႈဓေလ့ထံုး စံမ်ားသည္ အေရွ႕ႏွင့္ အေနာက္၊ ေတာင္ႏွင့္ ေျမာက္ ကဲ့သို႔ ကြာျခားလွပါတယ္။ သို႔ေသာ္ ႏွစ္ကာလၾကာ ရွည္စြာ အတူေနလာခဲ့သည့္အေလ်ာက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး၊ ဘာသာေရး စသည္ျဖင့္ ဆက္ ႏြယ္လာခဲ့ရတယ္။ ေသြးေႏွာပတ္သက္မႈမ်ားလည္း ရွိလာရတယ္။ မတူညီသည့္ အဝန္းအဝိုင္းႏွစ္ခုၾကား ႀကီးမား သည့္ ျပႆနာမရွိေအာင္ ေနထိုင္ၾကသည္ ကိုလည္း ေတြ႕ ျမင္ရေပသည္။ ဘာသာေရး၊ လူမ်ဳိးေရး အစြန္းေရာက္မႈ ေၾကာင့္ ျပႆနာတခ်ဳိ႕ ရွိခဲ့ၾက သည္ကိုလည္း ေတြ႕ရတယ္။ တခ်ဳိ႕ ႐ိုးရာယဥ္ေက်းမႈ ဓေလ့ထံုစံမ်ားသည္ ေခတ္ကာလႏွင့္ မဆီေလ်ာ္တာ လည္း ရွိလာသည္။ ဆက္လက္ထိန္းသိမ္းရန္ ခက္ခဲ လာသည္မ်ားလည္း ရွိလာသည္။ ထိုအခ်က္ ေၾကာင့္ ကခ်င္ျပည္နယ္လိုမ်ဳိး ကခ်င္မ်ဳိးႏြယ္စု ၆ မ်ဳိး၊ ရွမ္း မ်ဳိးႏြယ္စု ၅ မ်ဳိးတို႔က တရားဝင္ ေဒသခံတိုင္းရင္းသား မ်ား အျဖစ္လည္းေကာင္း၊ ဌာေနေဒသခံ တိုင္းရင္းသားအျဖစ္ လည္းေကာင္း ေရာ ေထြးေနထိုင္ၾကသည္။ ဒါေၾကာင့္ ႐ိုးရာ ဓေလ့ တရားစီရင္မႈမ်ား၊ အေမြဆက္ ခံခြင့္မ်ားကို သီးျခား ျပ႒ာန္းမႈမ်ားရွိလာ ပါက အဆင္မေျပမႈ မရွိႏုိင္ဟု ယူဆပါ သည္။ ဌာနတိုင္းရင္းသားမ်ားအျပင္ ၁၃၅ မ်ဳိးေသာ တျခား တိုင္းရင္းသားမ်ား၊ တ႐ုတ္၊ ကုလား စသည့္ ၁၉၈၂ ဥပေဒ အရ ႏိုင္ငံသားျပဳခြင့္ရရွိၿပီးကာ ျမန္မာႏုိင္ငံ သားမ်ားလည္း မ်ားျပားစြာ ကခ်င္ျပည္နယ္ အတြင္း ေနထိုင္ၾကပါသည္။

ႏိုင္ငံသားအခြင့္အေရးကို အျပည့္အဝ ရရွိပါက တိုင္းရင္းသား အခြင့္အေရး၊ ဌာေန ေဒသခံတိုင္းရင္းသား အခြင့္ အေရးကို အထူးေတာင္းဆိုရန္ မလိုဟုပင္ ထင္မွတ္ ပါတယ္။ ႏုိင္ငံသားအခြင့္အေရး အျပည့္အဝ ရရွိရန္ အဓိကဟု ထင္ပါ တယ္။ ႏိုင္ငံသား အခြင့္အေရးက တန္းတူညီမွ်ရရွိပါက တိုင္း ရင္းသားလက္နက္ကိုင္မ်ားပင္ ေပၚေပါက္ လာမည္မဟုတ္ပါ။ ၿငိမ္းခ်မ္းေရးမရွိသည့္ အတြက္ တရားဥပေဒ စိုးမိုးမႈလည္း မရွိပါ။ တိုင္းရင္းသားလူမ်ဳိးမ်ားအတြက္ တရား ဥပေဒစိုးမိုးမႈ ရွိသည္။ ေဒသခံမ်ားျဖစ္ေရး ႏွင့္ တိုင္း ရင္းသားတန္တူအခြင့္အေရး ရရွိ ေရးက အဓိကက် လိုအပ္ ပါသည္။ ႏိုင္ငံသားအခြင့္ အေရးကိုသာ အျပည့္အဝရရွိပါက ႐ိုးရာဓေလ့ တရားစီရင္ထံုးမ်ား၊ ႐ိုးရာအေမြဆက္ခံျခင္းမ်ား လည္း  မလိုအပ္ေတာ့ဟု ယူဆပါတယ္။ ေဒသတြင္း အတူေန တိုင္းရင္းသားတို႔၏ လူမႈျပႆနာမ်ား၊ ကိုးကြယ္မႈ ျပႆနာမ်ားကိုလည္း အထိုက္အေလ်ာက္ ေျဖရွင္းၿပီး ျဖစ္ပါတယ္။

သို႔ေသာ္ လူမ်ဳိးတစ္မ်ဳိးအျဖစ္ အသိအမွတ္ျပဳဖို႔ လူမ်ဳိး တိုင္း၏ စာေပ၊ ဘာသာစကား၊ ယဥ္ေက်းမႈ၊ ကိုးကြယ္မႈ စသည္တို႔ကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ေတာ့ လိုအပ္ပါသည္။ လြတ္လပ္စြာ လုပ္ႏိုင္ဖို႔ေတာ့ လိုအပ္ ပါတယ္။

မည္သည့္ တိုင္းရင္းသားႀကီးငယ္မဆို ကိုယ္ပိုင္ ရပ္တည္ႏိုင္ခြင့္ရွိရေပမည္။ ဥပေဒအရလည္း အကာ အကြယ္ ေပးရေပမည္။ ျပည္နယ္အတြင္းရွိ ဥပေဒျပဳ ေရး၊ အုပ္ခ်ဳပ္ေရး စသည့္ ေနရာမ်ားတြင္လည္း အခ်ဳိး က် ပါဝင္လာေစရန္ ေဆာင္ရြက္သင့္ပါသည္။ အကာ အကြယ္ေပးရမည္။ ဥပမာအားျဖင့္ ကခ်င္ျပည္နယ္ တြင္ KIA, KIO အဖြဲ႕ရွိပါသည္။ ကခ်င္လူမ်ဳိးသည္ ကခ်င္မ်ဳိးႏြယ္စု ၆ မ်ဳိးကို ေပါင္းစည္း ေခၚေဝၚထား ေသာ္လည္း ဂ်ိမ္းေဖာလူမ်ဳိးတို႔က လက္နက္ အားကိုး ျဖင့္ အျခားကခ်င္မ်ဳိးႏြယ္စုအေပၚ၌ လည္းေကာင္း၊ ရွမ္းနီလူမ်ဳိးမ်ားအေပၚ၌လည္းေကာင္း ဂ်ိမ္းေဖာလူ မ်ဳိးစု ျဖစ္ေသာ္လည္း လက္နက္အားကိုးျဖင့္ အႏိုင္ က်င့္ဗိုလ္က်မႈမ်ားရွိခဲ့ပါသည္။ မတရားဖမ္းဆီး ေခၚ ေဆာင္ လူစုျခင္းမ်ား၊ ေရွ႕တန္း၌ အေသခံစစ္တိုက္ခိုက္ ျခင္းမ်ား၊ အဓမၼ ေငြ ေကာက္ခံျခင္းမ်ား၊ လမ္းတံတား ဖ်က္ျခင္းမ်ား ရွိခဲ့ပါသည္။ တိုင္းရင္းသားမ်ား အခ်င္း ခ်င္းအေပၚ၌ လက္နက္အားကိုးျဖင့္ ဗိုလ္က်စိုးမိုးျခင္း မ်ား လုပ္ေနပါတယ္။ ဗမာလူမ်ဳိးႀကီးဝါဒနည္းတူ အျခား အတူေန တိုင္းရင္းသားမ်ားအေပၚ၌ ကခ်င္လူမ်ဳိးႀကီး ဝါဒ (ဂ်ိမ္းေဖာလူမ်ဳိးႀကီးဝါဒ)ကို က်င့္သံုးေနပါတယ္။

အခ်ဳပ္အားျဖင့္ –

မည္သည့္ တိုင္းရင္းသား ႀကီးငယ္မဆို ကိုယ္ပိုင္ ရပ္ တည္ခြင့္ရွိရမည္။ လြတ္လပ္စြာ ဘာသာစကား၊ ကိုးကြယ္မႈ  ရွိရမည္။ အားေပးရမည္။

ျပည္နယ္အႀကီးအကဲကို ျပည္နယ္ အမည္ေပါက္ တိုင္းရင္းသားကသာ မဟုတ္ဘဲ ျပည္နယ္ အတြင္းရွိ မည္ သည့္ တိုင္းရင္းသားမဆို ျပည္နယ္သားမ်ား ေရြးခ်ယ္မႈျဖင့္ တင္ ေျမႇာက္ႏိုင္ရမည္။

ဘာသာ၊ လူမ်ဳိးေပါင္းစံု ေနထိုင္သည့္ ျပည္ေထာင္စုျဖစ္သည္။ ဒါေၾကာင့္ ျပည္ နယ္တြင္း ႐ိုးရာဓေလ့ တရား စီရင္မႈမ်ား၊ အေမြဆက္ခံခြင့္မ်ားမရွိဘဲ ႏိုင္ငံသားအခြင့္ အေရးအရ အားလံုး တစ္ေျပးညီျဖစ္သင့္ တယ္။

တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ အစည္းမ်ား၏ တိုင္းရင္းသားလူမ်ဳိးအခ်င္း ခ်င္းအေပၚ အႏုိင္က်ဗိုလ္က်ျခင္း မရွိေစ ရန္အတြက္ တရားဥပေဒစိုးမိုးမႈ အျမန္ဆံုး ရရွိေစခ်င္ပါတယ္။

ျပည္သူမ်ားအေပၚ အႏိုင္က်င့္ေသာ မည္သည့္လက္နက္ကိုင္အဖြဲ႕မဆို မေထာက္ခံပါ။

ဦးစုိင္းေက်ာ္ညြန္႔